
၂၀၁၈ ခုနှစ် MPT တက္ကသိုလ်များဘောလုံးပြိုင်ပွဲတွင် အောက်မြန်မာပြည်မှ ဇုန်အလိုက် ထူးချွန်သည့် ဘောလုံးအားကစားသမားများ ယှဉ်ပြိုင်မည်
22 May 2018(ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ မေလ ၂၁ ရက်) – ၂၀၁၈ ခုနှစ်အတွက် MPT တက္ကသိုလ်များဘောလုံးပြိုင်ပွဲတွင် အောက်မြန်မာပြည်တစ်ဝန်းရှိ သတ်မှတ်ထားသည့် ဇုန်များအလိုက် တက္ကသိုလ်ကောလိပ်ပေါင်းစုံ ထူးချွန်ဘောလုံးကစားသမား ကျောင်းသား/ကျောင်းသူများက တက္ကသိုလ်များဘောလုံးကွင်း (သထုံလမ်း)တွင် စတင်ယှဉ်ပြိုင် ကစားကြပြီး အောက်မြန်မာပြည်ချန်ပီယံဆုကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲကို ယခုလ မေ ၂၀ ရက်နေ့တွင် စတင်ကျင်းပနေပြီဖြစ်ကာ အမျိုးသား ၈ သင်း နှင့် အမျိုးသမီး ၆ သင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကစားကွက်များ နှင့်အတူ ၎င်းတို့၏ အရည်အသွေးနှင့် ဘောလုံးကျွမ်းကျင်မှုတို့ကို ထုတ်ဖော်ပြသ ကစားသွားမည် ဖြစ်ပါသည်။
အောက်မြန်မာပြည် ဇုန်အလိုက် အမျိုးသားဘောလုံး ပြိုင်ပွဲတွင် ရန်ကုန်ဇုန်၊ ရန်ကုန်အရှေ့ပိုင်းဇုန်၊ ရန်ကုန်အနောက်ပိုင်းဇုန်၊ ဒဂုံဇုန်၊ စစ်တွေဇုန်၊ မော်လမြိုင်ဇုန်၊ ပြည်ဇုန် နှင့် ပုသိမ်ဇုန်တို့ ယှဉ်ပြိုင်ကြမည်ဖြစ်ကြပြီး အမျိုးသမီးပြိုင်ပွဲတွင် ဒဂုံဇုန် ၊ ရန်ကုန်ဇုန်၊ ရန်ကုန်အရှေ့ပိုင်းဇုန်၊ ရန်ကုန်အနောက်ပိုင်းဇုန်၊ မော်လမြိုင်ဇုန်နှင့် ပုသိမ်ဇုန်တို့ ယှဉ်ပြိုင်ကြမည် ဖြစ်ကြသည်။ ပြိုင်ပွဲဝင် အသင်းများကို အုပ်စု နှစ်စု ခွဲခြား ယှဉ်ပြိုင်စေမည် ဖြစ်ပြီး အဆိုပါ အသင်းများ အနေဖြင့် အုပ်စုပတ်လည် အဆင့် ယှဉ်ပြိုင်ကစားပြီးပါက အမှတ်အများဆုံး တစ်အုပ်စုဆီမှ အမှတ်အများဆုံး နှစ်သင်းမှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့် ရမည် ဖြစ်သည်။ ဆီမီးဖိုင်နယ်ကို ကျော်ဖြတ်နိုင်ခဲ့ပါက ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်မည် ဖြစ်ပြီး အမျိုးသမီး ဘောလုံးပြိုင်ပွဲအတွက် ဗိုလ်လုပွဲကို မေ ၃၀ နှင့် အမျိုးသား ပြိုင်ပွဲအတွက် ဗိုလ်လုပွဲကို မေ ၃၁ ရက်များတွင် အသီးသီး ကျင်းပသွားမည် ဖြစ်သည်။
အောက်မြန်မာပြည် ဇုန်အလိုက် တက္ကသိုလ်များ ဘောလုံးပွဲကဲ့သို့ပင် အထက်မြန်မာပြည်တွင်လည်း ဇုန်အလိုက် တက္ကသိုလ် ဘောလုံးပြိုင်ပွဲတစ်ရပ်ကို MPT မှ ဆက်လက် ပံ့ပိုးပေးသွားဦးမည် ဖြစ်ပြီး အဆိုပါ ပြိုင်ပွဲနှစ်ရပ်မှ အကောင်းဆုံး ကစားသမားများကို ရွေးထုတ်ကာ အသင်း နှစ်သင်းစီ ဖွဲ့စည်းပြီး မြန်မာပြည်၏ အထူးချွန်ဆုံး တက္ကသိုလ်ကျောင်းသား ဘောလုံးသမားများ ပါဝင်သည့် အသင်းကို ဆက်လက် ရွေးထုတ်သွားမည့် ပြိုင်ပွဲကြီး တစ်ရပ်ကိုလည်း ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။ ယင်းသို့ ကျင်းပရာတွင် အမျိုးသား ပြိုင်ပွဲတွင်သာမက အမျိုးသမီး ဘောလုံးပြိုင်ပွဲကိုလည်း အလားတူ ကျင်းပပေးသွားမည် ဖြစ်သည်။
“ အခုနှစ် MPT တက္ကသိုလ်များဘောလုံးပြိုင်ပွဲဟာ မြန်မာပြည်ချန်ပီယံအဖြစ်နဲ့ ထိပ်ဆုံးကနေ ရပ်တည်နိုင်ဖို့ အတွက် အကောင်းဆုံးတက္ကသိုလ်အဆင့် သတ်မှတ်ချက်တွေနဲ့အတူ ဘောလုံးအသင်းများစွာက ပါဝင် ကစားကြမှာဖြစ်ပါတယ်။ ဘောလုံးကစားခြင်းဟာ ပျော်ရွှင်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ကစားနည်းတစ်ခုအနေနဲ့ လူငယ်တွေကြားမှာ ရေပန်းစားတဲ့အားကစားတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လူငယ်တွေ အတွက် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ ကျန်းမာကြံ့ခိုင်တဲ့ လူနေမှုဘဝတွေရရှိဖို့ ကျွန်တော်တို့ဘက်က အမြဲကူညီထောက်ပံ့လျက်ရှိပါတယ်။ အခုပါဝင်ယှဉ်ပြိုင်ကြတဲ့သူတွေအနေနဲ့ တက္ကသိုလ်ပေါင်းစုံက အားပေးသူ တွေရဲ့ အားပေးမှုတွေနဲ့အတူ အကောင်းဆုံးခြေစွမ်းတွေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရင်း ရန်ကုန်မှာ ကျင်းပပြုလုပ်သွားမယ့် မြန်မာနိုင်ငံလုံးအဆင့် ဗိုလ်လုပွဲစဉ်ကို ရောက်ရှိဖို့အတွက် ကြိုးစား ယှဉ်ပြိုင်ကြမယ်လို့ ကျွန်တော်တို့ အထူးပဲမျှော်လင့်ပါတယ်” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က ပြောသည်။
မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT က အားကစားကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက် စေရန် နှင့် အရည်အချင်းပြည့်ဝသော မျိုးဆက်သစ်လူငယ်များ မွေးထုတ်ပေးနိုင်ရန်အတွက် MNL နှင့် အတူ လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ကျန်းမာသောဘဝနေထိုင်မှုပုံစံ၏ အရေးပါမှုကို ဘောလုံး ကစားခြင်းဖြင့် ရရှိစေနိုင်မည့် အကြောင်းအား ပညာရေးဝန်ကြီးဌာန၏ ထောက်ပံံံံ့မှုအောက်တွင် MPT နှင့် MNL က အထူးအလေးပေး ဖော်ဆောင်သွားမည်ဖြစ်ပြီး အနာဂတ်မျိုးဆက်သစ်များအတွက် ကောင်းမွန် မှန်ကန်သော ကျန်းမာရေးဆိုင်ရာ အလေ့အထများ ဆောင်ကျဉ်းသွားမည်ဖြစ်သည်။ MPT အနေနှင့် အထူးသဖြင့် ဘောလုံးအားကစားကဲ့သို့သော အမျိုးသားကစားသမားများသာ ထင်ရှားသည့် အားကစားနည်း တွင် အမျိုးသမီးကစားသမားများပါ ပိုမိုပါဝင်လာစေရန်အတွက် အမျိုးသမီးပြိုင်ပွဲများကိုလည်း အားပေးဆောင် ရွက် နေပါသည်။
“ကျွန်တော်တို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ မြန်မာနေရှင်နယ်လိဂ်က တက္ကသိုလ်/ကောလိပ်ဘောလုံး လောကအတွက် ဟိုးအရင်ကတည်းက စဉ်ဆက်မပြတ်ပံ့ပိုးကူညီပေးခဲ့တဲ့ အစဉ်အလာ ရှိခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ MNL ကို ၂၀၁၈ ခုနှစ်ကစပြီး ၃နှစ် Partner အဖြစ်ပါဝင်ပံ့ပိုးထားတဲ့ MPT နဲ့ မိတ်ဖက်အဖြစ် လက်တွဲခဲ့ပြီးတဲ့နောက် သူတို့ရဲ့ ပံ့ပိုးမှုနဲ့အတူ တက္ကသိုလ် ဘောလုံးလောက ဘောလုံးပြိုင်ပွဲတွေကို ပိုမိုတိုးတက်အောင်မြင်လာဖို့အတွက် အခုနှစ်ကစပြီး ပိုမိုပံ့ပိုးပေးနိုင်မှုနဲ့အတူ ပိုမိုကျယ်ပြန်တဲ့ တက္ကသိုလ်ပြိုင်ပွဲအသွင်အဖြစ် ကျင်းပနိုင်တော့မှာပါ။ ဒါဟာ MPT နဲ့ MNL တို့ သဘောတူညီထားတဲ့ ကိစ္စရပ်တွေထဲက တစ်ခုသာဖြစ်ပြီး နောက်ထပ်လည်း Grassroots နဲ့ U-14 ပြိုင်ပွဲတွေကို ကျင်းပပေးသွားဦးမှာ ဖြစ်ပါတယ်။ MPTက အခုလို ပံ့ပိုးပေးခြင်းအားဖြင့် တက္ကသိုလ်ဘောလုံး အဆင့်အတန်း တိုးတက်မြင့်မားလာပြီး မြန်မာ့လက်ရွေးစင် အသင်းအတွက်ပါ အနာဂတ်မှာအားကိုးရတဲ့ ကစားသမားကောင်းလေးတွေ ထွက်ပေါ် လာဖို့ ရည်ရွယ်ပါတယ်။ တက္ကသိုလ်ဘောလုံးလောကကို သတိတရနဲ့ ထောက်ပံ့ပေးဖို့ ကြိုးစားခဲ့တဲ့ MPT ကိုလည်း အားလုံးကိုယ်စား အထူးပဲကျေးဇူးတင်မိပါတယ်” ဟု မြန်မာနေရှင်နယ်လိဂ်၏ အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်က ပြောကြားခဲ့သည်။
“ အခုလိုတက္ကသိုလ်တွေအားလုံးက ကျောင်းသူကျောင်းသားတွေက ပြိုင်ပွဲမှာ စိတ်ပါဝင်စားစွာနဲ့ ပါဝင် ယှဉ်ပြိုင် ကြတာတွေ့ရတော့ အရမ်းကိုပဲ ဝမ်းသာကြည်နူးမိပါတယ်။ အခုဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ လူငယ်တွေက အားကစားမှာပါဝင်လာကြတာဟာ အချင်းချင်း ရိုင်းပင်းကူညီချင်စိတ်တွေကို ပိုပိုပြီး တိုးပွားလာစေတဲ့အပြင် စည်းကမ်းတကျ နေထိုင်တတ်လာသလို အားကစားစိတ်ဓါတ်၊ ခေါင်းဆောင်မှု စိတ်ဓါတ်စတဲ့ တန်ဖိုးရှိလှတဲ့စိတ်ခွန်အားတန်ဖိုးတွေ ရရှိလာနိုင်ကြမှာလည်း ဖြစ်ပါတယ်။ MPT တက္ကသိုလ်များဘောလုံးပြိုင်ပွဲလို အားကစားပြိုင်ပွဲတွေမှာ ဆက်လက်ပါဝင်ကစားကြတာမျိုးကို ကျွန်တော့်အနေနဲ့ မြင်တွေ့ချင်ပါတယ်။ အခု ကစားသမားလေးတွေဟာ နောင်တစ်ချိန် နိုင်ငံတကာမှာ ရင်ဘောင်တန်းပြီး မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုအနေနဲ့ ယှဉ်ပြိုင်ကြမယ့်သူတွေ ဖြစ်လာမယ့်အတွက် အကျိုးကျေးဇူးများစွာရရှိမှာလည်း ဖြစ်ပါတယ်။ နိုင်ငံတဝှမ်းမှာပြိုင်ပွဲတွေကို အခုလို ဦးစီးကျင်းပနိုင်ဖို့ အထောက်အပံ့ပေးတဲ့အတွက် MPT ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ အားကစားသမား တွေနဲ့အတူ နည်းပြတွေကိုလည်း ပူးပေါင်းပါဝင်ပေးခဲ့ကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။” ဟု တက္ကသိုလ်များ ဘောလုံးဆပ်ကော်မတီ ဥက္ကဌနှင့် ရန်ကုန် အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်မောင်လှက ပြောကြားခဲ့သည်။
ယခုပြိုင်ပွဲကျင်းပခြင်းသည် လာမည့် ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ တက္ကသိုလ်အားကစားပွဲများအတွက် ထူးချွန်သော ကစားသမားများ ပေါ်ထွက်လာစေရန် ကြိုတင်ပြင်ဆင်လိုသည့် ရည်ရွယ်ချက်ဖြစ်သည်။ ထို့အပြင် တက္ကသိုလ်များအဆင့် ပြိုင်ပွဲများတွင် သန့်ရှင်းသော ကစားပွဲများ ဖြစ်လာစေရေးနှင့် ပွဲစဉ်များအားလုံးတွင် ကစားသမားများ၏ ဘေးကင်း လုံခြုံစေရေးနှင့် အောင်မြင်သည့် အသင်းထွက်ပေါ်လာစေရေး တို့အတွက် နိုင်ငံတကာပြိုင်ပွဲများ၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျကိုင်တွယ် ထိန်းကျောင်း ကျင်းပသွားမည်ဖြစ်သည်။
ပွဲစဉ်ဇယားများမှာအောက်ပါအတိုင်းဖြစ်ပါသည်။
MPT – University Football Tournament 2018
MENS’ MATCHES | |||||||
No | Date | Home | VS | Away | Venue | Results | Kick -Off |
1 | 20.5.2018 | Yangon Zone | Vs | Dagon Zone | University | : | 8:00 |
2 | 20.5.2018 | West Yangon Zone | Vs | Mawlamyine Zone | University | : | 16:00 |
3 | 21.5.2018 | Sittway Zone | Vs | Pathein Zone | University | : | 8:00 |
4 | 21.5.2018 | Pyay Zone | Vs | East Yangon Zone | University | : | 15:30 |
5 | 22.5.2018 | Dagon Zone | Vs | West Yangon Zone | University | : | 8:00 |
6 | 22.5.2018 | Mawlamyine Zone | Vs | Yangon Zone | University | : | 15:30 |
7 | 23.5.2018 | Pathein Zone | Vs | Pyay Zone | University | : | 8:00 |
8 | 23.5.2018 | East Yangon Zone | Vs | Sittway Zone | University | : | 15:30 |
9 | 25.5.2018 | Yangon Zone | Vs | West Yangon Zone | University | : | 15:30 |
10 | 25.5.2018 | Mawlamyine Zone | Vs | Dagon Zone | Padonmar | : | 15:30 |
11 | 26.5.2018 | Sittway Zone | Vs | Pyay Zone | University | : | 15:30 |
12 | 26.5.2018 | East Yangon Zone | Vs | Pathein Zone | Padonmar | : | 15:30 |
Rest Day | |||||||
Semi Final | |||||||
13 | 29.5.2018 | Group B 1St | Vs | Group A 2nd | University | : | 15:00 |
14 | 29.5.2018 | Group A 1St | Vs | Group B 2nd | Padonmar | : | 15:00 |
3rd Place | |||||||
15 | 31.5.2018 | Match(13)Loser | Vs | Match(14)Loser | University | : | 8:00 |
Final Match | |||||||
16 | 31.5.2018 | Match(13)Winner | Vs | Match(14)Winner | University | : | 15:00 |
WOMEN’S MATCHES | |||||||
No | Date | Home | VS | Away | Venue | Results | Kick -Off |
1 | 21.5.2018 | Dagon Zone | Vs | West Yangon Zone | Padonmar | : | 8:00 |
2 | 21.5.2018 | Pathein Zone | Vs | Yangon Zone | Padonmar | : | 15:30 |
3 | 23.5.2018 | West Yangon Zone | Vs | Mawlamyine Zone | Padonmar | : | 8:00 |
4 | 23.5.2018 | Yangon Zone | Vs | East Yangon Zone | Padonmar | : | 15:30 |
5 | 26.5.2018 | Dagon Zone | Vs | Mawlamyine Zone | University | : | 8:00 |
6 | 26.5.2018 | Pathein Zone | Vs | East Yangon Zone | Padonmar | : | 8:00 |
Rest Day | |||||||
Semi Final | |||||||
7 | 28.5.2018 | Group B 1St | Vs | Group A 2nd | University | : | 15:00 |
8 | 28.5.2018 | Group A 1St | Vs | Group B 2nd | Padonmar | : | 15:00 |
3rd Place | |||||||
9 | 30.5.2018 | Match(13)Loser | Vs | Match(14)Loser | University | : | 8:00 |
Final Match | |||||||
10 | 30.5.2018 | Match(13)Winner | Vs | Match(14)Winner | University | : | 15:00 |