×

၂၀၁၉ ခုနှစ်ကို ကြိုဆိုသောအားဖြင့် ကျင်းပမည့် မြန်မာနိုင်ငံ၏ အကြီးဆုံး နှစ်သစ်ကူး အကြိုဖျော်ဖြေရေးပွဲတော်တွင် အများပြည်သူများ ပါဝင်ဆင်နွှဲကြနိုင်ရန် MPT မှ ဖိတ်ခေါ်

26 Dec 2018

(ရန်ကုန်၊ ၂၀၁၈ခုနှစ် ဒီဇင်ဘာ ၂၆ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT မှ ၂၀၁၉ ခုနှစ် နှစ်သစ်ကို ကြိုဆိုသောအားဖြင့် ၂၀၁၈၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၄ နာရီ မှ ၂၀၁၉၊ ဇန်နဝါရီလ ၁ ရက်နေ့ မနက် ၁ နာရီ အထိ ရန်ကုန်မြို့ မိုင်ဒါကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သော မြန်မာနိုင်ငံ၏ အကြီးဆုံးနှစ်သစ်ကူးကြိုပွဲတော်တွင် အများပြည်သူများ အတူတကွပါဝင်ဆင်နွှဲကြရန် MPT မှ ဖိတ်ခေါ်လိုက်သည်။

အဆိုပါပွဲတော်အား မြန်မာနိုင်ငံ၏ လူကြည့်အများဆုံးရုပ်သံလိုင်းတစ်ခုဖြစ်သော MRTV-4 မှ ဦးဆောင်ကျင်းပ မည်ဖြစ်ပြီး လူအများမှ အထူးမျှော်လင့်ထားကြသည့် နှစ်သစ်အခါသမယ ၌ MPT မှလည်း တယ်လီကွန်းစပွန်ဆာအဖြစ် ပံ့ပိုးသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ထိပ်တန်း အဆိုတော် ဖျော်ဖြေသူများစွာ ပါဝင်မည့် စိတ်ဝင်စားဖွယ်အစီအစဉ်များ၊ အစားအသောက်နှင့် ဖက်ရှင်ဆိုင်ခန်းများကိုလည်း အများပြည်သူများ စိတ်အပန်းပြေပျော်ရွှင်ဖွယ်ရာဖြစ်စေရန် ပြသပါဝင်သွားမည်ဖြစ်သည်။

ဖျော်ဖြေပွဲကို ဝင်ကြေးအခမဲ့ဖြင့် ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်ပြီး ဖျော်ဖြေပွဲလာရောက်သူများအနေဖြင့် မိမိတို့၏ မိသားစုများနှင့်အတူ MPT ၏ ပြခန်းနေရာများ၌ စိတ်လှုပ်ရှားဖွယ် ဆုလက်ဆောင်များကို ပျော်ရွှင်ဖွယ်ရာ ဂိမ်း များကစားခြင်းဖြင့် ရယူနိုင်မည်ဖြစ်သည်။ MPT မှ သုံးစွဲသူများအတွက် စိတ်ဝင်စားဖွယ် ပရိုမိုးရှင်းအစီအစဉ်များ အပြင် နှစ်သစ်ကူးအမှတ်တရ ဓာတ်ပုံများရိုက်ကူးနိုင်မည့် photo booth များ၊ မျက်လှည့်ပြပွဲများ MPT ထောဘီအက ပြိုင်ပွဲ နှင့်အတူ ဆုရရှိသူများအားကြေညာပေးမည့် အစီအစဉ်များလည်းပါဝင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ထိပ်တန်းအဆိုတော်များဖြစ်သော သာဒီးလူ၊ နီနီခင်ဇော်၊ မိစန္ဒီ၊ စိုင်းစိုင်းခမ်းလှိုင် နှင့် အခြား နာမည်ကြီး အဆိုတော်များမှ ဖျော်ဖြေပေးသွားမည်ဖြစ်သည်။ ထို့အပြင် နာမည်ကြီး အစီအစဉ်တင်ဆက်သူ ကောင်းထက်ဇော်နှင့်အတူ အခြားသော အနုပညာရှင်များမှ သန်းခေါင်ယံအချိန်တွင် နှစ်သစ်ကို ကြိုဆိုသော အားဖြင့် countdown ကိုရေတွက်မည်ဖြစ်သလို မီးရှူးမီးပန်းများ လွှတ်တင်မည့် အစီအစဉ်လည်းပါဝင်မည် ဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ ကျွန်တော်တို့ MPT က ဒီလို မြန်မာနိုင်ငံရဲ့အကြီးဆုံး နှစ်သစ်ကူးပွဲတော်ကြီးကို တယ်လီကွန်း စပွန်ဆာ အနေနဲ့ ထပ်မံ ပါဝင်ကူညီပေးနိုင်တဲ့အတွက် အရမ်းကို ဝမ်းသာမိပါတယ်။ ၂၀၁၈ ခုနှစ် ကို နှုတ်ဆက်ပြီး၊ ၂၀၁၉ နှစ်သစ်ကို အတူတူကြိုဆိုကြဖို့ ရန်ကုန်မြို့မိုင်ဒါကွင်းကို လာရောက်ပြီးဆင်နွှဲကြဖို့ အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်။ ပျော်စရာအစီအစဉ်တွေအပြင် မြန်မာနိုင်ငံရဲ့ အကောင်းဆုံး ထိပ်တန်းအဆိုတော်များနဲ့ ဖျော်ဖြေရေး အစီအစဉ်တွေလည်းပါဝင်တာကြောင့် လူတိုင်းအတွက် အမှတ်ရစရာ နှစ်သစ်ကြိုဆို ပွဲလေးတစ်ခု ဖြစ်မယ်လို့ယုံကြည်ပါတယ် “ ဟုပြောကြားသွားခဲ့သည်။

ပွဲတော်အချက်အလက်များ
ပွဲအမည်: Myanmar Countdown Festival 2019
အချိန် : ၂၀၁၈၊ ဒီဇင်ဘာ ၃၁ ရက် (ညနေ ၄ နာရီ) မှ ၂၀၁၉၊ ဇန်နဝါရီ ၁ ရက် (မနက် ၁ နာရီ) အထိ
နေရာ : မိုင်ဒါကွင်း၊ ရန်ကုန်မြို့။

MPT ၏ အရောင်းဆိုင်ခန်းများ စတင်ဖွင့်လှစ်ချိန် ၄ နာရီမှ စတင်၍ စိတ်ဝင်စားဖွယ်ရာ အစီအစဉ်များအား ပါဝင်နိုင်ရန်ဖိတ်ခေါ်လိုက်ပါသည်။ ကိုယ်တိုင်ပါဝင် မဆင်နွှဲနိုင်သူများအတွက် MRTV – 4, MRTV – 4HD, Channel – 7, Channel – 7HD ရုပ်သံလိုင်း များအပြင် အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့် သော ရုပ်သံလိုင်း များဖြစ်သည့် Pyone Play, Channel 7 နှင့် Teen Radio တို့တွင် ၂၀၁၈ ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေ ၇ နာရီမှ စ၍ ၂၀၁၉ ဇန်နဝါရီလ ၁ ရက်နေ့ မနက် ၁ နာရီ အထိ တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

For more information about the event and other MPT’s activity announcements, please call 106 or visit www.mpt.com.mm or MPT official Facebook page: www.facebook.com/mptofficialpage .

ပွဲနှင့်ပတ်သက်၍ထပ်မံသိရှိလိုခြင်း (သို့) MPT ၏ အခြားသော ကြေညာချက်များအား သိရှိလိုပါက ၁၀၆ သို့ ဖုန်းဖြင့်ဆက်သွယ်၍လည်းကောင်း၊ www.mpt.com.mm နှင့် MPT ၏ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာ www.facebook.com/mptofficialpage တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။