×

(၇) နှစ်မြောက်သို့ရောက်ရှိခြင်း အထိမ်းအမှတ် အထူးပရိုမိုးရှင်းအစီအစဉ်အဖြစ် MPT က ပြည်တွင်းဖုန်းလိုင်းအားလုံးကို ခေါ်ဆိုနိုင်ပြီး လက်ကျန် မိနစ်များကို သယ်ဆောင် အသုံးပြုနိုင်သည့် “ကြိုက်ရာခေါ်” ကို မိတ်ဆက်

07 Sep 2020

(ရန်ကုန်၊ ၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၇ ရက်) မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် သုံးစွဲသူများအတွက် Joint Operations (JO) ၏ (၇) နှစ်မြောက်သို့ ရောက်ရှိခြင်း မှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်ခြင်းအဖြစ် ရင်ခုန်စိတ်လှုပ်ရှားစရာ အထူးပရိုမိုးရှင်းအစီအစဉ်များကို ပေးအပ်လျက်ရှိပါသည်။ ယခုကဲ့သို့ ခက်ခဲသောကာလများတွင် MPT သည် သုံးစွဲသူများအား ကြိုက်နှစ်သက်ရာ ပြည်တွင်းမှ မည်သည့်ဖုန်းလိုင်းကိုမဆို ဖုန်းခေါ်ဆိုမှု အကြိမ်အရေအတွက် ကန့်သတ်ချက်မရှိဘဲ စိတ်ကြိုက်ခေါ်ဆို နိုင်ပြီး အသုံးမပြုဘဲ ကျန်ရှိသည့် voice  မိနစ်များကို သယ်ဆောင် အသုံးပြုနိုင်သည့် “ကြိုက်ရာခေါ်” ဝန်ဆောင်မှု အသစ်ကို ယနေ့ထပ်မံမိတ်ဆက်ခဲ့သည်။

“ကြိုက်ရာခေါ်” ပက်ကေ့ချ်တွင် မည်သည့်ပြည်တွင်းဖုန်းလိုင်းကိုမဆို ဖုန်းခေါ်ဆိုမှုများပြုလုပ်ရန်အတွက် မိနစ် ၉၂ နှင့် မိနစ် ၁၉၀ (၂) မျိုး ပါရှိပါသည်။ ပက်ကေ့ချ်သက်တမ်းမှာ ၁၅ ရက် (သို့မဟုတ်) ရက် ၃၀ ဖြစ်ပြီး စျေးနှုန်းမှာ ၉၉၇ ကျပ်နှင့် ၁,၉၉၇ ကျပ်အသီးသီးဖြစ်သည်။

သုံးစွဲသူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီပြီး သုံးစွဲရ လွယ်ကူအဆင်ပြေစေမည့် ပက်ကေ့ချ်များကို မိတ်ဆက်လိုက်ခြင်းအားဖြင့် MPT မှ သုံးစွဲသူများအား ပြည်တွင်းဖုန်းခေါ်ဆိုမှုအားလုံးအတွက် အသုံးစရိတ်များကို အသက်သာဆုံးဖြစ်စေရန် ဆောင်ရွက်ပေးလိုက်ခြင်း ဖြစ်သည်။ “ကြိုက်ရာခေါ်” အစီအစဉ်ကို MPT GSM/WCDMA prepaid and postpaid [ဆွေသဟာ/ ရှယ်ပြော/ရွှေစကား နှင့် Base Tariff အစီအစဉ်] အသုံးပြုနေသူများအားလုံး ဝယ်ယူ အသုံးပြုနိုင်ပါသည်။

ပက်ကေ့ချ်အမည်စျေးနှုန်း

(ကုန်သွယ်ခွန် ပါဝင်ပြီး)

မိနစ်များ 

သက်တမ်း

 

 

အကျိူးကျေးဇူး

ဝယ်ယူရန်
၁၅ ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ်၉၉၇ ကျပ်၉၂ မိနစ်၁၅ ရက် 

သက်တမ်းကုန်ဆုံးပြီး (၇) ရက် အတွင်း လက်ကျန် Voice မိနစ်များ သယ်ဆောင်ခွင့် ရှိသည်

*997*1#
၃၀ ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ်၁,၉၉၇ ကျပ်၁၉၀ မိနစ်၃၀ ရက်*997*2#

သယ်ဆောင်အသုံးပြုနိုင်သည့် အကျိုးကျေးဇူးအဖြစ် သုံးစွဲသူများသည် လက်ကျန် Voice မိနစ် သယ်ဆောင် နိုင် သော ကာလ (Package ၏ သက်တမ်းကုန်ဆုံးပြီး ၇ ရက်) အတွင်း ကြိုက်ရာခေါ်  ပက်ကေ့ချ် အသစ် ဝယ်ယူပါက အသုံးပြုရန်ကျန်ရှိနေသော ပက်ကေ့ချ် Voice Minutes ကို ပက်ကေ့ချ်အသစ်၏ သက်တမ်းအတိုင်း ပေါင်းစည်းအသုံးပြုနိုင်ပါသည်။ သုံးစွဲသူများမှာ အသုံးမပြုရသေးသော မိနစ်များကို သယ်ဆောင်နိုင်ရန် Package ၏ သက်တမ်းကုန်ဆုံးပြီး ၇ ရက်အတွင်း  “ကြိုက်ရာခေါ်” ပက်ကေ့ချ်အသစ် ဝယ်ယူရန်လိုအပ်ပါသည်။ အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး လက်ကျန်မိနစ် သယ်ဆောင် ကာလအတွင်း ပက်ကေ့ချ်အသစ်ထပ်မံဝယ်ယူပါက မူလပက်ကေ့ချ်၏ လက်ကျန် မိနစ်များကို ပေါင်းစည်း အသုံးပြုနိုင်သည့်အပြင် အရှည်ဆုံးသက်တမ်းရှိသောပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်ပါသည်။

 

“ဘယ်ဖုန်းလိုင်းကိုမဆိုခေါ်ဆိုနိုင်မယ့် ကျွန်တော်တို့ရဲ့ voice ပက်ကေ့ချ်အသစ်တွေနဲ့အတူ သုံးစွဲသူတွေကို ပက်ကေ့ချ် ရဲ့ မိနစ်နဲ့ သက်တမ်းကိုပေါင်းစည်း သယ်ဆောင်အသုံးပြုနိုင်အောင်ဆောင်ရွက်ပေးခြင်းကတစ်ဆင့် သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီပြီး သုံးစွဲရလွယ်ကူအဆင်ပြေစေမယ့် အစီအစဉ်ကို ယူဆောင်လာပြီ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် တန်ဖိုးအရှိဆုံးနဲ့ အကုန်အကျအသက်သာဆုံး voice pack ဖြစ်ပါတယ်။ အထူးသဖြင့် လူတွေအားလုံး ကိုဗစ်-၁၉ အခြေအနေကြောင့် အိမ်မှာနေဖို့လိုအပ်တဲ့ အခုလိုခက်ခဲလှတဲ့ အချိန်အတွင်းမှာ ကောင်းမွန်တဲ့ သုံးစွဲမှုအတွေ့အကြုံကို တန်ဖိုးရှိရှိပေးအပ်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်ဟု MPT-KSGM JO ၏ Chief Commercial Officer ဖြစ်သူ Mr. Tetsunori Nagashima မှ ပြောကြားခဲ့သည်။

“ကြိုက်ရာခေါ်” voice ပက်ကေ့ချ်များ၏ အကျိုးကျေးဇူးကို ရယူနိုင်ရန်နှင့် ချစ်ခင်သူများနှင့် အဆက်အသွယ် မပြတ်ရှိစေရန် သုံးစွဲသူများမှာ “ကြိုက်ရာခေါ်” voice ပက်ကေ့ချ်ကို *997# သို့ခေါ်ဆိုခြင်း (သို့မဟုတ်) MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် ဝယ်ယူနိုင်ပါသည်။ ကြိုက်ရာခေါ် Package များကို  မည်သည့် channel မှ မဆို ဝယ်ယူနိုင်ပြီး ထိပေါက် chance ၁ခု ရရှိကာ MPT4U တွင် ကံစမ်းနိုင်ပါသည်။

MPT သည် ထူးခြားကောင်းမွန်သောဝန်ဆောင်မှုများကို ပေးအပ်ခဲ့သည့် သမိုင်းကောင်းရှိခဲ့ပြီး သုံးစွဲသူများအတွက် ကုန်ကျစရိတ်အသက်သာဆုံးဖြစ်စေသည့် ဆောင်ရွက်ချက်များကို “မြန်မာပြည်နှင့် အတူရှိနေမည့် MPT” ဆိုသည့် ကတိကဝတ်နှင့်အတူ ခက်ခဲသည့်အချိန်များအတွင်း လိုအပ်နေသည့်ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးအပ်သူ အနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြတ်တောက်မှုမရှိဘဲ လုပ်ဆောင်ပေး ခဲ့သည်။

MPT သုံးစွဲသူအားလုံးသည် MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် ၎င်းတို့၏အကောင့်များကို ၎င်းတို့နေအိမ်တွင် ပင် မိုဘိုင်းလ်ဖုန်းများပေါ်မှ အလွယ်တကူအသုံးပြုနိုင်ပါသည်။ MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာဖြစ်သော www.facebook.com/mptofficialpage သို့ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။