latest news

ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအား ပြောင်းလဲပါမည်

Published 16 Nov 2021

(ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊  နိုဝင်ဘာလ ၁၆ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) အား မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှု ပေးနိုင်သည့် ကြိုးမဲ့စနစ်သုံး (Wireless) တယ်လီဖုန်းများဖြင့် အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။

နယ်မြေအိတ်ချိန်းMigration စတင်ပြုလုပ်မည့် ရက်စွဲလက်ရှိအသုံးပြုနေသော ဖုန်းနံပါတ်အသစ်ပြောင်းလဲမည့်
ဖုန်းနံပါတ်
တနင်္သာရီတိုင်းဒေသကြီးကျွန်းစု အိတ်ချိန်း၂၆-၁၁-၂၀၂၁၀၅၉-၆၂xxx၀၅၉-၄၇၆၂xxx
မကွေးတိုင်းဒေသကြီးငဖဲ အိတ်ချိန်း

၁၅-၁၂-၂၀၂၁
၀၆၅-၂၅၀xxx၀၆၅- ၄၇၅၀xxx
မွန်ပြည်နယ်လမိုင်း အိတ်ချိန်း၀၅၇-၅၄xxx၀၅၇-၄၆၅၄xxx
မုပ္ပလင် အိတ်ချိန်း၀၅၇-၆၃xxx၀၅၇-၄၆၆၃xx
ရှမ်းပြည်နယ် (မြောက်ပိုင်း)မဘိမ်း အိတ်ချိန်း၀၈၂-၄၈xxx၀၈၂-၄၆၄၈xxx
အုမ္မသီး အိတ်ချိန်း၀၈၂-၇၅xxx၀၈၂-၄၆၇၅xxx
ရှမ်းပြည်နယ် (တောင်ပိုင်း)ကာလိ အိတ်ချိန်း၀၈၁-၈၅xxx၀၈၁-၄၇၈၅xxx
ရွာငံ အိတ်ချိန်း၀၈၁-၆၈xxx၀၈၁-၄၇၆၈xxx

နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲ တပ်ဆင်သည့်နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။

best operator in Myanmar