latest news

ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအား ပြောင်းလဲပါမည်

Published 14 Dec 2021

(ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး လက်ရှိအသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်များဖြင့် အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။

နယ်မြေအိတ်ချိန်းMigration စတင်ပြုလုပ်မည့် ရက်စွဲလက်ရှိအသုံးပြု
နေသော ဖုန်းနံပါတ်
အသစ်ပြောင်းလဲ မည့်ဖုန်းနံပါတ်
ရခိုင်ပြည်နယ်မောင်တောအိတ်ချိန်း၁၇-၁၂-၂၀၂၁၀၄၃-၅၅xxx၀၄၃-၂၀၅၅xxx
ရှမ်းပြည်နယ်
(မြောက်ပိုင်း)
တာမိုးညဲ အိတ်ချိန်း၁၇-၁၂-၂၀၂၁၀၈၂-၆၅xxx၀၈၂-၂၉၆၅xxx
နမ္မတူ အိတ်ချိန်း၁၉-၁၂-၂၀၂၁၀၈၂-၈၇xxx၀၈၂-၂၉၈၇xxx
နမ့်လန် အိတ်ချိန်း၂၃-၁၂-၂၀၂၁၀၈၂-၈၄xxx၀၈၂-၂၉၈၄xxx

အောက်ပါဇယားတွင် ဖော်ပြထားသော ပြည်နယ်ရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) အား မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် ဖန်ကြိုးမျှင် (Fiber Cable) စနစ်သုံး တယ်လီဖုန်းများဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် မှစတင်၍ အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။

နယ်မြေအိတ်ချိန်းလက်ရှိအသုံးပြု
နေသော ဖုန်းနံပါတ်
အသစ်ပြောင်းလဲ မည့်ဖုန်းနံပါတ်

*ရှမ်းပြည်နယ်
(မြောက်ပိုင်း)

*မူဆယ် အိတ်ချိန်း
၀၈၂-၅၀xxx၀၈၂-၂၉၅၀xxx
၀၈၂-၅၁xxx၀၈၂-၂၉၅၁xxx
၀၈၂-၅၂xxx၀၈၂-၂၉၅၂xxx
*မူဆယ် ၁၀၅ မိုင် အိတ်ချိန်း၀၈၂-၅၅xxx၀၈၂-၂၉၅၅xxx
*နမ့်ခမ်း အိတ်ချိန်း၀၈၂-၆၁xxx၀၈၂-၂၉၆၁xxx

* ယခင်ထုတ်ပြန်ထားပြီးဖြစ်ကာ လုပ်ငန်းဆောင်ရွက်သည့်ရက် ပြင်ဆင်ထားသည့်နေရာများ

နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။

best operator in Myanmar