blank

ပညာရေးမပြည့်စုံသော ကျောင်းသား၊ ကျောင်းသူများအတွက် MPT ၏ “ရှေ့သို့လှမ်းချီလင်းလက်စေမည်”အစီအစဉ်

Published 07 Mar 2016

လူမှုအကျိုးအပြုအစီအစဉ်တစ်ခုအနေဖြင့် ပညာသင်ကြားရေး၌ အထောက်အကူပြုစေရန် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မီးအိမ်များ ပေးအပ်လှူဒါန်းခြင်း

(ရန်ကုန်၊ မြန်မာ၊ ၇၊ မတ်လ၊ ၂၀၁၆) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ “ရှေ့သို့လှမ်းချီလင်းလက်စေမည်” ဆိုသည့်ဆောင်ပုဒ်နှင့်အတူ လူမှုအကျိုးပြုအစီအစဉ်တစ်ခုအနေဖြင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မီးအိမ်များကို နိုင်ငံတစ်ဝှမ်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို Sule Shangri-La Hotel ၌ ယနေ့တွင် ကျင်းပခဲ့ပါသည်။ ယခုနေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မီးအိမ်ပေါင်း (၂၀၀၀)ကျော်ကို ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ပေးအပ်နိုင်ခြင်းမှာ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပခဲ့သော MPT ၏မိုဘိုင်း နံပါတ်အလှများ လေလံတင် ရောင်းချပွဲမှတစ်ဆင့် ကျပ်ငွေပေါင်း (၂၉၂.၇)သန်းကို MPT အသုံးပြုသော ပြည်သူလူထုများမှတဆင့် ရရှိခဲ့ခြင်းကြောင့်ဖြစ်ပါသည်။

အခမ်းအနားသို့ ပါဝင်တက်ရောက်သူများထဲမှာ MPT-KSGM Joint Operation ၏ Chief Executive Officer ဖြစ်သူ Mr. Takashi Nagashima၊ မန္တလေးတိုင်း ဖောင်တော်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းထိုင်ဆရာတော်ကြီး အရှင်ဘဒ္ဒန္တနာယကနှင့်တကွ ရန်ကုန်တိုင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်း အတွင်းရေးမှူး ဆရာတော် အရှင်ဘဒ္ဒန္တကုသလတို့ ပါဝင်ခဲ့ပါသည်။

အခမ်းအနားတွင် ယခုလို တစ်နိုင်ငံလုံးအနှံ့ လုပ်ဆောင်သည့် ဆောင်ရွက်ချက်နှင့် ကုမ္ပဏီ၏ မျှော်လင့်ချက်ဖြစ်သော မပြည့်စုံသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား အထောက်အကူဖြစ်စေရန်ဆိုသည့် အချက်ကို Mr. Nagashima မှစိတ်အားထက်သန်စွာ ဖော်ပြခဲ့သည်။ Mr. Nagashima မှ “ကျွန်တော်တို့့အနေနဲ့ စီးပွားရေးအခွင့်အလမ်း နည်းပါးသူူများနှင့် မြန်မာပြည်သူပြည်သားများ၏ ဘဝများကို တိုးတက်စေရန်အတွက် စိတ်နှစ်လုပ်ဆောင်သွားမည်ဖြစ်ပြီး ယခုလို ရှေ့ဆောင် လုပ်ငန်းစဉ်နှင့်အတူ အလင်းရောင်နှင့် လျှပ်စစ်မီးကို မရရှိသူများအတွက် ဤလုပ်ငန်းစဉ်ဖြင့် အလင်းရောင်နှင့် လျှပ်စစ်မီး ရရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကျွန်တော်တို့ရဲ့ ယခုလိုအလှူကို ဖြစ်မြောက်အောင် စေတနာသဒ္ဒါတရားထက်သန်စွာနဲ့ အားပေးခဲ့ကြတဲ့ ပြည်သူများရဲ့ စိတ်ရင်းစေတနာများနဲ့အတူ ကျောင်းသား/သူတွေရဲ့ဘဝမှာ ကောင်းမွန်တဲ့ ပြောင်းလဲမှုကိုဖော်ဆောင်နိုင်တဲ့ အခုလိုအလှူပွဲကို မြန်မာနိုင်ငံအနှံ့က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ ပါဝင်နိုင်စေဖို့အတွက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကအဖွဲ့များနှင့်အတူပူးပေါင်းဆောင်ရွက်နေကြောင်း ကြေညာလိုပါတယ်။” ဟု Mr. Nagashima မှ ပြောကြားသွားခဲ့သည်။

MPT သည်လွန်ခဲ့သည့် လကပင် ဤစီမံကိန်းကို စတင်ခဲ့ပြီး နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မီးအိမ် (၈၃၇)လုံးအား မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသများရှိ လျှပ်စစ်မီးမရရှိသေးသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ စတင်ပေးပို့လှူဒါန်းခဲ့ပါသည်။ ထို့သို့လှူဒါန်းသည့် ပွဲတွင် ဆရာတော် အရှင်ဘဒ္ဒန္တနာယမှ ဖောင်တော်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ လက်ခံရယူခဲ့ပြီး အခြားဒေသများသို့လည်း ပေးပို့လှူဒါန်းရေးကို စီမံခန့်ခွဲပေးခဲ့ပါသည်။ ဤသို့သောလှူဒါန်းမှုကို အကောင်အထည်ဖော်ပေးခဲ့သည့် MPT ကိုလည်း ကျေးဇူးတင်ရှိပါသည်ဟု မိန့်ကြားခဲ့ပါသည်။ “MPT နှင့် MPT သုံးစွဲသူများရဲ့ ပံ့ပိုးကူညီမှုကြောင့် ဒေသခံကျောင်းသား၊ ကျောင်းသူများရဲ့ ပညာရေးသင်ယူမှုအတွက် များစွာအထောက်အကူပြုခဲ့ပါတယ်။ MPT အနေနဲ့လည်းအခုလို ဆက်လက်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ အခြားသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေကို နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မီးအိမ်များ ထပ်မံပေးပို့လှူဒါန်းရန် အရှိန်အဟုန်နဲ့ ဆက်လက်ဆောင်ရွက်နေတဲ့အတွက် ဝမ်းသာအားတက်မိပါတယ်။ ဆရာတော်တို့ကလည်း ကျောင်းသား၊ ကျောင်းသူများရဲ့ ပညာရေးသင်ယူမှုအဆင့်မြှင့်တင်ရေးမှာ တစ်ဖက်တစ်လမ်းကနေပြီး ပါဝင်လှူဒါန်းမှုကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် အသိအမှတ်ပြုပါတယ်” ဟု မိန့်ကြားခဲ့ပါသည်။

MPT မှလည်း နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မီးအိမ်များကို အခြားဒေသများရှိ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများသို့ “ရှေ့သို့လှမ်းချီလင်းလက်စေမည်” ဟူသောဆောင်ပုဒ််ဖြင့် ယခုနှစ်အတွင်း ပေးပို့လှူဒါန်းသွားမည်ဖြစ်ပါသည်။ MPT မှ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မီးအိမ် အလုံးရေပေါင်း (၂၀၀၀)ကျော်အား ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူပေါင်း(၅၈,၀၀၀)ခန့်၏ ပညာရေးအတွက် လိုအပ်နေသော အလင်းရောင်ကို အထောက်အကူပေးပြီး မြန်မာနိုင်ငံရှိ ကျောင်းပေါင်း (၆၃၂) ကျောင်းပေးပို့လှူဒါန်းသွားမည် ဖြစ်ပါသည်။

ဆရာတော်ဘဒ္ဒန္တကုသလမှလည်း ရန်ကုန်တိုင်းဒေသရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကိုယ်စား ယနေ့လက်ခံရရှိခြင်းအတွက် MPT ၏ အားထုတ်ကြိုးပမ်းခဲ့မှုကို သာဓုခေါ်ခဲ့ပါသည်။ “မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေဟာ စီးပွားရေးအရ၊ လူမှုရေးအရ အခွင့်အရေးနည်းပါးလှတဲ့ ကျောင်းသူ/သားတွေကို အခမဲ့ပညာရေးကိုပေးစွမ်းနေတာဖြစ်ပါတယ်။ ဒီလို ကျောင်းတွေမှာ လိုအပ်တဲ့ အရင်းအမြစ်တွေဖြစ်တဲ့ လျှပ်စစ်မီးအလင်းရောင်လိုအပ်ချက်ဟာ ကျောင်းသားတွေရဲ့ ကောင်းမွန်စွာ စာသင်ကြားရေးကို အခက်အခဲဖြစ်စေနိုင်ပါတယ်။ အခုလို နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် မီးအိမ်တွေကိုလှူဒါန်းခြင်းဖြင့် အဲဒီလိုကျောင်းတွေမှာ ကျောင်းသားတွေကို ပိုပြီးတော့ ကောင်းမွန်စွာ ပညာသင်ကြားလေ့လာနိုင်စေမယ့် အခွင့်အလမ်းကို ရရှိမှာဖြစ်ပါတယ်။ အခုလို နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မီးအိမ်များရရှိတဲ့အတွက် ကျောင်းများမှာ စိတ်ချရတဲ့ လျှပ်စစ်မီးများကိုု ကျောင်းသား၊ ကျောင်းသူများအတွက် ဖြည့်ဆည်းပေးနိုင်ပြီး မိုးရွာတဲ့အချိန်မှာသာမကဘဲ ညအချိန်များမှာလည်း စာများကို ကောင်းစွာလေ့လာကျက်မှတ်သွားနိုင်မှာ ဖြစ်ပါတယ်။ MPT က ယခုလို ကူညီပံ့ပိုးပေးတဲ့အတွက် ကျေးဇူးတင်သာဓုခေါ်ပါတယ်” ဟု မိန့်ကြားခဲ့ပါသည်။

နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မီးအိမ်များမှာ Panasonic အမျိုးအစားဖြစ်သော “Enelop Solar Storage” များဖြစ်ကြပါသည်။ ဤနေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မီးအိမ်များမှာ လွယ်ကူစွာသုံးစွဲနိုင်သော ပစ္စည်းများဖြစ်ပြီး နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ပြားနှင့် ဘထ္ထရီများပါဝင်ကာ နေ့ပိုင်းတွင် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်စွမ်းအင်မှတစ်ဆင့် အားဖြည့်သွင်းနိုင်ပြီး ထိုစွမ်းအင်ဖြင့် LED မီးလုံးနှစ်လုံးကို ည သို့မဟုတ် အလင်းရောင်းမရှိသော အချိန်များတွင် သုံးစွဲနိုင်ပါသည်။ သုံးစွဲမှုအတိုင်းအတာပေါ်မူတည်ပြီး ၆ နာရီခန့်အားသွင်းရုံဖြင့် ၂၄ နာရီခန့် သုံးစွဲနိုင်ပါသည်။ ထိန်းသိမ်းစရိတ်လုံးဝမရှိဘဲ လည်ပတ်ရန်အတွက်လည်း ငွေကုန်ကျမှု ရှိမည်မဟုတ်ပါ။ ထို့ပြင် ဤမီးအိမ်များဖြင့် ညအခါ အလင်းရောင်ကောင်းစွာရရှိနိုင်ပြီး USB ကြိုးမှ တဆင့် မိုလ်ဘိုင်းဖုန်းများ ကိုလည်းအားဖြည့်သွင်းနိုင်ခြင်းဖြင့် ဒေသခံအချင်းချင်းဆက်သွယ်ရေးများ ပိုမိုကောင်းမွန်လာစေနိုင်မည့် အစီအစဉ်လည်းဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၏ လူမှုရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက် များကို လေ့လာလိုပါက https://www.mpt.com.mm/en/whats-new/csr-activities/ တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။

best operator in Myanmar