B2b sim mpt

မြန်နှုန်းမြင့်ဒေတာနှင့် စိတ်ကြိုက်ဖုန်းခေါ်ဆိုမှုပေါင်းစည်းထားသည့် DaVo ပက်ကေ့ချ်အသစ်ကို အံ့ဩဖွယ်ရာနှုန်းထားဖြင့် MPT မှမိတ်ဆက်

Published 29 Jan 2021

(MPT သုံးစွဲသူများအနေနှင့် ပိုမိုကောင်းမွန်သော ဒီဂျစ်တယ်လူမှုဘဝရရှိခံစားနိုင်ရန် ပြီးပြည့်စုံသော ဝန်ဆောင်မှုများကို တစ်ခုတည်းတွင်ပေါင်းစည်းထားသည့် ပက်ကေ့ချ်အသစ်ကို ရယူအသုံးပြုနိုင်ပြီ။ )

(ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်) မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် သုံးစွဲသူများအတွက် ဒေတာများများနှင့် စိတ်ကြိုက်ဖုန်းခေါ်ဆိုမှုများပြုလုပ် နိုင်ပြီး အပိုထပ်ဆောင်းငွေများ ပေးဆောင်ဖို့ မလိုသည့် ပက်ကေ့ချ်တန်ဖိုး၏ ၂ဆပမာဏ တန်ဖိုးရှိသည့် Data နှင့် any-net voice minutes များရရှိနိုင်မည်ဖြစ်ပြီး နေ့စဉ်အသုံးပြုနိုင်မည့် 1GB နှင့် မည်သည့် operator ကို မဆိုခေါ်ဆိုရန် ၁၅ မိနစ်ပါဝင်သည့် ၇ ရက်သုံး (သို့မဟုတ်) ရက် ၃၀ သုံး ရွေးချယ်ဝယ်ယူ နိုင်သည့် DaVo ပက်ကေ့ချ်အသစ်ကို စတင်မိတ်ဆက်လိုက်သည်။
DaVo pack ရက် ၃၀ သုံးကို (30 GB ဒေတာ +450 any-net minutes မည်သည့်အော်ပရေတာမဆို ဖုန်းခေါ်ဆိုနိုင်) သင့်တော်သည့် နှုန်းထားဖြစ်သည့် ၉၉၉၅ ကျပ်ဖြင့် ဝယ်ယူနိုင်ပြီး DaVo pack ၇ ရက်သုံးကိုမူ (7GB ဒေတာ +105 any-net minutes မည်သည့်အော်ပရေတာကိုမဆို ဖုန်းခေါ်ဆိုနိုင်) ၂၆၉၅ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပါသည်။
MPT မှ Any-net voice minutes များ နှင့် Facebook ၊ Messenger ၊ Viber ၊ JOOX ၊ Mobile Legends အစရှိသည့် ကြိုက်နှစ်သက်ရာ ဒေတာအသုံးပြုမှုတို့ကို တစ်နေ့တာလုံး အသုံးပြုနိုင်သည့် DaVo ပက်ကေ့ချ် အသစ်ကို မိတ်ဆက်လိုက်ခြင်းဖြင့် လူငယ်များ၏ အခြေခံဒေတာလိုအပ်ချက်များနှင့် မတူညီသောသုံးစွဲမှုအမျိုးမျိုးကို ပက်ကေ့ချ်တစ်ခု တည်း ဖြင့် အသုံးပြုနိုင်စေရန် ရည်ရွယ်ပါသည်။

(ကုန်သွယ်ခွန် ပါဝင်ပြီး)စုစုပေါင်းခံစားခွင့်များနေ့စဉ်အကျိုးခံစားခွင့်များနေ့စဉ်ခံစားခွင့် သက်တမ်းပက်ကေ့ချ် ဝယ်ယူရန်
၉၉၉၅ ကျပ်ဒေတာ- 30 GB
ဖုန်းခေါ်ဆိုခွင့်- 450 min
(မည်သည့်operators ကိုမဆိုဖုန်းခေါ်ဆိုနိုင်)
1 GB (ဒေတာ)
+
15 min
(မည်သည့်operators ကိုမဆိုဖုန်းခေါ်ဆိုနိုင်)
၁ ရက်
(expire at 23:59:59)
ရက် ၃၀*995#,
MPT4U App
၂၆၉၅ ကျပ်ဒေတာ- 7 GB
ဖုန်းခေါ်ဆိုခွင့်- 105 min
(မည်သည့်operators ကိုမဆိုဖုန်းခေါ်ဆိုနိုင်)
၇ ရက်

ဈေးနှုန်းသက်သာသော ဒေတာများများနှင့် စိတ်ကြိုက်ဖုန်းခေါ်ဆိုမှုများ ပေါင်းစည်းထားသည့် DaVo Pack ကို မိတ်ဆက်လိုက်ခြင်းဖြင့် MPT သည် သုံးစွဲသူများအတွက် အကျိုးရလဒ်ကောင်းများနှင့်အတူ ဒီဂျစ်တယ်လူမှုဘဝကို ပြည့်စုံစေမည်ဖြစ်သည်။ အဆိုပါ ပေါင်းစည်းထားသော DaVo Pack ကြောင့် သုံးစွဲသူများသည် Facebook နှင့် Viber အပြင် အခြားသော လူမှုကွန်ရက်အက်ပလီကေးရှင်းများမှတစ်ဆင့် ၎င်းတို့ချစ်ခင်မြတ်နိုးသူများနှင့် အဆက်အသွယ်မပြတ်ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်ခြင်း၊ မိမိအိမ်၌နေထိုင်ရသည့်ကာလအတွင်း တေးဂီတနှင့် ဂိမ်းကစားခြင်းများ အပါအဝင် ဖျော်ဖြေမှုများ ရယူခံစားနိုင်ခြင်းနှင့် အွန်လိုင်းမှ အရေးကြီး သတင်းနှင့် အချက်အလက်များအားလုံးကို အချိန်နှင့် တစ်ပြေးညီ ရယူနိုင်မည်ဖြစ်သည်။
“MPT က သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ဆန်းသစ်တီထွင်မှုတွေ တန်ဖိုးထားမှုတွေနဲ့အတူ အခုလိုမျိုးတစ်မူထူးခြားတဲ့ ပက်ကေ့ချ်တွေကိုလည်း စဥ်ဆက်မပြတ်ပေးအပ်လျက်ရှိပါတယ်။သုံးစွဲသူတွေ ပိုမိုအဆင်ပြေစေဖို့ အတွက် ရက် ၃၀ စာ 30 GB ဒေတာ နဲ့ အော်ပရေတာအားလုံးကို ဖုန်းခေါ်ဆိုနိုင်တဲ့ 450 any-net minutes ပါဝင်တဲ့ DaVo ပက်ကေ့ချ် ဝန်ဆောင်မှုကို ထပ်မံပေးအပ်လိုက်ပါတယ်။ DaVo ပက်ကေ့ချ် ဝန်ဆောင်မှုဟာ လက်ရှိသုံးစွဲသူတွေ ရင်ဆိုင်နေရတဲ့ ဆက်သွယ်ရေးဆိုင်ရာ လိုအပ်ချက်တွေကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ပြီး သူတို့ရဲ့အသုံးစရိတ်ပေါ်မူတည် ရွေးချယ်အသုံးပြုနိုင်ပြီး ဈေးနှုန်း အသက်သာဆုံး ဒေတာရော ဖုန်းခေါ်ဆိုမှုပါ ပေါင်းစပ်ထားတဲ့ မိုဘိုင်းလ် ပက်ကေ့ချ်တစ်ခု ဖြစ်တယ်ဆိုတာ အသေချာပါပဲ” ဟု MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီး၏ အရာရှိချုပ် ဖြစ်သူ Mr. Tetsunori Nagashima မှပြောကြားခဲ့သည်။
DaVo Pack ၏ နေ့စဉ် အကျိုးခံစားခွင့်ဖြစ်သည့် 1 GB + 15 any-net voice min သုံးစွဲပြီးပါက အခြား data နှင့် voice pack များဝယ်ယူထားခြင်းမရှိလျှင် data နှင့် voice ဆက်လက်အသုံးပြုမှုအတွက် 1 MB လျှင် ၁ကျပ်နှုန်း (အခွန်မပါ)နှင့် တစ်မိနစ်လျှင် ၁၅ ကျပ်နှုန်း(အခွန်မပါ) သက်သာသောနှုန်းထားဖြင့် ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့ပြင် DaVo pack ကို *995# ခေါ်ဆိုပြီး (သို့) MPT4U App မှတစ်ဆင့် ဝယ်ယူနိုင်ပြီး ဝယ်ယူမှုတိုင်းအတွက် MPT4U App ရှိ ‘ထိပေါက်’ အစီစဉ်တွင် ပါဝင်ကံစမ်းနိုင်ခွင့်တစ်ကြိမ်ရရှိခြင်းဖြင့် data ဆုများ ကံစမ်းနိုင်မည်ဖြစ်သည်။
“မြန်မာပြည်နှင့်အတူရှိနေမည့် MPT” ဆိုသည့်ကတိကဝတ်နှင့်အတူ MPT မှ သုံးစွဲသူများအတွက် ငွေကြေးသက်သာပြီး ကောင်းမွန်သောဝန်ဆောင်မှုများ ကာလရှည်ကြာပေးအပ်လျက်ရှိပါသည်။ MPT မှ ဆွေသဟာ၊ ရှယ်ပြော၊ ရွှေစကား အစီအစဉ် ရယူထားသော GSM/WCDMA prepaid/postpaid စနစ်လက်ရှိ အသုံးပြုနေသူများအနေဖြင့် အဆိုပါ ပက်ကေ့ချ်ကို ဝယ်ယူနိုင်ပါသည်။ DaVo pack အသစ်ကို အမျိုးမျိုးသော channel များမှတစ်ဆင့် ဝယ်ယူနိုင်ပြီး တစ်ခုထက် ပိုသောပက်‌ကေ့ချ်များကိုလည်း ဝယ်ယူအသုံးပြုခွင့်ရှိ မည်ဖြစ်သည်။ voices minutes အားလုံးကို ပြည်တွင်း on-net သုံးစွဲမှုနှင့် off-net မိုဘိုင်းလ်သုံးစွဲမှုများ ပြုလုပ်နိုင်မည်ဖြစ်ပြီး အခြားသူများသို့ လက်ဆောင်ပေးလိုပါက MPT4U app (သို့မဟုတ်) *995# မှတစ်ဆင့် အမှတ်စဉ် “2. Gift/ 2. လက်ဆောင်ပေးမည်” ကို ရွေးချယ်ပြီး လက်ဆောင်ပေးမည့် ဖုန်းနံပါတ် ရိုက်နှိပ်ကာ လက်ဆောင်အဖြစ်ပေးပို့နိုင်ပါသည်။
MPT နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ အသေးစိတ် သိရှိလိုပါက Hotline နံပါတ် 106 သို့ခေါ်ဆို၍လည်းကောင်း ၊ MPT ၏ တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာဖြစ်သော www.facebook.com/mptofficialpage/ သို့မဟုတ် MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

best operator in Myanmar