blank

ရေဘေးသင့် ပြည်သူများအတွက် MPT မိုဘိုင်းသုံးစွဲသူ ရဟန်းရှင်လူ မိဘပြည်သူများ၏ SMS ပေးပို့သည့် လှူဒါန်းငွေ ပေးအပ်ပွဲ အခမ်းအနား

Published 04 Sep 2015

၂၀၁၅ ခုနှစ်၊ ဇွန်လမှ သြဂုတ်လထိ ရေကြီး ရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် သဘာဝဘေးအန္တရာယ်ခံစား ခဲ့ရသည့် ရေဘေးသင့် ပြည်သူများအတွက် MPT မိုဘိုင်းဖုန်းသုံးစွဲကြသော ရဟန်းရှင်လူ မိဘပြည်သူ စေတနာရှင်များမှ တစ်တပ်တစ်အား ပါဝင်လှူဒါန်းနိုင်ရန် အတွက်၂၀၁၅ခုနှစ်၊ သြဂုတ်လ ၆ ရက်မှ စတင်၍ SMS Donation အစီအစဉ်ဖြင့် အလှူငွေများကောက်ခံခဲ့ရာ ၂၀၁၅ခုနှစ်၊ သြဂုတ် ၃၁ ရက်နေ့အထိ စုစုပေါင်း
ငွေကျပ် (၂၉၆,၅၃၀,၅၀၀) အားလက်ခံရရှိခဲ့ပါသည်။ အဆိုပါ လက်ခံရရှိသော လှူဒါန်းငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၃ရက်နေ့ နံနက် (၁၀ )နာရီအချိန်တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊နေပြည်တော်၌
ပြုလုပ်ကျင်းပခဲ့ရာ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်း ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် ကလက်ခံရယူခဲ့ပြီး၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန မှ တစ်ဆင့် ပြန်လည်ထူထောင်ရေး
အတွက် အမှန်တကယ် လိုအပ်နေတဲ့ ရေဘေးသင့်ဒေသများ၌ နေထိုင်သော ပြည်သူများဆီသို့ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) မှ စေတနာရှင် ရဟန်းရှင်လူ မိဘပြည်သူများ ကိုယ်စား လွှဲပြောင်းပေးအပ်လှူဒါန်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အဆိုပါလက်ခံရရှိတဲ့ အလှူငွေများကို အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်း ကော်မတီမှ ရေဘေး သင့်မိဘ ပြည်သူ
တွေရဲ့ အိမ်ရာပြန်လည်ထူထောင်ရေး၊ အခြေခံအဆောက်အဦတွေ ပြန်လည်ပြင်ဆင် တည် ဆောက်ရေး၊ လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးရေး၊ သန့်စင်တဲ့ သောက်သုံးရေရရှိရေး နှင့် ရေဘေးသင့် ဒေသရှိ စာသင်ကျောင်းများမှ ကျောင်းသူ ကျောင်းသားများအတွက် လိုအပ်တဲ့
သင်ထောက်ကူပစ္စည်းများထောက်ပံံ့ပေးရေး များကိုဆောင်ရွက်စီမံပေးသွားမှာဖြစ်ပါတယ်။

SMS လှူဒါန်းမှုအစီအစဉ်ကို အချိန်ကာလတစ်ခု အထိဆက်လက်ဖွင့်ပေး ထားဦးမှာဖြစ်ပါတယ်။ MPT မိုဘိုင်းဖုန်း သုံးစွဲသူများထံမှ လှူဒါန်းမှုတွေဟာ လှူဒါန်းငွေ ရရှိမှုပမာဏမှာသာမက သုံးစွဲသူများရဲ့အကြင်နာ တရား ကြီးမားတဲ့ စိတ်ဓာတ်ကို ပါပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ယခုလို SMS Donation အစီအစဉ် မှာ ထည့်ဝင်လှူဒါန်းခဲ့ကြသော MPT မိုဘိုင်းဖုန်း သုံးစွဲသူ ရဟန်းရှင်လူ မိဘပြည်သူ တစ်ဦးချင်းစီကို အထူးပင်ကျေးဇူးဥပကာရ တင်ရှိပါတယ်။

ထို့အပြင် SMS မှတစ်ဆင့်လှူဒါန်းနိုင်ရန် ကူညီပံ့ပိုး ဆောင်ရွက် ပေးခဲ့သည့် ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်း ပညာဝန်ကြီးဌာန နှင့် လှူဒါန်းငွေများကို လက်ခံပေးခဲ့သည့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့ကိုလည်း ကျေးဇူးအထူး
တင်ရှိပါတယ်။

ယခုကဲ့သို့ စေတနာသဒ္ဓါအပြည့်ဖြင့် လှူဒါန်းရခြင်း အကျိုးကြောင့် အလှူရှင် မိသားစုများ အားလုံးကျန်းမာချမ်း သာပြီး ဘေးဘယာဝေးကွာပါစေလို့ ဆုတောင်းလိုက်ပါတယ်။ လှူဒါန်းမှုများ အတွက်လည်း ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပါတယ်ခင်ဗျာ။ ထပ်မံံ၍ လှူဒါန်းမှုများကိုလည်း MPT ၏ Facebook နှင့် Website တွင် အသေးစိတ် ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။

best operator in Myanmar