blank

အလန်းစား Friday အစီအစဉ်မှ သောကြာနေ့တိုင်းအတွက် အထူးလက်ဆောင်များ ယူဆောင်လာ

Published 22 Jul 2022

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်)- မြန်မာ့ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ MPT သည် “အလန်းစား Friday” ပရိုမိုးရှင်း အစီအစဉ်ကို Data Carry Plus ပက်ကေ့ချ် ဝယ်ယူသူတိုင်းအတွက် အပိုလက်ဆောင် များရရှိမည့် အစီအစဉ်ကို ယခု မိတ်ဆက်လိုက်ပြီဖြစ်သည်။ ဇူလိုင်လ ၂၂ ရက်မှစတင်၍ သောကြာနေ့တိုင်းတွင် သုံးစွဲသူများသည် ၉၇၉ ကျပ် နှင့်အထက် Data Carry Plus ပက်ကေ့ချ်များ (Auto-renewal ပက်ကေ့ချ်များ အပါအဝင်) ဝယ်ယူမှုတိုင်းအတွက် Friday အထူးအပိုလက်ဆောင် ၅၅၅ ကျပ် ပြန်အမ်းငွေကို ရယူနိုင်မည် ဖြစ်သည်။ အဆိုပါပရိုမိုးရှင်းဖြင့် MPT သုံးစွဲသူများသည် စနေ၊ တနင်္ဂနွေ အားလပ်ရက်များအတွင်း မိမိတို့၏ မိသားစုများ၊ မိတ်ဆွေများနှင့် ပိုမိုဆက်သွယ်နိုင်မည်ဖြစ်သည်။
MPT prepaid/postpaid GSM/WCDMA သုံးစွဲသူများအနေဖြင့် အပိုထပ်ဆောင်းစာရင်းသွင်းရန်မလိုဘဲ “အလန်းစား Friday” ပရိုမိုးရှင်းကို ရယူနိုင်ပါသည်။ Friday အပိုလက်ဆောင် ပြန်အမ်းငွေ ကို MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းနှင့် ဒေတာအသုံးပြုမှုများအတွက် သုံးသလောက်ပေးနှုန်းထားဖြင့် (၅) ရက်အတွင်း အသုံးပြုနိုင်မည်ဖြစ်သည်။
ဒေတာအသုံးပြုသူများကြားတွင် MPT ၏ ရေပန်းအစားဆုံး ဒေတာပက်ကေ့ခ်ျဖြစ်သည့် Data Carry Plus ပက်ကေ့ချ်များ (Auto-renewal ပက်ကေ့ချ်များ အပါအဝင်) ကို ဝယ်ယူရန်အတွက် သုံးစွဲသူများသည် *777# ကိုခေါ်ဆိုပြီး ကြိုက်နှစ်သက်ရာ ပက်ကေ့ခ်ျကိုရွေးချယ်ပြီး ဒေတာများကို ရက်ပေါင်း ၃၀ အထိ သုံးစွဲနိုင်မည် ဖြစ်သည့်အပြင် အသုံးမပြုရသေးသည့် ဒေတာများကိုလည်း သက်တမ်းကုန်ဆုံးပြီးနောက် (၇)ရက်အတွင်း နောက်ထပ်ပက်ကေ့ချ်တစ်ခု အသစ်ထပ်မံ ဝယ်ယူလိုက်ပါက အဆိုပါလက်ကျန်များကို ပက်ကေ့ချ် သက်တမ်း အတိုင်း ဆက်လက်သယ်ဆောင်အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် သုံးစွဲသူများသည် ပက်ကေချ့်ဝယ်ယူခြင်းဖြင့် “ထိပေါက်” chance ရရှိမည်ဖြစ်ပြီး MPT4U App တွင် ထိပေါက် ဂိမ်းကစားပြီး 200GB အထိ ကံထူးရယူနိုင်ပါသည်။ Data Carry Plus ပက်ကေ့ချ်များ၏ အသေးစိတ်အချက်အလက်များကို အောက်ပါဇယားတွင် ကြည့်ရှုနိုင်ပါသည်။

ပက်ကေ့ချ်
ေးနှုန်း - MMK
(ကုန်သွယ်ခွန်အပါအဝင်)
မူလဒေတာ ပမာဏ
(ရက် ၃၀ သက်တမ်း)
အလန်းစား Friday ပြန်အမ်းငွေ
(သက်တမ်း (၅) ရက်)
ထပ်ဆောင်းအကျိုး ခံစားခွင့်များမှတ်ချက်
Data Carry Plus
(Auto Renewal)
၉၇၉ ကျပ်
470 MB

၅၅၅
200GB အထိ ကံထူးရယူနိုင်မည့် ထိပေါက်ကစားခွင့်သောကြာနေ့တိုင်း အကြိမ်အကန့်အသတ်မရှိဝယ်ယူပြီး Friday အလန်းစားအပိုလက်ဆောင်ခံစားခွင့် ကို အကန့်အသတ်မရှိရယူနိုင်မည်။
၁၂၇၉ ကျပ်
615 MB
၁၇၇၉ ကျပ်
860 MB
၂၆၆၉ ကျပ်
1290 MB
Data Carry Plus
(Normal)
၉၉၉ ကျပ်
470 MB
၁၂၉၉ ကျပ်
615 MB
၁၇၉၉ ကျပ်
860 MB
၂၆၉၉ ကျပ်
1290 MB
၄၄၉၉ ကျပ်
2160MB
၈၉၉၉ ကျပ်
4330MB
၁၇၉၉၉ ကျပ်
8660MB
၂၆၉၉၉ ကျပ်
13030MB

* Data Carry Plus ပက်ကေ့ချ်များအတွက် ဒေတာပမာဏအားလုံးသည် နောက်ဆုံးဝယ်ယူလိုက်သော ပက်ကေ့ချ်၏ သက်တမ်းသို့ ပေါင်းစည်းသွားမည်ဖြစ်သည်။
Regular Data Carry Plus ပက်ကေချ့်များကို MPT4U App မှတဆင့်ဖြစ်စေ၊ *777# မှဖြစ်စေ လက်ဆောင်ပေးပို့ နိုင်ပါသည်။ သောကြာနေ့တွင် Data Carry Plus ပက်ကေချ့်များကို လက်ဆောင်ပေးပို့ပါက လက်ခံရရှိသူသည် Data Carry Plus ဒေတာ ပမာဏ နှင့်အတူ Friday အပိုလက်ဆောင် ပြန်အမ်းငွေ ၅၅၅ ကျပ် ကိုပါ ရရှိမည် ဖြစ်သည်။
MPT သည် သုံးစွဲသူများအတွက် အဆင်ပြေဆုံး နှင့် အကောင်းဆုံးဝန်ဆောင်မှုများကို ပေးအပ်ရန်အတွက် နည်းလမ်းများကို စဉ်ဆက်မပြတ် ရှာဖွေနေပြီး ၎င်းတို့၏နေ့စဉ်လူမှုဘဝများ ပိုမိုတိုးတက်စေရေးအတွက် အကောင်းဆုံး ဆောင်ရွက်လျက်ရှိပါသည်။ MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်သုံးစွဲလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါသည်။ MPT အကြောင်းကို အသေးစိတ်သိရှိလိုပါက MPT ၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

best operator in Myanmar