MPT ၊ KDDI နှင့် Sumitomo ကော်ပိုရေးရှင်းတို့၏ အကျိုးတုူပူးပေါင်းဆောင်ရွက်မှု

MPT ၊ KDDI နှင့် Sumitomo ကော်ပိုရေးရှင်းတို့၏ အကျိုးတုူပူးပေါင်းဆောင်ရွက်မှု

MPT သည် ပြည်သူတစ်ရပ်လုံးနှင့် စီးပွားရေး လုပ်ငန်းများအား လိုင်းဖုန်းနှင့် မိုဘိုင်းဖုန်း ဆက်သွယ်ရေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိသော မြန်မာနိုင်ငံ၏ ပထမဆုံး ဆက်သွယ်ရေးလုပ်ငန်း တစ်ခုဖြစ်ပါသည်။ MPT သည် ဆက်သွယ်ရေး လွှမ်းခြုံနိုင်သည့် ဧရိယာကို တိုးချဲ့ရန်၊ အဆင့်မြင့်နည်းပညာသစ်များ အသုံးချကာ အရည်အသွေးမြင့် ဆက်သွယ်ရေးဝန်ဆောင်မှုကို ပေးရန်နှင့် ပြည်သူများ မိုဘိုင်းဖုန်းဆက်သွယ်ရေးကို လွယ်ကူ လက်လှမ်းမီစွာ အသုံးပြုနိုင်စေရန်အတွက် KDDI ၊ Sumitomo တို့နှင့် အကျိုးတူ ပူးပေါင်းသည့် စာချုပ်ကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် သဘောတူလက်မှတ် ရေးထိုးခဲ့ပါသည်။

MPT နှင့် KDDI-Sumitomo တို့၏ အကျိုးတူပူးပေါင်းမှုကို စက်တင်ဘာ(၁)ရက်နေ့မှ စတင် ဆောင်ရွက်ခဲ့ပါသည်။ MPT ၏ အခြေခံအဆောက်အအုံများမှအစ ဝန်ဆောင်မှုပေးခြင်း ကိစ္စရပ် များအထိ လွှမ်းခြုံနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ (၂)ဘီလီယံကို ရင်းနှီးမြှုပ်နှံသွားရန် စီစဉ်ပြီး ဖြစ်ပါသည်။ MPT နှင့် KDDI-Sumitomo တို့သည် လုပ်ငန်းအဆင့်တိုင်း၌ MPT နှင့် KDDI-Sumitomo တို့မှ တာဝန်ရှိ ဝန်ထမ်းတစ်ဦးစီ ပါဝင်သော ပူးတွဲဦးဆောင်ရေးအဖွဲ့ကို ဖွဲ့စည်း ထားရှိကာ တစ်ခုတည်းသော အဖွဲ့အစည်း အဖြစ် လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီး ဖြစ်ပါသည်။

ရှေ့သို့လှမ်းချီ MPT

MPT သည် မိုဘိုင်းဖုန်းများ နှင့် လိုင်းဖုန်းများ၏ ကွန်ရက်ဆက်သွယ်မှုကို မြှင့်တင်တိုးချဲ့ခြင်း၊ နိုင်ငံတကာ ဆက်သွယ်နိုင်မှုနှင့် အဓိကအကျဆုံး အခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင် ခြင်းတိို့အတွက် သိသာထင်ရှားသော အချက်များကို စတင်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ ဤကြိုးပမ်းအားထုတ်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကြောင့် ကွန်ရက်ဝန်ဆောင်မှု၏ အရည်အသွေး ပိုင်း၌ သိသာထင်ရှားသော တိုးတက်မှုရလဒ်များကို စတင်တွေ့မြင်နိုင်ပြီ ဖြစ်ပါသည်။ MPT အနေဖြင့် စျေးကွက်ထဲတွင် SIM ကတ်များကို မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ရန် စတင်ဖြန့်ချိ ရောင်းချခဲ့ပြီးဖြစ်ရာ ယခုအခါ နိုင်ငံတစ်ဝန်းလုံးရှိ စျေးဆိုင်ထောင်ပေါင်းများစွာတွင် အလွယ်တကူ ရရှိဝယ်ယူနိင်ပြီ ဖြစ်ပါသည်။ ယခုနှစ်ကုန်ထိ SIM ကတ် စုစုပေါင်း(၅)သန်းကို ရောင်းချသွားမည် ဖြစ်ပါသည်။ မကြာမီအချိန် အတွင်းတွင် မြန်မာပြည်သူများသည် ဆက်သွယ်ရေးဝန်ဆောင်မှု ၊ ဖြန့်ချိရောင်းချမှု အပိုင်းတွင် ပိုမိုကောင်းမွန်မှုနှင့်အတူ သုံးစွဲသူအား ပိုမိုဂရုစိုက်သည့် ဝန်ဆောင်မှုများကိုပါ ရရှိခံစားကြရ တော့မည် ဖြစ်ပါသည်။

MPT အသစ်- ရှေ့သို့လှမ်းချီ မြန်မာပြည်

ယနေ့အချိန်တွင် MPT သည် စီးပွားရေးလုပ်ငန်း ပုံစံ၊ စရိုက်လက္ခဏာ အသစ်တစ်ရပ်ကို စတင် ဆောင်ရွက်လျက်ရှိပါသည်။ ဤစရိုက်လက္ခဏာအသစ်သည် အသစ်တဖန် ပြန်လည်ရှင်သန် နိုးထလာသော MPT ၏ သင်္ကေတပင် ဖြစ်ပါသည်။ “ရှေ့သို့လှမ်းချီ မြန်မာပြည်” ဟူသော ရေရှည်မျှော်မှန်းချက်ပန်းတိုင်သည် MPT ၏ အမှတ်တံဆိပ် ဗဟိုချက်မ၌ စွဲမြဲစွာ ရှိနေပါသည်။ MPT ၏ အထိမ်းအမှတ် တံဆိပ်အသစ်သည် မြန်မာနိုင်ငံ၏ အနှစ်သာရများကို ထင်ဟပ် ပေါ်လွင် နေစေသည့်အပြင် “တစ်နိုင်ငံလုံး လွှမ်းခြုံ၍ ဆက်သွယ်မှု ရရှိစေရမည်” ဟူသော MPT ၏ သံန္နိဋ္ဌာန်ကိုလဲ ဖော်ပြထားပါသည်။ MPT ၏ အထိမ်းအမှတ် တံဆိပ်အသစ်သည် စကားသံကို သရုပ်ဖော်ထားသော အဝိုင်းသင်္ကေတကို ပုံစံပြုထားကာ “လူတိုင်းအတွက် ပြောဆိုခွင့် “အသံ” ပေးရန်” ဟူသော MPT ၏ ရည်မှန်းချက်ကိုလည်း ဖော်ညွှန်းထားပါသည်။ အမှတ်တံဆိပ် အသစ်ပါ ရွှေရောင်သည် ရွှေမြန်မာနိုင်ငံနှင့် တောက်ပသော အနာဂတ်ကို ကိုယ်စားပြုပြီး အပြာရောင်သည် MPT ၏ သမိုင်းကြောင်း အမွေအနှစ်နှင့် ရှေ့သို့ လှမ်းချီမည့် ဦးတည်ချက်တို့ကို ကိုယ်စားပြု ပါသည်။

MPT ၏ ပထမဆုံးရုပ်သံကြော်ငြာသည် “တံခါးများကို ဖွင့်လှစ်ခြင်း” ဟူသော အတွေးအမြင်ကို အခြေခံရိုက်ကူး ပုံဖော်ထားခြင်း ဖြစ်ပါသည်။ အခွင့်အလမ်းသစ်များနှင့် ပိုမိုကောင်းမွန်သော အနာဂတ်သို့ ရောက်ရှိစေရန် ဆက်သွယ်ရေးတံခါးများကို ဖွင့်လှစ်ပေးနိုင်သည့်၊ ပြည်သူတစ်ရပ် လုံး၏ စိတ်ချယုံကြည်ရဆုံးသော လက်တွဲဖော်တစ်ဦး ဖြစ်ရမည်ဟု MPT က ယုံကြည်ပါသည်။

MPT ၏ အကြံဉာဏ်မှာ “တစ်ခုတည်းသော ဆက်သွယ်မှုဖြင့် အဆုံးအစ အကန့်အသတ်မရှိသော ဖြစ်နိုင်ချေများကို ဖန်တီးပေးရန်” ဖြစ်ပါသည်။ MPT သည် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးနေသာ ထိပ်တန်းအော်ပရေတာ တစ်ဦးအနေဖြင့် ပြည်သူတစ်ဦးချင်းစီီ ဆက်သွယ်နိုင်ရန်၊ “သတင်း” တစ်ခုမှတစ်ခုသို့ ဆက်သွယ်နိုင်ရန်နှင့် နိုင်ငံတစ်နိုင်ငံချင်းဆီသို့ ဆက်သွယ်နိုင်ရန် အတွက် တစ်နိုင်ငံလုံး တစ်စည်းတစ်လုံးတည်း ပေါင်းစည်းညီညာစွာ ရှိနေမည့် ပြည်ထောင်စုကြီး တစ်ခုအသွင် ဖြစ်စေရန် ဆောင်ရွက်ပေးမည်ဟု သံန္နိဋ္ဌာန် ချမှတ်ထားပြီး ဖြစ်ပါသည်။

မဝေးတော့သော အနာဂတ်တွင် “MPT အသစ်” ၏ တည်ရှိမှုကို မြန်မာတစ်ပြည်လုံး၌ တွေ့မြင်ကြ ရမည် ဖြစ်ပါသည်။ MPT ၏ အရောင်းဆိုင်များ၊ ကြော်ငြာများနှင့် သတင်းဖြန့်ချိမှုများသည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ နေရာတိုင်းကို ပျံ့နှံ့စွာ ရောက်ရှိတော့မည် ဖြစ်ပါသည်။ MPT ဝက်ဘ်ဆိုက်အသစ်ဖြစ်သည့် https://www.mpt.com.mm နှင့် facebook စာမျက်နှာဖြစ်သည့် http://www.facebook.com/mptofficialpage အစရှိသော MPT ၏ သတင်းလွှင့်တင်ရေး လမ်းကြောင်းများတွင် အချိန်မရွေး ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT ၏ အမှတ်တံဆိပ်အသစ်ကို စတင်မိတ်ဆက်သည့် အနေဖြင့် လက်ရှိ ငွေဖြည့်ကတ် အရောင်းမြှင့်တင်ရေး အစီအစဉ်အရ ဘောနပ်စ်ပေးခြင်းကို နှစ်ဆ တိုးမြှင့်ပေးသွားပါမည်။ ဤအရောင်းမြှင့်တင်ရေး အစီအစဉ်မှာ စက်တင်ဘာလ (၁၃) ရက်နေ့နှင့် (၁၄)ရက်နေ့တို့တွင်သာ ပြုလုပ်မည် ဖြစ်သောကြောင့် (၂)ရက်မျှသာ ကြာမြင့်ပါမည်။ ကျပ် (၅၀၀၀) တန် ငွေဖြည့်ကတ် သုံးစွဲသူများသည် (၄၀)% အပိုဆောင်း ရရှိသုံးစွဲနိုင်မည် ဖြစ်ပြီး ကျပ် (၁၀၀၀၀) တန်နှင့် အထက် ငွေဖြည့်ကတ် သုံးစွဲသူများသည် (၆၀)% အပိုဆောင်း ရရှိသုံးစွဲနိုင်ပါမည်။ အဆိုပါ အပိုဆောင်း ငွေများကို (၂၀၁၄)ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့အထိ အသုံးပြုနိုင်ကြပါသည်။

MPT က SIM ကတ်များ ပိုမိုလွယ်လင့်တကူရရှိသုံးစွဲနိုင်ရန်ဆောင်ရွက်လျှက်ရှိ

၂၀၁၄ ခုနှစ်အတွင်း MPT က SIM ကတ် (၅) သန်းကျော် ရောင်းချမည်

MPT သည် ဂျပန် နိုင်ငံ၏ ထိပ်တန်း ဆက်သွယ်ရေးလုပ်ငန်းဖြစ်သော KDDI ၊ ကမ္ဘာ့စီးပွားရေး လုပ်ငန်းစုကြီးဖြစ်သော Sumitomo တို့နှင့် မကြာသေးမီက ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ MPT သည် တယ်လီဖုန်း သုံးစွဲမှု ပိုမိုတိုးမြှင့် ထိုးဖောက်နိုင်ရန် ထားရှိခဲ့သည့် ကတိကဝတ်အတိုင်း ၂၀၁၄ ခုနှစ်ကုန်အထိ SIM ကတ်ပေါင်း ( ၅ ) သန်းကျော်ကို ရောင်းချသွားရန် စီစဉ်လျက်ရှိပါသည်။ စက်တင်ဘာလမှ စ၍ နိုင်ငံတစ်ဝန်းရှိ လက်လီအရောင်းဆိုင်များတွင် SIM ကတ်များကို ကျပ် ( ၁၅၀၀ ) ဖြင့် ဝယ်ယူ ရရှိနိုင်တော့မည် ဖြစ်ပါသည်။ ထို့ပြင် မကြာမီ ကာလအတွင်း၌ MPT သည် တန်ဖိုးနည်းငွေဖြည့်ကတ်များကိုလည်း စတင် ဖြန့်ဖြူး ရောင်းချပေးမည် ဖြစ်ပါသည်။

MPT ၏ GSM / WCDMA မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် စက်တင်ဘာလ ( ၄ ) ရက်နေ့ မှ စက်တင်ဘာလ ( ၁၂ ) ရက်နေ့အတွင်း အထူး အရောင်းမြှင့်တင်ရေး အစီအစဉ် တစ်ခုကို ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ GSM / WCDMA မိုဘိုင်းဖုန်း သုံးစွဲသူများအနေဖြင့် ထိုကာလအတွင်း ငွေကျပ် ( ၅၀၀၀) ငွေဖြည့်သုံးစွဲတိုင်း၂၀ % အပို ထပ်တိုး ဘောနပ်စ်ငွေ ကို လည်းကောင်း ၊ ငွေကျပ် ( ၁၀၀၀၀ ) နှင့် အထက် ငွေဖြည့် သုံးစွဲတိုင်း ၃၀% အပို ထပ်တိုး ဘောနပ်စ်ငွေ ကို လည်းကောင်း အပိုဖြည့်ငွေအဖြစ် သုံးစွဲခွင့် ရရှိကြမည် ဖြစ်ပါသည်။ ထို့ကြောင့် GSM / WCDMA မိုဘိုင်းဖုန်း သုံးစွဲသူများအနေဖြင့် ငွေပိုဖြည့်လေ ထပ်တိုး ဘောနပ်စ် အပိုဖြည့်ငွေ များများရလေ ဖြစ်ပါသည်။

MPT သည် ဆက်သွယ်ရေး ကွန်ရက်ကို နိုင်ငံအနှံ့ ဖြန့်ကျက် လွှမ်းခြုံနိုင်ရန် ဆောင်ရွက်လျက်ရှိစဉ် နိုင်ငံသားအားလုံး မိုဘိုင်းဖုန်း ဝန်ဆောင်မှုများကို ပိုမို၍ လွယ်လင့်တကူ ရရှိသုံးစွဲနိုင်စေရန်ကိုပါ ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်းတင်ပြအပ်ပါသည်။