MPT နှင့် LINE တို့ ပူးပေါင်းမည်

ပထမဆုံးပရိုမိုးရှင်းအစီအစဉ် MPT သုံးစွဲသူများကနောက်ဆုံးပေါ် instant messaging application
ကို အင်တာနက်အသုံးပြုခပေးရန်မလိုဘဲ စက်တင်ဘာ ၃၀ အထိသုံးနိုင်မည်။

ရန်ကုန်၊ မြန်မာ၊ ဇူလိုင် ၂၉၊ ၂၀၁၅။

မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာတစ်ဦးဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က LINE messenger (“LINE”) ၏ အဓိကအသုံးပြုမှုများနှင့် application download ပြုလုပ်မှုများအတွက် အင်တာနက်အသုံးပြုမှုကို ၄င်း၏ ဆွေသဟာအစီအစဉ်တွင် အခမဲ့ဒေတာ
အသုံးပြုခွင့်ပေးမည်ဟု ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။
ဇူလိုင်လ ၂၉ ရက်နေ့မှစ၍ စက်တင်ဘာလ ၃၀ ရက်အထိMPT ဆွေသဟာအစီအစဉ်ကိုအသုံးပြုသူများအားလုံးသည်
အင်တာနက်အသုံးပြုခပေးရန်မလိုဘဲ LINE application ကိုdownload ရယူ၍ အသုံးပြုနိုင်မည်ဖြစ်သည်။ MPT မှ
ဝန်ဆောင်မှုပေးသည့် အခမဲ့ဒေတာဖြင့် အသုံးပြုနိုင်မည့် လုပ်ဆောင်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

• Chatting

• စတစ်ကာများပေးပို့ခြင်းနှင့် လက်ခံခြင်း

• ဓာတ်ပုံဝေမျှခြင်း

• မိမိ၏ ပင်မစာမျက်နှာနှင့် ကိုယ်ပိုင်စာမျက်နှာများကို update လုပ်ခြင်း

• VOIP ဖုန်းခေါ်ဆိုခြင်းဖုန်းလက်ခံခြင်းများ (အသုံးပြုသူတစ်ဦးကိုတစ်လလျှင် 50 MB အထိအခမဲ့ အသုံးပြု
ခွင့်ပေးထားသည်။)

၂၀၁၅ခုနှစ်၊ ဇူလိုင်လ ၂၉ရက်၊ ဗုဒ္ဓဟူးနေ့နံနက်က Park Royal ဟိုတယ်တွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်
MPTက အဆိုပါအထူးအစီအစဉ်နှင့် ပတ်သက်သောအသေးစိတ်အချက်အလက်များကိုကြေညာခဲ့ပြီး၊ MPT နှင့် LINE
တို့အတူပူးပေါင်း၍ မြန်မာနိုင်ငံရှိသုံးစွဲသူများအကြားရေပန်းစားနေသော messaging application ကိုအသုံးပြုနိုင်ရန်နှင့်
မြန်မာနိုင်ငံ၏ အင်တာနက်အသုံးပြုမှုပိုမိုတိုးမြင့်လာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်းသိရသည်။ LINE သည်
ကမ္ဘာပေါ်ရှိလူကြိုက်အများဆုံးသောလူမှုကွန်ယက် application များထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီးတစ်ကမ္ဘာလုံးတွင်
အသုံးပြုသူပေါင်းသန်း ၅၆၀ ရှိနေသည်။ အထူးသဖြင့် အာရှဒေသတွင် လူကြိုက်များနေပြီးဂျပန်၊ ထိုင်းနိုင်ငံနှင့်
အခြားသောနိုင်ငံများတွင် နံပါတ် ၁ နေရာတွင် ရှိနေသော application တစ်ခုဖြစ်သည်။
“မြန်မာပြည်ရဲ့ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာတစ်ဦးအနေနဲ့ LINE ကိုအသုံးပြုခြင်းဖြင့် သုံးစွဲသူတွေမှာ
ကောင်းကျိုးတွေရရှိအောင် ပံ့ပိုးပေးရင်းမြန်မာပြည်သူပြည်သားတွေနဲ့ အခုလိုကမ္ဘာတစ်ဝန်းလူကြိုက်များနေတဲ့
application တစ်ခုကိုမိတ်ဆက်ပေးဖို့ဆိုတာ ကျွန်တော်တို့ရဲ့ တာဝန်တွေထဲက တစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့
အားလုံးလက်ခံယုံကြည်ထားပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က မြန်မာပြည်ကသုံးစွဲသူတွေအတွက်
အသုံးပြုမှုအသစ်တွေ ဝန်ဆောင်မှုအသစ်တွေ ဆက်ပြီးပေးစွမ်းနိုင်ဖို့ပါ”ဟု MPT နှင့် အကျိုးတူ ပူးပေါင်း
ဆောင်ရွက်ထားသော KSGM (KDDI Summit Global Myanmar Co., Ltd) မှ Marketing Director ဖြစ်သူ
Mr. Takashi Shigeno ကပြောပါသည်။
“LINE ကိုမြန်မာလူမျိုးအများအပြားစိတ်ဝင်စားကြတဲ့အတွက် မြန်မာပြည်ဟာ LINE အတွက်အလားအလာကောင်းသော
စျေးကွက်တစ်ခုဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းအကြိုမိတ်ဆက်ပွဲပြုလုပ်ပြီးချိန်မှာအသုံးပြုသူ ၃၀၉% တိုးတက်လာတာ
တွေ့ရပါတယ် စမတ်ဖုန်းသုံးစွဲမှု တိုးတက်လာတာတွေ၊ အင်တာနက်အသုံးပြုသူများပြားလာတာတွေ၊တစ်နိုင်ငံလုံးအနှံ့
ဆက်သွယ်ရေးကောင်းမွန်လာတာတွေနဲ့အတူ LINE နှင့် ၄င်း၏ application တွေကို မြန်မာစျေးကွက်မှာရှိတဲ့
သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေနဲ့ကိုက်ညီအောင် ဖော်ဆောင်သွားမှာဖြစ်ပါတယ်။ အခု MPT နဲ့ ပူးပေါင်းခြင်းဟာလည်း
မြန်မာပြည်ကသုံးစွဲသူတွေကိုပိုကောင်းမွန်တဲ့ဝန်ဆောင်မှုတွေပေးနိုင်ဖို့နဲ့ မြန်မာနိုင်ငံနှင့်ကိုက်ညီသော အကြောင်းအရာလေးတွေကိုပိုမိုချဲ့ထွင်နိုင်ဖို့ဆိုတဲ့ နည်းလမ်းတွေကိုအတူဖော်ဆောင်သွားချင်တာကြောင့်ဖြစ်ပါတယ်။” ဟု LINE
Myanmar ၏ အထွေထွေမန်နေဂျာ Mr. Darin Hwang က ပြောသည်။
LINE တွင် MPT Official Account ကိုလည်းဇူလိုင်လ ၂၉ ရက်နေ့၌ စတင်ဖွင့်လှစ်မိတ်ဆက်မည်ဖြစ်ပြီး LINE
အသုံးပြုသူများက၄င်း account ကို subscribe လုပ်ထားပါက MPT ၏ နောက်ဆုံးသတင်းများနှင့်
အထူးအစီအစဉ်များကိုအချိန်နှင့်တပြေးညီသိရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် MPT အတွက် အထူးထုတ်လုပ်ထားသည့်
sticker များကိုလည်းမကြာမီအချိန်အတွင်းဒေါင်းလုဒ်ရယူအသုံးပြုနိုင်တော့မည်ဖြစ်သည်။
ဤအထူးအစီအစဉ်အတွက် အချိန်ကာလမှာ ၂ လဖြစ်ပြီးဇူလိုင်လ ၂၉ ရက်နေ့မှ စတင်ကာစက်တင်ဘာလ ၃၀ ရက်နေ့
တွင် ကုန်ဆုံးမည်ဖြစ်သည်။ LINE ကို www.line.me/my တွင် ဒေါင်းလုဒ်ရယူနိုင်ပါသည်။

အော်တို ဖုန်းလိုင်း တပ်ဆင်ခနှုန်းထားများကို ထက်ဝက် လျှော့ချပေးမည်

နောက်နှစ်အနည်းငယ်အတွင်း လိုင်းဖုန်းများ၏ လက်ရှိစွမ်းဆောင်ရည်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှနှစ်ဆမြှင့်တင်မည်။

ရန်ကုန်၊ မြန်မာ၊ ဇူလိုင် ၁၅၊ ၂၀၁၅။ မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ဦးဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ယနေ့ဇူလိုင်၁၅ ရက်နေ့မှစ၍ PSTN (အော်တိုလိုင်းဖုန်း) တပ်ဆင်ခများကို ယခင်ကျပ်၆သိန်းခွဲမှ ယခု ၃၂၅,၀၀၀ ကျပ်သို့
ထက်ဝက်လျှော့ချပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာလိုက်သည်။

လိုင်းဖုန်းများကိုအိမ်သုံးသာမက စီးပွားရေးလုပ်ငန်းများအတွက်ပါ ပိုမိုကျယ်ပြန့်သက်သာစွာ သုံးစွဲစေနိုင်ရန်အတွက်
ယခုကဲ့သို့ရည်ရွယ်လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် လိုင်းခွဲဖုန်းများသုံးစွဲရနန်ှင့် ADSL
အင်တာနက်ကိုသုံးစွဲရန် လိုင်းဖုန်းများကိုပိုမိုလိုပါအပ်သည်။ လိုင်းဖုန်းတပ်ဆင်ခများကို ယခုကဲ့သို့ လျှော့ချပေးခြင်းအားဖြင့် အိမ်သုံးအတွက်သာမက၊ စီးပွားရေးလုပ်ငန်းများပါ လိုင်းဖုန်းတပ်ဆင်မှုများ ပိုမိုများပြားလာမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ယုံကြည်
စိတ်ချမှုရှိသည့်အပြင် သုံးစွဲသူများကို ဝမ်းမြောက်စွာ ဝန်ဆောင်မှုပေးရန်လည်း အဆင်သင့်ရှိနေပါသည်။

ဖုန်းခေါ်ဆိုခတစ်မိနစ်၂၃ကျပ်သို့ လျှော့ချ

စျေးနှုန်းသစ်ပြင်ဆင်ခြင်းအထိမ်းအမှတ်အဖြစ် ဖုန်းငွေဖြည့်ကတ်များတွင်
အပိုထပ်ဆောင်းငွေ ၅၀% အထိ လက်ဆောင်ပေးသွားမည်

၂၀၁၅ ခုနှစ် ဇူလိုင် ၅ ရက်- ရန်ကုန်၊ မြန်မာ။ မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ဦးဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ဆွေသဟာအစီီအစဉ်နှင့် CDMA 450/800 အသုံးပြုသော မိဘပြည်သူများအတွက် တယ်လီဖုန်းခေါ်ဆိုခများကို တစ်မိနစ်လျှင် ၂၃ ကျပ်ဖြင့် စျေးနှုန်းအသစ်သတ်မှတ်လိုက်ကြောင်း ယနေ့ကြေငြာလိုက်သည်။ MPT သည်၄င်း၏ ဆောင်ပုဒ်ဖြစ်သော “ရှေ့သို့လှမ်းချီ မြန်မာပြည်” ဆိုသည့်အတိုင်း MPT ကိုအားပေးနေသော မိဘပြည်သူများနှင့် ထပ်မံတိုးပွားလာမည့်သုံးစွဲသူများအတွက် စျေးနှုန်းသက်သာ၍ ယုံကြည်အားထားရသော ဆက်သွယ်ရေးဝန်ဆောင်မှုများကို ထပ်မံမိတ်ဆက်လိုက်ခြင်းလည်းဖြစ်သည်။

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ နံနက် 00:00:01 မှစ၍ MPT၏ ဆွေသဟာအစီအစဉ်ကို သုံးစွဲသူ မိဘပြည်သူများအတွက် ဖုန်းခေါ်ဆိုခြင်းများကို မူလ တစ်မိနစ်လျှင် ၃၅ ကျပ်မှ ယခု တစ်မိနစ်လျှင် ၂၃ ကျပ်သို့ ပြောင်းလဲကောက်ခံသွားမည်ဖြစ်သည်။ ထို့အပြင် CDMA 450/800 ကို သုံးစွဲသူများအတွက်လည်း ဖုန်းခေါ်ဆိုခ ယခင် တစ်မိနစ်လျှင် ၅၀ ကျပ်မှ ယခု တစ်မိနစ် ၂၃ ကျပ်သို့ပြောင်းလဲ သတ်မှတ်လိုက်ပြီဖြစ်သည်။ ဤစျေးနှုန်းသစ် သတ်မှတ်ချက်သည် MPT ၏ ဆွေသဟာအစီအစဉ်နှင့် CDMA 450/800 ကို သုံးစွဲသူများအားလုံးအတွက် အလိုအလျောက် အကျုံးဝင်သွားမည်ဖြစ်သည်။

“အခုသတ်မှတ်လိုက်တဲ့ သက်သာတဲ့စျေးနှုန်းအသစ်ဟာ ကျွန်တော်တို့ရဲ့ လက်ရှိသုံးစွဲသူ မိဘပြည်သူ တစ်ဦးချင်း တစ်ယောက်ချင်းစီကို ကျေးဇူးတုံ့ပြန်လိုက်တာပါပဲ” ဟု MPT ၏ အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်းက ပြောသည်။

“ဒါ့အပြင် ဒီစျေးနှုန်းပြင်ဆင်သတ်မှတ်လိုက်တာနဲ့အတူ မြန်မာနိုင်ငံအနှံ့ မြို့ပြကျေးလက်မရွေး လွှမ်းခြုံထားတဲ့ ကျွန်တော်တို့ MPT ရဲ့ ယုံကြည်စိတ်ချရတဲ့ ဆက်သွယ်မှုကွန်ယက်ကို အသုံးပြုလိုတဲ့ မိဘပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ပိုမိုများပြားလာလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ဦးအနေနဲ့ မြန်မာနိုင်ငံထဲမှာ နေထိုင်ကြသူတိုင်းရင်းသားသွေးချင်းတွေအားလုံး အဆင်ပြေသက်သာစွာ ဆက်သွယ်ပြောဆိုနိုင်ဖို့ ကျွန်တော်တို့ အမြဲကြိုးစားဆောင်ရွက်နေပါတယ်။” ဟု MPT-KDDI-Sumitomo Joint Operations ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ မစ္စတာ တကရှိ နာဂရှိမက ထပ်လောင်း ပြောကြားလိုက်သည်။

လက်ရှိ ဆွေသဟာကို သုံးစွဲနေသူများအနေဖြင့် ဤစျေးနှုန်းသတ်မှတ်ချက်အသစ် တစ်မိနစ် ၂၃ ကျပ်ဖြင့်သုံးစွဲရန် မည်သည့် ထပ်ဆောင်းဝန်ဆောင်ခမှ ပေးရန်မလိုအပ်ဘဲ MPT ဖုန်းအချင်းချင်း ခေါ်ဆိုမှုရော MPT ဖုန်းမှ အခြားအော်ပရေတာများ၏ ဖုန်းများအား ခေါ်ဆိုမှုကိုပါ အဆိုပါစျေးနှုန်းဖြင့် တပြေးညီသတ်မှတ်ပေးထားသည်။ GSM/WCDMA သုံးစွဲသူများအနေဖြင့် ဆွေသဟာစနစ်ကို ရယူရန် ၁၃၃၂ သို့ SWE ဟု အခမဲ့ စာတိုတစ်စောင်ပေးပို့ခြင်းဖြင့် စတင်အသုံးပြုနိုင်မည်ဖြစ်သည်။ ဆွေသဟာရှိ အခြားသောဝန်ဆောင်မှုစျေးနှုန်းများနှင့် ဆွေသဟာကိုု မရယူထားသော

GSM နှင့် WCDMA သုံးစွဲသူများ၏ အခြေခံသုံးစွဲမှုနှုန်းထားများမှာလည်း ယခင်အတိုင်းပင်ဖြစ်သည်။

CDMA 450 နှင့် CDMA 800 ဖုန်းများကို သုံးစွဲနေသူများအတွက်လည်း ခေါ်ဆိုနှုန်းထားအသစ်ကို ထပ်မံလျှောက်ထား ရယူရန် မလိုအပ်ဘဲ MPT ဖုန်းအချင်းချင်း ခေါ်ဆိုမှုရော MPT ဖုန်းမှ အခြားအော်ပရေတာများ၏ ဖုန်းများအား ခေါ်ဆိုမှုကိုပါ အဆိုပါစျေးနှုန်းဖြင့် တပြေးညီသတ်မှတ်ပေးထားသည်။ CDMA သုုံးစွဲသူများအတွက် အခြားသောဝန်ဆောင်မှု နှုန်းထားများမှာ ယခင်အတိုုင်းပင်ဖြစ်သည်။

စျေးနှုန်းအသစ်သတ်မှတ်ခြင်း အထိမ်းအမှတ်အဖြစ် MPT မှ သုံးစွဲသူမိဘပြည်သူများအားလုံးကို ငွေဖြည့်ကတ်ဖြည့်ရာတွင် အပိုထပ်ဆောင်းငွေများ ထည့်သွင်းလက်ဆောင်ပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၅ ရက်နေ့မှ ရ ရက်နေ့အတွင်း ငွေဖြည့်သော သုံးစွဲသူမိဘပြည်သူများအနေဖြင့် ၅၀% အထိ အပိုထပ်ဆောင်းငွေများကို လက်ဆောင်အဖြစ်ရရှိမည်ဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် အဆိုပါ အပိုထပ်ဆောင်းငွေများကို ဇူလိုင်လ ၃၁ ရက်မတိုင်မီ MPT ဖုန်းအချင်းချင်းခေါ်ဆိုမှုနှင့် အင်တာနက်အသုံးပြုခြင်းအတွက် သုံးစွဲနိုင်မည်ဖြစ်သည်။.

MPT နှင့်အတူ ပူးပေါင်းဆောင်ရွက် အပိုထပ်ဆောင်းငွေ ၅၀%အထိ ရယူနိုင်မည့် အစီအစဥ်သစ် မိတ်ဆက်

ဇူလိုင်လ ၅ရက်နေ့မှ ရရက်နေ့အတွင်းဖုန်းငွေဖြည့်သူ မိဘပြည်သူအားလုံးကို ၅၀% အထိ အပိုထပ်ဆောင်းငွေကို
လက်ဆောင်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။

*အပိုထပ်ဆောင်းငွေကို MPT ဖုန်းအချင်းချင်းခေါ်ဆိုရာတွင်နှင့်အင်တာနက်(PAYG)အသုံးပြုရာတွင်အသုံးပြုနိုင်သည်။
*အပိုထပ်ဆောင်းငွေကို ဇူလိုင်လ ၃၁ ရက်နေ့အထိ သက်တမ်းရှိသည်။
*အပိုထပ်ဆောင်းငွေကို GSM/WCDMA/CDMA များအားလုံးခံစားခွင့်ရှိသည်။
CDMA အသုံးပြုသူများမှ Myanmar Mobile Money အသုံးပြုပါက အပိုထပ်ဆောင်းငွေလက်ခံရရှိမည်
မဟုတ်ပါ။ ကျန် GSM/WCDMA များမှာ မည်သည့်ငွေဖြည့်နည်းစနစ်ကိုမဆို အသုံးပြုနိုင်သည်။

တက်ကြွလန်းဆန်းစေမည့် အားလပ်ချိန်များအတွက် COCA-COLA MYANMAR နှင့် မြန်မာ့ဆက်သွယ်ရေး MPT တို့ပူးပေါင်း၍ အခမဲ့ ဖုန်းငွေဖြည့်ပေးမည့် အရောင်းမြှင့်တင်မှု မြန်မာနိုင်ငံတစ်ဝှမ်လုံးတွင် ပြုလုပ်မည်

Coca-Cola အချိုရည်သောက်သုံးသော မြန်မာပြည်သူ(၁၅)သန်းခန့်အခမဲ့ဖုန်းငွေဖြည့်ပေးမှုကိုရရှိနိုင်မည့် “Refresh & Top-Up” အရောင်းမြှင့်တင်မှုအစီအစဉ်ကို Coca-Cola Myanmar နှင့်နိုင်ငံတွင်းအကြီးဆုံးဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီဖြစ်သည့်MPT နှင့်အတူပူးပေါင်းဆောင်ရွက်

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ဇူလိုင်လ(၂)ရက်နေ့၊ ၂၀၁၅ခုနှစ် – မြန်မာနိုင်ငံတွင် ပထမဦးဆုံးသောအရောင်းမြှင့်တင်မှုအစီအစဉ်တစ်ခုအနေဖြင့် Coca-Cola နှင့်နိုင်ငံတွင်းအကြီးဆုံး ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီဖြစ်သည့် MPT တို့ အတူပူးပေါင်းကာ လန်းဆန်းစေမည့် Coca-Cola အေးအေးလေး သောက်သုံးရင်း အခမဲ့ MPT
ဖုန်းငွေဖြည့်မှုကို ရရှိနိုင်မည့် “Refresh & Top-Up Promotion” ကို စတင်သွားမည်ဖြစ်ကြောင်း ယနေ့
ကြေညာလိုက်ပါသည်။ တက်ကြွလန်းဆန်းစေမည့် အားလပ်ချိန်အတွက်Coca-Cola သောက်သုံးရင်း မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနှင့် အမြဲဆက်သွယ်နိုင်စေရန်အတွက် ကျပ်(၂၀၀) မှ ကျပ်(၁၀)သိန်းအထိ MPT မိုဘိုင်းဖုန်းငွေဖြည့်ပေးမှု ဆုပေါင်း (၁၅)သန်း ပါဝင်မည့် အဖုံးတွင်းကံစမ်းမဲ အစီအစဉ်ကိုမြန်မာနိုင်ငံအနှံ့မှ ပါဝင်
ဆင်နွှဲနိုင်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံအနှံ့မှ အရသာရှိသော Coca-Cola အေးအေးလေး သောက်သုံးသူအားလုံးအတွက် လန်းဆန်းမှုများ ခံစားရစေရန် နှင့် ပျော်ရွှင်စရာအခိုက်အတန့်များ အတူမျှဝေရန်အတွက် Coca-Cola နှင့် MPT တို့၏ ယခု Refresh & Top-Up Promotionအား ပြုလုပ်နေဆဲ အစီအစဉ်များနှင့်လှုပ်ရှားမှုများတွင် ပေါင်းစပ်ထည့်သွင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

“အခုလို MPT နဲ့ အတူ အဓိကျပြီး ဒီနိုင်ငံမှာ ပထမဦးဆုံးဖြစ်တဲ့ အရောင်းမြှင့်တင်ရေး အစီအစဉ်ကို အတူ
ပူးပေါင်းလုပ်ဆောင်ရတဲ့အတွက်ဝမ်းသာစိတ်လှုပ်ရှားမိပါတယ်။ Coca-Cola နဲ့ MPT တို့ရဲ့ Refresh & Top-Up Promotion ဟာဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေ Coca-Cola အေးအေးလေးသောက်ရင်း မိတ်ဆွေ
သူငယ်ချင်း၊ မိသားစုတွေနဲ့ ဆက်သွယ်နိုင်စေဖို့ဖြစ်ပါတယ်” ဟု Coca-Cola Myanmar ၏ Marketing Director ဖြစ်သူ Mr.Rommel P. Fuentebella မှပြောကြားခဲ့ပါသည်။ ၎င်းမှဆက်လက်ပြီး “Coca-Cola အေးအေးလေးသောက်ပြီး အနားယူနေချိန်မှာ မိုဘိုင်းဖုန်းတွေဟာလည်း မပါမဖြစ်ပါဝင်လာကြပါတယ်။ ဒါကြောင့် Coca-Cola နဲ့ MPT တို့ အတူပူးပေါင်းပြီးတော့ သောက်သုံးသူတွေအတွက်အားလပ်ချိန်တွေမှာ လန်းဆန်းဖို့ နဲ့ အဆက်သွယ်မပြတ်စေပဲ အပြည့်အဝ ပျော်ရွှင်ဖို့အတွက်ရည်ရွယ်တာပဲဖြစ်ပါတယ်။”

Coca-Cola နှင့် MPT တို့၏ Refresh & Top-Up Promotion ၏ ကျယ်ပြန့်စွာ ရောက်ရှိနိုင်မှု နှင့်အလွယ်တကူ ပါဝင်ဆင်နွှဲနိုင်မှုတို့ကြောင့် မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သမျှထဲတွင် အကြီးမားဆုံးအရောင်းမြှင့်တင်မှုတစ်ခု ဖြစ်ပါသည်။ Coca-Cola သည် အချိုရည်ကဏ္ဍလောကတွင် နိုင်ငံတစ်ဝှမ်း ဦးဆောင် ဖြန့်ချီသူဖြစ်သည့်အလျောက်
မြန်မာနိုင်ငံ၏ မည်သည့်နေရာတွင် နေသူဖြစ်စေ ၎င်းတို့၏ အားလပ်ချိန်တွင် Coca-Cola အေးအေးလေးကို
သောက်သုံးရင်း တက်ကြွလန်းဆန်းမှုကို ခံစားနိုင်မည့်အပြင် နိုင်ငံပိုင် MPT ကလည်း မြန်မာလူမျိုးများအတွက် နှစ်ပေါင်း ၁၃၀ ကျော် မိတ်ဆွေသူငယ်ချင်း၊ မိသားစုများ အချင်းချင်း ဆက်သွယ်ပေးခဲ့ သော နိုင်ငံတွင်း အကြီးမားဆုံး ဆက်သွယ်ရေး လုပ်ငန်း ဖြစ်ပါသည်။Coca-Cola နှင့် MPT တို့ အတူတကွ ပူးပေါင်းလိုက်ခြင်းဖြင့် Refresh & Top-Up Promotion သည် နိုင်ငံရှိ သန်းပေါင်းများစွာသော Coca-Cola သောက်သုံးသူများအထိ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းပါသည်။

“MPT ဟာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးကလူတွေကို ချိတ်ဆက်ပေးခဲ့တဲ့ ရှည်ကြာတဲ့ သမိုင်းကြောင်းရှိရသုံ ာမက အခုဆိုရင်ဖြင့် ပြည်တွင်းမှာ မိုဘိုင်းဆက်သွယ်မှုတွေ ပိုမိုတိုးတက်လာတဲ့အလျောက် ချစ်ခင်ရတဲ့သူတွေနဲ့ ဆက်သွယ်မှုတွေ ပိုမို ပြုလုပ်လာနိုင်ပြီ ဖြစ်ပါတယ်” ဟု MPT ၏ Chief Commercial Officer ဖြစ်သူ Mr.Koichi Kawase မှပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး “Coca-Cola သောက်ပြီး အနားယူရင်း MPT ရဲ့ အခမဲ့ ဖုန်းငွေဖြည့်မှုတွေနဲ့အတူ ဒီ Coca-Cola MPT Refresh & Top-Up Promotion ဟာ မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေကြား ဆက်သွယ်မှုတွေကို ပိုပြီး ခိုငမ် ာလာအောင် စွမ်းဆောင်ပေးနိုင်လိမ့်မယ် လို့လည်းမျှော်လင့်ပါတယ်။” မြန်မာနိုင်ငံတွင် တဆထက်တဆ တိုးပွားကျယ်ပြန့စ် ွာကျင်းပလျက်ရှိသော အရောင်းမြှင့်တင်မှု အစီအစဉ်များအနက် Coca-Cola MPT Refresh & Top Up Promotion သည် အဖုံးတွင်း ကံစမ်းမဲများအနက် ကံထူးသူများအား အခမဲ့ ဖုန်းငွေဖြည့်ပေးမည့် ပထမဦးဆုံးသော အစီအစဉ်အဖြစ် မှတ်တမ်းဝင်မည် ဖြစ်ပါသည်။ အဆိုပါ အစီအစဉ်အရ Coca-Cola MPT Refresh & Top-Up Promotion သည် MPT ၏ GSM/WCDMA ဖုန်းများတွင်သာ ဖြည့်တင်း သုံးစွနဲ ိုင်မည် ဖြစ်ပြီး Coca-Cola အေးအေးလေး သောက်ရင်း ဆုမဲများအား မည်သူမဆို ပါဝင်ကံစမ်း နိုင်မည်ဖြစ်ပါသည်။ သန်း ၉၀ ထက်ပိုသော MPT မိုဘိုင်းငွေဖြည့် ကံစမ်းမဲကုတ်နံပါတ် များကို မြန်မာပြည်အနှံ ဖြန့်ချီရောင်းချလျက်ရှိသည့် Coca-Cola, Coca- Cola Zero, Sprite နှင့် Max+ အချိုရည် ပလပ်စတစ်ဘူး၊ ပုလင်း နှင့် သံဗူးများ၏ အဖုံးများတွင် ပုံနှိပ်ထားမည်ဖြစ်ပါသည်။ MPT ၏ 2626 သို့ အခမဲ့ SMS ဖြင့် code နံပါတ်ကို ပေးပို့နိုင်ပြီး ဖုန်းငွေဖြည့် ပေါက်မဲနှင့်တန်ဖိုးကိုသိရှိနိုင်ပါသည်။

၁၅ သန်းထက်မနည်းကျော်သော ကံထူးသူများသည် ၂၀၀၊ ၁၀၀၀၊ ၁၀,၀၀၀ နှင့် ကျပ်၁ဝသိန်း တန်ဖိုးရှိ ဖုန်းငွေဖြည့်ပေးမှုများကို ၎င်းတို့၏ ကုဒ်နံပါတ် ပေးပ့သို ည့် ဖုန်းများထဲသို့ တိုက်ရိုက် ချက်ချင်းရရှိနိုင်မည် ဖြစ်ပါသည်။ ပေါက်မဲ MPT ဖုန်းငွေဖြည့်မှု များဖြင့် MPT ဖုန်းအချင်းချင်းခေါ်ဆိုခြင်း၊ မက်ဆေ့ချ်ပေးပို့ခြင်းနှင့် အင်တာနက် ချိတ်ဆက်မှု တို့အတွက် အသုံးပြုနိုင်ပါသည်။ အဆိုပါ အရောင်းမြှင့်တင်ရေး အစီအစဉ်သည် ဇူလိုင်လ ၂ဝရက်နေ့ မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ကျင်းပမည် ဖြစ်ပါသည်။ သို့သော် ပေါက်မဲ ဖုန်းငွေဖြည့်တန်ဖိုးများသည်တစ်နှစ်သက်တမ်အထိရှိပါမည်။ထ့အိုပြင်တန်ဖိုးအမြင့်ဆုံးကျပ် ၁ဝသိန်းရရှိသူ၏ ဖုန်းငွေဖြည့်မှုသည် ၄ နှစသ် က်တမ်းအထိ ခံစားခွင့်ရှိပါသည်။ သို့ဖြစ်ပါ၍ ကံထူးသူများအနေဖြင်် နှစ်နှင့်ချီ၍ ချစ်ခင်သူ မိသားစု၊ သူငယ်ချင်းများနှင့် အခမဲ့ ဆက်သွယ်နိုင်မှာလည်းဖြစ်ပါသည်။

မြန်မာနိုင်ငံမှ လူငယ်များ MPT မှတဆင့် ဆက်သွယ်သုံးစွနဲ ုိင်ဖို့ အတွက် Coca-Cola MPT Refresh & Top- Up Promotion ကို Coca-Cola ရဲ့တက်ကြွလန်းဆန်းစေမည့် အားလပ်ချိန်ဂီတဖျော်ဖြေပွမဲ ျား ပါဝင်သည့် Coca-Cola ပျော်ရွှင်ခြင်းခရီးစဉ်များတွင် ပေါင်းစပ်ပြုလုပ်သွားမှာဖြစ်ပါသည်။ ၂၀၁၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံအနှံ စည်ကားစွာ ကျင်းပလျက်ရှိသည့် ဂီတဖျော်ဖြေပွဲများမှ ထောင်ပေါင်းများစွာသော ပရိသတ်များသည် အားလပ်ချိန်များအတွင်း ၎င်းတ့နို ှစ်သက်သောအနုပညာရှင်များ ဖျော်ဖြေမှုတွေကို Coca- Cola အေးအေးလေး သောက်သုံးခြင်းနှင့်အတူ ပရိတ်သတ်များသည် Coca-Cola MPT Refresh & Top-Up Promotion ကာလအတွင်း ပျော်ရွှင်ခြင်းခရီးစဉ် ကျင်းပရာ နေရာများတွင် MPT ၏ အားဖြည့် ပါဝင်မှုဖြင့် မိတ်ဆွေသူငယ်ချင်း၊ မိသားစုမျာကို အမြဲချိတ်ဆက်ရင်း ပွ၏ဲ ပျော်ရွှင်စရာ အမှတ်တရများကို ချက်ချင်းမျှဝေနိုင်မှာပဲ ဖြစ်ပါသည်။

ပရိသတ်များသည် Refresh & Top-up Promotion မှာ ပါဝင်ခြင်းအားဖြင့်Coca-Cola နှင့် MPT တ့ရို ဲ့ ဖုန်းငွေဖြည့်ဆုမဲများကို ကံထူးနိုင်မည့် အခွင့်အရေးသာမက Coca-Cola ဖြင့် လန်းဆန်းနိုင်မည် ဖြစ်ပါသည်။ ယခု ၂၀၁၅ ခုနှစ်အတွင်း ပျော်ရွှင်ခြင်းခရီးစဉ် ဆက်လက်ကျင်းပသွားမည့် ဇူလိုင်လ ၄ ရက်တွင် တောင်ကြီး၊ ဇူလိုင်လ ၂၅ ရက်တွင် မကွေး၊ သြဂုတ်လ ၁၅ ရက်တွင် ရွှေဘို နှင့် စက်တင်ဘာလ ၁၉ ရက်တွင် မြိတ် တို့တွင် Coca-Cola MPT Refresh & Top-Up Promotion ၏ အားဖြည့်မှု အစီအစဉ်များလည်း ပါဝင်သွားမည် ဖြစ်ပါသည်။

Coca-Cola MPT Refresh & Top-Up Promotion ၏ စိတ်လှုပ်ရှားဖွယ်ရာများကို ပျော်ရွှင်ခြင်းခရီးစဉ်အပါအဝင် ကဏ္ဍအမျိုးမျိုးမှတဆင့် မျှဝေပေးသွားမှာဖြစ်ပါတယ်။ လူမှုကွန်ယက်မီဒီယာများမှတဆင့် နိုင်ငံတစ်ဝှမ်းမှ ဆုမဲကံထူးရှင်များကို ၎င်းတို့၏ အပျော်များ မျှဝေနိုင်ရန် ဖိတ်ခေါ်သွားမည် ဖြစ်ပြီး ကံစမ်းမဲ အစီအစဉ်၏ နောက်ဆုံးရ သတင်းများကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ Coca-Colaအမှတ်တံဆိပ်သံတမန် ဖြစ်သော ထင်ရှားကျော်ကြားသည့် အနုပညာရှင် မိစန္ဒီကလည်း ပရိသတ်များနှင့် အတူ Coca-Cola MPT Refresh & Top-Up Promotion ၏ ပျော်ရွင်မှုများကို မျှဝေပေးသွားမည်ဖြစ်ပါသည်။

“Coca-Cola MPT Refresh & Top-Up Promotion က နိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ ပရိသတ်တွေအနေနဲ့ သူတို့မိသားစုတွေ သူငယ်ချင်းတွေနဲ့ Coca-Cola အေးအေးလေး သောက်ရင်း ဆက်သွယ်စေနိုင်မှာပါ” ဟု အဆိုတော် မိစန္ဒီ မှပြောပါသည်။ “မိစန္ဒီလည်း ဒီPromotion က စိတ်လှုပ်ရှားမှုတွေကို ပျော်ရွှင်ခြင်းခရီးစဉ် နဲ့ ရေဒီယိုအစီအစဉ်တွေမှတဆင့် မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေနဲ့အတူမျှဝေခံစားနိုင်ဖို့ မျှော်လင့်ပါတယ်”

နိုင်ငံတစ်ဝှမ်းမှ သောက်သုံးသူ များ Coca-Cola MPT Refresh & Top-Up Promotion နှင့်ပတ်သတ်ပြီး အသေးစိတ်သိရှိနိုင်စေရန်အတွက် ကြော်ငြာများဖြင့် ဖိတ်ခေါ်နှိုးဆော်သွားမည်ဖြစ်ပါသည်။ ရုပ်မြင်သံကြားကြော်ငြာတွင်လည်း ၎င်းကံစမ်းမဲ အစီအစဉ် သည် တက်ကြွလန်းဆန်းနေပြီး သူငယ်ချင်းများနဲ့ အမြဲချိတ်ဆက်နေနိုင်ဖို့ သာမက သူငယ်ချင်းအသစ်များ ရရှိဖို့အတွက် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ကြောင်း ဖော်ပြထားပါသည်။ တစ်ချိန်တည်းမှာလည်း ရေဒီယိုကြော်ငြာများမှ Promotion နှင့် Top-Up ဆုမဲများရယူနိုင်ဖို့ အကြောင်း အသေးစိတ် အချက်အလက်များ ကို ထုတ်လွှင့်ပေးမှာဖြစ်ပါသည်။ Coca-Cola ရောင်းချရာ အနယ်နယ်အရပ်ရပ်တွင် ကံစမ်းမဲအစီအစဉ် အတွက် အထူးပြလုပ်ထားသော အမှတ်တံဆိပ် တင်ပြမှုတို့ကို တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။

“Coca-Cola MPT Refresh & Top-Up Promotion” ၏ အသေးစိတ် အစီအစဉ်များနှင့် မြို့အသီးသီးတွင် ကျင်းပပြုလုပ်သွားမည့် ပျော်ရွှင်ခြင်းခရီးစဉ် နှင့်ပါတ်သတ်ပြီး အသေးစိတ် သိရှိလိုပါက Coca-Cola Myanmar ၏ Facebook စာမျက်နှာဖြစ်သည့် www.facebook.com/CocaColaMyanmar နှင့် မြန်မာ့ဆက်သွယ်ရေး MPT ၏ Facebook www.facebook.com/mptofficialpage တို့တငွ ် ဝင်ရောက်လေ့လာနိုင်မည်ဖြစ်ပါသည်။