COCA-COLA နှင့် MPT တို့ရဲ့ “REFRESH & TOP-UP PROMOTION”

အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး

ရန်ကုန်-မြန်မာ ၊ စက်တင်ဘာလ ၃၀ ရက်၂၀၁၅၊ Coca-Cola နှင့် MPT တို့၏ “Refresh & Top-up Promotion” အစီအစဉ်မှ ကံထူးသူများ နေ့စဉ်နှင့်အမျှ ပေါ်ထွက်လျက်ရှိရာ ကြုံတောင့်ကြံုခဲ အထူးဆု ကျပ်ငွေ ၁၀သိန်း တန်ဖိုးရှိသော MPT ဖုန်းငွေဖြည့်ဆု ကံထူးရှင်များလည်းအပါအဝင်ဖြစ်ပါသည်။ တစ်နိုင်ငံလုံးအနေဖြင့် သန်းပေါင်းများစွာသော ဆုမဲများကို ရယူဖို့ရန်အလို့ငှာ ဤအစီအစဉ်အား ၂၀၁၅ခုနှစ် နှစ်ကုန်အထိ ကျင်းပသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံအနှံ့မှ အရသာရှိသော Coca-Cola အေးအေးလေး သောက်သုံးသူ အားလုံးအတွက် လန်းဆန်းမှုများ ခံစားနိုင်စေရန်နှင့် MPT ဖြင့် ချစ်ခင်ရတဲ့  မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနှင့်လည်း ဆက်သွယ်မှု ရှိနေစေနိုင်ရန် ဤအစီအစဉ်ကို စီစဉ်တင်ဆက်ရခြင်း ဖြစ်ပါသည်။

“ဒီ ကံစမ်းမဲ အစီအစဉ်အကြောင်းကို ကျွန်တော့်အမေဆီက သိရတာလေ။ အမေက ဒီ “Coca-Cola MPT Refresh & Top-up Promotion” အတွက်  ပုလင်းအဖုံးလေးကို ကျွန်တော် ကံစမ်းရအောင်လို့ သိမ်းထားပေးတယ်”  ဟု  အထူးဆုကို ဆွတ်ခူးခဲ့သော ကိုငြိမ်းဇော်ကို (အသက် ၁၈နှစ်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့ တွင် နေထိုင်သူ) မှ ပြောပြသွားပါသည်။ “ကျွန်တော် ခဏခဏ ကံစမ်းကြည့်ဖြစ်တယ်။ ကျပ် (၁၀)သိန်းတန် ဆုကြီးပေါက်တယ်လည်း ဆိုရော ကျွန်တော် စိတ်လှုပ်ရှားပြီး ပျော်လိုက်ရတာ ဆိုတာလေ။ အမေလည်း အံသြပြီးအရမ်းပျော်တယ်” ဟု ယင်းက ဆိုသည်။

ကိုငြိမ်းဇော်ကို အပါအဝင် အထူးဆုကံထူးရှင်များ ဖြစ်ကြသော သာကေတမြို့နယ်နေ ဒေါ်ကြည်ကြည်ဝင်းနှင့် ရွှေပြည်သာ မြို့နယ်နေ ကိုအေးသိန်းနှင့် မမြတ်ယုမွန်တို့အား စက်တင်ဘာလ ၁၈ရက်နေ့က Coca-Cola  Myanmar ၏ အခမ်းအနား သို့ ဖိတ်ခေါ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် Coca-Cola Myanmar ၏ Marketing Director ဖြစ်သူ Rommal P.Fuentebella နှင့် MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Koichi Kawase တို့မှ အဆိုပါ အခမ်းအနားကို ဝမ်းမြောက်စွာ ပါဝင်တက်ရောက် ခဲ့ပါသည်။

“ဒီအစီအစဉ်မှာ ကံထူးတဲ့လူတွေကို ကျွန်တော်တို့ က ဂုဏ်ပြုကြိုဆိုသလို တစ်ဖက်ကလည်း ၂၀၁၅ နှစ်ကုန်အထိ ကံစမ်းမဲ ကံထူးတဲ့သူတွေ အများကြီးကို မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ သိထားတာကတော့ လူတော်တော်များများအတွက် ပြည့်စုံကောင်းမွန်တဲ့ အားလပ်ချိန်ဆိုတာ Coca-Cola အချိုရည်အေးအေးလေးကို သောက်ရင်း သူတို့ရဲ့ ချစ်ခင်သူတွေနဲ့ဆက်သွယ်ပြောဆိုလို့ ရတဲ့ အချိန်ကို ခေါ်တာပါ ။ မြန်မာပြည်သူပြည်သားတွေအနေနဲ့ အခု ဒီ Refresh & Top-Up Promotion အစီအစဉ်ကနေပြီး တက်ကြွလန်းဆန်းပြီး ချိတ်ဆက်နိုင်မယ့် အခွင့်အရေးကို ရရှိစေမှာ ဖြစ်ပါတယ်” ဟု Mr.Fuentebella မှ ပြောပြခဲ့ပါသည်။

Coca-Cola နှင့် MPT တို့ရဲ့ “Refresh & Top-Up Promotion” အစီအစဉ်မှ ငွေကျပ် (၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့်ကဒ် အထူးဆုသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော အရောင်းမြှင့်တင်မှု အစီအစဉ်တစ်ခုဖြစ်သည့်အားလျော်စွာ ကံထူးသူများအနေဖြင့် နှစ်နှင့်ချီ၍ ချစ်ခင်သူ မိသားစု၊ သူငယ်ချင်းများနှင့် အခမဲ့ ဆက်သွယ်နိုင်မှာလည်းဖြစ်ပါသည်။ သတ်မှတ်နှုန်းထားများအရ အထူးဆုအားဖြင့် SMS အရေအတွက် ၆၆,၀၀၀ စောင် တိတိ ပေးပို့နိုင်သည် သို့မဟုတ် တယ်လီဖုန်းခေါ်ဆိုချိန်ပေါင်း ၄၃,၀၀၀မိနစ်ကျော် ကြာမြင့်အောင် ပြောဆိုနိုင်မှာဖြစ်ပြီး ယင်းအချိန်ကာလသည် တစ်လလုံးအဆက်မပြတ် ဖုန်းခေါ်ဆိုသည့် အချိန်ထက်ပင်် ပိုမိုကြာမြင့်ပါသည်။ ယင်းအထူးဆုဖြင့် မြန်နှုန်းမြင့် data များကို ၁၃၃ GBအထိ အသုံးပြုနိုင်မည် ဖြစ်ပြီး ယင်းပမာဏသည် သီချင်းအပုဒ်ရေ ၃၃,၀၀၀ ကျော်ကို download ဆွဲသည်နှင့် ညီမျှပြီး online video များအား ၆၆,၀၀၀  မိနစ်ကြာ ကြည့်ရှုနိုင်သည့် ပမာဏနှင့်လည်း ညီမျှပါသည်။

“ကျွန်မရဲ့ ခဲအိုက Coca-Cola နှင့် MPT တို့ရဲ့ “Refresh & Top-Up Promotion” အကြောင်း တီဗွီမှာ ကြော်ငြာ တွေ့လို့ ကျွန်မကို ပြန်ပြောပြတယ်။ အဲဒါနဲ့ပဲ ကျွန်မလည်း အိမ်အနီးအနား ဆိုင်တစ်ဆိုင်ကနေပြီး Coca-Cola ကထုတ်တဲ့အချိုရည် ဝယ်ခဲ့တယ်။ ပေါက်တာကတော့  အဲဒီ ပထမဆုံးအကြိမ်မှာတင် (၁၀)သိန်း တန်ဖိုး ရှိတဲ့ ဆုကြီးပေါက်ပါလေရော” ဟု ဒေါ်ကြည်ကြည်ဝင်းက ဆိုသည် ။ “အစတုန်းကတော့ ကျွန်မ ကံစမ်းမဲပေါက်တာ တစ်သိန်းလောက်ပဲထင်ထားတာ။ နောက်မှ ကျပ်(၁၀)သိန်းဖိုးဖုန်းငွေ ဖြစ်နေမှန်း သိရတယ်။ ကျွန်မဖြင့် ပျော်လိုက်တာ နှစ်ညလောက်ကို အိပ်လို့ မရဘူး” “MPT ရဲ့ဝန်ဆောင်မှုကအင်မတန်ကောင်းပါတယ်။ အခုလို Coca-Cola နဲ့အတူ ပူးတွဲစီစဉ်တဲ့အတွက်လည်းအရမ်းပျော်ပါတယ်” ဟု သူမက ဆိုခဲ့ပါသည်။

“ကျွန်တော့်အနေနဲ့ လူတွေအများကြီး ဒီ MPT ဖုန်းငွေဖြည့်ကံစမ်းမဲတွေပေါက်ပြီး နိုင်ငံတဝှမ်းလုံးမှာရှိတဲ့ ကိုယ့်ရဲ့မိဘ၊မိတ်ဆွေ၊သူငယ်ချင်းတွေကို ဖုန်း၊မေ့ဆေ့ချ်၊အင်တာနက်တွေကနေတဆင့် ဆက်သွယ်ခွင့်တွေ ပိုရရှိနိုင်တာကို အထူးပဲစိတ်လှုပ်ရှားဝမ်းမြောက်မိပါတယ်” လို့ Mr.Kawase ကဆိုပါတယ်။ “ဆက်လက်ပြီးတော့ တခြားလူတွေလည်း ဒီ Coca-Cola နှင့် MPT တို့ရဲ့ “Refresh & Top-Up Promotion” မှာထပ်မံဝင်ရောက်ကံစမ်းရင်း ကျန်ရှိနေသေးတဲ့သိန်းချီတန် ဖုန်းငွေဖြည့်ကံစမ်းမဲတွေအရယူနိုင်ကြဖို့လည်း မျှော်လင့်ပါတယ်” လို့သူကဆိုပါသည်။

Coca-Cola နှင့် MPT တို့သည် “Refresh & Top-Up Promotion” ၏ ပျော်ရွင်ရင်ခုန်စရာများကို  မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ၂၀၁၅ခုနှစ် ဇူလိုင်လမှ စတင် မျှဝေခဲ့ပါသည်။ Coca-Cola ရောင်းချရာ အနယ်နယ်အရပ်ရပ်တွင် ကံစမ်းမဲအစီအစဉ် အတွက် အထူးပြုလုပ်ထားသော ကြော်ငြာဆိုင်းဘုတ်များဖြင့် လူအများသိရှိအောင် ထားရှိပါပြီး တက်ကြွလန်းဆန်းနေပြီး သူငယ်ချင်းများနှင့် အမြဲချိတ်ဆက်နေနိုင်ဖို့အတွက် ဤအစီအစဉ်တွင်ပါဝင်ခြင်းက အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ကြောင်း ရုပ်မြင်သံကြားကြော်ငြာနှင့် ရေဒီယိုကြော်ငြာများလည်း ဖော်ပြထားပါသည်။  လူမှုကွန်ယက်မီဒီယာများမှတဆင့် နိုင်ငံတစ်ဝှမ်းမှ ဆုမဲကံထူးရှင်များကို ၎င်းတို့၏ အပျော်များ မျှဝေနိုင်ရန် Coca-Cola Myanmar ၏ Facebook Page မှတဆင့် ဖိတ်ခေါ်လျက်ရှိပြီး ကံစမ်းမဲ အစီအစဉ်၏ နောက်ဆုံးရ သတင်းများကို ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ လူငယ်များ MPT မှတဆင့် ဆက်သွယ်သုံးစွဲနိုင်ရန်နှင့် ပွဲ၏ ပျော်ရွှင်စရာ အမှတ်တရများကို ချက်ချင်းမျှဝေနိုင်ရန်အတွက် Coca-Cola နှင့် MPT တို့သည် “Refresh & Top-Up Promotion” ကို Coca-Cola ရဲ့တက်ကြွလန်းဆန်းစေမည့် အားလပ်ချိန် ဂီတဖျော်ဖြေပွဲများ ပါဝင်သည့် Coca-Cola ပျော်ရွှင်ခြင်း ခရီးစဉ်များတွင် ပေါင်းစပ်ပြုလုပ်လျက်ရှိပါသည်။ Coca-Cola နှင့် MPT တို့ရဲ့ “Refresh & Top-Up Promotion” ကာလအတွင်း ပရိသတ်များသည် Refresh & Top-up Promotion မှာ ပါဝင်ခြင်းအားဖြင့်Coca-Cola နှင့် MPT တို့ရဲ့ ဖုန်းငွေဖြည့်ဆုမဲများကို ကံထူးနိုင်မည့် အခွင့်အရေးသာမက Coca-Cola ဖြင့် လန်းဆန်းနိုင်မည်လည်း ဖြစ်ပါသည်။ နောက်ထပ် ပျော်ရွှင်ခြင်းခရီးစဉ် ကိုလည်း အောက်တိုဘာလ ၃ရက်တွင် ရွှေဘိုမြို့၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် တဆထက်တဆ တိုးပွားကျယ်ပြန့်စွာကျင်းပလျက်ရှိသော အရောင်းမြှင့်တင်မှု အစီအစဉ်များအနက် Coca-Cola နှင့် MPT တို့ရဲ့ “Refresh & Top-Up Promotion” သည် အဖုံးတွင်း ကံစမ်းမဲများအနက် ကံထူးသူများအား အခမဲ့ တိုက်ရိုက်ဖုန်းငွေဖြည့်ပေးမည့် ပထမဦးဆုံးသော အစီအစဉ်လည်း ဖြစ်ပါသည်။ သန်း ၉၀ ထက်ပိုသော MPT မိုဘိုင်းငွေဖြည့် ကံစမ်းမဲကုတ်နံပါတ် များကို မြန်မာပြည်အနှံ့ ဖြန့်ချိရောင်းချလျက်ရှိသည့် Coca-Cola, Coca-Cola Zero, Sprite နှင့် Max+ အချိုရည် ပလပ်စတစ်ဘူး၊ ပုလင်း နှင့် သံဗူးများ၏ အဖုံးများတွင် ပုံနှိပ်ထုတ်လုပ်ထားပါသည်။ MPT ၏ 2626 သို့ အခမဲ့ SMS ဖြင့် code နံပါတ်ကို ပေးပို့နိုင်ပြီး ဖုန်းငွေဖြည့် ပေါက်မဲနှင့် တန်ဖိုးကို သိရှိနိုင်ပါသည်။ ကံထူးသူများသည် ၂၀၀၊ ၁၀၀၀၊ ၁၀,၀၀၀ နှင့် ကျပ်၁၀သိန်း တန်ဖိုးရှိ ဖုန်းငွေဖြည့်ပေးမှုများကို ၎င်းတို့၏ ကုဒ်နံပါတ် ပေးပို့သည့် MPT မှ GSM/WCDMA ဖုန်းများထဲသို့ တိုက်ရိုက် ချက်ချင်းရရှိနိုင်မည် ဖြစ်ပါသည်။ ကံစမ်းမဲပေါက်သွားသော ဖုန်းဘေလ်ပမာဏကို 1331 သို့ BAL ဟု SMS ပေးပို့ခြင်းဖြင့် ပြန်လည်စစ်ဆေးကြည့်ရှုနိုင်ပါသည်။ ကံထူးသူများသည် ပေါက်မဲ MPT ဖုန်းငွေဖြည့်မှု များဖြင့် MPT ဖုန်းအချင်းချင်းခေါ်ဆိုခြင်း၊ မက်ဆေ့ချ်ပေးပို့ခြင်းနှင့် အင်တာနက် ချိတ်ဆက်မှု တို့အတွက် အသုံးပြုနိုင်ပါသည်။

မြန်မာနိုင်ငံအတွင်းရှိ စားသုံးသူများအနေဖြင့် MPT ဖုန်းငွေဖြည့်မှုများကို ရယူရန် များစွာသောအချိန်များ ကျန်ရှိသေးသည့်အတွက် တက်ကြွလန်းဆန်းစေမည့် Coca-Cola သောက်သုံးရင်း အခွင့်အရေးများအား ရယူဖို့ရန် အလို့ငှာ အဆိုပါ အစီအစဉ်အား ဒီဇင်ဘာလ ၃၁ ရက်အထိ ဆက်လက် ကျင်းပသွားမည် ဖြစ်ပါသည်။ ပေါက်မဲ ဖုန်းငွေဖြည့်တန်ဖိုးများသည် ကံစမ်းမဲပေါက်သည့် နေ့မှစတင်၍ တစ်နှစ်သက်တမ်းအထိ ရှိပါသည်။ ထို့အပြင် တန်ဖိုးအမြင့်ဆုံး ကျပ် ၁၀သိန်းရရှိသူ၏ ဖုန်းငွေဖြည့်မှုသည် ၄ နှစ်သက်တမ်းအထိ ခံစားခွင့်ရှိပါသည်။ အထူးဆု အခု ၁၀၀ အပါအဝင် ၁၅ သန်းသော ဆုမဲများအား ကံစမ်းရန် အရသာရှိသော Coca-Cola အေးအေးလေး သောက်သုံးသူအားလုံးအတွက် သန်းနှင့်ချီသောအခွင့်အရေးများနှင့်အတူ လန်းဆန်းမှုများ ခံစားရစေရန် နှင့် ပျော်ရွှင်စရာ အခိုက်အတန့်များ အတူမျှဝေနိုင်မည်ဖြစ်ပါသည်။

Coca-Cola နှင့် MPT တို့ရဲ “Refresh & Top-Up Promotion” နှင့် နောက်ထပ် ကျင်းပမည့် ပျော်ရွှင်ခြင်းခရီးစဉ် အစီအစဉ်များ နှင့် ၎င်းပျော်ရွှင်ခြင်း ခရီးစဉ်အတွက်  လက်မှတ်ရရှိနိုင်မည့် နေရာများ အပါအဝင် နောက်ဆုံးရသတင်း အချက်အလက်များကို Coca-Cola Myanmar Facebook Pagewww.facebook.com/CocaColaMyanmar နှင့် MPT Facebook Page www.facebook.com/mptofficialpage တို့တွင် အသေးစိတ် ဝင်ရာက်လေ့လာနိုင်ပါသည်။

MPT ၏ ဆွေသဟာအစီအစဉ်တွင် အင်တာနက်စျေးနှုန်းကို 1MB လျှင်၆ကျပ် နှင့် စာတိုတစ်စောင်လျှင်၁ဝကျပ်နှုန်းသို့ လျှော့ချ

[:my]အာက်တိုဘာ ၁ ရက်နေ့မှစတင်၍ ဆွေသဟာအသုံးပြုသူများသည် ဈေးနှုန်းသက်သာစွာဖြင့် အင်တာနက်အသုံးပြုခြင်းနှင့် စာတိုပေးပို့ခြင်းများ ပြုလုပ်နိုင်ပြီဖြစ်ပါသည်။

ရန်ကုန်၊ မြန်မာ။ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၃၀ – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆွေသဟာအစီအစဉ်ကို အသုံးပြုသူများအနေဖြင့် အင်တာနက်ကို ပိုမိုသက်သာသောဈေးနှုန်းဖြင့် အသုံးပြုနိုင်တော့မည်ဖြစ်သည်။ မြန်မာ့ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ MPT က အောက်တိုဘာ ၁ ရက်နေ့မှ စတင်ကာ ဆွေသဟာအစီအစဉ်၏ အင်တာနက်ဈေးနှုန်းကို 1 MB လျှင် ၇.၅ကျပ် မှ ၆ ကျပ်နှုန်းသို့ လျော့ချလိုက်ပြီး အင်တာနက် ပရိုမိုးရှင်း Package များကိုလည်း data အပိုထပ်ဆောင်းပေးမည်ဖြစ်ပါသည်။

စာတိုပေးပို့ခြင်းကိုလည်း တစ်စောင်လျှင် ၁၅ ကျပ် မှ ၁၀ ကျပ် နှုန်းသို့ ပြောင်းလဲလိုက်ပြီး စာတိုပေးပို့မှုဓလေ့ကို ပိုမို အသုံးပြုလာနိုင်စေရန် ရည်ရွယ်၍ ဈေးနှုန်းလျှော့ချပေးခြင်းဖြစ်သည်။ ယခုလျှော့ချလိုက်သော ဈေးနှုန်းသစ်ကို လူကြိုက်များလျက်ရှိသော MPT ဆွေသဟာသုံးသူတိုင်း ခံစားခွင့်ရှိသည်။ ယခုပြောင်းလဲသတ်မှတ်လိုက်သော ဈေးနှုန်းများအရ ဆွေသဟာဖုန်းခေါ်ဆိုမှုများအတွက် တစ်မိနစ်လျှင် ၂၃ ကျပ်၊ စာတိုတစ်စောင်လျှင် ၁၀ ကျပ်နှင့် မြန်ဆန်သောအင်တာနက်ကို 1 MB လျှင် ၆ ကျပ်နှုန်းဖြင့် သုံးစွဲနိုင်မည်ဖြစ်ပါသည်။

လက်ရှိတွင် မူလနှုန်းထားကို ရယူသုံးစွဲနေသူ မိဘပြည်သူများအနေဖြင့် ဆွေသဟာအစီအစဉ်ကို သုံးစွဲလိုပါက နံပါတ် ၁၃၃၂ သို့ “SWE” သို့မဟုတ် “POSTSWE” ဟု SMS ပေးပို့ရမည်ဖြစ်သည်။ SIM ကတ်အသစ်များ ဝယ်ယူသုံးစွဲသူများအနေဖြင့်မူ ဆွေသဟာအစီအစဉ်ကို အလိုအလျောက် ရရှိမည် ဖြစ်ပ်ါသည်။

“MPT က သုံးစွဲသူတွေအတွက် အကောင်းဆုံးဝန်ဆောင်မှုတွေကို ဆက်ပြီးပေးသွားမှာပါ။ အပြောင်းအလဲ တစ်ခုခုလုပ်တိုင်းမှာ သုံးစွဲသူတွေဘက်က တောင်းဆိုမှုတွေနဲ့ တုံ့ပြန်မှုတွေကို သေချာနားထောင်ပါတယ်။ မြန်မာပြည်သူပြည်သားတွေက ဖုန်းနဲ့ အီးမေးလ်ပို့တာတွေ၊ ဓာတ်ပုံပို့တာတွေနဲ့ ဝဘ်ဆိုက်ကြည့်တာတွေ လုပ်တာ များလာတဲ့အတွက် ဒေတာအသုံးပြုမှုဟာ အခုဆို အရမ်းမြင့်တက်လာပါတယ်။ ယခုသတ်မှတ်ပေးလိုက်တဲ့ အင်တာနက် package နဲ့ SMS ဈေးအသစ်က သုံးစွဲသူတွေကို ပိုပြီးဈေးသက်သက်သာသာနဲ့ အချင်းချင်း ဆက်သွယ်နိုင်အောင် ကူညီနိုင်မှာပါ” ဟု MPT-KSGM Joint Operations ၏ CEO ဖြစ်သူ Mr. Takashi Nagashima က ပြောသည်။

MPT မှ လက်ရှိတွင် ဆွေသဟာအသုံးပြုသူများ (သတ်မှတ်ချက်များ ဖော်ပြထားပါသည်။) ၅၅ မိနစ်အထိ အခမဲ့ဖုန်းပြောနိုင်မည့် “နာရီတိုင်းမှာ ငါးမိနစ်စာ” အထူးအစီအစဉ် ကို အောက်တိုဘာလကုန်အထိ ရက် တိုးမြှင့်ပေးထားသည်။

ဆွေသဟာအစီအစဉ်၏ ပြောင်းလဲလိုက်သော အင်တာနက် package နှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်သည်။

Allocation + BonusTotal AllocationSMS CommandSend toPackage Price (Kyat)Validity
400 MB + 150 MB550 MB400MB13322,80030 days
1 GB + 350 MB1.35 GB1GB13326,50030 days
5 GB + 1.5 GB6.5 GB5GB133225,00030 days

(GSM/WCDMA) များတွင် မူလနှုန်းထားသုံးစွဲသူများနှင့် CDMA သုံးစွဲသူများအတွက် ဈေးနှုန်းမှာ ပြောင်းလဲမှု မရှိပါ။

မှတ်ချက်။

  1. ပိုမိုမြန်ဆန်သော 3G အင်တာနက်ကို အသုံးပြုနိုင်ရန်နှင့် ဖုန်းခေါ်ဆိုမှု ပိုမိုကြည်လင်ကောင်းမွန်ရန်အတွက် MPT SIM ကတ်ကို မိမိဖုန်း၏ slot 1 နေရာတွင် ထည့်သွင်းရန် (သို့မဟုတ်) MPT SIM ကတ် ထည့်သွင်းထားသော slot ကို 3G function ပြုလုပ်ထားပေးရန် အသုံးပြုသူများကို တိုက်တွန်းလိုပါသည်။
  2. ဖုန်းတွင် အင်တာနက်ရရှိရန်အတွက် အသုံးပြုသူများက APN setting တွင် “mptnet” ဟု ထည့်သွင်းထားရပါမည်။
  3. ဆွေသဟာအစီအစဉ်ကိုရယူရန် SMS နံပါတ် ၁၃၃၂ သို့ “SWE” ဟု စာတိုပေးပို့ကာအခမဲ့ ရယူနိုင်ပါသည်။
  4. အင်တာနက်Package ပရိုမိုးရှင်းသည် နောက်ထပ်ကြေငြာချက်အသစ်မထုတ်ပြန်မီအချိန်အထိ အကျုံးဝင်ပါသည်။

[:]

သုံးစွဲသူများ၏ တောင်းဆိုမှုကြောင့် “နာရီတိုင်းမှာ ၅ မိနစ်စာ” အထူးအစီအစဉ်ကို MPT မှနောက်ထပ်တစ်လတိုးမြှင့်

MPT ၏ သုံးစွဲသူများနှစ်ခြိုက်သော အထူးအစီအစဉ်ကို အောက်တိုဘာလကုန်အထိ တိုးမြှင့်ပြုလုပ်သွားမည်။

ရန်ုကုန်၊ မြန်မာ၊ စက်တင်ဘာ ၂၆၊ ၂၀၁၅ – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ဦးဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် ၄င်း၏ဆွေသဟာအစီအစဉ်သုံးစွဲသူအားလုံးအတွက် ရည်ရွယ်စီစဉ် ပေးထားသော “နာရီတိုင်းမှာ ၅ မိနစ်စာ” အစီအစဉ်ကို အသုံးပြုသူများ၏ နှစ်ခြိုက်မှုနှင့်တောင်းဆိုမှုကြောင့် မူလကြေညာထားသော နောက်ဆုံးရက်ဖြစ်သည့် စက်တင်ဘာလ ၃၀ ရက်နေ့အစား အောက်တိုဘာလ ၃၁ ရက်အထိ နောက်ထပ်တစ်လတိုးမြှင့် ပြုလုပ်လိုက်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

“သုံးစွဲသူတွေဆီကနေ အခုလိုအပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေ ကြားသိရတာ တကယ်ကိုဝမ်းသာရပါတယ်။ ကျွန်တော်တို့ MPT ကို အသုံးပြုသူတွေအနေနဲ့ ဒီအထူးအစီအစဉ်ကြောင့် တစ်နာရီအချိန်အတွင်းမှာ မိတ်ဆွေတွေ မိသားစုတွေဆီကို မိနစ်အပိုများများ ဖုန်းခေါ်ဆိုနိုင်ကြပါပြီ။ သုံးစွဲသူတွေဆီက နှစ်ခြိုက်မှုနဲ့ တောင်းဆိုမှုတွေကြောင့် ဒီ “နာရီတိုင်းမှာ ၅ မိနစ်စာ” အထူးအစီအစဉ်ကို နောက်ထပ်အချိန်ကာလတစ်လ တိုးမြှင့်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ကြတာပါ။ ကျွန်တော်တို့ MPT အနေနဲ့ သုံးစွဲသူတွေရဲ့ တုံ့ပြန်မှုနဲ့ လိုအပ်ချက်တွေကို အမြဲနားစွင့်နေပြီး အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးအပ်သွားမှာပါ” ဟု MPT-KSGM Joint Operations ၏ CEO ဖြစ်သူ Mr. Takashi Nagashima က ပြောကြားသည်။

အထူးအစီအစဉ်၏ စည်းကမ်း သတ်မှတ်ချက်များမှာ ယခင်အတိုင်းပင်ဖြစ်ပြီး ဆွေသဟာအသုံးပြုသူများအားလုံးအတွက် ဖြစ်သည်။ မိနစ် ၆၀ ဆက်တိုက် ဖုန်းခေါ်ဆိုသူများသည် ပထမဆုံး ၅ မိနစ်အတွက်သာ တစ်မိနစ် ၂၃ ကျပ်နှုန်းဖြင့် ပေးဆောင်ရမည်ဖြစ်ပြီး ကျန်ခေါ်ဆိုချိန် (အများဆုံး ၅၅ မိနစ်အထိ) ကို အခမဲ့ပြောဆိုနိုင်မည်ဖြစ်သည်။

ဥပမာအနေဖြင့် သုံးစွဲသူတစ်ဦးသည် ၂၅ မိနစ်ကြာဖုန်းခေါ်ဆိုလျှင် ပထမဆုံး ၅ မိနစ်အတွက်သာကုန်ကျမည်ဖြစ်ပြီး ကျန် ၂၀ မိနစ်ကို အခမဲ့ပြောဆိုနိုင်မည်ဖြစ်သည်။ မိနစ် ၆၀ ထက်ကျော်လွန်သော ဖုန်းခေါ်ဆိုမှုများအတွက်ကိုမူ မူလသတ်မှတ်စျေးနှုန်းဖြစ်သော တစ်မိနစ်လျှင် ၂၃ ကျပ်ဖြင့် ကောက်ခံသွားမည်ဖြစ်သည်။

ဤအထူးအစီအစဉ်သည် GSM/WCDMA ဆွေသဟာအစီအစဉ်အသုံးပြုသူတိုင်းအတွက် အလိုအလျောက် အကျုံးဝင်မည်ဖြစ်သည််။ ဖုန်းအဝင်လက်ခံပြောဆိုသူသည် ဆွေသဟာသုံးစွဲသူမဟုတ်ဘဲ ပုံမှန် MPT သုံးစွဲသူဖြစ်ပါကလည်း အဝင်လက်ခံခြင်းကိုအသုံးပြုနိုင်မည်ဖြစ်သည်။ ဤအစီအစဉ်အား ညနေ ၆ နာရီမှ ည ၁၀ နာရီအတွင်း အသုံးပြုနိုင်မည်မဟုတ်ပါ။ အခမဲ့စကားပြောဆိုချိန်များအတွက် တစ်ရက်လျှင် ဖုန်းခေါ်ဆိုမှုကို အကြိမ်အရေအတွက် ကန့်သတ်ထားခြင်းမရှိဘဲ သုံးစွဲသူစိတ်ကြိုက် ဖုန်းခေါ်ဆိုမှုများစွာပြုလုပ်နိုင်မည်ဖြစ်သည်။

ဆွေသဟာအစီအစဉ် အသုံးပြုသူများသည် တစ်မိနစ်လျှင် ၂၃ ကျပ် ဖြင့် စျေးနှုန်းချိုသာစွာ ဖုန်းခေါ်ဆိုနို်င်မည်ဖြစ်ပြီး ပိုမိုမြန်ဆန်ကောင်းမွန်သော အင်တာနက်ကိုလည်း အသုံးပြုနိုင်မည်ဖြစ်သည်။ GSM/WCDMA အသုံးပြုသူများအနေဖြင့် ဆွေသဟာအစီအစဉ်ကို ရယူလိုပါက ၁၃၃၂ သို့ “SWE” သို့မဟုတ် “POSTSWE”ဟု စာတိုပေးပို့ကာ အခမဲ့ရယူနိုင်ပါသည်။

Myanmar IDOL ပြိုင်ပွဲကြီးတွင် MPT က Platinum Sponsor အဖြစ်ဆောင်ရွက်မည်

မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT မှ စိတ်လှုပ်ရှားဖွယ်ရာပြိုင်ပွဲကိုပံ့ပိုးကူညီ

ရန်ကုန်၊ မြန်မာ။ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၂၁ – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ဦးဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က မကြာမီစတင်ကျင်းပတော့မည့် Myanmar IDOL ပြိုင်ပွဲကြီးတွင် ပလက်တီနမ်စပွန်ဆာအဖြစ်ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်ကြေငြာလိုက်သည်။

Myanmar IDOL ပြိုင်ပွဲကြီး၏ လူရွေးပွဲကို မြန်မာနိုင်ငံ၏ မြို့ကြီး ၅ မြို့တွင် လာမည့်အောက်တိုဘာလအတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး MNTV နှင့် Channel 9 ရုပ်သံလိုင်းများတွင် ၂၀၁၅ ဒီဇင်ဘာလမှ ၂၀၁၆ ဧပြီလအတွင်း ထုတ်လွှင့်ပြသမည်ဖြစ်သည်။ အမေရိကတွင် အလွန်အောင်မြင်ခဲ့သော အစီအစဉ်ကို အခြေခံ၍ မြန်မာနိုင်ငံတွင်လည်း အရည်အချင်းရှိသော လူငယ်များ ပေါ်ထွန်းလာစေရန် Myanmar IDOL မှ ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

“ဒီလို စိတ်လှုပ်ရှားစရာကောင်းတဲ့ အစီအစဉ်မှာ ပါဝင်ခွင့်ရခဲ့တဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ မြန်မာနိုင်ငံမှာ MPT က လူတိုင်းရဲ့နေ့စဉ်ဘဝမှာ ပါဝင်နေတာပါ။ ဒီလိုပျော်ရွှင်စရာကောင်းတဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကို အတူခံစားရင်း အသုံးပြုသူအားလုံးကို အတွေ့အကြုံသစ်တွေ မိတ်ဆက်ပေးချင်တာပါ။ “ရှေ့သို့လှမ်းချီ မြန်မာပြည်” ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်ရည်ရွယ်ချက်နဲ့လည်း ဒီအစီအစဉ်က ကိုက်ညီတယ်လေ။ ဒါကြောင့် ဒီအစီအစဉ်မှာ sponsor အနေနဲ့ MPT ပါဝင်ခွင့်ရတာကို ဝမ်းသာဂုဏ်ယူမိပါတယ်” ဟု MPT နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ထားသော KSGM (KDDI Summit Global Myanmar Co., Ltd) ၏ Marketing Director ဖြစ်သူ Mr.Takashi Shigeno က ပြောကြားသည်။

MPT မှ လက်ရှိတွင် LINE application နှင့် ပူးပေါင်းကာ ဆွေသဟာအသုံးပြုသူများအတွက် LINE app ကို အခမဲ့ဒေါင်းလုဒ်ရယူခွင့်ကိုလည်း စက်တင်ဘာ ၃၀ ရက်နေ့အထိ ပေးထားသည်။ ထို့ပြင် ဖုန်းကတ်အသစ်ကို စတင်ဝယ်ယူအသုံးပြုသူများအနေဖြင့်လည်း ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်စေရန် ဆွေသဟာအစီအစဉ်ကို လျှောက်ထားရန်မလိုဘဲ ချက်ချင်းအသုံးပြုနိုင်ရန် ပြင်ဆင်ပေးထားသည်။ အသုံးမပြုလိုသူများလည်း လွယ်ကူစွာဖြင့် unsubscribe လုပ်နိုင်သည်။ ဆွေသဟာအသုံးပြုသူများ ၅၅ မိနစ်အထိအများဆုံး ဖုန်းပြောဆိုနိုင်ပြီး ၅ မိနစ်စာသာ ကျသင့်မည့် “နာရီတိုင်းမှာ ၅ မိနစ်စာ” အထူးအစီအစဉ်ကိုလည်း စက်တင်ဘာလ ၃၀ ရက်နေ့အထိ အဆင်ပြေစွာသုံးစွဲနိုင်မည်ဖြစ်သည်။

ရေဘေးသင့် ပြည်သူများအတွက် MPT မိုဘိုင်းသုံးစွဲသူ ရဟန်းရှင်လူ မိဘပြည်သူများ၏ SMS ပေးပို့သည့် လှူဒါန်းငွေ ပေးအပ်ပွဲ အခမ်းအနား

၂၀၁၅ ခုနှစ်၊ ဇွန်လမှ သြဂုတ်လထိ ရေကြီး ရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် သဘာဝဘေးအန္တရာယ်ခံစား ခဲ့ရသည့် ရေဘေးသင့် ပြည်သူများအတွက် MPT မိုဘိုင်းဖုန်းသုံးစွဲကြသော ရဟန်းရှင်လူ မိဘပြည်သူ စေတနာရှင်များမှ တစ်တပ်တစ်အား ပါဝင်လှူဒါန်းနိုင်ရန် အတွက်၂၀၁၅ခုနှစ်၊ သြဂုတ်လ ၆ ရက်မှ စတင်၍ SMS Donation အစီအစဉ်ဖြင့် အလှူငွေများကောက်ခံခဲ့ရာ ၂၀၁၅ခုနှစ်၊ သြဂုတ် ၃၁ ရက်နေ့အထိ စုစုပေါင်း
ငွေကျပ် (၂၉၆,၅၃၀,၅၀၀) အားလက်ခံရရှိခဲ့ပါသည်။ အဆိုပါ လက်ခံရရှိသော လှူဒါန်းငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၃ရက်နေ့ နံနက် (၁၀ )နာရီအချိန်တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊နေပြည်တော်၌
ပြုလုပ်ကျင်းပခဲ့ရာ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်း ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် ကလက်ခံရယူခဲ့ပြီး၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန မှ တစ်ဆင့် ပြန်လည်ထူထောင်ရေး
အတွက် အမှန်တကယ် လိုအပ်နေတဲ့ ရေဘေးသင့်ဒေသများ၌ နေထိုင်သော ပြည်သူများဆီသို့ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) မှ စေတနာရှင် ရဟန်းရှင်လူ မိဘပြည်သူများ ကိုယ်စား လွှဲပြောင်းပေးအပ်လှူဒါန်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အဆိုပါလက်ခံရရှိတဲ့ အလှူငွေများကို အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်း ကော်မတီမှ ရေဘေး သင့်မိဘ ပြည်သူ
တွေရဲ့ အိမ်ရာပြန်လည်ထူထောင်ရေး၊ အခြေခံအဆောက်အဦတွေ ပြန်လည်ပြင်ဆင် တည် ဆောက်ရေး၊ လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးရေး၊ သန့်စင်တဲ့ သောက်သုံးရေရရှိရေး နှင့် ရေဘေးသင့် ဒေသရှိ စာသင်ကျောင်းများမှ ကျောင်းသူ ကျောင်းသားများအတွက် လိုအပ်တဲ့
သင်ထောက်ကူပစ္စည်းများထောက်ပံံ့ပေးရေး များကိုဆောင်ရွက်စီမံပေးသွားမှာဖြစ်ပါတယ်။

SMS လှူဒါန်းမှုအစီအစဉ်ကို အချိန်ကာလတစ်ခု အထိဆက်လက်ဖွင့်ပေး ထားဦးမှာဖြစ်ပါတယ်။ MPT မိုဘိုင်းဖုန်း သုံးစွဲသူများထံမှ လှူဒါန်းမှုတွေဟာ လှူဒါန်းငွေ ရရှိမှုပမာဏမှာသာမက သုံးစွဲသူများရဲ့အကြင်နာ တရား ကြီးမားတဲ့ စိတ်ဓာတ်ကို ပါပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ယခုလို SMS Donation အစီအစဉ် မှာ ထည့်ဝင်လှူဒါန်းခဲ့ကြသော MPT မိုဘိုင်းဖုန်း သုံးစွဲသူ ရဟန်းရှင်လူ မိဘပြည်သူ တစ်ဦးချင်းစီကို အထူးပင်ကျေးဇူးဥပကာရ တင်ရှိပါတယ်။

ထို့အပြင် SMS မှတစ်ဆင့်လှူဒါန်းနိုင်ရန် ကူညီပံ့ပိုး ဆောင်ရွက် ပေးခဲ့သည့် ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်း ပညာဝန်ကြီးဌာန နှင့် လှူဒါန်းငွေများကို လက်ခံပေးခဲ့သည့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့ကိုလည်း ကျေးဇူးအထူး
တင်ရှိပါတယ်။

ယခုကဲ့သို့ စေတနာသဒ္ဓါအပြည့်ဖြင့် လှူဒါန်းရခြင်း အကျိုးကြောင့် အလှူရှင် မိသားစုများ အားလုံးကျန်းမာချမ်း သာပြီး ဘေးဘယာဝေးကွာပါစေလို့ ဆုတောင်းလိုက်ပါတယ်။ လှူဒါန်းမှုများ အတွက်လည်း ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပါတယ်ခင်ဗျာ။ ထပ်မံံ၍ လှူဒါန်းမှုများကိုလည်း MPT ၏ Facebook နှင့် Website တွင် အသေးစိတ် ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။