MPT မှ “Call Me Back” ဝန်ဆောင်မှုကို စတင်

အားပေးကြသောမိဘပြည်သူများ မိတ်ဆွေသူငယ်ချင်းများ၊ မိသားစုများနှင့် အဆက်အသွယ်အမြဲရှိစေရန် ကူညီပေးနိုင်မည်

ရန်ကုန်၊ မြန်မာ၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက် – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ အားပေးအသုံးပြုကြသောမိဘပြည်သူများအနေဖြင့် မိတ်ဆွေသူငယ်ချင်းများ၊ မိသားစုများနှင့် လွယ်ကူစွာ ဆက်သွယ်နိုင်ရန်နှင့် လိုအပ်ချိန်တိုင်းအဆက်အသွယ်အမြဲရှိစေရန် ကူညီပေးနိုင်မည့် “Call Me Back” ဝန်ဆောင်မှုကို ဇန်နဝါရီလ ၂၅ ရက်နေ့မှ စတင်လိုက်ကြောင်း သတင်းထုတ်ပြန်ကြေငြာလိုက်သည်။ ဤဝန်ဆောင်မှုသည် MPT ၏ ကြိုတင်ငွေဖြည့်စနစ်သုံး GSM/WCDMA သုံးစွဲသူများအားလုံးအတွက် အကျုံးဝင်ပြီး မိမိ၏ လက်ကျန်ဖုန်းငွေနည်းနေသောအခါတွင် အခြားသော GSM/WCDMA သုံးစွဲသူများဆီသို့ ဖုန်းပြန်လည်ခေါ်ဆိုရန်အတွက် အခမဲ့စာတိုပေးပို့ကာအကြောင်းကြားနိုင်သည့် ဝန်ဆောင်မှုဖြစ်ပါသည်။

ဤဝန်ဆောင်မှုကို အသုံးပြုရန်အတွက် USSD Code *၂၂၂*မိမိအားပြန်လည်ခေါ်ဆိုစေလိုုသည့်ဖုန်းနံပါတ်# ကိုနှိပ်၍ ဖုန်းခေါ်သည့်ခလုတ် ကို ခေါ်ဆိုကာ အသုံးပြုရမည်ဖြစ်ပါသည်။ (ဥပမာ- *၂၂၂*09xxxxxxxxx#[send])။ လက်ခံမည့်ဖုန်းနံပါတ်သည် လက်ခံနိုင်သည့် အခြေအနေကိုအကျုံးဝင်ပါက “Hello, please call me back at 09xxxxxxxxx!” ဟူသော စာတိုကို လက်ခံရရှိမည်ဖြစ်သည်။ အသုံးပြုသူတစ်ဦးသည် တစ်နေ့အတွင်း “Call Me Back” ဝန်ဆောင်မှုကို အများဆုံး ၅ ကြိမ်အထိ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr.Koichi Kawase က “မြန်မာနိုင်ငံရဲ့ ဦးဆောင် ဆက်သွယ်ရေးအော်ပရေတာအနေနဲ့ မြန်မာပြည်သူပြည်သားတွေ လွယ်ကူအဆင်ပြေစွာ တစ်ဦးနဲ့တစ်ဦးဆက်သွယ်နိုင်ဖို့နဲ့ ကုန်ကျစရိတ်သက်သာစေဖို့ ကူညီပံ့ပိုးပေးရမှာက အဓိကတာဝန်ပဲဖြစ်ပါတယ်၊ ကျွန်တော်တို့ အခု Call Me Back ဝန်ဆောင်မှုကို ပြုလုပ်ပေးရတာကလည်း လူတိုင်းက တစ်ခါတလေ ဖုန်းလက်ကျန်ငွေကုန်သွားချိန်မှာ အလုပ်များနေတဲ့အတွက်ကြောင့် လက်ကျန်ငွေပြန်ပြီးဖြည့်ဖို့ အဆင်မပြေတတ်တာမျိုးဖြစ်တတ်ပါတယ်။ ဒီဝန်ဆောင်မှုကြောင့် အဲလိုအဆင်မပြေဖြစ်နေချိန်မှာတောင် ကိုယ့်ရဲ့မိသားစုတွေ သူငယ်ချင်းတွေနဲ့ အလွယ်တကူဆက်သွယ်နိုင်မှာပါ” ဟု ပြောပါသည်။

ဤဝန်ဆောင်မှုသည် MPT မှ ၄င်းတို့၏ ဝန်ဆောင်မှုကို အားပေးသူ သုံးစွဲသူများအတွက် ပြုလုပ်ပေးသည့် အချိန်နှင့်ငွေကြေးကုန်ကျမှု သက်သာစေသည့် ဝန်ဆောင်မှုများထဲမှ တစ်ခုဖြစ်သည်။ ဆွေသဟာဝန်ဆောင်မှုတွင်လည်း စာတိုတစ်စောင်ကို ၁၀ ကျပ်ဖြင့် ပေးပို့နိုင်ပြီး မြန်မာနိုင်ငံရှိ SMS ပေးပို့သည့် ဝန်ဆောင်မှုများထဲတွင် အသက်သာဆုံးသော စျေးနှုန်းဖြစ်သည်။ ထို့အပြင် လက်တလောတွင် စတင်ထားသည့် “ဖုန်းဘီလ်လွှဲပြောင်းပေးခြင်း” ဝန်ဆောင်မှုဖြင့်လည်း သုံးစွဲသူအချင်းချင်း ဖုန်း လက်ကျန်ငွေကို ကျပ် ၃၀၀ မှစ၍ ကျပ်၁၀၀၀၀ အထိ လွှဲပြောင်းပေးနိုင်အောင် ပြုလုပ်ပေးထားသည်။

အသေးစိတ်အချက်အလက်များနှင့် စည်းမျဥး်စည်းကမ်းများကို သိရှိနိုင်ရန်အတွက်www.mpt.com.mm သို့မဟုတ် www.facebook.com/mptofficialpageတွင် ဖတ်ရှုနိုင်ပါသည်။

MPT မှ ဒဂုံတက္ကသိုလ်တွင် မိုဘိုင်းအင်တာနက်လုံခြုံရေးအကြောင်း ဆွေးနွေးပွဲပြုလုပ်

၂၀၁၆ ခုုနှစ်၊ ဇန်နဝါရီလ ၂၁ ရက် _ ရန်ကုုန်၊ မြန်မာ။ မြန်မာနိုုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာတစ်ဦး ဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုုပ်ငန်း (MPT) မှ ဒဂုံတက္ကသိုလ်ရှိ ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ဆရာမများအတွက် ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ ၂၀ရက်နှင့် ၂၁ရက်နေ့တို့တွင် မိုဘိုင်းအင်တာနက်လုံခြံုရေးအကြောင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ပေးခဲ့ပြီး ကျောင်းသားကျောင်းသူပေါင်း ၅၀၀ကျော် တက်ရောက်ခဲ့ပါသည်။

အခုပါဆွေးနွေးပွဲသည် MPT မှ မြန်မာကျောင်းသားများအတွက် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ပေးသည့် ဆွေးနွေးပွဲဖြစ်ပါသည်။ ဆွေးနွေးပွဲကျင်းပပြုလုပ်ရသည့် အဓိကရည်ရွယ်ချက်မှာ စမတ်ဖုန်းများ၏ အသုံးဝင်ပုံနှင့် စမတ်ဖုန်းများကို နည်းစနစ်ကျနစွာအသုံးပြုခြင်းမရှိသည့်အတွက် မိမိ၏ ကိုယ်ပိုင်လုံခြံုရေးဆိုင်ရာ များအတွက် မည်သို့သော ပြဿနာဖြစ်ပေါ်လာနို်င်ကြောင်းကို ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ဆရာမများအကြား သိရှိစေရန်နှင့် ဗဟုသုတတိုးပွားစေရန် ဖြစ်ပါသည်။ MPT မှ မြန်မာပြည်သူပြည်သားများကို မိုးဘိုင်းအင်တာနက်လုံခြံုရေးနှင့် ပတ်သက်ပြီး ဗဟုသုတနှင့် အသိပညာများပိုမိုတိုးပွားစေလိုပါသည်။

ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ဦးဖြစ်သော MPT ၏ ကော်ပိုရိတ်လူမှုပူးပေါင်းပါ၀င်မှုလုပ်ငန်း၏ တစ်စိတ် တစ်ဒေသအဖြစ် မြန်မာလူငယ်များအတွက် အဆိုပါ မိုဘိုင်းအင်တာနက်လုံခြံုရေး အကြောင်းဆွေးနွေးပွဲ ပြုလုပ်ပေးခြင်းခြင်းဖြစ်ကာ အခြားကျောင်းများသို့လည်းသွားရောက်ပြီး မိုဘိုင်းအင်တာနက် လုံခြံုရေးဆိုင်ရာ ဆွေးနွေးပွဲများကို မကြာမီကာလအတွင်း ကျင်းပပြုလုပ်ပေးသွားမည်လည်း ဖြစ်ပါသည်။

MPT မှ “Myanmar National Symphony Orchestra Concert ၂၀၁၆” အတွက်ကူညီပ့ံပိုး

ရန်ကုန်၊ မြန်မာ၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၄ ရက် – Myanmar National Symphony Orchestra Concert ၂၀၁၆ ကို ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ၂၀၁၆ခုနှစ် ဇန်နဝါရီလ ၂၂ရက် ညနေ၆နာရီ ၃ဝမိနစ်မှာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး နေပြည်တော်ရှိ MICC ၂၌ ဇန်နဝါရီလ ၂၅ရက်နေတွင် ညနေ၆နာရီ ၃ဝမိနစ်အချိန်မှာ ကျင်းပပြုလုပ်မှာဖြစ်ပါသည်။ အဆိုပါ တေးဂီတဖျော်ဖြေပွဲကို မြန်မာနိုင်ငံရှိ ဂျပန်သံရုံးနှင့် OZ Music Ltd. တို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်ပါတယ်။ ဂျပန်ဂီတပညာရှင်တွေဟာ ဂန္ဓဝင်ဂီတနှင့် ပတ်သက်သော အသိပညာများ နှင့် အတွေ့အကြုံတွေကို အာရှတစ်ခွင်မှာ လှည့်လည်ကာ မျှဝေပြီး သင်ကြားပို့ချမှုတွေပြုလုပ်ပေးသကဲ့သို့ မြန်မာ့ သံစုံဂီတအဖွဲ့ကိုလည်း စိတ်အားထက်သန်စွာဖြင့် ပညာရပ်များကို လေ့ကျင့်ပေးသွားမှာဖြစ်ပါသည်။ အဖွဲ့၏ အဓိကရည်ရွက်ချက်မှာ အနာဂါတ်မှာ ဂန္ဓဝင်ဂီတပိုမို ခေတ်စားပြီး လူသိများလာစေရန်ဖြစ်ပါသည်။

OZ Music Ltd. တွင် တေးဂီတမှူး ယူနီစကဲယာမာမိုတို၊ စန္ဒယားပညာရှင်များဖြစ်ကြသော ယောစကဲယာမာရှိတ နှင့် ခရိုကိုကိုရာမ တို့ပါဝင်ပြီး ရန်ကုန်အခြေစိုက် မြန်မာ့သံစုံတီးဝိုင်းအား ဂန္ဓဝင်ဂီတနှင့်ပတ်သက်သည့် လေ့ကျင့်မှုများကို ပြုလုပ်ပေးမည်ဖြစ်ပါသည်။ Beethoven Symphony N.2, The Godfather, Pirate of The Caribbean ရုပ်ရှင်ကားများမှ နောက်ခံတေးဂီတများ၊ ရှာပုံတော်မင်းသားကြီးသီချင်း နှင့် အခြားတေးဂီတများမှာ ယခုနှစ်အတွက် သင်ကြားပို့ချ လေ့ကျင့်ပေးမည့် ပရိုဂရမ်ဖြစ်ပါသည်။

အဆိုပါ ဂီတပညာရှင်အဖွဲ့ဟာ ၂၀၁၄ခုနှစ်မှစတင်ပြီး တေးဂီတနှင့်ပတ်သက်သည့် လက်တွေ့အလုပ်ရုံဆွေးနွေးပွဲများကို မြန်မာ့အမျိုးသားဂီတအဖွဲ့ကျင်းပပြုလုပ်ပေးခဲ့သလို ဂီတပွဲတော်ကိုလည်း နှစ်စဉ် ဇန်နဝါရီလ ဝန်းကျင်မှာ ကျင်းပပြုလုပ် ပေးခဲ့ပါသည်။ သို့ပါသောကြောင့် MPT မှ မြန်မာလူမျိုးများနှင့် ဂျပန်လူမျိုးများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အသိပညာများဖလှယ်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်သည့် ရည်ရွယ်ချက်ဖြင့် အဆိုပါပွဲတော်ကျင်းပရေးအတွက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီခဲ့ပါသည်။

ဂီတပွဲတော်နှင့်ပတ်သက်သည့်အသေးစိတ်အချက်ကို ပူးတွဲပါကြော်ငြာစာရွက်တွင် ဖတ်ရှုလေ့လာနိုင်ပါသည်။

MPT မှ ပျော်ရွှင်ကံထူးနှစ်သစ်ကူး ကံစမ်းမဲအစီအစဉ်၏ ကံထူးရှင်များကို ရွေးချယ်ကြေညာ

ရန်ကုန်၊ မြန်မာ၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက် – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ ပြီးခဲ့သောအပတ်က ပျော်ရွှင်ကံထူးနှစ်သစ်ကူး ကံစမ်းမဲအစီအစဉ်၏ နောက်ဆုံးကံထူးရှင်များကို ရန်ကုန်မြို့ Junction Square တွင် ပျော်ရွှင်ဖွယ်ရာ အစီအစဉ်များပြုလုပ်ရင်း ရွေးချယ်ကြေငြာခဲ့သည်။ MPT မှ ဆုမဲပေါင်း ၂ သောင်းကို MPT၏တန်ဖိုးထားလေးစားရသော အသုံးပြုသူများအား ရွေးချယ်ပေးခဲ့ပြီး ပွဲသို့ ကြွရောက်ကြသူများကိုလည်း အဆိုတော် Rဇာနည်၊ ဝေလ၊ နီနီခင်ဇော်တို့၏ဖျော်ဖြေမှုများနှင့်အတူ Jade Dragon အဖွဲ့၏ အကများဖြင့် ဖျော်ဖြေပေးခဲ့ကာ ကံထူးရှင်ရွေးချယ်ပွဲကို တိုက်ရိုက်ကြည့်ရှုနိုင်ခဲ့သည်။

MPT မှ ကံထူးရှင်ရွေးချယ်ခြင်း လုပ်ဆောင်မှုအဆင့်ဆင့်အား မှန်ကန်ပွင့်လင်းမှုရှိစေရန်အတွက် မြန်မာနိုင်ငံ၏ တိကျကျွမ်းကျင်မှုဖြင့် ဂုဏ်သတင်းကျော်ကြားသည့် လွတ်လပ်သော စာရင်းစစ်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Win Thin & Associates အဖွဲ့က ကြပ်မတ်စီစဉ်ရွေးချယ်ပေးခဲ့သည်။ ဆုမဲပေါင်း ၂ သောင်းတွင် ဆုမဲ ၄၂ ခုမှာ ဆုကြီးများဖြစ်ပြီး ထိုဆုကြီးများ၏ ကံထူးရှင်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ Continue reading “ MPT မှ ပျော်ရွှင်ကံထူးနှစ်သစ်ကူး ကံစမ်းမဲအစီအစဉ်၏ ကံထူးရှင်များကို ရွေးချယ်ကြေညာ”

ကိုုယ့်ဖုုန်းထဲကိုယ် မှားယွင်းပြီး ဘီလ်ပြန်လွှဲမိကြတဲ့ MPT သုုံးစွဲသူတွေရဲ့ အားပေးမှုကို တန်ဖိုုးထားလေးစားတဲ့အတွက် MPT မှ ဝန်ဆောင်ခ ၅% များကို ပြန်လည်ဖြည့်သွင်းပေးခဲ့

ရန်ကုန်၊ မြန်မာ၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၉ ရက် – မြန်မာနိုုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာတစ်ဦး ဖြစ်သော မြန်မာ့ ဆက်သွယ်ရေး လုုပ်ငန်း (MPT) မှ MPT ကိုအသုံးပြူသောမိဘပြည်သူများအား အစဉ်အမြဲအားပေး သုံးစွဲသည့်အတွက် တန်ဖိုးထားလေးစားသောအားဖြင့် လက်ကျန်ငွေလွှဲပြောင်းခြင်းဝန်ဆောင်မှုကို အသုုံးပြုပြီး မိမိဖုုန်းသိုု့ပြန်လည် ဘီလ်လွှဲပြောင်းမိသော MPT အသုုံးပြုသူများအား ၄င်းတိုု့ပေးဆောင်ထားရသည့် လွှဲပြောင်းခြင်းဝန်ဆောင်ခ ၅% ကို ၄င်းတို့၏ဖုန်းများသုုိ့ ပြန်လည်ဖြည့်သွင်းပေးအပ်ခဲ့ကြောင်း သတင်းထုုတ်ပြန် ကြေငြာခဲ့သည်။

MPT သည် သုုံးစွဲသူများ အလွန်စိတ်ဝင်စားခဲ့သည့် ဖုုန်းအချင်းချင်း လက်ကျန်ငွေလွှဲပြောင်းပေးခြင်း ဝန်ဆောင်မှုကို မကြာသေးမီက စတင်ခဲ့ပြီး သုုံးစွဲသူအများအပြားကလည်း ဝန်ဆောင်မှု စတင်ရရှိသည့်အချိန်မှစ၍ မိမိတိုု့အချင်းချင်း ဖုန်းငွေလွှဲပြောင်းပေးခြင်းများကိုု ပြုလုုပ်ခဲ့ကြသည်။ ဤဝန်ဆောင်မှုသည် MPT သုုံးစွဲသူများအကြား သူငယ်ချင်းများနှင့် မိသားစုုများထံသိုု့ လိုုအပ်ချိန်တွင် လက်ကျန်ငွေလွှဲပြောင်းပေးနိုုင်ရန် ပြုလုုပ်ထားသည့် ဝန်ဆောင်မှုဖြစ်ပြီး အချို့သော သုုံးစွဲသူများက မိမိဖုုန်းထံသိုု့ မိမိဘာသာ လက်ကျန်ငွေလွှဲပြောင်းခြင်းကိုု စမ်းသပ်ပြုလုပ်ခဲ့ကြရာ ထုုိသိုု့ပြုလုပ်ရာတွင် တစ်ကြိမ်ပြုလုုပ်တိုုင်း MPT မှ လွှဲပြောင်းမှုအတွက်ဝန်ဆောင်ခ ၅% ဖြတ်တောက်ခြင်းကို သတိမပြုမိ ကြဘဲ စမ်းသပ်ခဲ့မိကြသည်။ ထိုုသုုိ့ မှားယွင်းစမ်းသပ်ရာမှ ဖုုန်းဘီလ်ထဲမှ ဝန်ဆောင်ခကို ဖြတ်တောက်ခံခဲ့ရသူများအတွက် MPT မှ ဝန်ဆောင်မှု ၅%ကို ၄င်းတို့၏ ဖုန်းများသို့ ပြန်လည်ဖြည့်သွင်းပေးခဲ့ပြီးဖြစ်သည်။

MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr.Koichi Kawase က “ကျွန်တော်တုုိ့ MPT အနေနဲ့ သုုံးစွဲသူတွေက အမြဲတမ်း စိတ်ဝင်စားစရာကောင်းတဲ့ ဝန်ဆောင်မှုတွေကိုု လိုုချင်ကြတယ်ဆိုုတာ သိပါတယ်။ အစဉ်အမြဲသုုံးစွဲလာကြတဲ့ ပြည်သူတွေရဲ့ အားပေးမှုကိုုလည်း တန်ဖိုုးထားလေးစားတဲ့အတွက် ဒီ လက်ကျန်ငွေလွှဲတဲ့ ဝန်ဆောင်မှုကိုု စမ်းသပ်ရင်း ကိုုယ့်ဖုုန်းထဲကိုုယ် ဘီလ်ပြန်လွှဲမိကြတဲ့ သုုံးစွဲသူတွေရဲ့ ဖုုန်းတွေထဲကိုု အခုုလိုုမျိုး ဝန်ဆောင်ခ ၅% ကိုု ပြန်ပြီးထည့်ပေးတာပါ၊ MPT သုုံးစွဲသူတွေတိုုင်းကိုု ကျွန်တော်တုုိ့က အလေးထားပါတယ်။ ဝန်ဆောင်မှု အသစ်ကိုု အသုုံးပြုရာမှာလည်း နစ်နာမှုတစ်စုုံတရာမရှိဘဲ ပျော်ပျော်ရွှင်ရွှင်သုုံးစွဲစေချင်ပါတယ်” ဟုု ပြောသည်။

MPT ၏ ကြိုတင်ငွေဖြည့်ခြင်းဝန်ဆောင်မှုကို သုုံးစွဲသူများအနေဖြင့် အခြား MPT ကြိုတင်ငွေဖြည့်ခြင်းဝန်ဆောင်မှုကို သုုံးစွဲသူထံသို့ အနည်းဆုုံး လက်ကျန်ငွေ ၃ဝဝကျပ်မှ အများဆုုံး ၁ သောင်းကျပ်အထိ ဘီလ်လွှဲပိုု့ပေးနုုိင်ပြီး လွှဲပြောင်းမှုတစ်ခုုချင်းစီအတွက် လွှဲပြောင်းပေးသူ၏ လက်ကျန်ငွေထဲမှ ဝန်ဆောင်ခ ၅% ကိုု ဖြတ်တောက် သွားမည်ဖြစ်သည်။

မည်သည့် MPT GSM/WCDMA ကြိုတင်ငွေဖြည့်ခြင်းဝန်ဆောင်မှုစနစ်သုုံးစွဲသူတိုုင်းမဆိုု အောက်ပါ နံပါတ်များကိုု ခေါ်ဆိုုခြင်းဖြင့် လက်ကျန်ငွေလွှဲပြောင်းသည့် ဝန်ဆောင်မှုကိုု အသုုံးပြုနိုုင်မည်ဖြစ်သည်။

*223*လွှဲပြောင်းပေးလိုုသည့်ပမာဏ*လွှဲပြောင်းပေးလိုုသည့်ဖုုန်းနံပါတ်# [send]

MPT ၏ တရားဝင်ဝက်ဆိုဒ်ဖြစ်သည့် https://www.mpt.com.mm/ နှင့် ဖေ့စ်ဘုုတ်စာမျက်နှာ (https://www.facebook.com/mptofficialpage/) တို့တွင်လည်းကောင်း၊ LINE ရှိ MPT တရားဝင်အကောင့်မှလည်းကောင်း နောက်ဆုုံးရသတင်းများ၊ ဝန်ဆောင်မှုများ နှင့်အထူးအစီအစဉ်များ အကြောင်းကိုု အချိန်နှင့်တပြေးညီ ဖော်ပြပေးလျက်ရှိသည်။ သုုံးစွဲသူများအနေဖြင့် ဝန်ဆောင်မှုများနှင့် ပတ်သက်သည်များကိုု မေးမြန်းနိုုင်ရန် MPT Call Center နံပါတ် 106 သိုု့လည်း အချိန်မရွေးမေးမြန်းနိုုင်မည်ဖြစ်သည်။ မှန်ကန်တိကျမှုရှိသော နောက်ဆုုံးသတင်းများကိုု သိရှိနိုုင်ရန် တရားဝင်စာမျက်နှာများဖြစ်သည့် ဝက်ဆိုုက်၊ ဖေ့စ်ဘုုတ်နှင့် LINE တိုု့တွင် ဝင်ရောက် ကြည့်ရှုလေ့လာရန် ဖိတ်ခေါ်ပါသည်။

MPT မိုဘိုင်းဖုန်း သုံးစွဲသူများ မိသားစု သူငယ်ချင်းများနှင့် အမြဲ ဆက်သွယ်နိုင်စေရန် အချင်းချင်း လက်ကျန်ငွေထဲ မှဘီလ်လွှဲနိုင်ပြီ

[:my]ရန်ကုန်၊ မြန်မာ၊ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၁ ရက် – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ဇန်န၀ါရီလ ၂ ရက်နေ့မှစ၍ MPT ဖုန်းအချင်းချင်း လက်ကျန်ငွေထဲမှဘီလ်လွှဲသည့် ဝန်ဆောင်မှုကို စတင်လိုက်ကြောင်း ကြေညာလိုက်သည်။ ဤဝန်ဆောင်မှုအသစ်တွင် MPT GSM နှင့် WCDMA သုံးစွဲသူအချင်းချင်း ဖုန်းဘီလ်တစ်ခါလွှဲရာ၌ အနည်းဆုံး ၃၀၀ ကျပ်မှ အများဆုံး ၁၀,၀၀၀ ကျပ်ထိ လွှဲပို့ပေးနိုင်မည်ဖြစ်ပါသည်။ ကြိုတင်ငွေဖြည့်စနစ်အသုံးဆွေသဟာအသုံးပြုသူများနှင့် ပုံမှန်သုံး GSM/WCDMA အသုံးပြုသူများအနေဖြင့် ဖုန်းအချင်းချင်း ငွေဖြည့်ပေးပြီး ဝေမျှသုံးတဲ့ ၀န်ဆောင်မှုကို အသုံးပြုနိုင်ပါသည်။ ငွေဖြည့်ပေးမည့်သူဘက်မှာ မိမိတွင် ၀န်ဆောင်ခ ၅%အပါအ၀င် ငွေဖြည့်ပေးမည့်ပမာဏအတွက် လုံလောက်သော လက်ကျန်ငွေရှိရမည်ဖြစ်ပါသည်။ MPT မှ နှစ်သစ်ကူးနှင့် လွတ်လပ်ရေးနေ့ အားလပ်ရက်များနှင့် တိုက်ဆိုင်စွာပင် မိသားစုအချင်းချင်းနှင့် သူငယ်ချင်းများအချင်းချင်း ဆက်သွယ်ရာ၌ ပိုမိုလွယ်ကူ အဆင်ပြေစေနိုင်ရန် အဆိုပါ ၀န်ဆောင်မှုကို ပေးအပ်ခြင်း ဖြစ်ပါသည်။ သုံးစွဲသူတစ်ဦးသည် တစ်ရက်အတွင်း ငွေလွှဲပြောင်းပေးပို့မှု ၅ကြိမ်အများဆုံးလုပ်နိုင်ပြီး လက်ခံမှုကို မူအကြိမ်အရေအတွက် အကန့်အသတ်မရှိလက်ခံနိုင်မည်ဖြစ်သည်။

ဤဝန်ဆောင်မှုသည် မြန်မာ့ဆက်သွယ်ရေး၏ ကြိုတင်ငွေဖြည့်စနစ်သုံးသည့် GSM/WCDMA သုံးစွဲသူတိုင်းအတွက်ဖြစ်ပြီး ငွေလွှဲပို့ရန်အတွက် USSD code: * 223 *လွှဲမည့်ငွေမမာဏ*လက်ခံဖုန်းနံပါတ်# နှင့် ဖုန်းခေါ်ဆိုသည့် ) ခလုတ်ကိုနှိပ်၍ လွှဲပို့နိုင်သည်။

[:]

ပျော်ရွှင်ကံထူးနှစ်သစ်ကူးအစီအစဉ်၏ နောက်ဆုံးကံထူးရှင်ရွေးချယ်ပွဲကြီးကို Junction Square တွင် ကျင်းပကာ ဆုမဲပေါင်း ၂ သောင်းအား MPT မှ ပေးအပ်သွားမည်

ရန်ကုန်၊ မြန်မာ၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ဆုမဲပေါင်း ၂ သောင်းပါဝင်မည့် နောက်ဆုံးကံထူးရှင်ရွေးချယ်ပွဲကြီးကို ဇန်နဝါရီလ ၉ ရက်နေ့တွင် ရန်ကုန်မြို့ Junction Square ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ကံထူးရှင်ရွေးပွဲတွင် မြန်မာ နိုင်ငံအတွင်း နေထိုင်သူများအားလုံး ပျော်ရွှင်စွာဆင်နွှဲနိုင်ရန်အတွက် နာမည်ကြီးအဆိုတော်များ၏ ဖျော်ဖြေမှုများနှင့် ဆော့ကစားနိုင်သည့် ဂိမ်း အစီအစဉ်များလည်းပါဝင်မည်ဖြစ်ပြီး ဆုမဲပေါင်းများစွာကို ကံထူးနိုင်မည့်အခွင့်အရေးများလည်း ရရှိမည်ဖြစ်သည်။

ကံထူးရှင်ရွေးချယ်သည့်နေ့တွင် လာရောက်ကြည့်ရှုသူ ပရိသတ်များထဲမှ ပရိသတ်တစ်ချို့ကို စင်မြင့်ပေါ်သို့ ဖိတ်ကြားပြီး ကံထူးရှင်ကို ကိုယ်တိုင်ပါဝင်ရွေးချယ်ပေးနိုင်မည်ဖြစ်သည်။ MPT အသုံးပြုသူအားလုံး ကံထူးနိုင်မည့် ဆုမဲများမှာ တိုယိုတာလန်ခရူဇာ ကားသစ် ၁ စီး၊ iPhone 6s ၁၀ လုံး၊ iPad air2 ၁၀ လုံး၊ ဆိုနီ လက်မ ၄၀ တီဗွီ ၁၀ လုံး၊ ၁ ကျပ်သား ရွှေဆွဲကြိုး ၁၁ ကုံး၊ MPT ၅ ထောင်တန် ငွေဖြည့်ကတ်ပေါင်း ၁၉,၉၅၉ ခုတို့ ပါဝင်မည်ဖြစ်သည်။ MRTV-4 မှလည်း ညနေ ၃း၄၅ မှ ၄း၄၅ အထိ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည်ဖြစ်ပြီး ထိုအချိန်အတွင်း လန်ခရူဇာကား ကံထူးရှင် ရွေးချယ်ခြင်းကို ကြည့်ရှုနိုင်မည်ဖြစ်သည်။

ပျော်ရွှင်ကံထူးနှစ်သစ်ကူး အစီအစဉ်ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က စတင်ခဲ့ပြီး အပတ်စဉ် စနေနေ့တိုင်းတွင် MPT သုံးစွဲသူများအတွက် ဆုပေါင်း ၁ သောင်းစီကို ကံစမ်းပေးခဲ့သည်။ နောက်ဆုံးကံထူးရှင်ရွေးချယ်ပွဲကြီးတွင် ဆုအရေအတွက် ၂ ဆဖြင့် ဆုပေါင်း ၂သောင်း စီကံစမ်းပေးမည်ဖြစ်ပြီး ကံစမ်းမဲကာလအတွင်းစုစုပေါင်း ဆုအရေအတွက် ၇ သောင်းကို ဤပျော်ရွှင်ကံထူးနှစ်သစ်ကူးအစီအစဉ်မှ MPT သုံးစွဲသူ မိဘပြည်သူအားလုံးအတွက် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr.Koichi Kawase က “ခုလို လူအများစုဝေးတဲ့ Junction Square လိုနေရာမျိုးမှာ ပျော်ရွှင်ကံထူးနှစ်သစ်ကူးအစီအစဉ်ရဲ့ နောက်ဆုံးကံထူးရှင်ရွေးချယ်ပွဲကြီးကို ကျင်းပပြုလုပ်ရင်း ဆုတွေရရှိတဲ့လူတွေရဲ့ အပြုံးကိုမြင်တွေ့ခွင့်ရဖို့အတွက် အရမ်းပဲ ဝမ်းသာစိတ်လှုပ်ရှားမိပါတယ်၊ MPT ဟာ မြန်မာနိုင်ငံအတွင်း နေထိုင်သူများအကြားမှာ အချိန်အကြာကြီးအတူရှိခဲ့ပြီးပါပြီ။ အသုံးပြုသူတွေကလည်း ကျွန်တော်တို့ပေးတဲ့ ဝန်ဆောင်မှုတွေကို အပြည့်အဝ အားပေးသုံးစွဲကြပါတယ်။ ဒီလိုအမြဲအားပေးကြတဲ့ မိဘပြည်သူတွေအတွက် ဆုမဲအစီအစဉ်တွေပြုလုပ်ပေးပြီး နှစ်သစ်မှာ ကံထူးမှုတွေ ပေးခွင့်ရတာကို အရမ်းကျေနပ်ပါတယ်” ဟု ပြောသည်။

ကံစမ်းမဲအစီအစဉ်အစမှ ဇန်နဝါရီ ၇ ရက် အထိ ကံစမ်းမဲကာလ တစ်လျှောက်တွင် သုံးစွဲသူများ ရရှိထားခဲ့သော ကံစမ်းမဲလက်မှတ်များအား ဇန်နဝါရီ ၉ ရက်နေ့တွင် ပြုလုပ်မည့် နောက်ဆုံးကံထူးရှင်ရွေးချယ်ပွဲတွင် ပြန်လည်ထည့်သွင်း ရေတွက်ပေးသွားမည်ဖြစ်သဖြင့် ယခင်ဆုမဲများနှင့် လွဲချော်ခဲ့သူများလည်း ပြန်လည်ကံစမ်းနိုင်ခွင့်ကိုရရှိမည်ဖြစ်သည်။ ကံစမ်းမဲ လက်မှတ် တစ်စောင်မျှ မရရှိသေးသူများလည်း ပါဝင်နိုင်ရန် အချိန်ကျန်ရှိသေးသည်။

ကံစမ်းမဲအစီအစဉ်တွင် ပါဝင်နိုင်ရန်အတွက် ကံစမ်းမဲလက်မှတ်များကို အောက်ပါနည်းလမ်း ၃ မျိုးဖြင့် ရရှိနိုင်သည်။

  • MPT ငွေဖြည့်ကတ်အသုံးပြုသူများ (GSM/WCDMA နှင့် CDMA) မှ ၃ ထောင်ကျပ်ထက်ပိုသော ငွေဖြည့်ကတ် ဝယ်ယူဖြည့်သွင်းခြင်း သို့မဟုတ် e top-up စနစ်ဖြင့် ဖြည့်သွင်းခြင်း။ ငွေဖြည့်ကတ် များများဖြည့်သွင်းခြင်းဖြင့် လက်မှတ်များများရရှိပြီး ကံထူးရှင်ဖြစ်ရန် အခွင့်အလမ်းပိုမိုရရှိမည်ဖြစ်သည်။ ကျပ် ၁၀၀ ဖိုး ငွေဖြည့်ခြင်းအတွက် လက်မှတ် ၁ စောင်ရရှိမည်ဖြစ်သည်။ ဥပမာ- ငွေဖြည့်ကတ် ၃၀၀၀ တန်ကို ဝယ်ယူဖြည့်ခြင်းဖြင့် ကံစမ်းမဲလက်မှတ် ၃၀ ရရှိမည် ဖြစ်သည်။
  • ၁ မိနစ်ထက်ကျော်သော MPT ဖုန်းအချင်းချင်းခေါ်ဆိုမှုအတွက် လက်မှတ် ၁ စောင် ရရှိမည်ဖြစ်သည်။ MPT ဖုန်းအချင်းချင်း ဖုန်းခေါ်ဆိုမှု များများပြုလုပ်ခြင်းဖြင့် လက်မှတ်များများရရှိကာ ကံထူးရှင်ဖြစ်ရန် အခွင့်အလမ်း ပိုမိုရရှိနိုင်ပါသည်။ ၁ မိနစ်ကြာဖုန်းခေါ်ဆိုမှုတိုင်းအတွက် ကံစမ်းမဲလက်မှတ် ၁ စောင်ရရှိမည်ဖြစ်သည်။
    MPT ၏ ဆင်မ်းကတ်အသစ်များကို ဝယ်ယူ၍ စတင်အသုံးပြုခြင်းဖြင့်လည်း ကံစမ်းနိုင်ပါသည်။ MPT ဆင်းမ်ကတ်အသစ်ကို ဝယ်ယူအသုံးပြုပါက MPT ၏ ဝန်ဆောင်မှုကို အသုံးပြုခြင်းအတွက် ကြိုဆိုသည့်အနေဖြင့် ကံစမ်းမဲလက်မှတ် အစောင် ၃၀ ရရှိမည်ဖြစ်သည်။
  • MPT GSM/WCDMA အသုံးပြုသူများအနေဖြင့် ကံထူးရှင်ရွေးချယ်ပွဲအစီအစဉ်တစ်လျှောက် ၎င်းတို့ရရှိထားသော ကံစမ်းလက်မှတ်များကို စစ်ဆေးလိုပါက SMS နံပါတ် 3000 သို့ “lucky” ဟုစာတိုပေးပို့ကာ စစ်ဆေးနိုင်ပြီး CDMA အသုံးပြုသူများအနေဖြင့် SMS နံပါတ် 3001 သို့ “lucky” ဟုစာတိုပေးပို့ကာ စစ်ဆေးနိုင်မည်ဖြစ်သည်။

နောက်ဆုံးကံထူးရှင်ရွေးချယ်ပွဲတွင် ကံထူးရှင်တစ်ဦးအား ရွေးချယ်ပြီးသည်နှင့် အစီအစဉ်ကြေညာသူမှ ၄င်း၏မိုဘိုင်းဖုန်းကို ခေါ်ဆိုပေးမည်ဖြစ်သည်။ ဖုန်းခေါ်ဆို၍ မရပါက နောက်ထပ်တစ်ကြိမ်ထပ်မံခေါ်ဆိုပေးမည်ဖြစ်သည်။ ၂ ကြိမ်ခေါ်ဆို၍ မရပါက ထိုဆုမဲရှင်သည် ဆုကို ကံထူးရန်အခွင့်အရေးဆုံးရှုံးမည်ဖြစ်ပြီး ထိုဆုမဲအတွက် အခြားကံထူးရှင်ကို ထပ်မံရွေးချယ်သွား မည်ဖြစ်သည်။ ကံထူးဆုအားလုံးကို ထိုနေ့ရက်တွင် အပြီးသတ်ချီးမြှင့်သွားမည်ဖြစ်သည်။ ကံထူးရှင်ရွေးချယ်ပွဲအစအဆုံး ပြန်လည်ပြသခြင်းကို ထိုနေ့ည ၉ နာရီအချိန်၌ MRTV-4 တွင် ထုတ်လွှင့်ပေးသွားမည်ဖြစ်သည်။ ငွေဖြည့်ကတ် ကံထူးသူများအား ဇန်နဝါရီလ ၁၀ ရက်နေ့ တနင်္ဂနွေနေ့တွင် ဆက်သွယ်အကြောင်းကြားကာ ငွေဖြည့်သွင်းပေးသွားမည် ဖြစ်သည်။

Click here for Terms & Conditions[:]