MPT မှ စမတ်ဖုန်းသုံးစွဲသူများအတွက် ပထမဆုံးသော လိုအပ်သည့်အချက်အလက်များကို တစ်နေရာထဲတွင်ရနိုင်သည့် “လိုတရ” web portal ကိုစတင်

[:en](ရန်ကုန်၊ မြန်မာ၊ ၂၀၁၆ ခုနှစ် မတ်လ ၁၇ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)သည် သုံးစွဲသူမိဘပြည်သူများအတွက် အတွေ့အကြုံသစ်များကို ပေးနိုင်မည့် ပထမဆုံးသော “လိုတရ” web portal ကိုစတင်ကြောင်း ကြေငြာလိုက်သည်။ အသုံးပြုလိုသူများအနေဖြင့် http://lotayamm.com တွင် သွားရောက်ရယူနိုင်ပြီဖြစ်သည်။

ဤ web portal သည် မြန်မာပြည်ရှိသုံးစွဲသူများ လိုအပ်သောအချက်အလက်များအားလုံး တစ်နေရာထဲတွင် ရရှိနိုင်ရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။ ပြီးပြည့်စုံသော အချက်အလက်များ၊ အသုံးဝင်မှုများကို ၂၄ နာရီပတ်လုံး လက်တစ်ချက်ထောက်လိုက်ရုံဖြင့် တစ်နေရာထဲတွင် စုံလင်စွာရရှိနိုင်မည်ဖြစ်သည်။

“လိုတရ”ကို သုံးစွဲခြင်းဖြင့် မြန်မာနိုင်ငံနှင့် ကမ္ဘာအဝန်းရှိ နောက်ဆုံးရသတင်းများကို အချိန်နှင့်တပြေးညီ သိရှိစေနိုင်မည်ဖြစ်သည်။ မိုးလေဝသဆိုင်ရာအချက်အလက်များ၊ နိုင်ငံခြားငွေလဲနှုန်းများနှင့် အခြားသော MPT ၏ ထပ်ဆောင်းဝန်ဆောင်မှုများ အကြောင်းအရာများကိုလည်း ကြည့်ရှုနိုင်သည်။

ဤ web portal ကို မြန်မာဘာသာစကားဖြင့် ကြည့်ရှုနိုင်မည်ဖြစ်ပြီး ပထမဆုံးစာမျက်နှာသို့ ဝင်ရောက်မှု အတွက် မည်သည့် အင်တာနက် data ဖိုးမျှ ကုန်ကျမည်မဟုတ်ပါ*။ “လိုတရ”တွင် အောက်ပါ အကြောင်းအရာ များ ပါဝင်မည်ဖြစ်သည်။

  • Google Search box
  • မိုးလေဝသဆိုင်ရာ သတင်းအချက်အလက်များ (GPS ဖြင့် နေရာဒေသကို သတ်မှတ်ရှာဖွေပေးပါသည်)
    • သုံးစွဲသူများသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုးလေဝသအချက်အလက်များကို အများဆုံး တစ်ပတ်အထိ ကြိုတင်ကြည့်ရှုနိုင်သည်
    • မိုးလေဝသအချက်အလက်ကို ၃ နာရီခြားတစ်ခါ update ပြုလုပ်ပေးမည်ဖြစ်သည်
  • ငွေလဲနှုန်းနှင့် ငွေကြေးဖလှယ်ခြင်းများ (မြန်မာကျပ်ငွေနှင့် အခြား ၃၈ နိုင်ငံ၏ငွေနှုန်းများ)
  • သတင်းများ (သတင်းအမျိုးအစား ၈ ခုမှာ – နိုင်ငံရေး၊ နိုင်ငံတကာရေးရာ၊ စီးပွားရေး၊ ဖျော်ဖြေရေး၊ ဒေသတွင်းသတင်းများ၊ အားကစား၊ လူမှုဘဝနှင့် အခြားအကြောင်းအရာများ)
  • MPT ဝန်ဆောင်မှုများမှာ
    • MPT သုံးစွဲသူများသည် ခေါ်သူနားဆင် တေးသံစဉ် (CRBT)၊ ထပ်ဆောင်း ဝန်ဆောင်မှုများ၊ အင်တာနက် package များနှင့် အခြားသော အခြေခံဝန်ဆောင်မှုများ
    • ထပ်ဆောင်းရယူသောဝန်ဆောင်မှုများအတွက်မူ သက်ဆိုင်ရာကျသင့်မှုများ ပေးချေရမည်

* ဆွေသဟာအသုံးပြုသူများသာ မူလစာမျက်နှာသွားရောက်မှုနှင့် ဝန်ဆောင်မှုစာရင်းများကို အခမဲ့ကြည့်ရှုနိုင်မည်

MPT-KSGM Joint Operation ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Takashi Nagashima က “မိုဘိုင်းဖုန်း သုံးစွဲသူတွေဟာ နေ့စဉ်နဲ့အမျှ တိုးပွားလာနေပါတယ်၊ လူတိုင်းဟာမိုဘိုင်းဖုန်းကို အရာအားလုံးအတွက် အသုံးပြုနေ ကြပါတယ်၊ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကို ထပ်ချဲ့ပြီး သုံးစွဲသူတွေအတွက် အထူးအစီအစဉ်တွေကို အများအပြားပေးရင်း လူတိုင်းနဲ့အတူ အချိန်တိုင်းရှိနေတဲ့အခါ အမြဲရရှိနိုင်မယ့် ဝန်ဆောင်မှုကို ပေးချင်ပါတယ်၊ ဒီ web portal က သတင်းတွေဖတ်ရာမှာ၊ မိုးလေဝသသတင်းကြည့်တဲ့အခါနဲ့ MPT ရဲ့ ဝန်ဆောင်မှုတွေအကြောင်းကိုပါ လွယ်လွယ်ကူကူသိရှိစေနိုင်မှာဖြစ်ပါတယ်” ဟု ပြောသည်။

Yangon Media Group မှ ဥက္ကဌဖြစ်သူ ဦးကိုကိုက “MPT လို မြန်မာပြည်ရဲ့ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာနဲ့ အတူတွဲဖက်လုပ်ကိုင်ခွင့် ရတဲ့အတွက် အလွန်ဂုဏ်ယူမိပါတယ်၊ MPT portal ဟာ MPT သုံးစွဲသူတိုင်းက မဖြစ်မနေသွားရောက်ကြည့်ရှုပြီးတော့ ထပ်ဆောင်းဝန်ဆောင်မှုများ အကြောင်းတွေကို ကြည့်ရှုနိုင်မယ့် နေရာတစ်ခုဖြစ်ပါတယ်။ MPT portal ရဲ့ တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရတာ ကျေနပ်မိပါတယ်။ ရန်ကုန်မီဒီယာဂရုဟာလည်း မြန်မာပြည်မှာ သက်တမ်းအရှည်ကြာဆုံးနဲ့ ဦးဆောင်နေတဲ့ သတင်းအဖွဲ့အစည်းကြီးဖြစ်ပြီး စာဖတ်သူတွေဆီကို နောက်ဆုံးရသတင်းတွေနဲ့ အချက်အလက် တွေ အမြန်ဆုံးရောက်ရှိနိုင်ဖို့ ရနိုင်သမျှ နည်းလမ်းပေါင်းစုံချဲ့ထွင်ပြီး လုပ်ကိုင်နေတာဖြစ်ပါတယ်။ MPT portal ဟာဆိုရင် စာနယ်ဇင်းအချက်အလက်များကို ပြည်သူလူထုဆီရောက်ရှိနိုင်ဖို့ အသုံးပြုတဲ့ နောက်ဆုံးပေါ် နည်းလမ်း ဖြစ်ပါတယ်။ ဒါဟာ ငွေကြေးအတွက်ပြုလုပ်တာမဟုတ်ပါဘူး။ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို ပြည်သူလူထုဆီ သတင်းပေးနိုင်ဖို့ တာဝန်ယူလုပ်ဆောင်ခြင်းဖြစ်ပါတယ်။ MPT နဲ့အတူ လုပ်ဆောင်တဲ့ ဒီ တွဲဖက်လုပ်ငန်းဟာ ခိုင်မြဲရှည်ကြာတဲ့ ဆက်ဆံရေး တစ်ခုဖြစ်မယ်လို့ယုံကြည်ပါတယ်” ဟု ပြောသည်။

Information Matrix Co., Ltd ၏ အမှုဆောင်အရာရှိချုပ်နှင့် အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦးသောင်းစုငြိမ်းက “မြန်မာ့အကြီးဆုံးဖုန်းကွန်ရက်ကိုပိုင်ဆိုင်တဲ့ MPT ကို သတင်းနဲ့စာနယ်ဇင်းနယ်ပယ်မှာ ကြိုဆိုခွင့်ရတာဟာ ဒီအကျိုးတူပူးပေါင်းမှုအတွက် စိတ်လှုပ်ရှားစရာအခွင့်အရေးတစ်ခုပါပဲ။ ဆက်သွယ်ရေးအခြေခံအဆောက်အဦ တွေဟာ အချိန်နဲ့အမျှတိုးတက်လာတာကြောင့် ဒီပူးပေါင်းလုပ်ဆောင်မှုဟာ 7Day News ကနေ တင်ဆက်နေ တဲ့ နောက်ဆုံးရသတင်းတွေနဲ့ ပြည်တွင်းပြည်ပသတင်းတွေကို ဒစ်ဂျစ်တယ်နည်းအားဖြင့် ဖတ်ရှုသူတွေ ပိုများလာမယ်လို့ မျှော်လင့်ပါတယ်၊ ဒီလိုမိုဘိုင်းဖုန်းခေတ်ကြီးမှာ ကျေးလက်ဒေသကလူတွေတောင် ဒီ လိုတရ portal ကို အသုံးပြုပြီး နောက်ဆုံးရသတင်းတွေကို သိရှိနိုင်တော့မှာဖြစ်ပါတယ်” ဟု ပြောသည်။

“လိုတရ” နှင့် အတူ MPT ဟာ MPT ၏ဝန်ဆောင်မှု application (လိုတရနှင့် google play store တို့တွင်ရရှိနိုင်မည့်) ကိုလည်း ထားရှိပေးမည်ဖြစ်သည်။ ထို application မှတဆင့် အောက်ပါ MPT ဝန်ဆောင်မှုများကို ရယူနိုင်မည် — လက်ကျန်ငွေစစ်ဆေးခြင်း၊ “လိုတရ” web portal၊ မိုဘိုင်းဖုန်းအချင်းချင်းဘီလ်လွှဲပြောင်းခြင်း၊ ငွေဖြည့်ခြင်း၊ အင်တာနက် package ဝယ်ယူခြင်း၊ ခေါ်သူနားဆင်တေးသံစဉ် (CRBT) ရယူခြင်း၊ Infotainment၊ ဆွေသဟာ၊ Call Me Back၊ ဖုန်းခေါ်ဆိုခြင်းဝန်ဆောင်မှုများ၊ MPT Call Center ၊ MPT website နှင့် MPT Facebook များကို ကြည့်ရှုနိုင်မည် ဖြစ်သည်။၊

” လိုတရ ” Web Portal သို ့ဝင်ရောက်ရန် 
  •     http://goo.gl/gX85kLလင့်ခ် ထဲ သို ့ဝင်ရောက်လေ့လာနိုင်ပါသည်။

လိုတရ Web Portal ၏ အမှတ်တံဆိပ်

lty

လိုတရ Web Portal ၏ ပထမစာမျက်နှာ

lty2[:]

MPT မှ စိတ်လှုပ်ရှားဖွယ်ရာ အထူးအစီအစဉ် ၂ ခုု စတင်

[:en](ရန်ကုုန်၊ မတ်လ ၉ ရက်၊ ၂၀၁၆ ခုုနှစ်) — မြန်မာနိုုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ ဆက်သွယ်ရေးလုုပ်ငန်း MPT သည် ၎င်း၏လက်ရှိသုုံးစွဲနေသူ ၁၉ သန်းကျော်အတွက် စိတ်လှုပ်ရှားဖွယ်ရာ အထူးပရိုုမိုုးရှင်း အစီအစဉ် ၂ ခုုကိုု ၂၀၁၆ ခုုနှစ် မတ်လ ၁၁ ရက်နေ့ နံနက်ရနာရီက စတင်လိုုက်ပြီဖြစ်သည်။

လက်ရှိသုုံးစွဲနေသူ မိဘပြည်သူများအတွက် ၂၀၁၅ ခုုနှစ်တွင် အကျော်ကြားဆုုံးနှင့် လူကြိုက်အများဆုုံး အောင်မြင်ခဲ့သည့် “နာရီတိုုင်းမှာ ၅ မိနစ်စာ” အထူးအစီအစဉ်ကိုု နောက်တစ်ကြိမ် ပြန်လည်စတင်မည်ဖြစ်သည်။

မိနစ် ၆၀ ဆက်တိုက် ဖုန်းခေါ်ဆိုသူများသည် ပထမဆုံး ၅ မိနစ်အတွက်သာ တစ်မိနစ် ၂၃ ကျပ်နှုန်းဖြင့် ပေးဆောင်ရမည်ဖြစ်ပြီး ကျန်ခေါ်ဆိုချိန် ၅၅ မိနစ်ကို အခမဲ့ရရှိမည်ဖြစ်သည်။ မိနစ် ၆၀ ထက်ကျော်လွန်၍ ဖုန်းခေါ်ဆိုမှုများအတွက် မူလသတ်မှတ်စျေးနှုန်းဖြစ်သည့် တစ်မိနစ် ၂၃ ကျပ်ဖြင့် ဆက်လက်ကောက်ခံမည်ဖြစ်သည်။ ဖုန်းတစ်ကြိမ်ခေါ်ဆိုတိုင်း အခမဲ့ဖုန်းခေါ်ဆိုချိန်ကို ပထမဆုံး ၅ မိနစ်ခေါ်ဆိုပြီးမှသာ စတင်သတ်မှတ်မည်ဖြစ်ပြီး ဖုန်းခေါ်ဆိုမှုတစ်ကြိမ်အတွက် အများဆုံး ၅၅ မိနစ်စာအတွက်သာ အခမဲ့ရရှိမည်ဖြစ်သည်။

MPT-KSGM Joint Operations ၏ CEO ဖြစ်သူ Mr. Takashi Nagashima က “သုုံးစွဲသူတွေအကြားမှာ လူကြိုက်များခဲ့ တဲ့ ဒီအစီအစဉ်ကိုုပြန်ပြီး ထပ်မံကြိမ်ပြုလုုပ်ရတဲ့အတွက် အရမ်းကို ဝမ်းမြောက်မိပါတယ်၊ ပြီးခဲ့တဲ့နှစ်က ဒီအစီအစဉ်ကိုု လူတွေသဘောကျပြီး အသုုံးများခဲ့တာကိုု သိရတဲ့အတွက် အခုုလက်ရှိမှာ အသုုံးပြုနေသူတွေကိုုလည်း တစ်နာရီကြာတဲ့ထိ ဖုုန်းပြောတာတောင်မှ ၁၁၅ ကျပ်ပဲ ကျသင့်မယ့် ဒီအခွင့်အရေးကိုုထပ်ပေးချင်ပါတယ်” ဟုု ပြောသည်။

ဤအထူးအစီအစဉ်သည် MPT GSM/WCDMA ဆွေသဟာအစီအစဉ်အသုံးပြုသူတိုင်းအတွက် အလိုအလျောက် အကျုံးဝင်မည်ဖြစ်ပြီး မည်သည့် လျှောက်ထားမှုမျှပြုလုုပ်ရန်မလိုုပါ။ အခြေခံဖုုန်းခေါ်ဆိုုစနစ်ကိုု အသုုံးပြုသူများအနေဖြင့် ဤအစီအစဉ်ကိုုအသုုံးပြုလိုုပါက 1332 သိုု့ “SWE” ဟုု အခမဲ့စာတိုုပေးပိုု့ကာ လျှောက်ထားရယူနိုုင်ပြီး (postpaid အသုုံးပြုသူများအတွက်မူ “POSTSWE” ဟုုပေးပိုု့ရန်ဖြစ်သည်)။ ဤအစီအစဉ်ကိုု ၂၀၁၆ ခုုနှစ် ဧပြီလ ၁၆ ရက်နေ့အထိ အသုုံးပြုနိုုင်မည်ဖြစ်သည်။

ဤ အထူးအစီအစဉ်ဖြင့် (လိုုင်းဖုုန်းများအပါအဝင်) MPT နံပါတ်အချင်းချင်းသာခေါ်ဆိုနိုင်မည်ဖြစ်ပြီး pre-paid နှင့် post-paid နှစ်မျိုးစလုံးဖြင့် အသုံးပြုနိုင်သည်။ ဤအစီအစဉ်အတွက် ၅၅မိနစ်စာ အခမဲ့ ဖုန်းခေါ်ဆိုမှုကို ညနေ ၆ နာရီမှ ည ၁၀ နာရီအတွင်းကလွဲ၍ နေ့တစ်နေ့၏ ကျန်အချိန်များအတွင်းတွင် ခေါ်ဆိုနိုင်သည်။ ညနေ ၆ နာရီမှ ည ၁၀ နာရီအတွင်း ဖုန်းခေါ်ဆိုပါက မူလသတ်မှတ်စျေးနှုန်းဖြစ်သည့် တစ်မိနစ်၂၃ ကျပ်ဖြင့် ကောက်ခံမည်ဖြစ်သည်။ အခမဲ့ စကားပြောဆိုချိန်များ အတွက် တစ်ရက်လျှင် ဖုန်းခေါ်ဆိုမှုကို အကြိမ်အရေအတွက်ကန့်သတ်ထားခြင်းမရှိဘဲ သုံးစွဲသူစိတ်ကြိုက် ဖုန်းခေါ်ဆိုမှုများစွာ ပြုလုပ်နိုင်မည်ဖြစ်သည်။

လက်ရှိတွင် MPT မှ သုုံးစွဲသူ ၁၉ သန်းကျော်ရရှိနေပြီဖြစ်ပြီး အများစုုမှာ ဆွေသဟာအစီအစဉ်ကိုု သုုံးစွဲနေကြသူများ ဖြစ်သည်။ ဤ “နာရီတိုုင်းမှာ ၅ မိနစ်စာ”အစီအစဉ်ကြောင့် သုုံးစွဲသူများသည် တစ်မိနစ် ၂၃ ကျပ်ဖြင့် စျေးနှုန်းချိုသာစွာ ဖုုန်းခေါ်ဆိုုနိုုင်ပြီး အသံကြည်လင်မှုနှင့် အင်တာနက်သုုံးစွဲမှုမြန်ဆန်ရာတွင်လည်း အကောင်းဆုုံး 3G ဝန်ဆောင်မှုကိုု ရရှိနိုုင်မည် ဖြစ်သည်။

လက်ရှိသုုံးစွဲနေသူများအတွက် ဖုုန်းခေါ်ဆိုုမှုစျေးနှုန်းသက်သာစေရန်ပြုလုုပ်ပေးရုုံမျှမကဘဲ MPT သည် MPT SIM ကတ် အသစ်စတင် သုုံးစွဲမည့်သူများအတွက်ပါ “Welcome Offer” ကိုုပြုလုုပ်ပေးရင်း ဝန်ဆောင်ပေးမည်ဖြစ်သည်။

Welcome offer တွင် ဖုုန်းကတ်စတင်အသုုံးပြုချိန်တွင်ရရှိမည့် အပိုုဆောင်းငွေ၊ ပထမဆုုံးငွေဖြည့်သည့်အချိန်တွင် ရရှိမည့်အပိုုဆောင်းငွေနှင့် ထပ်ဆင့်အပိုုဆောင်းငွေများပါဝင်မည်ဖြစ်သည်။

MPT SIM ကတ်အသစ်တစ်ခုုကိုု စတင်အသုုံးပြုချိန်တွင် ဖုုန်းကတ်သစ်အသုုံးပြုမှုအတွက် အပိုုဆောင်းငွေ ၅၀၀ ကိုုရရှိမည် ဖြစ်ပြီး ထိုုလက်ကျန်ငွေဖြင့် မည်သည့်ဝန်ဆောင်မှုကိုုမဆိုု အသုုံးပြုနိုုင်မည်ဖြစ်သည်။ သုုံးစွဲသူတစ်ဦးသည် ဖုုန်းငွေဖြည့်ကတ်ဖြင့် လက်ကျန်ငွေဖြည့်သွင်းပါက ပထမဆုုံးငွေဖြည့်ချိန်တွင် ထည့်သွင်းသည့် ပမာပေါ်မူတည်ပြီး ပေးမည့် အပိုုဆောင်းငွေပေးမည်ဖြစ်ပြီး တစ်လတကြိမ် လက်ကျန်ငွေဖြည့်သွင်းပါက အပိုဆောင်းငွေကိုု ၄လ ဆက်တိုုက်ရရှိမည် ဖြစ်သည့်အတွက် စျေးသက်သာစွာဖုုန်းခေါ်ဆိုုအသုုံုးပြုနိုုင်မည်ဖြစ်သည်။

ဤအထူးအစီအစဉ်သည် မတ်လ ၁၁ ရက်နောက်ပိုုင်း SIM ကတ်ကိုုအသစ်စတင်သုုံးစွဲသူများသာ ရရှိခံစားနိုုင်မည် ဖြစ်သည်။ Welcome Offer ကို ခံစားနိုုင်ရန် အသုုံးပြုသူတစ်ဦးသည် နံပါတ်အသစ်စတင်ချိန်မှ ရက် ၃၀ အတွင်း အနည်းဆုုံး လက်ကျန်ငွေ ၁၀၀၀ ကျပ်စတင်ဖြည့်ရမည်ဖြစ်ပြီး ထိုုသုုိ့ ဖုုန်းငွေဖြည့်မှသာလျှင် ပထမဆုုံးငွေဖြည့်မှုအတွက် ထည့်သွင်းပေးမည့် ပထမဆုံး အကြိမ်အပိုုဆောင်းငွေကိုုရရှိမည်ဖြစ်သည်။ ပထမဆုုံးလက်ကျန်ငွေဖြည့်ချိန်တွင် ငွေမပမာဏများလေလေ နောက်ထပ် ၄ လဆက်တိုုက်ရရှိမည့်အပိုုဆောင်းငွေ ပမာဏ များလေလေဖြစ်မည်ဖြစ်သည်။

အပိုုဆောင်းငွေ ၄ ခုုစလုုံးကိုုရရှိရန် သုုံးစွဲသူတစ်ဦးသည် (ပထမဆုုံးငွေဖြည့်ချိန်မှ ရက်ပေါင်း ၁၂၀ အတွင်း) ရက် ၃၀ တိုုင်းတွင်တစ်ခါ လက်ကျန်ငွေဖြည့်ရမည်ဖြစ်သည်။ ထပ်ဆင့်အပိုုဆောင်းငွေများရရှိရန်အတွက်မူ မိမိအဆင်ပြေသည့် လက်ကျန်ငွေကို ဒုတိယအကြိမ်ထပ်မံဖြည့်သွင်းနိုင်သည့်အပြင် ပထမဆုုံး စတင်ဖြည့်သွင်းသည့် လက်ကျန်ငွေပမာဏေ ပါ်မူတည်ပြီး အပိုုဆောင်းငွေရရှိနိုုင်မည်ဖြစ်သည်။ အပိုုဆောင်းငွေများအား ရက် ၃၀ အတွင်း MPT ဖုုန်းအချင်းချင်းခေါ်ဆိုုမှု၊ MPT ဖုုန်းအချင်းချင်းစာတိုုပေးပိုု့မှုနှင့် PayAsYouGo ဒေတာအသုုံး ပြုမှုအတွက် အသုုံးပြုနိုုင်မည်ဖြစ်သည်။

ထပ်ဆင့်အပိုုဆောင်းငွေများကိုု စစ်ဆေးရန်အတွက် 1331 သိုု့ “BAL”ဟုု စာတိုုပေးပိုု့ကာ စစ်ဆေးနိုုင်သည်။ လက်ကျန်ငွေ ဖြည့်သွင်းမှုကိုု ငွေဖြည့်ကတ်များဖြင့်ဖြစ်စေ၊ e-top up စနစ်ဖြင့် ဖြစ်စေဖြည့်သွင်းနိုုင်ပြီး နံပါတ်သစ်တစ်ခုုလျှင် “Welcome bonus set” တစ်ခုုသာ ရရှိမည်ဖြစ်သည်။ ထိုုအထူးအစီအစဉ်ကို ၂၀၁၆ ခုုနှစ် မတ်လ ၁၁ ရက်နေ့မှစတင်မည်ဖြစ်ပြီး ပြီးဆုုံးမည့်အချိန်ကာလကိုုမူ MPT မှ ထပ်မံကြေငြာပေးသွားမည်ဖြစ်သည်။

ပထမဆုုံးငွေဖြည့်သွင်းမှုမှ ရရှိမည့်ထပ်ဆင့်အပိုုဆောင်းငွေများအတွက် အသေးစိတ်ကိုု အောက်ပါပုုံတွင် ကြည့်ရှုနိုုင်ပါသည်။

mptdata1[:]

ပညာရေးမပြည့်စုံသော ကျောင်းသား၊ ကျောင်းသူများအတွက် MPT ၏ “ရှေ့သို့လှမ်းချီလင်းလက်စေမည်”အစီအစဉ်

[:en]လူမှုအကျိုးအပြုအစီအစဉ်တစ်ခုအနေဖြင့် ပညာသင်ကြားရေး၌ အထောက်အကူပြုစေရန် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မီးအိမ်များ ပေးအပ်လှူဒါန်းခြင်း

(ရန်ကုန်၊ မြန်မာ၊ ၇၊ မတ်လ၊ ၂၀၁၆) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ “ရှေ့သို့လှမ်းချီလင်းလက်စေမည်” ဆိုသည့်ဆောင်ပုဒ်နှင့်အတူ လူမှုအကျိုးပြုအစီအစဉ်တစ်ခုအနေဖြင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မီးအိမ်များကို နိုင်ငံတစ်ဝှမ်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို Sule Shangri-La Hotel ၌ ယနေ့တွင် ကျင်းပခဲ့ပါသည်။ ယခုနေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မီးအိမ်ပေါင်း (၂၀၀၀)ကျော်ကို ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ပေးအပ်နိုင်ခြင်းမှာ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပခဲ့သော MPT ၏မိုဘိုင်း နံပါတ်အလှများ လေလံတင် ရောင်းချပွဲမှတစ်ဆင့် ကျပ်ငွေပေါင်း (၂၉၂.၇)သန်းကို MPT အသုံးပြုသော ပြည်သူလူထုများမှတဆင့် ရရှိခဲ့ခြင်းကြောင့်ဖြစ်ပါသည်။

အခမ်းအနားသို့ ပါဝင်တက်ရောက်သူများထဲမှာ MPT-KSGM Joint Operation ၏ Chief Executive Officer ဖြစ်သူ Mr. Takashi Nagashima၊ မန္တလေးတိုင်း ဖောင်တော်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းထိုင်ဆရာတော်ကြီး အရှင်ဘဒ္ဒန္တနာယကနှင့်တကွ ရန်ကုန်တိုင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်း အတွင်းရေးမှူး ဆရာတော် အရှင်ဘဒ္ဒန္တကုသလတို့ ပါဝင်ခဲ့ပါသည်။

အခမ်းအနားတွင် ယခုလို တစ်နိုင်ငံလုံးအနှံ့ လုပ်ဆောင်သည့် ဆောင်ရွက်ချက်နှင့် ကုမ္ပဏီ၏ မျှော်လင့်ချက်ဖြစ်သော မပြည့်စုံသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား အထောက်အကူဖြစ်စေရန်ဆိုသည့် အချက်ကို Mr. Nagashima မှစိတ်အားထက်သန်စွာ ဖော်ပြခဲ့သည်။ Mr. Nagashima မှ “ကျွန်တော်တို့့အနေနဲ့ စီးပွားရေးအခွင့်အလမ်း နည်းပါးသူူများနှင့် မြန်မာပြည်သူပြည်သားများ၏ ဘဝများကို တိုးတက်စေရန်အတွက် စိတ်နှစ်လုပ်ဆောင်သွားမည်ဖြစ်ပြီး ယခုလို ရှေ့ဆောင် လုပ်ငန်းစဉ်နှင့်အတူ အလင်းရောင်နှင့် လျှပ်စစ်မီးကို မရရှိသူများအတွက် ဤလုပ်ငန်းစဉ်ဖြင့် အလင်းရောင်နှင့် လျှပ်စစ်မီး ရရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကျွန်တော်တို့ရဲ့ ယခုလိုအလှူကို ဖြစ်မြောက်အောင် စေတနာသဒ္ဒါတရားထက်သန်စွာနဲ့ အားပေးခဲ့ကြတဲ့ ပြည်သူများရဲ့ စိတ်ရင်းစေတနာများနဲ့အတူ ကျောင်းသား/သူတွေရဲ့ဘဝမှာ ကောင်းမွန်တဲ့ ပြောင်းလဲမှုကိုဖော်ဆောင်နိုင်တဲ့ အခုလိုအလှူပွဲကို မြန်မာနိုင်ငံအနှံ့က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ ပါဝင်နိုင်စေဖို့အတွက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကအဖွဲ့များနှင့်အတူပူးပေါင်းဆောင်ရွက်နေကြောင်း ကြေညာလိုပါတယ်။” ဟု Mr. Nagashima မှ ပြောကြားသွားခဲ့သည်။

MPT သည်လွန်ခဲ့သည့် လကပင် ဤစီမံကိန်းကို စတင်ခဲ့ပြီး နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မီးအိမ် (၈၃၇)လုံးအား မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသများရှိ လျှပ်စစ်မီးမရရှိသေးသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ စတင်ပေးပို့လှူဒါန်းခဲ့ပါသည်။ ထို့သို့လှူဒါန်းသည့် ပွဲတွင် ဆရာတော် အရှင်ဘဒ္ဒန္တနာယမှ ဖောင်တော်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ လက်ခံရယူခဲ့ပြီး အခြားဒေသများသို့လည်း ပေးပို့လှူဒါန်းရေးကို စီမံခန့်ခွဲပေးခဲ့ပါသည်။ ဤသို့သောလှူဒါန်းမှုကို အကောင်အထည်ဖော်ပေးခဲ့သည့် MPT ကိုလည်း ကျေးဇူးတင်ရှိပါသည်ဟု မိန့်ကြားခဲ့ပါသည်။ “MPT နှင့် MPT သုံးစွဲသူများရဲ့ ပံ့ပိုးကူညီမှုကြောင့် ဒေသခံကျောင်းသား၊ ကျောင်းသူများရဲ့ ပညာရေးသင်ယူမှုအတွက် များစွာအထောက်အကူပြုခဲ့ပါတယ်။ MPT အနေနဲ့လည်းအခုလို ဆက်လက်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ အခြားသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေကို နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မီးအိမ်များ ထပ်မံပေးပို့လှူဒါန်းရန် အရှိန်အဟုန်နဲ့ ဆက်လက်ဆောင်ရွက်နေတဲ့အတွက် ဝမ်းသာအားတက်မိပါတယ်။ ဆရာတော်တို့ကလည်း ကျောင်းသား၊ ကျောင်းသူများရဲ့ ပညာရေးသင်ယူမှုအဆင့်မြှင့်တင်ရေးမှာ တစ်ဖက်တစ်လမ်းကနေပြီး ပါဝင်လှူဒါန်းမှုကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် အသိအမှတ်ပြုပါတယ်” ဟု မိန့်ကြားခဲ့ပါသည်။

MPT မှလည်း နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မီးအိမ်များကို အခြားဒေသများရှိ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများသို့ “ရှေ့သို့လှမ်းချီလင်းလက်စေမည်” ဟူသောဆောင်ပုဒ််ဖြင့် ယခုနှစ်အတွင်း ပေးပို့လှူဒါန်းသွားမည်ဖြစ်ပါသည်။ MPT မှ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မီးအိမ် အလုံးရေပေါင်း (၂၀၀၀)ကျော်အား ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူပေါင်း(၅၈,၀၀၀)ခန့်၏ ပညာရေးအတွက် လိုအပ်နေသော အလင်းရောင်ကို အထောက်အကူပေးပြီး မြန်မာနိုင်ငံရှိ ကျောင်းပေါင်း (၆၃၂) ကျောင်းပေးပို့လှူဒါန်းသွားမည် ဖြစ်ပါသည်။

ဆရာတော်ဘဒ္ဒန္တကုသလမှလည်း ရန်ကုန်တိုင်းဒေသရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကိုယ်စား ယနေ့လက်ခံရရှိခြင်းအတွက် MPT ၏ အားထုတ်ကြိုးပမ်းခဲ့မှုကို သာဓုခေါ်ခဲ့ပါသည်။ “မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေဟာ စီးပွားရေးအရ၊ လူမှုရေးအရ အခွင့်အရေးနည်းပါးလှတဲ့ ကျောင်းသူ/သားတွေကို အခမဲ့ပညာရေးကိုပေးစွမ်းနေတာဖြစ်ပါတယ်။ ဒီလို ကျောင်းတွေမှာ လိုအပ်တဲ့ အရင်းအမြစ်တွေဖြစ်တဲ့ လျှပ်စစ်မီးအလင်းရောင်လိုအပ်ချက်ဟာ ကျောင်းသားတွေရဲ့ ကောင်းမွန်စွာ စာသင်ကြားရေးကို အခက်အခဲဖြစ်စေနိုင်ပါတယ်။ အခုလို နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် မီးအိမ်တွေကိုလှူဒါန်းခြင်းဖြင့် အဲဒီလိုကျောင်းတွေမှာ ကျောင်းသားတွေကို ပိုပြီးတော့ ကောင်းမွန်စွာ ပညာသင်ကြားလေ့လာနိုင်စေမယ့် အခွင့်အလမ်းကို ရရှိမှာဖြစ်ပါတယ်။ အခုလို နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မီးအိမ်များရရှိတဲ့အတွက် ကျောင်းများမှာ စိတ်ချရတဲ့ လျှပ်စစ်မီးများကိုု ကျောင်းသား၊ ကျောင်းသူများအတွက် ဖြည့်ဆည်းပေးနိုင်ပြီး မိုးရွာတဲ့အချိန်မှာသာမကဘဲ ညအချိန်များမှာလည်း စာများကို ကောင်းစွာလေ့လာကျက်မှတ်သွားနိုင်မှာ ဖြစ်ပါတယ်။ MPT က ယခုလို ကူညီပံ့ပိုးပေးတဲ့အတွက် ကျေးဇူးတင်သာဓုခေါ်ပါတယ်” ဟု မိန့်ကြားခဲ့ပါသည်။

နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မီးအိမ်များမှာ Panasonic အမျိုးအစားဖြစ်သော “Enelop Solar Storage” များဖြစ်ကြပါသည်။ ဤနေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မီးအိမ်များမှာ လွယ်ကူစွာသုံးစွဲနိုင်သော ပစ္စည်းများဖြစ်ပြီး နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ပြားနှင့် ဘထ္ထရီများပါဝင်ကာ နေ့ပိုင်းတွင် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်စွမ်းအင်မှတစ်ဆင့် အားဖြည့်သွင်းနိုင်ပြီး ထိုစွမ်းအင်ဖြင့် LED မီးလုံးနှစ်လုံးကို ည သို့မဟုတ် အလင်းရောင်းမရှိသော အချိန်များတွင် သုံးစွဲနိုင်ပါသည်။ သုံးစွဲမှုအတိုင်းအတာပေါ်မူတည်ပြီး ၆ နာရီခန့်အားသွင်းရုံဖြင့် ၂၄ နာရီခန့် သုံးစွဲနိုင်ပါသည်။ ထိန်းသိမ်းစရိတ်လုံးဝမရှိဘဲ လည်ပတ်ရန်အတွက်လည်း ငွေကုန်ကျမှု ရှိမည်မဟုတ်ပါ။ ထို့ပြင် ဤမီးအိမ်များဖြင့် ညအခါ အလင်းရောင်ကောင်းစွာရရှိနိုင်ပြီး USB ကြိုးမှ တဆင့် မိုလ်ဘိုင်းဖုန်းများ ကိုလည်းအားဖြည့်သွင်းနိုင်ခြင်းဖြင့် ဒေသခံအချင်းချင်းဆက်သွယ်ရေးများ ပိုမိုကောင်းမွန်လာစေနိုင်မည့် အစီအစဉ်လည်းဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၏ လူမှုရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက် များကို လေ့လာလိုပါက https://www.mpt.com.mm/en/whats-new/csr-activities/ တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။

MPT မှ သင်္ကြန်ကာလကိုု ရန်ကုုန်နှင့် မန္တလေးတွင် ပေါ့ပ် နှင့် ရော့ခ်ဂီတဖြင့် ဆင်နွှဲမည်

[:en](ရန်ကုုန်၊ မတ်လ ၈ ရက်၊ ၂၀၁၆ ခုုနှစ်) — မြန််မာနိုုင်ငံ၏ အကြီးမားဆုုံးသောကွန်ရက်ကိုု ပေးနေသည့် MPT မှ ၂၀၁၆ သင်္ကြန်ပွဲတော်ကို ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဆင်နွှဲသွားမည်ဖြစ်သည်။ မန္တလေးရှိ MPT ရေကစားမဏ္ဍပ်တွင် နာမည်ကျော် Iron Cross ဂီတအဖွဲ့မှ ဖျော်ဖြေသွားမည်ဖြစ်ပြီး၊ ရန်ကုုန်ရှိ MPT ရေကစားမဏ္ဍပ်တွင်မူ Lucky Hand ဂီတအဖွဲ့မှ ဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း ယနေ့သတင်းထုုတ်ပြန်ကြေညာလိုုက်သည်။

ပရိတ်သတ်များ သင်္ကြန်ပွဲတော်ကာလ တစ်လျှောက်လုုံးတွင် ရော့ခ်ဂီတ၊ ပေါ့ပ်ဂီတ၊ အကများ၊ ဖျော်ဖြေမှုများနှင့်အတူ စီးမျောခံစားနိုုင်ရန်အတွက် ဂီတအဖွဲ့များမှ သင်္ကြန်ရက်အတွင်း နေ့စဉ် ဖျော်ဖြေပေးသွားမည်ဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က “သင်္ကြန်ပွဲတော်ဟာ မြန်မာလူမျိုးတိုု့အတွက် ပျော်စရာအကောင်းဆုုံးနဲ့ အထင်ကရအဖြစ်ဆုုံးပွဲတော်တစ်ခုုပါ၊ သုုံးစွဲသူ ၁၉သန်းကျော်ရှိနေတဲ့ မြန်မာနိုုင်ငံရဲ့ အကြီးဆုုံးဆက်သွယ်ရေးကုုမ္ဗဏီအနေနဲ့ ရန်ကုုန်နဲ့မန္တလေးမှာ အကောင်းဆုုံးတေးဂီတအဖွဲ့တွေနဲ့ ပြည်သူအများကိုု ဖျော်ဖြေနိုုင်အောင် စီစဉ်ပေးနိုုင်တဲ့အတွက် ကျေနပ်မိပါတယ်”ဟုု ပြောသည်။

မန္တလေးမြို့၊ ကျုံးမြောက်ဘက်တွင် တည်ဆောက်ထားမည့် MPT ရေကစားမဏ္ဍပ်မှနေ၍ မြန်မာနိုုင်ငံ ၏ ထင်ရှားကျော်ကြားသော ရော့ခ်ဂီတအဖွဲ့ဖြစ်သည့် Iron Cross မှ ပင်တိုုင်အဆိုုတော် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုုင်ဝိုုင်းတိုု့ သည် လိဂစ်တာ ချစ်စမ်းမောင်၊ ဘေ့စ်ဂစ်တာ ခင်မောင်သန့်၊ ကီးဘုုတ် ဗညားနိုုင်နှင့် ဒရမ် ခရမ်းတိုု့နှင့်အတူ ပရိတ်သတ်အား ဖျော်ဖြေသွားမည်ဖြစ်သည်။

ရန်ကုုန် ပြည်လမ်းပေါ်ရှိ MPT ရေကစားမဏ္ဍပ်တွင်မူ Lucky Hand တီးဝိုင်းအဖွဲ့နှင့်အတူ ပေါ့ပ် ရော့ခ်အဆိုုတော်များ ဖြစ်ကြသည့် ဝိုုင်းစုုခိုုင်သိန်း၊ ချစ်ကောင်း၊ မေခလာ၊ အောင်ထက်၊ ဂရေဟမ်နှင့် နုုနုုစိန်တိုု့က ဖျော်ဖြေပေးသွားမည်ဖြစ်သည်။

သင်္ကြန်အကြိုရက်ဖြစ်သည့် ဧပြီ ၁၂ ရက်နေ့ (အင်္ဂါနေ့) ညနေပိုုင်း မဏ္ဍပ်ဖွင့်ပွဲပြုလုုပ်ချိန်မှစပြီး သင်္ကြန်ပွဲတော်ရက်များဖြစ်သည့် ဧပြီ ၁၃ (ဗုုဒ္ဓဟူးနေ့) မှ ဧပြီ ၁၆ (စနေနေ့) အထိ မနက် ၉ နာရီမှ ညနေ ၆ နာရီတိုုင်အောင် နေ့လည်စာစားချိန်သာခဏတာနားပြီး နေ့စဉ်ဖျော်ဖြေပေးသွားမည်ဖြစ်သည်။

သင်္ကြန်ပွဲတော်ဆင်နွှဲသူများအနေဖြင့် မိမိတိုု့နှစ်သက်သောအဆိုုတော်များ၏ ဖျော်ဖြေမှုများကိုု အခမဲ့ ကြည့်ရှုခံစားရင်း အပူဒဏ်ကိုုရေကစားဆင်နွှဲကာ ကျော်ဖြတ်နိုုင်မည်ဟုု MPT မှယုုံကြည်ပါသည်။

[:]