MPT မှ သုံးစွဲသူများအတွက် ပိုမိုလွယ်ကူအဆင်ပြေသော USSD Menu ကိုစတင်

[:en](ရန်ကုန်၊ ၂၀၁၆ ခုနှစ် ဧပြီလ ၈ ရက်) — မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ သုံးစွဲသူများ ပိုမိုလွယ်ကူအဆင်ပြေစေရန်အတွက် ရိုးရှင်းသော USSD Menu ကို စတင်လိုက်ပြီဖြစ်သည်။ သုံးစွဲသူများအနေဖြင့် ဝန်ဆောင်မှုများရယူရန် များပြားလှသော မတူညီသည့် USSD Code များကို မှတ်သားထားစရာမလိုတော့ဘဲ မည်သည့်အချိန် မည်သည့်နေရာမဆို လွယ်ကူရိုးရှင်းသော USSD Menu ဖြင့် ဝန်ဆောင်မှုများကို ရွေးချယ်နိုင်တော့မည်ဖြစ်သည်။

ဤဝန်ဆောင်မှုအသစ်သည် MPT ၏ ကြိုတင်ငွေဖြည့်သုံးနှင့် ငွေရှင်းစနစ်သုံး GSM/WCDMA/CDMA သုံးစွဲသူတိုင်း အတွက်ဖြစ်ပြီး လက်ကျန်ငွေစစ်ဆေးခြင်း၊ လက်ကျန်ငွေဖြည့်ခြင်း၊ အင်တာနက်အစီအစဉ်များဝယ်ယူခြင်းနှင့် ထပ်ဆောင်းဝန်ဆောင်မှုများရယူခြင်းများ သို့မဟုတ် MPT အသုံးပြုသူများအတွက်ဝန်ဆောင်မှုများကို ရယူရန်အတွက် *106# [send] နံပါတ်တစ်ခုထဲကိုသာ မှတ်သားထားရန်လိုအပ်တော့မည် ဖြစ်သည်။

အသုံးပြုရန်လွယ်ကူရိုးရှင်းသော ပုံစံများဖြင့်ဒီဇိုင်းရေးဆွဲထားပြီး အောက်ပါဝန်ဆောင်မှုများအတွက် နံပါတ်များကို ပြသထားမည်ဖြစ်သည်။

၁။ မိမိစာရင်း

၂။ အင်တာနက်အစီအစဉ်

၃။ ထပ်ဆောင်းဝန်ဆောင်မှု (VAS)

၈။ ဆက်သွယ်ရန်

၉။ ဘာသာစကား

နံပါတ် ၁ ကို နှိပ်၍ send ခလုတ်နှိပ်လိုက်ပါက “မိမိစာရင်း” ထဲသို့ ဝင်ရောက်သွားမည်ဖြစ်ပြီး လက်ကျန်ငွေ စစ်ဆေးခြင်း၊ ဖုန်းငွေနည်းစဉ်သုံးရန်နှင့် လက်ကျန်ငွေဖြည့်ခြင်း စသည့် ဝန်ဆောင်မှု ၃ ခုကို ရယူနိုင်မည်ဖြစ်သည်။ ထိုနေရာတွင် လက်ကျန်ငွေစစ်ဆေးခြင်း၊ မိမိသုံးစွဲနေသော ဖုန်းနံပါတ်ကို ကြည့်ရှုခြင်းများအပြင် ငွေရှင်းစနစ်သုံးဝန်ဆောင်မှုသို့ ပြောင်းလဲလိုပါကလည်း ပြောင်းလဲနိုင်မည်ဖြစ်သည်။

နံပါတ် ၂ တွင် အင်တာနက်အစီအစဉ်များကို ရွေးချယ်နိုင်မည်ဖြစ်ပြီး နံပါတ် ၃ တွင်မူ MPT ၏ ထပ်ဆောင်းဝန်ဆောင်မှု များကို ကြည့်ရှုနိုင်ကာ ဖုန်းခေါ်ချိန်တွင်တစ်ဖက်မှ သီချင်းသံကြားရမည့် ခေါ်သူနားဆင်တေးသံစဉ် (CRBT) ဝန်ဆောင်မှုများ၊ ခေါ်ဆိုမှုဆိုင်ရာ ဝန်ဆောင်မှုInfotainment သို့မဟုတ် Back to my MPT ဝန်ဆောင်မှုများကို ရယူနိုင်မည်ဖြစ်သည်။

နံပါတ် ၈ တွင် “MPT သို့ ဆက်သွယ်ရန်” ဝန်ဆောင်မှုကိုရရှိမည်ဖြစ်ပြီး MPT Call Center, ဝက်ဆိုက်နှင့် Facebook စာမျက်နှာတို့မှ နောက်ဆုံးရသတင်းများကိုကြည့်ရှုနိုင်မည်ဖြစ်သည်။ နံပါတ် ၉ တွင်မူ အင်္ဂလိပ် မြန်မာ ၂ ဘာသာကို မိမိနှစ်သက်ရာရွေးချယ်ပြီး အဆိုပါဝန်ဆောင်မှုများအတွက် အခမဲ့ရွေးချယ်နိုင်မည်ဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr.Koichi Kawase က ” MPT သုံးစွဲသူ မိဘပြည်သူတိုင်းအတွက် ဝန်ဆောင်မှုတွေကို တိုးမြှင့်ဖို့က ၂၀၁၆ ခုနှစ်အတွက် အဓိကရည်မှန်းချက်ပါ၊ USSD Menu အဖြစ် ရိုးရှင်းလွယ်ကူစွာ လုပ်ဆောင်ပေးခြင်းက သုံးစွဲသူတွေကို MPT account တွေကို လွယ်လွယ်ကူကူ ကြည့်ရှု လုပ်ဆောင်နိုင်စေဖို့ ကူညီနိုင်မှာဖြစ်ပါတယ်၊ ဒါ့အပြင် ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေကို ဖုန်းကနေတဆင့် သိအောင်မိတ်ဆက်ပေးတာလည်း ဖြစ်ပါတယ်” ဟု ပြောသည်။

ရွေးချယ်မှုတစ်ခုခြင်းစီနှင့် ဝန်ဆောင်မှုတစ်ခုခြင်းစီအတွက် မိမိရွေးချယ်ခဲ့သည့်ဝန်ဆောင်မှုများကို SMS မှတဆင့် အသိပေးအကြောင်းကြားစာ ပေးပို့ပေးမည်ဖြစ်သည်။ ရိုးရှင်းလွယ်ကူစေရန် အဓိကထားလုပ်ဆောင်ထားခြင်း ဖြစ်သည့် အတွက် မူလစာမျက်နှာသို့ ပြန်သွားကာ လုပ်ဆောင်မှုများအားလုံး အသစ်ပြန်စတင်နိုင်ရန်လည်း ထည့်သွင်း ပေးထားသည်။ MPT မှ ဤ USSD Menu ကို ထပ်မံအဆင့်မြှင့်တင်မွမ်းမံကာ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို ပြုလုပ်ပေးသွားမည်ဖြစ်သည်။[:]

MPT မှ “ရှေ့သို့လှမ်းချီလင်းလက်စေမည်” အစီအစဉ်ဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်း ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ ဆိုလာမီးအိမ်များလှူဒါန်း

လူမှုအကျိုးအပြုအစီအစဉ်တစ်ခုအနေဖြင့် ပညာသင်ကြားရေး၌ အထောက်အကူပြုစေရန် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ် နှင့် ချင်းပြည်နယ်များ ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မီးအိမ်များ ပေးအပ်လှူဒါန်းခြင်း

ဟွေလော့ကျေးရွာ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ (၅) ရက် ဧပြီလ ၊ ၂၀၁၆ ခုနှစ် – မြန်မာနိုင်ငံ၏ ဦးဆောင် ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများသို့ ဆိုလာမီးအိမ် (၇၉) လုံးအား ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို လာရှိုးမြို့နယ်၊ ဟွေလော့ ကျေးရွာရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၌ ကျင်းပ ပြုလုပ်ခဲ့ ပါသည်။

“ရှေ့သို့လှမ်းချီ လင်းလက်စေမည်” ဟူသော ဆောင်ပုဒ်ဖြင့် တစ်နို်င်ငံလုံးအတိုင်းအတာဖြင့် လှူဒါန်းရန် လုပ်ဆောင်ချက်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဆိုလာမီးအိမ်ပေါင်း ၂၃၉ လုံးကို ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကယား ပြည်နယ်၊ ကချင်ပြည်နယ် နှင့် ချင်းပြည်နယ် တို့ရှိ လျှပ်စစ်မီးမရရှိသေးသော ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးကိုမြှင့်တင်ပေးနိုင်စေရန်ရည်ရွယ်၍ လှူဒါန်းတပ်ဆင် ပေးမည် ဖြစ်ပါသည်။

ဟွေလော့ ကျေးရွာမှ ဆရာတော် အရှင်သာသနာ့မှလည်း ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားရေးနှင့် သင်ယူမှုအဆင့်မြှင့်တင်ရေးတွင် တစ်ဖက်တစ်လှမ်းမှနေပြီး ပါဝင်လှူဒါန်းမှုကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် အသိအမှတ်ပြုခဲ့ပါသည်။ “ဒီအနားကနယ်တွေမှာရှိတဲ့ ကျောင်းတွေမှာ လျှပ်စစ်မီးအစရှိတဲ့ အခြေခံလိုအပ်ချက်တွေရှိနေပြီး ရာသီဥတုဆိုးရွားချိန်နဲ့ ညနေပိုင်းအလင်းရောင် အားနည်းချိန်တွေမှာ အလင်းရောင်မရှိတဲ့အတွက် အခက်အခဲတွေဖြစ်နေရပါတယ်။ အခုလို ဆိုလာမီးအိမ်များ ရရှိတဲ့အတွက် အခက်အခဲရှိတဲ့ ကျောင်းများမှာ ကျောင်းသားတွေကို အလင်းရောင် ပိုမိုကောင်းမွန်အောင် ပေးစွမ်းနိုင်ပြီဖြစ်ပြီး စိတ်ချရတဲ့ လျှပ်စစ်မီးများကိုု ကျောင်းသား၊ ကျောင်းသူများကို ဖြည့်ဆည်းနိုင်ပြီး ပညာသင်ကြားရေးအတွက် စာများကို ကောင်းစွာလေ့လာကျက်မှတ်သွားနိုင်မှာ ဖြစ်ပါတယ်” ဟု ဆရာတော်မှ မိန့်ကြားခဲ့ပါသည်။

MPTမှလည်းဆက်လက်ပြီးမြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့အခြားသောဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကိုလည်း ဆိုလာမီးအိမ်များ ထပ်မံပေးပို့လှူဒါန်းရန် အရှိန်အဟုန်နဲ့ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ ဆရာတော်တို့ကလည်း ကျောင်းသား၊ ကျောင်းသူများရဲ့ ပညာရေးသင်ယူမှုအဆင့်မြှင့်တင်ရေးမှာ တစ်ဖက် တစ်လှမ်းကနေပြီး ပါဝင်လှူဒါန်းမှုကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် အသိအမှတ်ပြုပါတယ်” ဟု မိန့်ကြားခဲ့ ပါသည်။

ယခုလှူဒါန်းမှုမှာ လွန်ခဲ့သည့် ဖေဖော်ဝါရီလနှင့် မတ်လအစောပိုင်းက ပြုလုပ်ခဲ့သည့် လှူဒါန်းမှုများ ဖြစ်သော မန္တလေး၊ စစ်ကိုင်း၊ မကွေးနှင့် ရန်ကုန် တိုင်းတို့တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မီးအိမ် ပေါင်း ၈၀၀ ကျော်ကို လှူဒါန်းမှုများအပြီးတွင်ထပ်မံ လှူဒါန်းမှုဖြစ်ပါသည်။

MPT အနေဖြင့် ယခုနှစ်အတွင်း “ရှေ့သို့လှမ်းချီလင်းလက်စေမည်” လုပ်ငန်းစဉ်ဖြင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာမီးအိမ် အလုံးရေပေါင်း (၂၀၀၀)ကို ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး ပညာရေးအတွက် လိုအပ်နေသော ကျောင်းသား၊ ကျောင်းသူပေါင်း(၅၈,၀၀၀)ခန့်ကို အကူအညီ အထောက်အပံ့ပေးကာ မြန်မာနိုင်ငံရှိ ကျောင်းပေါင်း (၆၃၂) ကျောင်းများရှိ စာသင်ခန်းများကို ပိုမိုလင်းလက်စေရန်အတွက် ပေးပို့လှူဒါန်းသွားမည် ဖြစ်ပါသည်။ ယခုဆိုလာမီးအိမ် များကို ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ပြီး ပေးပို့လှူဒါန်းနိုင်ရခြင်းမှာ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပခဲ့သော MPT၏ နံပတ်အလှများ လေလံတင်ရောင်းချပွဲမှတစ်ဆင့် ကျပ်ငွေပေါင်း (၂၉၂.၇) သန်းကို MPTကို အသုံးပြုသူ ပြည်သူများထံမှတစ်ဆင့် ရယူနိုင်ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။

နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မီးအိမ် များမှာ Panasonic အမျိုးအစားဖြစ်သော “Enelop Solar Storage” များဖြစ်ကြပါသည်။ ဤနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မီးအိမ်များမှာ လွယ်ကူစွာ သုံးစွဲနိုင်သော ပစ္စည်းများဖြစ်ပြီး နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ပြားနှင့် ဘထ္ထရီများပါဝင်ကာ နေ့ပိုင်းတွင် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်စွမ်းအင်မှတစ်ဆင့် အားဖြည့်သွင်းနိုင်ပြီး ထိုစွမ်းအင်ဖြင့် LED မီးလုံးနှစ်လုံးကို ည သို့မဟုတ် အလင်းရောင်းမရှိသော အချိန်များတွင် သုံးစွဲနိုင်ပါသည်။ သုံးစွဲမှုအတိုင်းအတာပေါ်မူတည်ပြီး ၆ နာရီခန့်အားသွင်းရုံဖြင့် ၂၄ နာရီခန့် သုံးစွဲနိုင်ပါသည်။ ထိန်းသိမ်းစရိတ်လုံးဝမရှိဘဲ လည်ပတ်ရန် အတွက်လည်း ငွေကုန်ကျမှု ရှိမည်မဟုတ်ပါ။ ထို့ပြင် ဤမီးအိမ်များဖြင့် ညအခါ အလင်းရောင် ကောင်းစွာရရှိနိုင်ပြီး USB ကြိုးမှ တစ်ဆင့် မိုလ်ဘိုင်းဖုန်းများကိုလည်း အားဖြည့်သွင်းနိုင်ခြင်းဖြင့် ဒေသခံအချင်းချင်း ဆက်သွယ်ရေးများ ပိုမိုကောင်းမွန်လာစေနိုင်မည့် အစီအစဉ်လည်းဖြစ်သည်။

မြန်မာဆက်သွယ်ရေးလုပ်ငန်း ၏ လူမှုကူညီရေးအထောက်အပံ့ လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို လေ့လာလိုပါက https://www.mpt.com.mm/en/whats-new/csr-activities/တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။

MPT မှ သုံးစွဲသူ ၁၉သန်းကျော်အတွက် သင်္ကြန်အထူးအပိုထပ်ဆောင်းငွေများ ပေးအပ်ပြီး သင်္ကြန်ပွဲတော်ကိုဆင်နွှဲ

[:en](ရန်ကုန်၊ မြန်မာ၊ ၂၀၁၆ ဧပြီ ၀၁) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် ၄င်းဝန်ဆောင်မှု အစဉ်အမြဲအားပေးခဲ့သည့် MPT အသုံးပြုသူများအား ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် သင်္ကြန်အချိန်အခါကို ပိုမိုပျော်ရွှင်စွာ ဖြတ်သန်းနိုင်ရန် ဧပြီ ၂ရက်မှ စတင်၍ ငါးရက်တာကြာမြင့်မည့် အပိုထပ်ဆောင်းငွေဖြည့်ကတ် ပေးအပ်သည့် သင်္ကြန်အထူးအစီအစဉ်ကို မိတ်ဆက်လိုက်သည်။

အဆိုပါ အထူးအစီအစဉ်အရ ၁ဝဝရာခိုင်နှုန်းအထိရရှိနိုင်သော အပိုထပ်ဆောင်းငွေဖြည့်ကတ်ကို MPT GSM, WCDMA နှင့် CDMA အသုံးပြုသူအားလုံး ရရှိမည်ဖြစ်သည်။ MPT အသုံးပြုသူများမှ အပိုထပ်ဆောင်းငွေဖြည့်ကတ်အစီအစဉ်ဖြင့် သင်္ကြန်ကာလအတွင်း မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုများနှင့် ပိုမိုပြောဆိုဆက်သွယ်နို်င်မည်ဖြစ်ရန် MPT သည် အကျယ်ပြန့်ဆုံး 3Gကွန်ရက်ဖြင့် နိုင်ငံလူဦးရေ၏ ၉၅ရာခိုင်နှုန်းကို လွှမ်းခြုံထားသည်။

အပိုထပ်ဆောင်းငွေဖြည့်ကတ်အထူးအစီအစဉ်သည် အသုံးပြုသူမှ ငွေဖြည့်ကတ် ထည့်သည့်ပမာဏာပေါ်မူတည်ပြီး အပိုထပ်ဆောင်းငွေပမာဏကို ရရှိမည်ဖြစ်သည်။ သင်္ကြန်ကာလအတွင်း လက်ကျန်ငွေပမာဏ များများရှိပြီး ဆက်သွယ်မှုအဆင်ပြေစေရန် အသုံးပြုသူများမှ ငွေဖြည့်ကတ်ကို အထူးအစီအစဉ်ကာလစတင်သည့် ဧပြီ ၂ရက်နေ့ မှ ဧပြီ ၆ရက်နေ့ အထိ အချိန်မရွေး ငွေဖြည့်နိုင်သည်။

mpt_pr_text

 

အပိုထပ်ဆောင်းငွေကို အထူးအစီအစဉ်ကာလအဖြစ် သတ်မှတ်ထားသည့် ဧပြီလ ၁၈ရက်အထိအသုံးပြုနိုင်ပြီး ထိုအပိုထပ်ဆောင်းငွေကို MPTဖုန်း အချင်းချင်း ဖုန်းခေါ်ဆိုခြင်း၊ စာတိုများပေးပို့ခြင်းနှင့် ဒေတာအသုံးပြုမှုတို့တွင် အသုံးပြုနိုင်သည်။ အသုံးပြုသူများမှ ငွေဖြည့်ကတ်ကို ပုံမှန်ငွေဖြည့်နိုင်သည့် ညွှန်ကြားချက်အတိုင်း ငွေဖြည့်ခြင်း၊ etop-up၊ bank top-up, Myanmar MM နှင့် *123* ငွေလွှဲပေးပို့သည့်နည်းလမ်းများ ဖြင့်ပါ ငွေဖြည့်နိုင်သည်။

“ယခုလို ပျော်ရွှင်စရာကောင်းလှတဲ့ သင်္ကြန်ပွဲတော်ကာလမှာ သင်္ကြန်အထူးအပိုထပ်ဆောင်းအစီအစဉ်ကို ပြုလုပ်ပေးရတဲ့အကြောင်းကတော့ ၁၉သန်းကျော်သော MPT သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ သင်္ကြန်တွင်းမှာ မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုတွေနဲ့ အဆက်အသွယ် ပိုမိုပြုလုပ်သွားနိုင်စေဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် MPT ရဲ့ အကျယ်ပြန့်ဆုံး 3Gကွန်ရက်ကို ဆက်လက်တိုးချဲ့သွားမှာဖြစ်ပြီး “ရှေ့သို့လှမ်းချီ မြန်မာပြည်” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း MPT အသုံးပြုုသူများအတွက် ထူးခြားတဲ့ ဝန်ဆောင်မှုတွေ၊ စိတ်ဝင်စားစရာကောင်းတဲ့ အထူးအစီအစဉ်တွ၊ ကုန်ကျစရိတ်ပိုမိုသက်သာစေမည့် အစီအစဉ်တွေကို နောင်နှစ်များမှာလဲ ဆက်လက်လုပ်ဆောင်ပေးမည်ဖြစ်ပါတယ်။ ယခုမြန်မာနှစ်သစ်ကူး အချိန်အခါသမယမှာ “နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ” လို့ ဆုတောင်းရင်း ပိုမိုဆန်းသစ်တဲ့ အထူးအစီအစဉ်တွေကိုလည်း ဆက်လက်ပံ့ပိုးပေးသွားပါ့မယ်” ဟု MPT-KSGM (KDDI Summit Global Myanmar Co. Ltd.) Joint Operations ၏ CEO Mr. Takashi Nagashima ကပြောသည်။[:]

MPT မှ ဖုုန်းကြိုတင်ငွေယူသုုံးဝန်ဆောင်မှုကိုု စတင်

[:en](ရန်ကုန်၊ မတ်လ ၂၈ ရက်၊ ၂၀၁၆ ခုနှစ်) မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာတစ်ဦးဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ ဖုုန်းလက်ကျန်ငွေလျော့နည်းနေသော သုုံးစွဲသူများလည်း လွယ်ကူအဆင်ပြေစွာ ဆက်သွယ်နိုင်ရန်အတွက် “ယူထား”ဟုုခေါ်သော ဖုန်းကြိုတင်ငွေယူသုုံးဝန်ဆောင်မှုကိုု မတ်လ ၂၈ တွင် စတင်လိုက် ကြောင်း ကြေညာလိုုက်သည်။ ဤဝန်ဆောင်မှုဖြင့် ဖုုန်းလက်ကျန်ငွေလျော့နည်းနေသော သုုံးစွဲသူများသည် MPT ထံမှ ကျပ် ၈၀၀ အထိ ငွေကြိုတင်ယူသုုံးနိုင်မည်ဖြစ်သည်။

သုုံးစွဲသူတစ်ဦး၏ လက်ကျန်ငွေ ကျပ် ၂၀၀ အောက်လျော့နည်းသွားချိန်တွင် USSD code *800#[Send] ကိုုခေါ်ဆိုုလိုုက်ရုုံသာဖြစ်၍ အသုုံးပြုပုုံမှာလွယ်ကူသည်။ ကြိုတင်ယူသုုံးထားသော လက်ကျန်ငွေများကိုု ရက် ၃၀ အတွင်း အသုုံးပြုနိုုင်မည်ဖြစ်ပြီး သုုံးစွဲသူအချင်းချင်း လက်ကျန်ငွေလွှဲပြောင်းခြင်းမှလွဲ၍ အခြားသောဝန်ဆောင်မှုအားလုုံးကိုု ယခုုကြိုတင်ယူသုုံးထားသော ပမာဏဖြင့် သုုံးစွဲနိုင်မည်ဖြစ်သည်။ ဝန်ဆောင်ခအတွက် သုုံးစွဲသူမှ ကျပ် ၅၀ ပေးဆောင်ရပြီး ထို ၅၀ ကျပ်ကိုု နောက်တစ်ကြိမ် လက်ကျန်ငွေဖြည့်သည့်အချိန် သိုု့မဟုုတ် ကျပ် ၈၅၀ နှင့်အထက် လက်ကျန်ငွေလွှဲ ပြောင်းခြင်းကိုု လက်ခံရသည့်အချိန်တွင် ဖြတ်တောက်သွားမည်ဖြစ်သည်။

MPT-KSGM Joint Operation မှ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က “၂၀၁၆ ခုုနှစ်အတွက် အဓိကဦးစားပေးကတော့ သုုံးစွဲသူမိဘပြည်သူတိုုင်းအတွက် ဝန်ဆောင်မှုအားလုုံးကိုု မြှင့်တင်ပေးဖိုု့ပါ၊ ဒါကြောင့်လည်း သူငယ်ချင်းအချင်းချင်း မိသားစုုချင်း လက်ကျန်ငွေလွှဲလုုိ့ရနိုုင်အောင် ဝန်ဆောင်မှုတစ်ခုုကိုု စတင်ပေးခဲ့ပြီးပါပြီ၊ အခုုလည်း လက်ကျန်ငွေကြိုတင်သုုံး ဝန်ဆောင်မှုကိုုစတင်ရင်း သုုံးစွဲသူတွေက MPT ဆီကနေ လက်ကျန်ငွေတိုုက်ရိုုက် ချေးယူနိုုင် အောင် ပြုလုုပ်ပေးခဲ့တာပါ၊ ဒီဝန်ဆောင်မှုက ငွေဖြည့်ကတ် ဘယ်လိုုမှဝယ်လုုိ့မရတာမျိုး ဒါမှမဟုုတ် ကိုုယ့်မှာ ဝယ်ဖိုု့အတွက် ငွေရေးကြေးရေး အဆင်မပြေသေးတာမျိုးလိုု အရေးပေါ်အခြေအနေတွေမှာ အသုုံးပြုရ လွယ်ကူအဆင်ပြေအောင် လုုပ်ပေးထားတာပါ၊ ဒီဝန်ဆောင်မှုက ကျွန်တော်တုုိ့ MPT ကိုုသုုံးစွဲနေတဲ့ ဝင်ငွေနည်းတဲ့ အသုုံးပြုသူတွေအတွက် အထောက်အကူဖြစ်မယ်လုု့ိယုုံကြည်ပါတယ်” ဟုု ပြောသည်။


MPT ၏ ကြိုတင်ငွေယူသုုံးဝန်ဆောင်မှုအတွက် စည်းမျဉ်းစည်းကမ်းများ

  • MPT ၏ ကြိုတင်ငွေဖြည့်ကတ်သုုံး GSM/WCDMA သုုံးစွဲသူများသာ ဤဝန်ဆောင်မှုကိုု သုုံးစွဲနိုုင်မည်။
  • ၆လအတွင်းအနည်းဆုံး၁ကြိမ်ငွေဖြည့်ပြီးMPT အသုုံးပြုသူများသာ ဤဝန်ဆောင်မှုကိုု အသုုံးပြုနိုုင်မည်။

သုုံးစွဲသူများက မိမိလက်ကျန်ငွေကိုု စိုုးရိမ်ရန်မလိုုဘဲ MPT ဝန်ဆောင်မှုများကိုု သုုံးစွဲနိုုင်ရန်အတွက် ကြိုတင်ငွေယူသုုံး ဝန်ဆောင်မှုအပြင် “ဖုန်းဘီလ်လွှဲပြောင်းခြင်း” နှင့် ”Call Me Back” ဝန်ဆောင်မှုများကိုုလည်း စတင်ထား ခဲ့ပြီးဖြစ်သည်။ ဖုန်းဘီလ်လွှဲပြောင်းခြင်းဝန်ဆောင်မှုသည် MPT ၏ ကြိုတင်ငွေဖြည့်ကတ်စနစ်သုုံးစွဲသူတိုုင်း မိမိတိုု့ လက်ကျန်ငွေထဲမှ အခြားဖုုန်းနံပါတ်သုုိ့ တစ်ခါလွှဲလျှင် အနည်းဆုုံး ၃၀၀ ကျပ်မှ အများဆုုံး ၁၀၀၀၀ ကျပ်အထိ လွှဲပြောင်းပေးနိုုင်သည့် ဝန်ဆောင်မှုဖြစ်သည်။ Call Me Back ဝန်ဆောင်မှုသည် မိမိ၏ လက်ကျန်ငွေ လျော့နည်းချိန်တွင် ကြိုတင်ငွေဖြည့်ကတ်စနစ်သုုံးသူ တစ်ဦးမှ အခြား MPT သုုံးစွဲသူထံသို့ အခမဲ့ စာတိုုပေးပိုု့ကာ ပြန်လည်ဖုုန်းခေါ်ဆိုုရန် အကြောင်းကြားပေးနိုုင်သည့် ဝန်ဆောင်မှုဖြစ်သည်။ ထိုု့ကြောင့် MPT သုုံးစွဲသူများသည် valued added service များဖြစ် သည့် “ကြိုတင်ငွေယူသုုံးဝန်ဆောင်မှု”၊ “ဖုန်းဘီလ်လွှဲပြောင်းခြင်းဝန်ဆောင်မှု” နှင့် “Call Me Back” ဝန်ဆောင်မှုများကိုု အသုုံးပြုကာ အဆင်ပြေလွယ်ကူစွာ ဆက်သွယ်စကားပြောဆိုုနိုုင်ကြမည်ဖြစ်သည်။[:]