ကျိုက်ထို မလှုိင်နှင့် ညောင်လေးပင်အိတ်ချိန်းရှိ အော်တိုတယ်လီဖုန်းနံပါတ်များအားခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲမည်

Yangon, Myanmar 25th October, 2016 – Myanma Posts and Telecommunications (MPT), announced today that existing auto telephone numbers need to be altered in order to deliver better services to customers at the following upgraded exchanges: Kyeik Hto Exchange in Mon State, Mahlaing Exchange in Mandalay Region and Nyaung Lay Pin Exchange in Bago Region.

The numbers will be changed as follows:

AreaExisting auto telephone numberNew auto telephone numberDate
Kyeik Hto Exchange

(Kyeik Hto Tsp, Mon State)

057-60xxx057-889-6xxxNovember 30, 2016
Mahlaing Exchange
(Mahlaing Tsp, Mandalay Region)
064-60xxx064-289-0xxxNovember 30, 2016
Nyaung Lay Pin Exchange

(Nyaung Lay Pin Tsp, Bago Region)

052-50xxx052-674-3xxxNovember 30, 2016

During the transitional period, MPT will provide a call forwarding service free of charge for its customers’ convenience for their incoming calls until the end of June 2017.

အလုပ်အကိုင်အခွင့်အလမ်းများ (၁၀၀) ကျော်ပါ၀င်သော MPT အလုပ်အကိုင်ပြပွဲ၂၀၁၆

လျင်မြန်စွာတိုးတက်ဖြစ်ပေါ်လျက်ရှိသော စိတ်လှုပ်ရှားဖွယ် ဆက်သွယ်ရေးလောကတွင် လုပ်ကိုင်ရန်စိတ်ပါ၀င်စားပြီး အရည်အချင်းပြည့်မီသူများကို
MPT ၏ အလုပ်အကိုင်ပြပွဲမှတဆင့် ခေါ်ယူသွားမည်ဖြစ်ပါသည်။

(ရန်ကုန်၊ မြန်မာ၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၇) – MPT သည် လုပ်ငန်းနယ်ပယ် တိုးချဲ့လျက်ရှိရာ တိုးပွားလာသောဌာနများအတွက် အရည်အချင်းရှိသောဝန်ထမ်းများကို ရှာဖွေလျက်ရှိသည်။ သို့ဖြစ်ရာ MPT သည် အလုပ်အကိုင်ပြပွဲကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ နှင့် ၃၀ ရက်နေ့များတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အဆိုပါလစ်လပ်ရာထူးနေရာများအတွက် ခေါ်ယူသွားမည်ဖြစ်သည်။

ယခုနှစ်အစောပိုင်းကပင် MPT အနေဖြင့် အလုပ်အကိုင်ပြပွဲများကို နိုင်ငံတစ်ဝှမ်းတွင် လှည့်လည်ကာ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ယခုလည်း အလုပ်အကိုင်ရှာဖွေနေသူများအတွက် အလုပ်အကိုင် အခွင့်အလမ်း ကောင်းများကို ထပ်မံဖန်တီးပေးကာ တစ်ဖက်မှလည်း ပြည်သူလူထုနှင့် MPT သုံးစွဲသူများအတွက် အရည် အသွေးမြင့်ဝန်ဆောင်မှုများကို ဆက်လက်ပေးစွမ်းနိုင်ရန် ဆောင်ရွက်နေပါသည်။

MPT ၏ ဌာနများတွင်  အလုပ်နေရာ ၁၀၀ ကျော် လစ်လပ်လျက်ရှိရာ အလုပ်အကိုင်ရှာဖွေနေသူများအတွက် မြန်မာနိုင်ငံ၏ နံပါတ် ၁ တယ်လီကွန်းအော်ပရေတာ ဖြစ်သည့်လုပ်ငန်းကြီး၏ စိတ်လှုပ်ရှားဖွယ် နေရာကောင်းများတွင် ၀င်ရောက်လုပ်ကိုင်ကာ မိမိတို့၏အရည်အချင်းများကို ဖော်ထုတ်နို်င်မည့် အခွင့်အရေးတစ်ခုဖြစ်ပါသည်။ အဆိုပါအလုပ်အကိုင်ပြပွဲမှတစ်ဆင့် MPT သည် အရောင်းနှင့်ဖြန့်ချိေရေးဌာန၊ စျေးကွက်ရှာဖွေရေးဌာန၊ သတင်းအချက်အလက်နည်းပညာဌာနနှင့် လုပ်ငန်းလည်ပတ်မှုဌာန အစရှိသည်တို့အတွက် မန်နေဂျာအဆင့်၊ အကြီးတန်းနှင့် အခြားသောအဆင့်များအတွက် ၀န်ထမ်းများကို အသီးသီးခေါ်ယူသွားမည် ဖြစ်သည်။ အဆိုပါနေရာများတွင် လုပ်ကိုင်ရန် အရည်အချင်းပြည့်မီသူများအနေဖြင့် မိမိတို့၏ ပြီးပြည့်စုံသော ကိုယ်ရေးအကျဉ်းနှင့်အတူ MPT အလုပ်အကိုင်ပြပွဲသို့ လာရောက်လျှောက်ထားနိုင် ကြပါရန် MPT မှ ဖိတ်ခေါ်လိုက်ပါသည်။

အသေးစိတ်အချက်အလက်များကို MPT ၏ တရားဝင်ဝက်ဘ်ဆိုဒ် https://www.mpt.com.mm နှင့် http://www.myjobs.com.mm တို ့တွင် ၀င်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

MPT-KSGM Joint Operation ၏ Chief Operating Officer ဖြစ်သူ Mr. Yoshiaki Benino က “MPT ရဲ့ လုပ်ငန်းဌာနအသီးသီးမှာ အရည်အချင်းရှိတဲ့သူတွေ လိုအပ်လျက်ရှိပါတယ်။ ခုလိုမျိုး မြန်မာနိုင်ငံသားတွေ အတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေကို ဖန်တီးပေးနိုင်ခဲ့လို့ ကျွန်တော်တို့ MPTက ဂုဏ်ယူ ၀မ်းမြောက်မိပါတယ်။ ဒါကြောင့် လာရောက်လျှောက်ထားလိုသူတွေ အနေနဲ့ အလုပ်အကိုင်ပြပွဲအတွက် အဆင်သင့်ဖြစ်နေပြီဆိုရင်တော့ အရောက်သာလှမ်းလာပြီး ကျွန်တော်တို့ထံမှာ မိမိတိို့ရဲ့ စွမ်းဆောင်ရည် တွေကို ပြသဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်ကတော့ လျှောက်ထားသူတွေနဲ့တွေ့ ဆုံဖို့ တကယ်ပဲ စိတ်လှုပ်ရှားနေပါပြီ။” ဟု ပြောကြားခဲ့ပါသည်။

အဆိုပါ MPT အလုပ်အကိုင်ပြပွဲကို ရန်ကုန်မြို့၊ အလံပြဘုရားလမ်းပေါ်ရှိ Park Royal Hotel ၌ အောက်တိုဘာလ ၂၉ ရက်နှင့် ၃၀ ရက်နေ့များတွင် မနက် ၉နာရီမှ ညနေ ၄ နာရီအထိ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

MPT မှ သုံးစွဲသူများအတွက် အွန်လိုင်းမှတစ်ဆင့် SIM ကတ်မှတ်ပုံတင်ခြင်းဝန်ဆောင်မှုစတင်

MPT ၏ Customer Self Care ဝက်ဆိုဒ်စာမျက်နှာတွင် သုံးစွဲသူများ၏ SIM ကတ်များကို လွယ်ကူစွာ မှတ်ပုံတင်နိုင်ပြီဖြစ်သည်။

(ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက်၊ ၂၀၁၆ ခုနှစ်) – MPT မှ သုံးစွဲသူ မိဘပြည်သူများ၏ SIM ကတ်များ အွန်လိုင်းတွင်မှတ်ပုံတင်နိုင်ရန်အတွက် အောက်တိုဘာလ ၁၈ ရက်နေ့မှစတင်ပြီး MPT ၏ Customer Self-Care ဝက်ဆိုက်ဒ်စာမျက်နှာတွင် မိုလ်ဘိုင်းဖုန်း သို့မဟုတ် ကွန်ပျုတာများအသုံးပြုပြီး မှတ်ပုံတင်နိုင်ပြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ မှတ်ပုံတင်ခြင်းဝန်ဆောင်မှုကို နိုင်ငံတစ်ဝှမ်းရှိ MPT အမှတ်တံဆိပ် ဆိုင်ခွဲများတွင် လည်းစတင်လုပ်ဆောင်ပေးနေပြီဖြစ်သည်။

မကြာမီရက်များအတွင်း MPT မှပေးပို့မည့် SMS ရရှိသော သုံးစွဲသူများသည် SMS ပါ link မှတစ်ဆင့် Customer Self-Care အွန်လိုင်းစာမျက်နှာတွင် မိုဘိုင်းဖုန်း သို့မဟုတ် ကွန်ပျူတာဖြင့် ပထမဦးစွာ အကောင့် Sign up လုပ်ရမှာဖြစ်ပြီး၊ ထိုမှတဆင့် log in ၀င်ကာ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို အွန်လိုင်းမှ ပြုလုပ်နိုင် မည်ဖြစ်သည်။ တစ်နည်းအားဖြင့် MPT Call Centre ၏ Customer Service ဖုန်းနံပါတ် 106 သို့ခေါ်ဆို၍လည်း အွန်လိုင်းမှတစ်ဆင့် SIM ကတ်မှတ်ပုံတင်နိုင်မည့် လိုအပ်သည့်အချက်များနှင့် နည်းလမ်းများ ကိုသိရှိနိုင်မည်ဖြစ်သည်။

MPT SIM ကတ်ဖုန်းနံပါတ် ဖြင့် Customer Self-Care တွင် စာမျက်နှာသို့ ဝင်ရောက်ပြီးချိန်တွင် အွန်လိုင်းမှတ်ပုံတင်ခြင်းစတင် ပြီးဖြစ်ကြောင်း အသိအမှတ်ပြုသည့် SMS ကိုပေးပို့သွားမည်ဖြစ်သည်။ MPT အသုံးပြုသူများ အနေဖြင့် မိမိတို့၏ ရှင်းလင်းပြတ်သားသော နိုင်ငံသားစိစစ်ရေးကဒ် သို့မဟုတ် နိုင်ငံခြားသား ဖြစ်ခဲ့ပါက နိုင်ငံကူးလက်မှတ် မိတ္တူ သို့မဟုတ် Scan ဖတ်ထားသည့််ပုံကို အဆင်သင့်ပြုလုပ်ထားရန် လိုအပ်သည်။ ထိုနောက်တွင် သုံးစွဲသူများ အနေဖြင့် အွန်လိုင်းစာမျက်နှာ တွင်မှတ်ပုံတင်ခြင်း ကိုအဆင့်ဆင့် ပြုလုပ်နိုင်ပြီ ဖြစ်သည်။

ထို့အပြင် MPT အမှတ်တံဆိပ်ဆိုင်များတွင် မှတ်ပုံတင်လိုသူများအတွက်လည်း နိုင်ငံသားစိစစ်ရေးကတ် (နိုင်ငံခြားသားများအတွက် နိုင်ငံကူးလက်မှတ်) ယူဆောင်လာရန်လိုအပ်ပြီး MPT အမှတ်တံဆိပ်ဆိုင်များရှိ ဖော်ရွေပျူငှာသော Customer Service အဖွဲ့မှ မှတ်ပုံတင်ရန်အတွက် လိုအပ်သော ပုံစံဖြည့်သွင်းခြင်းများနှင့် လုပ်ငန်းစဉ်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ အနီးဆုံးနေရာရှိ MPT အမှတ်တံဆိပ်ရှိ ဆိုင်များအား ရှာဖွေနိုင်ရန်အတွက် အောက်ဖော်ပြပါ ဝက်ဘ်ဆိုင်ဒ်လင်ခ့်များတွင် အသေးစိတ်ကြည့်ရှု လေ့လာ နိုင်ပါသည်။

www.mpt.com.mm/en/contact-us/where-to-find-us/ (အင်္ဂလိပ်ဘာသာဖြင့်)
https://www.mpt.com.mm/my/contact-us/where-to-find-us/ (မြန်မာဘာသာဖြင့်)

MPT သုံးစွဲသူများအနေဖြင့် မိမိတို့၏ SIM ကတ်များကို မှတ်ပုံတင်ထားခြင်းရှိမရှိကိုလည်း MPT ဝက်ဘ်ဆိုဒ်၏ Customer Self-Care စာမျက်နှာတွင် ဝင်ရောက်စစ်ဆေးနိုင်သည်။

SIM ကတ် များအား ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့နောက်ဆုံးထားပြီးမှတ်ပုံတင် ရန်အတွက် ဆက်သွယ်ရေး နှင့် ပို့ဆောင်ရေး ဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန က သြဂုတ်လတွင် ကြေညာ ထားခဲ့ပြီး ဖြစ်သည်။ SIM card မှတ်ပုံတင်ရခြင်းသည် မိမိတို့၏ SIM ကတ်များ ပျက်စီး ပျောက်ဆုံးခြင်းကို ဖြေရှင်းနိုင်ရန်၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် Mobile Money နှင့် ဘဏ်လုပ်ငန်းဆိုင်များ ကို ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။ ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာန၏ သတ်မှတ်ချက် အရ သတ်မှတ်ရက် မတိုင်မှီ မှတ်ပုံတင်ထားခြင်းမရှိသော SIM ကတ်များအား လာမည့်၂၀၁၇ ခုနှစ် မတ်လကုန်တွင် သုံးစွဲခြင်းအား ယာယီ ရပ်ဆိုင်းသွားမည် ဖြစ်သည်။

“သုံးစွဲသူများအတွက် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကိစ္စကို ကျွန်တော်တို့ဘက်က တတ်နိုင်သမျှ အလွယ်ကူ ချောအမွေ့ဆုံး ဖြစ်စေချင်ပါတယ်။ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း နည်းလမ်းတွေ ပိုမိုလိုအပ်တာကို ကျွန်တော်တို့ နားလည်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် သုံးစွဲသူတွေ ပိုမိုလွယ်ကူသက်သာစေဖို့အတွက် အွန်လိုင်းက တစ်ဆင့်မှတ်ပုံတင်ခြင်း ဝန်ဆောင်မှုကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်” ဟု MPT-KSGM Joint Operation မှ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase ကပြောကြားခဲ့ပါသည်။

Samsung Galaxy Note 4 နှင့် MPT တို့၏ အထူးရောင်းချမှုအစီအစဉ်

Samsung Galaxy Note 4 တစ်လုံးဝယ်ယူတိုင်း လက်ဆောင်အနေနှင့် အင်တာနက်အသင့်ချိတ်ဆက်ထားသည့် MPT SIM ကတ်တစ်ကတ်နှင့် ဘောနပ်စ်ငွေ ၁၀၀၀၀ ကျပ်တိတိကို အပိုဆောင်းရရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။

ယခုအစီအစဉ်ကို အောက်တိုဘာလ ၂၆ ရက် (တနင်္ဂနွေနေ့) တွင် ရန်ကုန်မြို့ရှိ UMFCCI ၊ Level-2 ၊ Main Hall နှင့် မန္တလေးမြို့ရှိ Skywalk Shopping Centre (Promotion Area) တို့တွင် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ တစ်ပြိုင်နက်ရောင်းချပေးသွားမှာဖြစ်ပြီး အောက်တိုဘာလ ၂၇ ရက်နေ့မှစပြီး Samsung branded ဆိုင်များအားလုံးတွင်လည်း လက်ဆောင်အစီအစဉ် များနှင့်တကွ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။

အသေးစိတ်သိရှိလိုပါက Samsung Customer Contact centre ၏ ဖုန်းနံပါတ် 01-2399 888 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

MPT မှ 4G ဝန်ဆောင်မှုကို သတ်မှတ်ထားသောနေရာများတွင် စတင်အသုံးပြုနိုင်ပြီ

လာမည့်နှစ်တွင် MPT မှ တရားဝင်မိတ်ဆက်သွားမည့် 4G ၀န်ဆောင်မှုမတိုင်မီ မြန်နှုန်းမြင့် 4G အင်တာနက်ကို သတ်မှတ်ထားသောနေရာများတွင် စတင်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း MPT မှ မိတ်ဆက်။

(ရန်ကုန်၊ အောက်တိုဘာလ ၁၄ ရက်၊ ၂၀၁၆ ခုနှစ်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT ၏ မြန်နှုန်းမြင့် 4G ၀န်ဆောင်မှုကို သတ်မှတ်ထားနေရာများတွင် ယနေ့မှစ၍ အသုံးပြုနိုင်ပြီဖြစ်ကြောင်းနှင့် ၂၀၁၇ ခုနှစ် အစောပိုင်းတွင် အော်ပရေတာများအတွက် အသင့်တော်ဆုံး ဖြစ်သည့် Spectrum လှိုင်းနှုန်းစဉ်ကို အစိုးရမှ ခွင့်ပြုချက် ချပေးချိန်တွင် MPT အနေဖြင့် 4G ဝန်ဆောင်မှုအတွက် အသုံးပြုသွားရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်လိုက်သည်။
ရန်ကုန်မြို့လယ်ရှိ MPT ၏ ဆူူးလေ Branded Store တွင် MPT မှ လက်ရှိ 2.1GHz Spectrum လှိုင်းစဉ်ဖြင့်ပင် မြန်ဆန်ကောင်းမွန်လှသည့် 4G ၀န်ဆောင်မှုကို မိတ်ဆက်ခဲ့ခြင်းနှင့်အတူ ယခုအချိန်မှစ၍ အဆိုပါ Sule Branded Store နှင့် ရန်ကုန်မြို့၏ သတ်မှတ်ထားသောနေရာများတွင် MPT သုံးစွဲသူများအနေဖြင့့် မြန်ဆန်သော အင်တာနက်လုပ်ဆောင်ချက်များကို အပြည့်အဝ အသုံးပြုနိုင်မည်ဖြစ်သည့်အပြင် Data အသုံးပြုခများကိုလည်း လက်ရှိနှုန်းထားဖြင့်ပင် ဆက်လက်ကောက်ခံသွားမည် ဖြစ်သည်။
MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က 4G ၀န်ဆောင်မှုမိတ်ဆက်ခြင်းနှင့် စပ်လျဉ်း၍ “အစိုးရက ၂၀၁၇ မှာ 1.8GHz ရှိတဲ့ Spectrum လှိုင်းနှုန်းစဉ်ကို ထုတ်ပြန်လိုက်ပြီဆိုတာနဲ့တစ်ပြိုင်နက် အဲဒီလှိုင်းနှုန်းစဉ်ကိုအသုံးပြုပြီးတော့ ကြီးမားကျယ်ပြန့်တဲ့ 4G ကွန်ရက်ကို တည်ဆောက်သွားဖို့ အရင်ကတည်းက ကျွန်တော်တို့စောင့်ကြိုနေခဲ့တာပါ။ 4G ၀န်ဆောင်မှုကို အကြိုမိတ်ဆက်တဲ့အနေနဲ့ ကျွန်တော်တို့ရဲ့သုံးစွဲသူတွေအတွက် သတ်မှတ်ထားသောနေရာများမှာ လက်ရှိ Spectrum နဲ့ပဲ မြန်နှုန်းမြင့်အင်တာနက်ဝန်ဆောင်မှုတွေကို စတင်သုံးစွဲလို့ရအောင် လုပ်ဆောင်ပေး နိုင်ခဲ့ပါတယ်။ ပြီးတော့ MPT ဟာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ နည်းပညာအားဖြင့် အဆင်သင့် ဖြစ်နေပြီဆိုတာကိုလည်း လက်တွေ့ပြသနိုင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
“1.8GHz ဟာ အင်မတန်မှကောင်းမွန်တဲ့ 4G ၀န်ဆောင်မှုဖြစ်တဲ့အတွက် MPT သုံးစွဲသူများ ပိုမိုမြန်ဆန်တဲ့ကွန်ရက်ကို အသုံးပြုနိုင်မယ့် အခွင့်အလမ်းကောင်း တစ်ခုပဲ ဖြစ်ပါတယ်။ 1.8GHz ကို အသုံးပြုပြီးတော့ မြန်ဆန်ကောင်းမွန်တဲ့ အမြန်နှုန်းဖြင့် အဆောက်အဦထဲမှာတင်ပဲ တည်ငြိမ်တဲ့ ကွန်ရက်ပေါ်ကနေ အကျယ်ပြန့်ဆုံး ပေးစွမ်းသွားနိုင်တော့မှာပါ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
MPT-KSGM သည် ဂျပန်မှရင်းနှီးမြှုပ်နှံသူများနှင့် အကျိူးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မြန်မာကုမ္ပဏီ တစ်ခု ဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr. Tateshi Higuchi ကိုယ်တိုင် အဆိုပါ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့ပြီး MPT ၏ 4G ၀န်ဆောင်မှု မိတ်ဆက်နိုင်ခဲ့ခြင်းအပေါ်ချီးကျူး ထောပနာပြုခဲ့သည်။
သုံးစွဲသူများအနေဖြင့် MPT အမှတ်တံဆိပ် ဆိုင်များဖြစ်ကြသည့် ဆူးလေ Branded Store တွင်သာမက ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာများဖြစ်ကြသည့် Junction Maw Tin၊ Junction Square နှင့် Taw Win Centre ၊ နေပြည်တော်ရှိ စျေးဝယ်စင်တာများဖြစ်ကြသည့် Junction Center နှင့် Capital Hyper Market တို့တွင် 4G ဝန်ဆောင်မှုကို အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တွင်လည်း 4G ၀န်ဆောင်မှုကို ရရှိနိုင်မည်ဖြစ်သည်။
ဖော်ပြပါနေရာများတွင်ရှိသည့် 4G ဝန်ဆောင်မှုကို အသုံပြုနိုင်ရန်အတွက် ဆွေသဟာအစီအစဉ်ကို ရယူထား ရမည်ဖြစ်ကာ 4G အသုံးပြုနိုင်သည့်လက်ကိုင်ဖုန်းနှင့် ဆင်းကတ်လည်း ရှိရမည်ဖြစ်ပါသည်။ 4G အသုံးပြု၍ မရသည့် ယခင်ဆင်းကတ်များကို ကိုင်ဆောင်ထားသူများအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ MPT Branded Store ဆိုင်များတွင် လက်ရှိနံပါတ်အတိုင်း အခမဲ့လဲလှယ် ရရှိနိုင်မည်ဖြစ်ပါသည်။

MPT ဖုန်းအသုံးပြုသူများအတွက် Access Point Name (APN) နေရာကို အလိုအလျောက်ချိန်ညှိပေးမည့်ဝန်ဆောင်မှုစတင်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေနှင့် တန်ဖိုးထားရသည့် သုံးစွဲသူ မိဘပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးနိုင်ရန် အမြဲလုပ်ဆောင်လျက်ရှိပါသည်။

သို ့ဖြစ်ပါ၍ MPT GSM/WCDMA ဖုန်းအသုံးပြုသူများအနေနှင့် အင်တာနက်ဝန်ဆောင်မှုများအသုံးပြုရာတွင် ပိုမိုအဆင်ပြေချောမွေ ့စေရန်အတွက် Auto APN Correction Service ကိုမိတ်ဆက်ပေးလိုက်ပါသည်။ ယင်းဝန်ဆောင်မှုအသစ်ကြောင့် MPT GSM/WCDMA ဖုန်း အသုံးပြုသူများသည် Mobile Network Setting ၏ Access Point Name (APN) နေရာကို ချိန်ညှိရန်မလိုပဲ MPT SIM Card ကို SIM Slot-1 (သို့မဟုတ်) အင်တာနက်အသုံးပြုနိုင်သော SIM Slot ထဲသို့ထည့်သွင်းရုံဖြင့် အခက်အခဲမရှိပဲ MPT အင်တာနက်ဝန်ဆောင်မှုကို အလိုအလျောက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။

စက်တင်ဘာလ (၆) ရက်နေ့တွင် စနစ်ပိုင်းဆိုင်ရာ စစ်ဆေးမှုပြုလုပ်မည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)အနေနဲ့ တန်ဖိုးထားရတဲ့ သုံးစွဲသူ မိဘပြည်သူတွေကို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက် ကွန်ရက်တွေကို အဆင့်မြှင့်တင်ခြင်းနဲ့ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်နေပါတယ်။ စက်တင်ဘာလ ၆ ရက်နေ့ ရဲ့ အစောပိုင်း အချိန်တွေမှာ စနစ် အချို့ကို ပြန်လည် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှာ ဖြစ်တာကြောင့် အဲဒီနေ့ နံနက် ၁၂ (၀၀:၀၀) နာရီ က နံနက် ၇ (၀၇:၀၀)နာရီ အချိန်အတွင်း အင်တာနက်အသုံးပြုခြင်း၊ ဖုန်းခေါ်ဆိုခြင်း နှင့် SMS ပို့ခြင်း များကို ပုံမှန်အတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပေမယ့် အချို့လုပ်ဆောင်ချက်တွေကို အသုံးပြုရာမှာတော့ အခက်အခဲအနည်းငယ် ရှိနိုင်မှာဖြစ်ပါတယ်။ သုံးစွဲသူတွေ အနေနဲ့ နားလည်ပေးဖို့ မေတ္တာရပ်ခံလိုပြီး စိတ်ရှည်သည်းခံမှုအတွက်လည်း MPT က ကျေးဇူးတင်ရှိပါတယ်။

Fixed Line FAQ mm

Fixed Line

Auto Phone တွင် Fax အသုံးပြု ချင်ပါသဖြင့် မည်ကဲ့သို့ လုပ်ဆာင်ရမည်နည်း။

Auto Phone မှာ Fax အသုံးပြုချင်လျင် လမ်း (၄၀) အိတ်ချိန်းရုံးမှာ လျှောက်နိုင်ပါတယ်ခင်ဗျာ။

Auto Phone လိုင်းအသစ် လျှောက်ထားပါက မည်သည့် အချက်အလက်များ လိုအပ်ပါသနည်း။

Auto Phone လိုင်းအသစ်လျှောက်ထားမယ်ဆိုရင် မှတ်ပုံတင်လိုပါတယ်။ အသေးစိတ်ထပ်မံသိရှိလိုပါက Yangon Auto ဖုန်းအသစ်လျှေက်ခြင်းအတွက် စုံစမ်းနိုင်သော ဖုန်း (01-373155) သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

Auto Phone နံပါတ် ဂဏန်း 6 လုံး မှ 7 လုံး ဖုန်း ပြောင်းချင်ပါသဖြင့် မည်သည့် အချက်အလက်များ လိုအပ်ပါသနည်း။

Auto Phone နံပါတ် ဂဏန်း ၆ လုံး မှ ရ လုံး ဖုန်းပြောင်းချင်ရင် ဂဏန်း ရ လုံးပြောင်းလို့ရတဲ့ သက်ဆိုင်ရာ မြို့နယ် အိတ်ချိန်းရုံးများတွင် ဖုန်းစာအုပ်၊ မှတ်ပုံတင်မိတ္တူ ၊ သန်းခေါင်စာရင်း နှင့် သွားရောက်လျှောက်ထားနိုင်ပါတယ်ခင်ဗျာ။

Prepaid system အသုံးပြုသော Auto Phone အတွက် ငွေဖြည့်ကဒ်အမျိုးအစား များနှင့် မည်သည့်နေရာတွင် ၀ယ်ယူရရှိနိုင်မည်နည်း။

ငွေဖြည့်ကဒ်များမှာ မှာ ၅၀၀၀ ကျပ်နဲ့ ၁၀၀၀၀ ကျပ် နှစ်မျိုးရှိပြီး ရန်ကုန် လမ်း(၄၀) ရုံးနှင့် ငွေစာရင်းရုံး လမ်း(၃၀)တို့မှာ ရုံးချိန်အတိုင်းရောင်းချပေးနေပါတယ်ခင်ဗျာ။

Auto Phone ၏ ဖုန်းအဝင် စာရင်းများအား အသေးစိတ် သိရှိ လိုပါက မည်သို့ လုပ်ဆောင်ရမည်နည်း။

ငွေစာရင်းရုံးကို ဆက်သွယ်စုံစမ်းရပါမယ်ခင်ဗျာ။

Auto Phone ဖြင့် အဝင် အထွက် ဖုန်းခေါ်ဆို ပါက မည်မျှကုန်ကျမည်နည်း ။

Auto Phone အချင်းချင်း မြို့တွင်းခေါ်ဆိုခ ၁၅ ကျပ်၊ နယ်ဝေးသို့ခေါ်ဆိုခ ၂၅ ကျပ်နှင့် Auto Phone ဖြင့် Mobile Phone သို့ခေါ်ဆိုခ ၂၅ ကျပ် ကုန်ကျမှာဖြစ်ပါတယ်။ အဝင်ခေါ်ဆိုခ အားမပေးရပါဘူးခင်ဗျာ။

Auto Phone များပျက်၍ Exchange သို့ အကြောင်းကြားသော်လည်း လာရောက်ပြင်ဆင် ခြင်း မရှိသဖြင့် မည်ကဲ့သို့ လုပ်ဆောင်ရမည်နည်း ။

Exchange ကို အကြောင်းကြားလို့ လာမပြင်ပေးလျှင်တော့ MPT Customer Care Hotline 106 ကို ဆက်သွယ်အကြောင်းကြားနိုင်ပါတယ်ခင်ဗျာ။

Auto Phone လိုင်းအား အမည်ပြောင်း လိပ်စာပြောင်း ပါက မည်သည့် အချက်အလက်များ လိုအပ်ပါသနည်း။

အမည်ပြောင်းခြင်းနှင့် လိပ်စာပြောင်းခြင်း များအတွက် လိုအပ်သောစာရွက်စာတမ်းများမှာ-
• ရုံးစာ (ဆားဗစ်ဖုန်းနှင့် အစိုးရအဖွဲ့အစည်းများအတွက်သာ)
• နိုင်ငံသားစီစစ်ရေးကဒ်မိတ္တူ (သို့) Passport မိတ္တူ (ပုဂ္ဂလိက သုံးစွဲသူများအတွက်သာ)
• တယ်လီဖုန်းအခွန်ဆောင်စာအုပ် (ပုဂ္ဂလိက သုံးစွဲသူများအတွက်သာ)
အသေးစိတ်ထပ်မံသိရှိလိုပါက ဖုန်း (၀၁-၂၅၂၃၂၂) သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

Auto Phone အား Postpaid System မှ Prepaid သို့ ပြောင်းလဲမည် ဆိုပါက မည်သို့ လုပ်ဆောင်ရမည်နည်း ။

လမ်း(၄၀) ရုံးကို သွားရောက်ပြီး ပုံစံဖြည့်စွက်ရပါမယ်။ ဖုန်းစာအုပ်ရဲ့ရှေ့ဆုံးစာမျက်နှာ ကို Copy ကူးသွားရပါမယ်။

Auto Phone နှင့် Oversea သို့ ခေါ်ဆိုပါက နှုန်းထားမည်မျှ ကျမည်နည်း ။

မိမိခေါ်ဆိုမယ့် နိုင်ငံပေါ်မှာ မူတည်ပါပြီး ဇုံများသတ်မှတ်ထားပါတယ်။ စျေးနှုန်းတွေကတော့ သတ်မှတ်ချက်ပေါ်မူတည်ပါတယ်ခင်ဗျာ။

Telephone တွင် PABX (private branch exchange) တပ်ဆင်လိုပါက မည်သို့ ဆောင်ရွှက်ရမည်နည်း။

PABX တပ်ဆင်လိုလျှင် ဖုန်း 01-548568 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

SMS မှတဆင့်ပေးအပ်နေသည့် သတင်းဝန်ဆောင်မှုများ ယာယီရပ်ဆိုင်းခြင်း

(၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် SMS မှတစ်ဆင့်ပေးအပ်နေသည့် သတင်းဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး အသုံးပြုသူမိဘပြည်သူများထံမှ မေးမြန်းစုံစမ်းမှုများနှင့် မှတ်ချက်များ ရရှိခဲ့ပါသည်။ ယင်းအခြေအနေနှင့်ပတ်သက်ပြီး အဆိုပါဝန်ဆောင်မှုအတွက် ရယူအသုံးပြုသည့်စနစ်၏ အားနည်းချက်ကို အသုံးချကာ အခွင့်မဲ့ ဝင်ရောက်ပြီး လှည့်ဖြားအသုံးပြုနေသည့် ဖြစ်နိုင်ချေရှိသော ဖြစ်ရပ်များကို တွေ့ရှိခဲ့ရပါသည်။ သို့ဖြစ်ပါ၍ အဆိုပါဝန်ဆောင်မှုများကို ယာယီအနေဖြင့် ရပ်ဆိုင်းထားရန်အတွက် ဆုံးဖြတ်လိုက်ပါသည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး မိမိတို့အနေဖြင့် နောက်ထပ်စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်သွားမည် ဖြစ်ကာ ဝန်ဆောင်မှုကို ကောင်းစွာအသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို စဉ်ဆက်မပြတ် အားပေးခဲ့မှုအတွက် ကျေးဇူးအထူးတင်ရှိပြီး အဆင်မပြေမှုများအတွက် နားလည်ခွင့်လွှတ်ပေးပါရန် အနူးအညွတ် တောင်းပန်အပ်ပါသည်။

MPT ၏ တစ်ကြော့ပြန် “နာရီတိုင်းမှာ ၅ မိနစ်စာ” အစီအစဉ်ဖြင့် ချစ်ခင်သူများထံ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်လိုက်ပါ

ဆွေသဟာအစီအစဉ်ရယူထားသူများ အပါအဝင် MPT သုံးစွဲသူများအားလုံး MPT ဖုန်းအချင်းချင်း ခေါ်ဆိုမှုများအတွက်
၁ နာရီကြာဖုန်းခေါ်ဆိုတိုင်း ပထမ ၅ မိနစ်စာ အတွက်သာ ခေါ်ဆိုခပေးရမည်ဖြစ်ပြီး ကျန် ၅၅ မိနစ်ကို အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။

  (ရန်ကုန်။ ၂၀၁၆ ခုနှစ် သြဂုတ်လ ၉ ရက် ) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် “နာရီတိုင်းမှာ ၅ မိနစ်စာ” အစီအစဉ်ကို အသုံးပြုသူများ၏ နှစ်ခြိုက်မှုနှင့်တောင်းဆိုမှုကြောင့် ဒုတိယအကြိမ်အနေဖြင့် ပြန်လည်ပေးအပ် လိုက်ပြီဖြစ်ကာ ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ အသုံးပြုနိုင်မည်ဖြစ်သည်။

MPT ၏ GSM/WCDMA သုံးစွဲသူများအားလုံးအတွက် အလိုအလျောက်အကျုံးဝင်မည်ဖြစ်ပြီး MPT နံပါတ်အချင်းချင်းသာ ခေါ်ဆိုနိုင်မည်ဖြစ်သည်။ သတ်မှတ်ထားသောကာလအတွင်း MPT ဖုန်းအချင်းချင်း ခေါ်ဆိုမှုများ ပြုလုပ်ပါက ပထမဖုန်းခေါ်ဆိုချိန် ၅ မိနစ်စာ အတွက်သာ ပုံမှန်ဖုန်းခေါ်ဆိုခနှုန်းထားအတိုင်း ကျသင့်မည်ဖြစ်ပြီး ကျန်သည့်ခေါ်ဆိုချိန်များ အတွက်မူ ၅၅ မိနစ်အထိ အခမဲ့ ပြောဆိုနိုင်မည်ဖြစ်သည်။ မိနစ် ၆၀ ထက်ပိုမိုသောခေါ်ဆိုမှုများ အတွက်မူ ပုံမှန်နှုန်းထားအတိုင်း ကျသင့်ငွေကို ပေးချေရမည်ဖြစ်သည်။

ဤအစီအစဉ်ကို စက်တင်ဘာလ ၃၀ ရက်နေ့အထိရရှိနိုင်မည် ဖြစ်သော်လည်း ညနေ ၆ နာရီမှ ၁ဝနာရီ အတွင်း ခေါ်ဆိုမှုများအတွက် အကျုံးဝင်မည်မဟုတ်ပါ။ ယင်းအချိန်အတွင်းခေါ်ဆိုမှုများအတွက် ဆွေသဟာရယူထားခြင်းမရှိသည့် သုံးစွဲသူများအနေဖြင့် ပုံမှန်ဖုန်းခေါ်ဆိုမှု နှုန်းထားဖြစ်သည့် တစ်မိနစ်လျှင် ၅၀ ကျပ်နှင့် ဆွေသဟာအစီအစဉ် ရယူထားသူများအတွက် တစ်မိနစ်လျှင် ၂၃ ကျပ်အသီးသီးကျသင့်မည်ဖြစ်သည်။

“နာရီတိုင်းမှာ ၅ မိနစ်စာ” အစီအစဉ်၏ သက်သာသော နှုန်းထားနှင့် အခမဲ့ဖုန်းစကားပြောဆိုချိန်များ အတွက် တစ်ရက်လျှင် ဖုန်းခေါ်ဆိုမှုကို အကြိမ်အရေအတွက်ကန့်သတ်ထားခြင်းမရှိဘဲ သုံးစွဲသူ စိတ်ကြိုက် ဖုန်းခေါ်ဆိုမှုများစွာ ပြုလုပ်နိုင်မည်ဖြစ်သည်။

နာရီတိုင်းမှာ ၅ မိနစ်စာ ဖုန်းခေါ်ဆိုမှု နမူနာပြဇယား

သုံးစွဲသူများ


MPT အချင်းချင်းဖုန်းခေါ်ဆိုမှု နှုန်းထားများ

ဆွေသဟာ သုံးစွဲသူများ

မိနစ် ၆၀ = ၂၃ ကျပ် x ၅ မိနစ် = ၁၁၅ ကျပ်

Base Tariff

(11pm-7am)

60 minutes, charge = 25 Ks x 5 minutes = 125 Ks only

ရိုးရိုးသုံးစွဲသူများ

(ည ၁၁ နာရီ မှ နံနက် ၇ နာရီအထိ )

မိနစ် ၆၀ = ၂၅ ကျပ် x ၅ မိနစ် = ၁၂၅ ကျပ်

ရိုးရိုးသုံးစွဲသူများ (နံနက် ၇ နာရီ မှ ညနေ ၆ နာရီ နှင့် ည ၁၀ နာရီ မှ ည ၁၁ နာရီ)

မိနစ် ၆၀ = ၅၀ ကျပ် x ၅ မိနစ် = ၂၅၀ ကျပ်

ညနေ ၆ နာရီမှ ၁၀ နာရီအတွင်းမှလွဲ၍ MPT အချင်းချင်းခေါ်ဆိုမှု အတွက်အထက်ပါအတိုင်း ကျသင့်မည်ဖြစ်သည်။
အထက်ဖော်ပြပါစျေးနှုန်းများတွင် ကုန်သွယ်လုပ်ငန်းခွန် ၅% ထပ်ဆောင်းကောက်ခံသွားမည်ဖြစ်သည်။
MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က “အရင် ပထမတစ်ခါလုပ်ခဲ့တဲ့ နာရီတိုင်းမှာငါးမိနစ်စာ အထူးပရိုမိုးရှင်းအစီအစဉ်က အရမ်းကိုအောင်မြင်ခဲ့ပါတယ်၊ ဒီအစီအစဉ်ကို လူကြိုက်များလွန်းတာကြောင့် ကျွန်တော်တို့က သုံးစွဲသူတွေစျေးသက်သက်သာသာနဲ့ ကိုယ်ချစ်ခင် သူတွေနဲ့ ဖုန်းအကြာကြီးပြောလို့ရနိုင်အောင်ရယ် ကိုယ်ကြိုက်တဲ့အချိန်မှာ ပြောနိုင်အောင်ရယ် ဒီအစီအစဉ် ကိုပြန်လည်ပြုလုပ်ရခြင်းဖြစ်ပါတယ်။ ဒီအစီအစဉ်ကာလအတွင်းမှာ ကိုယ်ချစ်ခင်သူတွေနဲ့ မိသားစုဝင်တွေကို အကြာကြီးပိုမိုပြောနိုင်မှာ ဖြစ်ပြီး ၅ မိနစ်စာပဲကျသင့်တော့မှာပဲဖြစ်ပါတယ်။” ဟုပြောကြားသည်။