လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် MPT မှ ငွေဖြည့်လက်ဆောင်များပေးအပ်ခြင်း အစီအစဉ်ကို မိတ်ဆက်

MPT သုံးစွဲသူများ စိတ်ကျေနပ်စေနိုင်မည့် ဇန်နဝါရီလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ငွေဖြည့်သွင်းတိုင်း အများဆုံး ၅၀ ရာခိုင်နှုန်းအထိ ငွေဖြည့်လက်ဆောင်ရရှိ်နိုင်မည့် အစီအစဉ်

(ရန်ကုန်၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၃၁) – မြန်မာနိုင်ငံ၏ ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့အထိမ်းအမှတ်ကို ဂုဏ်ပြုခြင်းနှင့် MPT သုံးစွဲသူ ၂၁ သန်းကျော်အား အသိအမှတ်ပြု သောအားဖြင့် ၂၀၁၇ ခုနှစ်၊ဇန်နဝါရီလ ၁ ရက်နေ့မှ ၄ ရက်နေ့အတွင်း ဖုန်းငွေဖြည့်သူများအတွက် အထူပရိုးမိုးရှင်းအနေဖြင့် ၅၀ ရာခိုင်နှုန်းအထိရရှိမည့် ငွေဖြည့်လက်ဆောင်များ ပေးအပ်သွားမည့် အစီအစဉ်ကို ယနေ့ သတင်းထုတ်ပြန်ကြေညာလိုက်ပါသည်။
MPT မှ GSM/WCDMA နှင့် CDMA အသုံးပြုသူများအနေဖြင့် အဆိုပါ ပရိုမိုးရှင်းကာလအတွင်းတွင် မည်သည့် နည်းလမ်းဖြင့်ဖြစ်စေ(ငွေဖြည့်ကတ်၊ E-Top-up၊ Bank Top-up၊ Red-Dot အစရှိသဖြင့်) ငွေဖြည့်သွင်းခြင်းဖြင့် ငွေဖြည့်လက်ဆောင်ကို ရရှိနိုုင်မည်ဖြစ်ပါသည်။ (ရရှိထားသည့် ငွေဖြည့်လက်ဆောင်အား အခြားဖုန်းသို့ လွှဲပြောင်းခြင်း ပြုနိုင်မည်မဟုတ်ပေ။)
အဆိုပါငွေဖြည့်လက်ဆောင်များကို (MPT အချင်းချင်း) ဖုန်းခေါ်ဆိုမှုများ၊ (MPT အချင်းချင်း) စာတို ပေးပို့မှုများနှင့် Pay-As-You-Go စနစ်ဖြင့်အင်တာနက်သုံးစွဲရာတွင် အသုံးပြုနိုင်မည်ဖြစ်သည်။
လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပရိုးမိုရှင်းအတွက် ရရှိနိုင်မည့် ငွေဖြည့်လက်ဆောင်နှုန်းထားများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

ဖြည့်သွင်းငွေ (ကျပ်)အပိုဆု ရာခိုင်နှုန်းအပိုဆုငွေ (ကျပ်)
၃၀,၀၀၀ ၅၀% ၁၅,၀၀၀
 ၂၀,၀၀၀ ၅၀% ၁၀,၀၀၀
 ၁၀,၀၀၀ ၅၀% ၅,၀၀၀
 ၅,၀၀၀ ၄၀% ၂,၀၀၀
 ၃,၀၀၀ ၃၀% ၉၀၀
 ၁,၀၀၀ ၂၀%၂၀၀
 ၅၀၀ ၂၀% ၁၀၀

မှတ်ချက်။ အထက်ဖော်ပြပါနှုန်းထားများအပြင် ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းကိုပါ ပေးဆောင်ရမည် ဖြစ်ပါသည်။
MPT ၏ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပရိုးမိုးရှင်း အစီအစဉ်မှ ရရှိခဲ့သော ငွေဖြည့်လက်ဆောင်များ အားလုံးသည် အဆိုပါကာလအတွင်းနောက်ဆုံး ငွေဖြည့်သွင်းချိန်မှ စတင်၍ နောက်ထပ် ၅ ရက်အတွင်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။
“မြန်မာနိုင်ငံရဲ့ သမိုင်းဝင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ ကာလအတွင်း ကျွန်တော်တို့ MPT အသုံးပြုသူတွေအတွက် ငွေဖြည့်အပိုဆုငွေများကတစ်ဆင့် မိသားစုတွေ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ပိုမို ဆက်သွယ်ပြောဆိုနိုင်ဖို့အတွက် ကူညီပေးချင်ပါတယ်။ ဒီပရိုမိုးရှင်း အစီအစဉ်ကတော့ တစ်နိုင်ငံလုံးက MPT အသုံးပြုသူ ၂၁ သန်းကျော်ကို သူတို့ရဲ့ သုံးစွဲမှုတွေအတွက် ကျေးဇူးတင်ကြောင်း အသိအမှတ်ပြုတဲ့ နည်းလမ်းလေး တစ်ခုလည်းဖြစ်ပါတယ်။ လာမယ့်နှစ်သစ်ကိုလည်း ကျွန်တော်တို့ MPT က အတူတကွ ကြိုဆို သွားမှာပါ” ဟု MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က ပြောကြားခဲ့ပါသည်။
MPT မှ ထုတ်ပြန်ချက်များနှင့် ပရိုးမိုရှင်းအစီအစဉ်များအား ပိုမိုသိရှိလိုပါက www.mpt.com.mm သို့မဟုတ် www.facebook.com/mptofficialpage တွင် ဖတ်ရှုလေ့လာနိုင်ပါသည်။

၂၀၁၇ နှစ်သစ်ကူးချိန်ကို အတူတကွ ပျော်ရွှင်ဆင်နွှဲနိုင်ရန်အတွက် Public Festival ပွဲတော်ကို MPT မှ ပံ့ပိုးကူညီ

၂ ရက်တာ ကျင်းပမည့် နှစ်သစ်ကူးကြိုဆိုပွဲကို နာမည်ကျော်အနုပညာရှင်များပါဝင်သည့် သီဆိုဖော်ဖြေမှုများ၊ ပျော်ရွှင်ဖွယ်ရာ ကစားနည်းအစီအစဉ်များဖြင့် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တွင် ကျင်းပသွားမည်ဖြစ်ပါသည်။

(ရန်ကုန်၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှပံ့ပိုးကူညီပေးသော Nine Planets မှ စီစဉ်ဆောင်ရွက်မည် အဆိုအက ဖျော်ဖြေ မှုများ၊ အနုပညာခင်းကျင်းပြသပွဲများ၊ ဖက်ရှင်တံဆိပ်များ စားသောက်ဆိုင်များနှင့် ပျော်ပွဲရွှင်ပွဲများပါဝင်မည့် နှစ်သစ်ကူး ကြိုဆိုပွဲ ဖြစ်သည့် Public Festival ပွဲတော်ကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ နှင့် ၃၁ ရက်နေ့တို့တွင် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၌ ကျင်းပသွားမည်ဖြစ်ပါသည်။

ပျော်ပွဲရွှင်ပွဲများကို နှစ်သက်သူများအနေဖြင် လေဟာပြင်တွင်ကျင်းပမည့် အဆိုပါပွဲတော်တွင် ခေတ်ပေါ် တေးသီချင်းများ၊ အကဖျော်ဖြေမှုများ၊ ပေါ့ပ်တေးသီချင်းများသာမက ဂန္တဝင်ရော့ခ်ဂီတများပင် ပါဝင်မည့် ရင်သပ်ရှုမော ဖွယ်ရာ ဖျော်ဖြေမှုများကို ကြည့်ရှုခံစားရမည်ဖြစ်ပါသည်။ MPT မှ ပံ့ပိုးသည့် ပြည်သူ့ပွဲတော် ပထမနေ့တွင် DJ Thaw Thaw, Big Bag, Reason, Idiots, Antibiotic, Jenny, Issni, Sarah, Drive, Deficiency, Dusty Way, Room 502, ILLegal, Runaway Brides နှင့် Violenz စသည့် ပျော်ရွှင်မြူးထူးဖွယ်ရာ တက်ကြွသည့် စည်းချက် များဖြင့် ဖျော်ဖြေမည့် နာမည်ရအဆိုပညာရှင်အဖွဲ့များနှင့် ဒီဂျေတို့ ပါဝင်မည် ဖြစ်ပါသည်။

ဒုတိယနေ့တွင် A Letter from Caesar, Nightmare, Fever 109, No U Turn, Last Day of Beethoven, The Voice နှင့် Extant စသည့် ရော့ခ်ဂီတအဖွဲ့များပါဝင်မည့်အပြင် နှစ်ဟောင်းကို ကောင်းမွန်စွာနှုတ်ဆက်ရန် Iron Cross ကဲ့သို့သော ရော့ခ်အဖွဲ့ကြီးကလည်း နှစ်သစ်ကြိုဆိုပွဲကို ပါဝင်အားဖြည့်သွားမည်ဖြစ်သည်။

ပိုမိုအသက်ဝင်မည့် ပျော်ရွှင်စရာပွဲတော်ဖြစ်စေရန် ကစားနည်းအစီအစဉ်များ၊ သုံးစွဲသူများနှင့် ပွဲတော်လာသူများ အတွက် အထူး ပရိုမိုးရှင်းအစီအစဉ်များကို MPT က စီစဉ်ပေးထားပြီး အရောင်းဆိုင်ခန်းများ၊ ဓါတ်ပုံရိုက်ရန်နေရာ များ၊ ဖုန်းအားသွင်းရန်နေရာများပါ ပါဝင်သည့်အပြင် MPT အမှတ်တံဆိပ်နှင့် ကုန်ပစ္စည်းများနှင့် အမှတ်တရပစ္စည်းများ စသည့် လိုချင်စဖွယ် ဆုလက်ဆောင်များကိုလည်း ပေးအပ်သွားမည်ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က “နာမည်ကြီး ဖျော်ဖြေရေးသမားတွေနဲ့ စိတ်လှုပ်ရှားဖွယ်ရာ ပျော်ပွဲရွှင်ပွဲ လှုပ်ရှားမှုတွေပါဝင်ပြီး ပြည်သူတွေ ပါဝင်ဆင်နွှဲနိုင်တဲ့ မြန်မာနိုင်ငံမှာ အကြီးမားဆုံး နှစ်သစ်ကြိုဆိုပွဲ “ပြည်သူ့ပွဲတော်” ကို ခုလို ပံ့ပိုးခွင့်ရတဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ ၂၀၁၆ ကို နှုတ်ဆက်တဲ့ ပွဲတေ်ာအခါသမယကို မမေ့နိုင်စရာဖြစ်စေဖို့ ရည်ရွယ်ပြီး နိုင်ငံ အနှံ့ဖြန့်ကျက်ထားတဲ့ ကွန်ရက်ပေါ်က ကျွန်တော်တို့ရဲ့ သုံးစွဲသူပေါင်း ၂၁ သန်းကျော်နဲ့အတူတကွ ကျင်းပဖို့ လည်း ရည်ရွယ်ပါတယ်။ ခမ်းနားကြီးကျယ်တဲ့ နှစ်သစ် ၂၀၁၇ ဆီကို လှမ်းချီဖို့ ကျွန်တော်တို့နဲ့အတူ ပါဝင်ဆင်နွှဲ ကြရအောင်” ဟု ပြောကြားသည်။

ပွဲတော်အချက်အလက်များ

ပွဲအမည် : The Public Festival – (နှစ်သစ်ကူးကြိုဆိုပွဲ) MPT မှ ပံ့ပိုးကူညီသည်။

အချိန် : မွန်းလွဲ ၂ နာရီ မှ ည ၁၁ နာရီထိ (ဒီဇင်ဘာ ၃၀) နှင့် မွန်းလွဲ ၁ နာရီမှ ညဉ့် ၁၂ နာရီထိ (ဒီဇင်ဘာ ၃၁)
နေရာ : ပြည်သူ့ရင်ပြင်၊ ရန်ကုန်

Public Festival ဝင်ပေါက် (ပြည်လမ်းဝင်ပေါက်) နားရှိ MPT ၏ အရောင်းဆိုင်ခန်းနှင့် စတိတ်စင် နေရာ၌ နှစ်သစ်ကြိုဆိုပွဲကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်ပါသည်။ ပွဲနှင့် ပတ်သက်ပြီး ထပ်မံသိလိုသည်များရှိပါက သို့မဟုတ် MPT ၏ ကြေညာချက်များကို သိရှိလိုပါက www.mpt.com.mm သို့မဟုတ် www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT ၏ သန့်ရှင်းပြည့်ဖြိုးရေအကျိုးအစီအစဉ်

MPT ၏ သန့်ရှင်းပြည့်ဖြိုးရေအကျိုးအစီအစဉ်

မည့်သည့် အစီအစဉ်မျိုးဖြစ်ပါသလဲ။

အဆိုပါအစီအစဉ်ကတော့ အထူးသဖြင့် ခြောက်သွေ့သောရာသီ၌ မြန်မာနိုင်ငံရှိ နေရာအနှံ့အပြားတွင် ရေရှားပါးပြတ်လတ်မှုများ ကြုံတွေ့ရလေ့ရှိပါသည်။ ရေအရင်းအမြစ်ရှိလျှင်ပင် လုံလောက်သော ရေသိုလှောင်ကန်များ သို့မဟုတ် မြေအောက်ရေသိုလှောင်ကန်များမှာ စျေးနှုန်းကြီးမြှင့်ခြင်းကတစ်ကြောင်း၊ ကျွမ်းကျင်ပညာရှင်များမပါ၀င်ဘဲ ယင်းတို့ကိုတည်ဆောက်ရန်မှာ ခက်ခဲခြင်းကတစ်ကြောင်းတို့ကြောင့် ရေအလုံအလောက်ရရှိရန်မှာ ခဲယဉ်းနေပါသည်။ သို့ဖြစ်ရာ MPT သည် အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်းများ (NGO) နှင့် ပူးပေါင်းကာ “သန့်ရှင်းပြည့်ဖြိုးရေအကျိုး” အမည်ရ အစီအစဉ်တစ်ရပ်ကို ပြုလုပြ်ပီး ရေရှားပါးဒေသများတွင် ရေတွင်းရေကန်တူးဖော်ခြင်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

ဘာတွေကို ဆောင်ရွက်သွားမှာလဲ

မြန်မာကျပ်ငွေ သိန်း ၂,၁၀၀ ကို အသုံးပြုသွားမည်ဖြစ်ပြီး NGOs အဖွဲ့များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တို့နှင့် ပူးပေါင်ဆောက်ရွက်ပြီး နိုင်ငံတစ်ဝှမ်း ရှိ ရေရှားပါးသောဒေသများ၏ ရေအခက်အခဲများကို ဖြေရှင်းရန်အတွက် ရေတွင်းရေကန်များ တူဖော်ပြီး ကူညီထောက်ပံ့သွားမည်ဖြစ်ပါသည်။

မိတ်ဖက်အဖွဲ့အစည်းတွေက ဘယ်သူလဲ။

အဆိုပါအစီအစဉ်ကို Network Activities Group (NAG) ၊ Bridge Asia Japan (BAJ) တို့နှင့် ပူးပေါင်း ဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။

ပေါင်းစုလုပ်အားအကူအညီပေးရေးအဖွဲ့(NAG)သည် ၂၀၀၈ခုနှစ်တွင် နာဂစ် မုန်တိုင်းဒဏ်သင့် ပြည်သူများဘဝ ပြန်လည်ထူထောင်ရေးကို အခြေပြုလျက် စတင် ပေါက်ဖွားလာသော အစိုးရ မဟုတ်သည့် ပြည်တွင်းလူမှုရေးအဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ပေါင်းစုလုပ်အား အကူအညီပေးရေး အဖွဲ့(NAG) သည် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူလူထု၏ လူနေမှုဘဝ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် ဒေသခံပြည်သူများအတွက် ပိုမိုကောင်းမွန်သော အုပ်ချုပ်မှုစနစ်ကောင်း ပေါ်ပေါက်လာရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖြစ်ပေါ်လာရေးအတွက် သက်ဆိုင်ရာဌာနများ၊ အလွှာအသီးသီးရှိ ကဏ္ဍ အလိုက် အကျံုးဝင်ပတ်သက်သူများနှင့် ချိတ်ဆက်ပူးပေါင်း၍ ဖွံ့ဖြိုးရေးလုပ် ငန်းစဉ်များကို အကောင် အထည် ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် အာဆီယံဒေသတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုပပျောက်ရေး ဦးဆောင်မှုဆုအား မြန်မာနိုင်ငံမှ ပေါင်းစုလုပ်အား အကူအညီပေးရေးအဖွဲ့မှ ပထမ ဦးဆုံးအကြိမ်အဖြစ် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ရရှိခဲ့ပါသည်။

NAG သည် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံသားများ၏ အစိုးရမဟုတ်သောလူမှုအဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်ပြီး ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်း၊ ဒေသဆိုင်ရာအစိုးရများကို ထောက်ပံ့ကူညီခြင်း၊ ပုဂ္ဂလိကဏ္ဍနှင့် ဒေသခံပြည်သူများအကြား ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်ပေးခြင်းတို့ဖြင့် လူထုအကျိုးပြုလုပ်ငန်းများတွင် အထူးကောင်းမွန် သောရလဒ်များ ပိုင်ဆိုင်ထားသော အဖွဲ့အစည်းလည်း ဖြစ်ပါသည်။

BAJ သည် မြန်မာနိုင်ငံတွင် ကြံုတွေ့နေရသော ဆင်းရဲမွဲတေမှုနှင့် ခွဲခြားဆက်ဆံမှုတို့ကဲ့သို့သော ပြသာနာများကို ရင်ဆိုင်ဖြေရှင်းကူညီပေးလျက်ရှိသော ဂျပန်အဖွဲ့အစည်းဖြစ်ပြီး ၄င်းမှ ရာပေါင်းများစွာသော နိုင်ငံတကာအဆင့်မီ ရေတွင်းရေကန်များကို နှစ်ပေါင်းများစွာတိုင် တူးဖော်တည်ဆောက်ပေးလျက်ရှိပါသည်။ အဆိုပါလူထုအကျိုးပြုလုပ်ငန်းများနှင့် မြန်မာနိုင်ငံတွင် ရပ်တည်လာခဲ့သည်မှာ ယနေ့ဆိုလျှင် ဆယ်စုနှစ်နှစ်ခု ကျော်လာပြီဖြစ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ယုံကြည်စိတ်ချရသော ဆက်ဆံရေး တစ်ခုကို တည်ထောင်ခဲ့ပြီးလည်း ဖြစ်ပါသည်။ ထို့အပြင် အဆိုပါ အစီအစဉ်အတွက် သက်ဆိုင်ရာနယ်မြေ ဒေသအလိုက် သင့်လျော်ပြီး တတ်ကျွမ်းနားလည်သော အခြားသော NGOs အဖွဲ့အစည်းများနှင့်လည်း လက်တွဲလုပ်ဆောင်ရွက်အတွက်လည်း ရှိပါသည်။

NAG အဖွဲ့ ဆောင်ရွက်မည့်နေရာများက မည်သည့်နေရာများပါလဲ။

NAG အနေဖြင့် ဒေသနှစ်ခုတွင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် အတွင်းရှိ ကျောက်ဆောက်ကုန်းကျေးရွာနှင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ရှိ နတ်ချောင်းကျေးရွာ တို့တွင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အဆိုပါဒေသ အသီးအသီးအတွက် မည့်မျှကုန်ကျနိုင်မည်နည်း။

အဆိုပါ စီမံကိန်း တစ်ခုလုံးအတွက် ကျပ်ငွေသန်းပေါင်း ၂၁၀ အသုံးပြုမည်ဖြစ်ပြီး နေရာဒေသနှင့် တူးဖော်ရ မည့် အနက်ပေါ်မူတည်ပြီး NAG နှင့် ကျပ်ငွေ ၂၉ ဒဿမ ၉ သန်း အသုံးပြုမည်ဖြစ်ပြီး BAJ နှင့် ကျပ်ငွေ ၂၃ ဒဿမ ၈ သန်းအသုံးပြုသွားမည်ဖြစ်ပါသည်။

မည်သူက တာဝန်ခံဆောင်ရွက်သနည်း။

ကျွန်ုပ်တို့ အနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများ၊ မိတ်ဖက် NGOs များနှင့် ပူးပေါင်းပြီး လှူဒါန်းငွေမျာကို ထိရောက်သော အကောင်းဆုံးနည်းလမ်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ MPT အနေဖြင့် ရေရှည်နှင့် ထိရောက်သော ဖြေရှင်းခြင်း နှင် ကျေးလက်နေပြည်သူများ အတွက်ကြီးမားသော ပြောင်းလဲမှုကိုလို လားပါသည်။

အခြားသောနေရာများသို့ ကူညီထောက်ပံ့မည် အစီအစဉ်များရှိပါသေးလား

လတ်တလောမှာတော့ ကျွန်တော်တို့အနေနဲ့  ငွေ ကျပ်သိန်း ၂၁၀ ကိုအသုံးပြုသွားမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းများနှင့် တိုင်ပင်ပြီး  ကျေးလက်ဒေသဖွံ့ဖြိးတိုးတက်ရေး ဦးစီးဌာနရဲ့  အကြံပြုနေရာများ အပါအဝင် အရေတကြီးလိုအပ်နေတဲ့ နေရာတွကို ဦးစားပေးပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ယင်းအစီအစဉ်အတွက် MPT မှ ဘယ်လောက်မတည်လှူဒါန်းပါသလဲ။

အဆိုပါ ‘သန့်ရှင်းပြည့်ဖြိုးရေအကျိုး’ အမည်ရ လူထုအကျိုးပြုလှုပ်ရှားမှုအစီအစဉ် အတွက် MPT မှ မြန်မာ ကျပ်ငွေ သိန်း၂၁၀၀ ကို အသုံးပြုသွားမည်ဖြစ်ပြီး ရေရှားပါးသောဒေသများ၏ ရေအခက်အခဲများကို ကူညီဖြေရှင်းသွားမည်ဖြစ်ပါသည်။

မည့်သည့်နေရာတွေမှာဆောင်ရွက်မှာလဲ

အဆိုပါ လူမှုအကျိုးပြုအစီအစဉ်အရ ပထမဆုံးအနေဖြင့် မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီး တို့တွင် စတင်ဆောင်ရွက် သွားမည်ဖြစ်ကာ ရေတွင်းများ တူးဖော်ရန်အတွက် အကောင်းဆုံးဖြစ်နိုင်မည့် နေရာများအတွက် ဒေသခံပြည်သူများ၊ ကျေးလက် ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ NGOs အဖွဲ့များနှင့် ဆွေးနွေးကာ စတင်မှုပြုနေပြီဖြစ်ပါသည်။ အဆိုပါဒေသများပြီးနောက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့အပါအဝင် တစ်နိုင်ငံလုံး တွင် ဒီထက်ပိုမို ရွေးချယ်ပြီး ရေတွင်း ရေကန်များ တူးဖော်ကာ ကူညီထောက်ပံ့ရန်အတွက် ဆောင်ရွက်သွားမည့်ဖြစ်ပါသည်။

မည့်သည် စီမံကိန်းများကို NGA နှင့် BAJ ကိုဆောင်ရွက်မည့်နည်း။

ကျွနု်ပ်တို့အနေဖြင့်အဖွဲဲဲ့ အစည်းနှစ်ခု စလုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး ၎င်းတို့၏ နယ်မြေ လိုက်ကျွမ်းကျင်မှု၊ ၎င်းတို့၏တင်ပြသော ငွေကြေးပမာဏနှင့် ဖြစ်နိုင်ချေများအပေါ်မှုတည်ကား ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ လက်ရှိတွင် မန္တလေး၊ စစ်ကိုင်း နှင့် မကွေးတိုင်းဒေသကြီး အစရှိသော နေရာသုံးခုတွင် ပထမ ဆုံးအနေဖြင့် စတင်သွားမည်ဖြစ်ပါသည်။

BAJ အဖွဲ့ ဆောင်ရွက်မည့်နေရာများက မည်သည့်နေရာများပါလဲ။

NAG အနေဖြင့် မကွေးတိုင်းဒေသကြီး ၊ မကွေးမြို့ ရွာဟောင်းကန် ကျေးရွာမှာဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဘာကြောင့်ရေအတွက် ထောက်ပ့ံရတာလဲ။

MPT အနေဖြင့် ပညာရေးအစီအစဉ်များ မှစ၍ ငလျင်ဒဏ်ခံ အဆောက်အအုံများ တည်ဆောက်ခြင်း အစရှိသောကျယ်ပြန့်သော CSR လုပ်ငန်းတွေကိုဆောင်ရွက်လျက်ရှိပါသည်။ အထူးသဖြင့် ခြောက်သွေ့သော ရာသီ၌ မြန်မာနိုင်ငံရှိ နေရာအနှံ့အပြားတွင် ရေရှားပါးပြတ်လတ်မှုများ ကြံုတွေ့ရလေ့ရှိပါသည်။ ရေအရင်းအမြစ်ရှိလျှင်ပင် လုံလောက်သော ရေသိုလှောင်ကန်များ သို့မဟုတ် မြေအောက်ရေ ကို ထုတ်ယူပြီး သိုလှောင်ကန်များနဲ့ သုံးစွဲနိုင်ဖို့အတွက် စျေးနှုန်းကြီးမြှင့်ခြင်းနဲ့ ကျွမ်းကျင်ပညာရှင်များမပါ၀င်ဘဲ ယင်းတို့ကို တည်ဆောက်ရန် မှာ ခက်ခဲခြင်းစတာတွေကြောင့် ရေအလုံအလောက်ရရှိရန်မှာ ခဲယဉ်းနေပါသည်။ ဒါ့ကြောင့် MPT အနေနဲ့ လာမယ့် နွေရာသီကာလမှာ အဲဒီဒေသတွေအတွက် ရေတွင်းရေကန် တူးဖော်ခြင်းများ ကို ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး အနုာဂတ်မှာ ရေအလုံအလောက်ရရှိနိုင်ဖို့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

အဘယ့်ကြောင့် အဆိုပါနေရာများကိုသာ ရွေးချယ်ပြီး အခြားနေရာတွေကို မရွေးချယ်တာပါလဲ.

ကျွန်တော်တို့အနေဖြင် သက်ဆိုင်ရာဒေသအလိုက် အရေးပေါ်လိုအပ်ချက်နဲ့ ဘတ်ဂျက်ပေါ်မူတည်ပြီး NGOs များနဲ့ ပူးပေါင်းမှုကတစ်ဆင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆယ်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနတိ့ုအတူ အရေးတကြီးလိုအပ်နေသည့် နေရာများကိုဦးစားပေးပြီး ဆောင်ရွက်တာပဲ ဖြစ်ပါတယ်။

ရေရှားပါးသည့်ဒေသများအတွက်“သန့်ရှင်းပြည့်ဖြိုး ရေအကျိုး အစီအစဉ်” အမည်ဖြင့် ရေတွင်းရေကန် တူးဖော်ပေးရေးအစီအစဉ် MPT မှ စတင်

(ရန်ကုန်၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် သန့်ရှင်းသော သောက်သုံးရေရှားပါးမှုနှင့် ကြုံတွေ့နေရသည့် နိုင်ငံအဝှမ်းရှိ ဒေသများအတွက် ရေရရှိစေရန်ရည်ရွယ်၍ ရေတွင်းရေကန်တူးဖော်ခြင်း စီမံကိန်းများချမှတ်ကာ လှူဒါန်းမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာလိုက်သည်။ အဆိုပါ “သန့်ရှင်းပြည့်ဖြိုးရေအကျိုးအစီအစဉ်” အမည်ဖြင့် လူထုအကျိုးပြုလုပ်ငန်းအတွက် MPT မှ မြန်မာကျပ်ငွေသိန်းပေါင်း ၂,၁၀၀ ကို အသုံးပြုသွားမည်ဖြစ်ပြီး သောက်သုံးရေရှားပါးသော ဒေသများ၏ ရေအခက်အခဲများကို ကူညီဖြေရှင်းသွားမည်ဖြစ်ပါသည်။
အထူးသဖြင့် ခြောက်သွေ့သောရာသီတွင် မြန်မာနိုင်ငံရှိ နေရာအနှံ့အပြား၌ သောက်သုံးရေရှားပါးမှုများ ကြံုတွေ့ရလေ့ရှိပါသည်။ ရေအရင်းအမြစ်ရှိနေသော်လည်း လုံလောက်သော ရေသိုလှောင်ကန်များ သို့မဟုတ် မြေအောက်ရေကို ထုတ်ယူအသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်ရသည့်ကိစ္စရပ်များမှာ စျေးနှုန်းမြင့်မားခြင်း နှင့် ကျွမ်းကျင်ပညာရှင် မပါဝင်ဘဲဆောင်ရွက်ရန် ခက်ခဲခြင်းတို့ကြောင့် ရေအလုံအလောက် ရရှိရန်မှာ ခဲယဉ်းနေပါသည်။ သို့ဖြစ်၍ MPT မှ အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်းများ(NGO) နှင့် ပူးပေါင်းကာ “သန့်ရှင်းပြည့်ဖြိုးရေအကျိုးအစီအစဉ်” အမည်ဖြင့် လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်တစ်ရပ်ကို ပြုလုပ်ပြီး ရေရှားပါးသည့် ဒေသများတွင် ရေတွင်းရေကန်တူးဖော်ခြင်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
အဆိုပါအစီအစဉ်ကို Network Activities Group (NAG) ၊ Bridge Asia Japan (BAJ) တို့နှင့် ပူးပေါင်းကာ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ပေါင်းစုလုပ်အားအကူအညီပေးရေးအဖွဲ့(NAG)သည် ၂၀၀၈ခုနှစ်တွင် နာဂစ် မုန်တိုင်းဒဏ်သင့် ပြည်သူများဘဝ ပြန်လည်ထူထောင်ရေးကို အခြေပြုလျက် စတင် ပေါက်ဖွားလာသော အစိုးရ မဟုတ်သည့် ပြည်တွင်းလူမှုရေးအဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ပေါင်းစုလုပ်အား အကူအညီပေးရေး အဖွဲ့(NAG) သည် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူလူထု၏ လူနေမှုဘဝ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် ဒေသခံပြည်သူများအတွက် ပိုမိုကောင်းမွန်သော အုပ်ချုပ်မှုစနစ်ကောင်း ပေါ်ပေါက်လာရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖြစ်ပေါ်လာရေးအတွက် သက်ဆိုင်ရာဌာနများ၊ အလွှာအသီးသီးရှိ ကဏ္ဍ အလိုက် အကျံုးဝင်ပတ်သက်သူများနှင့် ချိတ်ဆက်ပူးပေါင်း၍ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် အာဆီယံဒေသတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုပပျောက်ရေး ဦးဆောင်မှုဆုအား မြန်မာနိုင်ငံမှ ပေါင်းစုလုပ်အား အကူအညီပေးရေးအဖွဲ့မှ ပထမဦးဆုံး အကြိမ်အဖြစ် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ရရှိခဲ့ပါသည်။
NAG ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဘော်ဘီမှ “ရေဆိုတာ နေ့စဉ်ဘဝမှာ လူသားတို့အတွက် မရှိမဖြစ်အရေးကြီးတဲ့ အရာပဲ ဖြစ်ပါတယ်။ ရေရှားပါးတဲ့အချိန်မျိုးဆိုရင် ဘယ်လောက်ခက်ခဲပြီး ပူပင်သောက ရောက်ရတယ် ဆိုတာကို ကျွန်တော်တို့သိပါတယ်။ အထူးသဖြင့် ရေသွားခပ်ရတဲ့ အမျိုးသမီးတွေနဲ့ ကလေး တွေအတွက် ပိုပြီးတော့ ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ MPT နဲ့ အခုလိုပူးပေါင်းပြီး ရေလိုအပ်နေတဲ့ ဒေသတွေ အတွက် ကူညီပေးခွင့်ရတာ ဝမ်းသာမိပါတယ်။ ဒီအစီအစဉ်ဟာ တကယ့်ကို အဓိပ္ပာယ်အနှစ်သာရနဲ့ ပြည့်စုံပြီး ရေရှည်တည်တံ့တဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်လိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
BAJ သည် မြန်မာနိုင်ငံတွင် ကြံုတွေ့နေရသော ဆင်းရဲမွဲတေမှုနှင့် ခွဲခြားဆက်ဆံမှုတို့ ကဲ့သို့သော ပြဿနာများကို ရင်ဆိုင်ကူညီဖြေရှင်းပေးလျက်ရှိသော ဂျပန်အဖွဲ့အစည်းဖြစ်ပြီး ၎င်းမှ ရာပေါင်းများစွာသော နိုင်ငံတကာအဆင့်မီ ရေတွင်းရေကန်များကို နှစ်ပေါင်းများစွာကပင် တူးဖော်တည်ဆောက်ပေးလျက်ရှိပါသည်။ အဆိုပါလူထုအကျိုးပြုလုပ်ငန်းများနှင့် မြန်မာနိုင်ငံတွင် ရပ်တည်လာခဲ့သည်မှာ ယနေ့ဆိုလျှင် ဆယ်စုနှစ် နှစ်စု ရှိနေပြီဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ယုံကြည်စိတ်ချရသည့် ဆက်ဆံရေးတစ်ခုကို ထူထောင််ခဲ့ပြီး ဖြစ်ပါသည်။
“ကုလသမဂ္ဂရဲ့ ၁၇ ခုမြောက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို ၂၀၃၀ ခုနှစ်တွင်အောင်မြင် နိုင်ရန်အတွက် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့လူတွေဟာ လုံ့လ စိုက်ထုတ်ပြီးဆောက်ရွက်နေကြပါတယ်” ဟု Bridge Asia Japan (BAJ) မှ Country Representative ဖြစ်သူ Ms. Akiko Mori ကရှင်းလင်းပြောကြားခဲ့ပါသည်။
“အခုလို ပူပေါင်းဆောင်ရွက်တဲ့ စီမံချက်ဟာဆိုရင်ဖြင့် ကုလသမဂ္ဂ အဖွဲ့ရဲ့ ရည်မှန်းချက် နံပါတ် ၆ ဖြစ်တဲ့ အာလုံးအတွက် ရေသန့် နဲ့ရေဆိုးရေညစ်တွေကို စီမံခန့်ခွဲပြီး အာမခံချက်ရှိရှိ အသုံးပြုနိုင်စေရန်ဆိုတဲ့ အချက်ကို အကောင်အထည်ဖော်တာဘဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ကျွန်မတို့အနေနဲ့ လူဦးရေ ၁,၆၀၀ ကျော်နေထိုင်တဲ့ မကွေးတိုင်းဒေသကြီး ရွာဟောင်းကန်ရွာက စက်ရေတွင်းကတစ်ဆင့် စက်အင်ဂျင်နှင့် ရေရရှိအောင် ဆောင်ရွက်ပြီး ရေလှောင်ကန်များနဲ့ ရေသိုလှောင် ပေးနိုင််ဖို့ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရဲ့ ”ရွှေကိုမလို ရေကိုသာလိုသည်” ဆိုတဲ့ ဆိုးရိုးစကား နဲ့အညီ ဒေသခံများရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတာပါ” ဟု ၎င်းကဆက်လက် ပြောကြားခဲ့ပါသည်။
အဆိုပါ လူမှုအကျိုးပြုအစီအစဉ်ကို ဒီဇင်ဘာလ ၂၇ ရက်တွင် စတင်မိတ်ဆက်ခဲ့ပြီး ကနဦးအနေဖြင့် မန္တလေး၊ စစ်ကိုင်း နှင့် မကွေးတိုင်းဒေသကြီးများတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကာ ရေတွင်းများ တူးဖော်ရန်အတွက် လိုအပ်သည့်နေရာများအတွက် ဒေသခံပြည်သူများ၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ NGO အဖွဲ့ များနှင့် ဆွေးနွေးတိုင်ပင်ပြီးဖြစ်ပါသည်။
အဆိုပါအစီအစဉ်နှင့်ပတ်သက်ပြီး MPT-KSGM Joint Operation မှ Chief Operating Officer ဖြစ်သူ Mr Yoshiaki Benino ကလည်း “ရေဟာအသက်ပါပဲ။ ဒီလိုအသက်တမျှ အရေးကြီးလှတဲ့ ရေအရင်းအမြစ်ကိုမြန်မာ နိုင်ငံရှိ ပြည်သူအများအပြားက လိုအပ်နေကြပါတယ်” ဟု ပြောကြားခဲ့ပါသည်။ ဒါကြောင့်“MPT ကနေပြီး နိုင်ငံအနှံအပြားက ရေလိုအပ်နေတဲ့နေရာများကို ကူညီထောက်ပံ့ဖို့အတွက် “သန့်ရှင်းပြည့်ဖြိုး ရေအကျိုး အစီအစဉ်” ကိုဆောင်ရွက်ခဲ့တာပါ။ ဒေသခံတာဝန်ရှိသူများ၊ NGO အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး ငွေကျပ် သိန်း ၂,၁၀၀ ကို ရင်းနှီးမြှုပ်နှံပြီး ရေလိုအပ်နေတဲ့ နေရာများမှာ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိနိုင်ရန်အတွက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” ဟု Mr. Yoshiaki Benino က ဆက်လက်ပြောကြားခဲ့ပါသည်။

MPT ၏ “သန့်ရှင်းပြည့်ဖြိုး ရေအကျိုးအစီအစဉ်” အရ လာမည့်လများတွင် ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး တို့အပါအဝင် တစ်နိုင်ငံလုံးရှိ ရေရှားပါးသည့်ဒေသများကို ရွေးချယ်ပြီး ရေတွင်း ရေကန်များ တူးဖော်ကာ ကူညီမှုပြုရန်အတွက် ဒေသခံပြည်သူများနှင့် သက်ဆိုင်ရာတို့နှင့် ပူးပေါင်းပြီး လိုအပ်သည့်များကို ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အဆိုပါအစီအစဉ်နှင့်ပတ်သက်သည့် နောက်ဆုံးရ အချက်အလက်များကို MPT ၏ ဝက်ဘ်ဆ်ိုဒ် စာမျက်နှာနှင့် လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

နိုင်ငံတစ်ဝှမ်းရှိ စာတိုက်များ၌ MPT ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဝန်ဆောင်မှု စတင်ရရှိ

သုံးစွဲသူများသည် မိမိတို့နှင့်နီးစပ်ရာစာတိုက်များသို့ သွားရောက်၍ အဆင်ပြေချောမွေ့စွာဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်နိုင်ပါပြီ
(ရန်ကုန်၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်) – ဆက်သွယ်ရေး အော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ စာတိုက်ပေါင်း ရ၈၂ ခုတွင် MPT ၏ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း လုပ်ငန်းများကို လွယ်ကူချောမွေ့စွာ လုပ်ဆောင်ပေးနေပြီဖြစ်ကြောင်း သတင်း ထုတ်ပြန် ကြေညာလိုက်ပါသည်။

မြန်မာ့စာတိုက်လုပ်ငန်းနှင့် ယခုကဲ့သို့ ပူးပေါင်းကာ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ပြုလုပ်နိုင်မည့်နေရာများ ထပ်မံတိုးချဲ့လိုက်ခြင်းမှာ ၂၀၁၇ ခုနှစ် မတ်လမတိုင်မီ ဆင်းမ်ကတ်များအားလုံး မှတ်ပုံတင်ပြီးစီးရေးဟူသော ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်နှင့် အညီ MPT ၏ ၂၁ သန်းကျော်သော သုံးစွဲသူများအားလုံး သတ်မှတ်ချိန်အတွင်း မှတ်ပုံတင် ပြီးစီးစေရေး ဆိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေသည့် MPT ၏ ကြိုးပမ်းမှုများထဲမှ တစ်ခုပင် ဖြစ်ပါသည်။

MPT-KSGM မှ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က “အမြို့မြို့အနယ်နယ်တိုင်းမှာ ဖြန့်ကျက်တည်ရှိတဲ့ စာတိုက်များမှာ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ၀န်ဆောင်မှုကို ခုလိုသက်ဆိုင်ရာနဲ့ ပူးပေါင်း ပေးအပ်နိုင်ခဲ့အတွက် ၀မ်းသာမိပါတယ်။ ကျွန်တော်တို့သုံးစွဲသူတွေဟာ ဒီလိုနေရာတွေကို သူတို့ရဲ့ နေ့စဉ်အလုပ်ကိစ္စတွေအတွက်နဲ့ မကြာခဏရောက်ရှိတတ်တဲ့အတွက် တကူးတကသွားဖို့ မလိုတော့ဘဲ သူတို့ရဲ့ MPT ဆင်းမ်ကတ်တွေကိုလည်း သက်သောင့်သက်သာနဲ့ အလွယ်တကူမှတ်ပုံတင်နိုင်မှာ ဖြစ်ပါတယ်” ဟု ဆိုပါသည်။
စာတိုက်များတွင် ဆင်းမ်ကတ်မှတ်ပုံတင်နိုင်ရန်အတွက် MPT သုံးစွဲသူများသည် ၄င်းတို့မှတ်ပုံတင်မည့် လက်ရှိဆင်းမ်ကတ်နှင့် နိုင်ငံသားမှတ်ပုံတင်ကတ်၊ ကျောင်းသားကတ် သို့မဟုတ် ယာဉ်မောင်းလိုင်စင် အစရှိသည့် အထောက်အထားတစ်ခုခု၊ နိုင်ငံခြားသားများအနေဖြင့် နိုင်ငံကူးလတ်မှတ်တို့ကို ယူဆောင်လာရန် လိုအပ်ပါသည်။

မြန်မာ့စာတိုက်လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာဖြစ်သူ ဒေါ်ငုသီတာမှလည်း “မြန်မာ့စာတိုက်လုပ်ငန်း အနေနဲ့လည်း ညီအစ်ကိုဌာနဖြစ်တဲ့ MPT ရဲ့ ဆင်းမ်ကတ်မှတ်ပုံတင်တဲ့ လုပ်ငန်းတွေမှာ တစ်တပ်တစ်အား ပါဝင်ကူညီခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တစ်နိုင်ငံလုံးအနှံ့ရှိတဲ့ စာတိုက်တွေကနေပြီးတော့ ပြည်သူတွေကို ဝန်ဆောင်မှုပေးနေရတဲ့ဌာန ဖြစ်တဲ့အလျောက် MPT နဲ့လက်တွဲပြီး ဒီလုပ်ငန်းကို အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ မြန်မာ့စာတိုက်လုပ်ငန်းကလည်း အခုအချိန်မှာ ပြည်သူတွေရဲ့ယုံကြည်မှုရအောင် ပြောင်းလဲဆောင်ရွက်နေတဲ့ အချိန်အခါဖြစ်တာမို့ မြန်မာ့စာတိုက်လုပ်ငန်း ဝန်ထမ်းများအားလုံးက ပြည်သူလူထုအပေါ် အပြည့်အဝ ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်” ဟုပြောကြားခဲ့ပါသည်။

ဆင်းမ်ကတ်မှတ်ပုံတင်ပြုလုပ်ခြင်းကို မြန်မာ့စာတိုက်ပေါင်း ရ၈၂ တွင် ပြုလုပ်နိုင်ရုံမက မြန်မာနိုင်ငံတစ်ဝှမ်းရှိ အိတ်ချိန်းရုံးပေါင်း ၃၀၀ ကျော်တွင်လည်း ဆောင်ရွက်နိုင်ပြီး MPT လက်လီအရောင်းဆိုင်ပေါင်း ၃၅,၀၀၀ တွင်ပါ မှတ်ပုံတင်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် CB ဘဏ် ၊ KBZ ဘဏ်နှင့် Bestone မိုဘိုင်းဖုန်းအရောင်းဆိုင်များတွင်လည်း ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းများ ဆောင်ရွက်နိုင်ရန် MPT မှ စီစဉ်ပေးထားပြီးဖြစ်ပါသည်။

အွန်လိုင်းမှမှတ်ပုံတင်ခြင်းနည်းလမ်းအပါအဝင် MPT အမှတ်တံဆိပ် အရောင်းဆိုင်များ၊ ဆင်းမ်ကတ်မှတ်ပုံတင် ပွဲတော်များ၊ ကျေးလက်ဒေသအရောက် ၀န်ဆောင်မှုပေးနေသော မော်တော်ယာဉ်များအပါအဝင် အခြားသော ဆင်းမ်ကတ်မှတ်ပုံတင်နိုင်မည့်နေရာများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက http://mpt.com.mm/en/sim-registration/ တွင် ၀င်ရောက်လေ့လာနိုင်ပါသည်။

MPT မှ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းပြုလုပ်နိုင်မည့် နေရာများ တိုးချဲ့

သုံးစွဲသူများ ဆင်းမ်ကတ်မှတ်ပုံတင်ရာတွင် အဆင်ပြေလွယ်ကူမှုရှိစေရန် မှတ်ပုံတင်နိုင်မည့်နေရာများ တိုးချဲ့ဆောင်ရွက်ပေး

(ရန်ကုန်၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် သုံးစွဲသူများ ဆင်းမ်ကတ်မှတ်ပုံတင်ရာတွင် အဆင်ပြေလွယ်ကူချောမွေ့မှုရှိစေရန် ဆင်းမ်ကတ်မှတ်ပုံတင်နိုင်မည့်နေရာများ ကို စီစဉ်တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိပါသည်။

ယခုအချိန်တွင် MPT သုံးစွဲသူ ပေါင်း ၁၃ သန်းနီးပါးမှ ၄င်းတို့၏ဆင်းမ်ကတ်များကို မှတ်ပုံတင်ပြီးစီးခဲ့ပြီး ဖြစ်ပါသည်။ ၂၁ သန်းသော MPT သုံးစွဲသူအားလုံး ဆင်းမ်ကတ်မှတ်ပုံတင်ပြီးစီးစေရန် MPT အနေဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်နိုင်မည့်နေရာ ထောင်ပေါင်းများစွာကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် MPT က စီစဉ်ပေးထားကာ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ၂၀၁၇ ခုနှစ် မတ်လမတိုင်မီ ဆင်းမ်ကတ်များအားလုံး မှတ်ပုံတင်ရေး ညွှန်ကြားချက်နှင့်အညီ သတ်မှတ်ချိန်မတိုင်မီ သုံးစွဲသူများအားလုံးမှတ်ပုံတင် ပြီးစီးစေရေး တိုက်တွန်း အားပေးလျက်ရှိပါသည်။

လက်ရှိအချိန်တွင် MPT လက်လီအရောင်းဆိုင်ပေါင်း ၃၅၀၀၀ ၌ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို ဆောင်ရွက် နိုင်ပြီဖြစ်ပြီး ယခုလည်း CB ဘဏ် ၊ KBZ ဘဏ် ၊ Bestone မိုဘိုင်းဖုန်းဆိုင်များနှင့် MPT တို့အကြား ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းအတွက် ပူးပေါင်းပြီးနောက်တွင် ဆက်လက်ပြီး ယခုကဲ့သို့ ထပ်မံတိုးချဲ့ရန် အစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အလားတူပင် သုံးစွဲသူများ အနေဖြင့် ၄င်းတို့အဆင်ပြေမည့် နေရာများတွင် ရွေးချယ်မှတ်ပုံတင်နိုင်စေရန် အခြားသောမိတ်ဖက်လုပ်ငန်းများနှင့် ပူးပေါင်းလက်တွဲကာ မကြာမီအချိန်အတွင်း မှတ်ပုံတင်နိုင်မည့်နေရာများ ထပ်မံတိုးချဲ့ကြေညာသွားနိုင်ရန် စီစဉ်လျက်ရှိပါသည်။
ထိုအပြင် အလုပ်သမားအများစုရှိရာ နေရာများတွင်လည်း ဆောက်ရွက်လျက်ရှိပါသည်။ ရန်ကုန်နှင့် မန္တလေးတို့ရှိ တက္ကသိုလ်ကျောင်းပေါင်း ၅၀ တွင်ကျောင်းသူ ကျောင်းသားများအတွက် ပရိုးမိုးရှင်းအစီအစဉ် များဖြင့် ဆောင်ရွက်ပေးနေပြီး အလာတူပင် စက်မှုဇုန်လုပ်သားများနှင့် အစိုးရဝန်ထမ်းများအတွက်ပါ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းကို ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများလည်းရရှိနေပြီ ဖြစ်ပါသည်။

အဆိုပါမြို့ကြီးများအတွက်သာ မကဘဲ မြန်မာတစ်နိုင်ငံလုံးရှိ နေရာအနှံအပြားသို့သွားရောက်ပြီး မှတ်ပုံတင်ခြင်းပွဲများဖြင့် ဆောင်ရွက်ပေးနေပါသည်။ ပထမဆုံး MPT Road Show ကို စက်တင်ဘာလ၌ နေရာဒေသအများအပြားတွင် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့ပြီး ပျော်ရွင်ဖွယ် ဂိမ်းအစီအစဉ်များ စတိတ်ရှိုးများနှင့်အတူ ဒုတိယအကြိမ်အဖြစ်လည်း ဆောင်ရွက်သွားရန်ရှိနေပါသည်။

အောက်တိုဘာလတွင် MPT မှ ကျေးလက်ဒေသများသို့ မော်တော်ယဉ်ဖြင့် mobile caravan ဝန်ဆောင်မှုကို လုပ်ဆောင်ပေးခဲ့ပြီး ကောင်းမွန်သော တုန့်ပြန်မှုများရရှိခဲ့သောကြောင့် အဆိုပါ mobile caravan ဝန်ဆောင်မှုဖြင့် မကွေး၊စစ်ကိုင်း၊ မန္တလေး၊ တနင်္သာရီ၊ ပဲခူး နှင့် ဧရာဝတီ တို့မှ အနည်းဆုံး နေရာဒေသ ၅၅ ခု ကို သွားရောက်ကာ ဝန်ဆောင်မှု ပေးသွားဦးမည်ဖြစ်ပါသည်။

MPT သုံးစွဲသူ ပြည်သူများအနေဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆောင်ရွက်ရန်အတွက် နိုင်ငံသားမှတ်ပုံ တင်ကတ်၊ ကျောင်းသားကတ် သို့မဟုတ် ယာဉ်မောင်းလိုင်စင် လိုအပ်ပြီး နိုင်ငံခြား သားများအတွက် နိုင်ငံကူးလက်မှတ် စသည့် အထောက်အထားပါသည့်ကတ် ပါရှိရမည်ဖြစ်ပါသည်။

MPT မှ Road Show များနှင့် Caravan ဝန်ဆောင်မှုများ ဖြတ်သန်းသွားမည့် နေရာဒေသများတွင် စောင့်မျှော်နိုင်သည့်အပြင် မှတ်ပုံတင်ရမည့်နေရာများကို သိရှိနိုင်ရန်အတွက် http://mpt.com.mm/mm/sim-registration-mm/ ဝက်ဘ်ဆိုက်စာမျက်နှာသို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး အွန်လိုင်း နှင့် MPT အမှတ်တံဆိပ်ဆိုင်များ အပါအဝင် အခြားသော မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်မည့်နေရာများကိုလည်း လေ့လာကာ မှတ်ပုံတင်မှု ပြုလုပ်နိုင်ပါသည်။

ဆင်းကတ်မှတ်ပုံတင်နိုင်သည့်နေရာများ

ကျေးလက်ဒေသများ၌ Caravan ဝန်ဆောင်မှု

ကျေးလက်ဒေသများမှာ နေရာပေါင်း ၁၀၀ ကျော်

Huawei GR52017 MPT Version

Huawei GR52017 MPT Version

MPT ရဲ့ GR5 ၂၀၁၇ ဟန်းဆက်က ဘာလဲ။

ဝယ်ယူသူများက အထူးပရိုမိုးရှင်းတွေပါဝင်တဲ့ MPT Sim Card တွေကို ရရှိမှာပါ။

Huawei GR5 2017(MPT version) တို့၏ စျေးနှုန်းက ဘယ်လောက်ပါလဲ။

Huawei GR5 2017(MPT version) ၏ စျေးနှုန်းက ၂၈၉၀၀၀ ကျပ် ဖြစ်ပါတယ်။

ပုံမှန်ဝန်ဆောင်မှုကိုပြောင်းလဲလိုက်ရင်ရော ဘယ်လိုဖြစ်သွားနိုင်ပါလဲ။

ဆွေသဟာအစီအစဉ်ကိုရယူထားသူများသာ အဆိုပါ အင်တာနက်အစီအစဉ်ကိုရယူနိုင်ပါတယ်။
အကယ်၍ MPT အသုံးပြုသူသည် ပုံမှန်ဝန်ဆောင်မှုသို့ ပြောင်းလဲအသုံးပြုပြီးမှ ဆွေသဟာအစီအစဉ်ကို ပြန်လည်ရယူလိုက်ပါက အဆိုပါ ၄ဂစ်ဂါဗိုက် ထဲမှ ကျန်ရှိသောမီဂါဗိုက်က်ို အင်တာနက် အသုံးပြုခွင့်ကို ဆက်လက်ရရှိမှာဖြစ်ပါတယ်။

ဘယ်ဒေတာကို အရင်စတင်အသုံးပြုရမှာလဲ။ အခမဲ့ရတဲ့ ဒေတာလား (သို့) ၀န်ဆောင်ခပေးထားတဲ့ဒေတာလား။

အခမဲ့ရရှိသောဒေတာကို အမြဲတမ်း အရင်ဆုံးအသုံးပြုသွားမှာဖြစ်ပါတယ်။

လက်ရှိ MPT Sim Card ကိုအသုံးပြုနေသူတွေအတွက်ရော ဘာတွေအကျိုးကျေးဇူးရနိုင်ပါသလဲ။

လက်ရှိ MPT Sim Card အသုံးပြုသူများကတော့ အကျိုးကျေးဇူးမရရှိနိုင်ပါဘူး။ Handset နဲ့ အတူပါသော Sim Card များသာလျှင် အကျိူးကျေးဇူးရရှိမှာပါ။

Huawei GR5 2017(MPT version) က ဘယ်တော့ ၀ယ်ယူရရှိနို်င်မှာလဲ။

Huawei GR5 2017(MPT version) ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ  ၁၀ ရက်နေ့မှ စတင်ရောင်းချမှာဖြစ်ပါတယ်။ အကယ်၍ Huawei GR5 2017(MPT Special Edition ) ကို ကြိုတင်ဝယ်ယူလိုလျှင် ဒီဇင်ဘာလ ၂၁ ရက် နေ့မှ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၉ ရက်အတွင်း ကြိုင်တင်မှာယူနိုင်ပါတယ်။

တခြားအကျိုးကျေးဇူးတွေက ဘာတွေရနိုင်မလဲ။

သုံးစွဲသူများ အချိန်ကုန်သက်သာစေဖို့အတွက် MPT4U, Lotaya, Facebook, Viber နဲ့ Line တို့ကို ထည့်သွင်းပေးထားမှာပါ။

Huawei GR5 2017(MPT version) ပရိုမိုးရှင်းအစီအစဉ်ဆိုတာ ဘယ်လိုမျိုးပါလဲ။

Huawei GR5 2017(MPT version) ဖုန်းကို ပရိုမိုးရှင်းကာလမှာ ၀ယ်ယူခဲ့လျှင်MPT SIM Card တစ်ခုကို အခမဲ့ရရှိမှာဖြစ်ပါတယ်။
MPT SIM card အခမဲ့နှင့်အတူ တစ်လလျှင် ၅၀၀၀ကျပ် ငွေဖြည့်ရုံဖြင့် အင်တာနက် ၄ဂစ်ဂါဗိုက် အသုံးပြုခွင့်ကို ရပါမည်။ (ပထမလအပါအဝင်)
အဆိုပါ ၄ဂစ်ဂါဗိုက် အင်တာနက်အသုံးပြုခွင့်ကို တစ်လတစ်ကြိမ်ဖြင့် ၆လတိတိရရှိမှာဖြစ်ပါတယ်။

အင်တာနက်အသုံးပြုခွင့် ၄ ဂစ်ဂါဗိုက် ကို ဘယ်အချိန်အထိရမှာပါလဲ။

SIM Card ကို စတင်အသုံးပြုသည့်အချိန်မှစပြီး ၆လတိတိရရှိမှာဖြစ်ပါတယ်။
ဥပမာ – ဖုန်းအသုံးပြုသူဟာ MPT SIM Card ကို ဇန်နဝါရီလမှ စတင် activate ပြုလုပ်ခဲ့ပါလျှင် အဆိုပါ အင်တာနက် ၄ဂစ်ဂါဗိုက် အသုံးပြုခွင့်ကို ဇွန်လအထိရရှိမှာဖြစ်ပါတယ်။ အဆိုပါ Promotion အစီအစဉ်သည် စတင် activate ပြုလုပ်သည့်အချိန်မှ စ၍ ၆ လတိတိ အကျံးဝင်မှာဖြစ်ပါတယ်။ သုံးစွဲသူသည် SIM Card ကို ဖေဖော်ဝါရီလမှစပြီး မေလအထိတိုင် TopUpမလုပ်နိုင်ခဲ့သည့်တိုင်အကျုံးဝင်ပါတယ်။

အဆိုပါအခမဲ့ရရှိသော ဒေတာက ဘယ်တော့ သက်တမ်းကုန်ဆုံးမှာလဲ။

အဆိုပါ ၄ဂစ်ဂါဗိုက် သည်ပေးထားသောရက်မှစတင်၍ ရက်ပေါင်း၃၀သက်တမ်းရှိပါတယ်။

အခြားအော်ပရေတာက sim card တွေကိုရော MPT ရဲ့ GR5 2107 မှာရော သုံးလို့ရလား။

ဟုတ်ကဲ့ အခြား ဆင်းမ်ကတ်တွေကို Sim Slot 2 မှာ ထည့်သွင်းအသုံးပြုလို့ရပါတယ်။

အဆိုပါ handset ကို ဘယ်မှာဝယ်ယူလို့ရလဲ။

Huawei GR5 2017(MPT version) ကို Huawei အရောင်းဆိုင်များနှင့် MPT Branded Shops အချို့နှင့် အဆိုပါ ပရိုမိုးရှင်းကြော်ငြာကပ်ထားသော Huawei အမှတ်တံဆိပ်ရှိသော ဆိုင်များတွင် ၀ယ်ယူရရှိနိုင်ပါတယ် (သို့) Huawei အမှတ်တံဆိပ်အရောင်းဆိုင်များကို Huawei Mobile official Facebook Page မှတဆင့် မေးမြန်းစုံစမ်းပြီး နီးစပ်ရာ အရောင်းဆိုင်များတွင် သွားရောက်ဝယ်ယူနိုင်ပါတယ်။

အကျိုးကျေးဇူးက ဘာတွေရရှိနိုင်မလဲ။

ပထမဦးဆုံး ဆင်းမ်ကတ် Activate ဖြစ်ပြီး ငွေဖြည့်လိုက်ပြီဆိုတာနဲ့ အကျိုးကျေးဇူးတွေကို ခံစားရမှာပါ။

Huawei ၏ GR 5 ဖုန်း အသစ်နှင့်အတူ MPT မှ ဆုလက်ဆောင်များ ပေးမည်

(ရန်ကုန်၊ ဒီဇင်ဘာ ၁၉၊ ၂၀၁၆ ခုနှစ်) – ၂၀၁၇ ခုနှစ်ထုတ် မော်ဒယ်မြင့် စမတ်ဖုန်းဖြစ်သည့် Huawei GR5 2017 ကို MPT မှတစ်ဆင့် ကြိုတင်မှာယူနိုင်မည်ဖြစ်ပြီး အများပြည်သူတို့ထံသို့ ၂၀၁၇ ခုနှစ် ဇန်နဝါရီ လ (၁၀) ရက်နေ့တွင် ရောင်းချသွားမည်ဖြစ်သည်။

စတိုင်ကျလှပပြီး အရည်အသွေးမြင့်မားသည့် စမတ်ဖုန်းကို အားလုံးထက်စောစီးစွာ ကိုင်ဆောင်လိုသည့် သုံးစွဲ သူ မိဘပြည်သူများအနေဖြင့် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့ထိ MPT အမှတ်တံဆိပ် စတိုးဆိုင်များတွင် ပြုလုပ်မည့် အရောင်းပြပွဲများတွင် သွားရောက်ကြည့်ရှု လေ့လာနိုင်ကြမည်ဖြစ်ပါသည်။ အဆိုပါ အရောင်းပြပွဲများကို မန္တလေး၊ ရန်ကုန်၊ မုံရွာ၊ ပြင်ဦးလွင်၊ မော်လမြိုင်၊ ပဲခူး၊ ပုသိမ်၊ ဘားအံနှင့် တောင်ကြီးမြို့များတွင်လည်း ကျင်းပသွားမည်ဖြစ်ပါသည်။

GR5 ဖုန်းများကို ဆောလျင်စွာ ကြိုတင်မှာကြားမှုများ ပြုလုပ်မည့် သုံးစွဲသူများအတွက် MPT မှ အထူးလက်ဆောင် များကိုလည်း ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ Power Bank တစ်လုံး၊ အကောင်းစား ကျောပိုးအိတ်တစ်လုံး နှင့် အရည်အသွေးမြင့် ဓါတ်ပုံများ၊ ဗီဒီယိုများနှင့် အခြားဒေတာများကို သိမ်းဆည်းရန် အသင့်တော်ဆုံးဖြစ်သော 32GB ပမာဏရှိ SD ကတ်တစ်ခုတို့ကို အခမဲ့ရရှိနိုင်မည်ဖြစ်ပါသည်။

MPT မှ Huawei GR5 2017 အတွက် အထူး Data Package များကို သီးသန့်ဖန်တီးပေးထားပြီး ဖုန်းတိုင်းတွင် ဆင်းမ်ကတ်တစ်ခု ပါဝင်မည်ဖြစ်ကာ သုံးစွဲသူ မှ ၆ လဆက်တိုက် တစ်လလျှင် ကျပ် ၅၀၀၀ ဖုန်းငွေ ဖြည့်သွင်းလျှင် အင်တာနက်ဒေတာ 4GB ရရှိမည်ဖြစ်ပါသည်။ ထို့အပြင် MPT Special Edition ဖုန်းတွင် သုံးစွဲသူများအဆင်ပြေ လွယ်ကူစေရန်အတွက် MPT4U, Lotaya, Facebook, Viber နှင့် Line အစရှိသည့် အသင့်သုံးစွဲနိုင်သော ဝန်ဆောင်မှုများကိုလည်း ကြိုတင်ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ GR5 ဖုန်းသည် အင်တာနက် 4G အသင့်ပါဝင်ပြီးသား ဖြစ်သည့်အတွက် ၂၀၁၇ ခုနှစ်တွင် MPT မှ မိတ်ဆက်မည့် 4G ကွန်ရက်ကို အပြည့်အဝ သုံးစွဲနိုင်သည့် အခွင့်ကောင်းတစ်ခု ရရှိခြင်းပင်ဖြစ်ပါသည်။

ခေတ်ရေစီးကြောင်းနှင့်အညီ နောက်ဆုံးပေါ်ဒီဇိုင်းများကို ကြိုက်နှစ်သက်ပြီး စျေးနှုန်းချိုသာသည့် စမတ်ဖုန်းများကို ရှာဖွေနေသူများအတွက် Huawei မှ GR5 2017 ကို စွမ်းဆောင်ရည်မြင့်မားသော premium ဖုန်းတစ်လုံး၏ specification များနှင့် ဖွဲ့စည်းထားပြီး ဆွဲဆောင်မှုရှိသော သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပါသည်။ ကျောဘက်တွင် ကမ္ဘာ့အဆင့်မီ ကင်မရာနှစ်လုံးပါ၀င်ခြင်းကြောင့် အသေးစိတ် (depth of field) မှအစ တိကျသေသပ်လှပသောပုံရိပ်များကို နာမည်ထင်ရှားပြီးဖြစ်သည့် ယခင်က အလားတူ ဖုန်းများထက် ပိုမိုလျှင်မြန်သွက်လက်စွာ ရိုက်ကူးပေးနိုင်မည် ဖြစ်ပါသည်။
ထို့အပြင် 8MP ရှိသော ရှေ့ကင်မရာပင်ဖြစ်ပြီး မြင်ကွင်းကျယ်ရိုက်ကူးနိုင်မည့် wide-angle lens ပါ၀င်သဖြင့် ဆယ်လ်ဖီများကို အကောင်းမွန်ဆုံးရယူကာ အမှတ်တရ အခိုက်အတန့်များကို သိမ်းဆည်းနိုင်မည် ဖြစ်သည်။ သုံးစွဲသူ၏ မျက်နှာကို မှတ်မိသော Face Recognition နှင့် ရိုက်ကူးပြီးသား ဓာတ်ပုံများကို ပြန်လည်ပြုပြင်နိုင်မည့် retouch software များ ပါ၀င်မှုကြောင့် အကောင်းဆုံးသော ဓာတ်ပုံများကို ဖန်တီးနိုင်စေမည်ဖြစ်ပါသည်။ ထို့အပြင် စျေးနှုန်းသက်သာသည့်အလျောက် အရည်အသွေးပိုင်းတွင် လျော့နည်းသွားခြင်းမရှိဘဲ ကြာရှည်ခံသော ဘက်ထရီသက်တမ်း၊ လက်ဗွေစနစ်ပါ၀င်မှု၊ ပရောဆက်ဆာ မြန်ဆန်မှု၊ ၅.၅ လက်မရှိ အရောင်အသွေး စိုပြေတောက်ပသော HD မျက်နှာပြင်ကျယ် တို့ပါ၀င်သည်ကို အံ့အားသင့်စွာ တွေ့မြင်ရမည်ဖြစ်ပါသည်။
MPT-KSGM မှ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က “စွမ်းဆောင်ရည် ကောင်းမွန်ပြီး စျေးနှုန်းအားဖြင့်လည်း ချိုသာတဲ့ ဒီစမတ်ဖုန်းဟာ MPT ရဲ့ ၀န်ဆောင်မှုများထဲက နောက်ထပ်ပေးသွားမယ့် အံ့အားသင့်ဖွယ် ၀န်ဆောင်မှုတစ်ခုပဲ ဖြစ်ပါတယ်။ အသုံးပြုသူများအနေနဲ့လည်း GR5 မှာ ပါ၀င်တဲ့ ကင်မရာနှစ်လုံးစနစ်ကို သဘောကျနှစ်ခြိုက်ကြပါလိမ့်မယ်။ သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားလို့ ဘက်စုံကောင်းမွန်တဲ့ အရည်အသွေးမြင့် စမတ်ဖုန်းတစ်လုံးလို့ ပြောလို့ရပါတယ်။ MPT က ပေးမယ့် ဒေတာလက်ဆောင်ပရိုမိုးရှင်းတွေနဲ့ ပေါင်းလိုက်မယ်ဆိုရင် Huawei GR5 ဟာ သုံးစွဲသူများ အကြားမှာ အတော်လေး နာမည်ရလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ မရဘူးမဖြစ်ရ လေအောင် ဒီနေ့ပဲ ကြိုတင်အော်ဒါတင်ပြီး လက်ဆောင်ပစ္စည်းတွေကို အခမဲ့ရယူနိုင်ပါပြီ” ဟု ဆိုပါသည်။ 

Huawei GR5 2017 စတင်ရောင်းချခြင်းနှင့် အရောင်းပြပွဲများနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ ကို MPT ၀က်ဘ်ဆိုဒ်တွင် ၀င်ရောက်လေ့လာနိုင်ပါသည်။

ဆိုင်အမည်တိုင်းဒေသကြီး/ ပြည်နယ်လိပ်စာအရောင်းစသည့် ရက်
Mobile Mall MPT အမှတ်တံဆိပ်ဆိုင်မန္တလေး၈၄ လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်။ဒီဇင်ဘာလ ၂၄ ရက်
Mobile Mother လမ်း ၆၀၊ MPT ဆိုင်မန္တလေးလမ်း ၆၀ ထောင့်၊ မနော်ဟရီလမ်း၊ မန္တလေး၊ MPT ဆိုင်ခွဲဒီဇင်ဘာလ ၂၁ ရက်
မြန်မာပိတောက် ကျောက္ကာ၊ MPT ဆိုင်မုံရွာနံပါတ် ၂၀၂၊ ကျောက္ကာလမ်း၊ ရန်ကင်းရပ်ကွက်။ဒီဇင်ဘာလ ၂၄ ရက်
Ecity (ဆူးလေ)ရန်ကုန်ဆူးလေ၊ MPT ဆိုင်။ဒီဇင်ဘာလ ၂၁ ရက်
MEDC MPT အမှတ်တံဆိပ်ဆိုင်၊ တောင်ဥက္ကလာပမြို့နယ်။ရန်ကုန်အမှတ် (၀၀၅)၊ တိုက် (A)၊ ၁၄/၁ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။ဒီဇင်ဘာလ ၂၄ ရက်
Unitel MPT ဆိုင်၊ ရန်ကင်းမြို့နယ်ရန်ကုန်အမှတ် (၁၀၃/၅)၊ ရန်ကင်းလမ်း၊ (၁) ရပ်ကွက်၊ ရန်ကင်းမြို့နယ်။ဒီဇင်ဘာလ ၂၁ ရက်
FPT Mobiltel MPT အမှတ်တံဆိပ်ဆိုင်ရန်ကုန်Hledan Centreဒီဇင်ဘာလ ၂၄ ရက်
Citicom MPT Banana ၊ မြန်မာပလာဇာရန်ကုန်K 101, မြန်မာပလာဇာ၊ ပထမထပ်၊ အမှတ် ၁၉၂၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်။ဒီဇင်ဘာလ ၂၄ ရက်
ပြင်ဦးလွင် MPT အမှတ်တံဆိပ်ဆိုင်ပြင်ဦးလွင်ကြေးနန်းလမ်းနှင့်၊ မန္တလေး – လားရှိုး လမ်းထောင့်၊ မြန်မာ့စီးပွားရေးဘဏ်၊ အမှတ် ၅ ရပ်ကွက်။ဒီဇင်ဘာလ ၂၁ ရက်
မော်လမြိုင် MPT အမှတ်တံဆိပ်ဆိုင်မော်လမြိုင်တိုင်းမန်နေဂျာရုံး၊ MPT၊ သစ်ကယ်ကုန်းရပ်ကွက်၊ မော်လမြိုင်မြို့။ဒီဇင်ဘာလ ၂၁ ရက်
ပဲခူး MPT အမှတ်တံဆိပ်ဆိုင်ပဲခူးရန်ကုန်-မန္တလေးလမ်း၊ နာရီစင်အနီး၊ MPT ခရိုင်မန်နေဂျာရုံးဒီဇင်ဘာလ ၂၁ ရက်
ပုသိမ် MPT အမှတ်တံဆိပ်ဆိုင်ပုသိမ်ခရိုင်မန်နေဂျာရုံး MPT၊ မဟာဗန္ဓုလလမ်း၊ ဧရာဝတီတိုင်း၊ ပုသိမ်မြို့။ဒီဇင်ဘာလ ၂၁ ရက်
ဘားအံ MPT အမှတ်တံဆိပ်ဆိုင်ဘားအံဘားအံစာတိုက်ဝင်း၊ ပဒုမ္မာလမ်း၊ အမှတ် (၁) ရပ်ကွက်။ဒီဇင်ဘာလ ၂၁ ရက်
သင်္ဃန်းကျွန်း  MPT အမှတ်တံဆိပ်ဆိုင်ရန်ကုန်သုမင်္ဂလာလမ်းနှင့် သုမနလမ်းထောင့်၊ သင်္ဃန်းကျွန်းမြို့နယ်။ဒီဇင်ဘာလ ၂၁ ရက်
ပန်းဆိုးတန်း MPT အမှတ်တံဆိပ်ဆိုင်ရန်ကုန်မဟာဗန္ဓုလလမ်းနှင့် ပန်းဆိုးတန်း လမ်းထောင့်၊ ကျောက်တံတားမြို့နယ်။ဒီဇင်ဘာလ ၂၁ ရက်
တောင်ကြီး MPT အမှတ်တံဆိပ်ဆိုင်တောင်ကြီးတိုင်းမန်နေဂျာရုံးအတွင်း၊ ဗိုလ်ချုပ်လမ်း၊ သစ်တော်ရပ်။ဒီဇင်ဘာလ ၂၁ ရက်

NLD x MPT Education Network Graduation Ceremony

NLD ပညာရေးကွန်ရက် နဲ့ MPT တို့ရဲ့  ကွန်ပျူတာကျွမ်းကျင်မှုဆိုင်ရာ အစီအစဉ်တစ်ခုဖြစ်တဲ့ “ ရှေ့သို့လှမ်းချီဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ်ရဲ့ ပထမအသုတ် သင်တန်းဆင်းပွဲ အခမ်းအနားကို တော်ဝင်နှင်းဆီစားသောက်ဆိုင် မှာ ဒီဇင်ဘာလ (၁၈) ရက်နေ့ တနင်္ဂနွေနေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအစီအစဉ်အရ နှစ်လတာကြာမြင့်တဲ့ ကွန်ပျူတာသင်တန်းကို NLD ပညာရေးကွန်ရက်က ကျောင်းပေါင်း (၁၀) ကျောင်းမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး  ကျောင်းသားပေါင်း ၂၇၈ ယောက်တိတိ တက်ရောက်အောင်မြင်ခဲ့ကြပါတယ်။ သင်တန်းတက်ရောက် အောင်မြင်ခဲ့ကြတဲ့ ကျောင်းသားတွေနဲ့ ပွဲရဲ့ပုံရိပ်တွေကို မျှဝေလိုက်ရပါတယ်။ MPT အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်မှာရှိတဲ့ NLD ပညာရေးကွန်ရက်က ကျောင်းပေါင်း ၁၀ ကျောင်းမှာ လက်ပ်တော့ ကွန်ပျူတာအလုံး ၂၀၀ နဲ့အင်တာနက်အသုံးပြုနိုင်မယ့် Router တွေအပြင် သင်တန်းဆရာတွေကိုပါ ပံ့ပိုးပေးခဲ့တာပါ။

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းများ ပြုလုပ်နိုင်ရန် MPT နှင့် KBZ ဘဏ်တို့ လက်တွဲဆောင်ရွက်

(ရန်ကုန်၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၈ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် ကမ္ဘောဇဘဏ်နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကမ္ဘောဇဘဏ်ခွဲများတွင် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်ကာ ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်သည်။

၂၀၁၆ ခုနှစ် သြဂုတ်လ (၁) ရက်နေ့က ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားချက်အရ ဆင်းမ်ကတ်များအားလုံးကို ၂၀၁၇ ခုနှစ် မတ်လနောက်ဆုံးထား၍ မှတ်ပုံတင်ရမည် ဖြစ်သည့်အတွက် MPT သည် ဆင်းမ််ကတ်မှတ်ပုံတင်ခြင်းကို သုံးစွဲသူများအတွက် ပိုမို အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်စေရန် မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် ကမ္ဘောဇဘဏ်နှင့် လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

MPT သုံးစွဲသူများသည် လက်တလောတွင် ကမ္ဘောဇဘဏ်ခွဲပေါင်း ၅၀ ခုတွင် သွားရောက်မှတ်ပုံတင်နိုင် မည်ဖြစ်ပြီး လာရောက်မှတ်ပုံတင်သူများကို ကမ္ဘောဇဘဏ်မှ အခမဲ့အစီအစဉ်များ ပြန်လည်ပေးအပ်သွား မည်ဖြစ်သည်။ ထို့ကြောင့် သတ်မှတ်ထားသောဘဏ်ခွဲများတွင် ၄င်းတို့၏ MPT ဆင်းမ်ကတ်များကို မှတ်ပုံတင်ရင်း KBZ internet banking စနစ်ကို အခမဲ့ရယူနိုင်မည်ဖြစ်သည်။ ထို့အပြင် ကမ္ဘောဇဘဏ် စာရင်းမရှိသေးသူများအတွက်လည်း ကမ္ဘောဇဘဏ်တွင် ၁၀၀၀ ကျပ်ကြိုတင်ငွေဖြည့်သွင်းထားသည့် ငွေစုဘဏ်စာရင်းအသစ်တစ်ခု အခမဲ့ ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

ကမ္ဘောဇဘဏ်နှင့် MPT တို့၏ ယခုလိုပူးပေါင်းလိုက်ခြင်းက ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို ပိုမိုလွယ်ကူ ချောမွေ့စေပြီး MPT အနေဖြင့် သုံးစွဲသူများ ဆင်းမ်ကတ်မှတ်ပုံတင်ဆောင်ရွက်နိုင်မည့် အခြားသောနည်းလမ်းများအပြင် ၀န်ဆောင်မှုအသစ်တစ်ခုအနေဖြင့် ထပ်မံပေးအပ်လိုက်ခြင်းဖြစ်သည်။ MPT အသုံးပြုသူများသည် MPT Call Customer Service Center ၏ ဖုန်းနံပါတ် 106 သို့ခေါ်ဆို၍လည်း အွန်လိုင်းမှတစ်ဆင့် ဆင်းမ်ကတ်မှတ်ပုံတင်နိုင်မည့် လုပ်ငန်းစဉ်များနှင့် လိုအပ်သည်များ၊ ဆင်းမ်ကတ်မှတ်ပုံတင်နိုင်မည့်နေရာများကို သိရှိနိုင်မည်ဖြစ်သည်။

MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က “ကမ္ဘောဇဘဏ်ကဲ့သို့ ဘဏ်ကြီးတွေနဲ့ ထပ်မံလက်တွဲခွင့်ရတဲ့အတွက် ကျွန်တော်တို့ရဲ့ ၂၀၁၇ ခုနှစ် မတ်လမတိုင်မီ သုံးစွဲသူများအားလုံး ဆင်းမ်ကတ်မှတ်ပုံတင်ရေး ရည်မှန်းချက်ပန်းတိုင်နဲ့ ပိုပိုပြီး နီးကပ်လာပါပြီ။ ဆက်လက်ပြီးလည်း ဆင်းမ်ကတ်မှတ်ပုံတင်ရာမှာ လွယ်ကူမြန်ဆန်မှုရှိစေဖို့ ၀န်ဆောင်မှုပေးနိုင်မယ့်နေရာတွေ တိုးချဲ့ရင်း သုံးစွဲသူတွေအတွက် အဆင်ပြေအလွယ်ကူဆုံးသော နည်းလမ်းများကို ကျွန်တော်တို့ ရှာဖွေသွား မှာပါ” ဟု ပြောကြားခဲ့ပါသည်။

ကမ္ဘောဇဘဏ်၏ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦးအောင်ကျော်မျိုးကလည်း “ကျွန်တော်တို့ ကမ္ဘောဇဘဏ်အနေနဲ့ ဒီလိုစီမံကိန်းမှာ MPT နဲ့အတူ ပါ၀င်ခွင့်ရတဲ့အတွက် အထူးဂုဏ်ယူမိပါတယ်။ ကမ္ဘောဇဘဏ်ခွဲတွေဟာ နိုင်ငံတစ်ဝှမ်းလုံးမှာ ရှိနေပြီဖြစ်တဲ့အတွက် သုံးစွဲသူများ ဆင်းမ်ကတ် မှတ်ပုံတင်တဲ့ အခါမှာ ပိုမိုလွယ်ကူပြီး အဆင်ပြေချောမွေ့စေမှာပါ။ ကျွန်တော်တို့နဲ့အတူ သုံးစွဲသူများ ပိုမိုပါ၀င်လာ အောင်လည်း ကျွန်တော်တို့ ပရိုမိုးရှင်းတွေ ပြုလုပ်ပေးထားပါတယ်။ သုံးစွဲသူများအတွက်ရော ကျွန်တော်တို့အတွက်ရော MPT အတွက်ရော နိုင်ငံတော်အတွက်ရော အောင်မြင်တဲ့စီမံကိန်း တစ်ခုဖြစ် လိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

MPT ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းနှင့် ကမ္ဘောဇဘဏ်အကောင့်ဖွင့်လှစ်ခြင်းတို့အတွက် သုံးစွဲသူများသည် ၄င်းတို့၏ မှတ်ပုံတင်မူရင်းပြသရန် လိုအပ်မည်ဖြစ်သည်။

ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးတို့အပါအဝင် မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်မည့် ဘဏ်ခွဲစာရင်း အပြည့် အစုံကို MPT ၏ ၀က်ဘ်ဆိုဒ် www.mpt.com.mm တွင် ၀င်ရောက်ရယူနိုင်ပါသည်။

ကမ္ဘောဇအုပ်စုကုမ္ပဏီအကြောင်း

ကမ္ဘောဇအုပ်စုကို ၁၉၉၄ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး ယခုအခါ ဘဏ်လုပ်ငန်း၊ လေကြောင်း လိုင်းများ၊ အာမခံလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းနှင့် အခြားသောကမ္ဘောဇ၏လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်နေသော ၀န်ထမ်းပေါင်း ၈၀,၀၀၀ ကျော် ရှိပါသည်။ မြန်မာနိုင်ငံတွင် အကြီးဆုံံးပုဂ္ဂလိကအဖွဲ့အစည်းဖြစ်ပြီး အဓိကရည်ရွယ်ချက်မှာ တာဝန်ယူမှှုရှိသော စီးပွားရေးလုပ်ငန်းများမှတစ်ဆင့် မြန်မာနိုင်ငံနှင့် ပြည်သူပြည်သားတို့၏အားမာန်ကို ဖြည့်တင်းရန် ဖြစ်သည်။ ကမ္ဘောဇအုပ်စု၏ “ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း” (KBZ Brighter Future Myanmar Foundation) သည် ပရဟိတလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိပြီး ဖောင်ဒေးရှင်း၏ လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင် ရေရှည်တည်တံ့ရေး ဆိုင်ရာ တာဝန်ယူဆောင်ရွက်ချက်များကြောင့်လည်း ပြည်တွင်းပြည်ပမှ ဆုများစွာ ရရှိထားသည်။

ပိုမိုသိရှိလိုပါကကမ္ဘောဇကုမ္ပဏီများအုပ်စု၏ အင်တာနက် စာမျက်နှာပေါ်တွင် လေ့လာဖတ်ရှုနိုင်ပါသည်။ http://www.kbzgroup.com.mm/.