MPT Collaboration Devices

MPT Collaboration Devices

Xiaomi Redmi Note4 ၊ Redmi4 နှင့် Redmi4a ပရိုမိုးရှင်းအစီအစဉ်ဆိုတာ ဘယ်လိုမျိုးပါလဲ။

> Xiaomi Redmi Note4 ၊ Redmi4 နှင့် Redmi4a ဖုန်းကို ပရိုမိုးရှင်းကာလမှာ ၀ယ်ယူခဲ့ပါက MPT SIM Card တစ်ခုကို အခမဲ့ရရှိမှာဖြစ်ပါတယ်။ 
>MPT SIM card အခမဲ့နှင့်အတူ တစ်လလျှင် ၁၀၀၀ကျပ်ငွေဖြည့်ရုံဖြင့် Redmi Note 4 အတွက် အင်တာနက် ရ၇၇ မီဂါဗိုက် ၊ Redmi4 နှင့် Redmi4a အတွက် 400MB,60 min(on-net) & 100 SMS(on-net) အသုံးပြုခွင့်ရပါမည်။ (ပထမလအပါအဝင်)
> အဆိုပါ အင်တာနက်အသုံးပြုခွင့်ကို တစ်လတစ်ခါဖြင့် ၆လတိတိရရှိမှာဖြစ်ပါတယ်။

အင်တာနက်အသုံးပြုခွင့်ကို ဘယ်အချိန်အထိရမှာပါလဲ။

> SIM Card ကို စတင်အသုံးပြုသည့်အချိန်မှစပြီး ၆လစာရရှိမှာဖြစ်ပါတယ်။
> ဥပမာ – ဖုန်းအသုံးပြုသူဟာ MPT SIM Card ကို ဇန်နဝါရီလမှ စတင် activate ပြုလုပ်ခဲ့ပါလျှင် အဆိုပါ အင်တာနက် အသုံးပြုခွင့်ကို ဇွန်လအထိရရှိမှာဖြစ်ပါတယ် သုံးစွဲသူသည် SIM Card ကို ဖေဖော်ဝါရီလမှစပြီး မေလအထိတိုင် TopUp မလုပ်နိုင်ခဲ့သည့်တိုင်အကျုံးဝင််ပါတယ်။

ပုံမှန်ဝန်ဆောင်မှုကိုပြောင်းလဲလိုက်ရင်ရော ဘယ်လိုဖြစ်သွားနိုင်ပါလဲ။

> ဆွေသဟာအစီအစဉ်ကိုရယူထားသူများသာ အဆိုပါ အင်တာနက်အစီအစဉ်ကိုရယူနိုင်ပါတယ်။
> အကယ်၍ ပုံမှန်ဝန်ဆောင်မှုကို ရွေးချယ်ထားခဲ့ပြီး ဆွေသဟာအစီအစဉ်ကို ပြန်လည်ရယူလိုက်ပါက အဆိုပါ လက်ဆောင်အင်တာနက် ထဲမှ ကျန်ရှိသော အင်တာနက် အသုံးပြုခွင့်ကို ဆက်လက်ရရှိမှာဖြစ်ပါသည််။

အဆိုပါအခမဲ့ရရှိသော ဒေတာက ဘယ်တော့ သက်တမ်းကုန်ဆုံးမှာလဲ။

အဆိုပါလက်ဆောင် သည်ပေးထားသောရက်မှစတင်၍ ရက်ပေါင်း၃၀သက်တမ်းရှိပါတယ်။

ဘယ်ဒေတာကို အရင်စတင်အသုံးပြုရမှာလဲ။ အခမဲ့ရတဲ့ ဒေတာလား (သို့) ၀န်ဆောင်ခပေးထားတဲ့ဒေတာလား။

အခမဲ့ရရှိသောဒေတာကို အမြဲတမ်း အရင်ဆုံးအသုံးပြုသွားမှာဖြစ်ပါတယ်။

Xiaomi Redmi Note4 ၊ Redmi4 နှင့် Redmi4a တို့၏ စျေးနှုန်းက ဘယ်လောက်ပါလဲ။

> Xiaomi Redmi Note4 ၏စျေးနှုန်းက ၂၁၅၀၀၀ ကျပ် ဖြစ်ပါတယ်။
> Xiaomi Redmi4 ၏စျေးနှုန်းက ၁၄၉၀၀၀ ကျပ် ဖြစ်ပါတယ်။
> Xiaomi Redmi 4A ၏စျေးနှုန်းက ၁၂၉၀၀၀ ကျပ် ဖြစ်ပါတယ်။

အဆိုပါ handset ကို ဘယ်မှာဝယ်ယူလို့ရလဲ။

Xiaomi Redmi Note4 ၊ Redmi4 နှင့် Redmi4a ကို MI အရောင်းဆိုင်များနှင့် အဆိုပါ ပရိုမိုးရှင်းကြော်ငြာကပ်ထားသော MI အမှတ်တံဆိပ်ရှိသော ဆိုင်များတွင် ၀ယ်ယူရရှိနိုင်ပါတယ် (သို့) MI အမှတ်တံဆိပ်အရောင်းဆိုင်များကို MI Myanmar official Facebook Page မှတဆင့် မေးမြန်းစုံစမ်းပြီး နီးစပ်ရာ အရောင်းဆိုင်များတွင် သွားရောက်ဝယ်ယူနိုင်ပါတယ်။

Xiaomi Redmi Note4 ၊ Redmi4 နှင့် Redmi4a ကို ဘယ်တော့ ၀ယ်ယူရရှိနို်င်မှာလဲ။

Xiaomi Redmi Note4 နှင့် Redmi4 ကို ၂၀၁၇ ဇန်နဝါရီလ ၁၄ရက်နေ့ မှာ စတင်ရောင်းချသွား မှာဖြစ်ပြီး Redmi4a ကိုတော့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာစတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

နိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ၏ စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေခဲ့

ဇန်နဝါရီလ ၁၂ ရက်၊ ၂၀၁၇ ခုနှစ်၊ နေပြည်တော် – မြန်မာနိုင်ငံအနေနှင့် ဆက်သွယ်ရေးကဏ္ဍအတွင်း ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် နိုင်ငံ၏ စီးပွားရေးဖွံဖြိုးတိုးတက်မှုအတွက် များစွာ အထောက်အကူဖြစ်စေခဲ့ကြောင်း မြန်မာနိုင်ငံ၏ မြို့တော်တွင် ယနေ့ ပြုလုပ်ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် ပါ၀င် တက်ရောက်ဆွေးနွေးခဲ့သည့် ပညာရှင်များက အသိအမှတ် ပြု ပြောကြား ခဲ့ကြပါသည်။ ဂျပန်၊ နော်ဝေနှင့် ကာတာတို့အပါအ၀င် နိုင်ငံများမှနေ၍ နှစ်နှစ်တာကာလအတွင်း ရင်းနှီးမြုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံကျော် ပြုလုပ်ခဲ့သည့်အတွက် ဆက်သွယ်ရေးကဏ္ဍသည် မြန်မာနိုင်ငံအတွင်း တိုက်ရိုက် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု အများဆုံးကဏ္ဍများထဲမှ တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပါသည်။ ထို့အပြင် ရလဒ်အနေနှင့် နောင်လာမည့် ၁၅ နှစ်ကျော် ကာလအတွင်း နိုင်ငံအတွင်း ခန့်မှန်းခြေ အလုပ်အကိုင် အခွင့်အလမ်းနေရာပေါင်း ၂၅၀,၀၀၀ ခန့် ဖန်တီးနိုင်ပြီး မြန်မာနိုင်ငံ၏ ဂျီဒီပီကိုလည်း ၅% ကျော် ထောက်ကူနိုင်မည်ဟု မျှော်မှန်း ထားပါသည်။

နေပြည်တော်တွင် ကျင်းပခဲ့သည့် Myanmar Mobile Symposium သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး အဖြစ် ကျင်းပ ပြုလုပ်သော အခမ်းအနားတစ်ခု ဖြစ်ပြီး GSMA ၏ ဦးဆောင်မှုဖြင့် MPT (မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း)၊ အူရီဒူးမြန်မာနှင့် တယ်လီနောမြန်မာတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပါသည်။ ယခုဆွေးနွေးပွဲကို မြန်မာနိုင်ငံနှင့် ကမ္ဘာတစ် ှ မ်းမှ ဆက်သွယ်ရေး ကဏ္ဍနှင့် ယင်းကဏ္ဍနှင့် ဆက်စပ် ကဏ္ဍများမှ လုပ်ငန်း အဖွဲ့အစည်းများ၊ ကိုယ်စားလှယ် စုစုပေါင်း ၂၀၀ နီးပါး ပါ၀င် တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

ဆက်သွယ်ရေးကဏ္ဍ အတွင်း ဆက်လက်ဖွံဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာစေရန်နှင့် မြန်မာနိုင်ငံ ပြည်သူပြည်သားများအတွက် အကျိုးရလဒ်ကောင်းများ ရရှိနိုင်စေရန် အတွက် မြန်မာနိုင်ငံ အစိုးရ အနေနှင့် ၎င်း၏ ရင်းနှီးမြုပ်နှံမှုများကို ပိုမို ဆွဲဆောင် နိုင်မည့် မူ၀ါဒများကို အတည်ပြု ကျင့်သုံးမှုရှိရန်နှင့် လွယ်ကူရိုးရှင်းသည့် နည်းဥပဒေများ ချမှတ်ထားမှုရှိရန် ယခု ဆွေးနွေးပွဲက တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့အပြင် ဆက်သွယ်ရေးနှင့် ICT ကဏ္ဍများ၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းထားခြင်းသည် အထက်ပါ အကျိုးရလဒ်ကောင်းများအား ရရှိစေရေးအတွက် အလွန်အရေးပါပြီး မူ၀ါဒ ချမှတ်သူများ ၏ ဦးစားပေး အချက်တစ်ချက် အဖြစ် ဆက်လက်ရှိနေသင့်ကြောင်း ပြောကြားခဲ့သည်။

“အစိုးရအနေနဲ့ မိုဘိုင်းနည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချပြီး အားပေးကူညီမှုတွေ ပြုလုပ်တဲ့အခါ အကျိုးရလဒ် ကောင်းတွေ ရရှိလာနိုင်တယ်ဆိုတာကို မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုတွေက သက်သေပြနေပါတယ်” ဟု GSMA ၏ Head of Asia ဖြစ်သူ Alasdair Grant က ပြောကြားသည်။ “ပိုပြီးအရေးကြီးတာကတော့ ဒီလို အံ့အားသင့် လောက်စရာ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် အခုလို အကူးအပြောင်းကာလမှာ စည်းမျဉ်းချမှတ်ထိန်းသိမ်းသူတွေ၊ အော်ပရေတာတွေနဲ့ ဝန်ဆောင်မှု ပေးအပ်သူတွေအနေနဲ့ အတူလက်တွဲလုပ်ကိုင်ဖို့ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT အနေနဲ့ တယ်လီကွန်း ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍမှာ ရင်းနှီးမြှုပ်နှံရေးနဲ့ လုပ်ငန်းဆောင်ရွက်ပုံနည်းလမ်းတွေနဲ့အတူ အပြောင်းအလဲကိုဖော်ဆောင်နိုင်ဖို့ သန္နိဌာန်ချထားပါတယ်။ တိုးတက်လာတဲ့ ဈေးကွက်အနေအထားနဲ့လိုက်လျောညီထွေရှိတဲ့ ဥပဒေစည်းမျဉ်းတွေကလည်း အသင့်ဖြစ်နေဖို့ လိုသလို နိုင်ငံတစ်ခုလုံး အတိုင်းအတာနဲ့ အကျိုးအမြတ်တွေဖြစ်ထွန်းနိုင်ဖို့အတွက် ကဏ္ဍအစုံမှာလည်း မှန်ကန်တဲ့ အနေအထားမှာရှိနေဖို့ လိုအပ်ပါတယ်” ဟု MPT-KSGM Joint Operations ၏အမှုဆောင်အရာရှိချုပ် Toshitake Amamiya ကပြောကြားသည်။ “နောက်ဆုံးပေါ် ကွန်ရက်ချိတ်ဆက်မှုနည်းပညာတွေကြောင့် အမြန်ဆန်ဆုံးသော အင်တာနက်ကို အသုံးပြုနိုင်ခွင့်မှတစ်ဆင့် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့် မြန်မာနိုင်ငံသားများရဲ့ လူမှုပတ်၀န်းကျင်ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုသလို မြန်မာနိုင်ငံတွင် လုပ်ငန်းသစ်များကို စွန့်ဦးတီထွင်လုပ်ကိုင်လိုစိတ်များကို အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်စေပါတယ်။ အူရီဒူးမြန်မာအနေနဲ့ အဓိကကျအရေးပါလှတဲ့ အခြေခံအဆောက်အဦကဏ္ဍတွေဖြစ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး၊ ဒစ်ဂျစ်တယ်နည်းပညာဖွံ့ဖြိုးတိုးတက်မှု နဲ့ အခြားသော အဓိကကျပြီး လိုအပ်တဲ့ ဧရိယာတွေ အတွက် ငွေကြေးအပါအ၀င် အခြားသော အထောက်အပံ့များကို ကူညီပံ့ပိုးပေးပြီး “တောက်ပကောင်းမွန်သော အနာဂတ် ဆီသို့” ဦးတည် ခေါ်ဆောင်ပေးရန် ခိုင်မာတဲ့ ရည်ရွယ်ချက်ထားရှိပါတယ်” ဟု အူရီဒူးမြန်မာ၏ အမှုဆောင် အရာရှိချုပ် Rene Meza ကပြောကြားသည်။

“တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတဲ့ လူ့အသိုင်းအဝန်းတွေဟာ အားကောင်းတဲ့ လူ့အသိုင်းအဝန်းတွေ ဖြစ်ပါတယ်။ လျင်လျင် မြန်မြန် ပြောင်းလဲနေတဲ့ ဒစ်ဂျစ်တယ် ကမာ္ဘကြီးမှာ အစိုးရတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေ ဖြစ်ပေါ်လာစေနိုင်ပြီး လူတိုင်းအတွက် အကျိုးရှိစေမဲ့ ဖွဲ့စည်းမှုတွေကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့ နေရာမှာ အတူလက်တွဲလုပ်ကိုင်ဖို့က မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ် ဒစ်ဂျစ်တယ်နည်းပညာရဲ့ တန်ဖိုးနဲ့ ရရှိလာနိုင်မဲ့ အခွင့်အလမ်းတွေကို ဘယ်လိုမျိုး ဆက်လက် အသုံးပြုသွား မလဲဆိုတဲ့ အပေါ်မှာ ပါဝင်လုပ်ဆောင်သူတွေအားလုံးနဲ့ ညှိုနှိုုင်းပြောဆိုမှုတွေ ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ မျှော်လင့် သလို ကြိုလည်းကြိုဆိုပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Lars Erik Tellmann က ပြောကြားသည်။

TELENOR MYANMAR MEDIA CONTACTSGSMA MEDIA CONTACTSMPT MEDIA CONTACTSOoredoo Myanmar MEDIA CONTACTS
Alex Nyi Nyi Aung (Mr.)Larry Loh (Mr.)Hay Mann Soe (Ms.)May Myo Han (Ms.)
[email protected][email protected][email protected][email protected]

အရည်အသွေး ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများပေးနိုင်ရန်အတွက် နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့် တင်ခြင်း

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မိုဘိုင်းလ်ဖုန်းအသုံးပြုသူများအား အရည်အသွေး ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများပေးနိုင်ရန်အတွက် နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့် တင်ခြင်းကို ဇန်နဝါရီလ ၁၁ရက်၊ ၁၃ရက်၊ ၁၇ ရက်၊ ၁၉ ရက်နေ့ နံနက် (၀၀:၀၀) နာရီ မှ နံနက် (၀၅:၀၀)နာရီ အချိန်အတွင်း ပြုလုပ်မည်ဖြစ်ပါသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်နေချိန်အတွင်း ဖုန်းခေါ်ဆိုခြင်း၊ SMS ပေးပို့ခြင်း နှင့် ငွေဖြည့်သွင်းခြင်း တို့ကို  ပုံမှန်အတိုင်း အသုံးပြုနိုင်မည်ဖြစ်ပြီး GSM အသုံးပြုသူများ အနေဖြင့်   MPT ၏ထပ်ဆောင်းဝန်ဆောင်မှုများဖြစ်သည့် Caller Ring Back Tone ၀န်ဆောင်မှုများ၊ Call Waiting၊ Call Forwarding ၊ Voice Message၊ Miss Call အသိပေးဝန်ဆောင်မှု၊ နိုင်ငံတကာ Voice Call နှင့် ဆွေသဟာ (SWE) ၀န်ဆောင်မှု စသည်တို့ကို ရယူခြင်း (သို့) ပယ်ဖျကြ်ခင်း တို့လုပ်ဆောင်ရာတွင်လည်းကောင်း၊ ဆွေသဟာအစီအစဉ်ကို ရယူထားခြင်းမရှိသော အသုံးပြုသူများသည် အဆိုပါအချိန်အတွင်းတွင် Data ရယူခြင်း (သို့) ပယ်ဖျကြ်ခင်း တို့လုပ်ဆောင်ရာတွင်လည်းကောင်း၊ အခက်အခဲအနည်းငယ် ဖြစ်ပေါ်နိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေး ကြေညာ အပ်ပါသည်။

အဆင်မပြေမှုများအတွက် MPT မှ အနူးအညွတ် တောင်းပန် အပ်ပါသည်။

MPT ၏ လိုတရ စေတနာကမ်းလှမ်းလက်များ မိတ်ဆက်

MPT ၏ လိုတရ စေတနာကမ်းလှမ်းလက်များ မိတ်ဆက်

လိုတရ စေတနာကမ်းလှမ်းလက်များဆိုတာက ဘာပါလဲ။

MPT ရဲ့ လိုတရ စေတနာကမ်းလှမ်းလက်များဆိုတာက MPT သုံးစွဲသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေ၊ အစီအစဉ်တွေမှာ လှူဒါန်းနိုင်အောင် ဖန်တီးပေးထားတဲ့ ထူးခြားတဲ့လှူဒါန်းရေး ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံးဖြစ်သော ဤလှူဒါန်းရေး ဝက်ဘ်ဆိုက်စာမျက်နှာသစ် မှတစ်ဆင့် MPT သုံးစွဲသူများအနေဖြင့် မိမိတို့နှစ်သက်ရာ အစီအစဉ်နှင့်ပတ်သက်ပြီး လှူဒါန်းမှုပြုလုပ်ခြင်းမပြုမီ အဆိုပါ လူမှုအဖွဲ့အစည်းများ၏ လှုပ်ရှားမှုပုံရိပ်များနှင့် အစီအစဉ်များကို ဝင်ရောက်ကြည့်ရှု့နိုင်ကာ မိမိနှစ်သက်သည့် အစီအစဉ်ကို ရွေးချယ်နိုင်မှာဖြစ်ပါသည်။

MPT သုံးစွဲသူတွေပဲ စေတနာကမ်းလှမ်းလက်များပေါ်ကနေ လှူဒါန်းမှုတွေ ပြုလုပ်နိုင်တာပါလား။

ဟုတ်ပါတယ်။ MPT သုံးစွဲသူတွေပဲ MPT ရဲ့ လိုတရဝက်ဘ်ဆိုဒ်မှာရှိတဲ့ လိုတရ စေတနာကမ်းလှမ်းလက်များ စာမျက်နှာကတစ်ဆင့် လှူဒါန်းနိုင်တာဖြစ်ပါတယ်။

သုံးစွဲသူတွေက ပါ၀င်တဲ့အစီအစဉ်တွေနဲ့ ဘယ်လိုလှူရမယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ။

သုံးစွဲသူတွေဟာ အစီအစဉ်များအကြောင်း ပိုပြီးသိလို၍ပဲဖြစ်ဖြစ် လှူဒါန်းလို၍ပဲဖြစ်ဖြစ် အောက်ပါအဆင့်များ အတိုင်း ဆောင်ရွက်နိုင်ပါတယ်။
၁) အင်တာနက်ဖွင့်ပြီး မိုဘိုင်း browser မှတစ်ဆင့် http://helpinghands.foc.lotayamm.com/ သို့ ဝင်ကာ လူထုအကျိုးပြုလုပ်ငန်းအမျိုးမျိုး၏ အချက်အလက်များကို ရယူနိုင်သော လိုတရ စေတနာကမ်းလှမ်းလက်များ စာမျက်နှာသို့ သွားပါ။
၂) အဆိုပါစာမျက်နှာတွင် ပါ၀င်သော လှုပ်ရှားမှုအစီအစဉ်များထဲမှ နှစ်သက်ရာတစ်ခုကို ရွေးချယ်ပြီး မိမိတို့၏ MPT ဖုန်းလက်ကျန်ငွေမှ လှူဒါန်းလိုသော ငွေပမာဏကို ထပ်မံရွေးချယ်ပါ။
၃) ဆက်လက်မလုပ်ဆောင်မီ မိမိရွေးချယ်ထားသော အစီအစဉ်ကုဒ်နံပါတ်နှင့် အလှူငွေပမာဏကို ပြန်လည် စစ်ဆေးပါ။
၄) လှူဒါန်းမှုကို အတည်ပြု၊မပြု စာတန်းပေါ်လာပါက အတည်ပြုကြောင်းနှိပ်ပါ။ ထို့နောက် လှူဒါန်းမှုပြီးစီးကြောင်း စာတိုတစ်စောင်ကို သင်၏ MPT ဖုန်းနံပါတ်သို့ MPT မှ ပေးပို့သွားမည် ဖြစ်ပါတယ်။ အလှူငွေပမာဏကို မိမိ၏ဖုန်းလက်ကျန်ငွေမှ ဖြတ်တောက်သွားပါမယ်။ (လှူဒါန်းမှုအတွက် လက်ကျန်ငွေမလုံလောက်ပါက လှူဒါန်းမှုမအောင်မြင်ကြောင်း စာတန်းပေါ်လာမည် ဖြစ်ပါသည်)

လိုတရ စေတနာကမ်းလှမ်းလက်များကနေတစ်ဆင့် လှူဒါန်းတဲ့အပေါ်မှာ ကောက်ခံတဲ့ ၀န်ဆောင်ခတွေ ရှိပါသလား။

လှူဒါန်းမှုများပြုလုပ်တဲ့အခါမှာ မည်သည့်ဝန်ဆောင်ခမှ ပေးဆောင်ရန်မလိုပါ။ အလှူငွေပမာဏအားလုံးကို မိမိတို့ရွေးချယ်ထားတဲ့ အစီအစဉ်တွေဆီကို တိုက်ရိုက်ရောက်ရှိမှာ ဖြစ်ပါတယ်။

သုံးစွဲသူတွေဟာ ဘယ်အဖွဲ့အစည်းတွေကို လှူဒါန်းနိုင်မလဲ။

အစပိုင်းတွင် လိုတရ စေတနာကမ်းလှမ်းလက်များပလက်ဖောင်းမှာ ကနဦးပါ၀င်တဲ့ အဖွဲ့အစည်း ၁၀ ခု ရှိပါတယ်။ အဲ့ဒါတွေက ဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ နာရေးကူညီမှုအသင်း (ရန်ကုန်)၊ ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း၊ ဆည်းဆာရိပ် ဂီလာနဘိုးဘွားများရိပ်သာ၊ ပြည်ကြီးခင်အမျိုးသမီးများ အဖွဲ့အစည်း၊ ရွှေမင်းသားဖောင်ဒေးရှင်း၊ လမ်းသစ်ဖောင်ဒေးရှင်း၊ သဘာဝတရားရိပ်သာ (သန်လျင်)၊ လူမှုအဖွဲ့အစည်းတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး လေပြည်များ (ဂျပန်) အဖွဲ့အစည်းတို့ ဖြစ်ပါတယ်။

သုံးစွဲသူတွေက စေတနာကမ်းလှမ်းလက်များပလက်ဖောင်းအတွက် ထပ်မံအဆိုပြုချင်တဲ့အစီအစဉ်တွေရှိရင် ဘယ်လို ပြုလုပ်နိုင်မလဲ။

လိုတရ စေတနာကမ်းလှမ်းလက်များအကြောင်း ပိုမိုသိရှိလို၍ဖြစ်စေ အစီအစဉ်များအဆိုပြုလို၍ဖြစ်စေ www.mpt.com.mm သို့မဟုတ် www.facebook.com/mptofficialpage မှာ ၀င်ရောက်လေ့လာပြီး MPT ကို ဆက်သွယ်နိုင်ပါတယ်။

တစ်ခါလှူရင် လှူဒါန်းနိုင်တဲ့ အများဆုံးနဲ့အနည်းဆုံးငွေပမာဏကို ပြောပြပေးပါ။

လှူဒါန်းနိုင်တဲ့ပမာဏကတော့ ၁၀၀ ကျပ်ကနေ ၁၀၀၀ ကျပ်အထိဖြစ်ပါတယ်။ အသေးစိတ်ကတော့ ၁၀၀ ကျပ် ၂၀၀ ကျပ်၊ ၅၀၀ ကျပ်၊ ၁၀၀၀ ကျပ်ဆိုပြီး မိမိနှစ်သက်တဲ့အစီအစဉ်ကိုရွေးချယ်ပြီးလှူဒါန်းနိုင်တာဖြစ်ပါတယ်။

လှူဒါန်းရေးဝက်ဘ်ဆိုဒ်က လုံခြုံမှုရောရှိပါသလား။

ဟုတ်ကဲ့ ရှိပါတယ်။ လိုတရ စေတနာကမ်းလှမ်းလက်များဟာ စိတ်ချယုံကြည်ရပြီးတော့ ဆောင်ရွက်ရလွယ်ကူ တဲ့ လှူဒါန်းရေးပလက်ဖောင်းတစ်ခုပဲ ဖြစ်ပါတယ်။ လှူဒါန်းမှုလုပ်ဆောင်တာနဲ့  ပတ်သက်ပြီး အဆင့်ဆင့်ကို  သင့်မိုဘိုင်းဖုန်းဆီကို တိုက်ရိုက်စာတိုပေးပို့ပြီး အတည်ပြုခိုင်းပါတယ်။

လိုတရ စေတနာကမ်းလှမ်းလက်များအတွက် အစီအစဉ်တွေ အဖွဲ့အစည်းတွေရွေးချယ်တဲ့အခါမှာ ဘယ်လို အချက်တွေကို ကြည့်ပြီးရွေးချယ်ပါသလဲ။

အဆိုပြုလာတဲ့အစီအစဉ်တွေကို MPT ရဲ့ Corporate Communications Team က လိုတရ စေတနာကမ်းလှမ်းလက်များအတွက် အတည်မပြုခင်မှာ အဲ့အစီအစဉ်တွေရဲ့ နောက်ခံရာဇဝင်နဲ့ သူတို့ပြတဲ့ အချက်အလက်တွေကို နှံ့နှံ့စပ်စပ် စစ်ဆေးပါတယ်။ လိုအပ်တဲ့အချက်အလက်တွေထဲက ပါဝင်တဲ့ အဓိက အချက်တွေကတော့ အဖွဲ့အစည်းဖြစ်ကြောင်း မှတ်ပုံတင်၊  ယခင်ဆောင်ရွက်ခဲ့သည့် လုပ်န်းများ၊ အဆိုုပြုသည့် အစီအစဉ်အကြောင်း အသေးစိတ် အချက်များစသည်ဖြင့် ရယူပြီး လိုအပ်ချက်အလိုက် အများကို ကောင်းကျိုးဖြစ်စေမယ့် အသင့်တော်ဆုံးအဖွဲ့များကို ရွေးချယ်တာဖြစ်ပါတယ်။

MPT က လှူဒါန်းငွေထဲကနေ တချို့တဝက်ရတာမျိုးရှိပါသလား။

လုံးဝမရှိပါဘူး။ လိုတရ စေတနာကမ်းလှမ်းလက်များပေါ်ကနေ သုံးစွဲသူတွေလှူဒါန်းသမျှအားလုံးဟာ သူတို့ရွေးချယ်ထားတဲ့အစီအစဉ်တွေဆီကို အပြည့်အဝ တိုက်ရိုက်ရောက်ရှိတာ ဖြစ်ပါတယ်။ MPT က လှူဒါန်းငွေတွေထဲကနေ တစ်ပြားတစ်ချပ်မှ မရရှိပါဘူး။ ၀န်ဆောင်ခအနေနဲ့လည်း ရယူခြင်းမျိုးလည်း မရှိပါဘူး။

MPT ကရော လိုတရ စေတနာကမ်းလှမ်းလက်များပေါ်က အစီအစဉ်တွေအတွက် ကိုယ်ပိုင်ရန်ပုံငွေနဲ့ သီးသန့်လှူဒါန်းသွားဖို့ရှိပါသလား။

MPT က နိုင်ငံရဲ့ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်တာနဲ့အညီ စွမ်းဆောင်နိုင်တဲ့အထဲကနေ အလိုအပ်ဆုံးလို့ဆိုရမယ့် ဒီလိုထူးခြားတဲ့ လှူဒါန်းရေးအစီအစဉ်တစ်ခုဖြစ်တဲ့ လိုတရ စေတနာကမ်းလှမ်းလက်များ ကို ထူထောင်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ တာဝန်သိလုပ်ငန်း တစ်ခုဖြစ်တာကြောင့် MPT ဟာ သူ့ရဲ့လူထုအကျိုးပြု ဆောင်ရွက်ချက်တွေကို ပြန်လည်သုံးသပ်ဆောင်ရွက်မှာဖြစ်ပြီး အခြေအနေ အချိန်အခါကိုက်ညီမှုရှိရင် MPT က သင့်တော်သလို ထောက်ပံ့ကူညီသွားမှာပါ။

လိုတရ စေတနာကမ်းလှမ်းလက်များ ၀က်ဘ်ဆိုဒ်ပေါ်က အစီအစဉ်အသီးသီးအတွက် အလှူငွေပမာဏ ဘယ်လောက်လောက် ရလိမ့်မယ်လို့ MPT က မှန်ထားပါလဲ။

MPT သုံးစွဲသူတွေဟာ အလှူအတန်းရက်ရောတယ်ဆိုတာ ဟိုးအရင်နံပါတ်အလှလေလံပွဲနဲ့  အခြာသော လှုပ်ရှားမှု အစီအစဉ်တွေထဲက သက်သေပြပြီး ဖြစ်ပါတယ်။ အလှူငွေပမာဏဘယ်ရွေ့ဘယ်မျှ ရလိမ့်မယ်ဆိုတာကို အတိအကျမပြောနိုင်ပေမဲ့ ဒီလို သုံးစွဲသူတွေအတွက် လှူဒါန်းလို့လွယ်ကူတဲ့ လိုတရ စေတနာကမ်းလှမ်းလက်များကနေ အစီအစဉ်တစ်ခုချင်းစီအတွ အများကြီးအထောက်အကူဖြစ်လိမ့်မယ်လို့  မျှော်လင့်ပါတယ်။

လက်ရှိ ရွေးချယ်ခံထားရတဲ့ NGO အဖွဲ့အစည်းတွေရဲ့ စီမံချက်ကာလကဘယ်လောက်ရှိပါသလဲ။

အဖွဲ့တစ်ခုနဲ့တစ်ခုတော့ တူညီတဲ့ အခြေအနေမှာမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက် အစီအစဉ်ပေါ်မူတည်ပြီး သုံးလကနေ ခြောက်လအထိလှူဒါန်းမှုတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

နောင်အနာဂတ်မှာရော NGO အသစ်အသစ်တွေကိုထပ်ပြီးရွေးချယ်သွားမှာလား။

ဟုတ်ပါတယ် ကျွန်တော်တို့ဒီ အလှူအတမ်း ဝက်ဘ်ဆိုက်စာမျက်နှာရဲ့ သဘောတရားက အသစ်အသစ်သော စီမံချက်တွေကို မိတ်ဆက်သွားဖို့ဖြစ်ပါတယ်။ လက်ရှိ စီမံချက်တွေပြီးစီးတဲ့အချိန်မှာ ဒီလိုပဲ အသစ်အသစ်တွေကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။

လိုတရ စေတနာကမ်းလက်များ အမည်ရ လှူဒါန်းမှုများပြုလုပ်နိုင်မည့် ဝက်ဘ်ဆို်က်စာမျက်နှာသစ်ကို MPT မှ မိတ်ဆက်

ပရဟိတလူမှုအဖွဲ့အစည်းများထံသို့ လုံခြုံစိတ်ချစွာနှင့် အဆင်ပြေချောမွေ့စွာ လှူဒါန်းနိုင်မည့်
မြန်မာ့ပထမဦးဆုံးသော မိုဘိုင်းဖုန်းဖြင့်အသုံးပြုနိုင်သည့် ဝက်ဘ်ဆိုက်စာမျက်နှာသစ်
(ရန်ကုန်၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၉ ရက်) – MPT သည် ပရဟိတလူမှုအဖွဲ့အစည်းများထံသို့ MPT မိုဘိုင်းဖုန်း သုံးစွဲသူများမှတစ်ဆင့် အလှူငွေများထည့်ဝင်နိုင်မည့် “လိုတရ စေတနာကမ်းလက်များ” အမည်ရ ဝက်ဘ်ဆိုက်စာမျက်နှာသစ် မိတ်ဆက်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်၌ ပြုလုပ်ကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံးဖြစ်သော ဤလှူဒါန်းရေး ဝက်ဘ်ဆိုက်စာမျက်နှာသစ် မှတစ်ဆင့် MPT သုံးစွဲသူများအနေဖြင့် မိမိတို့နှစ်သက်ရာ အစီအစဉ်နှင့်ပတ်သက်ပြီး လှူဒါန်းမှုပြုလုပ်ခြင်းမပြုမီ အဆိုပါ လူမှုအဖွဲ့အစည်းများ၏ လှုပ်ရှားမှုပုံရိပ်များနှင့် အစီအစဉ်များကို ဝင်ရောက်ကြည့်ရှု့နိုင်ကာ မိမိနှစ်သက်သည့် အစီအစဉ်ကို ရွေးချယ်နိုင်မည်ဖြစ်ပါသည်။
အဆိုပါ ဝက်ဘ်ဆိုက််စာမျက်နှာသစ် မိတ်ဆက် ဖွင့်ပွဲအခမ်းအနားသို့ လူမှုအဖွဲ့အစည်း (၁၀) ဖွဲ့ဖြစ်သည့် ဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်း၊ ဆည်းဆာရိပ် ဂိလာနဘိုးဘွားများရိပ်သာ၊ ပြည်ကြီးခင်အမျိုးသမီးများအဖွဲ့အစည်း၊ ရွှေမင်းသား ဖောင်ဒေးရှင်း၊ လမ်းသစ်ဖောင်ဒေးရှင်း၊ သဘာဝတရားရိပ်သာ(သန်လျင်)၊ လူမှုဖွ့ံဖြိုးတိုးတက်ရေး အသင်းနှင့် ဂျပန်ငြိမ်းချမ်းရေးလေညှင်းလေးများ (Peace Wind) အဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များအသီးသီး တက်ရောက်ခဲ့ကြပါသည်။
နာရေးကူညီမှုဝန်ဆောင်မှုမှ စတင်ကာ နွမ်းပါးကလေးငယ်များအတွက် ပညာရေးထောက်ပံ့မှု၊ အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှု၊ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး၊ ဂိလာနဘိုးဘွားများအတွက် ရိပ်သာများအဆုံး ရည်ရွက်ချက်အသီးသီးဖြင့် ဦးတည်ဆောင်ရွက်နေကြသော ယင်းအဖွဲ့အစည်းများသည် ယခုဆိုလျှင် မိမိတို့၏ ပရဟိတလှုပ်ရှားမှုများအတွက် MPT သုံးစွဲသူများထံမှ လှူဒါန်းမှုများကိုု အဆင်ပြေ လွယ်ကူ ချောမွေ့စွာဖြင့် လက်ခံနိုင်ပြီဖြစ်ပါသည်။
MPT-KSGM Joint Operations ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Mr. Toshitake Amamiya မှ “မြန်မာ လူမျိုးတို့ဟာ အလှူအတန်းနဲ့ပတ်သက်ပြီး ဂုဏ်သတင်းကျော်ဇောကြတယ်၊ လိုအပ်နေတဲ့သူတွေကိုလည်း အမြဲကူညီတတ်ကြတယ်။ ဒီလိုထူးခြားတဲ့ဝက်ဘ်ဆိုက်စာမျက်နှာကနေတစ်ဆင့် အမျိုးမျိုးသော ပရဟိတ လူမှုအကျိုးပြုလုပ်ငန်း တွေကို နိုင်ငံနဲ့အဝှမ်းမှာ ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေ နဲ့ MPT သုံးစွဲသူတွေကို ချိတ်ဆက်ပေးမှာ ဖြစ်တဲ့အတွက် သုံးစွဲသူတွေဟာ ခုဆိုရင် မိုဘိုင်းဖုန်းတွေပေါ်ကနေ လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် နဲ့ စိတ်ချလက်ချ လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းကြီးတွေကို လွှဲပြောင်းပေးသွားမယ့် ရန်ပုံငွေအားလုံးဟာ MPT သုံးစွဲသူတွေဆီက လှူဒါန်းတာဖြစ်တဲ့အတွက် မြန်မာလူမျိုးတို့ရဲ့ အလှူအတန်းရက်ရောမှုကို ဖော်ပြနေသလိုပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
MPT သုံးစွဲသူများသည် “လိုတရ စေတနာကမ်းလက်များ” လူမှုအကျိုးပြုလုပ်ငန်းများနှင့်ပတ်သက်၍ ပိုမိုသိရှိလို၍ဖြစ်စေ၊ လှူဒါန်းလို၍ဖြစ်စေ အောက်ပါအဆင့်များတိုင်း ဆောင်ရွက်နိုင်ပါသည်။
၁) အင်တာနက်ဖွင့်ပြီး မိုဘိုင်း browser မှတစ်ဆင့် http://helpinghands.foc.lotayamm.com/ သို့ ဝင်ကာ လူမှုအကျိုးပြုလုပ်ငန်းအမျိုးမျိုး၏ အချက်အလက်များကို ရယူနိုင်သော “လိုတရ စေတနာကမ်းလက်များ” စာမျက်နှာသို့ သွားပါ။ (လိုတရဝက်ဘ်ဆိုက်သို့ဝင်ရောက်ပြီ စေတနာကမ်းလက်များ အမည်ရ ပုံနှင့် လင့်မှလည်း ဝင်ရောက်နိုင်ပါသည်။)
၂) အဆိုပါစာမျက်နှာတွင် ပါ၀င်သော လှုပ်ရှားမှုအစီအစဉ်များထဲမှ နှစ်သက်ရာတစ်ခုကို ရွေးချယ်ပြီး မိမိတို့၏ MPT ဖုန်းလက်ကျန်ငွေမှ လှူဒါန်းလိုသော ငွေပမာဏကို ထပ်မံရွေးချယ်ပါ။
၃) ဆက်လက်မလုပ်ဆောင်မီ မိမိရွေးချယ်ထားသော အစီအစဉ်ကုဒ်နံပါတ်နှင့် အလှူငွေပမာဏကို ပြန်လည် စစ်ဆေးပါ။
၄) လှူဒါန်းမှုကို အတည်ပြု/မပြု စာတန်းပေါ်လာပါက အတည်ပြုကြောင်းနှိပ်ပါ။ ထို့နောက် လှူဒါန်းမှုပြီးစီးကြောင်း စာတိုတစ်စောင်ကို သင်၏ MPT ဖုန်းနံပါတ်သို့ MPT မှ ပေးပို့သွားမည် ဖြစ်ပါသည်။ အလှူငွေပမာဏကို မိမိ၏ဖုန်းလက်ကျန်ငွေမှ ဖြတ်တောက်သွားမည် ဖြစ်ပါသည်။ (လှူဒါန်းမှုအတွက် လက်ကျန်ငွေမလုံလောက်ပါက လှူဒါန်းမှုမအောင်မြင်ကြောင်း စာတန်းပေါ်လာမည် ဖြစ်သည်။)
လှူဒါန်းမှုအတွက် အပိုဝန်ဆောင်ခ ထပ်မံပေးဆောင်ရန်မလိုပဲ လှူဒါန်းလိုက်သော ငွေပမာဏအားလုံးသည် မိမိတို့ ရွေးချယ်ထားသော အစီအစဉ်များထံသို့ အပြည့်အဝ တိုက်ရိုက်ရောက်ရှိမည်ဖြစ်သည်။
ဆက်လက်ပြီး Mr. Toshitake Amamiya က “ကျွန်တော်တို့ဟာ တာဝန်သိလုပ်ငန်းတစ်ခုအနေနဲ့ မြန်မာနိုင်ငံက လူမှုအဖွဲ့အစည်းတွေကို ထောက်ပံ့ကူညီသွားမှာပါ။ ခုလို အစပြုလိုက်တဲ့ ခြေလှမ်းကနေစပြီး နောင်အခါမှာ လိုအပ်လာမည့်ကိစ္စရပ်တွေအတွက် ရန်ပုံငွေအမြောက်အများ ဖန်တီးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံရဲ့အကြီးမားဆုံးသော မိုဘိုင်းဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုနေကြတဲ့ ကျွန်တော်တို့ရဲ့ ၂၂ သန်းကျော်သော သုံးစွဲသူများအားလုံးကိုလည်း ကျွန်တော်တို့နဲ့အတူတစ်ကွ ပါ၀င်ပြီးတော့ လိုအပ်နေသေးတဲ့ အခြားသူတွေအတွက် ကောင်းသောအပြောင်းအလဲများ ဖန်တီးပေးကြရအောင်လို့ တိုက်တွန်း အားပေး လိုပါတယ်” ဟု ဆိုပါသည်။
အစီအစဉ်များကို စိတ်ဝင်စာပြီး “လိုတရ စေတနာကမ်းလက်များ” အကြောင်း ပိုမိုသိရှိနိုင်ရန်အတွက် www.mpt.com.mm သို့မဟုတ် www.facebook.com/mptofficialpage တွင် ၀င်ရောက်လေ့လာနိုင်ပြီး MPT ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

MPT ဆင်းမ်ကတ်များ မှတ်ပုံတင်ခြင်းဝန်ဆောင်မှုကို ဧရာဝတီဘဏ်များတွင် စတင်

(ရန်ကုန်၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၆ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် မိတ်ဖက်အနေဖြင့် ဧရာဝတီဘဏ် နှင့် ပူးပေါင်းကာ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ဝန်ဆောင်မှုကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာလိုက်သည်။ MPT သုံးစွဲသူများအနေဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို မြန်မာတစ်နိုင်ငံလုံးရှိ ဧရာဝတီဘဏ်ခွဲပေါင်း ၁၀၀ တွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့မှစတင်ပြီး လုပ်ဆောင်နိုင်မည်ဖြစ်သည်။

၂၀၁၆ ခုနှစ် သြဂုတ်လ (၁) ရက်နေ့က ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားချက်အရ ဆင်းမ်ကတ်များအားလုံးကို ၂၀၁၇ ခုနှစ် မတ်လနောက်ဆုံးထား၍ မှတ်ပုံတင်ရမည် ဖြစ်သည့်အတွက် MPT သည် သုံးစွဲသူများအတွက် ဆင်းမ််ကတ်မှတ်ပုံတင်ခြင်းကို ပိုမို အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်စေရန် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် KBZ ဘဏ် ၊ CB ဘဏ် အစရှိသော ပုဂ္ဂလိကဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်နေပြီး အခြားသော နည်းလမ်းများဖြင့်လည်း ဆင်းမ်ကတ်မှတ်ပုံတင်နိုင်ရန်ဆောင်ရွက်ပေးလျက်ရှိနေပါသည်။ သုံးစွဲသူများ၏ ဆင်းမ်ကတ်များကို သတ်မှတ်ရက်မတိုင်မီမှတ်ပုံတင်နိုင်ရန်အတွက် ဧရာဝတီဘဏ် နှင့် လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

MPT အနေဖြင့် သုံးစွဲသူများ ယခုဝန်ဆောင်မှု နှင့်အတူ နိုင်ငံတစ်ဝှမ်းရှိ MPT ၏ အထူးပွဲများ၊ MPT အမှတ်တံဆိပ်ဆိုင်ခွဲများ၊ စာတိုက်များ နှင့် အွန်လိုင်း စသည်တို့တွင် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို ပိုမိုလွယ်ကူ ချောမွေ့စွာလုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ MPT အသုံးပြုသူများသည် MPT Customer Service Call Center ၏ ဖုန်းနံပါတ် 106 သို့ခေါ်ဆို၍ အွန်လိုင်းမှတစ်ဆင့် ဆင်းမ်ကတ်မှတ်ပုံတင်နိုင်မည့် လုပ်ငန်းစဉ်များနှင့် ဆင်းမ်ကတ် မှတ်ပုံတင်နိုင်မည့်နေရာများကို သိရှိနိုင်မည်ဖြစ်သည်။

“MPT ကသုံးစွဲသူတွေကို ၂၀၁၇ ခုနှစ် မတ်လကုန်အမှီ မှတ်ပုံတင်နိုင်ရန်အတွက် နောက်ဆုံး မိတ်ဖက်ဖြစ်တဲ့ ဧရာဝတီဘဏ်နှင့်အတူ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ MPT အနေဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းများကို တစ်နိုင်ငံလုံးမှာ ဝန်ဆောင်မှုပေးနေပြီး ဧရာဝတီဘဏ် နှင့် ထပ်မံ ပူးပေါင်းလိုက်ခြင်းကလည်း ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း အချိန်မှီပြီးစီးနိုင်ရန်အတွက် နောက်ထပ်ခြေလှမ်းတစ်ခု ဖြစ်ပါတယ်” ဟု MPT-KSGM Joint Operation မှ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase ကပြောကြားခဲ့ပါသည်။

“ MPT ဆင်းမ်တ်အသုံးပြုသူများ အဆင်ပြေ၊ လွယ်ကူချောမွေ့စွာ မှတ်ပုံတင်နိုင်ရန် ဧရာဝတီဘဏ်အနေဖြင့် MPT နှင့် ပူးပေါင်းပြီး ဘဏ်ခွဲပေါင်း (၁၀၀) ၌ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ထပ်မံတိုးချဲ့၍ Registration ပြုလုပ်နိုင်မည့် ဘဏ်ခွဲများအား ဆက်လက်ကြေညာသွားမှာဖြစ်ပါတယ်။ အထူးအစီအစဉ်အနေဖြင့် လာရောက် မှတ်ပုံတင်သူများကို ဧရာဝတီဘဏ်မှ ငွေစုစာရင်းအား ၁၀၀၀ ကျပ် balance ဖြင့် အခမဲ့ဖွင့်လှစ်ပေးမည့်အပြင် ပထမဦးဆုံးအကြိမ် AYA mobile banking ဖြင့် transaction တစ်ခုခု ပြုလုပ်ပါက ငွေကျပ် (၁၀၀၀)အား ထပ်မံ၍ ၄င်းငွေစုစာရင်းထဲသို့ မေတ္တာလက်ဆောင်အဖြစ် ထည့်ပေးသွားမည်ဖြစ်ကြောင်း” ဧရာဝတီဘဏ် Marketing ဌာန၏ Assistant Vice President ဖြစ်သူ ဒေါ်မိုးလွင်(ခ) Kelly မှ ပြောကြားခဲ့ပါသည်။

ဆင်းမ်ကတ်များ မှတ်ပုံတင်နိုင်ရန်အတွက် MPT သုံးစွဲသူများသည် ၎င်းတို့မှတ်ပုံတင်မည့် လက်ရှိဆင်းမ်ကတ် နှင့် နိုင်ငံသား မှတ်ပုံတင်ကတ်၊ ကျောင်းသားကတ် သို့မဟုတ် ယာဉ်မောင်းလိုင်စင် အစရှိသည့် အထောက် အထားတစ်ခုခု၊ နိုင်ငံခြားသားများအနေဖြင့် နိုင်ငံကူးလတ်မှတ်တို့ကို ယူဆောင်လာရန် လိုအပ်ပါသည်။

မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်မည့် နေရာအပြည့် အစုံကို MPT ၏ ဝက်ဘ်ဆိုဒ် www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။

MPT မှ ၂၀၁၇ ခုနှစ်တွင် Mobile Seminar များကို နောက်ထပ်တစ်ကြိမ် တစ်နိုင်ငံလုံး အနှံ့ပြုလုပ်သွားမည်

အသုံးပြုသူများအား ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းနှင့် သက်ဆိုင်သော အသိပညာများပေးရန် နှင့် ပြီးခဲ့သော ဆွေးနွေးပွဲများ ကဲ့သို့ အွန်လိုင်း လုံခြုံရေးအကြောင်းအရာများ နှှင့် မှန်ကန်သည့် မိုဘိုင်းလ်ဖုန်း သုံးစွဲခြင်းဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးပေးသွားပါမည်။

(ရန်ကုန်၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က မိုလ်ဘိုင်းဖုန်းအသုံးပြုသူများ၏ လုံခြံုရေးနှင့် အင်တာနက်အသုံးပြုမှုများအတွက် Mobile seminar များကို ယခုနှစ်အစောပိုင်းက ပြုလုပ်ခဲ့ပြီး အောင်မြင်မှုများရရှိခဲ့သည့်အလျောက် ၂၀၁၇ ခုနှစ်တွင် အစောပိုင်းတွင် လည်း တစ်နိုင်ငံလုံးအနှံ့တွင် ထပ်မံကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်ပါသည်။ ပါဝင်တက်ရောက်ဆွေးနွေးလိုသူများအတွက် အဆိုပါ မိုဘိုင်းလ် ဆွေးနွေးပွဲတွေများကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှ စတင်ကာ မတ်လ ကုန်အထိ မြို့နယ်ပေါင်း ၇၀ ခုတွင် ပြုလုပ်သွားရန် ရည်ရွယ်ထားပြီးတက်ရောက်သူ ၂၀,၀၀၀ ကျော်လာရောက်ဆွေးနွေးနိုင်မည်ဟု ခန့်မှန်းထားပါသည်။
၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်တွင် နောက်ဆုံးထားဆောင်ရွက်ရမည့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းနှင့် သက်ဆိုင်သော လိုအပ်သည့် အကြောင်းအရာများအပြင်၊ အရေးပါသော ကဏ္ဍများဖြစ်သည့် မှန်ကန်သော မိုဘိုင်းလ်ဖုန်းအသုံပြုနည်းနှင့် ထားရှိသင့်သည့် ခံယူချက်များ၊ အင်တာနက်လုံခြုရေးနှင့် မိမိတို့ အသုံးပြုရာ အွန်လိုင်းပတ်ဝန်းကျင်တွင် အတွေ့ရများသည့် အန္တရာယ်ရှိသော ဆိုက်ဘာအနိုင်အထက်ပြုခြင်း သို့ မဟုတ် အနှောက်အယှက်ပေးခံရခြင်းတို့မှ ကာကွယ်ရန် နည်းလမ်းများ၊ တစ်ဦးနှင့်တစ်ဦးအမြဲတစေ အချိတ်အဆက်ရှိသော ကွန်ရက်ကြီးပေါ်တွင် မိမိ၏ကိုယ်ပိုင်အချက်အလက်များကို လုံခြံုစေရန် မည်သို့ပြုလုပ်သင့်သည် စသည့် အကြောင်းအရာများကို MPT အဖွဲ့ မှ ဆွေးနွေးသွားမည်ဖြစ်ပါသည်။
မြန်မာပြည်သူများ၏ လူမှုဘဝကို မြှင့်တင်ပေးမည်ဟူသော MPT ၏ခံယူချက်နှင့်အညီ အခမဲ့တက်ရောက်ခွင့် ရရှိနိုင်မည့် အဆိုပါဆွေးနွေးပွဲများကို အများပြည်သူတို့ပါဝင် တက်ရောက်နိုင်ရန် ရည်ရွယ်ပြီး မြန်မာတစ်နိုင်ငံလုံးအနှံ့ ကျင်းပပြုလုပ်ရန်စီစဉ်ရခြင်းဖြစ်ပါသည်။
“မြန်မာနိုင်ငံမှာ စမတ်ဖုန်းတွေ၊ အင်တာနက်ချိတ်ဆက်အသုံးပြုနိုင်တဲ့ ကိရိယာတွေ များပြားလာတာနဲ့အမျှ အင်တာနက်အသုံးပြုသူတွေဟာလည်း မကြာသေးမီ နှစ်အတွင်း နေရာအနှံအပြားမှာ မြင့်တက်လာနေပါပြီ။ ပြီးခဲ့တဲ့ MPT ရဲ့ မိုဘိုင်းလ် ဆွေးနွေးပွဲတွေမှာ လူဦးရေ ၃၀,၀၀၀ လောက်ပါဝင်တက်ရောက် ခဲ့ကြပါတယ်။ ဆက်လက်ပြီး MPT အနေနဲ့ တာဝန်သိဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်တာနဲ့အညီ အရေးကြီး အကြောင်းအရာတွေဖြစ်တဲ့ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းနဲ့သက်ဆိုင်တဲ့ အသိပညာတွေ၊ မိုဘိုင်းလ်ဖုန်း အင်တာနက်ကို မှန်မှန်ကန်ကန်နဲ့ သင့်လျှော်အောင် ဘယ်လို အသုံးပြုနိုင်မယ့် ဆိုတဲ့ အကြောင်းအရာတွေနဲ့ အများပြည်သူတွေအကြား အွန်လိုင်းကို ဘယ်လိုများလုံလုံခြံုခြံု အသုံးပြုနိုင်မယ် ဆိုတာတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင်အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သုံးစွဲသူတွေအနေနဲ့ နိုင်ငံရဲ့ အကြီးမားဆုံးကွန်ရက်ပေါ်မှာ အကောင်းဆုံးအတွေ့အကြံုတွေကို ဘယ်လိုများ ရရှိအောင် အသုံးပြုနိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး အသုံးဝင်တဲ့ အချက်အလက်တွေကိုလည်း ဗဟုသုတအဖြစ် ဒီအစီအစဉ်မှာ ပြောပြသွားမှာဖြစ်ပါတယ်” ဟု MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase ကပြောကြားခဲ့ပါသည်။
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလနှင့် ဇူလိုင်လအတွင်း နိုင်ငံအနှံ့အပြားရှိ သက်ဆိုင်ရာဒေသများမှ ကျောင်းများ ၊ တက္ကသိုလ်များ နှင့် စက်မှုဇုန်များတွင် မိုဘိုင်းလ်ဆွေးနွေးပွဲပေါင်း ၁၂၃ ခုပြုလုပ်ခဲ့ပြီး MPT သုံးစွဲသူပေါင်းများစွာကို အသိပညာများ မျှဝေနိုင်ခဲ့ပါသည်။
ယခုလည်း ၂၀၁၇ ခုုနှစ်အတွင်း နောက်ထပ်တစ်ကြိမ် ထပ်မံပြုလုပ်သွားမည့် ဆွေးနွေးပွဲများကို တိုင်ဒေသကြီးများနှင့် ပြည်နယ်များဖြစ်သည့် ဧရာဝတီတိုင်း၊ ရန်ကုန်တို််င်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းတိုင်းစသည့် တိုင်းဒေသကြီးများနှင့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်၊ ရှမ်းပြည်နယ် အစရှိသော ပြည်နယ်များရှိ မြို့နယ်ပေါင်း  ၇၀ ခုတွင် ဆွေးနွေးပွဲပေါင်း ရ၁ ခုကို ပြုလုပ်သွားမည် ဖြစ်ပါသည်။
ပထမဆုံးအဖြစ် မိုဘိုင်းလ် ဆွေးနွေးပွဲကို ဧရာဝတီတိုင်း၊ ဇလွန်မြို့ရှိ ကြာသပတေးပတ်ဆွမ်းလောင်း အသင်းတွင် ကျင်းပပြုလုပ် သွားမည် ဖြစ်သဖြင့် ယင်းဒေသရှိအများပြည်သူတို့ ပါဝင်ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်လိုက်ရပါသည်။
MPT ၏ Mobile Seminar အချက်အလက်များနှင့် အခြားသော ထုတ်ပြန်ချက်များကို ပိုမိုသိရှိလိုပါက www.mpt.com.mm သို့မဟုတ် www.facebook.com/mptofficialpage တွင် ဖတ်ရှုလေ့လာနိုင်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်း ပြုလုပ်မည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မိုဘိုင်းဖုန်းအသုံးပြုသူများအား အရည်အသွေး ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများပေးနို်င်ရန် နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်းကို ဇန်နဝါရီလ ၆ ရက်နေ့ နံနက်  (၀၀:၀၀) နာရီ မှ နံနက် (၀၅:၀၀)နာရီ အချိန်အတွင်း ပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါ လုပ်ငန်းများဆောင်ရွက်နေချိန်အတွင်း GSM အသုံးပြုသူများ အနေဖြင့်   MPT ၏ထပ်ဆောင်းဝန်ဆောင်မှုများဖြစ်သည့် Caller Ring Back Tone ၀န်ဆောင်မှုများ၊ Call Waiting၊ Call Forwarding ၊ Voice Message၊ Miss Call အသိပေးဝန်ဆောင်မှု၊ နိုင်ငံတကာ Voice Call ၊ Social Package ၀န်ဆောင်မှုများ  နှင့် ဆွေသဟာ (SWE) ၀န်ဆောင်မှု စသည်တို့ကို ရယူခြင်း (သို့) ပယ်ဖျကြ်ခင်း တို့လုပ်ဆောင်ရာတွင်လည်းကောင်း၊ ဆွေသဟာအစီအစဉ်ကို ရယူထားခြင်းမရှိသော အသုံးပြုသူများသည် အဆိုပါအချိန်အတွင်းတွင် Data ၀န်ဆောင်မှုရယူ ခြင်း (သို့) ပယ်ဖျကြ်ခင်း လုပ်ဆောင်ရာတွင်လည်းကောင်း အခက်အခဲအနည်းငယ် ဖြစ်ပေါ်နိင်ပြီး၊ CDMA အသုံးပြုသူများအနေဖြင့် Caller Ring Back Tone ၊ Call Waiting နှင့် Call Forwarding ၀န်ဆောင်မှုများကို လုပ်ဆောင်ရာတွင် အခက်အခဲအနည်းငယ်ဖြစ်ပေါ် နိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေး ကြေညာ အပ်ပါသည်။ ဖုန်းခေါ်ဆိုခြင်း၊ SMS ပေးပို့ခြင်း နှင့် ငွေဖြည့်သွင်းခြင်းတို့ကို  ပုံမှန်အတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ အဆင်မပြေမှုများအတွက် MPT မှ အနူးအညွတ် တောင်းပန် အပ်ပါသည်။

Mr. Toshitake Amamiya မှ MPT-KSGM Joint Operations ၏ အမှုဆောင်အရာရှိချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်

(ရန်ကုန်၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂ ရက်) –Mr. Toshitake Amamiya မှာ MPT-KSGM Joint Operations ၏ အမှုဆောင်အရာရှိချုပ်အဖြစ် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ကာ တာဝန်ထမ်းဆောင်နေပြီ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ သတင်းထုတ်ပြန် ကြေညာလိုက်ပါသည်။
ဂျပန်နိုင်ငံရှိ KDDI ကော်ပိုရေးရှင်း (KDDI) ၏ Global Consumer Business ဌာန ၌ အမှုဆောင်အရာရှိချုပ်၊ အထွေထွေ မန်နေဂျာ တို့အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Mr.Amamiya သည် ၂၀၁၄ ခုနှစ် ဇူလိုင်လ မှ စတင်၍ ဖွဲ့စည်းခဲ့သော MPT-KSGM Joint Operations လုပ်ငန်းတစ်ခုလုံး၏ ဦးဆောင်ခဲ့သူ Mr. Takashi Nagashima ၏ နေရာကို တာဝန်ယူဆက်ခံခြင်းလည်း ဖြစ်ပါသည်။
ကမ္ဘာတစ်ဝှမ်းမှ ကုမ္ပဏီ၏ ဖောက်သည် စီးပွားရေးလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများကို စီမံခန့်ခွဲရသည့် Mr. Amamiya သည် ၂၀၀၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်အကြားကာလများတွင် ဂျပန်နိုင်ငံရှိ KDDI အုပ်စု၌ပင် Advanced Business Development ဌာန၏ အမှုဆောင်ချုပ် အဖြစ်လည်းကောင်း ၊ Consumer Business Strategy ဌာန၏ အထွေထွေ မန်နေဂျာအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။
သူသည် KDDI အုပ်စုမှ ပိုင်ဆိုင်မှုပါဝင်သည့် တောင်အမေရိကနိုင်ငံ၊ ပါရာဂွေးရှိ ကြိုးမဲ့ကွန်ရက် အော်ပရေတာ Hola Paraguay S.A ကုမ္ပဏီတွင် ၁၉၉၈ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ခုနှစ်တိုင်တိုင် Chief Operating Officer (COO)နှင့် ဒုတိယ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
Mr. Amamiya သည် နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သောနိုင်ငံများ၏ ဆက်သွယ်ရေးနည်းပညာနယ်ပယ်မှ ရရှိခဲ့သည့် ဝန်ဆောင်မှု အတွေ့အကြုံများနှင့် စီးပွားရေးဖွံ့ဖြိုးမှု အတွေ့အကြံုများကို ယူဆောင်ကာ MPT ၏ မြန်မာနိုင်ငံအတွင်းတွင်ရှိနေသော ဦးဆောင်သူအခန်းကဏ္ဍကို ဆက်လက်ပြီးထိန်းသိမ်းထားကာ အနာဂတ်တွင် အဆင့်ဆင့် တိုးတက်စေရန်အတွက် ဦးစီးဆောင်ရွက်သွားမည် ဖြစ်ပါသည်။
Mr. Amamiya အနေဖြင့် MPT နှင့် အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိသော ဆက်သွယ်ရေး ကဏ္ဍအတွက် အရေးပါသည့်အချိန်တွင် ရောက်ရှိလာခြင်းဖြစ်ကာ အော်ပရေတာအသစ်များ ဝင်ရောက်လာခြင်း၊ စျေးကွက်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုအသစ်များ ပေါ်ပေါက်လာခြင်းတို့နှင့်အတူ မကြာခင် နှစ်ပိုင်းအတွင်းမှ စတင်ကာ ယှဉ်ပြိုင်မှုမြင့်မားလာချိန်တွင် ရောက်ရှိလာခြင်းလည်း ဖြစ်ပါသည်။
ယခင် CEO ဖြစ်သူ Mr. Takashi Nagashima အနေဖြင့် ဂျပန်နိုင်ငံပြန်လည်ထွက်ခွာပြီး KDDI ၏ စီးပွားရေးကဏ္ဍကို ကြီးကြပ်ရာတွင် အထောက်အပံ့ပြုသွားမည်ဖြစ်ကာ ယင်းမှာ နိုင်ငံအတွင်းရှိ ကော်ပိုရေးရှင်း လုပ်ငန်းများမှ သုံးစွဲသူဖောက်သည်များကို ဝန်ဆောင်မှု့ပေးရသောကဏ္ဍဖြစ်ပါသည်။ Mr. Nagashima သည် ၂၀၁၄ ခုနှစ်မှ စတင်၍ Joint Operations ကို ဖွဲ့စည်းခဲ့ချိန်မှစပြီး ယခုသုံးစွဲသူပေါင်း ၂၁ သန်းကျော် ရှိလာသည့်တိုင်အောင် အလျှင်အမြန်ဖွံ့ဖြိုးတိုးတက်လာသည့် ကာလအတွင်း ဦးဆောင်သူအဖြစ် ဆောင်ရွက်ခဲ့ကာ ယခုအချိန်တွင် မြန်မာနိုင်ငံအတိုင်းအတာဖြင့် လူဦးရေ၏ ၉၆ ရာခိုင်နှုန်းအထိ ကွန်ရက်ဖြန့်ကျက်ပြီး သိသိသာသာတိုးတက်လာခဲ့ပြီလည်း ဖြစ်ပါသည်။
“MPT နဲ့ လက်တွဲလုပ်ဆောင်ရတဲ့အပေါ် အလွန်ပဲဂုဏ်ယူမိပါတယ်။ ပြီးတော့လည်း မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး မိုဘိုင်းအော်ပရေတာဖြစ်ပြီး ဆက်သွယ်ရေးနည်းပညာနယ်ပယ်မှာ ဦးဆောင်အော်ပရေတာ တစ်ခုဖြစ်တဲ့ MPT-KSGM Joint Operations ရဲ့ ရှိရင်းစွဲအားသာချက်တွေကို အသုံးပြုပြီး ကျွန်တော့်အတွေ့အကြံုတွေနဲ့အတူ လုပ်ဆောင် သွားနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ကွန်ရက်ရဲ့ အရည်အသွေးတွေကို မြှင့်တင်ရင်းနဲ့ ပိုမိုအဆင်ပြေပြီး စိတ်ချယုံကြည်ရတဲ့ တယ်လီကွန်းဝန်ဆောင်မှုတွေကို သုံးစွဲသူတွေ ရရှိနိုင်ဖို့နဲ့ တစ်နိုင်ငံလုံးအနှံ့ ဖြန့်ကျက်ထားတဲ့ ကျွန်တော်တို့ရဲ့ ကွန်ရက်ကနေ ဒေတာအသုံးပြုတွေ၊ သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ ထပ်ဆောင်းဝန်ဆောင်မှုတွေကို ရှေ့ဆက် ပံ့ပိုးပေးသွားဖို့ ရည်ရွယ်ပါတယ်” Mr. Toshitake Amamiya က ပြောကြားသည်။
“ကျွန်တော့အနေနဲ့ Mr. Takashi Nagashima ရဲ့ တာဝန်ထမ်းဆောင်ချိန်အတွင်း Joint Operatoins အတွက် အရေးပါတဲ့ ကနဦးကာလတွေမှာ MPT ရဲ့ပုံရိပ်ကို တိုးတက်လာေအောင်လုပ်ဆောင်နိုင်ခဲ့တဲ့ သူ့ရဲ့ စံနမူနာပြုလောက်တဲ့ ဦးဆောင်မှုစွမ်းရည်တွေအတွက် ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ သူ့ရဲ့ ရှေ့ဆက် ဆောင်ရွက်ရမယ့် အနာဂတ်အတွက်လည်း အကောင်းဆုံးတွေ ရရှိပိုင်ဆိုင်စေနိုင်ပါကြောင်း MPT ကနေ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်” ဟု Mr. Amamiya က ဆက်လက် ပြောကြားသည်။