MPT ၏ ရက်(၃၀) ရောင်စုံဒေတာပက်ကေ့ချ်များကို ၅၀ ရာခိုင်နှုန်း ဒေတာအပိုဆု နှင့်အတူ ရယူနိုင်မည်

(ရန်ကုန်၊ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်) – MPT ၏ ရက် (၃၀) အသုံးပြုနိုင်မည့် ရောင်စုံဒေတာပက်ကေ့ချ်များကို နှစ်ခြိုက်စွာသုံးစွဲနေသူများအနေဖြင့် မိမိတို့ဝယ်ယူအသုံးပြုသည့် ဒေတာပမာဏ၏ ၅၀ ရာခိုင်နှုန်းသော ဒေတာအပိုဆုကို မိမိတို့ဝယ်ယူထားသည့် ပက်ကေ့ချ်အလိုက် ထပ်ဆောင်းရယူနိုင်တော့မည် ဖြစ်သည်။

အဆိုပါဒေတာအပိုဆုများကို ပက်ကေ့ချ်သတ်တမ်းကုန်ဆုံးသည့်အချိန်ထိ အသုံးပြုနိုင်မည်ဖြစ်ပြီး သုံးစွဲသူများအနေဖြင့် တစ်စုံတစ်ရာထပ်မံကုန်ကျခြင်းမရှိဘဲ လူမှုကွန်ရက်မီဒီယာများအသုံးပြုခြင်း၊ ဓာတ်ပုံများဝေမျှခြင်း၊ မိမိတို့နှစ်သက်ရာ အက်ပလီကေးရှင်းများ အသုံးပြုခြင်း အစရှိသည်တို့ကို ပိုမိုလုပ်ဆောင် နိုင်မည်ဖြစ်သည်။ MPT ၏ ရောင်စုံဒေတာပက်ကေ့ချ်များသည် လက်ရှိစျေးကွက်ထဲတွင် အသက်သာဆုံးသော ၀န်ဆောင်မှုတစ်ခုအဖြစ် ရပ်တည်လျက်ရှိပြီး ယခုထပ်ဆောင်းရရှိမည့်  ဒေတာအပိုဆုနှင့်အတူ မိုဘိုင်းလ်ဖုန်း သုုံးစွဲသူ များအတွက် အကောင်းဆုံးသောရွေးချယ်မှုတစ်ခုအဖြစ် ဆက်လက်ရှိ နေမည်ဖြစ်သည်။

MPT ၏ ဆွေသဟာအစီအစဉ်ရယူထားသော GMS/WCDMA (prepaid/postpaid) အသုံးပြုသူအားလုံးသည် ပက်ကေ့ချ်အလိုက် သတ်မှတ်ထားသော ကုတ်နံပါတ်သို့ ခေါ်ဆို၍ဖြစ်စေ စာတိုပေးပို့၍ဖြစ်စေ ပက်ကေ့ချ်ဝယ်ယူရုံဖြင့် အဆိုပါဒေတာအပိုဆု ၅၀ ရာခိုင်နှုန်းကို ပရိုမိုးရှင်းကာလအတွင်း အလိုအလျောက်ရယူ နိုင်မည် ဖြစ်သည်။

ဒေတာအပိုဆုကို 1GB ပက်ကေ့ချ်ဝယ်ယူလျှင် 1.5GB ၊ 2GB ပက်ကေ့ချ်ဝယ်ယူလျှင် 3GB စသည်ဖြင့် တိုး၍ ရရှိမည်ဖြစ်ရာ MPT ၏ မြန်ဆန်၍ကျယ်ပြန့်သောကွန်ရက်ပေါ်တွင် ဒေတာသုံးစွဲသူများအတွက် စွဲမက်ဖွယ်ရာပင် ဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase မှ “ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် ခုလိုအစီအစဉ်ကို ဆောင်ရွက်ပေးနိုင်ခဲ့တဲ့အတွက် အထူးပဲ ၀မ်းသာမိပါ တယ်။ သုံးစွဲသူတွေဟာ ဒေတာအပိုဆု ၅၀ ရာခိုင်နှုန်းနဲ့ အတူ မိမိတို့ နှစ်သက်ရာအကြောင်းအရာများကို MPT ကွန်ရက်ပေါ်ကနေ ပိုမိုလုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

MPT သုံးစွဲသူများအနေဖြင့် *106# သို့ ခေါ်ဆို၍ ‘အင်တာနက်ပက်ကေ့ချ်များ’ ကို ရွေးချယ်ကာ ရောင်စုံဒေတာပက်ကေ့ချ်များ ရယူပုံအသေးစိတ်ကို သိရှိနိုင်မည်ဖြစ်သည်။

ပက်ကေ့ချ်မူလဒေတာပမာဏအပိုရရှိမည့် ၅၀ရာခိုင်နှုန်း ဒေတာပမာဏစျေးနှုန်း(ကျပ်)ရယူရန်
ရက် (၃၀)1 GB0.5 GB28501332 သို့ ‘1GB’ ဟု စာတိုပေးပို့ပါ (သို့မဟုတ်) *2002# သို့ခေါ်ဆိုပါ
ရက် (၃၀)2 GB1 GB52501332 သို့ ‘2GB’ ဟု စာတိုပေးပို့ပါ (သို့မဟုတ်) *2003# သို့ခေါ်ဆိုပါ
ရက် (၃၀)4 GB2 GB95001332 သို့ ‘4GB’ ဟု စာတိုပေးပို့ပါ (သို့မဟုတ်) *2004# သို့ခေါ်ဆိုပါ
ရက် (၃၀)10 GB5 GB180001332 သို့ ‘10GB’ ဟု စာတိုပေးပို့ပါ (သို့မဟုတ်) *2005# သို့ခေါ်ဆိုပါ

မှတ်ချက်။ အထက်ပါနှုန်းထားများအပြင် ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းပါ ပေးဆောင်ရမည် ဖြစ်ပါသည်။

CUG FAQ MM

CUG

Closed User Group (CUG) ဆိုတာဘာလဲ?

Closed User Group (CUG) သည် သီးသန့်အဖွဲ့လိုက် သုံးစွဲလိုသူများအတွက် ရည်ရွယ်သည့် ၀န်ဆောင်မှု ဖြစ်ပြီး အဆိုပါ၀န်ဆောင်မှုဖြင့် သုံးစွဲသူများသည် သီးသန့်အဖွဲ့ဖွဲ့ကာ အဖွဲ့ဝင်အချင်းချင်း အခမဲ့စာတိုပေးပို့ မှုနှင့် ဖုန်းခေါ်ဆိုမှုတို့ကို MPT ၏ ကြီးမားကျယ်ပြန့်ပြီး လုံခြုံစိတ်ချရသည့်ကွန်ရက်ပေါ်မှတစ်ဆင့် လုပ်ဆောင်နိုင်မည် ဖြစ်သည်။

ဝန်ဆောင်မှုအသစ် ဆိုတာဘာလဲ?

၀န်ဆောင်မှုကို အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်ဆောင်ရွက်ပြီးနောက် အဖွဲ့လိုက်သုံးစွဲနိုင်မည့်အနည်းဆုံးဦးရေမှာ (၅) ဦးဖြစ်ပြီး အများဆုံးသုံးစွဲနိုင်မည့်ဦးရေမှာမူ အကန့်အသတ်မရှိဖြစ်သည်။

ဝန်ဆောင်မှုကို မည်ကဲ့သို့ ရယူနိုင်မည်နည်း

၀န်ဆောင်မှုနှင့်ပတ်သက်သော အသေးစိတ်ကို ပိုမိုသိရှိလိုပါက သုံးစွဲသူများကို တိုက်ရိုက် ဝန်ဆောင်မှုပေးသွားမည့်  [email protected] သို့  Call Center: 106 ဆက်သွယ်စုံစမ်းမေးမြန်းနိုင်မည် ဖြစ်သည်။

သုံးစွဲသူများသည် ဝန်ဆောင်မှုအတွက် အခကြေးငွေများကို မည်ကဲ့သို ပေးချေရမည်နည်း။

Prepaid သုံးစွဲသူများသည် CUG ဝန်ဆောင်မှုအခကြေးငွေပေးသွင်းခြင်းကို Main Balance ထဲမှ ဖြတ်တောက်သွားမည်ဖြစ်ပြီး Postpaid သုံးစွဲသူများသည် ဝန်ဆောင်မှုအခကြေးငွေပေးသွင်းခြင်းကို ငွေတောင်းခံလွှာ (Invoice) ဖြင့် ပေးသွားရမည်ဖြစ်သည်။ ကုမ္ပဏီများအတွက် အခြားဝန်ဆောင်မှုများနှင့် အတူ မရောထွေးချင်ပါက ဝန်ဆောင်မှုအတွက် ကြိုတင်ငွေကို လက်ခံဆောင်ရွက်ပေးပါသည်။

ဝန်ဆောင်မှု စာရင်းသွင်းခြင်း လုပ်ဆောင်ခြင်းသည် တကြိမ်သာလျှင် စာရင်းသွင်းခြင်း (သို့မဟုတ်) လစဉ် စာရင်းသွင်းခြင်းလား။

CUG ဝန်ဆောင်မှုအတွက် စာရင်းသွင်းခြင်းသည် တကြိ်မ်သာ လုပ်ဆောင်ရမည်ဖြစ်ပြီး နောက်လများတွက် အလိုအလျောက် သက်တမ်းတိုးသွားမည်ဖြစ်သည်။

Closed User Group (CUG) ကို ဘယ်သူတွေ အသုံးပြုလို့ရပါသလဲ?

၎င်းဝန်ဆောင်မှုကို MPT ၏ GSM, WCDMA (Prepaid & Postpaid) အသုံးပြုသူများနှင့် CDMA (Prepaid) သုံးစွဲသူများအားလုံးအသုံးပြုနိုင်ပါသည်။

စျေးနှုန်းက ဘယ်လောက်နည်း။

အဆိုပါ၀န်ဆောင်မှုကိုရယူရန် အတွက် မိမိတို့အဖွဲ့တွင်ပါ၀င်သည့် သုံးစွဲသူတစ်ဦးချင်းစီမှ လစဉ်ကြေး (၃,၀၀၀) ကျပ် ပေးသွင်းရုံဖြင့် မိမိ၏ဝန်ထမ်းများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ပိုမိုလွယ်လင့်တကူ အမြဲထိတွေ့ဆက်ဆံနိုင်မည် ဖြစ်သည်။
CUG ဝန်ဆောင်မှုရယူမထားသော အခြားဖုန်းခေါ်ဆိုမှုများအတွက် ပုံမှန်နှုန်းထား ကျသင့်မည်ဖြစ်ပြီး သုံးစွဲသူများသည် ဝန်ဆောင်မှုတစ်ခုချင်းနှင့် အထူးပရိုမိုးရှင်းအစီအစဉ်များကိုလည်း ရရှိနိုင်မည်ဖြစ်သည်။

ဘယ်လောက်ကြာကြာ အသုံးပြုနိုင်ပါသလဲ?

CUG ဝန်ဆောင်မှုသည်  ပြက္ခဒိန်လ (Calendar Base) အထိ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

သုံးစွဲသူများသည် CUG ဝန်ဆောင်မှုကို မည်ကဲ့သို့ ပယ်ဖျက်နိုင်သနည်း။

သုံးစွဲသူများသည် ၎င်းတို့ရယူထားသည့် CUG ဝန်ဆောင်မှုများကို ဆက်လက်၍ မယူလိုပါက မိမိတို့ ဝန်ဆောင်မှုရယူထားသည့်ရက်မကုန်မီ ရက်တပတ်ကြိုတင်၍ အရောင်းဌာနသို့ ဆက်သွယ်ရမည်ဖြစ်သည်။

MPT မှ စီးပွားရေးလုပ်ငန်းများတွင် ပိုမိုအဆင်ပြေစေရန် သီးသန့် အဖွဲ့လိုက် သုံးစွဲလိုသူများအတွက် ရည်ရွယ်သည့် Closed User Group (CUG) ကို ဆောင်ရွက်

(ရန်ကုန်၊ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ရ ရက်) – MPT Business သည် အစိုးရရုံးများ၊ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများအတွင်း သီးသန့်အဖွဲ့လိုက် သုံးစွဲလိုသူများအတွက် ရည်ရွယ််ထားသော B2B ၀န်ဆောင်မှု တစ်ခုဖြစ်သည့် Closed User Group (CUG) ၀န်ဆောင်မှုကို ပိုမိုသက်သာသောနှုန်းထားဖြင့် မိတ်ဆက်လိုက်သည်။

သီးသန့်အဖွဲ့လိုက် သုံးစွဲလိုသူများအတွက် ရည်ရွယ်သည့် Closed User Group (CUG) ၀န်ဆောင်မှုသည် အသုံးပြုရရိုးရှင်းလွယ်ကူသည့် ၀န်ဆောင်မှုတစ်ခုဖြစ်ပြီး အဆိုပါ၀န်ဆောင်မှုဖြင့် သုံးစွဲသူများသည် သီးသန့် အဖွဲ့ဖွဲ့ကာ အဖွဲ့ဝင်အချင်းချင်း အခမဲ့စာတိုပေးပို့မှုနှင့်ဖုန်းခေါ်ဆိုမှုတို့ကို MPT၏ ကြီးမားကျယ်ပြန့်ပြီး လုံခြုံစိတ်ချရသည့်ကွန်ရက်ပေါ်မှတစ်ဆင့် လုပ်ဆောင်နိုင်မည်ဖြစ်သည်။

အဆိုပါ၀န်ဆောင်မှုကို MPT ၏ GSM ၊ WCDMA (prepaid နှင့် postpaid) ၊ CDMA (prepaid) သုံးစွဲသူအားလုံး ရယူနိုင်မည်ဖြစ်သည်။ အဆိုပါ၀န်ဆောင်မှုဖြင့် သုံးစွဲသူဝန်ထမ်းများအကြား ဆက်သွယ်ချိတ်ဆက်မှု ပိုမိုအားကောင်းစေနိုင်မည့်အပြင် စီးပွားရေးလုပ်ငန်းများအတွက်လည်း ကုန်ကျစရိတ်သက်သာစေမည့် အစီအစဉ်လည်းဖြစ်သည်။ မိမိတို့အဖွဲ့၏ ပြင်ပမှ နံပါတ်များသို့ ဖုန်းခေါ်ဆိုမှုများအတွက် ပုံမှန်နှုန်းထားဖြင့် ကောက်ခံသွားမည်ဖြစ်ပြီး ပါ၀င်သော ဒေတာပက်ကေ့ချ်များနှင့် ပရိုမိုးရှင်းများကို သုံးစွဲသူတစ်ဦးချင်းစီအလိုက် ခံစားနိုင်မည်လည်း ဖြစ်သည်။

၀န်ဆောင်မှုကို အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်ဆောင်ရွက်ပြီးနောက် အဖွဲ့လိုက်သုံးစွဲနိုင်မည့်အနည်းဆုံးဦးရေမှာ (၅) ဦးဖြစ်ပြီး အများဆုံးသုံးစွဲနိုင်မည့်ဦးရေမှာမူ အကန့်အသတ်မရှိဖြစ်သည်။ အဆိုပါ၀န်ဆောင်မှုကိုရယူရန် အတွက် မိမိတို့အဖွဲ့တွင်ပါ၀င်သည့် သုံးစွဲသူတစ်ဦးချင်းစီမှ လစဉ်ကြေး (၃,၀၀၀) ကျပ် ပေးသွင်းရုံဖြင့် မိမိ၏ဝန်ထမ်းများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ပိုမိုလွယ်လင့်တကူ အမြဲထိတွေ့ဆက်ဆံနိုင်မည် ဖြစ်သည်။ ၀န်ဆောင်မှုနှင့်ပတ်သက်၍ စည်းကမ်းသတ်မှတ်ချက်အသေးစိတ်ကို ပိုမိုသိရှိလိုပါက [email protected] သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်မည် ဖြစ်သည်။

MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase မှ “Closed User Group (CUG) ၀န်ဆောင်မှုပါ၀င်တဲ့ MPT Business ကို မြန်မာနိုင်ငံမှာရှိတဲ့ ကြိုးဖုန်းနဲ့ မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေးစနစ်တို့အတွက် အကောင်းဆုံးဖန်တီးပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒီဝန်ဆောင်မှုနဲ့အတူ ကျွန်တော်တို့က အကောင်းဆုံးသောဆက်သွယ်ရေးတစ်ခုကို ပေးစွမ်းသွားဖို့ မျှော်မှန်းထားပါတယ်။ ဒါမှလည်း ကျွန်တော်တို့ရဲ့ တန်ဖိုးထားရတဲ့ တစ်ဦးချင်းအလိုက်သုံးစွဲသူတွေနဲ့ သုံးစွဲသူစီးပွားရေးလုပ်ငန်းရှင်တွေဟာ မြန်မာပြည်ကြီးကို ရှေ့သို့ဆက်လက်လှမ်းချီနိုင်စေမှာပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

MPT အမှတ်တံဆိပ်အရောင်းဆိုင်များကို စနေ တနင်္ဂနွေ ရုံးပိတ်ရက်များတွင်ပါ ဖွင့်လှစ်မည်

(ရန်ကုန်၊ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်) – MPT အမှတ်တံဆိပ်အရောင်းဆိုင်ပေါင်း (၁၃၀) ကျော်ကို အများပြည်သူ ရုံးပိတ်ရက်များဖြစ်သော စနေနေ့နှင့် တနင်္ဂနွေနေ့များတွင်ပါ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ သတင်းထုတ်ပြန်ကြေညာလိုက်သည်။ သို့ဖြစ်ရာ သုံးစွဲသူ မိဘပြည်သူများအနေဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ဆိုင်ရာလုပ်ငန်းများကို ရုံးပိတ်ရက်များတွင်ပါ ပိုမိုလွယ်ကူစွာဆောင်ရွက်နိုင်ပြီဖြစ်သည်။

ယခုလာမည့် ဖေဖော်ဝါရီလ (၄) ရက်နေ့မှ စတင်ကာ မြန်မာတစ်ဝှမ်းလုံး၌ရှိသော MPT အမှတ်တံဆိပ် အရောင်းဆိုင်များကို ရုံးပိတ်ရက်များတွင်ပါ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းအပါအဝင် MPT အရောင်းဆိုင်များ၏ အခြားသောဝန်ဆောင်မှုများကို ရယူနိုင်မည်ဖြစ်သည်။ ယခုလိုဖွင့််လှစ်ပေးခြင်းမှာ MPT အမှတ်တံဆိပ်အရောင်းဆိုင်များသို့ ရုံးချိန်အတွင်း မလာရောက် နိုင်သူများနှင့် ရုံးဖွင့်ရက်များတွင် အလုပ်များသူများအတွက် သတင်းကောင်းတစ်ရပ်လည်း ဖြစ်ပါသည်။

MPT အမှတ်တံဆိပ်အရောင်းဆိုင်များတွင် MPT သုံးစွဲသူမိဘပြည်သူများ သိရှိလိုသည့်အကြောင်းအရာများကို ကျွမ်းကျင်သောဝန်ထမ်းများမှတစ်ဆင့် ဖြေကြားပေးခြင်း၊ 4G ဝန်ဆောင်မှုကို အသုံးပြုရန်အတွက် ဆင်းမ်ကတ်များ လဲလှယ်ပေးခြင်း၊ ဖုန်းငွေဖြည့်ကတ်များရောင်းချခြင်း၊ e-top up စနစ်ဖြင့် ငွေဖြည့်ခြင်း၊ ဆင်းမ်ကတ်ပျက်စီးမှုနှင့် ပျောက်ဆုံးမှုတို့အတွက် ဆင်းမ်ကတ်အသစ်များနှင့် ပြန်လည်လဲလှယ်ပေးခြင်း အစရှိသော များပြားလှသည်ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

“ကျွနု်ပ်တို့အနေနဲ့ ဆင်းမ်ကတ်မှတ်ပုံမတင်ရသေးသူတွေအတွက် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းလုပ်ငန်း ဆောင်ရွက်ရမှာ ပိုမိုလွယ်ကူသက်သာစေဖို့ ဆိုင်တွေကို အခုလိုမျိုး ရုံးပိတ်ရက်တွေမှာပါ ဖွင့်လှစ်တော့မှာ ဖြစ်တဲ့အတွက် ဝမ်းသာမိပါတယ်။ အခုဆိုရင် သုံးစွဲသူပြည်သူတွေဟာ ရုံးပိတ်ရက်များမှာပါ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းကို ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ဆိုင်တွေဆီကို ရုံးပိတ်ရက်များပဲဖြစ်ဖြစ် ရုံးဖွင့်ရက်များပဲဖြစ်ဖြစ် ၀င်လာခဲ့ပါ။ ပျော်ရွှင်ကြည်နူးစွာနဲ့ ၀န်ဆောင်မှုတွေပေးဖို့ ကျွန်တော်တို့အသင့်ရှိ နေပါမယ်” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က ပြောကြားခဲ့ပါသည်။
ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်မည့် MPT အမှတ်တံဆိပ်အရောင်းဆိုင်များစာရင်းအပြည့်အစုံကို MPT ၏ ၀က်ဘ်ဆိုက် www.mpt.com.mm တွင်ဝင်ရောက်ရယူကြည့်ရှု့နိုင်ပါသည်။