ခေတ်မီအိတ်ချိန်းစက်များလဲလှယ်မည်ဖြစ်သဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအားပြောင်းလဲမည်

(ရန်ကုန်၊ ဧပြီလ ၂၈ ရက်၊ ၂၀၁၇) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည် အသွေးနှင့် ခေတ်မီဝန်ဆောင်မှုများကိုပေးနိုင်ရန်အတွက် လက်ရှိအသုံးပြုနေသော အော်တိုတယ်လီ ဖုန်းနံပါတ်များကို ဂဏန်း(၇) လုံးပါရှိသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်များဖြင့် ပြောင်းလဲ တပ်ဆင်ပေး သွားမည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် အောက်တွင်ဖော်ပြပေးထားသော အိတ်ချိန်းများတွင် ခေတ်မီ အိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်မည်ဖြစ်သဖြင့် အော်တိုတယ်လီဖုန်း နံပါတ်များ ပြောင်းလဲမည် ဖြစ်သည်။
“မကွေးတိုင်း စေတုတ္ထရာမြို့နယ်ရှိ စေတုတ္ထရာ KY-1000 အိတ်ချိန်း၊ ပဲခူးတိုင်း ညောင်လေးပင်မြို့ နယ်ရှိ ညောင်လေးပင် KY-1000 အိတ်ချိန်းနှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထို KY-1000 အိတ်ချိန်းများကို ၂၀၁၇ခုနှစ် မေလ ၁၉ ရက်နေ့တွင် ပြောင်းလဲတပ်ဆင်သွားမည်ဖြစ်ပြီး နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့ရှိ အိတ်ချိန်းများကိုလည်း ၂၀၁၇ ခုနှစ် မေလ ၃၁ ရက်နေ့တွင် ပြောင်းလဲတပ်ဆင်မည်ဖြစ်သည်။

 

ပြောင်းလဲမည့်နေ့ရက် နှင့် တယ်လီဖုန်းနံပါတ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

    ဧရိယာလက်ရှိအသုံးပြုနေသော ဖုန်းနံပါတ်အသစ်ပြောင်းလဲမည့် ဖုန်းနံပါတ်ရက်စွဲ
စေတုတ္ထရာ အိတ်ချိန်း (KY-1000)
(စေတုတ္ထရာမြို့နယ်၊ မကွေးတိုင်း)
 

၀၆၅-၂၀၂၇xxx

 

 

၀၆၅-၂၀၂၇xxx

 

 

မေလ ၁၉ ရက်၊ ၂၀၁၇

ညောင်လေးပင် အိတ်ချိန်း (KY-1000)
(ညောင်လေးပင် မြို့နယ်၊ ပဲခူးတိုင်းအရှေ့)
 

၀၅၂-၅၀xxx

 

 

၀၅၂-၂၇၅၀xxx

 

 

မေလ ၁၉ ရက်၊ ၂၀၁၇

ကျိုက်ထိုအိတ်ချိန်း
(ကျိုက်ထိုမြို့နယ်၊ မွန်ပြည်နယ်)
 

၀၅၇-၆၀xxx

 

 

၀၅၇-၂၀၆၀xxx

 

 

မေလ ၁၉ ရက်၊ ၂၀၁၇

 

အဆိုပါ နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် MPT မှ မိမိတို့၏ ၀န်ဆောင်မှုကို အသုံးပြုနေသူများအနေဖြင့် ဆက်သွယ်မှု အဆင်ပြေစေရန် Call Forward ၀န်ဆောင်မှုကို ၂၀၁၇ခုနှစ် သြဂုတ်လ အကုန်အထိ အခမဲ့ ပေးထားမည်ဖြစ်ပါသည်။ သုံးစွဲသူများသည် နံပါတ်အသစ်သို့ပြောင်းလဲနေစဉ် ကာလအတွင်းတွင် လက်ရှိ နံပါတ် သို့မဟုတ် နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည်ဖြစ်ပါသည်။

 

  ဧရိယာလက်ရှိအသုံးပြုနေသော ဖုန်းနံပါတ်အသစ်ပြောင်းလဲမည့် ဖုန်းနံပါတ်ရက်စွဲ
လှည်းကူးအိတ်ချိန်း

(လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်း)

၀၁-၆၂၈xxx၀၁-၈၆၂၈xxxမေလ ၃၁ ရက်၊ ၂၀၁၇
၀၁-၆၂၉xxx၀၁-၈၆၂၉xxxမေလ ၃၁ ရက်၊ ၂၀၁၇
မန်းမြန်မာပလာဇာ အိတ်ချိန်း (မန္တလေးမြို့နယ်၊ မန္တလေးတိုင်း)၀၂-၄၀၀၀xxx၀၂-၄၀၀၀xxxမေလ ၃၁ ရက်၊ ၂၀၁၇
၀၂-၄၀၀၁xxx၀၂-၄၀၀၁xxxမေလ ၃၁ ရက်၊ ၂၀၁၇
ရဲရွာအိတ်ချိန်း

(ကျောက်ဆည်မြို့နယ်၊ မန္တလေးတိုင်း)

 

၀၂-၉xxx

 

၀၂-၄၀၀၉xxx

 

မေလ ၃၁ ရက်၊ ၂၀၁၇

ဟွာဝေး စက်မှုဇုံ အိတ်ချိန်း (MSAN)

(ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်း)

၀၂-၅၁၅၂xxx၀၂-၅၁၅၂xxxမေလ ၃၁ ရက်၊ ၂၀၁၇
၀၂-၅၁၅၃xxx၀၂-၅၁၅၃xxxမေလ ၃၁ ရက်၊ ၂၀၁၇
၀၂-၅၁၅၄xxx၀၂-၅၁၅၄xxxမေလ ၃၁ ရက်၊ ၂၀၁၇
၀၂-၅၁၅၅xxx၀၂-၅၁၅၅xxxမေလ ၃၁ ရက်၊ ၂၀၁၇
ရတနာပုံတယ်လီပို့ အိတ်ချိန်း (ပြင်ဦးလွင်မြို့နယ်၊ မန္တလေးတိုင်း) 

၀၂-၅၁၇၈xxx

 

၀၂-၅၁၇၈xxx

 

မေလ ၃၁ ရက်၊ ၂၀၁၇



 

၀၂-၅၆xxx

 

၀၂-၄၀၅၆xxx

 

မလေ ၃၁ ရကျ၊ ၂၀၁၇

၀၂-၅၉xxx၀၂-၄၀၅၉xxxမလေ ၃၁ ရကျ၊ ၂၀၁၇
အမရပူရ အိတ်ချိန်း (TWD-06)

(အမရပူရမြို့နယ်၊ မန္တလေးတိုင်း)

 

၀၂-၇၀xxx

 

၀၂-၄၀၇၀xxx

 

မေလ ၃၁ ရက်၊ ၂၀၁၇

စစ်တွေအိတ်ချိန်း (KY-1000)

(စစ်တွေမြို့နယ်၊ ရခိုင်ပြည်နယ်)

၀၄၃-၂၁xxx၀၄၃-၂၀၂၁xxxမေလ ၃၁ ရက်၊ ၂၀၁၇
၀၄၃-၂၂xxx၀၄၃-၂၀၂၂xxxမေလ ၃၁ ရက်၊ ၂၀၁၇
စစ်တွေအိတ်ချိန်း (EWSD )

(စစ်တွေမြို့နယ်၊ ရခိုင်ပြည်နယ်)

၀၄၃-၂၃xxx၀၄၃-၂၀၂၃xxxမေလ ၃၁ ရက်၊ ၂၀၁၇
၀၄၃-၂၄xxx၀၄၃-၂၀၂၄xxxမေလ ၃၁ ရက်၊ ၂၀၁၇
ငပလီ ရွှေဝါချိုင် အိတ်ချိန်း (KY-1000)

(ငပလီ မြို့နယ်ခွဲ၊ ရခိုင်ပြည်နယ်)

 

၀၄၃-၄၂xxx

 

၀၄၃-၂၀၄၂xxx

 

မေလ ၃၁ ရက်၊ ၂၀၁၇

သံတွဲ အိတ်ချိန်း (KY-1000 )

(သံတွဲမြို့နယ်၊ ရခိုင်ပြည်နယ်)

 

၀၄၃-၆၅xxx

 

၀၄၃-၂၀၆၅xxx

 

မေလ ၃၁ ရက်၊ ၂၀၁၇

ဟင်္သာတ အိတ်ချိန်း (DMS-10)

(ဟင်္သာတမြို့နယ်, ဧရာဝတီတိုင်း)

၀၄၄-၂၁xxx၀၄၄-၂၀၂၁xxxမေလ ၃၁ ရက်၊ ၂၀၁၇
 

၀၄၄-၂၂xxx

 

၀၄၄-၂၀၂၂xxx

 

မေလ ၃၁ ရက်၊ ၂၀၁၇

သာယာဝတီအိတ်ချိန်း (KY-1000)

(ပဲခူးအနောက်မြို့နယ်၊ ပဲခူးတိုင်း)

၀၅၅-၃၀xxx၀၅၅-၂၂၃၀xxxမေလ ၃၁ ရက်၊ ၂၀၁၇
၀၅၅-၃၁xxx၀၅၅-၂၂၃၁xxxမေလ ၃၁ ရက်၊ ၂၀၁၇
မော်လမြိုင် အိတ်ချိန်း (DMS-100)

(မော်လမြိုင်မြို့နယ်၊ မွန်ပြည်နယ်)

 

၀၅၇-၂၁xxx၀၅၇-၂၀၂၁xxxမေလ ၃၁ ရက်၊ ၂၀၁၇
၀၅၇-၂၂xxx၀၅၇-၂၀၂၂xxxမေလ ၃၁ ရက်၊ ၂၀၁၇
၀၅၇-၂၃xxx၀၅၇-၂၀၂၃xxxမေလ ၃၁ ရက်၊ ၂၀၁၇
၀၅၇-၂၄xxx၀၅၇-၂၀၂၄xxxမေလ ၃၁ ရက်၊ ၂၀၁၇
၀၅၇-၂၅xxx၀၅၇-၂၀၂၅xxxမေလ ၃၁ ရက်၊ ၂၀၁၇
၀၅၇-၂၆xxx၀၅၇-၂၀၂၆xxxမေလ ၃၁ ရက်၊ ၂၀၁၇
၀၅၇-၂၇xxx၀၅၇-၂၀၂၇xxxမေလ ၃၁ ရက်၊ ၂၀၁၇
မော်လမြိုင်စက်မှုဇုံ အိတ်ချိန်း( KY-1000 )

(မော်လမြိုင်မြို့နယ်၊ မွန်ပြည်နယ်)

 

၀၅၇-၃၀xxx

 

၀၅၇-၂၀၃၀xxx

 

မေလ ၃၁ ရက်၊ ၂၀၁၇

ထားဝယ်အိတ်ချိန်း (TDX-1B)

(ထားဝယ်မြို့နယ်၊ တနင်္သာရီတိုင်း)

 

၀၅၉-၂၁xxx

 

၀၅၉-၂၀၂၁xxx

 

မေလ ၃၁ ရက်၊ ၂၀၁၇

ထားဝယ်အိတ်ချိန်း(TWD-09)

(ထားဝယ်မြို့နယ်၊ တနင်္သာရီတိုင်း)

၀၅၉-၂၂xxx၀၅၉-၂၀၂၂xxxမေလ ၃၁ ရက်၊ ၂၀၁၇
၀၅၉-၂၃xxx၀၅၉-၂၀၂၃xxxမေလ ၃၁ ရက်၊ ၂၀၁၇
ထားဝယ်မြို့သစ်အိတ်ချိန်း (TWD-06)

(ထားဝယ်မြို့နယ်၊ တနင်္သာရီတိုင်း)

 

၀၅၉-၂၄xxx

 

၀၅၉-၂၀၂၄xxx

 

မေလ ၃၁ ရက်၊ ၂၀၁၇

မြင်းခြံစက်မှုဇုံအိတ်ချိန်း (JSY-2000)

(မြင်းခြံမြို့နယ်၊ မန္တလေးတိုင်း)

 

၀၆၆-၃၀xxx

 

၀၆၆-၂၀၃၀xxx

 

မေလ ၃၁ ရက်၊ ၂၀၁၇

ကျောက်ဆည်အိတ်ချိန်း (S-12 RSU)

(ကျောက်ဆည်မြို့နယ်၊ မန္တလေးတိုင်း)

 

၀၆၆-၅၀xxx

 

၀၆၆-၂၀၅၀xxx

 

မေလ ၃၁ ရက်၊ ၂၀၁၇

တောင်တွင်းကြီးအိတ်ချိန်း (KY-1000)

(တောင်တွင်းကြီးမြို့နယ်၊ မကွေးတိုင်း)

၀၆၃-၅၀xxx၀၆၃-၂၀၅၀xxxမေလ ၃၁ ရက်၊ ၂၀၁၇
 

၀၆၃-၅၁xxx

 

၀၆၃-၂၀၅၁xxx

 

မေလ ၃၁ ရက်၊ ၂၀၁၇

ဝမ်းတွင်းအိတ်ချိန်း (SOC-8000)

(ဝမ်းတွင်းမြို့နယ်၊ မန္တလေးတိုင်း)

၀၆၄-၅၀xxx၀၆၄-၂၀၅၀xxxမေလ ၃၁ ရက်၊ ၂၀၁၇
မလှိုင်အိတ်ချိန် (KY-1000)

(မလှိုင်မြို့နယ်၊ မန္တလေးတိုင်း)

 

၀၆၄-၆၀xxx

 

၀၆၄-၂၀၆၀xxx

 

မေလ ၃၁ ရက်၊ ၂၀၁၇

သာစည်အိတ်ချိန်း( SOC-8000)

(သာစည်မြို့နယ်၊ မန္တလေးတိုင်း)

 

၀၆၄-၆၉xxx

 

၀၆၄-၂၀၆၉xxx

 

မေလ ၃၁ ရက်၊ ၂၀၁၇

Office 18&20 အိတ်ချိန်း

(ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်)

 

၀၆၇-၄၀၉xxx

 

၀၆၇-၃၄၀၉xxx

 

မေလ ၃၁ ရက်၊ ၂၀၁၇

တပ်ကုန်း (KY-1000) အိတ်ချိန်း၊

တပ်ကုန်းမြို့၊ နေပြည်တော်။

၀၆၇ – ၇၀xxx၀၆၇ – ၈၀၇၀xxxမေလ ၃၁ ရက်၊ ၂၀၁၇
၀၆၇ – ၇၁xxx၀၆၇ – ၈၀၇၁xxxမေလ ၃၁ ရက်၊ ၂၀၁၇
နေပြည်တော်အိတ်ချိန်း (ASB NGN)

(ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်)

၀၆၇-၈၄၀၃xxx၀၆၇-၈၄၀၃xxxမေလ ၃၁ ရက်၊ ၂၀၁၇
၀၆၇-၈၄၀၄xxx၀၆၇-၈၄၀၄xxxမေလ ၃၁ ရက်၊ ၂၀၁၇
၀၆၇-၈၄၀၅xxx၀၆၇-၈၄၀၅xxxမေလ ၃၁ ရက်၊ ၂၀၁၇
၀၆၇-၈၄၀၆xxx၀၆၇-၈၄၀၆xxxမေလ ၃၁ ရက်၊ ၂၀၁၇
၀၆၇-၈၄၀၇xxx၀၆၇-၈၄၀၇xxxမေလ ၃၁ ရက်၊ ၂၀၁၇
၀၆၇-၈၄၀၈xxx၀၆၇-၈၄၀၈xxxမေလ ၃၁ ရက်၊ ၂၀၁၇
၀၆၇-၈၄၀၉xxx၀၆၇-၈၄၀၉xxxမေလ ၃၁ ရက်၊ ၂၀၁၇
၀၆၇-၈၄၁၀xxx၀၆၇-၈၄၁၀xxxမေလ ၃၁ ရက်၊ ၂၀၁၇
၀၆၇-၈၄၁၁xxx၀၆၇-၈၄၁၁xxxမေလ ၃၁ ရက်၊ ၂၀၁၇
၀၆၇-၈၄၁၂xxx၀၆၇-၈၄၁၂xxxမေလ ၃၁ ရက်၊ ၂၀၁၇
၀၆၇-၈၄၂xxx၀၆၇-၈၄၂xxxမေလ ၃၁ ရက်၊ ၂၀၁၇
၀၆၇-၈၄၃xxx၀၆၇-၈၄၃xxxမေလ ၃၁ ရက်၊ ၂၀၁၇
နေပြည်တော်လွှတ်တော် အိတ်ချိန်း (ASB NGN) (ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်)၀၆၇-၈၅၉၀xxx၀၆၇-၈၅၉၀xxxမေလ ၃၁ ရက်၊ ၂၀၁၇
 

၀၆၇-၈၅၉၁xxx

 

၀၆၇-၈၅၉၁xxx

 

မေလ ၃၁ ရက်၊ ၂၀၁၇

ပြည်စံနောင် ဟွာဝေး အိတ်ချိန်း (MSAN)

(ဇေယျာသီရိမြို့နယ်၊ နေပြည်တော်)

 

၀၆၇-၉၉၈၅xxx

 

၀၆၇-၈၉၈၅xxx

 

မေလ ၃၁ ရက်၊ ၂၀၁၇

မုံရွာစက်မှုဇုန်အိတ်ချိန်း (KY-1000)

(မုံရွာမြို့နယ်၊ စစ်ကိုင်းတိုင်း)

 

၀၇၁-၂၅xxx

 

၀၇၁-၂၀၂၅xxx

 

မေလ ၃၁ ရက်၊ ၂၀၁၇

ပဒေသာ အိတ်ချိန်း (DMS 10-RSU)

(ပြင်ဦးလွင်မြို့နယ်၊ မန္တလေးတိုင်း)

 

၀၈၅-၂၉xxx

 

၀၈၅-၂၀၂၉xxx

 

မေလ ၃၁ ရက်၊ ၂၀၁၇

 

အဆိုပါ နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် MPT မှ မိမိတို့၏ ၀န်ဆောင်မှုကို အသုံးပြုနေသူများအနေဖြင့် ဆက်သွယ်မှု အဆင်ပြေစေရန် Call Forward ၀န်ဆောင်မှုကို ၂၀၁၇ခုနှစ် သြဂုတ်လ အကုန်အထိ အခမဲ့ ပေးထားမည်ဖြစ်ပါသည်။ သုံးစွဲသူများသည် နံပါတ်အသစ်သို့ပြောင်းလဲနေစဉ် ကာလအတွင်းတွင် လက်ရှိ နံပါတ် သို့မဟုတ် နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည်ဖြစ်ပါသည်။

MPT သင်္ကြန်ပွဲတော် အတူနွဲပျော်

MPT၏ နှစ်သစ်ကူး အတာသင်္ကြန်အကြို မိသားစုရေသဘင်နှင့်ဖျော်ဖြေပွဲ အစီအစဉ်များကို ၂၀၁၇ ခုနှစ် ဧပြီလ (၁၀)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

မြန်မာ့နှစ်သစ်ကူးကိုကြိုဆိုတဲ့အနေနဲ့ ကျင်းပတဲ့ပွဲမှာ MPT-KSGM ကအကြီးတန်း စီမံခန့်ခွဲမှုအဖွဲ့ဝင်များအားလုံး တက်ရောက်ခဲ့ကြပြီး လာရောက်သူအားလုံးကို မြန်မာ့ရိုးရာမုန့်များနှင့်ကျွေးမွေးဧည့်ခံခြင်း၊ သင်္ကြန်ယိမ်းအကအလှများနဲ့ ဖျော်ဖြေခြင်းနဲ့ ရေပက်ကစားခြင်းတွေကို ပြုလုပ်ခဲ့ပါတယ်။

Buddha Tayadaw Myar FAQ

ဗုဒ္ဓတရားတော်များ

၁။ ဗုဒ္ဓတရားတော်များသည် မည်သည့်အရာနည်း။

  • ဗုဒ္ဓတရားတော်များသည် ဝဘ်ဆိုဒ်သည် နာမည်ကျော်ကြားသော ဆရာတော်ကြီးများ၏ ဟောကြားသော တရားတော်များကို မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို ဖတ်ရှုနိုင်ရန်၊ နားထောင်နိုင်ရန်အတွက် ဖြစ်ပါသည်။

၃။ ဒေတာအသုံးပြုခအပြင် အခြားသော အပိုထပ်ဆောင်း ကုန်ကျမှုများရှိပါသလား။

  • မရှိပါဘူး။ တရားတော်များကို ဖတ်ရှုခြင်း၊ နားထောင်ခြင်းသည် အခဲ့ ဖြစ်ပါသည်။

၆။ ဗုဒ္ဓတရားတော်များတွင် မည့်သည့် ဘုန်းတော်ကြီးများ ပါရှိပါသလဲ။

  • ဗုဒ္ဓတရားတော်များဝက်ဘ်ဆိုဒ် စတင်ဖွင့်လှစ်ခြင်းတွင် ဘုန်းတော်ကြီး ၁၅ ပါး ပါဝင်ပါသည်။
    မိုးကုတ်ဆရာတော် ဦးဝိမလ၊ မုံလယ်ဆရာတော် ဦးသံဝရ၊ သဲအင်းဂူဆရာတော် ဦးဥက်ကဋ်ဌ၊ ဖားအောက်တောရ ဆရာတော် (ဦးဥက္ကံသ)၊ ကြာနီကန်ဆရာတော်၊ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ၊ သီတဂူဆရာတော်၊ ပါမောက္ခဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ၊ ဒေါက်တာ အရှင်ဇယတိဿ၊ ဆရာတော် ဦးဇောတိက၊ ဓမ္မဒူတ အရှင်ဆေကိန္ဒ၊ အရှင်ဆန္ဒာဓိက၊ ဘဒ္ဒန္တသုစိတ္တ ဘီဝံသ နှင့် ဆရာတော် ဒေါက်တာ ဓမ္မဿာမိ တို့ပါဝင်ပါသည်။

၇။ ဗုဒ္ဓတရားတော်များအတွက် ပါဝင်သည့် ဘုန်းတော်ကြီးများမှ မည်သည့်မှတ်ချက်များ ရှိပါသလဲ။

  • ဘုန်းတော်ကြီးများ၏ ဟောကြားသောတရားတော်များကို တရားနာချစ်သူများထံသို့ ကျယ်ကျယ်ပြန့်ပြန့် ပို့ဆောင်ပေးနိုင်တဲ့အတွက် အရမ်းပဲဝမ်းသာမိပါတယ်။

၂။ MPT သုံးစွဲသူများသာလျှင် တရားတော်များကို ဖတ်ရှု၊ နားထောင်နိုင်ပါသလား။

  • ဟုတ်ကဲ့။ MPT ကို အသုံးပြုသူများသာလျှင် တရားတော်များကို အခမဲ့ ဒေါင်းလုတ်ဆွဲခြင်း၊ ဖတ်ရှုခြင်း၊ နားထောင်ခြင်းများကို ပြုလုပ်နိုင်မှာပါ။

၅။ ဗုဒ္ဓတရားတော်များတွင် မည်သည့်တရားတော်များပါဝင်ပါသလဲ။

  • အသံဖိုင်၊ ဗွီဒီယိုဖိုင်၊ ebook များပါဝင်ပြီး အသံဖိုင် နှင့် ဗွီဒီယိုဖိုင်တွင် နှစ်မျိုးပါဝင်ပါသည်။
    (၁) အဘိဓမ္မာတရားတော်များ
    (၂) ဟောပြောသည့်တရားတော်များ

၆။ ဟောကြားထားသော ဗုဒ္ဓတရားတော်များကို မည်ကဲ့သို့ရရှိနိုင်သနည်း

  • ဟောကြားသည့်တရားတော်များကို ဓမ္မဒေါင်းလုတ်နှင့် သစ္စာပါရမီလူမှုကွန်ရက်တွင်ရရှိနိုင်ပါသည်။

၈။ နောင်မှာ ထပ်တိုးလာမည့်တရားတော်များ ရှိပါသလား။

  • ဟုတ်ကဲ့။ လိုတရ ဗုဒ္ဓတရားတော်အသစ်များကို နေ့စဉ်နေ့တိုင်း ထပ်ပြီး တင်ပြသွားမှာပါ။

MPT၏ လိုတရ Web Portal တွင် “ဗုဒ္ဓတရားတော်များ” စာမျက်နှာအသစ် စတင်လွှင့်တင်

(ရန်ကုန်၊ ၂၀၁၇ ခုနှစ် ဧပြီလ ရ ရက်) – မြန်မာနိုင်ငံ၏ အကျယ်ပြန့်ဆုံးနှင့် အမြန်ဆုံးမိုဘိုင်းလ်ကွန်ရက် ဖြစ်သည့် မြန််မာဆက်သွယ်ရေးလုပ်ငန်း (MPT) သည် တရားဓမ္မမြတ်နိုးသူ မိဘပြည်သူများအတွက် “ဗုဒ္ဓတရားတော်များ” အမည်ရ စာမျက်နှာသစ်တစ်ခုကို လိုတရ Web Portal တွင် ထပ်မံလွှင့်တင်လိုက်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်သည်။ အသုံးပြုသူများအနေဖြင့် ခရီးဝေးသွားရသည့်အချိန်၊ အားလပ်သည့် အချိန်များနှင့် အိပ်ယာဝင်ခါနီးအချိန်များတွင် နာမည်ကျော်ဆရာတော်များ၏ ဆုံးမသြဝါဒတရားများကို ဖတ်ရှုနားဆင်ကာ ကုသိုလ်ပွားအကျိုးများနိုင်မည်ဖြစ်သည်။
အဆိုပါ “ဗုဒ္ဓ တရားတော်များ” စာမျက်နှာတွင် နာမည်ကြီးဆရာတော် ၁၅ ပါးဖြစ်သည့် မိုးကုတ်ဆရာတော် ဘုရားကြီး၊ အနောက်ဂန့်ဂေါ မုံလယ်ဆရာတော် ဘဒ္ဒန္တ သံဝရ၊ သဲအင်းဂူဆရာတော်ဘုရားကြီး ဦးဥက္ကဋ္ဌ၊ ဖားအောက်တောရဆရာတော်ကြီး ဘဒ္ဒန္တအာစိဏ္ဏ၊ ကြာနီကန်ဆရာတော်၊ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ၊ သီတဂူဆရာတော်ဘုရားကြီး ဦးဉာဏိဿရ၊ ပါမောက္ခချုပ်ဆရာတော်ကြီး ဘဒ္ဒန္တ ဒေါက်တာ နန္ဒမာလာဘိဝံသ၊ ပိုင်းလော့ ဆရာတော်် အရှင်ဇေယျပဏ္ဍိတ၊ ဒေါက်တာ အရှင်ဇယတိဿ (သစ္စာပါရမီ ဓမ္မရာဇာ တရားရိပ်သာ)၊ ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)၊ ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ၊ အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)၊ ဘဒ္ဒန္တသုစိတ္တာဘိဝံသ၊ ဆရာတော် ဒေါက်တာ ဓမ္မဿာမိတို့၏ ဓမ္မတရားတော်များ ပါ၀င်မည်ဖြစ်သည်။
အဆိုပါ “ဗုဒ္ဓတရားတော်များ” စာမျက်နှာသည် ဆက်သွယ်ရေးအော်ပရေတာ အနေဖြင့် ပထမဦးဆုံး လွှင့်တင်သော တရားဓမ္မအွန်လိုင်း စာမျက်နှာဖြစ်သည်။ တရားအပုဒ် ရာကျော်ကို MP3 ၊ MP4 ၊ PDFs ဖိုင်များနှင့် ထောက်ပံ့ပေးထားသဖြင့် သုံးစွဲသူများအနေဖြင့် မိမိကြိုက်နှစ်သက်ရာကို အလွယ်တကူ အခမဲ့ download ရယူကာ နိဗ္ဗာန်ရောက်ကြောင်းတရားများကို ကြည့်ရှု့လေ့လာနာယူမှတ်သားအားထုတ်နိုင်မည် ဖြစ်သည်။
ဗုဒ္ဓဘာသာဝင်များသည် တရားဓမ္မများကိုနာယူမှတ်သား ကျင့်ကြံအားထုတ်ခြင်းဖြင့် လွတ်ငြိမ်းရာအမှန် မြတ်နိဗ္ဗာန် ကိုရောက်ရှိနိုင်မယ်လို ယုံကြည်ထားကြပါသည်။
အဆိုပါစာမျက်နှာတွင် တရားတော်များကို Dhamma Download နှင့် Thitsarparami Society မှ ပံ့ပိုးပေးခြင်းဖြစ်ပြီး တရားတော် ၃၀၀ နီးပါး ပါ၀င်ပြီး တရားတော်များအသစ်များကို ထပ်မံဖြည့်စွက်သွားမည် ဖြစ်ပါသည်။
အဆိုပါစာမျက်နှာအသစ်လွှင့်တင်လိုက်ခြင်းနှင့်ပတ်သက်၍ MPT-KSGM Joint Operations မှ Deputy Chief Commercial Officer ဖြစ်သူ ဦးသိန်းဟုတ် က “မြန်မာနိုင်ငံဟာ အဓိကအားဖြင့် ဗုဒ္ဓဘာသာကို ကိုးကွယ်သူများတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် သုံးစွဲသူတွေရဲ့ ယုံကြည်ကိုးကွယ်မှုကလည်း အရေးကြီးကြောင်း ကျွန်တော်တို့ နားလည်ထားပါတယ်။ ကျွန်တော်အနေနဲ့ တရားတော်တွေကို အခမဲ့ ရယူနိုင်အောင် ဆောင်ရွက်ပေးထားတာကြောင့် ပြည်သူတွေအနေနဲ့ဗုဒ္ဓရဲ့ အဆုံးအမ တရားတော်တွေကို လွယ်ကူစွာဖြင့် နာယူ မှတ်သား နိုင်မှာဖြစ်ပါတယ်” ဟုပြောကြားခဲ့ပါသည်။
“ဗုဒ္ဓတရားတော်များ” စာမျက်နှာကို လိုတရ Web Portal မှတစ်ဆင့် ၀င်ရောက်၍ဖြစ်စေ၊ တိုက်ရိုက်လင့်ခ် http://dhamma.foc.lotayamm.com/ မှတစ်ဆင့်ဖြစ်စေ ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT မှ မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို ကြိုဆိုသည့်အနေဖြင့် နိုင်ငံတစ်ဝှမ်း လှူဒါန်းမှုများ ပြုလုပ်သွားမည်

(ရန်ကုန် ၊ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၅ ရက်) – မြန်မာတို့၏ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းသည့် အခါသမယတွင် MPT သည် မြန်မာပြည်သူပြည်သားများနှင့် တစ်သားတည်းဖြစ်ကြောင်း ပြသသည့် အနေဖြင့် မြန်မာ့ရိုးရာဓလေ့နှင့်အညီ နိုင်ငံတစ်ဝှမ်း၌ လိုအပ်နေသောနေရာများတွင် လှူဒါန်းမှုများကို ပြုလုပ်နေပြီ ဖြစ်ပါသည်။

မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်လှူဒါန်းမှုများတွင် MPT ၏ အကြီးတန်းစီမံခန့်ခွဲရေးအရာရှိများမှ အစ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ MPT ၀န်ထမ်းများအဆုံး ပါဝင်အားဖြည့်ကာ မြန်မာတစ်နိုင်ငံလုံးတွင် လှူဒါန်းမှုပေါင်း ၃၀ ကျော်ကို ပြုလုပ်သွားမည် ဖြစ်ပါသည်။ MPT မှ မြန်မာကျပ်ငွေ သိန်းပေါင်း ၂,၀၀၀ ကို သုံးစွဲကာ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးအဖွဲ့အစည်းများ၊ မိဘမဲ့ဂေဟာများ၊ ဆေးရုံဆေးခန်းများနှင့် ဘိုးဘွားရိပ်သာများအပါအဝင် လူမှုအကျိုးပြုအဖွဲ့အစည်းများသို့ ကျယ်ကျယ်ပြန့်ပြန့် လိုက်လံလှူဒါန်းနေခြင်းဖြစ်ပါသည်။

ထို့အပြင် MPT-KSGM Joint Operations ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr Toshitake Amamiya နှင့် လုပ်ငန်းလည်ပတ်မှုဌာနကြီး၏ ဒုတိယအရာရှိချုပ်ဖြစ်သူ ဦးနိုင်ကိုကိုတို့မှလည်း ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့အနီးမှ မင်္ဂလာလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ သွားရောက်ကာ ဘုန်းတော်ကြီးကျောင်းရှိ မိဘမဲ့ ကလေးသူငယ်များအတွက် လှူဒါန်းမှုတစ်ခုကိုလည်း ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါလှူဒါန်းမှုနှင့် အခြားသောဒေသများတွင်ပြုလုပ်သည့် အလှူဒါနများအပြင် MPT အနေဖြင့် မြန်မာ့ရိုးရာ သင်္ကြန်ဓလေ့ လှုပ်ရှားမှုများကို နေရာအနှံ့အပြား၌ ယခုအပတ်အတွင်း ဆက်တိုက်ပြုလုပ်လျက်ရှိပါသည်။ မြန်မာတို့၏ ယဉ်ကျေးမှုအစဉ်အလာကောင်းများကို ပြန်ပြောင်းအောက်မေ့ကာ အရှည်သဖြင့် ဆက်လက်တည်မြဲစေရေး ထိန်းသိမ်းရမည့် အချိန်အခါကောင်းတစ်ခုဖြစ်သည်နှင့်အညီ MPT ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရုံးအဖွဲ့များအနေဖြင့်လည်း နေရာအသီးသီးသို့ သွားရောက်ကာ သင်္ကြန်ချိန်ခါ ရိုးရာဓလေ့များဖြစ်သည့် သက်ကြီးရွယ်အိုများအား ပူဇော်ကန်တော့ခြင်း၊ ခေါင်းလျှော်ပေးခြင်း၊ လက်သည်းခြေသည်းညှပ်ပေးခြင်း၊ စတုဒိသာကျွေးမွေးခြင်းများကိုလည်း ပြုလုပ်သွားမည် ဖြစ်ပါသည်။

ထို့အပြင် MPT ၏ လိုတရ စေတနာကမ်းလက်များ စာမျက်နှာတွင်ရှိသည့် လူမှုရေးလုပ်ငန်းဆောင်ရွက်နေသော အဖွဲ့အစည်းများသို့ မိဘပြည်သူများက လှူဒါန်းမှုပြုရန်ဆောင်ရွက်ပေးသည့် အစီအစဉ်တွင် ပါဝင်သော အဖွဲ့အစည်း (၁၀) ခုသို့လည်း ၎င်းတို့၏ စီမံချက်များတွင်အသုံးပြုနိုင်ရန်အတွက် အဖွဲ့အစည်း တစ်ခုချင်းစီသို့ လှူဒါန်းမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။

Mr. Toshitake Amamiya က “မြန်မာတို့ရဲ့ နှစ်သစ်ကူးကာလဖြစ်တဲ့ သင်္ကြန်ပွဲတော်ကို ကြိုဆိုတဲ့အထိမ်းအမှတ်အနေနဲ့ မြန်မာ့အော်ပရေတာတစ်ခုဖြစ်တဲ့ MPT က အလှူဒါနတွေပြုလုပ်သွားဖို့ သန္ဒိဌာန်ချထားပါတယ်။ ဒီလှူဒါန်းမှု က MPT နဲ့ သုံးစွဲသူများရဲ့ လှူဒါန်းမှုဖြစ်ပြီး ဒီလို ကုသိုလ်ရေးလုပ်ငန်း တွေကို ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် အထူးပဲကျေးဇူးတင် ဝမ်းမြောက်မိတဲ့အပြင် လှူဒါန်းမှုကိုလည်း အမျှပေးဝေလိုပါတယ်။ အားလုံးကိုကျေးဇူးတင် ရှိပါတယ်လို့ ပြောကြားရင်း ဘေးအန္တရာယ် ကင်းရှင်းပြီး မင်္ဂလာရှိတဲ့ ပျော်ရွှင်ဖွယ်နှစ်သစ်လေးဖြစ်ကြပါစေလို့ ဆုတောင်းပါတယ် ” ဟု ပြောကြားခဲ့ပါသည်။

အဆိုပါလှူဒါန်းမှုသည် MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါသည်။ MPT အနေဖြင့် ပညာရေး၊ ဆက်သွယ်ရေး အစရှိသည်တို့နှင့် ဆက်စပ်သော အကျိူးပြုလုပ်ငန်းအစီအစဉ်များအပြင် မကြာသေးမီကလည်း MPT သည် မြန်မာနိုင်ငံတစ်ဝှမ်းမှ ကျေးလက်ဒေသများ၌ အရှည်သဖြင့် ရေပုံမှန်ရရှိရေး အတွက် စက်ရေတွင်းများကို တူးဖော်ဖွင့်လှစ်ပေးခဲ့ပါသည်။ အလားတူပင် အပူချိန်ပြင်းထန်၍ သောက်သုံးရေ အခက်အခဲဖြစ်နေသည့် အရေးတကြီးလိုအပ်နေသော နေရာများသို့လည်း MPT အနေဖြင့် သွားရောက်ကာ လှူဒါန်းမှုများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

MPT သည် သင်္ကြန်အလှူဒါနလှုပ်ရှားမှုများကို ယခုအပတ်အတွင်း ဆောင်ရွက်လျက်ရှိပါသည်။ မြန်နိုင်ငံအနှ့ံရှိ မိဘများအားလုံးအတွက် ပျော်ရွှင်ဖွယ်နှစ်သစ်ကူးဖြစ်ပြီး သင်္ကြန်အားလပ်ရက်များအတွင်း စိတ်လက်အပန်းဖြေ အနားယူနိုင်ကြပါစေဟုလည်း MPT မှ ဆုမွန်ကောင်း တောင်းလိုက်ပါသည်။