စစ်တွေမြို့ရှိ EWSD အိတ်ချိန်းနှင့် KY-1000 အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်မည့် အစီအစဉ်ရွှေ့ဆိုင်း

MPT အနေဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ EWSD အိတ်ချိန်းနှင့် KY-1000 အိတ်ချိန်းများကို ပိုမိုကောင်းမွန်သည့် အရည်အသွေးနှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက်၂၀၁၇ခုနှစ် မေလ (၃၁)ရက်နေ့ တွင် ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်မည်ဖြစ်ကြောင်း အသိပေးခဲ့ပါသည်။ သို့ရာတွင် မေလ (၂၉)ရက်နေ့ကဖြစ်ပေါ်ခဲ့သည့် “မိုရာ” (ဆိုင်ကလုန်း) မုန်တိုင်း တိုက်ခတ်မှုကြောင့် အဆိုပါအစီအစဉ်ကို ခေတ္တရွှေ့ဆိုင်းခဲ့ရပါသည်။ သို့ဖြစ်ပါ၍ ခေတ်မီအိတ်ချိန်းစက်များ ပြောင်းလဲတတ်ဆင်မည့်နေ့ကို ပြန်လည်၍ အသိပေးသွားမည်ဖြစ်ပါသည်။

MPT မှ 4G/LTE ဝန်ဆောင်မှုအသစ် မိတ်ဆက်

(ရန်ကုန်၊ မေ ၂၉၊ ၂၀၁၇)_MPT က မြင့်မားသည့်စွမ်းဆောင်ရည်များဖြင့် 4G/LTE ဝန်ဆောင်မှုကို ၂၀၁၇ ခုနှစ် မေလ ၃၀ ရက်နေ့တွင် စတင်တော့မည် ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်ကြေညာလိုက်သည်။

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သတ်မှတ်ထားသော 1.8GHz လှိုင်းစဉ်နှုန်း အသုံးပြုခွင့်နှင့်အတူ 4G/LTE ကွန်ရက်ကို လျင်မြန်စွာ စတင်ဖြန့်ကျက်တော့မည်ဖြစ်သည်။ MPT သည် ပိုမိုလျင်မြန်သော မိုဘိုင်းဒေတာအမြန်နှုန်းကို ကနဦး အနေဖြင့် နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေး မြို့ကြီးများတွင် အသုံးပြုနိုင်တော့မည်ဖြစ်ပြီး အခြားမြို့များတွင်လည်း မကြာမီ အသုံးပြုနိုင်တော့မည်ဖြစ်ပါသည်။

LTE ဆိုသည်မှာ Long Term Evolution ကို အတိုကောက်ခေါ်ဆိုခြင်းဖြစ်ပြီး 3G ထက်ပိုမြန်သော ဒေတာအမြန်နှုန်းရှိသည့် 4G/LTE အမျိုးအစားဖြစ်ပြီး ဒေတာများကို လျင်မြန်စွာ အသုံးပြုနိုင် မည်ဖြစ်သည်။ သုံးစွဲသူများ အနေဖြင့် MPT ၏ 4G/LTE ကွန်ရက်ရရှိသောနေရာသို့ရောက်ရှိပါက မိမိတို့၏ မိုဘိုင်းလ်ဖုန်းများမှ 4G/LTE ကွန်ရက်သို့ အလိုအလျောက် ချိတ်ဆက်ရယူသုံးစွဲနိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အမြန်ဆုံးကွန်ရက်အဖြစ် တရားဝင် အသိအမှတ်ပြု ထားခြင်းခံရသော MPT ၏ 3G ကွန်ရက်နှင့် ယခုစတင်မည့် 4G/LTE ကွန်ရက်တို့ အကြား အဆင်ပြေစွာ ပြောင်းလဲချိတ်ဆက်နိုင်ရန်အတွက် MPT အနေဖြင့် ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။ ယခုဝန်ဆောင်မှု အသစ်ကို အခြားသော မြို့ကြီးများနှင့် မြို့ငယ်များကိုလည်း အမြန်ဆုံးဖြန့်ကျက်ဆောင်ရွက်သွားမည်ဖြစ်သည်။

MPT-KSGM Joint Operations ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Mr. Toshitake Amamiya မှ ယခုလို ထုတ်ပြန်ချက် နှင့်ပတ်သက်ပြီး “သုံးစွဲသူတွေအနေနဲ့ အခုလို 4G/LTE နည်းပညာက ယူဆောင်လာတဲ့ မြန်ဆန်ပြီး အရည်အသွေးရှိတဲ့ ဝန်ဆောင်မှုကို ကြိုက်နှစ်သက်ကြမှာပါ။ ဒေတာတွေကို အချိန်တခဏ အတွင်းမှာ ဒေါင်းလုပ်ဆွဲနိုင်မယ့်၊ ဂိမ်းတွေကိုလည်း တကယ့်ကိုအဆင်ပြေပြေ ကစားနိုင်မယ့် အတွေ့အကြုံတွေ၊ HD ဗီဒီယို တွေကို အလျင်မြန်ဆုံးမျှဝေနိုင်ပြီး အွန်လိုင်းကအချက်အလက်တွွေကိုလည်း ပိုမိုမြန်ဆန်တဲ့ အမြန်နှုန်းနဲ့အတူ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Colorful Data Pack အစီအစဉ်နဲ့ ပုံမှန်သုံးဒေတာနဲ့ ဖုန်းခေါ်ဆိုခ နှုန်းထားတွေမှာ သတ်မှတ်ထားတဲ့ နဂိုစျေးနှုန်းတွေအတိုင်းပဲ 4G/LTE ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုဆိုရင် နည်းစနစ်ပိုင်းအနေနဲ့လည်း အဆင့်သင့်ဖြစ်နေပြီး မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍအတွက် ခေတ်သစ်တစ်ခုကို ဆောင်ယူလာပြီဖြစ်ပါတယ်။ အခုလို ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ပရိုမိုးရှင်း အစီအစဉ်တွေအပါအဝင် အခြားထူးခြားတဲ့ အစီအစဉ် တွေကိုလည်း မကြာခင် ကြေညာသွားမှာဖြစ်လို့ ကျေးဇူးပြုပြီး ရှေ့လာမည့်ရက်တွေမှာ စောင့်ဆိုင်း နားစွင့် ပေးပါဦး” ဟု Mr. Amamiya ကပြောကြားပါသည်။

4G စနစ်ကို အသုံးပြုနိုင်သည့်ဖုန်းများနှင့် ဆင်းမ်ကတ်များ ကိုင်ဆောင်ထားသည့် MPT သုံးစွဲသူအားလုံးမှာ 4G/LTE ဝန်ဆောင်မှုကို စတင်အသုံးပြုနိုင်မည်ဖြစ်သည်။ ယခင် GSM (2G/3G) ဆင်းမ်ကတ် အဟောင်းများကို သုံးစွဲသူဖြစ်ပါက မိမိတို့၏ ဆင်းမ်ကတ်အဟောင်းများကို မူရင်း ဖုန်းနံပါတ်နှင့် အတူတူပင်ဖြစ်သည့် 4G အသင့်အသုံးပြုနိုင်သော ဆင်းမ်ကတ်အသစ်များဖြင့် နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေး မြို့များရှိ MPT အမှတ်တံဆိပ်ဆိုင်များတွင် ဝန်ဆောင်ခ တစ်စုံတစ်ရာပေးရန်မလိုဘဲ လဲလှယ်နိုင်ပါသည်။ သုံးစွဲသူများ အနေဖြင့် ယခုဝန်ဆောင်မှုကို အသုံးပြုနိုင်ရန်အတွက် မိမိတို့၏ ဖုန်း setting တွင် 4G/LTE ကွန်ရက်အသုံးပြုနိုင်မှုကို ရွေးချယ်ထားရန်လိုအပ်မည်ဖြစ်ပါသည်။

Let’s Play FAQ MM

Let’s Play

၁။ “ကစားကြစို့”ဆိုတာဘာလဲ။

  • “ကစားကြစို့”ဆိုသည်မှာIOSနှင့်Androidနှစ်ခုစလုံးတွင်ကစားနိုင်သောအရည်အသွေးမြင့်အွန်လိုင်းဂိမ်းများကိုရယူပြီးဆော့ကစားနိုင်သောအွန်လိုင်းဂိမ်း Portal တစ်ခုဖြစ်သည်။ဂိမ်းဖျော်ဖြေမှုပေါင်းများစွာအနက် အက်ရှင်၊အားကစား၊ပြိုင်ပွဲတို့နှင့်အတူအခြားအခြားသောဂိမ်းအမျိုးအစားများစွာတို့အားရယူပြီးကစားလိုက်ပါ။

၃။ “ကစားကြစို့”၀န်ဆောင်မှုမှဂိမ်းများကစားရန်ဘာတွေလိုအပ်လဲ။

  • “ကစားကြစို့”၀န်ဆောင်မှုအား3Gနှင့်အထက်အင်တာနက်လိုင်းချိတ်ဆက်နိုင်သောမည်သည့်စမတ်ဖုန်းနှင့်မဆိုရယူနိုင်ပြီးUp to dateဖြစ်သောWeb Browserတစ်ခုရှိရန်လိုအပ်ပါသည်။

၅။ ၀န်ဆောင်ခကရော ဘယ်လောက်ကျသင့်မှာလဲ။

  • “ကစားကြစို့”ဝန်ဆောင်မှုအားစာရင်းပေးသွင်းပြီးပထမဆုံးရရက်တွင်အခမဲ့ကစားနိုင်ပါသည်။အခမဲ့ကာလ တစ်ပတ်ကျော်လွန်ပါကတစ်ရက်လျှင်၂၀၀ကျပ်နှုန်းဖြင့်ကောက်ခံသွားမည်ဖြစ်ပါသည်(အခွန်အားလုံးပါပြီး)။အခမဲ့ကာလ၏ဝန်ဆောင်မှုရရက်ကို ဖုန်းနံပတ်တစ်ခုလျှင်တစ်ခါသာရရှိနိုင်မည်ဖြစ်ပါသည်။

၇။ “ကစားကြစို့”၀န်ဆောင်မှုကိုဘယ်လိုစာရင်းပေးသွင်းရမလဲ။

Let’s Play Service (HTML 5 Games Service or Online Games Service)

 Service Name SMS ShortcodeText
(subscribe)
 Text
(unsubscribe)
 Price Sending SMS Frequency
 Let’s Play 8765 GAME | game STOP GAME | STOPGAME | stop game | stopgame First 7 days free of charge, after daily:200 Ks 1SMS/week
 1 OFF GAME | OFFGAME | off game | offgame
 ONE | one UNSUB GAME | UNSUBGAME | unsub game | unsubgame
 OK | ok UN GAME | UNGAME | un game | ungame

၉။ ၀န်ဆောင်ခငွေဘယ်လိုကောက်ခံမှာလဲ။

  • ဝန်ဆောင်မှုရယူပြီးနောက်ပထမဆုံးရရက်သည်အခမဲ့ဝန်ဆောင်မှုဖြစ်သည်။အခမဲ့ကာလပြီးဆုံးပါကတစ်ရက်လျှင်၂၀၀ကျပ်နှုန်းဖြင့်ကောက်ခံသွားမည်ဖြစ်ပါသည်။Prepaid Sim Card အသုံးပြုသူများအားဖုန်းငွေထဲမှတိုက်ရိုက်ကောက်ခံသွားမည်ဖြစ်ပြီး ၊ Post-paid အသုံးပြုသူများအားလစဉ်ဖုန်းငွေပေးချေမှုထဲမှအသီးသီးကောက်ခံသွားမည်ဖြစ်ပါသည်။

၁၁။ ကျွန်တော်/ကျွန်မတို့အကောင့်ထဲကဖုန်းနံပတ်ကိုပြန်ပြောင်းလို့ရနိုင်မလား။

  • အခုအချိန်မှာတော့လုပ်လို့မရနိုင်သေးပါ။

၂။ “ကစားကြစို့”၀န်ဆောင်မှှုဖြင့်ဂိမ်းများကိုဘယ်လိုကစားရမလဲ။

  • “ကစားကြစို့”၏အကန့်အသတ်မရှိသောဂိမ်းများကိုကစားလိုပါက“8765”သို့“GAME”ဟုစာတိုပေးပို့ကာ စာရင်းပေးသွင်းရမည်ဖြစ်ပြီးဂိမ်းကစားမည်ဆိုပါကအင်တာနက်လိုင်းဖွင့်ထားရမည်ဖြစ်ပါသည်။အသင်းဝင် ဖြစ်သွားပါကhttp://letsplay.com.mm/ကိုမိမိဖုန်းbrowserတွင်ရိုက်ထည့်ရပါမည်။ဂိမ်းPortalတွင်ဖုန်း နံပတ်ရိုက်ထည့်ပေးရမည်ဖြစ်ပါသည်။ဖုန်းနံပတ်ရိုက်ထည့်လိုက်ပါကသင့်ဖုန်းထဲတွင်PINနံပါတ်Messageအားလက်ခံရရှိမည် ဖြစ်သည်။Portalတွင်PINနံပတ်အားရိုက်ထည့်လိုက်သည်နှင့်တပြိုင်နက် “ကစားကြစို့” Portal ပေါ်ရှိဂိမ်းများကိုကစားနိုင်ပြီဖြစ်ပါသည်။

၄။ ဂိမ်းအရေအတွက်ဘယ်လောက်ထိ ကစားလို့ရမလဲ။

  • “ကစားကြစို့”၀န်ဆောင်မှုတွင်အွန်လိုင်းဂိမ်းပေါင်း၂၀၀ကျော်ပါ၀င်ပြီးမိမိကြိုက်သလောက်အကန့်အသန့်မရှိကစားနိုင်ပါသည်။

၆။ ဘာလို့သတိပေးစာSMSပို့ရတာလဲ။

  • အခမဲ့ကာလမပြီးဆုံးမီနှစ်ရက်အလိုတွင်သုံးစွဲသူတို့ထံသတိပေးစာ စာတိုပေးပို့လေ့ရှိပါသည်။ ရည်ရွယ်ချက်မှာအစမ်းကာလ၏အခမဲ့ဝန်ဆောင်မှုပြီးဆုံးတော့မည်ကိုအသိပေးရန်နှင့်နောက်ရက်များတွင်အခကြေးငွေကောက်ခံသွားမည်ဖြစ်ကြောင်းအသိပေးရန်ဖြစ်ပါသည်။

၈။ ကစားကြစို့” ဝန်ဆောင်မှုရယူထားသည်ကိုဘယ်လိုဖျက်သိမ်းရမလဲ။

Let’s Play Service (HTML 5 Games Service or Online Games Service)

 Service Name SMS ShortcodeText
(subscribe)
 Text
(unsubscribe)
 Price Sending SMS Frequency
 Let’s Play 8765 GAME | game STOP GAME | STOPGAME | stop game | stopgame First 7 days free of charge, after daily:200 Ks 1SMS/week
 1 OFF GAME | OFFGAME | off game | offgame
 ONE | one UNSUB GAME | UNSUBGAME | unsub game | unsubgame
 OK | ok UN GAME | UNGAME | un game | ungame

၁၀။ “ကစားကြစို့”၀န်ဆောင်မှှုမှဂိမ်းများကို ကျွန်တော်/ကျွန်မကစားလို့ရနိုင်မလား။

  • ပထမဦးစွာ “ကစားကြစို့”၀န်ဆောင်မှုအားစာရင်းပေးသွင်းရပါမည်။အခမဲ့အစမ်းကာလတွင် http://letsplay.com.mm/ဟုbrowserတွင်ရိုက်ထည့်ပြီး“ကစားကြစို့”Portalပေါ်ရှိအကန့်အသတ်မရှိသောဂိမ်းများကိုရရက်တိတိကစားနိုင်ပါသည်။အခမဲ့ကာလမဟုတ်ခဲ့ပါကမိမိတို့၏ဖုန်းငွေထဲမှနေ့စဉ်ကြေး၂၀၀ ကျပ်အားပေးဆောင်ပြီး“ကစားကြစို့” Game Portal ရှိဂိမ်းများကိုအကန့်အသတ်မရှိစိတ်ကြိုက်ကစားနိုင်ပါသည်။

MPT နှင့် Sony မှ Xperia ဖုန်းအသစ်များတွင် အထူးလက်ဆောင်များနှင့် ဒေတာများ အများအပြား ထည့်သွင်းပေးထား

( ၂၀၁၇ ခုနှစ်၊ မေလ (၁၁) ရက်၊ ရန်ကုန်) – MPT နှင့် Sony တို့အနေဖြင့် စတိုင်ကျသည့် စမတ်ဖုန်းများဖြစ်သော Xperia XA1 မှသည် Xperia XZ Premium အထိ စိတ်ဝင်စားဖွယ်ရာ ပူးပေါင်းဆောင်ရွက်မှုကို စတင်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။ သုံးစွဲသူများအနေဖြင့် MPT ၏ ကွန်ရက်အတွင်း ယခုလို စတိုင်ကျလှသည့် နောက်ဆုံးပေါ်ထုတ်ကုန်များကို ဝယ်ယူအသုံးပြုခြင်းဖြင့် များပြားလှသည့် အထူးလက်ဆောင်များနှင့် ဒေတာ ဘောနပ်စ်များကို ရရှိနိုင်မည်ဖြစ်ကာ တစ်လလျှင် 1.5GB ပမာဏမှ 3GB အထိ ငွေဖြည့်သွင်းသည့်ပမာဏပေါ်မူတည်ပြီး ရရှိနိုင်မည်ဖြစ်သည်။

ယခုလို သတင်းကောင်းတွင် MPT နှင့် SONY မှ ပူးပေါင်းပေးအပ်သည့် အဆိုပါ အထူးလက်ဆောင်များထဲတွင် Sony နားကြပ် အခမဲ့လက်ဆောင်များ၊ Sony 10000 mAh power bank တို့အပြင် ဆုကြီးများပိုင်ဆိုင်နိုင်ရန် ပါဝင်ကံစမ်းခွင့်များ ရရှိမည်ဖြစ်သည်။ ပေါက်မဲဆုကြီးများမှာ Sony TV များ၊ Sony PlayStations နှင့် ဂျပန်နိုင်ငံသို့ ပျော်စရာအထူးခရီးစဉ်လည်း ပါဝင်မည်ဖြစ်သည်။

သုံးစွဲသူများသည် မေလ (၁၂) ရက်နေ့မှစတင်၍ ရန်ကုန်မြို့၊ မြန်မာပလာဇာရှိ Sony ၏ အထင်ကရ အရောင်းဆိုင်များကြီးများ နှင့် အချို့သော MPT အမှတ်တံဆိပ်အရောင်းဆိုင်များတွင် ရရှိနိုင်သည့် ဖုန်းမော်ဒယ်လ်များပေါ် မူတည်၍ ဝယ်ယူနိုင်မည်ဖြစ်ပြီး မကြာမီကာလအတွင်းတွင် အကန့်အသတ်မရှိ ဝယ်ယူအားပေးနိုင်မည်ဖြစ်သည်။ ဖုန်းတိုင်းတွင် စံသတ်မှတ်ချက်အနေဖြင့် တစ်နှစ်အာမခံလည်း ပါရှိမည် ဖြစ်သည်။

အခမဲ့ဒေတာအပိုလက်ဆောင်သည် MPT ၏ဆွေသဟာနှင့် ရှယ်ပြောအစီအစဉ်များတွင် ရရှိနိုင်မည်ဖြစ်ပြီး စတင်အသုံးပြုချိန်မှစတင်၍ ခြောက်လအထိ ငွေဖြည့်သွင်းမှုပေါ်မူတည်ပြီး အသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါအစီအစဉ်တွင် Xperia XA1 နှင့် Xperia Ultra 1 ပိုင်ရှင်များမှာ 1.5GB အခမဲ့ဒေတာရရှိနိုင်ရန် တစ်လလျှင် ဖုန်းငွေ ၃၀၀၀ ကျပ်သာဖြည့်သွင်းရမည်ဖြစ်ပြီး Xperia XZs အားရွေးချယ်ဝယ်ယူသူများသည် တစ်လလျှင် ဖုန်းငွေ ၅၀၀၀ ကျပ်ဖြည့်သွင်းပါက 2.5GB ရရှိမည်ဖြစ်သည်။ အမြင့်ဆုံး Xperia XZ Premium ဝယ်ယူသူများမှာ ဖုန်းငွေ ၅၀၀၀ ကျပ်အတွက် အခမဲ့ဒေတာ 3GB ရရှိမည်ဖြစ်သည်။ ဖြည့်သွင်းသည့် ဖုန်းငွေပမာဏအား ဖုန်းခေါ်ဆိုခြင်း၊ စာတို့ပေးပို့ခြင်း (သို့) သုံးစွဲသူနှစ်သက်ရာ အခြား package များတွင် အသုံးပြုနိုင်မည်ဖြစ်သည်။

Sony စွမ်းဆောင်ရည်ပုံဖော်ခြင်းဖြင့် ဖန်တီးထားခြင်းနှင့်အတူ Xperia XZs နှင့် Xperia XZ Premium တွင် 960fps အထူးအနှေးရိုက်ချက် ဗီဒီယိုအားလုပ်ဆောင်နိုင်သည့် အသစ်စက်စက် Motion Eye™ ကင်မရာ၊ Predictive Capture (ကြိုတင်ရိုက်ကူးခြင်း)၊ မိုဘိုင်းလ်ရုပ်ပုံထုတ်လုပ်ဆောင်ရွက်သည့် လုပ်ဆောင်ချက် အတွက် ပြန်လည်ဒီဇိုင်းပြုလုပ် ဖန်တီးထားသော G မှန်ဘီလူးများနှင့် Bionz™ အသစ်တို့၏ ထပ်ဆောင်း အရည်အသွေးဆိုင်ရာ အကျိုး ရလဒ်များအားလုံးကို အသုံးပြုနိုင်မည်ဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း Xperia XA1 ၏အဓိကကင်မရာသည် မိုဘိုင်းအာရုံခံကိရိယာ၊ တောက်ပသည့် F2.0 မှန်ဘီလူးများနှင့် အလင်းရောင်မှိန်မှိန်၌ပင် အကောင်းဆုံးရိုက်ကူးနိုင်ရန် ကြီးမားသော 1/2.3” Exmor™RS နှင့် ရုပ်ထွက်ကောင်းမွန်သော 23 MP ပမာဏရှိသည့် ကင်မရာလည်းဖြစ်ပါသည်။ ခလုတ်နှိပ်လိုက်သည့်အချိန်မှ 0.6 စက္ကန့် အတွင်း ဖမ်းယူရိုက်ကူးနိုင်သည့် မယုံကြည်နိုင်လောက်အောင်လျင်မြန်မှုနှင့် တိကျသည့် Hybrid Autofocus တို့အား အာမခံချက်ပေးထားသောကြောင့် ရုတ်ချည်းအခိုက်အတန့်လေးများကိုပင် ဆုံချက်၌ ဖမ်းယူ ရိုက်ကူးနိုင်စွမ်း ရှိသည်။
MPT-KSGM Joint Operations ၏ CEO ဖြစ်သူ Mr Toshitake Amamiya မှ “MPT သုံးစွဲသူတွေဟာ အခုဆိုရင် နောက်ဆုံးပေါ် Sony Xperia စမတ်ဖုန်းတွေကို စမ်းသုံးကြည့်နိုင်ပြီဖြစ်ပြီး မြန်မာနိုင်ငံရဲ့အမြန်ဆန်ဆုံးနှင့် အကြီးမားဆုံး မိုဘိုင်းလ်ဒေတာ ကွန်ရက်မှာ တစ်လကို အခမဲ့ဒေတာ 3GB အထိရရှိနိုင်ပြီဖြစ်ပါတယ်။ Sony အနေနဲ့ အနာဂတ်ဆက်သွယ်ဆက်ဆံရေးကို ဖြန့်ကျက်ဖို့ ကတိကဝတ် ပြုထားပြီး ရှေ့သို့လှမ်းချီမြန်မာပြည် ဆိုတဲ့ MPT ရဲ့ဆောင်ပုဒ်နဲ့အတူ ဒီပရိုမိုးရှင်းဟာ ပြည့်စုံကောင်းမွန်တဲ့ တွဲဖက်မှုပါပဲ” ဟုပြောကြားခဲ့ပါသည်။

Sony International Singapore Ltd., ၏မြန်မာပြည်ရုံးခွဲအကြီးအကဲ Hideaki Koita မှလည်း “လှပကျော့ရှင်းတဲ့ ပုံစံဒီဇိုင်းကုန်ပစ္စည်းတွေမှာ အဆင့်အမြင့်မားဆုံးနည်းပညာတွေ ထည့်သွင်းပေးနိုင်ဖို့အတွက် တစိုက်မတ်မတ် အာရုံစိုက်လုပ်ဆောင်ခြင်းနဲ့အတူ ကျွန်တော်တို့ရဲ့စမတ်ဖုန်းပုံစံကို အသွင်ကူးပြောင်း ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အရင်နဲ့မတူဘဲ သုံးစွဲသူတွေနဲ့ စိတ်ပိုင်းဆိုင်ရာ၊ အဓိပ္ပါယ်ပြည့်ဝတဲ့ နည်းတွေနဲ့ဆက်စပ်နေတဲ့ တွေ့ကြုံခံစားမှုတွေကို ပေးစွမ်းနေတာလည်းဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။
အဆိုပါပရိုမိုးရှင်းအား ၂၀၁၇ ခုနှစ်၊ မေလမှ အောက်တိုဘာလအတွင်း ရရှိခံစားနိုင်ကြမည်ဖြစ်ပါသည်။

MPT မှ သောက်သုံးရေလှူဒါန်းခြင်းကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ MPT ဝန်ထမ်းများနှင့် အတူတကွ စတင်ဆောင်ရွက်

(ရန်ကုန်၊ မေ ၁၀၊ ၂၀၁၇) – MPT မှ ပူပြင်းခြောက်သွေ့သောနွေရာသီတွင် သောက်သုံးရေရှားပါးသော ဒေသများသို့ သောက်သုံးရေများ သွားရောက်လှူဒါန်းနေပြီဖြစ်ပါသည်။ MPT၏ “သန့်ရှင်းပြည့်ဖြိုးရေအကျိုးအစီအစဉ်” ၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည့် ယခုအစီအစဉ်ကို မိုးရာသီမတိုင်မီ အချိန်အထိ သောက်သုံးရေ အခက်အခဲရှိနေသည့် နေရာဒေသမှ ပြည်သူများ အဆင်ပြေနိုင်စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

နိုင်ငံတစ်ဝှမ်းရှိ MPT ဝန်ထမ်းများမှ သောက်သုံးရေ လုံလောက်မှုမရှိသော နေရာဒေသများကို သောက်သုံး ရေများသွားရောက် လှူဒါန်းသည့်အခါ တွင်လည်း ရေရှားပါးသော နေရာဒေသများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်၍ ပါ၀င်လှုပ်ရှားဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ MPT မိသားစုဝန်ထမ်းများမှ လှူဒါန်းမှုများတွင်အတူတကွ ပါဝင်ဆောင်ရွက်ခြင်းမှာလည်း မြန်မာပြည်သူပြည်သားများအပေါ်တွင် MPT ၏ အလေးအနက်ထား ဂရုပြုမှုကို ဖော်ပြခြင်းပင်ဖြစ်ကာ၊ မြန်မာပြည်သူပြည်သားတို့နှင့် တစ်စည်းတစ်လုံးတည်း အတူတကွရှိနေခြင်းပင် ဖြစ်ပါသည်။

MPT အနေဖြင့် ပြည်တွင်းလူမှုအဖွဲ့အစည်းတစ်ခုဖြစ်သော ရှင်သန်ရေးကူညီမှုအသင်း (Nobel Heart) နှင့် ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ သောက်သုံးရေအမှန်တကယ် လိုအပ်နေသော နေရာ များသို့ လှူဒါန်းပေးခဲ့ပါသည်။ သောက်သုံးရေလှူဒါန်းခြင်းကို ရန်ကုန်တိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းတို့တွင် မေလအတွင်းပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါဒေသများသို့ ရေသန့်ကားကြီးများ နှင့် စတင်လှူဒါန်းဆောင်ရွက်နေလျက်ရှိပါသည်။ ထို့အပြင် မြန်မာနိုင်ငံအလယ်ပိုင်း၊ အပူပိုင်းဇုံဒေသ များဖြစ်ကြသည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတို််င်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီး တို့တွင်လည်း သောက်သုံးရေ လှူဒါန်းခြင်းကို အဆိုပါဒေသများ၏ အခြောက်သွေ့ဆုံးအချိန်ဖြစ်သည့် မေလကုန်နှင့် ဇွန်လ အစောပိုင်းတို့တွင် ပြုလုပ်သွားမည်ဖြစ်သည်။

“MPT အနေနဲ့ ကျွန်တော်တို့ရဲ့ လူမှုပတ်ဝန်းကျင်က လိုအပ်ချက်တွေကို ကူညီဖို့ ဆုံးဖြတ်ထားပါတယ်။ ရေဆိုတာ ကျွန်တော်တို့အတွက်အဖိုးမဖြတ်နို်င်တဲ့ အရင်းအမြစ် ဖြစ်ပြီး အချို့ဒေသတွေမှာ မေလ နဲ့ ဇွန်လ ဟာ အပူပြင်းဆုံးလတွေ ဖြစ်တာကြောင့် “ရေ” ရှိနိုင်ဖို့အလွန်ပဲခက်ခဲလှပါတယ်။ MPT အနေနဲ့ အရေးပေါ်ရေ လိုအပ်နေတဲ့ ဒေသ ၅ခုကို သောက်ရေသုံးရေတွေ ဖြန့်ဖြူးပေးသွားမှာဖြစ်ပါတယ်။ ဒါဟာလည်း ကျွန်တော်တို့ရဲ့ စုစုပေါင်းကျပ်ငွေသိန်းပေါင်း ၂၅၀၀ သုံးစွဲပြီး ဆောင်ရွက်နေတဲ့ “သန့်ရှင်းပြည့်ဖြိုးရေအကျိုးအစီအစဉ်” ရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အစီအစဉ်ဟာ ရေတွင်းရေကန်တွေတည်ဆောက်ပြီး အသန့်ရှင်းဆုံး ရေတွေကို ဖြန့်ဖြူးလှူဒါန်းပေးနေသလိုပဲ သောက်သုံးရေ ရေရှည်ရရှိနိုင်ရေး စီမံကိန်းများကို ပြုလုပ်ပေးနေပါတယ်” ဟု MPT-KSGM Joint Operations ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Toshitake Amamiya ကပြောကြားခဲ့ပါသည်။

သောက်ရေသန့်များ ပေးအပ်လှူဒါန်းရာတွင် လာမည့်မိုးရာသီမတိုင်ခင်ကာလအထိ ရေလှောင်စည်ကြီးများ၊ ရေသယ်ဆောင်သွားနိုင်သည့် ကားကြီး များ နှှင့် ရေသန့်ဗူးများဖြင့် လှူဒါန်းခြင်းကို ဆောင်ရွက်သွား မည်ဖြစ်သည်။ ထို့အပြင် ပူပြင်းခြောက်သွေ့သော ဒေသမှပြည်သူများ၏ အနာဂတ် အတွက် ပိုမိုအကျိုးပြု ထောက်ပံ့နိုင်မည့် MPT ၏ “သန့်ရှင်းပြည့်ဖြိုးရေအကျိုးအစီအစဉ်” အရ ရေတွင်းရေကန်များ တူးဖော်ခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်။

အထူးလျော့စျေးနှင့်အတူ မလေးရှား နှင့် ထိုင်းနိုင်ငံ သို့ MPT ဖြင့်ဖုန်းခေါ်ဆိုနိုင်ပြီ

(ရန်ကုန်၊ မေလ ၉ ရက်၊ ၂၀၁၇)- MPT သုံးစွဲသူများအနေဖြင့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် နေထိုင်သော မိမိတို့ချစ်ခင် နှစ်သက်ရသူများဆီသို့ စျေးနှုန်းအထူးသက်သာသော နိုင်ငံတကာ ဖုန်းခေါ်ဆိုမှု ပက်ကေ့ချ်အသစ်ဖြင့် ဖုန်းခေါ်ဆိုနိုင်တော့မည်ဖြစ်သည်။

သုံးစွဲသူများအနေဖြင့် အဆိုပါနိုင်ငံနှစ်ခုမှ မည့်သည့်ဖုန်းနံပါတ်ကိုမဆို ဖုန်းခေါ်ဆိုခြင်း၊ စာတို (SMS) ပေးပို့ခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်ပြီး တစ်မိနစ်လျှင်ဖုန်းခေါ်ဆိုခ ၅၀ ကျပ်၊ စာတို (SMS) တစ်စောင်လျှင် ၁၅ ကျပ်နှုန်းသာကျသင့်မှာဖြစ်ပါသည်။ ယင်းမှာ ပုံမှန်သတ်မှတ်ထားသော ခေါ်ဆိုခနှုန်းထားများထက် ရ၅ ရာခိုင်နှုန်းနှင့် ၉၀ ရာခိုင်းနှုန်းအထိလျော့ချပေးထားခြင်းဖြစ်သည်။

စိတ်လှုပ်ရှားဖွယ်ကောင်းသော အဆိုပါအခွင့်အရေးကိုရယူရန်အတွက် MPT ၏ GSM နှင့် WCDMA အသုံးပြုများအနေဖြင့် ငွေကျပ် (၁,၀၀၀) နှင့်အတူ ကုန်သွယ်ခွန်ပါ၀င်မှာဖြစ်ပြီး *2050# ကိုဖုန်းခေါ်ဆိုခြင်း (သို့မဟုတ်) MPT4U အက်ပလီကေးရှင်းကိုအသုံးပြု၍သော်လည်းကောင်း၊ (သို့မဟုတ်) *106# ကိုလည်းဖုန်းခေါ်ဆိုပြီး ရယူနိုင်ပါသည်။

“MPT အသုံးပြုပြီး ထိုင်းနိုင်ငံ နဲ့ မလေးရှားနိုင်ငံသို့ ဖုန်းခေါ်ဆိုတာဟာ ယခင်ကထက် စျေးနှုန်းပိုမို သက်သာလာပါတယ်။ ဒီအစီအစဉ်ကို ရယူထားခြင်းဖြင့် အသုံးပြုသူများဟာ အဆိုပါနိုင်ငံနှစ်ခုက ဘယ်အော်ပရေတာကိုမဆို ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် ၅၀ ၊ စာတို (SMS) တစ်စောင်လျှင် ၁၅ ကျပ်ဖြင့် ဆက်သွယ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သုံးစွဲသူတွေရဲ့ အရေးကြီးတဲ့ စီးပွားရေး နဲ့ လူမှုရေးဆိုင်ရာ ဆက်သွယ်မှုတွေပြုလုပ်တဲ့အခါမှာ ယခုလိုစျေးနှုန်းသက်သာသောအစီအစဉ်က တစ်ဆင့်အမြဲမပြတ်ထိတွေ့ပြောဆိုနိုင်မှာ ဖြစ်ပါတယ်” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda ကပြောပါသည်။

Thailand-Malaysia IDD Call Pack FAQ MM

Thailand-Malaysia IDD call pack

၁။ ထိုထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံကိုဆက်သွယ်နိုင်တဲ့ IDD Pack(Thailand-Malaysia IDD call pack) ဆိုတာ ဘာပါလဲ။

  • IDD Pack ကို ၁၀၀၀ကျပ်ဖြင့် ၀ယ်ယူထားပါက ၀ယ်ယူသည့်နေ့မှ ရက်(၃၀)အတွင်း ထိုင်းနိုင်ငံနှင့်မလေးရှားနိုင်ငံတို့သို့ ဖုန်းခေါ်ဆိုပါက တစ်မိနစ်လျှင် ၅၀ကျပ်၊ SMS တစ်စောင်လျှင် ၁၅ကျပ်သာကျသင့်မည်ဖြစ်ပါသည်။

၃။ IDD Pack ကိုဘယ်သူတွေဝယ်ယူနိုင်မှာပါလဲ။

  • MPT GSM/WCDMA ဖုန်းအသုံးပြုသူများသည် IDD Pack ကိုဝယ်ယူအသုံးပြုနိုင်မည်ဖြစ်ပါသည်။

၅။ IDD Pack ကိုဝယ်ယူလိုက်ပါတယ်။ ဖုန်းဘီလ်ထဲက ၁၀၅၀ကျပ် ဖြတ်တောက်သွားပါတယ်။ ဘာဖြစ်လို့ပါလဲ။

  • ၂၀၁၆ခုနှစ်၊ ဧပြီလ(၁)ရက်မှစတင်ပြီး လက်ရှိနှုန်းထားများတွင် ကုန်သွယ်ခွန် ၅ရာခိုင်နှုန်း ထပ်ဆောင်း ပေးဆောင်ရမည်ဖြစ်သည်။

၂။ IIDD Pack ကိုဘယ်လိုဝယ်ယူနိုင်မှာပါလဲ။

  • *2050# ကိုရိုက်နှိပ်ခေါ်ဆိုခြင်းဖြင့်လည်းကောင်း၊ MPT4U application မှတစ်ဆင့်လည်းကောင်း ၀ယ်ယူနိုင်ပါသည်။
  •  *106# မှလည်းဝယ်ယူနိုင်ပါသည်။

၄။ IDD Pack ဘယ်အချိိန်တွေမှာ ၀ယ်ယူအသုံးပြုနိုင်မှာပါလဲ။

  • ၂၀၁၇၊ မေလ (၉)ရက်မှ စ၍ ၀ယ်ယူအသုံးပြုနိုင်မည်ဖြစ်သည်။ အစီအစဉ်နှင့် ပတ်သတ်ပြီး အပြောင်းအလဲတစ်လဲတစ်စုံတစ်ရရှိပါက သုံးစွဲသူများကို ကြိုတင်အသိပေးအကြောင်းကြားပေးမည်ဖြစ်ပါသည်။

၆။ IDD Pack ၀ယ်ယူထားခြင်းရှိ၊ မရှိ နဲ့ အသုံးပြုနိုင်တဲ့ သက်တမ်းကို ဘယ်လိုစစ်ဆေးကြည့်နိုင်ပါသလဲ။

  • *224# ကိုရိုက်နှိပ်ခေါ်ဆိုခြင်း၊ ၁၃၃၁သို့ BAL ဟုစာတိုပေးပို့ခြင်းဖြင့်စစ်ဆေးကြည့်နိုင်ပါသည်။

NLD ပညာရေးကွန်ရက်၏ ကွန်ပျူတာသင်တန်းပြီးမြောက်အောင်မြင်ခြင်း သင်တန်းဆင်းပွဲအခမ်းအနား

MPT မှ မေလ (၇)ရက် မနက် (၁၀)နာရီတွင် ဗဟန်းမြို့နယ် ၊ တော်ဝင်နှင်းဆီခန်းမတွင် NLD ပညာရေးကွန်ရက်၏ ကွန်ပျူတာသင်တန်းပြီးမြောက်အောင်မြင်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပြုလုပ်ခဲ့ပါသည်။
MPT မှမွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ NLD ပညာရေးကွန်ရက်ကျောင်း (၁၀) ကျောင်းတို့တွင် Laptop ကွန်ပျူတာ အလုံး (၂၀၀)ကျော်နှင့် သင်တန်းဆရာများအပါအဝင် Wi-Fi အင်တာနက်ချိတ်ဆက်အသုံးပြု နိုင်ရန်အတွက် လိုအပ်သောပစ္စည်းများ၊ တပ်ဆင်ပေးခဲ့ပြီး ပြင်ဆင်ထိန်းသိမ်းမှုစရိတ်အတွက် သုံးနှစ်စာ တာဝန်ယူ ပေးထားခြင်းဖြစ်ပါသည်။
ယင်းအခမ်းအနားတွင် သန်လျင်မြို့နယ်ရှိ မုဒိတာ ၊ စုသစ္စာ၊ အင်းစိန်မြို့နယ်ရှိ အမေ့စေတနာ၊ တောင်ဒဂုံမြို့နယ်ရှိ အမေ့စေတနာ၊ လမ်းမတော်မြို့နယ်ရှိ အမေစုရဲ့ထိန်ထိန်သာ၊ ကျောက်တံတား မြို့နယ်ရှိ အမေ့စေတနာ၊ ပုဇွန်တောင်မြို့နယ်ရှိ ပညာဒါနကျောင်း၊ကော့မှုးမြို့နယ်ရှိ အောင်ဆန်း ရာပြည့်နှင့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ အသက်မွေးဝမ်းကျောင်းသင်တန်းကျောင်း စသည့်ကျောင်း (၁၀)ကျောင်းမှ ကျောင်းသား ကျောင်းသူ (၂၃၀) ကျော်ကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။
MPT အနေဖြင့် နိုင်ငံတစ်ဝှမ်းရှိပြည်သူများအတွက် ပညာရေးကဏ္ဍတွင် ဆက်လက်ပြီး အထောက်အပံ့များ ပေးသွားမည်ဖြစ်ပါသည်။ ယခုအချိန်တွင် ပူးပေါင်းဆောင်ရွက်မှ ထွက်ပေါ်လာသော အသီးအပွင့်များကို တွေ့မြင်နေရပြီဖြစ်ကြောင်းနှင့် ယခုလို ပညာရေးကဏ္ဍ အောင်မြင်ဖြစ်မြောက်လာ အောင် ကူညီပေးသည့် NLDပညာရေးကွန်ရက်နှင့် သင်တန်းဆရာများကိုလည်း MPTအနေဖြင် ့အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် ပညာရေးနှင့်ပတ်သက်ပြီး ကူညီထောက်ပံ့မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ လာမည့် အနာဂတ်တွင်လည်း NLD ပညာရေးကွန်ရက်နှင့်ပူးပေါင်းပြီး ယခုလိုအစီအစဉ်ကို ဆက်လက်တိုးချဲ့သွားရန်အတွက် ဆွေးနွေးနေပါ ကြောင်း MPT-KSGM Joint Operations မှ Chief Operating Officer ဖြစ်သူ Mr.Benino မှ ပြောကြားခဲ့သည်။
MPT အနေဖြင့် NLD ပညာရေးကွန်ရက်နှင့်ပူးပေါင်း၍ ရှေ့သို့လှမ်းချီ ဒီဂျစ်တယ် ပညာရေးဆီ အစီအစဉ် ကို သိန်းပေါင်း(၁၆၀၀) ကျော်ခန့် အသုံးပြုခဲ့ပြီး ၂၀၁၆ ခုနှစ် သြဂုတ်လမှစတင်ကာ ကွန်ပျုတာ အင်တာနက်သင်တန်းများကို နိုင်ငံအနှံ့တွင် သင်ကြားပေးလျက်ရှိပါသည်။

Mobile Remote Access Service FAQ MM

Mobile Remote Access Service

၁။ MRA ဝန်ဆောင်မှုဆိုတာ ဘာလဲ။

  • Mobile Remote Access (MRA) ဝန်ဆောင်မှုဆိုသည်မှာ ကုမ္ပဏီ၏ ဆာဗာ နှင့် ဒေတာများကို မိုဘိုင်းလ်ပစ္စည်း အမျိုးမျိုးမှတစ်ဆင့် ခိုင်မာကောင်းမွန်သော စီးပွားရေးသုံးကွန်ရက်တစ်ခုအဖြစ် ချိတ်ဆက်ရသော ၀န်ဆောင်မှုကို သက်သာသောနှုန်းထားများနှင့် ရရှိနိုင်မည့်ဝန်ဆောင်မှုဖြစ်ပါသည်။

၃။ ဘယ်လိုမျိုး လုံခြုံမှုတွေရရှိနိုင်မလဲ။

MRA ဝန်ဆောင်မှုနှစ်ခုလုံးကို Access Point Name (APN) နှင့်ဆောင်ရွက်ထားပြီး စီးပွားရေးလုပ်ငန်းတစ်ခုချင်းစီတိုင်းကို MPT ကွန်ရက်ပေါ်တွင် တိကျသေချာစွာ ထိန်းသိမ်းပေးသွားမည် ဖြစ်ပြီး  အင်တာနက်မှတစ်ဆင့် ဝင်ရောက်အသုံးပြုနိုင်သော ပုံမှန် Standard MRA နှင့် Virtual Private Network (VPN) ကိုအသုံးပြုသော ပိုမိုလုံခြံုသည့် Secured MRA ဟူ၍ ဝန်ဆောင်မှုနှစ်မျိုးရှိပါသည်။

၅။ ဆင်းမ်ကတ်အသုံးပြုသူအရေအတွက် ကန့်သတ်ထားပါသလား။

ဆင်းမ်ကတ်အသုံးပြုသူအရေအတွက်ကို ကန့်သတ်မထားပါဘူး။

၇။ Do I need to subscribe/activate MRA service on my MPT SIM?

B2B ဝန်ဆောင်မှုများနှင့် ပတ်သက်၍ B2B ဝန်ဆောင်မှုဌာန [email protected] နှင့် Call Center:106 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

၂။ MRA ကို ဘယ်လို အသုံးပြုရမလဲ။

  • MPT ၏ Mobile Remote Access ဝန်ဆောင်မှုသည် M2M (Machine to Machine) နှင့် IoT (Internet of Things) ဆက်သွယ်ရေး ပုံစံဖြစ်ပြီး လုပ်ငန်းအဖွဲ့အစည်းကြီးများ သို့မဟုတ် စီးပွားရေးလုပ်ငန်းများမှ အသေးစားရုံးခန်းများ (ရုံးခွဲများ) သို့မဟုတ် နေအိမ်များအထိပါ တိုးချဲ့ အသုံးပြုနိုင်ပါသည်။ ထို့အပြင် ATM စက်များ၊ လက်လီအရောင်းဆိုင်များကဲ့သို့သော နေရာများ၌ သုံးစွဲသူ၏ ထိခိုက်လွယ်သော(လျှို့ဝှက်) သတင်းအချက်အလက်များကို ထိန်းချုပ်ပေးပြီး၊ ဆင်းမ်ကတ်အသုံးပြု နိုင်သည့် ကွန်ပျူတာများနှင့် မိုဘိုင်း Hotspots တို့ကဲ့သို့သော စက်ပစ္စည်းများမှတစ်ဆင့်လည်း ကုမ္ပဏီ၏ကွန်ရက်ကို ဝင်ရောက်ချိတ်ဆက်နိုင်မည်ဖြစ်ပါသည်။

၄။ MRA ဝန်ဆောင်မှုအတွက် မည်သည့်ဆင်းမ်ကတ်များကို အသုံးပြုနိုင်သလဲ။

  • 3G (သို့မဟုတ်) 4G ဆင်းမ်ကတ် (GSM နှင့် CDMA) အသုံးပြုသူများ MRA ဝန်ဆောင်မှုကို ရရှိနိုင်ပြီး ၎င်းဝန်ဆောင်မှုကို အသုံးပြုနိုင်ရန် အင်တာနက်ဒေတာ ရှိရန်လိုအပ်ပါသည်။

၆။ MRA ဝန်ဆောင်မှုအတွက် စျေးနှုန်းဘယ်လောက်ကျသင့်မလဲ။

  • ဝန်ဆောင်ခကို လစဉ်ကောက်ခံမည်ဖြစ်ပြီး မိမိအသုံးပြုသော ဆင်းမ်ကတ်အရေအတွက်နှင့် မှတ်ပုံတင်ထားသည့်အရေအတွက်ပေါ်မူတည်၍ စျေးနှုန်းပြောင်းလဲသွားမည်ဖြစ်သည်။

MPT က Mobile Remote Access ဝန်ဆောင်မှု စတင်

(ရန်ကုန်၊ မေလ ၄ ရက် ၊ ၂၀၁၇ ခုနှစ်) ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT သည် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် လုံခြုံစိတ်ချရသော Mobile Remote Access (MRA) ဝန်ဆောင်မှုကို စတင်မိတ်ဆက်လိုက်သည်။ ကုမ္ပဏီ၏ ဆာဗာ နှင့် ဒေတာများကို မိုဘိုင်းလ်ပစ္စည်း အမျိုးမျိုးမှတစ်ဆင့် ခိုင်မာကောင်းမွန်သော စီးပွားရေးသုံးကွန်ရက်တစ်ခုအဖြစ် ချိတ်ဆက်ရသော ၀န်ဆောင်မှုကို သက်သာသောနှုန်းထားများနှင့် ရရှိနိုင်မည်ဖြစ်သည်။

MPT ရဲ့ Mobile Remote Access ဝန်ဆောင်မှုသည် M2M (Machine to Machine) နှင့် IoT (Internet of Things) ဆက်သွယ်ရေး ပုံစံဖြစ်ပါသည်။ အဆိုပါဝန်ဆောင်မှုကို လုပ်ငန်းအဖွဲ့အစည်းကြီးများ သို့မဟုတ် စီးပွားရေးလုပ်ငန်းများမှ အသေးစားရုံးခန်းများ(ရုံးခွဲများ) သို့မဟုတ် နေအိမ်များအထိပါ တိုးချဲ့ အသုံးပြုနိုင်ပါသည်။ ထို့အပြင် ATM စက်များ၊ လက်လီအရောင်းဆိုင်များကဲ့သို့သော နေရာများ၌ သုံးစွဲသူ၏ ထိခိုက်လွယ်သော(လျှို့ဝှက်) သတင်းအချက်အလက်များကို ထိန်းချုပ်ပေးပြီး၊ ဆင်းမ်ကတ်အသုံးပြုနိုင်သည့် ကွန်ပျူတာများနှင့် မိုဘိုင်း Hotspots တို့ကဲ့သို့သော စက်ပစ္စည်းများမှတစ်ဆင့်လည်း ကုမ္ပဏီ၏ကွန်ရက်ကို ဝင်ရောက်ချိတ်ဆက်နိုင်မည်ဖြစ်ပါသည်။

အင်တာနက်မှတစ်ဆင့် ဝင်ရောက်အသုံးပြုနိုင်သော ပုံမှန် Standard MRA နှင့် Virtual Private Network (VPN) ကိုအသုံးပြုသော ပိုမိုလုံခြုံသည့် Secured MRA ဟူ၍ ဝန်ဆောင်မှုနှစ်မျိုးကို MPT မှ ယခု မိတ်ဆက်လိုက်ပြီဖြစ်သည်။ အဆိုပါဝန်ဆောင်မှုသည် မြန်မာနိုင်ငံရှိ မိုဘိုင်းလ်အော်ပရေတာများအကြား ပထမဆုံးဆောင်ရွက်လိုက်သော ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး လုံခြံုစိတ်ချရမှုကို အမြင့်မားဆုံး စွမ်းဆောင်ပေးမည့် IP-VPN စနစ်ဖြင့် ချိတ်ဆက်ဆက်သွယ်မှုတို့ကို အထောက်အပံ့ ပေးထားပါသည်။

MRA ဝန်ဆောင်မှုနှစ်ခုလုံးကို Access Point Name (APN) နှင့်ဆောင်ရွက်ထားပြီး စီးပွားရေးလုပ်ငန်းတစ်ခုချင်းစီတိုင်းကို MPT ကွန်ရက်ပေါ်တွင် တိကျသေချာစွာ ထိန်းသိမ်းပေးသွားမည် ဖြစ်သည်။ ထို့ပြင် သုံးစွဲသူများ၏ ဆင်းမ်ကတ်များမှ မိမိတို့ကုမ္ပဏီ၏ ကိုယ်ပိုင်ကွန်ရက်သို့ တိုက်ရိုက်ချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်ရာ ဆက်သွယ်ချိတ်ဆက်မှုများမှာ ပိုမိုလုံခြံုစိတ်ချမှုရှိပါသည်။

MPT – KSGM မှာ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ကျွန်တော်တို့ရဲ့ Mobile Remote Access ဝန်ဆောင်မှုဟာ လုံခြံုရေးစနစ်မြင့်မားတဲ့ MPT ရဲ့ ဒေတာကိုအသုံးပြုပြီး ကိုယ်ပိုင်အချက်အလက်တွေကို ဆက်သွယ်ပေးနို်င်ဖို့ ကူညီနိုင်ပါတယ်။ မိမိတို့ရဲ့စီးပွားရေးကွန်ရက်ကို ဝေးလံခေါင်ဖျားတဲ့ နေရာတွေက ရုံးဝန်ထမ်းတွေ၊ ရုံးခန်းတွေနဲ့ အခြားမိုဘိုင်းလ်စက်ကိရိယာတွေဆီကို ချဲ့ထွင်ပြီး လုပ်ငန်းတွေကို အတားအဆီးမရှိ ဆောင်ရွက်နိုင်ပါပြီ” ဟု ပြောကြားခဲ့ပါသည်။

ကွန်ရက်နှင့် ချိတ်ဆက်ထားသော ဆင်းမ်ကတ်အရေအတွက်ပေါ်မူတည်ပြီး ဝန်ဆောင်ခကို လစဉ်နှုန်းဖြင့် ကောက်ခံသွားမည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် ၀န်ဆောင်မှုကိုအသုံးပြူရာတွင် GSM သို့မဟုတ် WCDMA ဆင်းမ်ကတ်များကို အရေအတွက်အကန့်အသတ်မရှိ ရွေးချယ်အသုံးပြုနိုင်မှာဖြစ်သည်။

MPT ၏ MRA ဝန်ဆောင်မှု နှင့် အခြားသော B2B ဝန်ဆောင်များဖြစ်သည့် ဖိုက်ဘာ၊ ဒေတာ၊ Closed User Group နှင့် Mobile Enablement package အစရှိသော အထူးဝန်ဆောင်မှုများနှင့် ပတ်သက်၍ B2B ဝန်ဆောင်မှုဌာန [email protected] သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။