မန္တလေး CDMA ဖုန်းနံပါတ်များ ပြောင်းလဲမည်

(ရန်ကုန်၊ ၂၀၁၇ ခုနှစ် ဇွန်လ ၂၇ ရက်) – MPT သည် ပြောင်းလဲနေသောဆက်သွယ်ရေးကဏ္ဍ နှင့်အတူ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးစွမ်းနို်င်ရန်အတွက် ဖုန်းနံပါတ်အချို့ကို ယနေ့နောက်ဆုံးပေါ် အဆင့်မြှင့်နည်းပညာများဖြင့် ပြုပြင်ပြောင်းလဲ လုပ်ဆောင်ပေးလျက်ရှိပါသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ လိုအပ်ချက်အရ ၀၉၆xxxxxx နှင့်စသော နံပါတ်များအား ၀၉၈၉၆xxxxxx နံပါတ်များအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ပါသည်။ အဆိုနံပါတ်များပြောင်းလဲခြင်းကို ဇွန်လ ၂၉ ရက်နေ့ သန်းခေါင်ယံမှ ဇွန်လ ၃၀ ရက်နေ့ နံနက်အစောပိုင်း အတွင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြောင်းလဲမည့် အဆိုပါ နံပါတ်အသစ် နှင့် လက်ရှိနံပါတ်အဟောင်း နှစ်ခုစလုံးကို (၂၀၁၇ ဇူလိုင်လ မှ စက်တင် ဘာလ ကုန်အထိ) သုံးလတာ ကြားကာလ ခေါ်ဆိုအသုံးပြုနိုင်မည် ဖြစ်ပါသည်။ သတ်မှတ်ထားသောကာလ ပြီးဆုံးပါက ၀၉၆xxxxxx နှင့်စသောနံပါတ်အဟောင်းများကို ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာနသို့ ပြန်လည် ပေးအပ်သွားမည်ဖြစ်ပါသည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလ အကုန်တွင် ၀၉၆xxxxxx နံပါတ်အဟောင်းများကို ကိုင်ဆောင်ထားသော သုံစွဲသူများအနေဖြင့် ၎င်းတို့၏ ဆင်းမ်ကတ်အဟောင်းများကို အသုံးပြုနိုင်တော့မည်မဟုတ်ပါ။

အဆိုပါနံပါတ်များပြောင်းလဲရာတွင် ၀၉၆xxxxxx နှင့်စသည့် နံပါတ်များအသုံးပြုနေသူအနည်းငယ် အပေါ်တွင် သက်ရောက်မှုရှိမည် ဖြစ်ပြီး အခြေခံ ဝန်ဆောင်မှုများဖြစ်သော ဖုန်း အဝင်၊အထွက်ခေါ်ဆိုမှုများ နှင့် စာတို SMS (ပေးပို့ခြင်းနှင့် လက်ခံခြင်း)များ၊ ဖုန်းငွေဖြည့်သွင်းခြင်းများ ၊ ဖုန်းငွေလက်ကျန်စစ်ဆေးခြင်းများ ကို ဇွန်လ ၃၀ ရက်နေ့ နံနက် ၀၀:၀၀ နာရီ မှ နံနက် ၁:၃၀ အတွင်း ခေတ္တအသုံးပြု၍မရနိုင်ပါ။

ထို့ပြင် ဇွန်လ ၂၉ ရက်နေ့ ည ၁၀ နာရီမှ ဇွန်လ ၃၀ ရက်နေ့ နံနက် ၂:၃၀ နာရီ အတွင်း ၀၉၆xxxxxx နှင့် ၀၉၄၇xxxxxx နှင့် စသော CDMA 450 သုံးစွဲသူများအနေဖြင့် ခေါ်သူနားဆင်တေးသံစဉ် ဝန်ဆောင်မှု၊ Call Waiting နှင့် Call Forwarding အစရှိသည့် ဝန်ဆောင်မှုများကို အသုံးပြုရာတွင် အခက်အခဲအနည်းငယ်ရှိမည်ဖြစ်ပါသည်။

အောက်ဖော်ပြပါ ဇယားကွက်တွင် ပြောင်းလဲမည့်နံပါတ်များ ကိုရှင်းလင်းသေချာစေရန် ဖော်ပြထားပါသည်။

အမျိုးအစားနိုင်ငံကုဒ်ဧရိယာကုဒ်လက်ရှိနံပါတ်များပြောင်းလဲမည့်နံပါတ်များ
နံပါတ်များအရေအတွက်နံပါတ်များအရေအတွက်
 

CDMA 450 MHZ

 

 

၉၅

 

 

၆၃xxxxx7လုံး၈၉၆၃xxxxx9လုံး
၆၄xxxxx7လုံး၈၉၅၄xxxxx9လုံး
၆၅xxxxx7လုံး၈၉၆၅xxxxx9လုံး
၆၆xxxxx7လုံး၈၉၆၆xxxxx9လုံး
၆၇xxxxx7လုံး၈၉၆၇xxxxx9လုံး
၆၈xxxxx7လုံး၈၉၆၈xxxxx9လုံး

MPT ၏ QR Code စနစ်သုံး ငွေဖြည့်ကတ်ဖြင့် လွယ်ကူအဆင်ပြေစွာ ငွေဖြည့်သွင်းနိုင်ပြီ

(ရန်ကုန်၊ ဇွန် ၂၆ ရက်၊ ၂၀၁၇ ခုနှစ်) –MPT သည် မိုဘိုင်းလ်ဖုန်းများမှ တစ်ဆင့် သုံးစွဲသူများ လွယ်ကူရိုးရှင်းစွာ စကင် ဖတ်ပြီး လျင်မြန်စွာ ငွေဖြည့်သွင်းနိုင်ရန်အတွက် ဖုန်းငွေဖြည့်ကတ်အသစ်များတွင် QR ကုတ် စနစ်ထည့်သွင်း မိတ်ဆက်လိုက်ပါသည်။ (ရန်ကုန်၊ ဇွန် ၂၆ ရက်၊ ၂၀၁၇ ခုနှစ်) –MPT သည် မိုဘိုင်းလ်ဖုန်းများမှ တစ်ဆင့် သုံးစွဲသူများ လွယ်ကူရိုးရှင်းစွာ စကင် ဖတ်ပြီး လျင်မြန်စွာ ငွေဖြည့်သွင်းနိုင်ရန်အတွက် ဖုန်းငွေဖြည့်ကတ်အသစ်များတွင် QR ကုတ် စနစ်ထည့်သွင်း မိတ်ဆက်လိုက်ပါသည်။  အဆိုပါငွေဖြည့်ကတ်အသစ်များတွင် မူလခဲခြစ်ငွေဖြည့်နံပါတ်များဆက်လက်ထားရှိထားမည်ဖြစ်ပြီး သုံးစွဲသူများ ငွေဖြည့်သွင်း ခြင်းလုပ်ငန်း ကို လျင်မြန်စွာလုပ်ဆောင်နိုင်မည့် QR ကုတ် စနစ်အသစ်ကို ယခုလို ထပ်တိုးထည့်သွင်ထားခြင်း ဖြစ်ပါသည်။
MPT အသုံးပြုသူများအနေဖြင့် လွယ်ကူလျင်မြန်သော QR ကုတ်စနစ်ကို အသုံးပြုရန်အတွက် QR Scanner function ပါဝင်သော MPT4U မိုဘိုင်းလ် application ရယူထားရန်လိုအပ်ပါသည်။ QR ကုတ်စနစ်ဖြင့် ငွေဖြည့်သွင်းခြင်းကို အောက်ပါအဆင့်များအတိုင်း ဆောင်ရွက်နိုင်ပါသည်။

  1. မိမိ၏ မိုဘိုင်းဖုန်းပေါ်တွင် ရှိသည့် MPT4U မိုဘိုင်းလ် application ဖွင့်လိုက်ပါ။
  2. Application ပေါ်မှ Menu ခလုတ်ကိုနှိပ်ပြီး “ငွေဖြည့်သွင်းမည်” ကိုရွေးချယ်ပါ။
  3. Menu မှ “ငွေဖြည့်သွင်းမည်” ကိုရောက်ရှိမည်ဖြစ်ကာ QR ကုတ်ပုံကို ခဲခြစ်ပြီးနောက်QR Scanner Function ကိုဝင်ရောက်ပါ
  4. ငွေဖြည့်ကတ်တွင်ပါရှိသောခဲခြစ်ထားသည့် QR ကုတ်နေရာကို Scan ဖတ်ပါ။
  5. အတည်ပြုကြောင်း စာတို လက်ခံရရှိပြီး ဖုန်းငွေဖြည့်သွင်းခြင်းလုပ်ငန်းစဉ်  အောင်မြင်စွာ ပြီးဆုံးပါမည်။

MPT-KSGM ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “အခုလို MPT ကနေပြီး QR code နဲ့ ဖုန်းငွေဖြည့်ခြင်း စနစ်ကို မြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ မိတ်ဆက်ပေးရတာကြောင့် အထူးပဲ စိတ်လှုပ်ရှားဝမ်းသာမိပါတယ်။ အခုစနစ်ကြောင့် သုံးစွဲသူတွေအနေနဲ့ ဖုန်းဘီလ်ဖြည့်သွင်းရာမှာ သက်သက်သာသာနဲ့ ဖြည့်သွင်းနိုင်ပြီဖြစ်ပြီး ရှည်လျားတဲ့ ငွေဖြည့်ကုတ်နံပါတ်တွေကို မှားယွင်းပြီး ရိုက်သွင်းမိတာမျိုးကို ရှောင်ရှားနိုင်ပါပြီ။ သုံးစွဲသူတွေအနေနဲ့ ငွေဖြည့်ကတ်ပေါ်က QR ကုတ်နေရာကို ခဲခြစ်ပြီး အဲဒီ ကုတ်ကို MPT4U အက်ပလီကေးရှင်းရဲ့ စကင်နာနဲ့ ဖတ်ပြီး ငွေဖြည့်သွင်းခြင်းလုပ်ငန်းစဉ်ကို လွယ်ကူစွာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်” ဟုပြောကြားခဲ့ပါသည်။

သုံးစွဲသူများအနေဖြင့် MPT4U app ကို Google Play (သို့မဟုတ်) Apple App Stores တို့တွင် ဒေါင်းလုတ်ပြုလုပ်ကာ အသုံးပြုနိုင်ပါသည်။ (Android သုံးစွဲသူများအတွက် https://play.google.com/store/apps/details?id=mm.com.mptvas နှင့် IOS သုံးစွဲသူများအတွက် http://fir.im/gdtm အစရှိသောလင့်များတစ်ဆင့် ဒေါင်းလုတ်ရယူနိုင်ပါသည်။

ငွေဖြည့်သွင်းခြင်း နှင့် မည့်သိုဝယ်ယူ သုံးစွဲနိုင်မည်ဆိုသည့် အချက်များနှင့် ပတ်သက်ပြီး ထပ်မံသိရှိလိုပါက www.mpt.com.mm (သို့မဟုတ်) www.facebook.com/mptofficialpage သို့ဝင်ရောက် လေ့လာနိုင်ပါသည်။

MPT မှ ဒေတာသုံးစွဲသူများအတွက် Happy Data Combo အစီအစဉ်အသစ်ကို မိတ်ဆက်

(ရန်ကုန်၊ ဇွန် ၂၀ ရက်၊ ၂၀၁၇ ခုနှစ်) – MPTသည် ပိုမိုကောင်းမွန်သောအစီအစဉ်များဖြင့် ဒေတာ အပိုဆုများပါ၀င်သော Happy Data Combo ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ Happy Data Combo တွင်ပါ၀င်သော ဒေတာအပိုဆုဖြင့် သုံးစွဲသူများသည် Social Mediaများ၊ ဗီဒီယိုများကြည့်ရှုရာတွင် ပိုမို၍ ကျေနပ်နှစ်သက်အားရစွာဖြင့် အသုံးပြုနိုင်မည်ဖြစ်ပါသည်။

Happy Data Combo တွင် သုံးစွဲသူများစိတ်တိုင်းကျရွေးချယ်ဝယ်ယူအသုံးပြုနိုင်ရန်အတွက် Daily Pack၊ Weekly Pack၊ Monthly Pack များစီစဉ်ပေးထားသည့်အတွက် သုံးစွဲသူများသည် မိမိတို့ကြိုက်နှစ်သက်ရာ ဒေတာပက်ကေ့ချ်အမျိုးမျိုးကို ၃၉၉ ကျပ် မှ ၂၉,၉၉၉ ကျပ်အတွင်း ရွေးချယ်ဝယ်ယူ နိုင်မည်ဖြစ်သည့်အပြင် YouTube ဗွီဒီယိုများအပါအဝင် လူကြိုက်အများဆုံး Social Applications များအသုံးပြုရန်အတွက်Data အပိုဆုလည်း ရရှိနိုင်မည်ဖြစ်ပါသည်။

Happy Data Combo ၏ ဒေတာအပိုဆုဖြင့် Facebook, Viber, YouTube, Pyone Play applications များကအသုံးပြုနိုင်မည်ဖြစ်ပြီး လူမှုကွန်ရက်များမှတစ်ဆင့် မိသားစုဝင်များ၊ သူငယ်ချင်းများ နှင့် အဆက်အသွယ် ပြုလုပ်နိုင်သလို ၊ YouTube နှင့် PyonePlay တို့မှဗွီဒီယိုများကိုလည်း ပိုမိုပြီး ကြည့်ရှု၊ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

MPT သုံးစွဲသူများသည် *700# ကိုခေါ်ဆိုပြီး Happy Data Combo မှ ပက်ကေ့ချ် များကိုရွေးချယ် ၀ယ်ယူအသုံးပြုနိုင်မည်ဖြစ်ပါသည်။

ပက်ကေ့ချ်ဝယ်ယူသည့် ဒေတာ ပမာဏ ဒေတာ အပိုဆု
ပမာဏ
နှုန်းထား
(ကျပ်)
ရယူရန်
 Standard Internet Social  +Video
နေ့စဉ်သုံး 150 MB 200 MB 399 ကျပ် Dial *700#
အပတ်စဉ်သုံး 300 MB 600 MB 999 ကျပ်
လစဉ်သုံး 1 GB 1000 MB 2,999 ကျပ်
 2 GB 1200 MB 4,999 ကျပ်
 4 GB 2500 MB 9,999 ကျပ်
 10 GB 5500 MB 19,999 ကျပ်
 20 GB 6000 MB 29,999 ကျပ်

 

အထက်ဖော်ပြပါနှုန်းထားများသည် ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းပါ၀င်ပြီးဖြစ်ပါသည်။

MPT-KSGM ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umedaက “MPT ရဲ့ အွန်လိုင်းသုံးစွဲသူတွေများပြားလာတာနဲ့အညီ အလျင်အမြန်တိုးတက်နေတဲ့ ဆက်သွယ်မှုတွေ၊ ကျယ်ပြန့်လာတဲ့ ကွန်ရက်တွေကြောင့် အွန်လိုင်းက သတင်းအချက်အလက်ရယူမှု လိုအပ်ချက်တွေများပြားလာပြီး ကျွန်တော်တို့အလေးထားရတဲ့ သုံးစွဲသူတွေအတွက် မိိုဘိုင်းဒေတာကို ပိုတိုးပြီးပေးရမယ်ဆိုတာကို နားလည်ထားပါတယ်။အခုလိုMPT ရဲ့ Happy Data Combo Pack အသစ်တွေကြောင့် လူမှုကွန်ရက်မီဒီယာ နဲ့ အွန်လိုင်းဗွီဒီယိုတွေကို နှစ်သက်သူတွေအတွက် ဒေတာအပိုဆိုတွေကို မြန်မာနိုင်ငံရဲ့ အလျင်မြန်ဆုံးနဲ့ အကြီးဆုံးကွန်ရက်ပေါ်မှာ အံ့သြစရာကောင်းလောက်အောင် သက်သာတဲ့ နှုန်းထားတဲ့ ရယူနိုင်မှာပဲ ဖြစ်ပါတယ်။” ဟုပြောကြားပါသည်။

Happy Data Combo Pack များကို အခြားပက်ကေ့ချ်များကဲ့သို့ပင် MPT ၏ prepaid/postpaid GSM/WCDMA အသုံးပြုသူများအပြင် LTE+ အသုံးပြုသူများအားလုံး ရယူနိုင်မည်ဖြစ်ပါသည်။ Data များနှင့်ည ပက်ကေ့ချ်ကဲ့သို့ အခြားသော ပရိုမိုးရှင်း Data ပက်ကေ့ချ်များက်ိုလည်း ဆက်လက်ဝယ်ယူအသုံးပြု နိုင်မည်ဖြစ်ပါသည်။

MPT ၏ အခြားသော ပရိုမိုးရှင်းများ၊ အစီအစဉ်များနှင့် Happy Data Combp Pack များအကြောင်း ထပ်မံသိရှိလိုပါက www.mpt.com.mm (သို့မဟုတ်) www.facebook.com/mptofficialpage သို့ဝင်ရောက်လေ့လာနိုင်ပါသည်။

MPT ကမိုဘိုင်းလ်ဒေတာအမြန်နှုန်းကို LTE + ကွန်ရက်အသစ်ဖြင့်အရှိန်မြင့်တင်ဆောင်ရွက်သွားမည်

(ရန်ကုန်- ဇွန်၁၉၊ ၂၀၁၇ ခုနှစ်) – MPT သည် ပုံမှန် LTE ထက် ၂ ဆပိုမိုမြန်ဆန်သည့် ၎င်း၏ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုကို LTE+ အမည်ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းယနေ့သတင်းထုတ်ပြန်ကြေညာလိုက်သည်။ခေတ်မီဆန်းသစ်သည့် နည်းပညာဖြင့်၂ ဆတိုးမြန်ဆန်သည့် မိုဘိုင်းလ်ဒေတာအမြန်နှုန်းကို မြို့ကြီးများဖြစ်သည့် နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးမြို့များတွင် အရင်ဆုံးရရှိအသုံးပြုနိုင်မည်ဖြစ်ပြီး နိုင်ငံအနှံ့အပြားရှိအခြားသော မြို့များတွင်လည်းမကြာမီမိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။

MPT သည် မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်သည်နှင့်အညီနိုင်ငံ၏ ဆက်သွယ်ရေးနည်းပညာကဏ္ဍတွင် သမိုင်းတစ်ခေတ်ဆန်းစေမည့် အခန်းကဏ္ဍကိုအကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ခွင့်ပြုထားသော1.8GHz လှိုင်းနှုန်းစဉ်အသုံးပြုခွင့်နှင့်အတူ MPT သည် မြန်နှုန်းမြင့် LTE+ကွန်ရက်ကိုမိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ အဆိုပါ ကွန်ရက်သည်သာမန် 4G/LTE ထက်ပိုမိုမြန်ဆန်သည့် မိုဘိုင်းလ်အင်တာနက်ကိုပေးအပ်သွားမည်ဖြစ်ပါသည်။LTE+ သည် ဒေတာ download/upload ရယူမှုများကို ပိုမိုလျင်မြန်ဆန်စေပြီး တစ်ကိုယ်ရည်သုံးနှင့် လုပ်ငန်းသုံးဖုန်းများအတွက် ဆက်သွယ်ရေးနည်းပညာများကိုပါ တိုးတက်ပြောင်းလဲစေနိုင်မည်ဖြစ်ပါသည်။

MPT အနေဖြင့် နောက်ဆုံးပေါ်4×4 Multiple Input Multiple Output (MIMO) နည်းပညာကိုအသုံးပြုပြီး ဆောင်ရွက်ထားသဖြင့် 4G/LTE 2×2 MIMO ထက်ပိုမိုသာလွန်ကောင်းမွန်ကာ ဒေတာအမြန်နှုန်းကို ယခင်ကထက် ၂ ဆပိုမိုမြန်ဆန်စွာပေးစွမ်းနိုင်ပြီဖြစ်ပါသည်။ 4×4 MIMO ကိုအသုံးပြုထားခြင်းကြောင့် သုံးစွဲသူ၏ မိုဘိုင်းဆက်သွယ်ရေးပစ္စည်းနှင့် ဆက်သွယ်ရေးတာဝါတိုင်မှထုတ်လွှင့် ဖမ်းယူသည့် Cell ပမာဏမှာ ၂ ဆအထိ တိုးတက် ဖမ်းယူထုတ်လွှင့်နိုင်ခြင်း ဖြစ်သည်။ ယင်းသို့သော လမ်းကြောင်း ၄ ခုကိုအသုံးပြုခြင်းဖြင့် ကွန်ရက်အပေါ်မူတည်ပြီး စုပေါင်းကာ အလွန်ပင်လျင်မြန်သည့် အမြင့်ဆုံးသော ဒေတာစီးဆင်းမှုနှုန်းကို ရရှိအသုံးပြုနိုင်မည်ဖြစ်ပါသည်။ LTE+အင်တာနက်အမြန်နှုန်းကို75 Mbpsမှ 150 Mbps အထိတိုးမြှင့်ရယူနိုင်စေမည်ဖြစ်သည့်အတွက် အခြားဝန်ဆောင်မှုများထက်သာလွန်ကောင်းမွန်သော မိုဘိုင်းလ်အင်တာနက်သုံးစွဲမှုအတွေ့အကြုံကိုMPT ၏ LTE+ ကွန်ရက် မှတစ်ဆင့်အကောင်းဆုံးရရှိခံစားအသုံးပြုနိုင်မည်ဖြစ်သည်။

MPT-KSGM Joint Operations မှ CEO ဖြစ်သူ Mr. ToshitakeAmamiyaက “MPT ရဲ့ LTE+ ကွန်ရက်ကိုအားဖြည့်ပေးနေတဲ့နောက်ဆုံးပေါ်အဆင့်မြင့်နည်းပညာကအရင်ကရှိတဲ့ကွန်ရက်နဲ့မတူဘဲအလွန်လျင်မြန်တဲ့ မိုဘိုင်းလ်ဒေတာအမြန်နှုန်းကိုရယူအသုံးပြုနိုင်မှာဖြစ်ပြီးရှိပြီးသား Data Packs တွေ၊ Pay-As-You-Go အစီအစဉ်တွေကိုလည်းအရင်နှုန်းထားအတိုင်းပဲကျသင့်မှာဖြစ်ပါတယ်။ဒါ့အပြင်MPT ကအသစ်ထပ်မံမိတ်ဆက်မယ့်Happy Data Combo Pack ပရိုမိုးရှင်းအစီအစဉ်သစ်ကို LTE+ ကွန်ရက်ပေါ်မှာပိုမိုသက်သာတဲ့နှုန်းထားနဲ့ အသုံးပြုနိုင်အောင်စီစဉ်ဆောင်ရွက်ပေးထားပြီးဒေတာအပိုဆုတွေကိုလည်းSocial Media နဲ့့ အွန်လိုင်း Video နှစ်သက်သူများအတွက် ပေးအပ်သွားမှာဖြစ်ပါတယ်။ LTE+ ရဲ့ပုံမှန်ထက်၂ဆမြန်တဲ့အမြန်ဆုံးအင်တာနက်နဲ့ဆိုဒေတာအသုံးပြုသူတွေအနေနဲ့ဖိုင်ဆိုဒ်ကြီးတာတွေကိုdownload ရယူတဲ့အခါနဲ့ပို့တဲ့အခါတွေ၊ဒေတာများများသုံးစွဲရတဲ့ဂိမ်းတွေကစားတဲ့အခါနဲ့ HD ဗီဒီယိုတွေကြည့်တဲ့အခါတွေမှာအရမ်းကွာခြားနေတာကိုခံစားရမှာပါ”ဟုပြောကြားပါသည်။

“ဒါဟာအမှန်တကယ်တော့ မြန်မာ့ဆက်သွယ်ရေးကဏ္ဍအတွက် ခေတ်သစ်တစ်ခုကိုဆောင်ယူလာတာဖြစ်သလို ကြီးမားကျယ်ပြန့်တဲ့ အွန်လိုင်းပေါ်ကအကြောင်းအရာတွေနဲ့ဝန်ဆောင်မှုတွေကိုမိိမိတို့ရဲ့ မိုဘိုင်းလ် ဆက်သွယ်ရေးကွန်ရက်ကပေးတဲ့ ၀န်ဆောင်မှုတွေကနေတစ်ဆင့်တွေ့ကြံုခံစားရစေမှာဖြစ်ပါတယ်” ဟုဆက်လက်ပြောကြားပါသည်။

MPT အနေဖြင့် LTE+ ကွန်ရက်ကို နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးမြို့များရှိ မြိူ့နယ်ပေါင်း (၄၇) မြို့တွင် မေလအတွင်းက မိတ်ဆက်ခဲ့ပေးပြီးဖြစ်ကာ LTE + ကွန်ရက်များချဲ့ထွင်ခြင်းကို ဇူလိုင်လတွင် ပဲခူး၊ တောင်ကြီး၊ မော်လမြိုင်၊ မုံရွာ နှင့် ပုသိမ်မြို့ကြီးများတွင် စတင်အသုံးပြုနိုင်တော့မည်ဖြစ်ပြီး၊ သြဂုတ်လတွင်မြို့ကြီး ၂၀ ကျော် နှင့် စက်တင်ဘာလတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးရှိိ မြို့ကြီး ၃၀ ကျော်တို့တွင်စတင် အသုံးပြု နိုင်တော့မည်ဖြစ်ကာ မကြာခင်အချိန်အတွင်း နောက်ထပ်နေရာများတွင် LTE+ ကိုရရှိအသုံးပြုနိုင်တော့မည်ဖြစ် ပါသည်။

သုံးစွဲသူ၏ မိုဘိုင်းလ်ဖုန်းအမျိုးအစားပေါ်မူတည်၍ LTE+ ကွန်ရက်လွှမ်းခြုံထားသည့် နေရာများတွင် LTE+ ကွန်ရက်ကိုအလိုအလျောက်ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။ မြန်မာနို်င်ငံတွင် အမြန်ဆုံး နှင့် အကြီးမားဆုံး ကွန်ရက်အဖြစ် တရားဝင်အသိအမှတ်ပြုခံထားရသောMPTသည်3G ကွန်ရက် မှ LTE+ ကွန်ရက်သို့ ပြောင်းလဲချိတ်ဆက်အသုံးပြုရာတွင် လွယ်ကူအဆင်ပြေချောမွေ့စွာအသုံးပြုနိုင်ရန်အတွက် ကွန်ရက်များကိုတိကျသေချာစွာဖြင့် ဆောင်ရွက်ပေးထားပါသည်။
4G စနစ်ကိုအသုံးပြုနိုင်သည့်ဖုန်းများနှင့် ဆင်းမ်ကတ်များကိုင်ဆောင်ထားသည့် MPT သုံးစွဲသူအားလုံးမှာLTE+ ဝန်ဆောင်မှုကိုအသုံးပြုနိုင်မည်ဖြစ်သည်။ ယခင် GSMဆင်းမ်ကတ် အဟောင်းများကိုသုံးစွဲသူဖြစ်ပါကမိမိတို့၏ ဆင်းမ်ကတ်အဟောင်းများကိုမူရင်းဖုန်းနံပါတ်နှင့် အတူတူပင်ဖြစ်သည့် 4G အသင့်အသုံးပြုနိုင်သောဆင်းမ်ကတ်အသစ်များဖြင့် နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးတို့ရှိ MPT အမှတ်တံဆိပ်ဆိုင်တိုင်းတွင် ဝန်ဆောင်ခပေးရန်မလိုဘဲအခမဲ့လဲလှယ်နိုင်ပါသည်။ သုံးစွဲသူများအနေဖြင့် ယခုဝန်ဆောင်မှုကိုအသုံးပြုနိုင်ရန်အတွက် မိမိတို့၏ ဖုန်း setting တွင် LTE+ကွန်ရက်အသုံးပြုနိုင်မှုကိုရွေးချယ်ထားရန်လိုအပ်မည်ဖြစ်ပါသည်။

LTE+ ကွန်ရက်ဖြန်ကျက်ထားသည့်မြို့နယ်စာရင်းများ

 

ရန်ကုန်

အလုံလှိုင်လသာဆိပ်ကမ်း
ဗဟန်းလှိုင်သာယာမြေနီကုန်းရွှေပြည်သာ
ဗိုလ်တစ်ထောင်ထန်းတပင်မင်္ဂလာဒုံတောင်ဥက္ကလာပ
ဒဂုံအင်းစိန်မင်္ဂလာတောင်ညွှန့်တာမွေ
ဒဂုံမြို့သစ်(မြောက်ပိုင်း)ကမာရွတ်မြောက်ဥက္ကလာသာကေတ
ဒဂုံမြို့သစ် (ဆိပ်ကမ်း)ကျောက်တံတားပန်းဘဲတန်းသင်္ဃန်းကျွန်း
ဒဂုံမြို့သစ်(တောင်ပိုင်း)ကြည့်မြင်တိုင်ပုဇွန်တောင်တွံတေး
ဒေါပုံဆိပ်ကမ်းလမ်းမတော်စမ်းချောင်းရန်ကင်း

 

မန္တလေး

အမရပူရ

အောင်မြေသာစံ

ချမ်းအေးသာစံ

ချမ်းမြသာစည်

မဟာအောင်မြေ

ပုသိမ်ကြီး

ပြည်ကြီးတံခွန်

တံတာဦး

 

နေပြည်တော်

ဒက္ခိဏသီရိ

လယ်ဝေး

ဥတ္တရသီရိ

ပုပ္ပသီရိ

ပျဉ်းမနား

ဇမ္ဗူသီရိ

ဇေယျာသီရိ

MPT က မြန်မာပြည်တစ်ဝှမ်းရှိ သွေးလှူဌာနများတွင် သွေးလှူဒါန်းမှုများပြုလုပ်

(ရန်ကုန်၊ ဇွန်လ ၁၅ ရက်၊ ၂၀၁၇ ခုနှစ်) – နိုင်ငံတစ်ဝှမ်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ MPT ဝန်ထမ်းများသည် ကမ္ဘာသွေးလှူရှင်များနေ့တွင် ပြည်သူများနှင့်အတူ တညီတညွတ်တည်းဖြင့် သွေးလှူဒါန်းမှုများကို လုပ်ဆောင်ခဲ့ပါသည်။

သွေးလှူဒါန်းခြင်းသည် ကျန်းမာရေးနှင့် အရေးပေါ်ဝန်ဆောင်မှုများတွင် အရေးပါပြီး အလွန်ပင်မွန်မြတ်သော ဒါနတစ်ခုဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အဆိုအရ ကြိုတင်စီစဉ်ထားသော ကုသမှုများနှင့် အရေးပေါ်သွေးသွင်းကုသခြင်းများအတွက် သွေးသည် အရေးပါသော အရင်းအမြစ်တစ်ခုဖြစ်ပါသည်။ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေသော လူနာများအား လူ့ဘဝတွင်ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေး အတွက် အကူအညီဖြစ်စေသည့်အပြင် ရှုပ်ထွေးသော ဆေးဘက်ဆိုင်ရာနှင့် ခွဲစိတ်မှုပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များအတွက်လည်း အသုံးဝင်လှပါသည်။ ထိခိုက်ဒဏ်ရာရရှိသူများအားလုံး (သဘာဝဘေးအန္တရာယ်၊ ယာဉ်မတော်တဆမှု စသည်များ) ကို အရေးပေါ်ကုသခြင်းအတွက် သွေးမှာ အရေးပါလှပြီး သားသည်မိခင်နှင့် ကိုယ်ဝန်ဆောင်မိခင်များကို စောင့်ရှောက်မှုတို့တွင် အသက်ကယ်ပေးသည့် အခန်းကဏ္ဍတွင် ပါဝင်ပါသည်။

မြန်မာနိုင်ငံတွင် MPTသည် ၎င်းတို့၏ဝန်ထမ်းများနှင့် သုံးစွဲသူများကို အလှူဒါနပြုရန် တိုက်တွန်းအားပေးခဲ့ကာ ရန်ကုန်နှင့် မန္တလေးရှိ သွေးလှူဌာနများတွင် MPT ဝန်ထမ်းများ ရာနှင့်ချီပြီးသွေးလှူဒါန်းခဲ့ကာ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ရှမ်း၊ ဧရာဝတီ၊ တနင်္သာရီနှင့် ကရင်ပြည်နယ် အစရှိသဖြင့် တိုင်းနှင့်ပြည်နယ်များတွင်လည်း သက်ဆိုင်ရာဒေသခံ ဝန်ထမ်းများမှ သွေးလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြပါသည်။

“နိုင်ငံအနှံ့အပြားက သွေးလှူဌာနတွေမှာ သွေးလှူဒါန်းခဲ့သူတွေအားလုံးကို MPT ကိုယ်စား ကျွန်တော့အနေနဲ့ ကျေးဇူးတင်ရှိပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကလည်း ပြည်ထောင်စုနေ့ နဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရန်ကုန်အမျိုးသားသွေးဌာနမှာ သွေးလှူဒါန်းပွဲကို ကျင်းပခဲ့ပါတယ်။ အခုဆိုရင်တော့ ဒုတိယအကြိမ်မြောက် အဖွဲ့လိုက် သွေးလှူဒါန်းမှုပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီတစ်ခေါက်မှာပိုပြီး လုံ့လစိုက် ဆောင်ရွက်နိုင်တဲ့အတွက် အလွန်ပဲကျေနပ် နှစ်သက်မိပါတယ်” ဟု KSGM Joint Operations ၏ Chief Operating Officer ဖြစ်သူ Mr. Yoshiaki Benino ကပြောကြားခဲ့ပါသည်။
“သွေးကို မကြာခဏ လှူဒါန်းခြင်းကြောင့် အသက်တွေကို ကယ်တင်နိုင်ပါတယ်။ ပြည်သူများအနေနဲ့ ကမ္ဘာ့သွေးလှူရှင်များနေ့ကို အကြောင်းပြုပြီး တစ်နှစ်ပတ်လုံး သွေးလှူဒါန်းခြင်းရဲ့ အရေးပါမှုကို ပိုမို သိမြင်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။” ဟုလည်း ၎င်းက ထပ်လောင်းပြာကြားခဲ့ပါသည်။

ပြည်သူများအနေဖြင့် အဖိုးတန်သောသွေးကို တစ်နှစ်တာလုံး မည်သည့်အချိန်တွင်မဆို ဒါနပြုလှူဒါန်း နိုင်ကြရန်လည်း MPT က တိုက်တွန်းအပ်ပါသည်။ သွေးလှူဒါန်းလိုသူများအနေဖြင့် သွေးလှူဒါန်းခြင်းနှင့် ပတ်သက်ပြီး ပိုမိုသိရှိရန်နှင့် လှူဒါန်းမှုပြုလုပ်လိုပါက https://www.donatebloodmyanmar.org/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT အချင်းချင်းဖုန်းခေါ်ဆိုမှုများအတွက် (၁၀)မိနစ်လျင် (၉၉)ကျပ်သာကျသင့်မည့် (၁၀)မိနစ် ပက်ကေ့ချ်အသစ်တစ်ခု MPT မှ မိတ်ဆက်

(ရန်ကုန်၊ ၂၀၁၇ ခုနှစ် ဇွန် ၁၄ ရက်) – MPT သည် MPT အချင်းချင်းဖုန်းခေါ်ဆိုမှုများအတွက် ၁၀ မိနစ်လျင် ၉၉ ကျပ်သာ ကျသင့်မည့် ၁၀ မိနစ်ပက်ကေ့ချ်အသစ်တစ်ခုကို ယနေ့စတင်မိတ်ဆက်လိုက်သည်။

MPT ၏ ဆွေသဟာ၊ ရှယ်ပြောနှင့် ပုံမှန်နှုန်းထားဖြင့်ရယူထားသောအစီအစဉ်များကို (GSM/WCDMA) အသုံးပြုသူများအနေဖြင့် *2220# သို့ခေါ်ဆိုကာ အဆိုပါပက်ကေ့ချ်ကို ရယူနိုင်မည် ဖြစ်ပါသည်။ ထို့ပြင် အဆိုပါပက်ကေ့ချ်ကို သုံးစွဲသူများ၏လိုအပ်ချက်အလိုက် တစ်နေ့အတွင်း အကြိမ်အရေအတွက် အကန့်အသတ် မရှိ၀ယ်ယူနိုင်မည်ဖြစ်ပါသည်။
အသစ်မိတ်ဆက်လိုက်သည့် ဖုန်းခေါ်ဆိုခနှုန်းထားအရ MPT သုံးစွဲသူများသည် ပိုမိုသက်သာသောစျေးနှုန်းဖြင့် မိမိတို့၏ ရင်းနှီးချစ်ခင်ရသူများကို ယခင်ကထက် ပိုမိုခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။ ၁၀ မိနစ်လျင် ၉၉ ကျပ် သာကျသင့်မည့် MPT ၏အဆိုပါ ပက်ကေ့ချ်သည် အထူးသဖြင့် တစ်နေ့တာလုံး ဖုန်းဖြင့်အဆက်အသွယ် ပြုလုပ်ရန် လိုအပ်သော သုံးစွဲသူများအတွက် မိမိတို့အလိုရှိသောအချိန်တိုင်းတွင် အလွယ်တကူရယူ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

Voice ပက်ကေ့ချ်များကို ကြိုက်နှစ်သက်ကြသော သုံးစွဲသူများအတွက် တစ်နေ့လျင် ၃၉၉ ကျပ်နှင့် စိတ်ကြိုက်ဖုန်းခေါ်ဆိုနိုင်မည့် MPT၏ နေ့စဉ်သုံးပက်ကေ့ချ်တွင် ၁၀ မိနစ် ပက်ကေ့ချ်ကို ထပ်မံမိတ်ဆက်လိုက်
ခြင်းဖြစ်ရာ သုံးစွဲသူများ အတွက် ရွေးချယ်စရာ Voice ပက်ကေ့ချ်များ ပိုမိုများပြားလာမည် ဖြစ်ပါသည်။

MPT ၏ ၁၀ မိနစ်ပက်ကေ့ချ်အကြောင်း သို့မဟုတ် အခြားသောအစီအစဉ်များနှင့် ပရိုမိုရှင်းများအကြောင်း ပိုမိုသိရှိလိုပါက www.mpt.com.mm သို့မဟုတ် www.facebook.com/mptofficialpage တွင် ၀င်ရောက်လေ့လာနိုင်ပါသည်။
*မှတ်ချက် – ၁၀ မိနစ်ပက်ကေ့ချ်ဝယ်ယူရာတွင် ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း ထပ်မံပေးဆောင်ရပါမည်။

အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိနိုင်မည့် “MPT Employment Fair 2017” အလုပ်အကိုင်ပြပွဲ

(ရန်ကုန်၊ ဇွန်လ ၉ ရက်၊ ၂၀၁၇ ခုနှစ်) – MPT က အလုပ်အကိုင်ပြပွဲကို ၂၀၁၇ ခုနှစ် ဇွန်လ ၁၈ ရက်နေ့ တွင် ရန်ကုန်မြို့ အထက်ပန်းဆိုးတန်းလမ်း၊ ကန်တော်ကြီးအနီးရှိ Rose Garden ဟိုတယ် ၌ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

ဆက်သွယ်ရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာသည်နှင့်အမျှ အရည်အချင်းရှိသူများကို လိုအပ်ချက်မှာလည်း အမြဲ တိုးတက်လျက်ရှိပါသည်။ MPT အနေဖြင့် အဖွဲ့အစည်းများကိုတိုးချဲ့ရန်အလို့ငှာ အရည်အချင်းရှိသောသူများကို ရှာဖွေနေပြီး အလုပ်အကိုင်အခွင့်အလမ်းများစွာကို ပေးအပ်ရန်ရှိနေပါသည်။

MPT အနေဖြင့် ယခင်နှစ်က ဝန်ထမ်းသစ်များခန့်ထားခြင်းကို ဆောင်ရွက်အောင်မြင်ခဲ့သောကြောင့် ယခုလည်း လျှင်မြန်စွာပြောင်းလဲတိုးတက်နေသည့်ဆက်သွယ်ရေး ကဏ္ဍတွင် ကောင်းမွန်သော အလုပ်အကိုင် အခွင့်အလမ်းများကို ပြည်သူများအတွက် ထပ်မံဖန်တီး ဖော်ဆောင်ပေးရခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ နံပါတ် ၁ ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သော MPT ၏ ဌာနများတွင် အလုပ်အကိုင် အခွင့်အလမ်းရရှိပြီး ဘဝတိုးတက်မှုကိုရှာဖွေလိုသူများအတွက် လစ်လပ် နေရာပေါင်း ၉၀ ကျော် တွင် အလုပ်အကိုင်လျှောက်ထားရန်အတွက် ဖိတ်ခေါ်လျက်ရှိပါသည်။ အဆိုပါ အလုပ်အကိုင်ပြပွဲ၌ အရောင်းနှင့် ဖြန့်ချိရေးဌာန၊ စျေးကွက်ရှာဖွေရေးဌာန၊ နည်းပညာဌာန နှင့် ဆက်သွယ်ရေးနည်းပညာနှင့် အင်ဂျင်နီယာဌာနများတွင် တာဝန်ယူဆောင်ရွက်ရန်အတွက် မန်နေဂျာများ၊ အကြီးတန်းဝန်ထမ်းများနှင့် ဝန်ထမ်းများကို ခေါ်ယူ သွားမည်ဖြစ်ပါသည်။ အရည်အချင်းပြည့်မီသူများ နှင့် စိတ်ပါဝင်စားသူများအနေဖြင့် အဆိုပါ အလုပ်အကိုင်အခွင့်အလမ်းပြပွဲသို့ CV အပြည့်အစုံနှင့်အတူ လာရောက် လျှောက်ထားနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

“MPT အနေနဲ့ အလုပ်အကိုင်နေရာများစွာအတွက် အရည်အချင်းရှိသူတွေကို အခုထပ်ပြီး လိုအပ်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြည်သူတွေ အလုပ်အကိုင်တွေပိုမိုရရှိစေဖို့ အခုလိုမျိုး အခွင့်အလမ်းတွေကို ကမ်းလှမ်းခွင့်ရတဲ့အတွက် အလွန်ပဲ ဂုဏ်ယူမိပါတယ်။ တကယ်လို့ အလုပ်အကိုင်လျှောက်ထား သူတွေအနေနဲ့ မိမိနဲ့ ကိုက်ညီတဲ့အရည်အချင်းတွေရှိနေမယ်ဆိုရင် ကျွန်တော်တို့ရဲ့ အလုပ်အကိုင်ပြပွဲကို တက်ရောက်ဖို့ အတွက် ဖိတ်ခေါ်ပါတယ်။” ဟု MPT-KSGM Joint Operations ၏ Chief Operating Officer ဖြစ်သူ Mr. Yoshiaki Benino ကပြောကြားခဲ့ပါသည်။
အဆိုပါ အလုပ်အကိုင်ပြပွဲသို့လာရောက်ရန် အတွက် ကြိုတင်စာရင်းပေးသွင်းစရာမလိုပဲ ပြပွဲကျင်းပသည့် နေ့တွင် CV နှင့်တကွ MPT ကောင်တာသို့ လာရောက်ပြီး လျှောက်ထားနိုင်ကာ အရည်အချင်းပြည့်မီသူများကို ဆက်လက်ပြီး အင်တာဗျူးသွားမည်ဖြစ်ပါသည်။ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက MPT ၏ တရားဝင် ဝက်ဘ်ဆိုက် www.mpt.com.mm နှင့် Myjobs.com တို့တွင်ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

ခေတ်မီအိတ်ချိန်းစက်များလဲလှယ်မည်ဖြစ်သဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအားပြောင်းလဲမည်

(ရန်ကုန်၊ ဇွန်လ ၈ ရက်၊ ၂၀၁၇) – MPT အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေးနှင့် ခေတ်မီဝန်ဆောင်မှုများကိုပေးနိုင်ရန်အတွက် လက်ရှိအသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်များဖြင့် ပြောင်းလဲ တပ်ဆင်ပေးသွားမည် ဖြစ်ပါ သည်။ သုံးစွဲသူများအနေဖြင့် ရန်ကုန်တိုင်း ၊ မန္တလေးတိုင်း ၊ မကွေးတိုင်း ၊ စစ်ကိုင်းတိုင်းနှင့် ကယားပြည်နယ်ရှိ အိတ်ချိန်းများကို ၂၀၁၇ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲ တပ်ဆင်မည် ဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်း နံပါတ်များ ပြောင်းလဲသွားမည် ဖြစ်ပါသည်။ Continue reading “ ခေတ်မီအိတ်ချိန်းစက်များလဲလှယ်မည်ဖြစ်သဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအားပြောင်းလဲမည်”