ခေတ်မီအိတ်ချိန်းစက်များလဲလှယ်မည်ဖြစ်သဖြင့် အော်တိုတယ်လီဖုန်း နံပါတ်များအားပြောင်းလဲမည်

(ရန်ကုန်၊ ဇူလိုင်လ ၃၁ ရက်၊ ၂၀၁၇) – MPT အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေးနှင့် ခေတ်မီဝန်ဆောင်မှုများကိုပေးနိုင်ရန်အတွက် လက်ရှိအသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်များဖြင့် ပြောင်းလဲ တပ်ဆင်ပေးသွားမည် ဖြစ်ပါ သည်။ အောက်ပါ နယ်မြေ (၄) ခုရှိ အိတ်ချိန်း (၉) ခု ကို ၂၀၁၇ခုနှစ် သြဂုတ်လ (၃၀) ရက်နေ့တွင် ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲ တပ်ဆင်မည် ဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်း နံပါတ်များလည်း အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။ Continue reading “ ခေတ်မီအိတ်ချိန်းစက်များလဲလှယ်မည်ဖြစ်သဖြင့် အော်တိုတယ်လီဖုန်း နံပါတ်များအားပြောင်းလဲမည်”

MPT Voice Pack FAQs MM

MPT Voice Pack

၁။ MPTမှာ ဘယ်လို Voice Package တွေရှိတာပါလဲ။

MPTသုံးစွဲသူများ ကြိုက်နှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်စေရန် Voice Package အမျိုးအစား(၃)မျိုးကို MPTမှ မိတ်ဆက်ပေးထားပါသည်။ Voice Pacakage များကို အသုံးပြုခြင်းဖြင့် သုံးစွဲသူများသည် MPTဖုန်းများသို့ အသက်သာဆုံး နှုန်းထားများဖြင့် ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။

10mins Pack30mins Pack50mins Pack
စျေးနှုန်း
(ကုန်သွယ်ခွန်ပါ၀င်ပြီး)
၉၉ကျပ်၂၄၉ကျပ်၃၉၉ကျပ်
မိနစ်၁၀ မိနစ်၃၀ မိနစ်၅၀ မိနစ်
၀ယ်ယူရန်*2220# ကိုခေါ်ဆိုပါ။*249# ကိုခေါ်ဆိုပါ။*399# ကိုခေါ်ဆိုပါ။
သက်တမ်း၁ ရက်၃ ရက်၃ ရက်

Package စျေးနှုန်းများတွင် ကုန်သွယ်ခွန်ပါ၀င်ပြီးဖြစ်ပါသည်။

၃။ MPTရဲ့ Voice Package ကို ဘယ်လိုဝယ်ယူနိုင်မှာပါလဲ။

  • 10Mins Voice Package ကိုဝယ်ယူရန် *2220# ကိုခေါ်ဆိုပါ။
  • 30Mins Voice Package ကိုဝယ်ယူရန် *249# ကိုခေါ်ဆိုပါ။
  • 50Mins Voice Package ကိုဝယ်ယူရန် *399# ကိုခေါ်ဆိုပါ။
  • 10Mins Voice Package  ၏ သက်တမ်းမှာ ၀ယ်ယူသည့်နေ့၏ ညသန်းခေါင်ယံ အချိန် (၂၃:၅၉:၅၉နာရီ)အထိ ဖြစ်ပါသည်။
  • 30Mins နှင့် 50Mins Voice Package တို့၏ သက်တမ်းမှာ ၀ယ်ယူသည့်နေ့၏ သုံးရက်မြောက်နေ့ ညသန်းခေါင်ယံ အချိန် (၂၃:၅၉:၅၉နာရီ)အထိ ဖြစ်ပါသည်။

၅။ MPT Voice Packageတွေ ၀ယ်ယူထားပါတယ်။ အခြားအော်ပရေတာနံပါတ််ကို ဖုန်းခေါ်ဆိုတဲ့ အခါမှာ ဘယ်လိုကျသင့်မှာပါလဲ။

အခြားအော်ပရေတာနံပါတ်များသို့ဖုန်းခေါ်ဆိုပါက ပုံမှန်ဖုန်းခေါ်ဆိုခနှုန်းထား အတိုင်းသာ ကျသင့်မည်ဖြစ်ပါသည်။

၇။ Package တစ်ခုချင်းဆီ၏ သက်တမ်းကဘယ်လောက်လဲ။

  • 10Mins Voice Package  ၏ သက်တမ်းမှာ ၀ယ်ယူသည့်နေ့၏ ညသန်းခေါင်ယံ အချိန် (၂၃:၅၉:၅၉နာရီ)အထိ ဖြစ်ပါသည်။
  • 30Mins နှင့် 50Mins Voice Package တို့၏ သက်တမ်းမှာ ၀ယ်ယူသည့်နေ့၏ သုံးရက်မြောက်နေ့ ညသန်းခေါင်ယံ အချိန် (၂၃:၅၉:၅၉နာရီ)အထိ ဖြစ်ပါသည်။
  • ဥပမာ –
 Package၀ယ်ယူသည့်နေ့သက်တမ်းကုန်ဆုံးချိန်
Daily 10 Mins Voice Pack01/11/201723:59:59 of 01/11/2017
30 Mins 3 Days Voice Pack01/11/201723:59:59 of 03/11/2017
50 Mins 3 Days Voice Pack01/11/201723:59:59 of 03/11/2017

၂။ MPTရဲ့ Voice Packages ကိုဘယ်သူတွေဝယ်ယူအသုံးပြုနိုင်မှာပါလဲ။

MPT GSM/WCDMA ဆွေသဟာ(သို့မဟုတ်)ရှယ်ပြော(သို့မဟုတ်)ရွှေစကားနှင့် Base Tariff အစီအစဉ် အသုံးပြုနေသူများအားလုံးသည် MPT Voice Package များကို ၀ယ်ယူ အသုံးပြုနိုင်ပါသည်။

၄။ တစ်ရက်အတွင်းမှာ 10Mins Voice Package တွေအများကြီးဝယ်ယူနိုင်ပါသလား။

၀ယ်ယူနိုင်ပါသည်။

၆။ USSD Code ကိုရိုက်နှိပ်ခေါ်ဆိုပြီး Voice Package၀ယ်ယူပါတယ်။ ဒါပေမယ့် Voice Packageတွေကိုဝယ်လို့မရပါဘူး။ ဘာဖြစ်လို့ပါလဲ။

  • ဖုန်းလက်ကျန်ငွေမလုံလောက်ပါက MPT Voice Package များကိုဝယ်ယူနိုင်မည် မဟုတ် ပါ။
  • လူကြီးမင်း၏ ဖုန်းသည် ယာယီပိတ်သိမ်းခံထားရပါကလည်း MPT Voice Package များကို ဝယ်ယူ နိုင်မည် မဟုတ်ပါ။

MPT Voice Package

Voice Offers » MPT Voice Package

MPT Voice Package ဆိုတာဘာလဲ?

သုံးစွဲသူများစိတ်တိုင်းကျရွေးချယ်ဝယ်ယူနိုင်ရန် Voice Package သုံးမျိုးကို MPT က မိတ်ဆက်ပေးထားပါသည်။ MPT Voice Packageများကို အသုံးပြုခြင်းဖြင့် သုံးစွဲသူများသည် တစ်မိနစ်လျှင် ၈ကျပ်အထိ သက်သာသောစျေးနှုန်းများဖြင့် MPT သုံးစွဲသူ မိတ်ဆွေ၊သူငယ်ချင်းများဆီ ဆက်သွယ်ပြောဆိုနိုင်မည်ဖြစ်ပါသည်။

MPT သုံးစွဲသူများသည် MPT Voice Package ကိုရယူကာ သုံးစွဲသူ သန်း၂၀ကျော် ရှိနေပြီ ဖြစ်သည့် မြန်မာပြည်၏ အကြီးမားဆုံး MPTကွန်ရက်ပေါ်တွင် အဆက်အသွယ်တွေမပြတ်ဘဲ ချိတ်ဆက်နိုင်ပါပြီ။

မိတ်ဆွေ၊သူငယ်ချင်းများဆီ  MPT ကွန်ရက်မှတစ်ဆင့် အဆက်အသွယ်တွေမပြတ်ဘဲ ဖုန်းခေါ်ဆိုလိုက်ရအောင်။

မိမိနှစ်သက်ရာကို Voice Package ကို ရွေးချယ်အသုံးပြုနိုင်ပါပြီ။

10mins Pack30mins Pack50mins Pack
စျေးနှုန်း
(ကုန်သွယ်ခွန်ပါ၀င်ပြီး)
၉၉ကျပ်၂၄၉ကျပ်၃၉၉ကျပ်
မိနစ်၁၀ မိနစ်၃၀ မိနစ်၅၀ မိနစ်
၀ယ်ယူရန်*2220# ကိုခေါ်ဆိုပါ။*249# ကိုခေါ်ဆိုပါ။*399# ကိုခေါ်ဆိုပါ။
သက်တမ်း၁ ရက်၃ ရက်၃ ရက်
10mins Pack30mins Pack50mins Pack
စျေးနှုန်း
(ကုန်သွယ်ခွန်ပါ၀င်ပြီး)
၉၉ကျပ်၂၄၉ကျပ်၃၉၉ကျပ်
မိနစ်၁၀ မိနစ်၃၀ မိနစ်၅၀ မိနစ်
၀ယ်ယူရန်*2220# ကိုခေါ်ဆိုပါ။*249# ကိုခေါ်ဆိုပါ။*399# ကိုခေါ်ဆိုပါ။
သက်တမ်း၁ ရက်၃ ရက်၃ ရက်
ရယူရန်ရယူရန်ရယူရန်

*Package စျေးနှုန်းများတွင် ကုန်သွယ်ခွန်ပါ၀င်ပြီးဖြစ်ပါသည်။
* 10mins Package ၏ သက်တမ်းမှာဝယ်ယူသည့်နေ့၏ 23:59:59 အထိဖြစ်ပါသည်။
*30mins နှင့် 50mins Package ၏ သက်တမ်းမှာ ၀ယ်ယူသည့်နေ့၏ သုံးရက်မြောက်နေ့ ညသန်းခေါင်ယံ အချိန် (၂၃:၅၉:၅၉နာရီ)အထိ ဖြစ်ပါသည်။
*GSM/WCDMA ဖုန်းအသုံးပြုသူများအားလုံး Voice Package များကို ၀ယ်ယူအသုံးပြုနိုင်ပါသည်။

Other Voice Promotions →


MPT Voice Package

သုံးစွဲသူများစိတ်တိုင်းကျရွေးချယ်ဝယ်ယူနိုင်ရန် Voice Pack သုံးမျိုးကို MPT က မိတ်ဆက်ပေးထားပါသည်။


A Kyite Pyaw +

အကြိုက်ပြော +Voice Pack ဆိုတာ MPT မှ သုံးစွဲသူတွေအတွက် ပေးထားတဲ့ အစီအစဉ်သစ်တစ်ခုပါ။

စည်းကမ်းသတ်မှတ်ချက်များ

၁။  MPT GSM/WCDMA Prepaid နှင့် Postpaid (Base Tariff အသုံးပြုသူများအပါအဝင်) အသုံးပြုသူများအားလုံး ဝယ်ယူသုံးစွဲနိုင်ပါသည်။

၂။  CDMA နှင့် လက်ရှိအသုံးပြုခြင်းမရှိသူများ ဝယ်ယူနိုင်မည်မဟုတ်ပါ။

၃။  သတ်မှတ်ထားသောနှုန်းထားမှာ ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီးသား ဖြစ်ပါသည်။

၄။   ၁ ရက်စာ Voice Pack ၏ သက်တမ်းမှာ ၀ယ်ယူသည့်နေ့၏ ညသန်းခေါင်ယံအချိန် (၂၃:၅၉:၅၉နာရီ) အထိ ဖြစ်ပါသည်။ ၃ ရက်စာ Voice Pack တို့၏ သက်တမ်းမှာ ၀ယ်ယူသည့်နေ့၏ သုံးရက်မြောက်နေ့ ညသန်းခေါင်ယံအချိန် (၂၃:၅၉:၅၉နာရီ) အထိ ဖြစ်ပါသည်။

၅။   MPT-MPT ဖုန်းအချင်းချင်းမှလွဲ၍ အခြားဖုန်းများသို့ခေါ်ဆိုပါက ဝယ်ယူထားသော Any-net မိနစ်များ (သို့) သုံးသလောက်ပေးနှုန်းထားဖြင့် ကောက်ခံကျသင့်မည်ဖြစ်ပါသည်။

၆။  အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်ပါသည်။

Frequently Asked Questions

၁။ MPTမှာ ဘယ်လို Voice Package တွေရှိတာပါလဲ။

MPTသုံးစွဲသူများ ကြိုက်နှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်စေရန် Voice Package အမျိုးအစား(၃)မျိုးကို MPTမှ မိတ်ဆက်ပေးထားပါသည်။ Voice Pacakage များကို အသုံးပြုခြင်းဖြင့် သုံးစွဲသူများသည် MPTဖုန်းများသို့ အသက်သာဆုံး နှုန်းထားများဖြင့် ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။

10mins Pack30mins Pack50mins Pack
စျေးနှုန်း
(ကုန်သွယ်ခွန်ပါ၀င်ပြီး)
၉၉ကျပ်၂၄၉ကျပ်၃၉၉ကျပ်
မိနစ်၁၀ မိနစ်၃၀ မိနစ်၅၀ မိနစ်
၀ယ်ယူရန်*2220# ကိုခေါ်ဆိုပါ။*249# ကိုခေါ်ဆိုပါ။*399# ကိုခေါ်ဆိုပါ။
သက်တမ်း၁ ရက်၃ ရက်၃ ရက်

Package စျေးနှုန်းများတွင် ကုန်သွယ်ခွန်ပါ၀င်ပြီးဖြစ်ပါသည်။

၂။ MPTရဲ့ Voice Packages ကိုဘယ်သူတွေဝယ်ယူအသုံးပြုနိုင်မှာပါလဲ။

MPT GSM/WCDMA ဆွေသဟာ(သို့မဟုတ်)ရှယ်ပြော(သို့မဟုတ်)ရွှေစကားနှင့် Base Tariff အစီအစဉ် အသုံးပြုနေသူများအားလုံးသည် MPT Voice Package များကို ၀ယ်ယူ အသုံးပြုနိုင်ပါသည်။

၃။ MPTရဲ့ Voice Package ကို ဘယ်လိုဝယ်ယူနိုင်မှာပါလဲ။

  • 10Mins Voice Package ကိုဝယ်ယူရန် *2220# ကိုခေါ်ဆိုပါ။
  • 30Mins Voice Package ကိုဝယ်ယူရန် *249# ကိုခေါ်ဆိုပါ။
  • 50Mins Voice Package ကိုဝယ်ယူရန် *399# ကိုခေါ်ဆိုပါ။
  • 10Mins Voice Package  ၏ သက်တမ်းမှာ ၀ယ်ယူသည့်နေ့၏ ညသန်းခေါင်ယံ အချိန် (၂၃:၅၉:၅၉နာရီ)အထိ ဖြစ်ပါသည်။
  • 30Mins နှင့် 50Mins Voice Package တို့၏ သက်တမ်းမှာ ၀ယ်ယူသည့်နေ့၏ သုံးရက်မြောက်နေ့ ညသန်းခေါင်ယံ အချိန် (၂၃:၅၉:၅၉နာရီ)အထိ ဖြစ်ပါသည်။

၄။ တစ်ရက်အတွင်းမှာ 10Mins Voice Package တွေအများကြီးဝယ်ယူနိုင်ပါသလား။

၀ယ်ယူနိုင်ပါသည်။

၅။ MPT Voice Packageတွေ ၀ယ်ယူထားပါတယ်။ အခြားအော်ပရေတာနံပါတ််ကို ဖုန်းခေါ်ဆိုတဲ့ အခါမှာ ဘယ်လိုကျသင့်မှာပါလဲ။

အခြားအော်ပရေတာနံပါတ်များသို့ဖုန်းခေါ်ဆိုပါက ပုံမှန်ဖုန်းခေါ်ဆိုခနှုန်းထား အတိုင်းသာ ကျသင့်မည်ဖြစ်ပါသည်။

More FAQs

သြဂုတ်လ (၁) ရက်နေ့မှစတင်၍ MPT ၏ အသံဝန်ဆောင်မှု ၊ ဒေတာဝန်ဆောင်မှု Packages စျေးနှုန်းများ၊ ၀န်ဆောင်မှုရယူပုံများ နှင့် ပရိုမိုးရှင်းကာလများကို အောက်ဖော်ပြပါအတိုင်း ပြုပြင်ပြောင်းလဲသွားမည်။

သြဂုတ်လ (၁) ရက်နေ့မှစတင်၍ MPT ၏ အသံဝန်ဆောင်မှု ၊ ဒေတာဝန်ဆောင်မှု Packages စျေးနှုန်းများ၊ ၀န်ဆောင်မှုရယူပုံများ နှင့် ပရိုမိုးရှင်းကာလများကို အောက်ဖော်ပြပါအတိုင်း ပြုပြင်ပြောင်းလဲသွားမည်။
(ဖော်ပြပါစျေးနှုန်းများတွင် ကုန်သွယ်လုပ်ငန်းခွန် ၅% ပါ၀င်ပြီးဖြစ်သည်။)

Continue reading “ သြဂုတ်လ (၁) ရက်နေ့မှစတင်၍ MPT ၏ အသံဝန်ဆောင်မှု ၊ ဒေတာဝန်ဆောင်မှု Packages စျေးနှုန်းများ၊ ၀န်ဆောင်မှုရယူပုံများ နှင့် ပရိုမိုးရှင်းကာလများကို အောက်ဖော်ပြပါအတိုင်း ပြုပြင်ပြောင်းလဲသွားမည်။”

MPT ၏ မြန်နှုန်းမြင့် LTE+ ကွန်ရက်တိုးချဲ့ခြင်းအတွက် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တွင် နေရာသစ် ခြောက်နေရာ၌ ဝန်ဆောင်မှု ထက်မံရောက်ရှိမည်

(ရန်ကုန်၊ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၀ ရက်) မြန်မာနိုင်ငံ၏ ထိပ်တန်းဆက်သွယ်ရေး အော်ပရေတာ တစ်ခု ဖြစ်သည့် MPT အနေဖြင့် သြဂုတ်လမှ စတင်ပြီး မိုဘိုင်းလ်ဖုန်း အသုံးပြုသူများအတွက် 1.8 GHz လှိုင်းနှုန်းစဉ်ဖြင့် မြန်နှုန်းမြင့် LTE+ ကွန်ရက်ဝန်ဆောင်မှုကို နေရာသစ် (၅) နေရာတွင် ရယူအသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ MPT သုံးစွဲသူများအနေဖြင့် ဇူလိုင်လ ၁၅ ရက်မှစတင်ပြီး သာမန် 4G/LTE ထက် နှစ်ဆပိုမြန်သည့် LTE+ ဝန်ဆောင်မှုကို စတင်အသုံးပြုနိုင်နေပြီဖြစ်ပါသည်။ ထို့အပြင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ကယားပြည်နယ် လွိုင်ကော်မြို့၊ ကရင်ပြည်နယ် ဘားအံမြို့၊ မန္တလေးတိုင်း ညောင်ဦးမြို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံမြို့တို့တွင်လည်း MPT ၏ မြန်နှုန်းမြင့်မျိုးဆက်သစ် မိုဘိုင်းလ်အင်တာနက်ကို သြဂုတ်လမှစတင်ကာ ရရှိသုံးစွဲနိုင်ကြမည်ဖြစ်ပြီး လူမှုကွန်ရက်များပေါ်မှ အချက်အလက်များကို လျင်မြန်စွာရယူနိုင်ခြင်း၊ မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများနှင့် ဆက်သွယ်မှုများကို ပြုလုပ်နိုင်ပြီဖြစ်ပါသည်။

MPT မှ ယခုလို မှတ်ကျောက်တင်နိုင်မှုမှာ လွန်ခဲ့သည့် ဇူလိုင်လအစောပိုင်းကပင် စတင်ခဲ့သည့် မြန်မာနိုင်ငံအတွင်း LTE+ ကွန်ရက်ချဲ့ထွင်မှု၏ နောက်ထပ်ခြေလှမ်းတစ်ခုလည်းဖြစ်ပါသည်။ MPT အနေဖြင့် 4×4 MIMO အဆင့်မြင့်နည်းပညာသုံးထားသည့် LTE+ ကို ထောက်ပံ့ပေးရန်အတွက် မိုဘိုင်းလ်တာဝါ ကွန်ရက်များကို အဆင့်မြှင့်တင်ခြင်းနှင့် ပြောင်းလဲခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ လက်ရှိအချိန်တွင် တိုင်းဒေသကြီးများနှင့် ပြည်နယ်များရှိ မြို့ကြီး (၂၂) မြို့ အပါအဝင် မြို့နယ် (၆၆) ခုအထိ ဖြန့်ကျက်ပြီးစီးပြီဖြစ်ပြီး သြဂုတ်လအတွင်း မြို့ကြီး (၂၇) အပါအဝင် မြို့နယ် (၇၁) ခုအထိ ဆက်လက်ချဲ့ထွင်သွားရန် ရည်မှန်းထားသည်။

“ကျွန်တော်တို့ရဲ့ အဆင့်မြင့် LTE+ ကွန်ရက်ကို ပိုပြီးကျယ်ပြန်တဲ့ဒေသက မြို့နယ်တွေအပါအဝင် နိုင်ငံအနှံ့က နေရာတွေမှာ အသုံးပြုနိုင်အောင်စီစဉ်ထားတဲ့အတိုင်း ဆောင်ရွက်သွားမှာပါ။ ဒီနေရာ (၅) နေရာမှာရှိတဲ့ သုံးစွဲသူတွေဟာ မကြာခင်မှာ မျိုးဆက်သစ်နည်းပညာသုံးထားတဲ့ကွန်ရက်ရဲ့ အမြန်နှုန်းတွေကို သုံးပြီး ကိုယ်နှစ်သက်တဲ့ အွန်လိုင်းဝန်ဆောင်မှုတွေကို မိုဘိိုင်းလ်ဆက်သွယ်မှုကနေတစ်ဆင့် ချိတ်ဆက်နိုင်ပါတော့မယ်” ဟု MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ မစ္စတာ Reizo Umeda က ပြောကြားခဲ့ပါသည်။

အဆိုပါ LTE+ ရရှိသည့်နေရာသစ်များတွင် ရှယ်ပြောနှင့် ဆွေသဟာအစီအစဉ်များ ရယူထားသော သုံးစွဲသူများအနေဖြင့် LTE+ ကွန်ရက်ကို ပထမဆုံး စတင်အသုံးပြုသည့်အချိန်တွင် MPT ၏ 1GB ဒေတာ လက်ဆောင်ကို ရရှိမည်ဖြစ်ပါသည်။ လက်ဆောင်ရသောဒေတာများကို စတင်ရရှိသည့်အချိန်မှ တစ်ပတ်အတွင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။

LTE+ ကွန်ရက်ကို ဖြန့်ကျက်ခြင်းနှင့်အတူ သုံးစွဲသူများအနေဖြင့် MPT၏ ကွန်ရက်ဖြန့်ကျက်ခြင်းအား သိရှိစေရေးအတွက် မြန်မာပြည်အနှံ့အပြားတွင် အထိမ်းအမှတ်ပွဲများပြုလုပ်နေပြီး အဆိုပါကွန်ရက် ဖြန့်ကျက်ခြင်းအစီအစဉ် ပြီးစီးပါက နေရာအားလုံးသို့ ရောက်ရှိသွားမည်ဖြစ်ကာ နိုင်ငံအတွင်းတွင် အကျယ်ပြန့်ဆုံး ကွန်ရက်အဖြစ် ဖြန့်ကျက်လာနိုင်မည်ဖြစ်ပါသည်။

LTE+ ကွန်ရက်အသစ် ဖြန့်ကျက်သည့် နေရာအသစ်များ

တိုင်းဒေသကြီး/ပြည်နယ်မြို့/မြို့နယ်
ကချင်ပြည်နယ်ဖားကန့် (ဇူလိုင်လ ၁၅ ရက်နေ့တွင်ရရှိပြီး)
မြစ်ကြီးနား (သြဂုတ်လ)
ကယားပြည်နယ်လွိုင်ကော် (သြဂုတ်လ)
ကရင်ပြည်နယ်ဘားအံ (သြဂုတ်လ)
မန္တလေးတိုင်းဒေသကြီးညောင်ဦး (သြဂုတ်လ)
ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျိုင်းတုံ (သြဂုတ်လ)

* မှတ်ချက် ။ ။ ယနေ့အထိ MPT ၏ 1.8 GHz လှိုင်းနှုန်းစဉ်ဖြင့် LTE+ ကွန်ရက်ကို ပြည်နယ်နှင့်တိုင်း ဒေသကြီးရှိ မြို့ကြီး (၂၂) မြို့အပါအဝင် မြို့နယ် (၆၆) မြို့နယ်တွင်ရရှိနိုင်ပြီဖြစ်ပါသည်။*

လျင်မြန်စွာတိုးချဲ  ့ခြင်းနှင့်အတူ ယခုနှစ် စက်တင်ဘာလတွင် LTE+ ကွန်ရက်ကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးက မြို့ကြီး (၃၀) အပါအဝင် မြို့နယ် (၇၅) မြို့နယ်တွင်  လွှမ်းခြုံနိုင်မည် ဖြစ်ပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊နည်းပညာဌာနကြီး ဆက်သွယ်ရေးနည်းပညာဌာန အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။                ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ နည်း ပညာဌာနကြီး၊ ဆက်သွယ်ရေးနည်းပညာဌာနမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ရိဒ်-မင်းတပ်1.5 Gigabit မိုက္ကရို‌ဝေ့ဗ်ဆက်ကြောင်း(13 Hops) တွင် စက်ပစ္စည်းများ ပို့ဆောင်/ တပ်ဆင်ခြင်းလုပ်ငန်းများအား ဆက်ကြောင်းဖွင့်လှစ်အသုံးပြုနိုင်သည်အထိ ဆောင်ရွက်ပေးရန် လုပ်ငန်းအပ်နှံဆောင်ရွက်လိုပါသဖြင့် ဖိုင်ဘာနှင့်မိုက္ကရို Transmission တည်ဆောက်ရေးလုပ်ငန်း အတွေ့အကြုံရှိသော ကုမ္ပဏီများအား အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

စက်ပစ္စည်းများ Site အရောက်ပို့ဆောင်ခြင်း နှင့် တပ်ဆင်ခြင်း

(၁)  စက်ပစ္စည်းများ အားဆိပ်ကမ်း/လေဆိပ်မှထုတ်ယူ၍ MPT ဂိုဒေါင်အရောက်ပို့ဆောင်ခြင်း

(၂) MPT ဂိုဒေါင်မှ စက်ပစ္စည်းများ အား Site အရောက်ပို့ဆောင်ခြင်း

(၃) 4 Legged Self Supporting Tower တပ်ဆင်ခြင်း၊ ဆေးသုတ်ခြင်း၊ Earthing  ပြုလုပ် ခြင်း (၃၀မီတာ၊၄၀မီတာ၊၅၀မီတာ၊၇၀မီတာ၊၁၀၀မီတာ)

(၄) Shelter Installation ပြုလုပ်ရန်။

(၅) Power & Facility Installation

(၆) 1.5 Gigabit Radio Equipment Installation

(၇) STM-1 (SDH) Installation

(၈) Fiber (24 Cores)O/H (45)Km သွယ်တန်းခြင်း။(Concrete Post Design  7M  ,Span 50m) ,  Footing   ပါရမည်။

၂။       တင်ဒါပုံစံများကို ကျပ် ၅၀၀၀၀ိ/-(ကျပ်ငါးသောင်းတိတိ)ဖြင့် (၂၄.၇.၂၀၁၇)ရက်နေ့မှ (၁.၈.၂၀၁၇)ရက်နေ့ထိ ရုံးချိန်အတွင်း ရောင်းချမည်ဖြစ်ပြီး တင်ဒါအဆိုပြုလွှာများကို (၂၃.၈.၂၀၁၇) ရက်နေ့ (ပြင်ဆင်ချက်) (၁၄း၀၀) နာရီ တိတိ နောက်ဆုံး ထား၍ ပေးသွင်းရန် ဖြစ်ပါသည်။

၃။      အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အောက်ဖော်ပြပါလိပ်စာသို့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ပါသည်။

 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ နည်းပညာဌာနကြီး၊

ဆက်သွယ်ရေးနည်းပညာဌာန

အမှတ် (၁၂၅)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

တယ်လီဖုန်းအမှတ်-၀၉-၄၅၀၀၀၀၁၈၁ ၊၀၉-၄၅၀၀၀၀၂၇၅ 

E-mail Address: [email protected]

E-mail Address: [email protected]

ခေတ်မီအိတ်ချိန်းစက်များလဲလှယ်မည်ဖြစ်သဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအားပြောင်းလဲမည်

(ရန်ကုန်၊ ဇူလိုင်လ ၁၈ ရက်၊ ၂၀၁၇) – MPT အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေးနှင့် ခေတ်မီဝန်ဆောင်မှုများကိုပေးနိုင်ရန်အတွက် လက်ရှိအသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်များဖြင့် ပြောင်းလဲ တပ်ဆင်ပေးသွားမည် ဖြစ်ပါ သည်။ အောက်ပါ နယ်မြေ (၁၀) ခုရှိ အိ်တ်ချိ်န်းများကို ၂၀၁၇ခုနှစ် သြဂုတ်လ (၁၂) ရက်နေ့တွင် ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲ တပ်ဆင်မည် ဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်း နံပါတ်များလည်း အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။ Continue reading “ ခေတ်မီအိတ်ချိန်းစက်များလဲလှယ်မည်ဖြစ်သဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအားပြောင်းလဲမည်”

M-Learning FAQ MM

M-Learning

၁။ M-Learning ဝန်ဆောင်မှုဆိုတာဘာလဲ။

  • ဤ M-Learning ဝန်ဆောင်မှုသည် ဘာသာစကားသင်ခန်းစာစီးရီးများမှတစ်ဆင့် အင်္ဂလိပ်စာလေ့လာသင်ယူနိုင်ရန် MPT သုံးစွဲသူများအား ဖိတ်ကြားထားသော ပညာရေးဆိုင်ရာ အင်္ဂလိပ်စာလေ့လာရေးပေါ်တယ်တစ်ခု ဖြစ်ပါသည်။ ဤဝန်ဆောင်မှု၌ (SMS မှတစ်ဆင့် တစ်နေ့လျှင် တစ်စောင်လက်ခံရရှိမည့်) ဘာသာစကားလေ့လာရေးဆိုင်ရာ အထွေထွေဗဟုသုတများအပြင် HTML5 ပေါ်တယ်သို့ ဝင်ရောက်လေ့လာနိုင်ခွင့်ပါ ပါဝင်ပါသည်။ ဤဝန်ဆောင်မှုတွင် သုံးစွဲသူများ လေ့လာနိုင်ရန်အတွက် ကဏ္ဍအမျိုးမျိုးနှင့် အဆင့်အမျိုးမျိုး (အခြေခံ၊ အလယ်အလတ်၊ အဆင့်မြင့်) တင်ဆက်သွားမည်ဖြစ်ပါသည်။

ဝန်ဆောင်မှုသုံးစွဲသည့်အခါ (အခွန်အားလုံးအပါအဝင်) တစ်ရက်လျှင် ၁၅၈ ကျပ် ကျသင့်ပါမည်။ ပထမအကြိမ် အခပေးစာရင်းသွင်းပြီးသည့်အခါ သုံးစွဲသူများသည် ဝန်ဆောင်မှုကို ရ ရက်တာ အခမဲ့သုံးစွဲခွင့် ရရှိမည်ဖြစ်ပါသည်။ အခမဲ့ကာလမကုန်ဆုံးမီ စာရင်းသွင်းထားသူများထံသို့ ဝန်ဆောင်မှုနှင့်သက်ဆိုင်သော အသိပေးချက်များ ပေးပို့သွားမည်ဖြစ်ပါသည်။

၃။ ဝန်ဆောင်မှုကို ဘယ်သူတွေ သုံးစွဲခွင့်ရှိသလဲ။

ဝန်ဆောင်မှုကို MPT သုံးစွဲသူအားလုံး အသုံးပြုနိုင်ပါသည်။ ဆင်းမ်ကတ်ပိုင်ရှင်၊ သို့မဟုတ် ဆင်းမ်ကတ်ပိုင်ရှင်ထံမှ ဆင်းမ်ကတ်အသုံးပြုခွင့်ရရှိထားသူကို ဖုန်းအမှန်တကယ်သုံးစွဲသူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အခပေးသုံးစွဲသူအဖြစ် သတ်မှတ်ပါသည်။

၅။ M-Learning ဝန်ဆောင်မှုကို ဘယ်လိုပယ်ဖျက်နိုင်မလဲ။

ဝန်ဆောင်မှု ပယ်ဖျက်ရန် အောက်ပါအဆင့်များအတိုင်း လိုက်နာပါ။

I. 8282 သို့ STOP ဟု ပို့ပါ။

II. ဝန်ဆောင်မှုပယ်ဖျက်ပြီးနောက် သုံးစွဲသူသည် အတည်ပြု SMS လက်ခံရရှိမည်။

၇။ M-Learning အတွက်လင့်ခ်ကို ဘယ်မှာ ရှာလို့ရနိုင်မလဲ။

http://engclass.up.st/ ဟူသည့်လင့်ခ်မှ M-Learning ပေါ်တယ်သို့ ဝင်ရောက်နိုင်ပါသည်။ သုံးစွဲသူအနေနှင့် 8282 သို့ INFO ဟု ပေးပို့ပြီးလည်း ပေါ်တယ်၏လင့်ခ်ကို ပြန်လည်ရယူနိုင်ပါသည်။

၉။ M-Learning ပေါ်တယ်က နှေးနေပါတယ်။ ဘာလုပ်ရမလဲ။/ ပေါ်တယ်အတွင်း ဝင်ရောက်ချိန်မှာ တို့ထိတာ၊ ကလစ်နှိပ်တာတွေ လုပ်ပါတယ်။ ဘာမှဖြစ်မလာပါဘူး။ ဘာကြောင့်ပါလဲ။

  • a) ပထမဆုံးအနေနှင့် စာမျက်နှာကို ပြန်တင်ပါ။ သို့မဟုတ် ဘရောက်ဇာကို ပိတ်လိုက်ပြီး နောက်တစ်ကြိမ် ပြန်ဖွင့်ပါ။
  • b) သင့်ဖုန်း၏ အင်တာနက်ချိတ်ဆက်မှု၊ သို့မဟုတ် WIFI အလုပ်လုပ်ရဲ့လား ပြန်လည်စစ်ဆေးပါ။
  • c) ဖုန်းအင်တာနက် အသုံးပြုနေပါက အင်တာနက်သုံးစွဲ၍ရနိုင်ကြောင်း သေချာပါစေ။ (လိုအပ်ပါက ဝန်ဆောင်မှုပံ့ပိုးသူထံ ဆက်သွယ်စစ်ဆေးပါ။)
  • d) ဘရောက်ဇာကို “ကိုယ်ပိုင်ဝင်းဒိုး” သို့မဟုတ် “လျှို့ဝှက်အနေအထား” နှင့် သုံးစွဲနေတာမျိုး မဖြစ်ပါစေနှင့်။
  • e) သင့်ဖုန်း နှေးနေလျှင် မလိုအပ်ဘဲ ဖွင့်ထားမိသော ဝင်းဒိုးများ၊ စာမျက်နှာများကို ပိတ်ပါ။ ဝင်ရောက်မှုကို အဟန့်အတားဖြစ်စေနိုင်သော အထူးပလတ်အင်များ၊ အင်တီဗိုင်းရပ်နှင့် ဖိုင်းယားဝေါဆော့ဝဲများကို ပိတ်ပါ။

၁၁။ M-Learning ဝန်ဆောင်မှုကို ဖုန်း/တက်ဘလက်တစ်လုံးအပြင် တခြားကနေရော ဝင်လို့ရမလား။

  • ရပါသည်။ M-Learning ပေါ်တယ်လင့်ခ်နှင့် သင့်၏အထောက်အထားအချက်အလက်များကို အသုံးပြုမည်ဆိုပါက အင်တာနက်ချိတ်ဆက်ထားသော မည်သည့်ကိရိယာမှာမဆို ပေါ်တယ်ကို အသုံးပြုနိုင်ပါသည်။

၂။ ဝန်ဆောင်မှုက ဘယ်လိုလည်ပတ်သလဲ၊ ဘယ်လိုအခပေးစာရင်းသွင်းရမှာလဲ။

(WiFi, 2G, 3G သို့မဟုတ် 4G) အင်တာနက်ချိတ်ဆက်မှုဖြင့် ပေါ်တယ်သို့ ဝင်ရောက်နိုင်ပါသည်။ အခပေးစာရင်းသွင်းမှုအဆင့်မှုများကို အောက်တွင် ရှင်းလင်းဖော်ပြထားသည်။

a) 8282 သို့ ON ဟု ပို့ပါ။

b) စာရင်းသွင်းမှု အောင်မြင်ပြီးသည့်နောက်တွင် သုံးစွဲသူသည် အောက်ဖော်ပြပါအတည်ပြု SMS ကို လက်ခံရရှိသည်။ ၎င်းတို့မှာ –

  • ကြိုဆိုမက်ဆေ့ချ်
  • ပေါ်တယ်သို့ ဝင်ရောက်ရမည့် အသေးစိတ်အချက်အလက်များ (သုံးစွဲသူအိုင်ဒီ/စကားဝှက် နှင့် ပေါ်တယ်လင့်ခ်)
  • အင်္ဂလိပ်သင်ခန်းစာ – တစ်နေ့တာလေ့လာရမည့်အကြောင်းအရာ

၄။ လက်ခံရရှိသော SMS အတွက် ဘယ်လိုပေးချေရမလဲ။

  • 8282 မှ သုံးစွဲသူ လက်ခံရရှိသော SMS များအားလုံးမှာ အခမဲ့ဖြစ်သော်လည်း နေ့စဉ်ကြေးအနေနှင့် တစ်ရက်လျှင် ၁၅၈ ကျပ် ကောက်ခံသွားပါမည်။

၆။ User ID & စကားဝှက်ကို ဘယ်လို ရနိုင်မလဲ။

  • M-Learning ပေါ်တယ်သို့ ဝင်ရောက်ရမည့် ကိုယ်ပိုင်အထောက်အထားအချက်အလက်များကို ကနဦးအခပေးစာရင်းသွင်းပြီးသည်နှင့် သုံးစွဲသူထံ ပေးပို့သွားပါမည်။ သုံးစွဲသူအနေနှင့် မည်သည့်အချိန်တွင်မဆို 8282 သို့ PASSWORD ဟု ပေးပို့ပြီး ပေါ်တယ်၏လင့်ခ်ကို ပြန်လည်ရယူနိုင်ပါသည်။ သင်၏ဖုန်းနံပါတ်မှာ သင်၏ သုံးစွဲသူအထောက်အထားအချက်လက် (ID) ပင် ဖြစ်ပါသည်။

၈။ M-Learning ပေါ်တယ်ကို ဘာလို့ ဝင်မရတာလဲ။

  • သုံးစွဲသူအနေနှင့် ပေါ်တယ်သို့ ဝင်ရောက်နိုင်ရေးအတွက် HTML5 ကို ပံ့ပိုးသော ဘရောက်ဇာ လိုအပ်နေခြင်းဖြစ်နိုင်ပါသည်။ အခြားအကြောင်းအနေနှင့် အခကြေးပေးချေရာတွင် ပြဿနာဖြစ်ပေါ်နေခြင်းလည်း ဖြစ်နိုင်ပါသည်။ နေ့စဉ်ကြေး ပေးချေရန်အတွက် မိမိဖုန်းတွင် ငွေလက်ကျန် အလုံအလောက်ရှိရဲ့လား ပြန်လည်စစ်ဆေးပါ။ သင့်ဖုန်းငွေလက်ကျန်မှ နေ့စဉ်ကြေး ကောက်ခံပြီးသည်နှင့် ပေါ်တယ်ပေါ်သို့ အပြည့်အဝ ဝင်ရောက်နိုင်ပါလိမ့်မည်။

၁၀။ ပေါ်တယ်သို့ အလွယ်ဝင်ရောက်နိုင်အောင် M-Learning ပေါ်တယ်စာမျက်နှာကို ဖုန်းထဲက တစ်နေရာရာမှာ သိမ်းထားလို့ရမလား။

သင့်ဖုန်း/တက်ဘလက်၏ ပင်မစာမျက်နှာပေါ်တွင် ပေါ်တယ်၏ရှော့ကတ်ကို ဖန်တီးထားနိုင်ပါသည်။ ယင်းသို့လုပ်ဆောင်ရန် ဘရောက်ဇာ၏ ဆက်တင်အတွင်းဝင်ပြီး “Add to homescreen” ကို နှိပ်ပါ။ အင်တာနက်ကို ဖွင့်ထားဖို့ကိုတော့ မမေ့ပါနှင့်။ သို့မဟုတ်ပါက လင့်ခ် အလုပ်လုပ်မည်မဟုတ်ပေ။

၁၂။ ကျွန်တော် မက်ဆေ့ချ် ပို့ပါတယ်။ ဒါပေမယ့် အကြောင်းပြန်မက်ဆေ့ချ် ပြန်မရပါဘူး။

ယင်းသို့ အကြောင်းပြန်မက်ဆေ့ချ် ပြန်မရသည့်အခါ အောက်ဖော်ပြပါညွှန်းကြားချက်များကို လိုက်နာဆောင်ရွက်ပါ။

a) ဖုန်း၏မက်ဆေ့ချ်ဝင်ဆံ့မှုပမာဏ ပြည့်သွားပြီးလား၊ မက်ဆေ့ချ်သစ် လက်ခံရန် မဲမိုရီ မရှိတော့ဘူးလားဆိုတာ စစ်ပါ။ နေရာလွတ်ရရှိစေရန် မက်ဆေ့ချ်တချို့ကို ဖျက်ပစ်ပါ။

b) မက်ဆေ့ချ်ကို ပို့ရမည့်နံပါတ်ဆီ ပို့မထားမိသည့်အခါ SMS အသစ်တစ်စောင်ရေးပြီး ဝန်ဆောင်မှုထံမှ မက်ဆေ့ချ်လာသည့်နံပါတ်ဆီ ပြန်ပို့ပါ။

c) လောလောဆယ် မိမိအနီးဝန်းကျင်၌ လိုင်းကျပ်နေခြင်းလည်း ဖြစ်နိုင်ပါသည်။ ခေတ္တစောင့်ပေးပါ။ ၁၅ မိနစ်အတွင်း မက်ဆေ့ချ် ဝင်မလာပါက SMS အသစ်တစ်စောင် ထပ်ပို့ပါ။

M-learning Portal တွင် အင်္ဂလိပ်စာကို မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် သင်ယူနိုင်

(ရန်ကုန်၊ ၁၇ ရက် ဇူလိုင်လ ၂၀၁၇) – MPT သုံးစွဲသူများအနေဖြင့် အင်္ဂလိပ်စာလေ့လာ သင်ယူနိုင်စေရန် ရည်ရွယ်ထားသည့်  ထူးခြားဆန်းသစ်သော ပညာသင်ကြားရေး Protal ဖြစ်သည့် M-Learning ကို စတင်အသုံးပြုနိုင်ပြီဖြစ်သည်။ ဤဝန်ဆောင်မှုတွင် သုံးစွဲသူ၏ အင်္ဂလိပ်စာကျွမ်းကျင်မှု အဆင့်(အခြေခံအဆင့်၊ အလယ်အလတ်နှင့် အဆင့်မြင့်) အပေါ် မူတည်၍ ကဏ္ဍအမျိုးမျိုးခွဲခြားထားသော သင်ခန်းစာမျိုးစုံပါဝင်မည် ဖြစ်ပါသည်။

ယခုလို ပထမဆုံး မိတ်ဆက်လိုက်သည့် M-Learning မိုဘိုင်းလ် Portal တွင် ကဏ္ဍ ခြောက်မျိုုးပါဝင်ပြီး နောက်ဆုံးပေါ် ဝေါဟာရများ၊ စကားပြောဆိုမှုနှင့် အပြန်အလှန်ပြောဆိုခြင်းဆိုင်ရာ အချက်အလက်များအပြင် အသံထွက်လေ့ကျင့်ရန် အတွက် အကြံပေးချက် အသံနမူနာများ ပါဝင်မည်ဖြစ်ပါသည်။ ရယူအသုံးပြုလိုသူများ အနေဖြင့် ကဏ္ဍတစ်ခုစီ အတွက် မေးခွန်း (၁၀) ခုစီကိုဖြေဆိုပြီး ၎င်းတို့၏ ဘာသာစကား ကျွမ်းကျင်မှုကို ဆန်းစစ်ကာ အသုံးပြုနိုင်မည် ဖြစ်ပါသည်။

M-Learning ဝန်ဆောင်မှုသည် HTML 5 နည်းပညာကို အသုံးပြုထားသော မိုဘိုင်းလ်ဝက်ဘ်ဆိုက်ကို အခြေခံ၍ ဝန်ဆောင်မှုပေးထားခြင်း ဖြစ်သောကြောင့် အင်တာနက်ဝန်ဆောင်မှုကို အသုံးပြုနိုင်သော Android၊ iOS၊ Windows အစရှိသည့် operating စနစ်သုံး စမတ်ဖုန်းအားလုံးဖြင့် သုံးစွဲနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် အသုံးပြုသူများအနေဖြင့် ကွန်ပျုတာများ သို့မဟုတ် လက်ပ်တော့ပ်များမှတစ်ဆင့်လည်း Portal သို့ ဝင်ရောက်အသုံးပြုနိုင်မည် ဖြစ်သောကြောင့် cloud ကို အခြေခံထားသော အဆိုပါဝန်ဆောင်မှုကို MPT အသုံးပြုသူများအနေဖြင့် အဆင်ပြေလွယ်ကူစွာဖြင့် အသုံးပြုနိုင်မည်ဖြစ်ပါသည်။

ဤဝန်ဆောင်မှုကို MPT သုံးစွဲသူအားလုံး အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ရယူအသုံးပြုမည့်သူများအနေဖြင့် မည်သည့်ဖုန်းအမျိုးအစားဖြင့်မဆို Portal သို့ အကန့်အသတ်မရှိ ဝင်ရောက်ပြီး အင်္ဂလိပ်စာ သင်ခန်းစာများကို နေ့စဉ် စာတိုများ(SMS) ရယူခြင်းဖြင့် သင်ကြားနိုင်မည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။

ဤ M-Learning Portal ဘာသာစကားသင်ကြားသည့် ဝန်ဆောင်မှုကို အသုံးပြုရန်အတွက် သုံးစွဲသူများ အနေဖြင့် 8282 သို့ “ON” ဟု စာတို (SMS) ပေးပို့ရမည်ဖြစ်ကာ အောက်ဖော်ပြပါအဆင့်များအတိုင်း လုပ်ဆောင်ရမည်ဖြစ်ပါသည်။

က) 8282 သို့ “ON” ဟု စာတို (SMS) ပေးပို့ပါ

ခ) ဝန်ဆောင်မှုချိတ်ဆက်ပြီးပါက အသုံးပြုသူသည် အောက်ပါအတိုင်း အတည်ပြုကြောင်း စာတို (SMS) ရရှိမည် ဖြစ်ပါသည်-

၁။ ကြိုဆိုသောစာတို

၂။ အသုံးပြုသူ၏ ID၊ လျှို့ဝှက်နံပါတ်နှင့် M-Learning Portal သို့ ဝင်ရောက်ရန်လင့်ခ်

၃။ အင်္ဂလိပ်စာသင်ခန်းစာ – ယနေ့အတွက် ပို့ချချက် မာတိကာ

စတင်သုံးစွဲသူများအားလုံးမှာ (၁) ပတ်အကြာ အခမဲ့သုံးစွဲခွင့်ရရှိမည်ဖြစ်ပြီး ယင်း (၁) ပတ်တာကာလ ကုန်ဆုံး ချိန်တွင် နေ့စဉ်အသုံးပြုခ ၁၅၈ ကျပ် (အခွန်အပါအဝင်) ကို ဖုန်းဘေလ်မှတစ်ဆင့် ကောက်ခံသွားမည် ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှ “အခုလို M-Learning portal စတင်နိုင်ခြင်းဟာ MPT အနေနဲ့ မိုဘိုင်းလ် သင်ကြားရေးဝန်ဆောင်မှုကို စတင် တက်လှမ်းလိုက်တဲ့ ခြေလှမ်းတစ်ခုပဲ ဖြစ်ပါတယ် အထူးသဖြင့် ဒီအထဲမှာအင်္ဂလိပ်စာ သင်ကြားဖို့ အကောင်းဆုံး အရင်းအမြစ်တွေ ပါဝင်မှာပဲဖြစ်ပါတယ်။ စီးပွားရေးနယ်ပယ်ရဲ့လက်တံတွေဟာ  ကမ္ဘာတစ်ဝှမ်းလုံးကို လျင်လျင်မြန်မြန်နဲ့ တစ်နေ့တစ်ခြားဖြန့်ကျက်လာနေပြီး အင်္ဂလိပ်ဘာသာစကားဟာလည်း နိုင်ငံတကာမှာ လုပ်ငန်းသုံးဘာသာစကားအဖြစ်  အများက သတ်မှတ်ထားပြီးဖြစ်တဲ့အတွက်  မိမိတို့ရဲ့ ဘဝရှေ့ရေးအတွက် ကြိုးစားချင်သူတွေအဖို့ အင်္ဂလိပ်ဘာသာကို ဒုတိယဘာသာအနေနဲ့ သင်ကြားဖို့ အလွန်ပဲ အရေးကြီးလာပြီ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

M-Learning ဝန်ဆောင်မှုနှင့် ယင်းကို မည်သို့အသုံးပြုရမည်ဟူသော အချက်များနှင့် ပတ်သက်ပြီး ပိုမိုသိရှိလိုပါက http://engclass.up.st/  တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT ဝန်ထမ်းများအား တစ်နှစ်တာ လုပ်ငန်းခွင်သင်တန်း တက်ရောက်နိုင်ရန် အတွက်ဂျပန်နိုင်ငံသို့စေလွှတ်

အလားအလာရှိသော MPT ဝန်ထမ်းလေးဦးကိုရွေးချယ်ပြီး မြန်မာနို်င်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ဂျပန်နိုင်ငံတွင် လုပ်ငန်းကျွမ်းကျင်မှုထူးချွန်စေရန် လေ့ကျင့်သင့်ကြားပေးခြင်း

(ရန်ကုန်၊ ဇူလိုင်လ ၁၄ ရက်၊ ၂၀၁၇ ခုနှစ်) – မြန်မာနိုင်ငံ၏ အလျင်အမြန်တိုးတက်နေသော ဆက်သွယ်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်မှုများ၊ သုံးစွဲသူဝန်ဆောင်မှု ပေးရေးတို့တွင် တိုးတက်ကောင်းမွန်စေရန်အတွက် MPT မှ လက်တွဲဖော်အဖွဲ့အစည်းဖြစ်သည့် KDDI နှင့် ပူးပေါင်းပြီး မိမိတို့ဌာနအတွင်းမှ ဝန်ထမ်းလေးဦးကို ဂျပန်နိုင်ငံသို့ သင်တန်းတက်ရောက်ရန် စေလွှတ်သွားမည် ဖြစ်ပါသည်။ အဆိုပါ အစီအစဉ်သည် MPT နှင့် ဂျပန်မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် KDDI Corporation နှင့် Sumitomo Corporation တို့ အကြား ပူးပေါင်းဆောင်ရွက်ခြင်းမှ တစ်ဆင့် ဖြစ်ပေါ်လာသည့် အသီးအပွင့်များ ဖြစ်ပါသည်။

သင်တန်းကာလအနေဖြင့် ၂၀၁၇ ခုနှစ် ဇူလိုင်လမှ ၂၀၁၈ ခုနှစ် ဇွန်လအထိ ဖြစ်ပြီး အဆိုပါသင်တန်း အစီအစဉ် သည် ဆက်သွယ်ရေးနယ်ပယ်၏ များပြားလှစွာသော နည်းပညာများနှင့် ဗဟုသုတများကို ပါဝင် တက်ရောက်သူများ ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိစေရန်အတွက် ရည်ရွယ်ထားပါသည်။ ယခုလို မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ဂျပန်နိုင်ငံ၏ အကြီးမားဆုံးသော ဆက်သွယ်ရေးအော်ပရေတာ တစ်ခုုဖြစ်သည့် KDDI လုပ်ငန်းရှိ ကမ္ဘာ့တစ်ဝှမ်းမှ နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ နှင့် စက်မှုဆိုင်ရာ ကျွမ်းကျင်သူများထံမှ ပညာရပ်များကို သင်ယူနိုင်စေရန်အတွက် ရည်ရွယ် ဆောင်ရွက်ခြင်းလည်း ဖြစ်ပါသည်။

အဆိုပါစေလွှတ်သွားမည့် MPT ဝန်ထမ်းလေးဦးမှာ စီးပွားရေးရာစီမံကိန်းဌာနမှ ကိုကြည်ဆွေအောင် (၂၉ နှစ်)၊ International Transmission & Maintenance Center မှ မစုစုမော် (၃၅ နှစ်) နှင့် လုပ်ငန်းလည်ပတ်မှု ဌာနမှ မရင်ရင်ဇော် (၃၃ နှစ်) နှင့် ကိုစောဒေးဗစ်စန်း (၃၄ နှစ်) တို့ဖြစ်ပါသည်။

“ အခုလို ဂျပန်နိုင်ငံမှာ သင်တန်းသွားရောက်တက်ရမယ့် ကျွန်မတို့ရဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လုပ်ဖော်ကိုင်ဖက်တွေအတွက် အထူးပဲဂုဏ်ယူမိပါတယ်” ဟုသင်တန်းသူတစ်ဦးဖြစ်သည့် မရင်ရင်ဇော်က ပြောကြားခဲ့ပါသည်။ “ ဒီသင်တန်းအစီအစဉ်က ဂျပန်နိုင်ငံရဲ့ ထိပ်တန်းအဖွဲ့အစည်းတစ်ခုနဲ့ ပူးပေါင်းပြီး ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေ တိုးတက်ဖို့အတွက် အခွင့်အလမ်းတစ်ခု ဖြစ်လာပါတယ်။ သင်ကြားတတ် မြောက်လာတဲ့ ပညာရပ်တွေကိုလည်း မိမိနိုင်ငံကို ပြန်လာတဲ့အခါမှာ ဆက်သွယ်ရေးကဏ္ဍ တိုးတက်စေဖို့ အတွက်အထောက်အပံ့တစ်ခုအဖြစ် ကူညီနိုင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ အခုသင်တန်းမှာ ဘာတွေများသင်ကြားတတ်မြောက်နိုင်မှာလဲဆိုတာကို စိတ်အားထက်သန်စွာနဲ့စောင့်မျှော်နေပါတယ်” ဟု ဆက်လက်ပြောကြားခဲ့ပါသည်။

ဂျပန်ဘာသာစကားကို ၃လကြာ သင်ကြားပြီးနောက်တွင် သင်တန်းသားများသည် လက်တွေ့ပိုင်းနှင့် သီအိုရီပိုင်းဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာတို့ကို ထဲထဲဝင်ဝင်သိမြင်နိုင်စေရန်အတွက် KDDI ၏ ကျွမ်းကျင်ဝန်ထမ်းများမှ သက်ဆိုင်ရာနယ်ပယ်များအလိုက် သင်ကြားပေးသွားမည်ဖြစ်ပါသည်။ အဆိုပါ သင်တန်းတွင်ပါဝင်သော ဘာသာရပ်များမှာ စီမံကိန်းရေးဆွဲခြင်း၊ ဈေးကွက်ဆိုင်ရာများ၊ စီးပွားရေး စီမံခန့်ခွဲမှုနှင့် ကျွမ်းကျင်မှုဆိုင်ရာများ၊ လုပ်ငန်းလည်ပတ်မှုအတွက် နည်းပညာဆိုင်ရာကျွမ်းကျင်မှုသင်တန်း အစရှိသော KDDI ဌာနမှ ရွေးချယ်ထားသောသင်တန်းများကို တကယ့်လုပ်ငန်းခွင်အတွင်း သင်ကြားသွားရမည်ဖြစ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဦးဆောင်ညွွှန်ကြားရေးမှူးဖြစ်သူ ဦးခင်မောင်ထွန်း က “ ဒီလို ဂျပန်နိုင်ငံမှာ လေ့ကျင့် သင်တန်းပေးတဲ့ အစီအစဉ်ကတစ်ဆင့် ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေနဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တစ်ခုလုံး အကျိုးကျေးဇူးတွေရရှိနိုင်မယ့်လို ယုံကြည်ပါတယ်။ ဒါ့အပြင် သင်တန်းသားတွေအနေနဲ့လည်း အောင်မြင်တဲ့ ဆက်သွယ်ရေးလုပ်ငန်းတစ်ခုကို လည်ပတ်ဆောင်ရွက်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ နဲ့ အတတ်ပညာတွေကို ဂျပန်နိုင်ငံရဲ့ စျေးကွက် ထိပ််တန်းကုမ္ပဏီဖြစ်တဲ့ KDDI ထံ ကနေပြီး ဆည်းပူး သင်ယူနိုင်မှာဖြစ်ပါတယ်။ သင်တန်းသားတွေအနေနဲ့ မြန်မာနိုင်ငံကို ပြန်လာပြီး သူတို့ သင်ယူခဲ့တဲ့ ကျွမ်းကျင်မှုတွေ၊ အတွေ့အကြုံတွေကို မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးလုပ်ငန်း ဖွံ ့ဖြိုးတိုးတက်ရေးမှာ အထောက်အကူပြု ဆောင်ရွက်သွားမယ်လို့လည်း ယုံကြည်ပါတယ်” ဟုပြောကြားခဲ့ပါသည်။

ဇွန်လ ၂၀၁၈ သင်တန်းပြီးဆုံးပြီးနောက်တွင် သင်တန်းသား (၄) ဦး သည် မြန်မာနိုင်ငံသို့ ပြန်လာပြီး မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးရေး တွင် အထောက်အကူပြုဆောင်ရွက်သွားမည်ဖြစ်သည်။ MPT အနေဖြင့် လာမည့်နှစ်များတွင်လည်း ယခုလို အစီအစဉ်များကို ဆက်လက်ဆောင်ရွက်ရန်အတွက် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

ထို့အပြင် သင်တန်းသားများအနေဖြင့် ဂျပန်နိုင်ငံတွင် သင်တန်းတက်ရောက်နေပုံများနှင့် နေ့စဉ်ဘဝဖြတ်သန်း နေပုံများကိုလည်း MPT ၏ Facebook စာမျက်နှာ www.facebook.com/mptofficialpage/ တွင် ပြန်လည် ဝေမျှသွားမည်ဖြစ်ပါသည်။