MPT မှ “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့”အစီအစဉ်ဖြင့် သစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုကို ပြည်တွင်း NGO များ နှင့်ပူးပေါင်းကာ ရန်ကုန်တွင်စတင်

(ရန်ကုန်၊ ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၄ ရက်)- MPT မှ သစ်ပင်စိုက်ပျိုးခြင်းအစီအစဉ်တစ်ခုကို ပြည်တွင်းမှ ဒေသခံ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လူမှုအဖွဲ့အစည်းများဖြစ်သည့် မြတ်နိဗ္ဗာန်သစ်ပင် စိုက်ပျိုးလှူဒါန်းရေးအဖွဲ့၊ ကလျာဏ သဟာယအဖွဲ့၊ ရှမ်းကုန်းလမ်းသန့်ရှင်းရေးအသင်းတို့ နှင့် ပူးပေါင်းကာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁၂) ရက်နေ့တွင် ဒဂုံမြို့သစ်အရှေ့ပိုင်း ကုန်းဘောင်လမ်းရှိ ဇမ္ဘူဒီပ ဘုန်းတော်ကြီးကျောင်း၊ နိဂြောဓာရုံ ဘုန်းတော်ကြီးကျောင်းနှင့် မေတ္တာရောင်ခြည် ဘုန်းတော်ကြီးကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပျိုးပင်ပေါင်း (၄၅၀) စိုက်ပျိုးသည့် လှုပ်ရှားမှုများကို သက်ဆိုင်ရာအဖွဲ ့အစည်းများမှ စေတနာ့ ဝန်ထမ်း (၁၀၀) ခန် ့နှင့်အတူ လွန်ခဲ့သည့် ရုံးပိတ်ရက် စနေနေ့က ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါလှုပ်ရှားမှုများသည် MPT ၏ နိုင်ငံတစ်ဝှမ်း သစ်ပင်ထောင်ပေါင်းများစွာစိုက်ပျိုးရန် ရည်မှန်းထားသည့် “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံးတွင် သစ်ပင်များစိုက်ပျိုးမည့် အစီအစဉ်၏ ပထမခြေလှမ်းဖြစ်သော ရန်ကုန်မြို့တွင်ကျင်းပခဲ့သည့် အဆိုပါအခမ်းအနားကို MPT-KSGM Joint Operations ၏ Chief Operating Officer ဖြစ်သူ Mr. Yoshiaki Benino နှင့်အတူ ဌာနအကြီးအကဲများနှင့် စေတနာ့ဝန်ထမ်းများ ပါဝင်ခဲ့ကြပါသည်။

Mr. Yoshiaki Benino က “ကျွန်တော်တို့ MPT ဟာ မြန်မာနိုင်ငံက တာဝန်သိလူမှုအဖွဲ့အစည်းတစ်ခုဖြစ်တာနဲ့အညီ တိုင်းပြည်ဖွံ့ဖြိုးရေးကို ဦးတည်ပြီး ဆောက်ရွက်နေရာမှာ ရေရှည်တည်တံ့နိုင်မယ့် ကြိုးပမ်းအားထုတ်မှုတွေကနေတစ်ဆင့် စိမ်းလန်းစိုပြေတဲ့ ပတ်ဝန်းကျင်ကောင်း ဖြစ်ထွန်းလာစေရေးဟာ လူထုအတွက် အလွန်အရေးပါတယ်ဆိုတာကို လက်ခံယုံကြည်ထားပါတယ်။ သစ်ပင်တွေဟာ ကျေးလက်နဲ့ မြို့ပြနှစ်ခုလုံးက လူမှုအသိုင်းအဝိုင်းတွေအတွက် အရေးပါတဲ့အခန်းကဏ္ဍကပါဝင်နေပါတယ်။ သစ်ပင်တွေဟာ သဘာဝပတ်ဝန်းကျင်ကို လှပစေရုံသာမက ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေ ထိန်းသိမ်းစောင့်ရှောက်ရေးတွေအတွက် အလွန်ပဲ အရေးပါ ပါတယ်။ ဒီအစီအစဉ်ကနေတစ်ဆင့် ကျွန်တော်တို့အနေနဲ့ ပိုပြီးစိမ်းလန်းတဲ့ နိုင်ငံတစ်ခုဖြစ်နိုင်စေဖို့အတွက် ကြိုးပမ်းမှုမှာ အခြားသူတွေအနေနဲ့လည်း အခုလို လုပ်ဆောင်ချက်တွေကို ဆောင်ရွက်ရင်း အတူတကွ ကြိုးပမ်းကြဖို့အတွက် တိုက်တွန်းလိုပါတယ်” ဟုပြောကြားခဲ့သည်။

အဆိုပါအစီစဉ်၏ ပထမအဆင့်အနေဖြင့် သစ်ပင်ပေါင်း (၃၀,၀၀၀) ခန့််ကို မြန်မာနိုင်ငံတစ် ၀ှမ်းတွင်စိုက်ပျိုးခဲ့ပြီးဖြစ်သည့် မြတ်နိဗ္ဗာန်သစ်ပင်စိုက်ပျိုးလှူဒါန်းရေးအဖွဲ့နှင့်ပူးပေါင်းကာ သစ်ပင်စိုက်ပျိုးမည့်အစီအစဉ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ယခုလို အားလပ်ရက်တွင် ကျင်းပခဲ့သည့် လှုပ်ရှားမှုကို အတူလက်တွဲသည့် အဖွဲ ့များဖြစ်သော ကလျာဏသဟာယ အဖွဲ့ဝင် နှင့် ရှမ်းကုန်းလမ်းသန့်ရှင်းရေးအဖွဲ့ဝင်တို့က သစ်ပင်စိုက်ပျိုးမည့်နေရာများရှိ စိုက်ပျိုးရေးနှင့်ပတ်သက်သော ကိစ္စရပ်များ၌ စေတနာ့ဝန်ထမ်းများအဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။

မြတ်နိဗ္ဗာန် သစ်ပင်စိုက်ပျိုးလှူဒါန်းရေးအဖွဲ့ကို ထူထောင်သူ ဦးစိန်သင်းက “သစ်ပင်တွေဟာ သဘာဝကို အထူးကောင်းကျိုးပြုပြီး သန့်ရှင်းတဲ့လေ နဲ့ ရေကို ဖြစ်စေဖို့ အထောက်အပံ့ကောင်းတခုဖြစ်တဲ့ အပြင် ကျွန်တော်တို့ နေထိုင်တဲ့ လူမှု့ပတ်ဝန်းကျင်ကိုလည်း တို်က်ရိုက်ကောင်းကျိုးဖြစ်ထွန်းစေပါတယ်။ MPT အနေနဲ့ ကောင်းမွန်တဲ့ ဥပမာကို ဖော်ဆောင်နိုင်ဖို့အတွက် ရန်ကုန်နဲ့ နောက်ပိုင်းမှာ အခြားဒေသ တွေအထိ အခုလို သစ်ပင်စိုက်ပျိုးတဲ့ လုပ်ငန်းတွေမှာ ကျွန်တော်တို့ မြတ်နိဗ္ဗာန် သစ်ပင်စိုက်ပျိုးလှူဒါန်းရေးအဖွဲ့ နဲ့ အတူပါ၀င်ပြီး သဘာဝပတ်ဝန်းကျင်ကို အကျိုးဖြစ်ထွန်းစေနိုင်မယ့် အခုလိုဆောင်ရွက်မှုတွေမှာ ပါ၀င်လာတာဟာ အလွန်ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ အခြားစိတ်ဝင်စားသူတွေ အနေနဲ့လဲ သစ်ပင်စိုက်ပျိုးခြင်းကတစ်ဆင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ကြစေဖို့အတွက် တိုက်တွန်းလိုက်ရပါတယ်” ဟု ပြောကြားခဲ့ပါသည်။

MPT မှ ယခုနှစ် မိုးရွာသီအတွင်း စိုက်ပျိုးရန်လိုအပ်သည့် အခြားလိုအပ်သော အသုံးစရိတ်များနှင့်အတူ ကျွန်း၊ ပျဉ်းကတိုး၊ တမာပင်၊ အင်ကြင်း၊ ပိတောက်၊ ဗာဒံပင် များအပါအဝင် ပျိုးပင်ပေါင်း (၂,၅၀၀) ကိုစိုက်ပျိုးရန်အတွက် ယခုအစီအစဉ်တွင် လှူဒါန်းခဲ့ပါသည်။ ရန်ကုန်တွင်ကျင်းပသည့် အစီအစဉ်အပြီးတွင် ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်၊ ရွှေကျွန်းကုန်းကျေးရွာ၊ ဧရာဝတီနှင့် မြန်မာနိုင်ငံရှိအခြားနေရာများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အနာဂတ်တွင် သစ်ပင်စိုက်ပျိုးခြင်းနှင့် သဘာဝပတ်ဝန်းကျင်သန့်ရှင်းရေး လှုပ်ရှားမှုများအပြင် MPT မှဝန်ထမ်းများကိုယ်တိုင် ပါဝင်သည့် အခြားသော စေတနာဝန်ထမ်း လူမှုအကျိုးပြုလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Conference Call FAQs MM

Conference Call ဝန်ဆောင်မှု

၁။ Conference Call ဆိုတာဘာလဲ။

Conference Call ဆိုတာ ဖုန်းခေါ်ဆိုမှုတစ်ကြိမ်အတွင်း (initiator အပါအဝင်) ဖုန်းနံပါတ် ခြောက်ခုအထိ တပြိုင်တည်းဖုန်ခေါ်ပြီး ပြောဆိုဆွေးနွေးနိုင်အောင် အထောက်အပံ့ပေးထားတဲ့ ၀န်ဆောင်မှုတစ်ခုပါ။အမ်ပီတီရဲ့ Conference Call ၀န်ဆောင်မှုကို အသုံးပြုပြီး ဖုန်းခေါ်ဆိုမှု တစ်ကြိမ်အတွင်းမှာ ဖုန်းနံပါတ် အများကြီးကိုခေါ်ပြီး ပြောဆိုဆွေးနွေးနိုင်ပါပြီ။

၃။ ရယူထားတဲ့ Conference Call ၀န်ဆောင်မှုကို ပြန်ပြီးပယ်ဖျက်လို့ ရပါသလား။

၁၃၃၁ ကို CC OFF လို့ မက်ဆေ့ချ်ပို့ပြီး ရယူထားတဲ့ ၀န်ဆောင်မှုကို ပြန်ပယ်ဖျက်နိုင်ပါတယ်။ ဒါမှမဟုတ် USSD Menu ကနေ ၀န်ဆောင်မှုကို အောက်ပါအတိုင်း ပယ်ဖျက်နို်င်ပါတယ်။
*106# >> 6. VAS >> 2. Call Services >> 6. Conf-Call >> 2. Unsubscribe

၅။ Conference Call ၀န်ဆောင်မှုမှာ ဖုန်းနံပါတ် ဘယ်နှစ်ခုအထိနဲ့ တပြိုင်တည်း ဖုန်းဆက် ပြောဆိုဆွေးနွေးနိုင်ပါသလဲ။

ဖုန်းနံပါတ် ၆ခုအထိနဲ့ တပြိုင်တည်း ဖုန်းပြောနိုင်ပါတယ်။

၂။ Conference Call ၀န်ဆောင်မှုကို ဘယ်လိုရယူနိုင်ပါသလဲ။

၁၃၃၁ ကို CC လို့ ရို်က်ပို့ပြီး Conference Call ၀န်ဆောင်မှုကို ရယူနို်င်ပါတယ်။ ဒါမှမဟုတ် USSD Menu ကနေလည်း ၀န်ဆောင်မှုကို အောက်ပါအတိုင်း ရယူနိုင်ပါတယ်။
*106# >> 6. VAS >> 2. Call Services >> 6. Conf-Call >> 1. Subscribe

၄။ Conference Call ၀န်ဆောင်မှုကို ဘယ်လိုအသုံးပြုရပါသလဲ။

ပထမဦးဆုံး ဖုန်းနံပါတ်တစ်ခုကို အရင်ခေါ်ရမှာပါ။ ပြီးရင် Add Call ဆိုတဲ့ ခလုတ်ကိုနှိပ်ပြီး တခြားဖုန်းနံပါတ်တွေ ( ၅ခုအထိ) ထပ်ခေါ်ရမှာပါ။ ပြီးရင် Merge Call ကို နှိပ်ပြီး ခေါ်ထားတဲ့ ဖုန်းနံပါတ်အားလုံးနဲ့ တပြိုင်တည်း ဖုန်းပြောနိုင်ပါတယ်။

၆။၀န်ဆောင်ခကို ဘယ်လိုသတ်မှတ်ထားပါသလဲ။

Conference Call ၀န်ဆောင်မှုကို ရယူတဲ့အတွက် ၀န်ဆောင်ခပေးစရာမလိုပါဘူး။ Conference Call ၀န်ဆောင်မှုအသုံးပြုရာမှာ သုံးစွဲသူရယူထားတဲ့ ၀န်ဆောင်မှုအစီအစဉ်ပေါ်မူတည်ပြီး အထွက်ခေါ်ဆိုမှုတစ်ခုစီအပေါ်မှာ ၀န်ဆောင်ခကောက်ခံမှာ ဖြစ်ပါတယ်။

(ဥပမာ- ဆွေသဟာအစီအစဉ်ကို ယူထားတယ်ဆိုရင် ဖုန်းခေါ်ဆိုခ တစ်မိနစ် ၂၃ကျပ်ကျသင့် မှာပါ။ ရှယ်ပြောအစီအစဉ်ယူထားတယ်ဆိုရင် အမ်ပီတီဖုန်းနံပါတ်အချင်းချင်းခေါ်ဆိုမှုအတွက် တစ်မိနစ် ၁၅ကျပ် နဲ့ တခြားအော်ပရေတာဖုန်းနံပါတ်ကို ခေါ်ဆိုမှုအတွက် တစ်မိနစ် ၂၅ကျပ် ကျသင့်မှာပါ။ Base Tariff အစီအစဉ် ရယူထားသူတွေကတော့ (လူအများစု ဖုန်းပြောတတ်တဲ့ အချိန်ပိုင်းတွေမှာ ) ဖုန်းခေါ်ဆိုမှုတစ်မိနစ်ကို ကျပ်၅၀ကျသင့်မှာဖြစ်ပြီး (ဖုန်းခေါ်ဆိုမှု သိ်ပ်မများ တဲ့ အချိန်ပိုင်းတွေမှာ) တစ်မိနစ် ၂၅ကျပ်ကျသင့်မှာပါ။

1. Conference Call ဝန်ဆောင်မှုကို ဘယ်လိုအသုံးပြုရပါသလဲ။

ပထမဦးဆုံး ဖုန်းနံပါတ်တစ်ခုကို အရင်ခေါ်ရမှာပါ။ ပြီးရင် Add Call ဆိုတဲ့ ခလုတ်ကိုနှိပ်ပြီး တခြားဖုန်းနံပါတ်တွေ (၅ခု အထိ) ထပ်ခေါ်ရမှာပါ။ ပြီးရင် Merge Call ကိုနှိပ်ပြီး ခေါ်ထားတဲ့ ဖုန်းနံပါတ်အားလုံးနဲ့ တပြိုင်တည်း ဖုန်းပြောနိုင်ပါတယ်။
ဝန်ဆောင်မှုလျှောက်ထားရန်
– 1331 သို့ “CC” ဟု SMS ပေးပို့နိုင်ပါသည်။
ဒါမှမဟုတ် USSD Menu ကနေလည်း ၀န်ဆောင်မှုကို အောက်ပါအတိုင်း ရယူနိုင်ပါတယ်။
*106# >> 6. VAS >> 2. Call Services >> 6. Conf-Call >> 1. Subscribe
ဝန်ဆောင်မှု ဖျက်ပစ်ရန်
– 1331 သို့ “CC OFF” ဟု SMS ပေးပို့နိုင်ပါသည်။
ဒါမှမဟုတ် USSD Menu ကနေ ၀န်ဆောင်မှုကို အောက်ပါအတိုင်း ပယ်ဖျက်နိုင်ပါတယ်။
*106# >> 6. VAS >> 2. Call Services >> 6. Conf-Call >> 2. Unsubscribe

Conference Call

Conference Call ဆိုတာဘာလဲ။

Conference Call ဆိုတာ ဖုန်းခေါ်ဆိုမှုတစ်ကြိမ်အတွင်း (initiator အပါအဝင်) ဖုန်းနံပါတ် ခြောက်ခုအထိ တပြိုင်တည်းဖုန်ခေါ်ပြီး ပြောဆိုဆွေးနွေးနိုင်အောင် အထောက်အပံ့ပေးထားတဲ့ ၀န်ဆောင်မှုတစ်ခုပါ။

အမ်ပီတီရဲ့ Conference Call ၀န်ဆောင်မှုကို အသုံးပြုပြီး ဖုန်းခေါ်ဆိုမှု တစ်ကြိမ်အတွင်းမှာ ဖုန်းနံပါတ် အများကြီးကိုခေါ်ပြီး ပြောဆိုဆွေးနွေးနိုင်ပါပြီ။

Conference Call ဝန်ဆောင်မှုကို ဘယ်လိုရယူနိုင်ပါသလဲ။

ဝန်ဆောင်မှုလျှောက်ထားရန် 

1331 သို့ “ CC” ဟု
SMS ပေးပို့နိုင်ပါသည်။

ဒါမှမဟုတ် USSD Menu ကနေလည်း ၀န်ဆောင်မှုကို အောက်ပါအတိုင်း ရယူနိုင်ပါတယ်။
*106# >> 6. VAS >> 2. Call Services >> 6. Conf-Call >> 1. Subscribe

ဝန်ဆောင်မှု ဖျက်ပစ်ရန်

1331 သို့ “ CC OFF” ဟု
SMS ပေးပို့နိုင်ပါသည်။

ဒါမှမဟုတ် USSD Menu ကနေ ၀န်ဆောင်မှုကို အောက်ပါအတိုင်း ပယ်ဖျက်နိုင်ပါတယ်။
*106# >> 6. VAS >> 2. Call Services >> 6. Conf-Call >> 2. Unsubscribe

Conference Call ဝန်ဆောင်မှုကို ဘယ်လိုအသုံးပြုရပါသလဲ။

ပထမဦးဆုံး ဖုန်းနံပါတ်တစ်ခုကို အရင်ခေါ်ရမှာပါ။ ပြီးရင် Add Call ဆိုတဲ့ ခလုတ်ကိုနှိပ်ပြီး တခြားဖုန်းနံပါတ်တွေ (၅ခု အထိ) ထပ်ခေါ်ရမှာပါ။
ပြီးရင် Merge Call ကိုနှိပ်ပြီး ခေါ်ထားတဲ့ ဖုန်းနံပါတ်အားလုံးနဲ့ တပြိုင်တည်း ဖုန်းပြောနိုင်ပါတယ်။

“Conference Call နဲ့ဆို အချစ်ရဆုံး သူငယ်ချင်းတွေနဲ့ တပြိုင်နက်ဖုန်းပြောလို့ရပြီပေါ့။”

Other Value Added Services

MPT ၏ စျေးနှုန်းသင့်တင့်ပြီး ယုံကြည်အားထားရသည့် မြန်နှုန်းမြင့်အင်တာနက် ဝန်ဆောင်မှုဖြစ်သော FTTH ဝန်ဆောင်မှုအသစ်ကို စတင်မိတ်ဆက်

(ရန်ကုန်၊ ၂၀၁၇ ခုနှစ် သြဂုတ်လ ၁ ရက်နေ့) မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ထိပ်တန်းဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် ရန်ကုန်မြို့လယ်ရှိ နေရာအချို့အတွက် Fiber-to-the-home (FTTH) အင်တာနက်ဝန်ဆောင်မှုအသစ်ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ လူအများအသုံးပြုနိုင်သည့် သင့်တင့်သော စျေးနှုန်းနှင့် စိတ်ချယုံကြည်ရသည့် မြန်နှုန်းမြင့် ဖိုက်ဘာ အင်တာနက်ကို ကနဦး ပရိုမိုးရှင်းအဖြစ် တစ်ကြိမ် တပ်ဆင်ခ ၁၅၀,၀၀၀ ဖြင့် MPT က ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။

ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်ရှိ ဆူးလေဘုရားတစ်ဝိုက်တွင် နေထိုင်သူများအနေဖြင့် စွဲမက်ဖွယ်ရာ ဝန်ဆောင်မှုပုံစံ နှစ်မျိုးကို ရွေးချယ်နိုင်မည်ဖြစ်ပါသည်။ ပထမ အမျိုးအစားသည် 5Mbps ဖြစ်ပြီး တစ်လလျှင် ၆၉,၀၀၀ သာကျသင့်မည်ဖြစ်ကာ သုံးစွဲသူများအနေဖြင့် အကန့်အသတ်မရှိသည့် ဖိုက်ဘာအင်တာနက်ကို လူတိုင်းတတ်နိုင်သည့် စျေးနှုန်းဖြင့်ရရှိနိုင်မည့် အစီအစဉ်ဖြစ်ပါသည်။ အင်တာနက်သုံးစွဲမှုအတွက် ပိုမိုလျင်မြန်သည့် အမြန်နှုန်းလိုအပ်သူများ အနေဖြင့် 10Mbps package အစီအစဉ်ကို တစ်လလျှင်် ၁၀၉,၀၀၀ ကျပ် ဖြင့် ဝယ်ယူတပ် ဆင်နိုင်မည်ဖြစ်သည်။

MPT KSGM မှ Chief Commercial Officer ဖြစ်သူ Mr.Reizo Umeda က “သုံးစွဲသူတွေအတွက် အခုလို ထူးခြားလှတဲ့ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှု ထောက်ပံ့ပေးနိုင်မှုအပေါ် ကျွန်တော်တို့အနေနဲ့ အထူးပဲကျေနပ် ဝမ်းမြောက်မိပါတယ်။ ဒီဖိုက်ဘာအင်တာနက်ဝန်ဆောင်မှုက အွန်လိုင်းဝန်ဆောင်မှု အသုံးပြုတာတွေ၊ ဝက်ဘ်ဆိုက်တွေမှာ ရှာဖွေမှုတွေဆောင်ရွက်တာတွေ၊ လူမှုကွန်ရက်သုံးစွဲတာတွေ၊ အွန်လိုင်းဗွီဒီယိုတွေကို ကြည့်ရှု့တာတွေ၊ ဂိမ်းကစားတာတွေနဲ့ ပစ္စည်းကိရိယာတွေ(device)နဲ့ တစ်ပြိုင်နက် ချိတ်ဆက်ပြီး အသုံးပြုဖို့ bandwidth ပမာဏ အများကြီးလိုအပ်တဲ့ လုပ်ဆောင်မှုတွေမှာ လျင်မြန်ပြီး ယုံကြည်အားထားရတဲ့ ချိတ်ဆက်မှုတွေကို ထောက်ပံ့ ပေးနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ တန်ဖိုးရှိလှတဲ့ သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဒီဝန်ဆောင်မှုကို စိတ်ဝင်စားစရာကောင်းတဲ့ တပ်ဆင်ကြေးနဲ့ စတင်ထားတာပါ။ ဒီအခွင့်အရေးကို သုံးစွဲသူတွေက အမိအရ ဆုပ်ကိုင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားသည်။

MPT ၏ FTTH အင်တာနက်ဝန်ဆောင်မှုအသစ်ကို လူနေရပ်ကွက်များရှိ ဖိုက်ဘာအင်တာနက်သုံးစွဲ လိုသူများအတွက် မိတ်ဆက်လိုက်ခြင်းဖြစ်ပြီး တယ်လီဖုန်းကြိုးလိုင်းအင်တာနက်စနစ်နှင့် အခြားမိုဘိုင်း အင်တာနက် အစီအစဉ်များ၏ကြားတွင် ရွေးချယ်အသုံးပြုနိုင်မည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။ ယခုမိတ်ဆက်လိုက်သည့် စွဲမက်ဖွယ်ကောင်းသော မြန်နှုန်းအကန့်အသတ်မရှိသည့် အင်တာနက်အစီအစဉ်ကို သုံးစွဲမည်ဆိုပါက နောက်ထပ်မည်သည့် နှစ်စဉ်ကြေးကိုမျှပေးဆောင်ရမည်မဟုတ်ပါ။

၂၀၁၇ သြဂုတ်လတွင် ရန်ကုန်မြို့တွင်း၌ FTTH ဝန်ဆောင်မှုကို မိတ်ဆက်ပေးပြီးနောက် လာမည့်နှစ်အစောပိုင်း ကာလများတွင် ရန်ကုန်နှင့် မန္တလေးမြို့များရှိ အခြားမြို့နယ်များတွင် ဝန်ဆောင်မှုကို ဆက်လက်တိုးချဲ့ သွားမည်ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်တစ်လျှောက်လုံးတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြားမြို့ကြီးများတွင် အဆိုပါ ဝန်ဆောင်မှုကို ဆက်လက်မိတ်ဆက်သွားမည်ဖြစ်ပါသည်။

ပရိုမိုးရှင်းအနေဖြင့် တပ်ဆင်ကြေး ကျပ် ၁၅၀,၀၀၀ ကျသင့်မည်ဖြစ်ပြီး သတ်မှတ်ရက်နောက်ပိုင်းတွင် ကျပ် ၂၀၀,၀၀၀ ကျသင့်မည်ဖြစ်ပါသည်။ တပ်ဆင်ကြေးတွင် ကေဘယ်ကြိုးတပ်ဆင်ခြင်း၊ စတင်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသည့် ဝန်ဆောင်ခ၊ WiFi router တပ်ဆင်ခြင်းအတွက် ငှားရမ်းခများပါဝင်ပြီးဖြစ်ပါသည်။ သုံးစွဲများအနေဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများပါဝင်သော ၁၂ လသက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုခြင်းဖြင့် အဆိုပါအင်တာနက်ဝန်ဆောင်မှုကို ရယူအသုံးပြုနိုင်မည်ဖြစ်ပါသည်။

သတ်မှတ်ကာလအတွင်း စျေးနှုန်းလျှော့ချထားသည့် ဝန်ဆောင်မှုကို စိတ်ဝင်စားသည့် MPT အသုံးပြုသူများအနေဖြင့် ဖုန်းနံပါတ် ၁၀၆ နှင့် ၀၁-၂၃၉၉၁၀၆ တို့ကို အလွယ်တကူ ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်ပြီး ဝန်ဆောင်မှုကို ရယူခြင်းနှင့် အခြားသော သတင်းအချက်အလက်များအတွက် ဗိုလ်ဆွန်ပက်လမ်းနှင့် မဟာဗန္ဓုလလမ်းတို့ရှိ MPT ဆူးလေအရောင်းပြခန်းတွင် စုံစမ်းမေးမြန်း နိုင်မည်ဖြစ်ပါသည်။

MPT Dome Pyan Internet Service FAQs MM

MPT Dome Pyan Internet Service

၁။ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဆိုတာဘာလဲ။

ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဆိုတာ မြန်နှုန်းမြင့် အကန့်သတ်မဲ့ အိမ်သုံးအင်တာနက် ကို သင့်တင်မျှတသော ဈေးနှုန်းဖြင့် အသုံးပြုနိုင်သော အင်တာနက်ဝန်ဆောင်မှုဖြစ်ပါသည်။

၂။ ADSL ဝန်ဆောင်မှုနဲ့ ဘာကွာခြားပါလဲ။

  • ADSL ဆိုတာ တယ်လီဖုန်းလိုင်းစနစ်နဲ့ အသုံးပြုနိုင်တဲ့ အင်တာနက်ဝန်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။
  • ဖိုက်ဘာအင်တာနက်ဝန်ဆောင်မှုကတော့ တယ်လီဖုန်းလိုင်းနဲ့ ချိတ်ဆက်အသုံးပြုရတဲ့ ADSL အင်တာနက်စနစ်ထက် ပိုပြီးတည်ငြိမ်ပြီး မြန်ဆန်ပါတယ်။

ဖိုက်ဘာအင်တာနက်စနစ်ဟာ အကျိုးကျေးဇူးများပါတယ်။ (ဥပမာအားဖြင့် မိုးသည်းထန်စွာ ရွာသွန်းနေတဲ့အချိန်တွေမှာတောင် ဖိုက်ဘာအင်တာနက်စနစ်က လိုင်းကျသွားခြင်းမျိုးမရှိပဲ တည်ငြိမ်တဲ့အနေအထားမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။)

၃။ ဒုံးပျံအိမ်သုံး ဖိုင်ဘာအင်တာနက် အမြန်နှုန်း နဲ့ ဈေးနှုန်းတွေက ဘယ်လောက်လဲ။

လစဥ်ကြေးအမြန်နှုန်းမိုဘိုင်းလ် နံပါတ် ၁ ခုစီ သို့ ရရှိမည့် အကျိုးအမြတ်များ
(လစဉ် မိုဘိုင်းလ် ၅ လုံးထိ ခံစားခွင့် )
32,000Kyats15Mbps1GB
100 Mins [On-Net]
Unlimited SMS [On-Net]
43,000Kyats25Mbps1GB
100Mins (On-Net)
Unlimited SMS(On-Net)
76,000Kyats50Mbps2GB
100Mins (On-Net)
Unlimited SMS(On-Net)
120,000Kyats100Mbps3GB
200Mins (On-Net)
Unlimited SMS(On-Net)

၄။ အင်တာနက်သုံးစွဲတဲ့အခါ ဒေတာ ကန့်သတ်မှုတွေရှိပါသလား။

မရှိပါဘူး။ အသုံးပြုသူတွေအနေနဲ့ ဒေတာအကန့်အသတ်မရှိ အင်တာနက်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

၅။ သုံးစွဲသူတွေအနေနဲ့ 15Mbps,25Mbps,50Mbps နဲ့ 100Mbps ဒေတာအမြန်နှုန်းကို အမြဲတမ်းရရှိနိုင်မလား။

ယခုအင်တာနက်စနစ်မှာ 15Mbps၊ 25Mbps၊ 50Mbps နဲ့ 100Mbps ဒေတာအမြန်နှုန်းအထိ အများဆုံးရရှိနိုင်မှာဖြစ်ပြီး ဒီအမြန်နှုန်းတွေဟာ အင်တာနက်ဝန်ဆောင်မှုကို အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ပါတယ်။ အသုံးပြုသူ အများအပြား တစ်ချိန်တည်းအသုံးပြုတဲ့အခြေအနေမျိုးမှာတော့ အင်တာနက်အမြန်နှုန်း ဟာ မူလက အများဆုံးရရှိနိုင်တဲ့အမြန်နှုန်းထက် အနည်းငယ်နှေးသွားနိုင်ပါတယ်။ ဒါပေမယ့် အသုံးပြုသူ တစ်ဦးချင်းစီတိုင်းအတွက် လုံလောက်တဲ့အမြန်နှုန်းကို ပေးစွမ်းနိုင်ပါတယ်။

၆။ ဒုံးပျံအိမ်သုံး ဖိုင်ဘာအင်တာနက် ကို ဘယ်လိုလျှောက်ထားနိင် မည်နည်း။

ဒုံးပျံအိမ်သုံး ဖိုင်ဘာအင်တာနက် ကို MPT Website၊ နီးစပ်ရာ MPT ဆိုင်များ၊ အရောင်းဝန်ထမ်းများ၊ MPT4U Application ရဲ့ အလိုလျှောက် စာြပန်စနစ်မှသော်လည်းကောင်း (သို့) 2800 / 018652800 သို့ ခေါ်ဆိုမေးမြန်းနိုင်ပါတယ်။

၇။ ငွေကောက်ခံမှုအပိုင်းမှာ ဘာသတ်မှတ်ချက်များရှိပါသလဲ။ သုံးစွဲသူများဘက်မှ ငွေပေးချေမှုကို ဘယ်လိုပြုလုပ်နိုင်မှာလဲ။•

သုံးစွဲသူများအနေနဲ့ လစဉ်ကြေးငွေကို လမစမှီကြိုတင်ပေးသွင်းရမှာဖြစ်ပါတယ်။ MPT မှ FTTH လစဉ်ကြေးဘေလ် များကို MPT TRAကောင်တာများ ၊ MPT Pay application, MPT ငွေဖြည့်ကဒ် မှတဆင့် ပေးချေခြင်း ၊ CB BANK၊ KBZ BANK, AYA BANK နှင့် MPT မှသတ်မှတ်ထားသော တယ်လီဖုန်းဌာန များတွင်သာမက MEB နှင့် ချိတ်ဆက်ထားသော CITY MART၊ JUNCTION၊ OCEAN၊ SUPERONE၊ MYANMA APEX BANK ၊ UNITED LIVING MALL စသည့် ဈေးဝယ်စင်တာများမှတဆင့်လည်း လွယ်ကူစွာ ငွေပေးချေနိုင်ပါသည်။

၈။ ဘေလ်များကို ဘယ်လိုစစ်လို့ ရနိုင်သလဲ။

(၁) ဘေလ်များကို 2800 / 018652800 သို့ခေါ်ဆိုပြီး သင့်၏ အကောင့်ကုတ် တစ်ခါသုံး စကားဝှက်အား အသုံးပြု၍ စစ်ဆေးနိုင်ပါသည် ။
(၂) သုံးစွဲသူများအနေနဲ့ လစဉ်ကျသင့်သော ဘေလ်များကို MPT4U Application ရဲ့ အလိုလျောက် စာြပန်စနစ်မှ အကောင့်ကုတ် တစ်ခါသုံး စကားဝှက်အား အသုံးပြု၍လည်း စစ်ဆေးနိုင်ပါသည် ။

၉။ မြန်နှုန်းများ တိုးမြှင့်ခြင်း လျှော့ချခြင်းများ ပြုလုပ်လို့ရနိုင်ပါသလား ပါသလား။

အသုံးပြုသူများအနေနဲ့ သုံးစွဲတဲ့ အမြန်နှုန်းကို အချိန်မရွေး အတိုးအလျှော့ လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် အသုံးပြုသူအနေနဲ့ ဒေတာအမြန်နှုန်းလျှော့ချတဲ့အခြေအနေမျိုးမှာတော့ ဝန်ဆောင်ခ ၁၀,၀၀၀ ကျပ်ကို တစ်ကြိမ်ကောက်ခံသွားမှာဖြစ်ပါတယ်။ ဝန်ဆောင်မှု အမြန်နှုန်းအတိုးအလျှော့ပြုလုပ်လိုပါက ပြုလုပ်လိုသည့်လ၏ ပထမပတ်မတိုင်မီ ၅ ရက်ကြို၍ လာလျှောက်ထားရမည် ဖြစ်ပါတယ်။

၁၀။ ယာယီလိုင်း ပိတ်သိမ်းခြင်းများ ပြုလုပ်နိုင်ပါသလား။

အသုံးပြုသူများအနေနဲ့ အင်တာနက်ခေတ္တရပ်ဆိုင်းခြင်းကို ဝန်ဆောင်ခ ၁၀,၀၀၀ ကျပ် တစ်ကြိမ်ပေးသွင်းပြီး အများဆုံး သုံးလအထိ ဝန်ဆောင်မှုအသုံးပြုခြင်းကို ခေတ္တရပ်နားထားနိုင်ပါတယ်။
ဝန်ဆောင်မှုခေတ္တရပ်ဆိုင်းခြင်းကို ပြုလုပ်လိုသည့်လမတိုင်မီ ၅ ရက်ကြို၍ MPT TRAကောင်တာများ တွင် လာရောက် လျှောက်ထားရမှာ ဖြစ်ပါတယ်။

၁၁။ONU ပျက်ခဲ့ပါက မည်ကဲ့သို့ လုပ်ဆောင်ရမည်နည်း ။

ပထမဦးစွာ၊ Dome Pyan Trouble Shooting Page (https://bit.ly/3sH11lv) သို့၀င်ရောက်၍ သင်၏ ONU ပြဿနာများကို ဖြေရှင်းနိုင်သည် (သို့မဟုတ်) မဖြေရှင်းနိုင်သည်တို့ကိုစစ်ဆေးပါ။
အကယ်၍ သင်၏ ONU ကို အစားထိုးရန် လိုအပ်ပါက၊ MPT မှ 50,000Ks ကောက်ခံပြီး ONU အသစ်ကို ပို့ပေးပါမည်။