Xperia XA1 Plus and XZ1 FAQs MM

၁။ Sony Xperia XA1 and XZ1 ပရိုမိုးရှင်း ဆိုသည်မှာ။

Sony Xperia XA1 Plus and XZ1 ဖုန်းကို ပရိုမိုးရှင်းကာလတွင် ၀ယ်ယူခဲ့ပါက MPT မှအခမဲ့ငွေပမာန လက်ဆောင်များကိုရရှိမှာဖြစ်ပါတယ်။
ဖုန်းငွေဖြည့်ရုံဖြင့် MPT အခမဲ့ငွေပမာနလက်ဆောင်များကိုရရှိမှာဖြစ်ပါတယ်။(ပထမလအပါအဝင်)

၃။ ပုံမှန်ဝန်ဆောင်မှုကိုပြောင်းလဲလိုက်ရင်ရော ဘယ်လိုဖြစ်သွားနိုင်ပါလဲ။

ဆွေသဟာအစီအစဉ်၊ ရှယ်ပြောအစီအစဉ် နှင့် ရွှေစကားအစီအစဉ် ကိုရယူထားသူများသာ အဆိုပါ (cash bonus – data only) အစီအစဉ်ကို ရယူနိုင်ပါသည်။
အကယ်၍ MPT အသုံးပြုသူသည် ပုံမှန်ဝန်ဆောင်မှုသို့ ပြောင်းလဲလိုက်ပြီးသောအခါမှ ဆွေသဟာအစီအစဉ် (သို့) ရှယ်ပြောအစီအစဉ်ကို ပြန်လည်ရယူလိုက်ပါ အဆိုပါ (cash bonus-data only) ်အစီအစဉ် ထဲမှ ကျန်ရှိသော ငွေပမာန က်ို အင်တာနက် အသုံးပြုခွင့်ကို ဆက်လက်ရရှိမှာဖြစ်ပါတယ်။

၅။ ဘယ်ဒေတာ ကို အရင်စတင်အသုံးပြုရမှာလဲ။ အခမဲ့ရတဲ့ ငွေပမာန ဒေတာလား (သို့) ၀န်ဆောင်ခပေးထားတဲ့ဒေတာလား။

အခမဲ့ရရှိသော ငွေပမာနဒေတာကို အမြဲတမ်း အရင်ဆုံးအသုံးပြုသွားမှာဖြစ်ပါတယ်။

၇။ အဆိုပါဖုန်းကို ဘယ်မှာဝယ်ယူလို့ရပါသလဲ။

Sony အရောင်းပြခန်းများ၊ Wai Yan စတိုးဆိုင်များ နှင့် Sony အရောင်းကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။

၉။ အာမခံကဒ်ပြား ပါပါသလား။

၁နှစ်အာမခံကဒ်ပြား ပါပါသည်။

၁၁။ အပို cash information နှင့် ဖြည့်ငွေသိကောင်းစရာများ

ဖြည့်ငွေ ၅၀၀၀ကျပ် – အပို ၃၀၀၀ကျပ်
ဖြည့်ငွေ ၁၀,၀၀၀ကျပ် – အပို ၆၀၀၀ကျပ်

၁၃။ အပို bonus ကိုစစ်ရန် လုပ်ဆောင်ချက် ။

*၂၂၄# ကိုခေါ်ဆိုလိုက်ပါ bonus ကိုပြသော sms ကိုရရှိပါမည် ။

၁၅။ MPT SIM နှင့်တွဲ၍ bonus ရပြီးသား Sony XA1 Plus and XZ1 ကို နောက်ထပ် MPT SIM နှင့်တွဲပြီး ပြောင်းသုံးလျင် bonus ထပ်ရ၊ မရ

ပထမဆုံးတွဲ၍ bonus ရထားသော MPT SIM နှင့်သာ ရရှိမည်ဖြစ်ပြီး နောက်ထပ် MPT SIM ပြောင်းသုံးလျင် bonus မရတော့ပါ ပထမဆုံးတွဲထားသော MPT SIM နှင့်သာ ၆ လဆက်တိုက်သုံးရမှာဖြစ်ပါသည်

၂။ အခမဲ့ငွေပမာန အသုံးပြုခွင့်ကို မည်သည့်အချိန်ထိရရှိပါမည်လဲ။

Sony Xperia XA1 Plus and XZ1 ဖုန်းကို ကြိုက်နှစ်သက်ရာ MPT ဆင်းမ်ကဒ်တစ်ခုနှင့် စတင်အသုံးပြုသည့် အချိန်မှစပြီး ၆ လအထိ ရရှိမှာဖြစ်ပါတယ်။
ဥပမာ။ ။ အသုံးပြုသူက October မှ စတင်အသုံးပြုပါက ှ November မှ February အတွင်းဖုန်းငွေမဖြည့်သည့်တိုင် March လအထိအကျုံးဝင်ပါသည်။

၄။ အဆိုပါအခမဲ့ရရှိသော ငွေပမာန က ဘယ်တော့ သက်တမ်းကုန်ဆုံးမှာလဲ။

အဆိုပါ ဘောနက်စ်် သည်ပေးထားသောရက်မှစတင်၍ ရက်ပေါင်း၃၀သက်တမ်းရှိပါတယ်။

၆။ Sony XA1 Plus and XZ1 စျေးနှုန်းက ဘယ်လောက်ပါလဲ။

Sony XA1 Plus စျေးနှုန်းက 349,000 ကျပ် ဖြစ်ပါတယ်။
Sony XZ1 စျေးနှုန်းက 888,000 ကျပ် ဖြစ်ပါတယ်။

၈။ Sony XA1 Plus and XZ1 များကို ဘယ်တော့ ၀ယ်ယူရရှိနို်င်မှာလဲ။

MPT ံ ငွေအပို လက်ဆောင်များပါ၀င်သော Sony XA1 Plus နှင့်XZ1 ကို ၂ရက် နိုဝင်ဘာလ ၂၀၁၇ နေ့တွင်စတင်ဝယ်ယူနိုင်ပါသည်။

၁၀။ MPT ငွေအပို ်လက်ဆောင်များကိုမည်သို့ရယူမည်နည်း။

Sony XA1 Plus and XZ1 ဖုန်းကို ကြိုက်နှစ်သက်ရာ MPT ဆင်းမ်ကဒ်တစ်ခုခုနှင့်အတူ အသုံးပြုရန်လိုအပ်ပါသည်။
ဖုန်းဟန်းစက် ၏ SIM Slot (1) တွင် ထည့်ပြီး *268# ခေါ်ဆို၍ activate လုပ်ပြီး သက်မှတ်ထားသောငွေပမာနကိုဖြည့်၍ အပို internet data ကိုရယူနိုင်ပါသည်
ထို့နောက် တခြားလ data bonus များ အတွက် လစဉ်ဖုန်းငွေဖြည့်ရန်လိုအပ်ပါသည်။

၁၂။ Sony မှလက်ဆောင် ရောပေးပါသလား။

Sony မှ XA1 Plus ဝယ်ယူသူများကို Sony headphone လက်ဆောင်ပေးပါမည်။ ဖုန်းနှစ်မျိုးလုံးဝယ်ယူသူကို မကွဲမှန် နှင့် စီလီကွန် cover လက်ဆောင်ပေးမည်။

၁၄။ Bonus ရဖို့ activation လုပ်ခြင်း နှင့်မရခဲလျင်လုပ်ဆောင်ရမဲ့အချက်များ ။

Handset ကို 3G network သို့ ပြောင်း ပြီးမှ*၂၆၈# ကိုဖုန်းခေါ်ဆိုပါ activation sms ဝင်လာပါမည်။
sms မဝင်လာပါက ဖုန်းကို restart ပြန်ချ၍ *၂၆၈# ကိုထက်မံခေါ်ဆိုလိုက်ပါ ။

၁၆။ တခြား MPT bonus ရပြီးသား MPT SIM ကိုသုံးပြီး ယခု Sony XA1 Plus and XZ1 handset တွင် MPT bonus နောက်ထပ်ရနိုင်ပါသလား။

နောက်ထက်မရနိုင်ပါ ၊ ဥပမာ Samsung S8/S8+ bonus ရထားသော MPT SIM card အနေဖြင့် Sony XA1 Plus တွင် bonus နောက်ထပ်မရနိုင်ပါ
ထို Samsung S8/S8+ data bonus ၆လသက်တမ်းကုန်မှသာ ရရှိနိုင်ပါသည်

MPT က “သန့်ရှင်းခေတ်မီ ရှေ့သို့ချီ” ဟူသော အမည်ဖြင့် သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာရေး အသိပညာမြှင့်တင်သည့် လှုပ်ရှားမှု စတင်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သန့်ရှင်းရေးအတွက်ရည်ရွယ်၍ MPT ၏ သန့်ရှင်းရေးလှုပ်ရှားမှုအစီအစဉ်သစ်ကို မန္တလေးမြို့တွင်စတင်ကျင်းပပြုလုပ်ခဲ့

(ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်) _ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သန့်ရှင်းရေးအတွက် နိုင်ငံတွင်းရှိ လူမှုအဖွဲ့အစည်းများထံသို့ လှုံ့ဆော်တိုက်တွန်းမှု ပြုလုပ်မည့် သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေး လှုပ်ရှားမှု အစီအစဉ်တစ်ခုကို MPT က စတင်လိုက်ပြီ ဖြစ်သည်။ “သန့်ရှင်းခေတ်မီ ရှေ့သို့ချီ” ဟူသော ဆောင်ပုဒ်နှင့်အတူ လွန်ခဲ့သည့် ရက်သတ္တပတ် ကုန်ရက်ဖြစ်သည့် တနင်္ဂနွေနေ့ (၂၉၊ အောက်တိုဘာ) က မန္တလေးမြို့တွင် စတင်မိတ်ဆက်ခဲ့သည့် အဆိုပါအစီအစဉ်မှာဘေးကင်းလုံခြုံပြီး သန့်ရှင်းသော သဘာဝပတ်ဝန်းကျင်ကို ဖြစ်စေရေးအရေးပါပုံ နှင့် ယင်းတို့အတွက် လူတိုင်းတွင်တဝန်ရှိကြောင်းကို မီးမောင်းထိုးပြရန်အတွက်ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

MPT က ဦးဆောင်ကျင်းပသည့် အဆိုပါအစီအစဉ်ကို မန္တလေး အပါအဝင် ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ေ မာ်လမြိုင်၊ ဧရာဝတီစသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ခြောက်ခု၌ ၂၀၁၇ အောက်တိုဘာလမှ ၂၀၁၈ ဖေဖော်ဝါရီလအထိ ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါ သဘာဝပတ်ဝန်းကျင်နှင့် သန့်ရှင်းရေး အသိပညာပေးလှု့ဆော်မှု အစီအစဉ်တွင် အမှိုက်ကို စနစ်တကျစွန့်ပစ်တတ်စေရန် စီမံဆောင်ရွက်ခြင်း၊ လမ်းများ၊ ပန်းခြံများ၊ ရေမြောင်းများ နှင့် အခြားသောနေရာများ၊ အများပြည်သူပိုင်နေရာများရှိ အမှိုက်များ
ရှင်းလင်းခြင်းနှင့် သန့်ရှင်းသော သဘာဝပတ်ဝန်းကျင်ရှိခြင်းကြောင်း လူမှုအဖွဲ့အစည်းကရရှိမည့် အကျိုးကျေးဇူးများကိုပါ သိရှိစေရန်အတွက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ယခုလို အသိပညာမြှင့်တင်သည့် အစီအစဉ်စတင်မှုအဖြစ် MPT ၏ မန္တလေးတိုင်းဒေသကြီးမှ အဖွဲ့ဝင်များ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ (MCDC) တို့မှဝန်ထမ်းများနှင့် ဒေသခံ စေတနာ့ဝန်ထမ်း အဖွဲ့များအပါအဝင် စုစုပေါင်း လူ ၅၀၀ ကျော်တို့ပူးပေါင်းပြီး မန္တလေးတိုင်းဒေသကြီးရှိ မန္တလေးပြင်ဦးလွင် ကားလမ်းပေါ်ရှိ ပန်းရံတော်ချောင်းတံတားမှ သမ္မတောရွာအထိ အမှိုက်ကောက်သန့်ရှင်းရေး ကို ဆောင်ရွက်ခဲ့ကာ အမှိုက်အိတ်ဒါဇင်ပေါင်းများစွာကို ကောက်ယူပြီး သန့်ရှင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရန်အတွက်ကြိုးပမ်းမှုကို ဖော်ပြခဲ့ပါသည်။

MPT-KSGM Joint Operations ၏ COO ဖြစ်သော Mr. Yoshiaki Benino က “MPT အနေနဲ့ တာဝန်သိတဲ့ လုပ်ငန်းတစ်ခုဖြစ်တာနဲ့အညီ ကျန်းမာရေးကိုမထိခိုက်စေဘဲ သန့်ရှင်းတဲ့ သဘာဝပတ်ဝန်းကျင်ကို ဖန်တီးပျိုးထောင်ဖို့၊ လက်ရှိနဲ့ အနာဂတ်ရဲ့ မျိုးဆက်သစ်တွေအတွက် ကောင်းမွန် သန်ရှင်းတဲ့ သဘာဝပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ လူမှုအဖွဲ့အစည်းမှာ ရှိနေသူတွေကို အားပေးလိုပါတယ်။ အခုလို လူမှုအဖွဲ့အစည်းအတွက်ကာလရှည်ကြာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု လုပ်ရပ်တွေကိုပူးပေါင်းဆောင်ရွက်ခြင်းကတစ်ဆင့် ရည်ရှည်မှာ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းစေနိုင်မယ့် အလေ့အကျင့်ကောင်းတစ်ခု ဖြစ်လာစေမှာဖြစ်ပြီး အခြားအချက်တွေဖြစ်တဲ့ လေထုညစ်ညမ်းမှုနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်းကို ကာကွယ်တားဆီး နိုင်ဖို့အတွက်လည်း အရမ်းကို အရေးပါတဲ့
လုပ်ဆောင်မှုတစ်ခုလည်းဖြစ်ပါတယ်။” ဟုပြောကြားသည်။

လူမှုအကျိုးပြုလုပ်ငန်းများကို ဦးဆောင်ကာဆောင်ရွက်နေသည့် MPT အနေဖြင့် မြန်မာ့လူမှု အဖွဲ့အစည်းများအကြား လူမှုအကျိုးပြုလုပ်ငန်းအမျိုးမျိုးကို စတင်ဆောင်ရွက်ခဲ့ပြီးဖြစ်ကာ မြန်မာနိုင်ငံ၏ လူမှုအဖွဲ့အစည်းများအတွက်ရေရှည်အပေါင်းလက္ခဏာဆောင်သော အကျိုးကျေးဇူးများ ဖြစ်ထွန်းစေနိုင်မည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ်များကို ဆောင်ရွက်နိုင်ရန်အတွက်လည်း သင့်လျော်သော အခွင့်အလမ်းများကို ဆက်လက်ရှာဖွေလျက်ရှိပါသည်။ MPT အနေဖြင့် ကျန်းမာရေး၊ ပညာရေး၊
သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအပြင် သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွှတ်သော ရေရရှိရေး၊ ရေရှည်တည့်တံ့စေမည့် သဘာဝပတ်ဝန်းကျင်တစ်ခုအတွက် သစ်ပင်စိုက်ပျိုးရေးလှုပ်ရှားမှုအပါအဝင် လူမှုအကျိုးပြု လုပ်ငန်းများစွာအတွက်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

လာမည့်နှစ်အတွက်အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ပိုမိုရရှိစေရန်ရည်ရွယ်ထားသည့်MPT အနေဖြင့် “တူညီလှမ်းချီမျိုးဆက်သစ်တို့အနာဂတ်ဆီ” ဟူသော ဆောင်ပုဒ်ဖြင့် လူမှုအကျိုးပြုလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်လည်း စီစဉ်ထားပါသည်။ MPT အနေဖြင့် ရည်ရွယ်ထားသည့် ကဏ္ဍတစ်ခုချင်းစီအလိုက် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် သက်ဆိုင်ရာ ကဏ္ဍအလိုက် မတူညီသော အဖွဲ့အစည်းအမျိုးမျိုးနှင့် ချိတ်ဆက်သွားမည်ဖြစ်ပြီး ယင်းတို့ကိုလည်း မကြာမီအချိန်အတွင်း ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပါသည်။

နယ်စပ်စီးပွားရေး ကုန်သွယ်မှုများနှင့် သက်ဝင်လှုပ်ရှားနေသည့်မူဆယ်မြို့၏ ဖွံ့ဖြိုးတိုးတက်မှု အတွက် တွန်းအားတစ်ခု ဖြစ်စေမည့် MPT LTE+ ကွန်ရက်

ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင်နေထိုင်ကြသည့်ဒေသခံလူမှုအဖွဲ့အစည်းများအနေဖြင့်ယခုအခါ မြန်နှုန်းမြင့်LTE + ကွန်ရက်ကိုအသုံးပြုနိုင်ကြပြီဖြစ်ပြီး ပြည်နယ်နှင့်တိုင်း မြို့ကြီး (၃၀) အပါအဝင်မြို့နယ်ပေါင်း (၈၀) အထိMPT ၏ အနာဂတ်မျိုးဆက်သစ်ကွန်ရက်ကို ဖြန့်ကျက်နိုင်ခဲ့ပြီဖြစ်

(ရန်ကုန် ၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်) – ရှမ်းပြည်နယ် မူဆယ်မြို့ရှိ စီးပွားရေးလုပ်ငန်းများနှင့် လူမှုအဖွဲ့အစည်းများအနေဖြင့်အောက်တိုဘာ ၂၇ ရက်မှစတင်ကာ 1.8 GHz လှိုင်းနှုန်းစဉ်ကိုအသုံပြုထားသည့် မြန်နှုန်းမြင့် စတုတ္ထမျိုးဆက်ကွန်ရက်ဝန်ဆောင်မှုုဖြစ်သော MPT ၏ LTE+ ကို စတင်အသုံးပြုနိုင်တော့မည် ဖြစ်ပါသည်။ ပြီးခဲ့သည့်
သြဂုတ်လအတွင်းက LTE+ ကွန်ရက်ကိုစတင်ရရှိခဲ့ကြသည့် ကျိုင်းတုံနှင့် လွိုင်ကော် အစရှိသည့်ဒေသများကဲ့သို့ အိမ်နီးချင်းတရုတ်နိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး တံခါးပေါက်အဖြစ် နာမည်ကျော်သည့် မူဆယ်မြို့မှာ မြန်မာနိုင်ငံ၏ အမြန်ဆုံးနှင့် အကျယ်ပြန့်ဆုံးကွန်ရက်ကို အသုံးပြုနိုင်ပြီ
ဖြစ်သည်။

MPT သည်၎င်း၏ဝန်ဆောင်မှုကို ချဲ့ထွင်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် 4×4 MIMO အဆင့်မြင့် နည်းပညာ အသုံးပြုထားသည့် LTE+ ကွန်ရက်ကို နိုင်ငံတစ်ဝန်း ထောက်ပံ့ပေးရန်အတွက် မိုဘိုင်းလ်ကွန်ရက်များကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ ယခုကဲ့သို့ မြန်မာနိုင်ငံအတွက်စီးပွားရေးကဏ္ဍ အဓိက တိုးတက်ရာ ဒေသတစ်ခုတွင် LTE+ ကွန်ရက်ကို တိုးချဲ့ထောက်ပံ့ပေးနိုင်ခဲ့သည့် အပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ မြို့ကြီး (၃၀) မြို့အပါအဝင်မြို့နယ်ပေါင်း (၈၀) အထိဖြန့်ကျက်နိုင်ခဲ့ပြီးဖြစ်သည်။

MPT မှ မူဆယ်မြို့တွင် ကွန်ရက်စတင်ချိတ်ဆက်ပေးနို်င်သည့် အထိမ်းအမှတ်အဖြစ် ဒေသခံများအတွက် စိတ်လှုပ်ရှားဖွယ်ကောင်းသော ပျော်ပွဲရွှင်ပွဲအခမ်းအနားများကို မူဆယ်မြို့တွင် ကျင်းပပေးသွားမည်ဖြစ်သည်။ အဆိုပါ ပျော်ပွဲရွှင်ပွဲအခမ်းအနားများတွင် ဆင်းမ်ကတ်လဲလှယ်ခြင်းများ၊ MPT ဆင်းမ်ကတ်သစ်များ၊ ငွေဖြည့်ကတ်များစသည်တို့ ရောင်းချခြင်းတို့အတွက် အထူးပရိုမိုးရှင်းများ ပေးအပ်ခြင်းနှင့် အခြားသော လက်ဆောင်ပစ္စည်းများ ရရှိနိုင်မည့်ပျော်ရွှင်ဖွယ်အစီအစဉ်များ ပါဝင်သွားမည်ဖြစ်ပါသည်။

MPT- KGSM Joint Operations ၏ Chief Commercial Officer ဖြစ်သူMr. Reizo Umeda က “အခြား 4G ဝန်ဆောင်မှုများထက်မြန်နှုန်း နှစ်ဆပိုမိုပြီး 150 Mpbs အထိရရှိစေမယ့် မျိုးဆက်သစ်4×4 MIMO အဆင့်မြင့် နည်းပညာသုံးထားတဲ့ LTE+ ကွန်ရက်ကို မူဆယ်မြို့မှာ ဖြန့်ကျက်ပေးနိုင်တဲ့အပေါ် ကျွန်တော်တို့ ဝမ်းမြောက်မိပါတယ်။ ဒီLTE+ ကွန်ရက်ကြောင့် မူဆယ်မှာရှိတဲ့ ဒေသခံတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဒေတာကိုသုံးပြီး မိုဘိုင်းလ်ဖုန်းခေါ်ဆိုတာနဲ့ အင်တာနက်ဒေတာသုံးစွဲမှု နှစ်ခုစလုံးမှာ သိသိသာသာ ပိုမြန်တဲ့ အမြန်နှုန်းနဲ့ အသုံးပြုနိုင်ပါပြီ။ တရုတ်နိုင်ငံရဲ့အရေးပါတဲ့ စီးပွားရေးတံခါးပေါက်ဖြစ်တာနဲ့အညီ အခုလိုကွန်ရက်ဖြန့်ကျက်မှုကတစ်ဆင့် နာမည်ကျော် နယ်စပ်မြို့ရဲ့ စီးပွားရေးတိုးတက်မှုကို အထောက်အကူဖြစ်စေမှာ ဖြစ်သလို မြန်မာနိုင်ငံသားအားလုံးအတွက်တိုးတက်ကောင်းမွန်တဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုကို
ပေးအပ်မယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကို မီးမောင်းထိုးပြနေတာဖြစ်ပါတယ် ” ဟုပြောကြားသည်။

MPT အနေဖြင့် နိုင်ငံအတွင်းရှိတိုင်းဒေသကြီး နှင့်ပြည်နယ်များတွင်ကွန်ရက်ဖြန့်ကျက်မှုများကို ဆက်တိုက် ဆောင်ရွက်နေသည်နှင့်အညီ LTE+ ကွန်ရက်ကို အောင်မြင်စွာ ဝန်ဆောင်မှုပေးလျှက် ရှိနေပါသည်။ MPT အနေဖြင့် ရှိနှင့်ပြီးသော ဆက်သွယ်ရေးကွန်ရက်တို့ကို အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်နေခြင်းနှင့် အတူတယ်လီကွန်းဆက်သွယ်ရေးဝန်ဆောင်မှုများကိုတိုးတက်ဆောင်ရွက်ပေးခြင်းဖြင့်ရှေ့သို့လှမ်းချီ မြန်မာပြည်ဟူသည့် ဆောင်ပုဒ်အတိုင်း အနာဂတ်တွင်လည်း LTE+ ကွန်ရက်ကို နေရာအနှံ့အပြားတွင် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

MPT နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ First Aid For All အစီအစဉ်ဖြင့် ရှေးဦးပြုစုခြင်း အသက်ကယ်ဆယ်ရေး နည်းလမ်းများကို ဖြန့်ဝေသွားမည်

ကျန်းမာရေး၊ ပညာရေးနှင့် စွန့်ဦးတီထွင်နှင့်စီးပွားရေးလုပ်ငန်းငယ်များ ဖွံဖြိုးတိုးတက်မှုတို့ကို ဖြစ်ပေါ်စေမည့် MPT ၏ CSR ရည်မှန်းချက် အစိ်တ်အပိုင်းတစ်ခုဖြစ်သော ရှေးဦးပြုစုခြင်း အခြေခံများကို အများပြည်သူထံ ဖြန့်ဝေပေးမည့် ကျန်းမာရေးအသိပညာလှုပ်ရှားမှု အစီအစဉ်သစ်

(ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်နေ့) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးဆုံး ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် နိုင်ငံ၏ လူမှုပတ်ဝန်းကျင်များ၊ အထူးသဖြင့် မြန်မာလူငယ်များအကြား ရှေးဦးပြုစုခြင်း ဗဟုသုတများကို ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ပူးပေါင်းဆောင်ရွက် ၍ ကျန်းမာရေးဆိုင်ရာလှုပ်ရှားမှုအစီအစဉ်တစ်ရပ်ကို စတင်လိုက်ပြီဖြစ်သည်။ အဆိုပါ MPT ၏ “First Aid For All” အစီအစဉ်မှာ MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများထဲမှ တစ်ခုဖြစ်ပြီး ကျန်းမာရေးကဏ္ဍကို အထောက်အပံ့ဖြစ်စေမည့် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ်အတွက် လိုအပ်သည့် ရှေးဦးပြုစုခြင်းဆိုင်ရာ သတင်းအချက်အလက်နှင့် ကျွမ်းကျင်မှုများကို အများပြည်သူတို့ သိရှိလုပ်ဆောင် နိုင်စေရန် ရည်ရွယ်ထားပါသည်။

MPT က ၄င်းအစီအစဉ်ကို ၂၀၁၇ နိုဝင်ဘာလမှ ၂၀၁၈ မတ်လအထိ ပြုလုပ်သွားမည်ဖြစ်ပြီး မူးမေ့ခြင်း၊ ဓါတ်လိုက်ခြင်း၊ မြွေကိုက်ခြင်း၊ အပူရှပ်ခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်း စသည့့် အရေးပေါ် အခြေအနေများ ကြုံကြိုက်လာပါက ရှေးဦးပြုစုခြင်းနည်းလမ်းများဖြင့် မည်သို့ လုပ်ဆောင်ရမည် ဆိုသည်ကို ဖော်ပြထားသည့် ကျန်းမာရေး စောင့်ရှောက်မှု ဗီဒီယို ၁၂ ခုကို ရုပ်မြင်သံကြား၊ မီဒီယာနှင့် လူမှုကွန်ရက် မီဒီယာများတွင် ထုတ်လွှင့်ပြပေးသွားမည် ဖြစ်ပါ သည်။

“MPT နဲ့ ပူးပေါင်းဆောင်ရွက်ထားတဲ့ အခုလိုဗဟုသုတအသိအမြင်ပေးနိုင်မယ့် ဗီဒီယိုတွေကို အလွှာအသီးသီးကနေ အများပြည်သူတွေဆီကို အတူတကွ ဝေမျှပေးနိုင်တော့မှာဖြစ်ပါတယ်။ ဒီဗွီဒီယိုတွေမှာ နေ့စဉ်လူမှုဘဝ ကြံုတွေ့ရတဲ့ မတော်တဆဖြစ်ရပ်တွေဖြစ်တဲ့ မူးမေ့တာ၊ မတော်တဆထိခိုက်မိတာလို အရေးပေါ် အခြေနေမျိုးတွေမှာ အသက်အန္တရာယ်ကင်းအောင်နဲ့ ပိုပြီးမဆိုးရွားအောင် ကနဦး ဘယ်လိုကြိုတင် ဆောင်ရွက်နိုင်မယ်ဆိုတဲ့ လူတိုင်းဆောင်ရွက်နိုင်တဲ့ ရှေးဦးပြုစုခြင်း အကြောင်းအရာတွေ ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူ့အဖွဲ့အစည်းနဲ့ တစ်ဦးတစ်ယောက်စီတိုင်းက အနည်းဆုံး အခြေခံ ရှေးဦးပြုစုခြင်း ဗဟုသုတတွေကို သိရှိထားဖို့လိုပါတယ်။ ဒါမှပဲ ကျန်းမာရေးနဲ့ဆိုင်တဲ့ အရေးပေါ်အခြေအနေမျိုးတွေမှာ ဘယ်လိုပြုစုစောင့်ရှောက်ရမယ်ဆိုတာတွေ့ကိုသိရှိပြီး အပြောင်းအလဲတွေ လုပ်ဆောင်နိုင်စေမှာ ဖြစ််ပါတယ်” ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ နန်းထွမ်းလှ က ပြောကြားခဲ့သည်။

ယခုကျန်းမာရေးအသိပေးလှုံ့ဆော်မှုမှာ အထူးသဖြင့် အရေးပေါ် အခြေအနေတစ်ခု ဖြစ်ပွားပြီးသည်နှင့် တစ်နာရီအတွင်း အချိန်ကာလဖြစ်သော “Golden Hour” တွင် ရှေးဦးပြုစုခြင်းကို ဆောင်ရွက်ခြင်းဖြင့် ထိခိုက်ခံရသူများအနေဖြင့် ပြန်လည်သက်သာလာစေမည့် အကောင်းဆုံးအခွင့်အလမ်းကို ဖော်ဆောင် ပေးနိုင်စေရန် အများပြည်သူသို့ အသိပညာကိုဖြန့်ဝေပေးနိုင်ရန် ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ ဥပမာအနေဖြင့် မော်တော်ယာဉ်မတော်တဆမှု နှင့် အခြားမတော်တဆဖြစ်ရပ်များကြောင့် အရေးပေါ် ထိခိုက်ဒဏ်ရာရရှိသည့် အခြေအနေတွင် အမြန်ဆုံးပြုစုပေးခြင်းဖြင့် အသက်ဘေးမှကင်းလွတ်စေနိုင်မည် ဖြစ်သည်။

“First Aid For All လှုပ်ရှားမှုကနေတစ်ဆင့် အရေးပေါ်အခြေအနေတစ်ခုမှာ ပိုမိုသိရှိနားလည်ပြီး ကျွမ်းကျင်သူတွေရဲ့ အကူအညီရောက်မလာခင်အထိ အခြေခံ ရှေးဦးပြုစုခြင်းနည်းလမ်းတွေကို အများပြည်သူတွေ ပိုမိုသိရှိနားလည်လာပြီး အသုံးပြုထားနိုင်မှာ ဖြစ်ပါတယ်။ ရှေးဦးပြုစုခြင်း နည်းလမ်းတွေကို လေ့လာခြင်းဟာ အရေးပေါ်အခြေအနေတစ်ရပ်ကို ကိုင်တွယ်ဖြေရှင်းရာမှာ အထောက်အကူ ဖြစ်စေနိုင်တာကြောင့် အများပြည်သူတွေဆီကို အသိပညာပေးကဏ္ဍအဖြစ် ထုတ်ပြန်နိုင်ဖို့အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ အခုလို ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီလိုအတူတကွ လုပ်ဆောင်တာကြောင့် အသက်ပေါင်းများစွာကို ပိုမိုကယ်တင်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို လူတိုင်းကလည်း အထောက်အပံ့ပေးသွားမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ အထူးသဖြင့် ငယ်ရွယ်တဲ့ မျိုးဆက်တွေက အခုလို ရှေးဦးပြုစုခြင်း နည်းလမ်းတွေကိုကြည့်ရှုပြီး ဒီအထဲကနည်းလမ်းတွေကို အသုံးပြုနိုင်တာကတစ်ဆင့် အကျိုးအမြတ်တွေ အများကြီး ရရှိနိုင်မှာပါ” ဟု MPT-KSGM Joint Operations ၏ အမှုဆောင်ချုပ် ဖြစ်သူ Mr. Toshitake Amamiya က ပြောကြားသည်။

MPT အနေဖြင့် မြန်မာနိုင်ငံ၏ လူမှုအသိုင်းအဝန်းကြား အမျိုးမျိုးသော လူမှုအကျိုးပြုလုပ်ငန်းများကို ဦးဆောင်သူအဖြစ် ဆောင်ရွက်နေကာ လူမှုဝန်းကျင်နှင့်မြဲမြံစွာ ချိတ်ဆက်ဆောင်ရွက်နိုင်သည့် ဥပမာကို ထူထောင်နိုင်ခဲ့ခြင်းအတွက် များစွာဂုဏ်ယူရပါသည်။ MPT အနေဖြင့် ယခင်ကလည်း ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံရမှုများကို အထောက်အပံ့ပေးခြင်းအပါအဝင် ရေရှည် အတွက် အကျိုးရှိစေမည့် CSR လှုပ်ရှားမှုများကို လုပ်ဆောင်ပေးခဲ့ပါသည်။ အဆိုပါလုပ်ဆောင်မှုများတွင် သန့်ရှင်းပြီး ရောဂါကင်းစင်သည့် သောက်သုံးရေများကို ထောက်ပံ့ပေးခြင်း၊ ဆေးရုံများထံ ရန်ပုံငွေများလှူဒါန်းခြင်းတို့အပြင် သဘာဝဘေးပတ်ဝန်းကျင်ထိန်းသိမ်းစေနိုင်မည့် သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ ပါသည်။

အလားတူပင် MPT အနေဖြင့် လာမည့်နှစ်များအတွင်း အပေါင်းလက္ခဏာဆောင်သော အကျိုးသက်ရောက်မှုများ ပိုမိုရရှိရန် ရည်ရွယ်ထားသည်နှင့်အညီ “ တူညီလှမ်းချီ မျိုးဆက်သစ်တို့ အနာဂတ်ဆီ” ဟူသောဆောင်ပုဒ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ စွန့်ဦးတည်ထွင်နှင့် စီးပွားရေးလုပ်ငန်းငယ်များ ဖွံ့ဖြိုးရေး စသည့်ကဏ္ဍ ၃ ခုတွင် အကျိုးပြုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်လည်း စီစဉ်ထားသည်။

ရည်ရွယ်ထားသည့် ကဏ္ဍတစ်ခုချင်းစီအလိုက် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်အတွက် MPT အနေဖြင့်သက်ဆိုင်ရာ ဧရိယာအလိုက် အဖွဲ့အစည်းအမျိုးမျိုးနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကာ ယင်းတို့ကိုလည်း မကြာတော့မည် အနာဂတ်တွင် ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်သည်။

ခေတ်မီအိတ်ချိန်းစက်များလဲလှယ်မည်ဖြစ်သဖြင့် အော်တိုတယ်လီဖုန်း နံပါတ်များအား ပြောင်းလဲခြင်းအတွက် ထပ်မံကြေညာချက်

(ရန်ကုန်၊ ၂၀၁၇၊ အောက်တိုဘာလ ၂၃ ရက်) – MPT အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေးနှင့် ခေတ်မီဝန်ဆောင်မှုများကိုပေးနိုင်ရန်အတွက် လက်ရှိအသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်များဖြင့် ပြောင်းလဲတပ်ဆင် ဆောင်ရွက်လျှက် ရှိရာ တောင်ဒဂုံအိတ်ချိန်းနယ်မြေရှိ အိတ်ချိန်းများအား ၂၀၁၇ ခုနှစ် သြဂုတ်လ (၃၁) ရက်နေ့တွင် ပြောင်းလဲတပ်ဆင် ပြုလုပ်မည်ဖြစ်ကြောင်း ဇူလိုင်လ (၃၁) ရက်နေ့က အများပြည်သူသို့ အသိပေး ကြေညာခဲ့ပြီး စွမ်းအင်ဆိုင်ရာအခက်အခဲအချို့ကြောင့် နှောင့်နှေးမှုများရှိခဲ့ပါသဖြင့် သတ်မှတ်ရက်၌ ပြုလုပ်နိုင်ခဲ့ခြင်းမရှိခဲ့ပါ။ သို့ဖြစ်ပါ၍ ကျန်ရှိနေသေးသော ဒဂုံဆိပ်ကမ်းအိတ်ချိန်း၊ ယုဇန အိတ်ချိန်း နှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) အိတ်ချိန်း တို့ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၃၁) ရက်နေ့တွင် ပြောင်းလဲတပ်ဆင်သွားမည်ဖြစ်ပြီး အော်တိုတယ်လီဖုန်း နံပါတ်များလည်း အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။

 

အိတ်ချိ််န်းများနယ်မြေလက်ရှိအသုံးပြုနေသော ဖုန်းနံပါတ်အသစ်ပြောင်းလဲမည့် ဖုန်းနံပါတ်
ဒဂုံဆိပ်ကမ်း အိတ်ချိန်းဒဂုံဆိပ်ကမ်းမြို့နယ်
(ရန်ကုန်
01-592xxx01-3592xxx
ယုဇန အိတ်ချိန်း01-593xxx01-3593xxx
ဒဂုံမြို့သစ် (အရှေ့ပိုင်း) အိတ်ချိန်းဒဂုံမြို့သစ် (အရှေ့ပိုင်း)
(ရန်ကုန်)
01-2585xxx01-3585xxx

အဆိုပါ နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် MPT မှ မိမိတို့၏ ၀န်ဆောင်မှုကို အသုံးပြုနေသူများအနေဖြင့် ဆက်သွယ်မှု အဆင်ပြေစေရန် Call Forward ၀န်ဆောင်မှုကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ အကုန်အထိ အခမဲ့ ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိ နံပါတ် သို့မဟုတ် နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည်ဖြစ်ပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ ခေါ်ယူထားသော ဒု-ကြီးကြပ်ရေးမှူး ရာထူး စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ခုံနံပါတ်စာရင်းထုတ်ပြန်ခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ခေါ်ယူထားသော ဒု-ကြီးကြပ်ရေးမှူး ရာထူးစာမေးပွဲဝင်ရောက်ဖြေဆိုရန် ခုံနံပါတ်စာရင်းများကို ထုတ်ပြန်လိုက်ပါတယ်။ စာမေးပွဲဖြေဆိုရန် သက်ဆိုုင်ရာခုံနံပါတ် အသီးသီးကို အောက်ပါလင့်ခ်များမှတစ်ဆင့် ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

Admin and HR for စီမံ/လူ့စွမ်းအား
Commercial for စီးပွားရေး
Finance for ဘဏ္ဏာရေး
Law for ဥပဒေ
Technical for နည်းပညာ

MPT မှ ဆက်သွယ်ရေးကဏ္ဍအတွင်း လူငယ်များအသိပညာပိုမိုတိုးပွားစေမည့် သက်မွေးကျောင်း ပညာရပ်သင်တန်းများကို အထူးပြုတက္ကသိုလ်များအလိုက် ဆောင်ရွက်ပေးနေ

(ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်) – မြန်မာလူငယ်များ၏ ပညာရေးကို အထောက်အပံ့ပေးသွားမည့် စီမံကိန်း၏ တစ်စိတ်တစ်ဒေသ အဖြစ် MPT က ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(သန်လျင်) ဒုတိယနှစ်နှင့် တတိယနှစ် အီလက်ထရွန်းနစ်အင်ဂျင်နီယာဘာသာရပ် ကျောင်းသားများ အပါအဝင် အစိုးရစက်မှုလက်မှုသိပ္ပံမှကျောင်းသူ ကျောင်းသားများအတွက် သက်မွေးဝမ်းကျောင်းဆိုင်ရာ သင်ကြားရေး အစီအစဉ်များကို ယခုလအတွင်း ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါသည်။ Continue reading “ MPT မှ ဆက်သွယ်ရေးကဏ္ဍအတွင်း လူငယ်များအသိပညာပိုမိုတိုးပွားစေမည့် သက်မွေးကျောင်း ပညာရပ်သင်တန်းများကို အထူးပြုတက္ကသိုလ်များအလိုက် ဆောင်ရွက်ပေးနေ”

MPT က မြန်နှုန်းမြင့် 3G ကွန်ရက်ဖြင့် မြန်မာနိုင်ငံအတွင်းရှိ ဆက်သွယ်ရေး ခက်ခဲသည့် ချင်းပြည်နယ်ရှိဒေသများသို့ ချိတ်ဆက်ထောက်ပံ့ပေးနိုင်ခဲ့

(ရန်ကုန်၊ ၂၀၁၇၊ အောက်တိုဘာ ၁၂) – ယခင်က မိုဘိုင်းလ်ဆက်သွယ်ရေးကွန်ရက် ချိတ်ဆက်မှုမရရှိခဲ့သော မြန်မာနိုင်ငံတစ်ဝန်းရှိ ဒေသများအတွက် အရည်အသွေးပိုမိုကောင်းမွန်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ထောက်ပံ့ပေးရန်အတွက် MPT က ဦးတည်ချက်ထား ဆောင်ရွက်နေသည်နှင့်အညီ တောင်တန်းထူထပ်သော ချင်းပြည်နယ်၏ ဝေးလံခေါင်ဖျားသည့် ဒေသအချို့တွင် ဆက်သွယ်မှုကွန်ရက်များကို တိုးချဲ့မြှင့်တင်မှုများ ပြုလုပ်ခဲ့ကာ မြန်နှုန်းမြင့် 3G ကွန်ရက်ကို တိုးချဲ့နိုင်ခဲ့သည့်အတွက် မြန်မာပြည် အနောက်မြောက်ဘက်ပိုင်းရှိ ဒေသခံအသိုင်းအဝိုင်းများအနေဖြင့် ယခုအခါ ပိုမိုအားကောင်းသည့် ဆက်သွယ်ရေး လိုင်းများကို အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း MPTက ယနေ့သတင်းထုတ်ပြန်လိုက်ပါသည်။

ယခုကဲ့သို့ တိုးချဲ့မှုကြောင့် မင်းတပ်မြို့နယ် မကြိုင်ကျေးရွာ ပန်းစခန်း အနီးတစ်ဝိုက်တွင်နေထိုင်သည့် ဒေသခံများနှင့် လေးရှီးကျေးရွာ၊ မခွီရွာ ရှိ ဒေသခံများအပါအဝင် ပလက်ဝမြို့နယ်ရှိ အလင်းဝကျေးရွာ၊ နှင့် ငမြင်သောင်ကျေးရွာ အစရှိသည့် ကျေးရွာများတွင် နေထိုင်သူများသည် မြန်မာနိုင်ငံ၏ အကျယ်ပြန့်ဆုံးနှင့် အလျင်မြန်ဆုံး မိုဘိုင်းလ် ကွန်ရက်ကို အသုံးပြုကာ ဆက်သွယ်မှုများကို အဆင်ပြေပြေနှင့် အချိန်ကုန်သက်သာစွာ အသုံးပြုနိုင်ပြီဖြစ်ပြီး သက်ဆိုင်ရာဒေသအသီးသီးရှိ ကျေးလက်နေပြည်သူများအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို ဖြစ်ထွန်းစေရန်အတွက် အခွင့်အလမ်းကောင်းများကို ဖော်ဆောင်နိုင်စေတော့မည် ဖြစ်ပါသည်။

ယင်းကျေးလက်ဒေသများသို့ ကွန်ရက်ဖြန့်ချိနိုင်မှုကြောင့် ထိရောက်သည့်အကျိုးကျေးဇူးများ ရရှိနိုင်မည့်အပေါ် မကြိုင်ကျေးရွာဒေသခံ ပညာရေးဝန်ထမ်းတစ်ဦးဖြစ်သည့် ဆရာမ ဒေါ်နိန်မြူးမံက “အရင်ကဆိုရင် အားထားရတဲ့ ဆက်သွယ်ရေး ကွန်ရက်မရှိတဲ့အတွက်ကြောင့် အဆက်အသွယ်လုပ်ဖို့နဲ့ လုပ်ငန်းတွေဆောင်ရွက်ရာမှာ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပါတယ်။ ဆက်သွယ်ရေးရရှိဖို့ဆိုတာ ဒီနေရာမှာ အခက်အခဲကြီး တစ်ခုဖြစ်ခဲ့ပေမယ့် အခုလို MPTက တာဝါတိုင်တွေတည်ဆောက်ပေးခဲ့ပြီးတော့ မိုဘိုင်းလ်ကွန်ရက်ကို အလွယ်တကူ အသုံးပြုနိုင်အောင် ထောာက်ပံ့ပေးခဲ့တဲ့အတွက် ကျွန်မတို့ရဲ့ နေ့စဉ်လူနေမှုဘဝတွေကို ပိုပြီး ကောင်းမွန်လာစေသလို လုပ်ငန်းတွေဆောင်ရွက်ရာမှာလည်း အထောက်အကူ ဖြစ်စေမှာ အသေအချာပါပဲ။ အခုလို မိုဘိုင်းလ်ဖုန်း ကွန်ရက် ချိတ်ဆက်မှု အထောက်အပံ့တွေကြောင့် ဒေသခံတွေအနေနဲ့ ကိုယ်ဆက်သွယ်ပြောဆိုချင်သူတွေနဲ့ ဆက်သွယ်ဖို့အတွက် ဝေးဝေးလံလံသွားလာနေဖို့ မလိုတော့ဘူးလေ” ဟု ဆိုသည်။

၎င်းအဆင့်မြှင့်တင်မှုများတွင် မြန်နှုန်းမြင့် 3G ချိတ်ဆက်မှုနှင့် ပိုကောင်းသည့် ဖုန်းခေါ်ဆိုမှု လိုင်းဆွဲအားအတွက် တာဝါတိုင် အခြေခံအဆောက်အုံ မြှင့်တင်ခြင်းများ ပါဝင်ပါသည်။

MPT-KGSM Joint Operations မှ အမှုဆောင်အရာရှိချုပ် Mr. Toshitake Amamiya က “မြန်မာနိုင်ငံရဲ့ အနောက်မြောက်ဘက်ဒေသမှာရှိတဲ့ အလွန်ဝေးလံခေါင်သီတဲ့ နေရာအချို့က သုံးစွဲသူတွေအနေနဲ့ ပိုကောင်းတဲ့ချိတ်ဆက်မှုတွေ ရရှိနိုင်စေဖို့အတွက် ကျွန်တော်တို့ရဲ့ ကွန်ရက်ကို အခုလို တိုးချဲ့နိုင်ခဲ့တဲ့အပေါ် ဝမ်းသာပီတိဖြစ်ရပါတယ်။ အခုလို မြန်နှုန်းမြင့် မိုဘိုင်းလ်ကွန်ရက် ချိတ်ဆက်မှုကို ထောက်ပံ့ပေးနိုင်ခဲ့တဲ့ အတွက်ကြောင့် များပြားလှတဲ့ စီးပွားရေးနဲ့ လူမှုအခွင့်အလမ်းတွေကို ရရှိလာစေနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ လက်ရှိတာဝါကွန်ရက်တွေကို အဆင့်မြှင့်တင်ခဲ့ရုံသာမက ပိုကောင်းတဲ့ ဖုန်းခေါ်ဆိုမှုတွေရရှိဖို့အတွက် တာဝါတိုင်တွေ ထပ်တိုးပြီးတော့လည်း စိုက်ထူခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာတစ်ခုအနေနဲ့ ကျေးလက်မှာရှိတဲ့ ဒေသစုံက လူမှုအဖွဲ့အစည်း တွေအတွက် အဆင့်မြင့်ဆက်သွယ်ရေးနည်းပညာတွေရဲ့ အကျိုးကျေးဇူးတွေကို ရရှိခံစား နိုင်စေရေးကို ဆောင်ရွက်ပေးဖို့ကလည်း အရေးကြီးပါတယ်။” ဟု ပြောကြားသည်။

MPT အနေဖြင့် အကျယ်ပြန့်ဆုံးနှင့် အလျင်မြန်ဆုံးကွန်ရက်ကိုပိုင်ဆိုင်ထားပြီး နိုင်ငံလူဦးရေ၏ ၉၆ ရာခိုင်နှုန်း အထိဆက်သွယ်မှုကွန်ရက်ကို လွှမ်းခြုံပေးခဲ့ပြီးဖြစ်သည်။ MPT သည် မြန်မာနိုင်ငံအတွင်း အလျင်မြန်ဆုံး ဆက်သွယ်ရေးကွန်ရက် ဝန်ဆောင်မှုကို ထောက်ပံ့ပေးနိုင်သော အော်ပရေတာအဖြစ် အင်တာနက်အမြန်နှုန်း စစ်ဆေးမှုများတွင် ကမ္ဘာ့ထိပ်တန်းမှ ဦးဆောင်လျက်ရှိသည့် လွတ်လပ်သည့် နိုင်ငံတကာ နည်းပညာအဖွဲ့အစည်း ဖြစ်သော Ookla ၏ အသိအမှတ်ပြုခြင်း ချီးမြှင့်ခြင်းကို တစ်နှစ်အတွင်း နှစ်ကြိမ်တိုင်တိုင် လက်ခံရရှိခဲ့သည်။ MPT အနေဖြင့် နိုင်ငံတစ်ဝန်းရှိ ဆက်သွယ်ရေး ကွန်ရက်များပိုမိုကောင်းမွန်စေရန် ဆက်လက်ဆောင်ရွက်လျက် ရှိသကဲ့သို့ မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ နေရာတိုင်းတွင်လည်း ပိုမိုကောင်းမွန်သည့် ကွန်ရက်ဖြန့်ကျက်မှုကို ထောက်ပံ့ဖြည့်ဆည်းပေးလျက်ရှိပြီး ဆက်သွယ်ရေးဝန်ဆောင်မှုများကိုတိုးချဲ့ ဆောင်ရွက်ပေးခြင်းဖြင့် မြန်မာနိုင်ငံမှာ ရှေ့သို့လှမ်းချီနိုင်ရန် ကြိုးပမ်းနေကြောင်းကိုလည်း ထုတ်ဖော်ပြသလျက် ရှိပါသည်။

ကမ္ဘာနှင့်အဝန်း ဆက်သွယ်ချိတ်ဆက်နိုင်မည့် IP-VPN Global Connection

(ရန်ကုန်၊ ၁၃ ရက်၊ အောက်တိုဘာ၊ ၂၀၁၇) – အထူးလုံခြုံစိတ်ချရမှုရှိပြီး တစ်ကိုယ်ရည်သီးသန့် အသုံးပြုနိုင်မည့်အပြင် ပြောင်းလွယ်ပြင်လွယ်ရှိကာ ဘက်စုံစီမံကွပ်ကဲနိုင်သော ကွန်ရက်ဝန်ဆောင်မှု တစ်ခုဖြစ်သည့် MPT ၏ IP-VPN Global Connection ကိုအသုံးပြုခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ၊ အင်တာပရိုက်လုပ်ငန်းစုများ၊ အစိုးရအဖွဲ့အစည်းများ စသည့်လုပ်ငန်းများ အနေဖြင့် ၎င်းတို့၏လုပ်ငန်း ရုံးခန်းများရှိရာ မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်သို့ ချိတ်ဆက်နိုင်ပြီ ဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်လိုက်ပါသည်။

မြန်မာနိုင်ငံအတွင်း ပထမဆုံးအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည့် MPT ၏ IP-VPN Global Connection သည် တစ်သီးပုဂ္ဂလဖြစ်ပြီး လုံခြံုစိတ်ချရကာ တည်ငြိမ်မှုရှိသော Multi-Protocol Label Switching (MPLS) နည်းပညာကို အခြေပြုထားပါသည်။ ယင်းသို့အခြေပြုထားသည့် နည်းပညာသုံး wide area network (WAN) ဝန်ဆောင်မှုဖြင့် ကုန်းပိုင်းဆက်သွယ်ရေးလမ်းကြောင်း ၄ ခုနှင့် ရေအောက်ဆက်သွယ်ရေး လမ်းကြောင်း ၂ ခု အပေါ်တွင် ရယူဆောင်ရွက် ထားသောကြောင့် စီးပွားရေးလုပ်ငန်းများအတွက် အသုံးပြုသူများအနေဖြင့် နိုင်ငံတကာနှင့် ချိတ်ဆက်ခြင်းတွင် လုံခြံုစိတ်ချ ခိုင်မာမှုရှိသည့် IP-VPN စနစ်ကို အသုံးပြုနိုင်မည်ဖြစ်ပါသည်။

ဝန်ဆောင်မှု အသုံးပြုသူများအနေဖြင့် ၎င်းတို့၏ မြန်မာနိုင်ငံရှိ ပြည်တွင်းဒေတာကွန်ရက်မှတစ်ဆင့် နိုင်ငံရပ်ခြားရှိ နေရာဒေသများသို့ “ တစ်နေရာထဲတွင်အပြီးမှာယူခြင်း” နှင့် “ တစ်နေရာထဲတွင်အပြီးငွေပေးချေခြင်း” စနစ် ကို အသုံးပြုပြီး လွယ်ကူစွာကွန်ရက်ချဲ့ထွင်နိုင်မည် ဖြစ်ပါသည်။ ထို့ ကြောင့် နိုင်ငံတွင်းနှင့် နိုင်ငံရပ်ခြားမှ IP-VPN အသုံးပြုမှု ရယူထားသည့် သက်ဆိုင်ရာ access line ဝန်ဆောင်ခများကို တစ်နေရာတည်းတွင် ပေးဆောင်နိုင်မည် ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ MPT ရဲ့ IP-VPN Global Connection စနစ်က လုံခြံုစိတ်ချရမှုရှိပြီး အရည်အသွေးမြင့် အင်တာနက် နည်းပညာကွန်ရက်တစ်ခုဖြစ်ပြီး ချဲ့ထွင်တာနဲ့ ပြုပြင်ပြောင်းလဲတာတွေကို အလွယ်ကူဆုံးပြုလုပ်နိုင်တဲ့အပြင် သုံးစွဲသူတွေကိုလည်း မြန်နှုန်းမြင့် ကမ္ဘာအနှံ့ကွန်ရက်တစ်ခုကို တစ်နေရာတည်းမှာ အပြီးရယူနိုင်အောင် စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလိုနိုင်ငံဖြတ်ကျော်ပြီး ကွန်ရက်ချိတ်ဆက်ပေးနိုင်မှုဟာ မြန်မာနိုင်ငံမှာ ပထဆုံး ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ ဝန်ဆောင်မှုတစ်ခုလည်းဖြစ်ပြီး တိုးတက်ကြီးထွားလာနေတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ လိုအပ်ချက်တွေကို ခေတ်မီဝန်ဆောင်မှုတွေနဲ့အတူ အထောက်အပံ့ပေးနိုင်ရမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဦးတည်ချက်နဲ့အညီ အခုလို ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။” ဟု ပြောကြားသည်။

MPT က နိုင်ငံတွင်း IP-VPN ဝန်ဆောင်မှုကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း ပထမဆုံးအနေနှင့် တစ်နိုင်ငံလုံးအသုံးပြုနိုင်သော ဝန်ဆောင်မှုတစ်ခု ဖြစ်ခဲ့ကာ ရိုးရှင်းသော ကွန်ရက်တည်ဆောက်ပုံ၊ ထိုစဉ်ကစျေးကွက်အတွင်း အသုံးပြုနေသည့် အငှားကွန်ရက်လိုင်းများထက် ပိုပြီးချိုသာသောစျေးနှုန်းနှင့် မြင့်မားသော လုံခြံုမှုအဆင့်အတန်းတို့ဖြင့် ဆောင်ရွက်ပေးခဲ့ပါသည်။ အသုံးပြုသူများအတွက် ကိုယ်ပိုင်သီးသန့် ကွန်ရက်တစ်ခု ရယူရန်အတွက် ကုန်ကျစရိတ် လျော့ကျသွားခြင်း၊ တစ်နေရာတည်းတွင်ရောင်းချပေးနိုင်သဖြင့် အရှုပ်အရှင်းပိုမိုနည်းပါးသည့်အတွက် စီမံခန့်ခွဲရာတွင် ပိုမိုရိုးရှင်းလွယ်ကူခြင်း၊ ကွန်ရက်တစ်ခုတည်းတွင် ဒေတာကို သယ်ဆောင် အသုံးပြုနိုင်သောကြောင့် အသုံးစရိတ် ပိုမိုတွက်ချေကိုက်ခြင်း၊ စွမ်းဆောင်ရည်ကို စီမံခန့်ခွဲမှုနှင့် သတင်းပေးပို့မှု ပိုမိုကောင်းမွန်ခြင်း စသော အကျိုးအမြတ်များကို ခံစားခဲ့ရပါသည်။

MPT သည် ယခုအခါ ၎င်း၏ IP-VPN ကွန်ရက်ဆက်သွယ်မှုကို နိုင်ငံတကာအဆင့် ဝန်ဆောင်မှုသို့ မြှင့်တင်နိုင်ခဲ့ပြီး ကွန်ရက်ပြတ်တောက်ခဲ့ပါက သုံးစွဲသူထံ ငွေပြန်အမ်းမည့် အချက်များပါဝင်သော ဝန်ဆောင်မှုအဆင့် သဘောတူညီချက် (SLA)အပြင် သုံးစွဲသူများ ပိုမိုအကျိုးသက်ရောက်မှုရှိစေရန် ပြည်ပသို့ ဆက်သွယ်မှု တိုးချဲ့ကာ မြန်မာကုမ္ပဏီများကို ကမ္ဘာ့စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်ရန်အတွက် အားပေးထောက်ပံ့လျက် ရှိပါသည်။

MPT ၏ နိုင်ငံတကာသို့ ချိတ်ဆက်နိုင်မည့် ဆက်သွယ်မှုအသစ် IP-VPN Global Connectivity အကြောင်း ထပ်မံသိရှိလိုပါက [email protected] သို့မဟုတ် Hotline +959426000323 တို့ကိုခေါ်ဆိုပြီး B2B အရောင်းဌာနမှတစ်ဆင့် MPT စီးပွားရေးလုပ်ငန်း ဌာနခွဲသို့ ဆက်သွယ်နိုင်ပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဒုတိယကြီးကြပ်ရေးမှူး ရာထူးစာမေးပွဲဖြေဆိုရန် အကြောင်းကြားခြင်း

၁။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ခေါ်ယူထားသော လစာနှုန်းကျပ် (၁၈၀၀၀ဝ-၂ဝဝဝ-၁၉ဝဝဝဝ) ဒုတိယကြီးကြပ်ရေးမှူး ရာထူးနေရာများအတွက် ရေးဖြေ စာမေးပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ လာရောက် ဖြေဆိုနိုင်ရန် အကြောင်းကြားပါသည်-

(က)    ကျင်းပမည့်နေ့          –   ( ၂၈-၁၀-၂၀၁၇ ) နှင့် ( ၂၉-၁၀-၂၀၁၇ )

(ခ)     အချိန်                     –    နံနက်( ၉) နာရီမှ ညနေ ( ၅ ) နာရီအထိ ( ၉:ဝဝ – ၁၁:ဝဝ ) ( ၁၂:၃ဝ – ၁၄:၃ဝ) ( ၁၅:ဝဝ – ၁၇:ဝဝ )

(ဂ)     ဘာသာရပ်              –    Personality and Behavior Test  (၂၈-၁၀-၂၀၁၇) (စနေနေ့) / မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ (၂၉-၁၀-၂၀၁၇) (တနင်္ဂနွေနေ့)

(ဃ)   ကျင်းပမည့်နေရာ      –    အ-ထ-က (၆) ၊ ဗိုလ်တထောင်၊ ရန်ကုန်မြို့

 

၂။         စာမေးပွဲဖြေဆိုခွင့်ရရှိသူများ၏ ခုံနံပါတ်များအား ( ၂၀ – ၁၀ -၂၀၁၇) ရက်နေ့တွင် ဝန်ကြီးဌာန Website,  MPT  Website  နှင့်  Official  Facebook  Page  များတွင် ထုတ်ပြန်​ ကြေညာထားမည် ဖြစ်ပြီး တယ်လီဖုန်းအမှတ်၊ ၀၁-၂၀၂၆၀၀ ၊ ၀၉-၄၂၃၀၀၆၃၄၈ ၊ ၀၉-၅၀၂၁၀၅၉ သို့ ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းနိုင်ပါသည်။

၃။         စာမေးပွဲ ဝင်ရောက် ဖြေဆိုမည့်သူများသည် အောက်ပါစာရွက်စာတမ်းများ ယူဆောင်၍ စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို (၂၅-၁၀-၂၀၁၇) ရက်နေ့မှ (၂၇-၁၀-၂၀၁၇) ရက်နေ့အထိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊  စီမံရေးရာနှင့် ဥပဒေရေးရာဌာနကြီး၊ လူ့စွမ်းအားအရင်းအမြစ်ဌာန ( အမှတ်၊ ၄၄ / ၁၄၄ ) အောက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့ တွင် လာရောက်ထုတ်ယူရပါမည် –

(က)     နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း

(ခ)       လျှောက်လွှာနှင့်အတူ ပူးတွဲထားသည့် စာရွက်စာတမ်း (မူရင်း)

၄။         စာမေးပွဲဖြေဆိုမည့်နေ့ရက်တွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း များ ယူဆောင်ရန် ပျက်ကွက်ပါက စာမေးပွဲသို့ ဝင်ရောက် ဖြေဆိုခွင့်ပြုမည် မဟုတ်ကြောင်း အကြောင်း ကြားပါသည်။