MPT ၏ LTE+ ကွန်ရက်ကို မြန်မာနိုင်ငံ၏ တိုင်းနှင့်ပြည်နယ်အားလုံးတွင် အသုံးပြုနိုင်ပြီ

(ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်) – MPT ၏ အလျင်မြန်ဆုံးနှင့် အကျယ်ပြန့်ဆုံး LTE+ ကွန်ရက်ကို ချင်းပြည်နယ် ဟားခါးမြို့နှင့် မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုး စေတီတော်တို့တွင် အသုံးပြု နေနိုင်ပြီဖြစ်ပြီး အမြန်ဆုံးအင်တာနက်ဆု ရရှိထားသည့် မိုဘိုင်းလ်ဖုန်းကွန်ရက်ကို မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်း အသီးသီးသို့ တိုးချဲ့လိုက်ပြီ ဖြစ်ပါသည်။

MPT အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အင်တာနက်သုံးစွဲနိုင်စေရေးအတွက် ပြောင်းလဲမှုများကို ဆောင်ရွက်နေသည်နှင့်အညီ အဆင့်မြင့် LTE+ ကွန်ရက်ကို ဆက်လက်ဖြန့်ကျက်လျက်ရှိပါသည်။ မြန်နှုန်းမြင့်မားသည့် အင်တာနက်သုံးစွဲမှုကို ထောင်ပေါင်း များစွာသော သုံးစွဲသူများထံ တစ်ပြိုင်နက် ထောက်ပံ့ပေးနိုင်ခြင်းကြောင့် ဟားခါးမြို့တွင် နေထိုင်သူများအနေဖြင့် အင်တာနက်သုံးခြင်း၊ သီချင်းနားထောင်ခြင်း၊ HD ဗီဒီယိုကြည့်ရှုခြင်းတို့ကို အလွန်ကောင်းမွန်သော အရည်အသွေးဖြင့် ရယူအသုံးပြုနိုင်တော့မည် ဖြစ်ပါသည်။ MPT သည် မကြာသေးမီကလည်း LTE+ 4×4 MIMO ကွန်ရက်အဆင့်မြှင့်တင်မှုကို ဆောင်ရွက်ခဲ့ကာ နည်းပညာနှင့်ကိုက်ညီသည့် ဆက်သွယ်ရေး ပစ္စည်းများ (မိုဘိုင်းလ်ဖုန်းများ) ဖြင့်အသုံးပြုပါက အမြန်နှုန်း 300Mbps အထိ ရရှိနိုင်မည့် အကြောင်း မိတ်ဆက် ကြေညာခဲ့ပြီးလည်းဖြစ်ပါသည်။

MPT LTE+ ကို ဟားခါးမြို့တွင် တိုးချဲ့ဖြန်ကျက်နိုင်ခြင်းနှင့်အတူ ယခုအခါ နိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၈၂ မြို့တွင် ယင်းကွန်ရက်ကို အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ မြန်မာ့အကြီးဆုံး ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT အတွက် လာမည့် ၂၀၁၈ ခုနှစ်သည် ကြီးကျယ်ခမ်းနားသော နှစ်တစ်နှစ်အဖြစ် သတ်မှတ်ထားပြီး ၂၀၁၈ ခုနှစ်အကုန်တွင် LTE+ ကို နိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၂၈၀ တွင် ဖြန့်ကျက်သွားရန် မျှော်မှန်းထားပါသည်။ သုံးစွဲသူများအနေဖြင့် ကွန်ရက်နည်းပညာ နှင့်ကိုက်ညီသည့်မည်သည့် 4G မိုဘိုင်းလ်ဖုန်း အမျိုးအစားတွင်မဆို ၎င်းတို့ရှိ ဖုန်း settings တွင် 4G network ကို ဖွင့်ထားပေးခြင်း သို့မဟုတ်နီးစပ်ရာ MPT အမှတ်တံဆိပ်ပါရှိသော အရောင်းဆိုင်များ ထံသွားရောက်ကာ ပြုလုပ်ခြင်းဖြင့် အဆင့်မြှင့်တင်ထားသည့် အကောင်းဆုံး ကွန်ရက်ကိုချိတ်ဆက် နိုင်မည် ဖြစ်ပါသည်။

MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “အမြန်ဆုံးအင်တာနက်ဆုရရှိထားတဲ့ LTE+ ကွန်ရက်ကို နိုင်ငံတစ်ဝန်း အသုံးပြုသူတွေက အံ့အားသင့် ဖွယ်ကောင်းလောက်အောင် အသုံးပြုနေတာကို ကျွန်တော်တို့ ကိုယ်တွေ့မြင်တွေ့ခဲ့ပါတယ်။ဒါကြောင့် ကျွန်တော်တို့ရဲ့ LTE+ ကွန်ရက်ကို ဟားခါးနဲ့ ကျိုက်ထီးရိုး စေတီတို့မှာ မိတ်ဆက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ အခုလို အရေးပါတဲ့ သမိုင်းမှတ်တိုင်ဖြစ်တဲ့ ချင်းပြည်နယ်မှာ တိုးချဲ့ချိတ်ဆက် နိုင်ခြင်းဟာ MPT LTE+ ကို နိုင်ငံတစ်ဝန်းက ပြည်နယ်နဲ့တိုင်း အသီးသီးမှာ အသုံးပြုနိုင်ပြီဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အမြင့်ဆုံး အမြန်နှုန်းနဲ့အတူ အသုံးပြုသူတွေက အင်တာနက်ကို အရင်ထက်ပိုပြီးလျင်မြန်တဲ့နှုန်းနဲ့ အသုံးပြု နိုင်ပါပြီ။ ဟားခါးနဲ့ ကျိုက်ထီးရိုးက အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ ဟန်းဆက်တွေမှာ 4G ကိုဖွင့်ပြီး မြန်မာနိုင်ငံရဲ့ အမြန်ဆုံးနဲ့ အကျယ်ပြန့်ဆုံး မိုဘိုင်းလ်ကွန်ရက်ပေါ်ကနေ သူငယ်ချင်းတွေ မိသားစုတွေ နဲ့ ချိတ်ဆက်နိုင်ကြပြီ ဖြစ်ပါတယ်။” ဟု ပြောကြားပါသည်။

အသေးစိတ်အချက်အလက်များအတွက် MPT ၏ ၁၀၆ ဝန်ဆောင်မှုစင်တာ သို့မဟုတ် www.mpt.com.mm နှင့် MPT ၏ တရားဝင် Faceook စာမျက်နှာဖြစ်သည့် https://www.facebook.com/mptofficialpage တို့တွင် ဝင်ရောက်စုံစမ်းသိရှိနိုင်မည်ဖြစ်ပါသည်၊

MPT က FTTH အစီအစဉ်သစ်များကို သင့်တင့်သော စျေးနှုန်းဖြင့်မိတ်ဆက်

(ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ- ၂၇) – MPT သည် စျေးနှုန်းသင့်တင့်မျှတသော Fiber To The Home (FTTH) အင်တာနက်အစီအစဉ်သစ်များကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂ ရက် မှစတင်၍ ဝန်ဆောင်မှုပေးသွားမည့် အကြောင်းယနေ့သတင်းထုတ်ပြန်ကြေညာလိုက်သည်။

2 Mbps အမြန်နှုန်းအတွက် တစ်လလျှင် ၃၉,၀၀၀/- ကျပ်သာကျသင့်မည်ဖြစ်ပြီး အကန့်အသတ်မရှိ download လုပ်နိုင်မည့် MPT ၏ FTTH အင်တာနက်အစီအစဉ်သစ်သည် သုံးစွဲသူများအတွက် လူမှုမီဒီယာများ၊ မျာပြားလှသော မီဒီယာကဏ္ဍများ၊ download ရယူခြင်းများနှင့် ဖျော်ဖြေမှုများအတွက် အဆင်ပြေချောမွေ့စွာ ချိတ်ဆက်အသုံးပြုနိုင်စေမည်ဖြစ်သည်။ တပ်ဆင်ခနှုန်းထားများကို ယခင် ၂၀၀,၀၀၀/- ကျပ်မှ ယခု ၅၀,၀၀၀/- ကျပ်အထိ လျှော့ချပေးထားပြီဖြစ်ပါသည်။ Continue reading “ MPT က FTTH အစီအစဉ်သစ်များကို သင့်တင့်သော စျေးနှုန်းဖြင့်မိတ်ဆက်”

လူအများ၏အသည်းစွဲ သီချင်းဆိုပြိုင်ပွဲ ရုပ်သံ အစီအစဉ်သစ် “The Voice Myanmar” အတွက် MPT က အဓိကပါ၀င်ပံ့ပိုးသွားမည်

(ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်) – ကမ္ဘာတစ်ဝန်း လူကြိုက်များနှစ်သက်သည့် “ The Voice Myanmar” သီချင်းဆိုပြိုင်ပွဲ ရုပ်သံအစီအစဉ် သစ်အတွက် MPT က အဓိကပံ့ပိုးသူအဖြစ် ပါဝင်သွားမည်ဖြစ်ကာ လာမည့် ၂၀၁၈ ခုနှစ် အစောပိုင်းတွင် MRTV-4 ရုပ်သံ၌ စတင်ထုတ်လွှင့်တော့မည်ဖြစ်ကြောင်း ယနေ့ထုတ်ပြန် ကြေညာလိုက်သည်။ အောင်မြင်ကျော်ကြားသည့် တေးသံရှင်များဖြစ်သော နီနီခင်ဇော်၊ လင်းလင်း၊ ရန်ရန်ချမ်းနှင့် ဟန်ထူးလွင်တို့က အကဲဖြတ်ဒိုင်များအဖြစ်ပါဝင်မည့် အဆိုပါ ရုပ်သံအစီအစဉ်သစ်တွင် ပြိုင်ပွဲဝင်သူများအနေဖြင့် နိုင်ငံတကာတွင် ကျင်းပလျက်ရှိသော “ The voice” သီချင်းဆိုပြိုင်ပွဲများနည်းတူ စတူဒီယိုအတွင်း တိုက်ရိုက် ကြည့်ရှုနေသည့် ပရိသတ်များရှေ့မှောက်၌ “The Voice” ဆုကိုရရှိရန် သီဆိုယှဉ်ပြိုင်ရမည် ဖြစ်ပြီး မိမိတို့ ဘဝကို ပြောင်းလဲပေးနိုင်မည့် တေးစီးရီးထုတ်လုပ်နိုင်မည့် စာချုပ်တစ်ခုကိုုလည်း Universal Media Group နှင့်အတူ ချုပ်ဆိုခွင့် ရရှိမည်ဖြစ်သည်။ သီချင်းချစ်သူ ပြည်သူများအနေဖြင့် ထူးချွန်ပြောင်မြောက်သည့် ဂီတ အရည်အသွေးများကို ပိုင်ဆိုင်ထားသော မြန်မာနိုင်ငံတစ်ဝန်းရှိ လူငယ်လူရွယ်မျိုးဆက်သစ်များ၏ ဂီတပါရမီကို ကြည့်ရှုခံစားနိုင်ကြတော့မည် ဖြစ်ပါသည်။

The Voice Myanmar ကို ဂီတပါရမီရှိသူ လူငယ်မျိုးဆက်သစ်များ၏ အိပ်မက်ကိုအကောင်အထည် ဖော်ပေးနိုင်မည့် အစီအစဉ်တစ်ခု ဖြစ်လာစေရန် ရည်ရွယ်ထားပြီး မြန်မာနိုင်ငံမှ ဂီတကိုနှစ်သက်သူပြည်သူများ အတွက်လည်း ဂီတရသကိုပေးစွမ်းနိုင်ရန် ဖော်ဆောင်ပေးသွားမည် ဖြစ်ပါသည်။ ၎င်းသီချင်းဆိုပြိုင်ပွဲ အစီအစဉ်သည် သီဆိုသည့်ဟန်ပန်ထက် သီဆိုသူ၏ ပင်ကိုယ်အသံအရည်အသွေးကိုသာ အာရုံစိုက်ပြီး နောက်ကျောပေးအနေအထားဖြင့် အကဲဖြတ်ခြင်းကြောင့် အခြားသော ပြိုင်ပွဲအစီအစဉ် များနှင့် ကွာခြားနေမည် ဖြစ်သည်။ အကောင်းဆုံး ပြိုင်ပွဲဝင်များကို ရွေးချယ်နိုင်ရန်အတွက် မြန်မာ့ဂီတနယ်ပယ်ရှိ နာမည်ကျော် အနုပညာရှင်များက ဒိုင်လူကြီးများအဖြစ် ဆောင်ရွက်မည် ဖြစ်ပါသည်။ ဒိုင်လူကြီးများ၏ အကဲဖြတ်အဆင့်များကို ကျော်ဖြတ်ပြီးသည့်နောက် ဒိုင်လူကြီးများက ပွဲစဉ်တစ်လျောက် အလိုက်ဖက်ဆုံး ဂီတပုံစံများကို ရွေးချယ်ပေးမည်ဖြစ်သကဲ့သို့ ရှုံးထွက် အဆင့်များ၊ တိုက်ရိုက်ဖျော်ဖြေရေး ပွဲစဉ်များ ယှဉ်ပြိုင်ရာတွင် ၎င်းတို့၏ သီဆိုမှုအပိုင်း ပိုမိုတိုးတက်ကျွမ်းကျင်မှု ရှိလာစေရန် အားပေး ကူညီသွားမည် ဖြစ်သည်။

တိုက်ရိုက်ဖျော်ဖြေမှုအစီအစဉ်၏ ယှဉ်ပြိုင်မှုပွဲစဉ်များမှာ အလွန်ပင် စိတ်ဝင်စားစရာကောင်းမည့် ပြိုင်ပွဲများ ဖြစ်ပါသည်။ ပြိုင်ပွဲဝင်များအနေဖြင့် စတူဒီယိုထဲရှိ အားပေးသူပရိတ်သတ်များ ရှေ့မှောက်တွင် တိုက်ရိုက် ဖျော်ဖြေ၍ ရိုက်ကူး ထုတ်လွှင့်ပေးသွားမည် ဖြစ်သည်။ ပြိုင်ပွဲဝင်များ၏ စွမ်းဆောင်ရည်များကို MPT က လူမှုကွန်ရက် Facebook စာမျက်နှာတွင် တိုက်ရိုက် တင်ဆက်ပေးသွားမည်ဖြစ်သကဲ့သို့ မဲပေးခြင်း၊ သူငယ်ချင်းများနှင့် အပြန်အလှန်ဆွေးနွေးခြင်းတို့ကိုလည်း ပြုလုပ်နိုင်မည်ဖြစ်သည်။

MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ကမ္ဘာကျော် ရုပ်သံအစီအစဉ်ရဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခွင့်ရတဲ့အတွက် MPT က အလွန်ပဲ စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်တို့အနေနဲ့ သီချင်းတွေနဲ့ တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှုတွေကို နှစ်သက်ကြပါတယ်။ လူငယ်တွေရဲ့ အိပ်မက်တွေကို နိုင်ငံတကာစင်မြင့်ပေါ်မှာ အကောင်အထည်ဖော်နိုင်ဖို့ အားပေးကူညီသွားဖို့လည်း ဆန္ဒရှိနေပါတယ်။ ကျွန်တော်တို့ ကွန်ရက်က အခုလို နာမည်ကျော် ရုပ်သံအစီအစဉ်သစ်တစ်ခုကို ထောက်ပံ့ဖို့နဲ့ ကြည့်ရှုသူတွေ နှစ်သက်တဲ့ အဆိုတော်တွေအတွက် အွန်လိုင်းမဲပေးဖို့အတွက်လည်း အသင့်ရှိနေပါပြီ။ အခုလို နာမည်ကျော် ဒိုင်လူကြီးအသစ်တွေနဲ့ လက်တွဲပြီး The Voice Myanmar ကို ပရိသတ်အားပေးမှုအရှိဆုံး အစီအစဉ်တစ်ခုဖြစ်လာစေဖို့ MPT က မျှော်လင့်ပါတယ်”ဟု ပြောကြားသည်။

MPT ၏ ပိုမြန်သည့်ဒေတာအမြန်နှုန်း၊ ပိုမိုကြည်လင်ပြတ်သားသည့် ဖုန်းခေါ်ဆိုမှုတို့နှင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် အသုံးပြုနိုင်မည့် အနာဂတ်၏ LTE+ နည်းပညာ

(ရန်ကုန်၊ ၂၀၁၇ ခုုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်) – မြန်မာနိုင်ငံတစ်ဝန်းရှိ MPT သုံးစွဲသူများအတွက် မြန်နှုန်းမြင့် ဒေတာကွန်ရက်များ၊ ကောင်းမွန်သော ဖုန်းခေါ်ဆိုမှုများကို အစဉ်အမြဲ အလေးထားဆောင်ရွက်နေသည့် MPT သည် နောက်ဆုံးပေါ်နည်းပညာများဖြင့် ပိုမိုဆန်းသစ်တီထွင်ထားသည့် LTE+ ကွန်ရက်အဆင့်မြှင့်တင်ခြင်းနှင့် တိုးချဲ့ခြင်း အကြောင်းမိတ်ဆက်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ရှိ PARKROYAL ဟိုတယ်တွင် ယနေ့ကျင်းပပြု လုပ်ခဲ့ပါသည်။

“မြန်မာ့အမြန်ဆုံး မိုဘိုင်းလ်ကွန်ရက်” ဆုရထားသည့် MPT သည် မြန်မာပြည်တစ်ဝှမ်းရှိ သုံးစွဲသူများအားလုံး အတွက် အမြန်နှုန်းများကို ပိုမိုကောင်းမွန်အောင် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျှက်ရှိပြီး ယခုလည်း နောက်ဆုံးပေါ် 4×4 MIMO နည်းပညာအသုံးပြုထားသည့် LTE+ ကွန်ရက်ပေါ်တွင် bandwidth ပမာဏကို ယခင်ကထက် နှစ်ဆတိုးမြှင့်လိုက်သည့်အတွက် သုံးစွဲသူများအနေဖြင့် ယခင်ကရရှိခဲ့သည့် နှုန်းထားထက် နှစ်ဆပိုမိုမြန်ဆန်သည့် 300 Mbps အထိ အမြင့်ဆုံးအဖြစ် တိုးမြှင့် ရရှိနိုင်မည်ဖြစ်ပါသည်။ နည်းပညာကိုက်ညီသည့် မည်သည့် ဖုန်းအမျိုးအစားဖြင့်မဆို Download/Upload ပိုမိုမြန်ဆန်စွာ ပြုလုပ်နိုင်မည် ဖြစ်သည့်အပြင် ကြည်လင်ပြတ်သားသည့် High Resolution ဗွီဒီယိုများကို ကြာရှည်စွာ စောင်းဆိုင်းရန်မလိုဘဲ ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

တစ်ချိန်တည်းမှာပင် MPT က Carrier Aggregation ဟုခေါ်သည့် နည်းပညာသစ်ကို အသုံးပြုမှုမှတစ်ဆင့် ရန်ကုန်မြို့ပေါ်ရှိ သုံးစွဲသူများအတွက် အွန်လိုင်းသုံးစွဲမှုအတွေ့အကြုံများကို တိုးမြှင့်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။ ယခု အဆင့်မြှင့်တင်ဆောင်ရွက်မှုကို ဇန်နဝါရီလအတွင်းတွင် ရန်ကုန်မြို့ရှိ Junction Mawtin, Junctioin Square နှင့် တော်ဝင်စင်တာ စသည့် စျေးဝယ်စင်တာများတွင် စတင်သွားမည်ဖြစ်သဖြင့် အဆိုပါနေရာများရှိ MPT သုံးစွဲသူများအနေဖြင့် ပိုမိုကောင်းမွန်သည့် အင်တာနက်သုံးစွဲမှုအတွေ့အကြံုကို ရရှိခံစားနိုင်မည်ဖြစ်ပါသည်။ သုံးစွဲသူများ၏ မိုဘိုင်းလ်ကိရိယာများမှတစ်ဆင့် မတူညီသည့် LTE+ Frequency Bands နှစ်ခုကို ချိတ်ဆက်စေခြင်းဖြင့် MPT ၏ ဖုန်းလိုင်းကို အသုံးပြုသူများအတွက် LTE+ အတွင်း အလွှာအချင်းချင်း ပေါင်းစပ်စေကာ အမြန်ဆုံးဒေတာ နှုန်းထားတစ်ခုကို ဖြစ်ပေါ်စေခြင်းပင်ဖြစ်ပါသည်။ ထို့အပြင် MPT ၏ LTE+ အတွက် လှိုင်းနှုန်းစဉ် သုံးခုကို ပေါင်းစပ်ထားခြင်းဖြင့် အမြန်ဆုံးသော ဒေတာနှုန်းထားဖြစ်သည့် 800Mbps အထိကိုပင်ရရှိစေပြီး မြန်မာနိုင်ငံအတွင်း အမြန်ဆုံးနှုန်းထားတစ်ခုအဖြစ် မှတ်ကျောက် တင်နိုင်ပြီဖြစ်ပါသည်။

MPT အနေဖြင့် ဒေတာကွန်ရက်၏ အရေးပါမှုကို နားလည်သိရှိထားပြီး ဖြစ်သော်လည်း အသုံးပြုသူ အများအပြားသည် အရည်အသွေးကောင်းမွန်သည့် ကွန်ရက်ပေါ်မှ ဖုန်းခေါ်ဆိုမှုများကို လိုအပ်လျက် ရှိသည်ကိုလည်း နားလည်ထားပါသည်။ ယင်းအတွက် ပိုမိုကောင်းမွန်သည့် နည်းလမ်းများကို ရှာဖွေခဲ့ပြီး ယနေ့တွင် အနာဂတ်၌ ပြောင်းလဲလာမည့် တယ်လီဖုန်းခေါ်ဆိုမှု အရည်အသွေးများကို လက်တွေ့ သရုပ်ပြ ခဲ့ပါသည်။ Voice over LTE (VoLTE) ဟုခေါ်သော နည်းပညာသည် ပိုမိုကြည်လင်ပြတ်သား သောအသံ ခေါ်ဆိုမှုများနှင့် နောက်ခံ ဆူညံသံ နည်းပါးသော ဖုန်းခေါ်ဆိုမှုများကို ပြုလုပ်နိုင်စေမည်ဖြစ်ပါသည်။ MPT သည် မြန်မာနို်င်ငံ၏ ထိပ်တန်းမိုဘိုင်းလ် ကွန်ရက်ပေါ်မှတစ်ဆင့် အနာဂတ်တယ်လီဖုန်းခေါ်ဆိုမှု အရည်သွေးများကို မီဒီယာများသို့ ပထမဦးဆုံးအကြိမ် ရှင်းလင်းမိတ်ဆက်ပေး နိုင်ခဲ့ခြင်းဖြစ်ပါသည်။ “ VoLTE နဲ့ ဆိုရင် ကိုယ့်ဘေးနားမှာ လာထိုင်ပြီး စကားပြောနေသလိုပါပဲ” ဟု MPT-KSGM Joint Operations ၏ Chief Technical Officer ဖြစ်သူ Mr. Noboru Edagawa က ပြောကြားပါသည်။

နောက်ဆုံးအနေဖြင့် MPT က LTE+ ကွန်ရက်ကို မြို့နယ်ပေါင်း (၂၈၀) ရှိ သုံးစွဲသူများထံသို့ ၂၀၁၈ ခုနှစ် အကုန်တွင် ဖြန့်ကျက်ချိတ်ဆက် ပေးသွားနိုင်မည့်အကြောင်းကို ကြေညာနိုင်သည့်အတွက် အထူးပင် စိတ်လှုပ်ရှား ဝမ်းမြောက်မိပါသည်။ MPT ရဲ့ နောက်ထပ်မှတ်တိုင်အသစ်ဖြစ်သည့် မြန်မာ့အမြန်ဆုံး MPT LTE+ ကွန်ရက်ကို နိုင်ငံတစ်ဝှမ်းလုံးရှိ တိုင်းနှင့်ပြည်နယ်အသီးသီးတို့တွင် ချိတ်ဆက်အသုံးပြုနိုင်တော့မည် ဖြစ်ပါသည်။

Mr. Noboru Edagawa က ဆက်လက်ပြောကြားရာတွင် “ဒီနှစ်အစောပိုင်းက LTE+ ကို မိတ်ဆက်ခဲ့ ပြီးတဲ့နောက် သုံးစွဲသူတွေရဲ့ ဒေတာ သုံးစွဲမှုနှုန်း အဆမတန် မြင့်တက်လာတာကို သိရှိခဲ့ရပါတယ်။ ဒါကြောင့် ရန်ကုန်နဲ့အနီးတစ်ဝိုက်အပြင် သတ်မှတ်ထားတဲ့ နေရာတွေမှာလည်း ပိုမိုလျင်မြန်တဲ့ ဒေတာအမြန်နှုန်းတွေကို အသုံးပြုနိုင်မယ့် LTE+ ကွန်ရက် အဆင့်မြှင့်တင်မှုတွေကို ကြေညာနိုင်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ပျော်ရွှင်မိပါတယ်။ နောက်ပြီး Voice over LTE လို့ခေါ်တဲ့ နည်းပညာနဲ့အတူ အနာဂတ်မှာ တိုးတက်ပြောင်းလဲလာမယ့် တယ်လီဖုန်းခေါ်ဆိုမှုကို သရုပ်ပြသဖို့အတွက် အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ ဒီနည်းပညာက ပိုမိုကြည် လင်ပြတ်သားတဲ့ အသံခေါ်ဆိုမှုတွေကို နောက်ခံဆူညံသံအနည်းဆုံးနဲ့ ကြားရနိုင်စေမှာဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ MPT ရဲ့ နောက်ဆုံးပေါ် LTE+ ကွန်ရက်ကို နိုင်ငံတစ်ဝှမ်းလုံးက ပြည်နယ်နှင့်တိုင်းများအားလုံးမှာ မကြာမီအချိန်အတွင်း ချိတ်ဆက်အသုံးပြုနိုင်တော့မှာပဲဖြစ်ပါတယ်” ဟု ပြောကြားပါသည်။

MPT က ၂၀၀၈ ခုနှစ်အတွင်း မြန်မာလူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန် ဖော်ဆောင်သွားမည်

(ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်) – MPT နှင့် မြန်မာနို်င်ငံကွန်ပျူတာအသင်းချုပ် (MCF) တို့ ပူးပေါင်းကျင်းပသည့် “မြန်မာလူငယ် နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ်-၂၀၁၈” ပြိုင်ပွဲတွင် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းစတင်မည့် လူငယ်များနှင့် နည်းပညာဆက်စပ်နယ်ပယ်များတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ကြမည့် လူငယ်များ၏ စွမ်းဆောင်ရည်ကို အဓိကအခန်းကဏ္ဍမှ ကူညီထောက်ပံ့ပေးနိုင်ခဲ့သည့်အတွက် MPT အနေဖြင့်များစွာ ဂုဏ်ယူဝမ်းမြောက်ကြောင်း ယနေ့သတင်းထုတ်ပြန်လို်က်သည်။ MPT ၏ လူမှုအကျိုးပြု လုပ်ငန်းများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် မျိုးဆက်သစ်များအတွက် ခိုင်မာထိရောက်သော အကျိုးသက်ရောက်မှု ရှိစေမည့် စီးပွားရေးလုပ်ငန်း ကျွမ်းကျင်မှု အတတ်ပညာများ၊ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း အတွက် အနီးကပ်သင်တန်းနှင့် အခွင့်အလမ်းများ ပ့ံပိုးပေးခြင်းဖြင့် MPT က လူငယ်စွန့်ဦးစီးပွားရေး လုပ်ငန်းရှင်များကို အထောက်အပံ့ပြုပေးနိုင်ရန် ရည်မှန်းထားပါသည်။

အဆိုပါ ပြိုင်ပွဲအစီအစဉ်သည် မြန်မာနိုင်ငံတစ်ဝန်းမှ ပါဝင်ယှဉ်ပြိုင်သူ လူငယ်များ၏ စီးပွားရေးလုပ်ငန်း စိတ်ကူးစိတ်သန်းများကို အမှန် တကယ်ဖြစ်လာစေမည့် အခွင့်အလမ်းပေးစွမ်းနိုင်မည်ဖြစ်ပါသည်။ ပြိုင်ပွဲတွင် နိုင်ငံတစ်ဝန်းရှိ ရာပေါင်းများစွာသော စိတ်ဝင်စားသူ အသင်းများအနေဖြင့် Civic Technology၊ Open Data၊ စိုက်ပျိုးရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုပတ်ဝန်းကျင် နှင့် ဖျော်ဖြေရေးအစရှိသည့် ကဏ္ဍများအတွက် မိမိတို့၏ အသစ်အသစ်သော စွန့်ဦး လုပ်ငန်းများကို ပါဝင်ယှဉ်ပြိုင်် သွားနိုင်ကြောင်း စီစဉ်ကျင်းပသူများက မျှော်လင့်ထားပါသည်။
လျှောက်လွှာများကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်မှစတင်လက်ခံသွားမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၈ ရက်နေ့အထိ နောက်ဆုံးထား လျှောက်ထားနိုင်မည် ဖြစ်သည်။ လျှောက်ထားရာတွင် သက်ဆိုင်ရာ နယ်ပယ်အလိုက် အခက်အခဲများကို ခွဲခြမ်းစိတ်ဖြာခြင်း၊ ဖြေရှင်းနိုင်သော နည်းလမ်းကို အဆိုပြုတင်သွင်းခြင်းနှင့် ယင်းကိုစီးပွားရေးအရ လုပ်ငန်းတစ်ခုအဖြစ် မည်သို့ ဆောင်ရွက်နိုင်မည်ဆိုသည့် အချက်ကိုတင်ပြခြင်း အပါအဝင် မိမိတို့၏ ထုတ်ကုန် သို့မဟုတ် နည်းလမ်းအတွက် မျှော်လင့်ထားသည့် စျေးကွက်နယ်ပယ်ကိုလည်း ဖော်ပြသွားရန်လိုအပ်မည်ဖြစ်သည်။ ယခုအဆင့်များမှာ အောင်မြင်သည့် စီးပွားရေးလုပ်ငန်းများအားလုံး လိုက်နာရမည့် အခြေခံဖြစ်ကာ အလွန်ပင်အရေးကြီးသည့် ခြေလှမ်းတစ်ရပ် ဖြစ်သကဲ့သို့ ယခုအစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်သူများအတွက် အမှန်တကယ် လိုအပ်သည့် ကျွမ်းကျင်မှုနည်းလမ်များထဲမှ တစ်ခုပင် ဖြစ်ပါသည်။

အထက်မြန်မာပြည် (မန္တလေးအခြေစိုက်) နှင့် အောက်မြန်မာပြည် (ရန်ကုန်အခြေစိုက်) တို့အတွက် အဖွဲ့ (၁၅) ဖွဲ့စီ ရွေးချယ်သွားမည်ဖြစ်ပြီး ရွေးချယ်ခံရသည့်အဖွဲ့များက ၎င်းတို့၏ ထုတ်ကုန်ကို ရွေးချယ်ရေးဘုတ်အဖွဲ့ ရှေ့တွင် တင်ဆက်ပြသခွင့် ရရှိမည်ဖြစ်သည်။ အကယ်၍ တင်ပြမှု အောင်မြင်ခဲ့ပါက နောက်ဆုံးအဖြစ် အဖွဲ့ (၁၀)ဖွဲ့ ကို ရွေးချယ်သွားမည်ဖြစ်ကာ ၎င်းတို့၏ စီးပွားရေးစီမံကိန်းကို မွမ်းမံပြင်ဆင်နိုင်သည့် အခွင့်အလမ်း ရရှိမည်ဖြစ်သည့်အပြင် ၎င်းတို့၏ စိတ်ကူးအကြံဉာဏ်များကို ဒိုင်လူကြီးများနှင့် မီဒီယာရှေ့တွင် ပြသထုတ်ဖော်ခွင့် ရရှိကြမည်ဖြစ်သည်။ ယင်းနောက်တွင် အထူးလေ့ကျင့်သင်ကြားပေးမှု အစီအစဉ် တစ်ရပ် အဖြစ် တစ်ပတ်တာ စခန်းသွင်းလေ့ကျင့်ခြင်းကိုလည်း ရန်ကုန်တွင်ကျင်းပသွားမည် ဖြစ်ပါသည်။ ထိုမှတစ်ဆင့် မိမိတို့၏ မျှော်လင့်ထားသည့် စီးပွာေးရးလုပ်ငန်းအိပ်မက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် အကောင်းဆုံး ၃ ဖွဲ့ကိုရွေးချယ်သွားမည်ဖြစ်ကာ MPT နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ၎င်းတို့၏စီမံချက်များကို အပြီးသတ်အောင်မြင်မှု ရရှိသည်အထိ အကောင်အထည်ဖော်နိုင်မည့် အခွင့်အလမ်းများ ရရှိကြမည် ဖြစ်သည်။

ပြိုင်ပွဲဝင် အဖွဲ့များသည် MPT နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့၏ Facebook လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် မီဒီယာများနှင့် ထိတွေ့ခွင့် အများအပြား ရရှိမည့်အပြင် ၎င်းတို့၏ စီပွားရေးလုပ်ငန်း ဆိုင်ရာ စိတ်ကူးများအတွက် မီဒီယာများပေါ်တွင် ဖော်ပြပေးချက်မျာကိုလည်း အကောင်းဆုံးတန်ဖိုးတစ်ခု အဖြစ်လည်း ရရှိမည်ဖြစ်ပါသည်။ ပြိုင်ပွဲအတွက် သီးသန့်ဝက်ဘ်ဆိုက်နှင့် လူမှုကွန်ရက်မီဒီယာ များကို လုပ်ဆောင် ပေးသွားမည်ဖြစ်သည်။ ပြိုင်ပွဲဝင်ရန်အတွက် လျှောက်ထားမှုကို အင်တာနက်မှတစ်ဆင့် လုပ်ဆောင်နိုင်မည် ဖြစ်သကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သက်ဆိုင်ရာ MPT ရုံးများ တွင်လည်း စာရင်းပေးသွင်းနိုင်ပါသည်။

အနိုင်ရရှိမည့် အသင်းကို နောက်ဆုံးအဆင့်ယှဉ်ပြိုင်မှုမှတစ်ဆင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက် တွင် ဆုံးဖြတ်ပေးသွားမည် ဖြစ်ပြီး အနိုင်ရရှိမည့် အသင်းသည် ဆုကြေးငွေကျပ် သိန်းငါးဆယ် နှင့်အတူ ၂၀၁၈ ခုနှစ် မတ်လမှစတင်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု စင်တာ ဖြစ်သည့် ကနောင်ဟဘ်တွင် အခြားသော အောင်မြင်မှုရရှိနေသည့် လုပ်ငန်းငယ်များနှင့် အနီးကပ် အလုပ်လုပ်ကိုင်နိုင်မည့် နေရာတစ်ခုကို (၆) လတိတိ အခမဲ့အသုံးပြုခွင့်အား ဦးစွာရရှိမည်ဖြစ်ပါသည်။ အနိုင်ရရှိသောအသင်းသည် လမ်းညွှန်ပြသပေးနိုင်မည့်သူများ၏ အနီးကပ်ကူညီထောက်ပံ့မှုကို ရရှိမည်ဖြစ်ပြီး လုပ်ငန်းနယ်ပယ်အသီးသီးတွင် အောင်မြင်နေသည့် ကြီးကြပ်သူများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးမှုဖြင့် ၎င်းတို့၏လုပ်ငန်း အကောင်းဆုံး တိုးတက်စေမည့် အခွင့်အလမ်းများ လည်း ရရှိမည်ဖြစ်ပါသည်။
“ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်အနေနဲ့ အခုလို ့ မြန်မာလူငယ် နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ်-၂၀၁၈ ကို MPT နဲ့အတူပူးပေါင်းဆောင်ရွက် နိုင်ခဲ့တဲ့အတွက် အထူးပဲဝမ်းမြောက်မိပါတယ်။ မြန်မာပြည်သူလူထု အနေနဲ့ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ အခက်အခဲတွေအတွက် ဖြေရှင်းချက်တွေကို ဖန်တီးဖော်ဆောင် ပေးနိုင်မယ့် အခွင့်အလမ်းတွေရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ လူငယ်မျိုးဆက်သစ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကပဲ ဒီလို အခက်အခဲတွေကို ကျော်လွှားနိုင်မယ်လို့ ကျွန်တော် မှတ်ယူထားပါတယ်။ ကျွန်တော်တို့အနေနဲ့ လာမယ့် လတွေမှာ သူတို့တွေရဲ့ စီမံချက်တွေဖွံ့ဖြိုးလာတော့မှာကို မြင်တွေနိုင်ဖို့အတွက် အထူးပဲ စိတ်လှုပ်ရှား နေပါတယ်” ဟု မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌဖြစ်သူ ဦးခွန်ဦးက ပြောကြားခဲ့သည်။

 

MPT-KSGM Joint Operations ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သော Mr. Toshitake Amamiya က လည်း “ဒီနေ့ခေတ်လူငယ်တွေဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်လည်း ဖြစ်ပါတယ်။ စီးပွားရေးနဲ့ ဒစ်ဂျစ်တယ်စနစ်ဆိုင်ရာ စွမ်းရည်တွေဟာ လူငယ်တွေရဲ့ အောင်မြင်မှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတာကို MPT က သိနားလည်ပြီးသား ဖြစ်ပါတယ်။ ကျွန်တော်တို့က မြန်မာနိုင်ငံမှာရှိတဲ့ နည်းပညာနဲ့နည်းစနစ်တွေအတွက် စွန့်ဦးလုပ်ဆောင်သူ အနာဂတ်မျိုးဆက်သစ်တွေကို ခွန်အားပေးလိုပါတယ်။ လာမယ့်နှစ်တွေမှာ ဒစ်ဂျစ်တယ်နည်းပညာပြောင်းလဲမှု ဆင့်ကဲဖြစ်စဉ်တွေကြောင့် လုပ်ငန်းခွင်တွေဟာ သိသိသာသာ တိုးတက်ပြောင်းလဲသွားမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လူငယ်တွေဟာလည်း အဲ့ဒီအပြောင်းအလဲအတွက် အဆင်သင့် ဖြစ်နေရပါမယ်။ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး ကဏ္ဍမှာ ဦးဆောင်သူဖြစ်တဲ့ ကျွန်တော်တို့က ဒစ်ဂျစ်တယ်နည်းပညာနဲ့ အကျိုးကျေးဇူးကို အကောင်းဆုံး နားလည်ထားတဲ့အတွက် ကျွန်တော်တို့ MPT နဲ့ အတူ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ဟာ မြန်မာနိုင်ငံကို ရှေ့ကိုလှမ်းချီစေနိုင်ဖို့ အလားအလာရှိတဲ့ အဖွဲ့တွေကို ကြီးကြပ်သင်ကြား ပေးဖို့အတွက် အလွန် စိတ်အား ထက်သန်နေပါတယ််” ဟု ပြောကြားခဲ့ပါသည်။
ပြိုင်ပွဲ၊ လျှောက်လွှာပုံစံအဆင့်ဆင့်နှင့်ပတ်သက်သည့် အသေးစိတ်သတင်းထုတ်ပြန်ချက်များကို သိရှိလိုပါက www.mmtechnopreneurship.com ၊ MPT ၏ တရားဝင် ဝက်ဘ်ဆိုက်နှင့် Facebook စာမျက်နှာ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ဝက်ဘ်ဆိုက်နှင့် Facebook စာမျက်နှာများတွင် ဝင်ရောက် လေ့လာ ကြည့်ရှုပြီး လျှောက်ထားနိုင်ပါသည်။

MPT မှ ပျော်ရွင်ကံထူး နှစ်သစ်ကူးကံစမ်းမဲအစီအစဉ်ကို ပြန်လည်စတင်

(ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT အနေဖြင့် အသုံးပြုသူ ၂၆သန်းကျော်အတွက် အကြီးမားဆုံးနှင့် အကောင်းဆုံးသောဆုများကို ပေးအပ်ခဲ့ပြီး ယခုနှစ်အတွက်လည်း စိတ်လှုပ်ရှားဖွယ်ကောင်းသော ဆုများကို ပေးအပ်ရန် စိတ်အားထက်သန်လျက်ရှိရာ MPT က “ပျော်ရွှင်ကံထူး နှစ်သစ်ကူး” ကံစမ်းမဲ အထူးအစီအစဉ်တစ်ရပ်ကို ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာ ၁၃ရက်မှစတင်၍ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့အထိ ပြန်လည်ပြုလုပ်ပေးသွား တော့မည်ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်လိုက်သည်။

ယခုနှစ်အတွက် ပြန်လည်စတင်လိုက်သည့် MPT ၏ ကံစမ်းမဲအစီအစဉ်တွင် iPhone X အလုံး ၃၀၊ Toyota Vios ကား ၃ စီး အပြင် အထူးဆုကြီးတစ်ဆုအဖြစ် စတားစီးတီးကွန်ဒိုမီနီယမ်မှ တိုက်ခန်းတစ်ခန်းတို့ကို ထည့်သွင်းပေးအပ်သွားမည် ဖြစ်ပါသည်။

MPT မှ အနေဖြင့် အသုံးပြုသူများကို ယခုကံစမ်းမဲအစီအစဉ်တွင် ပါဝင်နိုင်ရန်လွယ်ကူသောနည်းလမ်းများဖြင့် စီစဉ်ပေးထားကြောင်းသိရသည်။ သုံးစွဲသူများအနေဖြင့် မြန်မာနိုင်ငံ၏ အကျယ်ပြန့်ဆုံးသော MPT ၏ ဆက်သွယ်ရေးမိုဘိုင်းလ်ဝန်ဆောင်မှုကို အသုံးပြုရုံဖြင့် ပျော်ရွှင်ကံထူး နှစ်သစ်ကူးအစီအစဉ်တွင် ပါဝင်နိုင်မည်ဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် ယခုကံစမ်းမဲ အစီအစဉ်သည် ဖုန်းဘီလ် ၁ ထောင်ကျပ်ကိုအသုံးပြုလိုက်သည်နှင့် အလိုအလျောက် ပါဝင်ခွင့်ရရှိမည်ဖြစ်ကာ နောက်ထပ်ကံစမ်းခွင့်ကိုလည်း နောက်ဆုံးအကြိမ် ကံစမ်းမဲဖွင့်ပွဲကာလအထိ ဆက်လက်ပါဝင်ခွင့်ရရှိမည်ဖြစ်သည်။ အောက်တွင်ဖော်ပြထားသည့်အတိုင်း ဖုန်းဘီလ်အရေအတွက် ပိုမိုထည့်သွင်းခြင်းဖြင့် ကံထူးရှင်ဖြစ်နိုင်မည့် အခွင့်အရေးပိုမိုရရှိမည်ဖြစ်ပါသည်။

အသုံးပြုပုံဆုရရှိနိုင်မည့် အခွင့်အရေး
ဖုန်းဘီလ် ၁,၀၀၀ ကျပ်အသုံးပြုမှုအတွက်ဆုရရှိရန် အခွင့်အရေး ၁ ဆ
ဖုန်းဘီလ် ၅,၀၀၀ ကျပ်အသုံးပြုမှုအတွက်ဆုရရှိရန် အခွင့်အရေး ၅ ဆ
ဖုန်းဘီလ် ၁၀,၀၀၀ ကျပ်အသုံးပြုမှုအတွက်ဆုရရှိရန် အခွင့်အရေး ၁၀ ဆ
ဖုန်းဘီလ် ၁၅,၀၀၀ ကျပ်အသုံးပြုမှုအတွက်ဆုရရှိရန် အခွင့်အရေး ၁၅ ဆ
ဖုန်းဘီလ် ၂၀,၀၀၀ကျပ်အသုံးပြုမှုအတွက်ဆုရရှိရန် အခွင့်အရေး အဆ ၂၀
ဖုန်းဘီလ် ၂၅,၀၀၀ ကျပ်အသုံးပြုမှုအတွက်ဆုရရှိရန် အခွင့်အရေး ၂၅ ဆ
ဖုန်းဘီလ် ၃၀,၀၀၀ ကျပ်အသုံးပြုမှုအတွက်ဆုရရှိရန် အခွင့်အရေး အဆ ၃၀

MPT ၏ ပျော်ရွှင်ကံထူးနှစ်သစ်ကူးအစီအစဉ်တွင် ပါ၀င်ဆင်နွှဲကြသော သုံးစွဲသူများအတွက် ကံထူးရှင်ရွေးချယ်ပွဲအခမ်းအနားကို ၂၀၁၇ ဒီဇင်ဘာ ၂၀ နှင့် ၂၇ ရက်တို့တွင်လည်းကောင်း၊ ၂၀၁၈ခုနှစ် ဇန်နဝါရီ ၃ ရက်တွင်လည်းကောင်း MPT၏ တရားဝင် Facebook စာမျက်နှာမှတစ်ဆင့် တိုက်ရိုက် (Live) ထုတ်လွှင့်ပေးသွားမည်ဖြစ်သည်။ ကံစမ်းမဲ အစီအစဉ်၏ ကနဦး ဆုကြီးသုံးဆုတွင် iPhone X ရ လုံးနှင့် Toyota Vios ၁ စီးတို့ ပါဝင်မည် ဖြစ်သည်။ ကံစမ်းမဲပေါက်သည့် MPT အသုံးပြုသူများကို တိုက်ရိုက်ဖုန်းခေါ်ဆိုမှု များပြုလုပ်သွားမည်ဖြစ်ပြီး ၎င်းတို့၏ ပျော်ရွှင်မှုများကို အခြားသော MPT အသုံးပြုသူများနှင့်အတူ မျှဝေပေးသွားမည်လည်း ဖြစ်ပါသည်။

အထူးဆုဆုမဲကိုမူ ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် မြန်မာပလာဇာ၌ ရွေးချယ်မဲဖောက်ပေးမည်ဖြစ်ပြီး iPhone X ၉ လုံးနှင့် အထူးဆုကြီးအနေဖြင့် သန်လျှင်မြို့နယ်ရှိ Star City ကွန်ဒိုမီနီယမ်မှ ကွန်ဒိုခန်းအသစ် ၁ လုံး တို့ ပါဝင်မည်ဖြစ်သည်။ “Community within a community” Star City ကွန်ဒိုမီနီယမ်တွင် နေထိုင်သူများ သည် ဆိုင်များ၊ စားသောက်ဆိုင်များ၊ စူပါမားကတ်၊ အကြောပြေ အနှိပ်ခန်း ၊ ၉ ကျင်းပါ ဂေါက်ကွင်း ၊ ဘဏ်၊ အချိန်ပြည့် လုံခြုံ ရေးစနစ်အပြင် ရန်ကုန်မြို့တွင်းသို့ လိုက်လံပို့ဆောင်ပေးမည့် ဘတ်စ်ကားဝန်ဆောင်မှုများနှင့်အခြား လိုအပ်သော လုပ်ငန်းအမျိုး မျိုး တို့ကို တစ်နေရာအတွင်း၌ပင် ရယူအသုံးပြုနိုင်မည် ဖြစ်ပါသည်။

MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သော Mr.Reizo Umeda က “MPTက ဒီနှစ်အတွက် ကံစမ်းမဲအစီအစဉ်ကို ထပ်ပြီး မိတ်ဆက်ပေးနိုင်ခ့တဲ ာကို တကယ်ကိုပဲ ဝမ်းမြောက်မိပါတယ်။ ဆုလက်ဆောင်တွေကလည်း အရင်ကထက် ပိုပြီးများပြားကောင်းမွန်လာတဲ့အပြင် ကံစမ်းမဲအစီအစဉ် မှာ ပါဝင်ဖို့လည်း ပိုမိုလွယ်ကူလာပါပြီ။ ဒါ့အပြင် iPhone X ကံထူးသူတွေလည်း MPT ရဲ့ မြန်နှုန်းမြင့် 4×4 MIMO 4G ကွန်ရက်ရဲ့ ပိုကောင်းတဲ့ အင်တာနက် အတွေ့အကြုံကိုခံစားနိုင်မှာ ဖြစ်ပါတယ်။ MPT ကိုအသုံးပြုနေကြတဲ့ သူတွေအတွက် အားပေးမှုကို ကျေးဇူးတင်တဲ့အနေနဲ့ နှစ်ကုန် အားလပ်ရက်အချိန်တွေမှာ ဆုကြီးတွေပေးအပ်ရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကံစမ်းမဲ့အစီအစဉ်မှာ မြန်မြန်ပါဝင်ကြဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့ သည်။

MPT အသုံးပြုသူများအနေဖြင့် ပျော်ရွှင်ကံထူး နှစ်သစ်ကူး အထူးကံစမ်းမဲ အစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက Customer Care Service ဖုန်းနံပါတ် (၁၀၆)သို့ ဆက်သွယ်မေးမြန်းနိုင်မည် ဖြစ်ပါသည်။

Lucky Draw FAQs MM

Lucky Draw

၁။ MPTရဲ့ ပျော်ရွှင်ကံထူးနှစ်သစ်ကူး အစီအစဉ်ဆိုတာ ဘာပါလဲ။

• MPTသည် ပျော်ရွှင်ကံထူးနှစ်သစ်ကူး အစီအစဉ်ကို ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ(၁၃)ရက်မှ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ(၉)ရက်အထိ စီစဉ်ကျင်းပပေးမည်ဖြစ်ပါသည်။

၃။ “အသုံးပြုမှု” ဆိုတာ ဘာကိုဆိုလိုတာပါလဲ။ ဘယ်လိုအသုံးပြုမှုမျိုးက ပျော်ရွှင်ကံထူး နှစ်သစ်ကူးအစီအစဉ်မှာပါ၀င်ခွင့်အတွက် အကျုံးဝင်မှာပါလဲ။

• မိမိ၏လက်ကျန်ငွေ(Main Balance)အတွင်းမှ အသုံးပြုမှုအားလုံးသည် အကျံူးဝင်ပါသည်။ ( သုံးသလောက်ပေးစနစ်ဖြင့် ဖုန်းခေါ်ဆိုခြင်း၊ သုံးသလောက်ပေးစနစ်ဖြင့် အင်တာနက်အသုံးပြုခြင်း၊ စာတိုပေးပို့ခြင်း၊ ပက်ကေ့ချ်ဝယ်ယူခြင်း နှင့် VAS ၀န်ဆောင်မှုများရယူအသုံးပြုခြင်း)
• Bonus အတွင်းမှ အသုံးပြုမှုများ အကျံူးမဝင်ပါ။

၅။ သုံးစွဲသူတစ်ယောက်ချင်းစီဟာ ကံစမ်းမဲပေါက်ရန်အခွင့်အရေး ဘယ်လောက်ရရှိနို်င် ပါသလဲ။

• အနည်းဆုံးဖုန်းဘီလ် (၁၀၀၀)ကျပ်ပြည့်မီအောင်အသုံးပြုရုံဖြင့် အနီးဆုံးကံထူးရှင် ရွေးချယ်မည့်နေ့ ( အနီးဆုံးဗုဒ္ဓဟူးနေ့ ) မှစ၍ အထူးဆုရွေးချယ်ပွဲအချိန်အထိ အပတ်စဉ်ကံစမ်းခွင့်ရရှိမည် ဖြစ်ပါသည်။
• အောက်ဖော်ပြပါ ပမာဏအထိသုံးစွဲမှုများပြုလုပ်ပါက ကံထူးရှင်ဖြစ်ရန် အခွင့်အရေး ပိုမိုရရှိမည်ဖြစ်ပါသည်။
– ၅၀၀၀ကျပ်အထိအသုံးပြုပါက ၁၀၀၀ ကျပ်အသုံးပြုခြင်းထက် ကံထူးရှင်ဖြစ်ရန်အခွင့်အရေး (၅)ဆ ပိုမိုရရှိမည်။
– ၁၀၀၀၀ကျပ်အထိအသုံးပြုပါက ၁၀၀၀ ကျပ်အသုံးပြုခြင်းထက် ကံထူးရှင်ဖြစ်ရန်အခွင့်အရေး (၁၀)ဆ ပိုမိုရရှိမည်။
– ၁၅၀၀၀ကျပ်အထိအသုံးပြုပါက ၁၀၀၀ ကျပ်အသုံးပြုခြင်းထက် ကံထူးရှင်ဖြစ်ရန်အခွင့်အရေး (၁၅)ဆ ပိုမိုရရှိမည်။
– ၂၀၀၀၀ကျပ်အထိအသုံးပြုပါက ၁၀၀၀ ကျပ်အသုံးပြုခြင်းထက် ကံထူးရှင်ဖြစ်ရန်အခွင့်အရေး အဆ(၂၀) ပိုမိုရရှိမည်။
– ၂၅၀၀၀ကျပ်အထိအသုံးပြုပါက ၁၀၀၀ ကျပ်အသုံးပြုခြင်းထက် ကံထူးရှင်ဖြစ်ရန်အခွင့်အရေး (၂၅)ဆ ပိုမိုရရှိမည်။
– ၃၀၀၀၀ကျပ်နှင့် အထက်အသုံးပြုပါက ၁၀၀၀ ကျပ်အသုံးပြုခြင်းထက် ကံထူးရှင်ဖြစ်ရန်အခွင့်အရေး အဆ(၃၀) ပိုမိုရရှိမည်။

ဖုန်းနံပါတ်တစ်လုံးလျှင် အများဆုံးတစ်ကြိမ်သာ ကံထူးနိုင်မည်ဖြစ်သည်။

၇။ ကံထူးရှင်ဖြစ်ကြောင်း MPT က ဖုန်းခေါ်ဆိုအသိပေးတာကို ဖုန်းမကိုင်ဖြစ်ခဲ့ပါဘူး။ ဒါဆိုဘာဖြစ်မှာပါလဲ။

• ဖုန်းခေါ်ဆို၍မရသည့် ကံထူးရှင်များအား အမ်ပီတီသည် နောက်ထပ် ၅ရက်အထိ ( အင်္ဂါနေ့အထိ) ဆက်လက်ခေါ်ဆိုနေမည်ဖြစ်သည်။
• ယင်း၅ရက်အတွင်းလည်း ဆက်သွယ်၍မရပါက ယင်းဆုပစ္စည်းများကို အပတ်စဉ်ကံစမ်းမဲအစီအစဉ်၏ နောက်ဆုံးအပတ်အစီအစဉ်တွင် ထည့်ပေါင်းပေးကာ ကံထူးရှင်အသစ် ပြန်လည် ရွေးချယ်သွားမည်။
• အထူးဆုရွေးချယ်မည့် နောက်ဆုံးအပတ်ကံစမ်းမဲအစီအစဉ်- ကံထူးသည့် ဖုန်းနံပါတ်များထံ ၃ကြိမ်ဆက်တိုက် ခေါ်ဆိုရမည်။အကယ်၍ ဆက်သွယ်၍ မရပါက အမ်ပီတီသည် ယင်းဆုပစ္စည်းကို ကျော်ထားခဲ့ပြီး အခြားဆုပစ္စည်းများအတွက် မဲနှိုက်မည်။ ကံစမ်းမဲနှုှိက်သည့် အစီအစဉ် ပြီးဆုံးသွားသည့်အခါ ကျော်ထားခဲ့သည့် ဆုပစ္စည်းပိုင်ရှင်ကို နှစ်ကြိမ်ဆက်တိုက် ထပ်မံခေါ်ဆိုမည်။ အကယ်၍ အဆက်အသွယ်မရပါက အမ်ပီတီသည် ယင်းဆုပစ္စည်းအတွက် ကံထူးရှင် ပြန်လည်ရွေးချယ်သွားမည်ဖြစ်ပါသည်။

၉။ ကျွန်တော်က Toyota Viosကား ကံထူးပါတယ်။ ဘယ်လိုဆုထုတ်ယူရမှာပါလဲ။

• Toyota Viosကား ကံထူူးရှင်များကို ရန်ကုန်မြို့သို့ဖိတ်ခေါ်ကာဆုချီးမြှင့် မည်ဖြစ်ပါ သည်။
• ဆုချီးမြှင့်ပွဲအသေးစိတ်အချက်အလက်များကိုသိီးသန့်အသိပေးအကြောင်းကြား မည် ဖြစ်ပါသည်။
• သတ်မှတ်လုပ်ထုံးလုပ်နည်းအရ လိုအပ်သော စာရွက်စာတမ်းများကို MPT အဖွဲ့/ Toyota အဖွဲ့တို့နှင့်အတူ ဖြည့်စွက်ရမည််ဖြစ်သည်။

၂။ ပျော်ရွှင်ကံထူးနှစ်သစ်ကူး အစီအစဉ်မှာ ဘယ်သူတွေပါ၀င်နိုင်မှာပါလဲ။

• MPT GSM/WCDMA/CDMA ဖုန်းအသုံးပြုသော မြန်မာနိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားသူများအားလုံး ကံစမ်းမဲအစီအစဉ်တွင် ပါ၀င်နိုင်ပါသည်။
• အစီအစဉ်တွင် ပါ၀င်ခွင့်လျှောက်ထားရန် မလိုအပ်ပါ။ ဒီဇင်ဘာလ(၁၃)ရက်မှစ၍ အနည်းဆုံးဖုန်းဘီလ် (၁၀၀၀)ကျပ်အသုံးပြုရုံဖြင့် ပျော်ရွှင်ကံထူး နှစ်သစ်ကူးအစီအစဉ်တွင် အလိုအလျောက်ပါ၀င်ကံစမ်းခွင့်ရရှိကြောင်း MPT က အကြောင်းကြားမည်ဖြစ်ပြီး ပိုမိုသုံးစွဲခြင်းဖြင့် ကံထူးရှင်ဖြစ်ခွင့်ပိုမိုရရှိမည်ဖြစ်ကြောင်းလည်း အသိပေးမည်ဖြစ်သည်။

၄။ ဘယ်လိုဆုတွေပါ၀င်မှာပါလဲ။

• ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်တွင် Toyota Vios 2017 ကား(၁)စီး၏ ကံထူးရှင်နှင့် 7 iPhone Xကံထူးရှင်(၇)ဦးတို့ကိုရွေးချယ်မည်ဖြစ်သည်။
• ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ(၂၇)ရက်တွင် Toyota Vios 2017 ကား(၁)စီး၏ ကံထူးရှင်နှင့် 7 iPhone Xကံထူးရှင်(၇)ဦးတို့ကိုရွေးချယ်မည်ဖြစ်သည်။
• ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ(၃)ရက်တွင် Toyota Vios 2017 ကား(၁)စီး၏ ကံထူးရှင်နှင့် 7 iPhone Xကံထူးရှင်(၇)ဦးတို့ကိုရွေးချယ်မည်ဖြစ်သည်။
• ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်တွင် Star City Condiminiumအသစ်(၁)ခန်း ၏ ကံထူးရှင်နှင့် 7 iPhone Xကံထူးရှင်(၉)ဦးတို့ကိုရွေးချယ်မည်ဖြစ်သည်။

၆။ ကံထူးရှင်အဖြစ်ရွေးချယ်ခံရကြောင်း ဘယ်လိုသိနိုင်မှာပါလဲ။

• ဒီဇင်ဘာလ(၂၀)ရက်၊ ဒီဇင်ဘာလ(၂၇)ရက်၊ ဇန်နဝါရီလ(၃)ရက်၊ ဇန်နဝါရီလ(၁၀)ရက် တို့တွင် ကံထူးရှင်များကိုရွေးချယ်မည်ဖြစ်သည်။
• အဆိုပါနေ့များတွင် ကံထူးရှင်များကို တိုက်ရိုက်ဖုန်းခေါ်ဆိုပြီး ကံထူးရှင်ဖြစ်ကြောင်း အသိပေးမည်ဖြစ်ပါသည်။
• ကံထူးရှင်ရွေးချယ်မှုကို MPT official Facebook Page တွင်တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဖြစ်ပါသည်။

၈။ ကျွန်တော်က iPhone X ကံထူးပါတယ်။ ဘယ်လိုဆုထုတ်ယူရမှာပါလဲ။

• iPhone X ကံထူူးရှင်များကို MPT ဗိုလ်အောင်ကျော်ရုံးသို့ဖိတ်ခေါ်ကာ ဆုချီးမြှင့် မည်ဖြစ်ပါသည်။
• ဆုချီးမြှင့်ပွဲကို ဆုကြေညာပြီးနောက် အနီးဆုံးဗုဒ္ဓဟူးနေ့တွင် ပြုလုပ်မည်ဖြစ်သည်။

၁၀။ ကျွန်တော်က ကွန်ဒိုမီနီယမ် ကံထူးပါတယ်။ ဘယ်လိုဆုထုတ်ယူရမှာပါလဲ။

• ကွန်ဒိုမီနီယမ်ကံထူူးရှင်များကို ရန်ကုန်မြို့သို့ဖိတ်ခေါ်ကာဆုချီးမြှင့်မည်ဖြစ်ပါ သည်။
• ဆုချီးမြှင့်ပွဲအသေးစိတ်အချက်အလက်များကို သိီးသန့်အသိပေးအကြောင်းကြားမည် ဖြစ်ပါသည်။
• သတ်မှတ်လုပ်ထုံးလုပ်နည်းအရ လိုအပ်သော စာရွက်စာတမ်းများကို MPT အဖွဲ့/ Star City အဖွဲ့တို့နှင့်အတူ ဖြည့်စွက်ရမည််ဖြစ်သည်။

MPT က Myanmar Employer Awards ဆုပေးပွဲ အခမ်းအနားတွင် ဆုတံဆိပ်အများအပြား ဆွတ်ခူးရရှိခဲ့

(ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်) – ရန်ကုန်မြို့၊ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ယခု ဒီဇင်ဘာလ ၉ ရက်နေ့ ညက ကျင်းပခဲ့သော Myanmar Employer Awards (မြန်မာ့အကောင်းဆုံးအလုပ်ရှင်ရွေးချယ်ပွဲ) ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် နိုင်ငံ၏ ပထမဆုံးနှင့် အကြီးဆုံး ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT က ဆုတံဆိပ်ငါးခုကို ဆွတ်ခူးရယူနိုင်ခဲ့ပြီ ဖြစ်ပါသည်။

မိမိတို့ လုပ်ငန်းအတွင်း လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သည့် ပင်ကိုယ်စွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန် အမြင့်မားဆုံးရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုအဖြစ် ဝန်ထမ်းများ၏ အသိအမှတ်ပြုမှုနှင့်အတူ မြန်မာနိုင်ငံသားများက ဆန္ဒမဲပေး ရွေးချယ်ခဲ့ကြသည့် လူထု၏ အကြိုက်နှစ်သစ်ဆုံးဆု People’s Choice ရရှိခဲ့သည့်အပေါ် MPT အနေဖြင့် အလွန်ပင်ဂုဏ်ယူ ဝမ်းမြောက်ရပါသည်။

အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Jobnet.com.mm မှ ကြီးမှူးကျင်းပပြီး နိုင်ငံတကာစာရင်းစစ်လုပ်ငန်းတစ်ခုဖြစ်သော Deloitte က စိစစ်အတည်ပြုခဲ့ ရွေးချယ်ခဲ့ကြသည့် Myanmar Employer Awards ဆုပေးပွဲအခမ်းအနားတွင် MPT က အောက်ဖော်ပြပါ ဆုတံဆိပ် ၅ ခုကို အောင်မြင်စွာဆွတ်ခူးရရှိခဲ့ပါသည်။

– People’s Choice Award
– Gold for Most Effective Recruitment Strategy for Talent Attraction
– Gold for Best Use of Technology in HR
– Bronze for Best Use of Rewards & Recognition
– Bronze for Best Career Advancement Program

MPT အနေဖြင့် Effective Recruitment Strategy for Talent Attraction ခေါင်းစဉ်အောက်တွင် များပြားလှသော ဝန်ထမ်းလျှောက်လွှာများကို ထိရောက်သော နည်းလမ်းများဖြင့် လက်ခံဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် ရွှေတံဆိပ် ဆုရှိခဲ့ခြင်းဖြစ်ပါသည်။ ထို့အပြင် ဝန်ထမ်းခေါ်ယူခြင်းများအတွက် ထိပ်တန်းအွန်လိုင်း အလုပ်အကိုင်ရှာဖွေရေး လမ်းကြောင်းနှစ်ခုကို အသုံးပြုခဲ့သည့်အပြင် ဝန်ထမ်းခေါ်ယူရေးအေဂျင်စီများ၊ အထွေထွေနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် အလုပ်အကိုင်ပြပွဲများ နှင့် MPTသီးသန့် ကျင်းပသည့်
အလုပ်အကိုင်ပြပွဲများကြောင့် MPT အနေဖြင့် အခြားပြိုင်ဘက်ကုမ္ပဏီများထက် ပိုမိုကျယ်ပြန့် ထိရောက်ခဲ့ခြင်းဖြစ်ပါသည်။ ရှင်းလင်းသည့် အင်တာဗျူးပုံစံများ၊ ပင်ကိုယ်အရည်အသွေး အကဲဖြတ်စမ်းသပ်မှုများကိုအသုံးပြုထားသည့် လျင်မြန်သော ဝန်ထမ်းခေါ်ယူရေး လုပ်ငန်းစဉ်များနှင့် ပေါင်းစပ်နိုင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ထိရောက်စွာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

Best Use of Technology in HR ခေါင်းစဉ်အောက်တွင် ရွှေတံဆိပ်ဆု ရရှိနိုင်ခဲ့ခြင်းမှာ သင်တန်းများအတွက် SMS alert များ၊ ရုံးတက်ရုံးဆင်းမှတ်တမ်းများအတွက် လက်ဗွေစနစ်၊ အလိုအလျောက် လစာငွေ ပေးသွင်း သည့်ဆော့ဖ်ဝဲ စနစ်နှင့် database ကိုအသုံးပြုကာ ဖိုင်များဝေမျှနိုင်သည့် လုပ်ဆောင်ချက်များပါဝင်သော အွန်လိုင်းမှတစ်ဆင့် အလုပ်ခေါ်ယူသည့် စနစ်များကဲ့သို့ ရိုးရှင်းသည့် နည်းပညာကို MPT မှ ထိရောက်စွာ အသုံးပြုထားခဲ့ခြင်းတို့ကြာင့် ဖြစ်ပါသည်။ ၎င်းနည်းပညာများကို အသုံးပြုခြင်းဖြင့် MPT လူ့စွမ်းအား အရင်းအမြစ်ဌာန၏ အလျင်အမြန်တိုးတက်နေသည့် အဖွဲ့ဝင်များအတွက် အကောင်းဆုံးဝန်ထမ်း လျှောက်လွှာများကို ထိရောက်စွာရှာဖွေနိုင်စေခဲ့ပါသည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းရေးရာဌာနကြီး၏ ဒုတိယအရာရှိချုပ်ဖြစ်သောဖြစ်သော ဦးနိုင်ကိုကိုက “ကျွန်တော်တို့အားလုံးရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြုချီးမြှင့်တဲ့ ဒီဆုတွေဟာ MPT မှာ တာဝန်ထမ်းဆောင်နေကြသူတွေ အားလုံးအတွက် တကယ့်ကို ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်။ ဒီချီးကျူးဂုဏ်ပြုမှုဟာ မြန်မာနိုင်ငံတစ်ဝန်းမှာ ရှိနေတဲ့ ကျွန်တော်တို့ရဲ့ ဝန်ထမ်းပေါင်း ၈,၀၀၀ ကျော်ရဲ့ စုပေါင်းစွမ်းအားနဲ့အတူ မြန်မာနိုင်ငံကို ရှေ့ကိုလှမ်းချီနိုင်ဖို့ သန္နိဌာန်ချဆောင်ရွက်မှုတွေအတွက် ဆုလာဘ်တစ်ခုပဲဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

အလျင်အမြန်တိုးတက်နေသည့် ဝန်ထမ်းခေါ်ယူရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ အောက်တွင် ပါဝင်ယှဉ်ပြိုင်ကြသည့် နိုင်ငံတစ်ဝန်းရှိ ခိုင်မာတည်တံ့သော လုပ်ငန်းရှင်များစွာအတွင်းမှ ပြိုင်ပွဲဝင် လုပ်ငန်းရှင်များ အားလုံးကို MPT က အထူးပင် ဝမ်းမြောက်ဂုဏ်ပြုကြောင်း ပြောကြားအပ်ပါသည်။ MPT အနေဖြင့်လည်း လူ့စွမ်းအားအရင်းအမြစ်နယ်ပယ်တွင် ယခုရရှိခဲ့သည့် အောင်မြင်မှုရလဒ်သည် လုပ်ငန်းများစွာအတွင်းမှ ပထမဆုံး ရရှိနိုင်ခဲ့သည့် ဆုတံဆိပ်များ ဖြစ်သည်ဟု မျှော်လင့်ပါသည်။

MPT4U FAQs MM

MPT4U

၁။ MPT4U App ဆိုတာဘာလဲ။

MPT အသုံးပြုသူတို့အတွက် ဖုန်းငွေဖြည့်ခြင်း၊ပက်ကေ့ချ်ဝယ်ယူခြင်း၊ ဖုန်းဘေအသုံးပြုမှုမှတ်တမ်းစစ်ဆေးခြင်း အစရှိသော ဝန်ဆောင်မှုမျိုးစုံတို့ကို တစ်နေရာထဲမှာအသုံးပြုနိုင်တဲ့ Application တစ်ခုဖြစ်ပါသည်။MPT4U app ကို မြန်မာဘာသာဖြင့်အသုံးပြုလို့ရနိုင်ပါသည်။

၂။ MPT4U App ကိုဘယ်လို Download ရယူရမလဲ။

MPT4U App Download & Install လုပ်ပုံအဆင့်ဆင့်ကို ဒီလင့်ခ်မှတစ်ဆင့်ဝင်ရောက်ကြည့်ရှုပါ။

lotayamm.com/mpt4u#howtodownload

Android ဖုန်းများအတွက် *4040# ကိုခေါ်ဆို၍  သော်လည်းကောင်း ၊ လိုတရဝက်ဆိုက်ဒ်မှ သော်လည်ကောင်း အခမဲ့ ဒေါင်းလုတ်ဆွဲ၍ ရယူနိုင်ပါသည်။ IOS အသုံးပြုသူများအနေနဲ့ MPT4U APP ကို App Storeမှသာလျှင် download / update ဆွဲ၍ရယူနိုင်ပါသည်။ iOS အတွက် MPT4U App Download ကအခမဲ့မဟုတ်ပါ။ App Store မှအင်တာနက်ကုန်ကျမှုဖြင့်ရယူနိုင်ပါသည်။

၃။ MPT4U Appကိုဘယ်လိုUpgradeလုပ်နိုင်ပါသလဲ?

သုံးစွဲသူအနေဖြင့် Update Nowဆိုသော ခလုတ်ကိုနှိပ်၍ လိုတရ ဝက်ဘ်ဆိုက်မှတစ်ဆင့် (သို့) *4040# ကိုခေါ်ဆို၍လည်း အခမဲ့ဒေါင်းလုတ်ပြုနိုင်မှာပါ။ IOSအသုံးပြုသူများအနေဖြင့်မူ App Storeတစ်မျိုးတည်းမှသာ ဒေါင်းလုတ်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

၄။ MPT4U App ကိုဘယ်လိုအသုံးပြုရမလဲ။

MPT4U App ကို အသုံးပြုရန် အောက်ဖော်ပြပါ အတိုင်းတစ်ဆင့်ခြင်းလုပ်ဆောင်၍အသုံးပြုနိုင်ပါသည်။

(၁) ဖုန်း အင်တာနက်ဖွင့်ပါ။

(၂) ဖုန်းထဲရှိ MPT4U App ထဲသို့ဝင်ပါ။

(၃) App ၏ပင်မစာမျက်နှာသို့ရောက်ရှိပါမည်။

App ၏ပင်မစာမျက်နှာ တွင်မိမိအသုံးပြုလိုသောဝန်ဆောင်မှု့များကို ရွေးချယ်အသုံးပြုနိုင်ပါသည်။

၅။ MPT4U App ကနေ ဘာဝန်ဆောင်မှုတွေ ရနိူင် ရယူနိုင်သလဲ။

MPT4U app မှတစ်ဆင့်

-လက်ကျန်ငွေစစ်ဆေးခြင်း၊

-ဖုန်းဘေလ်ဖြည့်ခြင်း၊

-နေ့စဉ်အသုံးပြုသည့် ဖုန်းဘေလ်နှင့်ထပ်ဆောင်းဝန်ဆောင်မှု၏ဝန်ဆောင်ခများစစ်ဆေးခြင်း ၊

-ပက်ကေ့ခ်ဝယ်ယူခြင်း၊

-ဖုန်းဘေလ်ချေးယူခြင်း ၊

-ဖုန်းဘေလ်လွှဲပြောင်းခြင်း၊

-ပက်ကေ့ချ် လက်ကျန် ပမာဏများ စစ်ဆေးနိုင်ခြင်း၊

-ရယူထားသော ထပ်ဆောင်းဝန်ဆောင်မှုများကို စစ်ဆေးနိုင်ခြင်း၊

-Call Service ဝန်ဆောင်မှု့များ ရယူနိုင်ခြင်း၊

-FAQ များ ဖတ်ရှု့နိုင်ခြင်း၊

-MPT Ring Tune ရယူခြင်း၊

-MPT Club ပွိုင့်များ စစ်ဆေးနိုင်ခြင်း၊

-လိုတရ ပေ့ချ် သို့ဝင်ရောက်နိုင်ခြင်း၊ရှယ်ပြော၊ ရွှေစကား အစရှိသော ဝန်ဆောင်မှု များပြောင်းလဲနိုင်ခြင်း၊

-MPT4U ဂိမ်း ဝန်ဆောင်မှု  အစရှိတဲ့ဝန်ဆောင်မှုများ ရရှိနိုင်ပါသည်။

၆။ MPT4U App ကိုအခြားဘယ် Network နဲ့ မဆိုသုံးလို့ရနေပြီလား။

MPT Network သာမက အခြား Network နှင့်လည်းကောင်း၊ Wifi ဖြင့်လည်းကောင်းအသုံးပြုလို့ရပါသည်။ MPT Network ဖြင့်ဝင်ရောက်ပါက အင်တာနက် အခမဲ့ဖြစ်ပါသည်။

၇။ MPT4U Version အသစ်ကဘာလဲ။ Version အသစ်ကို အသုံးပြုရန် အနိမ့်ဆုံး Android နဲ့ iOS ဗားရှင်းကဘယ်လောက်ရှိရမှာလဲ။

IOS : 1.4.0 နှင့်   Andorid : 4.3.0 ဗားရှင်း ဖြစ်ပါတယ်။ Android  ဗားရှင်း “ 5” ထက်နိမ့်ပြီး   iOS ဗားရှင်း “ 9” ထက်နိမ့်လျှင် အသုံးပြုမရပါ။

၈။ သတ်မှတ်ထားသည့် version ထက်နိမ့်နေသော ဖုန်းများသည် MPT4U Versionအသစ်ကိုအသုံးပြုရန် ဒေါင်းလုတ်လုပ်ပြီးတပ်ဆင်နိူင်ပါသလား။

အသုံးပြုသူသည် အက်ပလီကေးရှင်းကိုတပ်ဆင်နိူင်သော်လည်း တစ်ချို့လုပ်ဆောင်မှုများကို   အသုံးမပြုနိုင်ဘဲ   အလိုအလျောက် အက်ပလီကေးရှင်းထဲမှထွက်သွားလိမ့်မည်။

၉။ မိမိဖုန်းတွင် MPT4U အက်ပလီကေးရှင်း ဗားရှင်းကိုဘယ်လိုစစ်ဆေးနိုင်မလဲ။

Side bar menu အောက်ရှိ Setting page မှာသွားရောက်စစ်ဆေးနိုင်ပါတယ်။

၁၀။ ဘာသာစကားကိုဘယ်လိုပြောင်းရမှာလဲ။

Side bar menu ထဲက  -> Setting အောက်ရှိ Language ကိုရွေးပြီး ပြောင်းနိုင်ပါတယ်။

၁၁။ MPT4U အဟောင်းကိုဆက်ပြီးအသုံးပြုနိူင်ပါသလား။

လက်ရှိတွင် MPT4U  အဟောင်းကိုဆက်ပြီးအသုံးပြုနိူင်သော်လည်း ဗားရှင်းအသစ်ကို (၃)လအတွင်း update လုပ်ပေးဖို့လိုပါသည်။

၁၂။ MPT4U အက်ပလီကေးရှင်း ဗားရှင်းအဟောင်းတွင် "ထိပေါက်" ကိုကစားနိုင်ပါသလား။

MPT4U အက်ပလီကေးရှင်း  ဗားရှင်းအဟောင်းတွင်  “ ထိပေါက်” ကို သတ်မှတ်ထားသော အချိန်တစ်ခုအတွင်း ပုံမှန်အတိုင်းကစားနိုင်မည်ဖြစ်သည်။ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် အသစ်အဆင့်မြှင့်တင်ထားသော MPT4U အက်ပလီကေးရှင်း  ဗားရှင်းအသစ်ကို အသုံးပြုပြီး ထိပေါက်ကစားပြီး ကံစမ်းကြရန် အကြံပြုအပ်ပါသည်။

၁၃။ MPT Club member များအတွက်ပေးသော Free chance များကို MPT4U အက်ပလီကေးရှင်းဗားရှင်း အဟောင်းတွင် ရရှိနိုင်ပါသလား။

အကယ်၍ အက်ပလီကေးရှင်း အဟောင်းတွင်သာ log in ဝင်ပြီးအသုံးပြုပါက မူလအဟောင်းအတိုင်းသာ Free chance ကိုရရှိမည်ဖြစ်ပြီး အက်ပလီကေးရှင်း အသစ် (သို့) new website အသစ်တွင် log in  ဝင်ပြီးအသုံးပြုပါက Lucky Draw Free chance ကို အသစ်မှရရှိမည်ဖြစ်ပြီး အက်ပလီကေးရှင်း အဟောင်းကိုထပ်မံအသုံးပြု၍ရတော့မည်မဟုတ်ပါ။ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် MPT4U အက်ပလီကေးရှင်း  ဗားရှင်းအသစ်ကို အသုံးပြုရန် အကြံပြုတိုက်တွန်းအပ်ပါသည်။

၁၄။ MPT4U Web အသုံးပြုသူသည် ဘာကြောင့် အက်ပလီကေးရှင်း အဟောင်းကို အသုံးပြု၍မရတော့ပါသလဲ။

MPT4U Website တွင် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် အဆင့်မြှင့်တင်ထားသော MPT4U အက်ပလီကေးရှင်း  ဗားရှင်းအသစ်ကိုသာ Support လုပ်လိမ့်မည်ဖြစ်သည်။  အက်ပလီကေးရှင်း အဟောင်းကိုဝင်ရောက်အသုံးပြုသည့်အခါ ရရှိသော lucky draw chance များအတွက် နောက်ဆုံးပေါ် ဗားရှင်း ကိုဖွင့်ပြီး အသုံးပြုရန် pop up မက်ဆေ့ပို့၍ သတိပေးလိမ့်မည်။

၁၅။ USSD ဖြင့်ပက်ကေ့ချ်များဝယ်ယူပြီးနောက် ရရှိသော ထိပေါက် chance များကို SMS မှတဆင့်ပေးပို့ပြီးသော်လည်း MPT4Uအက်ပလီကေးရှင်း ထဲတွင်ဘာကြောင့်မတွေ့ရှိရပါသလဲ။

MPT4U အက်ပလီကေးရှင်း  ဗားရှင်းအသစ်ကို မိတ်ဆက်ပေးပြီးသည့်နောက်တွင် USSD အပါအဝင် အခြား channel များမှပက်ကေ့ချ်ဝယ်ယူခဲ့ပါက ရရှိသော  chance များသည် MPT4U အက်ပလီကေးရှင်းအသစ် ထဲသို့ တိုက်ရိုက်ရောက်ရှိသွားမှာဖြစ်သည့်အတွက် ဗားရှင်းအသစ်တွင်သာ သွားရောက်ကစားနိုင်မှာဖြစ်ပါတယ်။

၁၆။ မိမိဝယ်ယူထားသော ပက်ကေ့ချ်များ ဘေလ်လက်ကျန်များကို စစ်ဆေးလိုပါက MPT4U ဗားရှင်းအသစ်တွင် ဘယ်လို စစ်ဆေးနိုင်မလဲ။

Side bar menu ထဲက  ->Account detail page မှာသွားရောက်စစ်ဆေးနိုင်ပါတယ်။

၁၇။ Home screen မှာ Icon ဘယ်နှခုထိ ထားလို့ရမလဲ။? အဲ့Icon လေးတွေကိုဘယ်လိုပြောင်းလို့ရမလဲ။

Icon (၁၁)ခုထိ ထားလို့ရပါတယ်။ Icon လေးတွေပြောင်းရွေ့ဖို့ရန်အတွက်Service ထဲမှာ edit ကို click လုပ်ပြီး Icon လေးတွေကို drag လုပ်၍ပြောင်းလို့ရပါတယ်။

မှတ်ချက်။  ။ အပေါ်ဆုံးမှာတွေ့မြင်ရမည့်  icons ၄ ခုကိုတော့ ကိုယ်လိုချင်သလို ပြောင်းလို့ရမှာမဟုတ်ပါဘူး။ Default ထားထားခြင်းအတွက်ကြောင့်  ဖြစ်ပါသည်။

၁၈။ Home screen မှာမြင်ရတဲ့ Privilegeအိုင်ကွန်လေးသည် မည်သည့်အတွက်ထားရှိထားတာပါလဲ?

Privilege icon သည် MPT Club နှင့်ပတ်သက်၍ ပိုမိုသိလိုပါက ၎င်း icon ကိုနှိပ်၍ ဝင်ရောက်ကြည့်ရှုနိုင်ရန်ဖြစ်ပါသည်။

၁၉။ Account Details တွင်ဖော်ပြထားသော Balance, Daily Usage, Top Up History, Order History များကို မည်သည့်ရက်ပေါင်းအတွင်း စစ်ဆေးလို့ရနိူင်မလဲ။

Account Details တွင် Balance ကို  Real Time Balance အဖြစ် စစ်ဆေးနိုင်မည်ဖြစ်သည်။ Daily usage ကို ရက် ၉၀ ထိနှင့် လက်ရှိ အချိန်ထိစစ်ဆေးနိုင်ပြီး Top Up History နှင့် Package Purchase History များကို (၆) လစာစစ်ဆေးနိုင်မှာဖြစ်ပါတယ်။

၂၀။ ထိပေါက် ကစားပြီး ကံစမ်းမဲပေါက်ထားသည်များကို စစ်ဆေးလို့ရပါသလား။

ထိပေါက် ကစားပြီး ကံစမ်းမဲပေါက်ထားသည်များကို main page ရှိ Lucky Draw ကို နှိပ်ပြီးထိပေါက်  Historyတွင် (၇)ရက်ထိစစ်ဆေးလို့ရပါတယ်။

၂၁။ My Profile မှာပါတဲ့ % ကဘာလဲ။

သုံးစွဲသူ၏မှတ်ပုံတင် သတင်းအချက်အလက်ရာခိုင်နှုန်းဖြစ်ပါတယ်။

၂၂။ Package Purchase page တွင်ပေါ်နေသော Gift icon ဆိုတာဘာလဲ။

MPT သုံးစွဲသူ အချင်းချင်း  လက်ဆောင်ပေးလို့ရတဲ့ လုပ်ဆောင်ချက်ပါ။

၂၃။ MPT4U game ဝန်ဆောင်မှုဆိုတာဘာလဲ။ မည်သို့ကစားရမလဲ။

MPT4U ၏မူလစာမျက်နှာမှတစ်ဆင့် game icon အားနှိပ်၍ MPT4U game များကို ဆော့ကစားနိုင်သည့် ဝန်ဆောင်မှုဖြစ်ပါသည်။

၂၄။ MPT4U game ကို မည်သူတွေပါဝင်ကစားခွင့်ရှိပါသလဲ။

 MPT4U App အား ဖုန်းတွင်ထည့်သွင်းထားသည့် MPT အသုံးပြုသူများ ပါဝင်ကစားခွင့်ရှိပါသည်။ MPT ကဒ်အသုံးပြုပြီး MPT4U App အားမထည့်သွင်းရသေးသူများ အနေဖြင့်လည်း အောက်ပါလင့်မှ တစ်ဆင့်သော်လည်းကောင်း *4040# အားခေါ်ဆို၍ ဒေါင်းလုတ်လင့်ရယူ၍လည်းကောင်း MPT4U App အားဖုန်းတွင် ထည့်သွင်း၍ ပါဝင်ကစားနိုင်ပါသည်။

ဒေါင်းလုတ်ရယူရန်လင့် – https://bit.ly/MPT4Ufree

၂၅။ MPT4U game မှာ game ဘယ်လောက်ပါဝင်မှာလဲ။

အနည်းဆုံး game ပေါင်း (၅) ခုပါဝင်မှာ ဖြစ်ပါတယ်။

၂၆။ Game တွေကို ကစားရင် ဒေတာဖိုး ကုန်ကျပါမည်လား။

MPT4U game များကစားရာတွင် မည်သည့်ဒေတာဖိုးမျှပေးရန် မလိုပဲ အခမဲ့ဒေတာဖြင့် ကစားနိုင်ပါသည်။

၂၇။ Game တွေကို ကစားရင် မည်မျှပေး၍ ကစားရမလဲ။

Game ကစားသူများသည် Game များကို အောက်ပါအခြေအနေနှစ်မျိုးနှင့် ကစားနိုင်ပါသည်။ အခမဲ့ပွဲစဉ်များ – ကစားသူများအနေဖြင့် မည်သည့်အခကြေးငွေပေးစရာမလိုပဲ အခမဲ့ကစားနိုင်ပါသည်။ ဝင်ကြေးပေးပွဲစဉ်များ – ကစားသူများအနေဖြင့် သတ်မှတ်ထားသည့် ဝင်ကြေးပေး၍ ကစားနိုင်ပါသည်။

၂၈။ အခမဲ့ဂိမ်းတွေအတွက် ဆုလက်ဆောင်တွေပါမည်လား။

အခမဲ့ဂိမ်းများအတွက် ဆုလက်ဆောင်များပါဝင်မှာ ဖြစ်ပါတယ်။ ဝင်ရောက်ကစားသူများအတွက် ဒေတာ၊ ဖုန်းခေါ်ဆိုခွင့်၊ စာတိုမက်ဆေ့ အစရှိသည့် ဆုများအပြင် ဖုန်း၊ ရွှေဒင်္ဂါးပြားများစသည့် ဆုလက်ဆောင်များကို ကစားသမားများ၏ ရမှတ်များပေါ်မူတည်၍ အဆင့်သတ်မှတ်ချက်အတိုင်း ဆုလက်ဆောင်များ ရရှိမှာ ဖြစ်ပါသည်။

၂၉။ ဂိမ်းကစားခြင်း၏ အဆင့်သတ်မှတ်ချက်မှာ အဘယ်နည်း။

သတ်မှတ်ထားသည့် ပွဲစဉ်အချိန်များအတွင်း အမှတ်အများဆုံး ရရှိသူသည် ပထမနေရာကို ရရှိမည် ဖြစ်ပြီး အခြားသော အဆင့်များကိုလည်း အမှတ်ပေါ်မူတည်၍ သတ်မှတ်သွားမှာ ဖြစ်ပါတယ်။ ကစားချိန်အတွင်း အမှတ်တူနေ ရှိနေပါက ရမှတ်ပထမဆုံး ရရှိသူသည့် အဆင့်ပိုမှာ ဖြစ်ပါတယ်။

၃၀။ ဝင်ကြေးပေး၍ ကစားရသောဂိမ်းများအတွက် ဆုလက်ဆောင်ဟာ မည်သည့်အရာများဖြစ်သလဲ။ ဝင်ကြေး မည်မျှရှိမည်နည်း။

ဝင်ကြေးပေးရသော ဂိမ်းများအတွက် ဆုလက်ဆောင်များအဖြစ် MPT ဘေလ်များကို ရမှတ်နှင့်အဆင့်အလိုက် ရရှိမည်ဖြစ်ပြီး ဝင်ကြေးမှာ အနည်းဆုံး ၉၉ကျပ်မှ စတင်မည်ဖြစ်ပါသည်။

၃၁။ ဆုရရှိသူများသည် မည့်သည့်အချိန်တွင် လက်ဆောင်များရရှိပါမည်နည်း။

ဆုရရှိသူများသည် ပွဲစဉ်ပြီးဆုံးသည့် အချိန်မှစတင်၍ ၁၀ရက်အတွင်း လက်ဆောင်ရရှိမည်ဖြစ်ပါသည်။

၃၂။ ဆုရရှိသည့်အခါ စာတိုဖြင့် အကြောင်းကြားမည်လား။

ရရှိသည့်ဆုအား ပေးအပ်သည့်အခါတွင် စာတိုဖြင့် အကြောင်းကြားမည်ဖြစ်ပါသည်။ ကစားသမားများသည် မိမိရရှိသည့် အဆင့်နှင့်ဆုလက်ဆောင်များကို ပြိုင်ပွဲကျင်းပနေစဉ်သော်လည်းကောင်း၊ ပြီးဆုံးသွားသည့်သော်လည်းကောင်း ဂိမ်းစာမျက်နှာတွင် စစ်ဆေးကြည့်နိုင်ပါသည်။

၃၃။ အကယ်၍ ဂိမ်းကစားသူသည် ယခုပြိုင်ပွဲများအပြင် ယခင်ပြိုင်ပွဲများတွင်ပါ တယ်လီကွန်းဆုများ ဆွတ်ခူးထားပါက ဆုလက်ဆောင်များ၏ သက်တမ်းကို မည်ကဲ့သို့ဖြတ်တောက်သွားမည်နည်း။

တယ်လီကွန်းဆုလက်ဆောင်များ၏ သက်တမ်းသည် (၇)ရက်ဖြစ်ပါသည်။ တယ်လီကွန်းဆုလက်ဆောင်အား အစောပိုင်းရရှိသည့် ဆုလက်ဆောင်အား စတင်ဖြတ်တောက်ပြီး အဆိုပါဆုလက်ဆောင်ကုန်သွား၍သော်လည်းကောင်း သက်တမ်းကုန်သွား၍သော်လည်းကောင်း အခြေအနေမှသာ နောက်ဆုံးရရှိသည့် ဆုလက်ဆောင်အား ဖြတ်တောက်သွားပါမည်။

“ ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ်ကို MPT က NLD ပညာရေးကွန်ရက်နှင့် အတူ ထပ်မံပူးပေါင်း၍ တိုင်းနှင့်ပြည်နယ် ၅ ခုတွင် ထပ်တိုးချဲ့လုပ်ဆောင်သွားမည်

(ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်) – မြန်မာနိုင်ငံအတွင်းရှိ အခွင့်အရေးနည်းပါးသည့်လူငယ်များကို ကွန်ပျူတာပညာဗဟုသုတများဖြန့်ဝေရန် ရည်ရွယ်လုပ်ဆောင်ခဲ့ပြီး အောင်မြင်မှု ရရှိနေသော “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ် ကို တိုင်းနှင့်ပြည်နယ် (၅) ခုတွင် လက်တော့ပ် ကွန်ပြူတာ အလုံး (၁၀၀) ၊ Wi-Fi အင်တာနက် ဒေတာပံ့ပိုးခြင်းအပြင် သင်တန်းဆရာများဖြင့် လေ့ကျင့်သင်ကြားပေးခြင်းကို ထပ်မံတိုးချဲ့ ထောက်ပံ့သွားမည်ဟု MPT က ယနေ့ကြေညာလိုက်သည်။

MPT ၏ ပညာရေးကဏ္ဍ လူမှုအကျိုးပြုလုပ်ငန်းကို NLD ပညာရေးကွန်ရက်နှင့် ပူးပေါင်း၍ ရန်ကုန်တိုင်း နှင့် မွန်ပြည်နယ်ရှိ အမေ့အိမ်စင်တာများတွင် ဆောင်ရွက်လျက်ရှိပြီး အဆိုပါအစီအစဉ်ကို ယခုမှစတင်ကာ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် တိုးချဲ့ ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

“ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ်ကို မြို့ပြနှင့်အလှမ်းကွာသည့် ဒေသများရှိ လူငယ်များ နည်းပညာကို အသုံးပြု၍ ပညာရေးတွင် ပိုမိုအသုံးချလာနိုင်စေရန်အတွက် ပြီးခဲ့သည့်နှစ်က စတင်ခဲ့ခြင်း ဖြစ်ပါသည်။ ဝေးလံခေါင်ဖျားသောဒေသများတွင် နေထိုင်ကြရသည့် လူငယ်များအနေဖြင့် ရန်ကုန်မြို့ နှင့် မြို့ပြ ဒေသများသို့ သွားရောက်၍ သင်ကြာရခြင်းထက် ၎င်းတို့ နေထိုင်ရာဒေသများမှပင် နည်းပညာနှင့် သင်ကြားထောက်ပံ့မှုများ ရရှိနိုင်မည်ဖြစ်သည်။ ကျောင်းသားပေါင်း (၁,၀၀၀) ကျော်အနေဖြင့် သင်တန်းများ ပြီးဆုံးခဲ့ပြီးဖြစ်သကဲ့သို့ လုပ်ငန်းခွင်အသုံးချမှုများလည်း မြင့်တက်လာခဲ့ပြီဖြစ်ပါသည်။ ပြီးခဲ့သည့်နှစ်များက ဆောင်ရွက်ခဲ့သည့် ယခုအစီအစဉ်ကို ပိုမိုတိုးမြှင့်ရန်အတွက် NLD ပညာရေးကွန်ရက်ထံ လိုအပ်သည့် အထောက်အပံ့များကိုလည်း MPT က ယခုလို ဆက်လက်တိုးမြှင့် ဆောင်ရွက်လိုက်ခြင်းဖြင့် ကွန်ပျူတာ အတတ်ပညာ သင်တန်းများကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ပေးနိုင်ပြီ ဖြစ်ပါ သည်။

ယခုအခမ်းအနားကို Microsoft Office ကဲ့သို့သော ကွန်ပျူတာသင်ခန်းစာများနှင့် ကွန်ပျူတာ အသုံးချနည်းများကို သင်ကြားပေးနေသည့် သင်တန်း စတုတ္ထအသုတ်ကို ပြီးမြောက် အောင်မြင်ခဲ့သည့် ကျောင်းသူ ကျောင်းသားများသို့ သင်တန်းဆင်းလက်မှတ်ချီးမြှင့်သည့်ပွဲနှင့်အတူ တစ်ပြိ်ုင်တည်း ဆောင်ရွက် ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါအခမ်းအနားတွင် NLD ပညာရေးကွန်ရက် အမေ့အိမ်စင်တာ (၁၀) ခုတွင် သင်တန်းပြီးစီးခဲ့သည့် ကျောင်းသား (၂၆၀) အတွက် အောင်လက်မှတ်များ ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ သင်တန်းကျောင်း အလိုက် ကိုယ်စားသင်တန်းသားများက တက်ရာက်လက်ခံခဲ့ကြပါသည်။

“MPT အနေနဲ့ NLD ပညာရေးကွန်ရက်လို အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပညာရေးကဏ္ဍကတစ်ဆင့် မြန်မာလူငယ်တွေကို အားအင်တွေပေးသွားဖို့ အခိုင်အမာ ဆုံးဖြတ်ထားပါတယ်။ ဒီအစီအစဉ်တွေက အခွင့်အရေးနည်းပါးတဲ့ လူမှုပတ်ဝန်းကျင်တွေက ကျောင်းသားအများအပြားကို အလျင်အမြန် တိုးတက်ပြောင်းလဲနေတဲ့ မြန်မာနိုင်ငံအတွင်းက အနာဂတ် သက်မွေးလုပ်ငန်းတွေရဲ့ ကောင်းမွန်တဲ့ အလုပ်အကိုင်နေရာတွေမှာ ရရှိစေဖို့အတွက် လိုအပ်တဲ့ ဒီဂျစ်တယ်ကျွမ်းကျင်မှုတွေကို ထောက်ပံ့ ပေးနိုင်မှာ ဖြစ်ပါတယ်။ အခုလို အစီအစဉ်ကို ပြည်နယ်နဲ့တိုင်း ၅ ခုမှာ ထပ်မံတိုးချဲ့ဆောင်ရွက်နိုင်ခဲ့တဲ့အပေါ် ကျွန်တော်တို့ အထူးပဲဝမ်းမြောက်မိပါတယ်။ ဒါဟာ အခွင့်အရေးနည်းပါးတဲ့့ ကျောင်းသားတွေအတွက် အပေါင်းလက္ခဏာ ဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေမှာပါ” ဟု MPT-KSGM Joint Operations ၏ Chief Operating Officer ဖြစ်သော Mr.Yoshiaki Benino က ပြောကြားပါသည်။

ဆက်လက်၍ Mr.Benino က “MPT အနေနဲ့ မြန်မာနိုင်ငံကို ရှေ့ကိုလှမ်းချီနိုင်ဖို့ ဆောင်ရွက်နေသလိုပဲ ပညာရေးနဲ့ လူငယ်တွေအတွက် အာရုံစိုက်ထားတဲ့ “တူညီလှမ်းချီ မျိုးဆက်သစ်တို့ အနာဂတ်ဆီ” ဆိုတဲ့ လူမှုအကျိုးပြုလုပ်ငန်း ဦးတည်ချက်ကတစ်ဆင့် လူမှုပတ်ဝန်းကျင်တွေကို အထောက်အပံ့တွေပေးသွားဖို့ ရည်မှန်းထားပါတယ်။ ဒါဟာ လေ့ကျင့်သင်ကြားရေး အထောက်အပံ့ပစ္စည်းတွေ လိုအပ်ချက်ရှိတဲ့ လူငယ်ကျောင်းသားတွေအတွက် အပြောင်းအလဲဖြစ်စေမှာဖြစ်ပြီး သူတို့ရဲ့အနာဂတ်တွေကို တောက်ပ လာစေ မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု ထပ်လောင်းပြောကြားပါသည်။

၂၀၁၆ ခုနှစ် သြဂုတ်လမှစပြီး MPT က နိုင်ငံတစ်ဝန်းရှိ NLD ပညာရေးကွန်ရက် ကွန်ပျူတာသင်တန်းများတွင် သင်ကြားနေသော သင်တန်းဆရာများအတွက် ဉာဏ်ပူဇော်ခများအပါအဝင် လက်တော့ပ်ကွန်ပျူတာအလုံး (၂၀၀) နှင့် Router (၅၄) ကို ရန်ကုန်နှင့် မွန်ပြည်နယ်ရှိ ပညာရေးကွန်ရက်ကျောင်းများအတွက် လှူဒါန်းခဲ့ပါသည်။ လက်ရှိတွင် သင်တန်းအောင်မြင်သည့် ကျောင်းသား (၁,၁၄၉) ယောက်အထိ ရှိနေပြီ ဖြစ်ပါသည်။

MPT အနေဖြင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ဆောင်ရွက်သည့် လှုပ်ရှားမှုတစ်ခုကိုလည်း ယခုလအတွင်း ပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။ MPT အနေဖြင့် နောက်လာမည့် (၃) နှစ်အတွင်း မြန်မာနေရှင်နယ်လိဂ် နှင့် လက်တွဲကာ ဘောလုံးအားကစား မှတစ်ဆင့် ကျန်းမာကြ့ံခိုင်သော လူနေမှုဘဝပုံစံ၏ အရေးပါပုံကို မီးမောင်း ထိုးပြသွားမည်ဖြစ်ပြီး အားကစားမှတစ်ဆင့် လူငယ်ခေါင်းဆောင်မှုကို လှုံ့ဆော်ပေးသွားမည်ဖြစ်ပါသည်။