MPT က ဒေတာ ပက်ကေ့ချ် များကို ပိုမိုသက်သာသည့် နှုန်းထားများသို့ ပြောင်းလဲ သတ်မှတ်

(ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ မတ်လ ၇ ရက်) မြန်မာနိုင်ငံတစ်ဝှမ်းရှိ MPT မိုဘိုင်းလ်ဖုန်းသုံးစွဲသူများအတွက် ဒေတာ ပက်ကေ့ချ် နှုန်းထားများကို ၂၀၁၈ ခုနှစ်၊ မတ်လ (၈) ရက်နေ့မှ စတင်ကာ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း MPT က ယနေ့ သတင်းထုတ်ပြန်ကြေညာလိုက်သည်။ မိုဘိုင်းလ်ဖုန်းသုံးစွဲသူများအတွက် ပိုမိုသက်သာသည့် နှုန်းထားများဖြင့် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ယခင်နှုန်းထားများကို ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်ပြီး ဈေးကွက်အတွင်း အသက်သာဆုံးနှုန်းထားရှိသည့် ဒေတာ ပက်ကေ့ချ်များဖြစ်ရန် လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT က လူကြိုက်များသည့် ဒေတာ ပက်ကေ့ချ်များဖြစ်သော Social Pack, Night Time Data Pack, Daily Data Pack နှင့် Data Carry တို့၏ စတင်ရယူသည့် နှုန်းထားများ ကို ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်ပြီး ပိုမိုသက်သာသည့်နှုန်းထားများကြောင့် ဆွေသဟာ၊ ရှယ်ပြော၊ ရွှေစကား အစီအစဉ် ရယူသုံးစွဲထားသူများအနေဖြင့် အဆင်ပြေစွာ အသုံးပြုနိုင်တော့မည် ဖြစ်သည်။

MPT KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ MPT အနေနဲ့ မြန်မာပြည်တစ်ဝှမ်းက သုံးစွဲသူတွေကို ပိုမိုသက်သာတဲ့ နှှုန်းထားနဲ့ ပြောင်းလဲသတ်မှတ်လိုက်တဲ့ ဒေတာ ပက်ကေ့ချ်တွေကို ဆောင်ရွက်ပေးနိုင်တဲ့အတွက် အရမ်းပဲ ကျေနပ်မိပါတယ်။ ကျွန်တော်တို့ အမြန်ဆုံး ဆုရရှိထားတဲ့ 4×4 MIMO နည်းပညာအသုံးပြုထားတဲ့ LTE+ ကွန်ရက်ကိုလည်း ၂၀၁၈ အတွင်း မြို့နယ်ပေါင်း (၂၈၀) ကျော်မှာ ဖြန့်ကျက်ဆောင်ရွက်သွားမှာဖြစ်ပြီး သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ မိုဘိုင်းလ် ဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနိုင်ဖို့အတွက် ကြိုးကြိုးစားစား ဆောင်ရွက်နေပါတယ်။ MPT ရဲ့ ဒေတာ ဝန်ဆောင်မှုတွေကို ပိုမိုသက်သာတဲ့နှုန်းထားတွေနဲ့ ရယူနိုင်မှာဖြစ်တဲ့အတွက် သုံးစွဲသူတွေအားလုံးကျေနပ် နှစ်သက်မှု ရရှိမှာပါ။ MPT ဆင်းမ်ကတ်ကနေတစ်ဆင့် ပေးရတာထက် ပိုတန်တဲ့ ဝန်ဆောင်မှုတွေကို နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားပါသည်။

ဒေတာ ပက်ကေ့ချ်များကို မတ်လ ၈ ရက်နေ့မှစတင်၍ အောက်ပါအတိုင်းပြောင်းလဲသတ်မှတ်သွားမည်ဖြစ် သည်။

Social Pack
Social Pack အသုံးပြုသူများသည် social application များဖြစ်သော Facebook, Messenger, Viber, LINE နှင့် Instagram စသည့် application များကို ပိုမိုသက်သာသော ဒေတာပက်ကေ့ချ် နှုန်းထားများဖြင့် ရယူအသုံး ပြုနိုင်မည်ဖြစ်သည်။

 

 ဈေးနှုန်း(ကုန်သွယ်ခွန်ပါပြီး) ဒေတာပမာဏ သက်တမ်း ဝယ်ယူရန်
 ၁၆၉ ကျပ် ၁၅၀ MB ၁ ရက် *3001#
 ၈၉၉ ကျပ် ၈၀၀ MB ၇ ရက် *3002#
 ၃၄၉၉ ကျပ် ၃,၂၀၀ MB ၃၀ ရက် *3003#

Night Time Data Pack
Night Time Data Pack မှာ ည ၁၁နာရီမှ မနက် ၇ နာရီအထိ သတ်မှတ်ထားသောနှုန်းထားများ အတိုင်း အသုံးပြုနိုင်မည်ဖြစ်သည်။

ဈေးနှုန်း(ကုန်သွယ်ခွန်ပါပြီး)ဒေတာပမာဏသက်တမ်းဝယ်ယူရန်
၁၆၉ ကျပ်၁၅၀ MB၁ ရက်*237*1#
၈၉၉ ကျပ်၈၀၀ MB၇ ရက်*237*2#
၃၄၉၉ ကျပ်၃,၂၀၀ MB၃၀ ရက်*237*3#

Daily Data Pack
Daily Data Pack မှာ အင်တာနက်အသုံးပြုမှုအားလုံးအတွက် အသုံးပြုနိုင်သော အစီအစဉ်များ ဖြစ်ပါသည်။

ဈေးနှုန်း(ကုန်သွယ်ခွန်ပါပြီး)ဒေတာပမာဏသက်တမ်းဝယ်ယူရန်
၂၉၉ ကျပ်၁၅၀ MB1 ရက်*2001#

Data Carry Pack
Data Carry Pack မှာ အင်တာနက်အသုံးပြုမှုအားလုံးအတွက် အသုံးပြုနိုင်သော အစီအစဉ်များဖြစ်ပြီး ရက် (၃၀) အကျုံးဝင်ကာ ဒေတာသယ်ယူနိုင်သော ကာလမှာ (၇) ရက်ဖြစ်ပါသည်။

 ဈေးနှုန်း(ကုန်သွယ်ခွန်ပါပြီး) ဒေတာပမာဏသက်တမ်း ဝယ်ယူရန်
 ၅၉၉ ကျပ်၃၀၀ MB ၃၀ ရက် (ဒေတာသယ် ဆောင်ခွင့်ရှိသည်) *777*1#
 ၈၉၉ ကျပ်၅၅၅ MB *777*2#
 ၁၂၈၉ ကျပ်၈၀၀ MB *777*3#
 ၂၃၉၉ ကျပ်၁,၅၀၀ MB *777*4#
 ၃၉၉၉ ကျပ်၂,၅၀၀ MB *777*5#
 ၇၈၉၉ ကျပ်၅,၀၀၀ MB *777*6#
 ၁၅၇၉၉ ကျပ်၁၀,၀၀၀ MB *777*7#
 ၂၉၉၉၉ ကျပ်၁၉,၀၀၀ MB *777*8#

Myanmar in Our Heart MM

နှလုံးသားထဲက မြန်မာ

No.1 subscribe base
With the largest subscriber base – both mobile & fixed service

No.1 widest coverage
Stay connected anywhere, anytime with the widest voice & data coverage throughout the country

No.1 loved brand in Myanmar
Most loved brand as Myanmar national operator

A truly local and leading operator consisting largest subscribers through widest coverage.

အားလုံးအတွက် Data ပရိုမိုးရှင်းများ

Get social with friends and family at amazing new rates!

 

The new Cashback Packs are the latest offering for MPT customers.

Receive Bonuses with Happy Friday

အားလုံးအတွက် Voice ပရိုမိုးရှင်းများ

MPT is launching a voice pack contains three different sizes upon your choices.

No objection from everyone that sweet talks are always the best way of communication.

အထူးအမြန်နှုန်းရဲ့ ခံစားချက်

မြန်မာတိုနဲ့ အတူတကွ

ပူပေါင်းဆောင်ရွက်မှု ပုံရိပ်များ

The Voice Myanmar 2018

Myanmar National League 2018

CSR နှင့် ပွဲ ပါဝင်လှုပ်ရှားမှုများ