Coca-Cola နှင့် MPT တို့ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အောင်မြင်မှုများစွာရရှိခဲ့သည့် “Refresh and Top-up” ပရိုမိုးရှင်းအစီအစဉ်အား (၃) နှစ်မြောက်အဖြစ် ထပ်မံပြုလုပ်

(ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ မေလ ၂၂ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT က Coca-Cola မြန်မာ နှင့် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အောင်မြင်မှုများစွာ ရရှိခဲ့သည့် “Refresh and Top-up” ပရိုမိုးရှင်းအစီအစဉ်အား (၃) နှစ်မြောက်အဖြစ် ထပ်မံပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့သတင်း ထုတ်ပြန်ကြေညာလိုက်သည်။ MPT သုံးစွဲသူများသည် “Refresh and Top-up” ပရိုမိုးရှင်းအစီအစဉ်တွင် ပါဝင်ဖြင်းဖြင့် MPT မိုဘိုင်းလ်ဖုန်းငွေဖြည့် ဆုလက်ဆောင်များ ရရှိမည်ဖြစ်ပြီး ၎င်းတို့၏မိသားစု၊ မိတ်ဆွေသူငယ်ချင်းများ နှင့် အမြဲဆက်သွယ်နိုင်တော့မည်ဖြစ်သည်။

ပရိုမိုးရှင်းကာလဖြစ်သည့် မေလ (၁) ရက်နေ့ မှ သြဂုတ်လ (၃၁) ရက်နေ့အတွင်း Coca-Cola ထုတ်ကုန်များဖြစ်သော Coca-Cola ၊ Coca-Cola Zero ၊ Max+ ၊ Minute Maid ၊ Aquarius ၊ Heaven and Earth ၊ Max Power နှင့် Sprite တို့ကို ဝယ်ယူသည့် MPT သုံးစွဲသူများသည် အဝါရောင်ပုလင်းအဖုံးများ၊ သံကွင်းများအောက်တွင် ကုတ်နံပါတ်များကို ရှာဖွေနိုင်မည်ဖြစ်သည်။ အဆိုပါ ပရိုမိုးရှင်းအစီအစဉ်မှာ သံဘူးများတွင်သာမက ပလတ်စတစ်ဘူးဖြင့် ထုတ်လုပ်ထားသည့် Coca-Cola ထုတ်ကုန်များအားလုံး အကျုံးဝင်မည် ဖြစ်ပါသည်။ MPT သုံးစွဲသူများသည် ၎င်းကုတ်နံပါတ်များကို 2626 သို့ အခမဲ့စာတိုပေးပို့ ခြင်းဖြင့် ၂၀၀၊ ၁,၀၀၀၊ ၅,၀၀၀၊ ၁၀,၀၀၀ ကျပ် နှင့် (၁၀) သိန်းကျပ်တန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုလက်ဆောင်များကို ရရှိမည်ဖြစ်ပြီး ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းများသို့ တိုက်ရိုက်ဖြည့်သွင်းပေးသွားမည် ဖြစ်ပါသည်။

Coca-Cola နှင့် MPT တို့၏ “Refresh and Top-up” ပရိုမိုးရှင်းအစီအစဉ်သည် MPT သုံးစွဲသူများအတွက် မိသားစုနှင့် မိတ်ဆွေများအကြား အဆက်အသွယ်မပြတ် ချိတ်ဆက်နိုင်စေရန်နှင့် ၎င်းတို့၏ ကြည်နူးပျော်ရွှင်ဖွယ်အချိန်များအား ပိုမိုမျှဝေစေနိုင်ရန် လုပ်ဆောင်ပေးထားခြင်း ဖြစ်သည်။ သုံးစွဲသူများအတွက် ကုန်ကျစရိတ် သက်သက်သာသာဖြင့် မိသားစုဝင်များနှင့် သူငယ်ချင်းများကို အဆင်ပြေစွာဆက်သွယ်ပြောဆိုနိုင်မည့်အခွင့်အရေးများကို ပံ့ပိုးပေးရန်အတွက် အဆိုပါ ပရိုမိုးရှင်းအစီအစဉ်ကို ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “၂၀၁၈ ခုနှစ်အတွက် Coca-Cola နဲ့ MPT တို့ရဲ့ “Refresh and Top-up ” ပရိုမိုရှင်းအစီအစဉ်ကို ပြန်ပြီးစတင်နိုင်လို့ အလွန်ပဲဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေက သူတို့ရဲ့ သူငယ်ချင်းတွေန့အဲ တူတူ အပန်းဖြေတဲ့အချိန်တွေမှာ Coca-Cola ရဲ့ ပုလင်းအဖုံးတွေ ဒါမှမဟုတ် သံဘူးတွေမှာပါတဲ့ ကုတ်တွေကနေ MPT ဖုန်းငွေဖြည့်ဆုလက်ဆောင်တွေရရှိနိုင်မယ့် အခွင့်အရေးတွေ ရရှိမှာပါ။ အထူးအမှတ်အသားပါတဲ့ Coca-Cola ထုတ်ကုန်တွေ တိုင်းမှာ (၁၀) သိန်းဆု ၁၀ ဆုအပါအဝင် ကျပ်သိန်းပေါင်း(၃)သောင်းကျော် တန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုလက်ဆောင်တွေကို သုံးစွဲသူတွေဆီ ပေးအပ်သွားမှာ ဖြစ်သလို Coca-Cola နဲ့ MPT တို့ရဲ့ “Refresh and Top-up” ပရိုမိုးရှင်း အစီအစဉ်ကို နှစ်သက်ကြမယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။

Coca-Cola Myanmar မှ General Manager ဖြစ်သူ Mr. Rehan Khan က “ကျွန်တော်တို့ Coca Cola နဲ့ MPTတို့ ရေရှည်လက်တွပဲ ူးပေါင်းဆောင်ရွက်ခဲ့တဲ့ “ Refresh and Top Up” ပရိုမိုးရှင်း အစီအစဉ်ဟာ အလွန်ပဲအောင်မြင်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း ကျွန်တော်တို့ဟာ မြန်မာနိုင်ငံက စားသုံးသူတွေရဲ့ လူနေမှုဘဝအစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေရမယ်ဆိုတဲ့ ကတိကဝတ်နဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို မိတ်ဆက်ပေးလိုက်ပြီး အခုလို ကမ္ဘာ့အဆင့်ပြိုင်ပွဲရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်အောင်ပွဲခံနိုင်စေဖို့
ဆောင်ရွက်ပေးထားတာလည်း ဖြစ်ပါတယ်။ ဘောလုံးအားကစားဟာ ပေါင်းစည်းမှုကို ကိုယ်စားပြုပြီးမြန်မာပြည်သူတွေရဲ့ နှလုံးသားထဲမှာလည်း နက်နက်ရှိုင်းရှိုင်း အမြဲ နေရာယူထားပါတယ်။ ပြိုင်ပွဲရဲ့ official partner အနေနဲ့ ပြိုင်ပွဲတွေထက်ပိုမိုတဲ့ နှစ်သက်မှုကို ရရှိနိုင်မှာဖြစ်သလို စားသုံးသူအားလုံး ကို မိမိတို့ ချစ်ခင်ရသူတွေနဲ့ပါ ပြန်လည်ဆက်သွယ်နိုင်စေမယ့် စိတ်လှုပ်ရှားဖွယ် အစီအစဉ်တွေကိုလည်း ဆောင်ရွက်ပေးသွားမှာပါ” ဟု ပြောကြားသည်။

MPT ၏ GSM/WCDMA သုံးစွဲသူများအားလုံး Coca-Cola ၏ အထူးထုတ်ကုန်များ၏ ပုလင်းအဖုံးနှင့် သံကွင်းများအောက်တွင်ရှိသော ကုတ်နံပါတ်များကို 2626 သို့ အခမဲ့စာတိုပေးပို့ပြီးသည်နှင့် ၎င်းကုတ်နံပါတ်သည် ကံထူးသည့်နံပါတ်ဖြစ်ပါက ပေးပို့သည့် ဖုန်းနံပါတ်အတွင်းသို့ ဖုန်းငွေဖြည့် ဆုလက်ဆောင်ကို အလိုအလျောက် ဖြည့်သွင်းပေးသွားမည်ဖြစ်သည်။ ဆုမဲရရှိသည့် MPT ဖုန်းငြွေဖည့်ပမာဏဖြင့် MPT အချင်းချင်းဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့ခြင်း (SMS) နှင့် မိုဘိုင်းလ်အင်တာနက်ချိတ်ဆက်မှုများ အတွက် အသုံးပြုနိုင်မည်ဖြစ်သည်။ ဖုန်းငွေဖြည့် ဆုလက်ဆောင်များကို လက်ခံရရှိသည့် နေ့မှစ၍ (၁၂) လအတွင်းအသုံးပြုနိုင်မည်ဖြစ်ပြီး (၁၀) သိန်းဆုအတွက် (၂၄) လ အတွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ သုံးစွဲသူများက ၂၀၁၈ ခုနှစ် သြဂုတ်လ (၃၁) ရက်အထိသာ ကုတ်နံပါတ်များကို ပေးပို့နိုင်မည်ဖြစ်ကာ တစ်ရက်လျှင် ကုတ်နံပါတ်များကို (၅) ကြိမ်အထိ ပေးပို့ကံစမ်းနိုင်မည် ဖြစ်သည်။

၂၀၁၅ ခုနှစ် ဇူလိုင်လတွင် စတင်ပြုလုပ်ခဲ့သည့် “ Refresh and Top Up” ပရိုမိုးရှင်း အစီအစဉ်သည် မြန်မာနိုင်ငံအနှံ့အပြားရှိ သုံးစွဲသူများအတွက် ဖုန်းငွေဖြည့်ဆုလက်ဆောင်များ ပေးအပ်ခဲ့သည့် ပထမဆုံးသော အဖုံးတွင်း ကံစမ်းမဲ အစီအစဉ်ဖြစ်ပြီး (၃) နှစ်တာကာလအတွင်း ပါဝင်ဆင်နွှဲသူပေါင်း (၂၈.၅) သန်းကျော်ထိ ရှိခဲ့ရာ တစ်နိုင်ငံလုံး အတိုင်းအတာအရ ပါဝင်ဆင်နွဲသူအရေအတွက် အများဆုံးနှင့် ဆုငွေ ပမာဏအများဆုံးသော ပရိုမိုးရှင်း အစီအစဉ်အဖြစ် စံချိန်တင်ခဲ့သည်အထိ အောင်မြင်မှုများ ရရှိခဲ့ပါသည်။ ထို့အပြင်ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင်လည်း ၎င်းအစီအစဉ်သည် ကမ္ဘာ့ဈေးကွက်နှင့် အကောင်းဆုံးကြော်ငြာဆု (၃) ဆုကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ပိုင်ဆိုင်ရရှိထားခဲ့သည်။

“Refresh and Top-Up” ပရိုမိုးရှင်းအစီအစဉ်၏ နောက်ဆုံးရသတင်းများ၊ MPT နှင့် Coca-Cola ၏ အသေးစိတ်ပရိုမိုးရှင်းအစီအစဉ်များအကြောင်းသိရှိလိုပါက Hotline နံပါတ် ၁၀၆ သို့ ခေါ်ဆိုခြင်း ၊ MPT ၏ တရားဝင် Facebook စာမျက်နှာ facebook.com/mptofficialpage သို့မဟုတ် Coca-Cola Myanmar Facebook စာမျက်နှာ facebook.com/cocacolamyanmar တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

၂၀၁၈ ခုနှစ် MPT တက္ကသိုလ်များဘောလုံးပြိုင်ပွဲတွင် အောက်မြန်မာပြည်မှ ဇုန်အလိုက် ထူးချွန်သည့် ဘောလုံးအားကစားသမားများ ယှဉ်ပြိုင်မည်

(ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ မေလ ၂၁ ရက်) – ၂၀၁၈ ခုနှစ်အတွက် MPT တက္ကသိုလ်များဘောလုံးပြိုင်ပွဲတွင် အောက်မြန်မာပြည်တစ်ဝန်းရှိ သတ်မှတ်ထားသည့် ဇုန်များအလိုက် တက္ကသိုလ်ကောလိပ်ပေါင်းစုံ ထူးချွန်ဘောလုံးကစားသမား ကျောင်းသား/ကျောင်းသူများက တက္ကသိုလ်များဘောလုံးကွင်း (သထုံလမ်း)တွင် စတင်ယှဉ်ပြိုင် ကစားကြပြီး အောက်မြန်မာပြည်ချန်ပီယံဆုကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲကို ယခုလ မေ ၂၀ ရက်နေ့တွင် စတင်ကျင်းပနေပြီဖြစ်ကာ အမျိုးသား ၈ သင်း နှင့် အမျိုးသမီး ၆ သင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကစားကွက်များ နှင့်အတူ ၎င်းတို့၏ အရည်အသွေးနှင့် ဘောလုံးကျွမ်းကျင်မှုတို့ကို ထုတ်ဖော်ပြသ ကစားသွားမည် ဖြစ်ပါသည်။

အောက်မြန်မာပြည် ဇုန်အလိုက် အမျိုးသားဘောလုံး ပြိုင်ပွဲတွင် ရန်ကုန်ဇုန်၊ ရန်ကုန်အရှေ့ပိုင်းဇုန်၊ ရန်ကုန်အနောက်ပိုင်းဇုန်၊ ဒဂုံဇုန်၊ စစ်တွေဇုန်၊ မော်လမြိုင်ဇုန်၊ ပြည်ဇုန် နှင့် ပုသိမ်ဇုန်တို့ ယှဉ်ပြိုင်ကြမည်ဖြစ်ကြပြီး အမျိုးသမီးပြိုင်ပွဲတွင် ဒဂုံဇုန် ၊ ရန်ကုန်ဇုန်၊ ရန်ကုန်အရှေ့ပိုင်းဇုန်၊ ရန်ကုန်အနောက်ပိုင်းဇုန်၊ မော်လမြိုင်ဇုန်နှင့် ပုသိမ်ဇုန်တို့ ယှဉ်ပြိုင်ကြမည် ဖြစ်ကြသည်။ ပြိုင်ပွဲဝင် အသင်းများကို အုပ်စု နှစ်စု ခွဲခြား ယှဉ်ပြိုင်စေမည် ဖြစ်ပြီး အဆိုပါ အသင်းများ အနေဖြင့် အုပ်စုပတ်လည် အဆင့် ယှဉ်ပြိုင်ကစားပြီးပါက အမှတ်အများဆုံး တစ်အုပ်စုဆီမှ အမှတ်အများဆုံး နှစ်သင်းမှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့် ရမည် ဖြစ်သည်။ ဆီမီးဖိုင်နယ်ကို ကျော်ဖြတ်နိုင်ခဲ့ပါက ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်မည် ဖြစ်ပြီး အမျိုးသမီး ဘောလုံးပြိုင်ပွဲအတွက် ဗိုလ်လုပွဲကို မေ ၃၀ နှင့် အမျိုးသား ပြိုင်ပွဲအတွက် ဗိုလ်လုပွဲကို မေ ၃၁ ရက်များတွင် အသီးသီး ကျင်းပသွားမည် ဖြစ်သည်။

အောက်မြန်မာပြည် ဇုန်အလိုက် တက္ကသိုလ်များ ဘောလုံးပွဲကဲ့သို့ပင် အထက်မြန်မာပြည်တွင်လည်း ဇုန်အလိုက် တက္ကသိုလ် ဘောလုံးပြိုင်ပွဲတစ်ရပ်ကို MPT မှ ဆက်လက် ပံ့ပိုးပေးသွားဦးမည် ဖြစ်ပြီး အဆိုပါ ပြိုင်ပွဲနှစ်ရပ်မှ အကောင်းဆုံး ကစားသမားများကို ရွေးထုတ်ကာ အသင်း နှစ်သင်းစီ ဖွဲ့စည်းပြီး မြန်မာပြည်၏ အထူးချွန်ဆုံး တက္ကသိုလ်ကျောင်းသား ဘောလုံးသမားများ ပါဝင်သည့် အသင်းကို ဆက်လက် ရွေးထုတ်သွားမည့် ပြိုင်ပွဲကြီး တစ်ရပ်ကိုလည်း ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။ ယင်းသို့ ကျင်းပရာတွင် အမျိုးသား ပြိုင်ပွဲတွင်သာမက အမျိုးသမီး ဘောလုံးပြိုင်ပွဲကိုလည်း အလားတူ ကျင်းပပေးသွားမည် ဖြစ်သည်။

“ အခုနှစ် MPT တက္ကသိုလ်များဘောလုံးပြိုင်ပွဲဟာ မြန်မာပြည်ချန်ပီယံအဖြစ်နဲ့ ထိပ်ဆုံးကနေ ရပ်တည်နိုင်ဖို့ အတွက် အကောင်းဆုံးတက္ကသိုလ်အဆင့် သတ်မှတ်ချက်တွေနဲ့အတူ ဘောလုံးအသင်းများစွာက ပါဝင် ကစားကြမှာဖြစ်ပါတယ်။ ဘောလုံးကစားခြင်းဟာ ပျော်ရွှင်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ကစားနည်းတစ်ခုအနေနဲ့ လူငယ်တွေကြားမှာ ရေပန်းစားတဲ့အားကစားတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လူငယ်တွေ အတွက် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ ကျန်းမာကြံ့ခိုင်တဲ့ လူနေမှုဘဝတွေရရှိဖို့ ကျွန်တော်တို့ဘက်က အမြဲကူညီထောက်ပံ့လျက်ရှိပါတယ်။ အခုပါဝင်ယှဉ်ပြိုင်ကြတဲ့သူတွေအနေနဲ့ တက္ကသိုလ်ပေါင်းစုံက အားပေးသူ တွေရဲ့ အားပေးမှုတွေနဲ့အတူ အကောင်းဆုံးခြေစွမ်းတွေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရင်း ရန်ကုန်မှာ ကျင်းပပြုလုပ်သွားမယ့် မြန်မာနိုင်ငံလုံးအဆင့် ဗိုလ်လုပွဲစဉ်ကို ရောက်ရှိဖို့အတွက် ကြိုးစား ယှဉ်ပြိုင်ကြမယ်လို့ ကျွန်တော်တို့ အထူးပဲမျှော်လင့်ပါတယ်” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က ပြောသည်။

မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT က အားကစားကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက် စေရန် နှင့် အရည်အချင်းပြည့်ဝသော မျိုးဆက်သစ်လူငယ်များ မွေးထုတ်ပေးနိုင်ရန်အတွက် MNL နှင့် အတူ လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ကျန်းမာသောဘဝနေထိုင်မှုပုံစံ၏ အရေးပါမှုကို ဘောလုံး ကစားခြင်းဖြင့် ရရှိစေနိုင်မည့် အကြောင်းအား ပညာရေးဝန်ကြီးဌာန၏ ထောက်ပံံံံ့မှုအောက်တွင် MPT နှင့် MNL က အထူးအလေးပေး ဖော်ဆောင်သွားမည်ဖြစ်ပြီး အနာဂတ်မျိုးဆက်သစ်များအတွက် ကောင်းမွန် မှန်ကန်သော ကျန်းမာရေးဆိုင်ရာ အလေ့အထများ ဆောင်ကျဉ်းသွားမည်ဖြစ်သည်။ MPT အနေနှင့် အထူးသဖြင့် ဘောလုံးအားကစားကဲ့သို့သော အမျိုးသားကစားသမားများသာ ထင်ရှားသည့် အားကစားနည်း တွင် အမျိုးသမီးကစားသမားများပါ ပိုမိုပါဝင်လာစေရန်အတွက် အမျိုးသမီးပြိုင်ပွဲများကိုလည်း အားပေးဆောင် ရွက် နေပါသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ မြန်မာနေရှင်နယ်လိဂ်က တက္ကသိုလ်/ကောလိပ်ဘောလုံး လောကအတွက် ဟိုးအရင်ကတည်းက စဉ်ဆက်မပြတ်ပံ့ပိုးကူညီပေးခဲ့တဲ့ အစဉ်အလာ ရှိခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ MNL ကို ၂၀၁၈ ခုနှစ်ကစပြီး ၃နှစ် Partner အဖြစ်ပါဝင်ပံ့ပိုးထားတဲ့ MPT နဲ့ မိတ်ဖက်အဖြစ် လက်တွဲခဲ့ပြီးတဲ့နောက် သူတို့ရဲ့ ပံ့ပိုးမှုနဲ့အတူ တက္ကသိုလ် ဘောလုံးလောက ဘောလုံးပြိုင်ပွဲတွေကို ပိုမိုတိုးတက်အောင်မြင်လာဖို့အတွက် အခုနှစ်ကစပြီး ပိုမိုပံ့ပိုးပေးနိုင်မှုနဲ့အတူ ပိုမိုကျယ်ပြန်တဲ့ တက္ကသိုလ်ပြိုင်ပွဲအသွင်အဖြစ် ကျင်းပနိုင်တော့မှာပါ။ ဒါဟာ MPT နဲ့ MNL တို့ သဘောတူညီထားတဲ့ ကိစ္စရပ်တွေထဲက တစ်ခုသာဖြစ်ပြီး နောက်ထပ်လည်း Grassroots နဲ့ U-14 ပြိုင်ပွဲတွေကို ကျင်းပပေးသွားဦးမှာ ဖြစ်ပါတယ်။ MPTက အခုလို ပံ့ပိုးပေးခြင်းအားဖြင့် တက္ကသိုလ်ဘောလုံး အဆင့်အတန်း တိုးတက်မြင့်မားလာပြီး မြန်မာ့လက်ရွေးစင် အသင်းအတွက်ပါ အနာဂတ်မှာအားကိုးရတဲ့ ကစားသမားကောင်းလေးတွေ ထွက်ပေါ် လာဖို့ ရည်ရွယ်ပါတယ်။ တက္ကသိုလ်ဘောလုံးလောကကို သတိတရနဲ့ ထောက်ပံ့ပေးဖို့ ကြိုးစားခဲ့တဲ့ MPT ကိုလည်း အားလုံးကိုယ်စား အထူးပဲကျေးဇူးတင်မိပါတယ်” ဟု မြန်မာနေရှင်နယ်လိဂ်၏ အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်က ပြောကြားခဲ့သည်။

“ အခုလိုတက္ကသိုလ်တွေအားလုံးက ကျောင်းသူကျောင်းသားတွေက ပြိုင်ပွဲမှာ စိတ်ပါဝင်စားစွာနဲ့ ပါဝင် ယှဉ်ပြိုင် ကြတာတွေ့ရတော့ အရမ်းကိုပဲ ဝမ်းသာကြည်နူးမိပါတယ်။ အခုဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ လူငယ်တွေက အားကစားမှာပါဝင်လာကြတာဟာ အချင်းချင်း ရိုင်းပင်းကူညီချင်စိတ်တွေကို ပိုပိုပြီး တိုးပွားလာစေတဲ့အပြင် စည်းကမ်းတကျ နေထိုင်တတ်လာသလို အားကစားစိတ်ဓါတ်၊ ခေါင်းဆောင်မှု စိတ်ဓါတ်စတဲ့ တန်ဖိုးရှိလှတဲ့စိတ်ခွန်အားတန်ဖိုးတွေ ရရှိလာနိုင်ကြမှာလည်း ဖြစ်ပါတယ်။ MPT တက္ကသိုလ်များဘောလုံးပြိုင်ပွဲလို အားကစားပြိုင်ပွဲတွေမှာ ဆက်လက်ပါဝင်ကစားကြတာမျိုးကို ကျွန်တော့်အနေနဲ့ မြင်တွေ့ချင်ပါတယ်။ အခု ကစားသမားလေးတွေဟာ နောင်တစ်ချိန် နိုင်ငံတကာမှာ ရင်ဘောင်တန်းပြီး မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုအနေနဲ့ ယှဉ်ပြိုင်ကြမယ့်သူတွေ ဖြစ်လာမယ့်အတွက် အကျိုးကျေးဇူးများစွာရရှိမှာလည်း ဖြစ်ပါတယ်။ နိုင်ငံတဝှမ်းမှာပြိုင်ပွဲတွေကို အခုလို ဦးစီးကျင်းပနိုင်ဖို့ အထောက်အပံ့ပေးတဲ့အတွက် MPT ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ အားကစားသမား တွေနဲ့အတူ နည်းပြတွေကိုလည်း ပူးပေါင်းပါဝင်ပေးခဲ့ကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။” ဟု တက္ကသိုလ်များ ဘောလုံးဆပ်ကော်မတီ ဥက္ကဌနှင့် ရန်ကုန် အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်မောင်လှက ပြောကြားခဲ့သည်။

ယခုပြိုင်ပွဲကျင်းပခြင်းသည် လာမည့် ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ တက္ကသိုလ်အားကစားပွဲများအတွက် ထူးချွန်သော ကစားသမားများ ပေါ်ထွက်လာစေရန် ကြိုတင်ပြင်ဆင်လိုသည့် ရည်ရွယ်ချက်ဖြစ်သည်။ ထို့အပြင် တက္ကသိုလ်များအဆင့် ပြိုင်ပွဲများတွင် သန့်ရှင်းသော ကစားပွဲများ ဖြစ်လာစေရေးနှင့် ပွဲစဉ်များအားလုံးတွင် ကစားသမားများ၏ ဘေးကင်း လုံခြုံစေရေးနှင့် အောင်မြင်သည့် အသင်းထွက်ပေါ်လာစေရေး တို့အတွက် နိုင်ငံတကာပြိုင်ပွဲများ၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျကိုင်တွယ် ထိန်းကျောင်း ကျင်းပသွားမည်ဖြစ်သည်။

ပွဲစဉ်ဇယားများမှာအောက်ပါအတိုင်းဖြစ်ပါသည်။
MPT – University Football Tournament 2018

MENS’ MATCHES
NoDateHomeVSAwayVenueResultsKick -Off
120.5.2018Yangon ZoneVsDagon ZoneUniversity:8:00
220.5.2018West Yangon ZoneVsMawlamyine ZoneUniversity:16:00
321.5.2018Sittway ZoneVsPathein ZoneUniversity:8:00
421.5.2018Pyay ZoneVsEast Yangon ZoneUniversity:15:30
522.5.2018Dagon ZoneVsWest Yangon ZoneUniversity:8:00
622.5.2018Mawlamyine ZoneVsYangon ZoneUniversity:15:30
723.5.2018Pathein ZoneVsPyay ZoneUniversity:8:00
823.5.2018East Yangon ZoneVsSittway ZoneUniversity:15:30
925.5.2018Yangon ZoneVsWest Yangon ZoneUniversity:15:30
1025.5.2018Mawlamyine ZoneVsDagon ZonePadonmar:15:30
1126.5.2018Sittway ZoneVsPyay ZoneUniversity:15:30
1226.5.2018East Yangon ZoneVsPathein ZonePadonmar:15:30
Rest Day
Semi Final
1329.5.2018 Group B 1StVs Group A 2nd University:15:00
1429.5.2018Group A 1StVsGroup B 2ndPadonmar:15:00
3rd Place
1531.5.2018 Match(13)LoserVs Match(14)LoserUniversity:8:00
Final Match
1631.5.2018Match(13)WinnerVsMatch(14)WinnerUniversity:15:00

 

WOMEN’S MATCHES
NoDateHomeVSAwayVenueResultsKick -Off
121.5.2018Dagon ZoneVsWest Yangon ZonePadonmar:8:00
221.5.2018Pathein ZoneVsYangon ZonePadonmar:15:30
323.5.2018West Yangon ZoneVsMawlamyine ZonePadonmar:8:00
423.5.2018Yangon ZoneVsEast Yangon ZonePadonmar:15:30
526.5.2018Dagon ZoneVsMawlamyine ZoneUniversity:8:00
626.5.2018Pathein ZoneVsEast Yangon ZonePadonmar:8:00
Rest Day
Semi Final
728.5.2018 Group B 1StVs Group A 2nd University:15:00
828.5.2018Group A 1StVsGroup B 2ndPadonmar:15:00
3rd Place
930.5.2018 Match(13)LoserVs Match(14)LoserUniversity:8:00
Final Match
1030.5.2018Match(13)WinnerVsMatch(14)WinnerUniversity:15:00

 

MPT က နိုင်ငံအတွင်း ထိပ်ဆုံးမှရပ်တည်အောင်မြင်နေကာ ပြိုင်ဆိုင်မှုအရှိန် မြင့်တက်လာသည့် သီချင်းဆိုပြိုင်ပွဲ The Voice Myanmar အတွက် မဲပေးမှု အစီအစဉ်သစ်နှစ်ခုနှင့် ဆုလက်ဆောင်များကို စတင်မိတ်ဆက်

(ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ မေလ ၁၇ ရက်) – ယခုတစ်ပတ် မှစတင်ကာ The Voice Myanmar သီချင်းဆိုပြိုင်ပွဲအား တစ်ခဲနက်အားပေးနေကြသည့် ပရိတ်သတ်များအတွက် မဲအရေအတွက် ၅၀ လျှင် ၇၈၈ ကျပ် နှုန်း၊ မဲအရေအတွက် ၁၀၀ လျှင် ၁၅၇၅ ကျပ်နှုန်း အသီးသီးဖြင့် အမြောက်အများမဲပေးနိုင်မည့် ပျော်ရွှင်စိတ်လှုပ်ရှား ဖွယ်ရာ voting packs အစီအစဉ်သစ်နှစ်ရပ်ကို MPT မှ စတင်မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါသည်။ အဆိုပါ voting packs အသစ်များမှာ သုံးစွဲသူများအတွက် ယခင်ထက် ပိုမိုကောင်းမွန်သော အရည်အသွေးများကို ပေးစွမ်းနိုင်ရုံ သာမက နိုင်ငံတွင်း ရုပ်သံမှတစ်ဆင့် ကြည့်ရှုနှုန်းအများဆုံးဖြစ်သော သီချင်းဆိုပြိုင်ပွဲအစီအစဉ်တွင် ထိပ်ဆုံးမှ ရပ်တည်ယှဉ်ပြိုင်နေကြသည့် ပြိုင်ပွဲဝင်တစ်ဦးချင်းစီ၏ အမာခံပရိတ်သတ်များအနေဖြင့်လည်း ၎င်းတို့နှစ်ခြိုက် အားပေးသော ပြိုင်ပွဲဝင် တစ်ယောက်ချင်းစီကို မိမိတို့နှစ်သက်သလောက် မဲပေးနိုင်မည်လည်း ဖြစ်သည်။

ရယူနိုင်သည့် voting packs အမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

အစီအစဉ်နှုန်းထားမဲအရေအတွက်
Pack 1၇၉ ကျပ်၅ မဲ
Pack 2၁၅၈ ကျပ်၁၀ မဲ
Pack 3၃၁၅ ကျပ်၂၀ မဲ
NEW! Pack 4၇၈၈ ကျပ်၅၀ မဲ
NEW! Pack 5၁၅၇၅ ကျပ်၁၀၀ မဲ

ထို့အပြင် MPT သုံးစွဲသူများအတွက် အံ့သြဖွယ်ရာ ဆုလက်ဆောင်များအဖြစ် တိုက်ရိုက် ရိုက်ကူးထုတ်လွှင့် မှုများကို စတူဒီယိုတွင်း အခမဲ့လာရောက်ကြည့်ရှုခွင့်များ၊ ဒေတာအစီအစဉ်များ၊ နောက်ဆုံးပေါ် iPhone X မိုဘိုင်းလ်ဖုန်းများအပါအဝင် အခြားသော စိတ်ဝင်စားဖွယ်ရာ အထူးအစီအစဉ်များကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ မဲပေးကြမည့် MPT သုံးစွဲသူများအနေဖြင့် မဲပေးရန်အတွက် သီးသန့်လုပ်ဆောင်ထားသော thevoice.mptvote.com အွန်လိုင်းဝက်ဘ်ဆိုက်မှတစ်ဆင့် သော်လည်းကောင်း၊ *9011# သို့ ခေါ်ဆိုခြင်းဖြင့် သော်လည်းကောင်း လွယ်ကူစွာ မဲပေးနိုင်မည်ဖြစ်ပြီး ဆုလက်ဆောင် အစီအစဉ်သစ်တွင်လည်း ပါဝင် ဆင်နွှဲနိုင်မည် ဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးရဲ့ နောက်ဆုံးအဆင့်တွေကို ရောက်ရှိဖို့ နီးကပ်လာတာနဲ့အမျှ အဆုံးသတ်စင်မြင့်မှာ အနိုင်ရဗိုလ်စွဲနိုင်ဖို့ကြိုးပမ်းပြီး အိပ်မက်တွေကို လှမ်းကိုင်ဆုပ်ယူနိုင်ဖို့ ကြိုးစားယှဉ်ပြိုင် နေကြတဲ့ အရည်အချင်းပြည့်မီသူ အဆိုရှင်လောင်းတွေကို ပရိသတ်တွေက စိတ်အားထက်သန်စွာနဲ့ တက်တက်ကြွကြွနဲ့ ပါဝင်ပြီး မဲပေးနေကြတယ်ဆိုတာကို ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။ ဒီအစီအစဉ်ပေါ်မှာ မဲပေးကြသူတွေရဲ့ အံ့သြလောက်စရာကောင်းတဲ့ တုန့်ပြန်မှုတွေရရှိလာတာနဲ့ အတူ MPT အနေနဲ့ ထပ်တိုး မိတ်ဆက်မှုအဖြစ် မဲအစောင်ရေ ၅၀ နဲ့ ၁၀၀ ရရှိနိုင်တဲ့ vote packs တွေကိုထပ်မံ မိတ်ဆက်လိုက်ပြီး အွန်လိုင်းကနေတစ်ဆင့် လွယ်လွယ်ကူကူ မဲပေးရင်းနဲ့ စိတ်ဝင်စားဖို့ကောင်းလွန်းတဲ့ ဆုလက်ဆောင်တွေကိုလည်း ရရှိနိုင်ပါပြီ။” ဟု ပြောကြားသည်။

ယခုတစ်ပတ်တွင် အဆိုပါအွန်လိုင်းဝက်ဘ်ဆိုက်ပေါ်မှ မဲပေးခဲ့ကြသူများအနက် ကံထူးရှင် ၁၅ ဦးကို ကျပန်းစနစ်ဖြင့် ရွေးချယ်မည်ဖြစ်ပြီး ၎င်းတို့ထဲမှ ၁၀ ဦးအတွက် အင်တာနက်ဒေတာ 2G ကို လက်ဆောင် ပေးအပ်သွားမည် ဖြစ်သည်။ ကျန်ရှိနေသည့် အထူးကံထူးရှင် ၅ ဦးမှာမူ အဆိုပါလက်ဆောင်အပြင် ရန်ကုန်မြို့ရှိ MRTV-4 စတူဒီယိုအတွင်မှ တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်မည့် လာမည်အပတ်ပွဲစဉ်အသစ်ကို ကြည့်ရှုရန်အတွက် လက်မှတ် နှစ်စောင်စီကိုလည်း ရရှိမည် ဖြစ်သည်။

ဆက်လက်၍ Mr. Umeda က “နောက်လာမယ့် ပြိုင်ပွဲအစီအစဉ်တွေအတွက် စိတ်အား ထက်ထက်သန်သန် နဲ့ အားပေးနေကြတဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးနဲ့ အကျယ်ပြန့်ဆုံး မိုဘိုင်းလ် ကွန်ရက်ပေါ်ကနေတစ်ဆင့် မဲပေးတဲ့အစီအစဉ်အသစ်တွေနဲ့အတူ ကိုယ်အရမ်းကြိုက်ရတဲ့ ပြိုင်ပွဲဝင်တွေရဲ့ တိုက်ရိုက်သီဆို ယှဉ်ပြိုင်မှုတွေကို တစ်ဝကြီးမဲပေးနိုင်ပါပြီ”ဟု ပြောကြားသည်။

ယှဉ်ပြိုင်မှု အရှိန်အဟုန် မြင့်တက်လာသည်နှင့်အညီ ယခင်တစ်ပတ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်လေးဦးဖြစ်သော Thaw Di, Hnin Eaindray Shin, Khaine Myael Thitsar နှင့် Ye Naing Htoo တို့က လာမည့် ဆီမီးဖိုင်နယ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရရေးအတွက် အခွင့်အရေးရရှိပြီလည်း ဖြစ်ပါသည်။ ယခုအပတ်တွင်မူ အခြားကျန်ရှိနေသော ပြိုင်ပွဲဝင် ၈ ဦးဖြစ်သည့် Ce Ce, IP Shen Paung, Ngwe Soe, Pyae Say Maung, Grace Monica, Wai Hnin Maung, Andrew နှင့် Mark Jason တို့အနေဖြင့် ဆီမီးဖိုင်နယ်အဆင့်သို့ ထပ်မံတက်လှမ်းခွင့်ရရှိ ရေးအတွက် လေးဦးအဆင့်သာ ကျန်ရှိမည်ဖြစ်သဖြင့် အပြင်းအထန် ကြိုးစားသီဆို ယှဉ်ပြိုင်သွားကြရမည် ဖြစ်သည်။

အသေးစိတ်ထပ်မံသိရှိလိုပါက Hot Line နံပါတ် ၁၀၆ (သို့မဟုတ်) MPT ၏ တရားဝင် Facebook စာမျက်နှာ facebook.com/mptofficialpage သို့ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကို MRTV-4 ရုပ်သံလိုင်း တနင်္ဂနွေနေ့ည ၉ နာရီတိုင်းတွင် တိုက်ရိုက်ထုတ်လွှင့်ပြသလျက် ရှိပါသည်။

MPT Club FAQs MM

MPT Club

1. MPT Club အစီအစဉ် ဆိုတာ ဘာပါလဲ။ MPT Club အစီအစဉ်မှာ ဘာ့ကြောင့် ပါဝင်သင့်ပါသလဲ။

MPT Club သည် MPT သုံးစွဲသူတိုင်း ဆုလက်ဆောင်များရရှိနိုင်မည့် အစီအစဉ်ဖြစ်ပါသည်။ MPT Club အစီအစဉ်တွင် ပါဝင်ထားသော MPTဖုန်းနံပါတ်သည် ဖုန်း အသုံးပြု မှု ပေါ်တွင်အခြေခံပြီး ၊ MPT၏ မိတ်ဖက်(partner) ဆိုင်များတွင် ဈေးဝယ်တိုင်း MPT Point များကို ထပ်ဆောင်းလက်ဆောင်အဖြစ် ရရှိနိုင်မည်ဖြစ်ပါသည်။  အဆိုပါ ရရှိထားသော MPT Pointများဖြင့် အထူးစီစဉ်ထားသော MPT ဝန်ဆောင်မှုများ၊ MPT မိတ်ဖက်(partner) ဆိုင်များမှ ဈေးဝယ်ကူပွန်များကို လဲလှယ်ရယူနိုင်မည်ဖြစ်သည်။

2. MPT Club အစီအစဉ်မှာ ဘယ်လို ပါဝင်ရမှာပါလဲ။

အောက်ဖော်ပြပါနည်းလမ်းများအနက်မှ ကြိုက်နှစ်သက်ရာ တစ်မျိုးကိုသုံး၍ တစ်ကြိမ်လျှောက်ထားရုံဖြင့် MPT Point အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။

(က)USSD ကို အသုံးပြုခြင်းနည်းလမ်း – *345# ကို ရိုက်နှိပ်ခေါ်ဆိုခြင်းဖြင့် MPT Club အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။

(ခ)SMS ကို အသုံးပြုခြင်းနည်းလမ်း – 345သို့ REG M/F ဟု စာတို(SMS)ပေးပို့ခြင်းဖြင့် MPT Club အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။

3. MPT ကနေ ဘယ်လိုပုံစံနဲ့ MPT Point တွေ ရရှိနိုင်မှာပါလဲ။

(၁) ယနေ့အသုံးပြုလိုက်သော ဖုန်းငွေပမာဏအပေါ်မူတည် ၍ member level အလိုက်နောက်တနေ့ တွင်Point များကို ရရှိသွားမည်။ အသုံးပြု လိုက်သော ဖုန်းငွေပမာဏ သို့ Usage ဆိုသည်မှာ ဖုန်းဘေလက်ကျန်ငွေမှ အသုံး ပြု လိုက် သော လုပ်ဆောင်မှူ ကိုဆိုလိုပါသည်။ Pay as you go, Package, ချေးငွေ ရယူမှု နှင့် service subscription fees (SDP, IDD, roaming and VAS service)အားလုံးကိုဆိုလိုပါသည်။

(၁) BTL package ဝယ်ယူ မှုများ မပါဝင်ပါ။

(၂) B2B package ဝယ်ယူ မှုများ မပါဝင်ပါ။

(၃) Data Package gifting တွင် လက်ခံ ရရှိသူ မှ သာ ပွိုင့်ရမည်။

(၄) Balance transfer – (ဝန်ဆောင် ခ+ TAX)  ဥပမာ 26 kyats (သို့) Loan ချေးငွေ – (ဝန်ဆောင် ခ+ TAX)ဥပမာ 60 kyats အပေါ် ပွိုင့် ရမည်။

(၅) Loan ကို စတင်အသုံးပြုသည့်အချိန်မှစ၍  ပွိုင့် လက်ခံရမည်။ Loanမှ ချေးငွေ ပြန်ဆပ်သည့် အချိန်တွင် လည်းဝန်ဆောင်ခ +tax များအပေါ် ပွိုင့် ရမည်။

(၆) Balance transfer လွဲပေးသူမှ ဝန်ဆောင်ခ +tax များအပေါ် ပွိုင့် ရမည်။ ငွေလက်ခံရရှိသူသည် service များကိုအသုံးပြုသည်မှစ၍ ပွိုင့် လက်ခံရမည်။

(၂) MPT ၏ မိတ်ဖက် ဆိုင်များတွင် ဈေးဝယ် တိုင်း MPT Point များကိုလက်ဆောင်ရရှိမှာပါ။

4. MPT၏ မိတ်ဖက်(partner) ဆိုင်တွေ ကနေ ဘယ်လိုပုံစံနဲ့ MPT Point တွေ ရရှိနိုင်မှာပါလဲ။

MPT၏ မိတ်ဖက်(partner) ဆိုင်များတွင် အသုံးပြုသော (ဈေးဝယ်ယူသော) ငွေပမာဏအလိုက် MPT Point များကို အဆိုပါ ဆိုင်က အောက်ဖော်ပြပါ နည်းလမ်းဖြင့် ပေးအပ်သွားမည်ဖြစ်သည်။

  1.  ငွေပေးချေပြီးပါက အလိုအလျောက်စနစ်ဖြင့် MPT Point ပေးအပ်ခြင်း။ စစ်ဆေးကြည့်လိုပါက 345 သို့ BAL ဟု စာတိုပေးပို့ပါ။

5. Diamond, Platinum, Member ဆိုတာ ဘာလဲ။ Membership level များကို မည်သို့ ပိုင်းခြား ထားသနည်း။

Diamond, Platinum, Member ဆိုတာ အဖွဲ့ဝင်များ မိမိရောက်ရှိနေသော အခြေအနေများကို ဖော်ပြထားခြင်းဖြစ်သည်။မိမိရောက်ရှိနေသော အခြေအနေ အလိုက် အခွင့် အရေးများကိုခံစားနိုင်သည်။ Membership level ပိုင်းခြားမှုများကို အောက်ဖော်ပြပါ ဇယား အတိုင်း သိရှိနိုင် ပါသည်။ Membership level ပိုင်းခြားမှုများကို အသုံးပြု သူ၏ ၃လ ပျမ်းမျှ အသုံးစရိတ် ကို အခြေခံ ၍ level များကို သတ်မှတ် ထားခြင်း ဖြစ်ပါသည်။

MemberPlatinumDiamond
Usage<=9,999 MMK10,000 MMK to 29,999 MMK>=30000 MMK

6. အဖွဲ့ဝင်၏ သက်တမ်းကာလမှာ မည်မျှနည်း။

အဖွဲ့ဝင်၏ သက်တမ်းကာလမှာ ၃လဖြစ်ပါတယ်။ အဖွဲ့ဝင် များ၏ Membership Level ပြောင်းလဲ မှုရှိ ပါက သုံးသပ် ချက်များကို လတစ်လ ၏ ၁ ရက်နေ့ တွင် အသိပေးစာတို ရရှိမည် ဖြစ်သည်။

7. point များကိုမည်သည့်အချိန်အတိုင်းအတာဖြင့်တွက်ချက်သနည်း။

တနေ့အသုံးစရိတ် ၂၄ နာရီ ဖြင့် တွက်ချက်သည်။ ည ၁၂ နာရီ အထိ အသုံးစရိတ်များ ပါဝင်သည်။

8.MPT Club ထိပေါက် ကစားနည်းကို မည်ကဲ့ သို့ ကစားနိုင်မည်နည်း။

MPT Club ထိပေါက် ကစားနည်းကို MPT Club member ဖြစ်ရုံ ဖြင့် နေ့စဉ်  member level အလိုက် Free ကစား ခွင့် ရှိမည် ဖြစ်သည်။

Diamond – ၃ ကြိမ်

Platinum – ၂ ကြိမ်

Member – ၁ ကြိမ်

9. MPT Club member များအတွက် ထိပေါက် game ရဲ့ပေါက်မဲများမှာ မည်သည့်ပေါက်မဲများဖြစ်သနည်း။

ပေါက်မဲ များမှာ Point များ ဖြစ်ပါသည်။ ဗလာမပါ။

1 Point

2 Points

5 Points

10 Points

50 Points

100 Points တို့ ဖြစ်သည်

10. MPT Point အရေအတွက် ဘယ်လောက်နဲ့ MPTရဲ့ ဘယ်လိုဝန်ဆောင်မှုတွေကို လဲလှယ်ရယူနိုင်မှာပါလဲ။

လူကြီးမင်းရရှိထားသော MPT Point များကိုသုံးပြီး အောက်ဖော်ပြပါများမှ ကြိုက်နှစ်သက်ရာ MPT ဝန်ဆောင်မှုများကို လဲလှယ်ရယူနိုင်ပါသည်။ ဥပမာ – ၁၉၉ MPT Pointဖြင့် MPT ဖုန်းများသို့ မိနစ် ၆၀ ဖုန်းခေါ်ဆိုခွင့် (သို့) 300 MB အင်တာနက်အသုံးပြုခွင့် (သို့) MPT ဖုန်းများသို့ SMS အစောင် ၃,၀၀၀ ပေးပို့ခွင့် (သို့) ဖုန်းBill ၁၆၀ ကျပ် တို့အနက်မှ ကြိုက်နှစ်သက်ရာ ဝန်ဆောင်မှုတစ်ခုကို လဲလှယ်ရယူနိုင်ပါသည်။ ဝန်ဆောင်မှုတစ်ခုစီ၏ သက်တမ်းမှာ လဲလှယ်ရယူပြီးချိန်မှစ၍ ရက်၃၀အထိဖြစ်သည်။

လိုအပ်သော MPT Point အရေအတွက်Option-1Option-2Option-3Option-4၀န်ဆောင်မှုကို အသုံးပြုနိုင်သော သက်တမ်း
VoiceDataSMSCashback
၅၀၁၀ မိနစ်40MBအစောင် ၂၀၀၄၀ ကျပ်ရက် ၃၀
၉၉၂၀ မိနစ်100 MBအစောင် ၁,၀၀၀၈၀ ကျပ်ရက် ၃၀
၁၉၉၆၀ မိနစ်300MBအစောင် ၃,၀၀၀၁၆၀ ကျပ်ရက် ၃၀
၂၉၉၁၀၀ မိနစ်500MBအစောင် ၅,၀၀၀၂၆၀ ကျပ်ရက် ၃၀
၃၉၉၁၆၀ မိနစ်800MBအစောင် ၈,၀၀၀၃၅၀ ကျပ်ရက် ၃၀
၇၉၉၄၀၀ မိနစ်2,000MBအစောင် ၂၀,၀၀၀၇၂၀ ကျပ်ရက် ၃၀

မှတ်ချက် – Voice သည် MPT အချင်းချင်းဖုန်းခေါ်ဆိုရန် ဖြစ်သည်။ SMS သည် MPT အချင်းချင်း စာတိုပေးပို့ရန် ဖြစ်သည်။ Cash back သည် MPT အချင်းချင်းဖုန်းခေါ်ဆိုရန်နှင့် စာတိုပေးပို့ရန်၊ အင်တာနက်အသုံးပြုရန် တို့အတွက်ဖြစ်သည်။ ဖော်ပြပါနှုန်းထားများတွင် ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီး ဖြစ်ပါသည်။ Service package အလိုက် ခံစားခွင့်များမှာ အောက်ပါအတိုင်း ဇယား အတိုင်း ဖြစ်သည်။

Pack typeGSM/WCDMACDMAGSM “Base” tariff
VoiceYXY
DataYXX
SMSYXY
Cash backYYY

IDD subscription fee ကို member level အားလုံး 499 points ရှိရုံဖြင့် လဲလှယ်နိုင်ပြီ ဖြစ်ပါသည်။

Roaming subscription fee ကို member level အားလုံး 900 points ရှိရုံဖြင့် လဲလှယ်နိုင်ပြီ ဖြစ်ပါသည်။ (Roaming ကျသင့်ငွေ ၉၀၀ ကျပ် subscription fee တခုထဲသာ Point ဖြင့် အကျုံးဝင် လဲလှယ်နိုင်ပါသည်)

11. HMPT Point ကိုသုံးပြီး MPT ဝန်ဆောင်မှု package ဖြစ်တဲ့ Voice (သို့) Balance Package ကို လဲလှယ်ရယူထားပါတယ်။ MPT မဟုတ်တဲ့ တခြား operator နံပါတ်ကို ဖုန်းခေါ်ဆိုတဲ့ ဘယ်လိုဖြစ်မှာပါလဲ။

(က) လူကြီးမင်းလက်ရှိအသုံးပြုနေသော အစီအစဉ် (Base Tariff(သို့)ဆွေသဟာ(သို့) ရှယ်ပြော၊ (သို့)ရွှေစကား) နှုန်းထားအတိုင်း ကျသင့်စေမည်ဖြစ်သည်။

(ခ) MPT Point များနှင့် လဲလှယ်ရယူထားသည့် ဝန်ဆောင်မှုများကို အောက်ဖော်ပြပါ ပုံစံများအတိုင်း အသုံးပြုနိုင်မည်ဖြစ်သည်။

အမျိုးအစားOn-net (including MPT mobiles, MPT fixed lines)Off-net (including Ooredoo/Telenor/MEC)
VoiceYesNo
SMSYesNo
IDD VoiceNoNo
Paid call center lines (e.g. 1876)NoNo
Purchase and use of VAS including CRBT, Call Forwarding, etc.NoNo
International SMS No No
Packages (Data)NoNo
DataYesYes

12. Roaming ကို ဘယ်လိုရယူနိူင်သလဲ။

Roaming subscription fee ကို member level အားလုံး Points 900 Point ရှိရုံ ဖြင့် လဲလှယ် နိုင်ပြီ ဖြစ်ပါသည် (Roaming ကျသင့်ငွေ ၉၀၀ ကျပ်  subscription fee တခု ထဲ သာ Point ဖြင့်အကျုံးဝင် လဲလှယ်နိုင် ပါသည်)

သုံးစွဲသူများအတွက် ကျေးဇူးတုန့်ပြန်ခြင်း အစီအစဉ်များနှင့် အကျိုးအမြတ်များစွာ ဆောင်ယူလာတော့မည် “MPT Club” ကို MPT နှင့် မြန်မာနိုင်ငံ၏ လက်လီ ဈေးကွက်တွင် ထိပ်ဆုံးမှ ရပ်တည်နေသော မိတ်ဖက်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်

(ရန်ကုန်၊၂၀၁၈ ခုနှစ် မေလ ၁၅ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPTက နိုင်ငံ၏ ထိပ်တန်းလက်လီအရောင်ဆိုင်များ၊ ဝန်ဆောင်မှုများနှင့် ပူးပေါင်း၍ MPT Club အမည်ရှိ ဆန်းသစ်တီထွင်ထား သည့် အစီအစဉ်အသစ်ကို ယနေ့တွင် မိတ်ဆက်ပေးလိုက်ပြီး ၎င်းမှတစ်ဆင့် သန်းနှင့်ချီသောသုံးစွဲသူများက အသင်းဝင် ဖြစ်လာနိုင်မည့်အခွင့်အရေးနှင့်အတူ စိတ်လှုပ်ရှားဖွယ်ရာ ဆုလက်ဆောင်များ၊ အကျိုးအမြတ်များကို ရရှိနိုင်မည် ဖြစ်သည်။

MPT Club အတွက် မိတ်ဖက်များနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်မှာ သုံးစွဲသူများကို ပိုမိုဖြည့်စွမ်းပေးရန်ဖြစ်ကာ ၎င်းတို့အနေဖြင့် ငွေဖြည့်သည့်အခါတိုင်းနှင့် မိတ်ဖက်လုပ်ငန်းများ၏ ဆိုင်များတွင် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို အသုံးပြုခြင်းတို့အတွက် ပွိုင့်များရရှိနိုင်မည်ဖြစ်ပါသည်။ ယင်းသို့ ရရှိလာ သည့် ပွိုင့်များကို MPT ၏ ငွေဖြည့်လက်ဆောင်များ၊ ဒေတာများဖြင့် လဲလှယ်နိုင်မည့်အပြင် မိတ်ဖက်ဆိုင်များ တွင် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများဖြင့်လည်း လဲလှယ်နိုင်မည် ဖြစ်သည်။ လက်ရှိတွင် MPT အနေဖြင့် abc Convenience Stores, City Mart, ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင်၊ Marrybrown၊ Pro1 Home Center ၊ SHWE LAR SHABU SHABU ဟော့ပေါ့၊ Shwe Taung Real Estate နှင့် Wai Yan Electronic ဆိုင်များနှင့်ပူးပေါင်း ဆောင်ရွက်နေပြီး မကြာမီ ထပ်မံပူးပေါင်းပါဝင်ဦးမည့် မိတ်ဖက်ဆိုင်များမှတစ်ဆင့်လည်း သုံးစွဲသူများအတွက် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်သည်။

MPT-KSGM Joint Operations ၏ CEO ဖြစ်သူ Mr. Toshitake Amamiya က “စားသောက်ကုန်တွေ၊ ၂၄နာရီဖွင့်တဲ့ စတိုးဆိုင်တွေ၊ ရှော့ပင်းစင်တာနဲ့ လက်လီအရောင်းဆိုင်တွေ ၊ နေ့စဉ်အသုံးဆောင်ပစ္စည်းတွေ၊ ကျန်းမာရေးနဲ့ အီလက်ထရွန်းနစ်ပစ္စည်းတွေ အပါအဝင် များပြားလှတဲ့ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး MPT Club အနေနဲ့ မိတ်ဆက်ပေးခွင့်ရလို့ အရမ်းပဲ ဝမ်းမြောက်မိ ပါတယ်။ မြန်မာနိုင်ငံမှာ ဒီလို ပူးပေါင်းဆောင်ရွက်မှုက အကြီးမားဆုံးဖြစ်လာမှာဖြစ်တဲ့အပြင် သုံးစွဲသူ ၂၅ သန်း ကျော်က MPT Club အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ပြီး ငွေဖြည့်ဆုတွေ ရယူရင်းနဲ့ နေ့စဉ်ဘဝထဲကို ပျော်ရွှင်မှုတွေ ရောက်လာဖို့ ရည်ရွယ်ထားပါတယ်။ MPT Club က MPT တစ်ဦးတည်း ဆောင်ရွက်တာ မဟုတ်ဘဲ အားလုံး သော မိတ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းထားတာဖြစ်သလို ကျွန်တော်တို့ရဲ့ ကြီးမားတဲ့ အောင်မြင်မှုတစ်ခု အဖြစ် ပြသနိုင်တဲ့၊ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တဲ့ သုံးစွဲသူတွေအတွက် ကျေးဇူးတုန့်ပြန်တဲ့ အစီအစဉ်တစ်ခု လည်းဖြစ်ပါတယ်” ဟု ပြောကြား ခဲ့သည်။

သုံးစွဲသူများအနေဖြင့် *345# ကို ခေါ်ဆို၍ MPT Club အဖွဲ့ဝင်ဖြစ်လာစေရန်အတွက် ကုန်ကျစရိတ်မရှိဘဲ အဖွဲ့ဝင်နိုင်မည်ဖြစ်ပြီး ပွိုင့်များ စတင်ရယူနိုင်မည်ဖြစ်သည်။

သုံးစွဲသူများအနေဖြင့် MPT Club ကို မှတ်ပုံတင်စဉ်တွင် ပွိုင့် ၅၀ ရရှိမည်ဖြစ်ပြီး ကြိုတင်ငွေဖြည့်တိုင်း သို့မဟုတ် Post-paid ပေးဆောင်တိုင်းတွင် ပွိုင့်များ စတင်ရရှိမည်ဖြစ်ကာ ၂၀၀ ကျပ်လျှင် ၁ ပွိုင့်နှုန်း ရရှိရန် သတ်မှတ်ထား ပါသည်။ (ဥပမာ ငွေဖြည့်ကတ် တစ်သောင်းလျှင် ပွိုင့် ၅၀ ရရှိမည်ဖြစ်သည်။)။ ယခုကဲ့သို့ စတင်မိတ်ဆက် ခြင်းအတွက် အထူးအစီအစဉ်အဖြစ် MPT Club အဖွဲ့ဝင်များသည် ပရိုမိုးရှင်းကာလဖြစ်သော ၂၀၁၈ ဇွန်လကုန် အထိ ငွေဖြည့်တိုင်းတွင် ပွိုင့် နှစ်ဆ ခံစားခွင့်ရမည် ဖြစ်ပါသည်။
ထို့အပြင် လစဉ် ၅ရက်၊ ၁၅ရက်၊ ၂၅ ရက်တိုင်းတွင် ကျင်းပမည့် Lucky 5 ပရိုမိုးရှင်းလည်း ရှိပြီး MPT Club အဖွဲ့ဝင်တိုင်းအနေနှင့် မိတ်ဖက်အဖွဲ့အစည်းများထံမှ အထူးဈေးနှုန်းနှင့်လျော့ဈေးများ ရယူခံစားနိုင်ဦးမည် ဖြစ်သည်။

စိတ်လှုပ်ရှားဖွယ်ရာ ယခုအစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hot Line နံပါတ် ၁၀၆ သို့မဟုတ် www.facebook.com/mptofficialpage တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

MPT နှင့်လက်တွဲဆောင်ရွက်သည့် မိတ်ဖက်လုပ်ငန်းများ

MPT ၏ ထပ်ဆောင်းဝန်ဆောင်မှုများဖြင့် ပိုမိုလွယ်ကူကာ ပျော်ရွှင်သည့် လူမှုဘဝကို ဖန်တီးပေးမည်

(ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ မေလ ၁၀ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT သည် သုံးစွဲသူများအတွက် ထပ်ဆောင်းဝန်ဆောင်မှုများ(VAS)ကို သုံးစွဲသူများထံ ယူဆောင်လာပြီဖြစ်ကြောင်း ယနေ့ထုတ်ပြန်လိုက်သည်။ နိုင်ငံ၏ အကြီးမားဆုံး 2G၊ 3G နှင့် 4G LTE+ ကွန်ရက်များကို ဖြန့်ကျက် ထားနိုင်သည့် MPT က သုံးစွဲသူများအတွက် ပြီးပြည့်စုံသော ဘဝကို ရရှိနိုင်ရန်အတွက် ၎င်းတို့နှင့် ကိုက်ညီမှုရှိသည့် သတင်းများ၊ ဖျော်ဖြေရေးကဏ္ဍ၊ ဂီတနှင့် ကျန်းမာရေး၊ အားကစား၊ ဗေဒင် အစရှိသည့် ဆန်းသစ်တီထွင်မှုရှိသော ဒီဂျစ်တယ်ဝန်ဆောင်မှုများကို စိတ်ဝင်စားဖွယ်နှုန်းထားများဖြင့် ပေးအပ်လျက် ရှိနေပါသည်။ ပြီးခဲ့သည့် နှစ်များကတည်းက MPT သည် ပြည်တွင်းရှိ လုပ်ငန်းများနှင့် အတူပူးပေါင်း၍ သုံးစွဲသူ ၂၅ သန်းကျော်၏ မတူကွဲပြားသောအကြိုက်မျိုးစုံနှင့် လိုအပ်ချက်တို့နှင့် ကိုက်ညီစေရန် အသုံးတည့်သည့် အကြောင်းအရာများပါဝင်သည့် ပြီးပြည့်စုံသော ဝန်ဆောင်မှုများစွာကို မိတ်ဆက်ပေးလျက်ရှိပါသည်။

MPT အနေဖြင့် လက်ရှိဆောင်ရွက်နေသည့် ထပ်ဆောင်းဝန်ဆောင်မှုများအပြင် ယနေ့တွင် စိတ်ဝင်စားဖွယ်ရာ ကောင်းသည့် သုတမြေနှင့် Gameloft ဝန်ဆောင်မှုများကို ထပ်လောင်း မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါသည်။ သုတမြေမှာ တောင်သူဦးကြီး များ လိုအပ်နေသည့် သတင်းအချက်အလက်များဖြစ်သော ဒေသထွက်ကုန်စည် ဈေးနှုန်းများ၊ မိုးလေဝသ နှင့် ကျန်းမာရေး၊ သတင်းနှင့် အခြားဝန်ဆောင်မှုများစွာကို အလွယ်တကူ ရယူနိုင်မည့် အက်ပလီကေးရှင်းဖြစ်ကာ လယ်ယာမြေအထွက်နှုန်းကောင်းရန်နှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာ အသစ်များကို လေ့လာနိုင်ရန် ကူညီပေးမည် ဖြစ်ပါသည်။ MPT သည် မိုဘိုင်းလ်ဂိမ်းတီထွင်သူ Gameloft နှင့်လည်း ပူးပေါင်းလိုက်ပြီး မြန်မာနိုင်ငံတွင် လူကြိုက်များနေသည့် လွယ်လွယ်ကူကူ ဆော့ကစားနိုင်သော ဂိမ်းများကို သက်သာသည့် နေ့စဉ်နှုန်းထားဖြင့် သုံးစွဲသူများက အကန့်အသတ်မရှိ ရယူဆော့ကစားနိုင်ရန် ဆောင်ရွက်လိုက်ပြီလည်း ဖြစ်ပါသည်။ သုတမြေအက်ပလီကေးရှင်း၊ Gameloft တို့နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်ကို တွဲလျက်ပါ သီးသန့်ရေးသားထားသော အချက်အလက်စာရွက်တွင် ကြည့်ရှု နိုင်ပါသည်။

MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ကျွန်တော်တို့ရဲ့ အကောင်းဆုံးသော ဒီဂျစ်တယ်မိုဘိုင်းလ်ထပ်ဆောင်းဝန်ဆောင်မှုမျိုးစုံကို သုံးစွဲသူတွေကို ကမ်းလှမ်းခွင့်ရလို့ အရမ်းဝမ်းမြောက်မိပါတယ်။ ဂီတ၊ သတင်း၊ ဗေဒင် ဒါမှမဟုတ် ကျန်းမာရေးအကြံပေးချက်စတဲ့ အချက်အလက် တွေကတစ်ဆင့် နိုင်ငံတစ်ဝှမ်းက သန်းနဲ့ချီတဲ့ သုံးစွဲသူတွေရဲ့ လူနေမှုဘဝတွေ ပိုမိုတိုးတက်စေဖို့ကို MPT က ရည်ရွယ်ထားတာပါ။ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအနေနဲ့ မိုဘိုင်းလ် ဆက်သွယ်ရေးပစ္စည်းတွေကနေ အကောင်းဆုံးတွေကိုပဲ လိုချင်ကြတယ်ဆိုတာ နားလည်ထားပါတယ်။ ဒါကြောင့်ကျွန်တော်တို့ရဲ့ အမြန်ဆုံးနဲ့ ယုံကြည်စိတ်ချနိုင်တဲ့ ကွန်ရက်ကတစ်ဆင့် တကယ့်ကို သက်သာတဲ့နှုန်းထားနဲ့ သုံးစွဲသူတွေလိုအပ်နေတဲ့ သတင်းအချက်အလက် ဒါမှမဟုတ် ဖျော်ဖြေရေး ဝန်ဆောင်မှုတွေကို ပေးစွမ်းဖို့အတွက် သန္နိဌာန်ချပြီး ဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေထဲမှာ သုတမြေနဲ့ Gameloft နှစ်ခုလုံး ထပ်မံပေါင်းထည့် လိုက်ပါပြီ။ တောင်သူဦးကြီးတွေအနေနဲ့ မြန်မာဘာသာစကားနဲ့ အဆင်ပြေလွယ်ကူစွာ ဖတ်ရှုနိုင်ဖို့ လုပ်ဆောင်ပေးထားတဲ့ ပုံစံရယ်၊ အထွက်နှုန်းတိုးစေမယ့် လမ်းညွှန်ချက်တွေရယ် ပါရှိပါတယ်။ မိုဘိုင်းလ်ဂိမ်းကို နှစ်သက်တဲ့ သုံးစွဲ သူတွေအတွက်လည်း Gameloft ရဲ့ Asphalt® နဲ့ Real Football® တို့လို အရည်အသွေးမြင့်တဲ့ ဂိမ်းတွေကို ဆော့ကစားရင်း မိုဘိုင်းလ်ဖုန်းကိုလက်လွတ်နိုင်တော့မှာမဟုတ်ပါဘူး။ သုံးစွဲသူတွေအနေနဲ့ ကျွန်တော်တို့ရဲ့ ကောင်းမွန်တဲ့ ထပ်ဆောင်းဝန်ဆောင်မှုတွေကို ဆက်လက်ပြီး နှစ်ခြိုက်သုံးစွဲကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ထပ်မံပြောကြားခဲ့သည်။

ယခုဝန်ဆောင်မှုနှင့်ပတ်သက်ပြီး ထပ်မံသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့မဟုတ် MPT၏ တရားဝင် ဝက်ဘ်ဆိုက် http://mpt.com.mm/ နှင့် Facebook စာမျက်နှာ facebook.com/mptofficialpage တွင် ဆက်သွယ်စုံစမ်း နိုင်ပါသည်။

သုတမြေနဲ့ Gameloft  အသေးစိတ်အချက်အလက်များကို ဤနေရာတွင် Download ပြုလုပ်ပြီး ကြည့်ရှုနိုင်ပါသည်။

ယှဉ်ပြိုင်မှု ပြင်းထန်လာသည်နှင့်အညီ The Voice Myanmar သီချင်းဆိုပြိုင်ပွဲ၏ တတိယအပတ် ပြိုင်ပွဲမှစပြီး MPT သုံးစွဲသူများလွယ်ကူစွာမဲပေးနိုင်မည်

(ရန်ကုန်၊ ၂၀၁၈ခုနှစ်၊ မေလ ၉ ရက်) – MPT သုံးစွဲသူများက The Voice Myanmar ပြိုင်ပွဲတွင် ယှဉ်ပြိုင်နေသော မိမိတို့နှစ်သက်အားပေးသည့် ပြိုင်ပွဲဝင်များကို မဲပေးနိုင်ရန် *9011# သို့ ခေါ်ဆို၍ ပိုမိုလွယ်ကူမြန်ဆန်စွာ မဲပေးနိုင်တော့မည့် အစီအစဉ်သစ်တစ်ရပ်ကို မြန်မာ့ပထမဆုံးနှင့်ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က ယနေ့ သတင်းထုတ်ပြန် လိုက်သည်။ ပိုမိုလွယ်ကူအဆင်ပြေစေသည့် မဲပေးနည်းနှင့်အတူ သုံးစွဲသူများ အနေဖြင့် တနင်္ဂနွေနေ့ ည ၉နာရီ တိုင်းတွင် MRTV-4 ၌ ထုတ်လွှင့်နေသည့် အဆိုပြိုင်ပွဲ အစီအစဉ်ကို ပိုမိုကြည့်ရှု့ အားပေးနိုင်ကြမည်ဟုလည်း MPT က မျှော်လင့် ထားပါသည်။

သုံးစွဲသူများအနေဖြင့် MPT ဆင်းမ်ကတ်ကို အသုံးပြု၍ *9011# သို့ ခေါ်ဆိုကာ မဲပေးနိုင်သည့် ဝက်ဘ်ဆိုက်လင့်ကို မှတ်ထားရန်မလိုတော့ဘဲ SMS မှတစ်ဆင့် အလိုအလျောက် ဝင်ရောက်နိုင်မည်ဖြစ်ပြီး မြန်ဆန်စွာ မဲပေးနိုင်တော့မည် ဖြစ်သည်။ MPT သုံးစွဲသူများသည် ဒေတာ နှုန်းထား ကျသင့်မှုမရှိသည့် အွန်လိုင်း Portal thevoice.mptvote.com ကို ဝင်ရောက်၍ MRTV-4 မှ ယှဉ်ပြိုင်မှုကို Live လွှင့်နေစဉ်တွင် ကြည့်ရှုနိုင်မည့်အပြင် မဲပေးနိုင်မည်လည်းဖြစ်သည်။ ယခု အွန်လိုင်း Portal တွင် The Voice Myanmar အမာခံပရိသတ်များအနေဖြင့် မိမိကြိုက်နှစ်သက်သည့် အဆိုတော်ကို အားပေးရာ၌ သက်သာသည့် နှုန်းထားဖြင့် အကြိမ်ကြိမ်မဲပေးနိုင်သည့် Voting Pack ကိုလည်း ရွေးချယ်ဝယ်ယူနိုင်ကာ မဲပေးနိုင်ကြမည်ဖြစ်ပါသည်။

The Voice Myanmar သည် MPT နှင့် MRTV-4 တို့အတွက် လူကြိုက်များသည့်အစီအစဉ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ The Voice Myanmar တွင် အံသြဖွယ်ကောင်းပြီး ကမ္ဘာ့အဆင့်မီ ဖျော်ဖြေမှုများကို အရည်အချင်းအပြည့်ရှိသည့် ပြိုင်ပွဲဝင်များက သီဆိုယှဉ်ပြိုင်လျက်ရှိပြီး နိုင်ငံတစ်ဝှမ်းသာမက ကမ္ဘာတစ်ဝှမ်း တွင်လည်း ပရိသတ်များစွာ ရရှိနေသည့် ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါသည်။ ပရိသတ်များနှစ်သက်ကြသည့် အကဲဖြတ်ပေးသူ နည်းပြဟန်ထူးလွင်၏ အသုံးဝင်သော မှတ်ချက်များကြောင့် လူကြိုက်များနေပြီး ဇွန်လ အစပိုင်းတွင် ကျင်းပမည့် နောက်ဆုံးပွဲစဉ်အထိ ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်မှုမှာ တစ်စတစ်စ ပိုမိုမြင့်မားလာလျက်ရှိ သည်။
ယနေ့အထိ ဆက်လက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များမှာ

• Andrew
• Ce Ce
• Grace Monica
• Hnin Eaindary Shin
• IP Shen Paung
• Jawa Aung Moon
• Khine Myael Thit Sar
• Mark Jason
• Myet Myet Myo Htet
• Ngwe Soe
• Oishi
• Pyae Say Maung
• Sai N
• Thaw Di
• Wai Hnin Mg
• Ye Naing Htoo

တို့ဖြစ်ကြပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ MPT အနေနဲ့ The Voice Myanmar ကို အဓိကစပွန်ဆာအဖြစ် ကူညီနိုင်ခဲ့လို့ အရမ်းဝမ်းမြောက်မိပါတယ်။ လူကြိုက်များတဲ့ TV Show ကို နှစ်သက်ကြတဲ့ ကျွန်တော်တို့ရဲ့ သန်းပေါင်းများစွာသော သုံးစွဲသူတွေကို ပိုပြီး အဆင်ပြေစေဖို့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတွေကို အမြဲတမ်း ရှာဖွေနေပါတယ်။ ဒီကနေ့မှာ USSD ကို သုံးပြီး ရိုးရှင်းလွယ်ကူတဲ့ မဲပေးစနစ်ကို မိတ်ဆက်ပေးခွင့်ရလို့ ဝမ်းသာမိပါတယ်။ MRTV-4 ကနေ Live လွှင်ချိန်မှာ ကိုယ်တိုင်ကြည့်ရှု့ပြီး အချက်အလက်ပြည့်စုံတဲ့ အွန်လိုင်း Portal မှာပဲ တစ်ချိန်တည်း မဲပေးနိုင်အောင် စီစဉ်ထားတာပါ။ အခုလို USSD စနစ်ကတစ်ဆင့် မဲပေးဖို့အတွက်လိပ်စာကို လွယ်လွယ်ကူကူပဲ ရောက်ရှိသွားမှာဖြစ်ပါတယ်။

နိုင်ငံရဲ့ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်တဲ့ MPT အနေနဲ့ နောက်တစ်ပတ် The Voice Myanmar ပွဲစဉ်တွေကို ပရိသတ်တွေ နှစ်ခြိုက်ကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

The Voice Myanmar ၏ နောက်ဆုံးပွဲစဉ်ကို ဇွန်လ ၃ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပုံမှန်ပွဲစဉ်များကို မေလ (၁၃၊ ၂၀၊ ၂၇) ရက်နေ့များတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။ နောက်ဆုံးပွဲစဉ်မတိုင်မီ Live Show Round များတွင် ပရိသတ်များကပေးသည့် မဲအနည်းအများနှင့် ဒိုင်များ၏ ရွေးချယ်မှုတို့ ပေါင်းစည်း၍ နောက်တစ်ဆင့် ပွဲစဉ်များသို့ တက်လှမ်းနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ပရိသတ်များ၏ မဲပေးမှုမှာ The Voice Myanmar ပြိုင်ပွဲအတွက်အရေးပါသည့် အခြေအနေတစ်ခုဖြစ်ကာ လက်ရှိအချိန်ထိ စုစုပေါင်း ကြည့်ရှုသူ ၁၁ သန်းကျော် ရှိသဖြင့် ၂၀၁၈ ခုနှစ်တွင် ထိပ်တန်း အဆိုပြိုင်ပွဲတစ်ခုအဖြစ် ဆက်လက် ရပ်တည်လျက်ရှိပါသည်။

The Voice Myanmar ၏ မဲပေးသည့်စနစ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက MPT ၏ တရားဝင် Facebook Page ဖြစ်သည့် http://www.facebook.com/mptofficialpage/videos/1399246546842754 တွင် သရုပ်ပြဗီဒီယိုကို ကြည့်ရှု၍ဖြစ်စေ သို့မဟုတ် Call Centre နံပါတ် ၁၀၆ သို့ ဖုန်းခေါ်ဆို၍ဖြစ်စေသိရှိ နိုင်သည့်အပြင် ယခုအသစ်ထုတ်ပြန်လိုက်သည့် နည်းလမ်းဖြစ်သော *9011# သို့ ခေါ်ဆိုပြီး SMS မှတစ်ဆင့်ပေးဖို့လာသည့် လင့်ခ်မှ တစ်ဆင့်လည်းတိုက်ရိုက် မဲပေးနိုင်မည်ဖြစ်သည်။

ဘောလုံးပရိသတ်များအတွက် မြန်မာနေရှင်နယ်လိဂ်အသင်းများပါဝင်သည့်ငွေဖြည့်ကဒ်များ MPT က စတင်ထုတ်လုပ်

(ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ မေလ ၇ ရက်)- မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT သည် ၂၀၁၈ ခုနှစ် ဘောလုံးရာသီအတွက် နာမည်ကြီး ဘောလုံးသမားများ၏ ဓာတ်ပုံများပါဝင်သော ဖုန်းငွေဖြည့်ကတ်အသစ်များကို အထူးအစီအစဉ်တစ်ရပ်အဖြစ် ထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်လိုက်သည်။ MPT အနေဖြင့် မြန်မာ့ဘောလုံးအားကစား တိုးတက်မှုအတွက် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် အထောက်အပံ့ပြု ဆောင်ရွက်နေသည့်အပြင် MPT သုံးစွဲသူများအနေဖြင့်လည်း မိမိတို့ကြိုက်နှစ်သက်သော
ဘောလုံးသမားပုံများကို ဂုဏ်ယူစွာသိမ်းဆည်းပြီး မြန်မာ့ဘောလုံးအားကစားကို အားပေးနိုင်တော့မည်ဖြစ်ပါသည်။

၂၀၁၈ ပွဲစဉ်များအတွက် မတူညီသော ကလပ်အသင်း ၁၂ သင်းမှ မြန်မာနေရှင်နယ်လိဂ် ဘောလုံးသမား ၃ ဦး၏ရုပ်ပုံပါဝင်သည့် ငွေဖြည့်ကတ် ၁၂ မျိုးကို ဖန်တီးထုတ်လုပ်ထားခြင်းဖြစ်သည်။ သုံးစွဲသူများအနေဖြင့် ၅၀၀၀ကျပ်တန် အထူးထုတ် ငွေဖြည့်ကဒ်များကို ဘောလုံးပြိုင်ပွဲများရှိရာ ကစားကွင်းများ၊ MPT အမှတ်တံဆိပ်စတိုးဆိုင်များ၊ MPT ငွေဖြည့်ကတ် ရောင်းချသည့် ဆိုင်များတွင် ဝယ်ယူနိုင်မည် ဖြစ်သည်။ ယင်းငွေဖြည့်ကတ်များကို တိုင်းနှင့်ပြည်နယ် အသီးသီးတွင် စတင်ဖြန့်ဖြူးရောင်းချလျက်ရှိပြီး မကြာမီကာလအတွင်း နေရာဒေသအစုံတွင် ဝယ်ယူရရှိနိုင်မည် ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ဘောလုံးအားကစားက မြန်မာနိုင်ငံရဲ့ နံပါတ် ၁ အားကစားဖြစ်သလို မြန်မာလူမျိုးတိုင်းကလည်း ဘောလုံးအားကစားကိုနှစ်သက်ကြပါတယ်။ ကျွန်တော်အနေနဲ့ MPT သုံးစွဲသူများနဲ့ MNL ပရိသတ်တွေအတွက် ရည်ရွယ်ပြီး အထူးထုတ်လုပ်ထားတဲ့ ငွေဖြည့်ကတ်ကို မိတ်ဆက်ပေးခွင့်ရလို့ တကယ်ပဲဝမ်းသာပျော်ရွှင်မိပါတယ်။ ရှေ့ သို့ လှမ်းချီမြန်မာပြည်ဆိုတဲ့ MPT ရဲ့ဦးတည်ချက်အတိုင်း မြန်မာ့ဘောလုံးအားကစား တိုးတက်ဖို့ ဖြစ်မြောက်နိုင်မယ့်နည်းလမ်းတွေနဲ့ အတတ်နိုင်ဆုံး ကူညီပေးခွင့်ရလို့ အရမ်းလည်း ဂုဏ်ယူမိပါတယ်။ မြန်မာနေရှင်နယ်လိဂ်ပရိသတ်တွေအနေနဲ့ မိမိနှစ်သက်တဲ့ ဘောလုံးသမားပုံပါတဲ့ ငွေဖြည့်ကဒ်အသစ်တွေကို ဘောလုံးကွင်းနဲ့ နီးစပ်ရာ MPT အရောင်းဆိုင်တွေမှာ အားပေးနိုင်ပါပြီ” ဟု ပြောကြား ခဲ့သည်။

MPT အနေဖြင့် မြန်မာနိုင်ငံအတွင်း ဘောလုံးအားကစားကို အားပေးအားမြှောက်ပြုရန် စိတ်အားထက်သန်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ်တွင် MPT သည် မြန်မာနေရှင်နယ်လိဂ်၏ အဓိကမိတ်ဖက်အဖြစ်ပါဝင်ခဲ့ပြီး မျိုးဆက်သစ်ဘောလုံး အားကစားသမားများအကြား ဘောလုံးစွမ်းရည်ပိုမိုကျွမ်းကျင်မှုရှိလာစေရန် အားသွန်ခွန်စိုက်ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ဆောင်ရွက်ရာတွင် တက္ကသိုလ်များရှိ ကျောင်းသူ/ကျောင်းသား လူငယ်အားကစားသမားများအတွက် နိုင်ငံအနှံ့ ပြိုင်ပွဲများကိုစီစဉ်ပေးပြီး ယခုထက်ပိုမို
ကောင်းမွန်သည့် ပတ်ဝန်းကျင်ရှိသော အဆင့်မီ အားကစားကွင်းများတွင် ယောင်္ကျားလေးရော မိန်းကလေးပါမကျန် ကစားနိုင်မည့် အခွင့်အလမ်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယခုအစီအစဉ်သည် မြန်မာ့လူငယ်များအတွက် ပိုမိုကောင်းမွန်တောက်ပသည့် အနာဂတ်နှင့် ကျန်းမာကြံ့ခိုင်သည့် ဘဝကို ရရှိစေရန် MPT က အားထုတ် ဆောင်ရွက်နေသည့် အစီအစဉ်တစ်ရပ်ဖြစ်ကာ နှလုံးသားထဲကမြန်မာဟူသည့် အတိုင်း မြန်မာနိုင်ငံနှင့် MPT သုံးစွဲသူ ပြည်သူများအတွက် အကျိုးအမြတ်ကောင်းများကို ဖော်ဆောင်ပေးမည် ဟူသောကတိကဝတ်ကို အားဖြည့် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ဒေသလည်း ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက MPT၏ တရားဝင် Facebook Page facebook.com/mptofficialpage သို့မဟုတ် MPT ဖုန်းနံပါတ်ဖြင့် ၁၀၆ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

MPT က ဖုန်းခေါ်ဆိုမှုများအတွက် တစ်မိနစ်လျှင် ၆ ကျပ်သာ ကျသင့်မည့် ပျော်ပျော်သုံး Package အသစ်ကို မိတ်ဆက်

(ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ မေလ ၂ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT က မြန်မာပြည်သူများအတွက် စျေးအတန်ဆုံး နှင့် အံအားသင့်ဖွယ်အကောင်းဆုံး ဖုန်းခေါ်ဆိုမှု နှင့် စာတိုပေးပို့မှု Package အသစ်ဖြစ်သည့် ပျော်ပျော်သုံး Package ကိုစတင်မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ အဆိုပါ Package ကို ရယူထားခြင်းဖြင့် MPT သုံးစွဲသူများသည် အသက်သာဆုံးနှုန်းထားဖြင့် ၄င်းတို့၏မိသားစုဝင်များ နှင့် ချိတ်ဆက် ပြောဆိုနိုင်မည်ဖြစ်ပါသည်။ ၁,၂၀၀ ကျပ်တည်းဖြင့် (ကုန်သွယ်ခွန်ပါ ၁,၂၆၀ ကျပ်) ရယူအသုံးပြုနိုင်မည့် ပျော်ပျော်သုံး Package တွင် အော်တိုတယ်လီဖုန်းလိုင်းများအပါအဝင် MPT ဖုန်းအားလုံးသို့ခေါ်ဆိုရန် မိနစ်ပေါင်း ၂၀၀ ပါ၀င်သည့်အတွက် MPT သုံးစွဲသူများအနေဖြင့် တစ်မိနစ်လျှင် ၆ ကျပ်နှုန်းသာ (ကုန်သွယ်ခွန်မပါ) ကျသင့်မည်ဖြစ်သောကြောင့် အခြားသော အော်ပရေတာကွန်ရက်များထက် ၂၀ ရာခိုင်နှုန်း ပိုမိုသက်သာမည် ဖြစ်ပါသည်။ ထို့အပြင် မက်ဆေ့အစောင် ၂၀၀ ပေးပို့ခွင့်ကိုလည်း လက်ဆောင်အဖြစ် အပိုဆောင်း ထည့်သွင်းပေးထားပါသည်။

အမည်နှုန်းထား (ကုန်သွယ်ခွန်ပါ)အသုံးပြုနိုင်မည့် ပမာဏအသုံးပြုနိုင်ပုံသက်တမ်းဝယ်ယူရန်
ပျော်ပျော်သုံး၁၂၆၀ ကျပ်၂၀၀ မိနစ် + စာတိုအစောင် ၂၀၀MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း
(ကြိုးဖုန်းအပါအဝင်) နှင့် စာတိုပေးပို့ခြင်း
၇ ရက်*200#

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ ကျွန်တော်တို့အနေနဲ့ MPT ကို သုံးစွဲကြတဲ့သူတွေကို အထူးသဖြင့် ဖုန်းကိုမကြာခဏ ခေါ်ဆိုတတ်သူတွေ၊ ဖုန်းကိုကြာကြာပြောတတ်သူတွေအတွက် မိုဘိုင်းလ်ဖုန်းသုံးစွဲရာမှာ သိသာကွဲပြားတဲ့အကောင်းဆုံးသောဖုန်းခေါ်ဆိုမှု ၀န်ဆောင်မှုအပေါ် ကျေနပ်နှစ်သက်ကြလိမ့်မယ်လို့ထင်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ရဲ့ ထူးခြားဆန်းသစ်တဲ့ ပျော်ပျော်သုံး Package အသစ်ကို မိတ်ဆက်နိုင်ခဲ့လို့ အရမ်းကိုပဲ စိတ်လှုပ်ရှား
နေမိပါတယ်။ ဒီ Package အသစ်မှာ MPT အချင်းချင်း မိနစ်ပေါင်း ၂၀၀ ဖုန်းခေါ်ဆို နိုင်ရုံသာမက SMS အစောင် ၂၀၀ ပေးပို့ခြင်းကို ပြုလုပ်နိုင်မှာဖြစ်တာကြာင့် ကျွန်တော်တို့ MPT ရဲ့ သန်းပေါင်း များစွာသော သုံးစွဲသူတွေအတွက် ကျွန်တော်တို့ရဲ့ ကတိစကားတွေအတိုင်း အကောင်းဆုံးသော ဝန်ဆောင်မှုတွေကို သယ်ဆောင်လာပေးခဲ့တာလည်း ဖြစ်ပါတယ်” ဟု ပြောကြားပါသည်။

ဆက်လက်၍ Mr. Reizo Umeda က “ ကျွန်တော်တို့ရဲ့ မြန်ဆန်တဲ့ 3G နဲ့ 4G LTE+ ကွန်ရက်ပေါ်ကနေအသုံးပြုသူတွေအားလုံးက အကောင်းဆုံးဆိုတဲ့ အရည်အသွေးနဲ့ နိုင်ငံအနှံ့ကျယ်ပြန်တဲ့ ကွန်ရက်ချိတ်ဆက်မှုတွေန့နဲ့အတူ ဖုန်းခေါ်ဆိုမှု Package တွေအားလုံးထဲမှာ အသက်သာဆုံးနှုန်းထားဖြစ်တဲ့ ၁,၂၆၀ ကျပ်ထဲနဲ့ ပျော်ပျော်သုံး Package အသစ်ကို သက်သက်သာသာ ရယူသုံးစွဲနိုင်ပြီ ဖြစ်ပါတယ်။ ကိုယ့်ရဲ့မိဘတွေနဲ့အရေးတကြီးကိစ္စ ပြောဆိုဖို့တွေ၊ လုပ်ငန်းတိုးချဲ့ဖို့အတွက် ပြောဆိုဖို့တွေ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ တွေ့ဖို့ ချိန်းဆိုတာတွေ အချိန်အကြာကြီးပြောဖို့လိုတာတွေအတွက် ဘာကိုမှ စောင့်ဆိုင်းနေဖို့မလိုတော့ပါဘူး။ အခုပဲ ပျော်ပျော်သုံး Package အသစ်ကို ရယူပြီး မြန်မာနိုင်ငံရဲ့အကောင်းဆုံးနဲ့ အကျယ်ပြန့်ဆုံး ကွန်ရက်ပေါ်ကနေ ဖုန်းခေါ်ဆိုနိုင်ပါပြီ” ဟု ထပ်လောင်း ပြောကြားခဲ့ပါသည်။

MPT သုံးစွဲသူများအနေဖြင့် ပျော်ပျော်သုံး Package အသစ်၏ အသက်သာဆုံးနှုန်းထားကို ရယူလိုပါက *200# သို့ ခေါ်ဆိုခြင်းဖြင့် Package ကို စတင်ရရှိနိုင်မည် ဖြစ်ပါသည်။ Package ကို ရယူအသုံးပြုချိန်မှစ၍ (၇) ရက်အတွင်း အသုံးပြုနိုင်မည်ဖြစ်ပြီး MPT ၏ GSM/WCDMA ဆင်းမ်ကတ်အသုံးပြုသူများအားလုံး ရယူအသုံးပြုနိုင်မည် ဖြစ်ပါသည်။

အစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုသည်များရှိပါက Call Center နံပါတ် 106 သို့ခေါ်ဆိုမေးမြန်းခြင်း (သို့မဟုတ်) http://mpt.com.mm/mm/ နှင့် https://www.facebook.com/mptofficialpage/ တို့တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။