MPT က တစ်မိနစ်လျှင် ၆ ကျပ်သာ ကျသင့်မည့် “ပြောသာပြော” Voice Pack အသစ် ကိုမိတ်ဆက်

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် ဇူလိုင် ၃၁)- မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က သုံးစွဲသူများအတွက် အသက်သာဆုံးနှုန်းထားများဖြင့် ချစ်ခင်ရသူများထံသို့ ဖုန်းခေါ်ဆိုနိုင်မည့် “ပြောသာပြော” Voice Pack အသစ်ကို ယနေ့တွင် စတင်မိတ်ဆက် လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ MPT ၏ GSM/ WCDMA သုံးစွဲသူများအနေဖြင့် အဆိုပါ Voice Pack ကို ယနေ့မှစတင်၍ ရယူနိုင်မည်ဖြစ်သည်။

စာတိုပေးပို့ခြင်းထက် ဖုန်းခေါ်ဆိုခြင်းကို ပိုမိုနှစ်ခြိုက်သည့် သုံးစွဲသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ “ပြောသာပြော” Voice Pack ကို သုံးစွဲသူများထံ အရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ MPT သုံးစွဲသူများအနေဖြင့် MPT ဖုန်းအချင်းချင်း (ကြိုးဖုန်းအပါအဝင်) ခေါ်ဆိုနိုင်မည့် “ပြောသာပြော” Voice Pack ကို ၇ ရက်၊ ရက် ၃၀၊ ရက် ၉၀ ဟူ၍ နှစ်သက်ရာ ရွေးချယ်ပြီး *600# သို့ခေါ်ဆိုခြင်းဖြင့် ဈေးနှုန်းသက်သာ၍ ပိုမိုကောင်းမွန်သော ပက်ကေ့ချ်များ ကို သုံးစွဲသူများက စိတ်တိုင်းကျ ရွေးချယ်သုံးစွဲနိုင်ပြီ ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “သုံးစွဲသူတွေ ဖုန်းခေါ်ဆိုတဲ့နေရာမှာ ပိုမိုအဆင်ပြေပြီး အသက်သာဆုံးနှုန်းထားနဲ့ “ပြောသာပြော” Voice Pack ကို လုပ်ဆောင်ပေးနိုင်ခဲ့လို့ အရမ်းဝမ်းမြောက်မိပါတယ်။ ဒီ Voice Pack အသစ်ဟာဆိုရင် ကျွန်တော်တို့ တန်ဖိုးထားရတဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် သုံးစွဲသူတွေရဲ့ တုံ့ပြန်ချက်တွေ ပေါ်မှာလုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။ ဖုန်းပြောဆိုခြင်းဟာဆိုရင် နေ့စဉ်ဘဝတွေမှာ မရှိမဖြစ် အရေး ပါတဲ့ ကိစ္စဖြစ်နေပါတယ်။ ဒီ “ပြောသာပြော” Voice Pack အသစ်ကနေတစ်ဆင့် ချစ်ခင်သူတွေအကြား၊ မိသားစုတွေအကြား၊ စီးပွားရေးလုပ်ငန်းတွေကြားမှာ ဆက်ဆံရေးတွေ ပိုမိုကောင်း မွန်လာအောင်၊ အပြန်အလှန် စကားပြောဆိုရာမှာ ပိုပြီးအဆင်ပြေချောမွေ့လာအောင် ကူညီပေးနိုင်မယ်လို့ ယုံကြည်မိပါတယ်” ဟု ပြောကြားခဲ့သည်။

“ပြောသာပြော” Voice Pack အသစ် နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါ ဇယားတွင် ကြည့်ရှုနိုင်ပါသည်။

Package အမျိုးအစားနှုန်းထား

(ကုန်သွယ်ခွန်ပါ)

အသုံးပြုနိုင်မည့် ပမာဏသက်တမ်းဝယ်ယူရန်
(၇ ) ရက်သုံး Voice Pack၉၄၅ ကျပ်မိနစ် ၁၅၀၇ ရက်* 600#
ရက် (၃၀) သုံး Voice Pack၁,၈၉ ၀ ကျပ်မိနစ် ၃၀၀ရက် ၃၀
ရက် (၉၀) သုံး Voice Pack၄,၇၂၅ ကျပ်မိနစ် ၇၅၀ရက် ၉၀

“ပြောသာပြော” Voice Pack သို့မဟုတ် ဒေတာ နှင့် ဖုန်းခေါ်ဆိုခြင်းအတွက် အခြားသောသက်သာသည့် Package များအကြောင်းကို ထပ်မံသိရှိလိုပါက ၁၀၆ သို့မဟုတ် MPT ၏ တရားဝင် Facebook Page https://www.facebook.com/mptofficialpage/ နှင့် MPT ၏ website www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

A Kyite Pyaw + FAQs MM

PROMOTION »အကြိုက်ပြော

အကြိုက်ပြော

၁။ အကြိုက်ပြော + Voice Pack ဆိုတာ ဘာလဲ?

အကြိုက်ပြော+ Voice Pack ဆိုတာ MPT မှ သုံးစွဲသူတွေအတွက် ပေးထားတဲ့ အစီအစဉ်သစ်တစ်ခုပါ။ *600# ကို ခေါ်ဆိုခြင်းဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။

အမည်နှုန်းထားမိနစ်အသုံးပြုနိုင်ပုံသက်တမ်းဝယ်ယူရန်တိုက်ရိုက်

ဝယ်ယူရန်

၇ရက်သုံး အကြိုက်ပြော

Voice Pack

၈၅၀ ကျပ်၁၃၅ မိနစ် MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း

(ကြိုးဖုန်းအပါအဝင်)

၇ ရက်*600#

 

*600*3#
၃၀ရက်သုံး အကြိုက်ပြော

Voice Pack

၁၅၀၀ ကျပ်၂၃၈

မိနစ်

MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း

(ကြိုးဖုန်းအပါအဝင်)

၃၀ ရက်*600#

 

*600*2#
၉၀ ရက်သုံး အကြိုက်ပြော

Voice Pack

၃၉ ၀၀ ကျပ်၆၁၉ မိနစ် MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း

(ကြိုးဖုန်းအပါအဝင်)

၉၀ ရက်*600#

 

*600*1#

၂။ အကြိုက်ပြော+ Voice Pack ကို ဘယ်သူတွေ ဝယ်ယူသုံးစွဲနိုင်မှာလဲ?

MPT GSM/WCDMA အသုံးပြုသူအားလုံး ဝယ်ယူသုံးစွဲနိုင်ပါသည်။

၃။ ဒီ pack နဲ့ အခြားအော်ပရေတာတွေကို ဖုန်းခေါ်လို့ရနိုင်မှာလား?

မရနိုင်ပါဘူး။ MPT ဖုန်းနံပါတ်အချင်းချင်း ခေါ်ဆိုခြင်းသာ ပြုလုပ်နိုင်ပါသည်။

၄။ အကြိုက်ပြော+ Voice Pack ကို ဘယ်လောက်ကြာ အသုံးပြုနိုင်မှာလဲ?

အကြိုက်ပြော+ Voice Pack ကို ၇ ရက်၊ ၃၀ရက် နှင့် ၉၀ ရက် ကြာ အသုံးပြုနိုင်ပါသည်။

၅။ အကြိုက်ပြော+ Voice Pack အပြင် ၃၉၉ ကျပ် Voice Pack ကိုလည်း ဝယ်ယူထားပါတယ်။ ဘယ် package ထဲက အရင်ဖြတ်မှာပါလဲ?

၃၉၉ ကျပ် Voice Pack ၏ အသုံးပြုနိုင်သောသက်တမ်းမှာ ပိုနည်းသောကြောင့် ၃၉၉ ကျပ် Voice Pack ထဲက အရင်ဖြတ်မှာဖြစ်ပါသည်။ ပြီးမှ အကြိုက်ပြော+ Voice Pack ထဲမှ ဖြတ်သွားမှာဖြစ်ပါသည်။

၆။ ပရိုမိုးရှင်းကာလက ဘယ်အချိန်ထိလဲ?

ပရိုမိုးရှင်းကာလမှာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့ မှ ထပ်မံမကြေညာမီအချိန်အထိ ဖြစ်ပါသည်။

၇။ အကြိုက်ပြော+ Voice Pack ကို အကြိမ်ရေ မည်မျှ ဝယ်ယူနိုင်မည်နည်း။

အကြိုက်ပြော+ Voice Pack ကို စိတ်ကြိုက် ဝယ်ယူနိုင်ပါပြီ။

၈။ ယခင်အကြိုက်ပြော+ Voice Pack ရဲ့ မိနစ်နဲ့သက်တမ်းကျန်ရှိနေချိန်မှာ နောက်ထပ် အကြိုက်ပြော+ Voice Pack ကို ဝယ်ယူပါက မည်သို့ဖြစ်မည်နည်း။

မိနစ်နဲ့သက်တမ်းသည် ပေါင်းစည်းသွားမှာမဟုတ်ပါ။ ဝယ်ယူထားသော အကြိုက်ပြော+ Voice Pack
တစ်ခုချင်းစီသည် ယင်းတို့၏ သတ်မှတ်သက်တမ်းကုန်ဆုံးချိန်တွင် အသီးသီး ကုန်ဆုံးပါမည်။

၉။ အကြိုက်ပြော+ Voice Pack သည် သက်တမ်းကုန်လွန်သွားသည့်အခါ အလိုအလျောက် သက်တမ်းတိုးပါသလား။

အကြိုက်ပြော+ Voice Pack သည် သက်တမ်းကုန်လွန်သွားသည့်အခါ အလိုအလျောက် သက်တမ်းမတိုးပါ။ အသစ်တစ်ဖန်ဝယ်ယူလိုပါက *600# ကို ခေါ်ဆိုပါ။

A Kyite Pyaw +

အသံဝန်ဆောင်မှုပရိုမိုးရှင်းများ »အကြိုက်ပြော +>>> “ဤဝန်ဆောင်မှုအား ရယူအသုံးပြုခြင်းဖြင့် လူကြီးမင်းသည် အောက်ဖော်ပြပါ link တွင် ဖော်ပြပါရှိသော နောက်ဆုံးပြင်ဆင်ထားသည့် MPT ၏ အထွေထွေစည်းမျဉ်းစည်းကမ်းများကိုသဘောတူညီပြီးဖြစ်သည်။”

 

အကြိုက်ပြော+ Voice Pack ဆိုတာဘာလဲ။

အကြိုက်ပြော+ Voice Packကို အသုံးပြုပြီး မည်သည့် MPTဖုန်းနံပါတ်ကိုမဆို သက်သာသောနှုန်းထားဖြင့်ခေါ်ဆိုနိုင်မည်ဖြစ်ပါသည်။

အမည်နှုန်းထားမိနစ်အသုံးပြုနိုင်ပုံသက်တမ်းဝယ်ယူရန်

တိုက်ရိုက်

ဝယ်ယူရန်

၇ရက်သုံး အကြိုက်ပြော +

Voice Pack

၈၅၀ ကျပ်၁၃၂  မိနစ်

MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း

(ကြိုးဖုန်းအပါအဝင်)

၇ ရက်*600#*600*3#

၃၀ရက်သုံး အကြိုက်ပြော +

Voice Pack

၁၅၀၀ ကျပ်၂၃၄  မိနစ်

MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း

(ကြိုးဖုန်းအပါအဝင်)

၃၀ ရက်*600#*600*2#

၉၀ ရက်သုံး အကြိုက်ပြော +

Voice Pack

၃၉ ၀၀ ကျပ်၆၁၉  မိနစ်

MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း

(ကြိုးဖုန်းအပါအဝင်)

၉၀ ရက်*600#*600*1#

စည်းမျဉ်းစည်းကမ်းများ

၁။ MPT GSM/WCDMA အသုံးပြုသူများအားလုံး အကြိုက်ပြော+ Voice Pack ကို ဝယ်ယူ သုံးစွဲနိုင်ပါသည်။

၂။ MPT ကြိုးဖုန်းများ အပါအဝင် ခေါ်ဆိုနိုင်မည်ဖြစ်ပါသည်။

၃။ သတ်မှတ်ထားသောနှုန်းထားမှာ ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီးသား ဖြစ်ပါသည်။

၄။ ဝယ်ယူပြီးသည့်နေ့မှ စတင်၍ ၇ ရက် ၊ ၃၀ ရက် နှင့် ၉၀ ရက် များအတွင်း အသုံးပြုနိုင်ပါသည်။

၅။ CDMA သုံးစွဲသူများ ဝယ်ယူရရှိနိုင်မည် မဟုတ်ပါ။

Other Voice Promotions


MPT Voice Package

သုံးစွဲသူများစိတ်တိုင်းကျရွေးချယ်ဝယ်ယူနိုင်ရန် Voice Pack သုံးမျိုးကို MPT က မိတ်ဆက်ပေးထားပါသည်။


A Kyite Pyaw +

အကြိုက်ပြော +Voice Pack ဆိုတာ MPT မှ သုံးစွဲသူတွေအတွက် ပေးထားတဲ့ အစီအစဉ်သစ်တစ်ခုပါ။

မေးခွန်းများ

၁။ အကြိုက်ပြော + Voice Pack ဆိုတာ ဘာလဲ?

အကြိုက်ပြော+ Voice Pack ဆိုတာ MPT မှ သုံးစွဲသူတွေအတွက် ပေးထားတဲ့ အစီအစဉ်သစ်တစ်ခုပါ။ *600# ကို ခေါ်ဆိုခြင်းဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။

အမည်နှုန်းထားမိနစ်အသုံးပြုနိုင်ပုံသက်တမ်းဝယ်ယူရန်

တိုက်ရိုက်

ဝယ်ယူရန်

၇ရက်သုံး အကြိုက်ပြော

Voice Pack

၈၅၀ ကျပ်၁၃၂ မိနစ်

MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း

(ကြိုးဖုန်းအပါအဝင်)

၇ ရက်

*600#

 

*600*3#

၃၀ရက်သုံး အကြိုက်ပြော

Voice Pack

၁၅၀၀ ကျပ်

၂၃၄

မိနစ်

MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း

(ကြိုးဖုန်းအပါအဝင်)

၃၀ ရက်

*600#

 

*600*2#

၉၀ ရက်သုံး အကြိုက်ပြော

Voice Pack

၃၉ ၀၀ ကျပ်၆၁၉ မိနစ်

MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း

(ကြိုးဖုန်းအပါအဝင်)

၉၀ ရက်

*600#

 

*600*1#

၂။ အကြိုက်ပြော+ Voice Pack ကို ဘယ်သူတွေ ဝယ်ယူသုံးစွဲနိုင်မှာလဲ?

MPT GSM/WCDMA အသုံးပြုသူအားလုံး ဝယ်ယူသုံးစွဲနိုင်ပါသည်။

၃။ ဒီ pack နဲ့ အခြားအော်ပရေတာတွေကို ဖုန်းခေါ်လို့ရနိုင်မှာလား?

မရနိုင်ပါဘူး။ MPT ဖုန်းနံပါတ်အချင်းချင်း ခေါ်ဆိုခြင်းသာ ပြုလုပ်နိုင်ပါသည်။

၄။ အကြိုက်ပြော+ Voice Pack ကို ဘယ်လောက်ကြာ အသုံးပြုနိုင်မှာလဲ?

အကြိုက်ပြော+ Voice Pack ကို ၇ ရက်၊ ၃၀ရက် နှင့် ၉၀ ရက် ကြာ အသုံးပြုနိုင်ပါသည်။

၅။ အကြိုက်ပြော+ Voice Pack အပြင် ၃၉၉ ကျပ် Voice Pack ကိုလည်း ဝယ်ယူထားပါတယ်။ ဘယ် package ထဲက အရင်ဖြတ်မှာပါလဲ?

၃၉၉ ကျပ် Voice Pack ၏ အသုံးပြုနိုင်သောသက်တမ်းမှာ ပိုနည်းသောကြောင့် ၃၉၉ ကျပ် Voice Pack
ထဲက အရင်ဖြတ်မှာဖြစ်ပါသည်။ ပြီးမှ အကြိုက်ပြော+ Voice Pack ထဲမှ ဖြတ်သွားမှာဖြစ်ပါသည်။

၆။ အကြိုက်ပြော+ Voice Pack ကို အကြိမ်ရေ မည်မျှ ဝယ်ယူနိုင်မည်နည်း။

အကြိုက်ပြော+ Voice Pack ကို စိတ်ကြိုက် ဝယ်ယူနိုင်ပါတယ်။

၇။ ယခင်အကြိုက်ပြော+ Voice Pack ရဲ့ မိနစ်နဲ့သက်တမ်းကျန်ရှိနေချိန်မှာ နောက်ထပ် အကြိုက်ပြော+ Voice Pack ကို ဝယ်ယူပါက မည်သို့ဖြစ်မည်နည်း။

မိနစ်နဲ့သက်တမ်းသည် ပေါင်းစည်းသွားမှာမဟုတ်ပါ။ ဝယ်ယူထားသော အကြိုက်ပြော+ Voice Pack တစ်ခုချင်းစီသည် ယင်းတို့၏ သတ်မှတ်သက်တမ်းကုန်ဆုံးချိန်တွင် အသီးသီး ကုန်ဆုံးပါမည်။

MPT ၏ “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝှမ်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်

(ရန်ကုန်၊ ၂၀၁၈ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်) မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPTက ဒုတိယအကြိမ်အဖြစ် ၎င်း၏ “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝှမ်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုအစီအစဉ်ကို သြဂုတ်လ ၄ ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသအသီးသီးရှိ နေရာပေါင်း ၁၈ ခုတွင် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ MPT ဝန်ထမ်းများနှင့် စေတနာဝန်ထမ်းများစုစုပေါင်း ၆,၀၀၀ ခန့်နှင့် သစ်ပင်ပေါင်း ၁၀,၀၀၀ ခန့်ကို စိုက်ပျိုးသွားရန်အတွက် စိတ်အားထက်သန်လျက် ရှိကြသည်။

“စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝှမ်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းအတွက် ပထမအကြိမ် လှုပ်ရှားမှုကို ၂၀၁၇ ခုနှစ် သြဂုတ်လတွင် စတင်ဆောင်ရွက်ခဲ့ပြီး မြတ်နိဗ္ဗာန်သစ်ပင်စိုက်ပျိုးလှူဒါန်းရေးအဖွဲ့နှင့် ပူးပေါင်းကာ MPT ဝန်ထမ်းများ၊ အများပြည်သူစေတနာဝန်ထမ်းများ၏ အကူအညီဖြင့် ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် သစ်ပင်ပေါင်း ၂,၀၀၀ ကျော်ကို စိုက်ပျိုးခဲ့သည်။ ယခုနှစ်လှုပ်ရှားမှုအတွက် သစ်တောဦးစီးဌာနမှလည်း စိုက်ပျိုးရန်လိုအပ်သည့် ပျိုးပင်အမျိုးအစားအစုံကို ပံ့ပိုးပေးထားပါသည်။

တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ဦးတည်ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့နိုင်မည့် ကြိုးပမ်းအားထုတ်မှုများမှ တစ်ဆင့် စိမ်းလန်းစိုပြေသော ပတ်ဝန်းကျင်ကောင်း ဖြစ်ထွန်းလာစေရေးမှာလည်း လူထုအတွက် အလွန်အရေးပါကြောင်း MPT က လက်ခံယုံကြည်ထားပါသည်။ သစ်တော၊ သစ်ပင်များမှာ ကျေးလက်အတွက် သာမက မြို့ပြလူနေမှုများအတွက်လည်း အရေးပါပြီး ယခုသစ်ပင်စိုက်ပျိုးခြင်း အစီအစဉ်မှတစ်ဆင့် သဘာဝဘေးအန္တရာယ်နှင့် ကာဗွန်ထုတ်လွှတ်မှုနှုန်းများ လျှော့ချရေးအပါအဝင် သစ်ပင်စိုက်ပျိုးခြင်းဖြင့် မိမိတို့၏ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက် ပေးနိုင်မည် ဖြစ်ကြောင်းကို ပြည်သူများအကြား အသိပညာဖြန့်ဝေပေးနိုင်ရန် ရည်ရွယ်ပါသည်။ MPT အနေနှင့် မြန်မာ့လူမှုပတ်ဝန်းကျင်အတွက် အရေးကြီးသည့်အခန်းကဏ္ဍဆိုင်ရာကိစ္စများ၊ စီးပွားရေး၊ ကျန်းမာရေးနှင့်သက်ဆိုင်သည့် အခန်းကဏ္ဍများရှိ လိုအပ်ချက်များအပေါ် အလေးအနက်ဦးတည် ဖြည့်စွမ်းလျက်ရှိပြီး ၎င်းတို့နှင့်စပ်လျဉ်း၍ “သန့်ရှင်းခေတ်မီ ရှေ့သို့ချီ” နိုင်ငံတစ်ဝှမ်း စုပေါင်း သန့်ရှင်းရေးလှုပ်ရှားမှုနှင့် “စုပေါင်းသွေးလှူဒါန်းခြင်း” အစီအစဉ်များကိုလည်း ပြည်သူများနှင့်အတူ ပူးပေါင်းလက်တွဲ ဆောင်ရွက်လျက်ရှိပါသည်။

MPT-KSGM Joint Operations ၏ Chief Operating Officer ဖြစ်သူ Mr. Yoshiaki Benino က “ကျွန်တော်တို့ MPT က မြန်မာနိုင်ငံတစ်ဝှမ်းလုံးက ပြည်သူတွေကို ကျန်းမာကြံ့ခိုင်ပြီး စိမ်းစိုလှပတဲ့ ကမ္ဘာမြေကြီးပေါ်မှာ အမြဲ ရှင်သန်နေထိုင်သွားနိုင်စေဖို့အတွက် “နှလုံးသားထဲက မြန်မာ” ဆိုတဲ့ ဆောင်ပုဒ် အတိုင်း ဆောင်ရွက်ပေးသွားဖို့ ဆန္ဒရှိနေပါတယ်။ မြို့ပြလူနေမှုကြောင့် မြင့်တက်လာတဲ့အပူချိန်တွေ လျော့ချနိုင်ဖို့နဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ မသန့်စင်တဲ့လေထုကို သန့်စင်ပေးနိုင်ဖို့ဆိုတဲ့ လိုအပ်ချက် အတွက် သစ်ပင်တွေက အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတာဖြစ်ပါတယ်။ ဒါကြောင့် အခုနှစ်အတွက် ကျွန်တော်တို့ဆောင်ရွက်သွားမယ့် လူမှုအကျိုးပြုလုပ်ငန်းတွေထဲက တစ်ခုအဖြစ် နိုင်ငံနဲ့အဝှမ်းမှာ ထောင်နဲ့ချီတဲ့ သစ်ပင်တွေကို စိုက်ပျိုးသွားတော့မှာ ဖြစ်ပါတယ်။” ဟု ပြောကြားသည်။

သြဂုတ်လ ၄ ရက်နေ့တွင် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းအစီအစဉ်ဆောင်ရွက်မည့် နေရာများမှာ
အောက်ပါအတိုင်း ဖြစ်ပါသည်။

စဉ်တိုင်းနှင့်
ပြည်နယ်များ
မြို့နယ်စိုက်ပျိုးရန်လျာထားနေရာ
၁။ရန်ကုန်လှည်းကူးဓမ္မရံသီ၊ မိုးကုတ်ဝိပဿနာ၊
အမြန်လမ်းအဝင် ၁မိုင်၊ ၁ဖာလုံ
၂။မန္တလေးပုသိမ်ကြီးနည်းပညာတက္ကသိုလ်(မန္တလေး)
၃။နေပြည်တော်တပ်ကုန်းတပ်ကုန်းမြို့နယ်၊ မြဝတီရပ်ကွက်
၄။စစ်ကိုင်းမုံရွာစီးပွားရေးတက္ကသိုလ်(မုံရွာ)
၅။မကွေးမကွေးပညာရေးကောလိပ် (မကွေး)
၆။ဧရာဝတီပုသိမ်လောကရန်အောင်ဖောင်တော်ဦး(ရေကြည်ဦးဘုရား)ရှေ့
လမ်းဘေးဝဲယာ
၇။ပဲခူး (အရှေ့)ပဲခူးမဟာကြီးဘုရားဝင်း
၈။ပဲခူး (အနောက်)ပြည်နဝဒေးတံတားအဆင်း၊
နဝဒေးနယ်မြေ
၉။တနင်္သာရီထားဝယ်ထားဝယ်တက္ကသိုလ်
၁၀။ကချင် ပြည်နယ်မြစ်ကြီးနားကွန်ပျူတာတက္ကသိုလ်+
စက်မှုလက်မှုအထက်တန်းကျောင်း
၁၁။ကယားပြည်နယ်လွိုင်ကော်နည်းပညာတက္ကသိုလ်(လွိုင်ကော်)
၁၂။ကရင်ပြည်နယ်ဘားအံတောက်ကလေးကျေးရွာအနီး
၁၃။ချင်းပြည်နယ်ဟားခါးအော်တိုရပ်ကွက်
၁၄။မွန်ပြည်နယ်မော်လမြိုင်မော်လမြိုင်မြို့၊နောင်ခရီကျေးရွာ၊
မြောက်ခရွန်းရပ်ကွက်
၁၅။ရခိုင်ပြည်နယ်စစ်တွေစစ်တွေတက္ကသိုလ်
၁၆။ရှမ်း (အရှေ့)ကျိုင်းတုံကွန်ပျူတာတက္ကသိုလ်
၁၇။ရှမ်း (တောင်)တောင်ကြီးတောင်ကြီးတက္ကသိုလ်
၁၈။ရှမ်း (မြောက်)လားရှိုးကွန်ပြူတာ တက္ကသိုလ် (ပြီးစီး)

စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှုအပြင် ကျန်းမာရေးကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းစဉ်များ၊ ပညာရေး၊ အသေးစားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် သဘာဝ ဘေးအန္တရာယ်ကျရောက်သည့် ဒေသများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စသည့် လူမှုအကျိုးပြုလုပ်ငန်း များစွာအား အခန်းကဏ္ဍအသီးသီးတွင် MPT က ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထို့အပြင် ရေရှားပါးသော အရပ်ဒေသများရှိ ဒေသခံပြည်သူများအတွက် သန့်ရှင်းပြီး ရေရှည်သောက်သုံးနိုင်သည့် ရေအရင်းအမြစ်ရရှိစေရန် ကူညီထောက်ပံ့လျက်ရှိသည့် “သန့်ရှင်းပြည့်ဖြိုး ရေအကျိုး” အစီအစဉ်ကိုလည်း ဆောင်ရွက်ခဲ့ပါသည်။ MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်၍ ယခုထက်ပိုမိုအသေးစိတ်သိရှိလိုပါက http://mpt.com.mm/en/about-home-en/csr-activities/ သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။

MPTက ဒီဂျစ်တယ်နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများအတွက် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်စေရန် သတင်းအချက်အလက်စင်တာများကို တစ်နိုင်ငံလုံးတွင် ထပ်မံတိုးချဲ့သွားမည်

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် ဇူလိုင် ၂၄ ရက်)- မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က အခြေခံ ဒီဂျစ်တယ်ပညာရေးဆိုင်ရာ ကျွမ်းကျင်မှု ပိုမိုတိုးတက်လာစေရန်အတွက် ၎င်း၏ MPT telecenter များကို (၃) ဆတိုး ဖွင့်လှစ်ပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ MPT telecenter သို့ လာရောက်၍ လေ့လာအသုံးပြုသူများ အနေဖြင့် အကျိုးကျေးဇူးများစေမည့် သတင်းအချက်အလက်များ အပြင် အခြားသော ဆက်သွယ်ရေးဝန်ဆောင်မှုများနှင့်ဆိုင်သည့် အချက်အလက်များကိုလည်း အခမဲ့ အသုံးပြုနိုင်မည် ဖြစ်ပါသည်။

MPT အနေဖြင့် ယခုနှစ် မတ်လတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MPT telecenter ပေါင်း ၄၀ ကို ဖွင့်လှစ်ခဲပြီး ၂၀၁၉ ခုနှစ် မတ်လတွင် MPT telecenter အရေအတွက် ၁၅၀ အထိ တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်သည်။ ထို့အပြင် မိုဘိုင်းလ်ဖုန်းများတွင် သုံးစွဲရန် အကန့်အသတ်မရှိ Wifi ကို အခမဲ့ ရယူနိုင်မည်ဖြစ်ပြီး MPT telecenter တိုင်းတွင် လက်ပ်တော့ပ် ကွန်ပျူတာနှင့် တက်ဘလက်များကို အခမဲ့ အသုံးပြုနိုင်ရန် အတွက်လည်း ပံ့ပိုးပေးထားသည်။ MPT telecenter သို့ လာရောက်သူတိုင်းအား ကူညီနိုင်ရန်နှင့် လုံခြုံစိတ်ချရသည့် အင်တာနက်အသုံးပြုမှုကို ပြသပေးနိုင်ရန် အတွက် MPT အနေဖြင့် ဝန်ထမ်းများကိုလည်း လေ့ကျင့်သင်ကြားပေးထားသည်။

MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ ယနေ့ ဒီဂျစ်တယ်ခေတ်က ကျွန်တော်တို့ လူနေမှုဘဝတွေထဲကိုပါ ဝင်ရောက်လာပါပြီ။ ဒီဂျစ်တယ်နည်းပညာတွေ ကျွမ်းကျင် တတ်မြောက်မှုနဲ့ သုံးစွဲမှု ပျံ့နှံ့လာတာက မြန်မာ့စီးပွားရေးကဏ္ဍ လက်တွေ့ မြင့်မားလာမယ့် အခွင့်အရေးကို ပေးနိုင်မှာဖြစ်ပါတယ်။ ဒီဂျစ်တယ်နည်းပညာကို အသုံးပြုမှုနဲ့ ရင်းနှီးနေတဲ့ လူတစ်ယောက်က အကျိုးကျေးဇူးတွေ အများကြီးရှိနိုင်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ရဲ့ MPT telecenter တွေကို လာရောက်တဲ့ သူတိုင်းက ဒီလိုဒီဂျစ်တယ်ကျွမ်းကျင်မှုတွေကို အလွယ်တကူပဲ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီနှစ်မှာ MPT အနေနဲ့ မြို့ပြနဲ့ ကျေးလက်အကြားက ဒီဂျစ်တယ်နည်းပညာတွေကိုကျွမ်းကျင်နိုင်မယ့် အရည်အချင်းတွေကို ဖြည့်ဆည်းပေးဖို့ နေရာအနှံ့မှာ MPT telecenter တွေကို ဖွင့်သွားဖို့ ကြိုးစား ဆောင်ရွက်နေပါတယ်” ဟု ပြောကြားသည်။

MPT telecenter အားလုံးကို ပညာရေးနှင့် ဖျော်ဖြေရေးအကြောင်းအရာ အမြောက်အများပါဝင်သည့် ခေတ်မီ စက်ပစ္စည်းများဖြင့် ဖြည့်တင်းထားပြီး လာရောက်သူများအနေဖြင့် Microsoft Office ကိုလည်း ကိုယ်တိုင် ထိတွေ့အသုံးပြုနိုင်မည်ဖြစ်သည်။ ဖျော်ဖြေရေးရုပ်ရှင်၊ ဂိမ်းအမျိုးအစား ၈၀၀ ကျော်၊ ရုပ်ပြ၊ ဝတ္တူများ နှင့် အင်္ဂလိပ်သင်ခန်းစာများ ၁ သောင်းကျော် နှင့် ကျန်းမာရေးအသိပညာပေး ဝန်ဆောင်မှုများ အပါအဝင် MPT ၏ များပြားလှသည့် ထပ်ဆောင်းဝန်ဆောင်မှုများကိုလည်း အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။

Telecenter ဖွင့်လှစ်ထားသည့် နေရာများ

စဉ်တိုင်းနှင့်ပြည်နယ်မြို့နယ် လိပ်စာဖုန်းနံပါတ်
မန္တလေးတိုင်းအောင် မြေသာစံ(၂၅) လမ်း၊ (၈၀ နှင့် ၈၁ လမ်းကြား)၊ အောင်မြေသာစံ၊ မန္တလေးမြို့၀၉ – ၂၅၃၁၂၂၆၀၈
မန္တလေးတိုင်းညောင်ဦးအမှတ် (၄)၊ သီရိပစ္စယာ ရပ်ကွက်၊ အနော်ရထာလမ်း၊ ညောင်ဦးမြို့နယ်။၀၉ – ၂၅၃၁၂၂၆၃၀
မန္တလေးတိုင်းမိတ္ထီလာမိတ္ထီလာစာတိုက်ရုံး၊ ရန်ကုန် – မန္တလေး ကားလမ်း၊ မြို့မ (၄) ရပ်ကွက်၊ မိတ္ထီလာမြို့နယ်။၀၉ – ၂၅၃၁၂၂၆၃၃
မန္တလေးတိုင်းမြင်းခြံမြင်းခြံဆက်သွယ်ရေးရုံး၊ (၂ ) ရပ်ကွက်၊ မြင်းခြံမြို့နယ်။၀၉ – ၂၅၃၁၂၂၆၃၆
ရခိုင်ပြည်နယ်စစ်တွေရူပစာတိုက်ရုံး ၊ ရူပမြောက် ရပ်ကွက်၊ စစ်တွေမြို့နယ်။၀၉ – ၂၅၃၁၂၂၆၄၂
ရခိုင်ပြည်နယ်သံတွဲသံတွဲဆက်သွယ်ရေးရုံး၊ ဗိုလ်ချုပ်လမ်း၊ အမှတ် (၂) ရပ်ကွက်၊ သံတွဲမြို့နယ်။၀၉ – ၂၅၃၁၂၂၆၄၈
ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျိုင်းတုံလေဆိပ်လမ်းထောင့် နှင့် ဈေးစုလမ်း၊ စာတိုက်ကြီး၊ အမှတ် (၃) ရပ်ကွက်၊ ကျိုင်းတုံမြို့နယ်။၀၉ – ၂၅၅၀၀၀၁၆၇
ရှမ်းပြည်နယ် (တောင်ပိုင်း)တောင်ကြီးပြည်နယ်တာဝန်ခံရုံး၊ ဗိုလ်ချုပ်လမ်း၊ သစ်တော ရပ်ကွက်၊ တောင်ကြီးမြို့နယ်။၀၉ – ၂၅၃၁၂၂၆၆၀
ရှမ်းပြည်နယ် (တောင်ပိုင်း)ညောင်ရွှေညောင်ရွှေ ဆက်သွယ်ရေးရုံး၊ ပြတိုက်လမ်း၊ နန္ဒဝန်ရပ်ကွက်၊ ညောင်ရွှေမြို့နယ်။၀၉ – ၂၅၃၁၂၂၆၆၃၊ ၀၈၁- ၂၀၉၄၄၄
၁၀ရှမ်းပြည်နယ် (တောင်ပိုင်း)အေးသာယာအေးသာယာ ဆက်သွယ်ရေးရုံး၊ (၄၈) ရပ်ကွက်ကြီး၊ အမှတ် (၅) ရပ်ကွက်၊ အေးသာယာမြို့နယ်။၀၉ – ၂၅၃၁၂၂၆၆၇၊ ၀၈၁-၂၀၅၁၁
၁၁ရှမ်းပြည်နယ် (တောင်ပိုင်း)နမ့်ဆမ်မိုးနန့်လမ်း၊ အမှတ် (၅) ရပ်ကွက်၊ နမ့်ဆမ်မြို့နယ်။၀၉ – ၂၅၃၁၂၂၆၇၀
၁၂ရှမ်းပြည်နယ် (မြာက်ပိုင်း)လာရှိုးပြည်နယ်တာဝန်ခံရုံး၊ သာသနာ ၂၅၀၀ ဘုရားလမ်း၊ အမှတ် (၁) ရပ်ကွက်၊ လားရှိုးမြို့နယ်။၀၉ – ၂၅၃၁၂၂၆၇၃
၁၃မွန်ပြည်နယ်မော်လမြိုင်MPT ပြည်နယ်မန်နေဂျာရုံး၊ သစ်ကယ်ကုန်းရပ်ကွက်၊ မော်လမြိုင်မြို့နယ်။၀၉ – ၂၅၃၁၂၂၆၈၈
၁၄ပဲခူးတိုင်းပဲခူးရန်ကုန် – မန္တလေးလမ်း၊ နာရီစင်အနီး၊ တိုင်းမန်နေဂျာ ရုံး၊ ပဲခူးမြို့နယ်။၀၉ – ၂၅၃၁၂၂၇၀၀
၁၅ပဲခူးတိုင်းပြည်ရန်ကုန်-ပြည်လမ်း၊ ဆင်စုအလုပ်ရုံဝင်း၊ ပြည်မြို့နယ်။၀၉ – ၂၅၃၁၂၂၇၀၃
၁၆ပဲခူးတိုင်းမင်းလှအမှတ် (၇) ရပ်ကွက်၊ ဗိုလ်ရုံတန်းလမ်း၊ မင်းလှ ဆက်သွယ်ရေးရုံး၊ မင်းလှမြို့နယ်။၀၉ – ၂၅၃၁၂၂၇၀၆, ၀၅၃-၃၀၃၃၃
၁၇ပဲခူးတိုင်းလက်ပံတန်းအမှတ် (၂) လမ်း၊ မင်း ရပ်ကွက်၊ လက်ပံတန်း အော်တိုအိတ်ချိန်း၊ လက်ပံတန်းမြို့။၀၉ ၂၅၃၁၂၂၇၀၉
၁၈ပဲခူးတိုင်းပေါက်ခေါင်းပြည်-တောင်ငူလမ်း၊ အမှတ် (၅) ရပ်ကွက်၊ ပေါက်ခေါင်းမြို့။၀၉ ၂၅၃၁၂၂၇၁၂
၁၉ပဲခူးတိုင်းတောင်ငူလမ်းမကြီး၊ တောင်ငူမြို့။၀၉ ၄၂၄၀၀၀၈၇၅
၂၀ 

မကွေးတိုင်း

မကွေးတိုင်း မန်နေဂျာရုံး၊ အမှတ် ၁ အထက်တန်း ကျောင်းလမ်းနှင့် ဆေးရုံလမ်းထောင့်၊ အမှတ် ၅ လမ်းဆုံ အနီး၊ စိုးကျော်မင်း ရပ်ကွက်၊ မကွေးမြို့။၀၉ ၂၅၃၁၂၂၇၁၅၊ ၀၉ ၄၅၀၀၀၀၃၃၉
၂၁မကွေးတိုင်းတောင်တွင်းကြီးရောင်ခြည်လမ်း၊ တောင်ပြင် (၂) ရပ်ကွက်၊ တောင်တွင်းကြီးမြို့။၀၉ ၂၅၃၁၂၂၇၁၈
၂၂မကွေးတိုင်းမင်းဘူးဗိုလ်ချုပ်လမ်း၊ အမှတ် (၁) ရပ်ကွက်၊ မင်းဘူးမြို့။၀၉ ၄၂၄၀၀၀၈၉၀
၂၃မကွေးတိုင်းဂန့်ဂေါမြစ်ရှောင်လမ်း၊ အမှတ် (၂) ရပ်ကွက်၊ ဂန့်ဂေါမြို့။၀၉ ၄၂၄၀၀၀၈၉၁
၂၄မကွေးတိုင်းအောင်လံ(၁၁) လမ်း၊ တာရာကုန်းရပ်ကွက်၊ အောင်လံမြို့။၀၉ ၄၂၄၀၀၀၈၉၂
၂၅ဧရာဝတီတိုင်းပုသိမ်ပြည်နယ် မန်နေဂျာရုံး၊ မဟာဗန္ဓုလလမ်း၊ ပုသိမ်မြို့။၀၉ ၂၅၃၁၂၂၇၂၇၊ ၀၄၂ ၂၅၂၃၆
၂၆ဧရာဝတီတိုင်းဟင်္သာတအော်တိုအိတ်ချိန်းရုံး၊ ဗိုလ်ချုပ်လမ်း၊ ဟင်္သာတမြို့။၀၉ ၂၅၃၁၂၂၇၃၀
၂၇ဧရာဝတီတိုင်းဘိုကလေးအော်တိုအိတ်ချိန်းရုံး၊ ဘိုကလေးလမ်း၊ အမှတ် (၄) ရပ်ကွက်၊ ဘိုကလေးမြို့။၀၉ ၂၅၃၁၂၂၇၃၆
၂၈ဧရာဝတီတိုင်းမြောင်းမြအော်တိုအိတ်ချိန်းရုံး၊ တောက်ရောင်နေလမ်း၊ မြောင်းမြမြို့။၀၉ ၄၂၄၀၀၀၈၇၇
၂၉ဧရာဝတီတိုင်းမြန်အောင်အော်တို အိတ်ချိန်းရုံး၊ စာတိုက် တဲကုန်း လမ်း၊ မြန်အောင်မြို့။၀၉ ၄၂၄၀၀၀၈၇၉
၃၀ဧရာဝတီတိုင်းမအူပင်မိုဘိုင်းနှင့် မိုက်ခရို အဆောက်အဦ၊ အမှတ် ၁ ရပ်ကွက်၊ မအူပင်မြို့။၀၉ ၄၂၄၀၀၀၈၈၀
၃၁တနင်္သာရီတိုင်းထားဝယ်MPT ပြည်နယ်မန်နေဂျာရုံး၊ ထားဝယ်မြို့။၀၉ ၂၅၃၁၂၂၇၄၂
၃၂တနင်္သာရီတိုင်းမြိတ်ပုလဲလမ်း၊ အမှတ် (၃) အထက်တန်းကျောင်းဘေး၊ ဈေးတန်းရပ်ကွက်၊ မြိတ်မြို့။၀၉ ၂၅၃၁၂၂၇၄၅
၃၃တနင်္သာရီပုလောပုလော ဟိုင်းဝေးလမ်း၊ ပုလောစာတိုက်ရုံးဝန်း၊ ပုလောမြို့။၀၉ ၂၅၃၁၂၂၇၅၁
၃၄စစ်ကိုင်းတိုင်းမုံရွာမုံရွာ စာတိုက်ရုံးဝန်း (တိုင်းမန်နေဂျာရုံး)၊ ရုံးကြီး လမ်း၊ ရုံးကြီးရပ်ကွက်၊ မုံရွာမြို့။၀၉ ၂၅၁၁၂၂၆၉ ၁
၃၅စစ်ကိုင်းတိုင်းကလေးဗိုလ်ချုပ်လမ်း၊ ပင်လုံ ရပ်ကွက်၊ ကလေးမြို့။၀၉ – ၄၂၄၀၀၀၈၈၇
၃၆ကချင်ပြည်နယ်မြစ်ကြီးနားမြစ်ကြီးနား MPT ဆက်သွယ်ရေးရုံး၊ သစ်တောရုံးရှေ့၊ စာမလမ်းနှင့် ဇော်ကုန်းလမ်း၊ ဧရာရပ်ကွက်၊ မြစ်ကြီးနားမြို့။၀၉ ၂၅၃၁၂၂၇၇၂
၃၇ကယားပြည်နယ်လွိုင်ကော်ဦးသီရိလမ်းနှင့် ၅ လမ်း ထောင့်၊ ဒေါ်ဟုခု ရပ်ကွက်၊ လွိုင်ကော် အိတ်ချိန်းရုံး၊ လွိုင်ကော်မြို့။၀၉ ၂၅၃၁၂၂၇၆၆
၃၈ချင်းပြည်နယ်ဟားခါးMPT ပြည်နယ် မန်နေဂျာရုံး၊ ဈေး (၁) ရပ်ကွက်၊ မတူပီလမ်း၊ ဟားခါးမြို့။၀၉ ၂၅၃၁၂၂၇၆၉
၃၉ရန်ကုန်တိုင်းလမ်း ၄၀အမှတ် (၁၀၃)၊ လမ်း ၄၀၊ ကျောက်တံတားမြို့နယ်။၀၉ – ၂၅၃၁၂၂၇၈၂
၄၀ရန်ကုန်တိုင်းဆူးလေဗိုလ်ဆွန်ပက်လမ်းနှင့် မဟာဗန္ဓုလလမ်း၊ ဆူးလေဘုရား အနီး၊ ပန်းဘဲတန်းမြို့နယ်။၀၁ ၃၇၀၇၀၆၊

၀၁ ၇၀၀၀၅၃

MPT က အာဇာနည်နေ့အထိမ်းအမှတ်အနေဖြင့် ကျင်းပခဲ့သည့် နိုင်ငံတစ်ဝှမ်း စုပေါင်းသွေးလှူဒါန်းပွဲတွင် အများပြည်သူစေတနာရှင်များ ပူးပေါင်းပါဝင်ခဲ့

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် ဇူလိုင် ၁၃ ရက်) မြန်မာ့ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ MPT သည် အများပြည်သူစေတနာရှင်များ ပူးပေါင်းပါဝင်သည့် ၅ ကြိမ်မြောက် “နိုင်ငံတစ်ဝှမ်း စုပေါင်းသွေးလှူဒါန်းပွဲ” အခမ်းအနားကို ဇူလိုင်လ ၁၃ ရက်နေ့တွင် ကျင်းပခဲ့သည်။ နိုင်ငံတစ်ဝှမ်းမှ မြို့ကြီး ၁၇ မြို့ရှိ MPT ဝန်ထမ်းများအပါအဝင် MPT အမှတ်တံဆိပ်အရောင်းဆိုင်များ၌ စာရင်းပေးသွင်းထားသည့် အများပြည်သူ စေတနာရှင်များနှင့် လူမှုအဖွဲ့အစည်းများအပါအဝင် လူဦးရေ ၁,၀၀၀ ကျော်က ပထမဆုံးအကြိမ်အဖြစ် ပါဝင်ကာ စုပေါင်း၍ သွေးလှူဒါန်းခဲ့ခြင်းဖြစ်သည်။

MPT အနေဖြင့် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်မှပင်စတင်၍ နိုင်ငံတစ်ဝှမ်းရှိ သွေးလှူဘဏ်နှင့် ဆေးရုံများတွင် MPT ဝန်ထမ်းပေါင်း ၁,၂၀၀ ကျော်အထိ စုပေါင်း သွေးလှူဒါန်းခဲ့ကြပြီးလည်းဖြစ်ပါသည်။ အရေးပေါ်ခွဲစိတ်မှုတိုင်း အတွက် မရှိမဖြစ်လိုအပ်သည့်သွေး ၄၂၉,၈၀၀ မီလီလီတာကျော် ကို MPT မှ ပြုလုပ်ခဲ့သည့် သွေးလှူဒါန်းမှု လေးကြိမ်အတွင်း လှူဒါန်းနိုင်ခဲ့ပြီဖြစ်သည်။ သွေးသွင်းကုသခြင်းမှာ ကင်ဆာနှင့် သွေးမတိတ်ရောဂါကဲ့သို့ လူနာများအတွက် အရေးပေါ်လုပ်ဆောင်ရသည့် ကုသမှုများနှင့် ခွဲစိတ်မှုများတွင် အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုလည်း ဖြစ်သည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနကြီးမှ အရာရှိချုပ် ဖြစ်သူ Mr. Yoshiaki Benino က “MPT ရဲ့ လူမှုအကျိုုးပြုလုပ်ငန်းတွေမှာ MPT ဝန်ထမ်းတွေ တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်တာကို မြင်တွေ့ရတဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်။ အာဇာနည်နေ့ အထိမ်းအမှတ်အနေနဲ့ လုပ်ဆောင်တဲ့ နိုင်ငံတစ်ဝှမ်း စုပေါင်းသွေးလှူဒါန်းပွဲမှာ တစ်တပ်တစ်အားပါဝင်ဖို့ ပြည်သူလူထုကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။ နိုင်ငံတစ်ဝှမ်းက သွေးနဲ့သက်ဆိုင်တဲ့ ကုထုံးတွေလုပ်ဖို့လိုအပ်တဲ့ လူနာတွေအနေနဲ့ အကန့်အသတ်ရှိတဲ့ သွေးပမာဏကိုသာ မှီခိုနေကြရပါတယ်။ ဒါကြောင့်လည်း အခုလို စုပေါင်းသွေးလှူဒါန်းမှု အစီအစဉ်မှာပါဝင်ပြီး အထောက်အပံ့ပြုခဲ့ကြတဲ့ စေတနာသွေးအလှူရှင်တစ်ဦးချင်းစီကို ကျေးဇူးတင်ကြောင်းပြောကြားလိုပြီး ကျွန်တော်တို့အားလုံး မြန်မာနိုင်ငံဟာ ကျွန်တော်တို့ရဲ့ နှလုံးသးာထဲမှာ ရှိနေတယ်ဆိုတကို ပြသခဲ့ပြီဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

အမျိုးသားသွေးလှူဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်သီတာအောင်က “ရန်ကုန်မြို့မှာ သွေးလှူဒါန်းမှုတွေ ပိုမိုများပြားလာတဲ့အတွက် အရမ်း ဝမ်းမြောက်မိပါတယ်။ အများပြည်သူစေတနာရှင်တွေ ပါဝင်တဲ့ MPT ရဲ့ နိုင်ငံတစ်ဝှမ်း စုပေါင်းသွေးလှူဒါန်းပွဲကို တစ်နိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လိုက်တဲ့အတွက် အများပြည်သူတွေအနေနဲ့ သွေးလှူဒါန်းမှုဟာအရေးကြီးကြောင်း ပိုပြီး သိရှိလာနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ် ပိုပြီးတိုးတက်လာဖို့အတွက် အမြဲ ကူညီပေးနေတဲ့ MPT ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

ယခုအကြိမ် နိုင်ငံတစ်ဝှမ်း စုပေါင်းသွေးလှူဒါန်းပွဲတွင် စေတနာသွေးလှူရှင် (၁,၂၇၈) ဦးအထိ ပါဝင်လှူဒါန်းခဲ့ကြပါ သည်။ အဆိုပါသွေးအလှူရှင်အရေအတွက်သည် စံတင်လောက်သည့်အရေအတွက်ဖြစ်ပြီး ယခုလှူဒါန်းမှုသည် အရေးပေါ်သွေးလိုအပ်မှုများအတွက် အထောက်အကူကောင်းများ ဖြစ်လာနိုင်မည် ဖြစ်သည်။ မြန်မာ့ဦးဆောင် ဆက်သွယ်ရေးအော်ပရေတာအနေဖြင့် ဒေသခံအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လူမှုအကျိုးပြုလုပ်ငန်း အမြောက်အများကို ဆောင်ရွက်လျက်ရှိပြီး ရေရှားပါသည့်ဒေသများတွင် ရေလှူဒါန်းမှု၊ သဘာဝဘေးအန္တရာယ် တားဆီးနိုင်မည့် ဆောင်ရွက်ချက် သို့မဟုတ် စုပေါင်း သစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှု များမှာလည်း ယင်းတို့အထဲမှ ဥပမာများပင်ဖြစ်ပါသည်။

မိမိတို့၏ လက်ရှိကျန်းမာရေး အခြေအနေကြောင့် MPT ၏ နိုင်ငံတစ်ဝှမ်း စုပေါင်းသွေးလှူဒါန်းပွဲ အစီအစဉ်တွင် မပါဝင်ဖြစ်ခဲ့သူများအနေဖြင့်လည်း https://www.donatebloodmyanmar.org/ ၌ စာရင်းပေးသွင်း၍ အမျိုးသား သွေးလှူဌာနတွင် မိမိတို့အစီအစဉ်ဖြင့် သွားရောက်လှူဒါန်းနိုင်ပါသည်။ MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုပါက http://mpt.com.mm/mm/about-home/csr-activities-mm/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

MPT က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကလေးငယ်များအကြား တစ်ကိုယ်ရည်သန့်ရှင်းမှု တိုးတက်လာစေရန် လက်သန့်ရှင်းရေးအစီအစဉ်ကို စတင်ဆောင်ရွက်

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၂ ရက်)- မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ လက်သန့်ရှင်းရေး ပညာပေးအစီအစဉ်အတွက် ပထမဆုံးသောဖွင့်ပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာမြို့နယ်ရှိ အ.မ.က (၈) ရဲပေါက်ချောင်း အခြေခံပညာမူလတန်းကျောင်း၌ ယနေ့ကျင်းပခဲ့ပါသည်။ ယခုအစီအစဉ်မှာ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်ရှိ မူလတန်းကျောင်း (၁၅) ကျောင်းမှ ကျောင်းသူ၊ ကျောင်းသား များအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေး တိုးတက်လာစေရန်နှင့် ကျန်မာရေးအလေ့အထကောင်းများ ရရှိ စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်။

MPT က “နှလုံးသားထဲက မြန်မာ” လှုပ်ရှားမှု၏ တစ်စိတ်တစ်ဒေသအဖြစ် ယခုအစီအစဉ်တွင် လိုအပ်သည့် ပစ္စည်းများဖြစ်သော ရေလှောင်ကန်များနှင့် လက်ဆေးကန်များကို အဆိုပါ ကျောင်းများတွင် ဆောက်လုပ် လှူဒါန်းပေးခြင်းလည်းဖြစ်ပါသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေနှင့်လည်း သက်ဆိုင်ရာ ဌာနမှတစ်ဆင့် ကျန်းမာရေးအတွက် အရေးကြီးသော အခြေခံ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့်ပတ်သက်၍ အသိပညာများ တိုးမြင့်လာစေရန် လက်ဆေးခြင်းနည်းလမ်းများကို ကျောင်းသူ၊ ကျောင်းသားများအား သင်ကြားပေးခြင်းဖြင့် ယခုအစီအစဉ်တွင် ကူညီပံ့ပိုးသွားမည် ဖြစ်ပါသည်။ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အဆိုပါ တိုင်းနှင့်ပြည်နယ် ၃ ခုမှ မူလတန်းကျောင်း ၅ ကျောင်းစီကို ရွေးချယ်ပေးခဲ့ပြီး MPT အနေဖြင့် ယခုနှစ်အတွင်း လက်သန့်ရှင်းရေးအတွက် လိုအပ်သည့် အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းရန်အတွက် ကျပ်သိန်း ၈၀၀ ကျော်ကို အသုံးပြုခဲ့ပါ သည်။

MPT အနေဖြင့် ကျန်းမာရေးအသိရှိခြင်း၏ အရေးပါပုံကို နားလည်သဘောပေါက်ထားသည့် အလျောက် “တူညီလှမ်းချီ မျိုးဆက်သစ်တို့ အနာဂတ်ဆီ”ဟူသည့် ဆောင်ပုဒ်နှင့်အညီ မျိုးဆက်သစ်လူငယ်များအတွက် ရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် ကျန်းမာရေးအခန်းကဏ္ဍကိုလည်း မဟာဗျုဟာကျကျ ဆောင်ရွက်လျက် ရှိပါသည်။ MPT သည် ကျန်းမာရေး၊ ပညာရေး၊ စွန့်ဦးတီထွင်နှင့် စီးပွားရေးလုပ်ငန်းငယ် များကို အထောက်အပံ့ပြုနိုင်ရန်ဆောင်ရွက်ခြင်းနှင့် ဆက်စပ်နေသည့် လူမှုအကျိုးပြုလုပ်ငန်းများကို ရှေးရှု လုပ်ဆောင်လျက်ရှိကာ ပြည်သူလူထုအပါအဝင် ပုဂ္ဂလိကနှင့် တခြားသောအဖွဲ့အစည်းများအတွက်ပါ ကောင်းမွန်သည့် အကျိုးသက်ရောက်မှုများ ရရှိစေရန် ရည်ရွယ်ထားပါသည်။

MPT-KSGM Joint Operations လုပ်ငန်းလည်ပတ်မှုဌာနကြီး၏ ဒုတိယအရာရှိချုပ် ဦးနိုင်ကိုကိုက “MPT အနေနဲ့ နိုင်ငံတစ်ဝှမ်းက ပြည်သူလူထု၊ စီးပွားရေးလုပ်ငန်းနဲ့ အဖွဲ့အစည်းတွေအတွက် အဓိပ္ဗာယ်ရှိတဲ့ ပြောင်းလဲမှုတွေ ယူဆောင်လာနိုင်ပေးလို့ အရမ်းပဲ ဂုဏ်ယူမိပါတယ်။ လွယ်ကူရိုးရှင်းတဲ့ လက်ဆေးခြင်း အလေ့အထက ပျော်ရွှင်ကျန်းမာတဲ့ဘဝကို ပေးစွမ်းနိုင်မှာပါ။ ဒါပေမယ့် ကျောင်းတွေမှာ သန့်ရှင်းတဲ့ရေ ရရှိ ဖို့၊ ရေဆိုးထုတ်စနစ်နဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး အထောက်အကူပြုပစ္စည်း ရရှိဖို့ စိန်ခေါ်မှုတွေ ရှိနေပါ တယ်။ ကျွန်တော်တို့ရဲ့ လူမှုအကျိုးပြုအစီအစဉ်ကြောင့် ကျောင်းသားတွေ၊ သူတို့မိဘတွေနဲ့ လူမှုပတ်ဝန်း ကျင်က အများပြည်သူတွေကို အသက်ဆုံးရှုံးမှု အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေကနေ ကာကွယ်ပေးနိုင်စေ မယ်လို့ မျှော်လင့်ထားပါတယ်။ ကိုယ့်ရဲ့ကျန်းမာရေးက ကိုယ့်လက်ထဲမှာပဲရှိတယ်ဆိုတဲ့ အချက်ကိုလည်း သတိပြုမိနိုင်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟုပြောကြားသည်။

အ.မ.က (၈) ရဲပေါက်ချောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရင်ရင်အေးကလည်း “လက်ဆေးခြင်းအလေ့ အထကောင်းတွေကို ကျွန်မတို့ရဲ့ ကျောင်းသားလူငယ်တွေအကြားမှာ ဆောင်ရွက်နိုင်ဖို့အတွက် အခုလို အုပ်စုလိုက် လက်ဆေးကန်ကို MPT နဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနတို့ရဲ့ အထောက်အပံ့နဲ့ အတူ ဆောင်ရွက်ပေးတဲ့အတွက် ကျွန်မတို့အနေနဲ့အထူးပဲ ဝမ်းသာပီတိဖြစ်ရပါတယ်။ အထူးသဖြင့် ကျောင်းသားလူငယ်လေးတွေရဲ့ ကျန်းမာရေးဟာ အလွန်ပဲအရေးကြီးပါတယ် ဒီအရွယ်မှာကတည်းက တစ်ကိုယ်ရည်သန့်ရှင်းခြင်းနဲ့ဆိုင်တဲ့ အခုလို လက်ဆေးခြင်း အလေ့အကျင့်ကောင်းတွေကို ရရှိသွားမယ်ဆို ရင် နောင်တစ်ချိန်မှာ ကျန်းမာကြံ့ခိုင်တဲ့ အနာဂတ်မျိုးဆက်သစ်တွေဖြစ်လာနိုင်ကြမှာပဲဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT သည် ကျန်းမာရေးကဏ္ဍအပါအဝင် လူမှုအကျိုးပြု လှုပ်ရှားမှုများစွာကို နိုင်ငံတစ်ဝှမ်းတွင် ဆောင်ရွက်လျက်ရှိနေသည်။ ကျန်းမာရေးအတွက် ကြိုတင် ကာကွယ်ခြင်းကို အလေးထားဆောင်ရွက်နေသည်နှင့်အညီ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ပူးပေါင်း၍ ရှေးဦးသူနာပြုအစီအစဉ်ကိုလည်း ဆောင်ရွက်ခဲ့သည်။ ထို့အပြင် MPT က ရေရှားပါးသည့်ဒေသများတွင် ရေရှည်တည်တံ့ပြီး သန့်ရှင်းသောရေအရင်းအမြစ်ကို ထောက်ပံ့ပေးနိုင်ရန် ရေတွင်း၊ ရေကန်များ တူးဖော် ဆောင်ရွက်ပေးနေသည့် “ သန့်ရှင်းပြည့်ဖြိုးရေအကျိုးအစီအစဉ်” ကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိ ပါသည်။

ကျန်းမာရေး၊ ပညာရေး၊ အသေးစားလုပ်ငန်းဖွံ့ဖြိုးရေး၊ သဘာဝဘေးအန္တရာယ် ကူညီထောက်ပံ့ရေး လုပ်ငန်း များ အပါအဝင် မတူညီသော နယ်ပယ်များတွင် ဆောင်ရွက်နေသည့် MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုပါက http://mpt.com.mm/en/about-home-en/csr-activities/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

ဒေတာအကန့်အသတ်မရှိ ရယူအသုံးပြုနိုင်မည့် MPT ၏ FTTH အင်တာနက်ကို စမ်းချောင်းမြို့နယ်အပါအဝင် ရန်ကုန်မြို့လယ်နေရာများတွင် ဝန်ဆောင်မှု ချဲ့ထွင်

(ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၅ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က အိမ်သုံးအင်တာနက်ဝန်ဆောင်မှု (FTTH) ၏ ဆက်လက်တိုးချဲ့သည့် အစီအစဉ်များကို စတင်လိုက်ပြီ ဖြစ်ကြောင်း ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။ ယခုလိုစတင်ဆောင်ရွက်နိုင်ခြင်းကြောင့် MPT အနေဖြင့် ရန်ကုန်မြို့လယ်ရှိ မြို့နယ်အားလုံးတွင် ခေတ်မီပြီး အရည်အသွေးမြင့်မားသည့် အင်တာနက် အခြေခံ အဆောက်အအုံစနစ်ကို ပေးအပ်လိုက်နိုင်ပြီလည်း ဖြစ်ပါသည်။ ထို့အပြင် သတ်မှတ်ထားသော ပရိုမိုးရှင်းကာလ ဖြစ်သည့် ဇှုလိုင်လ (၂၅) ရက်အတွင်း တပ်ဆင်သော MPT သုံးစွဲသူများ အနေဖြင့် ကနဦးတပ်ဆင်ခ အခမဲ့ ရရှိမည်ဖြစ်သည်။

သုံးစွဲသူများအနေဖြင့် ဗီဒီယိုများ၊ သီချင်းများ၊ အွန်လိုင်းဂိမ်းများ၊ သတင်းများ၊ ဆိုရှယ်မီဒီယာများနှင့် အွန်လိုင်းမှတစ်ဆင့် ကုန်ပစ္စည်းများ ဝယ်ယူ/ရောင်းချနိုင်သည့် စီးပွားရေးလုပ်ငန်းများ(e-commerce) တွင် မြင့်မားသည့် အရည်အသွေးရှိသော အကန့်အသတ်မရှိ ဒေါင်းလုတ်ယူရနိုင်မည့် အင်တာနက်ဝန်ဆောင်မှုကို အသုံးပြုနိုင်မည် ဖြစ်သည်။

အသုံးပြုနိုင်မည့် မြို့နယ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

• ရန်ကုန်မြို့လယ်ဧရိယာ

o ပန်းဘဲတန်းမြို့နယ်
o လမ်းမတော်မြို့နယ်
o ကျောက်တံတားမြို့နယ်
o ဗိုလ်တထောင်မြို့နယ်
o ပုဇွန်တောင်မြို့နယ်
o လသာမြို့နယ်
o စမ်းချောင်းမြို့နယ်
o မင်္ဂလာတောင်ညွန့်မြို့နယ်
o ကျောက်မြောင်း
o ယုဇနပလာဇာအနီးတစ်ဝိုက်

ထို့အပြင် MPT မှ ရန်ကုန်၊ မန္တလေးနှင့် အခြားသောဒေသများသို့ ၎င်း၏ FTTH အင်တာနက်စနစ်ကို ချဲ့ထွင်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “MPT အနေနဲ့ ရန်ကုန်မြို့ရဲ့အချက်အချာကျတဲ့ မြို့လယ်က မြို့နယ်အားလုံးမှာ FTTH အင်တာနက်စနစ်ကို အသုံးပြုနိုင်ဖို့ ပထမဆုံး ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ ဆက်သွယ်ရေးအော်ပရေတာဖြစ်တဲ့အတွက် တကယ့်ကိုပဲ ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ ဒီလိုဆောင်ရွက်နိုင်မှုဟာ MPT အတွက်သာမက နိုင်ငံရဲ့တိုးတက်လာတဲ့ အွန်လိုင်း သုံးစွဲသူအများစုအတွက်လည်း အရေးပါတဲ့မှတ်တိုင်တစ်ခုဖြစ်သလို မြန်မာနိုင်ငံကိုရှေ့သို့လှမ်းချီစေမယ်ဆိုတဲ့ MPT ရဲ့ ဆောင်ပုဒ်အတွက် ကြိုးပမ်းမှုကိုပြသနိုင်ခဲ့တဲ့ ဥပမာကောင်းတစ်ခုဆိုရင်လည်း မမှားပါဘူး။ ကျွန်တော်တို့ဟာ ကမ္ဘာ့အဆင့်မီ 3G နဲ့ LTE+ ကွန်ရက်ကို ဂုဏ်ယူစွာနဲ့ ဖြန့်ကျက်ပေးနေတယ်ဆိုတာကို ကျွန်တော်တို့ရဲ့သန်းပေါင်းများစွာသော သုံးစွဲသူအားလုံးက သိရှိထားပြီး ဖြစ်ပါတယ်။ သို့ပေမယ့် ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ အများအပြားက အခုထက်ပိုပြီး အင်တာနက်ကို သုံးစွဲခွင့်ရနိုင်ဖို့ အထူးသဖြင့် လူထုကြားမှာ ပျံနှံ့မှုအားကောင်းလာတဲ့ ဖျော်ဖြေရေး ရေစီးကြောင်းတွေ၊ တေးသီချင်းရယူနားထောင်နိုင်တဲ့ အက်ပလီကေးရှင်း တွေနဲ့ အွန်လိုင်းသုံးပြီးကစားရတဲ့ မိုဘိုင်းလ်ဂိမ်းတွေကို ဆော့ကစားနိုင်ဖို့ အင်တာနက်ဒေတာကို တကယ်ပဲ တောင့်တနေကြတာပါ။” ဟု ပြောကြားသည်။

ဆက်လက်၍ Mr. Reizo Umeda က “ခုနကပြောသလို သုံးစွဲသူတွေအတွက် အကန့်အသတ်မရှိ ဒေါင်းလုတ်ရယူဖို့အတွက် ရိုးရှင်းတဲ့လစဉ်ပေးချေမှုကိုစနစ်ကိုသုံးထားတဲ့ MPT ရဲ့ အိမ်သုံးဖိုင်ဘာအင်တာနက် စနစ်အတွက် တစ်လကို ၃၉,၀၀၀ ကျပ်က စတင်ပြီး နှစ်စဉ်ကြေးပေးဖို့မလိုဘဲ စတင်အသုံးပြုနိုင်အောင် ဆောင်ရွက် ပေးလိုက်ပါပြီ။ ဝန်ဆောင်မှုချဲ့ထွင်တဲ့ အထိမ်းအမှတ်အဖြစ် မိတ်ဆက်တဲ့အနေနဲ့ ကနဦးတပ်ဆင်ခ အခမဲ့ပေးခြင်း အရောင်းမြှင့်တင်ရေးအစီအစဉ်ကို စည်းကမ်းသတ်မှတ်ချက်အနည်းငယ်ဖြင့် တစ်လတိုင်တိုင် ဝန်ဆောင်မှုပေး သွားမယ့်အပြင် အခြားစိတ်ဝင်စားစရာ အစီအစဉ်တွေကိုလည်း ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ပဲ မိမိနဲ့ မိမိရဲ့ မိသားစုတွေအတွက် ပျော်ရွှင်ဖွယ်ရာ အင်တာနက်ချိတ်ဆက်မှုကို ဆောင်ရွက်ပေးလိုက်ပါ” ဟု ပြောကြားသည်။

ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီး အင်တာနက်အစီအစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

မြန်နှုန်းကနဦး တပ်ဆင်ခ(ကျပ်)လစဉ်ကြေး (ကျပ်)
2 Mbps၅၀,၀၀၀၃၉,၀၀၀
5 Mbps၅၀,၀၀၀၆၉,၀၀၀
10 Mbps၅၀,၀၀၀၁၀၉,၀၀၀

အဆိုပါဝန်ဆောင်မှုအသစ်များနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက MPT အမှတ်တံဆိပ်စတိုးဆိုင်များတွင် မေးမြန်းခြင်း၊ ဖုန်းနံပါတ် ၁၀၆ (သို့) ၀၁-၂၃၉၉၁၀၆ သို့ ဆက်သွယ်မေးမြန်ခြင်း (သို့) http://mpt.com.mm/mm/home-mm/fixed-line-services-mm/ftth-service-mm/ တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

Dome Pyan Form for Individuals MM

*Bandwidth upgrade promotion until end of Dec 22

*All FTTH users who join MPT until May 22 are eligible.

Dome Pyan Form for Housing Committees and Developers MM