နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ထာဝရငြိမ်းချမ်းရေးစေတီတော် အတွက် SMS မှ တစ်ဆင့်လှူဒါန်းမှုအစီအစဉ် MPT စတင်

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၈ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က သုံးစွဲသူ မိဘပြည်သူများအနေဖြင့် ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း တည်ထား ကိုးကွယ်မည့် ထာဝရငြိမ်းချမ်းရေး စေတီတော် တည်ဆောက်ရေးလုပ်ငန်းစဉ်၌ ငွေကြေးပါဝင်လှူဒါန်းမှု ပြုလုပ်နိုင်ကြရန်အတွက် SMS ဖြင့် လှူဒါန်းနိုင်မည့် အစီအစဉ်တစ်ခုကို ယနေ့ စတင်ပြုလုပ်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာသည်။

နိုင်ငံသားများနှင့် ပြည်ထောင်စုအသိုက်အဝန်းတစ်ရပ်လုံး အစဉ်ငြိမ်းချမ်းစေရန်ဟူသော ဆန္ဒဖြင့်တည်ထား ကိုးကွယ်မည့် ထာဝရငြိမ်းချမ်းရေးစေတီတော်အတွက် လှူဒါန်းမှုပြုလုပ်လိုသည့် MPT သုံးစွဲသူများအနေဖြင့် စက်တင်ဘာလ ၂၈ ရက်နေ့မှ စတင်၍ 9000 သို့ “500” ဟု ပေးပို့ရမည်ဖြစ်သည်။ တစ်ကြိမ်ပေးပို့ ခြင်းဖြင့် အလှူငွေကျပ် ၅၀၀ လှူဒါန်းပြီးမြောက်မည်ဖြစ်ပြီး သုံးစွဲသူများက အကြိမ်အရေအတွက် အကန့်အသတ် မရှိ ပေးပို့ပါဝင် လှူဒါန်းသွားနိုင်မည်ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ ဦးခင်မောင်ထွန်းက “ထာဝရငြိမ်းချမ်းရေးစေတီဟာ နောင်လာမယ့်မျိုးဆက်သစ်တွေကြားမှာ မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ ကြီးမြတ်တဲ့ ငြိမ်းချမ်းရေးသမိုင်းစဉ်တွေကို မပျောက်မပျက်နဲ့ ထိန်းသိမ်းပြသထားနိုင်မယ့် တန်ဖိုးကြီးမားတဲ့ ပြယုခ်ကြီးတစ်ခုဖြစ်ပါတယ်။ စေတီတော်ကြီး တည်ထားကိုးကွယ်ခြင်းအတွက် လိုအပ်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေနဲ့ သက်ဆိုင်ရာဘုရားဂေါပကလူကြီးများအနေနဲ့ ရေရှည်တည်တံ့နိုင်စေရေးအတွက် ထိန်းသိမ်း စောင့်ရှောက် နိုင်ဖို့အတွက် MPT သုံးစွဲကြသူတွေအနေနဲ့လည်း မိမိတို့ရဲ့ မိုဘိုင်းလ် ဖုန်းတွေက တစ်ဆင့် SMS ပေးပို့ပြီး တတပ်တအားလှူဒါန်းကုသိုလ်ယူနိုင်ကြပါပြီ။ MPT အနေနဲ့ကတော့ ရရှိလာမယ့် လှူဒါန်းငွေအားလုံးကို ထာဝရငြိမ်းချမ်းရေး စေတီတော် တည်ဆောက်ရေး ဦးစီးကော်မတီကို လွှဲပြောင်းပေးအပ်သွားမှာပါ။ MPT သုံးစွဲသူတွေရဲ့ ထက်သန်တဲ့ စေတနာသဒ္ဒါတရားတွေနဲ့အတူ ကြိုးပမ်းအားထုတ်လှူဒါန်းမှုတွေကြောင့် မြင်သာတဲ့ အထောက်အပံ့ကောင်းတွေ အများကြီး ဖြစ်ပေါ်လာနိုင်မယ်ဆိုတာ အသေအချာပါပဲ။” ဟု ပြောကြားသည်။

ထာဝရငြိမ်းချမ်းရေးစေတီတော်တည်ဆောက်ရေးလုပ်ငန်းစဉ်များကို ယခုနှစ်တွင်း အပြီးသတ်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရအဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့ပြီး စေတီတော်အုတ်မြစ်ချခြင်းအခမ်းအနားကိုမူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံ၏အထင်ကရကြည်ညိုလေးစားရသော သံဃာတော်များမှ တက်ရောက်ခဲ့ ကြသည်။ စေတီကို နိုင်ငံတွင်းအစဉ်တစိုက်ရှေးရှုလုပ်ဆောင်လျက်ရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် အနာ ဂတ်ကာလများအတွက် အစဉ်တည်တံ့သောငြိမ်းချမ်းမှုများရရှိစေရေး အထိမ်းအမှတ်အမှတ်အသားအဖြစ် တည်ထားကိုးကွယ် သွားမည်ဖြစ်သည်။

ထာဝရငြိမ်းချမ်းရေးစေတီတည်ထားကိုးကွယ်ရာတွင် SMS ဖြင့် ပါဝင်လှူဒါန်းနိုင်မည့်အကြောင်းအရာနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက MPT ၏ တရားဝင်ဝက်ဘ်ဆိုက် www.mpt.com.mm (သို့မဟုတ်) Facebook စာမျက်နှာ www.facebook.com/mptofficialpage တွင် ဝင်ရောက်လေ့လာနိုင် မည်ဖြစ်ပါသည်။

MPT ၏ “Health Tips & Quiz” အစီအစဉ်ဖြင့် မိမိတို့၏ ကျန်းမာရေး ဗဟုသုတကြွယ်ဝမှုများကို စမ်းသပ်ဖြေဆိုပြီး အလန်းစားဆုများ ရယူနိုင်မည်

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်) – MPT က “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ကောင်း သည်” ဟူသော ဆောင်ပုဒ်နှင့်အညီ မိုဘိုင်းလ်သုံးစွဲသူများအတွက် ကျန်းမာရေးဗဟုသုတများ ပိုမိုတိုးပွားလာစေ ရန်ရည်ရွယ်၍ SMS ဖြင့် ရယူနိုင်မည့် Health Tips & Quiz ဝန်ဆောင်မှုအသစ်ကို Trust Oo ကုမ္ပဏီ (7887 ကျန်းမာရေးဆိုင်ရာ Call Center) နှင့်အတူ လက်တွဲလုပ်ဆောင်လိုက်ပြီဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန် ကြေညာလိုက်သည်။ MPT သုံးစွဲသူများက အဆိုပါထပ်ဆောင်းဝန်ဆောင်မှုကို တစ်ရက်လျှင် ၁၄၉ ကျပ်သာကျသင့်မည့် အသက်သာဆုံးနှုန်းထားဖြင့် ရယူနိုင်မည်ဖြစ်ပြီး ကျန်းမာရေးအတွက်အရေးကြီးသော ဗဟုသုတများစွာကို ပိုမိုသိရှိနားလည်လာနိုင်မည်ဖြစ်သည့်အပြင် မိမိတို့၏ တိုးတက်လာသော ဗဟုသုတများကို ပြန်လည်စမ်းသပ်ဖြေကြားနိုင်မည့် ဉာဏ်စမ်းပဟေဠိအစီအစဉ်တွင် ပါဝင်ဖြေဆိုခြင်းဖြင့် မိုဘိုင်းလ်ဖုန်းများ၊ နိုင်ငံရပ်ခြားတွင် ကျန်းမာရေးစစ်ဆေးမှုခံယူနိုင်မည့်အစီအစဉ်များ၊ ကျန်းမာရေးအာမခံများ၊ ရွှေလက်ကောက် ဆုများနှင့် အခြားအံ့အားသင့်ဖွယ်ရာ ဆုလက်ဆောင်များကို ရရှိပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

MPT သုံးစွဲသူများက အစားအသောက်၊ အလှအပနှင့် ကျန်းမာစွာအသက်ရှင်နေထိုင်နည်းများအပြင် ကျန်းမာ ရေးအသိပညာများ စတင်ရယူရန်နှင့် ဉာဏ်စမ်းပဟေဠိအစီအစဉ်တွင် ပါဝင်ဖြေဆိုရန်အတွက် 8123 သို့ “ON” ဟု စာတိုပေးပို့ ရယူရမည်ဖြစ်သည်။ စာတိုပေးပို့ပြီးသည်နှင့် Health Tips & Quiz အစီအစဉ်၏ ကျန်းမာရေး အကြံပြုချက် နှင့် ဉာဏ်စမ်းပဟေဠိများပါဝင်မည့် ဝန်ဆောင်မှုကို (၇) ရက်တာ ငွေကြေးကုန်ကျမှုမရှိပဲ တစ်ရက်လျှင် ပက်ကေ့ချ်တစ်ခု အသုံးပြုခွင့်ရရှိမည်ဖြစ်သည်။ (၇) ရက် အသုံးပြုခွင့်ကာလပြီးဆုံးပါက ကျန်းမာရေး အကြံပြုချက် (၁) စောင်နှင့် ဉာဏ်စမ်းပဟေဠိ (၅) စောင်ပါဝင်မည့် ပက်ကေ့ချ်တစ်ခုအတွက် ၁၄၉ ကျပ် ကောက်ခံသွားမည် ဖြစ်သည်။ ဉာဏ်စမ်းပဟေဠိအတွက် ပြန်လည်ဖြေကြားမည့် စာတိုများအတွက်ကိုမူ စာတိုပေးပို့ခ ကောက်ခံမည် မဟုတ်ပါ။ သုံးစွဲသူများအနေဖြင့် အကြံပြုချက်များထပ်မံသိရှိလိုခြင်းနှင့် ဉာဏ်စမ်းပဟေဠိထပ်မံ ဖြေဆိုလိုခြင်း များအတွက် ပက်ကေ့ချ်တစ်ခုလျှင် ၁၄၉ ကျပ်နှုန်းဖြင့် Health Tips & Quiz ပက်ကေ့ချ်များကို ထပ်တိုးဝယ်ယူနိုင်မည် ဖြစ်သည်။

ရမှတ်အလိုက်ရရှိမည့် ဆုများ

ဆုအမျိုးအစားဆုအရေအတွက်ဆုပစ္စည်းများ
အပတ်စဉ်ဆု၁၀နောက်ဆုံးပေါ် ကျန်းမာရေးလက်ပတ်နာရီ
လစဉ်ဆုiPhone X
Grand Prizeထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ အလည်ပတ်သွားရောက်ပြီး ကျန်းမာရေးစစ်ဆေးပေးခြင်း

ရမှတ်အလိုက်ရရှိမည့် ဆုများအတွက် လိုက်နာရမည့်စည်းကမ်းများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက http://ht.dev.lotayamm.com/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

ကံစမ်းမဲစနစ်ဖြင့်ပေးအပ်မည့် ဆုများ

ဆုအမျိုးအစားအရေအတွက်ဆုပစ္စည်းများ
အပတ်စဉ်ဆု၁၀Samsung Tab J
လစဉ်ဆုတစ်နှစ်တာကျန်းမာရေးအာမခံ
Grand Prizeရွှေ ၂ ကျပ်သားလက်ကောက်

ကံစမ်းမဲစနစ်ဖြင့်ပေးအပ်မည့် ဆုများအတွက် လိုက်နာရမည့်စည်းကမ်းများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက http://ht.dev.lotayamm.com/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါ သည်။

Health Tips & Quiz အစီအစဉ်၏ ပထမအကြိမ်ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်မှ ဒီဇင်ဘာ ၂၆ ရက် အထိ သုံးလတာ ပြုလုပ်သွားမည်ဖြစ်သည်။ MPT သုံးစွဲသူများက အဆိုပါကာလအတွင်း ကျန်းမာသော နေ့စဉ်လူမှုဘဝရရှိစေရန်အတွက် ကျန်းမာရေးဆိုင်ရာအသိပညာများကို သိရှိနိုင်မည်ဖြစ်ပြီး ဉာဏ်စမ်း ပဟေဠိ များ ဖြေဆို၍ ရရှိလာသည့်ရမှတ်များမှ အပတ်စဉ်၊ လစဉ် နှင့် Grand ဆုကြီးများ ပိုင်ဆိုင်နိုင်မည် ဖြစ်သကဲ့သို့ ကံစမ်းမဲစနစ်ဖြင့်ပေးအပ်မည့် ဆုလက်ဆောင်များကိုလည်း ပိုင်ဆိုင်ခွင့်ရရှိမည်ဖြစ်သည်။ မေးခွန်းတစ်ခုလျှင် ရမှတ် ၅၀ ပေးအပ်မည်ဖြစ်ပြီး အဖြေမှန်သူများက မေးခွန်းတစ်ခုအတွက် ရမှတ် ၂၀ ထပ်ဆောင်း ရရှိမည်ဖြစ်သော်လည်း ဖြေဆိုမှုမှားယွင်းသူများကမူ ၁၀ မှတ်သာ ရရှိမည် ဖြစ်သည်။ ရမှတ် ၁၀ မှတ်လျှင် ဆုလက်ဆောင်ကံထူးရန် အခွင့်အရေးတစ်ကြိမ်ရရှိမည်ဖြစ်ပြီး ကံထူးရှင်ရွေးချယ်ရာတွင် ရမှတ်အများဆုံး ရရှိထားသူများအထဲမှ ကျပန်းစနစ်ဖြင့်ရွေးချယ်၍ ဆုလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်သည်။ ယခုအစီအစဉ်၏ အဓိကအားသာချက်မှာ သုံးစွဲသူတစ်ဦးအနေဖြင့် ရမှတ်စနစ်ဖြင့်ရွေးချယ်ပေးအပ်သော ဆုလက်ဆောင်များသာမက ကံစမ်းမဲအစီအစဉ်ဖြင့် ရွေးချယ်ပေးအပ်မည့် ကံစမ်းမဲဆုလက်ဆောင်များကိုပါ ရရှိခံစားနိုင်မည် ဖြစ်သည်။

MPT-KSGM Joint Operations ၏ စီးပွားရေးရာဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda က “ ကျန်းမာ ပျော်ရွှင်တဲ့ဘဝနေထိုင်မှုပုံစံတွေကနေ ကာယ၊ ဉာဏ နှစ်ဖြာသောသုခတွေရရှိစေမယ့်အပြင် ကျွန်တော်တို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေအောင်မြင်ဖို့နဲ့ အရာရာကို အကောင်းမြင်နိုင်တဲ့စိတ်ဓါတ်ခွန်အားတွေရရှိစေမှာပါ။ ဒီအတွက် အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးအချက်က မှန်ကန်တဲ့ကျန်းမာရေးအသိတွေ ရရှိစေဖို့ဖြစ်လို့ MPT သုံးစွဲသူတွေက အခုဆိုရင် ကျွန်တော်တို့ရဲ့ ကျန်းမာရေးကိုဂရုပြုဆောင်ရွက်ပေးထားတဲ့ SMS မှတစ်ဆင့် အသုံးဝင်တဲ့ ကျန်းမာရေးဗဟုသုတတွေကို သူတို့ရဲ့ မိုဘိုင်းလ်ဖုန်းကနေ လေ့လာနိုင်ပါပြီ။ ကျန်းမာရေး ကိုလေ့လာလိုက်စားကြသူတွေအားလုံးအတွက် ဗဟုသုတတွေ တိုးပွားလာစေမယ့် Health Tips & Quiz ဝန်ဆောင်မှု အစီအစဉ်သစ်ကို မိတ်ဆက်ပေးနိုင်တဲ့အတွက် MPT အနေနဲ့ အရမ်းပဲစိတ်လှုပ်ရှားရသလို ဒီအစီအစဉ်ကနေ အလန်းစားဆုလက်ဆောင်တွေကို အပတ်စဉ်၊ လစဉ်ကံထူးနိုင်ကြပါပြီ” ဟု ပြောကြားသည်။

MPT ၏ Health Tips & Quiz ဝန်ဆောင်မှုနှင့်အခြားသောထပ်ဆောင်းဝန်ဆောင်မှုများအကြောင်း သိရှိလိုပါက www.mpt.com.mm နှင့် တရားဝင် Facebook စာမျက်နှာ www.facebook.com/mptofficialpage တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။ ဉာဏ်စမ်းအစီအစဉ်နှင့် ဆုလက်ဆောင်များအတွက် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကိုမူ http://ht.dev.lotayamm.com/တွင် အသေးစိတ်ဝင်ရောက် လေ့လာနိုင်ပါသည်။

MPT ၊ MFF နှင့် MNL တို့ပူးပေါင်း၍ မြန်မာ့မျိုးဆက်သစ်လူငယ်ဘောလုံးကစားသမားများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ပေးနိုင်မည့် အခြေခံဘောလုံးကစားနည်း ဗီဒီယိုစီးရီးများကို ထုတ်ဝေဖြန့်ချိ

(ရန်ကုန်၊ ၂၀၁၈ခုနှစ် စက်တင်ဘာလ ၂၅ရက်) – မြန်မာ့ဆက်သွယ်ရေးအော်ပရေတာ MPT က မြန်မာနိုင်ငံအနှံ့ ရှိ အခြေခံပညာ ကျောင်းများနှင့် ဒေသခံဘောလုံးအသင်းများမှ လူငယ်ခြေတက်ကစားသမားများ၏ တက်သစ်စ ဘောလုံးစွမ်းရည်များကို ပိုမိုထူးချွန်လာစေရန်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)၊ မြန်မာ နေရှင်နယ်လိဂ် (MNL)၊ သက်ဆိုင်ရာမြို့နယ် ဘောလုံးအဖွဲ့အစည်း (TFA) နှင့် အခြေခံပညာဦးစီးဌာနတို့ အတူပူးပေါင်း၍ အရေးအကြီးဆုံးသော အခြေခံဘောလုံးကစားနည်းစနစ်များ ပါဝင်သည့် သင်ကြားရေး ဗီဒီယို ရုပ်သံစီးရီးအစီအစဉ်များကို စတင်ဖြန့်ဝေလိုက်ပြီဖြစ်သည်။

ဘောလုံးအခြေခံအားကစားနည်း သင်ကြားရေးဗီဒီယို ရုပ်သံစီးရီးအစီအစဉ် ပါဝင်သည့် ဒီဗွီဒီအချပ်ရေ စုစုပေါင်း ၁၅,၀၀၀ ကို ပဲခူး၊ မန္တလေး၊ မော်လမြိုင်၊ မုံရွာ၊ ပုသိမ်၊ စစ်တွေ၊ တောင်ကြီးနှင့် ရန်ကုန် စသည့်တို့ရှိ အခြေခံပညာကျောင်းများအပြင် MNL ကလပ်အသင်းများ၊ မြို့နယ်အလိုက်ဘောလုံးအဖွဲ့အစည်းများ၊ Grassroots ဘောလုံးပွဲတော်နှင့် ၁၄နှစ်အောက် ဘောလုံးပြိုင်ပွဲများတွင် အဆိုပါ ဒီဗွီဒီများကို အောက်တိုဘာလ မှ စတင်၍ အခမဲ့ဖြန့်ချိသွားမည်ဖြစ်သည်။ ကျန်းမာပျော်ရွင် သောလူမှုဘဝနှင့် နည်းလမ်းတကျ ဖွံ့ဖြိုးကြီးထွားရေးကို ဦးတည်ဆောင်ရွက်ထားသော ၎င်းအစီအစဉ်တွင် ဘောလုံးထိန်းချုပ်နည်း၊ ဘောလုံးကိုဆွဲယူနည်း၊ ဘောလုံးအပေးအယူလုပ်နည်း၊ ဂိုးဖမ်းနည်း၊ ဘောလုံးကန် နည်း စသည်တို့အပြင် အသင်းငယ်လေးများခွဲ၍ ယှဉ်ပြိုင်ကစားကြပုံကိုပါ ထည့်သွင်းပေးထားသည်။

“ကျွန်တော်အနေနဲ့ အခုလိုမျိုး MPT၊ MNL နှင့် MFF တို့နဲ့အတူ ပူးပေါင်းပြီးလူငယ်ဘောလုံးကစားသမားတွေကို အခြေခံဘောလုံးလေ့ကျင့်သင်ကြားရေး အစီအစဉ်စတင် ဆောင်ရွက်ပေးခွင့်ရတဲ့အတွက် အရမ်းပဲစိတ်လှုပ်ရှား ရပါတယ်။ ယခုအစီအစဉ်မှာ လက်ရွေးစင်နည်းပြတွေက ပါဝင်ပြီးလေ့ကျင့်သင်ကြားပေးထားလို့ လူငယ် ကစားသမားလေးတွေအတွက် အလွယ်တကူ လိုက်ပါပြီးလေ့ကျင့်သင်ကြားနိုင်မှာပဲဖြစ်ပါတယ်။ အနာဂတ်မှာ မြန်မာ့ဂုဏ်ဆောင်လူငယ်ကစားသမားများ ပေါ်ထွက်လာစေဖို့ ရည်ရွယ်ပြီး ဒီရုပ်သံစီးရီးတွေကို ကျွန်တော်တို့ MPT က မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူပူးပေါင်းလုပ်ဆောင်တဲ့ ကဏ္ဍတစ်ခုအဖြစ်နဲ့ ကျောင်းသားကျောင်းသူ တွေကို အခမဲ့ကူညီထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။အဲဒီအတွက် အခုလိုမျိုးအစီအစဉ် ဖြစ်မြောက်အောင်မြင် အောင် အဘက်ဘက်ကနေ ကူညီပံပိုးပေးခဲ့တဲ့ MFF, MNL နဲ့ ပညာရေးဝန်ကြီးဌာနတို့ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။” ဟု MPT- KSGM Joint Operations လုပ်ငန်းလည်ပတ်မှုဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr. Yoshiaki Benino က ပြောသည်။

 

အထက်ပါပုံပါ “ Foobaall Basic Skills Drill and Exercises” ဒီဗွီဒီ ကို စုစုပေါင်း ၁၅၀၀၀ ချပ် ထုတ်လုပ် ကာ ကျောင်းများ၊ မြို့နယ် ဘောလုံးအဖွဲ့သွာများ နှင့် MNL အသင်းမျာသို့ ဖြန့်ချသွားမည်ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်၏ စီအီးအိုဖြစ်သူ ဦးစိုးမိုးကျော်က “ဒီပရိုဂရမ်ဟာ မြန်မာ့ဘောလုံးလောကအတွက် တစ်ကယ့်ကို အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။ ယခင်က အခုလိုမျိုး အခြေခံဘောလုံး လေ့ကျင့်ခန်းတွေ ပါဝင်တဲ့ DVD မျိုး မြန်မာပြည်မှာ မရှိသေးပါဘူး။ အင်္ဂလိပ် စကားပြော DVD တွေတော့ ရှိတာပေါ့လေ။ ဒါပေမယ့် ဘာသာစကားဆိုတဲ့ ဘောင်တစ်ခု ခံနေတာကြောင့် အခြေခံ ဘောလုံးပညာ လေ့လာချင်တဲ့ ကလေးငယ်တွေ အတွက် အခက်အခဲရှိခဲ့ပါတယ်။ အခုတော့ ဒီအဟန့်အတားကို MPT ရဲ့ ကူညီမှုနဲ့ ကျွန်တော်တို့ ကျော်လွှားနိုင်ခဲ့ ပါပြီ။ ဒီအခွေက မြန်မာနိုင်ငံက ကလေးတွေအတွက် အခြေခံဘောလုံးပညာသင်ယူမှုမှာ အများကြီး အထောက်အပံ့ ပေးနိုင်မှာပါ။ နောက်ပိုင်းမှာလည်း အခြေခံထက်ပိုတဲ့ ဘောလုံးပညာရပ် အခွေတွေကိုလည်း ထပ်ပြီး ဖန်တီးသွားဖို့ အစီအစဉ် ရှိပါတယ်။ ဒီပရိုဂရမ်လေးဟာ မြန်မာ့ဘောလုံးတိုးတက်ရေးအတွက် တစ်စုံ တစ်ရာအထောက်ကူပြုပေးတဲ့၊ ဘောလုံးကိုစိတ်ဝင်စားတဲ့ကလေးလူငယ်လေးတွေအတွက် များစွာ အထောက် အကူဖြစ်တဲ့ အစီအစဉ်လေးတစ်ခုဖြစ်လို့ ဒီအစီအစဉ်လေးဖြစ်မြောက်အောင် အဓိကပံ့ပိုးပေးတဲ့ကျွန်တော်တို့ ပါတနာ MPT ကိုရော ပါဝင်ကူညီဆောက်ရွက်ပေးခဲ့ကြသူအားလုံးကို အားလုံးကိုယ်စားကျေးဇူးတင်မိပါတယ်။” ဟု ပြောကြားသည်။
မြန်မာ့အားကစားလောကဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပံ့ပိုးကူညီသွားမည်ဟူ သော MPT၊ MFF နှင့် MNL တို့၏ သန္နိဌာန်များအတိုင်း Grassroots ဘောလုံးပွဲတော်များကျင်းပခဲ့သည့် တိုင်းနှင့်ပြည်နယ်များရှိ ကျောင်းပေါင်း ၁၆ ကျောင်းတွင် ယခုရုပ်သံဗွီဒီယိုကို နည်းစနစ်သရုပ်ပြသသည့် အစီအစဉ်များကိုလည်း ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ယင်းတွင် ကျွမ်းကျင်နည်းပြ ၅၀ ဦးတို့ ပါဝင်လေ့ကျင့်ပေးသွားမည်ဖြစ်ပါသည်။ ထို့အပြင် အဆိုပါရုပ်သံစီးရီးများကို MPT ၊ MFF နှင့် MNL တို့၏ တရားဝင် Facebook စာမျက်နှာများ၊ ဝက်ဘ်ဆိုက် များနှင့် MPT ၏ လိုတရ Portal ၊ MPT-MNL အက်ပလီကေးရှင်းအစရှိသည်တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင် အောင်ဆောင်ရွက်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလမှ စတင်၍ MPT က မြန်မာ့ဘောလုံးအားကစား၏ အခန်းကဏ္ဍကို မြှင့်တင်ရန်နှင့် ကစား သမားများ၏စွမ်းဆောင်ရည်များ ပိုမိုတိုးတက်လာစေရန်အတွက် မြန်မာနေရှင်နယ်လိဂ် နှင့်အတူ ခိုင်ကြည်သော ယုံကြည်ချက်များဖြင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ “နှလုံးသားထဲက မြန်မာ” လှုပ်ရှားမှုခေါင်းစဉ်အောက် တွင် တစ်ခုအပါအဝင်အဖြစ် MPT မှ MNL နှင့်အတူပူးပေါင်း၍ မြန်မာနိုင်ငံသားများအတွက် ကျန်းမာကြံံ့ခိုင်မှု ရရှိစေရန်ရည်ရွယ်ကာ ကလေးငယ်များအတွက် ဘောလုံးအားကစားပွဲတော်များ၊ တက္ကသိုလ်ဘောလုံးပြိုင်ပွဲ များနှင့် အခြားသော ပြိုင်ပွဲများကို လာမည့်သုံးနှစ်တာကာလအတွင်း ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။

MPT က တေးသီချင်းချစ်သူများအတွက် အမိုက်စားသီချင်းများကို တစ်ရက်လျှင် ၉၀ ကျပ်ဖြင့် နားဆင်နိုင်မည့် mJams အက်ပလီကေးရှင်းကို မိတ်ဆက်

(ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်) – တေးသီချင်းချစ်သူများအနေဖြင့် မြန်မာ့ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ MPT ၏ အထူးအစီအစဉ်ဖြစ်သည့် mJams မိုဘိုင်းလ် အက်ပလီကေးရှင်းမှတစ်ဆင့် ပြည်တွင်း မှ နာမည်ကျော်ကြားသော တေးသီချင်းပေါင်းများကို နားဆင်ခံစားနိုင်ပြီ ဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝှမ်း မှ MPT ဆင်းမ်ကတ်သုံးစွဲသူများအနေဖြင့် မိမိဖုန်းတွင် mJams အက်ပလီကေးရှင်းကို ဒေါင်းလုတ်ရယူ၍ စာရင်းသွင်းပြီးပါက ပြည်တွင်းမှနာမည်ကျော်ကြားသော သီချင်းများကို ၇ ရက်တာအတွက် ကုန်ကျမှုမရှိပဲ နားဆင်ခံစားနိုင်မည် ဖြစ်သည်။ ၇ ရက် ကျော်လွန်ပြီးသည်နှင့် သုံးစွဲသူများက မိမိကြိုက်နှစ်သက်သည့် သီချင်းများကို တစ်ရက်လျှင် ၉၀ ကျပ် (ကုန်သွယ်ခွန်ပါဝင်ပြီး) အသက်သာဆုံး နှုန်းထားဖြင့် ဆက်လက် နားဆင်ခံစားနိုင်မည် ဖြစ်သည်။

စမတ်ဖုန်းများအတွက် ရည်ရွယ်ဖန်တီးထားသော mJams တွင် သုံးစွဲသူများကြိုက်နှစ်သက်သည့် အဆိုတော်များ၊ တေးသီချင်းများ၊ တေးသီချင်းအယ်လ်ဘမ်များ နှင့် ကိုယ်ပိုင် Playlist များကို ချိတ်ဆက်ပေးထားပြီး မိမိတို့အိမ်တွင်ဖြစ်စေ၊ လမ်းခရီးများတွင် ဖြစ်စေ ၂၄ နာရီ၊ ၇ ရက် ပတ်လုံး နားဆင်နိုင်မည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် မိမိကြိုက်နှစ်သက်သည့် သီချင်းများကို ဒေါင်းလုတ်ရယူထား နိုင်ပြီး အင်တာနက် အသုံးပြန်ရန်မလိုအပ်ဘဲ ပြန်လည်နားဆင်နိုင်မည် ဖြစ်သည်။

MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ကျွန်တော်တို့ရဲ့ တန်ဖိုးထားရတဲ့ သုံးစွဲသူတွေအတွက် ဖျော်ဖြေရေး ဝန်ဆောင်မှုတွေကို ထပ်တိုးပြီး ယူဆောင်လာဖို့ ရည်ရွယ် ထားတဲ့အတွက် ပြည်တွင်းမှ ဂီတအမျိုးအစားအားလုံးကို နှစ်သက်ကြတဲ့ တေးသီချင်းချစ်သူတွေက အခုဆိုရင် mJams ကနေ တစ်ဆင့် စီးမျောခံစားနိုင်ပါပြီ။ အကောင်းဆုံး အရည်အသွေးနဲ့ အတွေ့အကြုံတွေလိုချင်တဲ့ တေးသီချင်းချစ်သူတွေအတွက် ဂီတကဏ္ဍရဲ့ ထိပ်ဆုံးမှာရှိတဲ့ သီချင်းတွေပဲဖြစ်ဖြစ်၊ ကိုယ်ကြိုက်တဲ့သီချင်း တွေပဲဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ ဘယ်နေရာ၊ ဘယ်အချိန်မှာမဆို MPT ရဲ့ မြန်နှုန်းမြင့် 3G/LTE+ ကွန်ရက်ပေါ်ကနေ နားဆင်ခံစားနိုင်ပါပြီ” ဟု ပြောကြားခဲ့သည်။

မိမိတို့ စိတ်ခံစားမှုအလိုက် နှစ်သက်ရာ တေးဂီတအမျိုးအစားများကို ရွေးချယ်နိုင်စေရန် စီစဉ်ထားပြီး များပြားလှသော တေးသီချင်းစုစည်းမှုများအပြင် မိမိတု့ိဖုန်းမှ တိုက်ရိုက်ရှာဖွေနားဆင်နိုင်မည်ဖြစ်ပြီး အကောင်းဆုံး ပြည်တွင်းအဆိုတော်များ၏ တေးသီချင်းများကို မိမိတို့ကိုယ်ပိုင်ရေဒီယိုကမ္ဘာ တစ်ခုကဲ့သို့ နားထောင်နိုင်မည့် mJams အက်ပလီကေးရှင်းကို တစ်ပတ်တာလုံးလုံး ကုန်ကျမှုမရှိဘဲ စမ်းသပ် အသုံးပြုနိုင်ရန် MPT က အထူးစီစဉ်ဆောင်ရွက်ပေးထားခြင်း ဖြစ်သည်။ mJams အက်ပလီကေးရှင်းကို Android ဗားရှင်း 4.4.4 နှင့် အထက်၊ iOS 9 နှင့် အထက်ရှိသော ဖုန်းများတွင် ရယူသုံးစွဲနိုင်ပြီ ဖြစ်သည်။

MPT သုံးစွဲသူများအနေဖြင့် mJams ဝန်ဆောင်မှုကို ၇ ရက်တာအခမဲ့ အသုံးပြုနိုင်ရန် Google Playstore (http://bit.ly/1otDMq7) နှင့် Apple app stores (http://bit.ly/mjamsiosmmr) လင့်ခ်များမှ တစ်ဆင့် ရယူခြင်း (သို့မဟုတ်) MPT ၏ လိုတရ portal ဖြစ်သည့် http://mj.lotayamm.com မှတစ်ဆင့် ဒေါင်းလုတ် ရယူနိုင်ပါသည်။ ဒေါင်းလုပ်ရယူပြီးပါက သုံးစွဲသူများသည် MPT ဖုန်းနံပါတ်ဖြင့် မှတ်ပုံတင်ရန်လိုအပ်ပြီး ဒေါင်းလုတ် သို့မဟုတ် တိုက်ရိုက် နားထောင်ပါက သုံးသလောက်ပေး (PAYG) သို့မဟုတ် သတ်မှတ် ဒေတာနှုန်းထားများ အတိုင်း ကျသင့်မည်ဖြစ်ပါသည်။

mJams နှင့် ပတ်သက်၍ ထပ်မံသိရှိလိုပါက http://www.facebook.com/mjamsmyanmar/ သို့ Hotline နံပါတ် 106 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဘောလုံးချစ်သူများအတွက် အထူးပရိုမိုးရှင်း အစီအစဉ် မှ KIA Picanto ကား ကံထူးရှင် ထွက်ပေါ်လာ

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၄ ရက်) – MPT ၏ “ဘောလုံးချစ်သူများအတွက် အထူးပရိုမိုးရှင်းအစီအစဉ်” ကံထူးရှင်ရွေးချယ်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၄ ရက်နေ့က ကျင်းပခဲ့ပြီး ပြင်ပမှ လွတ်လပ်သော ပုဂ္ဂလိကအဖွဲ့အစည်းဖြစ်သည့် ‘သက်’ စာရင်းစစ်အဖွဲ့နှင့် မီဒီယာအဖွဲ့အစည်းများမှ ကိုယ်စားပြု စာနယ်ဇင်း မီဒီယာများရှေ့တွင် ကံထူးရှင်ကို ရွေးချယ်ခဲ့သည်။ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၂ရက်မှ သြဂုတ်လ ၁၂ ရက်အတွင်း ဘောလုံးစတားဝန်ဆောင်မှုကို ရယူခဲ့ကြသော သုံးစွဲသူများထဲမှ ကံထူးရှင်အား ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ ဘောလုံးစတား အက်ပလီကေးရှင်းမှာ ဘောလုံးချစ်သူများ၏ သည်းခြေကြိုက် ကစားပွဲများကို တစ်နေရာတည်းတွင် အစုံအလင် ရနိုင်သည့် အွန်လိုင်းဝန်ဆောင်မှုဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “MPT က တန်ဖိုးထားရတဲ့ သုံးစွဲသူတွေအတွက် ကျင်းပပေးခဲ့တဲ့ ကံထူးရှင်ရွေးချယ်ပွဲအစီအစဉ်ကနေ ကံထူးရှင်ကို ကြေညာနိုင်ခဲ့ပြီဖြစ်လို့ အရမ်းဝမ်းမြောက်မိပါတယ်။ အထူးပရိုမိုးရှင်းအစီအစဉ်မှာပါဝင်ခဲ့ကြတဲ့ ဘောလုံးစတားသုံးစွဲသူတွေကို ပြန်လည်ကျေးဇူးဆပ်နိုင်ဖို့ အခွင့်အရေးတစ်ခုလို့ မှတ်ယူမိပါတယ်။ ကံထူးရှင်ဆုကို ပိုင်ဆိုင်သွားတဲ့ ကံထူးရှင်အတွက်လည်း အထူးပဲဂုဏ်ယူပါတယ်။ “ဘောလုံးချစ်သူများအတွက် အထူးပရိုမိုးရှင်းအစီအစဉ်” ကနေ ဆုကြီးနဲ့ လွဲချော်ခဲ့ရတဲ့ သုံးစွဲသူတွေအတွက်လည်း ကျွန်တော်တို့ရဲ့ Facebook Page မှာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ပရိုမိုးရှင်းအစီအစဉ်တွေနဲ့ အစီအစဉ်သစ်တွေကိုလည်း ဝင်ရောက်ကြည့်ရှု၊ စောင့်ကြည့်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။”ဟု ပြောကြားခဲ့သည်။
ထွဋ်ကုမ္ဗဏီ မှ မန်နေဂျင်းဒါရိုက်တာ ဦးဝေဖြိုးထွဋ်က “ဘောလုံးစတား ကံထူးရှင်ရွေးချယ်ပွဲကနေ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ ပျော်ရွှင်စေမယ်ဆိုတာ ယုံကြည်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ မာတိကာ၊ အသွင်အပြင်တွေနဲ့ အဆင့်မြှင့်ထားတဲ့ ဘောလုံးစတားမိုဘိုင်းလ်အက်ပလီကေးရှင်းကို သုံးစွဲသူတွေဆီ ပေးအပ်နိုင်ပြီဖြစ်လို့ ကျွန်တော်တို့အနေနဲ့ ဝမ်းသာပီတိဖြစ်ရပါတယ်။ ဘောလုံးစတားအက်ပလီကေးရှင်းကို မြန်မာနိုင်ငံရဲ့နံပါတ်တစ် ဘောလုံးအက်ပလီကေးရှင်းဖြစ်အောင် MPT နဲ့အတူ ကြိုးစားဆောင်ရွက်နေပါတယ်။ ဘောလုံးချစ်သူတွေအတွက် အကောင်းဆုံးဝန်ဆောင်မှု၊ တန်ဖိုးရှိပြီး ဆွဲဆောင်နိုင်တဲ့ ပရိုးမိုးရှင်းတွေလို ပိုမို ကောင်းမွန်တဲ့ လုပ်ဆောင်မှုတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

Android သုံးစွဲသူများအနေဖြင့် လိုတရ Portal (http://bs.lotayamm.com/)မှဖြစ်စေ၊ Google Play Store တွင်ဖြစ်စေ၊ 8118 ကို DL ဟု SMS ပေးပို့၍ဖြစ်စေ ဘောလုံးစတား အက်ပလီကေးရှင်းကို ဒေါင်းလုပ် ရယူနိုင်မည်ဖြစ်သည်။ အဆင့်မြှင့်တင်ထားသည့် ဗားရှင်း 3.0 တွင် အဓိက နိုင်ငံတကာလိဂ် ပွဲစဉ် ၅ ခု (Premier League, Seire A, Laliga, Bundesliga and Ligue 1) ၊ တိုက်ရိုက်ထုတ်လွှင့်သည့် ပွဲစဉ်များ၊ ပွဲစဉ်ဇယား နှင့် ပွဲကြိုခန့်မှန်းချက်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို သုံးစွဲသူများ ရယူ နိုင်မည်ဖြစ်သည်။ ဆန်းသစ်ထားသည့် အသွင်အပြင်ကြောင့် သုံးစွဲသူများမှာ ဗီဒီယို၊ ကစားကွက်၊ အချိန်ဇယား၊ ရှုံး/ထွက် ပွဲပယ်များနှင့် ဒဏ်ရာရ နောက်ဆုံးသတင်းများ၊ တိုက်ရိုက်ဂိုးရလဒ်များကဲ့သို့ သီးသန့် အကြောင်းအရာများကို ရယူကြည့်ရှုနိုင်မည်ဖြစ်သည်။

ဘောလုံးစတား အက်ပလီကေးရှင်း၏ ဗားရှင်းအသစ်

ဘောလုံးစတားအက်ပလီကေးရှင်းနှင့် ပတ်သက်၍ အချက်အလက်များ ပိုမိုသိရှိလိုပါက သုံးစွဲသူများအနေဖြင့် MPT Call Center ၁၀၆ သို့ ခေါ်ဆို၍ ဖြစ်စေ ၊ Customer Service Team ဖုန်းနံပါတ် ၀၉ ၄၅၅၅ ၀၀၄၄၀ သို့မဟုတ် ၀၉ ၄၅၅၅ ၀၀၈၈၀ ကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။

MPT က အသစ်ပြန်လည်ဆန်းသစ်ထားသည့် လိုတရ Portal ကို ဒေတာကုန်ကျမှုမရှိဘဲ သုံးစွဲနိုင်ပြီ

(ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT မှ အသစ်ပြန်လည်ဆန်းသစ်ထားသည့် လိုတရ Portal ကို ယနေ့ စတင်မိတ်ဆက်လိုက်သည်။ MPT သုံးစွဲသူတိုင်း စိတ်ဝင်စားဖွယ် အကြောင်းအရာများ၊ သတင်းထူး၊ သတင်းဦးများ၊ ဂိမ်း၊ ဗေဒင်ကဏ္ဍ အပါအဝင် ဖျော်ဖြေရေး ကဏ္ဍအစုံအလင်ကို ဒေတာကုန်ကျမှုမရှိဘဲ အသုံးပြုနိုင်တော့မည် ဖြစ်သည်။ အဆင့်မြှင့်တင်ထားသည့် လိုတရ Portal ကို Android နှင့် iOS အသုံးပြုသူတိုင်း လွယ်ကူစွာရယူနိုင်မည်ဖြစ်ပြီး အသစ်ပြန်လည်ဆန်း သစ်ထားသည့် လိုတရ Portal တွင် သတင်းနှင့်ကဏ္ဍအကြောင်းအရာများစွာကို တစ်နေရာတည်းတွင် စုံလင်စွာဖြင့် ဖတ်ရှုနိုင်တော့မည် ဖြစ်သည်။

MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ကျွန်တော်တို့ တန်ဖိုးထားရတဲ့ သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝတွေ ပိုမိုတိုးတက်ကောင်းမွန်စေဖို့ ပုံဖော်ထားတဲ့ လိုတရ Portal က တစ်နေရာထဲမှာ အစုံအလင်ဖတ်ရှုနိုင်အောင် ဆောင်ရွက်ထားတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော Portal ဖြစ်ပါ တယ်။ ကျွန်တော်တို့ရဲ့ Portal က MPT သုံးစွဲသူတွေအတွက် သတင်းအချက်အလက်နဲ့ ဖျော်ဖြေရေးကဏ္ဍ အရင်းမြစ်တစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီဆိုတဲ့အကြောင်းကို ဒီနေရာကနေဝမ်းမြောက်စွာ မိတ်ဆက်ပေးချင်ပါ တယ်။ သုံးစွဲသူတွေကို ကျေးဇူူးတင်တဲ့အနေနဲ့ ဒေတာကုန်ကျမှုမရှိဘဲ မြန်ဆန်တဲ့ အင်တာနက်နဲ့ နှစ်လိုဖွယ် ကောင်းတဲ့အကြောင်းအရာတွေကို ဖတ်ရှုနိုင်အောင် လုပ်ဆောင်ပေးထားပါသည်။ အခုဆိုရင်ထိပ်တန်းဖျော်ဖြေ ရေး ဝန်ဆောင်မှုကို သုံးစွဲသူတိုင်းက အခမဲ့ရရှိနိုင်တော့မှာ ဖြစ်ပါသည်။” ဟု ပြောကြားခဲ့သည်။

 

Web Link : https://lotaya.mpt.com.mm
Free Download Link (Android Only) : http://lotayamm.com/lotaya.apk

တစ်နေရာတည်းတွင် ကဏ္ဍအစုံအလင်ဖတ်ရှုနိုင်မည့် လိုတရအက်ပလီကေးရှင်းကို Android နှင့် iOS သုံးစွဲသူတိုင်း ရယူနိုင်ပြီဖြစ်သည်။ MPT သုံးစွဲသူများအနေဖြင့် အမျိုးမျိုးသောဝန်ဆောင်မှု တွေဖြစ်တဲ့ ခေါ်သူနားဆင် တေးသံစဉ် ဝန်ဆောင်မှု၊ ဂိမ်း၊ သတင်းအချက်အလက် ဖျော်ဖြေရေးဝန်ဆောင်မှု အစီအစဉ်တွေအပြင် ဘေလ်လက်ကျန်စစ်ခြင်း နှင့် MPT Club ၏ Point တို့ကို စစ်ဆေးခြင်း စသည်တို့ကိုပါ အသုံးပြုနိုင်မည်ဖြစ်သည်။ လိုတရ အက်ပလီကေးရှင်းကို လိုတရဝက်ဘ်ဆိုက်ဖြစ်သည့် http://lotayamm.com/lotaya.apk သို့မဟုတ် *2727# သို့ ခေါ်ဆို၍ MPT သုံးစွဲသူများအနေဖြင့် SMS ဖြင့် ပေးပို့လာမည့် ဒေါင်းလုတ်လင့်ခ်ကို ရယူနိုင်မည်ဖြစ်သည်။

MPT ၏ မြန်နှုန်းမြင့် LTE+ ကွန်ရက်ကို ယခု ၂၀၁၈ ခုနှစ်အကုန်တွင် မြို့နယ်ပေါင်း ၃၀၀ ကျော်၌ အသုံးပြုနိုင်တော့မည်

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၃ ရက်) မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က မိမိတို့အလေးထားရသည့် သုံးစွဲသူများအတွက် အကောင်းဆုံးသော ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်အတွက် ၎င်း၏ မြန်နှုန်းမြင့် LTE+ ကွန်ရက်ကို အမြန်ဆန်ဆုံး ဖြန့်ကျက် ဆောင်ရွက်လျက် ရှိပါသည်။ ယခု စက်တင်ဘာလအကုန်တွင် LTE+ မိုဘိုင်းလ် ကွန်ရက်ကို မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့နယ်ပေါင်း ၁၈၀ ကျော်တွင် အသုံးပြုနိုင်မည် ဖြစ်သည်။ ယခုနှစ် အကုန်တွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့နယ်ပေါင်း ၃၀၀ ကျော်သို့ လည်း ဖြန့်ကျက်နိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်သည်။

MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda က“MPT ဟာ 4×4 MIMO နဲ့ Carrier Aggregation နည်းပညာကို အသုံးပြုထားတဲ့ LTE+ ကွန်ရက်ကို မိတ်ဆက်ပေးနိုင်ခဲ့တဲ့ ပထမဆုံး ဆက်သွယ်ရေးအော်ပရေတာ ဖြစ်ပါတယ်။ အခုလို LTE+ ကွန်ရက်ကိုစတင်ရရှိတဲ့ မြို့နယ်တွေမှာ နေထိုင်ကြတဲ့ အင်တာနက်အသုံးပြုသူတွေအနေနဲ့ ဖိုင်ဆိုဒ်အကြီးတွေ ဒေါင်းလုတ် လုပ်တဲ့အခါမှာဖြစ်စေ၊ အင်တာနက်ဒေတာ အများကြီးသုံးပြီး ကစားရတဲ့ဂိမ်းတွေ ကစားတဲ့အခါမှာဖြစ်စေ၊ ဗီဒီယိုတွေကို အွန်လိုင်းကနေ တိုက်ရိုက်ကြည့်ရှုတဲ့အခါတွေမှာဖြစ်စေ တကယ့်ကို သိသာတဲ့ပြောင်းလဲမှုကို မြင်တွေ့ရမှာပါ။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ Data Carry Plus ပက်ကေ့ချ်အသစ်ကို သုံးပြီးတော့လည်း ပိုမိုသက်သာတဲ့ ဈေးနှုန်းတွေနဲ့ အသုံးပြုနိုင်မှာပါ။ ကျွန်တော်တို့ရဲ့ မဟာဗျူဟာကျကွန်ရက်ချဲ့ထွင်မှုနဲ့ သုံးစွဲသူတွေကို အကောင်းဆုံးသော အင်တာနက်အသုံးပြုမှုအတွေ့အကြုံတွေကို ပေးအပ်မယ်ဆိုတဲ့ ကတိကဝတ်ရဲ့ အစိတ်အပိုင်းအဖြစ် ဒီဇင်ဘာလကုန်မှာ LTE+ကွန်ရက်ကို မြို့နယ်ပေါင်း ၃၀၀ ကျော်မှာ အသုံးပြုနိုင်တဲ့အထိ လုပ်ဆောင်သွားဖို့ မျှော်မှန်းထားပါတယ်” ဟု ပြောကြားသည်။

ယခု ၂၀၁၈ခုနှစ် ၏ တတိယ ၃ လပတ် ကာလ ဖြစ်သည့် ဇူလိုင်လမှ စက်တင်ဘာလအတွင်းတွင် နောက်ဆုံးပေါ် 4×4 MIMO နည်းပညာကို အသုံးပြုထားသည့် LTE+ ကွန်ရက်ကို ပဲခူး၊ ဘားအံ၊ ကလော၊ လွိုင်ကော်၊ မုံရွာ နှင့် စစ်တွေ အပါအဝင် နေရာအသစ်ပေါင်း ၄၀ ခန့် တွင် MPT မှ မိတ်ဆက်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။ MPT ကွန်ရက်၏ အကောင်းဆုံးသော အကျိုးကျေးဇူးများကို ရရှိခံစားနိုင်ရန်အတွက် 4G ကွန်ရက် အသုံးပြုနိုင်သည့် မိုဘိုင်းလ်ဖုန်းနှင့် MPT SIM ကတ်ကို အသုံးပြုရန်လိုအပ်မည်ဖြစ်ပါသည်။

ပိုမိုပြည့်စုံစွာသိရှိနိုင်ရန် Hot line နံပါတ် ၁၀၆ သို့ ခေါ်ဆိုခြင်း သို့မဟုတ် www.mpt.com.mm နှင့် MPT၏ တရားဝင် Facebook စာမျက်နှာ https://www.facebook.com/mptofficialpage တွင် ဝင်ရောက်လေ့ လာနိုင်ပါသည်။

MPT က Data Carry Plus ပက်ကေ့ချ် အသစ် မိတ်ဆက်

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၇ ရက်)- မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က ဒေတာအသုံးပြုမှုအတွက် 1GB လျှင် ၉၉၉ ကျပ်သာကျသင့်မည့် အထူးနှုန်းထား နှင့် Data Carry Plus ပက်ကေ့ချ်အသစ်များကို မိတ်ဆက်လိုက်ပြီဖြစ်သည်။ MPT အသုံးပြုသူများသည် ဒေတာပက်ကေ့ချ်များကို ပရိုမိုးရှင်းကာလဖြစ်သည့် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၈ ရက်မှ ဒီဇင်ဘာ ၆ ရက်အတွင်း အထူးနှုန်းထားဖြင့် ရယူနိုင်မည် ဖြစ်သည်။ Continue reading “ MPT က Data Carry Plus ပက်ကေ့ချ် အသစ် မိတ်ဆက်”

Data Carry Plus FAQ MM

Data Carry Plus

၁ .Data Carry Plus ဆိုတာဘာလဲ? ဘယ်လိုဝယ်ယူလို့ရနိုင်မှာလဲ?

Data Carry Plus Pack ဆိုတာ အင်တာနက်အသုံးပြုမှုအားလုံးအတွက် ဒေတာအသုံးပြုနိုင်သော Package များဖြစ်ပြီး ပက်ကေ့ချ်ဒေတာနှင့်သက်တမ်းကိုပေါင်းစည်းသယ်ဆောင်ခွင့်ရှိပါတယ်။ Data Carry Plus Pack ဝယ်ယူတိုင်း 1Ks/MB နဲ့ ဒေတာသုံးလို့ရမယ့်အပြင် 400 GB အထိ ကံထူးခွင့်များရရှိနိုင်မှာပါ။

ဈေးနှုန်း [ကုန်သွယ်ခွန်ပါဝင်ပြီး]ဒေတာပမာဏLucky Dataသက်တမ်း၀ယ်ယူရန်
699 Ks415 MBData Carry ဝယ်ယူတိုင်း 400GB အထိ ကံထူးနိုင်မည့် အခွင့်အရေး!၃၀ ရက်
[သက်တမ်းကုန်ဆုံးပြီး (၇)ရက် အတွင်း ဒေတာသယ်ဆောင်ခွင့် ရှိသည်]
*777*1#
799 Ks630MB*777*2# 
999Ks905MB*777*3#
1299 Ks1180 MB*777*4#
1799 Ks1630MB*777*5#
2699 Ks2450 MB*777*6#
4,499 Ks4100MB*777*7#
8,999 Ks8200MB*777*8#
17,999 Ks16400MB*777*9#
26,999 Ks24500MB*777*0#

၂။ ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသလား?

ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန် ၅% ပါဝင်ပြီးဖြစ်ပါတယ်။

၃။ Data Carry Plus Pack ကို ဘယ်သူတွေ ဝယ်ယူနိုင်မှာလဲ?

ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ် ရယူထားသော GSM/WCDMA အသုံးပြုသူများနှင့် လက်ရှိ အသုံးပြုနေသူများ ဝယ်ယူနိုင်ပါသည်။ CDMA နှင့် Base Tariff အသုံးပြုသူများ ဝယ်ယူနိုင်မည် မဟုတ်ပါ။

၄။ Data Carry Plus Pack ဝယ်ယူပါက ဘာတွေကံထူးနိုင်မှာလဲ?

Data Carry Plus Pack ဝယ်ယူတိုင်း 400 GB အထိ ကံထူးနိုင်မှာဖြစ်ပါတယ်။

၅။ သောကြာနေ့မှာ Data Carry Plus Pack ဝယ်ယူပါက ကံစမ်းခွင့်ရရှိမှာပါလား?

သောကြာနေ့တွင် Data Carry Plus ဝယ်ယူပါက Happy Friday အပိုဆောင်း ဒေတာ (MBs) များရရှိမှာဖြစ်ပါတယ်။

၆။ ကံထူးထားတဲ့ဒေတာကို ဘာတွေသုံးလို့ရမှာလဲ?

ကံထူးထားတဲ့ဒေတာကို အင်တာနက်အသုံးပြုမှုအားလုံးအတွက် (၇) ရက်အတွင်း အသုံးပြုနိုင်ပါသည်။

၇။ လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?

*224# ကို ခေါ်ဆိုပြီး ပက်ကေ့ချ်ဒေတာနှင့် ကံထူးထားသောဒေတာ လက်ကျန်ပမာဏကို စစ်ဆေးနိုင်ပါတ

၈။ Data Carry Plus Pack ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?

အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မှာဖြစ်ပြီး ပက်ကေ့ချ်ဒေတာပမာဏနှင့် သက်တမ်းကိုလည်း ပေါင်းစည်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကံထူးထားသည့်ဒေတာသက်တမ်းနှင့် ဒေတာလက်ကျန်ကိုလည်း ပေါင်းစည်းအသုံးပြုနိုင်မှာပါ။

၉။Data Carry Plus Pack ရဲ့ သက်တမ်းက ဘယ်လောက်လဲ?

Package တစ်ခု၏ သက်တမ်းက (၃၀)ရက်ဖြစ်ပြီး ဒေတာသယ်ယူနိုင်သောကာလမှာ (၇)ရက် ဖြစ်ပါတယ်။ ဒေတာသယ်ယူနိုင်သောကာလတွင် Pack အသစ်ဝယ်ယူပါက ပက်ကေ့ချ်ဒေတာပမာဏကို ပေါင်းစည်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကံထူးထားသည့်ဒေတာကို (၇)ရက် အသုံးပြုနိုင်မှာဖြစ်ပြီး သက်တမ်းနှင့် ဒေတာလက်ကျန်ကိုလည်း ပေါင်းစည်းအသုံးပြုနိုင်မှာပါ။

၁၀။ ဒေတာသယ်ဆောင်နေသော ကာလအတွင်းမှာ အသုံးမပြုရသေးတဲ့ ဒေတာတွေက ဘယ်လို ဖြစ်သွားမှာလဲ?

ဒေတာသယ်ဆောင်နေသော ကာလ (Package ၏ သက်တမ်း ကုန်ဆုံးပြီး (၇) ရက်) အတွင်းမှာ ကျန်ရှိနေသော ပက်ကေ့ချ်ဒေတာများကို အသုံးပြုနိုင်မည် မဟုတ်ပါ။ ထိုကာလအတွင်း Package အသစ်တစ်ခုဝယ်လျှင်အသုံးပြုရန်ကျန်ရှိနေသော ပက်ကေ့ချ်ဒေတာပမာဏကို ပေါင်းစည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကံထူးထားသည့်ဒေတာသက်တမ်းနှင့် ဒေတာလက်ကျန်ကိုလည်း ပေါင်းစည်းအသုံးပြုနိုင်မှာပါ။

၁၁။ Data Carry Plus Pack ကို တခြားသူများသို့ လက်ဆောင်ပေးလို့ရပါသလား?

*106*2# (သို့) *777# မှတစ်ဆင့် အမှတ်စဉ် “2. Gift (သို့) 2.လက်ဆောင်ပေးမည်” ကို ရွေးချယ်ပြီး လက်ဆောင်ပေးမည့်ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီး တခြားသူများသို့ လက်ဆောင်ပေးနိုင်ပါတယ်။

၁၂။ ပရိုမိုးရှင်းကာလက ဘယ်အထိလဲ ?

၂၀၁၉ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့မှ ထပ်မံမကြေညာခင်အချိန်အထိ။