MPT က မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် လက်တွဲ၍ ဒုတိယမြောက် မြန်မာလူငယ်နည်းပညာစွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ်ကို ပြန်လည်စတင်

(ရန်ကုန်၊ ၂၀၁၈ခုနှစ် အောက်တိုဘာ ၁၉ ရက်) – MPT က မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့်အတူ ထပ်မံ လက်တွဲ၍ ၂၀၁၉ခုနှစ် မြန်မာလူငယ်နည်းပညာစွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ်ကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပြီး လူငယ်နည်းပညာစွန့်ဦးတီထွင်အသင်းများက ဆက်သွယ်ရေး(သို့) နည်းပညာကို အခြေခံ ထားသော ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းပုံစံများ တင်သွင်းယှဉ်ပြိုင်ခြင်းဖြင့် ဆုကြေးငွေကျပ်သိန်းပေါင်း (၂၄၀) ကိုရရှိမည် ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်လိုက်သည်။ လာမည့် ၂၀၁၉ခုနှစ် ဇန်နဝါရီနှင့်ဖေဖေါ်ဝါရီလတွင် ယှဉ်ပြိုင်မှုများ စတင်တော့မည်ဖြစ်သည့် ယခုအစီအစဉ်ကို ဒုတိယနှစ်အဖြစ် ဆက်လက်ကျင်းပသွားမည်ဖြစ်ကာ ပြင်းပြသော စိတ်ဆန္ဒများရှိသည့် စွန့်ဦးတီထွင်လူငယ်များအတွက် စီးပွားရေးလုပ်ငန်းကျွမ်းကျင်မှု အတတ်ပညာများ၊ ကိုယ်ရည်ကိုယ်သွေး မြင့်မားလာစေရန်အတွက် လမ်းညွှန်ပြသခြင်းများနှင့် လုပ်ငန်းတစ်ခု စတင်လည်ပတ် နိုင်ရန် လိုအပ်သည့် လမ်းညွှန်ချက်များ၊ MPT နှင့် သက်ဆိုင်သည့် လုပ်ငန်းများနှင့်ဆိုင်သော ကျွမ်းကျင်မှုများ စသည်တို့ကို အထောက်အပံ့ပေးခြင်းနှင့်အတူ အောင်မြင်သည့် ကိုယ်ပိုင်လုပ်ငန်းတစ်ခုဖြစ်လာစေရန် ဖြည့်ဆည်း ပံ့ပိုးပေးသွားမည်ဖြစ်သည်။

ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် စီးပွားရေးလုပ်ငန်းတစ်ခု၏ အခက်အခဲများကို ခွဲခြမ်းစိတ် ဖြာခြင်း၊ ဖြေရှင်းနိုင်မည့်နည်းလမ်းများကို အဆိုပြုတင်သွင်းခြင်းနှင့် ၎င်းတို့ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှု များအတွက် ၎င်းတို့ပစ်မှတ်ထား ထိုးဖောက်မည့် ဈေးကွက်နယ်ပယ်ပုံစံကိုလည်း ဖော်ပြရမည်ဖြစ်သည်။ ယခု အစီအစဉ်မှတစ်ဆင့် လက်တွေ့နယ်ပယ်တွင်အသုံးချနိုင်မည့် နည်းလမ်းများကို လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်ပြီး ၎င်းနည်းလမ်းများမှာ စီးပွားရေးလုပ်ငန်းများအောင်မြင်မှုရရှိရန်အတွက် အခြေခံသော့ချက်တစ်ခုလည်း ဖြစ်သည်။ နယ်ပယ်အချင်းချင်းချိတ်ဆက်ဆောင်ရွက်နိုင်သည့် ဆက်စပ်နည်းပညာများ၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာနည်းပညာများ၊ လူမှုပတ်ဝန်းကျင်အတွက် အသုံးတည့်သော နည်းပညာနှင့် အသုံးချဖြေရှင်းရေးနည်းလမ်းများ၊ Open Data Solution များ၊ ပညာရေးအတွက် အထောက်အကူပြု နည်းပညာ များ၊ ဖျော်ဖြေရေးနှင့် စီးပွားရေးလုပ်ငန်းများအတွက် နည်းပညာများ စသည်တို့ကို အခြေခံထား၍ ဖန်တီးထုတ် လုပ်မည့် ပြိုင်ပွဲဝင်အသင်းများ၏ စီးပွားရေးလုပ်ငန်းစိတ်ကူးစိတ်သန်းများ၊ အစီအစဉ်များကို ယခုနှစ်ပြိုင်ပွဲ အတွက် ဝမ်းမြောက်စွာကြိုဆိုသွားမည်ဖြစ်သည်။

ပြိုင်ပွဲဝင်လူငယ်အသင်းများအနေဖြင့် အစီအစဉ်တွင်ပါဝင်ယှဉ်ပြိုင်နိုင်ရန် လျှောက်လွှာစာရင်းပေး လျှောက်ထားခြင်းကို ၂၀၁၈ခုနှစ် အောက်တိုဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၃၁ ရက်နေ့အတွင်း ဆောင်ရွက်နိုင်ပြီး အဆိုပါပြိုင်ပွဲဝင်လျှောက်လွှာများမှ အထက်မြန်မာပြည် (မန္တလေးအခြေစိုက်) အတွက် ၁၅ သင်းကို မန္တလေးတွင်လည်းကောင်း၊ အောက်မြန်မာပြည် (ရန်ကုန် အခြေစိုက်) အတွက် ၁၅ သင်းကို ရန်ကုန်တွင် လည်းကောင်း အသီးသီးရွေးချယ်သွားမည်ဖြစ်သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင်မူ အဆိုပါ အသင်းများမှာ ၎င်းတို့၏ လုပ်ငန်းထုတ်ကုန်များအတွက် စီးပွားရေးဆိုင်ရာစိတ်ကူးစိတ်သန်းများကို အကဲဖြတ် အဖွဲ့ဝင်များ၏ ရှေ့တွင် ပြသခွင့်ရရှိမည်ဖြစ်သည်။ ၎င်းတို့အထဲမှ ဆန်ခါတင်ရွေးချယ်ခံရမည့် အသင်း (၁၀) သင်း အနေဖြင့် စီးပွားရေးလုပ်ငန်းဆိုင်ရာအစီအစဉ်စိတ်ကူးများအတွက် အခွင့်အလမ်းများကို မြန်မာနိုင်ငံ၏ ထိပ်တန်း စွန့်ဦးတီထွင်လုပ်ငန်းရှင်ခေါင်းဆောင်များမှအထူးသီးသန့် စခန်းသွင်းလေ့ကျင့်မှုမှတစ်ဆင့် လမ်းညွန်ပြသမှုများ ကိုလည်း လက်ခံရရှိမည်ဖြစ်သည်။ ထို့နောက် ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလတွင် ကျင်းပပြုလုပ်မည့် နောက်ဆုံး အကဲ ဖြတ်ပွဲ၌ စိတ်ကူးစိတ်သန်းများကို အကဲဖြတ်အဖွဲ့ဝင်များ၊ မီဒီယာများ၏ ရှေ့တွင် ချပြယှဉ်ပြိုင်ကြရမည် ဖြစ်သည်။ ယခုနှစ်တွင် အနိုင်ရရှိမည့် ပြိုင်ပွဲဝင်အသင်း (၃) သင်းအနေဖြင့်တစ်သင်းလျင် ဆုကြေးငွေ ကျပ်သိန်း (၈၀) ကို စီးပွားရေး လုပ်ငန်းရင်းနှီးမတည်ငွေအဖြစ် လက်ခံရရှိမည်ဖြစ်ပြီ ယင်းပမာဏမှာ ယခင်နှစ်က ပေးအပ်သည့် ဆုကြေးငွေ ကျပ်သိန်း (၅၀)ထက်ပိုမိုတိုးမြှင့်၍ ပေးအပ်ထားသည့် ဆုကြေးတစ်ရပ်လည်း ဖြစ်ပါသည်။

ဆုကြေးငွေအပြင် အနိုင်ရရှိမည့် အသင်းများအနေဖြင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုစင်တာဖြစ်သည့် Kanaung Hub တွင် အခြားသော အောင်မြင်မှု ရရှိနေသည့် လုပ်ငန်းငယ်များနှင့် အနီးကပ်အလုပ်လုပ်ကိုင်နိုင်မည့် နေရာတစ်ခုကိုလည်း (၆)လတိတိ အခမဲ့အသုံးပြုခွင့်ရရှိမည်ဖြစ်သည်။ အနိုင်ရရှိသောအသင်းသည် လမ်းညွှန်ပြသပေးနိုင်မည့်သူများ၏ အနီးကပ်ကူညီထောက်ပံ့မှုကို ရရှိမည်ဖြစ်သည့်အပြင် လုပ်ငန်းနယ်ပယ်အသီးသီးတွင် အောင်မြင်နေသည့် ကြီးကြပ်သူများ၏ စွမ်းဆောင်ရည်မြှင့်တင် ပေးမှုဖြင့် ၎င်းတို့၏လုပ်ငန်းကို အကောင်းဆုံး တိုးတက်စေမည့် အခွင့်အလမ်းများလည်း ရရှိမည်ဖြစ်ပါသည်။

၂၀၁၉ခုနှစ် မြန်မာလူငယ်နည်းပညာစွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ်၏ လုပ်ငန်းစဉ်များ

အချိန်/နေ့ရက် လုပ်ငန်းစဉ်များ
၂၀၁၈ခုနှစ် အောက်တိုဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၃၁ ရက် အထိ

နောက်ဆုံးထားလျှောက်လွှာ တင်သွင်းရမည့်ရက်

၂၀၁၈ခုနှစ် ဒီဇင်ဘာ ၃၁ရက်

ပါဝင်ယှဉ်ပြိုင်လိုသူများအတွက် ပြိုင်ပွဲဝင်လျှောက်လွှာများ လက်ခံပေးခြင်း

 

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၉ ~ ၂၀ ရက်အထက်မြန်မာပြည်အတွက် အသင်း ၁၅ သင်း ရွေးချယ်ပြီး ၎င်းတို့အတွင်းမှ ဆန်ခါတင် ၅ သင်းကို ယှဉ်ပြိုင်ရွေးချယ်ခြင်း
၂၀၁၉ခုနှစ် ဇန်နဝါရီ ၂၅ ~ ၂၆ ရက်အောက်မြန်မာပြည်အတွက် အသင်း ၁၅ သင်း ရွေးချယ်ပြီး ၎င်းတို့အတွင်းမှ ဆန်ခါတင် ၅ သင်းကို ယှဉ်ပြိုင်ရွေးချယ်ခြင်း
၂၀၁၉ခုနှစ် ဇန်နဝါရီ ၃၁ ~ ဖေဖေါ်ဝါရီ ၈ ရက်ဆန်ခါတင်အသင်း ၁၀ သင်းအတွက် စီးပွားရေးနှင့် နည်းပညာဆိုင်ရာစွန့်ဦးတီထွင်လမ်းညွှန်သူ များက အထူးသီးသန့် စခန်းသွင်းလေ့ကျင့်ခြင်း
၂၀၁၉ခုနှစ် ဖေဖေါ်ဝါရီ ၁၀ ရက်စကာတင် ၁၀ သင်းကို ဝိုင်းကြီးချုပ်စနစ်ဖြင့် အမှတ်ပေး အကဲဖြတ်ပြီး အနိုင်ရရှိမည့် အသင်း ၃ သင်းကို ရွေးချယ်ခြင်း
၂၀၁၉ ခုနှစ် မတ်လ မှ သြဂုတ်လအနိုင်ရရှိသည့် အသင်း ၃ သင်းကို Kanaung Hub တွင်အလုပ်လုပ်ကိုင်နိုင်ရန် နေရာပေးခြင်း

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ဥက္ကဌဖြစ်သူ ဦးခွန်ဦးက “ကျွန်တော်တို့အနေနဲ့ အခုလို MPT နဲ့အတူတကွ ထပ်မံလက်တွဲပြီး နိုင်ငံရဲ့ အထူးသဖြင့်ဆက်သွယ်ရေးကဏ္ဍနဲ့ နည်းပညာကဏ္ဍပိုင်းတွေမှာ ဦးစားပေးလုပ်ကိုင်  နေကြတဲ့ လူငယ်စွန့်ဦးတီထွင်သမားတွေကို စိတ်ဓါတ် တက်ကြွလာစေဖို့ ခွန်အားပေးနိုင်တဲ့ အခုလို အစီအစဉ်  ကောင်းကို လုပ်ဆောင်နိုင်တဲ့အတွက် တကယ်ကို စိတ်ကျေနပ်အားရမိပါတယ်။ အခုဆို မြန်မာနိုင်ငံအတွင်းမှာ ဒီဂျစ်တယ်နည်းပညာနဲ့ပတ်သတ်လို့ ကျွမ်းကျင်ပိုင်နိုင်မှုရှိဖို့က ပိုမိုမြင့်တက်လာနေသလို အသစ်အသစ်သော နည်းပညာထုတ်ကုန်တွေဟာလည်း လူငယ်တွေရဲ့ တီထွင်စွမ်းဆောင်မှုတွေအောက်ကနေ အတော်များများ  ဆောင်ကျဉ်းလာနိုင်တာလည်းဖြစ်ပါတယ်။ မှန်ကန်တဲ့ထောက်ပံ့မှုနည်းလမ်းတွေနဲ့အတူ နည်းပညာပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်မှုတွေ ပိုမိုမြင့်တက်လာစေတာတွေ၊ အစီအစဉ်တကျလုပ်ဆောင်တတ်လာစေတာတွေနဲ့ စွန့်ဦးတီထွင်လုပ်ငန်းတွေတည်ထောင်ပြီးအောင်မြင်မှုတွေရရှိထားသူတွေက ကိုယ်တိုင်ကိုယ်ကျ လမ်းညွန်ပြသ  ပေးမှုတွေဟာ ဒီလူငယ်လေးတွေအတွက် ဈေးကွက်အတွင်းမှာ အောင်မြင်မှုလမ်းကြောင်းတစ်ခုပေါ်ကို ချဉ်း ကပ်စေနိုင်မှာဖြစ်ပါတယ်။”ဟု ပြောကြားသည်။

 MPT-KSGM Joint Operations လုပ်ငန်းလည်ပတ်မှုဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr. Yoshiaki Benino က “ပြီးခဲ့တဲ့နှစ်မှာ မြန်မာလူငယ်နည်းပညာစွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ်ကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါပြီ။ အခု တစ်ဖန်ပြန်ပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နဲ့ ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံက စွန့်ဦးတီထွင်လူငယ်လေး  တွေအတွက် ဆက်လက်ပံ့ပိုးကူညီသွားဖို့ကို MPT က စိတ်အားထက်ထက်သန်သန်နဲ့ ဆောင်ရွက်သွားဦးမှာ ဖြစ် ပါတယ်။ နိုင်ငံအတွင်းက နည်းပညာကိုသိရှိနားလည်ပြီး စီးပွားရေးမှာလည်း စိတ်ကူးစိတ်သန်းကောင်းတဲ့ လူငယ်လေးတွေက သူတို့မှာရှိနေတဲ့စွမ်းဆောင်ရည်ကို ပြသချင်ရုံသာမက ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ကဏ္ဍ အသီးသီးမှာလည်း တီထွင်ဖန်တီးနိုင်မှုစွမ်းရည်တွေနဲ့ မောင်းနှင်ဆောင်ရွက်လာနေကြပါတယ်။ ထို့အတူပဲ စက်မှု လုပ်ငန်းကဏ္ဍတွေကိုကြည့်မယ်ဆိုရင် ဒီကနေ့ တိုင်းပြည်မှာ ဒီဂျစ်တယ်နည်းပညာအရွေ့ဟာမြင်သာလွန်းတဲ့ အခြေအနေတစ်ခုလည်းဖြစ်ပါတယ်။ “နှလုံးသားထဲက မြန်မာ” ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်နဲ့အညီ ဒီဘက် နှစ်မှာ မြန်မာနိုင်ငံကြီးကို အမှန်တကယ် ရှေ့ကိုတိုးတက်လှမ်းချီနိုင်စေဖို့နဲ့ အရည်အချင်းရှိတဲ့ စွန့်ဦးတီထွင် သမားတွေအတွက် သူတို့လိုအပ်တဲ့ ကျွမ်းကျင်မှုအတတ်ပညာတွေဖြည့်ဆည်းထောက်ပံ့ပေးတာမျိုး၊ ဒါမှမဟုတ်

ဘယ်လိုအောင်မြင်အောင်လုပ်ဆောင်ရမယ်ဆိုတဲ့နည်းလမ်းတွေလမ်းညွန်ပြသပေးတာစသဖြင့် စီးပွားရေးလုပ် ငန်းသစ်တွေပိုပြီး မွေးဖွားပေးနိုင်ဖို့အတွက် အမျိုးမျိုးသော လှုပ်ရှားမှုတွေ၊ အစီအစဉ်တွေကို လုပ်ဆောင်သွားမှာ  ဖြစ်ပါတယ်” ဟု ပြောကြားသည်။

 ယခင်နှစ်ပြိုင်ပွဲအတိုင်း ပြိုင်ပွဲဝင်အဖွဲ့များအနေဖြင့် MPT နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ဖေ့စ်ဘွတ် စာမျက်နှာများမှတစ်ဆင့် မီဒီယာများနှင့် ထိတွေ့ခွင့် အများအပြားရရှိနိုင်မည့်အပြင် ၎င်းတို့၏ စီးပွားရေးလုပ်ငန်း ဆိုင်ရာ စိတ်ကူးအတွေအကြံများကိုလည်း မီဒီယာစာမျက်နှာများပေါ်တွင် ဖော်ပြခြင်းဖြင့် လူအများပိုမိုသိရှိ       နိုင်မည်လည်း ဖြစ်သည်။ ပြိုင်ပွဲအတွက် သီးသန့်အင်တာနက် စာမျက်နှာနှင့် လူမှုကွန်ရက်မီဒီယာများကို ဖန်တီး မိတ်ဆက်ပေးသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်များအနေဖြင့် လျှောက်လွှာများကို အွန်လိုင်းမှတစ်ဆင့် သော်လည်းကောင်း သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ MPT ရုံးများတွင်ရယူခြင်းဖြင့် သော်လည်းကောင်း ရယူကာ ဝင်ရောက် ယှဉ်ပြိုင်နိုင်မည်။

ပြိုင်ပွဲအစီအစဉ်၏ လျှောက်လွှာတင်ခြင်း၊ ဆောင်ရွက်ရမည့်အဆင့်များနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက www.mmtechnopreneurship.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ လျှောက်လွှာများကို https://bit.ly/2ypVtMG  တွင်ရှိသည့် တိုင်းနှင့်  ပြည်နယ်အသီးသီးမှ MPT ရုံးများ တွင် ရရှိလျောက်ထား နိုင်မည်လည်း ဖြစ်ပါသည်။ စိတ်ပါဝင်စားသည့် အသင်းများအနေဖြင့် MPT နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ တရားဝင်ဝက်ဘ်ဆိုက်များ၊  ဖေ့စ်ဘွတ်စာမျက်နှာများသို့ ဝင်ရောက် လေ့လာနိုင်ပါသည်။

MPT က စာဖတ်ဝါသနာအိုးများအတွက် ကဏ္ဍအစုံအလင်ပါဝင်သော မြန်မာ့ပထမဆုံး eBook ဝန်ဆောင်မှုအသစ်ကို စတင်မိတ်ဆက်

(ရန်ကုန်၊ ၂၀၁၈ခုနှစ် အောက်တိုဘာ ၁၇ ရက်) – MPT မှ ကဏ္ဍအစုံအလင်ပါဝင်သော MPT Books အမည်ရှိ မြန်မာ့ပထမဆုံး eBook ဝန်ဆောင်မှုကို ယနေ့စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ အဆိုပါဝန်ဆောင်မှုတွင် သုံးစွဲသူများက မြန်မာနိုင်ငံအတွင်းရှိ နာမည်ကျော် စာရေးဆရာကြီးများ၏ ထင်ရှားကျော်ကြားသော ရသစာပေ များ၊ ရယ်စရာဟာသရုပ်စုံစာအုပ်များ၊ ဗဟုသုတစုံလင်သော မဂ္ဂဇင်းစာအုပ်များနှင့် နောက်ဆုံးရသတင်းများစွာ ပါဝင်သည့် ဂျာနယ်အမျိုးအစားစုံကို တစ်နေရာတည်းတွင် အစုံလင်ဆုံးနှင့်အကြီးမားဆုံး အွန်လိုင်းစာကြည့် တိုက်သဖွယ် အလွယ်တကူ ဝင်ရောက်ဖတ်ရှုနိုင်မည်ဖြစ်သည်။ MPT သုံးစွဲသူများက ၎င်းတို့ မိုဘိုင်းလ်ဖုန်းများရှိ MPT Books အက်ပလီကေးရှင်းဝန်ဆောင်မှု (အောက်တိုဘာလအကုန်တွင် အသုံးပြုနိုင်မည်ဖြစ်သည်) မှသော်လည်းကောင်း (သို့မဟုတ်) ၎င်းတို့၏အခြားသော ဖုန်းများ၊ တက်ဘလက်များ နှင့် ကွန်ပျူတာရှိ web browser များမှနေ၍ ဝင်ရောက်ဖတ်ရှုနိုင်မည်ဖြစ်သည်။ စာအုပ်၊ ဂျာနယ် နှင့် မဂ္ဂဇင်းများကို ဝယ်ယူဖတ်ရှုခြင်း (သို့မဟုတ်) စာအုပ်နှင့်မဂ္ဂဇင်းများကို ငှားရမ်းဖတ်ရှုခြင်း၊ ဂျာနယ် နှင့် မဂ္ဂဇင်းများကို လစဉ်စာရင်းပေးသွင်း စနစ်တို့ဖြင့် ရွေးချယ်ဖတ်ရှုနိုင်မည်ဖြစ်သည်။

ဝန်ဆောင်မှုကိုပေးအပ်နိုင်ရန်အတွက် စိတ်ကူးချိုချို၊ ငါတို့စာပေ (We Digital) တို့အပြင် မြန်မာနိုင်ငံအတွင်းရှိ ထိပ်တန်း စာပေထုတ်ဝေရေး ၃၀ ကျော်နှင့် လက်တွဲလုပ်ဆောင်ခဲ့ပြီး eBook ဗားရှင်းဖြင့် ပုံနှိပ်ထုတ်ဝေလျက်ရှိသည့် စာအုပ်အမျိုး အစားပေါင်းထောင်ကျော်ကို ရယူဖတ်ရှုနိုင်စေရန် ဆောင်ရွက်ထား သည်။ အရောင်အသွေးရသစုံလင်လှသော စာအုပ်အမျိုးအစားပေါင်း ၆၀၀ ကျော်ကို MPT Books စတင်မိတ်ဆက်သည့်အချိန်တွင် စတင်ရယူဖတ်ရှုနိုင်မည်ဖြစ်ပြီး ဂျာနယ် ၂၄ စောင်နှင့် မဂ္ဂဇင်းစာအုပ်ပေါင်း ၂၆ အုပ်အပြင် ထောင်နှင့်ချီသော စာအုပ်အမျိုးအစားအသစ်များကိုမူ မိတ်ဆက်ပြီး မကြာမီကာလများတွင် ရယူဖတ်ရှုနိုင်မည်ဖြစ်သည်။

MPT Books ၏ Web Page ကို Lo Ta Ya Portal လင့်ခ် https://lotaya.mpt.com.mm/ မှ ဒေါင်းလုတ် ရယူခြင်း (သို့) *7272# သို့ ဖုန်းခေါ်ဆို၍ SMS မှတစ်ဆင့် ဒေါင်းလုတ်လင့်ခ် ရယူနိုင်ပြီး ဝန်ဆောင်မှုကို စာရင်းပေးသွင်း ပြီးသည်နှင့်တစ်ပြိုင်နက် စတင်အသုံးပြုသူများအတွက် မဂ္ဂဇင်းနှင့်ဂျာနယ် package များကို
၇ ရက်တာ အခမဲ့ရယူ ဖတ်ရှုနိုင်မည်ဖြစ်သည်။ အခမဲ့အစမ်းအသုံးပြုနိုင်ခွင့်ကာလပြီးဆုံးပါက သုံးစွဲသူများ အနေဖြင့် လစဉ်ကြေး တစ်လလျှင် ၁,၉၉၉ ကျပ်ပေးသွင်း၍ ဝန်ဆောင်မှုများကို ဆက်လက်သုံးစွဲနိုင် မည်ဖြစ်သည်။ (စာရင်းပေးသွင်းရမည့် မဂ္ဂဇင်းနှင့်ဂျာနယ် package များကို နိုဝင်ဘာလတွင် မိတ်ဆက်ပေး သွားမည်ဖြစ်သည်)

ရသစာပေများတွင် မြန်မာစာဖတ်ပရိတ်သတ်များ၏ ချစ်ခင်လေးစားမှုကို ရရှိထားသော စာရေးဆရာများဖြစ်ကြ သည့် ချစ်ဦးညို၊ မစန္ဒာ၊ မသီတာ(စမ်းချောင်း)တို့အပြင် အခြားသော နာမည်ကြီးစာရေးဆရာများစွာပါဝင်ပြီး ၎င်း တို့၏ စာအုပ်များကို အသက်သာဆုံးနှှုန်းထားဖြစ်သော ၁၅၀ ကျပ်မှစတင်၍ ဝယ်ယူနိုင်မည် (သို့မဟုတ်) ၄၈ နာရီကြာ ငှားရမ်းဖတ်ရှုမှုများအတွက် ဝယ်ယူထားသောစာအုပ်တစ်အုပ်၏ ၈၅% သက်သာစွာဖြင့် ငှားရမ်း ဖတ်ရှုနိုင်မည်ဖြစ်သည်။ တစ်ကြိမ်ဒေါင်းလုတ်ရယူလိုက်သည် နှင့် အဆိုပါစာအုပ်များကို အချိန်တိုင်း Online ၊ Offline နှစ်မျိုးစလုံးဖြင့် ပြန်လည်ဖတ်ရှုနိုင်မည်ဖြစ်သည်။ ထို့အပြင် စာဖတ်သူများအနေဖြင့် MPT Books တွင် စာအုပ်များငှားရမ်း၊ ဝယ်ယူမဖတ်ရှုမီ အခမဲ့ပေးထားသည့် eBooks များကိုလည်း ရယူဖတ်ရှုနိုင်မည် ဖြစ်သည်။

MPT-KSGM Joint Operations စီးပွားရေးဌာနကြီး၏အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda က ”မြန်မာနိုင်ငံ အတွင်းမှာ စာဖတ်နှုန်းဟာ ၉၀% အထိမြင့်တက်လာခဲ့ပေမယ့် အဲ့လိုမြင့်တက်လာတဲ့စာဖတ်နှုန်းအတွက် အဓိကစိန်ခေါ်မှုတစ်ရပ်က သူတို့စိတ်ကြိုက်စာအုပ်စာပေတွေကို ဘယ်နေရာမှာ ရှာရမလဲဆိုတာပါပဲ။ ဒါကလည်း နေရာတိုင်းမှာ စာအုပ်ဆိုင်တွေရှိမနေနိုင်တော့ခြင်းရဲ့အကြောင်းအရင်းတစ်ခုပါ။ ဒီလို လိုအပ်နေတဲ့ ကွက်လပ်တစ်ခုအတွက် ကျွန်တော်တို့အနေနဲ့ ကဏ္ဍအစုံအလင်ပါရှိတဲ့ MPT Books ဆိုတဲ့ eBooks ဝန်ဆောင်မှုအသစ်ကို နိုင်ငံတွင်းမှာ မိတ်ဆက်ပေးနိုင်ခဲ့ပြီးတော့ ဒီဝန်ဆောင်မှုကနေ မြန်မာနိုင်ငံအတွင်းမှာ ပုံနှိပ်ဖြန့်ချိနေတဲ့ စာအုပ်စာပေအမျိုးအစားပေါင်းများစွာကို အကြီးမားဆုံး စာကြည့်တိုက်ကြီးသဖွယ် ရယူဖတ်ရှုနိုင်မှာဖြစ်သလို စာဖတ်ခြင်းကို ခုံမင်ကြသူတွေအတွက် သူတို့ရှာဖွေချင်တဲ့၊ ငှားရမ်းဝယ်ယူချင်တဲ့ စာအုပ်အမျိုးအစားတွေကို အချိန်မရွေး၊ နေရာမရွေး အလွယ်တကူနဲ့ သက်သက်သာသာ ရှာဖွေဖတ်ရှုနိုင်ပါပြီ။ ဒီလိုဝန်ဆောင်မှုဟာ စိတ်ကူးချိုချိုနဲ့ ငါတို့စာပေ တို့လို စာပေထုတ်ဝေရေးတွေရဲ့ ပူးပေါင်းလုပ်ဆောင်မှု ကြောင့်သာ ဖြစ်မြောက်အောင်မြင်လာခဲ့တာဖြစ်သလို MPT ရဲ့ ဝန်ဆောင်မှုအသစ်ကနေ ပြည်သူလူထုအတွက် ဗဟုသုတအသိအမြင်တွေများစွာကို ကြွယ်ဝတိုးတက်လာစေဖို့ အများကြီးအထောက်အကူပြုစေမှာ ဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုမှာ မြန်မာနိုင်ငံရဲ့ထိပ်တန်း ရောင်းတန်းမြင့် စာအုပ်စာပေပေါင်းများစွာကို ရရှိနိုင်မှာဖြစ်ပြီးတော့ တစ်နိုင်ငံလုံးမှာရှိကြတဲ့ စာပေချစ်မြတ်နိုးသူတိုင်းအတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခုလည်း ဖြစ်လာစေ မှာပါ” ဟု ပြောကြားသည်။

ဝန်ဆောင်မှုအသစ်စတင်မိတ်ဆက်ခြင်းနှင့်အတူ ကံစမ်းမဲပရိုမိုရှင်းအစီအစဉ်တစ်ခုကိုလည်း ဝန်ဆောင်မှုသုံးစွဲ သူများအတွက် ပေးအပ်သွားမည်ဖြစ်ပြီး ဝန်ဆောင်မှုရယူသုံးစွဲထားသူအားလုံးက iPad 6 နှင့် Samsung Tab 10.1 များကို ကံထူးနိုင်မည်ဖြစ်သည်။ ကံစမ်းမဲကာလမှာ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၇ ရက်မှ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် ဖြစ်ပြီး အဆိုပါရက်အတွင်း ဝန်ဆောင်မှုရယူသူများအားလုံး ကံစမ်းမဲအစီအစဉ်တွင် အကျုံးဝင်မည်ဖြစ်သည်။ ကံထူးရှင်များကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် တရားဝင်ထုတ်ပြန်ကြေညာပေး သွားမည်ဖြစ်သည်။ ထို့အပြင် MPT Books အသုံးပြုသူများအနေဖြင့် ချစ်ဦးညို ၏ စာအုပ်များကို နိုဝင်ဘာလ ၁၁ ရက်အထိ အခမဲ့ ရယူဖတ်ရှု နိုင်မည်ဖြစ်သည်။

MPT Books ကို https://books.mpt.com.mm/ လင့်ခ်တွင် ဝင်ရောက်ဖတ်ရှုအသုံးပြုနိုင်မည်ဖြစ်သည်။ အကောင့်တစ်ခုဖြင့် စာရင်းပေးသွင်းရယူထားသူများအနေနှင့် ဝန်ဆောင်မှုကို မတူညီသည့် device ၅မျိုး (မိုဘိုင်းလ် ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ အစရှိသည်တို့) ပေါ်မှ တစ်ပြိုင်နက်တည်း ဝင်ရောက်ဖတ်ရှုအသုံးပြုနိုင်ပြီး iOS များ နှင့် အန်းဒရွိုက်ဖုန်းများသာမက ကွန်ပျူတာ web browsers များမှ လည်း ဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်သည်။

MPT Books ဝန်ဆောင်မှု (သို့မဟုတ်) အခြားသောဝန်ဆောင်မှုများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက သုံးစွဲသူ ဝန်ဆောင်မှုစင်တာ 106 သို့ ခေါ်ဆိုခြင်း (သို့) www.mpt.com.mm ဝက်ဘ်ဆိုက်နှင့် MPT ၏ တရားဝင်ဖေ့စ်ဘွတ်ပေ့ချ် https://www.facebook.com/mptofficialpage. တို့တွင်လည်း ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

စွဲမက်ဖွယ်ရာဆုလက်ဆောင်များ နှင့် နိုင်ငံခြားခရီးစဉ်များပါဝင်သည့် လိုတရ သီတင်းကျွတ်အခါသမယ အထူးကံစမ်းမဲအစီအစဉ်

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်) – MPT က နိုင်ငံတစ်ဝှမ်းရှိ သုံးစွဲသူများထံသို့ အသစ်ပြန်လည်ဆန်းသစ်ထားသည့် လိုတရ Portal နှင့်အတူ Apple iPhone XS Max နှင့် Samsung Galaxy A6 Plus စမတ်ဖုန်းများအပြင် အခြားအံ့အားသင့်ဖွယ်ရာဆုလက်ဆောင်များစွာ ပါဝင်သည့် သီတင်းကျွတ်အခါသမယ အထူးကံစမ်းမဲအစီအစဉ်ကို ယနေ့ စတင်မိတ်ဆက်လိုက်သည်။ ထို့အပြင် ဗီယက်နမ်နိုင်ငံ ဟနွိုင်း၊ ဟလောင်းဘေး နှင့် ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေသို့ သွားရောက်လည် ပတ်ခွင့်ရမည့် နိုင်ငံခြားခရီးစဉ်ဆုမဲများလည်း ပါဝင်မည်ဖြစ်သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက်မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင်း လိုတရ ၏ နေ့စဉ်၊ အပတ်စဉ်ပြုလုပ်သွားမည့် ကံစမ်းမဲအစီအစဉ်များတွင် ပါဝင်နိုင်ရန် သုံးစွဲသူများက MPT ကွန်ရက် ချိတ်ဆက်ထားသည့် မိုဘိုင်းလ်ဖုန်းဖြင့် လိုတရအက်ပလီကေးရှင်း (သို့မဟုတ်) လိုတရ Web Page ဖြစ်သည့် https://lotaya.mpt.com.mm/ သို့ ဝင်ရောက်ရမည်ဖြစ်သည်။ နိုင်ငံခြားခရီးစဉ်ဆုမဲအစီ အစဉ်တွင် ပါဝင်နိုင်ရန်အတွက်မူ သုံးစွဲသူများအနေဖြင့် ၂၀၁၈ခုနှစ် အောက်တိုဘာလ ၁၅ ရက်မှ ၂၀၁၈ခုနှစ် နိုဝင်ဘာလ ၁၄ ရက်အတွင်း လိုတရအက်ပလီကေးရှင်း(သို့) လိုတရ Web Page မှ တစ်ဆင့် ဝင်ရောက်ရမည်ဖြစ်သည်။ ဗီယက်နမ် နှင့် ထိုင်းနိုင်ငံ ဒီဇင်ဘာခရီးစဉ်လက်မှတ် (၃)စောင် ကံထူးရှင်များကို ကံစမ်းအစီအစဉ် ကုန်ဆုံးမည့် နိုဝင်ဘာလလယ်တွင် ကြေညာသွား မည်ဖြစ်ပါသည်။ ကံစမ်းမဲအစီအစဉ် အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

နေ့စဉ်ကံစမ်းမဲ အစီအစဉ်
(ကာလ – ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၁၅ ရက်နေ့ အထိ)

ဆုလက်ဆောင်မှတ်ချက်
REMAX Fabric Ultra-Thin Portable Bluetooth Speaker RB-M9

ကံထူးရှင် ၅ဦးကို နေ့စဉ်ရွေးချယ်ပေးအပ်မည်

 

ပထမလ (အောက်တိုဘာ)

REMAX RB-S7

Sporty Bluetooth Earphone

ကံထူးရှင် ၅ဦးကို နေ့စဉ်ရွေးချယ်ပေးအပ်မည်

 

ဒုတိယလ (နိုဝင်ဘာ)

REMAX 20000mAh Linon Pro Power BankPro RPP-73

ကံထူးရှင် ၅ဦးကို နေ့စဉ်ရွေးချယ်ပေးအပ်မည်

 

 

တတိယလ (ဒီဇင်ဘာ)

လစဉ်ကံစမ်းမဲ အစီအစဉ်
(ကာလ – ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၁၅ ရက်နေ့ အထိ)

ဆုလက်ဆောင်မှတ်ချက်
Apple iPhone XS Max (64GB)*

*ကံထူးရှင် ၃ ဦးကို  အပတ်စဉ်ရွေးချယ်ပေးအပ်မည်

 

*MPT Club အဖွဲ့ဝင်များသာ

Samsung Galaxy A6 Plus

*ကံထူးရှင် ၃ ဦးကို  အပတ်စဉ်ရွေးချယ်ပေးအပ်မည်

 

 

ခရီးစဉ်ဆုမဲ အစီအစဉ် – ဒီဇင်ဘာလ ခရီးစဉ်
(ကာလ – ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်မှ နိုဝင်ဘာလ ၁၄ ရက်အထိ)

ဆုလက်ဆောင်မှတ်ချက်
ဗီယက်နမ်- ဟနွိုင်းနှင့် ဟလောင်ဘေး ခရီးစဉ်

နှစ်ဦးအတွက် အသွားအပြန် ခရီးစဉ်

ကြယ်လေးပွင့် အဆင့်ရှိ ဟိုတယ်တွင် သုံးညအိပ် ၄ ရက်

*ကံထူးရှင် ၃ ဦးကို  ရွေးချယ်ပေးအပ်မည်

 

 

 

 

 

 

 

*MPT Club အဖွဲ့ဝင်များသာ

 

ထိုင်းနိုင်ငံ- ဖူးခက် ခရီးစဉ်

နှစ်ဦးအတွက် အသွားအပြန် ခရီးစဉ်

ကြယ်လေးပွင့် အဆင့်ရှိ ဟိုတယ်တွင် နှစ်ညအိပ် ၃ရက်

* ကံထူးရှင် ၃ ဦးကို  ရွေးချယ်ပေးအပ်မည်

 

MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ပြန်လည် ဆန်းသစ်ထားတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော လိုတရ Web Portal မှာ  အသုံးဝင်စေမယ့် သတင်းတွေ၊ ရာသီဥတု၊ အားကစား၊ ဂိမ်းအက်ပလီကေးရှင်း၊  ဖျော်ဖြေရေးသတင်းတွေကို တစ်နေရာထဲမှာ အကုန်ရနိုင်မယ့်အပြင် စိတ်လှုပ်ရှားစရာ ကံစမ်းမဲအစီ အစဉ်ကိုလည်း ဆောင်ရွက်ထားပါတယ်။ Portal ကိုဝင်ရောက်လေ့လာရင်း ကံစမ်းမဲအစီအစဉ်မှာ ပါဝင်ပြီး မိုဘိုင်းလ်ဆက်စပ်ပစ္စည်းတွေ၊ အဆင့်မြင့်စမတ်ဖုန်းတွေနဲ့ နိုင်ငံခြားခရီးစဉ် ဆုမဲတွေကို အခုပဲ ကံစမ်းနိုင်ပါပြီ။ သုံးစွဲသူတွေအတွက် နိုင်ငံရဲ့ထိပ်တန်းဆက်သွယ်ရေးကွန်ရက်ပေါ်ကနေတစ်ဆင့် မြန်နှုန်းမြင့်မိုဘိုင်းလ် ဆက်သွယ်မှု ဝန်ဆောင်မှုတွေကို ခံစားရယူရင်း အခုလို အထူးကံစမ်းမဲအစီအစဉ်တွေမှာလည်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။

လိုတရ အက်ပလီကေးရှင်းကို အန်းဒရွိုက်ဖုန်း အသုံးပြုသူများ ရယူနိုင်မည်ဖြစ်ပြီး ၎င်းအက်ပလီကေး ရှင်းဖြင့် သတင်း၊ ဂိမ်း၊ ခေါ်သူနားဆင်တေးသံစဉ် အပါအဝင် လက်ကျန်ငွေစစ်ဆေးခြင်း၊ MPT Club ပွိုင့်များ စစ်ဆေးခြင်း စသည့်ဝန်ဆောင်မှုများကို ရယူနိုင်မည်ဖြစ်သည်။ လိုတရအက်ပလီကေးရှင်းကို http://lotayamm.com/lotaya.apk တွင် ဒေါင်းလုတ်ယူ၍ဖြစ်စေ သို့မဟုတ် *2727# ကို ခေါ်ဆိုပြီး SMS ဖြင့်ပေးပို့လာမည့် ဒေါင်းလုတ်လင့်ခ်ကို ရယူနိုင်မည်ဖြစ်သည်။

အသေးစိတ်အချက်အလက်ကိုသိရှိလိုပါက ၁၀၆ သို့ ဖုန်းခေါ်ဆို၍ ဖြစ်စေ သို့မဟုတ် https://www.mpt.com.mm နှင့် MPT ၏ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာဖြစ်သည့် http://www.facebook.com/mptofficialpage တွင်ဖတ်ရှုလေ့လာနိုင်ပါသည်။

MPT မှ FTTH ဝန်ဆောင်မှုကို အစီအစဉ်အသစ်များအဖြစ် ပြန်လည်ပြင်ဆင်ပြီး မြန်နှုန်းငါးဆအထိမြှင့်တင်

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၂ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT မှ ယခင်အတိုင်း မပြောင်းလဲသည့် အသက်သာဆုံးသောနှုန်းထားဖြင့် ၎င်း၏ Fiber-To-The-Home (FTTH) ဝန်ဆောင်မှုကို မြန်နှုန်းငါးဆအထိ တိုးမြှင့်လိုက်ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက်မှ စတင်၍ သီတင်းကျွတ် ပွဲတော် အချိန်အခါသမယအမီ ရယူအသုံးပြုနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

သုံးစွဲသူများအနေဖြင့် အသစ်ပြောင်းလဲပြင်ဆင်လိုက်သည့် မြန်နှုန်းအမြင့်ဆုံး 50 Mbps ရရှိမည့် ပက်ကေ့ချ် အသစ်များကို စတင်ရယူအသုံးပြုနိုင်ပြီဖြစ်ပြီး ဝက်ဘ်ဆိုက်များဝင်ရောက်ကြည့်ရှုခြင်း၊ လူမှုကွန်ရက်မီဒီယာများ ချိတ်ဆက်အသုံးပြုခြင်း၊ ဖိုင်များဒေါင်းလုတ်ပြုလုပ်ခြင်း၊ လွှင့်တင်ခြင်း၊ တေးသီချင်းများ အွန်လိုင်းမှတိုက်ရိုက် နားဆင်ခံစားခြင်း၊ ဂိမ်းကစားခြင်း (သို့မဟုတ်) ကြိုက်နှစ်သက်ရာ ရုပ်ရှင်ဇာတ်လမ်းများကို အွန်လိုင်းမှ တိုက်ရိုက်ကြည့်ရှုခံစားခြင်း စသည်တို့ကို MPT ၏ မြန်နှုန်းမြင့် ကွန်ရက်ပေါ်တွင် ကြည့်ရှုခံစားနိုင်တော့ မည်ဖြစ်သည်။

ယခင် အမြန်နှုန်း နှင့်အသစ်ပြောင်းလဲပြင်ဆင်လိုက်သည့် အမြန်နှုန်း နှိုင်းယှဉ်မှုပြဇယား

ယခင်ယခု
အမြန်နှုန်းလစဉ်ကြေး (ကျပ်)အမြန်နှုန်းအသစ်လစဉ်ကြေး (ကျပ်)
Max.2 Mbps၃၉,၀၀၀Max.10 Mbps၃၉,၀၀၀
Max.5 Mbps၆၉,၀၀၀Max.25 Mbps၆၉,၀၀၀
Max.10 Mbps၁၀၉,၀၀၀Max.50 Mbps၁၀၉,၀၀၀

လက်ရှိအသုံးပြုနေသည့် MPT ၏ FTTH သုံးစွဲသူများသည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် အသစ်ပြောင်းလဲပြင်ဆင်လိုက်သည့် အစီအစဉ်အသစ်များကို အလိုအလျောက်အသုံးပြုနိုင်မည်ဖြစ်သည်။

ထို့အပြင် အရည်အသွေးမြင့်မားသော ထိပ်တန်းအင်တာနက်အမြန်နှုန်းဝန်ဆောင်မှုများပေးအပ်လျက်ရှိသည့် MPT ၏ FTTH ဝန်ဆောင်မှုကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ချမ်းအေးသာဇံမြို့နယ်မှ သုံးစွဲသူများလည်း အသုံးပြုနိုင်ပြီဖြစ်သည်။ အဆိုပါ FTTH ဝန်ဆောင်မှုကို ရန်ကုန်မြို့တွင်းမြို့နယ်များဖြစ်သော ပန်းဘဲတန်း၊ လမ်းမတော်၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ လသာ၊ စမ်းချောင်း၊ မင်္ဂလာတောင်ညွှန့်၊ ကျောက်မြောင်း နှင့် ယုဇနပလာဇာအနီးတစ်ဝိုက်တွင်လည်း ဖြန့်ကျက်ထားနိုင်ခဲ့ပြီး ကျန်ရှိနေသေးသည့် ဒေသများဆီသို့ ဆက်လက် ဖြန့်ကျက်နိုင်ရန် MPT မှ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

MPT-KSGM Joint Operations မှ စီးပွားရေးဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda က “ကျွန်တော်တို့ MPT ရဲ့ FTTH ဝန်ဆောင်မှုကို အရင်ထက် ၅ ဆ ပိုမြန်အောင် အဆင့်မြှင့်တင်ပြီး အသစ်ပြင်ဆင် ပြောင်းလဲလိုက်ပါပြီ။ ဒါပေမဲ့ ဈေးနှုန်းကတော့ အရင်အတိုင်းမပြောင်းလဲတဲ့နှုန်းထားတစ်ခုနဲ့ သုံးစွဲသူတွေက သုံးစွဲနိုင်မှာပါ။ ဒါကြောင့် FTTH ဝန်ဆောင်မှုကိုရယူအသုံးပြုနေသူတွေတိုင်းက မြန်ဆန်ပြီးအရမ်းကောင်းတဲ့ နောက်ဆုံးပေါ်အင်တာနက်ကွန်ရက်ချိတ်ဆက်မှုတွေကနေ ဖျော်ဖြေရေးအစီအစဉ်တွေကြည့်ရှုခံစားတာဖြစ်စေ လုပ်ငန်းပိုင်းအတွက်အသုံးပြုရာမှာဖြစ်စေ၊ ဂိမ်းကစားတာနဲ့ ဆိုရှယ်မီဒီယာတွေအသုံးပြုရာမှာဖြစ်စေ အရင်နဲ့ မတူတဲ့ အပြောင်းအလဲတွေကို ခံစားနိုင်ပါပြီ။ ဒါ့အပြင် မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ်မှာ နေထိုင်ကြတဲ့သူ တွေနဲ့ လုပ်ငန်းရှင်တွေဆီကို အခုလိုမြန်ဆန်ကောင်းမွန်တဲ့ FTTH ဝန်ဆောင်မှုတွေ တိုးချဲ့ပေးအပ်လိုက်နိုင်တဲ့ အတွက် MPT အနေနဲ့ အတိုင်းမသိဝမ်းသာဂုဏ်ယူမိပါတယ်။ MPT ကိုသုံးစွဲကြသူအားလုံး ပျော်ရွှင်ဖွယ်ရာ သီတင်းကျွတ်အခါသမယလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ဒီပွဲတော်ပိတ်ရက်ရှည်မှာ အသစ်ပြောင်းလဲပေးလိုက်တဲ့ FTTH ဝန်ဆောင်မှုအသစ်ရဲ့ မြန်ဆန်တဲ့မြန်နှုန်း၊ နှုန်းထားအသစ်တွေကို ခံစားရ ယူပျော်ရွှင်နိုင်ကြပါစေ။” ဟု ပြောကြားသည်။

အသစ်ပြင်ဆင်ပြောင်းလဲလိုက်သည့် FTTH ဝန်ဆောင်မှုနှင့်ပတ်သက်၍ အသေးစိတ်ထပ်မံသိရှိလိုပါက MPT အမှတ်တံဆိပ်စတိုးများ၊ Call Center နံပါတ် ၁၀၆ (သို့) ၀၁-၂၃၉၉၁၀၆ သို့ဆက်သွယ်မေးမြန်းခြင်းအပြင် http://mpt.com.mm/mm/home-mm/fixed-line-services-mm/ftth-service-mm/ သို့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်မည်ဖြစ်သည်။

MPT က နိုင်ငံတစ်ဝှမ်းရှိ ကလေးငယ်များအကြား တစ်ကိုယ်ရည်သန့်ရှင်းမှု တိုးတက်လာစေရန် တိုင်းနှင့်ပြည်နယ် ၃ ခုရှိ ကျောင်းများသို့ လက်သန့်ရှင်းရေး အထောက်အကူပြုပစ္စည်းများကို အောင်မြင်စွာ လွှဲပြောင်းပေးအပ်နိုင်ခဲ့

(ရန်ကုန်၊ ၂၀၁၈ခုနှစ် အောက်တိုဘာလ ၁၁ ရက်) – MPT က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်သော လက်သန့်ရှင်းရေးပညာပေး အစီအစဉ် မှတစ်ဆင့် မန္တလေးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ မူလတန်းကျောင်း ၁၅ ကျောင်းမှ ကျောင်းသား/သူ ဦးရေ ၂,၄၀၀ ကျော်အတွက် လက်သန့်ရှင်းရေးအထောက်အကူပြုပစ္စည်းများကို အောင်မြင်စွာ လွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ယနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။ ၎င်းအစီအစဉ် ကို ယခုနှစ် ဇူလိုင်လအစောပိုင်းတွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး ကျောင်းသားလူငယ်များအနေဖြင့် လက်ကို စင်ကြယ်စွာပုံမှန်ဆေးကြောတတ်စေရန်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အလေ့အထကို ငယ်စဉ်ကတည်းက မွေးမြူတတ်စေရေးအတွက် လေ့ကျင့်သင်ကြားပေးရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

MPT က ဆောင်ရွက်ခဲ့သည့် အုပ်စုလိုက်လက်ဆေးကန်နှင့် လက်သန့်ရှင်းရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်းခြင်းအစီအစဉ်တွင် လက်ဆေးကန်နေရာများ၊ လက်ဆေးကန်ပိုက်များ၊ ရေပိုက်နှင့် လက်ဆေးကန် များကို အထက်ပါကျောင်းများတွင် တည်ဆောက်ပေးခဲ့ပြီး ကျောင်းသား/သူများအတွက် လက်ကို စင်ကြယ်စွာဆေးကြောနိုင်မည့် နည်းစနစ်များ၊ အစာမစားမီနှင့် အစာစားပြီး (သို့) အိမ်သာအဆင်းတွင် လက်ဆေးခြင်း အစရှိသည့် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့်သက်ဆိုင်သော ကျောင်းကျန်းမာရေးပညာပေး အသိပညာများကို သင်ကြားပေးနိုင်ခဲ့ပါသည်။ ၎င်းအစီအစဉ်၏ ရည်ရွယ်ချက်မှာ ရေဆိုးနှင့်မိလ္လာစနစ်များ စနစ်ကျစွာ မပြုလုပ်ထားခြင်းဖြင့် ရရှိလာနိုင်သည့် ရောဂါများ၊ ဘက်တီးရီးယားပိုးများမှတစ်ဆင့် ကူးစက်ရောဂါများ ရရှိစေနိုင်သည့်အကြောင်းများကို ကလေးငယ်များအား အသိပညာ ဖြန့်ဝေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် MPT တို့ ရွေးချယ်ထားသော ဒေသ ၃ခုမှ မူလတန်းကျောင်း ၅ ကျောင်းစီတွင် အထက်ပါအစီအစဉ်များကို ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်သည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနမှ အရာရှိချုပ် Mr. Yoshiaki Benino က “တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတာနဲ့ ကောင်းမွန်မှုမရှိတဲ့ မိလ္လာစနစ်ဆိုးတွေက ကျန်းမာရေးအတွက် အထူးသဖြင့် ကလေးငယ်လေးတွေအတွက် ဆိုးဝါးတဲ့ ကျန်းမာရေးထိခိုက်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ အခု ဆို အုပ်စုလိုက်လက်ဆေးကန်နဲ့ လက်သန့်ရှင်းရေးအထောက်အကူပြုပစ္စည်းတွေကို ကျောင်း ၁၅ ကျောင်း မှာ အောင်အောင်မြင်မြင်နဲ့ တပ်ဆင်ပြီးစီးနိုင်ခဲ့တဲ့အပြင် ကျောင်းသူ၊ကျောင်းသားလေးတွေအတွက် လက်ကို အမြဲစင်ကြယ်စွာဆေးကြောတတ်ဖို့ ဘာလို့အရေးကြီးတယ်ဆိုတဲ့ အသိပညာတွေကို ဖြန့်ဝေပေး နိုင်ခဲ့လို့ အင်မတန်ဝမ်းမြောက်ပီတိဖြစ်မိပါတယ်။ ဒါတင်မကသေးဘဲ သူတို့လေးတွေကနေ သူတို့ရဲ့ မိသားစု တွေ၊ သူငယ်ချင်းတွေဆီကိုလည်း လက်ဆေးခြင်းနဲ့ပတ်သက်တဲ့ အလေ့အထကောင်းတွေ ကူးစက်စေဖို့ စည်းရုံးနိုင်ကြသလို လူမှုပတ်ဝန်းကျင်အသိုက်အဝန်းတစ်ခုလုံးအတွက်လည်း အကျိုးရှိစေလာမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းကစတင်ခဲ့တဲ့ ပြည်သူ့ကျန်းမာရေးနဲ့ ကျန်းမာစွာနေထိုင်လှုပ်ရှားမှု တွေအတွက် အရေးပါတဲ့အစီအစဉ်တွေကို ကျွန်တော်တို့နဲ့အတူတကွ ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးခဲ့တဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကိုလည်း အထူးပဲကျေးဇူးတင်ရှိတယ်လို့ ပြောကြားလိုပါတယ်။ ကလေးငယ်တွေအနေနဲ့ ဒီလက်ဆေးခြင်းအလေ့အထကောင်းတွေကို သူတို့ရဲ့ ရှေ့အနာဂတ်တစ်လျှောက် လုံးမှာ သယ်ဆောင်သွားနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။”ဟု ပြောကြားသည်။

၂၀၁၈ခုနှစ်၊ ဇူလိုင်လမှ အောက်တိုဘာလအတွင်း MPT က အဆိုပါ အုပ်စုလိုက်လက်ဆေးကန်ဖွင့်လှစ်ခြင်း အစီအစဉ်ကို “နှလုံးသားထဲက မြန်မာ” လှုပ်ရှားမှု၏ တစ်စိတ်တစ်ဒေသအနေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၎င်းအစီအစဉ်အတွက် စုစုပေါင်း ကျပ်သိန်း ၈၆၀ ကျော် သုံးစွဲခဲ့ပြီး အဆိုပါငွေကြေးများကို ရေကန်များ တည်ဆောက်ခြင်း၊ ရေစုပ်စက်များ၊ စက်ရေတွင်းများ တပ်ဆင်ခြင်း၊ အုပ်စုလိုက်လက်ဆေးကန်များ တည်ဆောက်ခြင်း အစရှိသည့် လက်သန့်ရှင်းရေးအထောက်အကူပြုပစ္စည်းများကို သက်ဆိုင်ရာကျောင်းများ သို့ လှူဒါန်းရာတွင် သုံးစွဲခဲ့သည်။

မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က နိုင်ငံ၏ ကျန်းမာရေးကဏ္ဍတွင် အမျိုးမျိုးသော လူမှု အကျိုးပြုလုပ်ငန်းများကို နိုင်ငံသားများနှင့်လူမှုပတ်ဝန်းကျင်အတွက် ကျယ်ကျယ်ပြန့်ပြန့် ကူညီထောက်ပံ့ လုပ်ဆောင်လျက်ရှိသည်။ ယခုလအတွင်း MPT က မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ပူးပေါင်း၍ ရှေးဦးပြုစုခြင်းနည်းလမ်းများကို မျှဝေသည့် ဒုတိယအကြိမ်မြောက် First Aid For All အစီအစဉ်နှင့် နိုင်ငံအ တွင်း ရေရှားပါးသော ဒေသများအတွက် ရေကန်နှင့် စက်ရေတွင်းများ တူးဖော်လှူဒါန်းပေးနေသည့် “သန့်ရှင်း ပြည့်ဖြိုးရေအကျိုး” အစီအစဉ်ကိုလည်း လုပ်ဆောင်ပေးလျက်ရှိသည်။

MTP မှ မန္တလေးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဆောင်ရွက်လျက်ရှိသော ကျောင်းကျန်းမာ ရေးပညာပေး အုပ်စုလိုက်လက်ဆေးကန်ဖွင့်လှစ်ခြင်း လူမှုအကျိုးပြုအစီအစဉ်များနှင့် ပတ်သက်၍ဖြစ်စေ၊ “နှလုံးသားထဲက မြန်မာ” လှုပ်ရှားမှုအစီအစဉ်များ၏ အောက်တွင် ဆောင်ရွက်လျက်ရှိသော လူမှုအကျိုးပြု လုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုပါက http://mpt.com.mm/mm/about-home/csr-activities-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Billing New Service Policy MM

ငွေပေးချေမှုဆိုင်ရာ မူဝါဒဆိုတာဘာလဲ။

ယခု ငွေပေးချေမှုဆိုင်ရာမူဝါဒ အသစ်၏ ရည်ရွယ်ချက် မှာ ပေးဆောင်ရန်ရှိသော ငွေတောင်းခံလွှာများအား ပုံမှန်ပေးဆောင်သော သုံးစွဲသူများသို့ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ထောက်ပံ့ပေးနိုင်ရေး တို့အတွက်ဖြစ်သည်။

ငွေပေးချေမှု ဆိုင်ရာ မူဝါဒ အသစ်သည် လက်ရှိ ဈေးကွက်တွင် မိတ်ဆက်ရောင်းချထားသော GSM၊ CDMA၊ PSTN၊ ADSL၊ IP Star နှင့် FTTH ဝန်ဆောင်မှုအားလုံးအတွက် အကျုံးဝင်မည်ဖြစ်သည်။

ဘယ်အချိန်မှာစပြီးအကျိုးသက်ရောက်မှုရှိမလဲ။

ငွေပေးချေမှုဆိုင်ရာ မူဝါဒသည် ၂၀၁၈ နိုဝင်ဘာ ၁ ရက် မှစတင်မည်ဖြစ်သောကြောင့် ပေးဆောင်ရန်ကျန်ရှိနေသော ရက်လွန်ငွေတောင်းခံလွှာများကို ၂၀၁၈ အောက်တိုဘာလ ၃၁ရက်နေ နောက်ဆုံးထား၍ ပေးဆောင်ရမည်ဖြစ်ပါသည်။

အသုံးပြုနေသောဝန်ဆောင်မှုများနှင့်ပတ်သက်သော ငွေပေးချေမှုဆိုင်ရာအချက်အလက်များ

ဝန်ဆောင်မှုများအလိုက် ငွေပေးချေမှုဆိုင်ရာ မူဝါဒ အကျုံးဝင်ပုံ ဇယား

 GSM/CDMA (Mobile)

– ၀န်ဆောင်မှုစတင် အသုံးပြုပြီး နောက်လများတွင် သုံးစွဲသူထံသို့ ငွေတောင်းခံလွှာများ ရောက်ရှိလာမည်ဖြစ်သည်။
– ငွေတောင်းလွှာ၏ သတ်မှတ်ထားသော နောက်ဆုံးပေးဆောင်ရက်မှာ လ တစ်လ၏ နောက်ဆုံး အလုပ်လုပ်ရက် ဖြစ်ပါသည်။
– ပထမတစ်လတွင် သတ်မှတ်ရက်အတွင်း ငွေပေးဆောင်ခြင်းမရှိပါက အဝင်ခေါ်ဆိုမှုသာ ရရှိနိုင်မည် ဖြစ်သည်။
– ဒုတိယလတွင်လည်း သတ်မှတ်ရက်အတွင်း ငွေပေးဆောင်ခြင်းမရှိပါက အဝင် အထွက် ခေါ်ဆိုမှုများ ရရှိနိုင်မည် မဟုတ်ပါ။
– တတိယလတွင် သတ်မှတ်ရက်အတွင်း ငွေပေးဆောင်ခြင်းမရှိပါက ၀န်ဆောင်မှုအား ပိတ်သိမ်းသွားမည်ဖြစ်ပါသည်။
– ပြန်လည် သုံးစွဲလိုပါက လျှောက်လွှာပုံစံဖြည့်ကာ ကနဦးအစမှ ပြန်လည်လျှောက်ထားရမည်ဖြစ်သည်။ သို့သော်လည်း MPT မှ သုံးစွဲသူ ယခင် အသုံးပြုထားသော နံပါတ် ပြန်လည် အသုံးပြုခွင့် ရရန် အာမခံပေးနိုင်မည် မဟုတ်ပါ။

 PSTN (Including Toll-free)

– ၀န်ဆောင်မှုစတင် အသုံးပြုပြီး နောက်လများတွင် သုံးစွဲသူထံသို့ ငွေတောင်းခံလွှာများ ရောက်ရှိလာမည်ဖြစ်သည်။
– ငွေတောင်းလွှာ၏ သတ်မှတ်ထားသော နောက်ဆုံးပေးဆောင်ရက်မှာ လ တစ်လ၏ နောက်ဆုံး အလုပ်လုပ်ရက်ဖြစ်ပါသည်။
– ပထမတစ်လတွင် သတ်မှတ်ရက်အတွင်း ငွေပေးဆောင်ခြင်းမရှိပါက အဝင်ခေါ်ဆိုမှုသာ ရရှိနိုင်မည် ဖြစ်သည်။
– ဒုတိယ၊ တတိယ နှင့် စတုတ္ထလများတွင်လည်း သတ်မှတ်ရက်အတွင်း ငွေပေးဆောင်ခြင်းမရှိပါက အဝင် အထွက် ခေါ်ဆိုမှုများ ရရှိနိုင်မည် မဟုတ်ပါ။
– ပဥ္စမလတွင် သတ်မှတ်ရက်အတွင်း ငွေပေးဆောင်ခြင်းမရှိပါက ၀န်ဆောင်မှုအား ပိတ်သိမ်းသွားမည်ဖြစ်ပါသည်။
– ပြန်လည် သုံးစွဲလိုပါက လျှောက်လွှာပုံစံဖြည့်ကာ ကနဦးအစမှ ပြန်လည်လျှောက်ထားရမည်ဖြစ်သည်။ သို့သော်လည်း MPT မှ သုံးစွဲသူ ယခင် အသုံးပြုထားသော နံပါတ် ပြန်လည် အသုံးပြုခွင့် ရရန် အာမခံပေးနိုင်မည် မဟုတ်ပါ။

 ADSL

– ၀န်ဆောင်မှုစတင် အသုံးပြုပြီး နောက်လများတွင် သုံးစွဲသူထံသို့ ငွေတောင်းခံလွှာများ ရောက်ရှိလာမည်ဖြစ်သည်။
– ငွေတောင်းလွှာ၏ သတ်မှတ်ထားသော နောက်ဆုံးပေးဆောင်ရက်မှာ လ တစ်လ၏ နောက်ဆုံး အလုပ်လုပ်ရက်ဖြစ်ပါသည်။
– ပထမတစ်လ နှင့် ဒုတိယတစ်လ တွင် သတ်မှတ်ရက်အတွင်း ငွေပေးဆောင်ခြင်းမရှိပါက ဝန်ဆောင်မှု ယာယီဆိုင်းငံ့ သွားမည်ဖြစ်သည်။
– တတိယလတွင် သတ်မှတ်ရက်အတွင်း ငွေပေးဆောင်ခြင်းမရှိပါက ၀န်ဆောင်မှုအား ပိတ်သိမ်း သွားမည် ဖြစ်ပါသည်။
– ပြန်လည် သုံးစွဲလိုပါက လျှောက်လွှာပုံစံဖြည့်ကာ ကနဦးအစမှ ပြန်လည်လျှောက်ထားရမည်ဖြစ်သည်။ သို့သော်လည်း MPT မှ သုံးစွဲသူ ယခင် အသုံးပြုထားသော နံပါတ် ပြန်လည် အသုံးပြုခွင့် ရရန်အာမခံပေးနိုင်မည် မဟုတ်ပါ။

 IP Star

– ၀န်ဆောင်မှုစတင် အသုံးပြုပြီး နောက်လများတွင် သုံးစွဲသူထံသို့ ငွေတောင်းခံလွှာများ ရောက်ရှိလာမည်ဖြစ်သည်။
– ငွေတောင်းလွှာ၏ သတ်မှတ်ထားသော နောက်ဆုံးပေးဆောင်ရက်မှာ လ တစ်လ၏ နောက်ဆုံး အလုပ်လုပ်ရက်ဖြစ်ပါသည်။
– ပထမတစ်လ နှင့် ဒုတိယတစ်လ တွင် သတ်မှတ်ရက်အတွင်း ငွေပေးဆောင်ခြင်းမရှိပါက ဝန်ဆောင်မှု ယာယီဆိုင်းငံ့ သွားမည်ဖြစ်သည်။
– တတိယလတွင် သတ်မှတ်ရက်အတွင်း ငွေပေးဆောင်ခြင်းမရှိပါက ၀န်ဆောင်မှုအား ပိတ်သိမ်း သွားမည် ဖြစ်ပါသည်။
– ပြန်လည် သုံးစွဲလိုပါက လျှောက်လွှာပုံစံဖြည့်ကာ ကနဦးအစမှ ပြန်လည်လျှောက်ထားရမည်ဖြစ်သည်။ သို့သော်လည်း MPT မှ သုံးစွဲသူ ယခင် အသုံးပြုထားသော နံပါတ် ပြန်လည် အသုံးပြုခွင့် ရရန် အာမခံပေးနိုင်မည် မဟုတ်ပါ။

 FTTH

– ဝန်ဆောင်မှုစတင် အသုံးမပြုမှီ သုံးစွဲသူထံသို့ ငွေတောင်းခံလွှာများ (Prepaid invoice) ရောက်ရှိလာမည် ဖြစ်သည်။
– ငွေတောင်းခံလွှာ၏ သတ်မှတ်ထားသော နောက်ဆုံးပေးဆောင်ရက်မှာ လ တစ်လ၏ နောက်ဆုံး အလုပ်လုပ်ရက်ဖြစ်ပါသည်။
– ငွေတောင်းခံလွှာများ (Prepaid invoice) များကို သက်ဆိုင်ရာ လများတွင် ပေးဆောင်ခဲ့ခြင်းမရှိပါက ပထမလ၊ ဒုတိယလ နှင့် တတိယလအထိ ဝန်ဆောင်မှုများ ယာယီဆိုင်းငံထားခြင်း ခံရမည် ဖြစ်သည်။
– စတုတ္ထလတွင် သတ်မှတ်ရက်အတွင်း ငွေတောင်းခံလွှာများ (Prepaid invoice) ကို ငွေပေးဆောင်ခြင်းမရှိပါက ဝန်ဆောင်မှုအား ပိတ်သိမ်းသွားမည် ဖြစ်ပါသည်။
ပြန်လည် သုံးစွဲလိုပါက လျှောက်လွှာပုံစံဖြည့်ကာ ကနဦးအစမှ ပြန်လည်လျှောက်ထားရမည်ဖြစ်သည်။

စည်းမျဉ်းစည်းကမ်းများ

ယခု ငွေပေးချေမှုဆိုင်ရာ မူဝါဒအသစ် သည် လာမည့် (၁.နိုဝင်ဘာ.၂၀၁၈)ရက်နေ့ မှစတင်၍ အကျိုးသက်ရောက် မည်ဖြစ်သည်။

– ၂၀၁၈ အောက်တိုဘလ ၃၁ ရက်နေ့အထိ ပေးဆောင်ရန်ကျန်ရှိနေသော ရက်လွန် ငွေတောင်းခံလွှာများ ကို စစ်ဆေးသွားမည်ဖြစ်သည်။
– ပေးဆောင်ရန် ကျန်ရှိနေသေးသော ငွေတောင်းခံလွှာများကို သတ်မှတ်ရက်အတွင် မပေးဆောင်ပါက မူဝါဒအသစ်ပါ စည်းမျဉ်း စည်းကမ်းများအတိုင်း ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် အပြီးဖြတ်တောက်ခြင်းများ ပြုလုပ်သွားမည် ဖြစ်သည်။
– ယာယီရပ်ဆိုင်းခြင်းခံရသော ဝန်ဆောင်မှုများသည် ပေးဆောင်ရန်ကျန်ရှိနေသော ကြွေးကျန်များကို အပြီးဖြတ်တောက်ခြင်း မတိုင်မှီကာလအတွင်း အပြည့်အ၀ ပေးဆောင်နိုင်ပါက ဝန်ဆောင်မှုအား ပြန်လည် အသုံးပြုခွင့်ပေးမည်ဖြစ်သည်။
– အပြီးဖြတ်တောက်ခြင်းခံရသော သုံးစွဲသူများ အနေဖြင့် ဝန်ဆောင်မှုအား ပြန်လည်အသုံးပြုလိုပါက ကနဦးအစမှ အသစ်တဖန် ပြန်လည် လျှောက်ထားသွား ရမည်ဖြစ်သည်။
– အသေးစိတ်သိရှိလိုပါ သုံးစွဲသူများအနေဖြင့် ၁၀၆ (call center) ကို ဖြစ်စေ နီးစပ်ရာ TRA သို့မဟုတ် commercial ရုံးများတွင်လည်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။

အသေးစိတ်အချက်အလက်များကို အမေးအဖြေများ တွင်ကြည့်ရှုနိုင်ပါသည်။

Data Promotions


Special Offer for You

*555# ကိုခေါ်ဆိုလိုက်တာနဲ့ 1 Kyat/MB ၈၉ ၉ ကျပ်မှ စတင် ပြီး နေ့စဉ်မတူညီတဲ့ အပိုလက်ဆောင်တွေကိုရရှိမှာနော်။


Social Pack

လူကြိုက်အများဆုံး Social App တွေကို အသက်သာဆုံးစျေးနှုန်းနဲ့သုံးနိုင်ပြီ

More Data Promotions →

Frequently Asked Questions

1. What is MPT SMS Pack?

MPT SMS Pack is the very affordable SMS offer for MPT customers. Customers can buy SMS Pack by dialing *3103# or *106*3#

Product NamePrice (Tax Incl)SpecificationsUsage TypesValiditySubscription
MPT SMS Pack299 Kyats40 SMSOn-net SMS30 Days*3103#

*106*3#

2. Who can subscribe MPT SMS Pack?

All MPT GSM/WCDMA users can subscribe MPT SMS Pack.

3. Can I send SMS to other operators with this pack?

No. You can only send SMS from MPT to MPT with this pack.

4. What is the validity of MPT SMS Pack?

The validity of MPT SMS pack is 30 days.

5. What happens if I buy MPT SMS pack when I still have the same pack?

You SMS allowance will be merged and validity will be updated to latest expiry date.

More FAQs

Billing New Service Policy FAQs MM

ငွေပေးချေမှုဆိုင်ရာ မူဝါဒ အသစ်

၁။ မူဝါဒရဲ့ ရည်ရွယ်ချက်က ဘာလဲ?

မူဝါဒရဲ့ ရည်ရွယ်ချက်တွေကတော့ လစဉ် ပုံမှန်ငွေပေးဆောင်သော သုံးစွဲသူတွေအနေနဲ့ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အဆင်ပြေစွာ သုံးစွဲနိုင်စေရန်ရည်ရွယ်ပါသည်။

၂။ ဘယ်လိုဝန်ဆောင်မှုတွေက သက်ရောက်မှုရှိမှာလဲ?

မူဝါဒအသစ်သည် သုံးစွဲသူများအား ပေးထားသော B2C ဝန်ဆောင်မှုများဖြစ်သည့် GSM, CDMA, PSTN, ADSL, IP Star နှင့် FTTH တို့ဖြစ်သည်။

၃။ မူဝါဒကိုကျင့်သုံးခြင်းဖြင့် ဘယ်လိုအကျိုးသက်ရောက်မှုရှိမလဲ?

ဒီမူဝါဒကို ကျင့်သုံးခြင်းဖြင့် သတ်မှတ်ရက်အတွင်း ငွေပေးဆောင်ခြင်းမရှိသော သုံးစွဲသူများသည် ၎င်းတို့ ရယူထားသော ဝန်ဆောင်မှုများ ယာယီဆိုင်းငံ့ခံရခြင်း သို့မဟုတ် အပြီးပိတ်သိမ်းခံရခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

၄။ ဒီလိုမူဝါဒကိုသုံးစွဲသူတွေအပေါ်ကျင့်သုံးလို့ရပါသလား။?

ပိုမိုအရည်အသွေးကောင်းမွန်သော ဝန်ဆောင်မှုပေးရန်အတွက် Postpaid ဝန်ဆောင်မှုအား သုံးစွဲရန် လျှောက်ထားသော သုံးစွဲသူများအားလုံးတွင် ယခုကဲ့သို့သော မူဝါဒ ကျင့်သုံးရန်လိုအပ်သည်။ ဆက်သွယ်ရေး ဆိုင်ရာ ဝန်ဆောင်မှုပေးသော ဌာနများတွင်သာမက အခြား postpaid ဝန်ဆောင်မှုများဖြစ်သော ရေ၊ လျှပ်စစ်၊ ဂတ်စ် အစရှိသည့် ဌာနများတွင်လည်း ယခုကဲ့သို့ မူဝါဒရှိပါသည်။

၅။ ကျွန်ုပ်သည် ယာယီဆိုင်းငံခြင်းသို့မဟုတ် အပြီးပိတ်သိမ်းခြင်းစာရင်းတွင် မပါဝင်အောင် ဘယ်လိုလုပ်ရမလဲ?

၁၀၆ (call center) သို့မဟုတ် နီးစပ်ရာ TRA နှင့် commercial ရုံးများတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

၆။ ယာယီရပ်ဆိုင်းခြင်းခံရသော ဝန်ဆောင်မှုများကို ဘယ်လိုပြန်ဖွင့်ရမလဲ?

ငွေပေးချေရန် သတ်မှတ်ရက်လွန်နေသော ငွေပေးချေလွှာများ လက်ဝယ်ရှိပါက နီးစပ်ရာ စာတိုက်၊ TRA ရုံး သို့သွားရောက်ကာ ငွေပေးဆောင်နိုင်မည် ဖြစ်သည်။ ထို့အပြင် CB ဘဏ်၊ KBZ ဘဏ်၊ MEB ဘဏ် တို့တွင်လည်း ထိုငွေပေးချေလွှာများဖြင့် ပေးချေနိုင်မည် ဖြစ်သည်။ ထိုငွေပေးချေလွှာများ လက်ဝယ်မရှိပါက နီးစပ်ရာ MPT TRA ရုံးများသို့ သွားရောက်ကာ ထို ငွေပေးချေလွှာများအား ပေးဆောင်နိုင်ပါသည်။ ထို ငွေပေးချေလွှာများအား အပြည့်အ၀ ပေးချေပြီးပါက ရပ်ဆိုင်းခံထားရသော ဝန်ဆောင်မှုများသည် အလုပ်ဖွင့်ရက်အနည်းငယ်အတွင်း ပြန်လည် အသုံးပြုလို့ရမည်ဖြစ်သည်။

၇။ အပြီးပိတ်သိမ်းခြင်းခံရသောဝန်ဆောင်မှုများကို ပြန်လည်အသုံးပြုရန် ဘယ်လိုလုပ်ရမလဲ?

ပြန်လည်အသုံးပြုရန်အတွက် လျှောက်ထားမည်ဆိုပါက နီးစပ်ရာ commercial ရုံးများသို့သွားရောက်ကာ ကနဦးအစမှ လျှောက်ထားသလို အစအဆုံးပြန်လည် လုပ်ဆောင်ရမည်ဖြစ်သည်။ အပြီးပိတ်သိမ်းလိုက်သော ဝန်ဆောင်မှုများကို ပြန်လည် အသုံးပြု၍မရပါ။ အသစ်မှစတင်၍ ပြန်လည် လျှောက်ထားရမည်ဖြစ်သည်။ သို့သော်လည်း သုံးစွဲသူ ယခင် အသုံးပြုခဲ့သော ဖုန်းနံပါတ်ကို ပြန်လည် ရယူနိုင်မည်ကိုမူ အာမခံနိုင်မည်မဟုတ်ပဲ အခြေအနေပေါ်မူတည်၍ ဖုန်းနံပါတ် အသစ် ဖြစ်သွား နိုင်မည် ဖြစ်သည်။

မိုဘိုင်းလ်ဖုန်းအသုံးပြုသူများအပေါ် လိမ်လည်လှည့်ဖြားမှုများအတွက် သုံးစွဲသူကာကွယ်ရေးလှုပ်ရှားမှုကို မြန်မာ့ဆက်သွယ်ရေးအော်ပရေတာများ စုပေါင်းစတင်

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၉ ရက်) – မိုဘိုင်းလ်ဖုန်းအသုံးပြုသူများအပေါ် လိမ်လည်လှည့်ဖြားနေမှုအမျိုးမျိုး နှင့်ပတ်သက်၍ သုံးစွဲသူများ ပိုမိုသတိပြုမိစေရန်နှင့် ရှောင်ရှားနိုင်မည့် နည်းလမ်းအကြောင်းအရာ အသိပညာများ မျှဝေရန် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးအော်ပရေတာများ ဖြစ်ကြသော MPT၊ Ooredoo၊ Telenor နှင့် MyTel တို့ အတူတကွပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ယနေ့ခေတ်တွင် မိုဘိုင်းလ်ဖုန်းများအတွင်း၌ အရေးကြီးသော အချက်အလက်များဖြစ်သည့် ကိုယ်ရေးကိုယ်တာ အချက်အလက်များ၊ မိုဘိုင်းလ်ဘဏ်စနစ် အက်ပလီကေးရှင်း များနှင့် ဖုန်းအတွင်းလက်ကျန်ငွေများ စသောအချက်အလက်များစွာကို သိမ်းဆည်းထား နိုင်ပြီဖြစ်သည်။ ထို့ကြောင့် မိမိတို့၏ မိုဘိုင်းလ်ဖုန်းများအား မည်ကဲ့သို့ လုံခြုံစွာထိန်းသိမ်းရမည်ဆိုသည့် အသိပညာသည် ပိုမိုအရေးပါလာခြင်းပင် ဖြစ်သည်။

မိုဘိုင်းလ်ဖုန်းအသုံးပြုမှုများ မြင့်တက်လာသည်နှင့်အမျှ မြန်မာနိုင်ငံသည် ပြည်တွင်း၊ ပြည်ပမှ ပြစ်မှုကျူးလွန် သူများ၏ ပစ်မှတ်တစ်ခု ဖြစ်လာနေပြီဖြစ်သည်။ ထိုသူများက မြန်မာလူမျိုးတို့၏ စိတ်ရင်းစေတနာ ကောင်းမွန်ပြီး အယုံအကြည်လွယ်သည့် သဘောသဘာဝကို အခွင့်ကောင်းယူ၍ ပြစ်မှုများကို ကျူးလွန်နေ ကြခြင်းဖြစ်သည်။ ထို့ကြောင့် သုံးစွဲသူများအား မိုဘိုင်းလ်ဖုန်းအသုံးပြုပြီး လိမ်လည်ခြင်းများအပေါ်မှ ကာကွယ်ရန်မှာ မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာများ၏ အဓိကဦးစားပေးရမည့် ကိစ္စတစ်ရပ်လည်း ဖြစ်ပါသည်။ တစ်ဆက်တည်း မှာပင် ထိုကဲ့သို့သော လိမ်လည်လှည့်ဖြားနေမှုမှုများကို ခွဲခြားသိရှိနိုင်စေရန်နှင့် ကာကွယ်ရန် ဆောင်ရွက်ရမည့် အချက်များကို သုံးစွဲသူများက သိရှိနားလည်ထားရန်မှာလည်း အရေးပါလှပါသည်။

လိမ်လည်လှည့်ဖြားခေါ်ဆိုမှုများအား ခွဲခြားသိရှိပါသလား။ လိမ်လည်လှည့်ဖြားခေါ်ဆိုသူများသည် သုံးစွဲသူ များအား မည်ကဲ့သို့ လိမ်လည်လှည့်ဖြားနိုင်သည်ကို သိနားလည်ပါသလား။
မိုဘိုင်းလ်ဖုန်းအသုံးပြုသူများအပေါ် လိမ်လည်လှည့်ဖြားသူများ၏ သွေးဆောင်သည့် နည်းလမ်းအများစုမှာ-
• အရည်အသွေးနိမ့်သော (သို့မဟုတ်) လုံခြုံမှုနည်းသော ဖုန်းနှင့်ဆက်စပ်ပစ္စည်းများအား ဝယ်ယူစေခြင်း။
• အထူးဝန်ဆောင်မှုများဖြစ်သည့် မိုဘိုင်းဖုန်းခေါ်ဆိုခအဆမတန်ကုန်ကျစေမည့် ဝန်ဆောင်မှုများအား မတော်တဆ ဖုန်းခေါ်ဆိုမိခြင်း။
• ကိုယ်ပိုင် PIN နံပါတ် သို့မဟုတ် လျှို့ဝှက်နံပါတ်များအား ရယူခြင်း။
• ဈေးနှုန်းမြင့်မားသောဝန်ဆောင်မှုများကို သုံးစွဲသူများ သတိမထားမိခင်တွင် ရယူမိစေခြင်း။

အထက်ပါနည်းလမ်းများကဲ့သို့ မိုဘိုင်းလ်ဖုန်းသုံးစွဲသူများအား ပစ်မှတ်ထားသည့် လိမ်လည်လှည့်ဖြားခြင်း အမျိုးမျိုး ရှိပါသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း “missed call များ ခေါ်ဆိုခြင်း” နှင့် “SMS မှ လင့်ခ်အမှားများ ပေးပို့ခြင်း” တို့ဖြင့် လိမ်လည်လှည့်ဖြားမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ပါသည်။

“Missed Call” ဖြင့် လိမ်လည်လှည့်ဖြားခြင်း
• သင်၏ ဖုန်းအတွင်းသို့ Missed call တစ်ခု ဝင်ရောက်လာပြီး (တစ်ခါတစ်ရံတွင် SMS ရရှိခြင်း) ၎င်း နံပါတ်ကို ပြန်လည်ခေါ်ဆိုလိုက်ခြင်းဖြင့် ဈေးနှုန်းမြင့်ဝန်ဆောင်မှုနှုန်းထား [xxx] ကျပ်အထိ ကျသင့်နိုင်မည့် ဝန်ဆောင်မှုတစ်ခုအား ရယူမိပြီး ဖြစ်နိုင်သည်။ သတိပြုရန်မှာ ပြည်တွင်းခေါ်ဆိုမှု အသွင်ဖြင့် ဖုန်းဝင်လာပါက သင်ဖုန်းကိုင်မိရန် အလားအလာပိုများသောကြောင့် လိမ်လည်လှည့်ဖြား သူများသည် ကွန်ပျူတာဆော့ဖ်ဝဲများဖြင့် Caller ID (နံပါတ်အတု) များဖန်တီးကာ ထိုအချက်ကို အသုံးပြု၍ ဖုန်းခေါ်ဆိုမှုအတုများ ပြုလုပ်ကြပါသည်။

“SMS မှတဆင့် link များ” ပေးပို့၍ လိမ်လည်လှည့်ဖြားခြင်း
• အဆိုပါကိစ္စရပ်တွင် ဘဏ်ကဲ့သို့သော တရားဝင်အဖွဲ့အစည်းတစ်ခုထံမှ ပေးပို့သည့်ပုံစံဖြင့် စာတိုတစ် စောင်ကို သင်လက်ခံရရှိမည် ဖြစ်ပြီး ၎င်းစာတိုတွင်ပါဝင်တတ်သောအကြောင်းအရာများမှာ အများအား ဖြင့် သင့်အကောင့်အချက်အလက်များအား ပိုမိုပြည့်စုံအောင်ဖြည့်စွက်ရန် (သို့) အထူးလက်ဆောင်များ ရယူနိုင်စေရန် (သို့) အခြားအရေးကြီးလုပ်ငန်းဆောင်တာများဆောင်ရွက်ရန်အတွက် ပေးပို့လိုက်သည့် link အား click နှိပ်၍ ဝင်ရောက်ရန် စသောတိုက်တွန်းသည့် အချက်အလက်များ ပါဝင်တတ်ပါသည်။ ထိုသို့ လုပ်ဆောင်ခိုင်းမှုအားလုံးမှာ သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လိမ်လည် လှည့်ဖြားသူများ/ပြစ်မှုကျူးလွန်သူများ ထံသို့ တိုက်ရိုက်ပေးပို့စေခြင်းပင် ဖြစ်သည်။ ဘဏ် နှင့် ဆက်သွယ်ရေးအော်ပရေတာာများ မှ သုံးစွဲသူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ တောင်းခံခြင်း မပြုကြသည်ကို သတိပြုမိကြရန် အရေးကြီးပါသည်။ သံသယရှိသည်ဆိုပါက သင်၏ ဝန်ဆောင်မှု ကုမ္ပဏီအား တိုက်ရိုက်ဖုန်းခေါ်ဆို၍ စစ်ဆေးခိုင်းသင့်ပါသည်။

“သုံးစွဲသူဝန်ဆောင်မှု” သို့မဟုတ် “ကံစမ်းမဲပေါက်သည်ဟု အကြောင်းကြားခြင်း”
• ဤအမျိုးအစားတွင် နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်သည်ဟု ပြောသည့် လူတစ်ဦးက သင့်ကို ဆက်သွယ် လာမည်ဖြစ်သည်။ ဖုန်းခေါ်ဆိုမှုအတွင်း သင်၏ လျှို့ဝှက်နံပါတ် သို့မဟုတ် PIN နံပါတ်အား ရယူနိုင်ရန် လိမ်လည်လှည့်ဖြားပြောဆိုမည် ဖြစ်သည်။ လိမ်လည်လှည့်ဖြားနည်းဥပမာတစ်မျိုးမှာ နည်းပညာပိုင်း ဆိုင်ရာ ပြဿနာများရှိသဖြင့် သင့်အကောင့်ကို စစ်ဆေးရန် လျှို့ဝှက်စကားလုံးတောင်းခံခြင်း ဖြစ်ပြီး အခြားသောနည်းမှာ သင်သည် ဆုလက်ဆောင်ကံထူးသဖြင့် သင့်အကောင့်အချက်အလက် အသေးစိတ်များအား ပေးပို့ခြင်းဖြင့် ဆုလက်ဆောင်ကို လွှဲပြောင်းပေးမည်ဟု လိမ်လည်ခြင်းဖြစ်သည်။ လိမ်လည်သူများက အချက်အလက်များရလျှင်ရခြင်း သင့်အကောင့်အတွင်းရှိ ငွေပမာဏအားလုံးအား လွှဲပြောင်းရယူ သွားမည် ဖြစ်သည်။

သင်နှင့် သင့်ဖုန်းကို လိမ်လည်လှည့်ဖြားမှုများမှ ကာကွယ်ပါ
သင်နှင့် သင့်မိုဘိုင်းလ်ဖုန်းကို မိုဘိုင်းလ်ဖုန်းအသုံးပြု၍ လိမ်လည်ခြင်းများ၊ အခြားသောလိမ်လည်မှုများမှ မည်သို့ ကာကွယ်ရမည်ဆိုသည့် အသိပညာများ မိုဘိုင်းလ်ဖုန်းအသုံးပြုသူများအကြားတွင် ပိုမိုပျံ့နှံ့လာရေးသည် အရေး ကြီးလာပါသည်။ မိမိတို့၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ လုံခြုံစေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် သုံးစွဲသူတိုင်းထံတွင်လည်း တာဝန်ရှိပါသည်။ သုံးစွဲသူများကိုကူညီရန်အတွက် မြန်မာနိုင်ငံရှိဆက်သွယ်ရေး အော်ပရေတာများအားလုံး အတူတကွ ပူးပေါင်းကာ အောက်ပါအကြံပြုချက်များကို မျှဝေခဲ့ပါသည်။

၁။ သင့်ဖုန်းစနစ်အတွင်းသို့ အန္တရာယ်ရှိနိုင်သည့်အရာမျုားဝင်ရောက်စေနိုင်သောကြောင့် မယုံကြည်ရသော (သို့မဟုတ်) မိမိမသိသည့် အရင်းမြစ်များမှ အက်ပလီကေးရှင်းနှင့် ဖိုင်များ ထည့်သွင်းခြင်းကို ခွင့်မပြုပါနှင့်။ ဝင်ရောက် လာသည့်အရာသည် သင့်ကိုယ်ရေးကိုယ်တာအချက်များကို ခိုးယူခြင်းဖြင့် လိမ်လည်သူများက သင်၏ မိုဘိုင်းလ်ဘဏ်စနစ်ကို ဝင်ရောက်ခြင်း (သို့မဟုတ်) အဆင့်မြင့်ဝန်ဆောင်မှုများရယူသည့် ဖုန်းခေါ်ဆိုခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

၂။ သင်မသိသော ပြည်ပမှဖုန်းနံပါတ်နှင့် ဖုန်းခေါ်ဆိုခြင်း၊ အထူးသဖြင့် မျှော်လင့်မထားသော ပြည်ပမှ ဖုန်း ခေါ်ဆိုခြင်းများကို ဖြေကြားခြင်းမပြုပါနှင့်။ ထိုကဲ့သို့ ဖုန်းခေါ်ဆိုမှုမျိုးကို လက်ခံရရှိပါက ချက်ချင်း ဖုန်းချပါ။

၃။ အခြားတစ်ဖက်မှ ပြန်လည်ဖြေကြားသူမရှိဘဲ ဖုန်းကိုင်ထားရန်သာ ပြောကြားသည့် ခေါ်ဆိုမှုများအား ချက်ချင်း ဖုန်းချပါ။

၄။ သင်၏ Password (သို့) တစ်ခါသုံး Password (သို့) PIN နံပါတ်များကို မိမိမသိသော ဖုန်းခေါ်ဆိုသူများအား မပေးပါနှင့်။ ဝန်ဆောင်မှုကုမ္ပဏီအစစ်အမှန်များသည် မည်သည့်အခါမှ ထိုအချက် အလက်များကို တောင်းခံခြင်းမရှိပါ။ ဘဏ်အကောင့်/ချေးငွေကတ်/အမည်နှင့်လိပ်စာ စသည့် ကိုယ်ရေး ကိုယ်တာ အချက်အလက်အသေးစိတ်ကို မိမိမသိသော ဖုန်းခေါ်ဆိုသူများအား မပေးပါနှင့်။

၅။ အကယ်၍ သင့်အနေနှင့် သံသယရှိပါက သင့်ဝန်ဆောင်မှုကုမ္ပဏီ၏ တရားဝင်ရုံးလိပ်စာ သို့မဟုတ် သုံးစွဲ သူဝန်ဆောင်မှုဌာနသို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းပါ။ အချက်အလက်အမှန်များကို ကုမ္ပဏီဝက်ဘ်ဆိုက် များတွင် တွေ့နိုင်ပါသည်။

၆။ သင့်ဖုန်း သို့မဟုတ် tablet တွင် လျှို့ဝှက်စကားလုံး (Password) သို့မဟုတ် လျှို့ဝှက်ကုတ်နံပါတ်များ ထားရှိပြီး အသုံးမပြုသည့်အချိန်တိုင်းတွင် လော့ခ်ချထားပါ။

၇။ သင်၏ဖုန်းအခိုးခံရပါက သင်အသုံးပြုနေသည့် ဆက်သွယ်ရေးအော်ပရေတာကို ချက်ချင်းအသိပေး အကြောင်းကြားပါ။ အော်ပရေတာမှ သင်၏ SIM ကတ်ကို အချိန်မီ ပိတ်လိုက်နိုင်ပါလိမ့်မည်။

၈။ မူလက မည်သူအသုံးပြုထားမှန်းမသိရသော SIM ကတ်များအသုံးပြုခြင်းသည် မိုဘိုင်းလ်ဖုန်းအသုံးပြု၍ လိမ်လည်ခြင်းကဲ့သို့သော ရာဇဝတ်မှုအမျိုးမျိုးကို ကျူးလွန်ရန် လမ်းဖွင့်ပေးသကဲ့သို့ ဖြစ်လာစေနိုင်ပါသည်။

၉။ SIM ကတ်မှတ်ပုံတင်ခြင်း၏ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ခြင်းသည် မိုဘိုင်းလ်သုံးစွဲသူ အားလုံး၏ လုံခြုံရေးကို မြှင့်တင်ပေးနိုင်ပါသည်။

၁၀။ သင်၏ ဖုန်းကို ရောင်းချခြင်း (သို့မဟုတ်) အခြားသူကို ပေးခြင်းတို့ ပြုလုပ်မည်ဆိုပါက သင်၏ အချက်အလက်များ အားလုံးကို factory reset ချ၍ ရှင်းလင်းပြီးမှသာ ပေးအပ်ရန် သတိထားပါ။

၁၁။ သင်ကိုင်ဆောင်သည့် ဖုန်းကတ်မှလွဲ၍ အခြားသောကတ်များအား သင့်မှတ်ပုံတင်အသုံးပြု၍ မှတ်ပုံတင် ခြင်းမပြုရန် သတိပြုပါ။ အကယ်၍ သင့်မှတ်ပုံတင်ဖြင့် မှတ်ပုံတင်ထားသော SIM ကတ်ကို အသုံးပြု၍ ရာဇဝတ်မှုများ ကျူးလွန်ပါက သင့်တွင်လည်း တာဝန်ရှိပါသည်။

အထက်ပါအကြောင်းအရာများနှင့် ပတ်သက်၍ ပိုမိုပြည့်စုံစွာသိရှိလိုပါက ဆက်သွယ်ရေးအော်ပရေတာများ၏ တရားဝင်ဝက်ဘ်ဆိုက် သို့မဟုတ် တရားဝင် Facebook စာမျက်နှာများတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

MPT မှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စီစဉ်ဆောင်ရွက်သွားမည့် ၂၀၁၈ ခုနှစ် လုပ်ငန်းခွင်အကြိုလေ့လာရေးအစီအစဉ်တွင် နည်းပညာတက္ကသိုလ်ကျောင်းသူ/ကျောင်းသား ၁,၄၀၀ ကျော်ပါဝင်

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၈ ရက်) – မြန်မာနိုင်ငံ၏ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က တစ်နိုင်ငံလုံးအတိုင်းအတာနှင့်စီစဉ်ဆောင်ရွက်သွားမည့် လုပ်ငန်းခွင်အကြိုလက်တွေ့လေ့လာရေး အစီအစဉ်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၈ ရက် မှ ၃၁ ရက် အထိပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံတစ်ဝှမ်းရှိ နည်းပညာတက္ကသိုလ် ၁၇ ခုမှ နည်းပညာကျောင်းသူ/ကျောင်းသားပေါင်း ၁,၄၀၀ ကျော် ပါဝင်မည်ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါအစီအစဉ်ကို ပညာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့၏ ပူးပေါင်းကူညီထောက်ပံ့မှုဖြင့် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းအစီအစဉ်မှ တစ်ဆင့် ကျောင်းသူ/ကျောင်းသားများသည် တိုင်းပြည်၏ အနာဂတ်ဆက်သွယ်ရေးကဏ္ဍအတွက် ထူးချွန်သည့် ခေါင်းဆောင်ကောင်းများအဖြစ် ဖြစ်ထွန်းလာမည့် အကျိုးရလဒ်ကောင်းများစွာ ရရှိစေမည် ဖြစ်သည်။

အဆိုပါအစီအစဉ်ကို အောက်တိုဘာလ ၈ ရက်မှ ၃၁ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ရန်ကုန်ရုံးချုပ် အပါအဝင် မြန်မာ့ဆက်သွယ်ရေးသင်တန်းကျောင်း နှင့် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ MPT ရုံးခွဲများ မှ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ကျောင်းသူ/ကျောင်းသားများကို ရှင်းလင်း သင်ကြားပြသ ပေးသွားမည်ဖြစ်သည်။ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ နေပြည်တော်ကောင်စီ၊ စစ်ကိုင်းတိုင်းနှင့် ရန်ကုန်တိုင်းမှ နည်းပညာတက္ကသိုလ်ပေါင်း ၁၇ ခုက ကျောင်းသူ/ကျောင်းသားများက ဆက်သွယ်ရေး လုပ်ငန်းခွင်အတွင်း မည်ကဲ့သို့ လုပ်ကိုင်ဆောင်ရွက် နေကြသည်ကို MPT ၏ သက်ဆိုင်ရာရုံးများတွင် လက်တွေ့လေ့လာ သင်ယူခွင့်ရရှိမည်ဖြစ်ပြီး စီမံခန့်ခွဲခြင်း ပညာ နှင့် နောက်ဆုံးပေါ်ကွန်ရက်နည်းပညာစနစ်များ ထိန်းသိမ်းဆောင်ရွက်နေပုံများ နှင့်စပ်လျဉ်းသော လုပ်ငန်းခွင် ဆက်စပ်ပညာရပ်များစွာကို လက်တွေ့လေ့ကျင့်ခန်းများနှင့်တကွ လေ့လာသင်ယူကြနိုင် မည်ဖြစ်သည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနကြီးမှ ဒုတိယအရာရှိချုပ် ဦးနိုင်ကိုကိုက “ ကျွန်တော်တို့ MPT အနေနဲ့ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ် လုပ်ဆောင်နေပါတယ်။ ဒါကြောင့်လည်း အနာဂတ်ဆက်သွယ်ရေးကဏ္ဍမှာ ကျွမ်းကျင်တဲ့လူငယ်ပညာရှင်တွေ ပေါ်ထွန်းလာဖို့အတွက် အခန်းကဏ္ဍတစ်ခုအနေနဲ့ပါဝင်တဲ့ လုပ်ငန်းခွင်အကြိုလေ့လာရေးအစဉ်ကို ပညာရေးဝန်ကြီးဌာနရယ်၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန တို့နဲ့အတူပူးပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ အခုနှစ်လုပ်ဆောင်မယ့် လုပ်ငန်းခွင်အကြိုလေ့လာရေး အစီအစဉ်ဟာဆိုရင် အရင်ကဆောင်ရွက်ခဲ့တဲ့ အစီအစဉ်တွေထက်စာရင် ပိုပိုပြီးကျယ်ပြန့် လာခဲ့ပါပြီ။ အခုဆိုရင် တိုင်းနဲ့ ပြည်နယ်အသီးသီးက ကျောင်းသူ/ကျောင်းသားပေါင်း ၁,၄၀၀ ကျော်ကို ကျွန်တော်တို့ရဲ့ လုပ်ငန်းခွင်တွေထဲအထိ သွားရောက်လေ့လာစေပြီး လိုအပ်တဲ့အတွေ့အကြုံတွေ၊ နည်းပညာတွေအားလုံးကို လေ့လာသင်ယူနိုင်ဖို့ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်နည်းပညာရှင်တွေကနေ ကူညီပေးသွားမှာပါ။ အခုလို အခွင့်အလမ်းကောင်းတွေနဲ့ သူတို့ရဲ့အနာဂတ်စိတ်ကူးတွေအတွက် ပံ့ပိုးမှုတွေအများကြီးရမယ့် ဒီအစီအစဉ်ကို ကျောင်းသူ/ကျောင်းသားတွေအနေနဲ့ တကယ်သဘောကျ နှစ်သက်ကြလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ ထို့အတူပဲ နိုင်ငံတွင်းမှာ အလျင်အမြန်ဆုံး တိုးတက်နေတဲ့ ဆက်သွယ်ရေးနည်းပညာကဏ္ဍရဲ့ လုပ်ငန်းလိုအပ်ချက်အတွက် အခြေခံကျတဲ့ အုတ်မြစ်တစ်ခုကိုချလိုက်နိုင်တာလည်း ဖြစ်ပါတယ်။” ဟု ပြောကြားသည်။

လုပ်ငန်းခွင်အကြိုလေ့လာသင်ကြားရေးအစီအစဉ်၏ သင်ခန်းစာများမှာ Initial Orientation နှင့် Information Security Rules အကြောင်းအရာများကို ခြုံငုံသိရှိစေနိုင်မည်ဖြစ်ပြီး ၎င်းသင်ခန်းစာများအတွင်း Fixed Networks ၊ Radio Access Networks (RAN)၊ Core Networks နှင့် Transmissions အစရှိသော ဆက်သွယ်ရေးနယ်ပယ်တွင် မရှိမဖြစ်အရေးပါသည့် ခေါင်းစဉ်များကို လေ့လာသင်ကြားခွင့်ရရှိမည်ဖြစ်သည်။

ယခင်နှစ်များကလည်း MPT က ပညာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့နှင့်အတူ ပူး ပေါင်း၍ နည်းပညာတက္ကသိုလ်များမှ ကျောင်းသူ/ကျောင်းသားများကို သင်ကြားရေးခရီးစဉ်များ၊ လုပ်ငန်းခွင်လေ့လာသင်ယူခြင်းအစီအစဉ်များကို ဆောင်ရွက်ပေးခဲ့သည်။ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် လည်း မြန်မာနိုင်ငံအင်ဂျီနီယာအသင်းနှင့်အတူ ပူးပေါင်း၍ Industrial Attachment Program (IAP) အဖြစ် ကျောင်းသူ/ကျောင်းသားများကို လက်ခံသင်ကြား ပေးခဲ့ပြီးလည်းဖြစ်သည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင်မူ MPT မှ ကြီးမှူး၍ လုပ်ငန်းခွင်လေ့လာရေး နှင့် သင်ကြားရေးအစီအစဉ်ကို ရန်ကုန်နည်း ပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (သန်လျင်) နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ မှ ဒုတိယနှစ် နှင့် တတိယနှစ် အီလက်ထရောနစ် အင်ဂျင်နီယာကျောင်းသူ/ကျောင်းသား များအတွက် ကျင်းပပြုလုပ်ပေးခဲ့ပြီးဖြစ်သည်။

MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများနှင့် ပညာရေးဆိုင်ရာအစီအစဉ်များအကြောင်း အသေးစိတ်သိရှိလိုပါက www.mpt.com.mm နှင့် MPT ၏ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/mptofficialpage တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

MPT က မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ပူးပေါင်း၍ ကျောင်းတွင်းလက်တွေ့သင်ကြားမှုနှင့် ပြိုင်ပွဲအစီအစဉ်များထည့်သွင်းထားသော “ လူတိုင်းအတွက်ရှေးဦးပြုစုခြင်း” ကျန်းမာရေးပညာပေးအစီအစဉ်ကို ဆက်လက်လုပ်ဆောင်

(ရန်ကုန်၊ ၂၀၁၈ခုနှစ် အောက်တိုဘာလ ၅ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က အရေး ပေါ်ကျန်းမာရေးအခြေအနေတွင် အဓိကကျသည့် ရှေးဦးပြုစုခြင်းသင်ခန်းစာများကို First Aid For All ကျန်းမာရေး ပညာပေးအစီအစဉ်များအဖြစ် သတင်းမီဒီယာများနှင့် လူမှုကွန်ရက်မီဒီယာများတွင် ယခုလမှစတင်ကာ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလအထိ ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး အဆိုပါအစီအစဉ်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်အတူ ထပ်မံလက်တွဲဆောင်ရွက်ခြင်းဖြစ်ကြောင်း ယနေ့တွင် သတင်းထုတ်ပြန် လိုက်သည်။ ဒုတိယအကြိမ်မြောက် ပူးပေါင်းဆောင်ရွက်မှုတွင် ပြည်သူများသိရှိထားသင့်သည့် ရှေးဦးပြုစုခြင်းနည်းလမ်းများ သိရှိနားလည်စေရန် စီစဉ်ဆောင်ရွက်ထားသည့်အပြင် ကျောင်းသားလူငယ်များ အတွက်လည်း လက်တွေ့သင်ကြားခြင်းနှင့် ကိုယ်တိုင်ပါဝင်နိုင်မည့် လှုပ်ရှားမှုအစီအစဉ်များကိုပါ ထပ်မံ ထည့်သွင်းထားရှိပါသည်။

ပန်းနာရင်ကျပ်ခြင်း၊ ဦးခေါင်းထိခိုက်မိခြင်း၊ နှလုံးရောဂါဖောက်ခြင်း၊ သွေးထွက်သံယိုဖြစ်ခြင်း၊ အရိုးကျိုးခြင်းနှင့် အပြင်းအထန် မီးလောင်ခံရခြင်း အစရှိသည်တို့ပါဝင်သော ရှေးဦးပြုစုခြင်းနည်းလမ်း ဗီဒီယို (၁၃) ခုကို ရုပ်သံမီဒီယာများ၊ လူမှုကွန်ရက်မီဒီယာများနှင့် MPT ၏ လိုတရ Portal တို့တွင် ၂၀၁၈ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ခုနှစ် ဖေဖေါ်ဝါရီလအထိ ထုတ်လွှင့်ပြသသွားမည် ဖြစ်ပြီး နောက်ပိုင်းတွင်လည်း ကြည့်ရှုနိုင်ရန် စီစဉ်ထားမည် ဖြစ်ပါသည်။ ထို့အပြင် MPT နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့အတူပူးပေါင်း၍ ရှေးဦးပြုစုနည်းကျွမ်းကျင်လက်မှတ်ရ ဒေသခံသင်ကြားရေးဆရာများကို မန္တလေးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ မူလတန်းကျောင်း (၁၅) ကျောင်းတွင် လက်တွေ့သရုပ်ပြ သင်ကြားမှုများ ဆောင်ရွက်သွား မည် ဖြစ်သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ နန်းထွမ်းလှ က “MPT နဲ့ ဆက်လက် လက်တွဲပြီးတော့ First Aid For All အစီအစဉ်ကို ကျောင်းတွေမှာပါ အကောင်အထည်ဖော် ဆောင်ရွက်နိုင်တဲ့အတွက် တကယ့်ကို ဝမ်းသာပီတိ ဖြစ်မိပါတယ်။ မြန်မာနိုင်ငံသားအများစုက သူတို့ရဲ့ အသက်နဲ့ခန္ဓာအတွက် တကယ့်ကို မသိမဖြစ် သိထားသင့်တဲ့ ရှေးဦးပြုစုခြင်း နည်းစနစ်တွေကို လက်လှမ်းမီ သိရှိထားဖို့ ခက်ခဲနေတုန်းပါပဲ။ အခုလိုအသက်ကယ်ပေးနိုင်တဲ့ ရှေးဦးပြုစုခြင်းနည်းလမ်းတွေကို လူတွေအများကြီးသိအောင် ဆောင်ရွက်ဖို့ အလွန်ပဲအရေးကြီးပါတယ်။ အခုဆောင်ရွက်မှုမှာ အခြေခံပညာကျောင်းတွေအထိ ပူးပေါင်းပါဝင်လာနိုင်တာကို မြင်ရတာ အင်မတန်မှ အားတက်ရပါတယ်။ အရေးပေါ် အခြေအနေတစ်ရပ် ဖြစ်လာခဲ့မယ်ဆိုရင် အခြေအနေမဆိုးရွားသွားအောင် ထိန်းထားပေးနိုင်တဲ့ ဒီ ရှေးဦးပြုစုနည်းတွေကို သင်ယူဖို့ဆိုတဲ့ နေရာမှာ အသက်အရွယ်အပိုင်းအခြားမရှိဘဲ သင်ယူနိုင်တာဖြစ်လို့ စောလွန်းတယ်ဆိုတာမရှိပါဘူး။ ရှေ့ဆက်လုပ်ဆောင်ဖို့ အများကြီးကျန်နေသေးတယ်ဆိုပေမဲ့ MPT လို အဖွဲ့အစည်းနဲ့ အခြေခံပညာကျောင်းတွေ ပူးပေါင်းပြီး အခုလို ကျန်းမာရေးပညာပေး အစီအစဉ်ကို တိုးတက် ဆောင်ရွက်မှုကနေ ကိုယ့်အနီးအနားက အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်မှာ ဖြစ်လို့ အလွန်ပဲ ကြည်နူး ဝမ်းမြောက်ရပါတယ်။” ဟု ပြောကြားသည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနကြီးမှ အရာရှိချုပ် Mr. Yoshiaki Benino က “အသက် ကယ်ဖို့လိုအပ်နေတဲ့ အရေးပေါ်အခြေအနေမျိုးမှာ ဝေဒနာခံစားနေရတဲ့လူနာကို သက်ဆိုင်ရာ ဆေးပညာ ကျွမ်းကျင်သူတွေဆီ မပို့နိုင်ခင်မှာ ကနဦးအဖြစ် ရှေးဦးပြုစုမှုပေးခြင်းက ဝေဒနာကိုပိုပြီး မဆိုးရွားအောင် အခြေအနေတစ်ခုအထိ ထိန်းထားနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် အခြေအနေပြန်လည် ကောင်းမွန်လာဖို့ ထောက်ကူပေးတဲ့ ရှေးဦးပြုစုခြင်းနည်းစနစ်တွေကို လူတိုင်း အထူးသဖြင့် လူငယ်တွေက ပိုပြီးသိထားဖို့ အရေးကြီးပါတယ်။ ပထမအကြိမ်ပူးပေါင်းဆောင်ရွက်မှုရဲ့အာင်မြင်မှုအဖြစ် ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်း အပြင် အခုဆို အခြေခံပညာကျောင်းတွေနဲ့ပါ ပူးပေါင်းပြီး အရင်ထက် ပိုများတဲ့ ရှေးဦးပြုစုခြင်းနည်းစနစ်တွေ ပါဝင်တဲ့ ဗီဒီယိုတွေထုတ်လုပ်ခြင်းနဲ့ ဒီရှေးဦးပြုစုခြင်း နည်းလမ်းတွေကို အခြေခံပညာကျောင်းတွေမှာပါ သက်ဆိုင်ရာကျွမ်းကျင်ဆရာတွေက လက်တွေ့သရုပ်ပြသင်ကြားပေးမယ့် အစီအစဉ်တွေပါဝင်တဲ့ ဒုတိယအဆင့် အစီအစဉ်ကို အသက်သွင်းနိုင်ခဲ့ပါပြီ။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ အနာဂတ် မျိုးဆက်သစ်ကလေးငယ်တွေအတွက် ရှေးဦးပြုစုခြင်းနည်းလမ်းတွေကို လေ့ကျင့်သင့်ကြားပေးရုံ သာမက သင်ကြားတတ်မြောက်မှု အတိုင်းအတာကိုပါ စမ်းသပ်စစ်ဆေးဖို့အတွက် ကျောင်းအဆင့် ရှေးဦးပြုစုခြင်း အသိပညာပြိုင်ပွဲတွေကိုပါ ထည့်သွင်း ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။” ဟု ပြောကြားသည်။

လက်တွေ့လေ့ကျင့်သင်ကြားမှုအစီအစဉ်များပြုလုပ်မည့် ကျောင်းများအနေဖြင့် ရှေးဦးပြုစုခြင်းအသိပညာပြိုင်ပွဲ များတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကျောင်းအလိုက် အသင်းများစေလွှတ်ယှဉ်ပြိုင်စေမည်ဖြစ်သည်။ အဆို ပါပြိုင်ပွဲများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ကျွမ်းကျင်သင်ကြားရေးဆရာများမှ အကဲဖြတ်အမှတ်ပေးသွား မည်ဖြစ်သည်။ ရှေးဦးပြုစုခြင်းနှင့်ပတ်သက်သည့် ဗဟုသုတရှိမှုကို စစ်ဆေးရုံသာမက ရှေးဦးပြုစုခြင်း နည်းလမ်းများဖြစ်သည့် ပတ်တီးစီးခြင်းကဲ့သို့သော အခြေခံနည်းလမ်းများကို အဖွဲ့လိုက်သရုပ်ပြ ယှဉ်ပြိုင်စေကာ အသင်းလိုက်ကျွမ်းကျင်မှုအပေါ် အကဲဖြတ်သွားမည်ဖြစ်သည်။

MPT နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ၂၀၁၇ခုနှစ် အောက်တိုဘာမှ ၂၀၁၈ခုနှစ် မတ်လအတွင်း ဆောင်ရွက်ခဲ့သော First Aid For All အစီအစဉ် ဗီဒီယို ၁၂ ပိုင်းကို ရုပ်သံအစီအစဉ်မှတစ်ဆင့် ထုတ်လွှင့်ပြသခဲ့ပြီး ဗီဒီယိုအပြည့်အစုံကို MPT ၏ လိုတရ Portal https://lotaya.mpt.com.mm/service/firstaid/?utm_source=n-lty-service&utm_medium=image-F-H&utm_campaign=n-lty-default တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

First Aid For All ကျန်းမာရေးပညာပေးအစီအစဉ်နှင့် နှလုံးသားထဲကမြန်မာ ခေါင်းစဉ်အောက်တွင် MPT မှ ဆောင်ရွက်လျက်ရှိသည့် လူမှုအကျိုးပြုလုပ်ငန်းများအကြောင်းနှင့် စပ်လျဉ်း၍ အသေးစိတ်သိရှိလိုပါက http://mpt.com.mm/mm/about-home/csr-activities-mm/ နှင့် MPT ၏ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/mptofficialpageတို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်