MPT နှင့် Mobile Legends Bang Bang တို့ အတူပူးပေါင်း၍ ဂိမ်းကစားသူများအတွက် ပိုတန်သည့် ပက်ကေ့ချ်နှင့် ဆုလက်ဆောင်များကို ယူဆောင်လာပြီ

(ရန်ကုန်၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၀ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က ဂိမ်းထုတ်လုပ်သူ ဖြစ်သည့် Moonton မှ လူကြိုက်များ ရေပန်းစားသည့် အွန်လိုင်းဂိမ်း Mobile Legends Bang Bang အတွက် အထူးသီးသန့် ဒေတာပက်ကေ့ချ် အသစ်တစ်ခုကို မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်သည်။ ဂိမ်းထုတ်လုပ်သူများနှင့် MPT တို့အကြား ပူးပေါင်းဆောင်ရွက်သည့် အဆိုပါ Mobile Legends ဒေတာပက်ကေ့ချ် အသစ်သည် နိုင်ငံတကာတွင် ကစားနေသည့် MOBA မိုဘိုင်းလ်ဂိမ်း အမျိုးအစားအား 1GB ဒေတာနှင့်အတူ ဂိမ်းအတွင်းအသုံးပြုနိုင်မည့် Diamond ၁၆ ခု တို့ကို ၉၈၀ ကျပ် တည်းဖြင့် ဈေးနှုန်းသက်သာစွာ ရယူဆော့ကစားနိုင်မည် ဖြစ်သည်။

အဆိုပါ ပက်ကေ့ချ်ကို ဝယ်ယူရန်အတွက် MPT သုံးစွဲသူများက *8001# သို့ခေါ်ဆိုပြီး အလွယ်တကူဝယ်ယူ နိုင်မည်ဖြစ်သည်။ ဝယ်ယူမှုပြီးသည်နှင့် Mobile Legends Bang Bang ဂိမ်း သီးသန့်ကစားရန်အတွက် ရက်ပေါင်း ၃၀ အသုံးပြုနိုင်မည့် 1 GB ဒေတာကို လက်ခံရရှိမည်ဖြစ်ပြီး ဂိမ်းအတွင်းအသုံးပြုနိုင်မည့် Diamond ၁၆ ခုအတွက် SMS ကုတ်တစ်ခုကိုပါ လက်ခံရရှိမည်ဖြစ်သည်။ Mobile Legends Bang Bang မဟုတ်သည့် အခြားသော မိုဘိုင်းလ် ဒေတာအသုံးပြုမှုများအတွက်ကိုမူ MPT မှ ဝယ်ယူထားသည့် ဒေတာပက်ကေ့ချ်များ အလိုက် (သို့) မိမိသုံးထားသည့် ကျသလောက်ပေး နှုန်းထားအတိုင်း ကျသင့်မည်ဖြစ်သည်။ ဂိမ်းကစားရန်အတွက် ဒေတာပက်ကေ့ချ်ကိုမူ တစ်ရက်တာအတွင်း အကန့်အသတ်မရှိ လိုသလောက် ဝယ်ယူနိုင်မည်ဖြစ်သည်။

အဆိုပါအစီအစဉ်နှင့်အတူ MPT မှ သုံးစွဲသူများအတွက် အထူးသီးသန့်ဆုမဲအစီအစဉ်အသစ်တစ်ရပ်ကို ပြုလုပ် နေပြီး ဒေတာပက်ကေ့ချ်ဝယ်ယူရုံဖြင့် ဂိမ်းအတွင်းအသုံးပြုနိုင်မည့် Diamond များ၊ Premium Hero Skin များ နှင့် iPhone XS Max များကို နေ့စဉ် နှင့် အထူးဆုမဲလက်ဆောင်များအဖြစ် ကံစမ်းနိုင်မည်ဖြစ်သည်။ ဆုမဲလက်ဆောင်များမှာ အောက်ပါအတိုင်းဖြစ်သည်။
နေ့စဉ်ဆုလက်ဆောင်များ
• 899 Diamond skin: Roger – Phantom Pirate
• အချိန်ကန့်သတ်အသုံးပြုနိုင်သည့် skins များဖြစ်သည့် Alucard – Child of the Fall, Martis – God of War, Alpha – Onimusha Commander and Lesley – Stellaris Ghost
အထူးဆုလက်ဆောင်များ
• Diamond ၁၀,၀၀၀ – တစ်ဆု
• iPhone XS Max – တစ်ဆု

MPT-KSGM Joint Operations ၏ စီးပွားရေးရာဌာနမှ အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda က “အခုလို တစ်နိုင်ငံလုံးက ရေပန်းစားလူကြိုက်များ တဲ့ မိုဘိုင်းလ်ဂိမ်း Mobile Legends Bang Bang နဲ့အတူ ပူးပေါင်းပြီး ဂိမ်းကစားသူတွေအတွက် ပိုကောင်းတဲ့အရည်အသွေးတွေ၊ ဂိမ်းတွင်းအသုံးပြုနိုင်မယ့် အရာတွေနဲ့ စိတ်လှုပ်ရှားစရာကောင်းပြီး နေ့စဉ်ကံစမ်းနိုင်မယ့် ဆုလက်ဆောင်တွေနဲ့ အထူးဆုလက်ဆောင်တွေကို ပေးအပ် ခွင့်ရလို့ ကျွန်တော်တို့အနေနဲ့ တော်တော်လေး စိတ်လှုပ်ရှားမိပါတယ်။ သုံးစွဲသူတွေအနေနဲ့က Mobile Legends ဒေတာပက်ကေ့ချ်ကို ဝယ်ယူလိုက်ရုံနဲ့ MPT ရဲ့ တစ်နိုင်ငံလုံးဆီကို ဖြန့်ကျက်လွှမ်းခြုံထားနိုင်တဲ့ မြန်နှုန်းမြင့် 3G/LTE+ မိုဘိုင်းလ်ကွန်ရက်ပေါ်ကနေတစ်ဆင့် ဝင်ရောက်ဆော့ကစားနိုင်ပြီး 1GB ဒေတာနဲ့ Diamond ၁၆ ခု ကို ၉၈၀ ကျပ် နဲ့ဝယ်ယူလိုက်နိုင်မှာဖြစ်သလို ဆုလက်ဆောင်အစီအစဉ်မှာ အလိုအလျောက်ပါဝင်ခွင့်ရသွားမှာ လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ မိုဘိုင်းလ်ဂိမ်းကို အကြိတ်အနယ်ကို ကစားကြသူတွေက အထူးသဖြင့် လူငယ်တွေက အများစုဖြစ်ကြပြီး အခုဂိမ်းဟာ ကမ္ဘာအဝှမ်းမှာ လူပေါင်း သန့်နဲ့ချီပြီးကစားနေကြတဲ့ e-sport ဂိမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် အခုအစီအစဉ်ကနေတစ်ဆင့် ဂိမ်းကစားရတာကို သဘော ကျနှစ်ခြိုက်ပြီး မိတ်ဆွေတွေ၊ မိသားစုဝင်တွေနဲ့အတူ ဆော့ကစားဖို့ စိတ်အားထက်သန်ကြသူတွေတိုင်းအတွက် အံ့အားသင့်ဖွယ်ဈေးနှုန်း၊ အဆင်ပြေလွယ်ကူမှုတွေနဲ့အတူ အလွယ်တကူ ဝင်ရောက်ဆော့ကစားနိုင်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ ဆောင်ရွက်ပေးခဲ့တာလည်းဖြစ်ပါတယ်။” ဟု ပြောကြားသည်။

ဒေတာပက်ကေ့ချ် ဝယ်ယူပြီးသည်နှင့် ဆုလက်ဆောင်အစီအစဉ်တွင် အလိုအလျောက်ပါဝင်သွားမည်ဖြစ်သည်။ နေ့စဉ် ကံထူးရှင်ကိုမူ ၎င်းကံထူးမည့် premium hero skins အတွက် အသုံးပြုနိုင်မည့် ကုတ်နံပါတ်ကို SMS ဖြင့် အကြောင်းကြား ပေးပို့သွားမည်ဖြစ်သည်။ ပေးပို့လာမည့် ကုတ်များကို https://m.mobilelegends.com/en/codexchange တွင် ဝင်ရောက်လဲလှယ်နိုင်မည်ပြီး SMS မှတစ်ဆင့် ပေး ပို့လာမည့် URL လင့်ခ်မှတစ်ဆင့်လည်း ဝင်ရောက်လဲလှယ်နိုင်မည်ဖြစ်သည်။ အထူးဆုလက်ဆောင်ပိုင်ရှင်များ (Diamond ၁၀,၀၀၀ နှင့် iPhone XS MAX) ကိုမူ ဆုလက်ဆောင်အစီအစဉ်အချိန်ကာလ ပြီးနောက် ၀၁-၂၅၆၈၀၈ ဖုန်းဖြင့် တိုက်ရိုက်ခေါ်ဆိုဆက်သွယ်မည်ဖြစ်ပြီး ဆုလက်ဆောင် ပေးအပ်မည့် အစီအစဉ်ကို ဖုန်းခေါ်နေချိန်တွင် ရှင်းလင်းပြောပြသွားမည်ဖြစ်ပါသည်။

Mobile Legends Bang Bang အက်ပလီကေးရှင်းကို Apple App စတိုး နှင့် Google Play စတိုးများတွင် အခမဲ့ ဒေါင်းလုတ်ပြုလုပ်နိုင်မည်ဖြစ်သည်။ ဆုလက်ဆောင်အစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ် အချက် အလက်များကို ထပ်မံသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ခေါ်ဆိုခြင်း (သို့) MPT ၏ တရားဝင်ဝက်ဘ်ဆိုက် www.mpt.com.mm နှင့် ဖေ့စ်ဘွတ် www.facebook.com/mptofficialpage တို့တွင်ဝင်ရောက် ကြည့်ရှု နိုင်ပါသည်။

Mobile Legends

Mobile Legends Data Pack

Mobile Legends Bang Bang ဂိမ်း ဝါသနာရှင်တို့အတွက် စိတ်လှုပ်ရှားပျော်ရွှင်ဖွယ်ရာ အစီအစဉ်တစ်ခုကို MPT မှ မိတ်ဆက်ပေးလိုက်ပါပြီ။ ယခုအချိန်ကစပြီး Mobile Legends Data Pack (၁) ကြိမ်ဝယ်ယူတိုင်း Data ပမာဏ 450 MB နှင့်အတူ Mobile Legends စိန်များ ရယူပြီး စိတ်ကြိုက် ဝယ်ယူဆော့ကစားနိုင်ပြီ ဖြစ်ပါသည်။

ရရှိနိုင်သောအရာများ

ဒေတာပမာဏ450 MB of Mobile Legends data
In-game itemsDiamond ၁၄ ခု
အသုံးပြုနိုင်သော သက်တမ်းသက်တမ်း ရက် ၃၀
ဈေးနှုန်း၉၄၉ ကျပ်

 

Mobile Legends Pack ကို ဘယ်လိုဝယ်ယူရမလဲ

အဆင့်၁ – Mobile Legends Data Pack ကို ဝယ်ယူရန် *8001# သို့ခေါ်ဆိုပါ။
အဆင့်၂ – ထိုသို့ ဝင်ရောက်ပြီးပါက Mobile Legends Data 450 MB ရရှိမည်ဖြစ်ပြီး Diamond ၁၄ ခု ရယူရန် သီးသန့် code ကို SMS ဖြင့် ရရှိမည်ဖြစ်ပါသည်။
အဆင့်၃ – ရရှိထားသော သီးသန့် code နှင့် လူကြီးမင်း၏ Mobile Legends game ID တို့ဖြင့် https://m.mobilelegends.com/en/codexchange သို့ဝင်ရောက်ပြီး Diamond ၁၄ ခု အခမဲ့ရယူနိုင်ပါသည်။

စည်းကမ်းချက်များ

  • Base Tariff အသုံးပြုသူများနှင့် CDMA ဖုန်းအသုံးပြုသူများ ဝယ်ယူကစားခွင့်မရှိပါ။
    ဝယ်ယူထားသော Data Pack ကို Mobile Legends Bang Bang Application တွင်သာ အသုံးပြုနိုင်ပါသည်။
  •  MPT သုံးစွဲသူများသည် Mobile Legends Data Pack ကို တစ်ကြိမ်ဝယ်ယူတိုင်း Mobile Legends ဒေတာပမာဏ 450MB နှင့် စိန်များလဲလှယ်ရယူရန် သီးသန့်code တစ်ခု ရရှိမည် ဖြစ်ပါသည်။
  • Data Pack အသုံးပြုနိုင်သော သက်တမ်းကာလသည် ရက် (၃၀) ဖြစ်ပါသည်။
  • ဝယ်ယူထားသော Data Pack အသုံးပြုပြီးနောက် (သို့) သုံးစွဲနိုင်သော
    ဒေတာသက်တမ်း ကျော်လွန်ပြီးနောက်တွင် ဝယ်ယူထားသော သက်ဆိုင်ရာ Data Pack (သို့မဟုတ်) သုံးသလောက်ပေးအင်တာနက်မှ ဖြတ်တောက်သွားပါမည်။
  •  Mobile Legends Data Pack ကို အကြိမ် အကန့်အသတ်မရှိ ဝယ်ယူကစားနိုင်ပါသည်။
  • Mobile Legends Data Pack ဝယ်ယူသုံးစွဲသူအားလုံးအတွက် MPT မှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို http://mpt.com.mm/mm/about-home/terms-conditions-mm/. တွင် လေ့လာနိုင်ပါသည်။

Other Data Promotions


Daily Data Pack

လူတိုင်းအတွက် ပိုအဆင်ပြေပြီး သုံးပျော်တဲ့ data packs


Night Safety Pack MM

ညဘက်မှာ ပုံမှန်အမြန်နှုန်းဖြင့်ဖြစ်စေ၊ အများဆုံး 1.5Mbps အမြန်နှုန်းဖြင့်ဖြစ်စေ အသုံးပြုလိုသူတွေအတွက် MPTမှ Night Safety Data Packကိုမိတ်ဆက်ပေးလိုက်ပါပြီ။


Social Pack

လူကြိုက်အများဆုံး Social App တွေကို အသက်သာဆုံးစျေးနှုန်းနဲ့သုံးနိုင်ပြီ

မေးလေ့ရှိသော မေးခွန်းမျာ:

၁။ Mobile Legends ဆိုတာ ဘာပါလဲ။

Mobile Legends ဆိုသည်မှာ Online ပေါ်တွင် သူငယ်ချင်းများနှင့်အတူ ပျော်ရွှင်စွာကစားနိုင်တဲ့ ကမ္ဘာတစ်ဝန်းတွင် လူသန်းပေါင်းများစွာ ကစားလျက်ရှိသော စိတ်လှုပ်ရှားဖွယ်ရာ Mobile Game တစ်မျိုးဖြစ်ပါတယ်။

၂။ Mobile Legends App ကို ဘယ်လို Download ရယူနိုင်မလဲ။

Mobile Legends app ကို Apple Play Store (သို့မဟုတ်) Google Play Store မှာ Download ရယူနိုင်ပါတယ်။

၃။ Mobile Legends Data Pack ကို Facebook သုံးခြင်း၊ Youtube ကြည့်ခြင်း တို့အတွက် အသုံးပြုနိုင်ပါသလား။

အသုံးမပြုနိုင်ပါ။ ဝယ်ယူရရှိထားသော Data ပမာဏ သည် Mobile Legends အတွက်သာ ဖြစ်ပါတယ်။ Mobile Legends မှ လွဲပြီး အခြားသောဒေတာ အသုံးပြုမှုများအတွက် ဝယ်ယူထားသော သက်ဆိုင်ရာ Data Pack (သို့မဟုတ်) သုံးသလောက်ပေးအင်တာနက်မှ ဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။

၄။ Data Pack တန်ဖိုးသည် အခွန်အပါအဝင် ၉၄၉ ကျပ် ဖြစ်ပါသလား။

မှန်ပါတယ်။ Data pack တန်ဖိုးတွင် အခွန်ပါဝင်ပြီး ဖြစ်ပါတယ်။

၅။ Mobile Legends Data Quota 450 MB ကုန်ဆုံးသွားပြီးနောက် ဆက်လက်ကစားနိုင်ပါသလား။

ကစားနိုင်ပါတယ်။ အကယ်၍ ဝယ်ယူရရှိထားသော ဒေတာပမာဏကုန်ဆုံးခြင်း (သို့မဟုတ်) သက်တမ်းကာလ ရက် (၃၀) ကုန်ဆုံးသွားပါက ဝယ်ယူထားသော သက်ဆိုင်ရာ Data Pack (သို့မဟုတ်) သုံးသလောက်ပေးအင်တာနက်မှ ဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။

၆။ Mobile Legends Data Pack မှ ဒေတာပမာဏများကိုအသုံးပြုရန် MPT ကွန်ယက် ဖွင့်ထားဖို့ လိုအပ်ပါသလား။

ဟုတ်ကဲ့ပါ။ Mobile Legends Data Pack မှ ဒေတာပမာဏများကို အသုံးပြုရန် MPT ကွန်ယက် ဖွင့်ထားဖို့လိုအပ်ပါတယ်။

၇။ Mobile Legends Data Pack ကို ဝယ်ယူရန် အကြိမ် အကန့်အသတ် ရှိပါသလား။

မရှိပါ။ Mobile Legends Data Pack ကို ဝယ်ယူရန် အကြိမ် အကန့်အသတ်မရှိပါ။ စိတ်ကြိုက် ဝယ်ယူကစားနိုင်ပါသည်။

၈။ လက်ရှိ Mobile Legends Data Pack ထဲရှိ ကျန်ရှိသော ဒေတာလက်ကျန်များသည် နောက်ထပ်ဝယ်ယူလိုက်သော Data Pack တွင် ပေါင်းစည်းသွားမှာပါလား။

ဒေတာလက်ကျန်များပေါင်းစည်းသွားမှာ ဖြစ်ပြီး နောက်ဆုံး Pack ၏ သက်တမ်းကုန်ဆုံးရက်အတိုင်း သတ်မှတ်သွားမှာဖြစ်ပါတယ်။

၉။ ရရှိထားသော code ဖြင့် စိန်လဲလှယ်၍မရပါ။ ဘယ်လိုလုပ်ရမလဲ။

https://m.mobilelegends.com/en/codexchange သို့ ဝင်ရောက်ပါ
(သို့မဟုတ်) SMS ပေးပို့ထားသော Link သို့ ဝင်ရောက်၍ အောက်ပါအတိုင်းပြုလုပ်ပါ။
အဆင့် ၁
– SMS မှပေးပို့ထားသော code နှင့်
– သင်၏ Mobile Legends Game ID တို့ကိုဖြည့်သွင်းပါ။
အဆင့် ၂
In-game mail box တွင် အတည်ပြုကုဒ် လက်ခံရယူနိုင်ရန် “Send” ကို နှိပ်ပါ။
အဆင့် ၃
ရရှိထားသော အတည်ပြုကုဒ်ကို ဖြည့်သွင်းပြီး လဲလှယ်ရယူပါ။
သင်၏ Mobile Legends Account ထဲတွင် Diamond ၁၄ ခု ရရှိမည် ဖြစ်ပါသည်။

အကယ်၍ တစ်စုံတစ်ရာ ရှင်းလင်းမှုမရှိပါက MPT (သို့မဟုတ်) Mobile Legends Support သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
• Code မရရှိခြင်း (သို့မဟုတ်) ဒေတာပမာဏနှင့်ပတ်သက်၍ အခက်အခဲရှိပါက 106 သို့ ခေါ်ဆိုမေးမြန်းနိုင်ပါသည်။
• Mobile Legends App (သို့မဟုတ်) code လဲလှယ်ခြင်းနှင့်ပတ်သက်၍ အခက်အခဲရှိပါက [email protected] တွင် မေးမြန်းနိုင်ပါသည်။

သန့်ရှင်းပြည့်ဖြိုးရေအကျိုး အစီအစဉ်မှတစ်ဆင့် ပိုမိုများပြားသည့် လူမှုအသိုက်အဝန်းများ အတွက် သန့်ရှင်းသော သောက်သုံးရေကို MPT က ဖြည့်ဆည်းပေး

(ရန်ကုန်၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၉ ) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က မိတ်ဖက် လူမှုအဖွဲ့အစည်းများဖြစ်သော Network Activities Group (NAG) ၊ Bridge Asia Japan (BAJ) တို့နှင့်အတူ လက်တွဲပူးပေါင်း၍ သောက်သုံးရေရရှိရန် အခက်အခဲကြုံနေရသည့် ဒေသများမှ လူမှုအသိုက်အဝန်းများအတွက် “သန့်ရှင်းပြည့်ဖြိုးရေအကျိုးအစီအစဉ်” ကို ဆောင်ရွက်ခြင်းဖြင့် သန့်ရှင်းသော သောက်သုံးရေရရှိစေရန် ဆောင်ရွက်ပေးခြင်းနှင့် ၎င်းဒေသအတွင်းရှိပြည်သူများ ကျန်းမာရေးပိုမိုတိုးတက် ကောင်းမွန်လာစေရန် ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်လိုက်သည်။ ယခုအစီအစဉ်တွင် စက်ရေတွင်းများတူးဖော်ခြင်းနှင့် တည်ဆောက်ခြင်း အစီအစဉ်များပါဝင်မည်ဖြစ်ရာ လူပေါင်း ၄,၅၀၀ ကျော် အတွက် သန့်စင်သော သောက်သုံးရေကို ထောက်ပံ့နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိ အချို့သောဒေသများတွင် ရေရှားပါးပြတ်လပ်မှု (သို့) ရေအရင်းမြစ်လုံလောက်စွာ မရရှိမှုများ စသည့် အခက်အခဲများနှစ်စဉ် ဖြစ်ပွားလျက်ရှိပြီး အထူးသဖြင့် ပူပြင်းသောနွေရာသီတွင် ကျေးလက် ဒေသများ၌ နေထိုင်ကြသူများ၏ ဘဝအသက်ရှင်ရပ်တည်ရေးအတွက် အဓိက အဟန့်အတားဖြစ်စေသည့် အကြောင်းအရင်းတစ်ခုလည်းဖြစ်သည်။ အနီးအနားရှိ ရေရရှိနိုင်သည့် အရင်းအမြစ်များမှာလည်း ခက်ခဲလှသောကြောင့် ယင်းဒေသရှိ အချို့သောမိသားစုများမှာ ခြောက်သွေ့သော ကာလအတွင်း ရေသိုလှောင်ခြင်းနှင့် သုံးစွဲခြင်းတို့ကိုဆောင်ရွက်နိုင်ရန်အတွက် ကြိုတင် စီစဉ်မှုကိုလည်း တာဝန်တစ်ခုအဖြစ် ဆောင်ရွက် နေကြရပါသည်။ ယခု MPT ၏ အစီအစဉ်ဖြင့် စက်ရေ တွင်းနှင့် မြေသားရေကန်ပေါင်း ၂၅ ခု ကို ဆောက်လုပ်လှူဒါန်းပေးနိုင်ခဲ့ရာ လူဦးရေ ၅၀,၀၀၀ ခန့်နှင့် ၎င်းဒေသနှင့် ဆက်စပ်လျက်ရှိသည့် ကျေးရွာများအတွက် သန့်ရှင်းသောရေကို ရယူအသုံးပြုနိုင်နေပြီ ဖြစ်သည်။ ရေတွင်း တူးဖော်ရန် လိုအပ်သည့် လုပ်ငန်းစဉ်နည်းလမ်းများနှင့် ကုန်ကျစရိတ်မြင့်မားမှုကြောင့် ယင်းဒေသများတွင် မြေအောက်မှ ရေကို ထုတ်ယူသုံးစွဲရန် အခက်အခဲရှိခဲ့သော်လည်း MPT နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းမှု ကြောင့် ဒေသခံပြည်သူများ၏ အဓိကမျှော်လင့်ချက်နှင့် အရေးကြီးဆုံးသော အရင်းအမြစ်ကို ထောက်ပံ့ပေးနိုင်ခဲ့ ပြီလည်းဖြစ်ပါသည်။

အသစ်စတင်လိုက်သည့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများမှာ ဆောင်ရွက်နေပြီဖြစ်ပြီး အောက်ဖော်ပြပါ နေရာများတွင် ယခုနှစ် မတ်လအတွင်း အပြီးသတ် တည်ဆောက် ဆောင်ရွက်သွားမည်ဖြစ်သည်။
စဉ် တိုင်း မြို့နယ် ကျေးရွာ
၁. မန္တလေး မြင်းခြံ ကန်နီ/ဒူလဘို
၂ မန္တလေး ညောင်ဦး ရွာပုလဲ
၃ မကွေး ရေနံချောင်း သစ်မြင့်တော
၄ မကွေး ချောက် မြေပဒုံ
၅ စစ်ကိုင်း မုံရွာ ပေါက်ငယ်တော

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနမှ အရာရှိချုပ်ဖြစ်သူ Mr. Yoshiaki Benino က “MPT အနေနဲ့ လူမှုအဖွဲ့အစည်းရဲ့ နေ့စဉ်ဘဝမှာ သန့်ရှင်းတဲ့ သောက်သုံးရေကို စိတ်ချလက်ချနဲ့ အဆင်ပြေပြေ ရရှိနိုင်စေဖို့အတွက် “သန့်ရှင်းပြည့်ဖြိုးရေအကျိုးအစီအစဉ်”ကို ဆောင်ရွက်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ဘဝမှာ သိသာတဲ့ ပြောင်းလဲမှုကို ဖြစ်စေမှာဖြစ်ပါတယ်။ ရေရဖို့ကို တစ်နေရာကနေတစ်နေရာ အဝေးကြီးသွားလာ ကြရတဲ့ နှစ်ရှည်လများ ရေပြတ်လတ်မှုဒဏ်ကို ခံစားနေကြရသူ ဒေသခံတွေအတွက် ကျွန်တော်တို့ရဲ့ မိတ်ဖက် အဖွဲ့အစည်းတွေဖြစ်တဲ့ NAG နဲ့ BAJ တို့နဲ့အတူတူ ဆက်လက် လက်တွဲပြီး သန့်စင်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ရေအရင်းမြစ်ကို သူတို့ လိုအပ်သလောက်ရရှိစေဖို့ ရေရှည်တည်တံ့စေမယ့် နည်းလမ်းတွေနဲ့အတူ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ သန့်စင်တဲ့ရေဟာ သူတို့ရဲ့တစ်ကိုယ်ရည်သန့်ရှင်းရေး အတွက်ကိုသာမက ကျန်းမာရေးအတွက်ကိုလည်း များစွာအကျိုးဖြစ်ထွန်းစေနိုင်ပါတယ်။ ဒီထောက်ပံ့ကူညီမှုဟာ ကျွန်တော်တို့ရဲ့ “နှလုံးသားထဲကမြန်မာ” ဆောင်ပုဒ်အောက်ကနေ လူမှုအကျိုးပြုလုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်တဲ့ လုပ်ငန်းတစ်ခု အဖြစ်သာမက ကျေးလက်နေပြည်သူတွေရဲ့ ဘဝနေထိုင်မှုအပြောင်းအလဲအတွက် များစွာ အရေးပါပြီး အပြုသဘောဆောင်တဲ့ အကျိုးကျေးဇူးတွေ ဖြစ်ထွန်းစေမှာလည်းဖြစ်ပါတယ်” ဟုပြော ကြားသည်။

Network Activities Group ၏ စီအီးအိုဖြစ်သူ ဦးဘော်ဘီက “ဒီနှစ်ဟာဆိုရင် MPT နဲ့ BAJ တို့အတူ လက် တွဲပြီး ရေရှားပါးပြတ်လပ်တဲ့ဒေသက ပြည်သူတွေအတွက် သန့်ရှင်းတဲ့ သောက်သုံးရေရရှိစေရေး ဆောင်ရွက်ခဲ့တာဟာ သုံးနှစ်မြောက် အချိန်ကာလထဲကို ဝင်ရောက် လာပါပြီ။ အခုလို သန့်ရှင်းပြည့်ဖြိုးရေအကျိုး အစီအစဉ် ကနေကတစ်ဆင့် ကျွန်တော်တို့က သူတို့ဘဝတွေအတွက် ခွန်အားဖြည့် မြှင့်တင်ဆောင်ရွက် ပေးနိုင်ခဲ့သလို ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်များထဲ က စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်တိုင် နံပါတ် ၆ အရ ရေနှင့်သန့်ရှင်းမှု ဖြစ်စေမယ့်အထောက်အပံ့ကိုလည်း ဒီအစီအစဉ်က တစ်ဆင့် ပံ့ပိုးလုပ်ဆောင်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ၂၀၁၇ခုနှစ်မှာဆိုရင် ကျေးရွာပေါင်း ၁၃ရွာ (အိမ်ခြေပေါင်း ၈,၄၀၀ ကျော်နဲ့ လူဦးရေ ၃၈,၀၀၀နီးပါး) နဲ့ ၂၀၁၈ခုနှစ်မှာဆိုရင်လည်း ကျေးရွာပေါင်း ၁၃ ရွာ (အိမ်ခြေပေါင်း ၂,၀၀၀ နီးပါးနဲ့ လူဦးရေ ၈,၄၀၀) ကို သန့်စင်တဲ့ရေရရှိဖို့ MPT ရဲ့ အထောက်အပံ့နဲ့အတူ လုပ်ဆောင် ပေးနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့အနေနဲ့ကတော့ ကျေးရွာရဲ့ ရေထိန်းသိမ်းကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်တွေနဲ့ အမြဲတမ်းဆက် သွယ်ပြီး သူတို့အတွက် အခက်အခဲနဲ့ကြုံတာမျိုး၊ လိုအပ်ချက်တစ်စုံတစ်ရာ ထပ်ရှိတာမျိုးတွေကို ဖြည့်ဆည်းပေး နိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်။ ဒီနေရာမှာ MPT ရဲ့ ကူညီထောက်ပံ့မှုသာ မရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့အနေနဲ့လည်း ဒီအခက်အခဲကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး” ဟုပြောကြားသည်။

BAJ မြန်မာ၏ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Akiko Mori က “သေရေးရှင်ရေးကိစ္စကြီးမဟုတ်ဘူးဆိုရင်တောင် နိစ္စဓူဝလုပ်ဆောင်နေကြရတဲ့ ဟင်းချက်တာ၊ သန့်ရှင်းရေးလုပ်တာ၊ မွေးမြူရေးကဏ္ဍအတွက် အစာကျွေးတာ စတဲ့ ကိစ္စတွေအတွက် သန့်ရှင်းတဲ့ရေမရရှိနိုင်တဲ့အခါ စိတ်သောကရောက်ရကြရတယ်ဆိုတာ ကျွန်မတို့အနေနဲ့ နားလည်ပြီးသားဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ဒီအစီအစဉ်ကို မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ စတင်အကောင် အထည်ဖော်ပြီး လည်ပတ်ဆောင်ရွက်ချိန်ကစလို့ အဲ့ဒီဒေသက လူတွေဟာ သန့်ရှင်းတဲ့ရေ ရဖို့ ဝေးဝေးလံလံတွေကိုသွားပြီး ရေခပ်နေစရာမလိုတော့ဘဲ သူတို့ဘဝတွေအတွက် ပိုကောင်းတဲ့ အနေအထားတစ်ခုကို ရရှိပိုင်ဆိုင် သွားကြပါပြီ။ ဒါကိုကြည့်မယ်ဆိုရင် ကျွန်မတို့ လူနေမှုပတ်ဝန်းကျင်အတွက် ရေရှည်တည်တံ့ပြီး အကျိုးဖြစ်ထွန်း စေတဲ့ အစီအစဉ်တစ်ခုဆိုတာတွေ့မြင်နိုင်သလို ဒီလိုအစီအစဉ်မျိုးမှာ ပါဝင်ခွင့်ရတဲ့အတွက်လည်း ကျွန်မတို့အနေ နဲ့ များစွာဂုဏ်ယူပါတယ်။” ဟုပြောကြားသည်။

အောက်ပါဒေသများမှာ ပြီးခဲ့သည့်နှစ်များတွင် စက်ရေတွင်းတူးဖော်လှူဒါန်းမှု ဆောင်ရွက်ပြီးစီးခဲ့သည့် နေရာများ ဖြစ်ပြီး အဆိုပါဒေသတွင်းရှိ နေထိုင်သူလူဦးရေပေါင်းများစွာမှာ ၎င်းတို့၏ နေ့စဉ်နေ့ထိုင်လှုပ်ရှားမှုဘဝများ အတွက် စိတ်ချရသည့် သန့်ရှင်းသောရေကို ရယူနိုင်ခဲ့ကြပြီဖြစ်သည်။
စဉ် ဒေသ မြို့နယ် ကျေးရွာ လူဦးရေ မှတ်ချက်
၁။ ဧရာဝတီ ကျောင်းကုန်း အမှတ် ၂ အခြေခံပညာ မူလတန်းကျောင်း ၅၇၈၈ စက်ရေတွင်း
၂။ ပဲခူး (အနောက်) ပေါက်ခေါင်း နွားလန်တောင် ၂၅၇ ရေသွယ်တန်းခြင်း
၃။ မင်းလှ ဆားချောင်းလေး ၃၅၀ စက်ရေတွင်း
၄။ ကရင် ကြာအင်းဆိပ်ကြီး အလယ်တံခွန်တိုင် ၅၀၀၈ စက်ရေတွင်း
၅။ ဘားအံ ဘန်ဘွေးကုန်း ၅၉၀ စက်ရေတွင်း
၆။ မန္တလေး ကျောက်ဆည် ကျောက်ဆောက်ကုန်း ၁၂၂၅ စက်ရေတွင်း
၇။ ကျောက်ပန်းတောင်း အိုင်မ ၅၇၆ စက်ရေတွင်း
၈။ ပျော်ဘွယ် ချိုင် ၄၆၃ စက်ရေတွင်း
၉ ။ ညောင်ဦး လက်ပန်ပင်တဲစု ၁၉၅၇ စက်ရေတွင်း
၁၀။ မကွေး မကွေး ရွာဟောင်းကန် ၁၆၀၂ စက်ရေတွင်း
၁၁။ ချောက် တောင်နောက် (ဂွေးချို) ၁၁၄၆ စက်ရေတွင်း
၁၂။ မကွေး လင့်မြင့် ၁၄၅၀ စက်ရေတွင်း
၁၃။ ဂန့်ဂေါ ပြစ်မ ၁၀၀၆ စက်ရေတွင်း
၁၄။ မွန် သံဖြူဇရပ် ပင ၁၅၀၀၉ စက်ရေတွင်း
၁၅။ မုဒုံ ကျိုက္ကာ ၆၀၅ စက်ရေတွင်း
၁၆။ စစ်ကိုင်း အင်းတော် မဲဇာ (ပိန်းအင်း) ၃၇၈ ရေသွယ်တန်းခြင်း
၁၇။ ကလေး နတ်ချောင်း ၅၆၃၉ စက်ရေတွင်း
၁၈။ ယင်းမာပင် ကြပ် ၅၆၀ စက်ရေတွင်း
၁၉။ မုံရွာ သာယာစု ၄၄၇ စက်ရေတွင်း
၂၀။ ရန်ကုန် ကျောက်တန်း သနပ်ပင် ၅၃၄ မြေသားကန်
၂၁။ ကျောက်တန်း သုခအောင် ၂၇၀ မြေသားကန်
၂၂။ ခရမ်း ဘိုကလေး ၁၂၀၀ ရေလှောင်ကန်ကာရံခြင်း
၂၃။ ခရမ်း ညောင်ပင်ကြီးတဲစု ၄၀၀ မြေသားကန်
၂၄။ ကွမ်းခြံကုန်း ကုလားပင်သောင်း ၂၅၀ မြေသားကန်
၂၅။ ကွမ်းခြံကုန်း ကန်ဝိုင်း ၃၃၄ မြေသားကန်
စက်ရေတွင်းတူးဖော်လှူဒါန်းမှုများနှင့် MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများအကြောင်း ထပ်မံသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ခေါ်ဆိုခြင်း (သို့) MPT ၏ တရားဝင်ဝက်ဘ်ဆိုက် www.mpt.com.mm နှင့် တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာ www.facebook.com/mptofficialpage သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။

မြန်မာလူငယ် နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေး အစီအစဉ် ၂၀၁၉ အတွက် ဆန်ခါတင် ရွေးချယ်ပွဲကို MPT နှင့် MCF ပူးပေါင်း၍ မန္တလေးမြို့တွင် အောင်မြင်စွာ ကျင်းပပြီးစီး

(မန္တလေး၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်) မြန်မာ့ဦးဆောင် ဆက်သွယ်ရေးအော်ပရေတာ MPT က မြန်မာနိုင်ငံကွန်ပျူတာအဖွဲ့ချုပ် (MCF) နှင့် ပူးပေါင်းပြီး နိုင်ငံအတွင်း အနာဂတ်ကာလ၌ စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင်များ ပိုမိုပေါ်ပေါက်လာစေရန် အထက်မြန်မာပြည်အတွက် ဆန်ခါတင်ရွေးချယ်ပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကာ အရွေးချယ်ခံရသည့် အဖွဲ့များက မြန်မာလူငယ် နည်းပညာစွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၁၉ ၏ နောက်ထပ်အဆင့်များတွင် ထပ်မံယှဉ်ပြိုင်ကြရမည် ဖြစ်သည်။

မန္တလေးတွင် ရွေးချယ်ခံခဲ့ရသည့် အဖွဲ့ (၅) ဖွဲ့မှာ ရန်ကုန်တွင် ဇန်နဝါရီလ ၂၀ ရက်ကရွေးချယ်ခံခဲ့ရသည့် အဖွဲ့ (၅) ဖွဲ့ တို့နှင့်အတူ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး စုစုပေါင်း အဖွဲ့ ၁၀ ဖွဲ့မှ ယှဉ်ပြိုင်သွားမည်ဖြစ်ကာ ၎င်းတို့၏ စွမ်းဆောင်ရည်ပိုမိုမြင့်တက်လာစေရန်အတွက် (၉) ရက် ကြာ စခန်းသွင်းလေ့ကျင့် ပေးသွားမည်ဖြစ်သည်။ အဆိုပါလေ့ကျင့်မှုမှတစ်ဆင့် နောက်ဆုံးအဆင့်ပြိုင်ပွဲအတွင်း မိမိတို့အသင်းများ၏ ရည်မှန်းချက်များ လက်တွေ့အကောင်အထည်ပေါ် ဖြစ်ထွန်း လာစေရန် စီးပွားရေးဆိုင်ရာ လုပ်ငန်းအဆိုပြုလွှာများကို စနစ်တကျ ရေးဆွဲတတ်စေရန် ကူညီသင်ကြားပေးမည်ဖြစ်ပြီး ၎င်းတို့အတွင်းမှ အကောင်းဆုံးအသင်း ၃ သင်းမှာ တစ်သင်းလျှင် ငွေကျပ် သိန်း ၈၀ ဆယ်နှင့်အတူ MCF ၏ business incubation စင်တာဖြစ်သော ကနောင်ဟဘ်တွင် လုပ်ငန်းလုပ်ကိုင်ရန်အတွက် နေရာကို ၆ လတာ အခမဲ့အသုံးပြုခွင့်ရရှိမည်လည်းဖြစ်သည်။

အထက်မြန်မာပြည်အတွက် အဖွဲ့(၁၅) ဖွဲ့မှ စီးပွားရေးလုပ်ငန်းဆိုင်ရာ အဆိုပြုလွှာများ ရေးသား၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၎င်းတို့အတွင်းမှ ဆန်ခါတင်အရွေးချယ်ခံရသည့် အဖွဲ့ (၅) ဖွဲ့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

စဉ် အဖွဲ့အမည် အကြောင်းအရာ
၁။ Domino Productivity Startup Project (အသေးစားအလတ်စား လုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှု အခက်အခဲများကို ကူညီဖြေရှင်းပေးမည့် အစီအစဉ်)
၂။ WMM Waste Managing Machine (လူမှုပတ်ဝန်းကျင်မှ ထွက်ရှိလာသည့် အမှိုက်များကို ပြန်လည်အသုံးပြုနိုင်အောင် ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်)
၃။ Team Trigo Visual Organic Engineer Project (သီးနှံဖျက်ပိုးမွှားတွေကို
ကူညီတိုက်ဖျက်ပေးမည့် အစီအစဉ်)
၄။ Twin Autoalart Project (အစားအသောက်နှင့်ပတ်သက်ပြီး မှာယူနိုင်ခြင်းနှင့်မှတ်ချက်ပြု နိုင်မည့် အစီအစဉ်)
၅။ Kyaukse EXO Upper Body Exoskeleton Suite Project (ခန္ဓာကိုယ်အထက်ပိုင်းကို အားဖြည့်ပေးမည့် စက်ရုပ်လက် အစီအစဉ်)

မန္တလေးမှ ရွေးချယ်ခံခဲ့ရသည့် အဖွဲ့များမှာ လာမည့် ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၈ ရက်အတွင်း အောက်မြန်မာပြည်မှ ပြိုင်ပွဲဝင် အဖွဲ့များနှင့်အတူ ၎င်းတို့၏စီမံချက်များအတွက် အကြံဉာဏ်များ၊ အစီအစဉ်များ နှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအဆင့်ဆင့်တို့အတွက် လိုအပ်သည့် လမ်းညွှန်ချက်နှင့် သင်ကြားပြသခြင်းများကို ဆောင်ရွက်ပေးမည်ဖြစ်သည်။ အထက်မြန်မာပြည်အတွက် ရွေးချယ်မှုကို ဆောင်ရွက်ရာတွင် နည်းပညာစွန့်ဦးတီထွင်မှုကဏ္ဍတွင် အားထားရသူများဖြစ်သော ဦးဥက္ကာကျော်၊ ဦးဘိုဘိုဇော်၊ ဦးမြတ်ခိုင်၊ ဦးဇော်မိုးထွန်း၊ ဒေါ်ချိုသီရိမောင်၊ ဒေါ်ခင်သက်မော်၊ ဦးဇော်မောင်မြင့်၊ ဦးအောင်ကျော်စိုး၊ ဦးထွန်းခိုင်၊ ဦးအောင်အောင်၊ နှင့် ဦးနေသူဝင်း တို့က ပါဝင် အကဲဖြတ် ရွေးချယ်ပေးခဲ့ကြခြင်းဖြစ်သည်။ အောက်မြန်မာ ပြည်အတွက် ရွေးချယ်ခံထားရသည့် အဖွဲ့ (၅) ဖွဲ့မှာ Idea Capsule, Innovation Group, Divers, Blue Frog နှင့် Nay Yar တို့ဖြစ်သည်။

MPT-KSGM Joint Operations မှ လုပ်ငန်းလည်ပတ်မှုဌာန၏ အရာရှိချုပ်ဖြစ်သူ Mr. Yoshiaki Benino က ကျွန်တော်တို့ MPT အနေနဲ့အခုလို ရွေးချယ်ခံထားရတဲ့ အထက်မြန်မာပြည်က အဖွဲ့တွေကိုဦးစွာ ဂုဏ်ပြုချီးကျူး စကားပြောလိုပါတယ်။ သူတို့အကောင်းဆုံး ယှဉ်ပြိုင်ကြိုးစားခဲ့ကြတာနဲ့အတူ အနာဂတ်မှာ ထင်ရှား ကျော်ကြားတဲ့ စွန့်ဦးနည်းပညာလုပ်ငန်းရှင်တွေ ဧကန်မုချဖြစ်လာကြမှာပဲဖြစ်ပါတယ်။ စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းတွေ တိုးတက်ထွက်ပေါ်လာစေရေးဟာ မြန်မာနိုင်ငံကိုကဏ္ဍအစုံမှာ ရှေ့ကိုလှမ်းချီ နိုင်ဖို့အတွက် သော့ချက်အဖြစ် အရေးကြီးတယ်ဆိုတာကို ကျွန်တော်တို့နဲ့အတူ မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ MCF တို့က ရှု့မြင်ထားပါတယ်။ အခုလိုဆောင်ရွက်ချက်တွေဟာ MPT ရဲ့ နှလုံးသားထဲက မြန်မာဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ထပ်တူကျ လုပ်ဆောင်နေတာဖြစ်ပြီးတော့ နိုင်ငံအတွင်းကလူမှုအဖွဲ့အစည်းတွေကို မြေတောင်မြှောက် ဆောင်ရွက် ပေးနေတာလည်း ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ သူတို့တွေကို နောက်တစ်ဆင့်မှာ အကောင်ဆုံးဆောင်ရွက်နိုင်ကြဖို့အတွက် ဆန္ဒပြုလိုပြီး အထူးလေ့ကျင့်သင်ကြားမှု အစီအစဉ်မှာလည်း မြန်မာနိုင်ငံက စီးပွားရေး၊ နည်းပညာ ကဏ္ဍတွေက နာမည် ထင်ရှားသူတွေ၊ ခေါင်းဆောင်တွေရဲ့ လေ့ကျင့်သင်ကြားပေးမှုတွေကို လက်ခံရရှိပြီး သူတို့ရဲ့ အခွင့်အလမ်းတွေကို အကောင်းဆုံး ဖမ်းဆုပ်နိုင်ပါစေ လို့လည်း ဆန္ဒပြုလိုက်ရပါတယ်။ ” ဟု ပြောကြားသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်က “အခုလို MPT နဲ့ထပ်မံပူးပေါင်းပြီး မြန်မာနိုင်ငံထဲက အရည်အချင်းရှိသူ နည်းပညာစွန့်ဦး တီထွင်လူငယ်တွေကို ဖော်ထုတ်ရေးကို အတူတကွ ဆောင်ရွက်နိုင်တဲ့အတွက် အရမ်းကိုဂုဏ်ယူပါတယ်။ အခုလိုအထက်မြန်မာပြည် ၊ အောက်မြန်မာပြည်က ရွေးချယ်ခံခဲ့ရတဲ့ (၁၀) ဖွဲ့အနေနဲ့ လာမယ့်နောက်ဆုံးအဆင့်ပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့အတွက် အရည်အသွေးတွေကို တိုးတက်လာအောင် ဆောင်ရွက်နိုင်ပြီး ယှဉ်ပြိုင်သွားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အနာဂတ်မှာ တိုင်းပြည်နဲ့မိမိတို့ရဲ့ လူမှုအဖွဲ့အစည်းကိုပြန်ပြီး ပေးဆပ်မယ့် လူငယ်လေး တွေအနေနဲ့ သူတို့ရဲ့ အိပ်မက်တွေတကယ်ဖြစ်လာစေမယ့် ကြိုးပမ်းမှုတွေကို အထောက်အပံ့ပေးခွင့်ရတဲ့အတွက် တကယ်ပဲ ဝမ်းသာ မိပါတယ်။ ဒါကြောင့်ပဲ သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်သူတွေရဲ့ လေ့ကျင့်ပေးမှုတွေနဲ့ အခြား အထောက်အပံ့တွေနဲ့အတူ အခုအစီအစဉ်ကတစ်ဆင့် တိုးတက်အောင် ဆောင်ရွက်ပေးထားတာ ပဲဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

ဖေဖေါ်ဝါရီလတွင်ကျင်းပမည့် နောက်ဆုံးအဆင့်ယှဉ်ပြိုင်ပွဲတွင် စခန်းသွင်းလေ့ကျင့်မှုပြီးမြောက်ထားပြီးသော အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်မှ ပြိုင်ပွဲဝင်အဖွဲ့များက ပိုမိုတိကျရှင်းလင်းသည့် တင်ဆက်မှုများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အနိုင်ရရှိမည့် အဖွဲ့ (၃) ဖွဲ့မှာ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ စတင်လည်ပတ်နိုင် ရန်အတွက် ဆုကြေးငွေ ကျပ် သိန်း (၈၀) နှင့်အတူ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက် MCF ၏ Incubation Center ဖြစ်သည့် ကနောင်ဟဘ်တွင် ရုံးခန်းနေရာ (၆) လစာကို အခမဲ့ အသုံးပြုခွင့် ရရှိမည်ဖြစ်သည်။ ပြိုင်ပွဲဝင် လူငယ်များအနေဖြင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ လည်ပတ်နိုင်ရန်အတွက် အတွေ့အကြုံရှိ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များထံမှ အနီးကပ်ညွှန်ကြားချက်များ ရရှိခဲ့သည့်အပြင် ဆုမရှိခဲ့ကြသည့် ဆန်ခါတင် အဖွဲ့များကိုလည်း ၎င်းတို့၏ ကြိုးစားအားထုတ်မှုများကို အသိမှတ်ပြုသည့်အနေဖြင့် ငွေကျပ် (၅) သိန်းစီကို ဆု ချီးမြှင့် သွားမည်ဖြစ်သည်။

ပြိုင်ပွဲနှင့် ပတ်သက်၍ သိရှိလိုပါက (သို့) MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများအကြောင်းသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ခေါ်ဆို၍လည်းကောင်း၊ MPT ၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ထို့အပြင် MPT ၏ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာ www.facebook.com/mptofficialpage MCF ၏ ဖေ့စ်ဘွတ်စာမျက်နှာ www.facebook.com/mcf.myanmar.computer.federation/ နှင့် မြန်မာလူငယ်နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၏ ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/mmtechnopreneurship/ တွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တစ်နိုင်ငံလုံးတွင် ရေပန်းစားလူကြိုက်များသည့် The Voice Myanmar ထိပ်တန်းသီချင်းဆိုပြိုင်ပွဲကို MPT ၏ ကူညီပံ့ပိုးမှုဖြင့် ဒုတိယအကြိမ်အဖြစ် မကြာမီ တစ်ကျော့ပြန် ကျင်းပမည်

(ရန်ကုန် ၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်) – သန်းနှင့်ချီသောသီချင်းချစ်သူ ပရိသတ်များ မျှော်လင့်စောင့်စားနေကြသော ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အပြည့်ဖြင့် ခံစားကြည့်ရှုရမည့် မြန်မာနိုင်ငံ၏ အကောင်းဆုံး ထိပ်တန်းသီချင်းဆိုပြိုင်ပွဲ The Voice Myanmar အစီအစဉ်သစ်ကို ၂၀၁၉ ခုနှစ်အတွက် လာမည့်ဖေဖော်ဝါရီလတွင် ပြသတော့မည်ဖြစ်ပြီး အရည်အသွေးရှိသည့် ပြိုင်ပွဲဝင်များကို စတင်ရွေးချယ်တော့မည်ဖြစ်သည်။ ပြိုင်ပွဲတွင် နိုင်ငံကျော်အဆိုတော်များဖြစ်ကြသော နီနီခင်ဇော်၊ ရန်ရန်ချမ်း၊ ဟန်ထူးလွင်တို့အပြင် အဆိုတော် R ဇာနည်မှလည်း ယခုနှစ်၏ အကဲဖြတ်ဒိုင်လူကြီး အသစ်အနေဖြင့် Season အသစ်တွင် ဝင်ရောက်အကဲဖြတ်ရွေးချယ်ပြီး လေ့ကျင့်ပံ့ပိုးမှုများ ပြုလုပ်ပေးသွားမည် ဖြစ်သည်။

MPT အနေဖြင့် ယခုအစီအစဉ်တွင် အဓိကကူညီပံ့ပိုးသူ Main Sponsor အဖြစ် Forever BEC-Tero နှင့်ထပ်မံ အတူပူးပေါင်းဆောင်ရွက်ခွင့်ရရှိသည့်အပေါ် အထူးပင်ဂုဏ်ယူဝမ်းမြောက်ဂုဏ်ယူလျှက်ရှိပြီး အဆို ပြိုင်ပွဲကို လာမည့် ဖေဖေါ်ဝါရီလ ၂၄ ရက် မှ ဇွန်လ ၁၆ ရက်နေ့အထိ MRTV-4 Free to Air ရုပ်သံလိုင်းမှတစ် ဆင့် အပတ်စဉ် တနင်္ဂနွေနေ့ည ၉ နာရီတိုင်း ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။ ယခုနှစ်အတွက် ပြိုင်ပွဲဝင်ရန်လျှောက်ထားသူ ဦးရေ ၈,၀၀၀ ရှိပြီး Blind Auditions အတွက် ၎င်းတို့အတွင်းမှ ပြိုင်ပွဲဝင် ၄၈ ဦးကို Battle Round အဆင့်အတွက် ဆက်လက်ရွေးချယ်သွားမည် ဖြစ်သည်။ ၎င်းတို့အနက်မှ ၂၄ ဦးမှာ နောက်ဆုံးအဆင့်ယှဉ်ပြိုင်မှုအတွက် ပရိသတ်ရှေ့မှောက်တွင် Grand Prize ဆုအတွက် တိုက်ရိုက် သီဆိုယှဉ်ပြိုင်ကြရမည်ဖြစ်သည်။

The Voice Myanmar Season-2 တွင် နည်းပြများအဖြစ် ပါဝင်သွားကြမည့် နာမည်ကြီးအဆိုတော်များဖြစ်ကြသော ရန်ရန်ချမ်း၊ နီနီခင်ဇော်၊ ဟန်ထူးလွင်နှင့် R-ဇာနည်

ပွဲစဉ်အစပိုင်းတွင် အသံစွမ်းရည်စစ်ဆေးရန်အတွက် Blind-auditions အစီအစဉ်ကို နိုင်ငံတကာတွင် ကျင်းပ လျက်ရှိသည့် The Voice သီချင်းဆိုပြိုင်ပွဲများနည်းတူ စတူဒီယိုအတွင်း ကြည့်ရှုနေသည့် ပရိသတ်များရှေ့မှောက်၌ သီဆိုယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဘဝအတွက်အရေးပါသည့် အလှည့်အပြောင်းတစ်ခုကို ဖြစ်စေမည့် တေးစီးရီးထုတ်လုပ်မှုစာချုပ်တစ်ခုကိုလည်း Universal Music Group နှင့်အတူ ချုပ်ဆိုခွင့် ရရှိမည်ဖြစ်သည့်အပြင် ငွေကျပ်သိန်း နှစ်ရာကိုလည်း ဆွတ်ခူးရရှိမည်ဖြစ်သည်။ ပြိုင်ပွဲစဉ်တစ်လျှောက်လုံးတွင် သီဆိုယှဉ်ပြိုင်သူများအား သီဆိုယှဉ်ပြိုင်မှု စွမ်းဆောင်ရည် တိုးမြှင့်စေရန် ရည်ရွယ်ချက်ဖြင့် နည်းပြများက လေ့ကျင့်သင်ကြားမှုများ၊ လမ်းညွှန်ပြသမှုများ ပြုလုပ်ဆောင် ရွက်သွားမည်ဖြစ်သည်။ အထူးသဖြင့်လူငယ်များအကြား ရေပန်းစားနှစ်သက်မှု အပြည့်ရရှိထားသော ယခုပြိုင်ပွဲ အစီအစဉ်တွင် မြန်မာနိုင်ငံအဝန်းမှ မတူကွဲပြားသည့် သီဆိုယှဉ်ပြိုင်မှုသဏ္ဍာန်များ၊ ဂီတဖန်တီးပုံဖော်မှုများနှင့် ကိုယ်ပိုင်ဟန်သီဆိုမှုများစွာ၊ ဂီတအမျိုးအစားများစွာကို အားပေးခံစားကြည့်ရှုနိုင်မည်ဖြစ်သည်။

အဓိကပံ့ပိုးကူညီသူအဖြစ်ပါဝင်ထားသည့် မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT အနေဖြင့် သုံးစွဲသူများအတွက် SMS စနစ်ဖြင့် Voting ပေးနိုင်မည့်စနစ်ကို စီစဉ်ဆောင်ရွက်လျက်ရှိနေပြီး *9011# သို့ခေါ်ဆိုခြင်းဖြင့်လည်း online voting portal ဖြစ်သည့် thevoice.mptvote.com ကို အလွယ်တကူဝင်ရောက်ပြီး ၎င်းတို့နှစ်သက်သည့် ပြိုင်ပွဲဝင်များကို မဲပေးနိုင်မည်ဖြစ်သည်။

MPT-KSGM Joint Operations ၏ စီးပွားရေးရာဌာနကြီးမှ အရာရှိချုပ် Mr. Reizo Umeda က “MPT အနေနဲ့အခု The Voice Myanmar Season 2 အစီအစဉ်ကို Forever BEC-Tero နဲ့အတူ ထပ်မံပြီးတော့ ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အတွက် အရမ်းပဲဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အခုပြိုင်ပွဲက မနှစ်ကလိုပဲ အောင် မြင်မှုတွေ တေးသီချင်းကောင်းတွများစွာထွက်ပေါ်လာခဲ့သလို အထူးသဖြင့် အဆိုဝါသနာရှင် လူငယ်တွေကြား မှာ အလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့ အစီအစဉ်ကောင်းတစ်ခုဖြစ်စေမှာဖြစ်တဲ့အပြင်ကိုမှ သူတို့ သဘောကျ နှစ်သက်တဲ့အဆိုရှင်တွေရဲ့ သင်ကြားပြသ၊ ပံ့ပိုးမှုတွေနဲ့အတူ ဒီပြိုင်ပွဲကို ကြည့်ရှုခံစားနိုင်မှာပါ။ ဒီအတွက် ကျွန်တော်တို့အနေနဲ့ ဝါသနာရှင်တွေကို ပိုပြီးလာရောက်ယှဉ်ပြိုင်ကြဖို့ ဖိတ်ခေါ်လိုပါတယ်။ နောက်ဆုံးအနိုင်ရရှိ သူအနေနဲ့ Universal Music Group နဲ့အတူ တေးစီးရီးထုတ်လုပ်ခွင့်ရရှိမှာဖြစ်ပြီးတော့ အနုပညာနယ်ပယ် အတွင်းမှာ ထိပ်တန်းအဆိုရှင်တစ်ဦးအနေနဲ့ အသိအမှတ်ပြု အောင်မြင်နိုင်မယ့် အခွင့်အရေးရရှိမှာဖြစ်လို့ အနုပညာဗီဇရှိတဲ့ ရွက်ပုန်းသီးဝါသနာရှင်လေးတွေ ပါဝင်ယှဉ်ပြိုင်ကြဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ ဒါ့ကြောင့် ပရိသတ်တွေအနေနဲ့ ကိုယ်ရဲ့မိုဘိုင်းလ်ဖုန်း ဒါမှမဟုတ် အွန်လိုင်း Portal ကတစ်ဆင့် voting ပေးခြင်း နှင့် voting ပေးခြင်းစနစ်သစ်ဖြစ်သည့် SMS Voting စနစ်ကို အသုံးပြုပြီး မိမိနှစ်သက်တဲ့အဆိုဝါသနာရှင်တွေကို ရှေ့လမှာကျင်းပမယ့် ပြိုင်ပွဲမှာစတင်ပြီး မဲပေးလိုက် ကြပါစို့။” ဟု ပြောကြားသည်။

ပြီးခဲ့သည့်နှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် The Voice Myanmar 2018 တွင် နောက်ဆုံးဗိုလ်ဆွဲ အနိုင်ရရှိခဲ့သူ ကိုငွေစိုးမှာ ငွေကျပ် သိန်း ၂၀၀ နှင့်အတူ ၎င်း၏တေးစီးရီအမ်ဘမ်ကို Universal Music တွင် ထုတ်လုပ် ခွင့်ရရှိခဲ့သည်။

အသေးစိတ်ထပ်မံ သိရှိလိုပါက ၁၀၆ သို့တိုက်ရိုက် ဖုန်းခေါ်ဆိုနိုင်သည့်အပြင် www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာဖြစ်သော www.facebook.com/mptofficialpage သို့ မေးမြန်းခေါ်ဆို နိုင်မည် ဖြစ်သည်။

MPT နှင့် MCF တို့ပူးပေါင်း၍ တီထွင်ဖန်တီးနိုင်စွမ်းမြင့်မားသော လူငယ်မျိုးဆက်သစ် များ မွေးထုတ်ပေးမည့် မြန်မာလူငယ် နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၁၉ ကို ထပ်မံကျင်းပ

(ရန်ကုန်၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT နှင့် မြန်မာ နိုင်ငံကွန်ပျူတာအသင်းချုပ် MCF တို့ အတူပူးပေါင်း၍ ယခင်နှစ်က အောင်မြင်မှုများ ရရှိခဲ့သည့် မြန်မာလူငယ် နည်းပညာစွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ်ကို ယခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ထပ်မံကျင်းနေပြီ ဖြစ်သည်။ ယခု ၂၀၁၉ ခုနှစ်အစီအစဉ်အတွက် လျှောက်လွှာများကို လွန်ခဲ့သည့် နှစ် အောက်တိုဘာလ ၂၂ ရက်နေ့က စတင်လက်ခံခဲ့ပြီးသည့်နောက် အောက်မြန်မာပြည်အတွက် ဆန်ခါတင်ရွေးချယ်ပွဲကို ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ကာ နည်းပညာ၊ ဆက်သွယ်ရေးနှင့် ဆန်းသစ်သည့် တီထွင်ဖန်တီးမှု ထုတ်ကုန်များနှင့် စပ်လျဉ်းသည့် အကောင်းဆုံး စီးပွားရေးစီမံကိန်းများကို ရွေးချယ်ခဲ့ပြီး ၎င်းတို့၏ အရည်အသွေးများနှင့် အဆိုပြုချက်များ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်အတွက် တစ်ပတ်တာ စခန်းသွင်းလေ့ ကျင့်သင်ကြားပေးသွားမည် ဖြစ်သည်။ ထို့အတူ အထက်မြန်မာပြည်အတွက် ဆန်ခါတင်ရွေးချယ်ပွဲကိုမူ ယခုလ နှောင်းပိုင်းဖြစ်သည့် ဇန်နဝါရီလ ၂၆ ရက်တွင် မန္တလေးမြို့၌ ကျင်းပပြုလုပ်သွား မည်လည်းဖြစ်သည်။

ယခုအစီအစဉ်သု့ိ နိုင်ငံအနှံ့မှ စုစုပေါင်း အသင်း ၁၁၀ တို့က ၎င်းတို့၏ ကွဲပြားခြားနားသော စီးပွားရေးအတွေးအမြင်များနှင့်ထုတ်ကုန်များကို လျောက်ထားခဲ့ကြပြီး ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် အောက်မြန်မာပြည် ဆန်ခါတင်ရွေးချယ်ပွဲတွင် ပြိုင်ပွဲဝင်အဖွဲ့ ၅ ဖွဲ့အား အကဲဖြတ်ဒိုင်လူကြီးများမှ ရွေးချယ်ခဲ့ပြီး ဖျော်ဖြေရေး၊ civic tech ၊ စိုက်ပျိုးရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် IoT (Internet of Things) အစရှိ သည့် ကျယ်ပြန့်သော ကဏ္ဍများအတွက် စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်း ဆိုင်ရာ ဆွေးနွေးမှုများနှင့် လေ့ကျင့်သင်ကြားမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ပြိုင်ပွဲဝင်အဖွဲ့များမှ ၎င်းတို့၏ အဆိုပြုချက်နှင့်အညီ သက်ဆိုင်ရာ နယ်ပယ်အလိုက် သုံးစွဲသူများအတွက် ထုတ်ကုန်များနှင့်စပ်လျဉ်းပြီး ရှင်းလင်းစွာတင်ပြနိုင်ခြင်း၊ အခက်အခဲ၊ စိန်ခေါ်မှုများကို ပြသပြီး ယင်းတို့ကို ဖြေရှင်းနိုင်မည့် ဆန်းသစ်သည့် ဖြေရှင်းချက်နည်းလမ်းများကို အဆိုပြုခြင်းတို့ဖြင့် ၎င်းတို့၏ အလားအလာရှိသော စွန့်ဦးတီထွင် စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်များကို ပြသခဲ့သည်။

ဖေဖေါ်ဝါရီလတွင်ကျင်းပမည့် နောက်ဆုံးအဆင့်ယှဉ်ပြိုင်ပွဲတွင် စခန်းသွင်းလေ့ကျင့်မှုပြီးမြောက်ထားပြီးသော အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်မှ ပြိုင်ပွဲဝင်အဖွဲ့များက ပိုမိုတိကျရှင်းလင်းသည့် တင်ဆက်မှုများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အနိုင်ရရှိမည့် အဖွဲ့ ၃ ဖွဲ့မှာ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ စတင်လည်ပတ်နိုင် ရန်အတွက် ဆုကြေးငွေ ကျပ် သိန်း ၈၀ နှင့်အတူ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက် MCF ၏ Incubation Center ဖြစ်သည့် ကနောင်ဟဘ်တွင် ရုံးခန်းနေရာ ၆ လစာကို အခမဲ့ အသုံးပြုခွင့်ရရှိမည်ဖြစ်သည်။ ပြိုင်ပွဲဝင် လူငယ်များအနေဖြင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ လည်ပတ်နိုင်ရန်အတွက် အတွေ့အကြုံရှိ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များထံမှ အနီးကပ်ညွှန်ကြားချက်များ ရရှိခဲ့သည့်အပြင် ဆုမရှိခဲ့ကြသည့် ဆန်ခါတင် အဖွဲ့များကိုလည်း ၎င်းတို့၏ ကြိုးစားအားထုတ်မှုများကို အသိမှတ်ပြုသည့်အနေဖြင့် ငွေကျပ် ၅ သိန်းစီကို ဆု ချီးမြှင့် သွားမည်ဖြစ်သည်။

အောက်မြန်မာပြည်ကိုယ်စားပြုအဖြစ် အရွေးချယ်ခံရသည့် ဆန်ခါတင်အဖွဲ့ ၅ ဖွဲ့မှာ အောက်ပါအတိုင်း ဖြစ်သည်။

စဉ် အဖွဲ့အမည် အကြောင်းအရာ
၁ Idea Capsule Government Lottery Application (အွန်လိုင်း ပေါ်မှ အောင်ဘာလေထီ လက်မှတ်များ ဝယ်ယူနိုင်မည့် အက်ပလီကေးရှင်း)
၂ Innovation group Automated Farming Machine (စိုက်ပျိုးရေးကဏ္ဍတွင် ဆိုလာနှင့်အာရုံခံ စနစ်များအသုံးပြု၍လူအစားထိုးစက်ပစ္စည်းများ ပြောင်းလဲသုံးစွဲနိုင်မည့် အစီအစဉ်
၃ Divers Augmented Reality Platform for Ads (မြန်မာ့ယဉ်ကျေးမှုနှင့်ရိုးရာဓလေ့များကို နည်းပညာ စနစ်မှတစ်ဆင့် လက်တွေ့ကဲ့သို့ခံစားကြည့်ရှုနိုင်မည်အစီအစဉ်
၄ Blue Frog Ethnic Language Learning App (AR စနစ်ဖြင့်တိုင်းရင်းသားစာပေ များကိုလေ့လာသင်ယူနိုင်မည့် သင်ထောက်ကူအက်ပလီကေးရှင်း
၅ Nay Yar House Rental Solution (app and Web) (ရန်ကုန်မြို့တွင်းတိုက်ခန်းများကို လပေးစနစ်ဖြင့် ဌားရမ်းခြင်း၊ စပ်တူနေထိုင်ရန် အခန်းရှာဖွေခြင်းများပြုလုပ်နိုင်မည့် ပလက်ဖောင်း

ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီးဖြစ်သည့် ဆန်ခါ၉တင်ရွေးချယ်ပွဲမှ အဖွဲ့ ၅ ဖွဲ့နှင့် အထက်မြန်မာပြည်မှ ရွေးချယ်ခံရမည့် အဖွဲ့များ စုစုပေါင်း အဖွဲ့ ၁၀ ဖွဲ့က စီးပွားရေးလုပ်ငန်း စီမံကိန်းအကြံဉာဏ်များကို အကဲဖြတ်ဒိုင်လူကြီးများနှင့် မီဒီယာများရှေ့မှောက်တွင် ပြသခဲ့ပြီး နောက်ဆုံးကျင်းပမည့်ပြိုင်ပွဲတွင် တင်ဆက်ပြသကြရမည်ဖြစ်သည်။ အဆိုပါ အကဲဖြတ်အဖွဲ့တွင် နည်းပညာစွန့်ဦးတီထွင်မှုကဏ္ဍတွင် အားထားရသူ ၁၂ ဦးဖြစ်သည့် ဦးသောင်းစုငြိမ်း၊ ဒေါ်ချိုသီရိမောင်၊ ဦးအောင်အောင်၊ ဦးဇော်မိုးထွန်း၊ ဦးခွန်ဦး၊ ဒေါ်ခင်သက်မော်၊ ဒေါ်လင်းလင်းတင်ထွန်း၊ ဦးအောင်ကျော်မိုး၊ ဦးထင်အောင်ခိုင်၊ ဦးထွန်းခိုင်၊ ဦးမင်းဇေယျာလှိုင် နှင့် ဦးဇော်ဝင်းထွန်း တို့က ပါဝင် အကဲဖြတ်သွားမည်ဖြစ်သည်။ စကာတင်ရွေးချယ်ပွဲပြီးဆုံးသည်နှင့် ၉ ရက်ကြာ အထူးသီးသန့် စခန်းသွင်း လေ့ကျင့်မှုကို စတင်မည်လည်းဖြစ်ပြီး ထိုလေ့ကျင့်မှုမှတစ်ဆင့် မိမိတို့အသင်း၏ ရည်မှန်းချက်များ ဖြစ်ထွန်းလာစေရန် အထောက်အကူဖြစ်မည့် သေချာစွာစီစဉ်ထားသော အစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ ညွှန်ပြချက်များ နှင့် အဆိုတင်သွင်းချက်များ ကို အတွေ့အကြုံရှိသော ဝါရင့်ဆရာကြီးများမှ ၎င်းတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Yoshiaki Benino က “အထက်မြန်မာပြည်ကအသင်းတွေနဲ့ ယှဉ်ပြိုင်ဖို့ ဆန်ခါတင်ရွေးချယ်ခံရတဲ့ အောက်မြန်မာပြည်ကိုယ်စားပြု အဖွဲ့ တွေအားလုံးအတွက် MPT က ဂုဏ်ယူပါတယ်။ မနှစ်ကပြုလုပ်တဲ့ပွဲကနေ ထူးချွန်တဲ့ လူငယ်နည်းပညာရှင်တွေ ထွက်ပေါ်လာတာကို တွေ့ရှိရပြီးတဲ့နောက်မှာ ကျွန်တော်တို့အနေနဲ့ MCF နဲ့အတူ လက်တွဲပြီး “နှလုံးသား ထဲကမြန်မာ” ဆိုတဲ့ခံယူချက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် စွန့်ဦးတီထွင်နဲ့ စီးပွားရေးလုပ်ငန်းငယ်တွေကို အထောက်အပံ့ပေးနိုင်မယ့် လူမှုအကျိုးပြုအစီအစဉ်တစ်ခုဖြစ်တဲ့ မြန်မာလူငယ် နည်းပညာစွန့်ဦးတီထွင်ဖွံ့ဖြိုးရေး အစီအစဉ်ကို ဒုတိယအကြိမ်မြောက်ပြုလုပ်ခွင့်ရတဲ့အပေါ် အရမ်းကို ကျေနပ်မိပါတယ်။ မျိုးဆက်သစ် လူငယ်တွေအနေနဲ့ သူတို့ပေးချင်တဲ့အရာတွေအများကြီးရှိနေတဲ့အချိန်မှာ သူတို့ရဲ့ အရည်အသွေးတွေ လက်တွေ့ဖြစ်လာနိုင်ဖို့အတွက် ကူညီ ဆောင်ရွက်ပေးနိုင်ဖို့ကို ကျွန်တော်တို့ စိတ်ပိုင်းဖြတ်ထား ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့အနေနဲ့ စီးပွားရေးအရ အောင်မြင်တဲ့ လုပ်ငန်းတစ်ခုဖြစ်လာဖို့အတွက် ရည်ရွယ်ထားလို့ပဲဖြစ်ပါတယ်။ အခုလို ပံ့ပိုးကူညီမှုတွေကြောင့် သူတို့ရဲ့လုပ်ငန်းတွေ တိုးတက်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ နည်းပညာ နဲ့ အခြားနေရာတွေမှာပါ အထောက်ကူဖြစ်စေပြီး နိုင်ငံကို အခုထက်ပိုပြီး ရှေ့ကိုတိုးတက်လာစေဖို့ မျှော်လင့်ပါတယ်။” ဟု ပြောကြားသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ဥက္ကဋ္ဌ ဦးခွန်ဦးက “အခုလို MPT နဲ့ထပ်မံပူးပေါင်းပြီး နည်းပညာစွန့်ဦး တီထွင်ဖွံ့ဖြိုးရေးပွဲကို ကျင်းပခွင့်ရတဲ့အတွက် အရမ်းကိုဂုဏ်ယူပါတယ်။ ရန်ကုန်မြို့မှာတော့ အောက်မြန်မာပြည် ကိုယ်စားပြုအသင်းတွေကို ရွေးချယ်လိုက်ပြီဖြစ်ပီးတော့ အထက်မြန်မာပြည်ကိုယ်စားပြုအတွက်ကိုတော့ ဒီလထဲမှာပဲ မန္တလေးမြို့မှာ ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။ အခုလို လူငယ်တွေရဲ့ ဆန်းသစ်တဲ့ အကြံဉာဏ်တွေကို အကောင်အထည်ဖော်တာကို တွေ့မြင်ရတာဟာ အမြဲတမ်းအားရစရာကောင်း လှပါတယ်။ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းအစီအစဉ်တွေကို ညှိနှိုင်းဆောင်ရွက်ပေးခြင်းကတစ်ဆင့် သူတို့အနေနဲ့တိုးတက်မှုတွေ ဖြစ်ပေါ်လာပြီး သူတို့ရဲ့လူမှုဝန်းကျင်နဲ့ နိုင်ငံကိုပါ အပေါင်းလက္ခဏာဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ရရှိစေမှာဖြစ်ပါတယ်။ အခုလို နည်းပညာစွန့်ဦးတီထွင်မှုက လူငယ်တွေအတွက် အလားအလာရှိတဲ့ အသက်မွေးဝမ်းကျောင်း၊ စီးပွားရေးလမ်းကြောင်းတစ်ခုဖြစ်လာတာနဲ့အမျှ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံက လူငယ်တွေ အားလုံးကို သူတို့ရဲ့ စိတ်ကူးအကြံဉာဏ်တွေကို ဖြစ်ထွန်းလာစေဖို့ ပံ့ပိုးပေးချင်ပါတယ်။ အခုလို ပြိုင်ပွဲတွေ ကျင်းပပြီး ငွေအားနဲ့ထောက်ပံ့ရုံသာမကဘဲ သက်ဆိုင်ရာနယ်ပယ်အလိုက် လုပ်ငန်းခွင်အတွေ့အကြုံရှိသူတွေဆီကပါ အလေ့ကျင့်ကောင်းတွေ ရရှိပိုင်ဆိုင် စေဖို့ စီစဉ်ပေးထားတာလည်း ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

ပြိုင်ပွဲနှင့် ပတ်သက်၍ သိရှိလိုပါက (သို့) MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများအကြောင်းသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ခေါ်ဆို၍လည်းကောင်း၊ MPT ၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ထို့အပြင် MPT ၏ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာ www.facebook.com/mptofficialpage MCF ၏ ဖေ့စ်ဘွတ်စာမျက်နှာ www.facebook.com/mcf.myanmar.computer.federation/ နှင့် မြန်မာလူငယ်နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၏ ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/mmtechnopreneurship/ တွင်
လိည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မြန်မာဘောလုံးအားကစားဝါသနာရှင်များအတွက် MPT Myanmar National League 2019 ရာသီသစ်ပွဲစဉ်များကို ပျော်ရွှင်ဖွယ်အစီအစဉ်များဖြင့် စတင် ၂၀၁၉ ခုနှစ်ရာသီပွဲစဉ်များကို စတင်ခြင်းနှင့်အတူ နိုင်ငံတစ်ဝန်းမှ ဘောလုံးချစ်သူ လူငယ်များနှင့် ပရိသတ်များအတွက် ဘောလုံးပွဲစဉ်များနှင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်အစီအစဉ်များကို စောင့်မျှော်ကြည့်ရှုနိုင်ပြီဖြစ်

၂၀၁၉ ခုနှစ်ရာသီပွဲစဉ်များကို စတင်ခြင်းနှင့်အတူ နိုင်ငံတစ်ဝန်းမှ ဘောလုံးချစ်သူ လူငယ်များနှင့် ပရိသတ်များအတွက် ဘောလုံးပွဲစဉ်များနှင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်အစီအစဉ်များကို စောင့်မျှော်ကြည့်ရှုနိုင်ပြီဖြစ်

(ရန်ကုန်၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ နှင့် မိတ်ဖက် အဖွဲ့အစည်းဖြစ်သည့် မြန်မာနေရှင်နယ်လိဂ် MNL တို့ပူးပေါင်းဆောင်ရွက်မှုဖြင့် အများမျှော်လင့် တောင့်တလျှက်ရှိသည့် နိုင်ငံတွင်း ဘောလုံးရာသီသစ်ကို ဂုဏ်ယူစွာဖြင့် ပြန်လည်ကျင်းပနေပြီဖြစ်ပြီး ထိပ်တန်းအသင်းများ ပါဝင်ယှဉ်ပြိုင်မည့် ပွဲစဉ်များနှင့်အတူ လူငယ်ခြေတက်အသင်းများအနေဖြင့်လည်း ၎င်းတို့အတွက် အောင်ပွဲများကို အကြိတ်အနယ် ယှဉ်ပြိုင် ရယူသွားကြမည် လည်းဖြစ်သည်။

လွန်ခဲ့သည့် ဘောလုံးရာသီကပင်စတင်ကာ မြန်မာ့ဘောလုံးလောက တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် MPT မှ MNL နှင့်အတူ သုံးနှစ်တာ မဟာဗျူဟာကျ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ယခုရာသီတွင် ဘောလုံးအားကစားဝါသနာရှင်များ အတွက် ပိုမိုထူးခြားသော အစီအစဉ်များဖြစ်သည့် ဘောလုံးအားကစား တိုးတက်ရေး ဆွေးနွေးပွဲများ၊ တွေ့ဆုံပွဲ များ၊ ပြိုင်ပွဲအကြိုလှုပ်ရှားမှုများ၊ ပြိုင်ပွဲဝင်လက်ရွေးစင်ကစားသမားများ၊ နာမည်ကျော်ကြား လူကြိုက်များသော အနုပညာရှင်များနှင့် တွေ့ဆုံပွဲများအား တစ်နိုင်ငံလုံးတွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

MPT သည် ၂၀၁၈ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံ၏ဘောလုံးအားကစားတိုးတက်စေရေး ရည်ရွယ်၍ အသက်အရွယ်လိုက်ကျင်းပသော လူငယ်အဆင့်ပြိုင်ပွဲများ၊ တက္ကသိုလ်အဆင့် ဘောလုံးပြိုင်ပွဲများ နှင့် လူငယ်များအတွက် ဦးတည်သည့် လှှုပ်ရှားမှုများဖြစ်သော အသက် ၆ နှစ်မှ ၁၂ နှစ်ရှိ ကလေးများအတွက် လူငယ်ဘောလုံးပွဲတော်များကို MNL နှင့်အတူ အောင်မြင်စွာ ပူးပေါင်းကျင်းပခဲ့ပါသည်။ ယခု ၂၀၁၉ ခုနှစ်တွင်လည်း ပွဲစီစဉ်သူများ၊ မိတ်ဖက်အဖွဲ့အစည်းများတို့နှင့်ပူးပေါင်းကာ ပြိုင်ပွဲဝင်အသင်းများနှင့် ဝါသနာရှင် ပရိသတ်များအတွက် ယခင်နှစ်များထက် ပိုမိုကောင်းမွန်သော ပွဲစဉ်များဖြစ်လာစေရန် ကြိုးပမ်း သွားကြမည် ဖြစ်သည်။

MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda က “တစ်နိုင်ငံလုံးက ဘောလုံးအားကစားဝါသနာရှင်တွေအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ MPT-MNL ၂၀၁၉ ရာသီ ပွဲစဉ်သစ်တွေ စတင်လိုက်ပါပြီ။ ၂၀၁၈ ခုနှစ်ပွဲစဉ်တွေတုန်းက အောင်မြင်မှုရရှိခဲ့တာနဲ့အတူ MPT နဲ့ MNL တို့ ပူးပေါင်းပြီးတော့ MNL-1, MNL-2 ပွဲစဉ်တွေကိုသာမကဘဲ ကလေးတွေအတွက် လူငယ်ဘောလုံး ပြိုင်ပွဲတွေနဲ့ လူငယ်ဘောလုံးပွဲတော်တွေကိုပါ ဆက်ကျင်းပသွားပြီး မြန်မာ့ဘောလုံးအားကစား တိုးတက်စေဖို့ရည်ရွယ်ပြီး မျိုးဆက်သစ်တွေအတွက် ဆက်လက်ဆောင်ရွက်ပေးသွားမှာလည်း ဖြစ်ပါတယ်။ ဒီနှစ်မှာ ဆိုရင်တော့ ဘောလုံးကစားပွဲတွေသာမကဘဲ တခြားပျော်ရွှင်စရာအစီအစဉ်တွေဖြစ်တဲ့ အနုပညာရှင်တွေ ပါဝင်မယ့် ဖျော်ဖြေရေးပွဲတွေ၊ ကစားသမားတွေနဲ့ ပရိသတ်တွေ တွေ့ဆုံပွဲတွေကိုပါ ကျင်းပနိုင်ဖို့ စီစဉ်ထားပါတယ်။ ပါဝင်ယှဉ်ပြိုင်ကြမယ့် အဆင့်အလိုက် အသင်းတွေအားလုံးကို ကံကောင်းပါစေလို့လည်း ဆုတောင်းပေးချင်ပါတယ်။ ပရိသတ် တွေအတွက်လည်း ပျော်ရွှင်စရာကောင်းတဲ့ ဘောလုံးရာသီသစ်တစ်ခုဖြစ်စေဖို့ မျှော်လင့်ပါတယ်။” ဟု ပြောကြားခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်၏ စီအီးအိုဖြစ်သူ ဦးစိုးမိုးကျော် က “ MPT နဲ့ ပူးပေါင်းပြီး လူငယ်ဖွံ့ဖြိုးရေးလှုပ်ရှားမှု တွေအပြင် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကိုပါ ဒီနှစ်အတွက် ထပ်မံပူးပေါင်းပြီး ကျင်းပနိုင်ခဲ့တဲ့အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ ပြိုင်ပွဲဝင်အသင်းတွေ စိတ်အားတက်ကြွစေဖို့အတွက် မြန်မာ့ဘောလုံး ပရိသတ်တွေအားလုံး ကွင်းထဲအရောက်လာအားပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ပရိသတ်တွေ တစ်ခဲနက် အားပေးမှသာ ပြိုင်ပွဲတွေက ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာမှာ ဖြစ်ပြီး ဒါမှသာ လိဂ်ရဲ့ အဆင့်အတန်းက ပိုမို တိုးတက်လာမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့လာမယ့် MPT MNL ၂၀၁၉ ပွဲစဉ်တွေမှာ ပရိသတ်တွေ တစ်ခဲနက် လာရောက်အားပေးကြ မယ်လို့ ယုံကြည်စိတ်လှုပ်ရှားနေပါတယ်။” ဟုပြောကြားသွားခဲ့သည်။

ယခုလာမည့် MNL-1 ပွဲစဉ်များကို ဇန်နဝါရီလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် ရန်ကုန်၊ မန္တလေး၊မုံရွာနှင့် စစ်တွေမြို့တို့၌ အသီးသီး ကျင်းပသွားမည်ဖြစ်ကာ အသင်း ၁၂ သင်းအနေဖြင့် ယခုနှစ်အတွက် ချန်ပီယံဆုဖလား ရရှိရန်အတွက် အရေးကြီးသော ရမှတ်များရရှိစေရန် အကြိတ်အနယ် ယှဉ်ပြိုင် သွားရမည် ဖြစ်ပါသည်။ ပြိုင်ပွဲကျင်းပမည့်ရက်များတွင် ပြိုင်ပွဲမစတင်မီ မြန်မာနိုင်ငံ၏ နာမည်ကြီးအနုပညာရှင်များ ဖြစ်ကြသော နေမင်းနှင့် ရှင်ယွန်းမြတ်တို့မှ ဘောလုံးချစ်ပရိသတ် များနှင့် တွေ့ဆုံမှုအဖြစ် မန္တလေးတွင် ဇန်နဝါရီလ ၁၉ ရက်နေ့နှင့် မုံရွာတွင် ဇန်နဝါရီလ ၂၀ ရက်နေ့တို့တွင် ဘောလုံးပွဲ များမစတင်မီ ပျော်ရွှင်ဖွယ်ရာ တွေဆုံမည်ဖြစ်ပြီး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးသွားကြမည်ဖြစ်ပါသည်။ ယခုနှစ်တွင် သတ်မှတ်ထားသော ပွဲစဉ်များအတွက် ပရိသတ်များနှင့်တွေ့ဆုံပွဲများအပြင် အနုပညာရှင်များ ကိုယ်တိုင် တက်ရောက်မည့် အစီအစဉ်များကိုလည်း ပါရှိမည်ဖြစ်သည်။

အသေးစိတ်ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ဆက်သွယ်၍ လည်းကောင်း၊ MPT ၏ တရားဝင်ဝက်ဘ်ဆိုက် ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင်ဖေ့စ်ဘွတ်၏စာမျက်နှာ https://www.facebook.com/mptofficialpage သို့ လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ပွဲစဉ်များအကြောင်း အသေးစိတ်သိရှိလိုပါက MNL ၏ တရားဝင်စာမျက်နှာဖြစ်သော https://m.facebook.com/theMPTMNL/ တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။