MPT က JOOX နှင့်ပူးပေါင်း၍ ပထမဆုံးသော Music Streaming Data Pack ဝန်ဆောင်မှုကို မိတ်ဆက်

(ရန်ကုန် -၂၀၁၉ ခုနှစ်၊ မတ်လ ၂၂) မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT မှ ဂီတချစ်သူများအတွက် အာရှတိုက်၏ အကြီးဆုံးတေးဂီတ Streaming App ဖြစ်သည့် JOOX မှတစ်ဆင့် ပြည်တွင်းနှင့် နိုင်ငံတကာတေးသီချင်း သန်းပေါင်းများစွာအား အသက်သာဆုံးနှုန်းထားများဖြင့် ခံစားနားဆင်နိုင်စေရန် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော Music Data Packs အသစ်ကို JOOX နှင့်အတူပူးပေါင်း စီစဉ်ဆောင်ရွက်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ စိတ်လှုပ်ရှားဖွယ်ရာ MPT JOOX ၏ Data Pack များကို အတန်ဆုံးနှုန်းထားများဖြင့် ၂၄ နာရီ Pack နှင့် ၇ ရက် Pack ဟူ၍ အလွယ်တကူရယူ နိုင်မည်ဖြစ်ပြီး၊ တေးသီချင်းများကိုလည်းခံစားနားဆင်နိုင်မည်ဖြစ်သည်။

မည်သည့် MPT-JOOX Data Pack ကိုမဆို ရယူထားသူများအနေဖြင့် သီးသန့်နားဆင်နိုင်မည့်တေး သီချင်းပေါင်းများစွာကို ကမ္ဘာ့အကြီးဆုံး ဂီတဘဏ်တိုက်ကြီးတစ်ခုသဖွယ်ဖြစ်သော JOOX မှ တစ်ဆင့် ခံစားနားဆင်နိင်မည်ဖြစ်ပြီး၊ ပြည်တွင်း နှင့် နိုင်ငံတကာတေးသီချင်းများ၊ Playlist များနှင့် ကာရာအိုကေများ စသည်တို့အား အချိန်၊ နေရာ မရွေး ခံစားနားဆင်နိုင်မည် ဖြစ်ပါသည်။

MPT-JOOX Data Pack အသုံးပြုသူများအနေဖြင့် အာရှတိုက်တစ်ခုလုံးရှိ JOOX အသုံးပြုသူများ ခံစားရရှိ လျက်ရှိသည့် ဂီတနားဆင်မှုအတွေ့အကြုံအား ကုန်ကျငွေအနည်းဆုံးဖြင့် ခံစားခွင့်ရှိစေရန် စီစဉ်ဆောင်ရွက်ပေး ထားခြင်းဖြစ်ပါသည်။ အဆိုပါ MPT JOOX Data Pack များဖြစ်သည့် ၂၄ နာရီ Pack ကို ၁၄၉ ကျပ်ဖြင့် ရယူနိုင်ကာ ဒေတာပမာဏ 149 MB ရရှိမည် ဖြစ်ပြီး ၇ ရက် Pack အား ၆၉၉ ကျပ်ဖြင့် ဝယ်ယူသူများအတွက် ဒေတာပမာဏ 699 MB ရရှနိုင်ပြီး JOOX VIP ကိုလည်း ၇ ရက် အသုံးပြုနိုင်မည် ဖြစ်ပါသည်။

MPT အသုံးပြုသူများအနေဖြင့် MPT JOOX မည့်သည့် ပက်ကေ့ချ် မဆို ဝယ်ယူလိုက်သည်နှင့် JOOX ပေါ်တွင်သာ နားထောင်နိုင်သော သီးသန့် သီချင်းများအပါအဝင် ပြည်တွင်းနှင့် နိုင်ငံတကာတေးသီချင်း သန်းပေါင်းများစွာ နှင့် မိမိကြိုက်နှစ်သက်သည့် အဆိုတော်များ၏တေးသီချင်းများအား အချိန်နေရာမရွေးခံစားနားဆင်နိုင်မည်ဖြစ်သည်။ ထို့အပြင် ကြော်ငြာများ မပါဘဲ တေးသီချင်းတွေကို မိမိတို့၏လက်ကိုင်ဖုန်းများ နှင့် ၊ tablet များတွင် မိမိတို့နှစ်သက်သည့် တေးသီချင်းများကို စိတ်ကြိုက် ဒေါင်းလုတ် ရယူထားပြီး၊ ကိုယ်ပိုင် တေးသီချင်း စာရင်းများ ဖန်တီးကာ၊ Offline ပြန်လည်နားထောင်နိုင်စေမည့် VIP access ကိုလည်း ရရှိမည် ဖြစ်ပါသည်။ တေးသီချင်းများအားလုံးကို အသံအရည်အသွေးမြင့် တိုက်ရိုက်ခံစားနားဆင်နိုင်မည်ဖြစ်သည်။

MPT JOOX ဒေတာပက်ကေ့ချ် အစီအစဉ် များကို အောက်ပါဇယားတွင် ဖော်ပြပေးထားပါသည်။

MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှလည်း
“ ကျွန်တော်တို့အနေနဲ့ MPT အသုံးပြုသူတွေအတွက် တေးသီချင်းပေါင်း မြောက်မြားများစွာကို အကန့်အသတ်မရှိ မိမိစိတ်ကြိုက် ခံစားနားဆင်နိုင်ဖို့ အတန်ဆုံး MPT-JOOX Data packs နဲ့အတူ JOOX VIP ဝန်ဆောင်မှုကို မြန်မာနိုင်ငံမှာရှိတဲ့ ဆက်သွယ်ရေးအော်ပရေတာများထဲတွင် ပထမဆုံးအဖြစ် စီစဉ်ဆောင်ရွက်ပေး လိုက်နိုင်ပြီဖြစ်ပါတယ်။ အထုူးခံစားခွင့်တွေ ပါဝင်တဲ့ JOOX Data Pack မှာ ကြော်ငြာတွေ မပါဝင်တဲ့ ဂီတနားဆင်နိုင်မှု၊ ကိုယ်နှစ်သက်တဲ့ တေးသီချင်းတွေကို ရှာဖွေနားဆင်နိုင်မယ့်အပြင်၊ မိမိအနှစ်သက်ဆုံးတေးသီချင်းတွေကို ဒေါင်းလုတ် ရယူထားပြီး ခံစားနားဆင်နိုင်မယ့် အကျိုးကျေးဇူးတွေကို ပိုမိုရရှိမှာဖြစ်ပါတယ်။ ဒီလို စိတ်လှုပ်ရှားစရာကောင်းတဲ့ အစီအစဉ်တွေနဲ့အတူ ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေအတွက် အသက်သာဆုံးနှုန်းထားတွေနဲ့ စိတ်လှုပ်ရှားဖွယ်ရာ အစီအစဉ်သစ်တွေကို ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ် “ဟု ပြောကြားသွားခဲ့ပါသည်။

JOOX App ကို ဒေါင်းလုတ် ပြုလုပ်ရန် Google Play Store မှလည်းကောင်း (သို့မဟုတ်) Apple App Store မှလည်းကောင်း ဒေါင်းလုတ်ရယူနိုင်မည်ဖြစ်သည်။ ထို့အပြင် JOOX website သို့ဝင်ရောက်၍ Facebook၊ WeChat၊ email account များဖြင့်လည်း log in ဝင်ကာ အသုံးပြုနိုင်မည်ဖြစ်သည်။

MPT JOOX Data Pack ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အသေးစိတ်ပိုမိုသိရှိလိုပါက 106 ကို ဖုန်းခေါ်ဆို၍ဖြစ်စေ၊ MPT ၏ တရားဝင် ဝက်ဘ်ဆိုဒ်စာမျက်နှာ ဖြစ်သည့် www.mpt.com.mm သို့ဝင်ရောက်၍ဖြစ်စေ၊ MPT ၏ တရားဝင် Facebook page ဖြစ်သည့် https://www.facebook.com/mptofficialpage သို့ ဝင်ရောက်၍ဖြစ်စေ လေ့လာနိုင်မည် ဖြစ်ပါသည်။

နိုင်ငံရပ်ခြားသို့ ခရီးသွားလာကြမည့် MPT သုံးစွဲသူများအနေဖြင့် အံအားသင့်ဖွယ် ဒေတာနှုန်းထားဖြင့် (Data Roaming) အင်တာနက်အသုံးပြုခြင်း ပရိုမိုးရှင်း အစီအစဉ်ကို ရယူနိုင်

(ရန်ကုန်၊ ၂၀၁၉ ခုနှစ် မတ်လ ၃ရက် မှ ၁၄ရက်နေ့) မြန်မာ့ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ MPT က နိုင်ငံရပ်ခြားသို့ ခရီးသွားလာကြမည့် MPTသုံးစွဲသူများအတွက် ရောက်ရှိရာဒေသတွင် အင်တာနက် အသုံးပြုခြင်း (International Data Roaming) ကို အထူးအစီအစဉ်အနေဖြင့် သုံးစွဲနိုင်မည် ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်လိုက်သည်။ ယခုအစီအစဉ်အသစ်တွင် MPT သုံးစွဲသူများအနေဖြင့် နိုင်ငံရပ်ခြားသို့ ခရီးသွားလာနေစဉ်တစ်လျောက် မိမိတို့၏ မိသားစုဝင်များနှင့် မိတ်ဆွေများထံသို့ အွန်လိုင်းမှ တစ်ဆင့် အစဉ်ချိတ်ဆက်နိုင်မည် ဖြစ်ပြီး အသက်သာဆုံး အထူးနှုန်းထားတစ်ခုဖြစ်သော ၉၉ ရာခိုင်နှုန်းထိ လျော့ဈေးဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

၎င်းအစီအစဉ်အသစ်တွင် ထိုင်း ၊ မလေးရှား ၊ စင်္ကာပူ ၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့အပါအဝင် ၊ ဟောင်ကောင်၊ မကာအို၊ တိုင်ဝမ် တို့အထိ နိုင်ငံပေါင်း ၉ နိုင်ငံတွင်အင်တာနက် အသုံးပြုခြင်းကို သုံးစွဲမှုအတိုင်းသာ ကျသင့်မည့်အစီအစဉ်ဖြစ်သည့် 1MBလျှင်၁၅ကျပ်နှုန်းထားဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။

ထို့အပြင် အပတ်စဉ်သုံး ပက်ကေ့ချ် အစီအစဉ်ဖြစ်သည့် တစ်ပတ်လျှင် ၉၀၀ ကျပ်သာ ကျသင့်မည့်အစီအစဉ်ကို ဝယ်ယူခြင်းဖြင့်လည်း 1MB ကို ၉ ကျပ် နှုန်းဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ ။ ဝန်ဆောင် မှုအတွက်အသေးစိတ် အချက်အလက်များကို https://www.mpt.com.mm/en/mobile-service/international-roaming-en/တွင်လည်း ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။
ယခုဝန်ဆောင်မှုကို MPT GSM/WCDMA အသုံးပြုသူများအားလုံး ရယူနိုင်မည်ဖြစ်ပြီး 1MB လျှင် ၉ ကျပ် ကျသင့်သော အစီအစဉ်ကို ရယူရန် မြန်မာနိုင်ငံတွင်ဖြစ်စေ နိုင်ငံရပ်ခြားတွင်ဖြစ်စေ *9007# (သို့) *106*2*5*2# (သို့မဟုတ်) 1332 သို့ “ NINE” ဟု ခေါ်ဆိုပေးပို့နိုင်မည်ဖြစ်ပါသည်။ ယခု ပက်ကေ့ချ် အစီအစဥအတွက် ၉၀၀ ကျပ် ကျသင့်မည်ဖြစ်ပြီး ၇ ရက် အသုံးပြုနိင်မည်။ ထို့အပြင် ၎င်းဝန်ဆောင်မှုကို MPT4U အက်ပလီကေးရှင်းမှ တစ်ဆင့်လည်း ရယူနိုင်မည် ဖြစ်သည်။ဖြစ်သည်။
အောက်ဖော်ပြပါအထူးနှုန်းထားများကို မိမိတို့သွားရောက်သည့်နိုင်ငံအလိုက် ရရှိနိုင်မည်ဖြစ်သည်။

ကမ္ဘာအနှံ့ရှိ နိုင်ငံပေါင်း ၆ နိုင်ငံတွင် ရရှိနိုင်သည့် သုံးစွဲမှုအတိုင်းကျသင့်မည့်အစီအစဉ် ကိုလည်း အောက်တွင်ဖော်ပြထားပါသည်။

MPT-KSGM Joint Operations မှ စီးပွားရေးဌာနကြီး၏ အရာရှိချုပ် ဖြစ်သူ Mr. Reizo Umeda က “ ကျွန်တော် တို့ MPT အနေနဲ့ ပရိုမိုးရှင်းအစီအစဉ်သစ်တွေ မိတ်ဆက်ခါနီး အချိန်တိုင်းမှာ စိတ်လှုပ်ရှားပျော်ရွင်ရပါတယ်။ အခုတစ်ခါမှာတော့အာရှ၊ ပစိဖိတ်ဒေသ နိုင်ငံတွေအထိသွားရောက် လည်ပတ်ကြမယ့်MPTသုံးစွဲသူတွေအတွက် ရေက်ရှိနေတဲ့နိုင်ငံမှာ ဆက်သွယ်ရေး အော်ပရေတာတွေ ပြောင်းလဲ အသုံးပြုစရာမလိုဘဲ မူလနှုန်းထားထက် ၉၉ ရာခိုင်နှုန်းအထိလျှော့ချပေးထားတဲ့ ဒီအထူးအစီအစဉ်သစ်အဖြစ် 1MBကို ၁၅ကျပ် နဲ့ အသုံးပြုနိုင်သလို အနောက်နိုင်ငံတွေကို သွားရောက်လည်ပတ်ကြမယ့် သုံးစွဲသူတွေအနေနဲ့လည်း 1MBကို ၅၀ကျပ်နဲ့ အပိုဆောင်းအခကြေးငွေ ထပ်မံပေးသွင်းစရာမလိုဘဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကြောင့် MPTသုံးစွဲသူတွေက မိမိတို့ရဲ့MPT ဆင်းမ်ကတ်ကိုပဲသုံးပြီးအတန်ဆုံးဈေးနှုန်းနဲ့ မြန်မာပြည်ကကိုယ်ချစ်ရတဲ့ သူတွေဆီကို အဆက်အသွယ်မပြတ် ချိတ်ဆက်လို့ရနေပါပြီ။ ကျွန်တော်တို့ MPT အနေနဲ့ သုံးစွဲသူတွေ လိုအပ်နေတဲ့ အရာအပေါ် အမြဲစဉ်းစား ဖြည့်ဆည်းပေးနေတာဖြစ်လို့ ဒီအစီအစဉ်သစ်ကိုလည်း ကြိုက်နှစ်သက်ကြမယ်လို့ ယုံကြည်ထားပါတယ်” ဟုပြောကြားခဲ့သည်။

MPT အနေဖြင့် သုံးစွဲသူ ပြည်သူများအတွက် လိုအပ်ချက်နှင့် တိုက်ရိုက်ကိုက်ညီသောအကောင်းဆုံး ဝန်ဆောင်မှုများ ကို အမြဲတစေ ဆောင်ရွက်ပေးလျက်ရှိပါသည်။ နွေရာသီကျောင်းပိတ်ရက်များနှင့် သြင်္ကန်နှစ်သစ်ကူူးနှင့် အားလပ်ရက် များအတွင်း နိုင်ငံရပ်ခြားသို့ သွားရောက် လည်ပတ် ကြသူများ အတွက်လည်း ယခု အသစ်မိတ်ဆက်လိုက်သည့် roaming ပက်ကေ့ချ်ဖြင့် မိမိ၏ မိသားစုနှင့် မိတ်ဆွေများအား ဆက်သွယ်နိုင်ရန် အထောက်အပံ့ပေးသော ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။

ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက MPT၏ Call Centre နံပါတ် ၁၀၆သို့ ခေါ်ဆိုခြင်းသို့မဟုတ် MPT၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သည့် www.mpt.com.mm၊သို့မဟုတ် တရားဝင် facebookစာမျက်နှာ https://www.facebook.com/mptofficialpage ကိုဆက်သွယ်၍မေးမြန်းနိုင်ပါသည်။

အသက်ပေါင်းများစွာကို ကယ်တင်နိုင်ရန်အတွက် MPT ၏ (၇) ကြိမ်မြောက် နိုင်ငံအဝှမ်း စုပေါင်းသွေးလှူဒါန်းပွဲတွင် ပါဝင်လှူဒါန်းနိုင်ရန် အများပြည်သူတို့ကို ဖိတ်ခေါ်

(ရန်ကုန် – ၂၀၁၉ ခုနှစ်၊ မတ်လ ၈ ) သန့်စင်၍ အသက်ကယ်နိုင်သော သွေးကို ဆေးဝါးကုသမှုတွင် အသုံးချခြင်း၏ အရေးပါမှု နှင့် နိုင်ငံအဝှမ်းသွေးလှူဒါန်းခြင်း၏ အရေးပါမှုတို့အား အများပြည်သူတို့အကြား သိရှိနားလည်မှု မြင့်မားလာစေရေးအတွက် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် ဦးဆာင် ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သည့် MPT အနေဖြင့် ၎င်း၏ ပုံမှန်ဆောင်ရွက်နေသော တစ်နိုင်ငံလုံးအနှံ့ သွေးလှူဒါန်းခြင်းကို ယခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ထပ်မံပြီး ဆောင်ရွက်သွား မည် ဖြစ်ပါသည်။ ယခု လိုလှူဒါန်းခြင်းကို ရန်ကုန်မြို့ရှိ အမျိုးသားသွေးဌာနတွင် ကျင်းပသွားမည် ဖြစ်သကဲ့သို့၊ နိုင်ငံတစ်ဝှမ်းလုံး အတိုင်းအတာအဖြစ် ဆေးရုံ/သွေးဌာန ၁၇ ခု ၌ တစ်ပြိုင်တည်း ကျင်းပသွားမည် ဖြစ်ပါသည်။

MPT အနေဖြင့် လူမှုအသိုက်အဝန်းအား ကူညီထောက်ပံ့မှုဆိုင်ရာ ပင်မတန်ဖိုးများအဖြစ် ၎င်း၏ “နှလုံးသားထဲကမြန်မာ” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ယခု သွေးလှူဒါန်းခြင်းသည် MPT က (၇) ကြိမ်မြောက် အဖြစ် ဦးဆောင်လှုပ်ရှားခြင်းလည်း ဖြစ်ပါသည်။ ပြီးခဲ့သည့် (၆) ကြိမ်အတွင်း MPT အနေဖြင့် တစ်နိုင်ငံလုံးအနှံ့ သွေးလှူဒါန်းခြင်းကို ဆောင်ရွက်ခဲ့ရာတွင် ပါဝင်လှူဒါန်းသူပေါင်း ၃,၀၀၀ ကျော်ဖြင့် စံချိန်တင်ထားနိုင်ခဲ့ပြီး MPT ၏ ဝန်ထမ်းများနှင့် အများပြည်သူများ၏ ပါဝင်လှူဒါန်းမှုများကြောင့် မြန်မာတစ်နိုင်ငံ လုံးရှိ သွေးလှူဘဏ်များနှင့် ဆေးရုံများအတွက် လိုအပ်လျက်ရှိသော သွေးလိုအပ်ချက်အားစေတနာ့ ဝန်ထမ်းများ၏ စွမ်းအားဖြင့် ဖြည့်ဆည်းပေးနိုင်ခဲ့ပါသည်။
သွေးလှူရှင်အရေအတွက်သည် နှစ်စဉ်နှင့်အမျှ တိုးတက်လာနေသော်လည်း ၊ မြန်မာနိုင်ငံ တွင် သွေးလှူဒါန်းခြင်းမှာ နည်းပါးနေလျက် ရှိခြင်းကြောင့် ယခုကျင်းပမည့် (၇) ကြိမ်မြောက် သွေးလှူဒါန်းခြင်း အစီအစဉ်တွင် ပြည်သူများ ပိုမိုပါဝင်လာ နိုင်ရန် MPT အနေဖြင့် မျှော်လင့်လျက် ရှိပါသည်။ တန်ဖိုးရှိသည့် သွေးများ ပိုမိုရရှိနိုင်ပါက နိုင်ငံအဝှမ်းရှိ ပြည်သူများ၏ အသက်များကို ပိုမိုကယ်တင်နိုင်မည် ဖြစ်ခြင်းကြောင့် သွေးလှူရှင်အရေအတွက် ပိုမိုတိုးတက်လာစေရန် လိုအပ်လျက် ရှိပါ သည်။

MPT-KSGM Joint Operations မှ လုပ်ငန်းလည်ပတ်မှုဌာနကြီး၏အရာရှိချုပ်ဖြစ်သူ Mr. Yoshiaki Benino ကလည်း “ကျွန်တော်တို့အနေနဲ့ ကျန်းမာသန်စွမ်းတဲ့မိဘပြည်သူတွေကိုမတ်လ ၁၅ ရက်နေ့မှာ တစ်နိုင်ငံ လုံးမှာရှိတဲ့ သတ်မှတ်ထားတဲ့ ဆေးရုံတွေ ၊ သွေးဌာနတွေမှာ သွေးအနည်းငယ်လောက် လာရောက် လှူဒါန်းပေးနိုင်ဖို့ကို အထူးပဲ ဖိတ်ခေါ်လိုပါတယ်။ကျွန်တော်တို့ MPT က ဝန်ထမ်းတွေနဲ့ အတူ ပူးပေါင်းပြီး မြန်မာပြည်သူလူထု အနေနဲ့ ကျန်းမာပြီး အသက်ရှည်စွာနေထိုင်နိုင်ရေးအတွက်အကျိုး အမြတ်ကောင်း တွေ ဖြစ်လာစေဖို့ပါဝင်ပူးပေါင်းကြစေချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

“ကျွန်တော့်အနေနဲ့ ဒီသွေးလှူဒါန်းမှုမှာ ပါဝင်ကြဖို့ ပြင်ဆင်နေကြသူတွေအပေါ် ကျေးဇူးတင်တဲ့အကြောင်း ကြိုတင် ပြောကြားလိုပါတယ်။ ကိုယ်ရဲ့ နိုင်ငံသားတွေအပေါ် ထားတဲ့ သူတို့ရဲ့ ဂရုစိုက်မှု၊ ထောက်ပံ့ကူညီမှုတွေ အတွက်ပါ။မိမိတို့ရဲ့မိသားစုဝင်တွေ၊ မိတ်ဆွေတွေကိုလည်း ဒီလိုပဲ ကူညီပေးကြဖို့ ဝိုင်းဝန်းတိုက်တွန်းပေးစေ လိုပါတယ်။ကျွန်တော်တို့ရဲ့စေတနာ့ဝန်ထမ်း စိတ်ဓါတ်ကနေတစ်ဆင့် မြန်မာ့လူမှု အသိုက်အဝန်းကို ပိုမိုကောင်းမွန်တဲ့၊ ပိုမိုမေတ္တာထားတတ်တဲ့ အသိုက်အဝန်းအဖြစ် အတူတကွ တည်ဆောက်နိုင်ကြမှာပါ” ဟုဆက်လက် ပြောကြားသွားခဲ့ပါသည်။

မတ်လ ၁၅ ရက်နေ့တွင် ကျင်းပမည့် MPT ၏ (၇) ကြိမ်မြောက် သွေးလှူဒါန်း ပွဲတွင် ပါဝင်လှူဒါန်းလိုကြသူများ အနေဖြင့် မိမိတို့ဒေသတွင်ရှိသည့် MPT ရုံးများတွင် စာရင်းပေးသွင်းရမည်ဖြစ်ပြီး ၊ ရန်ကုန်မြို့မှ လှူဒါန်းလိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၉၈၆၃၀၀၅၀ သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်မည် ဖြစ်ပါသည်။
သွေးလှူဒါန်းမှု ဆောင်ရွက်မည့် နေရာများအား အောက်ပါဇယားတွင် ဖော်ပြပေးထားပါသည်။

သွေးလှူဒါန်းပွဲကျင်းပမည်ဖြစ်သော မတ်လ ၁၅ ရက်နေ့တွင် အကြောင်းအမျိုးမျိုးကြောင့် လာရောက်လှူဒါန်းနိုင်ခြင်း မရှိသော စေတနာရှင်များအနေဖြင့် အမျိုးသားသွေးဌာန၏ website ဖြစ်သော https://www.donatebloodmyanmar.org/ တွင် စာရင်းပေးသွင်းပြီး မိမိတို့ အဆင်ပြေသော အချိန်တွင် သွားရောက်လှူဒါန်းနိုင်ပါသည်။

အမျိုးသားသွေးဌာနသည် ဆေးရုံများအတွက် သွေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးလျက်ရှိပြီး အရေးပေါ် အခြေအနေများအတွက်လည်း သွေးများပံ့ပိုးပေးလျက်ရှိပါသည်။

MPT ၏ အခြားသော စိတ်ဝင်စားဖွယ် ဝန်ဆောင်မှုနှင့် အရောင်းမြှင့်တင်ရေးဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ၁၀၆ သို့ ဖုန်းခေါ်ဆို၍၎င်း၊ www.mpt.com.mmhttps://books.mpt.com.mm/ web page များသို့ ဝင်ရောက်လေ့လာခြင်းဖြင့်၎င်း၊ MPT ၏ တရားဝင် Facebook page ဖြစ်သည့် https://www.facebook.com/mptofficialpage သို့ဝင်ရောက်လေ့လာခြင်းဖြင့်၎င်း သိရှိနိုင်မည် ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ အမှုဆောင်အရာရှိချုပ် အဖြစ် Dr. Noboru EDAGAWA ကို ခန့်အပ်

(ရန်ကုန်၊ ၂၀၁၉ ခုနှစ် မတ်လ ၇ ရက်) လာမည့် ၂၀၁၉ ခုနှစ် ဧပြီလ (၁) ရက်နေ့မှစတင်ကာ MPT-KSGM Joint Operations ၏ အမှုဆောင်အရာရှိချုပ် သစ်အဖြစ် Dr. Noboru EDAGAWA ကို ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်ကြေညာလိုက်သည်။ Dr. EDAGAWA အနေဖြင့် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် MPT-KSGM Joint Operations တွင်စတင်ဝင်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာလ ကတည်းက လက်ရှိ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Toshitake AMAMIYA နှင့်အတူ နည်းပညာဌာနကြီး၏ အရာရှိချုပ် အဖြစ်တာဝန်ယူ ဆောင်ရွက်နေခဲ့ခြင်းဖြစ်ပါသည်။ MPT-KSGM Joint Operations အနေဖြင့် နည်းပညာနှင့်ပတ်သက်ပြီး အတွေ့အကြုံများစွာပိုင်ဆိုင်ထားသည့် အမှုဆောင်အရာရှိချုပ်အသစ်ဖြစ်သော Dr. EDAGAWA နှင့်အတူ 5G အသင့်အနေအထား အဖြစ် ဆောင်ရွက်နိုင်ရန်အတွက် အားဖြည့် ဆောင်ရွက်သွားရန် လည်း ရည်ရွယ်ထားပါသည်။

သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်တွင် ဆယ်စုနှစ် ၃ ခုကျော် ကြာအောင် စီးပွားရေးရာနှင့် နည်းပညာရပ်ဆိုင်ရာ လုပ်ငန်းလည်ပတ်မှုများနှင့် တိုးတက်လုပ်ဆောင်မှု အတွေ့အကြုံတို့ကို ပိုင်ဆိုင်ထားသူ Dr. EDAGAWA မှာ KDDI ကုမ္ပဏီများအုပ်စုရှိ များစွာသော ကဏ္ဍများတွင် တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဖြစ်ကာ ယင်းတို့အထဲတွင် KDDI အင်ဂျင်နီယာလုပ်ငန်း ၌ အမှုဆောင် ဒု ဥက္ကဋ္ဌ အဖြစ် လွန်ခဲ့သည့် ၂၀၁၄ ခုနှစ် မှ ၂၀၁၇ ခုနှစ်အထိ လည်းကောင်း၊ မိုဘိုင်းလ်နှင့် နေအိမ်အရောက် ဖိုက်ဘာလိုင်း သွယ်တန်းမှု (FTTH ) ဝန်ဆောင်မှုများကို ဝန်ဆောင်မှုပေးခြင်းတို့ကိုဆောင်ရွက်သည့် KDDI စားသုံးသူစီးပွားရေးရာ မဟာဗျူဟာ ဌာန နှင့် ထုတ်ကုန်နှင့် ဝန်ဆောင်မှု စီမံကိန်းဌာနတို့တွင် အထွေထွေမန်နေဂျာအဖြစ် လွန်ခဲ့သည့် ၂၀၀၅ ခုနှစ် မှ ၂၀၁၃ ခုနှစ်အထိ လည်းကောင်း ဆောင်ရွက်ခဲ့ကာ သမုဒ္ဒရာဖြတ်ကျော် ပင်လယ်ရေအောက် အော်ပတီကယ်ကေဘယ်လ်စနစ် ၏ အစောပိုင်းမျိုးဆက်သစ် စနစ်များကိုဖော်ထုတ်ဆောင်ရွက်ခြင်းနှင့် FTTH စနစ်များချဲ့ထွင်ခြင်း စသည့်လုပ်ငန်းတို့ကို ဆောင်ရွက်ရသော KDDI သုတေသန နှင့်ဖွံ့ဖြိုးတိုးတက်ရေး ဓါတ်ခွဲခန်းများတွင် ဦးဆောင်သူ သုတေသန အင်ဂျင်နီယာ/မန်နေဂျာ အဖြစ် လွန်ခဲ့သည့် ၁၉၈၅ မှ ၂၀၀၅ ခုနှစ် အထိ ဆောင်ရွက်ခဲ့ပါသည်။ ၎င်းအနေဖြင့် Ph.D ဘွဲ့ကို opto-electrical engineering ဘာသာရပ်ဖြင့် ဂျပန်နိုင်ငံ အိုဆာကာမြို့ရှိ အိုဆာကာ တက္ကသိုလ်မှာ ၂၀၀၀ ခုနှစ်တွင် ရရှိခဲ့ကာ တယ်လီကွန်းလုပ်ငန်းအတွင်းတွင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၌ စွမ်းစွမ်းတမံဆောင်ရွက် ခဲ့ခြင်းအတွက် ဂျပန်နိုင်ငံရှိ ဂုဏ်ထူးဆောင်များကိုချီးမြှင့်သော Maejima Hisoka ဆုကိုလည်း လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်က ရရှိခဲ့ပြီး ဂျပန်နိုင်ငံရှိ ဂုဏ်သိက္ခာရှိ အဖွဲ့ဖြစ်သော Institute of Electronics Information and Communication Engineers (IEIEC) ၏ အဖွဲ့ဝင်တစ်ဦးအဖြစ်လည်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

ယနေ့အချိန်အထိ နည်းပညာဌာနကြီး၏ အရာရှိချုပ်တာဝန်များကို ထမ်းဆောင်ခဲ့ရာ၌ Dr. EDAGAWA အနေဖြင့် မြန်မာနိုင်ငံ၏ အလျင်မြန်ဆုံးတိုးတက်နေသော တယ်လီကွန်းဆက်သွယ်ရေး အခြေခံ အဆောက်အဦများကို တည်ဆောက်ခြင်း၊ MPT ၏ 3G နှင့် 4G/LTE+ ကွန်ရက်များကို နိုင်ငံအဝှမ်းတွင် ချဲ့ထွင်ခြင်း နှင့် နေအိမ်အရောက်ဖိုက်ဘာလိုင်းသွယ်တန်းမှု (FTTH) ဝန်ဆောင်မှုများ စသည့် အရေးပါသည့် ဖွံ့ဖြိုးတိုးတက်မှု မှတ်တိုင်များကို ကြီးကြပ်ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါသည်။ ၎င်းအနေဖြင့် အသစ်ဆက်ခံမည့် အမှုဆောင်အရာရှိချုပ် ၏ တာဝန်များအတွက် 5G နှင့် IoT စသည့် မြန်မာနိုင်ငံအတွင်းရှိ တယ်လီကွန်း ဆက်သွယ်ရေးလောကတွင် လျင်မြန်စွာဖြင့် ဖွံ့ဖြိုးတိုးတက်လာမည့် နည်းပညာများကို မိတ်ဆက် နိုင်စေမည့် မဟာဗျူဟာကျ ဦးတည်ချက်များကို ချမှတ်ပြီး ဦးဆောင်သူအဖြစ် အသင့် ရှိနေပြီလည်းဖြစ်ပါသည်။

“အမျိုးစုံလင်လှတဲ့ တယ်လီကွန်းဆက်သွယ်ရေး ဝန်ဆောင်မှု အသစ် အသစ် တွေကို ကမ်းလှမ်း နိုင်ဖို့အတွက် အလျင်အမြန် ဆောင်ရွက်နေကြပြီး ဈေးကွက်ပြိုင်ဆိုင်မှုလည်း အလွန်အားကောင်း လာမယ် ဆိုတာကို မြင်တွေ့နေရတဲ့ မြန်မာနိုင်ငံရဲ့ တယ်လီကွန်းဆက်သွယ်ရေးကဏ္ဍအတွက် စိတ်လှုပ်ရှားစရာ ကာလတစ်ခုမှာ အခုလို တာဝန်တွေကို ထမ်းဆောင်ဖို့ ခန့်အပ်ခြင်းခံရတဲ့အတွက် အထူးပဲဂုဏ်ယူ ဝမ်းသာမိပါတယ်။ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု စတင်ဆောင်ရွက်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကနေစတင်ပြီး အံံ့သြဖွယ်ကောင်းလှတဲ့ တိုးတက်မှုတွေကို ပိုင်ဆိုင်နိုင်ခဲ့ပြီး နိုင်ငံအတွင်းက လူမှုအသိုက်အဝန်းနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ပိုပြီးကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေနဲ့ မြန်နှုန်းမြင့် ကွန်ရက်ချိတ်ဆက်မှုကို ကျွန်တော်တို့ရဲ့ နိုင်ငံအဝှမ်းက 3G နဲ့ LTE+ 4G ကွန်ရက်နဲ့အတူ ပေးစွမ်းနိုင်ဖို့အတွက် ဆက်လက်ပြီးတော့ ရှေ့ကိုလှမ်းချီ လုပ်ဆောင်သွားမှာပါ။ အခုလို ဆောင်ရွက်ခြင်း နဲ့အတူ မြန်မာနိုင်ငံအတွက် အံ့သြစရာကောင်းလောက်အောင် လျင်မြန်တဲ့နှုန်းထားနဲ့ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးရဲ့ အဆင့်မြင့်ဆုံး နည်းပညာနဲ့ တွက်ချက်မှုစနစ်တွေ ရရှိနိုင်တဲ့ လူနေမှုဘဝတွေကို မိတ်ဆက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကတိကဝတ်ဖြစ်တဲ့ ရှေ့သို့လှမ်းချီမြန်မာပြည် ဆိုတဲ့ဆောင်ပုဒ်နဲ့အတူ တယ်လီကွန်းဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို တိုးတက်ပေးစွမ်းပြီး မြန်မာပြည်သူလူထုရဲ့ ဘဝတွေ ပိုပြီးပြည့်စုံစေနိုင်ဖို့ ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် မျိုးဆက်သစ်လူငယ်တွေကို အခြေခံကျတဲ့အုတ်မြစ်တစ်ခုအဖြစ် ဖော်ဆောင်ပြီး
“5G ခေတ်တစ်ခေတ်” ကို ကောင်းမွန်စိတ်ချရတဲ့ အခြေအနေနဲ့အတူ သုံးစွဲသူတွေကို ဒီထက် ပိုပိုပြီး ပေးစွမ်း ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်” ဟု Dr. Noboru EDAGAWA က ပြောကြားခဲ့သည်။

MPT မှ သက်သာသော နေ့စဉ်ဝန်ဆောင်မှု နှုန်းထားနှင့်အတူ MPT Books ၏ အထူးအခွင့်အရေး အစီအစဉ်ကို မိတ်ဆက်

(ရန်ကုန်၊ ၂၀၁၉ ခုနှစ် ၊ မတ်လ ၇ ရက်) မြန်မာ့ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ MPT မှ မြန်မာ့ ပထမဦးဆုံး နှင့် တီထွင်ဆန်းသစ်မှုရှိသည့် ebook ဝန်ဆောင်မှုဖြစ်သည့် MPT Books တွင် စီးပွားရေး၊ IT၊ ဈေးကွက်၊ အိမ်ခြံမြေ၊ ကျန်းမာရေးနှင့် အလုပ်အကိုင်ရှာဖွေရေးစသည့် အကြောင်းအရာများပါဝင်သည့် ဂျာနယ် ၂၅ ခု နှင့် မဂ္ဂဇင်း ၂၇ ခု တို့ကို သက်သာသော နေ့စဉ်ဝန်ဆောင်မှု နှုန်းထား ဖြစ်သည့် တစ်ရက်လျှင် ၉၉ ကျပ်ဖြင့် စာရင်းသွင်းဖတ်ရှုနိုင်ပြီဖြစ်ကြောင်း သတင်း ထုတ်ပြန်လိုက်သည်။ ထို့အပြင် ယခင်ထွက်ရှိ ထားသော ၎င်းဂျာနယ်/မဂ္ဂဇင်း အစောင်(၁၀၀) ကျော်ကိုလည်း ပြန်လည်ဖတ်ရှုနိုင်မည် ဖြစ်သည်။

MPT Books ၏ Web Page ကို https://books.mpt.com.mm/ မှ ဝင်ရောက်ခြင်း (သို့မဟုတ်) *7272# သို့ ဖုန်းခေါ်ဆို၍ SMS မှတစ်ဆင့် ဒေါင်းလုတ်လင့်ခ် ရယူနိုင်ခြင်းတို့အပြင် ၎င်းတို့၏ အန်းဒရိုက် ဖုန်းများ၊ တက်ဘလက်များကို အသုံးပြု၍ MPT Books အက်ပလီကေးရှင်းကိုလည်း ဒေါင်းလုတ်ပြုလုပ်နိုင်မည် ဖြစ်သည်။ MPT သုံးစွဲသူများအနေဖြင့် ဂျာနယ် package ရယူရန်အတွက် 7272 သို့ “ON” ဟု စာတို (SMS) ပေးပို့ခြင်းနှင့် မဂ္ဂဇင်း package ရယူရန်အတွက် 7272 သို့ “SUB” ဟု စာတို (SMS) ပေးပို့၍ နေ့စဉ်ဝန်ဆောင်မှုကို ရယူနိုင်မည် ဖြစ်သည်။

တစ်နိုင်ငံလုံးရှိ စာဖတ်ဝါသနာအိုးများအနေဖြင့် ၎င်းတို့ ကြိုက်နှစ်သက်သည့် မဂ္ဂဇင်းများ နှင့် ဂျာနယ်များအား ထွက်ရှိပြီးလျှင်ပြီးချင်း MPT ၏ ကွန်ရက်ပေါ်တွင် click ပြုလုပ်ရုံဖြင့် ဖတ်ရှုနိုင်မည် ဖြစ်ပြီး ဝန်ဆောင်မှုရယူထားသူမျာအနေဖြင့် ၎င်းဝန်ဆောင်မှုကို ၇ ရက်အခမဲ့ အသုံးပြုနိုင်မည် ဖြစ်သည်။

ကဏ္ဍအစုံအလင် ပါဝင်သည့် ဂျာနယ်/မဂ္ဂဇင်း ၅၀ ကျော်မှနေ့စဉ်အသစ်ထွက်သော ဂျာနယ်/မဂ္ဂဇင်း များကို တစ်နိုင်ငံလုံးရှိ စာဖတ်ဝါသနာအိုးများ အလွယ်တကူ ဖတ်ရှုနိုင်ကြစေရန် စီစဉ်ပေးထားသည့်အပြင် MPT Books ၏ နေ့စဉ်ဝန်ဆောင်မှုအစီအစဉ်အသစ်မိတ်ဆက်ခြင်းနှင့်အတူ မဂ္ဂဇင်းများကို နေ့စဉ်ဝန်ဆောင်မှု ရယူသူများအတွက် ကံစမ်းမဲ အစီအစဉ်အဖြစ် iPhone XS အသစ်တစ်လုံး နှင့် ဂျာနယ်များကို နေ့စဉ်ဝန်ဆောင်မှုရယူသူများအတွက် ရွှေတစ်ကျပ်သားကို ပရိုမိုးရှင်းကာလ မကုန်ဆုံးမီအချိန်အထိ ပေးအပ်သွားမည် ဖြစ်ပါသည်။

မြန်မာပြည်သူပြည်သားများ၏ စာဖတ်ဝါသနာပါမှုကို အလေးထားခြင်းဖြင့် MPT သည် စာဖတ်ဝါသနာအိုးများအတွက် “MPT Books” ဝန်ဆောင်မှုမှတစ်ဆင့် စာစောင်များဝယ်ယူရန် မလိုအပ်ဘဲ နည်းပညာကို အသုံးပြု၍ စာစောင်များ ဖတ်ရှုနိုင်ရန်အတွက် ဆောင်ရွက်ပေးထားခြင်းဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က“ကျွန်တော်တို့ အနေနဲ့ မြန်မာပြည်သူပြည်သားတို့ စာဖတ်ဝါသနာပါတာကို သတိထားမိပါတယ်။ ဘယ်နေရာပဲသွားသွား၊ မြို့ကြီးတွေဖြစ်ဖြစ်၊ နယ်တွေမှာဖြစ်ဖြစ် လမ်းဘေးစာအုပ်ဆိုင်လေးတွေတွေ့ရမှာပါ။ စာဖတ်ဝါသနာအိုးတွေအတွက် ရွေးချယ်စရာ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ အရေအတွက် အများအပြား ရှိနေခြင်းက ဒီနိုင်ငံမှာ စာနယ်ဇင်းလုပ်ငန်းဟာ အတော်လေးအောင် မြင်နေတယ်ဆို တာကို ပြနေတာပါ။ ဒီအချက်ကို အခြေခံပြီး MPT Books ကို ဖန်တီးခဲ့တာဖြစ်ပြီး၊ ဒီဝန်ဆောင်မှုနဲ့ဆိုရင် စာနယ်ဇင်း လုပ်ငန်းတွေအနေနဲ့ စာဖတ်သူတွေဆီ စာစောင်တွေကို အလျင်အမြန် ပေးပို့သွားနိုင်ကြမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဈေးနှုန်းချိုသာတဲ့ ဝန်ဆောင်ခနှုန်းထားတွေကိုလည်း စီစဉ်ပေးထားပြီး ဝန်ဆောင်မှုကို ရယူမယ့်သူတွေ အနေနဲ့တစ်ရက်ကို ၉၉ ကျပ် ဒါမှမဟုတ် တစ်လကို ၁,၉၉၉ ကျပ်နဲ့ မိမိစိတ်ကြိုက် ရွေးချယ်နိုင်မှာပါ။ အခုဆိုရင် နယ်စွန်နယ်ဖျားဒေသတွေမှာ နေထိုင်သူတွေအနေနဲ့လည်း သူတို့စိတ်ကြိုက်ဂျာနယ်၊ မဂ္ဂဇင်းတွေကို ရန်ကုန် ဒါမှမဟုတ် အခြားပြည်တွင်းက မြို့တွေနဲ့ တပြေးညီ တပြိုင်တည်း ဖတ်ရှုနိုင်ကြပြီ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် MPT အနေနဲ့ မြန်မာနိုင်ငံမှာ စာပေတတ်မြောက်မှုကို ပိုမိုအားကောင်းလာအောင် ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော် လင့်ထားပါတယ်”ဟု ပြောကြားသည်။

ယခုဝန်ဆောင်မှုကို MPT ကွန်ရက်တွင် အသုံးပြုပြီး မဂ္ဂဇင်းပေါင်း ၂၇ ခုကျော်ကို ဈေးနှုန်းချိုသာစွာဖြင့် တစ်ရက်လျှင် ၉၉ ကျပ်နှုန်း၊ ဂျာနယ် ၂၅ စောင်ကို တစ်ရက်လျှင် ၉၉ ကျပ်နှုန်းဖြင့် ဖတ်ရှုနိုင်ပြီ ဖြစ်သည်။ ပရိုမိုးရှင်းကာလကို ၂၀၁၉ မေလကုန်အထိ သတ်မှတ်ထားပြီး နေ့စဉ်ဝန်ဆောင်မှုရယူကြသူများအနေဖြင့် အထူးဆုလက်ဆောင်ကြီးများ နှင့် အခြားဆုလက်ဆောင်များဖြစ်သည့် Remax အမှတ်တံဆိပ် Power Bank များကိုလည်း ရယူနိုင်ကြမည် ဖြစ်သည်။

နေ့စဉ်ဝန်ဆောင်မှုရယူသူများအတွက် MPT Books ၏ ဆုလက်ဆောင်များ

MPT ၏ အခြားသော စိတ်ဝင်စားဖွယ် ဝန်ဆောင်မှုများ၊ ပရိုရှင်းဝန်ဆောင်မှု၊ သတင်းဝန်ဆောင်မှုများနှင့် ပတ်သက်၍ ၁၀၆ သို့ ဖုန်းခေါ်ဆို၍ သော်လည်းကောင်း MPT ဝက်ဘ်ဆိုက် www.mpt.com.mmသို့ ဝင်ရောက်လေ့လာခြင်း နှင့် MPT၏ တရားဝင် ဖေ့စ်ဘွတ် စာမျက်နှာ https://www.facebook.com/mptofficialpage  သို့မဟုတ် MPT Books ၏ တရားဝင် ဖေ့စ်ဘွတ် စာမျက်နှာ https://books.mpt.com.mm/ သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။

မြန်မာနိုင်ငံ၏ အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်လာစေမည့် မြန်မာလူငယ်နည်းပညာစွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၁၉ ၏ အရွေးချယ်ခံအသင်းများ သဘောတူညီမှု စာချွန်လွှာလက်မှတ်ရေးထိုး

(ရန်ကုန် – ၂၀၁၉ ခုနှစ်၊ မတ်လ ၁ ရက်) မြန်မာနိုင်ငံ၏ ဦးဆောင် ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သည့် MPT နှင့် မြန်မာနိုင်ငံ၏ ရှေ့ဆောင် ICT အဖွဲ့ချုပ်ဖြစ်သည် MCF တို့ ပူးပေါင်းကျင်းပလျက်ရှိသည့် မြန်မာလူငယ်နည်းပညာစွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၁၉ တွင် အနိုင်ရရှိသည့် အသင်း ၃ သင်း အနေဖြင့် စိတ်လှုပ်ရှားဖွယ်ရာ အပြောင်းအလဲများဖြင့် ပြည့်နှက်နေသည့် ICT စီးပွားရေးနယ်ပယ်အတွင်းသို့ အရေးပါသည့် ပထမဦးဆုံးခြေလှမ်းများကို လှမ်းတက်နိုင်ခဲ့ကြပြီဖြစ်ပြီး ယခုအခါ ၎င်းတို့၏ အိပ်မက်များကို အမှန်တကယ် အကောင်အထည် ဖော်နိုင်ကြရန် ခြေလှမ်းသစ်များကို စတင်နိုင်ခဲ့ကြပြီလည်း ဖြစ်ပါသည်။

သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ရန်ကုန်မြို့၊ MICT Park၊ အဆောင် ၁၄၊ Kanaung Hub ၌ မတ်လ ၁ ရက် ၂၁၀၉ ခုနှစ်တွင် ကျင်းပပြီး၊ အနိုင်ရရှိခဲ့သော အသင်းများသည် ဆုကြေးအဖြစ် တစ်သင်းစီအတွက် ကျပ်သိန်း ၈၀ အား ကနဦးရင်းနှီးမြှုပ်နှံငွေအဖြစ် ရရှိမည့်အပြင် MCF ၏ နည်းပညာ နှင့် စီးပွားရေးဆိုင်ရာ ဌာနတစ်ခုဖြစ်သည့် Kanaung Hub တွင်လည်း ၆ လ အခမဲ့ ရုံးခန်းဖွင့်လှစ် အသုံးပြုနိုင်ခွင့်ကိုပါ ရရှိကြမည် ဖြစ်ပါသည်။ ထို့အပြင် အနိုင်ရရှိသည့် အသင်းများသည် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ အခက်အခဲများအတွက် အကြံပြုချက်များ၊ လမ်းညွှန်မှုများကိုလည်း မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF)၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) နှင့် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA) တို့မှ အသင်းဝင်များ အပါအဝင် ဝါရင့်စွန့်ဦးတီထွင်သူများ၊ အောင်မြင်သည့် startup လုပ်ငန်းများ၏ တည်ထောင်သူများထံမှ ရရှိနိုင်ကြမည် ဖြစ်ပါသည်။
အနိုင်ရရှိသောအသင်းများအနေဖြင့် ၎င်းတို့၏ ကောင်းမွန်ထက်မြက်သော လုပ်ငန်းစီမံမှုအဆိုပြုချက်များအား ယခုအခါ အမှန်တကယ်အကောင်အထည် ဖော်နိုင်လာကြတော့မည်ဖြစ်ပြီး၊ လက်ရှိဈေးကွက်အတွင်းတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသော အရေးပါသည့် စွမ်းဆောင်နိုင်စွမ်းရှိသည့် လုပ်ငန်းရှင်များ ဖြစ်လာကြလိမ့်မည်ဟု အစီအစဉ်အား ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည့် MPT နှင့် MCF တို့မှ ကောင်းစွာ ယုံကြည်လျက် ရှိပါသည်။
အနိုင်ရရှိသောအသင်းများ၊ ဆန်ခါတင်စာရင်းဝင် အသင်းများနှင့် ၎င်းတို့၏ စီးပွားရေးအကြံဉာဏ်များကို အောက်တွင် ဖော်ပြပေးထားပါသည်။
Team Idea Capsule မှ တင်ပြလာသည့် Lottery Palace အမည်ရှိ အောင်ဘာလေကို အွန်လိုင်း အသုံးပြု ရောင်းချသည့် စနစ်သည် စမ်းသပ်သုံးစွဲမှုကာလတစ်လျှောက် စိတ်ဝင်စားဖွယ်ရာ မှတ်ချက်များ အမြောက်အများ ရရှိခဲ့ပြီး၊ ထီလက်မှတ်အစောင်ရေ အများအပြား ရောင်းချနိုင်ခဲ့သည့်အပြင်၊ ထီပေါက်သူ ၆ ဦးကိုလည်း စမ်းသပ် ကာလအတွင်း ထွက်ပေါ်အောင်ဆောင်ကျဉ်းပေးနိုင်ခဲ့ပါသည်။ အခြားအနိုင်ရရှိသူအသင်းဖြစ်သည့် WMM မှလည်း Waste Managing Machine (WMM) project ကို တင်သွင်းခဲ့ရာ၊ WMM ၏ အမှိုက်စီမံခန့်ခွဲမှုစက်သည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အထောက်အပံ့ သတ်မှတ်ချက်များကို ဆောင်ရွက်နိုင်စွမ်းရှိပြီး၊ လက်ရှိအသုံးပြုလျက် ရှိသည့် မြို့ပြဖွံ့ဖြိုးတိုးတက်မှု အစီအမံများတွင် လက်ငင်းချက်ချင်း အသုံးချနိုင်စွမ်းလည်း ရှိပါသည်။ အဆိုပါစက်မှာ စနစ်တကျအမှိုက်စီမံခန့်ခွဲမှု အလေ့အထကို တွန်းအားပေးဆောင်ရွက်စေရန် ရည်ရွယ်၍ ကိုက်ညီမှုရှိအောင် ဖန်တီးထားသည့်အတွက် စက်ကိုအသုံးပြုပြီး အမှိုက်ပစ်ကြသူများအနေဖြင့် တယ်လီဖုန်းအသုံးပြုခ top-up ငွေများကို ဆုကြေးအဖြစ် ပြန်လည်ရရှိစေနိုင်မည့် လုပ်ဆောင်ချက်အားလည်း ထည့်သွင်းဖန်တီးထားခြင်း ဖြစ်ပါသည်။ နောက်ထပ်အနိုင်ရရှိသူ အသင်းတစ်သင်းဖြစ်သည့် Team Blue Frog ၏ တိုင်းရင်းသားဘာသာစကားများ သင်ယူမှုအတွက် LEL (Learning Ethic Languages) App သည်လည်း လူအချင်းချင်း ရင်းနှီးခင်မင်မှုများ တိုးပွားလာစေရန်အတွက် AR/VR နည်းပညာကို အသုံးပြုကာ တီထွင်ဆန်းသစ်ထားမှုတစ်ရပ် ဖြစ်ပါသည်။ အဆိုပါ App သည် ကရင်ဘာသာစကား ဖြင့် ကနဦးစတင်ထားပြီး တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ဒေသဆိုင်ရာ ဗဟုသုတများကို အသုံးပြုသူများအနေဖြင့် လေ့လာသင်ယူနိုင်စေရန် ထောက်ပံ့ပေးထားခြင်း ဖြစ်ပါသည်။
MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr. Yoshiaki Benino ကလည်း “အနိုင်ရရှိသွားတဲ့ အသင်းတွေရဲ့ ထုတ်ကုန်အဆိုပြုချက်တွေဟာ ကျွန်တော်တို့ဘဝတွေရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အစိတ်အပိုင်းတွေကို အဖြေရှာပေးထားကြတာ ဖြစ်ပါတယ်။ အခုဆိုရင် ဒီအစိတ်အပိုင်းတွေက ပြဿနာတွေကို နည်းပညာက လက်တွေ့ကျကျ၊ အခက်အခဲမရှိ၊ ဖြေရှင်းပေးနိုင်နေပြီး၊ ကျွန်တော်တို့ဘဝတွေရဲ့ မရှိမဖြစ် အစိတ်အပိုင်း ဖြစ်လာနေပါပြီ။ ဈေးကွက်ထဲမှာ ဒီထုတ်ကုန်တွေဟာ အောင်မြင်နိုင်စွမ်းရှိလာမယ်လို့ ကျွန်တော်တို့အကောင်းဆုံး ရှုမြင်ထားပြီး၊ ပိုအရေးကြီးတဲ့ အချက်အနေနဲ့ ကျွန်တော်တို့ရဲ့ လူမှုအဖွဲ့အစည်းအတွက်ပါ သက်ရောက်မှုကောင်းတွေ ဖြစ်လာစေနိုင်မယ့် အပြင် လူတစ်ချင်းစီအတွက်ရော၊ နိုင်ငံတော်အတွက်ပါ ပြည်သူပြည်သားတွေရဲ့ ဘဝတွေကို ပိုမို ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု ပြောကြားသွားခဲ့ပါသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်ကလည်း “ကျွန်တော်တို့ရဲ့ လူငယ်တွေဟာ စိတ်ကူးစိတ်သန်းတွေနဲ့ ပြည့်လျှံနေသလို၊ သူတို့က နည်းပညာနဲ့ပတ်သက်ပြီး ယဉ်ပါးတဲ့ မျိုးဆက်လည်း ဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့က သူတို့ရဲ့အတွေးအခေါ်တွေကို ပြသနိုင်မယ့် နေရာတစ်ခု ဖန်တီးပေးနိုင်မယ်ဆိုရင်၊ ဒီအတွေးအခေါ်တွေကို နည်းပညာပိုင်း၊ ငွေကြေးပိုင်းအရ ထောက်ပံ့နိုင်မယ်ဆိုရင်၊ သူတို့အတွေးအခေါ်တွေ ဘယ်လောက်မြင့်မြင့်မားမား တွေးခေါ်နိုင်ကြမယ်ဆိုတာကို ပြောလိုရနိုင်မှာတောင် မဟုတ်ပါဘူး”ဟု ပြောကြားခဲ့ကာ “ကျွန်တော်တို့က အခုဆိုရင် သူတို့ရဲ့ ထုတ်ကုန်တွေအတွက် အမှတ်တံဆိပ်တွေကို မှတ်ပုံတင်တဲ့ လုပ်ငန်းစဉ်ကို စတင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ပေးတာကြောင့် သူတို့အနေနဲ့ သူတို့ကိုယ်သူတို့ တကယ့်လုပ်ငန်းရှင် စီးပွားရေးသမားတွေအဖြစ် ဂုဏ်ယူနိုင်နေကြမှာ ဖြစ်သလို၊ နောက်လာမယ့် အဆင့်တွေအတွက် ပိုပိုပြီးကောင်းအောင် လုပ်ချင်စိတ်တွေကိုလည်း မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။”ဟု ထပ်လောင်း ပြောကြားခဲ့ပါသည်။

အနိုင်ရရှိသည့်အသင်းများမှ အသင်းခေါင်းဆောင်များမှလည်း ယခုကဲ့သို့ ရွေးချယ်ခံရမှုအတွက် ၎င်းတို့၏ ဂုဏ်ယူဝမ်းမြောက်ကျေးဇူးတင်စကားများကိုလည်း အသီးသီးပြောကြားခဲ့ကြပြီး၊ ၎င်းတို့၏ ထုတ်ကုန်များ၏ အကျိုးရလဒ်များအား ဂုဏ်ယူမှုအပြည့်ဖြင့် ရှင်းလင်းတင်ပြခဲ့ကြပါသည်။

Idea Capsule အဖွဲ့၏ခေါင်းဆောင်ဖြစ်သူ ကိုမြတ်လင်းသူမှ “ကျွန်တော်တို့ ပရောဂျက်ရဲ့ အိုင်ဒီယာက လမ်းပေါ်မှာ လှည်းနဲ့ထီရောင်းနေတဲ့သူဆီကနေ စရလာတာပါ။ အဲဒီကမှ ဒီအိုင်ဒီယာကို အကောင်အထည်ဖော်ဖြစ်တာပါ။ အခုဆိုရင် ဒီ app သုံးတဲ့သူ ၇၀၀ ကျော်ရှိပြီး၊ ထီပေါက်တဲ့သူလည်း ၆ ယောက်ရှိသွားပါပြီ။ ဒါက စမ်းသပ်ကာလအစကနေစလို့ အခုအထိပါ။ မန္တလေးဈေးကွက်ကို ဝင်ရောက် နိုင်ဖို့ဆိုတာက ကျွန်တော်တို့ရဲ့ ထိပ်တန်းဦးစားပေးရည်မှန်းချက်တစ်ခုဖြစ်တဲ့အတွက် ကျွန်တော်တို့အခုက စပြီး ဒီဈေးကွက်အတွက် ဈေးကွက်သုတေသနတွေ စလုပ်နေပါပြီ”လို့ ပြောသွားခဲ့ပါသည်။

Blue Frog အသင်းမှ ခေါင်းဆောင်ဖြစ်သူ ကိုစောလဲယဝေါ်မှလည်း “လက်ရှိမှာ ကျွန်တော်တို့ App အတွက် ကရင်ဘာသာစကားကို စဉ်ဆက်မပြတ် ဆက်လုပ်နေပါတယ်။ AR/VR နည်းပညာတွေသုံးပြီးတော့ပါ။ အခုဆိုရင် နေ့စဉ်သုံးစကားရပ်တွေအတွက် ရာခိုင်နှုန်းတော်တော်များများ သုံးလို့ရနေပါပြီ။ ရှေ့လုပ်ငန်းစဉ်အတွက်တော့ ရှမ်းနဲ့ ရခိုင်ဘာသာစကားတွေကို မကြာခင်ဆက်လုပ်သွားမှာပါ။ အသုံးပြုမှုပမာဏတိုးလာအောင်လည်း လုပ်နေပြီး၊ တိုင်းရင်းသားလူမျိုးတိုင်းအတွက် အသုံးဝင်မှုရှိလာအောင် လုပ်ဆောင်သွားမှာပါ”လို့ ပြောခဲ့ပါသည်။

WMM အသင်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ မနန်းစပယ်ဖြူမှလည်း “လက်ရှိမှာတော့ အသုံးပြုတဲ့သူတွေရဲ့ လိုအပ်ချက်တွေ၊ သုံးတဲ့အခါ ကြုံရတဲ့အခက်အခဲတွေကို လေ့လာနေပါတယ်။ လက်တွေ့မှာ ဒါကလူတိုင်းအတွက် နေ့စဉ်လိုအပ်ချက်တွေပါ။ ဒါပေမယ့် စိန်ခေါ်မှုတွေကတော့ အသုံးပြုတဲ့စက်ရဲ့ စက်လည်ပတ်မှုစနစ်တွေ ဖြစ်ပါတယ်။ အသုံးဝင်မှုဘယ်လောက်ရှိမယ်ဆိုတာကို စစ်ဆေးတာတွေကို App အမှန်တကယ် ဖြန့်ချိမှုမလုပ်ခင် ထပ်ပြီးလုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်။ ကနဦးခြေလှမ်းတွေကတော့ လူဦးရေထူထပ်တဲ့နေရာတွေကို ဦးစားပေးပြီး ဆောင်ရွက်သွားမှာပါ”ဟု ပြောခဲ့ပါသည်။

လူမှုအသိုက်အဝန်းအတွင်း တာဝန်ယူမှုကိုအလေးပေး ထားရှိသည့် အဖွဲ့အစည်းတစ်ရပ်အနေဖြင့် MPT သည် မိမိတို့နှင့် ထိစပ်လျက်ရှိသည့် မည်သည့်နေရာဌာန၊ ကဏ္ဍတွင်မဆို လူငယ်မျိုးဆက်သစ်များ ဖွံ့ဖြိုးတိုးတက်မှုအတွက် အာရုံစိုက်လုပ်ဆောင်လျက် ရှိနေပြီး၊ များပြားလှသည့် ဆောင်ရွက်မှုများ အကြားတွင် ရည်မှန်းချက်များချမှတ်ပြီး ခြေလှမ်းများ လှမ်းချီလျက်ရှိပါသည်။ ယခုလို စွန့်ဦးတီထွင်ဖန်တီးသူမျာကို မြေတောင် မြှောက်ပေးသည့် စီအစဉ်သည် MPT မှ အာရုံစိုက်လုပ်ဆောင်နေသည့် ကဏ္ဍများအနက် ပင်မထောက်တိုင်တစ်ခုဖြစ်ပြီး၊ နည်းပညာနယ်ပယ်မှ စွန့်ဦးတီထွင်သူများကို လေ့ကျင့်ပေးခြင်း၊ ဖွံ့ဖြိုးတိုးတက်စေရန် ထောက်ပံ့ကူညီခြင်းများဖြင့် မြန်မာနိုင်ငံရှိ ပြည်သူပြည်သားတိုင်း၏ နေ့စဉ်ဘဝများကို ပိုမိုလွယ်ကူကောင်းမွန်လာစေရန် ထောက်ပံ့ကူညီနေခြင်း ဖြစ်ပါသည်။

MPT ၏ လူမှုအကျိုးပြုလှုပ်ရှားမှုများနှင့် ဝန်ဆောင်မှုနှင့် ပတ်သက်သည့် အချက်အလက်များ အပြင်၊ MPT ၏ အခြားသော စိတ်ဝင်စားဖွယ် ဝန်ဆောင်မှုနှင့် အရောင်းမြှင့်တင်မှု ဆောင်ရွက်ချက်များအား ပိုမိုသိရှိလိုပါလျှင် ၁၀၆ ကို ဖုန်းခေါ်ဆို၍ဖြစ်စေ၊ www.mpt.com.mm သို့ဝင်ရောက်၍ဖြစ်စေ၊ MPT ၏ တရားဝင် Facebook page https://www.facebook.com/mptofficialpage သို့ ဝင်ရောက်၍ဖြစ်စေ လေ့လာနိုင်မည် ဖြစ်ပါသည်။

Gifting Service (ပို႔ဘီ)

“ပို့ဘီ” ဝန်ဆောင်မှုဆိုတာဘာပါလဲ။

“ပို့ဘီ” သည် MPT သုံးစွဲသူအချင်းချင်း MPT ဝန်ဆောင်မှု(Package)များကို လက်ဆောင်ပေးနိုင်သည့် အခမဲ့ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။

အောက်ဖော်ပြပါ MPT ဝန်ဆောင်မှု(Package)များကို လက်ဆောင်ပေးပို့နိုင်ပါသည်။

  • Data Carry Plus Pack
  •  A Kyite Pyaw+ Voice Pack
  • Htaw B

“ပို့ဘီ” ဝန်ဆောင်မှုကို ဘယ်လိုအသုံးပြုရမှာပါလဲ။

သုံးစွဲသူများသည် ပုံမှန်အတိုင်း USSD Code များကို ရိုက်နှိပ်ကာ မိမိနှစ်သက်ရာ Package ကိုရွေးပြီး “လက်ဆောင်ပေးမည်” နေရာကိုရွေးချယ်ကာ မိမိပေးပို့လိုသည့် ဖုန်းနံပါတ်ကိုဖြည့်သွင်းလိုက်ရုံဖြင့်လွယ်ကူစွာ လက်ဆောင်ပေးနိုင်မည်ဖြစ်ပါသည်

MPT 4U app ကို အသုံးပြုပြီးလည်း လက်ဆောင်ပေးပို့နိုင်ပါသည်။

  •  Data Carry Plus Pack လက်ဆောင်ပေးရန်, *777#ကိုခေါ်ဆိုပြီး ပက်ကေ့ချ်ရွေးပါ။ ညွှန်ကြားအချက်အတိုင်းဆောင်ရွက်ပါ။
  • A Kyite Pyaw+ Voice Pack  Voice Pack လက်ဆောင်ပေးရန်, *600#ကိုခေါ်ဆိုပြီး ပက်ကေ့ချ်ရွေးပါ။ ညွှန်ကြားအချက်အတိုင်းဆောင်ရွက်ပါ။
  • ထောဘီ ဖုန်းဘေလ် လက်ဆောင်ပေးရန်, *500#ကိုခေါ်ဆိုပြီး ဖုန်းဘေလ်ရွေးပါ။ ညွှန်ကြားအချက်အတိုင်းဆောင်ရွက်ပါ။

MPT Gifting Service “ပို့ဘီ” ဝန်ဆောင်မှု

1. “ပို့ဘီ” ဝန်ဆောင်မှုဆိုတာဘာပါလဲ။

  • “ပို့ဘီ” သည် MPT သုံးစွဲသူအချင်းချင်း MPT ဝန်ဆောင်မှု(Package)များကို လက်ဆောင်ပေးနိုင်သည့် အခမဲ့ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။ MPT သုံးစွဲသူများသည် “ပို့ဘီ” ဝန်ဆောင်မှုကိုသုံးပြီး Data Carry Plus  Pack၊ ပြောပီးရင်းပြော Voice Pack၊ ထောဘီ တို့ိကို အခြားMPTဖုန်းများသို့ လက်ဆောင်ပေးပို့ နိုင်မည်ဖြစ်ပါသည်။
  • သုံးစွဲသူများသည် ပုံမှန်အတိုင်း USSD Code များကို ရိုက်နှိပ်ကာ မိမိနှစ်သက်ရာ Package ကိုရွေးပြီး “လက်ဆောင်ပေးမည်” နေရာကိုရွေးချယ်ကာ မိမိပေးပို့လိုသည့် ဖုန်းနံပါတ်ကိုဖြည့်သွင်းလိုက်ရုံဖြင့်လွယ်ကူစွာ လက်ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။
  • MPT 4U App ကို အသုံးပြုပြီးလည်း MPT ဝန်ဆောင်မှု (Package)များကို လက်ဆောင်ပေးပို့နိုင်မည်ဖြစ်ပါ သည်။
  • လက်ဆောင်ပေးပို့နိုင်မည့်အကြိမ်အရေအတွက် နှင့် လက်ဆောင်လက်ခံနိုင်မည့် အကြိမ်အရေအတွက် ကန့်သတ်ထားခြင်းမရှိပါ။

လက်ခံရရှိသူသည် မိမိလက်ခံရရှိသော Package ကို ယင်းPackage၏ လက်ရှိစည်းမျဉ်းစည်းကမ်းများအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။

MPT ဝန်ဆောင်မှု (Package)USSDအခြား
 Data Carry Plus Pack*777# 

MPT4U

A Kyite Pyaw+ Voice Pack*600#
ထောဘီ*500#

2. “ပို့ဘီ” ဝန်ဆောင်မှုကို သုံးတဲ့အခါဝန်ဆောင်ခ ပေးစရာလိုပါသလား။

  • ဝန်ဆောင်ခပေးရန်မလိုပါ။
  •  သင်သည် “ပေးပို့သူ” ဖြစ်ပါက သင်ပေးပို့မည့်Package၏ ဈေးနှုန်းအတိုင်း ကျသင့်ငွေကိုသာ သင်၏ လက်ကျန်ငွေအတွင်းမှ ဖြတ်တောက်သွားပါမည်။ ပေးပို့မှုအောင်မြင်ကြောင်း SMS ပေးပို့အသိပေးပါမည်။
  • သင်သည် “လက်ခံရရှိသူ” ဖြစ်ပါက သင့်အားပေးပို့လိုက်သော Package ကိုအလိုအလျောက်လက်ခံ ရရှိပါမည်။ လက်ခံရရှိကြောင်း SMS ပေးပို့အသိပေးပါမည်။ သင်၏ package ကို *224# သို့ ခေါ်ဆိုစစ်ဆေးနိုင်ပါသည်။

3. ကျွန်တော့်မှာ လက်ကျန်Data Carry Plus Pack ရှိနေပါတယ်။ သူငယ်ချင်းဆီကနေ Data Carry Plus Pack အသစ်တစ်ခုကိုလည်းလက်ခံရရှိပါတယ်။ ဒါဆိုဘယ်လိုဖြစ်မှာပါလဲ။

  • လက်ကျန်နှင့် အသစ်ရရှိသော ဒေတာပမာဏများပေါင်းသွားမည်ဖြစ်ပြီး Data Cary Plus Package၏ လက်ရှိစည်းမျဉ်းစည်းကမ်းများအတိုင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။
  • A Kyite Pyaw+ Voice Pack နှင့် Htaw B  တို့သည်လည်း လက်ခံရရှိသူတွင် ရှိနေသည့် အမျိုးအစားတူ Package များနှင့် ပေါင်းသွားမည်ဖြစ်ပါသည်။