အွန်လိုင်း Portal နှင့် SMS မှတစ်ဆင့် မိမိတို့နှစ်သက်ရာ ပြိုင်ပွဲဝင်များအား မဲပေးနိုင်မည့် “The Voice Myanmar, Season 2” အတွက် Voting Packs အသစ်များကို MPT မှ မိတ်ဆက်

(ရန်ကုန် ၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်) – ယှဉ်ပြိုင်မှုပြင်းထန်လာသည့် The Voice Myanmar Season 2 အတွက် MPT အသုံးပြုသူများအနေဖြင့် MPT နှင့် The Voice Myanmar ၏ Web Portal ဖြစ်သော “thevoice.mptvote.com” နှင့် SMS Voting စနစ်များမှ တစ်ဆင့် အလွယ်တကူ မဲပေးနိုင်တော့မည် ဖြစ်ကြောင်း MPT က သတင်းထုတ်ပြန် ကြေညာလိုက်သည်။ မကြာမီရောက်ရှိလာတော့မည့် Live Performance အစီအစဉ်မှ စတင်ကာ အသစ်ထုတ်လိုက်သည့် Voting Pack များဖြစ်သည့် vote ၁၀ ခုမှ vote အခု ၁၀၀ အထိပါဝင်မည့် voting packs များအား (၂၆၃) ကျပ် မှ (၂,၆၂၅) ကျပ်အထိ ဝယ်ယူနိုင်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံတစ်ဝှမ်းမှ ပရိသတ်အများအနေဖြင့် မိမိတို့နှစ်ခြိုက်သည့် ပြိုင်ပွဲဝင်များကို အားပေးနိုင်ကြမည် ဖြစ်ပါသည်။

The Voice Myanmar season 2 အစီအစဉ်ကို မိမိတို့နေအိမ်မှ လည်းကောင်း၊ စတူဒီယိုမှသော်လည်းကောင်း ကြည့်ရှုကြမည့် ပရိသတ်များအနေဖြင့် မူလ Vote ပေးနည်းဖြစ်သည့် MPT Online Voting portal ဖြင့် vote ပေးရာတွင် portal အသုံးပြုမှုအတွက် မည်သည့် data အသုံးပြုခမျှ ကျသင့် ခြင်းမရှိဘဲ အသုံးပြုနိုင်မည်ဖြစ်ပြီး၊ MPTမှ ယခု season အတွက် ပထမဦးဆုံးအနေဖြင့် မိတ်ဆက်ပေးလိုက်သည့် SMS voting ကိုပါ အသုံးပြုနိုင်မည် ဖြစ်ပါသည်။ ယခု SMS voting အစီအစဉ်ကို MPT အသုံးပြုသူများသာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး SMS voting pack များတွင် voting အရေအတွက် အကန့်အသတ်မရှိ ပေးနိုင်သော်လည် အသုံးပြုမှုအတိုင်းသာကျသင့်မည့် PAYG ကိုရွေးချယ်ထားသည့် မဲပေးသူများအနေဖြင့် episode တစ်ခုအတွက် online မှသော်လည်းကောင်း၊ SMS မှသော်လည်းကောင်း အများဆုံး ၃ ကြိမ်အထိသာ မဲပေးနိုင်ကြမည်ဖြစ်သည်။

MPT အသုံးပြုသူများအတွက် Package ၅မျိုး ခွဲခြားပေးထားပြီး အနည်းဆုံး မဲအရေအတွက် ၁၀ ခု လျှင် (၂၆၃) ကျပ် မှစ၍ မဲအရေအတွက် ၁၀၀ လျှင် (၂,၆၂၅) ကျပ် အထိ သတ်မှတ်ပေးထားပါသည်။ MPT သုံးစွဲသူများအနေဖြင့် မဲအရေအတွက် ၁၀ ၊ ၂၀ ၊ ၃၀၊ ၅၀ နှင့် ၁၀၀ ဟူ၍ package များအား သင်တင့်သော နှုန်းထားများဖြင့် ရွေးချယ်ဝယ်ယူနိုင်ကြမည် ဖြစ်ပါသည်။

Online Voting Portal နှင့် SMS Voting များအတွက် ပက်ကေ့ချ် အသစ်များနှင့် ၎င်းတို့၏ ဈေးနှုန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

*အထက်ပါ package များကို ဝယ်ယူပြီးသည့်အချိန်မှစ၍ ပြိုင်ပွဲတစ်လျှောက်လုံး အသုံးပြုနိုင်မည် ဖြစ်ပါသည်။

 

Online voting platform အသုံးပြုခြင်း၊ SMS ပေးပို့ခြင်း၊ ပြိုင်ပွဲဝင်များ၏ ကိုယ်ပိုင် ကုဒ်နံပါတ်များ နှင့် အခြားသော လုပ်ဆောင်ချက်များအား ရှင်းပြထားသည့် ဗီဒီယို ကိုလည်း မကြာမီတွင် MPT ၏ တရားဝင် Facebook စာမျက်နှာ၊ Website နှင့် YouTube channel များတွင် တင်ပေးသွားမည် ဖြစ်ပါသည်။ The Voice Myanmar Season 2 အတွက် live voting များကို မေလ ၂၆ ရက် ၂၀၁၉ တွင် စတင်သွားမည် ဖြစ်ပြီး၊ ပရိသတ်များအနေဖြင့် MRTV 4 Channel တွင် ကြည့်ရှုနေစဉ်အတွင်း မိမိတိုနှစ်သက်သည့် ပြိုင်ပွဲဝင်များအား မဲပေးနိုင်မည် ဖြစ်သည်။

MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda က “ကျွန်တော်တို့အနေနဲ့ ဒီပြိုင်ပွဲကို ထောက်ပံ့ကူညီပေးတာကတစ်ဆင့် မြန်မာနိုင်ငံကအကောင်းဆုံး လူငယ်လေးတွေကို ရွေးချယ်ဖော်ထုတ်ပေးတဲ့နေရာမှာ အထောက်အပံ့ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ The Voice Myanmar အစီအစဉ်ဟာ မြန်မာနိုင်ငံရဲ့အမှတ်သင်္ကေတ၊ ဂီတအနုပညာတန်ဖိုးတွေကို စုဆောင်း ရွေးချယ် ဖော်ထုတ် ပြသပေးနေတဲ့ ပြိုင်ပွဲတစ်ခုပါ။ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေထဲမှာ The Voice Myanmar ရဲ့ ပရိသတ်တွေ အများကြီး ပါ ပါတယ်။ ဒါကြောင့်လည်း ဒီ SMS voting လုပ်ဆောင်ချက် အသစ်ကနေတစ်ဆင့် မြန်မာနိုင်ငံရဲ့အနာဂတ် ဂီတကြယ်ပွင့်တွေကို ရွေးချယ်ဖော်ထုတ်တဲ့နေရာမှာ ထိထိရောက် ပါဝင်နိုင်ကြစေဖို့အတွက် ကျွန်တော်တို့ လုပ်ဆောင်ပေးခဲ့ကြတာပါ”ဟုလည်း ထပ်လောင်း ပြောခဲ့ပါသည်။

တစ်ချိန်တည်းမှာပင် မြန်မာရော့ခ်ဂီတကြယ်ပွင့်ဖြစ်ပြီး The Voice Myanmar မှာ coach အဖြစ် ပထမဦးဆုံး ပါဝင်လာသည့် တေးသံရှင် R ဇာနည်မှလည်း “ဒီလို စိတ်လှုပ်ရှားစရာကောင်းတဲ့ The Voice Myanmar Season 2 ရဲ့ အစီအစဉ်မှာ Coach တစ်ယောက်အနေနဲ့ ပါဝင်ခွင့်တဲ့အတွက် အရမ်းပဲ စိတ်အားထက်သန် ဂုဏ်ယူမိပါတယ်။ Blind audition တွေကနေစလို့ နောက်ဆုံးဖိုင်နယ် အဆင့်တွေအထိ ထိုက်တန်တဲ့ ပြိုင်ပွဲဝင်တွေကို MPT ရဲ့ Voting စနစ်တွေဖြစ်တဲ့ SMS Vote ကပဲဖြစ်ဖြစ် Online Voting Portal ကပဲဖြစ်ဖြစ် အဆင်ပြေလွယ်ကူစွာနဲ့ ရွေးချယ်ပေးနိုင်နေပြီဖြစ်တဲ့အတွက် မိမိတို့ နှစ်သက်တဲ့ ပြိုင်ပွဲဝင်တွေကို ပါဝင် အားပေးကြဖို့ တိုက်တွန်းချင်ပါတယ်။”ဟု ပြောသွားခဲ့ပါတယ်။

ယခု The Voice Myanmar Voting pack တွေအတွက် အသေးစိတ်ထပ်မံ သိရှိလိုပါက ၁၀၆ သို့ ခေါ်ဆိုခြင်း သို့မဟုတ် MPT ၏တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သည့် www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာဖြစ်သော www.facebook.com/mptofficialpage သို့ ဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။

 

Click Here For Details>>>>>The Voice Myanmar  Season 2 FAQs

 

 

MPT သုံးစွဲသူများအနေဖြင့် LTE+ Data Roaming ကို ခရီးသွားအများဆုံး နိုင်ငံရပ်ခြား ခရီးစဉ်များတွင် အသုံးပြုနိုင်ပြီဖြစ်

(ရန်ကုန်၊ ၂၀၁၉ ခုနှစ် ဧပြီလ ၂၃ ရက်) မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT က ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ကမ္ဘောဒီးယား နှင့် ဟောင်ကောင်သို့ ခရီးသွားလာကြမည့် MPT သုံးစွဲသူခရီးသွားများ သည် ဈေးနှုန်းသက်သာစွာဖြင့် မြန်နှုန်းမြင့် အင်တာနက် LTE+ roaming ဒေတာဝန်ဆောင်မှုကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်သည်။ ယခုဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် မြန်မာနိုင်ငံမှ နိုင်ငံရပ်ခြားသို့ ခရီးသွားကြမည့် သူများအနေဖြင့် ၎င်းတို့၏ ခရီးစဉ်အတွင်း မြန်ဆန်လှသည့် အင်တာနက်အသုံးပြုမှုကို ဈေးနှုန်းချိုသာစွာဖြင့် အသုံးပြုနိုင်မည့်အပြင် အင်တာနက် (MB) အသုံးပြုမှု ပမာဏတိုင်းအတွက် ၉၉% အထိချွေတာသုံးစွဲနိုင်ပြီ ဖြစ်ပါသည်။

ပြီးခဲ့သည့်မတ်လအတွင်းတွင် MPT မှ data roaming နှုန်းထားနှင့် package အစီအစဉ်သစ်ကို MPT GSM/WCDMA မိုဘိုင်းလ်အသုံးပြုသူ အားလုံးအတွက် မိတ်ဆက်ပေးခဲ့ပြီး ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ်နိုင်ငံများတွင် အင်တာနက် အသုံးပြုမှုတိုင်းအတွက် 1MB တွင် ၉ ကျပ်နှုန်းဖြင့် တစ်ပတ်လျှင် ဝန်ဆောင်ခနှုန်းထား ၉၀၀ ကျပ်ပေးသွင်းပြီး အသုံးပြုနိုင်မည့် အစီအစဉ် ကို မိတ်ဆက်ခဲ့ပါသည်။ ထို့အပြင် အဆိုပါအစီအစဉ်ကို ရယူထားခြင်းမရှိသည့် အသုံးပြုသူများ အနေဖြင့်လည်း 1MB လျှင် ၁၅ ကျပ်ဖြင့် သုံးစွဲမှုအတိုင်းကျသင့်သည့် အစီအစဉ်ကိုလည်း အသုံးပြုနိုင်ရန် မိတ်ဆက်ပေးခဲ့ ပါသည်။
ယခုလည်း MPT အသုံးပြုသူများအနေဖြင့် ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ကမ္ဘောဒီးယား နှင့် ဟောင်ကောင် တို့တွင် မြန်နှုန်းမြင့် အင်တာနက် LTE+ data roaming ကို လက်ရှိ ပရိုမိုးရှင်း နှုန်းထားများဖြင့် ချိတ်ဆက် အသုံးပြုနိုင်ကြတော့မည် ဖြစ်ပြီး၊ ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းများတွင် LTE+ အား ဖွင့်ထားရုံဖြင့် ပိုမိုကောင်းမွန်သည့် data roaming အင်တာနက် အတွေ့အကြုံကို ခံစားနိုင်မည်ဖြစ်သည်။

MPT KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှလည်း “MPT အနေနဲ့ မြန်မာနိုင်ငံသားတွေကို နည်းပညာမှာ ရှေ့တန်းရောက်နေစေဖို့ အမြဲတမ်းကြိုးပမ်းနေပါတယ်။ ဒီနေ့ကမ္ဘာမှာ မြန်နှုန်းမြင့်ဆက်သွယ်မှုဟာ အရေးပါတဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်နေပါပြီ။ ကျွန်တော်တို့အနေနဲ့ အမြန်ဆုံးအင်တာနက်ဝန်ဆောင်မှုကို အချိုသာဆုံးဈေးနှုန်းတွေနဲ့ MPT အသုံးပြုသူတွေ နိုင်ငံရပ်ခြားမှာ ချိတ်ဆက် အသုံးပြုနိုင်ဖို့အတွက် MPT မြန်နှုန်းမြင့် အင်တာနက် LTE+ roaming ကို ပေးစွမ်းနိုင်ခဲ့လို့ အများကြီး ကျေနပ်ပျော်ရွှင် ရပါတယ်။ မြန်မာနိုင်ငံက MPT SIM နဲ့ 4G/ LTE handset သာရှိမယ်ဆိုရင် ကိုယ့်ရဲ့ဖုန်းနံပါတ်နဲ့ ဆင်မ်းကတ်ကို ပြောင်းစရာမလိုဘဲ မြန်မာနိုင်ငံမှာရှိတဲ့ ကိုယ့်ရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေ၊ မိသားစုတွေနဲ့ သူငယ်ချင်းတွေဆီကို တစ်ဖက်နိုင်ငံကို ရောက်သွားတာနဲ့ ချက်ချင်းဆိုသလို ဆက်သွယ်နိုင်မှာပါ”ဟု ပြောကြားခဲ့ပါသည်။

ဈေးနှုန်းသက်သာသည့် ဝန်ဆောင်မှုကို အသုံးပြုရန်အတွက် မြန်မာနိုင်ငံတွင်ဖြစ်စေ နိုင်ငံရပ်ခြားတွင်ဖြစ်စေ *9007# သို့မဟုတ် *106*2*5*2# သို့မဟုတ် 1332 သို့ ‘NINE’ ဟု SMS ပေးပို့ အသုံးပြုနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် MPT4U app မှ တစ်ဆင့်လည်း ရယူ အသုံးပြုနိုင်မည်ဖြစ်ပြီး သက်တမ်းကာလ ၇ ရက်အထိ အသုံးပြုနိုင်မည် ဖြစ်ပါသည်။
နိုင်ငံတကာတွင် ခရီးသွားနေစဉ်ကာလအတွင်း MPT ကွန်ရက်မှတစ်ဆင့် အောက်ပါနိုင်ငံ ၉ နိုင်ငံတွင် အထူးအခွင့်အရေးများကို ရယူနိုင်မည် ဖြစ်ပါသည်။

တချိန်တည်းမှာပင် MPT အသုံးပြုသူများအနေဖြင့် ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ အမေရိက၊ သြစတေးလျ၊ သီရိလင်္ကာနိုင်ငံများတွင် သင့်လျော်သောနှုန်းထားဖြစ်သည့် 1MB တွင် ၅၀ ကျပ်နှုန်းဖြင့် အသုံးပြုနိုင်မည် ဖြစ်ပါသည်။


ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက MPT၏ Call Centre နံပါတ် ၁၀၆ သို့ ခေါ်ဆိုခြင်း သို့မဟုတ် MPT၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သည့် www.mpt.com.mm၊ သို့မဟုတ် တရားဝင် facebook စာမျက်နှာ  https://www.facebook.com/mptofficialpage ကိုဆက်သွယ်၍မေးမြန်းနိုင်ပါသည်။

MPT မှ မြန်မာ့နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာဓလေ့ကို ထိန်းသိမ်းခြင်းနှင့်အတူ နိုင်ငံအဝှမ်းလှူဒါန်းမှုများ ဆောင်ရွက်သွားမည်

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂ ရက်) – မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးခြင်းနှင့်အတူ မြန်မာ့လူမှုအဖွဲ့အစည်းသို့လည်း လိုအပ်နေသော အကူအညီများ ကို ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိကာ လွန်ခဲ့သောလေးနှစ်တာ ကာလအတွင်းတွင် လူမှုရေး လုပ်ငန်းများဆောင်ရွက်ခြင်းမှ တစ်ဆင့် မြန်မာကျပ်ငွေ သန်းပေါင်း ၆,၀၀၀ ကျော်အထိ ကူညီထောက်ပံ့ပေးနိုင်ခဲ့ပြီး ဖြစ်သည်။

လူမူအသိုက်အဝန်းအတွင်း တာဝန်သိလူမှုအကျိုးပြုလုပ်ငန်းများကို အလေးထားဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သော MPTအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ စွန့်ဦးတီထွင်နှင့်စီးပွားရေးလုပ်ငန်းငယ် စသည့် အဓိက မဏ္ဍိုင်ကြီး သုံးရပ်တွင် မြန်မာနိုင်ငံကို ရှေ့သို့လှမ်းချီစေမည့် အနာဂတ်လူငယ်များကို အထောက်အပံ့ ဖြစ်စေရန် အထူးအလေးထားပြီး စိတ်အားထက်သန်စွာဖြင့် နိုင်ငံအနှံ့လှုပ်ရှား ဆောင်ရွက် နေပါသည်။

ယခုနှစ်အတွက် မြန်မာနှစ်ကူးမဟာသြင်္ကန်အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများကို ဆက်လက်ထိန်းသိမ်းကာ နှစ်သစ်ကူးအခါသမယအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လှူဒါန်းမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းကို ထုတ်ပြန်ကြေညာလိုက်ပါသည်။ လာမည့် ဧပြီလ ၄ ရက် နှင့် ၅ ရက် တို့တွင် MPT ၏ အကြီးတန်းအရာရှိများအပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ဌာနအသီးသီးတွင် တာဝန် ထမ်းဆောင်နေကြသော ဝန်ထမ်းများအနေဖြင့် နိုင်ငံအဝှမ်းရှိ ဘိုးဘွားရိပ်သာများ၊ ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ မိဘမဲ့ဂေဟာများ အစရှိသည့် လူမှုအကျိုးပြု အဖွဲ့အစည်းများ ရှိသည့် နေရာဒေသ ၄၈ ခုတွင် လှူဒါန်းမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကာ စုစုပေါင်း မြန်မာကျပ်ငွေ သိန်းပေါင်း ၁,၀၀၀ ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသုံးပြု ဆောင်ရွက် သွားမည်ဖြစ်သည်။

MPT၏ ဦးဆောင်ညွှန်ကြားရေးမှူး (MPT-KSGM Joint Operations ၏ ဒုတိယအမှုဆောင် အရာရှိချုပ်) ဖြစ်သည့် ဦးခင်မောင်ထွန်းမှ ယခုနှစ်ပြုလုပ်မည့် သြင်္ကန်နှစ်ကူး လူမှုအကျိုးပြုအစီအစဉ်များနှင့်ပတ်သက်၍ “ ကျွန်တော်တို့ MPT အနေနဲ့ မြန်မာတို့ရဲ့ထုံးတမ်းအစဉ်အလာတစ်ခုဖြစ်တဲ့ နှစ်သစ်ကူးအလှူကို ဆောင်ရွက်နိုင်တဲ့ အတွက် အထူးပဲ ကျေနပ်ဝမ်းမြောက်မိပါတယ်။ အခုလို နှစ်သစ်ကူး အခါသမယတိုင်းမှာ နှစ်ကူးအလှူကို ဆောင်ရွက်ပေးနေတာဟာ ကျွန်တော်တို့မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ ပြုလုပ်နေကျ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အမှန်တကယ်အကူအညီ လိုအပ်နေတဲ့နေရာတွေကို ဦးတည်ထားပြီး ဆောင်ရွက်နေတာဖြစ်သလို တကယ်လိုအပ်နေတဲ့ နေရာတွေကို အထောက်အပံ့ ဖြစ်စေတဲ့အတွက် အထူးပဲ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အနာဂတ်မျိုးဆက်သစ် လူငယ်တွေရဲ့ ဦးဆောင်မှုကို လက်ဆင့်ကမ်းပေးတဲ့ အနေနဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံအဝှမ်းက ဝန်ထမ်းတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ အဓိက ကဏ္ဍကြီး (၃) ရပ်မှာ လူမှုအကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက် သွားဦးမှာပဲဖြစ်ပါတယ်။
အခုလိုနှစ်သစ်အခါသမယမှာ မြန်မာတစ်နိုင်ငံလုံးက မိဘပြည်သူတွေ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပါစေကြောင်းနဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေဆီ အကောင်းဆုံးသော ဝန်ဆောင်မှုတွေကို ဆက်လက်ပြီး ဆောင်ကျဉ်း ပေးသွားမယ် ဆိုတာကိုလည်း MPT က ကတိပြုလိုပါတယ်။ အားလုံးပဲ ပျော်ရွှင်စရာ နှစ်သစ် မင်္ဂလာ ဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်” ဟုပြောကြားခဲ့ပါသည်။

MPT အနေဖြင့် အောက်ပါနေရာဒေသများသို့ ဧပြီလ ၄ ရက် နှင့် ၅ ရက်များတွင် လှူဒါန်းသွားမည် ဖြစ်ပါသည်။

<
စဉ်ပြည်နယ် / တိုင်းဒေသကြီးနေရာ
၁။ရန်ကုန် တိုင်းဒေသကြီးချမ်းမြေ့ရိပ်သာကျောင်း ၊ မိုးကုန်ဝိပဿနာ တရားစဉ် နှင့် လုပ်ငန်းစဉ် ပြန့်ပွားရေးအသင်းချုပ် ၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း
၂။မန္တလေးတိုင်းဒေသကြီးအဝါရောင်မျိုးဆက်သစ်လူငယ် ပရဟိတအသင်း နှင့် မန္တလေးတောင် ဘိုးဘွားရိပ်သာ
၃။စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုသီရိမင်္ဂလာ ဘိုးဘွားရိပ်သာ
၄။မကွေးတိုင်းဒေသကြီးရွှသာသနာ့ဂုဏ်ရည် သီလရှင်ကျောင်းနှင့် မြတ်ရတနာ နာရေးကူညီမှုအသင်း ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)
၅။ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)ခေါင်းဆေးကန်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဥဿမြို့သစ်
၆။ပဲခူးတိုင်းဒေသကြီးခရတနာမဉ္ဇူရီ မိဘမဲ့ကျောင်း (ပြည်မြို့) နှင့် အဝါရောင်မျိုးဆက်သစ်လူငယ် ပရဟိတအသင်း မိုးညိုမြို့
၇။ဧရာဝတီတိုင်းဒေသကြီအဝါရောင်မျိုးဆက်သစ်လူငယ် ပရဟိတအသင်း
၈။တနင်္သာရီတိုင်းဒေသကြီOHC သက်ကြီးစောင့်ရှောက်ရေး(ထားဝယ်)၊ ဇေယျဘူမိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ထားဝယ်)၊ အရိုးဆေးကန် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (ထားဝယ်)
၉။နေပြည်တေစမတောင် မိဘမဲ့ကလေးကျောင်း နှင့် ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ
၁၀။ကချင်ပြည်နယ်ပေးဆပ်သူလူမှုကူညီရေးအသင်း (အံတော်ရှင်)၊ မျက်မမြင်ကျောင်း (ဂျာမိုင်းကောင်း)၊ မျှော်လင့်ခြင်းအသစ် မိသားစုဂေဟာ နှင့် မျှော်လင့်ခြင်း ဂေဟာ
၁၁။ကယားပြည်နယ်ပရွှေလွိုင်ကော် ပရဟိတအဖွဲ့၊ ထီးပွင့်ကန် ဘုန်းတော်ကြီးကျောင်း နှင့် ချမ်းမြေ့သိဒ္ဓိ ဒေါတမကြီး ဘုန်းတော်ကြီးကျောင်
၁၂။ကရင်ပြည်နယ်ပချမ်းကလေး ဘက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှင့် ပေးဆပ်သူ လူမှုကယ်ဆယ်ရေး အဖွဲ
၁၃။ချင်းပြည်နယ်ပသာသနာပြန့်ပွားရေးသီလရှင်ကျောင်း၊ ဇိုင်ယွန် နှစ်ခြင်းမိဘမဲ့ဂေဟာ၊ ဟားခါး နှစ်ခြင်းမိဘမဲ့ဂေဟာ၊ Baytayle နှစ်ခြင်းဘိုးဘွားရိပ်သာ နှင့် ဟက်ပီး ယူစီပီ မိဘမဲ့ဂေဟာ
၁၄။မွန်ပြည်နယ်ပကျောက်ကလာပ် ဘုန်းတော် ကြီးသင်ပညာရေးကျောင်း၊ ကျိုက်ထို ဘိုးဘွားရိပ်သာ၊ ကျိုက်ထို ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၊ ညောင်ပင်ဆိပ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ဘိုဘိုဝင်းမော်လမြိုင်လူမှုရေးအဖွဲ့အစည်း
၁၆။ရှမ်းပြည်နယ် (အရှေ့ပိုင်း)ဗုဒ္ဓဥယျာဉ်ဘုန်းတော်ကြီးကျောင်း နှင့် ကျောင်းထိုင်သင်တန်းကျောင်း
၁၇။ရှမ်းပြည်နယ် (တောင်ပိုင်း)ပ ပညာဥယျာဉ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှင့် တောင်ကြီးမသန်စွမ်း ကျောင်း
၁၈။ရှမ်းပြည်နယ် (မြောက်ပိုင်း)လူမျိုးဘာသာမရွေးစောင့်ရှောက်မှုအသင်း ကျောက်ကပ်ဌာန (လားရှိုး)၊ မိုးကောင်းသီလရှင်ကျောင်း၊ ဆင်းရွှေလီ ဘိုးဘွားရိပ်သာ(လားရှိုး) နှင့် ကရုဏာ လူမှုအဖွဲ့အစည်း

မြန်မာနိုင်ငံအတွင်းရှိ လူမှုအသိုင်းအဝန်းအတွက် အကျိုးအမြတ်ကောင်းများကို ဖော်ဆောင်ပေးနိုင်ရန်အတွက် MPT အနေဖြင့် လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အဓိကကဏ္ဍ သုံးရပ်ဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ စွန့်ဦးတီထွင်နှင့်် စီးပွားရေးလုပ်ငန်းငယ်များကို ဦးတည်ထားကာ ဆောင်ရွက်နေပြီး ဥပမာအနေဖြင့် ပညာရေးကဏ္ဍတွင် MPT သည် “ ရှေ့သို့လှမ်းချီဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ် ကို NLD ပညာရေး ကွန်ရက်နှင့်အတူ လူငယ်များအတွက် ကွန်ပျူတာအခြေခံ သင်တန်းများကိုပေးအပ်ကာ လက်တွဲဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးကဏ္ဍအတွက် သန့်ရှင်းပြည့်ဖြိုး ရေအကျိုး အစီအစဉ်ကို NAG နှင့် BAJ စသည့် NGO တို့နှင့်အတူ ပူးပေါင်းပြီးလည်းကောင်း၊ အနာဂတ်မျိုးဆက်သစ် လူငယ်များအား ပျိုးထောင်ပေးနိုင်ရန် “ မြန်မာလူငယ် နည်းပညာ စွန့်ဦးတီတွင် ဖွံ့ဖြိုးရေးအစီအစဉ်” ကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် အတူတကွ ပူးပေါင်း၍ လည်းကောင်းအသီးသီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။
ထို့အပြင် အခြားသော လူမှုအကျိုးပြု အစီအစဉ်များဖြစ်သည့် ပတ်ဝန်းကျင်သန့်ရှင်းရေး အစီအစဉ်များ၊ သွေးလှူဒါန်းခြင်းများ၊ သစ်ပင်စိုက်ပျိုးခြင်းများ စသည့် အကျိုးပြုလုပ်ငန်းများတွင်လည်း ဒေသခံပြည်သူများနှင့် ပရဟိတအဖွဲ့များနှင့်အတူ MPT ဝန်ထမ်းများစုပေါင်း၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပါဝင် ဆောင်ရွက်လျက် ရှိသည်။
MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများအကြောင်းကို ဖော်ပြသည့် ရုပ်သံဗွီဒီယိုများကို အောက်ပါ လိုတရ ဝက်ဘ်ပေါ်တယ်တွင်ဝင်ရောက်ပြီး MPT ၏ မိုဘိုင်းဖုန်းဖြင့် ဖုန်းဘေလ် ကုန်ကျမှုမရှိဘဲ လေ့လာနိုင်ပါသည်။
https://lotaya.mpt.com.mm/service/mptcsr

အလားတူပင် MPT ၏ လူမှုအကျိုးပြုလှုပ်ရှားမှုများနှင့် ပတ်သက်သည့် အချက်အလက်များ အပြင်၊ MPT ၏ အခြားသော စိတ်ဝင်စားဖွယ် ဝန်ဆောင်မှုနှင့် အရောင်းမြှင့်တင်မှု ဆောင်ရွက်ချက်များအား ပိုမိုသိရှိလိုပါလျှင် ၁၀၆ သို့ ဖုန်းခေါ်ဆို၍ဖြစ်စေ၊ www.mpt.com.mm သို့ဝင်ရောက်၍ဖြစ်စေ၊ MPT ၏ တရားဝင် Facebook page https://www.facebook.com/mptofficialpage သို့ ဝင်ရောက်၍ဖြစ်စေ လေ့လာနိုင် မည် ဖြစ်ပါသည်။