MPT သုံးစွဲသူများအနေဖြင့် Shwe Stream ဝန်ဆောင်မှုတွင် အသစ်ထပ်မံထည့်သွင်းလိုက်သည့် မြန်မာရုပ်ရှင်ဇာတ်ကားများနှင့် ကိုရီးယားဇာတ်လမ်းတွဲများကို သက်သာသော နေ့စဉ်ဝန်ဆောင်မှု နှုန်းထားဖြင့် ရယူနိုင်ပြီ

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ မေလ ၃၁ ရက်) မြန်မာ့ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ MPT က eTrade Myanmar ကုမ္ပဏီလီမိတက် နှင့် ပူးပေါင်း၍ Shwe Stream ဝန်ဆောင်မှုတွင် ပိုမိုဆန်းသစ်သော ကဏ္ဍအသစ်များကို ထည့်သွင်းမိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်ကြေညာလိုက်သည်။ Shwe Stream ဝန်ဆောင်မှုသည် ရုပ်သံဗွီဒီယိုများကို အွန်လိုင်းပေါ်မှ ကြည့်ရှုနိုင်သော ဝန်ဆောင်မှု ဖြစ်ပြီး အဆိုပါ ဝန်ဆောင်မှုတွင် မြန်မာရုပ်ရှင်ဇာတ်ကားကြီးများ၊ မြန်မာဗွီဒီယိုဇာတ်လမ်းများနှင့် မြန်မာစာတန်းထိုး ကိုရီးယား ဇာတ်လမ်းတွဲများကို Shwe Stream အက်ပလီကေးရှင်းနှင့် ဝက်ဘ်ပေါ်တယ်ဖြစ်သည့် www.shwestream.com.mm တို့တွင် ကြည့်ရှုနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံ တစ်ဝှမ်းမှ MPTသုံးစွဲသူများအနေဖြင့် လတ်တလောရေပန်းစား လူကြိုက်များနေသော နောက်ဆုံးထွက် မြန်မာရုပ်ရှင်ဇာတ်ကားကြီးများ၊ မြန်မာဗွီဒီယိုဇာတ်လမ်းများ နှင့် ကိုရီးယားဇာတ်လမ်းတွဲများကို တိုက်ရိုက်ကြည့်ရှု နိုင်မည်ဖြစ်သည်။ Shwe Stream ဝန်ဆောင်မှုကို ရယူသုံးစွဲသူများအနေဖြင့် ရုပ်ရှင်၊ ဗွီဒီယိုနှင့် ဇာတ်လမ်းတွဲများကို Wifi (သို့မဟုတ်) အင်တာနက်ချိတ်ဆက် အသုံးပြုနိုင်သည့် စမတ်ဖုန်း၊ တက်ဘလက်၊ လက်ပ်တော့ပ် (သို့မဟုတ်) ကွန်ပျူတာတို့ဖြင့် အချိန်မရွေး၊ နေရာမရွေး ရယူအသုံးပြုနိုင်မည် ဖြစ်သည်။
MPT သုံးစွဲသူများသည် ၎င်းဝန်ဆောင်မှုကို သက်သာသောနှုန်းထားဖြစ်သည့် တစ်ရက်လျှင် ၉၉ကျပ် (ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီး) ဖြင့် အမျိုးအစားစုံလင်သော ရုပ်ရှင်နှင့်ဇာတ်လမ်းတွဲများစွာကို အချိန်မရွေး၊ နေရာမရွေး ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။ လူကြိုက်များရေပန်းစားနေသည့် ရုပ်ရှင်ဇာတ်ကားကြီးများနှင့် ဇာတ်ကားသစ်များကိုမူ ကြည့်သလောက်ပေး (Pay Per View) စနစ်ဖြင့် ဇာတ်ကား တစ်ကားလျှင် အလွန်သက်သာသော နှုန်းထားဖြစ်သည့် ၁၀၀ ကျပ်မှ ၅၀၀ ကျပ်အတွင်း (ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီး) ပေးအပ်ပြီး ကြည့်ရှုနိုင်မည် ဖြစ်သည်။

Shwe Stream ဝန်ဆောင်မှုကို ရယူလိုသည့် MPTသုံးစွဲသူများအနေဖြင့် 8202 သို့ “ON” ဟု စာတို (SMS) ပေးပို့၍ ရယူနိုင်မည် ဖြစ်သည်။ Shwe Stream အက်ပလီကေးရှင်းကို Google Play store မှလည်းကောင်း https://lotaya.mpt.com.mm/event/223 မှလည်းကောင်း ဒေါင်းလုတ်ရယူနိုင်မည်ဖြစ်ပြီး www.shwestream.com.mm မှလည်း တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

MPT-KGSM Joint Operation၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umedaက ” MPT အနေနဲ့ သုံးစွဲသူတွေအတွက် အသစ်အသစ်သော အရာတွေကို ခေတ်ရေစီးကြောင်းအလိုက် အမြဲတမ်း ဖန်တီးဆောင်ရွက်ပေးနေပါတယ်။ Shwe Stream ဝန်ဆောင်မှုကလည်း မြန်မာပရိသတ်တွေနှစ်သက်မယ့် မြန်မာ့ရုပ်ရှင်၊ ဗွီဒီယိုတွေနဲ့အတူ ကိုရီးယား ဇာတ်လမ်းတွဲတွေ အားလုံးကိုစုပေါင်းပြီး သက်သာတဲ့ နှုန်းထားဖြစ်တဲ့ တစ်ရက်ကို ၉၉ကျပ်နဲ့ ကြည့်ရှုနိုင်အောင် ဆောင်ရွက်ပေးထားတာဖြစ်ပါတယ်။ MPT ရဲ့ အကျယ်ပြန့်ဆုံးနဲ့ အလျင်မြန်ဆုံး ကွန်ရက်နဲ့ အတူူ မြန်မာ့ရုပ်ရှင် ယဉ်ကျေးမှုကို နိုင်ငံအဝှမ်းက ပရိသတ်တွေအားလုံးကို ပိုပြီးနီးစပ်အောင် ထပ်မံပြီး အားဖြည့်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်” ဟု ပြောကြားခဲ့ပါသည်။

Shwe Stream ဝန်ဆောင်မှုကို ရယူထားသူများအနေဖြင့်လည်း ပရိုမိုးရှင်းကာလ ဖြစ်သည့် ၂၀၁၉ ခုနှစ် မေလ ၃၁ ရက်မှ သြဂုတ်လတ် ၃၁ ရက်နေ့အတွင်း (၁) ကျပ်သားရှိ ရွှေဒင်္ဂါး ပြား (၃) ပြား နှင့် ၃,၀၀၀ကျပ်တန် MPT ငွေဖြည့်ကတ် ၁၅၀ ကတ် တို့အား ကံထူးဆုအဖြစ် ရယူနိုင်မည့်အခွင့်အရေးများ ရရှိမည် ဖြစ်သည်။ တစ်လလျှင် ကံထူးဆုအဖြစ် ရွှေဒင်္ဂါးပြား (၁) ပြားနှင့် MPT ငွေဖြည့်ကတ် ၅၀ ကတ် တို့ကို ရွေးချယ်ပေးသွားမည် ဖြစ်ပြီး ပထမအကြိမ် ပရိုမိုးရှင်းကာလအဖြစ် ၂၀၁၉ ခုနှစ် မလ ၃၁ ရက်မှ ဇွန်လ ၃၀ရက်အထိ၊ ဒုတိယအကြိမ် ပရိုမိုးရှင်းကာလအဖြစ် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ နှင့် တတိယအကြိမ် ပရိုမိုးရှင်းကာလအဖြစ်၂၀၁၉ ခုနှစ် သြဂုတ်လ ၁ ရက်မှ သြဂုတ်လ ၃၁ ရက်အထိ သတ်မှတ်ထားပါသည်။ အသေးစိတ်အချက်အလက်နှင့် စည်းမျဉ်းစည်းကမ်းများကို သိရှိလိုပါက Shwe Stream ဝန်ဆောင်မှုအတွက် လိုတရပေါ်တယ် https://lotaya.mpt.com.mm/event/223 (သို့မဟုတ်) www.shwestream.com.mm တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Shwe Stream ဝန်ဆောင်မှုကို ရယူပြီးပါက သုံးစွဲသူများအနေဖြင့် ရုပ်ရှင်နှင့် ဗွီဒီယိုများကို စတင်ကြည့်ရှုနိုင်ပြီး မိမိကြည့်ရှုလိုသည့် ဇာတ်ကားများကို အကြိမ်ရေ အကန့်အသတ်မရှိ ဒေါင်းလုတ်လုပ်ထားနိုင်ကာ ၎င်းဇာတ်ကားများကို ၇ ရက်အတွင်း ကြည့်ရှုနိုင်မည် ဖြစ်သည်။ ၇ ရက် ကျော်ပါက ဒေါင်းလုတ်လုပ်၍ သိမ်းထားသော ရုပ်ရှင်နှင့် ဗွီဒီယိုများမှာ အလိုအလျောက် ဖယ်ရှားသွားမည် ဖြစ်သည်။ အဆိုပါ ရုပ်ရှင်၊ ဗွီဒီယို နှင့် ဇာတ်လမ်းတွဲများကို အခြား Platform များပေါ်တွင်ပြန်လည်မျှဝေနိုင်မည် မဟုတ်ပါ။

အသေးစိတ်ထပ်မံသိရှိလိုပါက ၁၀၆ သို့မဟုတ် ၀၁၂၃၀၅၂၇၃ သို့ ၂၄ နာရီအတွင်းဖုန်းခေါ်ဆို၍သော်လည်းကောင်း MPT ၏ တရားဝင် facebook page https://www.facebook.com/mptofficialpage/ နှင့် MPT တရားဝင်ဝက်ဘ်ဆိုက် www.mpt.com.mm မှ သော်လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT က ချစ်ခြင်းမေတ္တာ နှင့် ခင်မင်ရင်းနှီးမှုများကို ချစ်သူခင်သူများ၊ မိသားစုများ ကြားတွင် ၁ နှစ်လျှင် ၃၆၅ ရက်အမြဲမပြတ် ဖော်ကြူးပေးနိုင်မည့် ကြည်နူးစရာ ဝန်ဆောင်မှုများပါဝင်သည့် “ အချစ်ကမ္ဘာ” ဝန်ဆောင်မှုအသစ် ကို မိတ်ဆက်

( ရန်ကုန် ၊ ၂၀၁၉ ခုနှစ် ၊ မေလ ၂၇ ရက် )-မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေးအော် ပရေတာ ဖြစ်သည့် MPT သည် ချစ်ခင်မြတ်နိုးသူ၊ မိသားစုဝင်များ၊ ခင်မင်သူမိတ်ဆွေများအကြားရှိ အချစ်အမျိုုးမျိုး၏ ချစ်ခြင်းမေတ္တာကိုဖော်ကြူးသော အကြောင်းအရာ များကို တစ်နေရာတည်းတွင် စုံလင်စွာဖြင့် ရယူအသုံးပြုနိုင်မည့် “အချစ်ကမ္ဘာ” ဝက်ဘ်ပေါ်တယ် ဝန်ဆောင်မှုကို CSS ကုမ္ပဏီ နှင့် ပူးပေါင်း၍ သုံးစွဲသူများအတွက် မိတ်ဆက်လိုက်ပြီဖြစ်သည်။ “အချစ်ကမ္ဘာ” ဝန်ဆောင်မှုတွင် MPT သုံးစွဲသူများသည် ဆွတ်ပျံ့ကြည်နူးဖွယ်ရာ ဆောင်းပါးများ ၊ အချစ်သီချင်းများ ၊ ဂိမ်းများ ၊ အချစ်နှင့်ပတ်သတ်သော ပဟေဠိများ ၊ ဗေဒင်များ၊ ဓါတ်ပုံများ၊ ဗွီဒီယိုများ နှင့် ချစ်ခြင်းမေတ္တာ နှင့်ပတ်သက်သည့် အချစ်မှတ်စုများစသည့် ကဏ္ဍ(၈)မျိုးပါဝင်သည့် ဝန်ဆောင်မှုများကို ရယူအသုံးပြုနိုင်ပြီဖြစ်သည်။ MPT သုံးစွဲသူများ အနေဖြင့်နေ့စဉ်ကြေးပေးသွင်း၍ အသုံးပြုနိုင်မည်ဖြစ်ပြီး တစ်နေ့တာအတွက် အဆိုပါဝန်ဆောင်မှုကို တစ်နေ့လျှင် ဝန်ဆောင်ခ ၉၉ ကျပ်ဖြင့် တစ်နေ့လုံး/ ၂၄ နာရီ ဝင်ရောက်ရယူနိုင်မည်ဖြစ်သည်။

အချစ်ကမ္ဘာ ၏ ပင်မစာမျက်နှာ နှင့် ဝန်ဆောင်မှုများကဏ္ဍ
MPT သုံးစွဲသူများသည် အချစ်ကမ္ဘာ ဝန်ဆောင်မှုတွင် ဆွတ်ပျံ့ကြည်နူးဖွယ် ချစ်သူစုံတွဲပုံများ ၊ နာမည်ကျော် အနုပညာရှင်များ၏ စုံတွဲပုံများ နှင့် အံ့သြဖွယ်ရင်သပ်ရှုမောဖွယ်ကောင်းသော ရှုခင်းပုံများ၊ Relationship နှင့်ပတ်သက်သော အကြံပြု video များ ၊ နာမည်ကျော်ကြားသူများနှင့် တွေ့ဆုံမေးမြန်းခန်းများ ၊ ဟာသများနှင့် အချစ်နှင့်ပတ်သက်သော ဂိမ်းများ ၊ နိုင်ငံတကာမှ အချစ်သီချင်းကောင်းများ ၊ အချစ်ဆောင်းပါးဝတ္ထုတိုများ ၊ ဇာတ်လမ်းများ အပါအဝင် ပျော်ရွှင်ဖွယ်ဉာဏ်စမ်းပဟေဠိများ၊ အချစ်ရေးနှင့်ပတ်သက်သော တားရော့ ဗေဒင်ဟောကိန်းများ နှင့် နေ့စဉ်နှလုံးသားရေးရာဗေဒင်ဟောစာတမ်းများကို ရယူနိုင်မည်ဖြစ်သည်။
အချစ်ကမ္ဘာဝန်ဆောင်မှုကို ရယူလိုသူများသည် 8274 သို့ ON ဟု စာတိုပေးပို့ရယူနိုင်သလို www.achitkabar.com နှင့် http://love.lotayamm.com တွင် MPT ၏ မိုဘိုင်းလ်အင်တာနက် ကို အသုံးပြု၍ ဝင်ရောက်ရယူနိုင်ပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှ လည်း MPT ၏ ထူးထူးခြားခြားတင်ဆက်မှုတစ်ခုဖြစ်သော အချစ်ကမ္ဘာ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ “MPT ဟာသုံးစွဲသူတွေနဲ့ အမြဲတစေထိတွေ့နေစေဖို့ ဝန်ဆောင်မှုတွေ ၊ အစီအစဉ်တွေ ကို ဖန်တီးပေးလျက်ရှိပြီး အခုတင်ဆက်လိုက်တဲ့ အချစ်ကမ္ဘာ ဝန်ဆောင်မှုကတော့ မြန်မာနိုင်ငံက လူငယ်လူရွယ်တွေအတွက် ချစ်ခြင်းမေတ္တာ နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ရယူနိုင်မှာဖြစ်ပါတယ် ။ ဒီ ဝန်ဆောင်မှုကနေ တစ်ဆင့် သူတို့ ဘဝမှာ ချစ်ခြင်းမေတ္တာ ဆိုင်ရာ ကိစ္စတွေအတွက် အထောက်အကူပြုစေဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် သီချင်းတွေ ၊ ဂိမ်းတွေ နဲ့ video တွေ အပါအဝင် ချစ်ခြင်းမေတ္တာ နဲ့ သက်ဆိုင်တဲ့ တင်ဆက်မှုတွေလည်းပါဝင်တဲ့အတွက် သုံးစွဲသူတွေအားလုံးကို ပျော်ရွင်စရာတွေဖန်တီးပေးနိုင်တဲ့ ပေါ့ပေါ့ပါးပါး နဲ့ ပျော်ရွင်စေနိုင်မယ့် ဝန်ဆောင်မှုတစ်ခု ဖြစ်လာစေဖို့အတွက် ရည်ရွယ်ထားပါတယ်။ မြန်မာနိုင်ငံရဲ့ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်တာနဲ့အညီ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကလည်းတကယ့်ကို ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှုတွေကို ပေးအပ်သွားဖို့အတွက် ရည်ရွယ်ထားပြီး ဒီပေါ်တယ်ဝန်ဆောင်မှုကနေတစ်ဆင့် သုံးစွဲသူတွေအနေနဲ့ ဘဝအတွက်ပျော်ရွှင်မှုတွေကို ခံစားနိုင်မှာပါ“ ဟုပြောကြားခဲ့ပါသည်။
အချစ်ကမ္ဘာ ဝန်ဆောင်မှုအပါအဝင် MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ခေါ်ဆို၍ ဖြစ်စေ ၊ MPT ၏ တရားဝင် Facebook စာမျက်နှာဖြစ်သော https://www.facebook.com/mptofficialpage/ သို့မဟုတ် MPT ၏ တရားဝင် website ဖြစ်သော www.mpt.com.mm သို့ဝင်ရောက်၍ဖြစ်စေ လေ့လာနိုင်မည်ဖြစ်ပါသည်။
CSS Company အကြောင်း
CSS သည် မိုဘိုင်းလ်နှင့် website များအတွက် တီထွင်ဆန်းသစ်မှုရှိသော ထပ်ဆောင်းဝန်ဆောင်မှုများ (Value Added Services) များကို ၂၀၀၅ ခုနှစ်ကတည်းက ဝန်ဆောင်မှုပေးလျက်ရှိသော ဦးဆောင် နည်းပညာ နှင့် တယ်လီကွန်းဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည်။ ဒူဘိုင်းနိုင်ငံအခြေစိုက် လုပ်ငန်းဖြစ်ပြီး စီးပွားရေးလုပ်ငန်းများအတွက် လုပ်ငန်းအတွေ့အကြုံများစွာကိုအသုံးချကာ ဝန်ဆောင်မှုကောင်းများပေးလျက်ရှိပါသည်။
လုပ်ငန်း၏ ထူးခြားသော စွမ်းဆောင်ချက်များမှာ
• လိုက်ရောညီထွေဖြစ်ကာ အသုံးချနိုင်သော GSM အသိပညာများ ကြွယ်ဝခြင်း
• အဇာဘိုင်ဂျန်နိုင်ငံ ၊ ကာဇက်စတန် နိုင်ငံ ၊ စင်္ကာပူနိုင်ငံ နှင့် UAE တို့တွင် IT လုပ်ငန်းများကို ကျယ်ပြန့်စွာ ဝန်ဆောင်မှုပေးခဲ့ခြင်း
• အမြတ်အစွန်းများစွာရရှိခဲ့သော ဈေးကွက်ဆိုင်ရာ တီထွင်ဆန်းသစ်မှုများ
• အရည်အသွေးမြင့် အင်ဂျင်နီယာများ နှင့် စီမံခန့်ခွဲမှု ကျွမ်းကျင်သူများ၏ လုပ်ငန်းဆိုင်ရာ နိုင်ငံတကာ အသိအမြင်များ
• ခိုင်မာသော လုပ်ငန်းအောင်မြင်မှုမှတ်တမ်းများ
• မဟာဗျူဟာမြောက်ချဉ်းကပ်မှုများ ၊ လိုက်လျောညီထွေစွာ စီမံမှုများ ၊ ခေတ်နှင့်အညီပြောင်းလဲမှုများ

4min4talk Terms and Conditions MM

သတ်မှတ်ချက်များ

  • MPT အချင်းချင်း သုံးသလောက်ပေးနှုန်းထားဖြင့် (၄)မိနစ်ဖုန်းပြောတိုင်းနောက်ထပ်ဆက်တိုက် (၄)မိနစ်စာကို အခမဲ့ဖုန်းပြောနိုင်ပါမည်။ (၆၀)မိနစ်စာအထိ အခမဲ့ ရနိုင်တာမို့ ဖုန်းပိုပိုပြောလေ မိနစ်ပိုပို ရလေ ဖြစ်တာကြောင့်ချစ်ခင်ရသူဆီဖုန်းအကြာကြီးဆက်သွယ်နိုင်ပါပြီ။
  • အထူးအစီအစဉ်တွင် MPT ဖုန်းအချင်းချင်း ခေါ်ဆိုခြင်းများသာ အကျုံးဝင်ပါသည်။ အခြားအော်ပရေတာဖုန်းများသို့ ခေါ်ဆိုခြင်း အကျုံးမဝင်ပါ။
  • အထူးအစီအစဉ်သည် MPT အချင်းချင်း သုံးသလောက်ပေးနှုန်းထား ဖြင့်သာ ကောက်ခံပါသွားမည်။နှုုန်းထားအားလုံးကို ထောဘီဖုန်းဘေလ်၊Voice Package ထဲတွင်ကောက်ခံမည်မဟုတ်ပါ။
  • *555# ကို ဖုန်းခေါ်ဆိုခြင်း(သို့)MPT 4U App (သို့) MPT မှပေးပို့သောSMS များကို စစ်ဆေးခြင်းတို့ နေ့စဉ်ပြုလုပ်သင့်ပါတယ်။ MPT Special Offer တွေက နေ့စဉ်ပြောင်းလဲနေနိုင်လို့ပါပဲ။
  • အထူးအစီအစဉ်တစ်ခုချင်းစီသည် သုံးစွဲသူတစ်ဦးချင်းအတွက် တစ်နေ့ချင်းအလိုက် စီစဉ်ပေးထားခြင်းဖြစ်ပါသည်။တစ်နေ့နဲ့တစ်နေ့ ရရှိမယ့် အထူးအစီအစဉ် SMS တွေကလည်း တူမှာမဟုတ်တာကြောင့် သုံးစွဲသူဟာ SMS ရချိန်မှာ အစီအစဉ်ကို အမြန်ဆုံးရယူသင့်ပါတယ်။
  • အစီအစဉ်ကို အမြဲ အခမဲ့ရယူနိုင်ပါသည်။

TOYOTA Vios ကားသစ်များ၊ ရွှေပြားဆုများနှင့် အခြားအံ့အားသင့်ဖွယ် တယ်လီကွန်းဆုများ ကံထူးနိုင်စေမည့် “ပေါက် ပေါက် ပေါက်” ကံစမ်းမဲအစီအစဉ်သစ်ကို MPT က မိတ်ဆက်

(ရန်ကုန်၊ ၂၀၁၉ ခုနှစ် မေလ ၂၄ ရက်)- MPT သည် နိုင်ငံအတွင်းတွင် အမြန်ဆုံးသော 4G ကွန်ရက်၊ အကျယ်ပြန့်ဆုံးသော ကွန်ရက်ဖြန့်ကျက်နိုင်မှု၊ အကောင်းဆုံးသော ထုတ်ကုန်များနှင့် တန်ဖိုးထပ်ဆောင်း ဝန်ဆောင်မှုများကို အလွန်သင့်တင့်သော ဈေးနှုန်းများနှင့်ပေးအပ်ခြင်းတို့ကို အစဉ်တစိုက် ဆောင်ရွက် လျက်ရှိရာ ယခုလည်း MPT အသုံးပြုသူများအနေဖြင့် ဖုန်းဘေလ် ဖြည့်သွင်း လိုက်ရုံဖြင့် TOYOTA Vios ကားသစ် ၂ စီး၊ ၅ ကျပ်သားရွှေပြားဆု ၁၄ ခု၊ ကျပ်သိန်းပေါင်း ၄၀,၀၀၀ တန်ဖိုးရှိ တယ်လီကွန်းဆုများကို ကံထူးနိုင်မည့် ကံစမ်းမဲအစီအစဉ်အသစ်ဖြစ်သည့် “ပေါက် ပေါက် ပေါက်” အစီအစဉ်အား စတင်လိုက်ပြီ ဖြစ်သည်။

၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့အထိ MPT ၏ ကြိုတင်ငွေဖြည့်စနစ်သုံး GSM/WCDMA သုံးစွဲသူများအနေဖြင့် ကျပ် ၁,၀၀၀ နှင့်အထက် ဖုန်းဘေလ်ဖြည့်သွင်းတိုင်း အဆိုပါ “ပေါက် ပေါက် ပေါက်” ကံစမ်းမဲအစီအစဉ်သစ်တွင် ပါဝင်ခွင့်ရနိုင်မည်ဖြစ်ပြီး နေ့စဉ်ဆုများ အဖြစ် ဖုန်းဘေလ်များ၊ MPT အချင်းချင်း ဖုန်းခေါ်ဆိုမှု မိနစ်များ၊ MPT အချင်းချင်းပေးပို့နိုင်သည့် SMS များ၊ Data များနှင့် ထောဘီဖုန်းဘေလ်များကို ချက်ချင်းကံထူးခွင့်ရရှိနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ဖုန်းဘေလ်ဖြည့်သွင်းမှုပမာဏအလိုက် အပတ်စဉ် ၅ ကျပ်သား ရွှေပြားဆုကံစမ်းခွင့်များ၊ အထူးဆု TOYOTA Vios ကားသစ်ကြီး ကံစမ်းခွင့်များ ရရှိသွားမည် ဖြစ်ပါသည်။
MPT အသုံးပြုသူများအနေဖြင့် ဖြည့်သွင်းသည့် ဖုန်းဘေလ်ပမာဏအလိုက် ရရှိလာမည့် ကံစမ်းခွင့် အခွင့်အရေးများ(Chance)မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

အသုံးပြုသူများအနေဖြင့် ဖုန်းဘေလ် ပိုမိုဖြည့်သွင်းခြင်းဖြင့် ကံစမ်းခွင့်(Chance)များ ပိုမိုရရှိမည် ဖြစ်ပါသည်။

MPT အနေဖြင့် အပတ်စဉ်တိုင်း ၅ ကျပ်သားစီရှိသည့် ရွှေဆုမဲ(၂) ခုအတွက် ကံထူးသူ ၂ ဦးကို ရွေးချယ် ပေးအပ်သွားမည်ဖြစ်ပြီး အဆိုပါရွှေဆုများအပြင် အထူးဆုကြီး ဖြစ်သည့် TOYOTA Vios ကားသစ်ကြီး(၂)စီး၏ ကံထူးရှင်များကိုလည်း ဇွန်လ ၁၄ ရက်နှင့် ဇူလိုင်လ ၁၅ ရက်တို့တွင် အသီးသီးရွေးချယ်ပေးသွားမည် ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှလည်း “ကျွန်တော်တို့အနေနဲ့ MPT ကို အစဉ်တစိုက် အသုံးပြုတဲ့သုံးစွဲသူတွေအပေါ် ဆုတွေ ပြန်လည် ပေးအပ် နိုင်ဖို့ ဆောင်ရွက်လိုတာကြောင့် ပျော်ရွှင်စရာကောင်းတဲ့ အစီအစဉ်အဖြစ် “ပေါက် ပေါက် ပေါက်” ကံစမ်းမဲ အစီအစဉ်ကို စတင်ပြီး ဆုလက်ဆောင်တွေ အများကြီးပေးအပ်ရင် ကောင်းမယ်လို့ စဉ်းစားမိခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က ကံစမ်းမဲအစီအစဉ်ကို အရိုးရှင်းဆုံးဖြစ်အောင် ပြင်ဆင်ထားပြီး လူတိုင်းပါဝင်နိုင်တဲ့ အစီအစဉ်ဖြစ်အောင် ဆောင်ရွက်လိုက်တာဖြစ်ပါတယ်။ MPT ကို အသုံးပြုသူတိုင်း ဒီပရိုမိုးရှင်း အစီအစဉ်မှာပါဝင်ပြီး MPT သုံးစွဲသူများကို ပြန်လည်ကျေးဇူးတုံ့ပြန်တဲ့ ဒီအခွင့်အရေးကို အပြည့်အဝ အသုံးချလိမ့်မယ်လို့ မျှော်လင့်ထားပါတယ် ” ဟု ပြောကြားခဲ့ပါသည်။

MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ခေါ်ဆို၍ဖြစ်စေ၊ MPT ၏ တရားဝင် Facebook စာမျက်နှာ https://www.facebook.com/mptofficialpage/ သို့မဟုတ် MPT ၏ တရားဝင် website ဖြစ်သည့် www.mpt.com.mm ဝင်ရောက်၍ဖြစ်စေ လေ့လာနိုင်မည် ဖြစ်ပါသည်။

 

MPT က ၂၀၁၉ ခုနှစ် နိုင်ငံတစ်ဝှမ်း လုပ်ငန်းခွင် လေ့လာရေးနှင့် သင်ကြားရေး အစီအစဉ်တွင် တက္ကသိုလ်၂၉ ကျောင်းမှ ကျောင်းသားကျောင်းသူ ၄၀၀ နီးပါးကို အလုပ်သင် သင်တန်းသားအဖြစ်လက်ခံဆောင်ရွက်သွားမည်

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ မေလ ၁၇ ရက်)- သုံးစွဲသူ ၂၃ သန်းကျော်ကို ဝန်ဆောင်မှုပေးနေသော မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT သည် နည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ် ကျောင်းပေါင်း ၂၉ ကျောင်း မှ နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူ ၃၉၆ ဦးကို အလုပ်သင် သင်တန်းသားအဖြစ် သက်ဆိုင်ရာ လုပ်ငန်းခွင်အတွေ့အကြုံများရရှိနိုင်ရန် လက်ခံလိုက်ပြီ ဖြစ်သည်။ MPT ၏ ၂၀၁၉ ခုနှစ် နိုင်ငံတစ်ဝှမ်း လုပ်ငန်းခွင် လေ့လာရေးနှင့် သင်ကြားရေးအစီအစဉ်သည် မေလ ၆ ရက်မှ ဇွန်လ ၂၈ ရက်အထိ သင်ကြားပေးမည်ဖြစ်ပြီး MPT ရုံးချုပ် အပါအဝင် မြန်မာ့ဆက်သွယ်ရေးသင်တန်းကျောင်း နှင့် တိုင်းနှင့် ပြည်နယ် အသီးသီးရှိ MPT ရုံးခွဲများမှ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ က ကျောင်းသားကျောင်းသူများကို ရှင်းလင်းသင်ကြားပြသပေးသွားမည်ဖြစ်သည်။ အဆိုပါအစီအစဉ်ကို ပညာရေးဝန်ကြီးဌာန ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့၏ ပူးပေါင်း ကူညီထောက်ပံ့မှုဖြင့် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းအစီအစဉ်မှတစ်ဆင့် ကျောင်းသားကျောင်းသူများသည် တိုင်းပြည်၏ အနာဂတ် ဆက်သွယ်ရေးကဏ္ဍအတွက် ထူးချွန်သည့် ခေါင်းဆောင်ကောင်းများအဖြစ် ဖြစ်ထွန်းလာမည့် အကျိုးရလဒ်ကောင်းများစွာ ရရှိစေမည် ဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝှမ်းရှိ MPT ၏ ရုံးခွဲ ၁၇ နေရာတွင် ကျောင်းသားကျောင်းသူ (၂၅၃) ဦးနှင့် ရန်ကုန်တွင် ကျောင်းသားကျောင်းသူ (၁၄၃) ဦးတို့သည် ဆက်သွယ်ရေး လုပ်ငန်းခွင်အတွင်း မည်ကဲ့သို့ လုပ်ကိုင်ဆောင်ရွက်နေကြသည်ကို လက်တွေ့လေ့လာ သင်ယူခွင့်ရရှိမည်ဖြစ်ပြီး စီမံခန့်ခွဲခြင်းပညာ နှင့် နောက်ဆုံးပေါ်ကွန်ရက်နည်းပညာစနစ်များ ထိန်းသိမ်းဆောင်ရွက်နေပုံများ နှင့် စပ်လျဉ်းသော လုပ်ငန်းခွင် ဆက်စပ်ပညာရပ်များစွာကို လက်တွေ့လေ့ကျင့်ခန်းများနှင့် လေ့လာသင်ယူနိုင်ကြမည် ဖြစ်သည်။

ယခုနှစ်တွင် MPT သည် ရန်ကုန်ရှိ အလုပ်သင် သင်တန်းသား ၁၄၃ ဦးထဲမှ ထူးချွန်ကျောင်းသား ၁၅ ဦးအား ထပ်မံရွေးချယ်ကာ အလုံမြို့နယ်ရှိ MPT ၏ Network ကြီးကြပ်ထိန်းသိမ်းရေးဌာန (NOC) တွင် အလုပ်သင်အစီအစဉ် အတွက် ပိုမိုထိရောက်စွာ ဆက်လက်လေ့လာစေရန် ရွေးချယ်သွားမည် ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ ဦးမြင့်သိန်းထွန်းမှ “ ကျွန်တော်တို့ MPT အနေနဲ့ နိုင်ငံတစ်ဝှမ်း လုပ်ငန်းခွင် လေ့လာရေးနှင့် သင်ကြားရေးအစီအစဉ်ကို ၂၀၁၈ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ပြီး ယခုနှစ် အပါအဝင် နိုင်ငံတစ်ဝှမ်းရှိ နည်းပညာနဲ့ကွန်ပျူတာတက္ကသိုလ်ကျောင်းများမှ ကျောင်းသားကျောင်းသူပေါင်း ၁, ၃၀၀ ကို လုပ်ငန်းခွင်အရည်အသွေးနဲ့ ဆက်သွယ်ရေးဆိုင်ရာ အသိပညာတွေကို မျှဝေတိုးတက်စေခဲ့ပါတယ်။ ယခုနှစ်မှာလည်း လုပ်ငန်းခွင် အစီအစဉ်ကနေတစ်ဆင့် တက္ကသိုလ်အဆင့်ကျောင်းသားတွေကို လက်တွေ့ ကျွမ်းကျင်မှုတွေ ၊ အသိပညာတွေကို စာသင်ခန်းတွေထဲမှာ သူတို့တတ်ကျွမ်းလေ့လာထားတဲ့ အရာတွေနဲ့ ပေါင်းစပ်ပြီး ပိုမိုကျယ်ပြန့် စွာလေ့လာဖို့ အကူအညီပေးနိုင်တဲ့အတွက် ဝမ်းမြောက်မိပါတယ်။ အခုအစီအစဉ်ထဲကနေပြီးတော့ ရန်ကုန်ကထူးချွန်တဲ့ ကျောင်းသား ၁၅ ယောက်ကိုလည်း MPT ရဲ့ Network ကြီးကြပ်ထိန်းသိမ်းရေးဌာန (NOC) မှာ လက်တွေ့လုပ်ငန်းခွင်ဝင်ပြီး MPT ရဲ့ ပြည်တွင်း ပြည်ပ ကျွမ်းကျင်ပညာရှင်တွေနဲ့အတူ လုပ်ငန်းဆောင်ရွက်မှုတွေမှာ အတူူတူပါဝင်လုပ်ကိုင်ခွင့်ရဦးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ MPT အနေနဲ့လည်း ယခုလိုအစီအစဉ်မှာ ပါဝင်လာကြတဲ့ ကျောင်းသားကျောင်းသူအားလုံးကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပြီး ပညာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆက်သွယ်ရေး နည်းပညာနယ်ပယ်ကတစ်ဆင့် ဆောင်ရွက်ပေးနိုင်တဲ့အတွက် အထူးပဲ ဝမ်းသာပီတိ ဖြစ်ရပါတယ်” ဟုပြောကြားခဲ့ပါသည်။

ယခုနှစ် လုပ်ငန်းခွင်လေ့လာရေး နှင့် သင်ကြားရေးကာလအစီအစဉ်အတွင်း ကျောင်းသားကျောင်းသူများက လူမှုဆက်ဆံရေး၊ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး (HSE) ၊ သတင်းအချက်အလက်လုံခြုံရေး သင်တန်းများအကြောင်း ပို့ချခြင်းကို အကြီးတန်းစီမံခန့်ခွဲမှု အဖွဲ့ဝင်အသီးသီးမှ ရှင်းလင်းပြောကြားပေးသွားမည်ဖြစ်ပြီး အခြေခံစီးပွားရေးသင်တန်း နှင့် နည်းပညာ သင်တန်းများကို အဖွဲ့လိုက် သက်ဆိုင်ရာ အခန်းကဏ္ဍအသီးသီးတွင် လက်တွေ့လုပ်ဆောင်ကြရမည်ဖြစ်ကာ သင်တန်းပြီးဆုံးချိန်၌ MPT တွင် သင်ယူခဲ့ရသည့် အတွေ့အကြုံများကို သက်ဆိုင်ရာအဖွဲ့များက အဖွဲ့လိုက် ရှင်းလင်း တင်ပြကြရမည်ဖြစ်သည်။

“စာသင်ခန်းထဲမှာသင်ကြားရတာတွေရယ် လက်တွေ့လုပ်ငန်းခွင်ရယ်မှာ မတူညီတာတွေရှိတာကို ကျွန်တော်တို့ကောင်းကောင်းနားလည် သဘောပေါက်ပါတယ်။ MPT မှာ အလုပ်သင် သင်တန်းသား အဖြစ်လေ့လာခွင့်ရရှိစေခဲ့တဲ့အတွက် ဒီအစီအစဉ်ကနေတစ်ဆင့် ကျွန်တော်တို့တွေ ကျောင်းမှာ သင်ကြားခဲ့ ရတဲ့ ကွန်ရက်ချိတ်ဆက်တာတွေ ၊ fixed line နဲ့ မိုဘိုင်းလ်ကွန်ရက်လုပ်ဆောင်မှုအပိုင်းတွေကို လက်တွေ့ ပိုမိုသိမြင်လာအောင် အထောက်အကူူ ပေးပါတယ်။ နည်းပညာတက္ကသိုလ် ကျောင်းသား တစ်ယောက်အနေ နဲ့ရော အားလုံးကိုယ်စား MPT ကို အထူးပဲ ကျေးဇူးတင်ပါတယ်။ လာမယ့် ပညာသင်နှစ်တွေမှာလည်း ဒီအစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်စေချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဦးဆောင် ဆက်သွယ်ရေးအော်ပရေတာဖြစ်တဲ့ MPT ရဲ့ အလုပ်သင်အစီအစဉ်ကြောင့် ဒီပညာရပ်တွေကို ရွေးချယ်လေ့လာခဲ့ရတာဟာ မှန်ကန်တယ်လို့ ပိုမိုယုံကြည်လာပါတယ်” ဟု မန္တလေးနည်းပညာ တက္ကသိုလ်မှ နောက်ဆုံးနှစ်ကျောင်းသား မောင်ပြည့်စုံဇော်က MPT ၏ အလုပ်သင်အစီအစဉ်နှင့် စပ်လျဉ်း၍ ပြောကြားခဲ့ပါသည်။

MPT သည် တာဝန်သိ လှုမှုအကျိုုးပြု လုပ်ငန်းများကို ဆောင်ရွက်နေသည်နှင့် အညီ ကဏ္ဍစုံ နယ်ပယ်စုံမှ အရည်အချင်းရှိသော မျိုးဆက်သစ်လူငယ်များကို ပိုမိုတိုးတက်လာစေရန် ရည်မှန်းချက်ထားရှိကာ အထူး အာရုံစိုက်လုပ်ဆောင်လျက်ရှိပြီး ပညာရေးဝန်ကြီးဌာန နှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန တို့နှင့် အတူတကွပူးပေါင်းကာ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်လုပ်ဆောင်သွားရန် အစီအစဉ်များလည်း ရှိပါသည်။

အထက်ပါအစီအစဉ်နှင့်ပတ်သတ်၍ သော်လည်းကောင်း MPT ၏ လှုမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်၍ သော်လည်းကောင်း အသေးစိတ်သိရှိလိုပါက MPT ဝက်ဘ်ဆိုက် https://www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး Hot Line ဖုန်းနံပါတ် ၁၀၆ နှင့် MPT ၏ တရားဝင် Facebook စာမျက်နှာ facebook.com/mptofficialpage တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

                  

 

               

MPT က ပုတက်ကာတွန်း နှင့် ပူးပေါင်း၍ “MPT Books” တွင် နာမည်ကျော် ကာတွန်းစာအုပ်ပေါင်း ၁,၀၀၀ ကျော် ဖတ်ရှုနိုင်ရန် ဆောင်ရွက်

(ရန်ကုန် ၊ ၂၀၁၉ ခုနှစ်၊ မေလ ၁၅ ရက် ) MPT က ၎င်း၏ ebook ဝန်ဆောင်မှုဖြစ်သော MTP Books အစီအစဉ်တွင် နာမည်ကျော် ကာတွန်းစာအုပ်ပေါင်း ၁,၀၀၀ ကို မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကျယ်ပြန့်ဆုံးကွန်ရက်ပေါ်မှ ဖတ်ရှုနိုင်ရန်အတွက် ကာတွန်းလောကတွင် လူကြိုက်များသော မြန်မာ့ နံပါတ် ၁ ကာတွန်းစာအုပ်ဖြစ်သည့် ပုတက်ကာတွန်း နှင့် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန် ကြေညာသည်။ ပုတက်ကာတွန်းစာစောင်ကို MPT Books တွင် မေလ ၁၅ ရက်မှ စတင်၍ ဈေးနှုန်းသက်သာစွာဖြင့် ရရှိနိုင်မည် ဖြစ်သည်။ စာဖတ်ဝါသနာအိုးများအနေဖြင့် MPT Books ဝန်ဆောင်မှုကို ၎င်းတို့၏ ဖုန်းများ၊ တက်ဘလက်များ နှင့် ကွန်ပျူတာရှိ web browser များမှတစ်ဆင့် ဝန်ဆောင်မှု အက်ပလီကေးရှင်းကို ဒေါင်းလုတ်ရယူပြီး ငှားရမ်း၍ ဖြစ်စေ ဝယ်ယူ၍ ဖြစ်စေ ရယူနိုင်မည် ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် MPT Books တွင် စာစောင်များကို ငှားရမ်းဖတ်ရှုရန်အတွက် ငှားရမ်းခ ၁၀၀ ကျပ်မှ စတင်၍ ငှားရမ်းနိုင်ပြီး ၊ ဝယ်ယူဖတ်ရှုရန်အတွက် တစ်အုပ်ချင်းကို ၃၀၀ ကျပ်မှ စတင်၍ အသက်သာဆုံး နှုန်းထားများဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။

လတ်တလောအနေဖြင့် MPT Books တွင် စီးပွားရေး ၊ နည်းပညာ ၊ ဈေးကွက် ၊ အိမ်ခြံမြေ ၊ ကျန်းမာရေး နှင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အကြောင်းအရာများ ပါဝင်သည့့် ဂျာနယ်ပေါင်း ၂၅ စောင်နှင့် မဂ္ဂဇင်း ၂၇ အုပ် ကို ရယူဖတ်ရှုနိုင်မည် ဖြစ်သည်။ စာရင်းသွင်း ဖတ်ရှုလိုသည့် စာဖတ်ဝါသနာအိုးများအနေဖြင့် အဆိုပါ ဂျာနယ်နှင့် မဂ္ဂဇင်းများကိုနေ့စဉ်ဝန်ဆောင်မှု နှုန်းထား ဖြစ်သည့် တစ်ရက်လျှင် ၉၉ ကျပ်ဖြင့် ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းများမှ တစ်ဆင့် စာရင်းသွင်းဖတ်ရှုနိုင်ပြီး ယခင်ထွက်ရှိထားသော ဂျာနယ်/မဂ္ဂဇင်း အစောင်(၁၀၀) ကျော်ကိုလည်း ပြန်လည် ဖတ်ရှုနိုင်မည် ဖြစ်သည်။

ပုတက်ကာတွန်းစာအုပ်နှင့် ပူးပေါင်းထားသော ယခုအစီအစဉ်တွင် စာဖတ်ဝါသနာအိုးများသည် နိုင်ငံတွင်းကျော်ကြားသော ကာတွန်းများကို MPT Books တွင် ရယူနိုင်ပြီး နာမည်ကျော် ကာတွန်းဆရာများရေးဆွဲထားသော ပုတက်စာစောင်များတွင် ကလေးဘဝက ကာတွန်းရုပ်ပြ သူရဲကောင်းများဖြစ်ကြသော တွတ်ပီ ၊ မောင်မောင်ဇာ ၊ သမိန်ပေါသွပ် ၊ ရွှေအိ နှင့် ရွှေဘုတ် ၊ ကိုတင့် နှင့် ဂျောက်ဂျက် အစရှိသော ကာတွန်းရုပ်ပြများကို MPT ၏ အကျယ်ပြန့်ဆုံး ကွန်ရက်မှ တစ်ဆင့် ဖတ်ရှုနိုင်မည် ဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ ကျွန်တော်တို့ရဲ့ MPT Books အစီအစဉ်ကို စတင်ခဲ့တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ကတည်းက စာဖတ်သူတွေရဲ့ အားပေးမှုဟာ အလွန်ပဲအားရစရာကောင်းခဲ့တာကြောင့် MPT အနေနဲ့လည်း မြန်မာနိုင်ငံတွင်းက နာမည်ကြီးတဲ့ စာရေးဆရာတွေ၊ ကာတွန်းတွေ၊ မဂ္ဂဇင်းတွေနဲ့ ဂျာနယ်တွေပါဝင်တဲ့ နိုင်ငံရဲ့ အကြီးဆုံး ဒီဂျစ်တယ် စာကြည့်တိုက် တစ်ခုသဖွယ် ဖြစ်လာဖို့ ရည်မှန်းချက်ထားကာလုပ်ဆောင်ခဲ့ပါတယ်။ အခု MPT နဲ့ ပုတက်ရဲ့ ပူးပေါင်းတင်ဆက်မှုတွေဟာ စာဖတ်ဝါသနာအိုးတွေအတွက် လိုအပ်ချက်တွေကို ထူးထူးခြားခြားဖြည့် စွမ်းပေးနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပြီး မြန်မာ့ဟန်ပန်ကိုယ်ပိုင်ယဉ်ကျေးမှုတွေကို နှစ်သက်တဲ့ လူငယ်စာဖတ်သူတွေများစွာ အကြိုက်တွေ့မယ်လို့ မျှော်လင့်ထားပါတယ်။” ဟုပြောကြားခဲ့သည်။

“အခုလို ကာတွန်းဖတ်နှုန်းကျ နေတဲ့အချိန်မှာ MPT Books မှာပါ ဖတ်ရှုနိုင်အောင် ပူးပေါင်းစီစဉ်လိုက်တဲ့အတွက် စာဖတ်သူတွေအနေနဲ့ ကိုယ်ကြိုက်တဲ့ပုံစံနဲ့လွယ်လွယ်ကူကူ ဖတ်ရှုနိုင်ပြီး မြန်မာကာတွန်းတွေ ရေရှည်တည်တံ့နိုင်ဖို့အတွက် MPT Books APP က တစ်ထောင့် တစ်နေရာကနေ အထောက်အပံ့ကောင်းတစ်ခု ဖြစ်မယ်လို့လည်း ထင်ပါတယ်“ ဟု ပုတက်ကာတွန်း ၏ အယ်ဒီတာချုပ် ဦးအောင်ချစ်ခင်မှ လည်း ပြောကြားခဲ့ပါသည်။

MPT Books ကို https://books.mpt.com.mm/ လင့်ခ်တွင် ဝင်ရောက်ဖတ်ရှုအသုံးပြုနိုင်မည်ဖြစ်သည်။ အကောင့်တစ်ခုဖြင့် စာရင်းပေးသွင်းရယူထားသူများအနေနှင့် ဝန်ဆောင်မှုကို မတူညီသည့် device ၅မျိုး (မိုဘိုင်းလ် ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ အစရှိသည်တို့) ပေါ်မှ တစ်ပြိုင်နက်တည်း ဝင်ရောက်ဖတ်ရှုအသုံးပြုနိုင်ပြီး iOS များ နှင့် အန်းဒရွိုက်ဖုန်းများမှ လည်း ဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်သည်။ စာအုပ်မျာကို ငှားရမ်းဖတ်ရှုလိုသူများ သို့မဟုတ် ဝယ်ယူလိုသူများ အနေဖြင့် ဝက်ဘ်ဆိုက် ( https://books.mpt.com.mm/ ) မှတစ်ဆင့် ဝင်ရောက်နိုင်သလို *7272# ကို ဖုန်းခေါ်ဆိုခြင်းဖြင့် SMS (စာတို) မှတစ်ဆင့် ဒေါင်းလုတ်လင့်ခ် ရယူနိုင်ပါသည်။

MPT Books ဝန်ဆောင်မှု (သို့မဟုတ်) အခြားသောဝန်ဆောင်မှုများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက သုံးစွဲသူ ဝန်ဆောင်မှုစင်တာ 106 သို့ ခေါ်ဆိုခြင်း (သို့) www.mpt.com.mm ဝက်ဘ်ဆိုက်နှင့် MPT ၏ တရားဝင်ဖေ့စ်ဘွတ်ပေ့ချ် https://www.facebook.com/mptofficialpage. နှင့် MPT Books ၏ တရားဝင်ဖေ့စ်ဘွတ်ပေ့ချ် MPT Books Facebook Page https://www.facebook.com/MTPBooks/ တို့တွင်လည်း ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

ပုတက်ကာတွန်းအကြောင်း
ပုတက်ကာတွန်းကို ၂၀၀၆ ခုနှစ် စက်တင်ဘာလ(၇)ရက်တွင် စတင်တည်ထောင်ခဲ့ပြီး အပတ်စဉ်ထုတ် ရောင်စုံ ကာတွန်းဂျာနယ် နှင့် မြန်မာကာတွန်းများကို ဆေးရောင်စုံဖြင့်စီစဉ် စုစည်းထားသော လစဉ်ထုတ် စာအုပ်များကို ထုတ်လုပ်ဖြန့်ချိခဲ့ပါသည်။
၂၀၁၂ ခုနှစ်တွင် www.putet.com.mm အမည်ဖြင့် အခပေး Website ကိုတည်ထောင်ခဲ့ကာ member card များ ရောင်းချ၍ website တွင် ကာတွန်းများ ဖတ်ရှုနိုင်ရန် Digital version များကိုလုပ်ဆောင်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်အောက်တိုဘာလ (၇) တွင် Putet Mobile Application ကို ထုတ်လုပ်ဖြန်ဝေခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် Vietnam နိုင်ငံရှိ Silicon Straits Saigon မှ ရေးဆွဲပေးခဲ့ပြီး Revo Tech မှ ပြန်လည်ပြင်ဆင်ရေးဆွဲပေးထားသော Putet World အမည်ဖြင့် Version အသစ်ကိုထုတ်ဝေဖြန့်ချိခဲ့ကာ ပိုမိုကောင်းမွန်သော comics application တစ်ခုဖြစ်စေရန် ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် Putet Application ကို MPT, Telenor, Ooredoo, MEC operator များဖြင့်ချိတ်ဆက်ကာ လစဉ် အခပေး စနစ်ဖြင့် ဖတ်နိုင်အောင်ပြုလုပ်ခဲ့ပါသည်။ ထိပ်တန်းကာတွန်းဆရာကြီးများ၏ ဆေးရောင်စုံ ကာတွန်းအပုဒ်ပေါင်း (၁၀၀၀) ကျော်ဖြင့် အစပြုထားခြင်းဖြစ်ပါသည်။ ယခုအခါ ကာတွန်းအပုဒ်ပေါင်း (၃၀၀၀) ကျော်နှင့် ကိုယ်ပိုင်ဖန်တီးတင်ဆက်ထားသော ဗုဒ္ဓဇာတ်တော်များနှင့်ကလေးလူကြီးများအတွက် သိမှတ်ဖွယ်ရာ အသိပညာပေးဇာတ်လမ်းများ၊ ပုံပြင် ၊ ဟာသ နဲ့ audio အသံဖိုင်များကို Putet App ထဲတွင် တင်ဆက်ပေးလျက်ရှိပါသည်။ ၂၀၁၉ ခုနှစ် ဧပြီလကုန်မှ စတင်ကာ Putet App ကို Operators တွေနဲ့ လစဉ်အခပေး Member စနစ်ကို ပယ်ဖျက်လိုက်ပြီး စက္ကန့်ပိုင်းကြော်ငြာများကြည့်ကာ ကာတွန်း၊ ရုပ်ပြများအားလုံးကို လစဉ်ကြေးပေးစရာမလိုဘဲ လုံးဝ(အခမဲ့) စနစ်သို့ပြောင်းလဲလိုက်ပါသည်။
Putet Comics App ကို Google Play Store , www.putet.com.mm website တွင်လည်းရယူနိုင်မည်ဖြစ်ပါသည်။

MPT က သောက်သုံးရေအခက်အခဲ ဖြစ်နေသည့် ရွာပုလဲကျေးရွာမှ လူဦးရေတစ်ထောင်ကျော်အတွက် မရှိမဖြစ်လိုအပ်သော ရေအရင်းအမြစ်ဖြစ်သည့် စက်ရေတွင်းကို လွှဲပြောင်း လှူဒါန်းခဲ့

(ရန်ကုန်၊ ၂၀၁၉ခုနှစ် မေလ ၁၃ ရက်) မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သည့် MPT မှ “နှလုံးသားထဲကမြန်မာ” အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် စက်ရေတွင်း လွှဲပြောင်းလှူဒါန်းပွဲ ကို လွန်ခဲ့သည့် မေလ ၈ ရက်နေ့က မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၊ ငါ့သရောက်မြိုနယ်ခွဲရှိ ရွာပုလဲကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ MPT က “သန့်ရှင်းပြည့်ဖြိုး ရေအကျိုးအစီအစဉ်” ဖြင့် ရေရရှိရန်ခက်ခဲကြုံနေရသည့် နိုင်ငံအဝှမ်းမှ ဒေသခံ လူမှုအဖွဲ့အစည်းသို့ စက်ရေတွင်းများတူးဖော်ခြင်းနှင့် ရေလှောင်ကန်များ တည်ဆောက်ပေးခြင်းဖြင့် သန့်ရှင်းသည့် သောက်သုံးရေ အရင်းအမြစ်များကို ထောက်ပံ့ ပေးလျက်ရှိပါသည်။

ယခုစက်ရေတွင်း လှူဒါန်းမှုသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံ (၁,၀၀၀) ကျော် နေထိုင်လျက်ရှိသော ရွာပုလဲကျေးရွာမှ ဒေသခံများအတွက် တူးဖော် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး၊ ရွာသူရွာသားများအတွက် နေ့စဉ်ဘဝတွင် ပိုမိုအဆင်ပြေလွယ်ကူစေရန် ထောက်ပံ့ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါသည်။ ယခင်က သောက်သုံးရေရရှိရန် ဝေးကွာသည့် နေရာများမှ ရယူခဲ့ရကာ သန့်ရှင်းမှုလည်း အားနည်းခဲ့သော်လည်း ယခုအခါ သန့်ရှင်းသည့် သောက်သုံးရေအရင်းအမြစ်ကို ရရှိလာပြီ ဖြစ်သည့်အတွက် အများပြည်သူတို့၏ ကျန်းမာရေးအဆင့်အတန်းလည်း ပိုမိုအဆင့်မြင့်မားလာတော့မည် ဖြစ်ပါသည်။ ယခုလို လူမှုဘဝတိုးတက်မှုနှင့် အများပြည်သူ၏ ကျန်းမာရေးအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး ဆောင်ရွက်ချက်များမှာ MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများထဲမှ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါသည်။

ယခုလို ရွာပုလဲကျေးရွာတွင် စက်ရေတွင်းတူးဖော်လှူဒါန်းမှုမှာ ယခု ၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များ၏ အစိတ်အပိုင်းလည်းဖြစ်ကာ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်တွဲဖော် NGO အဖွဲ့အစည်းများ၊ ဒေသခံလူမှုအဖွဲ့အစည်းတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သန့်ရှင်းသည့် သောက်သုံးရေ အရင်းအမြစ်များကို အများပြည်သူသို့အထောက်အပံ့ပြုနေခြင်းပင်ဖြစ်ပါသည်။

“ဘယ်လိုလုပ်ငန်းကိုမဆို တစ်ဦးတစ်ယောက်တည်း ပြီးစီးအောင်ဆောင်ရွက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီနေ့လှူဒါန်းမှုအတွက် ကျွန်တော်တို့ရဲ့ မိတ်ဖက် အဖွဲ့အစည်းတွေ၊ ဒေသခံလူမှုအသိုက်အဝန်းနဲ့ NGO အဖွဲ့အစည်းတွေကို သူတို့ရဲ့ပူးပေါင်းပါဝင်မှုတွက် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ရွာပုလဲကျေးရွာက ဒေသခံတွေအတွက် အခုလို သန့်ရှင်းပြည့်ဖြိုး ရေအကျိုး အစီအစဉ်ကတစ်ဆင့် စက်ရေတွင်းကို ပြီးစီးအောင် ဆောင်ရွက်နိုင်ဖို့ တန်ဖိုးမဖြတ်နိုင်တဲ့ အကူအညီတွေပေးခဲပြီး အတူတကွ လုပ်ဆောင်ခဲ့ကြ သူတွေကို ကျေးဇူးတင်ရပါတယ်။ ရေအခက်အခဲရှိတဲ့ ဒေသတွေအတွက် သန့်ရှင်းပြီး စိတ်ချရတဲ့ ရေအရင်းအမြစ်ရရှိရေးဟာ နေ့စဉ်ရင်ဆိုင်ရတဲ့ အခက်အခဲပါ။ MPT အနေနဲ့ မြန်မာနိုင်ငံသားတွေနဲ့ တစ်သားတည်း ရှိနေပြီး၊ ကျွန်တော်တို့ပြည်သူတွေအတွက် ကောင်းမွန်တဲ့ဘဝတွေကို ဖန်တီးပေးနိုင်ဖို့ကို MPT က အစဉ်တစိုက် ဂရုထားပြီး ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် ဒီစက်ရေတွင်းကို ကိုယ်တိုင် ထိန်းသိမ်း သွားကြဖို့အတွက် ဆောင်ရွက်သွားကြမယ့် ကျေးရွာလူဒေသခံတွေကိုလည်း ကျေးဇူးတင်ကြောင်း ထပ်မံပြောကြားလိုပါတယ်။” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး (Dy CEO, MPT-KSGM Joint Operations) ဖြစ်သူ ဦးခင်မောင်ထွန်းမှ ပြောကြားခဲ့ပါ သည်။

ရွာပုလဲကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကံချွန်ကလည်း “ ကျွန်တော်တို့ကျေးရွာမှာ စုစုပေါင်းလူဦးရေ ၁,၀၀၀ ကျော်နေထိုင်ကြပါတယ်။ ဒီရွာမှာနေထိုငင်ကြသူတွေကတော့ ထန်းတောင်သူတွေနဲ့ ယာလုပ်ငန်းကိုပဲ အဓိကထားလုပ်ကိုင်ကြတာပါ။ အရင်ကဆိုရင် ကျွန်တော်တို့အတွက် နေ့စဉ် ရေရရှိနိုင်ဖို့ဆိုတာဟာ တကယ့်ကိုခက်ခက်ခဲခဲ ဆောင်ရွက်ကြရပါတယ်။ အခုလို MPT နဲ့ တာဝန်ရှိသူဝန်ထမ်းတွေ၊ အစိုးရတာဝန်ရှိသူတွေအပြင် အခုအစီအစဉ်မှာ ပါဝင်တဲ့သူတွေရဲ့ စေတနာနဲ့ ထောက်ပံ့မှုတွေကြောင့်အခုလို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။ အခုလိုအခိုက်အတန့်ဟာကျွန်တော်တို့အတွက် တကယ့်ကိုတန်ဖိုးရှိလှပါတယ်။ ရေအတွက် အခက်အခဲတွေ ပြေလည်သွားပြီဖြစ်လို့ ကိုယ့်ရွာရဲ့တိုးတက်ရေးကို ပိုပြီးတော့ဆောင်ရွက်နိုင်ပြီဖြစ်ပြီး သန့်ရှင်းတဲ့ သောက်သုံးရေနဲ့အတူ ကျန်းမာတဲ့ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်တော့မှာဖြစ်လို့ အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်ရပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

MPT အနေဖြင့် သန့်ရှင်းပြည့်ဖြိုးရေအကျိုးအစီအစဉ် ဖြင့် လွန်ခဲ့သည့် ၂ နှစ်အတွင်း စက်ရေတွင်းများနှင့် ရေ ကန်ပေါင်း (၃၀) ကို မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်းအနောက်ပိုင်း၊ ဧရာဝတီ၊ ရန်ကုန်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ ရေရှားပါးသည့်ဒေသများတွင် လှူဒါန်းတည်ဆောက်ပေးခဲ့ပြီး၊ ဒေသခံပေါင်း ၄၇,၀၀၀ ကျော်အတွက် သန့်ရှင်းသော သောက်သုံးရေ ရေအရင်းအမြစ်များ ထောက်ပံ့ပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။

MPT အနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် စွန့်ဦးတီထွင်နှင့်စီးပွားရေးလုပ်ငန်းငယ် စသည့် ပင်မထောက်တိုင်သုံးခုအတွက် လူမှုအကျိုးပြုလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပြီး မျိုးဆက်သစ် လူငယ်များအတွက် ဦးတည်ကာ မြန်မာနိုင်ငံအား ရှေ့သို့တိုးတက်လာစေရန် ဆောင်ရွက်လျက် ရှိပါသည်။ မြန်မာနိုင်ငံ၏ အချို့သောဒေသများတွင်တွင် ရေအရင်းအမြစ် ရရှိမှုသည် ပြဿနာတစ်ရပ်အနေဖြင့် ဆက်လက်တည်ရှိနေပြီး၊ အထူးသဖြင့် ရာသီဥတု ပူပြင်း ခြောက်သွေ့ သည့်ကာလတွင် ရေရရှိနိုင်ရန် ခက်ခဲလျက်ရှိသည့် ဒေသများ အများအပြား ရှိနေသည်ကို MPT အနေဖြင့် သိရှိထားပါသည်။ ထို့အတွက် နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများနှင့် ပူးပေါင်းပြီး ယခုအစီအစဉ်ကို ဆောင်ရွက်ခြင်းဖြင့် ဒေသခံများအနေဖြင့် အကျိုးကျေးဇူးများ ရရှိရန် လုပ်ဆောင်နေခြင်းဖြစ်ပါသည်။

MPT ၏ CSR ဆောင်ရွက်ချက်များ၊ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက MPT ၏ တရားဝင် website ဖြစ်သည့် mpt.com.mm နှင့် တရားဝင် Facebook စာမျက်နှာ ဖြစ်သည့် www.facebook.com/mptofficialpage တို့တွင် ဝင်ရောက်လေ့လာနိုင်မည် ဖြစ်ပါသည်။

#

MPT သုံးစွဲသူများအတွက် Happy Friday+ အစီအစဉ်ဖြင့် အပိုဆောင်း ခံစားခွင့်များကို သောကြာနေ့တိုင်း ရရှိနိုင်မည်

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ မေလ ၁၀ ရက်)- မြန်မာ့ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ MPT က သုံးစွဲသူများအတွက် သောကြာနေ့တိုင်း နယူးထောဘီကို ဝယ်ယူခြင်းဖြင့် ဒေတာအသုံးပြုနိုင်သည့် အပိုဆောင်းဖုန်းဘေလ်များ ရရှိနိုင်မည့် အစီအစဉ်နှင့် သောကြာနေ့တိုင်း Data Carry Combo Pack ကို ဝယ်ယူခြင်းဖြင့် အပိုဆောင်းဒေတာ (MB) ရရှိမည့်အစီအစဉ်ဖြစ်သော “ံHappy Friday+” ပရိုမိုးရှင်း အစီအစဉ်ကို မေလ (၁၀) ရက်မှ စတင်ကာ မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာလိုက်သည်။

သောကြာနေ့တွင် နယူးထောဘီကို ဝယ်ယူသူများသည် အပိုဆောင်း နယူးထောဘီ ဖုန်းဘေလ် ၁,၀၀၀ ကျပ်မှ ၅, ၀၀၀ ကျပ်အထိ ရရှိမည် ဖြစ်ပြီး အဆိုပါ ဖုန်းဘေလ်ကို 1 MB လျှင် ၆.၁ ကျပ်နှုန်းဖြင့် အင်တာနက်အသုံးပြုနိုင်မည်ဖြစ်သည်။ Data Carry Combo pack ဝယ်ယူသူများအနေဖြင့်လည်း မိမိတို့ဝယ်ယူသည့် ပက်ကေ့ချ်ပေါ်မူတည်၍ 15MB မှ 1,500MB အထိ အပိုဆောင်းဒေတာများ ရရှိနိုင်မည် ဖြစ်သည်။ အပိုဆောင်းခံစားခွင့်များကို မိမိတို့ဝယ်ယူသည့် ပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင် ပါသည်။

အပိုဆောင်းခံစားခွင့်များ ရယူရန်အတွက် မည်သည့် နယူးထောဘီ နှင့် Data Carry Combo pack များကိုမဆို သောကြာနေ့များတွင် ဝယ်ယူလိုက်ရုံဖြင့် သက်ဆိုင်ရာ ဝန်ဆောင်မှု အလိုက် အပိုဆောင်း ဖုန်းဘေလ်နှင့် ဒေတာ များကို အလိုအလျောက် ရရှိနိုင်မည် ဖြစ်ပါသည်။

နယူးထောဘီဘေလ် ကို ဝယ်ယူရန်အတွက် *500# ကို ခေါ်ဆိုပြီ မိမိနှစ်သက်ရာ ပက်ကေ့ချ်ကို ဝယ်ယူခြင်းဖြင့် အပိုဆောင်းဖုန်းဘေလ်များကို ရယူနိုင်ပြီး သုံးစွဲနိုင်သည့် သက်တမ်းများကို အောက်ပါ ဇယားတွင် ဖော်ပြပေးထားပါသည်။

Data Carry Combo Pack ကို ဝယ်ယူရန်အတွက် *777# ကို ခေါ်ဆိုပြီး မိမိနှစ်သက်ရာ ပက်ကေ့ချ် ကို ဝယ်ယူခြင်းဖြင့် အပိုဆောင်း ဒေတာ များကို ရက်ပေါင်း ၃၀ အထိ သုံးစွဲနိုင်ပြီး အသုံးမပြုရသေးသည့် ဒေတာ များကိုလည်း သက်တမ်းကုန်ဆုံးပြီးနောက် (၇)ရက်အတွင်း နောက်ထပ်ပက်ကေ့ချ်တစ်ခု အသစ်ထပ်မံ ဝယ်ယူလိုက်ပါက အဆိုပါလက်ကျန်များကိုပက်ကေ့ချ်သက်တမ်းအတိုင်း ဆက်လက်သယ်ဆောင်အ သုံးပြုနိုင်မည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် MPT 4U app ကို အသုံးပြုပြီးလည်း အဆိုပါ ပက်ကေ့ချ် များကို ဝယ်ယူနိုင်မည် ဖြစ်ပါသည်။

ဈေးနှုန်း (ကုန်သွယ် ခွန်ပါဝင်ပြီး) ပုံမှန် ဒေတာ ပမာဏ သောကြာနေ့ အထူး အပိုဒေတာ (ဒေတာအားလုံး) Social ဒေတာ ပမာဏ
စုစုပေါင်း ပမာဏ သက်တမ်း ဝန်ဆောင်မှု ရယူရန်

 

*Social ဒေတာ များကို Facebook၊ Messenger၊ Instagram၊ Line နှင့် Viber Apps များတွင် အသုံးပြုနိုင်မည် ဖြစ်ပါသည်။

နယူးထောဘီ ပက်ကေ့ချ် (*500# ကို ဖုန်းခေါ်ဆိုခြင်း (သို့မဟုတ်) MPT 4U app တွင် ဝယ်ယူပါ)

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က ယခုလို မိတ်ဆက်လိုက်သည့် ပက်ကေ့ချ်နှင့်ပတ်သက်ပြီး “ ဒီ ‘Happy Friday+ အစီအစဉ်’ ဟာ အချင်းချင်း ပိုဆက်သွယ်မှုရှိပြီး၊ ပိုပြီးရင်းနှီးခင်မင်တတ်တဲ့ ဒီနေ့ခေတ်လူငယ်တွေရဲ့ နေထိုင်မှုပုံစံနဲ့ ကိုက်ညီမှုရှိအောင် ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နယူးထောဘီနဲ့အတူ ပိုများတဲ့ ဖုန်းဘေလ်တွေကို ပေးထားပြီး Data Carry Combo pack မှာတော့ အပိုဆောင်းဒေတာတွေကို ထပ်တိုးပြီး ပေးထားပါတယ်။ ဒါကြောင့် အင်တာနက်ကို အချိန်ပိုပြီး ကြာကြာ အသုံးပြုနိုင်မှာ ဖြစ်သလို ဒေတာတွေ ကုန်သွားမှာကို စိတ်ပူနေဖို့ မလိုတော့ပါဘူး။ ဒီ ပက်ကေ့ချ် အသစ်တွေကြောင့် သူတို့ရဲ့ သောကြာနေ့ နဲ့ စနေ၊ တနင်္ဂနွေနေ့ တွေမှာ မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကိုယ်ပိုင်အချိန်တွေကို ပိုပြီးရလာမှာ ဖြစ်ပြီး သူတို့ရဲ့ ပျော်ရွှင်စရာအတွေ့အကြုံတွေကို social မီဒီယာတွေ ပေါ်မှာဖြစ်စေ SMS တွေကတစ်ဆင့် ဒါမှမဟုတ် ဖုန်းခေါ်ဆိုပြီးတော့ ဖြစ်စေ ပိုပြီးတော့ မျှဝေနိုင်တော့မှာဖြစ်ပြီး အချိန်တိုင်း ချိတ်ဆက်နိုင်တော့မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယခု အပိုဆောင်းခံစားခွင့် များအပြင် အခြားသော အရောင်းမြှင့်တင်မှု အစီအစဉ်များအတွက် ပိုမို သိရှိ လိုပါက ဖုန်းနံပါတ် 106 သို့ခေါ်ဆို၍ဖြစ်စေ၊ www.mpt.com.mm သို့မဟုတ် MPT ၏ Facebook စာမျက်နှာ www.facebook.com/mptofficialpage သို့ဖြစ်စေ ဝင်ရောက်လေ့လာနိုင်ပါသည်။

MPT အသုံးပြုသူများ ဒေတာပမာဏများများအသုံးပြုနိုင်မည့် Data Carry Combo Pack အသစ်ကို MPT က မိတ်ဆက်

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ မေလ ၉ ရက်) -MPT က ဈေးနှုန်းသက်သာစွာ အသုံးပြုနိုင်သည့် ကြိုက်နှစ်သက်ရာအင်တာနက်အသုံးပြုမှုအားလုံးအတွက် သုံးနိုင်သော ပုံမှန်ဒေတာနှင့် လူကြိုက်အများဆုံး Social Application များတွင်အသုံးပြုနိုင်သော Social ဒေတာတို့ပါဝင်သည့် Data Carry Combo Pack အသစ်ကို မေလ ၉ ရက်မှ စတင်၍ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာလိုက်သည်။

Data Carry Combo Pack များတွင် အင်တာနက်အသုံးပြုမှုအားလုံးအတွက် ပုံမှန်ဒေတာနှင့် (အင်တာနက်အသုံးပြုမှုတိုင်းအတွက်သုံးနိုင်သည့် ဒေတာ MB) နှင့် လူကြိုက်အများဆုံး Social Application များ ဖြစ်ကြသည့် Facebook ၊ Messenger ၊ Viber ၊ Line နှင့် Instagram တို့အတွက် အသုံးပြုနိုင်မည့် Social ဒေတာ နှစ်မျိုးကိုပေါင်းစပ်ထည့်သွင်းထားပြီး MPT သံုံးစွဲသူများအနေဖြင့် တစ်နိုင်ငံလုံးရှိ MPT ၏ 2G/3G/4G ကွန်ရက်မှ တစ်ဆင့် ၎င်းတို့နှစ်သက်သည့် Online Platform များကို အသုံးပြုကာ မိမိတို့၏ လူမှု ကွန်ရက်မီဒီယာများအသုံးပြုခြင်း၊ မိသားစုများ၊ သူငယ်ချင်းများနှင့် အချိန်ကြာကြာ ချိတ်ဆက်အ သုံး ပြုနိုင်မည် ဖြစ်သည်။ Data Carry Combo Pack သုံးစွဲလိုသူများအနေဖြင့်*777# ကိုခေါ်ဆိုပြီး ဒေတာပက်ကေ့ချ်ကို အနိမ့်ဆုံးနှုန်းထား ၆၉၉ ကျပ်မှစ၍ ၂၉,၉၉၉ ကျပ်အထိ မိမိတို့နှစ်သက်ရာ ဒေတာ ပက်ကေ့ချ်များကို ဝယ်ယူနိုင်မည်ဖြစ်ပါသည်။

MPT သုံးစွဲသူများအနေဖြင့်လက်ရှိအသုံးပြုနေသော ဒေတာပက်ကေ့ချ် သက်တမ်းကုန်းဆုံးသွား ပြီးသည့် နောက် (၇) ရက်အတွင်း နောက်ထပ်ဒေတာပက်ကေ့ချ်တစ်ခု ဝယ်ယူလိုက်ရုံဖြင့် သက်တမ်း ကုန်ဆုံးသွားသောပက်ကေ့ချ်၏ ကျန်ရှိနေသည့် လက်ကျန်ဒေတာပမာဏများသည် အသစ်ဝယ်ယူ လိုက်သည့် ဒေတာပက်ကေ့ချ်တွင် အလိုအလျောက် ထပ်ပေါင်းသွားမည်ဖြစ်ကာ ဆက်လက်အသုံးပြုနိုင်
မည် ဖြစ်သည်။
သို့သော်လည်း Social ဒေတာ၏ အသုံးမပြုရသေးသည့် ဒေတာပမာဏများကိုမှု ဆက်လက်သယ်ဆောင် နိုင်မည် မဟုတ်ပါ။ MPT သုံးစွဲသူများအနေဖြင့် *224# ကို ခေါ်ဆို၍ Data Carry Combo Pack ၏ လက်ကျန်ဒေတာပမာဏကို စစ်ဆေးနိုင်မည် ဖြစ်သည်။

Data Carry Combo Pack များမှာအောက်ပါအတိုင်း ဖြစ်သည်။

အဆိုပါ ဒေတာပက်ကေ့ချ်နှင့် ပတ်သက်၍ သတ်မှတ်ချက်များအားလုံးမှာ ယခင်က ထုတ်လုပ်ခဲ့ဖူးသော ဒေတာအစီအစဉ်များအတိုင်း တူညီသည့်စည်းမျဉ်းများအတိုင်းဖြစ်ကာ LTE+ ကွန်ရက် အသုံးပြုနေသူများ အပါအဝင် ဆွေသဟာ၊ ရှယ်ပြော နှင့်ရွှေစကား အစီအစဉ်ရယူထားသည့် MPT ၏ GSM/WCDMA သုံးစွဲသူအားလုံး အကျုံးဝင်မည် ဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr.Reizo Umeda က“ ဝန်ဆောင်မှု အသစ်အနေနဲ့မိတ်ဆက်လိုက်တဲ့ ဒီ Data Carry Combo Pack ဟာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေကို အချင်းချင်းပိုမိုချိတ်ဆက် ထိတွေ့နိုင်စွမ်းရှိလာစေမယ်လို့ မျှော်လင့်ပါတယ်။ နည်းပညာဟာ ကျွန်တော် တို့ရဲ့ နေ့စဉ်ဘဝတွေရဲ့ လုပ်ဆောင်ချက်တွေ၊ ကိုယ်ပိုင် အချိန်တွေ၊ ဘဝရဲ့အစိတ်အပိုင်းတွေမှာ မရှိမဖြစ် အရေးပါတဲ့အရာ ဖြစ်လာတာနဲ့အညီ ဒီလိုချိတ်ဆက်နိုင်စွမ်းက ကျွန်တော်တို့အတွက် ပိုပြီး အရေးပါလာ ပါတယ်။ Social platform တွေ ဖြစ်တဲ့ Facebook ၊ Messenger ၊ Instagram နဲ့ Viber လိုမျိုးတွေ ဟာ မြန်မာနိုင်ငံမှာလူသုံးအများဆုံး Platform တွေဖြစ်တာကြောင့် အချက်အလက်တွေမျှဝေတာ၊ အချင်းချင်းဆက်သွယ်ကြတာတွေမှာ အသုံးပြုကြတာတွေ ရှိပါတယ်။ ဒီ ဒေတာပက်ကေ့ချ်က ဒေတာပမာဏတွေကို အချိန်ကြာကြာများများအသုံးပြုလို့ရတယ်ဆိုတာထက် ကျွန်တော်တို့ရဲ့ သုံးစွဲသူ တွေအတွက် ဝန်ဆောင်မှုကိုပိုချဲ့ထွင်ပြီးပေးတယ်လို့ပြောနိုင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ကို စဉ်ဆက်မပြတ် အားပေးနေတဲ့ MPT သုံးစွဲသူတွေအတွက် ကျွန်တော်တို့ရဲ့ ကျေးဇူးတုန့်ပြန်မှုပါပဲ။ ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်အမျိုးမျိုးအတွက် ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေကို ကမ်းလှမ်းသွားဖို့ စဉ်ဆက်မပြတ် ဖန်တီးပေးနေမှာဖြစ်ပါတယ်။ အထူးသက်သာတဲ့ဈေးနှုန်းနဲ့ Data Carry Combo Pack တွေကိုအသုံးပြုပြီးတော့ သူတို့ရဲ့ အတွေ့အကြုံတွေကို ပိုမိုမျှဝေနိုင်ကြတော့မယ့် မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ ပိုမိုအဆင်ပြေပြေချိတ်ဆက် နိုင်ကြတော့မယ့် ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် များစွာ ကျေနပ်မိပါတယ်” ဟု ပြောကြားခဲ့သည်။

Data Carry Combo Pack အပါအဝင် MPT ၏ အခြားသောစိတ်ဝင်စားဖွယ်ရာဝန်ဆောင်မှုများနှင့် အရောင်းမြှင့်တင်ရေး ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ပိုမိုသိရှိလိုပါကဖုန်းနံပါတ် ၁၀၆ သို့ ခေါ်ဆို၍ဖြစ်စေ၊ www.mpt.com.mm နှင့် MPT ၏ official Facebook page ဖြစ်သည့် www.facebook.com/mptofficialpageသို့ ဝင်ရောက်၍ဖြစ်စေ လေ့လာနိုင်မည် ဖြစ်သည်။

The Voice Myanmar ၏ အမာခံ ပရိတ်သတ်များအနေဖြင့် People’s Favorite Voice Award by MPT အတွက် မိမိတို့နှစ်သက်ရာပြိုင်ပွဲဝင်များအား မဲပေးနိုင်ပြီဖြစ်

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ မေလ ၇ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ MPT က The Voice Myanmar Season 2 Knock out Round ၏ People’s Favorite Voice Award by MPT အတွက် SMS နှင့် အွန်လိုင်းဝက်ဘ်ဆိုက် များကို အသုံးပြု၍ မေလ ၁၂ ရက်နေ့မှ စတင် မဲပေး နိုင်ပြီဖြစ်ပြီး မိမိတို့ကြိုက်နှစ်သက်ရာ ပြိုင်ပွဲဝင်များအား မဲပေးကြမည့် MPT အသုံးပြုသူများအတွက်လည်း စိတ်ဝင်စားဖွယ် ဆုလက်ဆောင်များကိုလည်း ပေးအပ်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်သည်။
MPT အသုံးပြုသူများအနေဖြင့် The Voice Myanmar Season 2 ၏ People’s Favorite Voice Award by MPT အတွက် မိမိတို့ကြိုက်နှစ်သက်ရာပြိုင်ပွဲဝင်များကို မဲပေးရာတွင် နည်းလမ်းနှစ်ခုဖြစ်သည့် စာတို (SMS) သို့မဟုတ် အွန်လိုင်း ဝက်ဘ်ဆိုက် “thevoice.mptvote.com” မှတစ်ဆင့် မဲပေးနိုင်မည်ဖြစ်သလို ဆုလက်ဆောင်အစီအစဉ်တွင်လည်း ပါဝင်ဆင်နွဲနိုင်မည်ဖြစ်ပါသည်။ ပြိုင်ပွဲဝင်များ၏ ကုတ်နံပါတ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Knock-Out Round ၏ ပြိုင်ပွဲဝင်များမှာ

Team အမည်ပြိုင်ပွဲဝင်များ၏ ကုတ်နံပါတ်များ
Team Yan Yan ChanHein Zaw Lin55501
Grin Go55502
Zin Mar Moe Sett55503
Yamone Zin Oo55504
Team NiNi Khin ZawA Day55505
Twins Star55506
Khoon Wadi Pyae55507
Sai Tein Kha Aung55508
Team Kyar PaukAye Thazin Maung55509
Kim Kim55510
C Ko55511
Novem Htoo55512
Team R Zar NiJu Jue55513
Harsaylar55514
Pan Pan Kye Mon55515
David Htoo55516
Team NiNi Khin ZawNicholas Pasangma55517
Hazel55518
Grace Mami55519
Tar Tar55520
Team Yan Yan ChanJust55521
Solomon King55522
Arkar Aung Khin Win55523
Melody Khong55524
Team R Zar NiPaul Austin55525
Htin Gyi55526
June Rose55527
Lynn Khat55528
Team Kyar PaukKhine55529
Nyo Mie Mie Htun55530
Judson Fish55531
Oram55532

အကယ်၍ ပြိုင်ပွဲဝင် Hein Zaw Lin အားမဲပေးလိုလျှင် မိမိတို့ပေးလိုသည့် မဲအရေအတွက်အား 55501 သို့ SMS ပေးပို့ရမည်ဖြစ်ပြီး၊ အွန်လိုင်းဝက်ဘ်ဆိုက်ကို အသုံးပြုမည်ဆိုပါက ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည့် ညွှန်ကြားချက်အတိုင်း မဲပေးသွားရမည် ဖြစ်ပါသည်။ အွန်လိုင်းဝက်ဘ်ဆိုက် “thevoice.mptvote.com”ကို အသုံးပြုမည့် MPT အသုံးပြုသူများအနေဖြင့် မိုဘိုင်းလ်ဒေတာ ကို ဖွင့်ထားရန် လိုအပ်မည် ဖြစ်သော်လည်း ၊ဒေတာအသုံးပြုခအတွက် ကောက်ခံသွားမည်မဟုတ်ပါ။ The Voice Myanmar အစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့ည ၉ နာရီအချိန်တွင် MRTV 4 Channel မှတစ်ဆင့်ထုတ်လွှင့်ပြသသွားမည် ဖြစ်ပါသည်။

မဲစတင်ပေးနိုင်သည့် ကာလများမှာ ပထမအပတ်အတွက် မေလ ၁၂ ရက်မှ ၁၈ ရက်အထိ၊ ဒုတိယအပတ်အတွက် မေလ ၁၉ ရက်မှ ၂၅ ရက်အထိဖြစ်ပြီး၊ ရလဒ်များကို မေလ ၂၁ ရက်န့နှင့် ၂၈ ရက်န့များတွင် ကြေညာပေးသွားမည်ဖြစ်ပါသည်။ အသေးစိတ်ညွှန်ကြားချက်များအတွက် https://www.facebook.com/watch/?v=2097565087211341 တွင် သွားရောက်လေ့လာနိုင်ပါသည်။

MPT အသုံးပြုသူများအတွက် ဆုလက်ဆောင်အစီအစဉ်

MPT ၏ ဆုလက်ဆောင်အစီအစဉ်အား Voting သီးသန့် ဖြစ်သည့် အွန်လိုင်းဝက်ဘ်ဆိုက် thevoice.mptvote.com အသုံးပြုသူများသာမက SMS မှတစ်ဆင့် မိမိတို့နှစ်သက်ရာ ပြိုင်ပွဲဝင်များအား မဲပေးကြသူများကိုပါ ပထမအပတ်နှင့် ဒုတိယအပတ်ဟူ၍ နှစ်ပိုင်းခွဲပြီး စုစုပေါင်း ကံထူးသူ (၁၀၀) ဦးအား ဆုလက်ဆောင်များ ပေးအပ်သွားမည် ဖြစ်ပါသည်။

ဆုလက်ဆောင်များမှာ-

• iPhone XR ၂လုံး
• Mi 8 ၂လုံး
• Redmi Note 7 ၂လုံးနှင့်
• ၅,၀၀၀ တန် ငွေဖြည့်ကတ် ၉၄ ခုတို့ကို ပေးအပ်သွားမည် ဖြစ်ပါသည်။

ပြိုင်ပွဲဝင်များသို့ ဆုလက်ဆောင်များပေးအပ်ခြင်း

MPT အနေဖြင့် ပထမအပတ် မဲအများဆုံး ရရှိသူနှင့် ဒုတိယအပတ် မဲအများဆုံးရရှိသူ ပြိုင်ပွဲဝင် ၂ ဦးအား ချီးမြှင့်သွားမည့် ဆုများမှာ-

• နံပါတ်အလှ ဆင်းမ်ကတ် တစ်ခု
• ကျပ် ၁၀ သိန်းတန်ဖိုးရှိငွေဖြည့်ကတ် တို့အား ပေးအပ်သွားမည် ဖြစ်ပါသည်။

 

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda ကလည်း “မြန်မာလူမျိုးတွေဟာ အနုပညာ၊ တေးဂီတ နဲ့ ဖျော်ဖြေရေး ဝန်ဆောင်မှုအမျိုးမျိုးကို အလေးထား နှစ်သက်စိတ်ဝင်စားသူတွေဖြစ်တာကို ကျွန်တော်တို့အနေနဲ့သိရှိပြီးဖြစ်ပါတယ်။ သီချင်းဆိုခြင်းဟာလည်း ဒီအထဲမှာ မဖြစ်မနေပါနေတဲ့အရာတစ်ခုပါပဲ။ MPT အနေနဲ့ သူတို့နှစ်သက်တဲ့ပြိုင်ပွဲဝင်တွေကို အားပေးနိုင်အောင် မဲပေးနိုင်မယ့် အစီအစဉ်ကို ဆောင်ရွက်ပေးထားပြီး တနင်္ဂနွေနေ့ညနေတွေမှာ The Voice Myanmar Season 2 ကို အတူတကွ ကြည့်ရှုရင်း ပျော်ရွှင်ခံစားနိုင်ပြီဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ MPT က နိုင်ငံတွင်း ထိပ်ဆုံးမှရပ်တည်အောင်မြင်နေကာ ပြိုင်ဆိုင်မှုအရှိန်မြင့်တက်လာတဲ့ သီချင်းဆိုပြိုင်ပွဲ The Voice Myanmar ရဲ့ အမာခံပရိတ်သတ်တွေအတွက် အပတ်စဉ်တိုင်းမှာ ဆုလက်ဆောင်တွေရရှိဖို့ စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ ဆုလက်ဆောင်တွေကတော့ ခေတ်မီတဲ့ဆက်သွယ်ရေးကိရိယာတွေထဲက နာမည်ကြီးတွေဖြစ်တဲ့ iPhone XR ၊ Mi 8၊ Redmi Note 7 နဲ့ MPT ငွေဖြည့်ကတ်တွေပဲဖြစ်ပါတယ်။ The Voice Myanmar Season 2 Knock-out round ရဲ့ စိတ်လှုပ်ရှားဖွယ် အချိန်တွေကို ကြည့်ရဖို့ အင်မတန်ကိုပဲ စိတ်လှုပ်ရှားနေပါပြီ”ဟု ပြောကြားသွားခဲ့ပါသည်။

The Voice Myanmar Season 2 နှင့် MPT ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်သောသတင်းအချက်အလက်များကို ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ခေါ်ဆို၍ဖြစ်စေ၊ www.mpt.com.mm သို့ ဝင်ရောက်၍ဖြစ်စေ၊ MPT ၏ official Facebook page ဖြစ်သည့် www.facebook.com/mptofficialpage သို့ ဝင်ရောက်၍ဖြစ်စေ လေ့လာနိုင်မည် ဖြစ်ပါသည်။

More Detail >>>> FAQs  And  Terms and Condition