MPT ၏ ၂၀၁၉ ခုနှစ် နိုင်ငံတစ်ဝှမ်း လုပ်ငန်းခွင်လေ့လာရေး နှင့်သင်ကြားရေးအစီအစဉ် အောင်မြင်စွာ ကျင်းပပြီးစီး

(ရန်ကုန် -၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၇ ရက်) မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT အနေဖြင့် နိုင်ငံအဝှမ်းရှိ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် ၂၉ ခုမှ နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူများကို အရည်အသွေးမြင့် လုပ်ငန်းခွင်လေ့လာရေး နှင့် သင်ကြားရေး အစီအစဉ်တွင် ပါဝင်စေခဲ့ပြီး နိုင်ငံတော်၏ရည်မှန်းချက်ဖြစ်သည့် လူငယ်များအား ICT နယ်ပယ်တွင် အရည်အချင်းရှိသည့် ထူးချွန်ထက်မြက်သောလူငယ်များ ဖြစ်လာစေရန် လေ့ကျင့်ပျိုးထောင်ပေးရေးအတွက် MPT ရှိကျွမ်းကျင်သူများမှ ဆက်သွယ်ရေးနည်းပညာ နှင့် ပတ်သက်သည့် အသိပညာနှင့် အတွေ့အကြုံများကို အနာဂတ်၏ ကျွမ်းကျင် ပညာရှင်များ ဖြစ်လာမည့် ကျောင်းသားလူငယ်များအား မျှဝေခဲ့ကြပါသည်။
၂၀၁၉ ခုနှစ် နိုင်ငံတစ်ဝှမ်းလုပ်ငန်းခွင်လေ့လာရေး နှင့် သင်ကြားရေးအစီအစဉ်၏ သင်တန်းဆင်းပွဲအခမ်းအနားကို ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ အောက်ပုဇွန်တောင်လမ်းရှိ MPT သင်တန်းကျောင်းတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ နောက်ဆုံးနှစ်ကျောင်းသားကျောင်းသူ (၁၄၃)ဦး တက်ရောက်ခဲ့ကြပြီး၊ ကျောင်းသားကျောင်းသူများအနေဖြင့် လုပ်ငန်းခွင် လူမှုဆက်ဆံရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး (HSE) ၊ သတင်းအချက်အလက် လုံခြုံရေး၊ ဆက်သွယ်ရေး ဆိုင်ရာ စီးပွားရေး၊ နည်းပညာနှင့် အခြားသက်ဆိုင်ရာ ဘာသာရပ်များကို လေ့လာဆည်းပူးခွင့် ရခဲ့ကြပါသည်။
ယခုလို MPT ၏ နိုင်ငံတစ်ဝှမ်းလုပ်ငန်းခွင်လေ့လာရေး နှင့် သင်ကြားရေးအစီအစဉ်သည် ဒုတိယနှစ်အဖြစ် ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ပညာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန တို့၏ပူးပေါင်းကူညီထောက်ပံ့မှုဖြင့် ICT ကဏ္ဍတွင် တိုင်းပြည်၏ အနာဂတ် ဆက်သွယ်ရေး ကဏ္ဍအတွက်ထူးချွန်သည့် ခေါင်းဆောင်ကောင်းများအဖြစ် ဖြစ်ထွန်းလာစေမည့် အကျိုး ရလဒ်ကောင်းများစွာ ရရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ် နှင့် ၂၀၁၉ ခုနှစ်အတွင်းတွင် ဤအစီအစဉ်၌ပါဝင်ခဲ့သည့် ကျောင်းသားကျောင်းသူစုစုပေါင်း (၁၃၀၀) ခန့် တက်ရောက်အောင်မြင်ပြီးစီးခဲ့ပြီဖြစ်သည်။ ယခုနှစ်တွင် MPT သည် ရန်ကုန်ရှိ အလုပ်သင် သင်တန်းသား ၁၄၃ ဦးထဲမှ ထူးချွန်ကျောင်းသား ၁၅ ဦးအား ထပ်မံရွေးချယ်ကာ အလုံမြို့နယ်ရှိ MPT ၏ ကွန်ရက်ကြီးကြပ်ထိန်းသိမ်းရေးဌာန (NOC) တွင် အလုပ်သင်အစီအစဉ်အတွက် ပိုမိုထိရောက်စွာ လေ့လာနိုင်ရန်လည်း ဆောင်ရွက်ပေးခဲ့ပါသည်။
“ဒီ Internship အစီအစဉ်မှာ ပါဝင်ခွင့်ရတဲ့အတွက် ကံကောင်းတယ်လို့ ထင်ပါတယ်။ ဒီ အစီအစဉ်ကြောင့် တကယ့်လက်တွေ့ လုပ်ငန်းခွင် မှာ ဘာတွေလုပ်ရမယ်ဆိုတာကို သိလာစေတယ်။ တစ်ယောက်ချင်းစီအနေနဲ့ အနာဂတ်လုပ်ငန်းခွင်မှာ ဒီအစီအစဉ်ကနေတစ်ဆင့် ရလိုက်တဲ့အတွေ့ အကြုံတွေက တန်ဖိုးရှိလာမှာဖြစ်ပါတယ်။ အဲဒီအတွက်လည်း ကျောင်းသားကျောင်းသူတွေကို အရည်အချင်းရှိတဲ့ professional တွေ ဖြစ်လာဖို့ ကူညီပံ့ပိုးပေးခဲ့တဲ့ MPT ကိုရော၊ ပညာရေးဝန်ကြီးဌာန နဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်”ဟု Internship အစီအစဉ်တွင်ပါဝင်ခဲ့သည့် နည်းပညာတက္ကသိုလ် (သန်လျင်) မှ အီလက်ထရောနစ်အင်ဂျင်နီယာ နောက်ဆုံးနှစ်ကျောင်းသူ မတင်နီလာမော် ကပြောကြားခဲ့ပါသည်။
MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနကြီး၏ ဒုတိယအရာရှိချုပ် ဖြစ်သူ ဦးမြင့်သိန်းထွန်းမှလည်း “MPT-KSGM JO အနေနဲ့ ကျွန်တော်တို့လုပ်ငန်း ဆောင်ရွက်မှုတိုင်းမှာ လူမှုအဖွဲ့အစည်းအတွက် အမြဲတမ်းအာရုံစိုက် ကူညီပေးနေပါတယ်။ “နှလုံးသားထဲကမြန်မာ” ဆိုတဲ့အတိုင်း ဒါဟာကျွန်တော်တို့ လုပ်ငန်းရဲ့ ရည်ရွယ်ချက်အစိတ်အပိုင်းတစ်ခုပါ။ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနဲ့ MPT တို့ အတူပူးပေါင်း ဆောင်ရွက်ခြင်း ကတစ်ဆင့် အရှည်ခိုင်မြဲတဲ့ အသိပညာအတတ်ပညာ ဂေဟစနစ်တစ်ခု ထူထောင်ရေးမှာ၊ အရည်အချင်းတွေ အတတ်ပညာတွေ အပြန်အလှန်ဖလှယ်ရေးမှာ၊ ဘယ်လို ပူးပေါင်းဆောင်ရွက် နိုင်ကြတယ်ဆိုတာကို လက်တွေ့မြင်ခဲ့ရပါပြီ။ အနာဂတ်မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍမှာ ဝင်ရောက်လုပ်ကိုင်ရင်း အရေးပါတဲ့ ရာထူးတွေ၊ တာဝန်တွေရယူလာကြပြီး ဆက်သွယ်ရေးကဏ္ဍကို ပိုမိုကောင်းမွန်အောင် မြှင့်တင်ပေးကြမယ့် အနာဂတ်မြန်မာလူငယ်တွေအတွက်အရေးပါတဲ့ လုပ်ငန်းခွင်လေ့လာရေးနဲ့ သင်ကြားရေးအစီအစဉ်ကို ကူညီထောက်ပံ့ပေးခဲ့ကြတဲ့ ဌာနအသီးသီးက လူပုဂ္ဂိုလ်တစ်ဦးစီတိုင်းကို အလေးအနက်ကျေးဇူး တင်ကြောင်း ပြောလိုပါတယ်။ တစ်ချိန်တည်းမှာပဲ အနာဂတ်အတွက် အတွေ့အကြုံကောင်းတွေကို ဒီအစီအစဉ်ကနေတစ်ဆင့် ရရှိသွားကြတဲ့ ကျောင်းသားတွေအတွက်လည်းအများကြီးဂုဏ်ယူမိပါတယ်။ အနာဂတ်လုပ်ငန်းတွေမှာ အောင်မြင်တဲ့ ကျွမ်းကျင်သူတွေ ဖြစ်ပါစေလို့လည်း ဆုတောင်းပေးပါတယ်” ဟု ပြောကြား ခဲ့ပါသည်။
၂ လခန့်ကြာမြင့်ခဲ့သည့် နိုင်ငံတစ်ဝှမ်းလုပ်ငန်းခွင်လေ့လာရေး နှင့် သင်ကြားရေးအစီအစဉ် ကို ၂၀၁၉ ခုနှစ် မေလ ၆ ရက်နေ့မှ ဇွန်လ ၂၈ ရက်နေ့အထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး MPT မှ ကျွမ်းကျင်သူများ၏ ကြီးကြပ်မှုဖြင့် MPT ရုံးချုပ်အပါအဝင် မြန်မာ့ဆက်သွယ်ရေးသင်တန်းကျောင်း နှင့် တိုင်းနှင့်ပြည်နယ်အ သီးသီးရှိ MPT ရုံးခွဲများတွင် သင်ကြားပို့ချခဲ့ခြင်းဖြစ်သည်။
MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ဖုန်းခေါ်ဆို၍သော်လည်းကောင်း၊ MPT ၏ တရားဝင် Facebook page ဖြစ်သည့် https://www.facebook.com/mptofficialpage/ နှင့် MPT ၏ တရားဝင် website ဖြစ်သည့် www.mpt.com.mm သို့လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT မှ မြန်မာနိုင်ငံသားများအတွက်ဒီဂျစ်တယ်ပညာရေးဝန်ဆောင်မှုများကို ဆောင်ယူလာ

(ရန်ကုန် – ၂၈ရက် ဇွန်လ ၂၀၁၉) MPT အနေဖြင့် တီထွင်ဆန်းသစ်မှုရှိသည့် VAS ဝန်ဆောင်မှုများကို ပြည်တွင်း၊ ပြည်ပရှိ မိတ်ဖက်များဖြင့် ပူးပေါင်း၍ အသုံးပြုသူများ၏ လူမှုဘဝကို ပိုမိုတိုးတက် ကောင်းမွန်စေနိုင်ရန် သတင်းအစီအစဉ် များ၊ ဖျော်ဖြေရေး၊ ဂီတ၊ ကျန်းမာရေး၊ အားကစား၊ ဗေဒင်၊ အစရှိသည့် ကဏ္ဍများအပါအဝင် ဝန်ဆောင်မှုများကို ဈေးနှုန်း သက်သာစွာ ဝန်ဆောင်မှုပေးလျက် ရှိပါသည်။ ယနေ့အချိန်တွင် MPT အနေဖြင့် နိုင်ငံအဝှမ်းရှိ အလျင်မြန်ဆုံးနှင့် အကျယ်ပြန့်ဆုံးသော ဆက်သွယ်ရေး ကွန်ရက်မှတစ်ဆင့် ယင်း၏ တန်ဖိုးထပ်ဆောင်းဝန်ဆောင်း ထားသည့် ဒီဂျစ်တယ်ပညာရေးဝန်ဆောင်မှုအား ယနေ့ စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ ရွှေနားဆင် အသံစာအုပ် ၊ Smart Kids ပေါ်တယ် ဝန်ဆောင်မှု၊ M-Learning ပေါ်တယ်ဝန်ဆောင်မှုနှင့် တက်လမ်းအွန်လိုင်းပညာရေး ဝန်ဆောင်မှု စသည်တို့ပါဝင်သည့် ပညာရေးပလက်ဖောင်းပေါ်မှ တစ်ဆင့် လူငယ်လူရွယ် များထံသို့ မိုဘိုင်းဝန်ဆောင်မှု အတွေ့အကြုံများကို ပေးအပ်လျက်ရှိကာ သုံးစွဲသူများအနေဖြင့်လည်း ပိုမိုကျယ်ပြန့်သည့် ဒီဂျစ်တယ်ပညာရေး ပလက်ဖောင်းကို ရယူအသုံးပြုနိုင်ကြမည်လည်း ဖြစ်ပါသည်။
ရွှေနားဆင် အသံစာအုပ် ဝန်ဆောင်မှု
ရွှေနားဆင် အသံစာအုပ် ဝန်ဆောင်မှုသည် MPTနှင့် ပြည်တွင်းဖြစ် သတင်းနည်းပညာ ကုမ္ပဏီတစ်ခုဖြစ်ပြီး တီထွင်ဖန်တီးမှုရှိသည့် ရှေ့ဆောင် ကုမ္ပဏီတစ်ခု လည်းဖြစ်သော Bagan Innovation Technology ကုမ္ပဏီလီမိတက် တို့အကြား ပူးပေါင်းဆောင်ရွက်ထားသည့် ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။ အဆို ပါ ဝန်ဆောင်မှုတွင် MPT အသုံးပြုသူများအတွက် သီးသန့်ဖန်တီးထားသည့် အသံစာအုပ် များအား မိုဘိုင်း App မှ သော်လည်းကောင်း၊ http://www.shwenarsin.com မှသော်လည်းကောင်း ဝင်ရောက်နားဆင်နိုင်မည်ဖြစ်ပြီး၊ နာမည်ကျော်စာရေးဆရာများနှင့် အသံဖြင့်အသက်မွေးသူူများမှ ဖတ်ပြထားသည့် နာရီ ၃၀၀ ကျော်စာ စာပေများကို နားဆင်နိုင်မည်ဖြစ်သည်။ ယခုဝန်ဆောင်မှုတွင် ဝတ္ထုတိုပေါင်း ၆၅၀ ကျော်နှင့် ဝတ္ထုရှည်ပေါင်း ၃၀ ကျော်ကို အသံဖြင့်နားဆင်နိုင်ကြမည် ဖြစ်ပါသည်။ အဆိုပါစာအုပ်များတွင်၊ ခရီးသွားစာပေ၊ ဘာသာပြန်၊ စီးပွားရေး၊ တိုးတက်ရေး၊ အချစ်၊ ဆောင်းပါး၊ သဲထိတ်ရင်ဖို ၊ သူရဲတစ္ဆေ စသည့် အကြောင်းအရာများစွာ ပါဝင်မည်ဖြစ်ပြီး စာဖတ်ဝါသနာပါသူများအနေဖြင့် မျက်စိပင်ပန်းစရာ မလိုဘဲ၊ အခြားအလုပ်များ လုပ်နေရင်းမှာပင် မိမိနှစ်သက်ရာ စာအုပ်များကို နားဆင်နိုင်ကြပြီ ဖြစ်ပါသည်။
အဆိုပါ အသံစာအုပ် များကို နားဆင်လိုပါက MPT အသုံးပြုသူများအနေဖြင့် 8536 ကို ON ဟု SMS ပေးပို့ပြီး အသံစာအုပ် အားလုံးကို ဈေးနှုန်းသက်သာသည့် နှုန်းထားဖြစ်သည့် တစ်ရက်လျှင် ၉၉ ကျပ် (အခွန်ပါဝင်ပြီး) ဖြင့် နားဆင်နိုင် မည် ဖြစ်ပါသည်။ ယင်းတို့ကို ရွှေနားဆင် အသံစာအုပ်မိုဘိုင်းအက်ပလီကေးရှင်း တွင် နားဆင်နိုင်သလို၊ http://www.shwenarsin.com မှလည်း နားဆင်နိုင်မည် ဖြစ်ပါသည်။
MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှလည်း MPT ၏ တန်ဖိုးထပ်ဆောင်းဝန်ဆောင်မှုအသစ်ဖြစ်သည့် ဒီဂျစ်တယ်ပညာရေးဝန်ဆောင်မှုနှင့် ပတ်သက်ပြီး စိတ်လှုပ်ရှားစွာ ကြိုဆိုစကားပြောခဲ့ရာတွင် “MPT အနေနဲ့ ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေအတွက် မိုဘိုင်းဝန်ဆောင်မှုတွေသုံးစွဲတဲ့ အတွေ့အကြုံကောင်းတွေကို ပေးစွမ်းရာမှာ သူတို့ဘဝတွေအတွက် ပိုမိုတိုးတက်ကောင်းမွန်စေတဲ့ ဝန်ဆောင်မှုတွေ၊အချက်အလက်တွေ ကျယ်ကျယ်ပြန့်ပြန့် ရရှိအသုံးပြု နိုင်စေဖို့အတွက် နည်းလမ်းတွေ အမြဲတမ်း ရှာဖွေနေတာ ဖြစ်ပါတယ်။ ပြည်တွင်းပြည်ပကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေပြီး၊ ဒီကုမ္ပဏီတွေရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုနဲ့ တည်ငြိမ်ရေးအတွက် ကူညီဆောင်ရွက်ပေးနေသလို၊ တစ်ချိန်တည်းမှာပဲ တမူထူးခြားတဲ့ ပြည် တွင်းက အသုံးပြုသူတွေရဲ့ အကြိုက်နဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့် အရည်အသွေးရှိတဲ့ အချက်အလက်နဲ့ဝန်ဆောင်မှု တွေကို ဖန်တီးနိုင်မယ့် အရည်အချင်းကိုလည်း ဖော်ထုတ်ပေးနိုင်ဖို့ အတွက် MPT ကဆောင်ရွက်ပေးနေပါတယ်။ ပညာရေးဟာ လူမှုဘဝဖွံ့ဖြိုးမှုမှာ အင်မတန်မှအရေးပါလှပါတယ်။ ကျွန်တော်တို့ရဲ့ ဒီဂျစ်တယ် ပညာရေး ဝန်ဆောင်မှုဟာဆိုရင် မြန်မာနိုင်ငံက လူငယ်တွေ အတွက် အခွင့်အလမ်းတွေကို အပြည့်အဝ ရရှိလာအောင် ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပြီး၊ ကျွန်တော်တို့ရဲ့ 3G/4G LTE ကွန်ရက်ကနေတစ်ဆင့် ပြည်သူတွေရဲ့ ဘဝတွေကို အကျိုးသက်ရောက်မှုရှိပြီး၊ အပြောင်းအလဲတွေ ဖြစ်လာစေမယ့် ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို ဖြန့်ချိပေးနိုင်လိမ့် မယ်လို့မျှော်လင့် ထားပါတယ်”ဟု ပြောကြားခဲ့ပါသည်။

Smart Kids Portal ဝန်ဆောင်မှု

MPT က ကလေးငယ်များအတွက် စွဲမက်စရာကောင်းသည့် ပညာရေး အသိပညာဗဟုသုတ နှင့် ဖျော်ဖြေရေးဆိုင်ရာ ကဏ္ဍစုံလင်ပါဝင်သည့် အွန်လိုင်းပေါ်တယ်လ် တစ်ခုဖြစ်သော My Smart Kids ဝန်ဆောင်မှု ကို ၂၀၁၈ ဒီဇင်ဘာ ၁၂ ရက်နေ့က စတင်မိတ်ဆက်ခဲ့ပြီး၊ ကဏ္ဍအစုံအလင်ပါဝင်သော အဆိုပါဝန်ဆောင်မှုမှတစ်ဆင့် မိဘများအနေဖြင့် ကလေးငယ်များကို ဦးတည်ထားကာ ထုတ်လုပ်ထားသည့် သတင်းအချက်အလက်များနှင့် ပါဝင်သည့် အချက်များကို လုံခြုံသည့် ရင်းမြစ်များမှ ရယူနိုင်မည်ဖြစ်သည်။ My Smart Kids ဝန်ဆောင်မှု အသစ်မှတစ်ဆင့် ကလေးများ ကြိုက်နှစ်သက်စေမည့် ပျော်ရွှင်စရာသီချင်းများ ၊ ပုံပြင်များ၊ အရောင်အသွေးစုံလင်သော ရုပ်ပြများ၊ ရာသီခွင် အကြောင်းအရာများ၊ မှတ်ဉာဏ်စွမ်းရည်အားကောင်းစေမည့် ဉာဏ်စမ်းပဟေဠိများ၊ ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များနှင့် ကလေးငယ်များနှင့် ၎င်းတို့၏ မိဘများအတွက် ပညာရေးဆိုင်ရာ အထွေထွေ ဗဟုသုတများ အစရှိသည်တို့အပါအဝင် မိဘများအနေဖြင့် ၎င်းတို့၏ သားသမီးများအတွက် ဦးတည်ထားသည့် လုံခြုံဘေးကင်းသော သတင်းအချက်အလက် နှင့် ဗဟုသုတ ရရှိစေမည့် အစီအစဉ်များကို အသုံးပြုနိုင်မည်ဖြစ်သည်။

စာရင်းသွင်းဆောင်ရွက်ရန် : 8533 သို့ KID ဆိုသည့် စာသားရိုက်နှိပ်ပြီး SMS ပေးပို့ရန်
ဝန်ဆောင်မှုနှုန်းထား : တစ်ရက်လျှင် ၁၅၀ ကျပ် (အခွန်ပါဝင်ပြီး)
ဝင်ရောက်ကြည့်ရှုရန် : : : www.mysmartkids.com သို့မဟုတ် http://sk.lotayamm.com

M-Learning မိုဘိုင်းလ်ပေါ်တယ် ဝန်ဆောင်မှု

MPT သုံးစွဲသူများအတွက် အင်္ဂလိပ်စာလေ့လာ သင်ယူနိုင်စေရန် ရည်ရွယ်ထားသည့် ထူးခြားဆန်းသစ်သော ပညာသင်ကြားရေး Portal ဖြစ်သည့် M-Learning ကို ၂၀၁၇ ခုနှစ် ဇူလှိုင်လ (၁၇) ရက်က စတင်မိတ်ဆက်ခဲ့ပါသည်။ ဤဝန်ဆောင်မှုတွင် သုံးစွဲသူ၏ အင်္ဂလိပ်စာကျွမ်းကျင်မှုအဆင့် (အခြေခံအဆင့်၊ အလယ်အလတ်နှင့် အဆင့်မြင့်) အပေါ်မူတည်၍ ကဏ္ဍအမျိုးမျိုးခွဲခြားထားသော သင်ခန်းစာမျိုးစုံပါဝင်ပါသည်။
M-Learning မိုဘိုင်းလ် Portal တွင် ကဏ္ဍခြောက်မျိုးပါဝင်ပြီး နောက်ဆုံးပေါ် ဝေါဟာရများ၊ စကားပြောဆိုမှုနှင့် အပြန်အလှန်ပြောဆိုခြင်းဆိုင်ရာ အချက်အလက်များအပြင် အသံထွက်လေ့ကျင့်ရန် အတွက် အကြံပေးချက် အသံနမူနာများ ပါဝင်ပါသည်။
စာရင်းသွင်းဆောင်ရွက်ရန် : 8282 သို့ ON ဟု စာသားရိုက်နှိပ်ပြီး SMS ပေးပို့ရန်
ဝန်ဆောင်မှုနှုန်းထား : တစ်ရက်လျှင် ၁၅၈ ကျပ် (အခွန်ပါဝင်ပြီး)
ဝင်ရောက်ကြည့်ရှုရန် : http://engclass.up.st

တက်လမ်းအွန်လိုင်းပညာရေးဝန်ဆောင်မှု

MPT အနေဖြင့် တက်လမ်းအွန်လိုင်းပညာရေးဝန်ဆောင်မှုကို ၂၀၁၉ ဇွန်လ ၅ ရက်နေ့တွင် စတင်ခဲ့ပြီး ယနေ့ခေတ်မြန်မာလူငယ်များ၏ ပိုမိုတောက်ပသည့်အနာဂတ်ကို ပိုင်ဆိုင်နိုင်ရန်၊ အရည်အချင်းနှင့်အရည်အသွေးပိုမိုတိုးတက်စေရန်အတွက် အမျိုးအစားစုံလင်လှသည့် ပညာရေးဆိုင်ရာ ဗွီဒီယိုများနှင့် သင်ခန်းစာများကို သင်ယူလေ့လာနိုင်မည်ဖြစ်သည်။ အဆိုပါ အွန်လိုင်းပညာရေး ဝန်ဆောင်မှုမှ တစ်ဆင့် မြန်မာလူငယ်၊ ကျောင်းသားကျောင်းသူများသည် ၎င်းတို့သင်ခန်းစာနှင့်ပတ်သက်သည့် သင်ကြားရေး အထောက်အကူပြုနည်းလမ်းများ သာမက စာသင်ခန်းပြင်ပမှနေ၍ ၎င်းတို့သိလိုသည်များကို မိမိတို့ကိုယ်ပိုင်အချိန်များတွင်ပါ လေ့လာနိုင်မည့် အထွေထွေ အင်္ဂလိပ်၊ စီးပွားရေးသုံး အင်္ဂလိပ်၊ ဈေးကွက်စီမံ ခန့်ခွဲမှု၊ အိုင်တီ၊ ကွန်ပျူတာလေ့လာနည်း၊ ပန်းချီ၊ ဂီတ စသည့် ကဏ္ဍအစုံအလင်ပါဝင်သင်သည့် သင်ကြားရေးဗွီဒီယိုများနှင့် သင်ခန်းစာများကို မိမိတို့နှစ်သက်ရာ ဘာသာရပ်အလိုက် ရွေးချယ်သင်ယူလေ့ လာနိုင်မည်ဖြစ်သည်။
စာရင်းသွင်းဆောင်ရွက်ရန် : 8228 သို့ ON ဆိုသည့် စာသားရိုက်နှိပ်ပြီး SMS ပေးပို့ရန်
ဝန်ဆောင်မှုနှုန်းထား : တစ်ရက်လျှင် ၁၀၅ ကျပ် (အခွန်ပါဝင်ပြီး)
ဝင်ရောက်ကြည့်ရှုရန် : http://tatlanapp.com or http://tl.lotayamm.com

MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ဖုန်းခေါ်ဆို၍သော်လည်းကောင်း၊ MPT ၏ တရားဝင် Facebook page ဖြစ်သည့် https://www.facebook.com/mptofficialpage/ နှင့် MPT ၏ တရားဝင် website ဖြစ်သည့် www.mpt.com.mm သို့လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ဂိမ်းချစ်သူများအတွက် ပိုမိုကောင်းမွန်သည့် အတွေ့အကြုံများယူဆောင်လာသည့် “AppTouch” ဂိမ်းဝန်ဆောင်မှု အသစ်ကို MPT မိတ်ဆက်

ကမ္ဘာပေါ်ရှိ လူကြိုက်အများဆုံးဂိမ်းများကို မိမိတို့၏ Android ဖုန်းများပေါ်တွင် AppTouch ဝန်ဆောင်မှုမှ တစ်ဆင့် အသင့်ကစားနိုင်ပြီဖြစ်သဖြင့် မြန်မာလူငယ်များအနေဖြင့်ဂိမ်းကစားမှု အတွ့အကြုံသစ်များ ကိုခံစားနိုင်ပြီ

(ရန်ကုန်၊ ၂၀၁၉ခုနှစ် ၊ ဇွန်လ ၂၁ ရက်)- MPT က ဂိမ်းဝန်ဆောင်မှုအသစ်ဖြစ်သည့် “AppTouch” ဝန်ဆောင်မှုကို Huawei Myanmar နှင့်အတူ ပူးပေါင်း၍ မိတ်ဆက်လိုက်ခြင်းဖြင့် MPT သုံးစွဲသူများအတွက် ဂိမ်းအက်ပလီကေးရှင်းများ အပါအဝင် အဆင်မြှင့်တင်ထားသည့် ဒီဂျစ်တယ်ဖျော်ဖြေရေးဆိုင်ရာ ဝန်ဆောင်မှု အစီအစဉ်များကို ဆောင်ရွက်လိုက်ပြီဖြစ်သည်။ ယခု ဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် နိုင်ငံတစ်ဝှမ်းမှ MPT သုံးစွဲသူများအတွက် ပျော်ရွှင်ဖွယ်ကောင်းသည့် ဂိမ်းအစီအစဉ်များအားလုံးကို ဈေးနှှုန်းသက်သာစွာဖြင့် ဝန်ဆောင်မှု တစ်ခုတည်းတွင် အသုံးပြုနိုင်မည် ဖြစ်သည်။
AppTouch ဝန်ဆောင်မှုတွင် Android မိုဘိုင်းလ်ဖုန်းများအတွက် လိုင်စင်ရယူထားပြီးဖြစ်သည့် ဒေါင်းလုတ်ယူနိုင်သော အရည်အသွေးမြင့်နာမည်ကျော် ဂိမ်း အစီအစဉ်များကို ထည့်သွင်းပေးထားသဖြင့် MPT သုံးစွဲသူများအနေဖြင့် Action ၊ Casual and Puzzle ၊ Chess and Cards ၊ Music ၊ Racing ၊ Role Playing ၊ Sports နှင့် Strategy ဂိမ်းများပါ ဝင်သည့် Android ဂိမ်းပေါင်း ၂,၀၀၀ ကျော်ကို ကစားနိုင်မည် ဖြစ်သည်။
ဂိမ်းကစားခြင်းကို အထူးနှစ်သက်သော မြန်မာလူငယ်များအနေဖြင့် နာမည်ကျော်ဂိမ်းများကို ဈေးနှုန်း သက်သာသည့် စာရင်းသွင်းခနှုန်းထားဖြင့် ကစားနိုင်ကြတော့မည် ဖြစ်သည်။ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် သုံးစွဲသူများအနေဖြင့် နာမည်ကျော် ဂိမ်းများဖြစ်သည့် Legacy of Discord ၊ Mounment Valley ၊ Piano Tiles 2 ၊ Legend of Lords ၊ Monsu 2 နှင့် Subway Surfers ကဲ့သို့သော ဂိမ်းများကို ရယူနိုင်မည် ဖြစ်ပြီး၊ Football Champions 2019 ၊ Need for Speeds ၊ Dancer Ball ၊ Helix Jump ၊ BIKE BLAST ၊ ChooChoo Heroes ၊ Ninja Arashi နှင့် Beasts Evolved ကဲ့သို့သော ဂိမ်းများကိုလည်း ကျသင့်သလောက်ပေး အစီအစဉ် (Pay per Download(PPD)) ဖြင့် ကြိုက်သလောက် ဒေါင်းလုတ်ဆွဲကာ ကစားနိုင်မည် ဖြစ်သည်။
MPT သုံးစွဲသူများအနေဖြင့် AppTouch ဝန်ဆောင်မှုကို ၎င်း၏ ဝက်ဘ်ဆိုက် ဖြစ်သည့် (http://apptouch.vip) မှ လည်းကောင်း ၊ http://apptouch.vip ၏ အောက်ခြေ တွင်ပြထားသည့် AppTouch application ခလုတ် ကိုနှိပ်ပြီး အက်ပလီကေးရှင်းကို ဒေါင်းလုတ်ရယူကာ မိုဘိုင်းလ်ဖုန်းမျက်နှာပြင်တွင် ပေါ်လာသည့် ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ခြင်း ဖြင့်လည်းကောင်း၊ လိုတရဝက်ဘ်ပေါ်တယ် https://lotaya.mpt.com.mm/event/228 မှတစ်ဆင့် ရယူနိုင်ပါသည်။
AppTouch ဝန်ဆောင်မှုကို ရယူရန်အတွက် သုံးစွဲသူများအနေဖြင့် တစ်ရက်စာအတွက် စာရင်းသွင်းရယူရန် 8550 သို့ “GD” သို့မဟုတ် “ON” ဟု စာတို (SMS) ပေးပို့ခြင်း၊ တစ်ပတ်စာအတွက် စာရင်းသွင်းရယူရန် 8550 သို့ “GW” ဟု စာတို (SMS) ပေးပို့ခြင်းနှင့် တစ်လစာအတွက် စာရင်းသွင်းရယူရန် 8550 သို့ “GM” ဟု စာတို (SMS) ပေးပို့ခြင်းတို့ဖြင့် စာရင်းသွင်းရယူနိုင်မည်ဖြစ်ပြီး တစ်ရက်စာအတွက် ၉၉ ကျပ်၊ တစ်ပတ်စာအတွက် ၄၉၉ ကျပ်နှင့် တစ်လစာအတွက် ၉၉၉ ကျပ် ကျသင့်မည် ဖြစ်သည်။ စာရင်းသွင်းရယူထားခြင်း မဟုတ်သည့် သုံးစွဲသူများအနေဖြင့်လည်း ၎င်းဝန်ဆောင်မှုတွင် ပါဝင်သည့် ဂိမ်းများကို ဝယ်ယူလိုပါက ဒေါင်းလုတ်တစ်ကြိမ်ဆွဲတိုင်း အနည်းဆုံး ၃၀၀ ကျပ်မှစ၍ အများဆုံး ၃၂,၀၀၀ ကျပ် အထိ ကျသင့်မည် ဖြစ်သည်။ စာရင်းသွင်းရယူထားသည့် သုံးစွဲသူများသည် VIP အသုံးပြုသူများ အဆင့်ရရှိမည်ဖြစ်ပြီး AppTouch တွင် ပါဝင်သည့် ဂိမ်းများအားလုံးကို ရယူဆော့ကစားနိုင်မည် ဖြစ်ပြီး၊ VIP အသုံးပြုသူများ အနေဖြင့် အက်ပလီကေးရှင်းအတွင်း ဝယ်ယူမူများအားလုံးတွင်လည်း လျော့ဈေးရရှိမည် ဖြစ်သည်။
MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှလည်း “အခုလို AppTouch ဝန်ဆောင်မှုနဲ့အတူ MPT ရဲ့ အကျယ်ပြန့်ဆုံး နဲ့ အမြန်ဆုံးကွန်ရက်ပေါ်က တစ်ဆင့် မိုဘိုင်းလ်ဂိမ်းတွေကစားရတာကို ကြိုက်နှစ်သက်တဲ့ လူငယ်တွေအတွက် အမျိုးအစားစုံလင်လှပြီး စိတ်လှုပ်ရှားစရာအပြည့်နဲ့ ဂိမ်းကစားမှုအတွေ့အကြုံတွေကို ဂိမ်းရယူကစားတဲ့ လူငယ်တွေ အတွက် ဆောင်ကျဉ်း ပေးသွားမှာဖြစ်ပါတယ်။ မိုဘိုင်းလ်နည်းပညာကမ္ဘာထဲမှာ ဒီဂျစ်တယ်ဆိုင်ရာ တီထွင်ဆန်းသစ်မှုတွေက အချိန်နဲ့အမျှပြောင်းလဲနေတယ်ဆိုတာကို MPT အနေနဲ့ နားလည်ထားပြီး ဒီနည်းပညာ အပြောင်းအလဲ တွေနဲ့ သုံးစွဲသူတွေကို အမြဲတမ်းနီးစပ်နေအောင် လုပ်ပေးနိုင်ဖို့ ကျွန်တော်တို့ MPT အနေနဲ့ အစဉ်တစိုက် ကြိုးပမ်းနေပါတယ်။ Android အသုံးပြုသူတွေအနေနဲ့လည်း MPT မှာသာ ရရှိနိုင်ပြီး စာရင်းသွင်းရယူနိုင်တဲ့ စိတ်ဝင်စားစရာပက်ကေ့ချ်တွေ ဖန်တီးပေးထားတာကြောင့် ပိုပြီးစုံလင်လှတဲ့ ရွေးချယ်စရာတွေကို ရနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောကြားသွားခဲ့ပါသည်။
သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် MPT က ၎င်း ဝန်ဆောင်မှုကို ရယူသုံးစွဲသူများအတွက် အထူးပရိုမိုးရှင်းအစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၁ ရက် မှ သြဂုတ်လ ၂၀ ရက် အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ဝန်ဆောင်မှုရယူထားသော သုံးစွဲသူများအနေဖြင့် အထူးပရိုမိုးရှင်းအစီအစဉ် ကာလ ၂ လအတွင်း ရွှေဒင်္ဂါး ပြား၂ ဆု၊ Huawei Y7 Prime (၂) လုံး နှင့် ၃, ၀၀၀ ကျပ်တန် MPT ငွေဖြည့် ကတ်ပေါင်း ၆၀ တို့ကို ကံထူးနိုင်ခွင့် ရနိုင်မည် ဖြစ်သည်။ အသေးစိတ် အချက် အလက်များနှင့် စည်းမျဉ်း၊ စည်းကမ်းများကို https://lotaya.mpt.com.mm/event/228 တွင် ကြည့်ရှုနိုင်ပါသည်။
MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ဖုန်းခေါ်ဆိုခြင်း (သို့မဟုတ်) AppTouch ဝန်ဆောင်မှုနှင့် ပတ်သက်၍ ဖုန်းနံပါတ် ၀၉-၈၉၈၉၈၈၀၈၄ သို့ ဖုန်းခေါ်ဆိုခြင်း (သို့မဟုတ်) MPT ၏ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/mptofficialpage/ (သို့မဟုတ်) MPT ၏ တရားဝင်ဝက်ဘ်ဆိုက် ဖြစ်သည့် www.mpt.com.mm သို့ ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

The Voice Myanmar Season – 2 အတွက် “Guess and Win” Facebook ပြိုင်ပွဲအစီအစဉ် မှ ကံထူးရှင်များကို MPT မှ ကြေညာ

(ရန်ကုန် – ၁၈ ရက် ဇွန်လ ၂၀၁၉) _ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်မြင်သံကြား ပရိသတ်များအနေဖြင့် ၎င်းတို့၏ရုပ်မြင်သံကြားစက်များ၊ မိုဘိုင်းလ်ဖုန်းများမှတစ်ဆင့် ကြည့်ရှုသူအများဆုံးဖြစ်ခဲ့သည့် The Voice Myanmar ၏ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ပြိုင်ပွဲ ရက်သတ္တပတ်များအပြီးတွင် The Voice Myanmar ၏ အနိုင်ရရှိသူထွက်ပေါ်လာခဲ့ပြီဖြစ်ရာ ပရိသတ်များအနေဖြင့် မိမိတို့၏ နှစ်သက်သည့် ပြိုင်ပွဲဝင်များနှင့်အတူ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ပြီဖြစ်သည်။
မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT သည် The Voice Myanmar ပြိုင်ပွဲကြီး၏ နောက်ဆုံးမိနစ်များတွင် ပြိုင်ပွဲဝင်များကို မှန်ကန်စွာ ရွေးချယ်ခဲ့သည့် “Guess and Win” ပြိုင်ပွဲအစီအစဉ်၏ ကံထူးရှင်များကို အောက်ပါအတိုင်းကြေညာပေးခဲ့ပြီး အထူးဆုကြီးများအဖြစ် SAMSUNG Galaxy A30 မိုဘိုင်းလ်စမတ်ဖုန်းများကို ပေးအပ်ချီးမြှင့်သွား မည်ဖြစ်သည်။

 

MPT “Guess and Win” Facebook ပြိုင်ပွဲအစီအစဉ်မှ ကံထူးရှင်များစာရင်း

စဉ်ဆု

အနိုင်ရရှိသူ၏

အမည်

Facebook လိပ်စာ
SAMSUNG Galaxy A30Khunn Khunn Mammyhttps://www.facebook.com/su.nge.923
SAMSUNG Galaxy A30Paing Thethttps://www.facebook.com/paing.thet.1441
SAMSUNG Galaxy A30Seint Seint Nainghttps://www.facebook.com/flora.fauna.9022
SAMSUNG Galaxy A30Phoo Pwinthttps://www.facebook.com/profile.php?id=100020432671326
SAMSUNG Galaxy A30Kyaw Kyaw Thwinhttps://www.facebook.com/kyaw.thwin.58
SAMSUNG Galaxy A30Moe Sann Pannhttps://www.facebook.com/kimjhon.honn

 

မြန်မာနိုင်ငံမှ ပရိသတ်အများဆု၏ အားပေးမှုကို ရရှိခဲ့ပြီး အနာဂတ်၏ စူပါစတား အဆိုကျော်ဖြစ်လာခဲ့သူ Novem Htoo သည် ၂၀၁၉ ခုနှစ် ဇွန်လ ၁၆ ရက် တွင် ကျင်းပပြုလုပ်ခဲ့သည့် နောက်ဆုံးအဆင့်ပြိုင်ပွဲ တွင် အမြင့်ဆုံးမဲအရေအတွက်ကို ရရှိခဲ့ပြီး အခြားသော ပြိုင်ပွဲဝင်များဖြစ်ကြသည့် Paul Austin၊ Melody Khong နှင့် Hazel တို့ အား ကျော်ဖြတ်ပြီး၊ Team Kyar Pauk ကို ကိုယ်စားပြုကာ The Voice Myanmar Season – 2 ၏ အနိုင်ရရှိသူ ဖြစ်လာခဲ့ပါသည်။
MPT မှပေးအပ်ချီးမြှင့်သည့် “People’s Favorite Voice Award by MPT” ဆုရှင်နှစ်ဦးဖြစ်သော Paul Austin နှင့် David Htoo တို့ကို မှန်ကန်စွာခန့်မှန်းပေးနိုင်သည့် MPT သုံးစွဲသူများထဲမှ ကံထူးရှင်များနှင့် MPT ၏ “Guess and Win” Facebook ပြိုင်ပွဲအစီအစဉ်တွင် အနိုင်ရရှိမည့် ပြိုင်ပွဲဝင်များကို မှန်ကန်စွာခန့်မှန်းပေးနိုင်ခဲ့သည့် ပရိသတ်များထဲမှ ကံထူးရှင်များကို ဆုများပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်းကျင်းပပြုလုပ်ပေးသွားမည်ဖြစ်သည်။
နေရာ ။ ။ Junction City Promotion Area (Main Atrium)
နေ့ရက်။ ။ ၂၀၁၉ ခုနှစ် ဇွန်လ ၂၃ ရက်
အချိန်။ ။ ညနေ ၃း၀၀ နာရီ မှ ၅း၀၀ နာရီအထိ
ပြိုင်ပွဲဝင်များ။ ။ Novem Htoo, Paul Austin, Hazel, Melody Khong, David Htoo

The Voice Myanmar ၏ အနိုင်ရရှိသူ ဖြစ်လာသည့် Novem Htoo မှ “ကျွန်တော့်ဘဝတစ်ခုလုံးကို ဂီတမှာ မြှုပ်နှံခဲ့တာပါ။ အထူးသဖြင့်တော့ ကျွန်တော်ကြိုက်တဲ့ ဂီတအမျိုးအစားပေါ်မှာ ရပ်တည်ခဲ့ရတာပါ။ အခုအခါမှာတော့ ကျွန်တော့်ကို မဲပေးခဲ့ကြတဲ့ ပြည်သူ တွေ အကုန်လုံးကို ကျေးဇူးတင်တယ်လို့ ပြောပါရစေ။ ရက်သတ္တပတ်ပေါင်းများစွာ အားပေးခဲ့ကြတဲ့ ပရိတ်သတ်တွေ၊ ဒိုင်တွေ၊ သူငယ်ချင်းတွေ၊ ပွဲစီစဉ်သူတွေ၊ ဒီပြိုင်ပွဲကြီး ဖြစ်လာဖို့အတွက် ပါဝင်ကူညီခဲ့သူတွေ အားလုံး ကို ကျေးဇူးတင်ပါတယ်”ဟု ပြောခဲ့ပါသည်။
Blind audition မှစပြီး၊ Novem အနေဖြင့် Metal သီချင်းများ သီဆိုပြီး အခြားသောပြိုင်ပွဲဝင်တွေနှင့် ကွဲထွက်ကာ ပရိသတ်များ၏ အသည်းနှလုံးကို ဖမ်းစားနိုင်ခဲ့ရင်း၊ အခုအခါမှာတော့ ပြိုင်ပွဲရဲ့ အနိုင်ရသူ ဖြစ်လာခဲ့ပါသည်။ ဆက်လက်ပြီး Novem မှ “အခုဆိုရင် ကျွန်တော်က The Voice Myanmar Season 2 ကြောင့် ပရိုဂီတသမားတစ်ယောက်ဖြစ်ဖို့ လမ်းကြောင်းပေါ်ကို ရောက်လာခဲ့ပါပြီ။ ပြိုင်ပွဲမှာ အနိုင်ရတဲ့အတွက် ဆုရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် Universal Record နဲ့အတူ Single သီချင်းတစ်ပုဒ်တွဲလုပ်ဖို့လည်း ဖြစ်လာနေပါပြီ။ ပြိုင်ပွဲရဲ့ အဓိက sponsor ဖြစ်တဲ့ MPT ကိုလည်း ဒီစိတ်လှုပ်ရှားစရာ ခရီးရှည်ကြီးကို ကျွန်တော်တို့နဲ့အတူ ပါဝင်ခဲ့တဲ့အတွက်လည်း ကျေးဇူးအများကြီး တင်ရပါတယ်။ ကျေးဇူးတင်တယ်ဆိုတာထက် ပိုကောင်းတဲ့စကားရှိရင်တောင် ကျွန်တော်က ပြောချင်တာပါ” ဟု ထပ်မံပြောခဲ့ပါသည်။

အဆိုပါ နိုင်ငံတကာအသိအမှတ်ပြု ဂီတပြိုင်ပွဲကြီးတွင် MPT မှ အဓိက Sponsor အဖြစ် ပါဝင်ခဲ့ပြီး၊ Novem Htoo အနေဖြင့် ဆုလက်ဆောင်အဖြစ်ကျပ် သိန်း ၂၀၀၊ Ford ကားအသစ်တစ်စီး၊ Universal Records နှင့် single သီချင်းတစ်ပုဒ် တွဲဖက်ဖန်တီးခွင့်တွေကို ရရှိခဲ့ပါသည်။
MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှလည်း ယခုနှစ်ပြိုင်ပွဲရလဒ် အတွက် ၎င်း၏ပျော်ရွှင်မှုခံစားချက်ကို ပြောပြခဲ့ရာတွင် “The Voice Myanmar Season 2 ကို စောင့်ကြည့်ခဲ့ရတာ အင်မ တန် စိတ်လှုပ်ရှားစရာပါ။ ကျွန်တော်တို့ဟာ အနာဂတ် မြန်မာနိုင်ငံရဲ့ စူပါစတားအဆိုတော်တစ်ယောက် ပေါ်ထွက်လာတာ ကို မြင်ခဲ့ရပါတယ်။ MPT အနေနဲ့ ကမ္ဘာ့အဆင့်မီ ဂီတသမားတွေ ပေါ်ပေါက်လာတဲ့အပေါ် ကူညီထောက်ပံ့ပေးရတာကို အရမ်းပဲ ဝမ်းသာရပါတယ်။ ပြိုင်ပွဲဝင်အသီးသီးကို မိမိနှစ်သက်ရာ အားပေးခဲ့ကြရင်း MPT ရဲ့ 4G/LTE ကွန်ရက်ပေါ်ကနေတစ်ဆင့့် နောက်ဆုံးအဆင့်အထိ မဲတွေ ပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။ အနိုင်ရသွား တဲ့ ချန်ပီယံ Novem Htoo ကိုလည်း ဂုဏ်ယူတဲ့အကြောင်း၊ ဒီနေရာကနေစပြီး ရှေ့ဆက်ရမယ့် ဂီတခရီးမှာ အောင်မြင်မှုတွေ ရပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။ The Voice Myanmar Season 3 ကို အားလုံး ပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ စောင့်မျှော်ကြည့်ရှုကြ ရအောင်ပါ” ဟု ပြောကြားခဲ့ပါသည်။
MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် အသေးစိတ်ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ဖုန်းခေါ်ဆို၍လည်းကောင်း (သို့မဟုတ်) MPT ၏ တရားဝင် Facebook page ဖြစ်သည့် https://www.facebook.com/mptofficialpage/ နှင့် MPT ၏ တရားဝင် website ဖြစ်သည့် www.mpt.com.mm သို့ လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT မှ အလွန်လျင်မြန်ပြီး စိတ်ချရသည့် ဒုံးပျံ အိမ်သုံး ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုကို မိတ်ဆက်

(ရန်ကုန်၊ ၂၀၁၉ခုနှစ် ၊ ဇွန်လ ၁၇ ရက်) MPT မှ လက်ရှိ FTTH သုံးစွဲသူများနှင့် သုံးစွဲသူအသစ်များအတွက် အံသြသွားစေမည့် ဒုံးပျံ အိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှု အသစ်အား စတင်မိတ်ဆက်ပေးလိုက်ပြီဖြစ်သည်။ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုမှာ ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး ယခင်အစီအစဉ်များထက် များစွာပိုမိုမြန်ဆန်လှသည့်အပြင် အကောင်းဆုံးသော သုံးစွဲသူ အတွေ့အကြုံများကို ပေးစွမ်းမည်ဖြစ်သည်။
ယခု ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှု အသစ်မှာ မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT ၏ ဖိုင်ဘာအင်တာနက်လိုင်းအသစ်ဖြစ်ပြီး လက်ရှိသုံးစွဲနေသူမျာနှင့် အသစ် အသစ်သော သုံးစွဲမည့်သူများအတွက် အကျိုးအမြတ်ကောင်းများရရှိစေမည်ဖြစ်ကာ လက်ရှိ လိုင်းဆွဲအား အမြန်နှုန်း(bandwidth) ပမာဏထက် နှစ်ဆတိုးမြှင့်ထားပြီး လစဉ်နှုုန်းထားမှာမူ ပုံမှန်နှုန်းထားအတိုင်းသာ ကျသင့်မည် ဖြစ်သည်။ လက်ရှိ MPT FTTH သုံးစွဲသူများမှာ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုတွင် အလိုအလျောက် အဆင့်မြှင့်တင်သွားပြီး တိုးချဲ့လိုက်သည့် လိုင်းဆွဲအား အမြန်နှုန်း(bandwidth) ဖြင့် အသုံးပြု နိုင်မည်ဖြစ်သည်။

ဒုံးပျံ အိမ်သုံး ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှု အသစ်အရ ၃၉,၀၀၀ ကျပ်နှုန်းထားဖြင့် လက်ရှိ 10 Mbps အမြန်နှုန်းဖြင့် သုံးစွဲသူများမှာ ယခုပြောင်းလဲလိုက်သည့် 20 Mbps အမြန်နှုန်းဖြင့် မူလအတိုင်း ၃၉,၀၀၀ ကျပ်ဖြင့်အသုံးပြုနိုင်မည်ဖြစ်သည်။ ယခင် ၆၉,၀၀၀ ကျပ်ဖြင့် 25 Mbps အစီအစဉ်အား ဝယ်ယူထားသူ များမှာလည်း ယခုတွင် ပိုမိုမြန်ဆန်သော 50 Mbps အမြန်နှုန်းဖြင့် အင်တာနက်ကို အသုံးပြုနိုင်တော့မည်ဖြစ်ပြီး ၁၀၉,၀၀၀ ကျပ်ဖြင့် 50 Mbps အား အသုံးပြုနေသော သုံးစွဲသူများမှာမူ စူပါအမြန်နှုန်းဖြစ်သည့် 100 Mbps အား အသုံးပြုနိုင်ပြီဖြစ်သည်။ ယခုလို လိုင်းဆွဲအား အမြန်နှုန်း(Bandwidth) မြှင့်တင်မှုများအတွက် လက်ရှိ သုံးစွဲသူများ၏ လစဉ်ကြေးများမှာမူ မူလနှုန်းထား အတိုင်းသာ ရှိမည်ဖြစ်ပြီး မည်သည့် အပိုထပ်ဆောင်း စရိတ်မျှ ပေးရန်မလိုဘဲ ရယူအသုံးပြုနိုင်မည်ဖြစ်သည်။

အသုံးပြုခွင့်အစီအစဉ် သုံးမျိုးလုံးအတွက် မိုဘိုင်းလ်အကျိုးအမြတ်များမှာလည်း မူလအတိုင်းရရှိမည် ဖြစ်ပြီး သုံးစွဲသူများမှာ ယခင်နှုန်းထားဖြင့် အောက်ဖော်ပြပါ နှိုင်းယှဉ် ဇယားအတိုင်း သုံးစွဲနိုင်မည် ဖြစ်သည်။

လက်ရှိအစီအစဉ်

ဒုံးပျံအိမ်သုံး ဖိုင်ဘာ အင်တာနက်ဝန်ဆောင်မှု

MPT-KGSM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umedaမှ “ MPT သုံးစွဲသူတွေအတွက် ပိုပြီးမြန်ဆန်တဲ့ အင်တာနက်သုံးစွဲမှု အတွေ့အကြုံကောင်းတွေကို ရရှိနိုင်ဖို့အတွက် ဒီနေ့မှာတော့ ဒုံးပျံ အိမ်သုံးအင်တာနက် ဝန်ဆောင်မှုအသစ်ကို မိတ်ဆက်လိုက်ပါပြီ။ ဒီနေ့ခေတ်ရဲ့ လူမှုဆက်သွယ်ရေးလုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အင်တာနက် အမြန်နှုန်းဟာ တကယ့်ကို အရေးပါတယ်ဆိုတာ ကျွန်တော်တို့ သိရှိနားလည်ထားပါတယ်။ ဒါကြောင့်လဲ ဒီဝန်ဆောင်မှုအသစ်ကို ကြေညာဖို့အတွက် ကျွန်တော်တို့ တကယ့်ကို စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ MPT ရဲ့ အတွေ့အကြုံတွေနဲ့ လက်တွေ့ ဆန်းစစ်မှုုတွေအရ အင်တာနက်အမြန်နှုန်းဟာ လူတစ်ဦးချင်းစီအတွက် လူမှုဘဝမှာရော၊ လုပ်ငန်းခွင်က လုပ်ငန်း ဆောင်ရွက်မှုတွေမှာပါ အကျိုးအမြတ်ကောင်းတွေ ဖြစ်ထွန်းစေတာကို တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ ဒါကြောင့် MPT သုံးစွဲသူတွေအတွက်နေ့စဉ်ဘဝနဲ့ လုပ်ငန်းဆောင်တာတွေမှာ ပိုမိုအဆင်ပြေစေပြီး ရှေ့ကိုလှမ်းချီနိုင်မယ့် လူမှုအဖွဲ့အစည်းတစ်ရပ် ဖြစ်လာဖို့ လစဉ်ကြေးနှုန်းထားကို ပြောင်းလဲခြင်းမရှိဘဲ လိုင်းဆွဲအား အမြန်နှုန်း(bandwidth) တွေကို တိုးမြှင့်ပြီး ဝန်ဆောင်မှုတွေကို ဆောင်ရွက် ပေးလိုက် တာပါ” ဟု ပြောကြားခဲ့သည်။

လက်ရှိတွင် MPT ၏ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုကို နိုင်ငံအဝှမ်းရှိမြို့ကြီးများဖြစ်သော ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပဲခူး၊ ပုသိမ်၊ တောင်ကြီးနှင့် မော်လမြိုင် တို့ရှိ မြို့နယ်ပေါင်း ၂၇ ခုတွင် ရရှိနေပြီဖြစ်ကာ ယင်းဒေသရှိ မိသားစုများအနေဖြင့် မြန်နှုန်းမြင့်မားကာ ပိုမိုကောင်းမွန်ပြီး အရည်အသွေးမြင့်မားသည့် ခေတ်မီ အင်တာနက် ဝန်ဆောင်မှုကို ရရှိနိုင်စေမည်ဖြစ်ပါသည်။ MPT အနေဖြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုကို ယခုလာမည့် ဇူလိုင်လမှ စတင်ကာ နောက်ထပ် မြို့နယ် ၃ ခုနှင့် အခြားသောဒေသများသို့ ထပ်မံတို့ချဲ့ဆောင်ရွက်ရန် စီစဉ်ထားပါသည်။

အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ခေါ်ဆို၍သော်လည်းကောင်း ၊ MPT၏ တရားဝင် Facebook စာမျက်နှာhttps://www.facebook.com/mptofficialpage/ သို့မဟုတ် MPT၏တရားဝင် ဝက်ဘ်ဆိုက် http://mpt.com.mm/mm/ သို့ သော်လည်းကောင်း ဝင်ရောက်ကြည့်ရှုစုံစမ်းနိုင်ပါသည်။

MPT မှ မင်းသိင်္ခဗေဒင်၏ တစ်နေ့တာ သင့်ကံကြမ္မာ ဝန်ဆောင်မှုကို အလွန်သက်သာသောနှုန်းထားဖြစ်သည့် တစ်ရက်လျှင် ၉၉ ကျပ် နှုန်းထားဖြင့် ရယူနိုင်မည်

(ရန်ကုန်၊ ဇွန်လ ၁၂ ရက် ၂၀၁၉ ခုနှစ်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT မှ ဗေဒင်ချစ်သူ ခုနစ်ရက်သားသမီးများအတွက် နေ့စဉ်ဟောစာတမ်းများကို ရယူနိုင်မည့် တစ်နေ့တာ သင့်ကံကြမ္မာ ဝန်ဆောင်မှု အား စတင်မိတ်ဆက်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ တနင်္ဂနွေ၊ တနင်္လာ၊ အဂါၤ ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး ၊ သောကြာ နှင့် စနေ နေ့များတွင်မွေးဖွားကြသော သုံးစွဲသူများအနေဖြင့် တစ်နေ့တာ သင့်ကံကြမ္မာ ဝန်ဆောင်မှု များအား နေ့နံအလိုက် တစ်ရက်လျှင် ၉၉ ကျပ်နှုန်း ဖြင့်ရယူအသုံးပြုနိုင်မည်ဖြစ်သည်။ MPT သုံးစွဲသူများအနေဖြင့် ဟောစာတမ်းများကို မင်းသိင်္ခဗေဒင် ဝန်ဆောင်မှု အက်ပလီကေးရှင်း သို့မဟုတ် ဝက်ဘ်ဆိုက် https://bit.ly/mtksublty မှတစ်ဆင့် ရယူနားဆင်နိုင်မည်ဖြစ်သည်။
MPT က မင်းသိင်္ခအွန်လိုင်းဗေဒင် ဝန်ဆောင်မှု ကို Bagan Innovation Technology (BiT) Co., Ltd နှင့် ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၄ရက်တွင် စတင်မိတ်ဆက်ခဲ့ပြီး မေးခွန်းတစ်ခုလျှင် ၂,၀၀၀ ကျပ် မှ စတင်၍ အရေးကြီးသော လမ်းညွှန်မှုများ၊အကြံပြုချက်များ နှင့် ကြိုတင်ဟောစာတမ်းများအား သင့်တင့် သော ဈေးနှုန်းဖြင့် နေ့စဉ်စာရင်းပေးသွင်းစရာမလိုဘဲ မင်းသိင်္ခအွန်လိုင်းဗေဒင် ဝန်ဆောင်မှုအား မိုဘိုင်းလ်အက်ပလီကေးရှင်း နှင့် အွန်လိုင်းပေါ်တယ် နှစ်မျိုးစလုံးတွင်အသုံးပြုနိုင်ခဲ့ပါသည်။
မင်းသိင်္ခဗေဒင်ဝန်ဆောင်မှုမှာ ဗေဒင်ပညာရပ်တွင် ထူးချွန်ကျော်ကြားသည့် ပညာရှင် ဆရာကြီး မင်းသိင်္ခ၏ တပည့် ဗေဒင်ပညာရှင်များ၏ခန့်မှန်းချက်အပေါ်မူတည်၍ ဆောင်ရွက်ထားခြင်းဖြစ်သည်။ ယခုအခါ MPT အသုံးပြုသူများအနေဖြင့် တစ်နေ့တာ သင့်ကံကြမ္မာ ဝန်ဆောင်မှု အား သက်ဆိုင်ရာရက်များအလိုက် တနင်္လာနေ့ မွေးဖွားသူများမှာ “ MON” ၊ အင်္ဂါနေ့မွေးဖွားသူများမှာ “ TUE” ၊ ဗုဒ္ဓဟူးနေ့မွေးဖွားသူများမှာ “ WED” ၊ ကြာသပတေးနေ့မွေးဖွားသူများမှာ “ THU” ၊ သောကြာနေ့မွေးဖွားသူများမှာ “ FRI” ၊ စနေနေ့မွေးဖွားသူများမှာ “ SAT” ၊ တနင်္ဂနွေနေ့မွေးဖွားသူများမှာ “ SUN” တို့ကို သက်ဆိုင်ရာ စာတို ကုဒ်နံပါတ် 8767 သို့ SMS ဖြင့်ပေးပို့ဝယ်ယူနိုင်မည်ဖြစ်သည်။
MPT-KGSM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “သမိုင်းတလျောက်မှာဆိုရင် ဗေဒင်ပညာရပ်ကို အာရှနိုင်ငံတစ်ဝှမ်းကလူအများစုက နက်ရှိုင်းယုံကြည်သလို မြန်မာလူမျိုးတွေအနေနဲ့လည်း နက္ခတ်ဗေဒင်တွေကို တချို့အခြေအနေနဲ့ အရေးကြီးတဲ့အချိန်အခါသမယတွေ မှာ ဓလေ့ထုံတမ်းအစဉ်အလာတစ်ရပ်အနေနဲ့ ယုံကြည်လက်ခံကြတာကို တွေ့မြင်ကြရ မှာ ဖြစ်ပါတယ်။ MPT အနေနဲ့ အခုလို တစ်နေ့တာ သင့်ကံကြမ္မာ ဝန်ဆောင်မှု ကို မိတ်ဆက်ရတဲ့အတွက် ဂုဏ်ယူမိသလို မြန်မာလူမျိုးတွေရဲ့ နှလုံးသားထဲကပုံရိပ်ထဲမှာ ဘာတွေရှိလည်းဆိုတာ သိမြင်နားလည်စေဖို့အတွက် များစွာအထောက်အကူ ရရှိမှာ ဖြစ်ပါတယ်။ MPT ရဲ့ အကျယ်ပြန့်ဆုံးနဲ့အလျင်မြန်ဆုံး ကွန်ရက်ကနေတစ်ဆင့် ကျနော်တို့ရဲ့ ဝန်ဆောင်မှုတွေကို သုံးစွဲသူတွေ ပိုပိုပြီး အဆင်ပြေချောမွေ့စွာနဲ့ အသုံးပြုနိုင်ဖို့အတွက် ဦးတည်ချက်ထား ပြီးတော့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြောကြားခဲ့သည်။
Android အသုံးပြုသူများအနေဖြင့် မင်းသိင်္ခဗေဒင်ဝန်ဆောင်မှု အက်ပလီကေးရှင်းအား Google Play Store မှ ဒေါင်းလုတ် ပြုလုပ်၍သော်လည်းကောင်း မင်းသိင်္ခဗေဒင် ဝန်ဆောင်မှု ဝက်ဘ်ဆိုက် https://bit.ly/mtksublty (သို့) လိုတရ ဝက်ဘ်ဆိုက် https://lotaya.mpt.com.mm/event/225 မှ သော်လည်းကောင်း အသုံးပြုနိုင်မည်ဖြစ်သည်။
အထူးပရိုမိုးရှင်းအစီအစဉ်အဖြစ် မင်းသိင်္ခဗေဒင် ဝန်ဆောင်မှုမှ တစ်နေ့တာ သင့်ကံကြမ္မာ ဝန်ဆောင်မှု ကို ရယူထားသူများအနေဖြင့် ပရိုမိုးရှင်းကာလ ဖြစ်သည့် ၂၀၁၉ ခုနှစ် ဇွန်လ ၁၂ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၁ ရက်အတွင်း (၁) ကျပ်သားတန်ဖိုးရှိ ရွှေဒင်္ဂါးပြား (၃) ပြား နှင့် ၃,၀၀၀ ကျပ်တန် MPT ငွေဖြည့်ကတ် ၁၅၀ ကတ် တို့အား ကံထူးဆု အဖြစ် ရယူနိုင်မည့်အခွင့်အရေးများ ရရှိမည် ဖြစ်သည်။ တစ်လလျှင် ကံထူးဆုအဖြစ် ရွှေဒင်္ဂါးပြား (၁) ပြားနှင့် MPT ငွေဖြည့်ကတ် ၅၀ ကတ် တို့ကို ရွေးချယ်ပေးသွားမည် ဖြစ်ပြီး ပထမအကြိမ် ပရိုမိုးရှင်းကာလအဖြစ် ဇွန်လ ၁၂ ရက်မှ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၁ ရက်အထိ၊ ဒုတိယအကြိမ် ပရိုမိုးရှင်းကာလအဖြစ် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၂ ရက်မှ သြဂုတ်လ ၁၁ ရက်အထိ နှင့် တတိယအကြိမ် ပရိုမိုးရှင်းကာလအဖြစ်၂၀၁၉ ခုနှစ် သြဂုတ်လ ၁၂ ရက်မှ စက်တင်ဘာလ ၁၁ ရက်အထိ သတ်မှတ်ထားပါသည်။ အသေးစိတ်အချက်အလက်နှင့် စည်းမျဉ်းစည်းကမ်းများကို သိရှိလိုပါက မင်းသိင်္ခဗေဒင်နေ့စဉ်စာရင်းသွင်း ဝန်ဆောင်မှုအတွက် လိုတရပေါ်တယ် https://lotaya.mpt.com.mm/event/225 တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့မဟုတ် မင်းသိင်္ခဗေဒင်ဝန်ဆောင်မှု၏ Hotline ဖုန်းနံပါတ်ဖြစ်သည့် ၀၁-၉၃၃၉၂၁၆ သို့ခေါ်ဆို၍သော်လည်းကောင်း ၊ MPT၏ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာhttps://www.facebook.com/mptofficialpage/ (သို့မဟုတ်) MPT၏ တရားဝင် ဝက်ဘ်ဆိုက် http://mpt.com.mm/mm/ (သို့မဟုတ်) မင်းသိင်္ခဗေဒင်ဝန်ဆောင်မှု၏ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/mintheinkhaofficialapp/ တို့တွင် ဝင်ေရောက်ကြည့်ရှုစုံစမ်းနိုင်ပါသည်။

MPT က The Voice Myanmar Season 2 ၏ နောက်ဆုံးအဆင့်သို့ တက်လှမ်းနိုင်သူ ပြိုင်ပွဲဝင်များကို ကြေညာ၊ စိတ်လှုပ်ရှားဖွယ်ရာ နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်မှုများကို ယခုလာမည့် တနင်္ဂနွေနေ့တွင် ကြည့်ရှုနိုင်တော့မည်

(ရန်ကုန် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၀ ရက် )-ရက်သတ္တပတ်များစွာ ကြာမြင့်ခဲ့သည့် ထူးခြားပြောင်မြောက်သော သီဆိုယှဉ်ပြိုင်မှု အပြီးတွင် The Voice Myanmar Season 2 ၏ နောက်ဆုံး ဗိုလ်လုပွဲအဆင့်သို့ တက်လှမ်းနိုင်သူ ပြိုင်ပွဲဝင် (၄) ဦးသာ ကျန်ရစ်သည့် အဆင့်သို့ရောက်ရှိလာခဲ့ပြီး Melody Khong – 55512 (Team Yan Yan Chan), Paul Austin -55513 (Team R-Zar Ni), Hazel – 55503 (Team NiNi Khin Zaw) နှင့် Novem Htoo – 55506 (Team Kyar Pauk) တို့က ယခုအပတ်တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကြရမည်ဖြစ်ကာ အနိုင်ရရှိသူမှာ ဆုငွေ ကျပ်သိန်း ၂၀၀၊ Ford Everest ကား အသစ်တစ်စီး နှင့် အတူ Universal Music မှ တစ်ကိုယ်တော် တေးစီးရီး ထုတ်လုပ်ပေးမည့် အခွင့်အရေးကိုလည်းရရှိမည်ဖြစ်သည်။

“Guess and Win” ပြိုင်ပွဲ အစီအစဉ် ဒုတိယအပတ်
၂၀၁၉ ခုနှစ် ဇွန်လ ၁၀ ရက်မှစတင်၍ The Voice Myanmar Season-2 ပရိသတ်များအနေဖြင့် The Voice Myanmar Season-2၏ အနိုင်ရရှိသူကို မှန်ကန်စွာခန့်မှန်းပြီး ဆုလက်ဆောင်အဖြစ် SAMSUNG Galaxy A30 ဖုန်းအသစ် (၃)လုံးကို ရယူနိုင်မည်ဖြစ်သည်။ Guess and Win ပြိုင်ပွဲကို MPT ၏ Facebook Page သို့ ဝင်ရောက်ပြီး မိမိတို့ခန့်မှန်းချက်များကို Winner အတွက် ၂၀၁၉ ဇွန်လ ၁၆ ရက် ည ၈နာရီ အထိ နောက်ဆုံးထား၍ ခန့်မှန်း မှုများကိုပေးပို့ရုံဖြင့် အစီအစဉ်တွင် အလွယ်တကူ ပါဝင်နိုင်မည်ဖြစ်သည်။ MPT သုံးစွဲသူများအနေဖြင့်လည်း The Voice Myanmar Season-2 ၏ တရားဝင် Facebook စာမျက်နှာပေါ်ရှိ ညွှန်ကြားချက်များကို လိုက်နာရန်လိုအပ်မည်ဖြစ်သည်။ ၂၀၁၉ခုနှစ် ဇွန်လ ၁၉ ရက်တွင် MPT မှ Guess and Win ပြိုင်ပွဲ၏ ပထမအပတ်နှင့် ဒုတိယအပတ်များတွင် မှန်ကန်စွာ ခန့်မှန်းနိုင်သည့် အနိုင်ရရှိသူ (၆)ဦးကို ကြေညာပေးသွားမည်ဖြစ်ပြီး အခြေအနေပေါ်မူတည်၍ တစ်ပတ်လျှင် မှန်ကန်စွာခန့်မှန်းနိုင်သူ (၃) ဦး ထက်ပိုမိုပါက ကျပန်းစနစ်ဖြင့် ရွေးချယ်၍ SAMSUNG Galaxy A30 ဆု လက်ဆောင်ကို ချီးမြှင့်သွားမည်ဖြစ်သည်။
ယခုအချိန်တွင် The Voice Myanmar Season 2 ပြိုင်ပွဲမှာ နောက်ဆုံးအဆင့်သို့ ထိုက်ထိုက်တန်တန် တက်ရောက်သွားခဲ့သည့် ပြိုင်ပွဲဝင် (၄)ဦး အကြိတ်အနယ်ယှဉ်ပြိုင်ရမည့် အဆင့်သို့ရောက်ရှိလာပြီဖြစ်သည်။ MPT အသုံးပြုသူများအနေဖြင့် မိမိတို့ကြိုက်နှစ်သက်ရာ ပြိုင်ပွဲဝင်များကို မြန်မာနိုင်ငံ၏ တေးသံရှင်အ ဖြစ် ပေါ်ထွန်းလာစေရန် အွန်လိုင်း Voting Web Portal စနစ် နှင့် SMS Voting စနစ်များမှ တစ်ဆင့် Voting Package များဝယ်ယူ၍ မဲပေးနိုင်ရန်အတွက် ဆောင်ရွက်ပံံံ့ပိုးပေးထားပြီးဖြစ်သည်။
MPT အသုံးပြုသူများအတွက် Package ၅မျိုး ခွဲခြားပေးထားပြီး အနည်းဆုံး မဲအရေအတွက် ၁၀ ခု လျှင် (၂၆၃) ကျပ် မှစ၍ မဲအရေအတွက် ၁၀၀ လျှင် (၂,၆၂၅) ကျပ် အထိ သတ်မှတ်ပေးထားပါသည်။ MPT သုံးစွဲသူများအနေဖြင့် မဲအရေအတွက် ၁၀ ၊ ၂၀ ၊ ၃၀၊ ၅၀ နှင့် ၁၀၀ ဟူ၍ package များအား သင့်တင့်သော နှုန်းထားများဖြင့် ရွေးချယ်ဝယ်ယူနိုင်ကြမည် ဖြစ်ပါသည်။ Voting Package ဝယ်ယူထားသော MPT အသုံးပြုသူများအနေဖြင့် နောက်ဆုံးဗိုလ်လုပွဲ၏ ပြိုင်ပွဲဝင်များထဲမှ မိမိကြိုက်နှစ်သက်သည့် ပြိုင်ပွဲဝင်များကို The Voice Myanmar ၏ အွန်လိုင်း Voting Web Portal ဖြစ်သော “thevoice.mptvote.com” မဲပေးနိုင်မည်ဖြစ်မည်ဖြစ်သလို SMS Voting ကိုအသုံးပြု၍လည်း မဲပေးနိုင်မည်ဖြစ်သည်။

MPT-KGSM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က လည်း ” ကျွန်တော်တို့အနေနဲ့ရုပ်သံဖျော်ဖြေမှုသမိုင်းရဲ့ အထူးခြားဆုံး အချိန်ကာလတစ်ခုဖြစ်တဲ့ ယခုပြိုင်ပွဲအတွက် ပရိသတ်တွေရဲ့အားပေးမှုပေါင်းများစွာနဲ့အတူ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခွင့်ရတဲ့ အတွက် ဝမ်းသာမိပါတယ်။ MPTရဲ့အကျယ်ပြန့်ဆုံး 4G/LTE ကွန်ရက်နဲ့ အွန်လိုင်းကနေရော SMSကနေပါ မဲပေးနိုင်ဖို့ဆောင်ရွက်ပေးနိုင်တဲ့အတွက်လည်းအားရမိပါတယ်။ “ Guess and Win” ပြိုင်ပွဲရဲ့ရည်ရွယ်ချက်ကလည်း MPT အသုံးပြုသူတွေကိုရော ပရိသတ်တွေကိုရော ယခုထက်ပိုမိုတဲ့ ပျော်ရွှင်မှုနဲ့စိတ်လှုပ်ရှားမှုတွေကိုသယ်ဆောင်လာပေးဖို့ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မိမိတို့ကြိုက်နှစ်သက်တဲ့ ပြိုင်ပွဲဝင်တွေအပေါ် နောက်ဆုံးအဆင့် ယှဉ်ပြိုင်တဲ့အထိ SMS ကနေသော်လည်းကောင်း အွန်လိုင်းကနေသော်လည်းကောင်း အားပေးမှုတွေကိုပြသနိုင်မယ်လို့ ကျွန်တော်တို့လည်း မျှော်လင့်မိပါတယ်။ နောက်ဆုံးအဆင့် ဗိုလ်လုပွဲသို့ တက်ရောက်ယှဉ်ပြိုင်မယ့် ပြိင်ပွဲဝင် ၄ ဦးနဲ့ အတူ Guess and Win ပြိုင်ပွဲမှာကံထူးမယ့် ကံထူးရှင် ပရိသတ်တွေကိုပါ ဂုဏ်ပြုပါတယ်။” ဟုပြောကြားသွားခဲ့သည်။

အသေးစိတ်အချက်အလက်များနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ ကိုသော်လည်းကောင်း MPT ၏တရားဝင် Facebook စာမျက်နှာ https://www.facebook.com/mptofficialpage/ သို့မဟုတ် MPT ၏ တရားဝင် ဝက်ဘ်ဆိုက် www.mpt.com.mm သို့ ဝင်ရောက်ကြည်ရှုလေ့လာနိုင်ပါသည်။

ပညာရေးကို လူတိုင်းလက်လှမ်းမီ လေ့လာနိုင်ရန်အတွက် တက်လမ်းအွန်လိုင်း ပညာရေးဝန်ဆောင်မှု ကို MPT နှင့် ပြည်တွင်းနည်းပညာကုမ္ပဏီတို့ ပူးပေါင်းမိတ်ဆက်

ယနေ့ခေတ်မြန်မာလူငယ်များ၏ ပိုမိုတောက်ပသည့်အနာဂတ်ကို ပိုင်ဆိုင်နိုင်ရန်၊ အရည်အချင်းနှင့်အရည်အသွေးပိုမိုတိုးတက်စေရန်အတွက် အမျိုးအစားစုံလင်လှသည့် ပညာရေးဆိုင်ရာ ဗွီဒီယိုများနှင့် သင်ခန်းစာများကို သင်ယူလေ့လာနိုင်မည်
( ရန်ကုန် ၊ ၂၀၁၉ ခုနှစ် ၊ ဇွန်လ ၅ ရက်)- နည်းပညာတိုးတက်ပြောင်းလဲမှုသည် ယနေ့ခေတ်လူမှု အဖွဲ့အစည်းတွင် အဓိကကျသော ပေါင်းကူးတစ်ခု ဖြစ်ပြီး မိမိသိလိုသည့် အသိပညာ ဗဟုသုတများ၊ ပညာရေးနှင့် ပတ်သက်သည့် အချက်အလက်များကို နေရာမရွေး အချိန်မရွေးလေ့လာနိုင်မည်ဖြစ်သည်။ ကမ္ဘာတလွှားမှ လူငယ်များသည် အသိပညာနှင့် ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုများကို ကျောင်းစာသင်ခန်း အတွင်း သာမက အင်တာနက်စာသင်ခန်းများမှာပါ စုဆောင်းရှာဖွေနေကြပြီ ဖြစ်သည်။ တိုးတက်ပြောင်း လဲလာသော ခေတ်ရေစီးကြောင်းကိုလိုက်၍ မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT သည် ပြည်တွင်း နည်းပညာနှင့် သတင်းအချက်အလက် ကုမ္ပဏီတစ်ခုဖြစ်သည့် ထွဋ်ကုမ္ပဏီနှင့် ပူးပေါင်း၍ ပညာရေး ဝန်ဆောင်မှု ပလက်ဖောင်း တစ်ခုဖြစ်သည့် တက်လမ်းအွန်လိုင်းပညာရေး ဝန်ဆောင်မှုကို မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန် ကြေညာသည်။
တက်လမ်းအွန်လိုင်း ပညာရေးဝန်ဆောင်မှုကို တက်လမ်း အက်ပလီကေးရှင်း နှင့် တက်လမ်းဝက်ဘ်ပေါ်တယ် (http://tatlanapp.com) တွင် ရယူအသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ အွန်လိုင်းပညာရေး ဝန်ဆောင်မှုမှ တစ်ဆင့် မြန်မာလူငယ်၊ ကျောင်းသားကျောင်းသူများသည် ၎င်းတို့သင်ခန်းစာနှင့်ပတ်သက်သည့် သင်ကြားရေး အထောက်အကူပြုနည်းလမ်းများ သာမက စာသင်ခန်းပြင်ပမှနေ၍ ၎င်းတို့သိလိုသည်များကို မိမိတို့ကိုယ်ပိုင်အချိန်များတွင်ပါ လေ့လာနိုင်မည့် အထွေထွေ အင်္ဂလိပ်၊ စီးပွားရေးသုံး အင်္ဂလိပ်၊ ဈေးကွက်စီမံ ခန့်ခွဲမှု၊ အိုင်တီ၊ ကွန်ပျူတာလေ့လာနည်း၊ ပန်းချီ၊ ဂီတ စသည့် ကဏ္ဍအစုံအလင်ပါဝင်သင်သည့် သင်ကြားရေးဗွီဒီယိုများနှင့် သင်ခန်းစာများကို မိမိတို့နှစ်သက်ရာ ဘာသာရပ်အလိုက် ရွေးချယ်သင်ယူလေ့ လာနိုင်မည်ဖြစ်သည်။
ဗွီဒီယို သင်ခန်းစာများသည် အခြားမည်သည့် နိုင်ငံ၏ သင်ရိုးများကို ပြန်လည်မှီငြမ်းထားခြင်းမရှိဘဲ ၁၀၀ ရာနှုန်းပြည့် မြန်မာ့ပတ်ဝန်းကျင်နှင့် လိုအပ်ချက်များကိုအခြေခံထားခြင်း ဖြစ်သောကြောင့် မြန်မာကျောင်းသား လူငယ်များအနေဖြင့် အလွယ်တကူ နားလည်သဘောပေါက် နိုင်မည်ဖြစ်သည်။ ဝန်ဆောင်မှုသုံးစွဲသူများအနေဖြင့် သင်ခန်းစာဗွီဒီယိုများတွင် သင်ကြားပို့ချပေးမည့် ဆရာ၊ ဆရာမများ၏ အချက်အလက်များနှင့် ၎င်းတို့ သင်ကြားပေးနေသော သင်တန်းကျောင်းများ၏ အချက်အလက်များကိုလည်း အလွယ်တကူရယူနိုင်မည်ဖြစ်သည်။ ထို့အပြင် အသုံးပြုသူများ ပိုမိုအဆင်ပြေလွယ်ကူသက်သာစေရန် မိမိတို့ကြိုက်နှစ်သက်သည့် သင်ခန်းစာဗွီဒီယိုများကို တက်လမ်း အက်ပလီကေးရှင်းတွင် သိမ်းဆည်း ထားနိုင်မည် ဖြစ်ပြီး လိုအပ်ချိန်တွင် ပြန်လည်ကြည့် ရှုနိုင်မည် ဖြစ်သည်။
MPT သုံးစွဲသူများအနေဖြင့် တက်လမ်းအွန်လိုင်းပညာရေးဝန်ဆောင်မှုကို သက်သာသောနှုန်းထားဖြစ်သည့် တစ်ရက်လျှင် ၁၀၅ ကျပ် ဖြင့် သင်ခန်းစာအစုံအလင်ကို ရယူလေ့လာ နိုင် မည်ဖြစ်သည်။ ၎င်းဝန်ဆောင်မှုကို ရယူလိုသူများအနေဖြင့် 8228 သို့ ON ဟု စာတို (SMS) ပေးပို့ပြီး ဝင်ရောက် အသုံးပြုနိုင်မည့် လင့်ခ်များကို အခမဲ့ ဒေါင်းလုတ်ရယူနိုင်မည် ဖြစ်သည်။ ထို့်အပြင် တက်လမ်း ဝက်ဘ်ပေါ်တယ် http://tatlanapp.com နှင့် လိုတရ ဝက်ဘ်ပေါ်တယ် http://lotayamm.com တို့တွင်လည်း လည်းရယူနိုင်မည် ဖြစ်သည်။ Android သုံးစွဲသူများအနေဖြင့်လည်း တက်လမ်းအက်ပလီကေးရှင်းကို Google Play store တွင် ဒေါင်းလုတ်ပြုလုပ်၍ ရယူနိုင်မည် လည်းဖြစ်သည်။
အထူးပရိုမိုရှင်းအဖြစ် တက်လမ်းအွန်လိုင်းပညာရေးဝန်ဆောင်မှုကို ရယူထားသော MPT သုံးစွဲသူများသည် ပရိုမိုးရှင်းကာလ(၃) လ ဖြစ်သည့် ဇွန်လ ၅ ရက်နေ့ မှ စက်တင်ဘာလ ၄ ရက် အတွင်း ငွေကျပ် ၁၀ သိန်း တန်ဖိုးရှိ ပညာသင်ဆု ၃ ဆု နှင့်အတူ ၃,၀၀၀ တန် MPT ငွေဖြည့်ကတ်ပေါင်း ၁၅၀ ကိုလည်း ကံထူးနိုင်ကြမည်ဖြစ်သည်။ ပညာသင်ဆုနှင့် ငွေဖြည့်ကတ် ကံထူးသူများကို တက်လမ်းအွန်လိုင်းပညာ ရေး ဝန်ဆောင်မှု၏ တရားဝင် ဖေ့စ်ဘွတ် စာမျက် နှာ https://www.facebook.com/TatLanEdu/ တွင် ကြေညာသွားမည် ဖြစ်ပြီး ဖုန်းဖြင့်လည်း တိုက်ရိုက် ဆက်သွယ်ပေးသွားမည်ဖြစ်ပါသည်။ အသေးစိတ် အချက်အလက်များကို http://tl.lotayamm.com တွင် ကြည့်ရှုနိုင်ပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr Reizo Umeda မှ “ ပညာရေးတိုး တက်လာဖို့က လူသားတွေရဲ့ တိုးတက်မှုှုဖြစ်စဉ်အတွက် အလွန် အရေးကြီးပါတယ်။ ကျွန်တော်တို့MPT အနေနဲ့ တက်လမ်းအွန်လိုင်းပညာရေးဝန်ဆောင်မှု နဲ့အတူ လူငယ်တွေကို သူတို့မှာရှိတဲ့ အရည်အချင်းကောင်းတွေ ကို အောင် မြင်မှုအဖြစ် ပြောင်းလဲဖို့အတွက် အထောက်အပံ့ကောင်းအဖြစ် ပေးအပ်နိုင်ခဲ့ပါပြီ။ ဒီ အွန်လိုင်းပညာရေးဝန်ဆောင်မှုဟာ မိမိလေ့လာချင်တဲ့ ပညာရပ်တွေကို လေ့လာဖို့ စိတ်အားထက်သန်တဲ့ လူငယ်တွေအတွက် အင်တာနက်ရှိရုံနဲ့ မိမိတို့တိုးတက်ရာဘဝတက်လမ်းအတွက် လမ်းပြထောက်ပံ့ပေးသွားမယ့် အသိပညာ အတတ်ပညာတွေ၊ ဘာသာစကားတွေ၊ သင်ကြားရေးဆိုင်ရာ တွေကို အသက်သာဆုံးနှုန်းထားဖြစ်တဲ့ တစ်ရက်ကို ၁၀၅ ကျပ်နှုန်း နဲ့ အလွယ်တကူ ဝင်ရောက်လေ့လာ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ အလားအလာကောင်းပြီး အရည်အချင်းရှိတဲ့ မြန်မာလူငယ်တွေအပေါ် အပြည့်အဝ ယုံကြည်ထား တာကြောင့် ကျွန်တော်တို့ရဲ့3G-4G/LTE ကွန်ရက်ပေါ်ကတစ်ဆင့် သူတို့ရဲ့ လေ့လာမှုတွေမှာ အထောက်အကူပြုနိုင်မယ့် ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကို ပေးအပ်ရင်း ပိုမိုကောင်းမွန်တဲ့အနာဂတ်တွေကို ဖန်တီးသွားမှာပါ။ “ ဟုပြောကြားခဲ့သည်။
ထွဋ်ကုမ္ပဏီ ၏ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ ဦးဝေဖြိုးထွဋ် က “ပညာရေးကို လူတိုင်းလက်လှမ်းမီ လေ့လာနိုင်ရန်အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ တက်လမ်း အွန်လိုင်းပညာရေး မိုဘိုင်းလ်အက်ပလီကေးရှင်းကို အခုလို MPT နှင့် လက်တွဲပြီး သုံးစွဲသူတွေဆီ ယူဆောင်ပေးခဲ့နိုင်ခဲ့တဲ့အတွက် များစွာဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့အနေနဲ့ဆက်လက်ပြီး အသုံးဝင်မယ့် အက်ပလီကေးရှင်းများစွာကို အကောင်းဆုံးဝန်ဆောင်မှုများနှင့် ဆက်လက်ထုတ်လုပ်နိုင်အောင် ကြိုးစားသွားမှာပါ” ဟုပြောကြားပါသည်။

တက်လမ်းအွန်လိုင်းပညာ ဝန်ဆောင်မှုနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Call Center နံပါတ် ၁၀၆ သို့ခေါ်ဆို၍ လည်းကောင်း ၊ တက်လမ်းအွန်လိုင်းပညာရေးဝန်ဆောင်မှု၏ Hotline နံပါတ် ၀၉ ၈၉၈ ၈၇ ၆၇ ၈၇ နှင့် ၀၉ ၈၉၈ ၈၇ ၆၇ ၉၇ သို့ခေါ်ဆို၍ လည်းကောင်း တက်လမ်းအွန်လိုင်းပညာရေးဝန်ဆောင်မှု၏ တရားဝင် ဖေ့စ်ဘွတ် စာမျက်နှာhttps://www.facebook.com/TatLanEdu/ တွင် လည်းကောင်း ၊ MPT ၏ တရားဝင် ဖေ့စ်ဘွတ် စာမျက်နှာ www.facebook.com/mptofficialpage တွင် လည်းကောင်း MPT ၏ တရားဝင် ဝက်ဘ်ဆိုက်စာမျက်နှာ www.mpt.com.mm တွင် လည်းကောင်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

MPT မှ The Voice Myanmar Season-2 ပရိသတ်များအတွက် အထူးအခွင့်အရေးအဖြစ် လူမှုကွန်ရက်မီဒီယာတွင် ပါဝင်ယှဉ်ပြိုင်နိုင်မည့် “ Guess and Win” ပြိုင်ပွဲအစီအစဉ်သစ်ကို ဆောင်ရွက်

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ MPT က The Voice Myanmar Season-2 အတွက် စွဲမက်စရာကောင်းသည့် ဆုလက်ဆောင်များဖြစ်သည့် SAMSUNG Galaxy A30 ကိုရရှိနိုင်မည့် “Guess and Win” ပြိုင်ပွဲအစီအစဉ်ကို မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သတင်း ထုတ်ပြန် ကြေညာလိုက်သည်။ ယခုအပတ်မှစတင်၍ The Voice Myanmar အမာခံပရိသတ်များအနေဖြင့် MPT ၏ Facebook မှတစ်ဆင့် အလွယ်တကူဝင်ရောက်ပြီး အဆိုပါ ပြိုင်ပွဲအစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ပြီဖြစ်သည်။
ဇွန်လ ၉ ရက်နေ့တွင် ပြုလုပ်မည့် The Voice Myanmar Season 2 ၏ အကြို ဗိုလ်လုပွဲတွင် ဆန်ခါတင် ပြိုင်ပွဲဝင် ၈ ဦး ယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး၊ အကြိုဗိုလ်လုပွဲတွင် တက်ရောက်ခွင့်ရမည့် ပြိုင်ပွဲဝင် (၄) ဦးသည် ဇွန် ၁၆ ရက်နေ့တွင် ပြုလုပ်မည့် Grand Final တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပရိသတ်များအနေဖြင့် ပြိုင်ပွဲဝင် ၈ ဦးမှ နောက်ဆုံးအဆင့်သို့ ထိုက်ထိုက်တန်တန်တက်ရောက်သွားမည့် ပြိုင်ပွဲဝင် (၄) ဦး နှင့် The Voice Myanmar Season 2 ၏ အနိုင်ရရှိသူ အား ခန့်မှန်းပေးရမည်ဖြစ်သည်။
“Guess and Win” ပြိုင်ပွဲ အစီအစဉ်
၂၀၁၉ခုနှစ် ဇွန်လ ၃ရက်မှစတင်၍ The Voice Myanmar Season-2 ပရိသတ်များအနေဖြင့် နောက်ဆုံးပြိုင်ပွဲဝင် ၄ ဦး နှင့် The Voice Myanmar Season-2၏ အနိုင်ရရှိသူကို မှန်ကန်စွာခန့်မှန်းပြီး ဆုလက်ဆောင်အဖြစ် SAMSUNG Galaxy A30 ဖုန်းအသစ်ခြောက်လုံးကို ရယူနိုင်မည်ဖြစ်သည်။ Guess and Win ပြိုင်ပွဲကို MPT ၏ Facebook Page သို့ ဝင်ရောက်ပြီး မိမိတို့ခန့်မှန်းချက်များကို နောက်ဆုံးပြိုင်ပွဲဝင် ၄ ဦး အတွက် ၂၀၁၉ ဇွန်လ ၉ ရက် ည ၈နာရီ နှင့် Winner အတွက် ၂၀၁၉ ဇွန်လ ၁၆ ရက် ည ၈နာရီ အထိ နောက်ဆုံးထား၍ ခန့်မှန်း မှုများကိုပေးပို့ရုံဖြင့် အစီအစဉ်တွင် အလွယ်တကူ ပါဝင်နိုင်မည်ဖြစ်သည်။ MPT သုံးစွဲသူများအနေဖြင့်လည်း The Voice Myanmar Season-2 ၏ တရားဝင် Facebook စာမျက်နှာပေါ်ရှိ ညွှန်ကြားချက်များကို လိုက်နာရန်လိုအပ်မည်ဖြစ်သည်။ ၂၀၁၉ခုနှစ် ဇွန်လ ၁၉ ရက်တွင် MPT မှ Guess and Win ပြိုင်ပွဲတွင်မှန်ကန်စွာ ခန့် မှန်းနိုင်သည့် အနိုင်ရရှိသူများကို ကြေညာပေးသွားမည်ဖြစ်ပြီး အခြေအနေပေါ်မူတည်၍ မှန်ကန်စွာခန့်မှန်းနိုင်သူ ၃ ဦး ထက်ပိုမိုပါက ကျပန်းစနစ်ဖြင့် ရွေးချယ်၍ SAMSUNG Glaxy A30 ဆု လက်ဆောင်ကို ချီးမြှင့်သွားမည်ဖြစ်သည်။
MPT-KGSM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr.Reizo Umeda က “ အားလုံးသိကြတဲ့အတိုင်း အခုဆို The Voice Myanmar Season-2 ရဲ့ ပရိသတ်တွေ အဖို့ ရင်ထဲ အသည်းထဲ ကနေ စိတ်လှုပ်ရှားစရာ ကာလကိုရောက်ရှိနေပါပြီ။ MPT အနေနဲ့ အခုလိုအချိန်တွေကို ပိုပြီး အဓိပ္ပါယ်ရှိလာဖို့ ရည်ရွယ်ပြီးတော့ “ Guess and Win” ဆိုတဲ့ပြိုင်ပွဲကို ဆောင်ရွက်ပေးလိုက်ပါပြီ။ အခု ဇွန်လ ၃ ရက်ကစပြီး ပရိသတ်တွေအနေနဲ့ မိမိနှစ်သက်တဲ့ ပြိုင်ပွဲဝင်တွေကို တစ်ခဲနက်အားပေးရုံတင်မက မိမိနှစ်သက်တဲ့ ပြိုင်ပွဲဝင်တွေအပေါ် မိမိရဲ့ အားပေးမှုကို ဖော်ပြနိုင်ပြီဖြစ်ပါတယ်။ ဒါ့အပြင် နောက်ဆုံးပြိုင်ပွဲဝင် ၄ ယောက်နဲ့ အနိုင်ရတဲ့သူကိုမှန်မှန်ကန်ကန် ခန့်မှန်းနိုင်မယ့်သူတွေအတွက် SAMSUNG Galaxy A30 ကို ရယူပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးရှိနေပါပြီ။ MPT အနေနဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကိုသိရှိနားလည်ပြီး ဆန်းသစ်တဲ့ ကမ်းလှမ်းမှုတွေနဲ့ သုံးစွဲသူတွေကိုပေးအပ်လျှက်ရှိပါတယ်။ MPT ရဲ့ ဒီစိတ်လှုပ်ရှားစရာ အစီအစဉ်ကို အားလုံးလည်း ကျေနပ်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။” ဟုပြောကြားခဲ့သည်။

Guess and Win အစီအစဉ်၏ ယှဉ်ပြိုင်မှုများနှင့်ပတ်သက်သည့် အသေးစိတ်အကြောင်းအရာများနှင့် MPT ၏ အခြားသော ထုတ်ကုန်များ၊ ပရိုမိုးရှင်းသတင်းအချက်အလက်များကို သိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ခေါ်ဆိုခြင်း (သို့မဟုတ်) MPT၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သည့် www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် Facebook စာမျက်နှာဖြစ်သော www.facebook.com/mptofficialpage သို့ ဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။

     

 

 

 

Guess and Win အစီအစဉ်၏ ယှဉ်ပြိုင်မှုများနှင့်ပတ်သက်သည့် အသေးစိတ်အကြောင်းအရာများနှင့် MPT ၏ အခြားသော ထုတ်ကုန်များ၊ ပရိုမိုးရှင်းသတင်းအချက်အလက်များကို သိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ခေါ်ဆိုခြင်း (သို့မဟုတ်) MPT၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သည့် www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် Facebook စာမျက်နှာဖြစ်သော www.facebook.com/mptofficialpage သို့ ဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။