မဟာမိုဘိုင်းလ် အက်ပလီကေးရှင်း မှတစ်ဆင့် မြန်မာရုပ်ရှင်များကို အကန့်အသတ်မရှိ ကြည့်ရှုခံစားနိုင်မည့် ဝန်ဆောင်မှု အစီအစဉ်ကို MPT က မိတ်ဆက်

(ရန်ကုန် – ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၉ရက်) မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT မှ ရုပ်ရှင်ကြည့်ပရိတ်သတ်များအနေဖြင့် မဟာမိုဘိုင်းလ် အက်ပလီကေးရှင်း မှတစ်ဆင့် မြန်မာရုပ်ရှင်များ ကြည့်ရှုရန် အတွက် နေ့စဉ်သုံး၊ အပတ်စဉ်သုံး၊ လစဉ်သုံး စာရင်းသွင်း ဝန်ဆောင်မှုကို မိတ်ဆက်လိုက်ပြီး MPT သုံးစွဲသူများအနေဖြင့် မြန်မာရုပ်ရှင်နှင့် ဗွီဒီယိုများကို ဒေါင်းလုတ်ပြုလုပ်ခြင်း (သို့မဟုတ်) တိုက်ရိုက်ကြည့်ရှုခြင်းများကို အကန့်အသတ်မရှိ လုပ်ဆောင်နိုင်မည့်အပြင် ခေတ်ဟောင်းမြန်မာရုပ်ရှင်များ၊ ယနေ့ခေတ် မြန်မာရုပ်ရှင်နှင့် ဗွီဒီယိုများကိုလည်း ကြည့်ရှုနိုင်ကြမည် ဖြစ်သည်။
မဟာမိုဘိုင်းလ် အက်ပလီကေးရှင်းတွင် ဇာတ်ကားတစ်ကားအလိုက် ငှားရမ်းခ ၁၅၀ ကျပ် ပေးဆောင်ပြီး မိမိတို့ငှားရမ်းထားသည့် ရုပ်ရှင်များအား ၇ ရက်အထိ ကြည့်ရှုနိုင်မည် ဖြစ်သည့်အပြင် ၎င်းရုပ်ရှင်များအား ဒေါင်းလုတ် ပြုလုပ်ထားပြီး ၇ ရက်အတွင်း ပြန်လည်ကြည့်ရှုနိုင်သော ဝန်ဆောင်မှုကို ၂၀၁၈ ခုနှစ်တွင် MPT မှ စတင်မိတ်ဆက်ခဲ့ပြီး ယနေ့မှ စတင်၍ MPT အသုံးပြုသူများအနေဖြင့် ဟာသ၊ ဒရမ်မာ၊ အချစ်အလွမ်း၊ အက်ရှင် နှင့် သည်းထိပ်ရင်ဖို ဖြစ်စေမည့် ရသများကို ခံစားစေနိုင်မည့် မိမိ တို့နှစ်သက်ရာ မြန်မာရုပ်ရှင်ဇာတ်ကားများကို သက်သာသောနှုန်းထားဖြစ်သည့် တစ်ရက်လျှင် ၉၉ ကျပ်၊ တစ်ပတ်လျှင် ၅၄၉ ကျပ်၊ တစ်လလျှင် ၁,၉၉၉ ကျပ်နှုန်းဖြင့် အကန့်အသတ်မရှိ ခံစားကြည့်ရှုနိုင်မည် ဖြစ်သည်။ ဇာတ်ကားတစ်ကားလျှင် ပျမ်းမျှအနေဖြင့် 330 MB ရှိနိုင်ပြီး ဒေါင်းလုတ် ပြုလုပ်ခြင်းနှင့် မိုဘိုင်းလ်ဖုန်းများတွင် သိမ်းဆည်းခြင်းများကို အလွယ်တကူ ပြုလုပ်နိုင်ကြမည် ဖြစ်သည်။
မဟာမိုဘိုင်းလ် အက်ပလီကေးရှင်း ကို လိုတရ Web portal ဖြစ်သည့် http://mh.lotayamm.com တွင် ဒေတာဖိုး ကုန်ကျမှုမရှိဘဲ ဒေါင်းလုတ် ရယူနိုင်မည်ဖြစ်ပြီး အန်းဒရိုက်ဖုန်းအသုံးပြုသူများအတွက် Google Play Store သို့မဟုတ် http://www.mahar.app/downloads/mahar.apk တွင်လည်း အင်တာနက် အသုံးပြုခအတွက် data ဖိုး ကျသင့်ငွေ ပေးဆောင်ပြီး ဒေါင်းလုတ် ရယူနိုင်မည်ဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှလည်း မဟာမိုဘိုင်းလ် အက်ပလီကေးရှင်း ၏ ဈေးကွက်တွင် ယဉ်ကျေးမှုဆိုင်ရာ အကျိုးသက်ရောက်မှုများ ရှိလာနိုင်ပုံနှင့် ပတ်သက်၍ “မဟာမိုဘိုင်းလ် အက်ပလီကေးရှင်းနဲ့ နဲ့ ကျွန်တော်တို့ ပူးပေါင်းပြီး ဆောင်ရွက်နေတဲ့နေရာမှာ ယခင်အချိန်တွေက ရုပ်ရှင်ကားတွေနဲ့ ဒီနေ့ခေတ်လူငယ်တွေကြား ကွာဟနေတဲ့ ကွာဟချက်တွေကို နီးကပ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဒါက ဒီဂျစ်တယ် ခေတ်မတိုင်က လုံးဝမရှိခဲ့တဲ့ အရာပါ။ အခုအချိန်မှာ မျိုးဆက်သစ်တွေအနေနဲ့ မဟာမိုဘိုင်းလ် အက်ပလီကေးရှင်း ကိုသုံးပြီး ရုပ်ရှင်တွေထဲမှာ ထင်ဟပ်နေခဲ့တဲ့ မြန်မာလူမျိုးတွေရဲ့ အမွေအနှစ်၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို ပိုမိုနားလည်တန်ဖိုး ထားလာကြပါပြီ။ MPT အနေနဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေကို မြန်မာလူမျိုးတွေရဲ့ လက်ထဲကို အရောက် ပို့ပေးနေပါတယ်။ ကျွန်တော်တို့ရဲ့ အဆင့်မြင့် 3G နဲ့ 4G/LTE+ ကွန်ရက်တွေ ကတစ်ဆင့် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ နေရာဒေသအသီးသီးကို ကမ္ဘာ့အဆင့်မီ ဝန်ဆောင်မှုတွေ ပေးအပ်သွားမှာပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
မဟာမိုဘိုင်းလ် အက်ပလီကေးရှင်း ကို ဒေါင်းလုတ်ရယူပြီးလျှင် MPT သုံးစွဲသူများအနေဖြင့် MPT ဖုန်းနံပါတ်/ အီးမေလ်အကောင့်/ Facebook အကောင့်တို့ဖြင့် စာရင်းသွင်း ပြုလုပ်ရန် လိုအပ်ပြီး ရုပ်ရှင်များကို တိုက်ရိုက် ကြည့်ရှုနိုင်သည့်အပြင် ဒေါင်းလုတ်လုပ်ပြီး အက်ပလီကေးရှင်းဖြင့်လည်း ကြည့်နိုင်မည် ဖြစ်သည်။
မဟာမိုဘိုင်းလ် အက်ပလီကေးရှင်း ဝန်ဆောင်မှု နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက 106 သို့ဖုန်းခေါ်ဆို၍ ၎င်း၊ MPT ၏တရားဝင် ဖေ့စ်ဘွတ် စာမျက်နှာဖြစ်သည့် https://www.facebook.com/mptofficialpage/ သို့မဟုတ် MPT ၏ တရားဝင် ဝက်ဘ်ဆိုက်စာမျက်နှာ ဖြစ်သည့် www.mpt.com.mm သို့ ဝင်ရောက်ပြီး၊ MPT ၏ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများအကြောင်းကို အသေး စိတ်လေ့လာနိုင်မည် ဖြစ်ပါသည်။

MPT ၏ “ထိပေါက်” ကံစမ်းမဲ အစီအစဉ်မှတစ်ဆင့် MPT အသုံးပြုသူများ ဆုမဲများ ချက်ချင်းကံစမ်း ရယူနိုင်ပြီ

(ရန်ကုန် – ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်) MPT သုံးစွဲသူများ၏ ဒီဂျစ်တယ် ဘဝနေထိုင်မှုပုံစံကို ပိုမိုကောင်းမွန်လာစေရန် အစဉ်တစိုက် ကြိုးပမ်းလျက်ရှိသည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သည့် MPT အနေဖြင့် ထိပေါက် ကံစမ်းမဲအစီအစဉ်ကို စတင်လိုက်ပြီ ဖြစ်ပါသည်။ MPT အသုံးပြုသူများအနေဖြင့် MPT4U အက်ပလီကေးရှင်းကို ဒေါင်းလုတ်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းဖြင့် ထိပေါက် ဂိမ်းကို နေ့စဉ် ၁ ကြိမ်စီ ပါဝင်ကစားနိုင်မည် ဖြစ်ပြီး၊ စိတ်ဝင်စား ဖွယ်ရာ ဆုမဲကြီးများကို ရရှိနိုင်မည် ဖြစ်ပါသည်။

MPT အသုံးပြုသူများအနေဖြင့် MPT4U အက်ပလီကေးရှင်း နောက်ဆုံးဗားရှင်းကို ဒေါင်းလုတ်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်ပြီး၊ ဂိမ်းကို တစ်ရက်လျှင် တစ်ကြိမ် ပါဝင်ကစားခြင်းဖြင့် ဖုန်းဘေလ်များ၊ အင်တာနက်ဒေတာများ၊ ဖုန်းပြောရန်မိနစ်များ၊ SMS ပို့ခွင့်များ အပြင် Samsung Galaxy A80 နှင့် ၁ ကျပ်သား ရွှေဒင်္ဂါးပြားများကို ရရှိနိုင်မည် ဖြစ်ပါသည်။ ထို့ပြင် iPhone X နှင့် Samsung Galaxy S10+ များကိုလည်း အပတ်စဉ် မဲဖောက်ပေးသွားမည် ဖြစ်ပါသည်။

MPT4U အက်ပလီကေးရှင်း အား ရယူထားခြင်းမရှိသေးသောသူများအနေဖြင့်

၁) *4040# အားခေါ်ဆိုပြီး ဒေါင်းလုတ် လင့်ခ် အား ရယူခြင်း
၂) Google Play Store နှင့် App Store တို့မှ အက်ပလီကေးရှင်း အား ဒေါင်းလုတ်ရယူခြင်း (မှတ်ချက်- ဒေတာဖိုး ကျသင့်မည်ဖြစ်ပါသည်။)
၃) Lo Ta Ya ဝက်ဘ်ပေါ်တယ် မှ MPT4U အက်ပလီကေးရှင်းအား ဒေတာဖိုး ကုန်ကျမှုမရှိဘဲ ရယူခြင်း တိုက်ရိုက် ဒေါင်းလုတ်ရယူနိုင်ခြင်း http://bit.ly/FreeLuckyDraw4U
၄) အောက်ပါ link များမှတစ်ဆင့်လည်း ရယူနိုင်ခြင်း
က) Google Play Store: http://bit.ly/PlayStoreMPT4U
ခ) Apple Store: http://bit.ly/AppStoreMPT4U
ဂ) အခမဲ့ တိုက်ရိုက် ဒေါင်းလုတ် လင့်ခ် http://bit.ly/FreeLuckyDraw4U တို့မှတစ်ဆင့် တစ်နည်းနည်းဖြင့် ရယူနိုင်မည်ဖြစ်သည်။

MPT4U အက်ပလီကေးရှင်းအား သုံးစွဲနေသူများအနေဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းအတွက်

၁) App အား ဖွင့်လိုက်သည့်နှင့် အဆင့်မြှင့်တင်ရန် အကြောင်းကြားသည့် dialog box ပွင့်လာပါမည်။ Optional update တွင်မူ ချက်ချင်း အဆင့်မြှင့်တင် ဆောင်ရွက်နိုင်သကဲ့သို့ မိမိအဆင်ပြေသည့်အချိန်မှ ပြန်လည်ဝင်ရောက်ပြီးလည်း အဆင့်မြှင့်တင်ခြင်းကို လုပ်ဆောင်နိုင်ပါသည်။ မဖြစ်မနေ အဆင့်မြှင့်တင် ခြင်းကို ဆောင်ရွက်ရန်လိုအပ်သူများအနေဖြင့် အဆင့်မြှင့်တင်ခြင်းမပြုလုပ်ပါက အက်ပလီကေးရှင်းကို အသုံးပြုနိုင်မည်မဟုတ်ပါ။

၂) Dialog box မှ Update Now ခလုပ်ကို နှိပ်လိုက်လျှင် လိုတရ စာမျက်နှာ သို့ ရောက်သွားမည် ဖြစ်ပြီး အက်ပလီကေးရှင်းကို အခမဲ့ ဒေါင်းလုတ် ရယူနိုင်မည် ဖြစ်ပါသည်။ သို့မဟုတ် <https://lotaya.mpt.com.mm/event/191> သို့ ဝင်ရောက်၍လည်း အဆင့်မြှင့်တင်နိုင်မည် ဖြစ်ပါသည်။ iOS အသုံးပြုသူများအနေဖြင့် App Store မှ ရယူနိုင်မည် ဖြစ် ပါသည်။

၃) Google Play Store: http://bit.ly/PlayStoreMPT4U၊ Apple Store: http://bit.ly/AppStoreMPT4U ၊ လိုတရ– http://bit.ly/FreeLuckyDraw4U လင့်ခ်များမှ လည်းရယူနိုင်မည် ဖြစ်ပါသည်။

၄) *4040# အား ခေါ်ဆို၍လည်း အဆင့်မြှင့်တင်နိုင်မည့် လင့်ခ်ကို ရယူနိုင်မည် ဖြစ်ပါသည်။

နေ့စဉ်ပေါက် ဆုမဲများနှင့် ပတ်သက်၍ SMS မှသော်လည်းကောင်း၊ အက်ပလီကေးရှင်းထဲမှ သတိပေးချက်(in-app)ဖြင့် သော်လည်းကောင်း အသိပေးသွားမည်ဖြစ်ပြီး၊ နေ့စဉ်၊ အပတ်စဉ် ဆုမဲများ ရရှိသူများကို MPT မှ မဲပေါက်ပြီး နောက်တစ်ရက်တွင် ဖုန်းခေါ်ဆို၍လည်း အသိပေးသွားမည် ဖြစ်ပါသည်။ တယ်လီကွန်းဆုမဲပေါက်သူများအနေဖြင့် ရရှိလာသည့် တယ်လီကွန်းဆုများကို ဆုမဲပေါက်ပြီး ၇ ရက်အတွင်း အသုံးပြုနိုင်မည် ဖြစ်ကာ ဖုန်းခေါ်ဆိုခွင့်မိနစ်များ နှင့် SMS များ အတွက် MPT ဖုန်းသုံးစွဲသူအချင်းချင်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။

တယ်လီကွန်း နှင့် တယ်လီကွန်းမဟုတ်သည့် ဆုမဲများ၏ အသေးစိတ်အချက်အလက်များမှာ

တယ်လီကွန်းဆုမဲများတယ်လီကွန်း မဟုတ်သည့် ဆုမဲများ
· ဒေတာ     – 100 GB အထိ

·  ဖုန်းဘေလ် – ၁၀၀,၀၀၀ ကျပ်အထိ

· ဖုန်းခေါ်ဆိုခွင့် – မိနစ် ၅၀၀ အထိ

· စာတို (SMS) – အစောင်ရေ ၅၀၀ အထိ

·   နေ့စဉ်ဆုမဲများ
က) Samsung Galaxy A80 (8/128GB)
ခ)  ၁ ကျပ်သားရွှေဒင်္ဂါးဆု·   အပတ်စဉ်ဆုမဲများ
က) iPhone X 256GB
ခ) Samsung Galaxy S10+ (8/128GB)

MPT-KSGM Joint Operations မှ စီးပွားရေးဌာနကြီး၏အရာရှိချုပ် ဖြစ်သူ Mr. Reizo Umeda မှလည်း ယခုလိုကံစမ်းမဲ အစီအစဉ် နှင့် ပတ်သက်၍ “ကျွန်တော်တို့ MPT အနေနဲ့ ဝန်ဆောင်မှုတွေကို စဉ်ဆက်မပြတ် အဆင့်မြှင့်တင်ဆောင်ရွက်တာကတစ်ဆင့် သုံးစွဲသူတွေအဖို့ ဒီဂျစ်တယ်ဘဝရဲ့ အတွေ့အကြုံကောင်းတွေ နောက်ထပ်အဆင့်ဆင့် တိုးတက်ရရှိစေချင်ပါတယ်။ ဒီလို အတွေ့အကြုံ ကောင်းတွေကို ရရှိနိုင်ဖို့အတွက် အဆင့်မြှင့်တင်ထားတဲ့ MPT4U အက်ပလီကေးရှင်းကို အသုံးပြုမှပဲ အတွေ့အကြုံကောင်းတွေရရှိနိုင်မှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ဆောင်ချက် အသစ်အသစ်တွေနဲ့ တိုးတက်ဆောင်ရွက်ထားတဲ့ အသွင်သစ်တွေကို အခါအားလျော်စွာ ဆောင်ရွက်ပေးနေတာ ဖြစ်တဲ့အတွက် ဒီလို အဆင့်မြှင့်တင်မှပဲ ရရှိနိုင်မှာပါ။ အခု ထိပေါက် အစီအစဉ် ကတစ်ဆင့် သုံးစွဲသူတွေအနေနဲ့ ကျွန်တော်တို့ရဲ့ အက်ပလီကေးရှင်း ကို ပုံမှန်အသုံးပြုပြီး သူငယ်ချင်းတွေနဲ့ အတူ ဂျပန်ဂိမ်း ကစားတာတွေလို အက်ပလီကေးရှင်းထဲမှာရှိတဲ့ စိတ်လှုပ်ရှားစရာဝန်ဆောင်မှုတွေကို လက်မလွတ်တမ်း အသုံးပြုနိုင်ကြမှာ ဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ MPT ရဲ့ အမြန်ဆုံးနဲ့၊ အကျယ်ပြန့်ဆုံးကွန်ရက်ကို အသုံးပြုရင်း ဆုမဲတွေ ခံစားခွင့်ရကြမယ့်အခွင့်အရေးကို အကောင်းဆုံး ဆုပ်ကိုင်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြား ခဲ့ပါသည်။

ထိပေါက် အစီအစဉ်တွင် ပါဝင်လိုသူများအနေဖြင့် MPT4U အက်ပလီကေးရှင်းကို ဒေါင်းလုတ်ရယူထားရန် လိုအပ်ပြီး၊ ယခင် MPT4U အက်ပလီကေးရှင်း ရှိထားသူများအနေဖြင့်လည်း အဆင့်မြှင့်တင်ခြင်း ပြုလုပ်ရန် လိုအပ်မည် ဖြစ်ပါသည်။

ထိပေါက် အစီအစဉ်အပါအဝင် MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ဖုန်းခေါ်ဆို၍လည်းကောင်း၊ MPT ၏ တရားဝင် Facebook စာမျက်နှာ ဖြစ်သည့် https://www.facebook.com/mptofficialpage/ နှင့် MPT ၏ တရားဝင် ဝက်ဘ်ဆိုက်စာမျက်နှာ ဖြစ်သည့် www.mpt.com.mm သို့လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

ဇာတ်လမ်းတိုများကို ဖတ်ရှုရန် နှစ်သက်သူများအတွက် အပြန်အလှန်ပြောဆို နေသကဲ့သို့ ဖတ်ရှုနိုင်မည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော Chat Tin Zat Lan (ချက်တင်ဇာတ်လမ်း) ဝန်ဆောင်မှုကို MPT က စတင်

(ရန်ကုန်၊ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၄ရက်)- သုံးစွဲသူများ၏ ဒီဂျစ်တယ်အသုံးပြုမှု အတွေ့အကြုံကောင်းများ ပေးစွမ်းနိုင်ရန်အတွက် ၎င်းတို့နှင့်ကိုက်ညီပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ဝန်ဆောင်မှုများကို အမြဲပေးအပ်လျက်ရှိသည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် ဇာတ်လမ်းတိုများကို နှစ်သက်သော်လည်း အချိန်ရှားပါးပြီး၊ စာဖတ်ရန်အချိန်မပေးနိုင်သူများအတွက် Chat Tin Zat Lan (ချက်တင်ဇာတ်လမ်း) ဝန်ဆောင်မှုကို မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန် ကြေညာလိုက်သည်။
ဆန်းသစ်ပြီး အများနှစ်သက်သော ဝန်ဆောင်မှုတစ်ခုဖြစ်သည့် Chat Tin Zat Lan (ချက်တင်ဇာတ်လမ်း) ဝန်ဆောင်မှုကို နိုင်ငံပေါင်း ၄၅ နိုင်ငံတွင် မိုဘိုင်းလ်နည်းပညာများနှင့် ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီဖြစ်သည့် UPSTREAM ကုမ္ပဏီနှင့် ပူးပေါင်း၍ဆောင်ရွက်ခြင်းဖြစ်ကာ လွယ်လွယ်ကူကူ ဖတ်ရှုနိုင်သည့် ဇာတ်လမ်းတို များကို တင်ဆက်ပေးထားခြင်း ဖြစ်သည်။ အမြဲတမ်းသွားလာလှုပ်ရှားနေသူများနှင့် အချိန်မအားလပ်ဘဲ အလုပ်အလွန်များသူတို့အတွက် အလွယ်တကူ ဖတ်ရှုနိုင်ရန် အထူး စီစဉ်ထားသည့် အဆိုပါဝန်ဆောင်မှုတွင် ဇာတ်လမ်းတို များစွာကို မည့်သည့်အချိန်၊ နေရာ၌မဆို လွယ်လင့်တကူ ဖတ်ရှုနိုင်မည် ဖြစ်သည်။

Chat Tin Zat Lan ဝန်ဆောင်မှုမှတစ်ဆင့် ဖတ်ရှုသူများသို့ စိတ်လှုပ်ရှားဖွယ်၊ စိတ်ဝင်စားဖွယ် ပြည်တွင်းနှင့် နိုင်ငံတကာ ရသများကို ခံစားစေနိုင်မည့် ဇာတ်လမ်းတိုများကို ဆောင်ကျဉ်းပေးသွားမည် ဖြစ်သည်။ ၎င်းဝန်ဆောင်မှုတွင် စိတ်လှုပ်ရှားစရာများနှင့် သည်းထိတ်ရင်ဖိုခံစားရမည့် ဇာတ်လမ်းတိုများကို အပြန်အလှန် ပြောဆိုနေသကဲ့သို့ ဖတ်ရှုနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ဇာတ်လမ်းတိုများကို ဖတ်ရှုရန်အတွက် သုံးစွဲသူများအနေဖြင့် စာအုပ်များကဲ့သို့ စာမျက်နှာများ လှန်သွားရန်မလိုအပ်ဘဲ မိုဘိုင်းလ်ဂိမ်း ကစားသကဲ့သို့ပင် မိုဘိုင်းလ်ဖုန်းမျက်နှာပြင်ကို ထိတွေ့ကာ next button (နောက်တစ်ခု) ဖြင့် ဇာတ်လမ်းအဆုံးအထိ ဖတ်ရှုနိုင်မည် ဖြစ်သည်။
Chat Tin Zat Lan ဝန်ဆောင်မှုတွင် ကဏ္ဍ ၅ မျိုး ဖြစ်သည့် လျှို့ဝှက်သည်းဖို၊ ချစ်ခြင်းဖွဲ့၊ ဟာသ၊ အလွမ်းအဆွေးနှင့် ဖြစ်ရပ်ဆန်းကြယ်တို့ ပါဝင်မည်ဖြစ်ပြီး အပတ်စဉ်တိုင်းတွင် ဇာတ်လမ်းအသစ်များကို ထပ်မံထည့်သွင်းသွားမည် ဖြစ်သောကြောင့် အသစ်အသစ်သော ဇာတ်လမ်းတိုများကို အမြဲမပြတ် ဖတ်ရှုနိုင်မည် ဖြစ်သည်။ မိမိနှစ်သက်သဘောကျသည့် ဇာတ်လမ်းတိုများကို ထပ်ခါတလဲလဲ ဖတ်ရှုမည်ဆိုလျှင်လည်း ဝန်ဆောင်ခအပြင် နောက်ထပ်အခကြေးငွေ ထပ်မံပေးစရာမလိုဘဲ ဖတ်ရှုနိုင်မည့်အပြင် မိမိနှစ်သက်ရာ ဇာတ်လမ်းတိုများအတွက်လည်း ကြိုက်နှစ်သက်မှုအပေါ်မှုတည်၍ အဆင့်သတ်မှတ်ချက်များ ပေးသွားနိုင်မည် ဖြစ်သည်။
Chat Tin Zat Lan (ချက်တင်ဇာတ်လမ်း) ဝန်ဆောင်မှုကို ရယူလိုသည့် MPT သုံးစွဲသူများအနေဖြင့် 8181 သို့ ON ဟု SMS (စာတို) ပေးပို့၍ သော်လည်းကောင်း Lo Ta Ya Portal https://lotaya.mpt.com.mm/event/244 မှတစ်ဆင့် စာရင်သွင်း ပြုလုပ်၍ သော်လည်းကောင်း ရယူနိုင်ပြီး တစ်ရက်လျှင် ၉၉ ကျပ် (အခွန်ပါဝင်ပြီး) ကျသင့် မည် ဖြစ်သည်။
MPT-KSGM Joint Operations မှ စီးပွားရေးဌာနကြီး၏ အရာရှိချုပ် ဖြစ်သူ Mr. Reizo Umeda မှလည်း Chat Tin Zat Lan (ချက်တင်ဇာတ်လမ်း) portal ဝန်ဆောင်မှု အသစ်နှင့် ပတ်သက်၍ ပြောကြားခဲ့ရာတွင် “MPT အနေနဲ့ မြန်မာပြည်သူတွေအတွက် သူတို့ဘဝရဲ့ဆောင်ရွက်မှုတွေတိုင်းမှာ ပါဝင်နိုင်စေဖို့၊ သူတို့အတွက်လို အပ်တဲ့၊ ကိုက်ညီတဲ့ အစီအစဉ်သစ်တွေ ပေးနိုင်ဖို့အတွက် အမြဲတမ်းကြိုးစားနေပါတယ်။ ဒီ Chat Tin Zat Lan (ချက်တင်ဇာတ်လမ်း) ဝန်ဆောင်မှုကလည်း အဲဒီလိုအစီအစဉ်သစ်တွေထဲက တစ်ခုပဲဖြစ်ပါတယ်။ အချိန်တိုလေး အတွင်းမှာ ဖတ်ရှုသူတွေရဲ့ စိတ်ကို ကြည်နူးအောင်၊ စိတ်လှုပ်ရှားလာအောင်၊ အတွေးအမြင်သစ်တွေ ပွင့်လင်းလာအောင် လုပ်ပေးနိုင်မယ့် ဇာတ်လမ်းတိုလေး တွေကို တင်ဆက်ထားပြီးတော့ ဘယ်အချိန်၊ ဘယ်နေရာမှာမဆို လွယ်လွယ်ကူကူ ဖတ်ရှုနိုင်အောင် ရည်ရွယ်ဆောင်ရွက် ပေးထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ MPT ကို သုံးစွဲသူတွေရဲ့ ဘဝအတွေ့အကြုံတိုင်းကို တန်ဖိုးထားတဲ့အတွက် ဘယ်လိုအချိန် နေရာမျိုးမှုာမဆို အတွေ့အကြုံသစ်တွေ ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ထားတာလည်းဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
Chat Tin Zat Lan (ချက်တင်ဇာတ်လမ်း) ဝန်ဆောင်မှု အပါအဝင် MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ဖုန်းခေါ်ဆို၍၎င်း၊ MPT ၏ တရားဝင် Facebook စာမျက်နှာ ဖြစ်သည့် https://www.facebook.com/mptofficialpage/ နှင့် MPT ၏ တရားဝင်ဝက်ဘ်ဆိုက် ဖြစ်သည့် www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT ၏ အလုပ်အကိုင်အခွင့်အလမ်း အစီအစဉ် ၂၀၁၉ တွင် ပါဝင်ပြီး မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာမှာ အလုပ်လုပ်ကိုင်ခြင်းဖြင့် ဘွဲ့ရပြီးစလူငယ်များ ပိုမိုတောက်ပသည့် အနာဂတ်ကို ပုံဖော်နိုင်ပြီ

(ရန်ကုန် – ၂၀၁၉ခုနှစ် ဇူလိုင်လ၊ ၂၂ရက်) – မြန်မာနိုင်ငံ၏ဆက်သွယ်ရေးကဏ္ဍ၌ ဦးဆောင်လျက်ရှိ သည့် MPT တွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန် အခွင့်အရေးကောင်းတစ်ခုအဖြစ် ဘ့ွဲရပြီးစ လူငယ်များ အတွက် မိမိတို့အနာဂတ်ကို ပုံဖော်နိုင်မည့် အခွင့်အလမ်းတံခါးဝကို ဖွင့်လှစ် ပေးလိုက်ပြီ ဖြစ်သည်။ MPT ၏ ၂၀၁၉ ခုနှစ် အလုပ်အကိုင်အခွင့်အလမ်း အစီအစဉ် မှ တစ်ဆင့် အရည်အချင်းရှိသူ လူငယ်များသည် မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာထံတွင် အလုပ်ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် ပိုမိုတောက်ပသည့် အနာဂတ်ဆီသို့ လျောက်လှမ်း နိုင်မည် ဖြစ်သည်။
MPT အနေဖြင့် ဆက်သွယ်ရေးကဏ္ဍတွင် နှစ်ပေါင်း ၁၃၀ ကျော်အတွေ့အကြုံ ရှိခဲ့ပြီး ဖြစ်ကာ မြန်မာနိုင်ငံ၏ဆက်သွယ်ရေးလောကတွင် ထိပ်ဆုံးမှဦးဆောင်နေသည့်အော်ပရေတာ ဖြစ်ပါ သည်။ လက်ရှိအချိန်တွင် ဆက်သွယ်ရေးကွန်ရက် အခြေခံအဆောက်အအုံများကို တည်ထောင်ကာ နိုင်ငံအနှံ့ ဆက်သွယ်ရေးကွန်ရက် ဖြန့်ကျက်ပြီး လုပ်ငန်းလည်ပတ် ဆောင်ရွက်လျက်ရှိပါသည်။
အကျယ်ပြန့်ဆုံးသော အရောင်းဆိုင်များနှင့် လက်လီအရောင်းကွန်ရက်တို့နှင့်အတူ MPTသည် ဆက်သွယ်ရေးဝန်ဆောင်မှုကို နိုင်ငံအဝှမ်းတွင် ရရှိနိုင်စေရန်အတွက် ရည်ရွယ်လုပ်ဆောင်နေပါသည်။ လက်ရှိအချိန်တွင် ဝန်ထမ်းပေါင်း ၈ ထောင်ကျော်နှင့်အတူ လုပ်ငန်းလည်ပတ်လုပ်ကိုင်လျက်ရှိကာ တယ်လီကွန်းဆက်သွယ်ရေးကဏ္ဍကို စဉ်ဆက်မပြတ်တိုးတက်နေစေရန် ရည်ရွယ်ကြိုးပမ်း၍ မြန်မာနိုင်ငံကို ရှေ့သို့လှမ်းချီနိုင်ရန်အတွက် သန္နိဌာန်ချပြီး ဆောင်ရွက်လျက်ရှိပါသည်။
ဆက်သွယ်ရေးကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်လိုကြသည့် ဘွဲ့ရပြီးစလူငယ်များ အနေဖြင့် အောက်ဖော်ပြပါ အချက်အလက်များနှင့် ကိုက်ညီပါက MPT ၏ ၂၀၁၉ ခုနှစ် အလုပ်အကိုင် အခွင့်အလမ်း အစီအစဉ်တွင် လျောက်ထားနိုင်ကြမည်ဖြစ်ပါသည်။
MPT ရန်ကုန်ရုံး ရှိ ဌာနများတွင် ဝင်ရောက်လုပ်ကိုင်လိုသူများအတွက်
(က) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
(ခ ) အခြေခံကွန်ပျူတာနှင့် အခြေခံအင်္ဂလိပ်စာတတ်ကျွမ်းသူဖြစ်ရမည်။
(ဂ ) လုပ်ငန်းအတွေ့အကြုံမရှိသူများလျှောက်ထားနိုင်သည်။
(ဃ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(င ) ရန်ကုန်မြို့ MPT ရုံးချုပ်ရှိ ဌာနများတွင် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
Outside Plant Supervisor ရာထူးတွင် ဝင်ရောက်လုပ်ကိုင်လိုသူများအတွက်
(က) B.E/ B.Tech/ A.G.T.I (Civil, Mechanical, Electronic, Mechatronics, Electrical Power) ဘွဲ့ရရှိသူ (သို့မဟုတ်) B.Sc/ M.Sc (Mathematics, Physics) ဘွဲ့ရရှိသူ ဖြစ်ရမည်။
(ခ ) အခြေခံကွန်ပျူတာနှင့် အခြေခံ အင်္ဂလိပ်စာတတ်ကျွမ်းသူဖြစ်ရမည်။
(ဂ ) လုပ်ငန်းအတွေ့အကြုံမရှိသူများလျှောက်ထားနိုင်သည်။
(ဃ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(င) နေရာဒေသမရွေးတာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
စိတ်ပါဝင်စားသူများသည် အလုပ်လျှောက်လွှာ(CV) အား ပညာအရည်အချင်းမှတ်တမ်းများနှင့်အတူ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၂ ရက် နေ့မှစတင်ကာ [email protected] သို့ ပေးပို့သွားရန် လိုအပ်ပြီး၊ အသေးစိတ်သိလိုသည်များကို 01-380666 ၊ 09-423006347 နှင့် 09-423005225 တို့သို့ ဆက်သွယ်မေးမြန်း နိုင်ပါသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှူး (DY CEO of MPT-KSGM Joint Operations) ဖြစ်သူ ဦးခင်မောင်ထွန်း ကလည်း ဆက်သွယ်ရေးကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင် လိုကြသည့် လူငယ်များအတွက် ပြောကြားရာတွင် “MPT အနေနဲ့ မြန်မာနိုင်ငံက လူငယ်တွေဆီမှာ အခွင့်အလမ်းတွေ အများကြီးရှိထားတယ်ဆိုတာကို ယုံကြည်ထားပြီး၊ စီးပွားရေးဆိုင်ရာ မန်နေဂျာကောင်းတွေ၊ ခေါင်းဆောင်ကောင်းတွေ အနာဂတ်အတွက် ပေါ်ထွန်းလာမယ်လို့ မျှော်လင့်ထားပါတယ်။ ဒါကြောင့် အရည်အချင်းရှိတဲ့ ဘွဲ့ရမောင်မယ်သစ်လွင်တွေကို ဖိတ်ခေါ်ပြီး ကျွန်တော်တို့ရဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာ သူတို့ရဲ့ အလုပ်အကိုင်ကို စတင်နိုင်ဖို့ ဖိတ်ခေါ် ပေးနေတာဖြစ်ပါတယ်။ MPTမှာ အလုပ်လုပ်ကိုင်ခြင်းကြောင့် ကွဲပြားတဲ့ နယ်ပယ်အသီးသီးက ဝန်ထမ်းတွေအကြားမှာ လုပ်ငန်းခွင်အတွေ့အကြုံတွေ ရရှိလာနိုင်သလို၊ ကမ္ဘာ့စီးပွားရေးနယ်ပယ်က အကောင်းဆုံးအတွေ့အကြုံတွေကိုလည်း ထိတွေ့သိရှိခွင့် ရရှိလာမှာဖြစ်ပါတယ်။ ဒါ့အပြင် အနာဂတ်မှာ ရေရှည်အသုံးဝင်လာမယ့် ကျွမ်းကျင်မှုအသစ်တွေ၊ လေ့ကျင့်မှုတွေကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ကြမှာ ဖြစ်ပါတယ်။ MPT ရဲ့မိသားစုမှာ ပါဝင်နိုင်ဖို့အတွက် ဒီကနေ ဖိတ်ခေါ်လိုပြီး MPT နဲ့ လက်တွဲပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်လိုကြတဲ့၊ စိတ်ဝင်စားဖွယ်ရာ အလုပ်အကိုင်လမ်းကြောင်းကို ဖန်တီးလိုကြတဲ့ လူငယ်တွေကို ကြိုဆိုပါတယ်” ဟု ပြောကြားခဲ့ပါသည်။
MPT ၏ ဘွဲ့ရပြီးစလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း အစီအစဉ် နှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက 106 သို့ဖုန်းခေါ်ဆို၍ လည်းကောင်း၊ MPT ၏ တရားဝင် Facebook စာမျက်နှာဖြစ်သည့် https://www.facebook.com/mptofficialpage/ သို့မဟုတ် MPT ၏ တရားဝင်ဝက်ဘ်ဆိုက်စာမျက်နှာ www.mpt.com.mm သို့ ဝင်ရောက်ပြီး၊ MPT ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ အကြောင်းကို အသေးစိတ်လေ့လာနိုင်မည် ဖြစ်ပါသည်။

MPT အသုံးပြုသူများအတွက် 200GB အထိ ကံထူးခွင့်ရရှိမည့် Lucky Data အစီအစဉ်သစ်ကို မိတ်ဆက်

(ရန်ကုန် – ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ) – မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT သည် သုံးစွဲသူများအတွက် ပြီးပြည့်စုံသော ဒီဂျစ်တယ်လူမှုဘဝများကို အပြည့်အဝခံစားနိုင်စေရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ သည်။ ယနေ့တွင် MPT သည် မြန်မာပြည်သူပြည်သားများအတွက် ဒေတာကံထူးခွင့်များရရှိမည့် Lucky Data ပရိုမိုးရှင်းအစီအစဉ်သစ်တစ်ရပ်ကို မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ် ပြန်လိုက်သည်။
Lucky Data ပရိုမိုးရှင်းအစီအစဉ်ကို MPT သုံးစွဲသူများ အလွယ်တကူ အသုံးပြုနိုင်ရန်အတွက် အရိုးရှင်းဆုံး စီစဉ်ပေးထားပြီး၊ ဇူလိုင် ၁၈ ရက် နေ့မှ စတင်၍ ထပ်မံမကြေညာခင်အချိန်အထိ Data Carry Pack ဝယ်ယူသူတိုင်းအတွက် 200GB အထိ ကံထူးခွင့်ရရှိမည်ဖြစ်သည်။ အဆိုပါအစီအစဉ်ကို MPT GSM/WCDMA အသုံးပြုသူတိုင်း ပါဝင်နိုင်မည်ဖြစ်ပြီး စိတ်ဝင်စားဖွယ် Data ဆုလက်ဆောင်များကို ရရှိကံထူးနိုင်ကြမည် ဖြစ်ပါသည်။ Data Carry Pack အား ဝယ်ယူရန်အတွက် *777# ကိုခေါ်ဆိုပြီး၊ မိမိတို့နှစ်သက်ရာ ဒေတာပက်ကေ့ချ်များကို ဝယ်ယူခြင်းဖြင့် အပိုဆောင်းဒေတာများကို ရက်ပေါင်း ၃၀ အထိသုံးစွဲနိုင်ပြီး ယခင်လက်ကျန်ရှိနေသည့် ဒေတာ များ ကိုလည်း ပက်ကေ့ချ်သက်တမ်းအတိုင်း ဆက်လက်သယ်ဆောင် အသုံးပြုနိုင်မည် ဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် MPT4U app ကို အသုံးပြုပြီးလည်း အဆိုပါ ပက်ကေ့ချ်များကို ဝယ်ယူနိုင်မည်ဖြစ်သည်။

MPT အသုံးပြုသူများအနေဖြင့် မိမိ၏မိသားစုနှင့် မိတ်ဆွေများထံသို့ ဒေတာ လက်ဆောင်ပေးနိုင်ရန် *777# သို့မဟုတ် *106*2# သို့ ခေါ်ယူပြီး၊ မိမိပေးလိုသည့် ဒေတာပက်ကေ့ချ်အားရွေးချယ်ကာ အမှတ်စဉ် “2.Gift (သို့) 2.လက်ဆောင်ပေးမည်” ကို ရွေးချယ်ပြီး၊လက်ဆောင်ပေးမည့် မိုဘိုင်းလ်နံပါတ်ကို ရိုက်နှိပ်ပြီး တခြားသူများကိုလက်ဆောင်ပေးနိုင်မည်ဖြစ်သည်။ အသုံးပြုသူများအနေဖြင့် မိမိတို့လိုအပ်သလောက် ဒေတာပက်ကေ့ချ်များကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ကာ Lucky Data များကံထူးရန် အခွင့်အလမ်းပိုမိုရရှိနိုင်မည် ဖြစ်သည်။ ဝယ်ယူလိုက်သည့် ဒေတာပက်ကေ့ချ်များအတွက်ဒေတာပမာဏနှင့်သက်တမ်း ကို ပေါင်းစည်းအသုံးပြုနိုင်မည်ဖြစ်သော်လည်း Lucky Data ၏ အသုံးပြုနိုင်သည့် ဒေတာပမာဏနှင့် သက်တမ်းကို ပေါင်းစည်းအသုံးပြုနိုင်မည်မဟုတ်ပါ။ Lucky Data များကိုမူ ၇ ရက်အတွင်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။
MPT အသုံးပြုသူများကို ပိုမိုပျော်ရွှင်စေမည့် Happy Friday + Lucky Data Promotion အစီအစဉ်
သောကြာနေ့များတွင် Data Carry Pack ဝယ်ယူသည့် MPT သုံးစွဲသူများအနေဖြင့် Happy Friday အပိုဆောင်းဒေတာ (MBs) များရရှိနိုင်မည်ဖြစ်သည့်အပြင် အခြားနေ့များတွင်လည်း 200GB အထိ ဒေတာကံထူးခွင့်များရရှိမည့် Lucky Data ပရိုမိုးရှင်းအစီအစဉ် ကိုလည်းကံထူးရရှိနိုင်မည်ဖြစ်သည်။
MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှလည်း ယခု ပရိုမိုးရှင်း အစီအစဉ်သစ်နှင့် ပတ်သက်၍ “ အခုဆိုရင် မြန်မာနိုင်ငံသားတွေအတွက် ဒေတာပက်ကေ့ချ်တွေဟာ အထူးသဖြင့် အင်တာနက်ကို ပမာဏများများ အသုံးပြုနေကြတဲ့ သူတွေအတွက် အရေးကြီးတဲ့ပြတင်းပေါက်တစ်ခုအနေနဲ့ အင်မတန်အရေးပါလာပါပြီ။ ကျွန်တော်တို့ အိမ်မှာ၊ ရုံးမှာ၊ ကျောင်းမှာ၊ စီးပွားရေးလုပ်ငန်းတွေမှာ၊ ဘယ်နေရာမှာမဆို ဒေတာ တွေက ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေကို မောင်းနှင်နေကြတဲ့ အသက်သွေးကြောလို့တောင် ပြောလို့ရပါတယ်။ ဒါကြောင့်လည်း MPT အနေနဲ့ သုံးစွဲသူတွေကို စိတ်ကျေနပ်မှုရရှိစေနိုင်ဖို့နဲ့ ဒီအစီအစဉ်ကနေတစ်ဆင့် ပြီးပြည့်စုံတဲ့ ဒီဂျစ်တယ်လူမှုဘဝတွေကို အပြည့်အဝခံစားနိုင်စေဖို့နဲ့ သုံးစွဲသူတွေ အကျိုးအမြတ် ပိုမိုရရှိစေဖို့ အခြားသော ပရိုမိုးရှင်းတွေနဲ့ ပေါင်းစပ်ထားတာဖြစ်လို့ သုံးစွဲသူတွေအနေနဲ့ MPT ကို ရွေးချယ်ရကျိုးနပ်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော့်အနေနဲ့ MPT အသုံးပြုသူအားလုံးကို ဒီ Lucky Data နဲ့ Happy Friday အစီအစဉ်ကို ရယူအသုံးပြုပြီးတော့ မိမိတို့ရဲ့ ဒီဂျစ်တယ်လူမှုဘဝတွေကို ပိုမိုကောင်းမွန်အောင်လုပ်ကြပါလို့ ဖိတ်ခေါ်တိုက်တွန်းချင်ပါ တယ်”ဟု ပြောကြားခဲ့ပါသည်။
Lucky Data အပါအဝင် အခြားသော အရောင်းမြှင့်တင်မှုများ၊ MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် ပိုမိုသိရှိ လိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ဖုန်းခေါ်ဆို၍၎င်း၊ MPT ၏ တရားဝင် Facebook page ဖြစ်သည့် https://www.facebook.com/mptofficialpage/ နှင့် MPT ၏ တရားဝင် website ဖြစ်သည့် www.mpt.com.mm သို့၎င်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT နှင့် အများပြည်သူတို့စုပေါင်းဆောင်ရွက်ခြင်းဖြင့် အမှိုက်စွန့်ပစ်ခြင်း အလေ့အထကောင်းများ ၊ သွေးလိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးတို့တွင် “နှလုံးသားထဲကမြန်မာ” လှုပ်ရှားမှုအဖြစ် အထောက်အပံ့ကောင်းများကို ဖော်ဆောင်လျက်ရှိ

(ရန်ကုန်၊ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၂ ရက်) မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သော MPT သည် ဒီဂျစ်တယ်နည်းပညာတိုးတက်မှုများအတွက် ဦးတည် ဆောင်ရွက်နေခြင်းနှင့်အတူ ခေတ်သစ်ဆက်သွယ်ရေးနည်းလမ်းများကို နိုင်ငံအဝှမ်းရှိဒေသစုံ တွင် ဖြန့်ကျက်ပေးခြင်းဖြင့် ပြည်သူများ၏ လိုအပ်ချက်များကိုဖြည့်ဆည်းကာ နိုင်ငံအနှံအပြားတွင် တိုးတက် ပြောင်းလဲမှုများကို ဖော်ဆောင်လျက်ရှိပါသည်။ လိုအပ်သော နည်းပညာဆိုင်ရာ အခြေခံ အဆောက်အအုံများကို ဖြည့်ဆည်းပေးခြင်းနှင့်အတူ တစ်နိုင်ငံလုံးရှိသုံးစွဲသူ ပြည်သူတို့၏ လူနေမှုဘဝများကို တိုးတက်ပြောင်းလဲလာစေရန်အတွက်လည်း လူမှုအကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိ ပါသည်။ တာဝန်သိ ပြည်တွင်း ဆက်သွယ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် အားလျော်စွာ မိမိတို့ရရှိထားသော အကျိုးအမြတ်များကို နိုင်ငံအတွက် ပြန်လည်အသုံးပြုလျက်ရှိပြီး အဓိကကဏ္ဍကြီး သုံးရပ်ဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ စွန့်ဦးတီထွင်နှင့် စီးပွားရေးလုပ်ငန်းငယ်များ ဖွံံ့ဖြိုးရေးစသည်တို့တွင် အထောက်အပံ့ဖြစ်စေမည့် လူမှုအကျိုးပြုလုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်အတူ စုပေါင်း ဆောင်ရွက်ခြင်းဖြင့် ကောင်းမွန်သည့် မှတ်တိုင်များကိုလည်း စိုက်ထူ ဖော်ဆောင်ခဲ့ပြီး ဖြစ်ပါသည်။

ကဏ္ဍအသီးသီးတွင် ဒေသခံလူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းသည့် မြန်မာနိုင်ငံ ကို ရှေ့သို့လှမ်းချီနိုင်ရန်အတွက် အထောက်အပံ့ကောင်းဖြစ်စေမည်ဟု MPT က ယုံကြည်ထားကာ မိမိတို့လူမှု အဖွဲ့အစည်းအကြား နေ့စဉ်ရင်ဆိုင်နေရသည့် အခက်အခဲများကို စုပေါင်းဆောင်ရွက်ခြင်းဖြင့် ကျော်လွှား နိုင်မည့်အပြင် လူမှုအကျိုးပြုလုပ်ငန်းများကိုဒေသခံအဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် အတူ အောက်ဖော်ပြပါကဏ္ဍများတွင် အားသွန်ခွန်စိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတစ်ဝှမ်း စုပေါင်း သွေးလှူဒါန်းပွဲများ
MPT ၏ နိုင်ငံတစ်ဝှမ်း စုပေါင်းသွေးလှူဒါန်းခြင်း အစီအစဉ်သည် အသက်ရှင်သန်ရေးအတွက် သွေး၏ အရေးပါပုံကို ပြည်သူများအကြား အသိအမြင်များ ပိုမိုရရှိလာစေရန် ၊ သွေးလှူဒါန်းသူစေတနာရှင်များ ပိုမိုပေါ်ထွန်းလာစေရန်နှင့် ကျန်းမာရေးကဏ္ဍအတွက်သွေးလိုအပ်မှုကို တစ်တပ်တစ်အား ထောက်ပံ့ပေးရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပါသည်။ အဆိုပါသွေးလှူဒါန်းခြင်းအစီအစဉ်ကို ရန်ကုန်မြို့ရှိ အမျိုးသားသွေးဌာန နှင့် တိုင်းနှင့်ပြည်နယ်အစုံရှိ ဒေသပေါင်း ၁၇ ခုမှ ဆေးရုံများတွင်ပြုလုပ်ခဲ့ပြီး MPT အဖွဲ့သားများ၊ ဒေသခံ သွေးလှူရှင်များပါဝင်ခဲ့ကြကာ လက်ရှိအချိန်အထိ စုစုပေါင်းလူဦးရေ ၃,၀၀၀ ကျော်တို့မှ သန့်စင်သောသွေးကို ပါဝင်လှူဒါန်းခဲ့ကြပြီးဖြစ်သည်။ ယခုအစီအစဉ်ကို “သန့်စင်သောသွေး လူသားအားလုံးရရှိရေး” ဟူသည့် ဆောင်ပုဒ် နှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

နိုင်ငံတစ်ဝှမ်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုအစီအစဉ်

MPT ၏ နိုင်ငံတစ်ဝှမ်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းအစီအစဉ်ကို သဘာဝဘေးအန္တရာယ်ဖြစ်နိုင်ချေနှင့် ကာဗွန်ထုတ်လွှတ်မှုများ လျော့ချနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်ရေးတို့နှင့် ပတ်သက်သော အသိအမြင်များ ပိုမိုမြင့်မားလာစေရန်တို့အပြင် အများပြည်သူတို့အကြားတွင် သစ်ပင် စိုက်ပျိုးခြင်း၏ အရေးပါမှုကို ပိုမိုသိမြင်လာစေရန်အတွက် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ MPT ၏ ”စိမ်းလန်းစေဖို့ရှေ့ဆက်စို့” အစီအစဉ် ဖြင့် လက်ရှိအချိန်အထိ သစ်ပင်ပေါင်း ၁၂,၀၀၀ ကျော်ကို လူဦးရေ ၈,၀၀၀ ကျော်ခန့်ဖြင့် အတူတကွ စိုက်ပျိုးခဲ့ပြီးလည်းဖြစ်ပါသည်။ MPT အနေဖြင့် မြန်မာ့ လူမှုအဖွဲ့အစည်း အတွက် အရေးပါသည့်ကိစ္စရပ်များဖြစ်သော ဂေဟစနစ်ပိုမိုကောင်းမွန်စေရန်နှင့် ကျန်းမာရေးကို အထောက်အ ကူပြုစေနိုင်သည့် ကိစ္စရပ်များကို ဖြေရှင်းနိုင်စေရေးတွင် အများပြည်သူတို့ ပူးပေါင်းပါဝင်နိုင်စေရန်အတွက် အားပေးလှုံ့ဆော်လျက်ရှိပြီး ယင်းအခန်းကဏ္ဍများရှိ လိုအပ်ချက်များအပေါ် အလေးအနက်ထားပြီး ဦးတည် ဖြည့်စွမ်းလျက်ရှိပါသည်။

နိုင်ငံအဝှမ်း စုပေါင်း သန့်ရှင်းရေးလုပ်ရှားမှုများ

MPT မှ စိမ်းလန်းစေဖို့ရှေ့ဆက်စို့ ဟူသည့် ဆောင်ပုဒ်ဖြင့် ယင်း၏ ဝန်ထမ်းများ၊ သုံးစွဲသူပြည်သူများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဒေသအသီးသီးရှိ မိဘပြည်သူများနှင့် အတူပူးပေါင်းကာ အထင်ကရနေရာများ၊ စေတီပုထိုးများ နှင့် အများပြည်သူ နေရာများတွင် သန့်ရှင်းရေး လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ ပါသည်။ ပြည်သူအများအနေဖြင့် သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော ပတ်ဝန်းကျင်ကိုအလေးထားစေနိုင်ရန် အတွက် ထိုကဲ့သို့ ကျယ်ပြန့်သော လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ၂၀၁၇ ခုနှစ် နှင့် ၂၀၁၈ ခုနှစ်တွင် လုပ်ဆောင်ခဲ့သော နိုင်ငံအဝှမ်း ဆောင်ရွက်မှုများမှတစ်ဆင့် ပြည်သူ ၁၅,၀၀၀ ကျော် ပူးပေါင်းပါဝင် ခဲ့ကြပါသည်။

နုလုံးသားထဲက မြန်မာဆိုသည့် ခံယူချက်နှင့်အညီ MPT အနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုအကျိုးပြု လုပ်ငန်းများကို အားသွန်ခွန်စိုက်ဆက်လက် ဆောင်ရွက်နေပြီး ဆက်လက်၍ ယခုနှစ်အတွင်း ၈ ကြိမ်မြောက် နိုင်ငံအဝှမ်း သွေးလှူဒါန်းခြင်းအဖြစ် ဇူလိုင်လ ၁၈ ရက်တွင်လည်းကောင်း၊ တတိယအကြိမ်မြောက် နိုင်ငံအဝှမ်း သစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုများအား ဇူလိုင်လနှင့် သြဂုတ်လများတွင် လည်းကောင်း၊ ပြည်သူအများ အသိအမြင်များတိုးတက်လာစေရန်နှင့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် MPT ၏ “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” လှုပ်ရှားမှုကိုလည်း ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် တတိယအကြိမ်မြောက်အဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာန၏ ဒုတိယအရာရှိချုပ် ဖြစ်သူ ဦးမြင့်သိန်းထွန်းက “ MPT အနေနဲ့ မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ ဖော်ဆောင်နေတဲ့ ဝန်းကျင်အတွက်လည်း လူမှုအကျိုးပြု လုပ်ငန်းတွေကို ပြန်လည်ပြီး ပေးစွမ်းဆောင်ရွက်နေပါတယ်။ လူမှုအဖွဲ့အစည်းတွေ တိုးတက်လာတာနဲ့အညီ သူတို့ရဲ့ လိုအပ်ချက်တွေဟာလည်းပိုပိုပြီး တိုးလာသလို ကျွန်တော်တို့အနေနဲ့ အဲဒီလိုတိုးတက်လာတဲ့ လိုအပ်ချက်တွေကို ဖြည့်စွမ်းနိုင်ဖို့အတွက် ဝန်ဆောင်မှုတွေကို တိုးတက်ပြီးပေးအပ်နေပါတယ်။ ဒီလိုပေးအပ်နိုင်တာကတစ်ဆင့် သုံးစွဲသူနဲ့ ဝန်ဆောင်မှုပေးသူအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမှာဖြစ်ပြီး MPT နဲ့ မြန်မာပြည်သူတွေအကြားမှာ ရေရှည်တည်တံ့တဲ့ ဆက်ဆံရေးတစ်ခုကို ဖန်တီးဖြစ်ပေါ်စေမှာပါ။ MPT ဟာ မြန်မာနိုင်ငံကို ရှေ့ကိုလှမ်းချီနိုင်စေဖို့ အတွက် နည်းပညာ ကဏ္ဍမှာရော လူမှုဝန်းကျင်အတွက် လိုအပ်တဲ့ ကဏ္ဍ တွေမှာပါ ဖြည့်စွမ်း ဆောင်ရွက်သွားမှာပါ “ဟု ပြောကြားခဲ့ပါသည်။
MPT သည် နိုင်ငံတစ်ဝှမ်းရှိ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ဆက်သွယ်ရေး ပိုမိုကောင်းမွန် လာနိုင်စေရန်အတွက် တယ်လီကွန်းဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို တိုးတက် စေရန် ဆောင်ရွက်လျက်ရှိပြီး တိုးတက်သည့်နိုင်ငံတစ်ခုဖြစ်လာနိုင်စေရန်အတွက်လည်း နုလုံးသားထဲကမြန်မာ ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အလေးအနက်ထား ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများ၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက MPT ၏ တရားဝင် ဝက်ဘ်ဆိုက် ဖြစ်သည့် www.mpt.com.mm သို့ မဟုတ် MPT ၏ တရားဝင် Facebook စာမျက်နှာဖြစ်သည့် ဖြစ်သည့် https://www.facebook.com/mptofficialpage/ သို့ ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။

မြန်မာအမျိုးသမီးတို့၏ စိတ်ခွန်အားအတွက် လိုအပ်ချက်များကို အကောင်းဆုံး ဖြည့်ဆည်းနိုင်မည့် သတင်းအချက်အလက်များ ပါဝင်သော “ခင့်ကမ္ဘာ” ပေါ်တယ် ဝန်ဆောင်မှုကို MPT က မိတ်ဆက်

(ရန်ကုန် – ၂၀၁၉ခုနှစ် ၊ ဇူလိုင်လ ၂ ရက်) မြန်မာအမျိုးသမီးများ၏ စိတ်ခွန်အားတိုးတက်မှု အခန်းကဏ္ဍကို အလေးထားသော MPT သည် ယနေ့ခတ်၏ ဒီဂျစ်တယ်ရေစီးကြောင်း အပြောင်းအလဲများ နှင့်အညီ အမျိုးသမီးများအတွက် ဗဟုသုတနှင့် ရသမျိုးစုံကို ပံ့ပိုးနိုင်ရန်အဓိက စီစဉ်ထားသော “ ခင့်ကမ္ဘာ” ပေါ်တယ် ဝန်ဆောင်မှု အသစ်ကို ယနေ့ မိတ်ဆက်လိုက်ပြီဖြစ်သည်။ အဆိုပါဝန်ဆောင်မှုတွင် အမျိုးသမီးများ အတွက် အဓိကရည်ရွယ်ထားသော သတင်းအချက်အလက်များကို မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ပြီး အသက်အရွယ် အပိုင်းအခြား အားလုံးအပေါ် အထောက်အကူပြုနိုင်မည့် ဗဟုသုတနှင့် ရသမျိုးစုံကို http://khintkabar.com မှတစ်ဆင့် တစ်နေရာတည်းတွင် လေ့လာနိုင်မည်ဖြစ်သည်။
“ခင့်ကမ္ဘာ” ပေါ်တယ် ဝန်ဆောင်မှုသည် မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT နှင့် မိုဘိုင်းလ် နှင့် ဝက်ဘ်ပေါ်တယ်များပေါ်မှ နည်းပညာနှင့် တယ်လီကွန်းဝန်ဆောင်မှုများ၊ ထပ်ဆောင်းဝန်ဆောင်မှုများ (VAS) ကို ဆောင်ရွက်ပေးနေသော CSS Technology ကုမ္ပဏီတို့ လက်တွဲ ဆောင်ရွက်ထားသည့် ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။
“ခင့်ကမ္ဘာ” ပေါ်တယ်ဝန်ဆောင်မှုသည် MPT သုံးစွဲသူများအတွက် သီးသန့်စီစဉ်ထားခြင်းဖြစ်ကာ အမျိုးအစား စုံလင်လှသော ဗဟုသုတများနှင့် ရသမျိုးစုံကို နေ့စဉ် စာရင်းသွင်း ရယူအသုံးပြုနိုင်မည် ဖြစ်သည်။ MPT ၏ အလျင်မြန်ဆုံးနှင့် အကျယ်ပြန့်ဆုံး ကွန်ရက်မှ တစ်ဆင့် အဆိုပါ ပေါ်တယ်ဝန်ဆောင်မှုတွင် အမျိုးသမီးတို့၏ ပင်ကိုယ်အရည်အသွေး၊ ဗဟုသုတများ၊ ရသမျိုးစုံ၊ ပျော်ရွှင်မှု၊ အတွေးအခေါ် စသည်တို့အတွက် အကျိုးပြုပေးနိုင်မည့် သတင်းအချက်အလက်များကို ဖော်ပြပေးထားသည်။ MPT အသုံးပြုသူများသည် ၎င်းဝန်ဆောင်မှုတွင် ကဏ္ဍ (၈) ခု ဖြစ်သည့် ဆောင်းပါးများ၊ ပျော်စရာ၊ ပရိုမိုးရှင်းများ၊ အချက်အပြုတ်၊ DIY ၊ ဖက်ရှင်၊ အထွေထွေဗဟုသုတ နှင့် သီချင်းများ စသည်တို့ကို တစ်ရက်လျှင် ၉၉ ကျပ် နှုန်းဖြင့် သက်သက်သာသာ ရယူ အသုံးပြုနိုင်မည်ဖြစ်သည်။
ဆောင်းပါးများ – အဆိုပါကဏ္ဍတွင် ကျန်းမာရေး ၊အလှအပ၊ အချစ်ရေး နှင့်အခြားသော ပျိုမေတို့ကြိုက်နှစ်သက်သည့် ကိစ္စရပ်များစွာကို အထောက်အပံ့ပေးနိုင်မည့် ဗဟုသုတရဖွယ် အကြောင်းအရာများစွာကို ရွေးချယ်၍ ဖတ်ရှုနိုင်သည်။
ပျော်စရာ – အဆိုပါကဏ္ဍတွင် ရုပ်ပြဟာသများ၊ ဇာတာခွင်နှင့်တားရော့များမှတစ်ဆင့် ပျိုမေတို့အတွက် ကံကောင်းစေမည့် အရောင်၊ ဂဏန်း၊ နေ့ရက်နှင့် အချိန်၊ အချစ်ရေးနှင့် လူမှုဆက်ဆံရေးကဏ္ဍများတွင် သင့်တော်ရာ ရွေးချယ်မှုများပြုလုပ်နိုင်ရန် ကူညီပေးမည့် အစီအစဉ်များ ပါဝင်သည်။
ပရိုမိုးရှင်း – ပရိုမိုးရှင်းကဏ္ဍတွင် ရန်ကုန်မြို့တွင်းတွင် ပစ္စည်းမှန်မှန် ဈေးတန်တန်ဖြင့် ရရှိနိုင်မည့် လျော့ဈေး ပေးနေသော နေရာများနှင့် ပရိုမိုးရှင်းပွဲကျင်းပမည့် နေရာများကိုပါ ဖော်ပြထားသည်။
အချက်အပြုတ် – အချက်အပြုတ်ကဏ္ဍတွင် မိမိအိမ်၌ အလွယ်တကူ ချက်ပြုတ်နိုင်မည့် အရှေ့တိုင်း နှင့် အနောက်တိုင်း ဟင်းလျာများအပြင် မြန်မာ့ရိုးရာ ဟင်းလျာများကို အရသာရှိရှိချက်ပြုတ်ချင်သော အိမ်ထောင်ရှင်အမျိုးသမီးများအတွက် ဟင်းချက်နည်းများကိုပါ ဖော်ပြထားသည်။
DIY- ၎င်း ကဏ္ဍတွင် ပျိုမေများအနေဖြင့် မိမိတို့ အားလပ်ချိန်များတွင် မိမိတို့ကိုယ်တိုင် အလွယ်တကူ ပြုလုပ်နိုင်မည့် အိမ်တွင်းမှု အနုပညာမြောက် လက်ရာများ နှင့် နေ့စဉ်ဘဝတွင် လက်တွေ့ အသုံးတည့်နိုင်စေမည့် လုပ်ဆောင်ရန် နည်းလမ်းများ ပါဝင်သည်။
ဖက်ရှင် – ပျိုမေများ ယနေ့ခေတ် ဖက်ရှင်ရေစီးကြောင်းအလိုက် အဝတ်အစား၊ မိတ်ကပ်၊ ဆံပင်ပုံစံများနှင့် အသုံးအဆောင်ပစ္စည်းများကို မိမိတို့၏ လိုအပ်ချက်များအတွက် လိုက်လျောညီထွေစွာ ဝတ်ဆင်နိုင်ရန် အစဉ်မပြတ်ဖော်ပြပေးထားသည့်ကဏ္ဍ ဖြစ်သည်။
အထွေထွေဗဟုသုတ – အဆိုပါ ကဏ္ဍတွင် အောင်မြင်ကျော်ကြားသူများ၏ ဘဝဇာတ်ကြောင်းများ အပါအဝင် လတ်တလောနှင့် မကြာမီ ရုံတင်မည့် ရုပ်ရှင်များ၊ သုတစာပေ ရသစာပေများ အပေါ်တွင် အနှစ်သာရရှိရှိ သုံးသပ်ချက်များကို စိတ်ခွန်အားရဖွယ် ဖော်ပြထားသည်။
သီချင်း – ပျိုမေတို့၏ အားလပ်ချိန်တွင် ပြည်ပမှ အနုပညာရှင်များ၏ ဂီတအမျိုးအစားအစုံမှ အချစ်သီချင်းများနှင့် စိတ်ခွန်အားရဖွယ်သီချင်းများကို နားသောတဆင်နိုင်မည် ဖြစ်သည်။

“ခင့်ကမ္ဘာ” ပေါ်တယ်ဝန်ဆောင်မှု၏ ပင်မစာမျက်နှာနှင့် ဝန်ဆောင်မှု ကဏ္ဍများ
MPTသုံးစွဲသူများအနေဖြင့် “ခင့်ကမ္ဘာ” ပေါ်တယ် ဝန်ဆောင်မှုကို ရယူလိုပါက 8440 သို့ “ON” ဟု စာတို (SMS) ပေးပို့ခြင်း (သို့မဟုတ်) MPT Data/Wifi ကို အသုံးပြု၍ http://khintkabar.com (သို့မဟုတ်) https://lotaya.mpt.com.mm/event/232 မှတစ်ဆင့် ဝင်ရောက်ပြီး အသုံးပြုနိုင်ပါသည်။ စာရင်းသွင်းရယူပြီးနောက် လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်သွားရမည် ဖြစ်သည်။

MPT-KGSM Joint operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က ပေါ်တယ် ဝန်ဆောင်မှုအသစ်နှင့်ပတ်သက်၍ “ ကျွန်တော်တို့အနေနဲ့ MPT မှာ အလုပ်လုပ်နေကြတဲ့ အမျိုးသမီးတွေ အပါအဝင် MPT သုံးစွဲသူ ၂၃ သန်းကျော်မှာ ပါဝင်နေတဲ့ အမျိုးသမီးတွေရဲ့ တန်ဖိုးကို အသိအမှတ်ပြုတဲ့ အထိမ်းအမှတ် ဝန်ဆောင်မှု တစ်ခုဖြစ်လို့ ဝမ်းသာဂုဏ်ယူမိပါတယ်။ ငယ်ရွယ်တဲ့ အမျိုးသမီးတွေအနေနဲ့ တက္ကသိုလ် ကောလိပ်ပညာရေးတွေ၊ နိုင်ငံတကာက လေ့ကျင့်သင်ကြားမှုတွေနဲ့အတူ အလုပ်ခွင်ကိုပိုမိုပြီး ဝင်ရောက်လုပ်ကိုင် လာတာနဲ့အညီ အလုပ်ခွင်နဲ့ မိသားစုဘဝကို ချိန်ညှိနိုင်ဖို့အတွက် ကြိုးပမ်းလာကြတဲ့ သူတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်စွမ်းနိုင်မယ့် ဝန်ဆောင်မှုတွေကို အလေးထားပြီး ပေးအပ်သွားနိုင်ဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ ယူဆမိပါတယ်။ ဒီကနေ့ မြန်မာအမျိုးသမီးတွေဟာ သမရိုးကျ အမေတစ်ယောက်၊ သမီး တစ်ယောက် ဒါမှမဟုတ် အိမ်ထောင်ရှင်မတစ်ယောက် အဖြစ်နဲ့ပဲ ဘဝကို ရိုးရိုးကြီး ဖြတ်သန်းနေကြတဲ့ခေတ် မဟုတ်တော့ပါဘူး။ တော်တော်များများဟာ စီးပွားရေးလုပ်ငန်းရှင်တွေ၊ လုပ်ငန်းခွင်မှာ အလုပ်ဝင်နေသူတွေ၊ ပညာဝေမျှနေသူတွေ၊ ဥပဒေပြုနေသူတွေနဲ့ ခေါင်းဆောင်တွေအဖြစ် သက်ဆိုင်ရာ အသိုင်းအဝိုင်းမှာ ပါဝင် လာကြပြီဖြစ်ပါတယ်။ “ခင့်ကမ္ဘာ” ပေါ်တယ် ဝန်ဆောင်မှုဟာ ကမ္ဘာကြီးကို ပျိုမေတွေနဲ့ချိတ်ဆက်ပေး၊ စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးပြီး ပျိုမေတွေအနေနဲ့ ကဏ္ဍအစုံမှာ အာရုံစိုက်လာနိုင်ဖို့အပြင် ကိုယ်ရွေးချယ်ထားတဲ့ နယ်ပယ်မှာအောင်မြင်လာဖို့အတွက် လိုအပ်ချက်တွေကိုရော၊ သူတို့အတွက် ဖျော်ဖြေရေးတွေကိုပါ ထိထိရောက်ရောက် ပံ့ပိုးပေးမှာဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။
“ခင့်ကမ္ဘာ” ပေါ်တယ်ဝန်ဆောင်မှုနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ၁၀၆ သို့ဆက်သွယ်၍လည်းကောင်း Hotline နံပါတ် ၀၉၈၉၈၂၂၅၅၄၄ သို့ခေါ်ဆို၍လည်းကောင်း၊ MPT၏ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာ https://www.facebook.com/mptofficialpage/ သို့ဝင်ရောက်ကြည့်ရှု၍သော်လည်းကောင် MPT၏ တရားဝင် ဝက်ဘ်ဆိုက် www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှု၍ သော်လည်းကောင်း လေ့လာနိုင်ပါသ

MPT က ပျော်ရွှင်စိတ်လှုပ်ရှားစရာ နေ့ရက်များကို ဖန်တီးပေးမည့် “မျက်လှည့်” ဝန်ဆောင်မှုကို မိတ်ဆက်

(ရန်ကုန် – ၂၀၁၉ ခုနှစ် ဇူလိုင်လ ၉ ရက်) MPT သည် သုံးစွဲသူများ ဒီဂျစ်တယ် အတွေ့အကြုံကောင်းများ ရရှိစေရန်အတွက် ပျော်ရွှင်စရာ၊ စိတ်လှုပ်ရှားဖွယ်ရာ ဝန်ဆောင်မှုများကို အစဉ်အမြဲ ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆာင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် မိုဘိုင်းလ်ဆိုင်ရာ ထပ်ဆောင်းဝန်ဆောင်မှုများ၊ မိုဘိုင်းလ်အသုံးပြုမှုဆိုင်ရာ ဖြေရှင်းနည်းဝန်ဆောင်မှုနှင့် အခြားသောဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိ သော ပြည်တွင်းကုမ္ပဏီတစ်ခု ဖြစ်သည့် Myanmar Teleapex Group Co., Ltd နှင့် ပူးပေါင်း၍ မျက်လှည့်ပညာကို လေ့လာသင်ယူလိုသူများအတွက် “မျက်လှည့်” ဝန်ဆောင်မှုကို ယနေ့မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာလိုက်သည်။
မျက်လှည့်ပညာစိတ်ဝင်စားသည့် သုံးစွဲသူများအနေဖြင့် “မျက်လှည့်” ဝန်ဆောင်မှု မိုဘိုင်းလ် အက်ပလီကေးရှင်းနှင့် ပေါ်တယ် www.myanmagic.com မှတစ်ဆင့် အကြောင်းအရာ စုံလင်စွာဖြင့် စိတ်ဝင်စားဖွယ်ကောင်းသောမျက်လှည့်ပညာရပ်မျိုးစုံပါဝင်သည့် ကဏ္ဍ (၄) မျိုးအား သက်သာသည့် နှုန်းထားဖြစ်သည့် တစ်ရက်လျှင် ၉၉ ကျပ်ဖြင့် ရယူနိုင်မည် ဖြစ်သည်။ မျက်လှည့်ဝန်ဆောင်မှုတွင် ပါဝင်သည့် အကြောင်းအရာများမှာ_
၁) မျက်လှည့် ပြကွက်နဲ့ သင်ခန်းစာများ – ကောင်းမွန်ဆန်းကြယ် သော မျက်လှည့်ပညာရပ်များဖြစ်သည့် အထွေထွေပြကွက်၊ ဦးထုပ် မျက်လှည့်၊ ဖဲချပ် မျက်လှည့်၊ စိတ်ညှို့ခြင်း မျက်လှည့်၊ အကြွေစေ့ မျက်လှည့်၊ အံစာတုန်း မျက်လှည့်၊ ကြိုး မျက်လှည့်၊ စက္ကူ မျက်လှည့်၊ သားရေကွင်း မျက်လှည့် စသည့် ကျော်ကြားသောမျက်လှည့်ပညာများကို ပျော်ရွှင်စရာ နည်းလမ်းအမျိုးမျိုးဖြင့် သင်ယူလေ့လာနိုင်သည်။
၂) စင်တင်ပြကွက်များ – နာမည်ကျော်ကြားသော မျက်လှည့်ပညာရှင်များ၏ စင်တင်မျက်လှည့် ဗွီဒီယို နှင့် ပြကွက်များကို ကြည့်ရှုနိုင်သည်။
၃) Mr. Top Live Chat – နာမည်ကျော်မျက်လှည့်ပညာရှင် Mr. Top ၏ ပျော်စရာ ဆန်းကြယ်သော မျက်လှည့်ပြကွက်များကို တိုက်ရိုက် ကြည့်ရှုနိုင်သည်။
၄) မျက်လှည့် ပစ္စည်းအရောင်းဆိုင် – တန်ဖိုးရှိ မျက်လှည့်ပစ္စည်းများနဲ့ မျက်လှည့် ပြကွက်များတွင် အသုံးပြုထားသော မျက်လှည့်ပစ္စည်းများကို ဝယ်ယူနိုင်မည် ဖြစ်သည်။
“မျက်လှည့်” ဝန်ဆောင်မှုကို ရယူလိုသည့် MPT သုံးစွဲသူများအနေဖြင့် 8435 သို့ “ON” ဟု စာတို (SMS) ပေးပို့၍ သော်လည်းကောင်း www.myanmagic.com မှသော်လည်းကောင်း ရယူနိုင်မည် ဖြစ်သည်။
ထို့အပြင် MPT ၏ ဒေတာ သို့မဟုတ် Wifi ကိုအသုံးပြု၍ Google Play Store (သို့မဟုတ်) လိုတရ ပေါ်တယ် ဖြစ်သည့် https://lotaya.mpt.com.mm/event/233 မှ တစ်ဆင့် မိုဘိုင်းလ်အက်ပလီကေးရှင်း ကို ဒေါင်းလုတ်ပြုလုပ်၍ ရယူနိုင်မည် ဖြစ်သည်။ ထို့နောက် “မျက်လှည့်” ဝန်ဆောင်မှုကို စာရင်းသွင်း ရယူနိုင်ရန် မိမိတို့ ဖုန်းများ (သို့မဟုတ်) ကွန်ပျူတာများကို အသုံးပြု၍ သတ်မှတ်ထားသော လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ရမည် ဖြစ်သည်။
MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှလည်း “ကျွန်တော်တို့ MPT ကို သုံးစွဲသူတွေရဲ့ ဒီဂျစ်တယ်လူမှုဘဝအတွက် စိတ်ဝင်စားပြီး ပျော်ရွှင်စိတ်လှုပ်ရှား စရာကောင်းတဲ့၊ ဖျော်ဖြေမှုနဲ့ အသိပညာပေးနိုင်တဲ့ အစီအစဉ်တွေကို အမြဲဖန်တီးပေးနေပါတယ်။ MPT သုံးစွဲသူတွေအတွက် နိုင်ငံရဲ့ အမြန်ဆုံး 4G/LTE ကွန်ရက်ကို ဆောင်ရွက်ပေးနေတဲ့အပြင် သုံးစွဲသူတွေ အမြဲတမ်း ပြုံးပျော်စေနိုင်မယ့် အက်ပလီကေးရှင်းတွေ၊ ဝန်ဆောင်မှုတွေကိုလည်း ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ယခု “မျက်လှည့်” ဝန်ဆောင်မှု (အက်ပလီကေးရှင်း နှင့်ပေါ်တယ်) ဟာဆိုရင် မျက်လှည့် ဝါသနာပါတဲ့ သူတိုင်းအား သူတို့ရဲ့ဗီဇဝါသနာကို ဖော်ထုတ်ပြသခွင့်၊ လေ့လာသင်ယူခွင့် ရလာအောင် အလွယ်ကူဆုံးနည်းလမ်းနဲ့ ဆောင်ရွက်ပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေထဲက မျက်လှည့်ဝါသနာပါတဲ့ လူငယ်တွေအဖို့ ဒီဝန်ဆောင်မှုဟာ တကယ့်ကို အကျိုးရှိမယ့်၊ ပျော်စရာကောင်းမယ့်၊ ဖျော်ဖြေရေးဝန်ဆောင်မှုတစ်ခု ဖြစ်လာပြီး မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေကြားမှာ ရင်းနှီးမှုတွေ ပိုပြီးတိုးလာမယ်လို့ မျှော်လင့်ထားပါတယ်”ဟု ပြောခဲ့ပါသည်။
“မျက်လှည့်” ဝန်ဆောင်မှုအတွက် ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့မဟုတ် Hotline နံပါတ် ၀၉-၄၅၀၅၇၇၁၁၁ သို့ ဖုန်းခေါ်ဆို၍ သော်လည်းကောင်း MPT ၏ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာ ဖြစ်သည့် https://www.facebook.com/mptofficialpage/ နှင့် MPT ၏ တရားဝင် ဝက်ဘ်ဆိုက် ဖြစ်သည့် www.mpt.com.mm သို့ ဝင်ရောက်ကြည့် ရှုလေ့လာနိုင်ပါသည်။

မျက်လှည့် ဝန်ဆောင်မှု ပင်မ စာမျက်နှာ နှင့် ဝန်ဆောင်မှုများ

MPT က MNL ၊ MFF ၊ အခြေခံပညာဦးစီးဌာန နှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ 2019 လူငယ်ဘောလုံးပွဲတော် နှင့် U-14 ဘောလုံး ပြိုင်ပွဲများကို စတင်ကျင်းပ

(ရန်ကုန် – ၃ ဇူလိုင် ၂၀၁၉) ပညာရေးဌာန နှင့် အထင်ကရ အားကစား အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖြစ် ပူးပေါင်း၍ လူငယ်များအကြား ဘောလုံးအားကစားနည်းကို ပိုမိုနှစ်ခြိုက်လာစေရန်နှင့် ဘောလုံးအားကစားကို မြန်မာပြည်သူများအကြားတွင် အမျိုးသားအားကစားအဖြစ် လက်ဆင့်ကမ်း မျှဝေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ၏ ပထမဦးဆုံး နှင့် ဦးဆောင် ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT အနေဖြင့် Myanmar National League (MNL)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၊ အခြေခံပညာဦးစီးဌာန နှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ MFF-MPT Grassroots Football Festival 2019 နှင့် MPT U-14 Football Tournament 2019 တို့၏ ဖွင့်ပွဲကို မန္တလာသီရိ အားကစားကွင်းတွင် ယနေ့ကျင်းပခဲ့ပါသည်။ MPT မှ အကြီးတန်း အရာရှိများနှင့် ဝန်ထမ်းများ၊ အစိုးရအရာရှိကြီးများ၊ ပုဂ္ဂလိက ကဏ္ဍမှ ပူးပေါင်းကူညီကြသူများက အဆိုပါဖွင့်ပွဲသို့ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။

မြန်မာနိုင်ငံအတွက် အနာဂတ်မျိုးဆက်သစ် လူငယ် ဘောလုံးသမားများ ပေါ်ထွန်းလာစေရန်နှင့် မြေတောင်မြှောက်ပေးရန် ရည်ရွယ်ကျင်းပသည့် ယခုအစီအစဉ်အား MPT အနေဖြင့် ဒုတိယနှစ်အဖြစ် စတင်လိုက်ခြင်းလည်းဖြစ်ပါသည်။ လွန်ခဲ့သည့်နှစ်က ပြည်နယ်နှင့် တိုင်းဒေသကြီး ၈ ခုတွင် ကျင်းပနိုင်ခဲ့ ပြီးနောက် ယခုနှစ်တွင် ဒေသ ၁၀ ခုအထိ တိုးမြှင့်ကျင်းပသွားမည်ဖြစ်ပြီး အားပေးသူ ပရိသတ်များ ပိုမိုများပြား လာစေရန်နှင့် လူငယ်များအနေဖြင့် အားကစားတွင် ပိုမိုစိတ်ပါဝင်စားလာပြီး မိမိတို့၏ ဘောလုံးကျွမ်း ကျင်မှုများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်လာကာ ကျန်းမာရေးနှင့် ညီညွှတ်သည့် လှုပ်ရှားတက်ကြွမှုရှိသော ဘဝနေထိုင်မှုပုံစံကို ဖြစ်ထွန်းစေမည် ဖြစ်ပါသည်။ ယခုနှစ်အတွက် လူငယ်ဘောလုံးပွဲတော်များကို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း နှင့် ရခိုင်ပြည်နယ် တို့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည်။

MFF-MPT Grassroots Football Festival 2019 ကို ကျင်းပခြင်းဖြင့် အသက် ၆ နှစ်မှ ၁၂ နှစ် အရွယ် ကလေးငယ်များအတွက် ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် ငယ်ရွယ်စဉ်ကပင် အားကစားဆိုင်ရာကျွမ်းကျင်မှု အရည်အသွေးများကို တိုးတက်လာစေမည် ဖြစ်သည်။ ယခုလို ဘောလုံးပွဲတော်အတွက် ကြိုတင်ပြင်ဆင်မှု အဖြစ် ပွဲတော် မစတင်မီတွင် ဒေသတွင်းကျောင်းများမှ ကာယနည်းပြ ဆရာ၊ ဆရာမ များအား MFF မှ ကျွမ်းကျင်ပညာရှင်များမှ ဘောလုံးကစားခြင်းဆိုင်ရာ ကျွမ်းကျင်မှုများကို ၂ ရက်တာ အနီးကပ်လေ့ကျင့် သင်ကြားပြသပေးခဲ့ပြီး ဒေသခံ ဆရာ၊ ဆရာမများအနေဖြင့်လည်း မိမိတို့၏ ကျောင်းသူ/သားများကို ပြန်လည်သင်ကြား ပြသပေးနိုင်တော့မည် ဖြစ်ပါသည်။ MPT မှ ဂိုးတိုင်များ၊ အားကစားဝတ်စုံများ၊ ဘောလုံး များ၊ ဘောလုံးကစားနည်းသုံး ကတော့ချွန်များနှင့် လေ့ကျင့်ရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ ကို ထောက်ပံ့ဆောင်ရွက်ပေးထားပါသည်။ MPT Grassroots Football Festival 2019 နှင့် U-14 Tournament များကို လာမည့် လေးလအတွင်း ဒေသ ၁၀ ခုရှိ အားကစားကွင်းများ၌ ဆောင်ရွက်သွား မည် ဖြစ်ပြီး ကျောင်းသားလူငယ်များအနေဖြင့် မိမိတို့၏ ဘောလုံးကျွမ်းကျင်မှုများကို ပြသနိုင်ကြတော့မည် ဖြစ်သည်။

အရည်အချင်းရှိသည့် လူငယ်များအားဖော်ထုတ်ရေးနှင့် ကလပ်အသင်းများနှင့် ဘောလုံး အကယ်ဒမီများတွင် ဆက်လက်လေ့လာ သင်ယူနိုင်စေရန် ရည်ရွယ်ကျင်းပသည့် U-14 Football Tournament 2019 ကို အဆိုပါ အားကစားကွင်းများတွင်ပင် ဆက်လက် ကျင်းပသွားမည် ဖြစ်ပြီး မန္တလေးဇုံအတွက် အသင်း ၁၂ သင်းမှာ ၂၀၁၉ ခုနှစ် ဇူလိုင် ၄ ရက် မှ ဇူလိုင် ၁၂ ရက် အထိ စတင်ယှဉ်ပြိုင်ကြရမည် ဖြစ်ပါသည်။

MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှ MPT အနေနဲ့ ဘောလုံးကဏ္ဍမှာ ပါဝင်လာတာဟာ ဒီနေ့ခေတ် လူမှုအသိုင်းအဝိုင်းရဲ့ ရှုထောင့်စုံမှာ “ရှေ့သို့လှမ်းချီမြန်မာပြည်” ဆိုတဲ့ MPT ရဲ့ ခိုင်မာတဲ့ ရည်မှန်းချက်ကို သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။ ‘နှလုံးသားထဲကမြန်မာ’ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပညာရေး၊ စွန့်ဦးတီထွင်၊ အားကစား အပါအဝင် ကျန်းမာရေး စတဲ့ များပြားလှတဲ့ကဏ္ဍတွေမှာ လူငယ်တွေတိုးတက်လာစေရေးအတွက် အခွင့်အလမ်းသစ်တွေ ပေါ်ပေါက်လာ ဖို့ ကျွန်တော်တို့ ဖော်ဆောင်ပေးနေပါတယ်။ ဒီလို ဘောလုံးပြိုင်ပွဲနဲ့ အားကစား ပွဲတော်တွေကို ပုဂ္ဂလိကကဏ္ဍက ပါဝင်သူတွေနဲ့ ပညာရေးဌာနတွေနဲ့အတူ ပူးပေါင်းပြီး ကျင်းပနိုင်ခဲ့တာကို အရမ်းဂုဏ်ယူ ရပါတယ်။ မြန်မာအနေနဲ့ ဘောလုံးလောကမှာ ဒေသတွင်းမှာရော နိုင်ငံတကာမှာပါ ထင်ရှားတဲ့နိုင်ငံတစ်ခု ဖြစ်လာဖို့ အနာဂတ်မှာ တောက်ပလာမယ့် အားကစားလူငယ်တွေကို ထွက်ပေါ်လာစေရေးကို ကျွန်တော်တို့ MPT အနေနဲ့ ကူညီနိုင်မယ်လို့ အကောင်းဆုံး ယုံကြည်ထားပါတယ်”ဟု ပြောကြားခဲ့သည်။
MNL ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ ဦးစိုးမိုးကျော်မှလည်း “ပြီးခဲ့တဲ့နှစ်က အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့ Grassroots Football Festival နဲ့ U-14 Tournament တွေဟာ မြန်မာနိုင်ငံသားတွေရဲ့ ရင်ထဲမှာ ဘောလုံးက ရှိနေတယ်ဆိုတာကို သက်သေ ပြခဲ့ပါတယ်။ MNL နဲ့ MFF က ဝန်ထမ်းတွေ၊ နည်းပြတွေဟာ တစ်နိုင်ငံလုံးက အရည်အသွေးရှိတဲ့ အားကစားသမားတွေကို ဖော်ထုတ်ဖို့ အခွင့်အရေးလည်း ရခဲ့ပါတယ်။ ဒီကစားသမားတွေက နိုင်ငံအဆင့် ဘောလုံးကဏ္ဍမှာ ပါဝင်လာနိုင်ကြတော့မှာပါ။ ဒီနှစ်မှာလည်း အဲဒီထက်ပိုတဲ့ အောင်မြင်မှုမျိုးရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံရဲ့ နံပါတ်တစ် ဆက်သွယ်ရေး အော်ပရေတာဖြစ်တဲ့ MPT ရဲ့ ထက်သန်တဲ့ကူညီမှုကို ရခဲ့တာကို အများကြီးကျေးဇူးတင်ပါတယ်။ အရည်အချင်း ရှိတဲ့ လူငယ်တွေကို အနာဂတ်မှာ နိုင်ငံကျော်အားကစားသမားတွေ ဖြစ်လာရေး ကူညီထောက်ပံ့ ပေးဖို့အတွက် ကျွန်တော်တို့ အဖွဲ့အစည်းတွေအနေနဲ့ အာရုံစိုက်လုပ်ဆောင်နေပါတယ်” ဟု ပြောကြားခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကာယနည်းပြ ဆရာမတစ်ဦးဖြစ်သူ ဒေါ်နှင်းဆီကလည်း “ကျွန်မအနေနဲ့ ဒီနှစ်မှာ ကျင်းပမယ့် MFF-MPT Grassroots Football Festival နဲ့ MPT U-14 Football Tournament တွေကို စိတ်ဝင်တစားကို ပါဝင်ပူးပေါင်းသွားဖို့ ရှိပါတယ်။ ကျောင်းသား ကျောင်းသူတွေအနေနဲ့ ငယ်ရွယ်ချိန်မှာ အားကစားကို စိတ်ပါဝင်စားလာပြီး၊ တစ်ဦးချင်းစီရဲ့ စိတ်ပိုင်း ရုပ်ပိုင်း ဖွံ့ဖြိုးတိုးတက်လာဖို့၊ စည်းကမ်းရှိဖို့၊ အားကစားစိတ်ဓါတ်မြင့်မားဖို့၊ ရဲဘော်ရဲဘက်စိတ်ရှိဖို့နဲ့ လူသားအရည်အချင်းတွေတိုးတက်ဖို့ဆိုတာတွေကို အများကြီး အထောက်အကူပေး မှာပါ။ ဒီအရည်အချင်းတွေဟာ သင်ရိုးစာအုပ်ထဲမှာ မရနိုင်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနဲ့ ကျန်းမာတဲ့ လူငယ်တွေကိုလည်း ဖန်တီးနိုင်မှာပါ။ MPT ၊ MNL နဲ့ MFF တို့ကို လည်း ဒီလိုလူငယ်တွေရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးလို့ ကျေးဇူးတင် ဂုဏ်ယူရပါတယ်”ဟု ပြောခဲ့ပါ သည်။

MPT အနေဖြင့် ယမန်နှစ်ကလည်း နိုင်ငံအဝှမ်းရှိ လူငယ်များအကြား အခြေခံဘောလုံးကစားခြင်း စွမ်းရည်ကိုမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ပြီး အခြေခံ ဘောလုံးကစားနည်းစွမ်းရည်နှင့် လေ့ကျင့်ခန်းများ ရုပ်သံကို ကျွမ်းကျင်ဘောလုံးနည်းပြများ နှင့် အမျိုးသားဘောလုံး အကယ်ဒမီမှ လူငယ်ဘောလုံး ကစားသမားများဖြင့် ရိုက်ကူးစီစဉ်ခဲ့ကာ MPT သုုံးစွဲသူများအနေဖြင့် အဆိုပါ ဗီဒီယိုဖိုင်များကို ဒေတာခ ကျသင့်ခြင်း မရှိဘဲ MPT ၏ လိုတရ ဝက်ဘ်ပေါ်တယ် ဖြစ်သော https://lotaya.mpt.com.mm/service/mnl/training_video တွင် ဝင်ရောက်ကြည့်ရှုှုနိုင်ရန် လွှင့်တင်ထားပြီး ဖြစ်ပါသည်။

MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ခေါ်ဆို၍ လည်းကောင်း၊ MPT ၏ တရားဝင် Facebook စာမျက်နှာ ဖြစ်သည့် https://www.facebook.com/mptofficialpage/ နှင့် MPT ၏ တရားဝင်ဝက်ဘ်ဆိုက် စာမျက်နှာ ဖြစ်သည့် www.mpt.com.mm သို့လည်းကောင်း ဝင်ရောက် ၍ ကြည့်ရှုနိုင်ပါသည်။