MPT သုံးစွဲသူများ၏ နေ့စဉ်လူနေမှုဘဝများပိုမိုတိုးတက်ကောင်းမွန်လာစေရန်အတွက် “ဗျို့” Lifestyle ဝန်ဆောင်မှုအသစ်ကို MPT က မိတ်ဆက်

(ရန်ကုန်၊ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်) – မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT သည် “ဗျို့” Lifestyle ဝန်ဆောင်မှု အသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန် ကြေညာလိုက်သည်။ အဆိုပါ ဝန်ဆောင်မှုတွင် စိတ်ဝင်စားဖွယ်ရာကဏ္ဍပေါင်း ၅၀ ကျော်ပါဝင်သည့် ကျန်းမာရေး၊ အလှအပ၊ ဖျော်ဖြေရေး၊ ဖက်ရှင်၊ အသိပညာဗဟုသုတ၊ ကိုယ်ရည်ကိုယ်သွေးတိုးတက်မြင့်မားမှု၊ နည်းပညာ အစရှိသော အကြောင်းအရာများ၊ ဖျော်ဖြေမှုရသနှင့် ရယ်မောစရာ ဟာသဗွီဒီယိုများကို တစ်နေရာတည်းတွင် စုဆည်းထားသော ဝန်ဆောင်မှုဖြစ်ပြီး www.byoh.com.mm မှ တစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

MPT သုံးစွဲသူများအနေဖြင့် မိမိတို့၏ ကံကြမ္မာကိုသိရှိစေရန် ဗေဒင်ဝန်ဆောင်မှုကို ရယူခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များအကြောင်းကို ကျွမ်းကျင်သူများဆီမှ အကြံဉာဏ်များအား သိရှိနိုင်ခြင်း၊  ယောဂကျင့်စဉ်နှင့် Zumba အကဆိုင်ရာလမ်းညွှန်ချက်ဗွီဒီယိုများကို ကြည့်ရှုနိုင်မည် ဖြစ်သည်။ “ဗျို့” Lifestyle ၀န်ဆောင်မှု တွင် သတင်း၊ ဖက်ရှင်၊ အစားအသောက်၊ ကျန်းမာရေး၊ အပန်းဖြေ အနားယူမှုနှင့် အားလပ်ချိန် လုပ်ဆောင်မှုဆိုင်ရာ အကြောင်းအရာများကို ဈေးနှုန်းသက်သာစွာဖြင့် တစ်ရက်လျှင် ၉၉ ကျပ်နှုန်းဖြင့် ဖတ်ရှုနိုင်မည်ဖြစ်သည်။

“ဗျို့” Lifestyle ဝန်ဆောင်မှု (Application နှင့် ပေါ်တယ်ဝန်ဆောင်မှု) ကိုရယူလိုပါက “8637” သို့ ON ဟု SMS (စာတို) ပေးပို့၍ သော်လည်းကောင်း၊ www.byoh.com.mm (သို့မဟုတ်) https://lotaya.mpt.com.mm/landing/byoh မှတစ်ဆင့် ဝင်ရောက်ပြီး လိုအပ်သည့် လုပ်ဆောင်ချက် များကို တစ်ဆင့်ပြီး တစ်ဆင့်ပြုလုပ်၍ ဝန်ဆောင်မှုအားရယူနိုင်ပါသည်။ Android ဖုန်း အသုံးပြုသူများ အနေဖြင့် အဆိုပါ Application ကို ရယူအသုံးပြုနိုင်ပြီး iOS အသုံးပြုသူများအနေဖြင့် www.byoh.com.mm သို့ဝင်ရောက်၍ အသုံးပြုနိုင်မည် ဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “MPT အနေဖြင့် သုံးစွဲသူတွေရဲ့ ဒီဂျစ်တယ်ဘဝတွေ ပိုမိုကောင်းမွန်လာစေဖို့ တစိုက်မတ်မတ်နဲ့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ MPT အနေနဲ့ ထူးခြားဆန်းသစ်တဲ့ မိုဘိုင်းလ် အက်ပလီကေးရှင်း/ ပေါ်တယ်ဝန်ဆောင်မှု အသစ်တွေကို ဖန်တီးပေးပြီး သုံးစွဲသူတွေရဲ့နေ့စဉ်လူနေမှုဘဝတွေ တိုးတက်ကောင်းမွန်ပြီး အိမ်မက်တွေ အမှန်တကယ်အကောင်အထည်ဖော်ပေးနိုင်ဖို့အတွက် တစ်ဖက်တစ်လမ်းကနေ ဆောင်ရွက်ပေးလျက် ရှိနေပါတယ်။ ဖျော်ဖြေရေးနဲ့ဆိုင်တဲ့အကြောင်းအရာတွေကို  မိမိကိုယ်တိုင်လုပ်ဆောင်နိုင်မယ့် နည်းလမ်းပြ ဗွီဒီယိုတွေ (သို့မဟုတ်) ကျန်းမာရေးနှင့်လျော်ညီတဲ့ ချက်ပြုတ်နည်းလမ်းပြ ဗွီဒီယိုတွေကလည်း ကျွန်တော်တို့ အထူးတင်ဆက်ထားတဲ့ ကဏ္ဍတွေထဲက တစိတ်တစ်ဒေသ ဖြစ်ပါတယ်။  စုံလင်များပြားတဲ့ ကဏ္ဍတွေထဲမှာ အနုပညာရှင်တွေရဲ့ သတင်းတွေ၊ မိက်ကပ်အလှပြုပြင်နည်းတွေ၊ သိပ္ပံဆိုင်ရာသတင်းတွေ၊ ကဗျာတွေ၊ ကိုယ်ရည်ကိုယ်သွေးတိုးတက်မြင့်မားမှု အကြောင်းအရာတွေ၊ နည်းပညာဆိုင်ရာအချက်အလက်တွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ မိုဘိုင်းလ်ဖုန်းသုံးစွဲသူတွေအနေနဲ့ “ဗျို့” Lifestyle ဝန်ဆောင်မှုကို အသုံးပြုပြီးတော့ မိမိဝါသနာပါရာ၊ စိတ်အားထက်သန်ရာတွေကို ပိုမိုလွယ်ကူစွာ လုပ်ဆောင်နိုင်ပြီးတော့ ကျန်းမာတဲ့ လူနေမှုဘဝပုံစံကိုလဲ ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ တန်ဖိုးထားရတဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ စိတ်ကျေနပ်မှုရရှိဖို့ အခုလို အလွန်ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို  ဆောင်ရွက်ပေးနိုင်တဲ့အတွက် အရမ်းဝမ်းသာမိပါတယ်” ပြောကြားသွားပါသည်။

“ဗျို့” Lifestyle ဝန်ဆောင်မှု နှင့်ပတ်သက်၍အသေးစိတ်ထပ်မံသိရှိလိုပါက 106 သို့ခေါ်ဆို၍ သော်လည်းကောင်း၊ 01-2305273 သို့ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏တရားဝင် Facebook Page ဖြစ်သော https://www.facebook.com/mptofficialpage/ နှင့် “ဗျို့” Lifestyle ဝန်ဆောင်မှု၏ Facebook Page ဖြစ်သော https://www.facebook.com/byohls/ တို့တွင်လည်း ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေးအတွက် SMS ပေးပို့ခြင်းဖြင့် အလှူငွေများ ထည့်ဝင်လှူဒါန်းနိုင်ကြပြီ

(ရန်ကုန် – ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက် ) MPT ၏ သုံးစွဲသူများအတွက် စာတိုပေးပို့ခြင်း(SMS) မှတစ်ဆင့် လှူဒါန်းနိုင်မည့် အစီအစဉ်တစ်ရပ်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ ၎င်းအစီအစဉ်မှတစ်ဆင့် မြန်မာနိုင်ငံသားများအနေဖြင့် သမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးမှုအား ထောက်ပံကူညီ လှူဒါန်းသွားနိုင်ကြမည် ဖြစ်ပါသည်။ အဆိုပါ အစီအစဉ်သည် နိုင်ငံတော်အတွက်၊ လွတ်လပ်ရေးအတွက်၊ အသက်ပေးကြိုးပမ်းခဲ့သည့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား သမိုင်းဝင်ဂုဏ်ပြုသည့်အနေဖြင့် ရိုက်ကူးပုံဖော်သွားမည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးရေးတွင် ထောက်ပံ့ငွေများကို နိုင်ငံသားများကိုယ်တိုင် အတူတကွ ဝင်ရောက်ပါဝင် ကူညီနိုင်စေရေးအတွက် ရည်ရွယ်ဖန်တီးထားခြင်း ဖြစ်ပါသည်။

SMS မှတစ်ဆင့်လှူဒါန်းရာတွင် MPT သုံးစွဲသူများအနေဖြင့် မည်သည့် ဝန်ဆောင်ခကိုမျှ ပေးရန် မလိုအပ်ဘဲ၊ 9000 သို့ 500 ဟု စာတို(SMS) ပေးပို့ခြင်းမှတစ်ဆင့် လှူဒါန်းနိုင်မည်ဖြစ်ကာ လှူဒါန်းသည့်ငွေပမာဏ အားလုံးကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီသို့ လွှဲပြောင်းပေးအပ် လှူဒါန်းသွားမည် ဖြစ်ပါသည်။ တစ်ကြိမ်ပေးပို့ခြင်းဖြင့် အလှူငွေကျပ် ၅၀၀ လှူဒါန်းပြီးမြောက်မည်ဖြစ်ပြီး သုံးစွဲသူများက အကြိမ်အရေအတွက် အကန့်အသတ်မရှိ ပေးပို့ပါဝင် လှူဒါန်းသွားနိုင်မည်ဖြစ်သည်။

ယင်းသို့ SMS မှတစ်ဆင့် လှူဒါန်းခြင်းအတွက် လှူဒါန်းမှုဆောင်ရွက်ရာတွင် ပုံတွင်ပြထားသည့် နမူနာအတိုင်း ရေးသားပြီး ဖုန်းနံပါတ် 9000 သို့ 500 ဟု SMS ရေးသားပေးပို့ခြင်းဖြင့် လွယ်ကူစွာလှူဒါန်းနိုင်မည်ဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးရာတွင် ဇာတ်ညွှန်းရေးသားရာ၌ သမိုင်းအချက်အလက်များ မှန်ကန်စေရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဌအဖြစ် ဆောင်ရွက်ကာ လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပြီး၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို အမြန်ဆုံးအကောင်အထည်ဖော် ရိုက်ကူးနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ ရုပ်ရှင် ဇာတ်ကားကို သားစဉ်မြေးမြစ် ပြောထုံးဖြစ်အောင် အတုယူစရာ၊ အားကျစရာ၊ ဆင်ခြင်တွေးတောစရာများနှင့် တန်ဆာဆင်ပြီး အနုပညာ သဘောအရ ရသလည်းမြောက်အောင် အားထုတ်ကြိုးပမ်း ရိုက်ကူးလိုခြင်း၏ အဓိကရည်ရွယ်ချက်သည် သမိုင်းတစ်ခုကို မှတ်တမ်း ပြုရုံ သက်သက်မျှမဟုတ်ဘဲ နောင်လာလတ္တံ့သော တိုင်းပြည်၏ အနာဂတ်ပေါင်းများစွာတွင် ဗိုလ်ချုပ်အောင်ဆန်းပေါင်း များစွာ ပေါ်ထွန်းရေးအတွက် ရည်မှန်းရိုက်ကူးခြင်း

ဖြစ်ကြောင်းကိုလည်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူး ထုတ်လုပ်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဖြစ်သည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကလည်း ဧကာဒဿမ အကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအတွက် လှူဒါန်းမှုများ အပါအဝင် MPT ၏အခြားသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ အတွက် ပိုမိုသိရှိလိုပါက www.mpt.com.mm သို့မဟုတ် www.facebook.com/mptofficialpage သို့ဝင်ရောက် ကြည့်ရှု၍ သော်လည်းကောင်း၊ MPT ၏ 106 Call Center သို့ ဖုန်းခေါ်၍လည်းကောင်း လေ့လာနိုင်ပါသည်။

MPT က ဝန်ထမ်းများအား ဂျပန်နိုင်ငံသို့ Business Skills Training သင်တန်းတက်ရောက်ရန်စေလွှတ်

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်)  – မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး  အော်ပရေတာဖြစ်သည့် MPT သည် မိတ်ဖက်ဂျပန်အဖွဲ့အစည်းဖြစ်သော KDDI Corporation နှင့် ပူးပေါင်းကာ ဝန်ထမ်းများကို ဂျပန်နိုင်ငံသို့ Business Skills Training သင်တန်းတက်ရောက်ရန် တတိယအကြိမ်မြောက် စေလွှတ်သွားမည်ဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါအစီအစဉ်သည် MPT အတွင်း ဝန်ထမ်းများ၏ စွမ်းဆောင်ရည်တိုးတက်စေရန်နှင့် ဝန်ထမ်းများ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်။

MPT သည် ဂျပန်နိုင်ငံတွင် တက်ရောက်ရမည့် Business Skills Training သင်တန်းအစီအစဉ်အတွက် ဝန်ထမ်း (၈) ဦးကို ရွေးချယ်ခဲ့ပါသည်။ ယခုနှစ် သင်တန်းအစီစဉ်သည် ပထမ (၆) လ အဖြစ်၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၂၀ ခုနှစ်၊မတ်လ အထိ ဖြစ်ပြီး ဒုတိယ (၆) လ အဖြစ် ၂၀၂၀ ခုနှစ် ဧပြီလ (၁) ရက်မှ ၂၀၂၀ ခုနှစ် စက်တင်ဘာလ (၃၀) ရက်အထိ ဖြစ်သည်။ ပထမ (၆) လသင်တန်းအတွက် သင်တန်းသား (၄) ဦးနှင့် ဒုတိယ (၆) လ သင်တန်း အတွက် သင်တန်းသား (၄) ဦး စုစုပေါင်း သင်တန်းသား (၈) ဦးသည် ဂျပန်နိုင်ငံသို့ သွားရောက်ပညာသင်ရမည် ဖြစ်သည်။ အဆိုပါသင်တန်းအတွက် ဝန်ထမ်းများကို လုပ်ငန်းဌာနအသီးသီးမှ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး စာတွေ့အပြင် လက်တွေ့ကွင်းဆင်း လေ့လာသင်ကြားမှုများလည်း ပါဝင်မည်ဖြစ်သောကြောင့် လုပ်ငန်းခွင်အတွင်း ပြန်လည်အသုံးချနိုင်မည်ဖြစ်ပြီး ၎င်းတို့၏ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအသီးသီးတွင် ကျွမ်းကျင်ပညာရှင်များအဖြစ် ဆက်လက်လုပ်ကိုင် သွားနိုင်မည်ဖြစ်သည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနကြီး မှ ဒုတိယအရာရှိချုပ်ဖြစ်သူ ဦးမြင့်သိန်းထွန်းက “ဒီသင်တန်းအစီအစဉ်ကနေတစ်ဆင့် အသိပညာတွေ၊ စီးပွားရေးဆိုင်ရာ နားလည်တတ်ကျွမ်းမှုတွေနဲ့ KDDI ဌာနပေါင်းစုံက လက်တွေ့ လုပ်ငန်းအတွေ့အကြုံတွေကို ပြန်လည်မျှဝေပေးနိုင်မှာဖြစ်တဲ့အတွက် အလွန်ကို အရေးပါတဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ “လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုက တစ်ဆင့် MPT ဟာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ ကျွမ်းကျင်ဝန်ထမ်းတွေ မွေးထုတ်ပေးဖို့ နဲ့ နိုင်ငံတကာအဆင့်မှီ နည်းပညာကျွမ်းကျင်မှုများ လွှဲပြောင်းရယူဖို့အတွက် အထောက်အကူ ဖြစ်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ MPT -KSGM Joint Operations  အနေနဲ့ ဝန်ထမ်းတွေအတွက် ဒီလိုလုပ်ငန်းခွင်သင်တန်းတွေ စီစဉ်ပေးခြင်းဟာ ကျွန်တော်တို့ရဲ့  ဈေးကွက်ချဲ့ထွင်ဖို့နဲ့ မြန်မာနှင့်ဂျပန် နှစ်နိုင်ငံကြား နည်းပညာနှင့် ပူးပေါင်းဆောင်ရွက်မှုများ နှီးနှောဖလှယ်ခြင်းကို အရှိန်အဟုန် မြှင့်တင်ဆောင် ရွက်နိုင်ဖို့အတွက်လည်း အများကြီးအထောက်အကူပြုပါတယ်” ဟု ထပ်မံပြောကြားခဲ့ပါသည်။

ဂျပန်နိုင်ငံသို့ တတိယအကြိမ်မြောက် Business Skills Training သင်တန်းအစီအစဉ်၏ ပထမ (၆)လ တွင် တက်ရောက်ခွင့်ရမည့် ဝန်ထမ်းများမှာ – ဒေါ်အိအိမိုး (လူ့စွမ်းအား အရင်းအမြစ်ဌာန)၊ ဒေါ်သိင်္ဂီစိုး (ထပ်ဆောင်းဝန်ဆောင်မှုဌာန)၊ ဒေါ်သဥ္ဇာရီမွန်ရှိန် (နည်းပညာ မဟာ ဗျူဟာဌာန(IT Strategy and Platform ဌာန)) နှင့် ဒေါ်မိလွင်နန္ဒာသင်း (Network Center ဌာန) တို့ ဖြစ်ပါသည်။

ဒုတိယ (၆) လ အတွက် တက်ရောက်ခွင့်ရမည့် ဝန်ထမ်းများမှာ – ဒေါ်နွယ်ဇင်ညွန့် (Core Department) ၊ ဦးကျော်ဆန်းမော် (Mobile Access Department) ၊ ဒေါ်အိအိဟန် (Business Planning & Analysis Department) နှင့် ဒေါ်ဖြူဖြူကြည် (Sales Planning Department) တို့ ဖြစ်ပါသည်။

သင်တန်းသူတစ်ဦးဖြစ်သည့် ဒေါ်အိအိမိုးက “အခုလိုမျိုးရနိုင်ခဲတဲ့ အခွင့်အရေးတစ်ခုဖြစ် ဂျပန်နိုင်ငံရဲ့ ထိပ်တန်း ဆက်သွယ်ရေးကုမ္ပဏီမှာ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအသီးသီးတွင် ကျွမ်းကျင်ပညာရှင်တွေသင်ကြားပေးမယ့် သင်တန်းအစီအစဉ်ကို တတ်ရောက်ဖို့ရွေးချယ်ခံရတဲ့အတွက် အရမ်းကိုရင်ခုန်စိတ်လှုပ်ရှားမိပါတယ်။ ဂျပန်နိုင်ငံက ပြန်လာတဲ့အချိန်မှာလည်း လုပ်ငန်းအဖွဲ့အစည်းမှာ အကောင်းမြင်ဝါဒ နှင့်အတူအကျိုးရှိစွာ ပြန်လည်အသုံးချ နိုင်လိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်။” ဟု ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းအစီအစဉ်သည် ဝန်ထမ်းများအတွက် ဂျပန်နိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး ကုမ္ပဏီအကြောင်း၊ ခေတ်သစ်လုပ်ငန်းခွင်ကျွမ်းကျင်မှုနှင့်အတူ အထူးပြေပြစ်ကောင်းမွန်သောဝန်ဆောင်မှုပေးအပ်မှု စသည်တို့ကို လေ့လာနိုင်ရန် အထူးကောင်းမွန်သော အခွင့်အလမ်းတစ်ခု ဖြစ်သည်။

အဆိုပါ ပူးတွဲအစီအစဉ်သည် MPT နှင့် ဂျပန် တို့ကြား ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ဖြစ်ပေါ်လာသည့် အသီးအပွင့်များဖြစ်ပြီး အဖွဲ့အစည်းတိုင်းတွင် ဝန်ထမ်းများအား အသိပညာများ ပြန်လည်မျှဝေပေးသော အလေ့အထများကိုရရှိစေရန်အတွက် ဘက်ပေါင်းစုံမှထောက်ပံ့ပေးမည်ဖြစ်ပြီး မြန်မာနှင့်ဂျပန် နှစ်နိုင်ငံကြား နည်းပညာနှင့် ယဥ်ကျေးမှု နှီးနှောဖလှယ်ခြင်းကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

MPT ၏ လူမှုအကျိုးပြု လုပ်ငန်းဆောင်ရွက်မှုများနှင့် လူငယ်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ချက်များကို အသေး စိတ်သိရှိလိုပါက http://mpt.com.mm/en/about-home-en/csr-activities/ သို့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

MPT မှ Night Safety Data Package အသစ်ကို မိတ်ဆက်

ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်) – မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် ည ၁၁ နာရီ မှ နံနက် ၇ နာရီအတွင်း ပုံမှန်အင်တာနက် အသုံးပြုလေ့ရှိသည့် သုံးစွဲသူများအတွက် “Night Safety Data Package” အစီအစဉ်ကို ယနေ့ မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်သည်။ စိတ်ဝင်စားဖွယ်ရာ ဆွဲဆောင်နိုင်သည့် ဈေးနှုန်းများနှင့် ဤဒေတာအထူး အစီအစဉ်ကို စက်တင်ဘာလ (၁၂) ရက်မှစ၍ ထပ်မံမကြေညာခင်အချိန်အထိ ရယူ အသုံးပြုနိုင်မည်ဖြစ်သည်။
MPT ၏ “Night Safety Data Package” ကို GSM/WCDMA ဆွေသဟာ/ ရှယ်ပြော /ရွှေစကား အစီအစဉ်ရယူထားသော (Prepaid/ Postpaid) အသုံးပြုသူများအားလုံး ရယူသုံးစွဲနိုင်မည် ဖြစ်သည်။ “Night Safety Data Package” များကို အောက်ပါ ဇယားတွင် ကြည့်ရှုနိုင်ပါသည်။

သုံးစွဲသူများအနေဖြင့် “Night Safety Data Package” ကို ကန့်သတ်မှုမရှိဘဲ ပုံမှန်မြန်နှုန်းနှင့် အသုံးပြုနိုင်သလို (without speed throttling) နှင့် အင်တာနက်မြန်နှုန်းကို တစ်စက္ကန့်လျှင် ကန့်သတ်မြန်နှုန်း 1.5 MB ဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး (with speed throttling) ဒေတာပမာဏ နှင့် သက်တမ်းကိုလည်း ပေါင်းစည်း၍ အသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ ပက်ကေ့ချ်သက်တမ်းမှာ ဝယ်ယူထားသော ပက်ကေ့ချ်များပေါ်တွင် မူတည်၍ ၁ ရက်၊ ၃ ရက်၊ ၇ ရက် စသည်ဖြင့် အသုံးပြုနိုင်မည် ဖြစ်ပြီး “Night Safety Data Package” ၏ လက်ကျန်ဒေတာများကို သယ်ဆောင်အသုံးပြုမှု မရရှိနိုင်ပါ။

ဈေးနှုန်းများ
(ကုန်သွယ်ခွန်ပါပြီး)
ဝယ်ယူနိုင်သော
နည်းလမ်း
ဒေတာပမာဏ(MB)ကန့်သတ်မြန်နှုန်းအသုံးပြုနိုင်သည့်
ကာလ
Direct
USSD
၁၉၉ကျပ်USSD180 MBပုံမှန်အမြန်နှုန်း၁ရက်*233*1#
၄၉၉ကျပ်466 MB၃ရက်*233*2#
၇၉၉ကျပ်746 MB၇ရက်*233*3#
၁၉၉ကျပ်180 MBMax1.5Mbps၁ရက်*233*4#
၄၉၉ကျပ်466 MB၃ရက်*233*5#
၇၉၉ကျပ်746 MB၇ရက်*233*6#
၁၉၉ကျပ်MPT4U184 MBပုံမှန်အမြန်နှုန်း၁ရက်None
၄၉၉ကျပ်475 MB၃ရက်
၇၉၉ကျပ်760 MB၇ရက်
၁၉၉ကျပ်184 MBMax 1.5Mbps၁ရက်
၄၉၉ကျပ်475 MB၃ရက်
၇၉၉ကျပ်760 MB၇ရက်

* Night Safety ဒေတာ ပက်ကေ့ချ် များစွ ဝယ်ယူသုံးစွဲသူများအနေဖြင့် နောက်ဆုံး ဝယ်ယူထားသော ပက်ကေ့ချ် ၏ မြန်နှုန်းသတ်မှတ်ချက်အတိုင်း အသုံးပြုနိုင်မည်ဖြစ်သည်။

ဥပမာ ၁။ ကန့်သတ်မှုမရှိဘဲ ပုံမှန်မြန်နှုန်းနှင့် အသုံးပြုနိုင်မည့် (without speed throttling) “Night Safety Data Package” ကို ဝယ်ယူထားပြီး ကန့်သတ်မြန်နှုန်း 1.5 MB ဖြင့် အသုံးပြုနိုင်သော “Night Safety Data Package” ကို ထပ်မံဝယ်ယူပါက အသုံးပြုနိုင်သောဒေတာပမာဏ ပေါင်း စည်းသွားမည်ဖြစ်ပြီး ၊ မြန်နှုန်းသတ်မှတ်ချက်မှာလည်း နောက်ဆုံး ဝယ်ယူထားသည့် ပက်ကေ့ချ်၏ မြန်နှုန်းသတ်မှတ်ချက်အတိုင်း အသုံးပြုနိုင်မည်ဖြစ်သည်။ သက်တမ်းမှာမူ ရက်အကြာဆုံးရှိသည့် ပက်ကေ့ချ် ၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည် ဖြစ်သည်။
ဥပမာ ၂။ သုံးစွဲသူများထံတွင် အခြား ပက်ကေ့ချ်များ (ဥပမာ-Mobile Legend ဒေတာပက်ကေ့ချ်) နှင့် “Night Safety Date Package” ရှိသည်ဆိုပါက “Night Safety Data Package” ၏ ဒေတာ ပမာဏကို အရင်ဆုံး အသုံးပြုဖြတ်တောက်သွားမည်ဖြစ်သည်။
အဆိုပါ ဒေတာပက်ကေ့ချ် ဝယ်ယူထားသောသုံးစွဲသူများသည် ညစဉ် ည ၁၁ နာရီ နှင့် နံနက် ၇ နာရီ ကြား အသုံးပြုနိုင်မည် ဖြစ်ပြီး ပက်ကေ့ချ် ဝယ်ယူအသုံးပြုမှုအတွက် မိမိ၏မူလ လက်ကျန်ငွေ (သို့မဟုတ်) အပိုဆောင်းဒေတာများနှင့် အခြား (Standard Internet Package) များထက်အရင် “Night Safety Data Package” မှ အသုံးပြုဖြတ်တောက် သွားမည်ဖြစ်သည်။
အဆိုပါ “Night Safety” ဒေတာပက်ကေ့ချ်ကို ဝယ်ယူလိုပါက *233# ကိုခေါ်ဆို၍ နှစ်သက်ရာ ပက်ကေ့ချ်ကို ရွေးချယ် ဝယ်ယူခြင်းဖြင့်သော်လည်းကောင်း MPT 4U အက်ပလီကေးရှင်းမှတစ်ဆင့်လည်း အဆိုပါ ပက်ကေ့ချ်ကို ဝယ်ယူမည်ဆိုပါက ထပ်မံ၍ အပိုဆောင်းဒေတာများကို ပျော်ရွှင်စွာ အသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ ညသုံးဒေတာပက်ကေ့ချ်ကို ဝယ်ယူခြင်းဖြင့် MPT ၏ မြန်ဆန်သော 3G/LTE+ ဖြင့် အင်တာနက်အသုံးပြုခြင်းကို 1MB လျှင် ၁ကျပ် မှစတင်၍ ဈေးနှုန်းသက်သာစွာဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။
MPT-KSGM Joint Operations ၏ စီးပွားရေး ဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda မှ “ကျွန်တော် တို့ပေးအပ်လိုက်တဲ့ စိတ်ဝင်စားဖွယ်ရာ ဆွဲဆောင်နိုင်တဲ့ ဈေးနှုန်းတွေနဲ့အတူ MPT သုံးစွဲသူတွေ ဒေတာ အလွန်အကျွံ အသုံးပြုမိမှာကို စိုးရိမ်နေဖို့မလိုတော့ပါဘူး။ ကျွန်တော်တို့ရဲ့သုံးစွဲသူတွေ သူတို့ လိုချင်သလို နေ့အချိန်ထက် ညဘက်မှာ အင်တာနက်မြန်နှုန်းကို ထိန်းညှိပြီးအသုံးပြုနိုင်ဖို့ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ အခု ဒေတာပက်ကေ့ချ်ပရိုမိုးရှင်းအစီအစဉ်က သုံးစွဲသူတွေအတွက် 1MB ကို ၁ ကျပ်တည်းနဲ့ အရည်အသွေးကောင်းတဲ့အင်တာနက်ကို ရယူအသုံးပြုနိုင်မှာ ဖြစ်ပြီး ဗွီဒီယိုဂိမ်းတွေဆော့နိုင်တယ်၊ ဗွီဒီယိုတွေကြည့်နိုင်တယ်၊ ဒေတာနဲ့ အသုံးပြုရတဲ့ အက်ပလီကေးရှင်း တွေကိုစိတ်ကြိုက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသုံးများတဲ့အချိန်ပြီးသွားရင်တော့ တစ်စက္ကန့်လျှင် ကန့်သတ်မြန်နှုန်း 1.5 MB ဖြင့် အသုံးပြုနိုင်တဲ့ “Night Safety Data Package” က အခြားဒေတာပက်ကေ့ချ် (သို့မဟုတ်) ကြိုက်သလောက်သုံး ကျသင့်သလောက်ပေး (PAYG) တွေထက် ဒေတာသုံးစွဲမှုနှုန်းကို ပိုပြီးသက်သာစေပါတယ်” ဟုပြောကြားခဲ့သည်။
MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအကြောင်းကို ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ဖုန်းခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ တရားဝင် facebook ဖြစ်သည့် https://www.facebook.com/mptofficialpage/ (သို့မဟုတ်) MPT ၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သည့် www.mpt.com.mm သို့လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Night Safety Pack MM

Night Safety Data Pack ဆိုတာဘာလဲ?

ညဘက်မှာ ပုံမှန်အမြန်နှုန်းဖြင့်ဖြစ်စေ၊ အများဆုံး 1.5Mbps အမြန်နှုန်းဖြင့်ဖြစ်စေ အသုံးပြုလိုသူတွေအတွက် MPTမှ Night Safety Data Packကိုမိတ်ဆက်ပေးလိုက်ပါပြီ။

ည ၁၁နာရီမှစ၍မနက်၇နာရီအထိ Night Safety Data Pack ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Night Safety Data Packကို *233#ကိုခေါ်ဆို၍ဝယ်ယူနိုင်သလို MPT4U Appမှာဝယ်ယူပြီအပိုဆောင်းဒေတာများကိုရယူလိုက်ပါ။

Night Safety Data Packကို ဘယ်လိုရယူနိုင်ပါသလဲ။

Night Safety Data Packကို ညဘက်မှာ အင်တာနက် အမြန်နှုန်းကို ကိုယ်ကြိုက်သလိုသုံးစွဲနိုင်ဖို့ *233#ကို ခေါ်ဆို၍ဖြစ်စေ (သို့)
MPT4U Appမှ ဖြစ်စေ ဝယ်ယူလိုက်ကြပါစို့။

Night Safety Data Pack

ဈေးနှုန်းများ
(ကုန်သွယ်ခွန်ပါပြီး)
ဝယ်ယူနိုင်သော
နည်းလမ်း
ဒေတာပမာဏ(MB)ကန့်သတ်မြန်နှုန်းအသုံးပြုနိုင်သည့်
ကာလ
Direct
USSD
၁၉၉ကျပ်USSD80 MBပုံမှန်အမြန်နှုန်း၁ရက်*233*1#
၄၉၉ကျပ်220 MB၃ရက်*233*2#
၇၉၉ကျပ်360 MB၇ရက်*233*3#
၁၉၉ကျပ်80 MBMax1.5Mbps၁ရက်*233*4#
၄၉၉ကျပ်220 MB၃ရက်*233*5#
၇၉၉ကျပ်360 MB၇ရက်*233*6#
၁၉၉ကျပ်MPT4U83 MBပုံမှန်အမြန်နှုန်း၁ရက်None
၄၉၉ကျပ်225 MB၃ရက်
၇၉၉ကျပ်365 MB၇ရက်
၁၉၉ကျပ်83 MBMax 1.5Mbps၁ရက်
၄၉၉ကျပ်225 MB၃ရက်
၇၉၉ကျပ်365 MB၇ရက်

For easily use, please download MPT4U Application

– အပိုဆောင်းဒေတာများရယူနိုင်ခြင်း

– အင်တာနက်ဖိုးအခမဲ့ဝယ်ယူနိုင်ခြင်း

-နေ့စဉ်ဖုန်းဘေလ်အသုံးပြုမှုကိုလွယ်ကူစွာစစ်နိုင်ခြင်း

   

   

စည်းမျဉ်းစည်းကမ်းများ

    • Night Safety Data Pack တွင်ပါဝင်သော ဒေတာပမာဏကို ည(၁၁) နာရီ (23:00:00) မှ မနက် ၇နာရီ (6:59:59)အထိ အင်တာနက်အသုံးပြုမှုအားလုံးအတွက် အသုံးပြုနိုင်ပါသည်။
    • မည်သည့်Data Pack ကို ဝယ်ယူထားသည် ဖြစ်စေ Night Safety Data Pack မှသာ အရင် ဖြတ်တောက်မည် ဖြစ်သည်။
    • Package ၏ သက်တမ်းမှာ ဝယ်ယူထားသော Package များပေါ်တွင် မူတည်ပြီး ၁ရက်၊ ၃ရက်၊ ၇ရက် စသည်ဖြင့် အသုံးပြုနိုင်ပါသည်။
    • လက်ကျန်ဒေတာများကို သယ်ဆောင်အသုံးပြုမှု မရရှိနိုင်ပါ။
    • ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ် ရယူထားသော GSM/WCDMA Prepaid and Postpaid အသုံးပြုသူများ ဝယ်ယူနိုင်ပါသည်။
    • CDMA နှင့် Base Tariff အသုံးပြုသူများ ဝယ်ယူနိုင်မည်မဟုတ်ပါ။
    • လက်ရှိအသုံးပြုခြင်းမရှိသောသူများ ဝယ်ယူနိုင်မည် မဟုတ်ပါ။
    • အင်တာနက် မြန်နှုန်းကို ထိန်းညှိ အသုံးပြုနိုင်သော Night Safety Data Pack ကို ဝယ်ယူထားပါက ည (၁၁) နာရီမှ မနက် (၇)နာရီအထိ မည်သည့်ဒေတာ အသုံးပြုမှုကိုမဆို အင်တာနက်မြန်နှုန်းကို တစ်စက္ကန့်လျှင် 1.5MB ထိန်းညှိအသုံးပြုနိုင်ပါမည်။ ရယူထားသော ဒေတာပမာဏ ကုန်ဆုံးသွားသည် အထိ (သို့) အင်တာနက်မြန်နှုန်းကို ထိန်းညှိ အသုံးပြုနိုင်ခြင်း မရှိသော Night Safety Data Pack ကို ဝယ်ယူလိုက်သည့်အချိန်အထိ တစ်စက္ကန့်လျှင် 1.5 MB ထိ ထိန်းညှိ အသုံးပြုနိုင်ပါသည်။.
    • ဥပမာ – အင်တာနက်မြန်နှုန်းကို ထိန်းညှိပြီး အသုံးပြုနိုင်ခြင်း မရှိသော Night Safety Data Pack ကို ဝယ်ယူထားပြီးနောက် အင်တာနက်မြန်နှုန်းကို ထိန်းညှိပြီး အသုံးပြုနိုင်သော Night Safety Data Pack ကို ထပ်မံဝယ်ယူပါက သုံးစွဲနိုင်သော ပမာဏ သည် ပေါင်းစည်းသွားပြီး သက်တမ်းမှာ နောက်ဆုံး ဝယ်ယူထားသည့် အင်တာနက်မြန်နှုန်းကို ထိန်းညှိပြီး အသုံးပြုနိုင်သော Night Safety Data Pack ၏ သက်တမ်းအတိုင်း ကုန်ဆုံးပါမည်။

     

    • အင်တာနက်မြန်နှုန်းကို တစ်စက္ကန့်လျှင် 1.5MB ထိန်းညှိပြီး အသုံးပြုနိုင်သော Night Safety Data Pack ကို ဝယ်ယူထားပြီး သက်တမ်းမကုန်ခင် ဒေတာပမာဏ အားလုံး အသုံးပြုပါက အခြား ဝယ်ယူထားသော Data Pack များမှ ဖြစ်စေ၊ Main Balance မှဖြစ်စေ ဖြတ်တောက်ပါမည်။ သို့သော် အင်တာနက်မြန်နှုန်း ထိန်းညှိ၍ အသုံးပြုမှု မရရှိနိုင်ပါ။ အင်တာနက်မြန်နှုန်းကို တစ်စက္ကန့်လျှင် 1.5 MB ထိန်းညှိနိုင်သော Night Safety Data Pack ကို ထပ်မံ ဝယ်ယူ၍ အသုံးပြုနိုင်ပါတယ်။
    • အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်ပါသည်။ ဒေတာလက်ကျန်နှင့် သက်တမ်းများ ပေါင်းစည်းသွားမည် ဖြစ်သည်။
    • Prepaid မှ Postpaid သို့ ဖြစ်စေ၊ Postpaid မှ Prepaid သို့ဖြစ်စေ ပြောင်းလဲမည်ဆိုပါက လက်ရှိ ဝယ်ယူထားသော Night Safety Data Pack များကို ဆက်လက်၍ အသုံးပြုနိုင်တော့မည် မဟုတ်ပါ။
    • ပရိုမိုးရှင်းကာလမှာ ၂၀၂၂ ဇန်နဝါရီလ (၂၂)ရက်မှ ထပ်မံမကြေညာမီအထိ ဖြစ်ပါသည်။

မေးလေ့ရှိသော မေးခွန်းများ

၁။ Night Safety Data Packages ဆိုတာ ဘာလဲ။ ဘယ်လိုဝယ်ယူလို့ ရနိုင်ပါသလဲ။

Night Safety Data Packs ဆိုသည်မှာ ည ၁၁နာရီ မှ မနက် ၇နာရီအတွင်း အင်တာနက်အသုံးပြုမှုများအတွက် ဒေတာ အသုံးပြုနိုင်သော Package များဖြစ်ပါတယ်။
Night Safety Data Package များကို အောက်ပါအတိုင်း ဝယ်ယူနိုင်ပါတယ်။

ဈေးနှုန်းများ
(ကုန်သွယ်ခွန်ပါပြီး)
ဝယ်ယူနိုင်သော
နည်းလမ်း
ဒေတာပမာဏ(MB)ကန့်သတ်မြန်နှုန်းအသုံးပြုနိုင်သည့်
ကာလ
Direct
USSD
၁၉၉ကျပ်USSD မှ တဆင့် ဝယ်ယူနိုင်ပါသည်80 MBပုံမှန်အမြန်နှုန်း၁ရက်*233*1#
၄၉၉ကျပ်220 MB၃ရက်*233*2#
၇၉၉ကျပ်360 MB၇ရက်*233*3#
၁၉၉ကျပ်80 MBMax1.5Mbps၁ရက်*233*4#
၄၉၉ကျပ်220 MB၃ရက်*233*5#
၇၉၉ကျပ်360 MB၇ရက်*233*6#
၁၉၉ကျပ်MPT4U မှတဆင့် ဝယ်ယူနိုင်ပါသည်83 MBပုံမှန်အမြန်နှုန်း1 dayNone
၄၉၉ကျပ်225 MB၃ရက်
၇၉၉ကျပ်365 MB၇ရက်
၁၉၉ကျပ်83 MBMax 1.5Mbps၁ရက်
၄၉၉ကျပ်225 MB၃ရက်
၇၉၉ကျပ်365 MB၇ရက်

အင်တာနက်မြန်နှုန်းကို တစ်စက္ကန့်လျှင် 1.5 MB ထိန်းညှိပြီး အသုံးပြုနိုင်သော Night Safety Data Package များကို ဝယ်ယူထားပြီး ည ၁၁ နာရီမှ မနက် ၇နာရီအတွင်း ဒေတာ အသုံးပြုပါက Night Safety Data Package မှ ဖြတ်တောက်မည်ဖြစ်ပြီး အင်တာနက်မြန်နှုန်းကို ထိန်းညှိပြီး အသုံးပြုနိုင်ပါသည်။

 

အင်တာနက်မြန်နှုန်းကို တစ်စက္ကန့်လျှင် 1.5 MB ထိန်းညှိပြီး အသုံးပြုနိုင်သော Night Safety Data Package များကို အသုံးပြုလိုပါက

*233*4# သို့ ရိုက်နှိပ်ခေါ်ဆိုပြီး 80MB လျှင် ၁၉၉ကျပ် ကျသင့်သော ၁ရက်သုံး Night Safety Data Package ကို ဝယ်ယူ၍ဖြစ်စေ၊

*233*5 # သို့ ရိုက်နှိပ်ခေါ်ဆိုပြီး 220MB လျှင် ၄၉၉ကျပ် ကျသင့်သော ၃ရက်သုံး Night Safety Data Package ကို ဝယ်ယူ၍ဖြစ်စေ၊

*233*6 # သို့ ရိုက်နှိပ်ခေါ်ဆိုပြီး 360MB လျှင် ၇၉၉ကျပ် ကျသင့်သော ၇ရက်သုံး Night Safety Data Package ကို ဝယ်ယူ၍ဖြစ်စေ အသုံးပြုနိုင်ပါတယ်။

၂။ ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသလား?

ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန် ၁၅% ပါဝင်ပြီးဖြစ်ပါတယ်။

၃။ Night Safety Data Pack ကို ဘယ်သူတွေ ဝယ်ယူနိုင်မှာလဲ?

ဆွေသဟာ/ရှယ်ပြော/ရွှေစကားအစီအစဉ်ရယူထားသော Prepaid/Postpaid GSM /WCDMA အသုံးပြုသူများနှင့် လက်ရှိ အသုံးပြုနေသူများ ဝယ်ယူနိုင်ပါသည်။
CDMA နှင့် Base Tariff အသုံးပြုသူများ ဝယ်ယူနိုင်မည် မဟုတ်ပါ။

၄။ Night Safety Data Pack ရဲ့ လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?

*224# ကို ခေါ်ဆိုပြီး Night Safety Data Pack ၏ လက်ကျန်ပမာဏကို စစ်ဆေးနိုင်ပါတယ်။

၅။ Night Safety Data Pack ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?

အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်မှာဖြစ်ပြီး Package အသုံးပြုနိုင်သည့် ကာလအတွင်းဝယ်ယူပါက ဒေတာပမာဏမှာ ပေါင်းစည်း အသုံးပြုနိုင် ပြီး Package သက်တမ်းကို လည်း ပိုရှည်ကြာသော သက်တမ်းနှင့် အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။

၆။ Night Safety Data Pack ရဲ့ သက်တမ်းက ဘယ်လောက်လဲ?

Package ၏ သက်တမ်းမှာ ဝယ်ယူထားသော Package များပေါ်တွင် မူတည်ပြီး ၁ရက်၊ ၃ရက်၊ ၇ရက် စသည်ဖြင့် အသုံးပြုနိုင်ပါတယ်။ လက်ကျန်ဒေတာများကို သယ်ဆောင်အသုံးပြုမှု မရရှိနိုင်ပါ။

၇။ အင်တာနက်မြန်နှုန်းကို ထိန်းညှိပြီး အသုံးပြုနိုင်သော Night Safety Data Pack ဝယ်ယူထားပြီး သုံးစွဲနိုင်သော ဒေတာပမာဏနှင့် သက်တမ်းကျန်ရှိနေချိန်မှာ အင်တာနက်မြန်နှုန်းကို ထိန်းညှိပြီး အသုံးပြုနိုင်ခြင်း မရှိသော Night Safety Data Pack ကို ထပ်မံဝယ်ယူပါတယ်။ ဘယ်လိုဖြစ်သွားမှာလဲ။

နောက်ဆုံး ဝယ်ယူထားသော Package ၏မြန်နှုန်းသတ်မှတ်ချက်အတိုင်း အင်တာနက် မြန်နှုန်းကို အသုံးပြုနိုင်မည် ဖြစ်သည်။
(ဥပမာ – အင်တာနက်မြန်နှုန်းကို ထိန်းညှိပြီး အသုံးပြုနိုင်ခြင်း မရှိသော Night Safety Data Pack ကို ဝယ်ယူထားပြီးနောက် အင်တာနက်မြန်နှုန်းကို ထိန်းညှိပြီး အသုံးပြုနိုင်သော Night Safety Data Pack ကို ထပ်မံဝယ်ယူပါက သုံးစွဲနိုင်သော ပမာဏ သည် ပေါင်းစည်းသွားပြီး သက်တမ်း ပိုရှည်ကြာသော Package ၏ သက်တမ်းအတိုင်းသုံးစွဲနိုင်မည်ဖြစ်ကာ မြန်နှုန်း
သတ်မှတ်ချက်မှာ နောက်ဆုံး ဝယ်ယူထားသည့် အင်တာနက်မြန်နှုန်းကို ထိန်းညှိပြီး အသုံးပြုနိုင်သော Night Safety Data Pack အတိုင်းဖြစ်ပါသည်။

၈။ Package တစ်ခု ဝယ်ယူသုံးစွဲထားပြီး သက်တမ်းကာလ နှင့် ဒေတာပမာဏ မကုန်ခင် နောက်ထပ် သက်တမ်းနှင့် ဒေတာပမာဏ မတူညီသည့် Package များ ထပ်မံဝယ်ယူပါတယ်။ ဘယ်လိုဖြစ်သွားမှာပါလဲ။

လက်ကျန် ဒေတာပမာဏသည် ထပ်မံဝယ်ယူလိုက်သော  ဒေတာပမာဏနှင့်

ပေါင်းစည်းသွားမည်ဖြစ်ပြီး သက်တမ်း ပိုရှည်ကြာသော Package ၏ သက်တမ်းအတိုင်းသုံးစွဲနိုင်မည် ဖြစ်ကာ နောက်ဆုံး ဝယ်ယူထားသော Package ၏မြန်နှုန်းသတ်မှတ်ချက်အတိုင်း အင်တာနက် မြန်နှုန်းကို အသုံးပြုနိုင်မည် ဖြစ်သည်။

 

ဥပမာ- ၃ရက်သုံး Night Satety Data Pack ကို ဝယ်ယူထားပြီး သက်တမ်း ၁နာရီနှင့်

ဒေတာပမာဏ 75MB ကျန်ရှိချိန်တွင် ထပ်မံ၍ 83 MB လျှင် ၁၉၉ကျပ် ကျသင့်သော ၁ရက်သုံး Night Safety Data Pack ကို ဝယ်ယူပါက ဒေတာပမာဏသည် (83MB+75MB) = 158 MB အဖြစ် ပေါင်းစည်းသွားမည် ဖြစ်ပြီး သုံးစွဲနိုင်သော သက်တမ်းသည် သက်တမ်း ပိုရှည်ကြာသော ၁ရက်သုံး Night Safety Data Pack ၏ သက်တမ်းအတိုင်း သုံးစွဲနိုင်ပါမည်။

၉။ Night Safety Data Pack ရဲ့ သက်တမ်းလည်ပတ်ပုံက ဘယ်လိုမျိုးရှိပါသလဲ။

Night Safety Data Pack သည် ၂၄နာရီသက်တမ်းဖြင့် အခြေခံ၍ လည်ပတ်ပါသည်။
ဥပမာ- ၁ရက်သုံး Package ကို ယနေ့မနက် ၇နာရီတွင် ဝယ်ယူထားပါက Package သည် နောက်နေ့မနက် 6:59:59 အထိ သက်တမ်းရှိမည် ဖြစ်ပြီး ည ၁၁နာရီမှ မနက် ၇နာရီအတွင်း သုံးစွဲနိုင်ပါသည်။
ဥပမာ- ၁ရက်သုံး Package ကို နေ့လည် ၁၁နာရီတွင် ဝယ်ယူထားပါက Package သည် နောက်နေ့မနက် 10:59:59 ထိ သက်တမ်းရှိမည် ဖြစ်ပြီး ည ၁၁ နာရီမှ မနက် ၇နာရီအတွင်း သုံးစွဲနိုင်ပါသည်။
ဥပမာ-၁ရက်သုံး Package ကို မနက် ၆နာရီတွင် ဝယ်ယူထားပါက Package သည် နောက်နေ့မနက် 5:59:59 ထိ သက်တမ်းရှိမည် ဖြစ်ပြီး ည ၁၁ နာရီ မှ မနက် ၇နာရီအတွင်း သုံးစွဲနိုင်ပါသည်။

၁၀။ အင်တာနက်မြန်နှုန်းကို တစ်စက္ကန့်လျှင် 1.5MB ထိန်းညှိပြီး အသုံးပြုနိုင်သော Night Safety Data Pack ကို ဝယ်ယူထားပြီး သက်တမ်းမကုန်ခင် ဒေတာပမာဏ အားလုံး အသုံးပြုလိုက်ပါတယ်။ ဘယ်လို ဖြတ်တောက်မှာပါလဲ။

အခြား ဝယ်ယူထားသော Data Pack များမှ ဖြစ်စေ၊ Main Balance မှ ဖြစ်စေ ဖြတ်တောက်ပါမည်။ သို့သော် အင်တာနက်မြန်နှုန်း ထိန်းညှိ၍ အသုံးပြုမှု မရရှိနိုင်ပါ။ အင်တာနက်မြန်နှုန်း ထိန်းညှိအသုံးပြုလိုပါက မြန်နှုန်းကို တစ်စက္ကန့်လျှင် 1.5 MB ထိန်းညှိနိုင်သော Night Safety Data Pack ကို ထပ်မံ ဝယ်ယူ၍ အသုံးပြုနိုင်ပါတယ်။

၁၁။ Night Safety Data Pack ကို တခြားသူများသို့ လက်ဆောင်ပေးလို့ရပါသလား?

*106*2# (သို့) *777# မှတစ်ဆင့် အမှတ်စဉ် “2. Gift (သို့) 2.
လက်ဆောင်ပေးမည်”ကိုရွေးချယ်ပြီးလက်ဆောင်ပေးမည့်ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီး
တခြားသူများသို့လက်ဆောင်ပေးနိုင်ပါတယ်။

၁၂။ ပရိုမိုးရှင်းကာလမှာ ဘယ်အထိပါလဲ။

ပရိုမိုးရှင်းကာလမှာ ၂၀၂၂ ဇန်နဝါရီလ (၂၂) ရက် မှ ထပ်မံမကြေညာမီအထိ ဖြစ်ပါတယ်။

MPT VAS Services Info

MPT VAS Services Info

About MPT’s Vaule Added Services & Information of Subscibe/Unsubscribe
စဉ်၀န်ဆောင်မှုအမည် အကြောင်းအရာ၀န်ဆောင်ခ ၀န်ဆောင်မှုရယူရန်၀န်ဆောင်မှုပယ်ဖျက်ရန်
Let’s PlayLet’s PlayWeb Browser ကိုအခြေခံထားသော HTML 5 ဂိမ်းဝန်ဆောင်မှုတစ်ရက်လျှင် ၂၀၀ ကျပ်ON to 8765GAME STOP to 8765
Quest to MillionWeb Browser ကိုအခြေခံထားသော အမေးအဖြေဂိမ်းဝန်ဆောင်မှုတစ်ရက်လျှင် ၉၉ ကျပ်ON to 8576OFF to 8576
App BoxApplication ကိုအခြေခံထားသော ဂိမ်းဝန်ဆောင်မှုတစ်ရက်လျှင် ၂၅၀ ကျပ်ON to 8980APP STOP to 8980
VuclipWeb Browser ကိုအခြေခံထားသော ဗီဒီယိုဝန်ဆောင်မှုတစ်ရက်လျှင် ၉၉ ကျပ်ON to 8383OFF to 8383
Myanmar SportsWeb Browser ကိုအခြေခံထားသော အားကစားဝန်ဆောင်မှုတစ်ရက်လျှင် ၁၅၀ ကျပ်ON to 8633OFF to 8633
m-LearningWeb Browser ကိုအခြေခံထားသော အင်္ဂလိပ်သင်ခန်းစာ ဝန်ဆောင်မှုတစ်ရက်လျှင် ၁၅၈ ကျပ်ON to 8282OFF to 8282
Smart KidsWeb Browser ကိုအခြေခံထားသော ကလေးများအတွက် ပညာရေးဝန်ဆောင်မှုတစ်ရက်လျှင် ၁၅၀ ကျပ်ON to 8733OFF to 8733
ComboxWeb Browser ကိုအခြေခံထားသော သီချင်း၊ ဂိမ်း အစရှိသည့် ဝန်ဆောင်မှုတစ်ရက်လျှင် ၉၉ ကျပ်ON to 8981OFF to 8981
ApptouchApplication ကိုအခြေခံထားသော ဂိမ်းဝန်ဆောင်မှုတစ်ရက်လျှင် ၉၉ ကျပ်ON to 8550OFF to 8550
၁၀Guess itWeb Browser နှင့် Application ကိုအခြေခံထားသော အမေးအဖြေဂိမ်းဝန်ဆောင်မှုတစ်ရက်လျှင် ၁၅၀ ကျပ်ON to 8533OFF to 8533
၁၁Ballone StarApplication ကိုအခြေခံထားသော ဘောလုံးစတားဝန်ဆောင်မှုတစ်ရက်လျှင် ၁၀၅ ကျပ်ON to 8118DD OFF to 8118
၁၂Nay LaApplication ကိုအခြေခံထားသော ဗေဒင်ဝန်ဆောင်မှုတစ်ရက်လျှင် ၁၅၈ ကျပ်ON to 8998DD OFF to 8998
၁၃Thuta MyayWeb Browser နှင့် Application ကိုအခြေခံထားသော စိုက်ပျိုးရေးဝန်ဆောင်မှုတစ်ရက်လျှင် ၁၀၅ ကျပ်TTM to 8834STOPTTM to 8834
၁၄GameloftApplication ကိုအခြေခံထားသော ဂိမ်းဝန်ဆောင်မှုတစ်ရက်လျှင် ၂၀၀ ကျပ်ON to 8793STOP GAME to 8793
၁၅Big9Web Browser နှင့် Application ကိုအခြေခံထားသော ဗီဒီယိုဝန်ဆောင်မှုတစ်ရက်လျှင် ၉၉ ကျပ်ON to 8989OFF to 8989
၁၆Health Tips & QuizWeb Browser ကိုအခြေခံထားသော ကျန်းမာရေးဂိမ်းဝန်ဆောင်မှုတစ်ရက်လျှင် ၁၄၉ ကျပ်ON to 8123OFF to 8123
၁၇MyMTVWeb Browser ကိုအခြေခံထားသော သီချင်းဗီဒီယိုဝန်ဆောင်မှုတစ်ရက်လျှင် ၉၉ ကျပ်MTV to 8411UNMTV to 8411
၁၈Digital InformationSMS ကိုအခြေခံထားသော ဒီဂျစ်တယ်သတင်းများဝန်ဆောင်မှုတစ်ရက်လျှင် ၅၃ ကျပ်DG to 8212DG OFF to 8212
19Shwe StreamWeb Browser ကိုအခြေခံထားသော ဗီဒီယိုဝန်ဆောင်မှုတစ်ရက်လျှင် ၉၉ ကျပ်ON to 8202OFF to 8202
၂၀MaharApplication ကိုအခြေခံထားသော ဗီဒီယိုဝန်ဆောင်မှုတစ်ရက်လျှင် ၉၉ ကျပ်via applicationMAHAROFF to 8686
၂၁MPT Ring Tuneခေါ်သူနားဆင်တေးသံစဉ်တစ်လလျှင် ၁၀၅၀ ကျပ်
တစ်ရက်လျှင် ၄၇ ကျပ်
REGD (or) REGM to 7979UNR to 7979

MPT က “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ် ပညာရေးဆီ” အစီအစဉ်ဖြင့် အဆင့်မြင့် အိုင်တီနည်းပညာ ကျွမ်းကျင်မှု သင်တန်းသစ် ဖွင့်လှစ်

MPT နှင့် NLD ပညာရေး ကွန်ရက်တို့ပူးပေါင်းပြီး အနာဂတ်၏ ဒီဂျစ်တယ်ပညာရပ် ကျွမ်းကျင်မှု သင်တန်းဆရာများ မွေးထုတ်ပေးမည့် အထူးသင်တန်းများကို စဉ်ဆက်မပြတ် ထောက်ပံ့နေ

(ရန်ကုန်၊ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၉ ရက်၊) – မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT အနေဖြင့် အထူးအောင်မြင်ခဲ့သည့် “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ်၏ နောက်ဆက်တွဲအဖြစ်၂၀၁၉ ခုနှစ် အတွက် ကွန်ပျူတာပညာ ကျွမ်းကျင်မှု ဆရာဖြစ် သင်တန်းသစ်ကို စတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန် ကြေညာလိုက်သည်။

 

နိုင်ငံတစ်ဝန်းလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေသည့် ဤသင်တန်း အစီအစဉ်ကို MPT နှင့် NLD ပညာရေး ကွန်ရက် တို့ ပူးပေါင်းစီစဉ်ဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။
အဆိုပါ ကွန်ပျူတာပညာ ကျွမ်းကျင်မှု ဆရာဖြစ်သင်တန်းသည် “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ်မှတစ်ဆင့် အောင်မြင်ခဲ့သည့် သင်တန်းသားများကို မိုက်ခရိုဆော့ဖ် ကွန်ပျူတာ အက်ပလီကေးရှင်း နှင့် အိုင်တီနည်းပညာကျွမ်းကျင်မှု သင်ကြားရေးနည်းလမ်းများကို သေချာစွာ လေ့ကျင့်သင်ကြားပေးနိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ကွန်ပျူတာပညာ ကျွမ်းကျင်မှု ဆရာဖြစ်သင်တန်းသို့ တက်ရောက်မည့် သင်တန်းသား (၅၀) အနေဖြင့် သင်တန်းပြီးဆုံးပြီးနောက် မိမိတို့ ကျွမ်းကျင်တတ်မြောက်လာသည့် အဆင့်မြင့် ကွန်ပျူတာပညာများကို နိုင်ငံတစ်ဝန်းရှိ NLD ပညာရေး ကွန်ရက် သင်တန်းကျောင်းများမှတစ်ဆင့် သက်ဆိုင်ရာဒေသများ၌ ပြန်လည်မျှဝေ သင်ကြားပေးနိုင်မည် ဖြစ်သည်။ ၂၀၁၉ခုနှစ်အတွက် ကွန်ပျူတာပညာ ကျွမ်းကျင်မှု ဆရာဖြစ်သင်တန်း ပထမအသုတ်ကို သင်တန်းသား (၂၅) ဦးဖြင့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်တွင် ရန်ကုန်မြို့ရှိ MPT သင်တန်းကျောင်း၌ စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

 

“MPT အနေနဲ့ မြန်မာနိုင်ငံက အခွင့်အရေးနည်းပါးလှတဲ့ လူငယ်တွေကို တစ်ဖက်တစ်လမ်းကနေ ကွန်ပျူတာပညာ ကျွမ်းကျင်မှုတွေ မျှဝေသင်ကြားမှုကနေတစ်ဆင့် တစိုက်မတ်မတ်နဲ့ ကူညီပံ့ပိုးပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒီဂျစ်တယ်နည်းပညာတွေက ကုန်ထုတ်လုပ်မှုစွမ်းအားကို တိုးတက်စေနိုင်သလို စီးပွားရေးဆိုင်ရာ အခွင့်အလမ်းသစ်တွေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင်မြင်မှုအတွက် ဒီဂျစ်တယ်နည်းပညာ ကျွမ်းကျင်တတ်မြောက်သူတွေ လုံလုံလောက် လောက် ရှိနေဖို့လည်းလိုအပ်ပါတယ်။ မိုဘိုင်းလ် အင်တာနက်နဲ့ ကွန်ပျူတာ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ နိုင်ငံရဲ့ ခေတ်မီ ဒီဂျစ်တယ်စီးပွားရေးစနစ်ကို တည်ဆောက်ရာ မှာ မြန်မာနိုင်ငံသားအားလုံး ပါဝင်ခွင့်ရရှိစေဖို့အတွက်လည်း ကျွန်တော်တို့အနေနဲ့ ရည်မှန်းထားပါတယ်။” ဟု MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှု ဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ ဦးမြင့်သိန်းထွန်း က ပြောကြားခဲ့သည်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာမျိုးညွန့်ကလည်း “ရရှိနိုင်တဲ့ သတင်းနည်းပညာရင်းမြစ်တွေအားလုံးကို ဘယ်လိုအသုံးချနိုင်မယ်ဆိုတဲ့ နည်းလမ်းနဲ့ ပတ်သက်ပြီး သင်တန်းဆရာတွေကို လေ့ကျင့်ပေးနိုင်မယ့် လုပ်ငန်းစဉ်ဟာ ဒီဂျစ်တယ်ကျွမ်းကျင်မှု ပညာရပ်တွေကိုဖြန့်ဝေရေးအတွက် အထူးပဲအရေးပါလှတဲ့အပြင် ကျွန်တော်တို့နိုင်ငံသားတွေကိုလည်း အကျိုးအမြတ်တွေ ဖြစ်ထွန်းစေမှာဖြစ်ပါတယ်။ လက်ရှိ အနေအထားအရ နိုင်ငံတစ်ဝန်းက အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေမှာ ဒီဂျစ်တယ်နည်းပညာတွေရဲ့ အကျိုးကျေးဇူးကို အပြည့်အဝ ရရှိခံစားစေနိုင်မယ့် ကျွမ်းကျင်တတ်မြောက်မှုနဲ့ လုပ်ငန်းလည်ပတ်မှု အတွေ့အကြုံတွေမရှိသေး တာကြောင့် MPT ကနေ အခုလိုမျိုး ဒီဂျစ်တယ်နည်းပညာကျွမ်းကျင်မှုဆိုင်ရာ သင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးနေတာကို ကျေးဇူးတင် ဝမ်းမြောက်မိပါတယ်။” ဟု ပြောကြားသွားခဲ့သည်။

 

“ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ်ကို MPT နှင့် NLD ပညာရေး ကွန်ရက်တို့ ပူးပေါင်း၍ မြို့ပြများတွင်သာမက မြို့ပြမဟုတ်သည့် ဒေသများတွင် နေထိုင်သော လူငယ်များအား ပညာရေးနှင့် နည်းပညာပိုင်းတို့ကို လက်လှမ်းမီစေရန်အတွက် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။ ၎င်းအစီအစဉ် စတင်ခဲ့သည့် ၂၀၁၆ ခုနှစ်မှ စတင်ပြီး နိုင်ငံတစ်ဝန်းမှ ကျောင်းသူ၊ ကျောင်းသားပေါင်း (၅,၀၀၀) ကျော်သည် MPT ၏ ယခုအစီအစဉ်မှတစ်ဆင့် ကွန်ပျူတာ နည်းပညာ ကျွမ်းကျင်မှုပညာရပ်များ တတ်မြောက်ခဲ့ပြီး ဖြစ်သည်။

 

MPT အနေဖြင့် ဒီဂျစ်တယ် နည်းပညာ တတ်ကျွမ်းမှု ကွာဟချက်လျော့ချရေးကို နည်းလမ်းမျိုးစုံဖြင့် တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ တစ်ဝန်းရှိ MPT Telecenter ပေါင်း ၁၅၀ ကျော်၌ လူအများအတွက် အသုံးဝင်ပြီး အကျိုးရှိသည့် သတင်းအချက်အလက်များ၊ ဆက်သွယ်ရေး ဝန်ဆောင်မှုများကိုလည်း မျှဝေပေးအပ်လျက်ရှိသည်။ MPT အနေဖြင့် ပြည်နယ်နှင့် တိုင်း ဒေသကြီး အသီးသီးရှိ အမေ့အိမ် ပညာဒါန သင်တန်းကျောင်းများတွင် အင်တာနက် ကွန်ရက်ချိတ်ဆက်မှု နှင့်အတူ လက်ပ်တော့ကွန်ပျူတာ အလုံး ၃၀၀ ကိုအသုံးပြုပြီးသင်တန်းများကိုလည်း ထောက်ပံ့ပေးလျက်ရှိသည်။ MPT သည် နိုင်ငံတစ်ဝန်း၌ မိုဘိုင်းလ်အသုံးပြုမှုဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပေးလျက်ရှိပြီး အနာဂတ်မျိုးဆက်သစ်လူငယ်များအား မိုဘိုင်းလ်ဖုန်းများကို လုံခြုံစိတ်ချစွာ အသုံးပြုတတ်စေရန် အသိပညာပေးမှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
MPT ၏ လူမှုအကျိုးပြု လုပ်ငန်းဆောင်ရွက်မှုများနှင့် လူငယ်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ချက်များကို အသေးစိတ်သိရှိလိုပါက http://mpt.com.mm/en/about-home-en/csr-activities/ သို့ ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။

 

 

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအကြောင်း
MPT သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်ပြီး၊ နှစ်ပေါင်း ၁၃၀ ကျော်ကြာအောင် ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုတွင် ရှေ့ဆောင်လာခဲ့သူ ဖြစ်ပါသည်။ ကြိုးဖုန်းနှင့် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများအား ပြည်သူများနှင့် စီးပွားရေး လုပ်ငန်းများထံ ဆောင်ရွက်ပေးလျက်ရှိပြီး၊ တစ်နိုင်ငံလုံးသို့ လွှမ်းခြုံထားသည့် အကြီးမားဆုံး 3G ကွန်ရက်ကို ပိုင်ဆိုင်ထာကာ မြန်မာနိုင်ငံ၏ အမြန်ဆုံးနှင့် အဆင့်အမြင့်ဆုံး MIMO 4X4 နည်းပညာ အသုံးပြုထားသောLTE+ ကွန်ရက်ကိုလည်း ပိုင်ဆိုင် ထားပါသည်။

 

၂၀၁၄ ဇူလိုင်လတွင် MPT သည် KDDI Summit Global Myanmar (KSGM) နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ပါသည်။ KSGM သည် ဂျပန်ပူးပေါင်းဆောင်ရွက်သူများ ဖြစ်ကြသည့် KDDI Corporation (KDDI) နှင့် Sumitomo Corporation (Sumitomo) တို့မှ ပိုင်ဆိုင်ထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား အရှိန်မြှင့်တင်နိုင်ရန်အတွက် MPT အနေဖြင့် KDDI နှင့် Sumitomo တို့ ပူးပေါင်းပြီး ဆယ်နှစ်အတွင်း ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံကြရန် ရည်ရွယ်ခဲ့ကြ ပါသည်။ အဆိုပါဆောင်ရွက်ချက်မှာ မြန်မာနိုင်ငံသမိုင်းတွင် ဂျပန်နိုင်ငံ၏ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုများထဲမှ တစ်ခု ဖြစ်ခဲ့ပါသည်။

 

MPT အနေဖြင့် ဝန်ထမ်းပေါင်း ၈ ထောင်ကျော်နှင့်အတူ KSGM နှင့် ပူးပေါင်းပြီး ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား စဉ်ဆက်မပြတ် အားစိုက်ဆောင်ရွက်နေကာ တာဝန်သိမှုလူမှုအကျိုးပြုလုပ်ငန်း (Corporate Social responsibility) ဆိုင်ရာ တန်ဖိုးများအား လေးစားလိုက်နာလျက် မြန်မာနိုင်ငံအား ရှေ့သို့လှမ်းနိုင်စေ ရန် ဆောင်ရွက်လျက်ရှိပါသည်။ MPT အနေဖြင့် လက်ရှိတွင် သုံးစွဲသူ ၂၃ သန်းကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

 

အခြားသောအချက်အလက်များနှင့် ပိုမိုတိကျသည့် စည်းမျဉ်းစည်းကမ်းများအတွက် www.mpt.com.mm သို့မဟုတ် www.facebook.com/mptofficialpage များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များနှင့် ပတ်သက်၍ MPT ၏ လှုပ်ရှားမှုများအား ပိုမိုသိရှိလိုပါက http://mptcsr.foc.lotayamm.com/mptyouth သို့ သွားရောက်ပြီး သတင်းအချက်အလက်များ စုံလင်စွာပါရှိသည့် ကော်ပိုရိတ် ဗီဒီယိုအား အခမဲ့ကြည့်ရှုနိုင်ပါသည်။

 

မီဒီယာသတင်းအချက်အလက်များအတွက်မေးမြန်းလိုပါကဆက်သွယ်ရန် :
MPT-KSGM Joint Operations
Hay Mann Soe
(+95) 9 423000171 / (+95) 9 8630050
[email protected]
[email protected]
ရှေ့သို့လှမ်းချီ မြန်မာပြည်