(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် ကြိုက်နှစ်သက်ရာ ပြိုင်ပွဲ၀င်များကို လွယ်ကူစွာ မဲပေးနိုင်မည့် IDOL Special Voting Pack များကို မိတ်ဆက်ခဲ့ပါသည်။ Myanmar IDOL Season 4 ၏ ဆန်ခါတင် ရွေးချယ်ထားသော ပြိုင်ပွဲ၀င်အားလုံးသည် သူတို့၏ အရည်အချင်းများကို ပထမဦးဆုံး live round တွင် ထုတ်ဖော်ယှဉ်ပြိုင်ရမည့်အချိန်မှာ ယခုရောက်ရှိလာပြီဖြစ်သည်။ ပြိုင်ပွဲ၀င်များအနေဖြင့် ဒိုင်လူကြီးများနှင့် ပရိသတ်များရှေ့တွင် တိုက်ရိုက်တင်ဆက်ရမည်ဖြစ်ပြီး မဲပေးမှုများလည်းစတင်တော့မည်ဖြစ်သည်။
“ကျွန်တော်တို့ဟာ Official voting partner အနေနဲ့ မြန်မာနိုင်ငံက အောင်မြင်တဲ့ Myanmar IDOL အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်ဆက်လက်ပါ၀င်ခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်။ ဒီ SMS Voting စနစ်နဲ့ PORTAL ကတစ်ဆင့် ပရိသတ်တွေဟာ သူတို့ကြိုက်နှစ်သက်တဲ့ပြိုင်ပွဲ၀င်တွေကို Myanmar IDOL မှာ အောင်အောင်မြင်မြင်နဲ့ champion ဖြစ်ဖို့အတွက် ကူညီနိုင်မှာပါ။ ကျွန်တော်တို့ရဲ့ Special Voting Packages က ၀င်ရောက်ယှဉ်ပြိုင်သူတွေကို မဲပေးခြင်းကနေတစ်ဆင့် ထောက်ခံအားပေးဖို့ ကူညီနိုင်ပြီး မဲပေးသူတွေအတွက်လည်း ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ပေးစွမ်းနိုင်မှာပါ” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က ပြောကြားခဲ့ပါသည်။
MPT သုံးစွဲသူများအနေဖြင့် Voting Packages ကို ပေါ်တယ် mmidvote.com နှင့် 77700 သို့ SMS ပေးပို့ခြင်းမှ တစ်ဆင့်၀ယ်ယူနိုင်ပါသည်။ မဲပေးမှုများအတွက် ပထမဆုံးပြိုင်ပွဲကို ယနေ့ည ၁၁ နာရီတွင်စတင်မည်ဖြစ်ပြီး Myanmar IDOL Season 4 ၏နောက်ဆုံးအပိုင်းကိုတော့ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် တင်ဆက်သွားပါမည်။
Myanmar Idol Season 4 အတွက် Voting Packages မှာအောက်ပါအတိုင်းဖြစ်သည်။
Pack | Cost | Number of Votes |
Pack 1 | 150 Ks | 5 Votes |
Pack 2 | 300 Ks | 10 Votes |
Pack 3 | 600 Ks | 20 Votes |
Pack 4 | 1,500 Ks | 50 Votes |
Pack 5 | 3,000 Ks | 100 Votes |
Pack 6 | 15,000 Ks | 500 Votes |
PAYG | 30 Ks/ Vote | Up to 5 Votes/ Live Episode |
SMS Voting အတွက် MPT သုံးစွဲသူတိုင်းသည် မိမိကြိုက်နှစ်သက်သည့်ပြိုင်ပွဲ၀င်နံပါတ်ကို ရိုးရှင်းစွာ ရိုက်နှိပ် ပြီးပေးပို့နိုင်သည်။ ဖော်ပြပါ Voting packages ကို MPT သုံးစွဲသူများသည် BUY 5, BUY 10, BUY 20, BUY 50, BUY 100, BUY 500 စသည်ဖြင့် ၀ယ်ယူမည့် မဲအရေအတွက်ကို မိုဘိုင်းလ်ဖုန်းများမှ 77701~11 သို့ SMS ပေးပို့၀ယ်ယူနိုင်ပါသည်။ တိုက်ရိုက်ယှဉ်ပြိုင်မူပွဲစဉ်များအတွင်း PAYG ဖြင့်လည်း (တိုက်ရိုက်ယှဉ်ပြိုင်မူ ပွဲစဉ်တစ်ခုအတွက် voting 5 ခုသာ) မဲပေးနိုင်ပါသည်။ လက်ကျန်မဲအရေအတွက်ကို mmidvote.com နှင့် 77700 သို့ BAL ဟုရိုက်နှိပ်ပြီး ပေးပို့စစ်ဆေးနိုင်သည်။
ပြိုင်ပွဲ၀င် များ၏ Voting ကုတ်ဒ် များကိုအောက်တွင်ဖော်ြပပေးထားပါသည်။
Name | Voting Number |
Yaw Kee | 77701 |
Benjamin Sum | 77702 |
Naw Say Say Htoo | 77703 |
Tan Khun Kyaw | 77704 |
Chuu Sitt Han | 77705 |
Htet Izali | 77706 |
Hnin Ei Ei Lwin | 77707 |
Esther | 77708 |
Nay Linn Kyaw | 77709 |
Moo Ler | 77710 |
Aye Mya Phyu | 77711 |
Myanmar IDOL Voting Packs အကြောင်း ပိုမိုသိရှိလိုပါက ၁၀၆ သို့ ခေါ်ဆိုနိုင်ပြီး MPT ၏ တရားဝင် ဖေ့စ်ဘွတ်ခ် စာမျက်နှာ https://www.facebook.com/mptofficialpage/ သို့မဟုတ် MPT ၏ တရားဝင် ဝက်ဘ်ဆိုက် www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။