MPT က မြန်မာနိုင်ငံအတွင်း ကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အပံ့ ဖြစ်စေမည့် ကျောင်းပြင်ပ သူနာပြုသိပ္ပံ (ပေါင်းကူး)အစီအစဉ်တွင် ပါဝင်ကူညီ

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ MPT သည် သူနာပြုတက္ကသိုလ်၊ ရန်ကုန် နှင့် အတူပူးပေါင်း၍ အောက်မြန်မာပြည်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်(၈)ခုတွင် ရှိသော သူနာပြုသင်တန်းကျောင်း ၁၁ ခုနှင့် ရန်ကုန်မြို့ရှိ သူနာပြုတက္ကသိုလ်တို့ ချိတ်ဆက်ထားသော ကျောင်းပြင်ပ အဝေးသင် အစီအစဉ်အတွက် ဆန်းသစ်မှုများကို အကောင်အထည်ဖော် ဆောင်ရွက်လိုက်ပြီဖြစ်သည်။

ယခု စီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော်လည်ပတ်နိုင်စေရန်အတွက် MPT အနေဖြင့် ရန်ကုန်ရှိ ပင်မ သူနာပြု တက္ကသိုလ်ဝင်းအတွင်း ဗွီဒီယို စကားပြောဆိုခြင်းတို့ကို လုပ်ဆောင်နိုင်မည့် ခေတ်မီ ဗွီဒီယို ကွန်ဖရင့်ဆိုင်ရာ ပစ္စည်းကိရိယာများအပါအဝင် ဆက်စပ်နေသည့် သူနာပြုသင်တန်းကျောင်းများတွင် အသုံးပြုရန်အတွက်လည်း လိုအပ်သော ကွန်ပျူတာပစ္စည်းများ တပ်ဆင်ပေးခြင်း၊ ဖိုင်ဘာအင်တာနက် လိုင်းများ သွယ်တန်းပေးခြင်း၊ ကွန်ပျူတာများ ပေးအပ်ခြင်း၊
Wi-Fi ချိတ်ဆက်ရန်အတွက် router များ ထားရှိပေးခြင်းနှင့် business Skype အစရှိသည် တို့ကို ထောက်ပံ့ပေးခဲ့ပါသည်။

MPT က ဗွီဒီယို ကွန်ဖရင့်ကို အသုံးပြုရန်အတွက် လိုအပ်သော ဆက်စပ်ပစ္စည်းများကို သူနာပြုတက္ကသိုလ်၊ ရန်ကုန်သို့ ဒီဇင်ဘာ ၂၀ရက်နေ့က လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ သူနာပြုကျောင်းသားကျောင်းသူ ၂၀၀ကျော် နှင့် ဆရာ၊ဆရာမများအနေဖြင့် MPT မှ ထောက်ပံ့ပေးသည့် ပစ္စည်းကိရိယာများကို အသုံးပြုပြီး web အခြေပြုစနစ် ဗီဒီယိုသင်ကြားရေးအစီအစဉ်တွင် ပါဝင်ခြင်းမှတစ်ဆင့် ဆရာ၊ ဆရာမများ၏ သင်ကြားမှု စွမ်းရည်ကို မြှင့်တင်နိုင်ခြင်း၊ သင်တန်းအစီအစဉ်များ၏ ထိရောက်မှုကို တိုးမြှင့်နိုင်ခြင်းများအပြင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ၎င်းတို့၏ အလုပ်ချိန်နှင့် လူမှုဘဝများကို ထိခိုက်မှုမရှိဘဲ လေ့လာမှု ပြုပြီး သူနာပြုဘွဲ့ကို ရယူနိုင်မည်ဖြစ်သည်။

သူနာပြုများမှာ ဝေးလံခေါင်ဖျားသောဒေသများတွင် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကို ပေးရခြင်း မှသည် နိုင်ငံအဝှမ်းရှိ ကျန်းမာရေးစောင့်ရှောက်မှု ဌာနများနှင့် ဆေးရုံများတွင် အဆင့်မြင့်ကျန်းမာရေး ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးရခြင်းအထိ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူလူထုကို ကျန်းမာရေး ဝန်ဆောင်မှုများပေးရသည့် အခြေခံကျသည့် ဝန်ထမ်းအင်အားစုများ ဖြစ်ပါသည်။ ကျောင်းပြင်ပ သူနာပြု သိပ္ပံဘွဲ(ပေါင်းကူး) အစီအစဉ်၏ ရည်ရွယ်ချက်မှာ အရည်အသွေးပြည့်ဝပြီး လုပ်ငန်းကျွမ်းကျင်သူ သူနာပြုများ မွေးထုတ်ပေးရန်အပြင် မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို ၎င်းတို့၏ လက်ရှိအလုပ်နှင့် လူနေမှုဘဝများကို ထိခိုက်မှုမရှိစေဘဲ လုပ်ဆောင်နိုင်ရန် ရည်ရွယ်ပါသည်။


“ကောင်းမွန်စွာ‌လေ့ကျင့်ထားတဲ့ သူနာပြုတွေက မြန်မာနိုင်ငံအတွက် ကျွမ်းကျင်မှုရှိပြီး ပြီးပြည့်စုံတဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို ပျိုးထောင်နိုင်မယ့် အဓိကသော့ချက်ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နောက်ဆုံးပေါ်နည်းပညာရပ်ကို အသုံးပြုထားတဲ့ အွန်လိုင်းသင်ကြားရေးအစီအစဉ်မှာ ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ MPT အနေနဲ့ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ စနစ်တွေမှာ ဒီဂျစ်တယ်အသွင် ကူးပြောင်းရေးကို ဆောင်ရွက်ခြင်းကတစ်ဆင့် မြန်မာနိုင်ငံသားအားလုံးအတွက် အကျိုးရှိစေဖို့ ရည်ရွယ်ထား ပါတယ်”

ဟု MPT-KSGM JO ၏ လုပ်ငန်းလည်ပတ်မှုဌှာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr. Koichi Kasuya မှပြောကြားခဲ့သည်။


“ဒီအစီအစဉ်ဟာဆိုရင် ကျောင်းသားတွေရဲ့ ကျွမ်းကျင်မှုအရည်အချင်းကို မြှင့်တင်ရာမှာ ထူးခြားတဲ့ သင်ယူမှု အခွင့်အလမ်းတွေကို ဖန်တီးပေးထားပါတယ်။ MPT ရဲ့ ပြီးပြည့်စုံတဲ့ ထောက်ပံ့မှုတွေကြောင့် သူနာပြုတွေရဲ့ ပညာရေးမှာ အဝေးသင်စနစ်ကိုအသုံးချပြီး တကယ့်ကိုအကျိုးရှိတဲ့ ဗဟုသုတတွေကို မျှဝေရာမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့ပါတယ်”

ဟု သူနာပြုတက္ကသိုလ်၊ ရန်ကုန်၏ ပါမောက္ခချုပ်ဖြစ်သူ ဒေါက်တာ မြတ်သန္တာ မှ ပြောကြားခဲ့သည်။


“E-learning စနစ်ကိုအသုံးပြုခြင်းကြောင့် သူနာပြုပညာရေးအစီအစဉ်တွေကို အရည်အသွေးမြင့်မားအောင် ထိန်းသိမ်းပေးရုံသာမက နိုင်ငံအဝှမ်းက ဝေးလံခေါင်သီတဲ့ ဒေသတွေက ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ ပညာရေးကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ လက်လှမ်းမီနိုင်ကြပြီဖြစ်ပါတယ်။ ကျောင်းသားတွေရဲ့ ရှုထောင့်က ကြည့်ရင်လည်း


Web အခြေစိုက် သင်ယူမှုဟာ သဘာဝနဲ့ သဟဇာတဖြစ်ပြီး ပညာရေးအတွက်လည်း ကုန်ကျ စရိတ်တွေကို သိသိသာသာလျှော့ချပေးနိုင်စေပါတယ်။”

ဟု အခြေခံသူနာပြု နည်းပြ ဆရာမ မိခိုင်ရည်မွန် က ပြောကြားသည်။

ပညာရေးဆိုင်ရာ အရင်းအမြစ်များနှင့် ဆက်သွယ်ရေးနည်းပညာများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် လက်လှမ်းမီ ရရှိနိုင်စေရေးမှာ MPT ၏ မဟာဗျူဟာကျသည့် ဉီးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်သည်။ MPT က CSR လုပ်ငန်းတစ်ခုအနေဖြင့် လွန်ခဲ့သည့် လေးနှစ်မှ ယနေ့အချိန်ထိ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ နေရာဒေသပေါင်း ၅၀၀ ကျော်သို့ အင်တာနက်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးပြီး ဖြစ်ကာ မြန်မာနိုင်ငံကို ရှေ့သို့ လှမ်းချီနိုင်စေရေးအတွက် ကြိုးပမ်းခြင်း၏ သန္နိဌာန် တစ်ခုအဖြစ် ယင်းတို့ကို ဆက်လက်ပြီး တိုးချဲ့ဆောင်ရွက်လျက်ရှိပါသည်။ သူနာပြုကျောင်းများနှင့် တက္ကသိုလ်များအကြား
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်မျှဝေမှု ပိုမိုကောင်းမွန်လာစေရန်အတွက် MPT အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ သူနာပြုသင်တန်းကျောင်း ၄၀ ကျော်သို့လည်း ဖိုင်ဘာအင်တာနက်သွယ်တန်းမှု အထောက်အပံ့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

MPT ၏ လူမှုအကျိုးပြု လုပ်ငန်းဆောင်ရွက်မှုများကို အသေးစိတ်သိရှိလိုပါက

CSR Activities



သို့ ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။

MPT သုံးစွဲသူများသည် အသစ်စက်စက် TOYOTA Rush ကားများ၊ ရွှေပြားများနှင့် အထူးဆုမဲများကို ၂၀၂၀ နှစ်သစ် ကံစမ်းမဲ အစီအစဉ်မှ တစ်ဆင့် ပါ၀င်ကံစမ်းနိုင်ပြီ

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT က ၂၀၂၀ ခုနှစ် နှစ်သစ်ကို ကြိုဆိုသောအားဖြင့် “ဆုတွေထူးရှယ် ၂၀၂၀” ကံစမ်းမဲ အထူးအစီအစဉ်ကို မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ အဆိုပါ ကံစမ်းမဲ အစီအစဉ် ကာလမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၀ ရက် အထိ ဖြစ်ပြီး ယင်းကာလအတွင်း MPT GSM/WCDMA အသုံးပြုသူ မည်သူမဆို အနည်းဆုံး ငွေကျပ် ၁,၀၀၀ နှင့်အထက် ဖုန်းဘေလ်ဖြည့်သွင်းပါက ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ကံစမ်းနိုင်ပြီး ဆုလက်ဆောင်များကို ရရှိခံစားရရှိမည်ဖြစ်သည်။ MPT အသုံးပြုသူများသည် အဆိုပါ ကံစမ်းမဲအစီအစဉ်မှတစ်ဆင့် ဖုန်းငွေဖြည့်သွင်းသည့် ပမာဏပေါ်မူတည်၍ အပတ်စဉ်ဆုများအဖြစ် မြန်မာကျပ်ငွေ သိန်း (၂၀) စုစုပေါင်း (၅) ဆု၊ နှစ်ကျပ်သား ရွှေပြားဆုမဲ စုစုပေါင်း (၅) ဆု နှင့် ၁ နှစ်တာသက်တမ်းရှိ တစ်ပတ်လျှင် 20 GB အင်တာနက်ဒေတာ စုစုပေါင်း (၈) ဆု တို့အပြင် အထူးဆုအဖြစ် TOYOTA Rush ကားသစ်ကြီး (၂) စီးကို ကံစမ်းခွင့်ရမည် ဖြစ်သည်။

သုံးစွဲသူများအနေဖြင့် ဖုန်းငွေဖြည့်သွင်းသည့် ပမာဏများလေလေ ကံစမ်းမဲအစီစဉ်တွင် ကံစမ်းနိုင်ခွင့် အကြိမ်ရေ ပိုမိုရရှိမည်ဖြစ်သည်။ အထူးဆုဖြစ်သည့် အသစ်စက်စက် TOYOTA Rush ကား (၂) စီးနှင့် အပတ်စဉ်ဆုများကို ကံစမ်းခွင့်ရရှိရန်အတွက် ဖုန်းငွေဖြည့်သွင်းပြီးနောက် *224# အားနှိပ်၍ ကံစမ်းနိုင်ခွင့် အကြိမ်ရေအတွက်ကို ကံစမ်းမဲကာလအတွင်း စစ်ဆေးနိုင်ပါသည်။ အဆိုပါဆုများအပြင် MPT4U application မှတစ်ဆင့် ပက်ကေ့ချ် များကို ၀ယ်ခြင်းဖြင့် သုံးစွဲသူများသည် 20GB နှင့်အထက်ရှိသည့် GB ဒေတာဆုအရေအတွက် ၂,၀၀၀ နှင့် အခြား ဒေတာ GB ပမာဏများစွာကိုလည်း ထိပေါက် တွင် ကံစမ်းနိုင်ခွင့် ရရှိမည်ဖြစ်သည်

MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda က “ကျွန်တော်တို့ အနေနဲ့ MPT သုံးစွဲသူတွေကို စိတ်လှုပ်ရှား ပျော်စရာကောင်းတဲ့ နည်းလမ်းတွေနဲ့ အမြဲကျေဇူးတုံ့ပြန်ဖို့ ရှာဖွေဆောင်ရွက်နေပါတယ်။ ဒီတစ်ကြိမ်မှာတော့ လာမယ့်နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို အမြဲသုံးစွဲနေသူတွေအတွက် အခုကံစမ်းမဲအစီအစဉ်ကနေ ဆုတွေရယူနိုင်ဖို့ မိတ်ဆက်လိုက်တာပဲ ဖြစ်ပါတယ်။ လူတိုင်းပါဝင်ပြီး ထူးရှယ်ဆုတွေကို ကံစမ်းနိုင်ဖို့ ကံစမ်းမဲအစီအစဉ်ကိုလည်း ရိုးရှင်းလွယ်ကူအောင် စီစဉ်ထားပါတယ်။ အားလုံးပဲ ပျော်ရွှင်စရာကောင်းတဲ့ မင်္ဂလာနှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ဒီပရိုမိုးရှင်းမှာ ပါဝင်ကံစမ်းနိုင်မယ့် အခွင့်အရေးကို အပြည့်အဝ အသုံးချပြီး ဒီအစီအစဉ်ကို တကယ်ပဲ နှစ်ခြိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။

ဖုန်းငွေဖြည့်သည့် ပမာဏပေါ်မူတည်၍ MPT သုံးစွဲသူများရရှိနိုင်မည့် ကံစမ်းခွင့် အကြိမ်အရေအတွက်ကို အောက်ပါဇယားတွင် ကြည့်ရှုနိုင်ပါသည်။

မည်သည့် နည်းလမ်းဖြင့်မဆို ဖုန်းငွေ ဖြည့်သွင်းခြင်း (MPT4U ဘောင်ချာကတ်မှလွဲ၍)

ငွေဖြည့်သွင်းသည့် ပမာဏ

ကံစမ်းခွင့် အကြိမ်ရေ

(USSD မှတစ်ဆင့်)

ကံစမ်းခွင့် အကြိမ်ရေ

(E top-up/

Mobile Money တို့မှတစ်ဆင့်)

၁၀၀၀ ~ ၁၉၉၉ ကျပ်

၂၀၀၀ ~ ၂၉၉၉ ကျပ်

၃၀၀၀ ~ ၃၉၉၉ ကျပ်

၄၀၀၀ ~ ၄၉၉၉ ကျပ်

၅၀၀၀ ~ ၅၉၉၉ ကျပ်

၁၀

၆၀၀၀ ~ ၆၉၉၉ ကျပ်

၁၂

၇၀၀၀ ~ ၇၉၉၉ ကျပ်

၁၄

၈၀၀၀ ~ ၈၉၉၉ ကျပ်

၁၆

၉၀၀၀ ~ ၉၉၉၉ ကျပ်

၁၈

၁၀,၀၀၀ ~ ၁၉,၉၉၉ ကျပ်

၁၀

၂၀

၂၀,၀၀၀ ~ ၂၉,၉၉၉ ကျပ်

၂၀

၄၀

၃၀,၀၀၀ ~ ၃၉,၉၉၉ ကျပ်

၃၀

၆၀

၄၀,၀၀၀ ~ ၄၉,၉၉၉ ကျပ်

၄၀

၈၀

၅၀,၀၀၀ ~ ၅၉,၉၉၉ ကျပ်

၅၀

၁၀၀

၆၀,၀၀၀ ~ ၆၉,၉၉၉ ကျပ်

၆၀

၁၂၀

၇၀,၀၀၀ ~ ၇၉,၉၉၉ ကျပ်

၇၀

၁၄၀

၈၀,၀၀၀ ~ ၈၉,၉၉၉ ကျပ်

၈၀

၁၆၀

၉၀,၀၀၀ ~ ၉၉,၉၉၉ ကျပ်

၉၀

၁၈၀

၁၀၀,၀၀၀ ကျပ်

၁၀၀

၂၀၀

MPT4U ဘောင်ချာကတ်မှတစ်ဆင့်

ငွေဖြည့်သွင်းသည့် ပမာဏ

ထိပေါက် ကံစမ်းခွင့် အကြိမ်ရေ


ထိပေါက် ဂိမ်း ကစားပြီးနောက် ကံထူးနိုင်မည့် အခွင့်ရေး
ရရှိမည့် အကြိမ်ရေ

၁၀၀၀ ~ ၁၉၉၉ ကျပ်

၃ – ၁၀

၂၀၀၀ ~ ၂၉၉၉ ကျပ်

၆ – ၂၀

၃၀၀၀ ~ ၃၉၉၉ ကျပ်

၉ – ၃၀

၄၀၀၀ ~ ၄၉၉၉ ကျပ်

၁၂ – ၄၀

၅၀၀၀ ~ ၅၉၉၉ ကျပ်

၁၅ – ၅၀

၆၀၀၀ ~ ၆၉၉၉ ကျပ်

၁၈ – ၆၀

၇၀၀၀ ~ ၇၉၉၉ ကျပ်

၂၁ – ၇၀

၈၀၀၀ ~ ၈၉၉၉ ကျပ်

၂၄ – ၈၀

၉၀၀၀ ~ ၉၉၉၉ ကျပ်

၂၇ – ၉၀

၁၀,၀၀၀ ~ ၁၉,၉၉၉ ကျပ်

၁၀

၃၀ – ၁၀၀

၂၀,၀၀၀ ~ ၂၉,၉၉၉ ကျပ်

၂၀

၆၀ – ၂၀၀

၃၀,၀၀၀ ~ ၃၉,၉၉၉ ကျပ်

၃၀

၉၀ – ၃၀၀

၄၀,၀၀၀ ~ ၄၉,၉၉၉ ကျပ်

၄၀

၁၂၀ – ၄၀၀

၅၀,၀၀၀ ~ ၅၉,၉၉၉ ကျပ်

၅၀

၁၅၀ – ၅၀၀

၆၀,၀၀၀ ~ ၆၉,၉၉၉ ကျပ်

၆၀

၁၈၀ – ၆၀၀

၇၀,၀၀၀ ~ ၇၉,၉၉၉ ကျပ်

၇၀

၂၁၀ – ၇၀၀

၈၀,၀၀၀ ~ ၈၉,၉၉၉ ကျပ်

၈၀

၂၄၀ – ၈၀၀

၉၀,၀၀၀ ~ ၉၉,၉၉၉ ကျပ်

၉၀

၂၇၀ – ၉၀၀

၁၀၀,၀၀၀ ကျပ်

၁၀၀

၃၀၀ – ၁၀၀၀

*ယခုပရိုမိုးရှင်းအစီအစဥ်ကို MPT4U မှတစ်ဆင့် ပါဝင်ကံစမ်းမည်ဆိုပါက ၂၀၁၉၊ ဒီဇင်ဘာလ ၂၀ ရက်နေ့၊ နံနက် ၂ နာရီတွင် စတင်အသုံးပြုနိုင်မည် ဖြစ်သည်။

အပတ်စဉ်ဆု ကံထူးရှင်များကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပတ်စဉ် စနေနေ့တိုင်း MPT က ဖုန်းခေါ်ဆိုကာ အသိပေးသွားမည်ဖြစ်ပြီး တရားဝင် Facebook စာမျက်နှာမှတစ်ဆင့်လည်း ကြေညာ ပေးသွားမည် ဖြစ်သည်။ အထူးဆု ကံထူးသူများကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကြေညာသွားမည် ဖြစ်သည်။

MPT ၏ ၂၀၂၀ ကံစမ်းမဲအစီအစဥ်နှင့် အခြားဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ခေါ်ဆို၍ဖြစ်စေ၊ MPT ၏ တရားဝင် Facebook စာမျက်နှာ https://www.facebook.com/mptofficialpage/ သို့မဟုတ် MPT ၏ တရားဝင် website ဖြစ်သည့် www.mpt.com.mm ဝင်ရောက်၍ဖြစ်စေ လေ့လာနိုင် ပါသည်။

MPT နှင့် NLD ပညာရေးကွန်ရက်တို့ပူးပေါင်းဆောင်ရွက်သည့် ကွန်ပျူတာပညာ ကျွမ်းကျင်မှု ဆရာဖြစ်သင်တန်း ၂၀၁၉ မှတစ်ဆင့် ဒီဂျစ်တယ်နည်းပညာကျွမ်းကျင်သူ လူငယ်များကိုဖော်ဆောင်ပေးလျက်ရှိ

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် ) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT က ဒီဂျစ်တယ် နည်းပညာ ကျွမ်းကျင်မှု ဆရာဖြစ်သင်တန်းပြီးဆုံးခြင်း အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီ ဖြစ်သည်။ အဆိုပါသင်တန်းကို အောင်မြင်စွာ တက်ရောက် ပြီးစီးခဲ့ကြသည့် သင်တန်းသူ၊ သင်တန်းသားများသည် မိမိတို့ သင်ကြားတတ်မြောက်ခဲ့သည့် အသိပညာရပ် များအား NLD ပညာရေးကွန်ရက်၏ သင်တန်းကျောင်းများမှတစ်ဆင့် ဒေသခံလူမှုအသိုက်အဝန်းသို့ ပြန်လည် မျှဝေပေးသွားမည် ဖြစ်သည်။ ကွန်ပျူတာပညာ ကျွမ်းကျင်မှု ဆရာဖြစ်သင်တန်း (TOT Program) သည် ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့သည့် MPT ၏ ကွန်ပျူတာ နည်းပညာ ကျွမ်းကျင်တတ်မြောက်ရေး လှုပ်ရှားမှုဖြစ်သည့် “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ် ပညာရေးဆီ” အစီအစဉ်၏ အဓိကကျသော အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။

ဒီဇင်ဘာလတွင် ဖွင့်လှစ်ခဲ့သည့် သင်တန်းတွင် မိုက်ခရိုဆော့ဖ် ကွန်ပျူတာ အက်ပလီကေးရှင်းများနှင့် အဆင့်မြင့် အိုင်တီနည်းပညာကျွမ်းကျင်မှုများကို ထိရောက်စွာ သင်ကြားပို့ချနိုင်မည့် နည်းစနစ်ကောင်းများကို အဓိကထား သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသူ၊ သင်တန်းသား စုစုပေါင်း ၂၅ ဦး တက်ရောက်ခဲ့ကြသည်။ ကွန်ပျူတာပညာ ကျွမ်းကျင်မှု ဆရာဖြစ်သင်တန်းတွင် တက်ရောက်ခဲ့ကြသည့် သင်တန်းသူ၊ သင်တန်းသား များကို နိုင်ငံတစ်ဝန်းရှိ NLD ပညာရေးကွန်ရက် သင်တန်းကျောင်းများမှတစ်ဆင့် စိစစ်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ သင်တန်းသူ၊ သင်တန်းသားများသည် NLD ပညာရေးကွန်ရက် သင်တန်းကျောင်းများတွင် အခြေခံ ကွန်ပျူတာ သင်တန်းများ တက်ရောက်ခဲ့ကြပြီး အရည်အသွေးပြည့်ဝသော သင်တန်းဆရာများအဖြစ် သက်ဆိုင်ရာ ဒေသများတွင် ပြန်လည်အကျိုးပြုရန် ရည်ရွယ်ထားသူများ ဖြစ်ကြသည်။ MPT အနေဖြင့် ကွန်ပျူတာပညာကျွမ်းကျင်မှု ဆရာဖြစ်သင်တန်း စတင်ချိန်မှ ၂ နှစ်အတွင်း မိမိတို့၏ သက်ဆိုင်ရာ ဒေသများတွင် နေထိုင်သည့် လူငယ်များအတွက် အရေးပါသည့် ကွန်ပျူတာ နည်းပညာများကို သင်ကြားပို့ချ ပေးနိုင်မည့် သင်တန်းသား ၁၀၀ ကို မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။

“ကျွန်တော်တို့ရဲ့ “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ် ပညာရေးဆီ” အစီအစဉ်ဟာ ဒေသခံလူမှုအသိုက်အဝန်းကို ကောင်းကျိုးဖြစ်ထွန်းစေနိုင်ရုံသာမက လူငယ်လူရွယ်တွေအတွက် ဒီဂျစ်တယ်ပညာရပ်ကျွမ်းကျင်မှုတွေကို တိုးတက်စေမှာဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေကို မြှင့်တင်ပေးနိုင်တော့မှာ ဖြစ်တဲ့အတွက် အထူးပဲ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ဒါ့အပြင် ဒီနေ့မှာလည်း ကျွန်တော်တို့ရဲ့ အခုလို ဒီဂျစ်တယ်ပညာရေး အစီအစဉ်ကတစ်ဆင့် သင်တန်းပြီးစီးသွားသူတွေ အမြောက်အများ ပေါ်ထွက်လာတာကို မြင်တွေ့ရခြင်းဟာ ဒီလိုကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေဟာ ဒေသခံလူမှုအဖွဲ့အစည်းကို ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေပြီ ဆိုတာ သက်သေထူနေတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အနာဂတ်မှာ မြန်မာ့လူမှုအသိုက်အဝန်းကို တိုးတက် စေမယ့် လူငယ်မျိုးဆက်သစ်တွေ ပိုပြီးတော့ အကျိုးအမြတ်ဖြစ်ထွန်းစေဖို့အတွက် ဒီသင်တန်းကို NLD ပညာရေးကွန်ရက်နဲ့အတူ လာမယ့်နှစ်မှာလည်း ဆက်လက်ဖွင့်လှစ်သွားမယ်လို့ သတင်းကောင်းပါး ပြောကြား လိုပါတယ်။ MPT အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးကို ဦးဆောင်နိုင်မယ့် အနာဂတ်ရဲ့ မျိုးဆက်သစ်တွေမွေးထုတ်ပေးဖို့ ရည်ရွယ်ထားပါတယ်။”ဟု MPT-KSGM JO ၏ လုပ်ငန်းလည်ပတ်မှုဌာနမှ အရာရှိချုပ်ဖြစ်သူ Mr. Koichi Kasuya က ပြောကြားသွားခဲ့သည်။

“အခြေခံ ကွန်ရက်ချိတ်ဆက်မှု တည်ဆောက်တာဟာ ဒီဂျစ်တယ် နည်းပညာ အသုံးချမှု မြင့်မားလာဖို့ နဲ့ ဒီဂျစ်တယ် နည်းပညာ ကျွမ်းကျင်မှု ကွာဟချက်ကို လျှော့ချဖို့အတွက် မလုံလောက်ပါဘူး။ ဒါကြောင့် ဒီပြဿနာကို အမှန်တကယ် ဖြေရှင်းနိုင်တဲ့ နည်းလမ်းအဖြစ် ကျွန်တော်တို့ MPT နဲ့အတူ လက်တွဲပြီး မြန်မာ့လူမှုအသိုင်းအဝန်းတစ်ခုလုံးနဲ့ အခွင့်အလမ်းနည်းပါးတဲ့ လူငယ်တွေရဲ့ ဒီဂျစ်တယ် နည်းပညာ ကျွမ်းကျင်မှုတွေ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။” ဟု NLD ပညာရေးကွန်ရက်၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာမျိုးညွန့်က ပြောကြားသွားခဲ့သည်။

ကျွန်တော့အနေနဲ့ “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ် ပညာရေးဆီ” အစီအစဉ်ကနေ သင်တန်းပြီးဆုံး အောင်မြင်ခဲ့ပြီ ဖြစ်ပြီး IT နည်းပညာရပ်နဲ့ဆိုင်တဲ့ ကျွမ်းကျင်မှုတွေကိုလည်း ရရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို ဒီဂျစ်တယ် နည်းပညာကျွမ်းကျင်မှုကို ကျွန်တော်တို့ရဲ့ လူမှုဝန်းကျင်မှာရှိတဲ့ မျိုးဆက်သစ်လူငယ်တွေအတွက် သူတို့ရဲ့ဘဝမှာ အပြောင်းအလဲတွေကို ဖော်ဆောင်နိုင်စေဖို့ ပြန်လည်ဝေမျှပေးနိုင်တော့မှာဖြစ်လို့ အရမ်းကို ဝမ်းသာပီတိဖြစ်ရပါတယ်” ဟု ကွန်ပျူတာပညာ ကျွမ်းကျင်မှု ဆရာဖြစ်သင်တန်း တက်ရောက်ခဲ့သည့် ကျောင်းသားတစ်ဦး ဖြစ်သူ ကိုအောင်သူရ က ပြောကြားခဲ့သည်။

“ရှေ့သို့လှမ်းချီ ဒီဂျစ်တယ် ပညာရေးဆီ” အစီအစဉ်အား MPT ၏ ပညာရေး၊ ကျန်းမာရေး နှင့် စွန့်ဦးတီထွင် နှင့်စီးပွားရေးလုပ်ငန်းငယ် စသည့် အဓိက မဏ္ဏိုင်ကြီး ၃ ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လူမှုအကျိုးပြုလုပ်ငန်းများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် စတင်ခဲ့ခြင်းဖြစ်သည်။ MPT နှင့် NDL ပညာရေး ကွန်ရက်တို့မှ ပူးပေါင်းပြီး မြို့ပြမဟုတ်သည့် ‌ဒေသများတွင် နေထိုင်သည့် လူငယ်များအား ပညာရေးနှင့် နည်းပညာပိုင်းတို့ လက်လှမ်းမီစေရန် ရည်ရွယ်ချက်များဖြင့် ပြုလုပ်သည့် ဤအစီအစဉ်အား ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ ဒေသအသီးသီးမှ ကျောင်းသူ၊ ကျောင်းသားပေါင်း (၅,၀၀၀) ကျော်ကို အခြေခံ ကွန်ပျူတာ နည်းပညာ ကျွမ်းကျင်မှု သင်တန်းများ ပို့ချ‌ပေးခဲ့ပြီး ဖြစ်သည်။

MPT အနေဖြင့် ဒီဂျစ်တယ် နည်းပညာတတ်ကျွမ်းမှု ကွာဟချက်လျော့ချရေးကို နည်းလမ်းမျိုးစုံဖြင့် တစိုက် မတ်မတ် ဆောင်ရွက်လျက်ရှိသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ MPT Telecenter ပေါင်း ၁၅၀ ကျော်၌ လူအများအတွက် အသုံးဝင်ပြီး အကျိုးရှိသည့် သတင်းအချက်အလက်များ၊ ဆက်သွယ်ရေး ဝန်ဆောင်မှုများကိုလည်း မျှဝေပေးအပ်လျက်ရှိသည်။

MPT ၏ လူမှုအကျိုးပြု လုပ်ငန်းဆောင်ရွက်မှုများနှင့် လူငယ်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ချက်များကို အသေးစိတ် သိရှိလိုပါက http://mpt.com.mm/en/about-home-en/csr-activities သို့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

အနာဂတ်မျိုးဆက်သစ် နည်းပညာစွန့်ဦးတီထွင်သူများကို ပြုစုပျိုးထောင်ပေးမည့် မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေး အစီအစဉ် ၂၀၂၀

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် (MPT) နှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF) တို့၏ (၃) နှစ်မြောက် ကြိုးပမ်းမှုဖြစ်သော မြန်မာနိုင်ငံအတွင်း အနာဂတ် မျိုးဆက်သစ် နည်းပညာစွန့်ဦးတီထွင်သူ လူငယ်များကို မွေးထုတ်ပေးရန် ရည်ရွယ်ပြီး ပြုလုပ်သည့် မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ပြိုင်ပွဲဝင်များကို ဖိတ်ခေါ်လိုက်ပြီဖြစ်ပါသည်။ MPT ၏ ယခုကဲ့သို့ စွန့်ဦးတီထွင် စီးပွားလုပ်ငန်းများကို မြေတောင်မြှောက်ပေးသည့် အစီအစဉ်မှာ လူမှုစီးပွားဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်နှင့် နည်းပညာကို အသုံးပြုပြီး ပြည်သူတို့၏ လူနေမှုဘဝတွင် အပြောင်းအလဲများ ဖော်ဆောင်နိုင်စေရန်အတွက် ထူးခြားဆန်းသစ်သည့် အကြံဥာဏ်ကောင်းများနှင့်အတူ အစွမ်းအစရှိပြီး ရည်မှန်းချက်ကြီးမားသူ စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင်သစ်များကို ရှာဖွေရွေးချယ်ကာ အထောက်အပံ့များ ပေးအပ် ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ်ကို ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့ပြီး မျိုးဆက်သစ် လူငယ်များအတွက် စီးပွားလုပ်ငန်းဆိုင်ရာ အခွင့်အလမ်းသစ်များ ဖန်တီးပေးရန်၊ ဒေသတွင်း အရည်အချင်း ရှိသူများအတွက် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းငယ်များ အချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးတက်ကောင်းမွန်စေရန်နှင့် ကွန်ရက်တစ်ခု ထူထောင်နိုင်ရန်တို့အပြင် ပညာရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ လူမှုအဖွဲ့အစည်း၊ အများသုံး အချက်အလက်များ၊ ပြည်သူနှင့်အုပ်ချုပ်သူ အစိုးရတို့အကြား ချိတ်ဆက်နိုင်မှုနှင့် နည်းပညာမျှဝေနိုင်မှု၊ ဖျော်ဖြေရေးနှင့် နည်းပညာဖြင့်ဘဏ္ဍာရေး ဝန်ဆောင်မှု အစရှိသည့် ကဏ္ဍအသီးသီးတွင် စွန့်ဦးတီထွင် လုပ်ငန်းဆိုင်ရာ ‌‌‌ဂေဟစနစ်နှင့် လုပ်ငန်းသစ်များ ဖွံ့ဖြိုးတိုးတက်မှု ရှေးရှုဆောင်ရွက်ရန် ရည်ရွယ်ထားသည်။
မြန်မာလူငယ် နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ အတွက် လျှောက်လွှာများကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှ စတင်လက်ခံသွားမည်ဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့ နောက်ဆုံးထားကာ လျှောက်ထားရမည် ဖြစ်သည်။ ဤအစီအစဉ်တွင် ပဏာမရွေးချယ်မှုအဆင့်နှင့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်မည့် နောက်ဆုံးရွေးချယ်မှုအဆင့်ဟူ၍ အဆင့် ၂ ဆင့်ဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။ နိုင်ငံတစ်ဝန်းရှိ လူငယ်အဖွဲ့များအနေဖြင့် ဤအစီအစဉ်သို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး အထက်မြန်မာပြည် (မန္တလေး အခြေစိုက်) နှင့် အောက်မြန်မာပြည် (ရန်ကုန် အခြေစိုက်) ဟူ၍ ဒေသအလိုက် အနိုင်ရရှိသည့် အသင်းများကို ရွေးချယ်သွားမည် ဖြစ်သည်။

မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ တွင် အနိုင်ရရှိသူများအား ဆုအမျိုးအစား (၃) မျိုးခွဲ၍ ဒိုင်လူကြီးအဖွဲ့က ရွေးချယ်သွားမည်ဖြစ်သည်။ ဆုအမျိုးအစားများမှာ –

(၁) Technopreneurship 2020 Accelerate ဆု
(၂) Technopreneurship 2020 Start-up ဆု
(၃) Technopreneurship 2020 Idea ဆု (၂) ဆု

မြန်မာလူငယ် နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ တွင် အနိုင်ရရှိသူများကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်သည်။ Accelerate Award ဆုရှင် နှင့် Startup Award ဆုရှင်များအနေဖြင့် ငွေသားဆုများအပြင် စီပွားရေးလုပ်ငန်းသစ်အဖြစ် ကုမ္ပဏီဖွဲ့စည်း ပေးခြင်းအထောက်အပံ့ကို ရရှိနိုင်မည်ဖြစ်ကာ Kanung Hub Incubation စင်တာတွင် ရုံးခန်းနေရာကို ၆ လ တိတိ အခမဲ့အသုံးပြုခွင့်နှင့် ယင်းကာလအတွင်း ၎င်းတို့၏ စီးပွားရေးဆိုင်ရာ အတွေးအခေါ်များကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်စေရန်အတွက် မြန်မာ့စီးပွားရေးလောကတွင် အောင်မြင်နေသူများနှင့် ပညာရှင်များမှ အနီးကပ် သင်ကြားပို့ချမှု အခွင့်အလမ်းကိုလည်း ရရှိနိုင်မည်ဖြစ်သည်။

MPT-KSGM JO ၏ Chief Operating Officer ဖြစ်သူ Mr. Koichi Kasuya က “မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေး အစီအစဉ် ၂၀၂၀ ကတစ်ဆင့် စီးပွားရေးဆိုင်ရာမှာ အကောင်းဆုံး ဆန်းသစ်တီထွင်မှု အတွေးအခေါ်ရှိတဲ့ စွန့်ဦးတီထွင်သူလူငယ်တွေကို ရှာဖွေမွေးထုတ်ပေးနိုင်မယ်လို့ ကျွန်တော်တို့အနေနဲ့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းသစ်တွေကို ထောက်ပံ့ပေးနိုင်မယ့် စွန့်ဦးတီထွင်လုပ်ငန်း ဂေဟစနစ်တစ်ခု ဖြစ်ထွန်းလာ‌စေဖို့ နှိုးဆော်ပေးလိုပါတယ်။ နည်းပညာ စွန့်ဦးတီထွင်မှုဓလေ့ကို လူငယ်တွေကြားမှာ တိုးမြှင့်ပေးလိုက်ခြင်းအားဖြင့် ဒီဂျစ်တယ်စီးပွားရေး လုပ်ငန်းတွေရဲ့ စွမ်းဆောင်ရည် တွေကို မြှင့်တင်လာနိုင်မှာဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ လားရာတစ်ခုဖြစ်တဲ့ စတုတ္ထ စက်မှုတော် လှန်ရေး အပြောင်းအလဲမှာလည်း မြန်မာကုမ္ပဏီတွေက လိုက်ပါ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။” ဟု မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ အကြောင်း ပြောကြား သွားခဲ့သည်။

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF) ၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးမင်းဇေယျာလှိုင်က “နိုင်ငံတော်နဲ့ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမှာ အိုင်စီတီ တီထွင်ဆန်းသစ်မှုဟာ အလွန်အရေးကြီးတယ်ဆိုတာဟာ ချဲ့ထွင်ပြီး ပြောဖို့လိုမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ စတုတ္ထ စက်မှုတော်လှန်ရေး အပြောင်းအလဲမှာ လက်လှမ်းမှီလိုက်ပါ ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာနိုင်ငံအတွင်းက စွန့်ဦးတီထွင်အဖွဲ့တွေကို ချိတ်ဆက်ပေးဖို့နဲ့ ပြည်တွင်းက အရည်အချင်းရှိတဲ့ စွန့်ဦးတီထွင် လုပ်ငန်းသစ်တွေကို နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုတွေေ တိုးတက်အောင် ဆောင်ရွက်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ MPT နဲ့အတူအခုလို ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက် အောင်မြင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားသွားခဲ့သည်။

MPT နှင့် MCF တို့အနေဖြင့် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်ကပင်စတင်ကာ မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ်ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ အစွမ်းအစရှိပြီး ရည်မှန်းချက်ကြီးမားသည့် စွန်ဦးတီထွင် လူငယ် လုပ်ငန်းရှင်သစ်များကို ရှာဖွေမွေးထုတ် မြေတောင်မြှောက်ပေးနိုင်ရန် ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ ယခင်နှစ် ပြိုင်ပွဲများမှ အနိုင်ရရှိခဲ့သည့် အဖွဲ့များမှာလည်း စီးပွားရေးလုပ်ငန်းနယ်ပယ်တွင် အောင်မြင်မှုများ ရရှိနေပြီဖြစ်ကာ Blue Frog Co., Ltd. (ကရင်တိုင်းရင်းသား ဘာသာစကားကို AR နည်းပညာဖြင့် သင်ကြားပေးခြင်း)၊ Idea Capsule Co., Ltd. (အောင်ဘာလေ ထီလက်မှတ်ကို အွန်လိုင်းမှ တစ်ဆင့် ဝယ်ယူနိုင်သည့် အက်ပလီကေရှင်း) နှင့် KLENIC Myanmar Co., Ltd. (Dr. Kyaw မိုဘိုင်းလ် အက်ပလီကေးရှင်းမှတစ်ဆင့် တန်ဖိုးသက်သာသည့် ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှုပေးခြင်း) စသည့် လုပ်ငန်းတို့မှာ ယင်းတို့အထဲတွင် ပါဝင်ပါသည်။

မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ တွင် ပါဝင်ယှဉ်ပြိုင်လိုပါက အစီအစဉ်၏ တရားဝင် ဝက်ဘ်ဆိုက် https://www.mmtechnopreneurship.com တွင်လည်းကောင်း၊ နိုင်ငံတစ်ဝန်းရှိ MPT ရုံးများ (http://bit.ly/2OGsOhv) တွင်လည်းကောင်း လျှောက်ထားနိုင်ပါသည်။ အစီအစဉ် အသေးစိတ် အချက်အလက်များနှင့် အချိန်ဇယားတို့ကို https://www.mmtechnopreneurship.com ဝက်ဘ်ဆိုက် စာမျက်နှာနှင့် တရားဝင် လူမှုကွန်ရက် စာမျက်နှာ https://www.facebook.com/mmtechnopreneurship တွင် လေ့လာနိုင်ပါသည်။