×

MPT က Facebook Bonus ပရိုမိုးရှင်းအသစ်ကို စတင်

02 Jul 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က Facebook bonus ပရိုမိုးရှင်းကို ယနေ့စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ E top-up သို့မဟုတ် ခဲခြစ်ငွေဖြည့်ကတ်ကို MPT4U အက်ပလီကေးရှင်းမှ တစ်ဆင့် ဖုန်းငွေဖြည့်သွင်းခြင်းဖြင့် သုံးစွဲသူများအနေဖြင့် Facebook ၊ Messenger ၊ Viber ၊ Line နှင့် Instagram အစရှိသည့် လူမှုကွန်ရက်အက်ပလီကေးရှင်းများ အသုံးပြုနိုင်မည့် အထူးဒေတာ လက်ဆောင်များ ရရှိမည်ဖြစ်ပါသည်။ ပရိုမိုးရှင်းကာလမှာ ယနေ့မှစ၍ ဇူလိုင်လ ၃၁ရက်နေ့အထိ အကျုံးဝင်မည် ဖြစ်သည်။

MPT ၏ ကြိုတင်ငွေဖြည့်စနစ်သုံး သုံးစွဲသူများအနေနှင့် အနည်းဆုံး ဖုန်းငွေ ကျပ် ၁,၀၀၀ ဖြည့်သွင်းရုံဖြင့် ဒေတာ လက်ဆောင်များကို ရရှိခံစားနိုင်မည် ဖြစ်သည်။ ရရှိလာမည့် ဒေတာလက်ဆောင်ပမာဏမှာ ဖြည့်သွင်းလိုက် သည့် ငွေပမာဏအပေါ်မူတည်၍ အပြောင်းအလဲ ရှိနိုင်မည်ဖြစ်သည်။ သုံးစွဲသူများအနေနှင့် တစ်ချိန်တည်းတွင် ၅ ကြိမ်အထိ အပိုလက်ဆောင်ကို ရရှိနိုင်မည်ဖြစ်ပြီး ရရှိထားသည့် ဒေတာလက်ဆောင်များကို အသုံးပြုပြီးနောက် သို့မဟုတ် သက်တမ်းကုန်ဆုံးသွားပြီး နောက်ပိုင်းတွင် ဖုန်းငွေဖြည့်သွင်းမှု ထပ်မံပြုလုပ်တိုင်း ဒေတာလက်ဆောင်များကို ထပ်မံ ရရှိခံစားနိုင်မည်ဖြစ်သည်။ ထို့အပြင် သောကြာနေ့တွင် E Top-up ဖြင့် ငွေဖြည့်သွင်းခြင်းဖြင့် Facebook Bonus အပြင် Happy Friday ငွေဖြည့်လက်ဆောင်ကိုပါ MPT သုံးစွဲသူများက ထပ်ဆောင်းရရှိမည် ဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ကျွန်တော် တို့ရဲ့ နိုင်ငံအနှံ့ကျယ်ပြန့်တဲ့ LTE+ကွန်ရက်ကို အသုံးပြုပြီး သုံးစွဲသူတွေစိတ်ကြိုက် လူမှုကွန်ရက်မီဒီယာတွေကို ပိုမိုချိတ်ဆက်ပေးနိုင်လို့ အလွန်ပဲစိတ်လှုပ်ရှားမိပါတယ်။ မြန်မာနိုင်ငံက အင်တာနက်ကို အမြဲအသုံးပြုနေသူ မိဘ ပြည်သူတွေအနေနဲ့ ဒီဂျစ်တယ်လူမှုဘဝတွေ ပိုမိုတိုးတက်ဖွံ့ဖြိုးလာကြတာနဲ့အညီ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို ကမ္ဘာ့နေရာအနှံ့အပြားက သူတို့ရဲ့ မိတ်ဆွေ၊ မိသားစုတွေဆီကို လူမှုကွန်ရက် တွေကနေတစ်ဆင့် ရရှိလာတဲ့ ဒေတာလက်ဆောင်တွေကို သုံးပြီး ပိုပိုပြီးချိတ်ဆက်သွားနိုင်ဖို့ ဆောင်ရွက်ပေး နေတာပဲ ဖြစ်ပါတယ်” ဟုပြောကြားသည်။

MPT ၏ GSM/WCDMA ကြိုတင်ငွေဖြည့်စနစ် (ဆွေသဟာ၊ ရှယ်ပြော၊ ရွှေစကား) သုံးစွဲသူများအားလုံး အဆိုပါ Facebook Bonus အစီအစဉ်တွင် အကျုံးဝင်မည် ဖြစ်သည်။ ရရှိလာမည့် ဒေတာလက်ဆောင်များကို လူမှုကွန်ရက် အက်ပလီကေးရှင်းများဖြစ်သည့် Facebook ၊ Messenger ၊ Viber ၊ Line နှင့် Instagram တို့တွင်သာ အသုံးပြုနိုင်မည် ဖြစ်သည်။ ၁,၀၀၀ ကျပ်အောက်လျော့နည်းသည့် ငွေဖြည့်ခြင်းများအတွက်မူ ဒေတာလက်ဆောင်များ ရရှိမည် မဟုတ်ပါ။ ရရှိလာသည့် ဒေတာလက်ဆောင်များကို ၃ရက်အတွင်း အသုံးပြုနိုင်မည် ဖြစ်သည်။

ဖြည့်သွင်းငွေ ပမာဏ (ကျပ်)ဒေတာလက်ဆောင် (MB)
ခဲခြစ်ကတ်

(MPT4Uမှတစ်ဆင့် ငွေဖြည့်ခြင်း)

E Top-up
၁,၀၀၀50 MB50 MB
၂,၀၀၀100 MB
၃,၀၀၀150 MB150 MB
၄,၀၀၀200 MB
၅,၀၀၀250 MB250 MB
၆,၀၀၀300 MB
၇,၀၀၀350 MB
၈,၀၀၀400 MB
၉,၀၀၀450 MB
၁၀,၀၀၀500 MB500 MB

MPT၏ Facebook bonus အစီအစဉ်အသစ်နှင့် အခြားသော ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက MPT call center နံပါတ် ၁၀၆ သို့မဟုတ် MPT၏ တရားဝင် facebook page www.facebook.com/mptofficialpage/ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။