(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၈ ရက်) – – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT က အထူးအစီအစဉ်တစ်ခုအဖြစ် “ပျော်ရွှင်ကံထူး MPT Money နဲ့ မြူး” ကံစမ်းမဲအစီအစဉ်ကို စတင်လိုက်ပြီဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန် ကြေညာလိုက်သည်။ အပတ်စဥ်ပြုလုပ်မည့် အစီအစဉ်ကို လာမည့် မတ်လ ၁ ရက်မှ ဧပြီလ ၂၅ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး MPT သုံးစွဲသူများအနေဖြင့် အပတ်စဉ် ကျပ် ၁ သန်း အထူးဆုကြီး ၁၀ ဆုနှင့် ကျပ် ၁ သိန်းဆု ၅၀ တို့ကို ကံထူး နိုင်မည်ဖြစ်သည်။
MPT ၏ ကြိုတင်ငွေဖြည့်စနစ် အသုံးပြုသည့် GSM နှင့် WCDMA ဆင်းမ်ကတ် သုံးစွဲသူများ အနေဖြင့် ဖုန်းငွေဖြည့်သွင်းမှု စနစ်များဖြစ်သည့် USSD, E Top-up, DMS, SDP, MPT4U အက်ပလီကေးရှင်း နှင့် Mobile Money တို့ထဲမှ တစ်မျိုးမျိုးကို အသုံးပြုပြီး အနည်းဆုံးငွေကျပ် ၁,၀၀၀ ဖိုး ဖြည့်သွင်းရုံဖြင့် စိတ်လှုပ်ရှားဖွယ်ရာ အဆိုပါကံစမ်းမဲ အစီအစဉ်၌ ပါဝင်ကံစမ်းခွင့် ရရှိနိုင်မည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် ဖုန်းဘေလ်ဖြည့်သွင်းမှု ပမာဏနှင့် အသုံးပြုသည့် နည်းလမ်းပေါ်မူတည်၍ ပါဝင်ကံစမ်းခွင့် အကြိမ်အရေအတွက် ကွာခြားသွားမည်ဖြစ်သည်။ ဥပမာ – MPT Money ဖြင့် ငွေကျပ် ၂,၀၀၀ ဖိုး ဖုန်းဘေလ်ဖြည့်သွင်းပါက ပါဝင်ကံစမ်းခွင့် ၁၀ ကြိမ် ရရှိမည်ဖြစ်ပြီး ငွေကျပ် ၂၀,၀၀၀ ဖိုး ဖုန်းဘေလ်ဖြည့်သွင်းပါက ပါဝင်ကံစမ်းခွင့် အကြိမ် ၁၀၀ ရရှိမည်ဖြစ်သည်။ ထို့အပြင် MPT4U အက်ပလီကေးရှင်း အသုံးပြုသူများအနေဖြင့် MPT ထိပေါက် ဂိမ်း ကစားခွင့်အစီအစဥ်တွင် ပါဝင်ကံစမ်းပြီး Data နှင့် ထောဘီ ဖုန်းဘေလ် အပိုလက်ဆောင်များလည်း ရရှိနိုင်မည်ဖြစ်သည်။
MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ် ဖြစ်သူ Mr. Reizo Umeda က “ကျွန်တော်တို့ MPT အနေနဲ့ သုံးစွဲသူတွေရဲ့ ဒီဂျစ်တယ် လူမှုဘဝတွေ ပိုမိုကောင်းမွန် ပြည့်စုံစေဖိုအတွက် စိတ်ဝင်စားဖွယ်ရာ အထူးအစီအစဥ်တွေ/ ဆန်းသစ်တဲ့ ပရိုမိုးရှင်းအစီအစဥ်တွေကို စဥ်ဆက်မပြတ် ပြုလုပ်ပေးနေပါတယ်။ MPT သုံးစွဲသူတွေ အနေနဲ့ ယခင်က ပြုလုပ်ခဲ့တဲ့ ကံစမ်းမဲ အစီအစဉ်တွေကိုလည်း အထူး သဘောကျနှစ်ခြိုက်တာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း MPT အနေနဲ့ စိတ်လှုပ်ရှားဖို့ကောင်းပြီး ဆုမဲတွေ ပါဝင်တဲ့ ယခု အထူးကံစမ်းမဲ အစီအစဥ်ကို အသစ်ထပ်မံ ပြုလုပ်လိုက်ခြင်း ဖြစ်ပါတယ်။ ဒီ “ပျော်ရွှင်ကံထူး MPT Money နဲ့ မြူး” အထူးကံစမ်းမဲ အစဥ်မှာ ပါဝင်ဖို့ကလည်း အလွန်လွယ်ကူပြီး သုံးစွဲသူတွေအားလုံး အကြိုက်တွေ့မယ့် အစီအစဉ်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။” ဟုပြောကြားသွားခဲ့သည်။
ဤကံစမ်းမဲ အစီအစဉ်ကို မတ်လ ၁ ရက်မှ ဧပြီလ ၂၅ ရက်အထိ ပြုလုပ်သွားမည်ဖြစ်သည်။ MPT သုံးစွဲသူများ အနေဖြင့် ယခုအစီအစဥ်နှင့် အကျုံးဝင်သည့် ဖုန်းဘေလ်ဖြည့်သွင်းမှုတစ်ခု ပြုလုပ်ပြီးနောက် မိမိတို့၏ ကံစမ်းခွင့်အကြိမ် အရေအတွက်ကို *224# သို့ ခေါ်ဆိုပြီး သိရှိနိုင်မည်ဖြစ်သည်။ ဖုန်းဘေလ်ဖြည့်သွင်းမှုပုံစံ မျိုးစုံမှတစ်ဆင့် ရရှိလာသည့် ကံစမ်းခွင့်များ အားလုံးကို ပေါင်းစပ်ပေးထားမည်ဖြစ်သည်။ ထို့အပြင် Top-Up ဖြည့်သွင်းပေးခြင်း ပြုလုပ်မှုလည်း အကျုံးဝင်မည်ဖြစ်သည်။ ဖုန်းဘေလ်ဖြည့်သွင်းမှု ပမာဏကို ကန့်သတ်ထားခြင်း မရှိပါ။ ဖုန်းဘေလ်ဖြည့်သွင်းမှု ပမာဏများလေ ပါဝင်ကံစမ်းခွင့် အကြိမ်အရေအတွက် များများ ရရှိနိုင်မည် ဖြစ်သည်။ ဤအစီအစဉ်တွင် ဖုန်းဘေလ်လွှဲပြောင်းပေးခြင်း အတွက်မူ အကျုံးဝင်ခြင်းမရှိပါ။
MPT4U အက်ပလီကေးရှင်းမှ အပ အခြားနည်းလမ်းများဖြင့် ဖုန်းဘေလ်ဖြည့်သွင်းမှု ပြုလုပ်ခြင်းအတွက် ရရှိမည့် အခွင့်အရေးများ
ဖုန်းဘေလ်ဖြည့်သွင်းမှု ပမာဏ (ကျပ်) | ကံစမ်းခွင့် အကြိမ် (USSD ဖြင့်) | ကံစမ်းခွင့် အကြိမ် (E Top-Up/ DMS/ | ကံစမ်းခွင့် အကြိမ် (MPT Money ဖြင့်) |
၁,၀၀၀ ~ ၁,၉၉၉ ကျပ် | ၁ | ၂ | ၅ |
၂,၀၀၀ ~ ၂,၉၉၉ ကျပ် | ၂ | ၄ | ၁၀ |
၃,၀၀၀ ~ ၃,၉၉၉ ကျပ် | ၃ | ၆ | ၁၅ |
၄,၀၀၀ ~ ၄,၉၉၉ ကျပ် | ၄ | ၈ | ၂၀ |
၅,၀၀၀ ~ ၅,၉၉၉ ကျပ် | ၅ | ၁၀ | ၂၅ |
၆,၀၀၀ ~ ၆,၉၉၉ ကျပ် | ၆ | ၁၂ | ၃၀ |
၇,၀၀၀ ~ ၇,၉၉၉ ကျပ် | ၇ | ၁၄ | ၃၅ |
၈,၀၀၀ ~ ၈,၉၉၉ ကျပ် | ၈ | ၁၆ | ၄၀ |
၉,၀၀၀ ~ ၉,၉၉၉ ကျပ် | ၉ | ၁၈ | ၄၅ |
၁၀,၀၀၀ ~ ၁၉,၉၉၉ ကျပ် | ၁၀ | ၂၀ | ၅၀ |
၂၀,၀၀၀ ~ ၂၉,၉၉၉ ကျပ် | ၂၀ | ၄၀ | ၁၀၀ |
၃၀,၀၀၀ ကျပ် | ၃၀ | ၆၀ | ၁၀၀ |
၃၀,၀၀၀ ~ ၃၉,၉၉၉ ကျပ် | ၃၀ | ၆၀ | – |
၄၀,၀၀၀ ~ ၄၉,၉၉၉ ကျပ် | ၄၀ | ၈၀ | – |
၅၀,၀၀၀ ~ ၅၉,၉၉၉ ကျပ် | ၅၀ | ၁၀၀ | – |
၆၀,၀၀၀ ~ ၆၉,၉၉၉ ကျပ် | ၆၀ | ၁၂၀ | – |
၇၀,၀၀၀ ~ ၇၉,၉၉၉ ကျပ် | ၇၀ | ၁၄၀ | – |
၈၀,၀၀၀ ~ ၈၉,၉၉၉ ကျပ် | ၈၀ | ၁၆၀ | – |
၉၀,၀၀၀ ~ ၉၉,၉၉၉ ကျပ် | ၉၀ | ၁၈၀ | – |
၁၀၀,၀၀၀ ကျပ် | ၁၀၀ | ၂၀၀ | – |
MPT4U အက်ပလီကေးရှင်း အသုံးပြုပြီး ဖုန်းဘေလ်ဖြည့်သွင်းမှု ပြုလုပ်ခြင်း
ဖုန်း ဘေလ် ဖြည့်သွင်းမှု ပမာဏ (ကျပ်) | ထိပေါက်ဂိမ်းကံစမ်းခွင့် (ကစားခွင့်)များ | ထိပေါက်ကစားပြီး ကံထူးခွင့် အကြိမ်အရေအတွက် |
၁,၀၀၀ ~ ၁,၉၉၉ ကျပ် | ၁ | ၃ မှ ၁၀ |
၂,၀၀၀ ~ ၂,၉၉၉ ကျပ် | ၂ | ၆ မှ ၂၀ |
၃,၀၀၀ ~ ၃,၉၉၉ ကျပ် | ၃ | ၉ မှ ၃၀ |
၄,၀၀၀ ~ ၄,၉၉၉ ကျပ် | ၄ | ၁၂ မှ ၄၀ |
၅,၀၀၀ ~ ၅,၉၉၉ ကျပ် | ၅ | ၁၅ မှ ၅၀ |
၆,၀၀၀ ~ ၆,၉၉၉ ကျပ် | ၆ | ၁၈ မှ ၆၀ |
၇,၀၀၀ ~ ၇,၉၉၉ ကျပ် | ၇ | ၂၁ မှ ၇၀ |
၈,၀၀၀ ~ ၈,၉၉၉ ကျပ် | ၈ | ၂၄ မှ ၈၀ |
၉,၀၀၀ ~ ၉,၉၉၉ ကျပ် | ၉ | ၂၇ မှ ၉၀ |
၁၀,၀၀၀ ~ ၁၉,၉၉၉ ကျပ် | ၁၀ | ၃၀ မှ ၁၀၀ |
၂၀,၀၀၀ ~ ၂၉,၉၉၉ ကျပ် | ၂၀ | ၆၀ မှ ၂၀၀ |
၃၀,၀၀၀ ~ ၃၉,၉၉၉ ကျပ် | ၃၀ | ၉၀ မှ ၃၀၀ |
၄၀,၀၀၀ ~ ၄၉,၉၉၉ ကျပ် | ၄၀ | ၁၂၀ မှ ၄၀၀ |
၅၀,၀၀၀ ~ ၅၉,၉၉၉ ကျပ် | ၅၀ | ၁၄၀ မှ ၅၀၀ |
၆၀,၀၀၀ ~ ၆၉,၉၉၉ ကျပ် | ၆၀ | ၁၈၀ မှ ၆၀၀ |
၇၀,၀၀၀ ~ ၇၉,၉၉၉ ကျပ် | ၇၀ | ၂၁၀ မှ ၇၀၀ |
၈၀,၀၀၀ ~ ၈၉,၉၉၉ ကျပ် | ၈၀ | ၂၄၀ မှ ၈၀၀ |
၉၀,၀၀၀ ~ ၉၉,၉၉၉ ကျပ် | ၉၀ | ၂၇၀ မှ ၉၀၀ |
၁၀၀,၀၀၀ ကျပ် | ၁၀၀ | ၃၀၀ မှ ၁,၀၀၀ |
“ပျော်ရွှင်ကံထူး MPT Money နဲ့ မြူး” ကံစမ်းမဲ အစီအစဥ်နှင့် သက်ဆိုင်သည့် စည်းမျဥ်း၊ စည်းကမ်းများကို MPT ၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သည့် www.mpt.com.mm တွင် ဖတ်ရှုလေ့လာနိုင်ပါသည်။
MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအကြောင်း အသေးစိတ်သိရှိလိုပါက 106 သို့ ခေါ်ဆိုပြီး လည်းကောင်း၊ MPT ၏ တရားဝင် Facebook စာမျက်နှာ https://www.facebook.com/mptofficialpage/တွင် လည်းကောင်း လေ့လာနိုင်ပါသည်။