မြန်မာပြည်သူများ စဥ်ဆက်မပြတ်ဆက်သွယ်နိုင်စေရေး MPT မှ အလေးထားဆောင်ရွက်

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၀ ရက်) – ကမ္ဘာ့ကပ်ရောဂါ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ဖြစ်ပွားလျက်ရှိသော ယခုလိုအရေးပေါ်အချိန်၌ MPT သည် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် သာယာချမ်းမြေ့စွာ နေထိုင် လုပ်ကိုင်နိုင်ရေးအတွက် ကြိုတင်ကာကွယ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

MPT သည် Coronavirus နှင့် ပတ်သက်သော နောက်ဆုံးရသတင်းများကို အချိန်နှင့်တစ်ပြေးညီ အထူး လေ့လာ စောင့်ကြည့်လျက်ရှိပြီး MPT ၏ ဝန်ထမ်းများနှင့် သက်ဆိုင်ရာ လူမှုအသိုက်အဝန်းတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် မည်သည့် ဘေးအန္တရာယ်ဖြစ်နိုင်မှု အခြေအနေကိုမဆို လျှော့ချ တားဆီးနိုင်ရန် လိုအပ်သောကြိုတင်ကာကွယ်မှုများအား တက်ကြွစွာ အလေးအနက်ထား ပြင်ဆင် ဆောင်ရွက်လျက် ရှိပါသည်။ နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်များနှင့်အညီ MPT ၏ ဝန်ဆောင်မှုများနှင့် ရုံးလုပ်ငန်းတာဝန်များကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်စေရန် ဝန်ထမ်းအင်အား ၅၀% ကို ရုံးသို့တက်ရောက် တာဝန်ထမ်းဆောင်စေခြင်းဖြင့်လည်းကောင်း၊ ကျန် ဝန်ထမ်းအင်အား ၅၀% အား အိမ်မှ တာဝန်ထမ်းဆောင်စေခြင်းဖြင့်လည်းကောင်း အလှည့်ကျတာဝန်ထမ်းဆောင်မှုစနစ်ဖြင့် စတင်လုပ်ဆောင် လျက်ရှိပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (MOHS) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) တို့မှ ပြဌာန်းထားသော လမ်းညွှန်ချက်များအရ MPT သည် ဝန်ထမ်းများအတွက် သန့်ရှင်းလုံခြုံသော လုပ်ငန်းခွင် ပတ်ဝန်းကျင်ဖြစ်စေရန် ရုံးတွင်းသန့်ရှင်းရေးလုပ်ဆောင်မှု အဆင့်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။ လူအများနှင့်ထိတွေ့မှုများသော နေရာများဖြစ်သည့် MPT အမှတ်တံဆိပ် အရောင်းဆိုင်များ၊ ရုံးခန်းများ၊ ဝန်ထမ်း ကြိုပို့ မော်တော်ယာဉ်များစသည်တို့ကို သန့်ရှင်းခြင်းနှင့် ပိုးသတ်ခြင်းများ နေ့စဉ် ထိရောက်စွာ ရှင်းလင်းသန့်စင်မှုများ ပြုလုပ်လျက်ရှိသည်။

MPT အနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ စဥ်ဆက်မပြတ် ဆက်သွယ်ဆောင်ရွက်နိုင်စေရေးသည် အရေးကြီးကြောင်းကို နားလည်ပါသည်။ MPT ကို သုံးစွဲသူများနှင့် စီးပွားရေးမိတ်ဖက်အဖွဲ့အစည်း များအနေဖြင့် ယုံကြည်စိတ်ချရသည့် ကွန်ရက်များနှင့် ဝန်ဆောင်မှုများအား စဥ်ဆက်မပြတ် သုံးစွဲနိုင်စေရန် သေချာစွာ စီမံ ဆောင်ရွက်ထားရှိပါသည်။ အခြေအနေများ ပြောင်းလဲလာသည်နှင့်အမျှ လက်ရှိလည်ပတ် နေသော စီးပွားရေးလုပ်ငန်းများကို ဆက်လက်ကူညီပံ့ပိုးပေးနိုင်ရန်နှင့် MPT သုံးစွဲသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် MPT ဝန်ထမ်းများ ၊ စီးပွားရေးမိတ်ဖက်အဖွဲ့အစည်းများနှင့် ထုတ်ကုန် (သို့မဟုတ်) ဝန်ဆောင်မှုများအတွက် ပံ့ပိုးသူများနှင့် အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။ MPT ၏ လုပ်ငန်းတာဝန်များ အရှိန်မဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေး စီမံချက် (BCP) သည် လုပ်ငန်းလည်ပတ်မှုအတွက် ကြိုတင်ပြင်ဆင်မှု၊ ရောဂါကူးစက်မှု လျော့ချနိုင်ရေး၊ ဖြစ်ပေါ်လာသည့် အခြေအနေများပေါ် တုံ့ပြန်နိုင်စေရန်နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအတွက် အထောက်အပံ့ ဖြစ်စေမည် ဖြစ်ပါသည်။

မရှိမဖြစ် လိုအပ်သော ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပံ့ပိုးသူအနေဖြင့် MPTသည် ကွန်ရက်များကို အရန်ဆက်ကြောင်းများဖြင့် ချိတ်ဆက်ထားပြီး အရေးပေါ်ကာလများတွင် သုံးစွဲသူများနှင့် အစဥ် ချိတ်ဆက်နိုင် စေရန် စီစဉ်ဆောင်ရွက်ထားရှိပါသည်။ စီးပွားရေးလုပ်ငန်းများ၊ ကျောင်းများနှင့် အဖွဲ့အစည်း အသီးသီးရှိ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ နေအိမ်မှ အလုပ်လုပ်ကိုင်နိုင်ရန် လိုအပ်ခြင်းကြောင့် MPT ၏ ကွန်ရက်များကို လက်ရှိနှင့် နောင်ဖြစ်ပေါ်လာနိုင်သည့် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ထားပါသည်။ ထို့ကြောင့် MPT အနေဖြင့် သုံးစွဲသူများ၏ဆက်သွယ်မှုများကို အပြည့်အဝ ဆောင်ရွက်ပေးရန် မျှော်လင့်ထားပါသည်။

MPT အနေဖြင့် မိမိ၏ ဌာနအားလုံး လုံခြုံစိတ်ချရသော လုပ်ငန်းလည်ပတ်မှုများကို စဉ်ဆက်မပြတ် ဆက်လက် လုပ်ဆောင်နိုင်ရန်နှင့် Call Center များတွင် သုံးစွဲသူများအတွက် ဝန်ဆောင်မှုများ တိုးတက် ကောင်းမွန်လာစေရန် ဌာနတွင်း မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို အဆင့်မြှင့်တင်ထားသည်။ အလားတူပင် MPT သုံးစွဲသူများအနေဖြင့် မိုဘိုင်းလ်ဖုန်းကို အသုံးပြုကာ မိမိတို့၏ ဝန်ဆောင်မှုများ၊ အကောင့်များကို MPT4U အက်ပလီကေးရှင်းကို အသုံးပြုပြီး အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ပါသည်။ အသေးစိတ် ထပ်မံသိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ခေါ်ဆို၍သော် လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

MPT သုံးစွဲသူများ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဖြင့် 100 MB မိုဘိုင်းလ်ဒေတာ နှင့် MPT Money ၁, ၀၀၀ကျပ် ဆုလက်ဆောင်များ ရယူနိုင်

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၆ ရက်) – ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားမှုအရ မိုဘိုင်းလ်ဖုန်းသုံးစွဲသူများအနေဖြင့် ဆင်းမ်ကတ်ဝယ်ယူပြီးနောက် မိမိတို့၏ ဆင်းမ်ကတ်များကို မိမိတို့၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်တို့ဖြင့် မှတ်ပုံတင်ရန်လိုအပ်ပြီး MPT အ‌နေဖြင့် ဆင်းမ်ကတ်မှတ်ပုံတင် ခြင်းဆိုင်ရာ ဆောင်ရွက်ချက်များ လျင်မြန်လွယ်ကူစွာ လုပ်ဆောင်နိုင်မည့် နည်းလမ်းများကို ထုတ်ပြန်ခဲ့ ပြီးဖြစ်သည်။

ယခုအခါတွင် မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT သည် သုံးစွဲသူများအတွက် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များကို ပြန်လည်စိစစ်ရန်၊ မိမိတို့၏ကိုယ်ရေးအချက်အလက်များအား ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ပြီး မှတ်ပုံတင်ကြရန် နှင့် အခြား သောသူ၏ အချက်အလက်ဖြင့် ကြိုတင်မှတ်ပုံတင်ထားပြီးဖြစ်သည့် ဆင်းမ်ကတ်များကို ဝယ်ယူခြင်းမှ ရှောင်ကြဉ်ကြရန် အလေးအနက်ထား တိုက်တွန်းလိုပါသည်။ ယခုထုတ်ပြန်ချက်၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် MPT သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမတိုင်မီ အသုံးပြုထားသော MPT သုံးစွဲသူများအားလုံးသည် MPT 4U အက်ပလီကေးရှင်း နှင့် care.mpt.com.mm ဝက်ဘ်ဆိုက် တို့မှတစ်ဆင့် အသုံးပြုသူ/မိမိ၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်မူရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ် တို့အား မှန်ကန်စွာ ပြန်လည်ပြင်ဆင် ဖြည့်စွက်၍ မှတ်ပုံတင်မည်ဆိုပါက 100 MB မိုဘိုင်းလ်ဒေတာ အပိုဆုများ ပေးအပ်သွားမည်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် မတ်လ ၇ ရက်မှစတင်ပြီး မိမိဆင်းမ်ကတ်အား အချက်အလက်မှန်ကန်စွာဖြင့် ပြန်လည် ပြင်ဆင် ဖြည့်စွက်ထားသော MPT သုံးစွဲသူများသည် အပိုဆုလက်ဆောင်များကို ခံစားခွင့်ရရှိသွား မည်ဖြစ်သည်။

MPT သုံးစွဲသူများသည် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များကို ပြန်လည်ပြင်ဆင်ခြင်း အတွက် မည်သည့် ထပ်ဆောင်းကုန်ကျမှုမျှ မရှိဘဲ အောက်ပါ နည်းလမ်းများမှတစ်ဆင့် လွယ်ကူစွာ စာရင်းသွင်း၍ မှတ်ပုံတင်နိုင်ပါသည်။
(၁) သင်၏ဆင်းမ်ကတ်တွင် မှတ်ပုံတင်ထားသောအချက်အလက်များကိုစစ်ဆေးရန် * 601 # ကိုသာခေါ်ဆိုပါ။

(၂) MPT 4U အက်ပလီကေးရှင်း (Android ဖုန်းအသုံးပြုသူများအနေဖြင့် *4040# သို့ ခေါ်ဆိုခြင်းဖြင့် MPT4U အက်ပလီကေးရှင်းကို အခမဲ့ ဒေါင်းလုတ် ပြုလုပ်၍ ရယူနိုင်ပါသည်။ Apple Store https://apple.co/3bdjV7w သို့မဟုတ် Google Play store https://bit.ly/2WB6BWq တို့တွင် ဒေါင်းလုတ်ပြုလုပ်နိုင်မည် ဖြစ်ပြီး ဒေတာသုံးစွဲခ ကျသင့်မည်ဖြစ်သည်။)
(၃) MPT ၏ Customer Self-care ဝက်ဘ်ဆိုက်ဖြစ်သည့် care.mpt.com.mm

သုံးစွဲသူများအနေဖြင့် မိမိတို့၏ ဆင်းမ်ကတ်များကို မိမိတို့၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ဖြင့် အချက်အလက်မှန်ကန်စွာမှန်ပုံတင် မှတ်ပုံတင်ခြင်းသည် သုံးစွဲသူများအနေဖြင့် MPT ၏ ဝန်ဆောင်မှုများကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မည် ဖြစ်ပြီး မိုဘိုင်းလ်ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း (Mobile Financial Service) ဆောင်ရွက်မှုများတွင် ရာဇဝတ်မှုများကျူးလွန်နိုင်မှုကို လျှော့ချနိုင်မည်ဖြစ်သည်။ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းဖြင့် အမှန်တကယ်သုံးစွဲသူတို့အပေါ်တွင် အလွဲသုံးစားပြုလုပ်ခြင်းနှင့် အသုံးချခံရခြင်းတို့မှ ကာကွယ်နိုင်မည့်အပြင် ဆင်းမ်ကတ်ကိုင်ဆောင်သူများကိုလည်း မိမိတို့၏ လုပ်ဆောင်ချက်များ နှင့်ပတ်သက်ပြီး တာဝန်ယူတာဝန်ခံနိုင်စေမည်ဖြစ်သည်။

ထို့အပြင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၉) ရက် မှ (၃၁) ရက်အတွင်း MPT4U Application မှတစ်ဆင့် မိမိအချက်အလက်များဖြင့် မှန်ကန်စွာ ပြန်လည်ပြင်ဆင်ဖြည့်စွက်၍ မှတ်ပုံတင်သည့် MPT သုံးစွဲသူများကို ၎င်း၏ MPT Money အကောင့်ထဲသို့ ဆုလက်‌ဆောင် ငွေ (၁, ၀၀၀) ကျပ်အား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၄ ရက်တွင် ထည့်သွင်းပေးသွားမည် ဖြစ်ပြီး အဆိုပါ ဆုလက်ဆောင်အား ဆိုင်များတွင် စျေးဝယ်ခြင်း နှင့် ဖုန်းငွေဖြည့်သွင်းခြင်း၊ ငွေလွှဲခြင်း သို့မဟုတ် ငွေထုတ်ခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်သည်။
MPT Money အကောင့်မရှိသေးသော သုံးစွဲသူများအနေဖြင့် အောက်ပါအဆင့်များ အတိုင်း ဆောင်ရွက် နိုင်ပါသည်။
၁)MPT Money အက်ပလီကေးရှင်းကို Android အသုံးပြုသူများအနေဖြင့် bit.ly/MPTMoneyAndroid မှတစ်ဆင့် ဒေါင်းလုတ်ပြုလုပ်နိုင်ပြီး၊ iOS အသုံးပြုသူများအနေဖြင့် http://bit.ly/MPTMoney_iOS ဒေါင်းလုတ်ပြုနိုင်မည်ဖြစ်ပြီး ပုံမှန်ဒေတာသုံးစွဲခ ကျသင့်မည်ဖြစ်သည်။
၂) ပထမဦးစွာ အကောင့်ဖွင့်ရန်အတွက် စာရင်းသွင်းခြင်းကိုဆောင်ရွက်ရန် (စာရင်သွင်းခြင်း အခမဲ့)
၃)သင်၏မိုဘိုင်းလ်ဖုန်းနံပါတ်ကိုဖြည့်ပါ။ စာရင်းသွင်းခြင်းပြီးမြောက်ရန် သင်၏မိုဘိုင်းလ်ဖုန်းသို့ အတည်ပြု ကုတ် (Verification code) ပါသည့် စာတစ်စောင်ပေးပို့ပါလိမ့်မည်။
၄) သင်၏အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် နှင့် ဖုန်းနံပါတ်များကို အတည်ပြုပါ။
၅) နိုင်ငံသားစိစစ်ရေးကတ် ဓါတ်ပုံကိုရိုက်၍ တင်သွင်းပါ။
၆) PIN Code အသစ်ကို ပြန်လည် သတ်မှတ်ပါ။
၇)MPT Money Account ဖွင့်ခြင်း အောင်မြင်ပြီ ဖြစ်ပါသည်။ ၄င်းနောက် MPT Money အက်ပလီကေးရှင်း တွင် ဝင်ရောက် အသုံးပြုနိုင်မည် ဖြစ်သည်။

*MPT Money Tutorial Link https://www.facebook.com/watch/?ref=saved&v=584381028819154

“သတ်မှတ်ထားတဲ့ ညွှန်ကြားချက်တွေအရ ကျွန်တော်တို့ရဲ့ MPT သုံးစွဲသူတွေအားလုံးကို လွယ်ကူ လျင်မြန်စွာ နဲ့ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆိုင်ရာအချက်အလက်တွေကို စနစ်တကျ မှန်ကန်စွာနဲ့ ပြန်လည် ပြင်ဆင်ဖြည့်စွက်ဖို့ တိုက်တွန်းလိုပြီး နေရာဒေသမရွေး လွယ်လွယ်ကူကူနဲ့ လုပ်ဆောင်လို့ရမယ့် နည်းလမ်းများကိုလည်း ဆောင်ရွက်ပေးထားပါတယ်။ MPT ဝန်ထမ်းတွေအနေနဲ့လည်း သုံးစွဲသူတွေအတွက် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းလုပ်ငန်းစဥ်တွေကို ကူညီဖို့အဆင်သင့်ရှိပါတယ်။ အခုဆိုရင် မိမိဆင်းမ်ကတ်ကို ပြန်လည်ပြင်ဆင်ပြီး စာရင်းသွင်းမှတ်ပုံတင်ရုံနဲ့ 100MB မိုဘိုင်းလ်ဒေတာအပိုဆု နဲ့ MPT Money ဆု‌လက်ဆောင် ၁, ၀၀၀ ကျပ်တွေ ရရှိမှာ ဖြစ်ပါတယ်။” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က ပြောကြားခဲ့ပါသည်။

MPT မှ သုံးစွဲသူများအား ၎င်းတို့၏ ဆင်းမ်ကတ်များကို မှတ်ပုံတင်ရန်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတို့တွင် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆောင်ရွက်မှုများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိ ပါသည်။ သုံးစွဲသူများအနေဖြင့်လည်း ၎င်းတို့နှင့် အနီးဆုံးတွင် ရှိသည့် MPT Own Shop များ နှင့် MPT အမှတ်တံဆိပ်စတိုးဆိုင်များတွင်လည်း ဆင်းမ်ကတ်ပြန်လည်ပြင်ဆင်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်နိုင်ပါ သည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားမှုအရ သုံးစွဲသူများအနေဖြင့် မိမိနိုင်ငံသားစိစစ်ရေးကတ် တစ်ခုလျှင် ဆင်းမ်ကတ် (၂) ကတ်ကိုသာ မှတ်ပုံတင်ခွင့်ပြုထားပါသည်။ MPT သုံးစွဲသူများအား အချက်အလက်မှန်ကန်စွာဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၃၀ ရက် မတိုင်မီ စနစ်တကျ စာရင်းသွင်းမှတ်ပုံတင်ရန် တိုက်တွန်းအပ်ပါသည်။

MPT ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍သော် လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ အပြာရောင်အမှတ်အသားပါသော (Blue Mark) တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာ www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

MPT မှ “လက်သန့်ရှင်းရေး ပညာပေးအစီအစဉ်” အား ထပ်မံ တိုးချဲ့ လုပ်ဆောင်နေပြီး ဧရာဝတီ၊ ပဲခူး၊ ကရင် နှင့် မွန် အစရှိသည့် တိုင်းဒေသကြီး နှင့် ပြည်နယ် များရှိ နေရာ (၄) ခုတွင် အုပ်စုလိုက် လက်ဆေးကန်များတည်ဆောက်ပြီးစီး

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၄ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သော MPT က “လက်သန့်ရှင်းရေး ပညာပေးအစီအစဉ်” ၏ ဒုတိယအဆင့် အဖြစ် လူငယ်များအကြား တစ်ကိုယ်ရည်သန့်ရှင်းမှု တိုးတက်လာစေရန် လှုံ့ဆော် ပညာပေးခြင်းဖြင့် ရောဂါပိုးမွှားပျံ့နှံ့မှုအား လျော့ချနိုင်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် လေးခုတွင် အုပ်စုလိုက် လက်ဆေးကန်နှင့် ဆက်စပ်ပစ္စည်းများကို ထောက်ပံ့ ဆောင်ရွက် ပြီးစီးခဲ့ပြီ ဖြစ်ပါသည်။
MPT အနေဖြင့် ပြည့်သူ့ကျန်းမာရေးနှင့် တစ်ကိုယ်‌ရည် သန့်ရှင်းရေးနှင့်ပတ်သက်ပြီး အသိပညာပေးခြင်း လုပ်ငန်းများ၏ အရေးပါမှုကို သိရှိနားလည်ပြီး ကျန်းမာရေး ကဏ္ဍမှာ MPT ၏ လူမှုအကျိုးပြု လုပ်ငန်းများထဲတွင် အဓိကကျသည့် ကဏ္ဍကြီးတစ်ရပ်အဖြစ် အလေးထား ဆောင်ရွက်လျက် ရှိပါသည်။ MPT အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့် အတူတကွ ပူးပေါင်း၍ “လက်သန့်ရှင်းရေး ပညာပေးအစီအစဉ်” ကို ၂၀၁၈ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည်။ လက်ရှိအချိန်အထိ နိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အခြေခံပညာကျောင်းများတွင် အုပ်စုလိုက် လက်ဆေးကန်ပေါင်း (၁၉) ခုကို ကူညီထောက်ပံ့ တည်‌ဆောက်ပေးနိုင်ခဲ့ကာ လူငယ်များအကြား ကျန်းမာရေးနှင့် အခြေခံ တစ်ကိုယ်ရည် သန့်ရှင်းရေး အသိပညာများ ပိုမိုတိုးမြင့် လာနိုင်စေခဲ့ပြီ ဖြစ်ပါသည်။
၂၀၁၉ ခုနှစ်အတွင်း “လက်သန့်ရှင်းရေး ပညာပေးအစီအစဉ်”၏ ဒုတိယအဆင့်အနေဖြင့် အုပ်စုလိုက် လက်ဆေးကန် အသစ်များကို မန္တလေးတိုင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ အခြေခံပညာ ကျောင်းများတွင် တည်ဆောက်တပ်ဆင်ပေးခဲ့သည်။ MPT သည် ကျန်းမာရေးအတွက် အရေးကြီးသော အခြေခံ တစ်ကိုယ်ရည်သန့်ရှင်းရေး အသိပညာများနှင့် မှန်ကန်သော လက်ဆေးခြင်း နည်းလမ်းများကို ကျောင်းသား၊ ကျောင်းသူများအား သင်ကြားပေးခြင်းဖြင့် ယခုအစီအစဉ်တွင် ကူညီပံ့ပိုးသွားမည် ဖြစ်ပါသည်။

လက်များကို သန့်ရှင်းစင်ကြယ်စွာ ဆပ်ပြာဖြင့် ဆေးကြောခြင်းသည် မိမိနှင့် အခြားသူများထံသို့ ရောဂါပိုးမွှားပျံ့နှံ့မှုအား လျော့ချနိုင်ရန်နှင့် ဖျားနာမှုအား ကာကွယ်နိုင်ရန် အရေးကြီးသော အခြေခံကျန်းမာရေး အချက်များအနက်မှ တစ်ချက်ပင် ဖြစ်ပါသည်။ များပြားလှသော ရောဂါကူးစက်မှုများသည် လက်များကို သန့်ရှင်းသော ရေ နှင့် ဆပ်ပြာတို့ဖြင့် စင်ကြယ်စွာဆေးကြောမှု မရှိသောကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ထို့အပြင် အမျိုးမျိုးသော လေ့လာ တွေ့ရှိချက်များအရ လက်ဆေးခြင်းသည် လူငယ်များအတွက် ဝမ်းပျက်ဝမ်းလျှော၊ E.coli ဘတ်တီးရီးယားပိုးနှင့် နမိုးနီးယား၊ ကိုရိုနာဗိုင်းရပ်စ် ကဲ့သို့သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှုများ ဖြစ်ပွားမှုကို တားဆီးကာကွယ်ပေးနိုင်သည်ဟု ဖော်ပြထားသည်။
လက်ရှိအချိန်တွင် Novel Coronavirus (COVID-19) ကပ်ရောဂါကြီးသည့် ကမ္ဘာတစ်ဝန်း၌ ဖြစ်ပွားနေပြီး ၂၀၂၀ ခုနှစ်၊ မတ်လ ၂၃ ရက်တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO)နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တို့မှ ရရှိသည့် အချက်အလက်များအရ ရောဂါပိုးကူးစက်မှုကြောင့် မြန်မာနိုင်ငံမှ (၂) ဦး အပါအဝင်၊ ကမ္ဘာတစ်ဝန်း၌ လူဦးရေ ၃၃၄,၉၀၀ ကျော် ကူးစက်ခံထားရပြီး သေဆုံးသူ ၁၄,၆၀၀ ကျော် ရှိနေပြီ ဖြစ်ကြောင်း သိရှိရပါသည်။ MPT အနေဖြင့် ပြည်သူများ၏ ကျန်းမာရေး ၊ တစ်ကိုယ်ရည် သန့်ရှင်းရေး နှင့် အများပြည်သူဆိုင်ရာ နေရာများတွင် ကောင်းမွန်သည့် ကျန်းမာရေးဆိုင်ရာ အခြေအနေများကို ထိန်းသိမ်းထားနိုင်ခြင်း တို့အပါအဝင် ကျန်းမာရေး အသိပညာ အားနည်းခြင်း၏ အကျိုးသက်ရောက်မှုများကို အများပြည်သူဆိုင်ရာ နေရာများ ဖြစ်သည့် ကျောင်းများနှင့် လူငယ်များအကြားတွင် သိရှိလာစေရန် ရည်ရွယ် လုပ်ဆောင်သွားမည် ဖြစ်သည်။
“MPT အနေနဲ့ လူငယ်မျိုးဆက်သစ်တွေရဲ့ ကျန်းမာရေးအဆင့်အတန်း ပိုမို တိုးတက်ကောင်းမွန် လာစေဖို့နဲ့ ပိုမိုကျန်းမာကြံ့ခိုင်လာစေဖို့ အလေးထားပြီးဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ရဲ့ လူမှုအကျိုးပြုအစီအစဉ် ဟာ တစ်ကိုယ်ရည်သန့်ရှင်းမှု အလေ့အထကောင်းတွေကို မြှင့်တင်ဆောင်ရွက်တဲ့နေရာမှာ အရေးပါတဲ့အခန်း ကဏ္ဍကပါဝင်နေပြီး အဲဒီကတစ်ဆင့် ဒေသခံ လူမှုအသိုင်းအဝိုင်းကြားမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်စေမှာပဲဖြစ်ပါတယ်။ ကမ္ဘာအနှံ့မှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါပိုးအန္တရာယ်အပါအဝင် များပြားလှတဲ့ ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှု တွေရဲ့အကြားမှာ ကျွန်တော်တို့ရဲ့ နိုင်ငံသားတွေ ဘေးကင်းစေဖို့အတွက် တစ်ကိုယ်ရည်သန့်ရှင်းမှု အလေ့အထကောင်းတွေ မြင့်တက်လာနိုင်ရေးဟာ အလွန်ပဲအရေးပါလှပါတယ်” ဟု MPT-KSGM Joint Operations မှ လုပ်ငန်းလည်ပတ်မှုဌာနကြီး၏ ဒုတိယ အရာရှိချုပ်ဖြစ်သူ ဦးမျိုးသန်းက ပြောကြား ခဲ့ပါသည်။
MPT မှဦးဆောင်ပြုလုပ်လျက်ရှိသည့် ယခုအစီအစဉ်သည် မြန်မာနိုင်ငံတစ်ဝန်းမှ ရွေးချယ်ထားသော အ‌ခြေခံ ပညာ ကျောင်းများတွင် ရေတိုင်ကီ၊ ရေစုပ်စက်၊ ရေတွင်းနှင့် လက်ဆေးကန် တည်ဆောက်ခြင်းလုပ်ငန်းများ တပ်ဆင်ဆောင်ရွက်ရန် ကျပ်သိန်း ၁၀၀၀ ကျော်သုံးစွဲခဲ့ပြီး ကျောင်းသား၊ သူပေါင်း ၅,၀၀၀ ကျော်ကို အကျိုး ကျေးဇူး ရရှိစေခဲ့သည်။ ယခုအစီအစဥ်ကြောင့် အဆိုပါဒေသများမှ လက်ရှိ ကျောင်းသားများအပါအဝင် အနာဂတ်ကျောင်းသူ၊ ကျောင်းသားများ ကိုလည်း အကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်ပါသည်။

MPT သည် မြန်မာနိုင်ငံတစ်ဝန်းရှိ ဒေသခံအဖွဲ့အစည်းများအတွက် ကျန်းမာရေးကဏ္ဍတွင် တာဝန်သိ လူမှုအကျိုးပြု လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လျက်ရှိသည်။ အချက်အလက်များ ပိုမို သိရှိ လိုပါက ၁၀၆ သို့ ဖုန်းခေါ်ဆို၍ သော်လည်းကောင်း MPT ၏ တရားဝင် လူမှုကွန်ရက် စာမျက်နှာ https://www.facebook.com/mptofficialpage/ သို့မဟုတ် MPT ၏ တရားဝင် ဝက်ဘ်ဆိုက် www.mpt.com.mm သို့ သော်လည်းကောင်း ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

MPT က “MPT Club ၏ ချစ်သူများနေ့ ကံစမ်းမဲအစီအစဉ်” မှ ကံထူးရှင်များကို ကြေညာ

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၈ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT က “MPT Club ၏ ချစ်သူများနေ့ ကံစမ်းမဲအစီအစဉ်” ကံထူးရှင်ရွေးချယ်ပွဲအား ဖေဖော်ဝါရီလ ၁၈ ရက်တွင် MPT ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ “MPT Club ၏ ချစ်သူများနေ့ ကံစမ်းမဲအစီအစဉ်” မှ ကံထူးရှင်ရွေးချယ်ပွဲအား MPT ၏ တရားဝင်ဖေ့စ်ဘွတ်ဖြစ်သည့် Facebook page တွင်လည်း တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့ပြီး “MPT Club ၏ ချစ်သူများနေ့ ကံစမ်းမဲအစီအစဉ်” မှ ကံထူးရှင်များအနေဖြင့် အထူးဆုကြီးများအား ကံထူးသည့်အပြင့် မိမိနှင့်အတူ မိမိချစ်ခင်ရသည့်သူတစ်ဦး အတွက်ပါ အထူးဆုကြီးများကို ခံစားရရှိစေနိုင်မည်။ ကံထူးရှင်များအားလုံးကို MPT Club အဖွဲ့ဝင်များအားလုံးထဲမှ ကျပန်းနည်းစနစ်ဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ကံထူးရှင်များစာရင်းကို အောက်တွင် ဖော်ပြထားပါသည်။

ထို့အပြင် ဖေဖော်ဝါရီလ(၁၄)ရက်မှ မတ်လ(၁၄)ရက်အထိ အချိန်ကာလ ၅ ပတ်ကြာ ကာလအတွင်း ပုဂံဘုရားဖူးခရီးစဉ် သွားရောက်နိုင်မည့် ကံထူးရှင်(၅)ဦးအား “MPT Club” အဖွဲ့ဝင်များ အနက်မှ ရွေးချယ်ပေးခဲ့ခြင်းဖြစ်ပြီး ပုဂံဘုရားဖူးခရီးစဉ် ကံထူးခဲ့သည့် ကံထူးရှင်များအနေဖြင့် မိမိ နှစ်သက်ရာ မိတ်ဆွေသူငယ်ချင်း (၃)ဦးကိုပါ ခေါ်ဆောင်၍ သွားရောက်နိုင်မည် ဖြစ်သည်။ ထို့အပြင် “MPT Club” အဖွဲ့ဝင် ၁,၅၀၀ ဦးအနေဖြင့် MPT Club” အဖွဲ့ဝင်ပြီး  ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ခံစားခွင့်များ ရရှိစေမည့် ပွိုင့် စုစု ပေါင်း ၂,၂၅၀,၀၀၀ တို့ကိုလည်း ကံထူးခဲ့ကြပြီးဖြစ်သည်။

ဆုလက်ဆောင်များနှင့် အဖွဲ့ဝင်အဆင့်သတ်မှတ်ချက်အမည်နေရပ်လိပ်စာဖုန်းနံပါတ်
စိန်လက်စွပ်                   (Diamond အဆင့်)ဦးကျော်ဘိုဘိုထွန်းရန်ကုန်တိုင်းဒေသကြီး၀၉-၂၆၀၉၁xxxx
ပလက်တီနမ်ဆွဲကြိုး (Platinum အဆင့်) ဒေါ်ဝင်းအိဖြူကချင်ပြည်နယ်၀၉-၄၀၀၀၄xxxx
​ရွှေပြား  (Member အဆင့်)ဦးမြတ်သူတနင်္သာရီတိုင်းဒေသကြီး၀၉-၂၅၂၉၂xxxx

“ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဒီအစီအစဥ်ကို ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး ယခင်ပေးနေတဲ့ ဆုတွေထက် ပိုမိုမြန်ဆန်ပြီး ကောင်းမွန်တဲ့ ဆုလက်ဆောင်တွေ နဲ့ အကျိုးခံစားခွင့်တွေ ပိုမိုရရှိဖို့ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ကံထူးရှင်တွေအတွက်လည်း တကယ့်ကို ဝမ်းသာဂုဏ်ယူရပြီး ဒီအစီ အစဉ်မှာ ပါဝင်ပေးခဲ့ကြတဲ့ MPT Club အဖွဲ့ဝင် တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ပါ တယ်။ ကျွန်တော်တို့ရဲ့ “နေ့ရက်တိုင်းမှာ စိုပြေမှာ MPT Club ရဲ့ စေတနာ” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ သုံးစွဲသူ တွေအတွက် ဆန်းသစ်တီထွင်မှုတွေ ပျော်ရွှင်စရာတွေကို ယူဆောင်လာပေးမှာ ဖြစ်ပါတယ်” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က ပြောကြား ခဲ့ပါသည်။

“MPT Club” အစီအစဥ်သည် လူနေမှုဘဝပုံစံများကို စဉ်ဆက်မပြတ် ပြည့်စုံကြွယ်ဝစေမည့် ထူးခြားသော ဝန်ဆောင်မှုများ၊ အထူးလျှော့စျေးများနှင့် အကျိုးကျေးဇူးခံစားခွင့်များစွာကို ပေးစွမ်းသွားမည် ဖြစ်ပါသည်။ ဤအစီအစဉ်သည် မြန်မာနိုင်ငံ၏ လက်လီဈေးကွက်တွင် ထိပ်ဆုံးမှရပ်တည်နေသော မိတ်ဖက်လုပ်ငန်း များနှင့် ကုန်အမှတ် တံဆိပ်ပေါင်း (၆၀)ကျော် ဖြင့် ချိတ်ဆက်ထားကာ MPT ၏ တန်ဖိုးထားရသော သုံးစွဲသူများအတွက် အထူးအခွင့်အရေးများနှင့် အကျိုးအမြတ်ကောင်းများစွာကို ရရှိခံစားနိုင်စေမည်ဖြစ်သည်။ ထို့အပြင် “MPT Club” အဖွဲ့ဝင်များအနေဖြင့် နေ့စဉ်သုံးစွဲမှုပမာဏအပေါ်မူတည်၍ သာလွန်ကောင်းမွန်သော ပရီမီယံအဖွဲ့ဝင်အဆင့် (Premium Membership) သတ်မှတ်ချက်ကို ထပ်တိုးရရှိနိုင်မည်ဖြစ်သည်။

MPT သုံးစွဲသူတိုင်းကို MPT Club တွင် ပါ၀င်ရန် ဖိတ်ခေါ်ပါတယ်။  စာရင်းပေးသွင်း ပေးဆောင်ရန်မလိုဘဲ အခမဲ့ ပြုလုပ်နိုင်မည်ဖြစ်ပြီး MPT သုံးစွဲသူများ သည် 345 သို့  REG M/F (ဥပမာ- REG F) ဟု စာတို (SMS) ပေးပို့ခြင်းဖြင့် “MPT Club” အစီအစဉ်တွင် လွယ်ကူစွာ စာရင်းသွင်း ပါဝင်နိုင်ပါသည်။ မိမိ၏ MPT Club ID၊ MPT ပွိုင့်လက်ကျန် နှင့် လဲလှယ်ရရှိနိုင်သည့် ဆုလက်ဆောင်များအား စစ်ဆေးသိရှိလိုပါက *345# သို့ ခေါ်ဆိုပြီး စစ်ဆေးနိုင်ပါသည်။

“MPT Club”နှင့် နောက်ဆုံးပရိုမိုးရှင်းများနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက Hotline နံပါတ် ၁၀၆ သို့ခေါ်ဆို၍သော် လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက် သို့မဟုတ် MPT ၏ တရားဝင် Facebook page ဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

MPT သုံးစွဲသူများ “ထိတိုင်းထော” အကဗွီဒီယိုပြိုင်ပွဲတွင် ပါဝင်ပြီး MPT Money ငွေကျပ် (၅) သိန်းဆုမဲများ ရယူနိုင်

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ် မတ်လ ၁၆ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT မှ မြန်မာနိုင်ငံရှိ အကဝါသနာရှင်များအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အက ပြိုင်ပွဲသစ်တစ်ခုဖြစ်သော “ထိတိုင်းထော အကဗွီဒီယိုပြိုင်ပွဲ” ကို မိတ်ဆက်ကြေညာခဲ့ပါသည်။ အဆိုပါပြိုင်ပွဲ တွင် မည်သူမဆို နောက်ဆုံးထွက်ရှိထားသော ထိတိုင်းထော TV ကြော်ငြာနောက်ခံ သီချင်းဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ထိတိုင်းထော Dancing Contest Facebook Page ( https://www.facebook.com/htitinehtaw/ ) သို့ ပေးပို့ရမည် ဖြစ်ပါသည်။ ပြိုင်ပွဲဝင်များအနေဖြင့် ထိတိုင်းထော TV ကြော်ငြာတွင် ပါဝင်သော ကကွက်များအတိုင်း (သို့မဟုတ်) MPT Facebook Page တွင်တင်ထားသော အကနမူနာများအတိုင်း ကပြ ပါဝင်သရုပ်ဆောင်ကာ ဗွီဒီယိုဖိုင် ရိုက်ကူး၍ မိမိတို့၏ Facebook စာမျက်နှာပေါ်တွင် တင်ပေးရမည်ဖြစ်သည်။ ထိတိုင်းထော အကဗွီဒီယိုပြိုင်ပွဲအား (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၁၆)ရက်နေ့ မှ မတ်လ (၃၁)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။
ကြည့်ရှုသူများနှင့် ပြိုင်ပွဲဝင်များ ၏ Facebook တွင် ပါရှိသော တုံ့ပြန်မှုများ (reactions ) အပေါ် မူတည်၍ အနိုင်ရရှိသူများကို ရွေးချယ်သွားမည် ဖြစ်သည်။ ပြိုင်ပွဲဝင်ထားသော ပြိုင်ပွဲဝင် ဗွီဒီယိုများထဲမှ “like”၊ “wow” နှင့် “love” တုံ့ပြန်မှုများ (reactions) အများဆုံးရရှိသူများ၊ “Shares” တုံံ့ပြန်မှု အမြင့်ဆုံး နှင့် ကလေးအကများအတွက် တုံံ့ပြန်မှု အမြင့်ဆုံးရရှိသူများကို MPT Money ငွေကျပ် (၅) သိန်းစီ ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။ ပြိုင်ပွဲဝင်ရမည့် နောက်ခံသီချင်းအား http://bit.ly/HtiTineHtawtvc တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
“ထိတိုင်းထောအကဗွီဒီယိုပြိုင်ပွဲ ကို ကျင်းပခြင်းဖြင့် နိုင်ငံတွင်းမှာ ရှိနေတဲ့ အကဝါသနာရှင်တွေရဲ့ ပါရမီတွေ ကို ထုတ်ဖော်ပြသဖို့ MPTအနေနဲ့ တစ်ဖက်တစ်လမ်းက ကူညီပေးချင်တာ ဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ အကပြိုင်ပွဲ အတွေ့အကြုံတွေ ရှိစရာမလိုဘဲ စည်းချက်တွေ အပေါ်မှာ မျောပါခံစားတတ်ရုံနဲ့ ဒီအွန်လိုင်း အကပြိုင်ပွဲက ပြိုင်ပွဲဝင်အားလုံးကို အသိအမှတ်ပြုစေမှာ ဖြစ်ပါတယ်” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က ပြောကြားခဲ့ပါသည်။
ပြိုင်ပွဲအတွက် အသက် ကန့်သတ်ချက်မရှိဘဲ မြန်မာနိုင်ငံသားဖြစ်သူ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်မည် ဖြစ်ပါသည်။ ပြိုင်ပွဲဝင်သူအနေဖြင့် အဆိုပါ ဗွီဒီယိုဖိုင်ကို မိမိ၏ ကိုယ်ပိုင် Facebook Account တွင် Hashtag (#MPTDanceContest) ဖြင့် တင်ပေးရမည်ဖြစ်ပြီး ပြိုင်ပွဲဝင်သည် အသက် ၁၃ နှစ်အောက် ဖြစ်ပါက (#MPTKidDance) ဖြင့် Public post တင်ပေးရပါမည်။ ထို့နောက် အဆိုပါ post link နှင့်အတူ ပြိုင်ပွဲဝင်၏ နာမည်၊ ဖုန်းနံပါတ်(MPT ဖုန်းနံပါတ်သာ) အပြည့်အစုံအား သတ်မှတ်ထားသော Hti Tine Htaw Dance Contest Facebook page (m.me/htitinehtaw) Messenger သို့ တိုက်ရိုက်ပေးပို့ ပြီးပြိုင်ပွဲဝင် အဖြစ် အောင်မြင်စွာ ပါဝင်နိုင်မည် ဖြစ်ပါသည်။
MPT သုံးစွဲသူများအနေဖြင့် MPT4U အက်ပလီကေးရှင်းကို Google® Play Store မှသော်လည်းကောင်း Apple® App Store မှ သော်လည်းကောင်း ဒေါင်းလုတ်ဆွဲ၍ ရယူနိုင်ပါသည်။ MPT ၏ ထုတ်ကုန်အသစ်များ နှင့် ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက ၁၀၆ သို့ ခေါ်ဆို၍ သော်လည်းကောင်း MPT ၏ တရားဝင် ဖေ့စ်ဘွတ်ခ် စာမျက်နှာ https://www.facebook.com/mptofficialpage/ သို့မဟုတ် MPT ၏ တရားဝင် ဝက်ဘ်ဆိုက် www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

“ရွှေမိုက်ခဲ” သီချင်းဆိုပြိုင်ပွဲ၏ Semi-Final အဆင့်သို့ တက်လှမ်းနိုင်ခဲ့သူ ဆန်ခါတင် ပြိုင်ပွဲဝင် (၁၂) ဦးစာရင်းကို MPT က ထုတ်ပြန်ကြေညာ

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ် မတ်လ ၁ ရက်) – ပရိသတ်များနှင့် ပြိုင်ပွဲဝင်များအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ တို့ကို ဆောင်ယူပေးသည့် “ရွှေမိုက်ခဲ” သီချင်းဆိုပြိုင်ပွဲ ၏ Semi-Final  အဆင့်သို့ တက်လှမ်းနိုင်သော ဆန်ခါတင် ပြိုင်ပွဲဝင် (၁၂) ဦးကို ယနေ့ ထုတ်ပြန်ကြေညာလိုက်ပါသည်။  ယခုပြိုင်ပွဲ၏ ပဏာမအဆင့်တွင် မြန်မာနိုင်ငံတစ်နံတစ်လျားမှ ပြိုင်ပွဲဝင် ၂,၃၀၀ ကျော်တို့က ၎င်းတို့ ရိုက်ကူး သီဆိုထားသော သီချင်းဗွီဒီယိုဖိုင်များကို ပေးပို့၍ယှဥ်ပြိုင်ခဲ့ကြပါသည်။  ယှဥ်ပြိုင်သူ များပြားလှခြင်း နှင့် အတူ အရည်အချင်းပြည့်ဝသော ပြိုင်ပွဲဝင်များစွာ ဝင်ရောက်ယှဥ်ပြိုင်ကြသည့် အတွက် ယခုပြိုင်ပွဲအတွက် ဆန်ခါတင်ပြိုင်ပွဲဝင် အရေအတွက်ကို ၁၀ ဦးအစား  ၁၂ ဦးအထိ တိုးချဲ့ ရွေးချယ်ပေးခဲ့ရပါသည်။ ယနေ့ထုတ်ပြန် ကြေညာပေးခဲ့သော ဆန်ခါတင်ပြိုင်ပွဲဝင် (၁၂) ဦးသည် နောက်ဆုံးအဆင့် သို့ ရောက်ရှိရန်အတွက်  Semi-Final  အဆင့်တွင် ဆက်လက်ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။

Semi-Final အဆင့်သို့တက်လှမ်းခွင့်ရသည့် ဆန်ခါတင် ပြိုင်ပွဲဝင် (၁) ဦး မှာ – Naw Heh Blut Say Keh KehSaw Blessing MooJa Pan Lu၊အားလင်း / သဲရာ၊ အောင်ဒင့် ၊Ai Swann၊ ရှီးရှီး၊ Nandar Shwe Yee Win၊ ဖီဆာမိုးရီ၊ ၊ နန့်ဖြိုးအိ နှင့် မိဒေဝီ တို့ဖြစ်ကြပါသည်။

တစ်မူထူးခြားဆန်းသစ်သည့် “ရွှေမိုက်ခဲ” သီချင်းဆိုပြိုင်ပွဲသည် MPT နှင့် တေးသံသာ Music App တို့ ပူးပေါင်းကာ နိုင်ငံတွင်းရှိ အဆိုပါရမီရှင်များကို ထုတ်ဖော်မြေတောင်မြှောက်ပေးရန်နှင့် အရည်အချင်း ပြည့်ဝသော အနုပညာရှင်များအဖြစ် အသက်မွေးဝမ်းကြောင်းပြုနိုင်ရန် ရည်ရွယ်၍ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်က  စတင်ခဲ့သည့် သီချင်းဆိုပြိုင်ပွဲ ဖြစ်သည်။

ဆန်ခါတင်ပြိုင်ပွဲဝင် (၁၂) ဦးသည် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၁ ရက်တွင် Northern Old Skool ၌ ကျင်းပပြုလုပ်မည့် Semi-Final အဆင့်သို့ တက်လှမ်းယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။ အဆိုပါပြိုင်ပွဲ၏ အကဲဖြတ် ဒိုင်လူကြီးများအဖြစ် မြန်မာနိုင်ငံ၏ ဂီတလောကတွင် ထင်ရှားကျော်ကြားသော အနုပညာရှင်၊ ဂီတပညာရှင်များ ဖြစ်သည့် တေးရေးမြင့်မိုးအောင်၊ ဂစ်တာပညာရှင် လီယိုနာဒ်မောင်မောင်လွင်၊ တေးသံရှင် ရေဗက္ကာဝင်း၊ တေးရေး/တေးဆို ဝေကြီး၊ တေးသံရှင် ဂျူဝယ်လ်တို့ ဖြစ်သည်။

ယခုပြိုင်ပွဲအတွက် Semi-Final နှင့် Final အဆင့်ပြိုင်ပွဲများတွင် SMS Voting စနစ်ဖြင့် မဲပေးနိုင်မည့်စနစ် ပါဝင်လာမည်ဖြစ်သည်။ SMS Voting စနစ်စတင်သည်နှင့်တစ်ပြိုင်နက် MPT သုံးစွဲသူများ အနေဖြင့် မိမိတို့ ကြိုက်နှစ်သက်ရာ ပြိုင်ပွဲဝင်များကို ထိပ်ဆုံးအဆင့်အထိ ဆက်လက်ပါဝင် ယှဉ်ပြိုင်နိုင်စေရန် 7171သို့  ပြိုင်ပွဲဝင်၏ Voting နံပါတ်ကို SMS (စာတို) ပေးပို့၍ မဲပေးနိုင်ပါသည်။ SMS (စာတို) ပေးပို့မှု အတွက် တစ်စောင်လျှင် ၁၀၀ ကျပ် ကျသင့်မည်ဖြစ်ပြီး SMS (စာတို) ပေးပို့ယှဥ်ပြိုင်နိုင်မည့်နေ့ရက်ကို MPT ၏ Facebook စာမျက်နှာတွင် တရားဝင်ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်သည်။  SMS Voting စနစ်မှ ရရှိလာသည့် မဲအရေအတွက်အလိုက် (ကျသင့်သည့်အခွန်ကိုထုတ်နုတ်ပြီး) ရရှိငွေများ အားလုံးကို သက်ဆိုင်ရာ ပြိုင်ပွဲဝင်များထံသို့ ချီးမြှင့် ပေးအပ်သွားမည်လည်း ဖြစ်ပါသည်။ ပရိသတ်များမှ မိမိတို့ ကြိုက်နှစ်သက်ရာ ပြိုင်ပွဲဝင်များအား SMS မှတစ်ဆင့် မိမိနှစ်သက်သလောက် တစ်စောင်ချင်းစီ ပေးပို့၍ မဲပေးနိုင်ပါသည်။

““ရွှေမိုက်ခဲ” သီချင်းဆိုပြိုင်ပွဲဟာ MPT သုံးစွဲသူတွေကြားမှာ အတော်လေးကို အောင်မြင်ခဲ့ပြီးတော့ အသံစစ်ဆေး ရွေးချယ်ခံရဖို့အတွက် ပြိုင်ပွဲဝင် ၂, ၃၀၀ကျော် က မိမိတို့ အသံသွင်းထားတဲ့ ဗွီဒီယိုဖိုင်တွေကို လူမှုကွန်ရက်မီဒီယာကနေတစ်ဆင့် ပေးပို့ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒီသီချင်းဆိုပြိုင်ပွဲက မြန်မာနိုင်ငံအတွင်း မှာရှိတဲ့ အဆိုပညာပါရမီရှင်တွေ ဝါသနာရှင် ရွက်ပုန်းသီးလေးတွေကို မြေတောင်မြှောက်ပေးတဲ့အပြင် တကယ်အရည်အချင်းရှိပြီး အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာဖို့အတွက် ကျွန်တော်တို့အနေနဲ့ တေးသံသာ Music App ရဲ့ ပံ့ပိုးမှုနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။  ဒီပြိုင်ပွဲမှာ ဘယ်ပြိုင်ပွဲဝင်တွေက အနိုင်ရရှိသွားပြီး အောင်မြင်တဲ့ အနုပညာရှင်ဖြစ်လာမလဲဆိုတာကို သိရှိနိုင်ဖို့အတွက် အားလုံးနဲ့အတူတူ ကျွန်တော်လည်း အထူးပဲ စိတ်လှုပ်ရှားနေမိပါတယ်” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က ပြောကြားခဲ့ပါသည်။

Semi-Final အဆင့်တွင် ရွေးချယ်ခံရသည့် ပြိုင်ပွဲဝင်(၆)ဦးသည် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် Grand Final စင်မြင့်ထက်တွင်ယှဥ်ပြိုင်ရမည်ဖြစ်ပြီး နောက်ဆုံးအဆင့် ၃ ဦးအဖြစ် မည်သူက တက်လှမ်း နိုင်မည် ဆိုသည်ကို ဆက်လက် ရွေးချယ်သွားမည်ဖြစ်သည်။ နောက်ဆုံးအဆင့် တွင် အနိုင်ရရှိသူ သည် ဆုကြေးငွေ မြန်မာကျပ် သိန်း (၇၀)၊ First Runner Up သည် ဆုကြေးငွေ မြန်မာကျပ် သိန်း (၃၀) နှင့် Second Runner Up သည် ဆုကြေးငွေ မြန်မာကျပ် (၁၀) သိန်းတို့နှင့် အတူ အနိုင်ရသူ ၃ ဦးလုံးသို့ ကိုယ်ပိုင် သီချင်းတစ်ပုဒ်စီအား တေးသံသာမှ စာချုပ်ချုပ်ဆို စီစဉ်ပေးသွားမည်ဖြစ်သည်။

“ရွှေမိုက်ခဲ” သီချင်းဆိုပြိုင်ပွဲအကြောင်း ပိုမိုသိရှိလိုပါက တေးသံသာ Music App ၏ တရားဝင် Facebook စာမျက်နှာ ဖြစ်သော https://web.facebook.com/taythantharmusic/ နှင့် ရွှေမိုက်ခဲ ၏ တရားဝင် Facebook စာမျက်နှာဖြစ်သော https://www.facebook.com/shwemickhae/ သို့ ဝင်ရောက် ကြည့်ရှု၍ သော်လည်းကောင်း၊  (၀၉) ၄၄ ၁၁၁ ၇၇၁၁ သို့ ခေါ်ဆို၍ သော်လည်းကောင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။

သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးနှင့် အမှိုက်ကင်းစင်စေရေးအတွက် MPT Money ၏ “သန့်ရှင်းခေတ်မီရှေ့သို့ချီ” နိုင်ငံတစ်ဝန်း စုပေါင်း သန့်ရှင်းရေးလှုပ်ရှားမှုများ ကို မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့ကြီးများတွင် ကျင်းပပြုလုပ်ခဲ့

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ် မတ်လ ၁၀ ရက်) – မြန်မာနိုင်ငံအတွင်း သဘာဝပတ်ဝန်းကျင်သန့်ရှင်း သာယာ လှပစေရေး အမှိုက်ကင်းစင်စေရေးအတွက် MPT Money  ၏“သန့်ရှင်းခေတ်မီရှေ့သို့ချီ” နိုင်ငံတစ်ဝန်း စုပေါင်း သန့်ရှင်းရေး လှုပ်ရှားမှုကို            မြန်မာနိုင်ငံအနှံ့အပြားရှိ   မြိုကြီးများတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါသည်။ အဆိုပါလှုပ်ရှားမှုသည် ပြည်သူများအကြား သန့်ရှင်းသာယာပြီး စိမ်းလန်းစိုပြေသော ပတ်၀န်းကျင်၏ အရေးပါမှုကို ပိုမိုသိသာထင်ရှားလာစေရန်နှင့် ဒေသခံပြည်သူများအကြားတွင် အမှိုက်စွန့်ပစ်မှု  အလေ့အထကောင်းများ တိုးပွားဖြစ်ပေါ် လာစေရန် ရည်ရွယ်၍ ဖေဖော်၀ါရီလ (၁၅) ရက်မှ စတင်ကာ မတ်လ (၇) ရက်နေ့အထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များ ရှိ ဒေသ (၁၈) ခုတို့တွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ယခုလို MPT Money ၏ “သန့်ရှင်း ခေတ်မီ ရှေ့သို့ချီ” လှုပ်ရှားမှုကို လွန်ခဲ့သည့် ဖေဖော်၀ါရီလ (၁၅) ရက်မှ စတင်ပြီး နေပြည်တော်နှင့်  မွန်ပြည်နယ် တို့တွင် လည်းကောင်း၊ ဖေဖော်ဝါရီလ (၂၂) ရက်နေ့က ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်း(အနောက်) တို့တွင်လည်းကောင်း၊ ဖေဖော်ဝါရီလ (၂၈) ရက် နေ့က ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင်လည်းကောင်း၊ ဖေဖော်ဝါရီလ (၂၉) ရက်နေ့တွင် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း(အရှေ့)၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ် နှင့် ကရင်ပြည်နယ် တို့တွင် လည်းကောင်း၊ ပြီးခဲ့သည့် မတ်လ (၂) ရက် (တနင်္လာနေ့)က ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် မတ်လ (၇) ရက် (စနေနေ့)က ချင်းပြည်နယ် တို့တွင်လည်းကောင်း အသီးသီးဆောင်ရွက်ခဲ့ကြကာ MPT မှ စေတနာရှင်၀န်ထမ်းများအနေဖြင့် MPT Money ကိုယ်စားလှယ်များ၊ အများပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဒေသခံ လူမှုအသိုက် အဝန်းများနှင့် အတူ လက်တွဲကာ နိုင်ငံတစ်ဝန်းရှိ အထင်ကရနေရာများ၊ စေတီပုထိုးများ၊ အများပြည်သူဆိုင်ရာနေရာများတွင် စုပေါင်းဆောင်ရွက် နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုလိုဆောင်ရွက်ရာတွင် ကွဲပြားသည့် အဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့ ပါဝင်နိုင်စေရေးအတွက် ဒေသအလိုက် စီစဥ်ဆောင်ရွက်ခြင်းဖြစ်ပြီး  အမှိုက်ကောက် လှုပ်ရှားမှု နှင့်အတူ သန့်ရှင်းရေးနှင့်ဆိုင်သည့် ဆောင်ပုဒ်များကို ကိုင်ဆောင်ကာ လှည့်လည်ပြီး အသိပညာများ ဖြန့်ဝေခြင်းနှင့် သန့်ရှင်းရေးကဗျာများဖြင့် ကပြခြင်းစသည့် လှုပ်ရှားမှုများကိုလည်း ဆောင်ရွက်ခဲ့ကြပါသည်။

“နိုင်ငံအနှံ့ အဓိက မြို့ကြီး ၁၈ မြို့မှာ ရှိတဲ့ ကျွန်တော်တို့ရဲ့  ဝန်ထမ်းတွေအားလုံး အတူတကွ သန့်ရှင်းရေး ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် အထူးပဲဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အခုလိုနေရာအနှံ့အပြားမှာ ကျင်းပခဲ့တဲ့ ဒီလှုပ်ရှားမှုကြီးမှာ ဝန်ထမ်းတွေနဲ့ ဒေသခံပြည်သူတွေ စုပေါင်းပြီး အင်အား ၇,၀၀၀ ကျော် ပါဝင် ဆောင်ရွက် နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ MPT Money ရဲ့ “သန့်ရှင်းခေတ်မီရှေ့သို့ချီ နိုင်ငံတစ်ဝန်း စုပေါင်းသန့်ရှင်းရေး လှုပ်ရှားမှုနဲ့အတူ လူမှုရေးအဖွဲ့အစည်းတွေ ဒေသခံပြည်သူတွေကလည်း မိမိတို့ပတ်ဝန်းကျင်နဲ့ အများပြည်သူဆိုင်ရာ နေရာတွေမှာ အခုလို ဂုဏ်ယူစွာနဲ့ ပူးပေါင်းပါဝင်ပေးခဲ့ကြတဲ့ အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်။သန့်ရှင်းခေတ်မီရှေ့သို့ချီ နိုင်ငံတစ်ဝန်း စုပေါင်းသန့်ရှင်းရေး လှုပ်ရှားမှုဟာ ဘေးကင်းလုံခြုံပြီး သန့်ရှင်းတဲ့ သဘာဝပတ်ဝန်းကျင်ကို ဖြစ်စေရေးရဲ့ အရေးပါပုံ နဲ့ လူတိုင်းမှာ တာဝန်ရှိကြောင်းကို မီးမောင်းထိုးပြရန်အတွက် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော့်အနေနဲ့ လူတိုင်းကို၊ အထူးသဖြင့် လူငယ်တွေကို၊ အမှိုက်စွန့်ပစ်ခြင်းနဲ့  ဒေသတွင်းက သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုတွေမှာ ပါဝင်ကြဖို့ တိုက်တွန်းလိုပြီး ဒါကမြန်မာနိုင်ငံကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေနိုင်ဖို့အတွက် အထောက်အပံ့ကောင်းတစ်ခု ဖြစ်စေမယ်လို့လည်း မှတ်ယူထားပါတယ် ” ဟု MPT Money Co., Ltd ၏ အုပ်ချုပ်မှုဒါရိုက်တာ ဖြစ်သူ ဦးခင်မောင်မြင့် မှ ပြောကြားခဲ့ပါသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လုပ်ဆောင်ကြရန်မှာ လူတိုင်းတွင်တာဝန်ရှိပြီး အထူးသဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယခုလို ဆောင်ရွက်နိုင်ခြင်းမှာ MPT Money သာမက သက်ဆိုင်ရာ ဒေသများအလိုက် လူမှုရေးအဖွဲ့အစည်းများ၊ စည်ပင်သာယာရေးကော်မတီများနှင့် ဒေသခံပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်ကာ ယင်းသို့ပါဝင်ခဲ့သည့်အတွက်လည်း MPT Money က ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆောင်ရွက်ခဲ့သည့် “သန့်ရှင်းခေတ်မီရှေ့သို့ချီ” စုပေါင်းသန့်ရှင်းရေး လှုပ်ရှားမှု၏ ပုံရိပ်များကို ယခုသတင်းထုတ်ပြန်ချက်နှင့်အတူ ဖော်ပြထားပါသည်။

MPT Money ၏ “သန့်ရှင်းခေတ်မီရှေ့သို့ချီ” နိုင်ငံတစ်ဝန်း စုပေါင်းသန့်ရှင်းရေး လှုပ်ရှားမှုနှင့်ပတ်သက်၍ ပိုမို သိရှိလိုပါက MPT Money ၏ တရားတင် လူမှုကွန်ရက် စာမျက်နှာ ဖြစ်သော https://www.facebook.com/MPTMoneyOfficial/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေး အစီအစဉ် (MYTDP) ၂၀၂၀မှ နည်းပညာနှင့်ဆက်စပ်သည့် လုပ်ငန်းသစ် များ မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ် မတ်လ ၃ ရက်) – မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် (MYTDP) ၂၀၂၀ ကို ယခုအခါ အောင်မြင်စွာ ကျင်းပ ပြီးဆုံးခဲ့ပြီဖြစ်ပြီး၊ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်တို့မှ နောက်ဆုံးအဆင့်အဖြစ် ရွေးချယ်ခံထားရသည့် အဖွဲ့၁၀ ဖွဲ့ အနက်မှ အဖွဲ့ (၄) ကို အကဲဖြတ်ဒိုင်အဖွဲ့မှ စိစစ်ရွေးချယ် လိုက်ပြီဖြစ်သည်။ Technopreneurship Accelerate Award နှင့် Startup Award ဆုများအတွက် ‌ရွေးချယ်ခြင်းခံရသည့် အဖွဲ့များသည် ဆုကြေးငွေ အဖြစ် ကျပ် သိန်း (၁၀၀) နှင့် ကျပ် သိန်း (၈၀) အသီးသီးရရှိခဲ့ကြပြီး၊ Technopreneurship dea Awards (၂) ဆုအတွက် ရွေးချယ်ခံရသည့် အဖွဲ့ (၂) ဖွဲ့သည် ဆုကြေးငွေကျပ် သိန်း (၃၀) အသီးသီး ရရှိခဲ့သည်။ Accelerate Award နှင့် Startup ward များ ရရှိခဲ့သည့် အဖွဲ့များသည် ဆုကြေးငွေအပြင် ထင်ရှားသော စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၏ လမ်းညွှန်ပြသမှုရရှိနိုင်မည့် အခွင့်အရေး၊ Kanaung Hub Incubation စင်တာတွင် လုပ်ငန်းခွင်နေရာကို ၆ လ ကြာ အသုံးပြုနိုင်မည့် အခွင့်အရေးနှင့် စီးပွားရေး လုပ်ငန်းသစ်အဖြစ် စတင်တည်ထောင်နိုင်ရန် ပံ့ပိုးကူညီမှု အခွင့်အရေးများကို ရရှိသွားမည် ဖြစ်သည်။

ပြိုင်ပွဲ၏ နောက်ဆုံးအဆင့် ယှဉ်ပြိုင်မှုများနှင့် အကဲဖြတ် ဒိုင်လူကြီးများက ယခုနှစ် ပြိုင်ပွဲတွင် အနိုင်ရရှိသူများကို စိစစ်ရွေးချယ်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၂၉ ရက်နေ့က ရန်ကုန်မြို့ MICT park တွင် ကျင်းပခဲ့ပါသည်။ မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေး အစီအစဉ် ၂၀၂၀ ၏ အနိုင်ရရှိသူများ အတွက် ကြေညာထားသည့် ဆုအမျိုးအစားသုံးမျိုးမှာ

ဆုအမျိုးအစားဆုကြေး‌‌အဖွဲ့/ လုပ်ငန်းလုပ်ငန်းဆောင်ရွက်ချက်
Technopreneurship 2020 Accelerate Award ဆုကျပ် သိန်း (၁၀၀)Aung Myin Online Learning PlatformAung Myin Online Learning Platform ကို mobile app မှတစ်ဆင့် access ပြုလုပ်၍ စီမံခန့်ခွဲမှုနှင့်သက်ဆိုင်သော သင်ခန်းစာများ HR, Marketing, Finance စသည့်သင်တန်းများကို ဗွီဒီယိုဖိုင် များဖြင့် လေ့လာနိုင်ပါသည်။ လူငယ်များနှင့် ဝန်ထမ်းများအတွက် မဖြစ်မနေ သိရှိထားသင့်သော soft skills များကိုလည်း လေ့လာနိုင်ပြီး ကမ္ဘာကျော်စာအုပ်ကောင်းများ၏ အနှစ်ချုပ် (summary) များကို Animation နှင့် ရှင်းပြထားသည့် ဗွီဒီယို များကိုလည်း ကြည့်ရှု နိုင်ပါသည်၊၊ လစဉ်ကြေး subscription သို့မဟုတ် course တစ်ခုချင်းအလိုက် ဝယ်ယူ၍ လေ့လာနိုင်ပြီး ယခုလက်ရှိပြည်နယ်နှင့် တိုင်းများ အသီးသီးမှ သုံးစွဲသူများ ရှိနေပြီဖြစ်သည်။
Technopreneurship 2020 Startup Award ဆုကျပ် သိန်း (၈၀)All In One Sports Appမြန်မာနိုင်ငံတွင် ဘောလုံးပြိုင်ပွဲ အများအပြား ကျင်းပပြုလုပ်နေ သော်လည်း ပွဲရလဒ်များကို ပရိသတ်များ အလွယ်တကူ ပြန်လည်ကြည့်ရှု နိုင်ရန် ကြေညာထားခြင်း၊ မှတ်တမ်း ထိန်းသိမ်း နိုင်ခြင်း မရှိသေးပေ၊၊ ထို့ကြောင့် ယခု App မှတစ်ဆင့် နိုင်ငံတကာမှ Premier League နှင့် Champions League စသည့် ပြိုင်ပွဲများ၏ ရလဒ်များကို ဖုန်းဖြင့်ကြည့်ရှုနိုင်သကဲ့သို့ မြန်မာ ပြည်တွင်းမှ ပြိုင်ပွဲများကိုလည်း ကြည့်နိုင်အောင် ဆောင်ရွက်သွားမည့် App တစ်ခုဖြစ်သည်။ ထို့အပြင် ဘောလုံး အားကစားကို အထူးစိတ်ဝင်စားသည့် ကစားသမားများ ဖွံ့ဖြိုး တိုးတက်မှု ရှိလာစေရေးအတွက် လေ့ကျင့်ရေး နည်းစနစ် ဗွီဒီယိုများ ဆောင်းပါးများနှင့် နည်းစနစ်ပိုင်း နားလည်စေရန် Law of the Games တို့ကို တစ်နေရာတည်းတွင် စုစည်း ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။
Technopreneurship 2020 Idea Award ဆုကျပ် သိန်း (၃၀)Productive Chicken Farmကြက်မွေးမြူရေးအတွက် အထောက်အကူပြုမည့် IoT (Internet of Things ) System တစ်ခု ဖြစ်သည်။ ကြက်မွေးမြူရေးအတွက် အရေးကြီး သော အပူချိန် ၊ စိုထိုင်းဆ ၊ အလင်း ၊ noise နှင့် ရေ၏ အချဉ်ဓာတ် (Acidity) တို့ကို Sensor Data များအပေါ် မူတည်၍ လိုအပ်သလို ထိန်းညှိ ပေးမည့် Product တစ်ခု ဖြစ်ပါသည်၊၊ Sensor အချက်အလက်များကို website တွင် လွယ်ကူစွာ ကြည့်နိုင်ခြင်း ကြက်စာကျွေးစနစ် ရေတိုက်သည့် စနစ်နှင့် website တွင် ကြက်စာနှင့် ကြက်ချေး မြေသြဇာ ရောင်းဝယ်သည့်စနစ်တို့ ပါဝင်သည်။
Technopreneurship 2020 Idea Award ဆုကျပ် သိန်း (၃၀)Futsal Plusမြန်မာနိုင်ငံတွင်ရှိသည့် futsal ဘောလုံးကွင်း ပိုင်ရှင်နှင့် ကစားသူများအကြား အဆင်ပြေ လွယ်ကူရန် ချိတ်ဆက်ပေးသည့် platform တစ်ခု ဖြစ်သည်။ ယခု app မှာ futsal ကစားသူ များအတွက် အချိန်ကုန်သက်သာပြီး ကွင်းများကို လွယ်လွယ် ကူကူ ငှားရမ်းနိုင်မည်ဖြစ်ကာ ယခင်ကထက် ပိုအဆင်ပြေ လွယ်ကူလာပြီး ကွင်းပိုင်ရှင်များ အနေဖြင့်လည်း လစ်လပ်နေသည့် အချိန် နည်းနိုင်သမျှ နည်းသွားမည် ဖြစ်သည်၊၊ ယခု app ကို အသုံးပြုနေသည့် futsal က စားသမား များအနေဖြင့်လည်း futsal ကို free ကစာနိုင်မည့် point များရရှိနိုင်မည် ဖြစ်သည်။ futsal ကွင်းများ များပြား လာပြီဖြစ်သဖြင့် business ပိုင်းလည်း အခိုင်အမာ ရရှိနိုင်မည် ဖြစ်သည်။

အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်က ပြိုင်ပွဲဝင်ခဲ့တဲ့အသင်းတွေအားလုံးနဲ့တကွ ဆန်ခါတင် အဆင့်ကို ရောက်ခဲ့တဲ့ အသင်းတွေအပါအဝင် ဆုရရှိကြသူတွေအတွက် ဂုဏ်ဝမ်းမြောက်မိပါတယ်။ MPT ဟာ မြန်မာနိုင်ငံရဲ့ စွန့်ဦးတီထွင်လုပ်ငန်း ‌‌‌ဂေဟစနစ် ဖွံ့ဖြိုးစေဖို့ စဥ်ဆက်မပြတ် ထောက်ပံ့ပေးလျက်ရှိပါတယ်။ ပြီးတော့ ဒီအစီအစဉ်က စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေရဲ့ အရင်းအမြစ်တွေ ဖွံဖြိုးတိုးတက်လာဖို့၊ နောင်လာမယ့် မျိုးဆက်သစ်တွေ အကျိုးကျေးဇူး ရဖို့အတွက် အရေးကြီးတဲ့ လူမှုစီးပွားရေးရာ ပြဿနာအချို့ကို ဆန်းသစ်တီထွင်တဲ့ နည်းလမ်းတွေနဲ့ အထောက်အကူပြု ဖြေရှင်းစေနိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု MPT-KSGM JO ၏ Chief Operating Officer ဖြစ်သူ Mr. Koichi Kasuya မှ ပြောကြားခဲ့သည်။

“လုပ်ငန်းတိုးချဲ့နိုင်မှုနဲ့ အဆင်အသွယ်ကောင်းများ ရရှိနိုင်‌ရေးတို့ဟာ လုပ်ငန်းသစ်တိုင်းအတွက် ကြီးမားတဲ့ စိန်ခေါ်မှုများပဲ ဖြစ်ပါတယ်။ ယခု နောက်ဆုံးအဆင့်မှာ ပါဝင်ယှဥ်ပြိုင်သွားတဲ့ အဖွဲ့များအားလုံးဟာ သူတို့ရဲ့ ဆန်းသစ်တဲ့ အကြံဥာဏ်များကို အကောင်းဆုံး ပုံဖော်နိုင်ဖို့ စိတ်ဓါတ်ပြင်းပြစွာနဲ့ ဆောင်ရွက်ခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ အနိုင်ရတဲ့ အသင်းများကို မဖြစ်မနေ ရွေးချယ်ခဲ့ရပေမဲ့ အဖွဲ့တိုင်းဟာ အနိုင်ရရှိဖို့ ထိုက်တန်တဲ့ အဆင့်ရှိ‌ကြောင်း ပြသနိုင်ခဲ့လို့ ရှေ့ဆက်သွားရမယ့် လုပ်ငန်းစဥ်တွေမှာ ထူးခြားတဲ့ အောင်မြင်မှုတွေ ရရှိမှာ သေချာပါတယ်။” ဟု မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ဥက္ကဋ္ဌဖြစ်သူ ဦမင်းဇေယျာလှိုင်မှ ပြော ကြားခဲ့သည်။

ယခုနှစ်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော အဖွဲ့ဝင်များမှာ ထူးခြားဆန်းသစ်သည့် စိတ်ကူးများဖြင့် ဖန်တီးထားသည့် စီမံချက်များကို မိတ်ဆက်ခဲ့ကြကာ အွန်လိုင်း အဝတ်လျှော် ဝန်ဆောင်မှုနှင့် စားသောက်ဆိုင်လျှော့စျေး အက်ပလီကေးရှင်းများသာမက စိတ်ပိုင်းဆိုင်ရာ ရောဂါ ခံစားနေရသည့် လူနာများအား ပေးကူညီသော ဝက်ဘ်ဆိုက် သို့မဟုတ် အွန်လိုင်းပို့ချချက် ဆိုင်ရာ ဝက်ဘ်ဆိုက်များအထိ ဆန်းသစ်သည့် တီထွင်ဖန်တီးမှု များဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။

“အခုလို ပြိုင်ပွဲမှာ အနိုင်ရရှိသူအဖြစ် ရွေးချယ်ခံရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ မယုံနိုင်စရာ အခွင့် အလမ်းတစ်ခုဖြစ်လို့ တကယ့်ကို ဇူးတင်ပါတယ်။ ဒါဟာတကယ့်ကို ကောင်းမွန်တဲ့ အတွေ့အကြုံ တစ်ခုပါပဲ။ ဒီပြိုင်ပွဲမှာ မျှော်လင့်ထားတာထက်ပိုတဲ့ အတွေ့အကြုံတွေကို ရရှိခဲ့ပါတယ်။” ဟု မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေး အစီအစဉ် (MYTDP) ၂၀၂၀ တွင်ဆု ရရှိခဲ့သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သော All in One Sport အဖွဲ့မှ သူရိန်မင်းမှ ပြောကြားခဲ့သည်။

မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် (MYTDP) ၂၀၂၀ သည် မြန်မာနိုင်ငံ၏ ပထမဆုံး နှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သော MPT က မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) တို့ ပူးပေါင်းပြီး စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းငယ်များကို မြေတောင်မြှောက်ပေးနေသည့် စီအစဥ် တစ်ခုဖြစ်သည်။ ယခုအစီအစဥ်မှတစ်ဆင့် အစွမ်းအစရှိပြီး ရည်မှန်းချက်ကြီးမားကာ ထူးခြားဆန်းသစ်သည့် အကြံဉာဏ်ကောင်းများရှိသူ လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်သစ်များကို ရှာဖွေရွေးချယ်ပြီး အကူအညီများ ပေးအပ်ကာ လူမှုစီးပွားဆိုင်ရာ န်ခေါ်မှုများကို ဖြေရှင်းခြင်းနှင့် နည်းပညာကို အသုံးပြုပြီး ပြည်သူအများ၏ နေထိုင်မှုဘဝများကို ပြောင်းလဲလာစေရန် ရည်မှန်းဆောင်ရွက်နေခြင်းဖြစ်သည်။

အသေးစိတ် အချက်အလက်များကို သိရှိလိုပါက www.mmtechnopreneurship.com နှင့် တရားဝင် လူမှုကွန်ရက်စာမျက်နှာ https://www.facebook.com/mmtechnopreneurship တို့တွင် ဝင်ရောက် ကြည့်ရှု လေ့လာနိုင်ပါသည်။