MPT က သုံးစွဲသူ အများပြည်သူတို့၏ SMS (စာတို)ပေးပို့လှူဒါန်းခြင်းအစီအစဥ်မှ ပါဝင်လှူဒါန်းခဲ့သော ငွေကျပ်သိန်း ၂၀၀ ကျော်နှင့်အတူ MPT ၏ ထပ်ဆောင်း အလှူငွေ ငွေကျပ် သိန်း ၁,၀၀၀ ကို COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လှူဒါန်း

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၉ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည်  နိုင်ငံတစ်ဝန်းရှိ COVID-19 ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် ဆက်လက်ကူညီပံ့ပိုးရန်အတွက် ဧပြီလ ၆ ရက်မှ မေလ ၁၇ ရက်အထိ ပြုလုပ်ခဲ့သည့် သုံးစွဲသူ အများပြည်သူတို့၏ SMS(စာတို) ပေးပို့လှူဒါန်းခြင်း အစီအစဥ်မှတစ်ဆင့် စေတနာထက်သန်စွာ ပါဝင်လှူဒါန်းခဲ့သော ငွေကျပ် (၂၀, ၆၉၁, ၅၀၀) နှင့်အတူ MPT ၏ ထပ်ဆောင်းအလှူအဖြစ်   ငွေကျပ် သိန်း ၁,၀၀၀  ကို လှူဒါန်းခဲ့ပါသည်။ ယခုကဲ့သို့ခက်ခဲသောအချိန်များတွင် မြန်မာပြည်နှင့် အတူရှိနေမည့် MPT ဆိုသည့် ဆောင်ပုဒ်နှင့်အညီ MPT သည် သုံးစွဲသူ မြန်မာပြည်သူများအတွက် ဆက်သွယ်ရေးဝန်ဆောင်မှုများ စဥ်ဆက်မပြတ်ပေးအပ်နေချိန်တွင် အဆိုပါလှူဒါန်းမှုသည် နိုင်ငံတစ်ဝန်းရှိ COVID-19 ကူးစက်ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးတွင် များစွာ အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။.

ယနေ့လှူဒါန်းမှုသည် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ပေးအပ်လှူဒါန်းခြင်းဖြစ်ပြီး လှူဒါန်းငွေများကို မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်အတွက် လုပ်ငန်းလည်ပတ်မှုများ တိုးတက်ခိုင်မာစေရန်နှင့် ရှေ့တန်းမှတာဝန်ထမ်းဆောင် နေကြသော ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကို အားဖြည့်ကူညီပေးရန်အတွက် တစ်ကိုယ်ရည်သုံး ကာကွယ်ရေးပစ္စည်း (PPE)၊ နှာခေါင်းစည်းများ၊ အသက်ရှူကိရိယာများနှင့် လေသန့်စက်များ၊ ဆေးဘက်ဆိုင်ရာသုံး ပစ္စည်းကိရိယာများ ဝယ်ယူခြင်းအပါအဝင်  လက်ရှိဆောင်ရွက်နေသော လုပ်ငန်းစဥ်များတွင်  အသုံးပြုနိုင်ရန် ဖြစ်သည်။

MPT သည် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များ  ဆောင်ရွက်ရာတွင် လိုအပ်သည့် အထောက်အပံ့ပစ္စည်းများ နှင့် ပစ္စည်းကိရိယာများအတွက် ငွေကြေးလှူဒါန်းခြင်းအပြင် အဆိုပါ လုပ်ငန်းစဥ်များတွင် အသုံးပြုနိုင်ရန် နိုင်ငံတစ်ဝန်းရှိ ဆက်သွယ်ရေးဆိုင်ရာ အထောက်အပံ့ကောင်းများအဖြစ် ဖောင်ကြီး COVID-19 Medical Center အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အသွားအလာကန့်သတ် ဆောင်ရွက်ထားသောနေရာများသို့ ဖိုင်ဘာအင်တာနက် အခမဲ့ ချိတ်ဆက်ပေးခြင်းနှင့် အော်တိုတယ်လီဖုန်းလိုင်းများကိုလည်း တပ်ဆင်ဆောင်ရွက် ပေးခဲ့ပါသည်။  ထို့အပြင် MPT သည် သတင်းအချက်အလက်များကြည့်ရူနိုင်မည့် ဝက်ဘ်ဆိုက် (၆)ခုသို့ဒေတာ အသုံးပြုမှု အခမဲ့ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ခြင်း၊ ‘စောစောရှာ’ အက်ပ်ကို ဒေတာအခမဲ့ဖြင့် အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ သုံးစွဲသူများအတွက် ဒေတာအပိုဆုများ နှင့် ဖုန်းခေါ်ဆိုခွင့် အထူးအစီအစဉ်များ ဆောင်ရွက်ပေးခြင်း၊ SMS (စာတို)ပေးပို့လှူဒါန်းခြင်း အစီအစဥ်၊ အသွားအလာ ကန့်သတ်ထားသော နေရာများသို့ ဆင်းမ်ကတ်များ လှူဒါန်းခြင်း၊  COVID-19 ရောဂါဆိုင်ရာ ပညာပေးစာတို (SMS) ပေးပို့ခြင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူများ ၊ COVID-19 ဆိုင်ရာ မေးမြန်းခြင်းဌာနနှင့် နိုင်ငံတစ်ဝန်းမှ COVID-19 ဆိုင်ရာ နှစ်သိမ့်ဆွေးနွေးအစီအစဉ်အတွက် ဖုန်းလိုင်းများသို့ အခမဲ့ ဖုန်းခေါ်ဆိုနိုင်ရန်စီစဉ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ ပြီးဖြစ်ပါသည်၊၊

“မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွေကို  ဆက်လက်လုပ်ဆောင် နေပြီး ကျွန်တော်တို့အနေနဲ့လည်း အစိုးရအဖွဲ့အစည်းတွေ၊ ဆေးရုံတွေ၊ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်တွေကို ကူညီပံ့ပိုးဖို့အတွက် အလေးပေးဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေနဲ့ သူတို့နေထိုင်ရာ လူမှုအသိုင်းအဝိုင်းအပေါ်ကို ထိရောက်တဲ့ အကျိုးသက်ရောက်မှု ဖြစ်စေတဲ့ လုပ်ငန်းတွေမှာလည်း ကျွန်တော်တို့ ဆက်လက်ပံ့ပိုးပေးလျက်ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ ပံ့ပိုးမှုတွေဟာ COVID-19ကြောင့် ထိခိုက်ခံရသူတွေအတွက် အကျိုးသက်ရောက် စေမယ့်အပြင် သုံးစွဲသူ အများပြည်သူတို့ရဲ့ SMS(စာတို) ပေးပို့လှူဒါန်းခြင်း အစီအစဥ်ကနေတစ်ဆင့် လူတစ်ဦးတစ်ယောက်ချင်းကစပြီး  ဒီဗိုင်းရပ်စ်ပိုးကို တစ်နိုင်ငံလုံး အတူတကွ တက်ညီလက်ညီနဲ့ တိုက်ဖျက် နေတယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တာပဲဖြစ်ပါတယ်။” ဟု MPT ၏ ဦးဆောင်ညွှန်ကြားရေးမှူး (MPT-KSGM Joint Operations ၏ အမှုဆောင်အရာရှိချုပ်) ဖြစ်သူ ဦးခင်မောင်ထွန်း မှ ပြောကြားခဲ့သည်။

တာဝန်သိ ပြည်တွင်းမှ ဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ်သည့် MPT သည် အစိုးရအဖွဲ့အစည်းများ၊ စီးပွားရေးမိတ်ဖက် အဖွဲ့အစည်းများနှင့် ပစ္စည်းထောက်ပံ့ပေးသွင်းသူများနှင့်အတူ ပူးပေါင်းဆောင်ရွက် လျက်ရှိပြီး MPT သုံးစွဲသူများနှင့် လူမှုအသိုက်အဝန်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆက်လက်လုပ်ဆောင်လျက်ရှိရာ  COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်းစဥ်များတွင် ရှေ့တန်းမှ ဆောင်ရွက်နေသူများအတွက် အားဖြည့်ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ MPT အနေဖြင့် မိမိတို့၏ ဌာနများအားလုံးကို လုံခြုံစိတ်ချရသော လုပ်ငန်းလည်ပတ်မှုများဖြင့်  စဉ်ဆက်မပြတ် ဆက်လက် လုပ်ဆောင်နိုင်ရန်နှင့် MPT အမှတ်တံဆိပ်ဆိုင်များ၊ အွန်လိုင်းမှ ဝန်ဆောင်မှုများနှင့် Call Center များတွင် သုံးစွဲသူများအတွက် ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်လာစေရန် ဌာနတွင်းမူဝါဒများနှင့် လုပ်ထုံးလုပ်နည်း များကိုလည်း အဆင့်မြှင့်တင်ထားပါသည်။

MPT သုံးစွဲသူများအနေဖြင့် မိုဘိုင်းလ်ဖုန်းကို အသုံးပြုခြင်းဖြင့် မိမိတို့၏ ဝန်ဆောင်မှုများ၊ အကောင့်များကို MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ပါသည်။ အသေးစိတ် ထပ်မံသိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ခေါ်ဆို၍သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာ ဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအား ပြောင်းလဲပါမည်

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၇ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့်ပြောင်းလဲတပ်ဆင်ပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လက်ရှိအသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်များဖြင့် အောက်ပါအတိုင်းပြောင်းလဲသွားမည် ဖြစ်ပါသည်။

နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။

 

နယ်မြေအိတ်ချိန်းMigration စတင်ပြုလုပ်

မည့် ရက်စွဲ

လက်ရှိအသုံးပြုနေသော ဖုန်းနံပါတ်အသစ်ပြောင်းလဲ

မည့်

ဖုန်းနံပါတ်

တနင်္သာရီ

တိုင်းဒေသကြီး

တနင်္သာရီ အိတ်ချိန်း၀၈-၀၆-၂၀၂၀၀၅၉-၅၅xxx၀၅၉-၄၇၅၅xxx
ဧရာဝတီ

တိုင်းဒေသကြီး

မော်လမြိုင်ကျွန်း အိတ်ချိန်း၃၀-၀၆-၂၀၂၀၀၄၂-၅၀xxx၀၄၂-၂၀၅၀xxx
မြန်အောင် အိတ်ချိန်း၃၀-၀၆-၂၀၂၀၀၄၄-၅၀xxx၀၄၄-၂၀၅၀xxx
ဒေးဒရဲ အိတ်ချိန်း၃၀-၀၆-၂၀၂၀၀၄၅-၅၆xxx၀၄၅-၂၀၅၆xxx
ရေကြည် အိတ်ချိန်း၃၀-၀၆-၂၀၂၀၀၄၆-၅၂xxx၀၄၅-၂၂၅၂xxx
ပဲခူးတိုင်းဒေသကြီး (အရှေ့)အုတ်တွင်း အိတ်ချိန်း၃၀-၀၆-၂၀၂၀၀၅၄-၄၆xxx၀၅၄-၂၈၄၆xxx
မြို့လှ အိတ်ချိန်း၃၀-၀၆-၂၀၂၀၀၅၄-၇၂xxx၀၅၄-၂၈၇၂xxx
ပဲခူးတိုင်းဒေသကြီး (အနောက်)အုန်းသျှစ်ပင်

အိတ်ချိန်း

၃၀-၀၆-၂၀၂၀၀၅၃-၄၂xxx၀၅၃-၂၀၄၂xxx
စစ်ကိုင်း

တိုင်းဒေသကြီး

ဘုတလင် အိတ်ချိန်း၃၀-၀၆-၂၀၂၀၀၇၁-၅၀xxx၀၇၁-၂၀၅၀xxx
အရာတော်အိတ်ချိန်း၃၀-၀၆-၂၀၂၀၀၇၁-၆၅xxx၀၇၁-၂၀၆၅xxx
အင်းတော်

အိတ်ချိန်း

၃၀-၀၆-၂၀၂၀၀၇၅-၂၉xxx၀၇၅-၂၀၂၉xxx
ခင်ဦး

အိတ်ချိန်း

၃၀-၀၆-၂၀၂၀၀၇၅-၇၀xxx၀၇၅-၂၀၇၀xxx
ရန်ကုန်

တိုင်းဒေသကြီး

ဒလ အိတ်ချိန်း၃၀-၀၆-၂၀၂၀၀၁-၂၆၉xxx၀၁-၈၂၆၉xxx

MPT Money က COVID-19 တားဆီးကာကွယ်ရေး ဆောင်ရွက်နေကြသည့် လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အစိုးရ အဖွဲ့အစည်းများအတွက် ငွေကြေး၀န်ဆောင်မှုများကို ဝန်ဆောင်ခ အခမဲ့ဖြင့် ဆောင်ရွက်ပေးမည်

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၇ ရက်) – မြန်မာနိုင်ငံတွင် အယုံကြည်ရဆုံး ဒီဂျစ်တယ် ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သည့် MPT Money သည် နိုင်ငံတစ်၀န်း ကိုရိုနာဗိုင်းရပ်စ်(COVID-19) ရောဂါအား ကာကွယ်ရေးအတွက်  ထောက်ပံ့ကူညီနေသည့် အစိုးရအဖွဲ့အစည်းများ၊ လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) များအတွက် ငွေကြေး၀န်ဆောင်မှုများကို ဝန်ဆောင်ခ ကောက်ခံခြင်းမရှိဘဲ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ယနေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများနှင့် လူမှုအသိုက်အဝန်း တစ်ခုလုံးသည် လတ်တလောတွင် ဖြစ်ပွားနေသော COVID-19 ကြောင့် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရပြီး ယခုကဲ့သို့သော ခက်ခဲသည့် အချိန်ကာလတွင် MPT Money အနေဖြင့် မြန်မာပြည်သူလူထုနှင့် အတူတကွ ရပ်တည်လျက်ရှိပြီး အထပ်ပါ အဖွဲ့အစည်းများသို့ အလှူရှင်များနှင့် သုံးစွဲသူမိဘပြည်သူများမှ ငွေလွှဲခြင်း၊ ငွေကြေးရန်ပုံငွေများနှင့် အလှူငွေများ လှူဒါန်းရာတွင် ဝန်ဆောင်ခ ကောက်ခံခြင်း မရှိဘဲ ငွေပေးချေနိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်သည်။COVID-19 ရောဂါပြန့်ပွားခြင်းကို ထိန်းချုပ်တားဆီးရန်အတွက် ချမှတ်လုပ်ဆောင်နေသည့် တင်းကျပ်သည့် စည်းကမ်းကန့်သတ်ချက်များကြောင့် နိုင်ငံတော်၏ စီးပွားရေးလည်ပတ်မှု ယန္တရားကို ကြီးမားစွာ ထိခိုက်စေ ခဲ့ပြီး အထူးသဖြင့် ဝင်ငွေနည်းပါးသော မိသားစုများစွာမှာ ကြီးမားသည့် ဝင်ငွေဆုံးရှုံးမှုများနှင့် ရှိနေပြီး အခက်အခဲများနှင့် ကြုံတွေ့နေရသည်။ MPT သည် တာဝန်သိ ပြည်တွင်း အဖွဲ့အစည်းကြီး တစ်ခုအနေဖြင့် မြန်မာနိုင်ငံအစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်နှင့် လိုက်လျောညီထွေရှိသည့် အကူအညီများကို သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ထောက်ပံ့ကူညီပေးပြီး COVID-19 ၏ သက်ရောက်မှုဒဏ်ကို ခံရသော ရှေ့တန်းမှ လုပ်သားများ၊ ထိခိုက်ဆုံးရှုံးမှုများသော အိမ်ထောင်စုများနှင့် လူမှုအသိုက်အဝန်းများကို ပံ့ပိုးကူညီ ဆောင်ရွက်လျက် ရှိပါသည်။“MPT Money ဟာ အလျင်အမြန် တိုးတက်နေတဲ့ မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှု ပလက်ဖောင်းတစ်ခု ဖြစ်တာနဲ့ အညီ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ COVID-19 တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ  ဆက်လက်ပါ ဝင်ပံ့ပိုးနေပါပြီး လူမှုအဖွဲ့အစည်းတွေအနေနဲ့ ဝန်ဆောင်ခကျသင့်ခြင်းမရှိဘဲ မြန်မြန်ဆန်ဆန်နဲ့ လုံခြုံစိတ်ချစွာနဲ့ ငွေပေးချေဆောင်ရွက်မှု လိုအပ်နေသူတွေကို  အသုံးပြုနိုင်စေဖို့  ထောက်ပံ့လုပ်ဆောင်ပေး နေတာဖြစ်ပါတယ်။ ကျွန်တော်တို့ MPT Money ဝန်ဆောင်မှုက မြန်မာ ပြည်သူ၊ ပြည်သားတွေအနေနဲ့ မိမိတို့နေအိမ်တွင်းမှာနေထိုင်စဥ်မှာပဲ  ငွေကြေးကိစ္စရပ်တွေကို လက်လှမ်းမီထိန်းချုပ်နိုင်ပြီး ငွေပေးချေမှု တွေကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်စေမှာ ဖြစ်ပါတယ်” ဟု MPT Money ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာ ဖြစ်သူ ဦးခင်မောင်မြင့် မှ ပြောကြားခဲ့သည်။COVID-19 ရောဂါအခြေအနေများကြောင့် ပြည်သူအများအပြားသည် မိမိတို့၏ နေအိမ်တွင် နေထိုင်ရစဉ် ကာလအတွင်း ငွေပေးချေမှုများ၊ လုပ်ခလစာနှင့်ပင်စင်ဝန်ဆောင်မှုများ၊ Mobile Wallet ဖြင့် ငွေပေးချေခြင်းများ၊ ငွေလွှဲဝန်ဆောင်မှုများ၊ ငွေတောင်းခံလွှာများပေးချေခြင်းနှင့် ဖုန်းလက်ကျန်ငွေ ဖြည့်သွင်းခြင်းများစသည့် MPT Money ၏ မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုများသည် အသုံးပြုသူများအတွက် လိုအပ်သော ရန်ပုံငွေများကို ချက်ချင်းလက်ငင်း ရယူသုံးစွဲနိုင်ပြီး၊ ၎င်းတို့၏ငွေကြေးများကို လုံခြုံစိတ်ချ အဆင်ပြေစွာ စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။ MPT Money သည် နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၂၇၈ ခုမှ ကိုယ်စားလှယ် ဆိုင်ပေါင်း ၂၇,၀၀၀ ကျော်ရှိသည့် ကွန်ရက်မှတစ်ဆင့် ငွေကြေးဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိသော မြန်မာနိုင်ငံ၏ အယုံကြည်ရဆုံးနှင့် အမြန်ဆုံး ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်း ဖြစ်ပါသည်။

MPT Money နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များပိုမိုသိရှိလိုပါက ၉၉၀ သို့ ဆက်သွယ်ခေါ်ဆိုနိုင်ပြီး MPT Money ၏ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာ ဖြစ်သည့် https://web.facebook.com/MPTMoneyOfficial သို့လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Payment Through Bank Channel MM

Payment  Channel အသစ်ဆိုတာဘာလဲ

MPT မှ FTTH ဘေလ်အပါအဝင် အခြား လိုင်းဖုန်းဘေလ်များ , ADSL , postpaid (အသုံးပြုပြီးမှပေးဆောင်ရသော) mobile phone ဘေလ်များအားလုံး ဘေလ်ပေးဆောင်ခြင်းလုပ်ငန်းများကို လက်ရှိပေးဆောင်နေသော TRA counter ၊ MEB online payment၊ CB၊ KBZ BANK,  AYA Bank  နှင့် MPT မှသတ်မှတ်ထားသော တယ်လီဖုန်းဌာန များတွင်သာမက MEB နှင့် ချိတ်ဆက်ထားသော CITY MART၊ JUNCTION၊ OCEAN၊ ABC CONVENIENCE  STORE ၊  SUPERONE၊ MYANMA APEX BANK ၊ UNITED LIVING MALL စသည့် ဈေးဝယ်စင်တာများမှတဆင့်လည်း လွယ်ကူစွာ ငွေပေးချေနိုင်ပါသည်။

MPT Pay မှတဆင့် ငွေပေးချေခြင်း
MPT Pay အကောင့် မှတ်ပုံတင်ရန် နှင့် ငွေပေးချေခြင်း အသေးစိတ်How to Register –
Click Here
How to Cash-in to MPT Pay –
Click Here
MPT Bill Payment –
Click Here
MPT PAY APPကို Android မှ ဒေါင်းလုဒ်လုပ်ရန်။
MPT PAY APPကို IOS မှ ဒေါင်းလုဒ်လုပ်ရန်။
ငွေပေးချေမှု ပြုလုပ်နိုင်သော Bank Channel များ
KBZAny KBZ bank branch over the counter and through mobile banking
KBZ mobile banking user guide, please [ Link ]
AYAAny AYA bank branch over the counter and through mobile banking
AYA mobile banking user guide, please [ Link ]
CBAny CB bank branch over the counter and though CB Pay/mobile banking
CB Pay/mobile banking user guide, please [ Link ]

Mobile banking ဖြင့်ပေးဆောင်ရန်

Mobile/Internet banking ကနေငွေပေးချေရန်အတွက် မိမိပေးချေလိုသောသက်ဆိုင်ရာဘဏ်များတွင် ဘဏ်စာရင်းရှိပြီး Mobile/Internet Banking အကောင့်ချိတ်ဆက်ထားရန်လိုအပ်ပါသည်။

Note:

  • ဘဏ်များနှင့် mobile banking မှ ငွေပေးချေမှုပြုလုပ်ရန် ထပ်ဆောင်း ဝန်ဆောင်ခပေးဆောင်ရန်မလိုပါ။
  • MEB နှင့် ချိတ်ဆက်ထားသော ဆိုင်များနှင့် ဈေးဝယ်စင်တာများတွင်ငွေပေးချေရာတွင် သက်မှတ်ထားသောဝန်ဆောင်ခနှုန်းထားများ ပေးဆောင်ရန်လိုအပ်ပါသည်။
ငွေပေးချေမှုပြူလုပ်နိုင်သော ဈေးဝယ်စင်တာများ
AKK BRANCHCITY MART SHWE MYA YARMEB BRANCH(5) YANGON
AUNG SATKYAR CO. LTD.City Mart Shwe Pin LonMEB Magway
City Mart 19th Street MDYCity Mart South DagonMEB Mawlamyaing
CITY MART 47TH STREETCity Mart Sule SquareMEB NAYPYITAW
CITY MART AUNG SANCITY MART THAMINEMEB Pathein
City Mart AyarwonCity Mart WaizayandaMEGA MOBILE SERVICE 1
CITY MART CHINATOWN POINTCITY MART YANKINMYANMA APEX BANK  YANGON
CITY MART FMICITY MART ZAWANAMYANMA APEX BANK MANDALAY
CITY MART GOLDEN VALLEYFANCY HOUSEMYANMAR BANNER
City Mart HAGL GroupGEOCOMP MYANMAROCEAN 73
City Mart HladenGOOD FRIENDOCEAN SHWE GON DINE
CITY MART HOLDINGInternet Wallet MyanmarSAVING BRANCH(3) YANGON
CITY MART JUNCTION – 8JUNCTION NaypyitawShopping Mall Myanmar
CITY MART JUNCTION MAWTINJUNCTION SQUARESIBIN BANK NAYPYITAW
CITY MART MYAYNIGONEKYAUK MYAUNG MARTSIBIN BANK YANGON
CITY MART OCEAN NORTH POINTMEB BRANCH (2)YANGONSUPERONE KYAIK KA SAN
CITY MART OCEAN PAZUNDAUNGMEB BRANCH(1) MANDALAYSUPERONE SHWE BON THAR
City Mart PinLon SittaungMEB BRANCH(1) YANGONUNITED LIVING MALL 1
City Mart Pyay 6.5MEB BRANCH(2) MANDALAY
ငွေပေးချေမှု ပြုလုပ်နိုင်သော MPT TRA ကောင်တာများ
MPT Branded Shop & TRAs Shop listPlease see the detail
https://www.mpt.com.mm/en/mpt-dome-pyan-shop-list/
MPT Top up Card မှတဆင့် ငွေပေးချေခြင်း
MPT ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် ရဲ့လစဉ်ကြေး ငွေပေးချေခြင်းများ နှင့် Postpaid လစဉ်ကျသင့်ငွေတောင်းခံလွှာများအား ဖုန်းလက်ကျန်ငွေ မှဖြစ်စေ (Prepaid SIM) (သို့) ဖုန်းငွေဖြည့်ကတ်ဖြင့် ဖြစ်စေ (Prepaid/Postpaid SIM) များဖြင့် MPT GSM မိုလ်ဘိုင်းဖုန်းအား အသုံးပြုပြီး ငွေပေးချေနိုင်ပါသည်။
Top-up မှတဆင့်ငွေဖြည့်သွင်းနည်းကို စစ်ဆေးပါ။*258# အားနှိပ်၍ သုံးစွဲသူလမ်းညွှန်ချက်နှင့်အညီ ငွေပေးချေပါ။
Top-up မှတဆင့် ငွေဖြည့်သွင်းနည်းအသေးစိတ်ကို စစ်ဆေးပါ။CLICK HERE
https://www.mpt.com.mm/en/home/support/topup-payment-for-postpaid-service/

ပေးချေနိုင်သောဘေလ်အမျိုးအစားများ

  • လိုင်းဖုန်းဘေလ်များ
  • ADSL
  • FTTH and postpaid
  • အသုံးပြုပြီးမှပေးဆောင်ရသော Mobile phone ဘေလ်များအားလုံး

ဘေလ်ပေးဆောင်ရန်လိုအပ်သည့်အချက်အလတ်များ

  •  MEB နှင့် ချိတ်ဆက်ထားသော ဆိုင်များနှင့် ဈေးဝယ်စင်တာများတွင်ငွေပေးချေရန်အတွက် ငွေတောင်းခံလွာ မူရင်း သို့ မိတ္တူ၊ လက်ငင်းငွေသား ရန်လိုအပ်ပါသည်။
  •  ဘဏ်ကောင်တာမှတဆင့် ငွေပေးချေရန်အတွက် ငွေတောင်းခံလွာ မူရင်း သို့ မိတ္တူ၊ လက်ငင်းငွေသား နှင့် cheque ဖြင့်ပေးဆောင်မည်ဆိုပါက သက်ဆိုင်ရာဘဏ်များ၏ ချက်လက်မှတ်များယူဆောင်လာရန်လိုအပ်ပါသည်။
  • Mobile/Internet banking မှတဆင့် ငွေပေးချေရန်အတွက် KBZ ၊ AYA နဲ့ CB ဘဏ်များတွင် ဘဏ်စာရင်းရှိပြီး Mobile/Internet Banking အကောင့်ချိတ်ဆက်ထားရန်လိုအပ်ပါသည်။

Data Promotions


Mobile Legends

Mobile Legends ဂိမ်း ဝါသနာရှင်တို့အတွက် အစီအစဉ်တစ်ခုကို MPT မှ မိတ်ဆက်ပေးလိုက်ပါပြီ။


Daily Data Pack

လူတိုင်းအတွက် ပိုအဆင်ပြေပြီး သုံးပျော်တဲ့ data packs

More Data Promotions →

မေးခွန်းများ

၁။ ငွေပေးချေမှုအား ပြင်ပသို့ထွက်ခွာပေးသွင်းစရာမလိုပဲ ပေးသွင်းချင်ပါတယ် ။ဘယ်လိုလုပ်ရမလဲ။

သုံးစွဲသူအနေဖြင့် Mobile Banking ကနေတဆင့်ပေးသွင်းနိုင်ပါသည်။ သုံးစွဲသူအနေဖြင့် KBZ or CB bank အကောင့်တခုခုရှိရမည်ဖြစ်ပြီး ၎င်းအကောင့်များကိုလည်း ဘဏ်အ‌ကောင့် စာရင်းပေး သွင်းပြီးသား ဖြစ်ရပါမည်။ လိုအပ်သော အသေးစိတ်အချက်အလက်များအား သက်ဆိုင်ရာ ဘဏ်မှ လမ်းညွှန်ဆောင်ရွက်ပေးပါမည်။

အကယ်၍ KBZ or CB bank အကောင့်ရှိပြီးသားဖြစ်ပါက

၂။ ကျွန်တော်/ကျွန်မမှာ KBZ or CB Mobile Banking အကောင့်မရှိပါ။ ကျွန်တော်/ကျွန်မ ၏ ဘေအားဘယ်မှာ သွင်းနိုင်ပါမလဲ။

သုံးစွဲသူအနေဖြင့် နီးစပ်ရာ MPT ငွေသွင်းကောင်တာများ၊ စာတိုက်များ၊ KBZ ဘဏ်များ၊ CB ဘဏ်များ နှင့် Myanmar Economic Bank (MEB)၏ ကိုယ်စားလှယ်များဖြစ်သော CITY MARTများ၊ JUNCTION များ၊ OCEAN များ၊ SUPERONE များ၊ MYANMA APEX BANK၊ UNITED LIVING MALL များနှင့် အခြား MEB ၏ ကိုယ်စားလှယ် စျေးဆိုင်များတွင်လည်း လွယ်ကူလျင်မြန်စွာ ဘေအတွက် ငွေပေးချေနိုင်ပါသည်။

၃။ ငွေပေးချေရန် ဘာတွေလိုအပ်သလဲ။

(ငွေစက္ကူဖြင့်ပေးချေခြင်း)

သုံးစွဲသူအနေဖြင့် ဘေစာရင်းဘောင်ချာစာရွက် ယူဆောင်သွားရန် နှင့် KBZ or CB bank များတွင် ချက် (သို့) ငွေစက္ကူဖြင့်ပေးဆောင်နိုင်ပါသည်။

(Mobile Banking ဖြင့်ပေးချေခြင်း)

သုံးစွဲသူအနေဖြင့် Mobile Banking ဖြင့်ပေးချေလိုပါက လူကြီးမင်း၏ သုံးစွဲသူနံပါတ်၊ ဘောင်ချာနံပါတ် နှင့် ကျသင့်ငွေပမာနအား ထည့်သွင်းပေးရမည်ဖြစ်ပါသည်။ ဘဏ်နှင့်သက်ဆိုင်သော အခြားအချက်အလက်များလည်း ထည့်သွင်းရနိုင်ပါသည်။

၄။ ငွေလွဲခ အနေဖြင့် ထပ်မံပေးဆောင်ရန် လိုအပ်ပါသလား။

သုံးစွဲသူအနေဖြင့် နီးစပ်ရာ MPT ငွေသွင်းကောင်တာများ၊ စာတိုက်များ၊ KBZ ဘဏ်များ၊ CB ဘဏ်များ တွင်ပေးချေပါက ငွေလွဲခ ပေးဆောင်ရန်မလိုအပ်ပါ။

Myanmar Economic Bank (MEB)၏ ကိုယ်စားလှယ်များဖြစ်သော CITY MARTများ၊ JUNCTION များ၊ OCEAN များ၊ SUPERONE များ၊ MYANMA APEX BANK၊ UNITED LIVING MALL များနှင့် အခြား MEB ၏ ကိုယ်စားလှယ် စျေးဆိုင်များမှ ပေးချေပါက ၂၀၀-၅၀၀ ကျပ်ကျသင့်မည်ဖြစ်ပါသည်။

၅။ သုံးစွဲသူအတွက် အခြားတစ်ဦးဦးက ကိုယ်စားအ‌နေဖြင့် ငွေပေးချေမှုအား ပြုလုပ်နိုင်ပါသလား။

ပေးချေနိုင်ပါသည်။ လိုအပ်သော ဘောင်ချာစာရွက် (သို့) soft copy ယူဆောင်သွားပြီး နီးစပ်ရာ ဘဏ်များတွင် ကိုယ်စားပေးချေ နိုင်ပါသည်။

၆။ ဘေအတွက် ငွေပေးချေရာတွင် ငွေကြေးပမာန လွဲမှားပေးဆောင်မိပါက ဘယ်လိုလုပ်ရမလဲ။

အကယ်၍ ဘောင်ချာတွင်ပေးချေရမည့် ငွေပမာနထက် ပိုမိုပေးဆောင်မိပါက ၎င်းပိုလျှံနေသော ငွေပမာနအား နောက်လစာ ဘေတွင် လျော့တွက်ပေးသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ နောက်လစာ ဘေတွင် သတ်မှတ်ငွေပမာနထက် လျော့နည်းပြီး ငွေပေးချေနိုင်မည်ဖြစ်ပါသည်။

အကယ်၍ ဘောင်ချာတွင်ပေးချေရမည့် ငွေပမာနထက် လျော့နည်းပြီး ငွေပေးဆောင်ပါက လိုအပ်နေသော ပမာနအား ပေးဆောင်ရန် MPT မှ တူညီသော ဘောင်ချာနံပါတ်ဖြင့် တောင်းခံလွှာ လက်ခံရရှိနိုင်ပြီး ၎ဘောင်ချာကိုလည်း ဆက်လက်ပေးဆောင်ရန် အနေဖြင့် သတ်မှတ်ထားပြီး သတ်မှတ်ရက်အတွင်း ပေးဆောင်ခြင်း မရှိပါက ကျသင့်ငွေပမာနအား ပေးဆောင်ပြီးသည့်အချိန်အထိ လိုင်းယာယီ ပြတ်တောက်နိုင်ပါသည်။

MPT မှ အိမ်တွင်နေထိုင်စဉ်ကာလအတွင်း ကျန်းမာရွှင်လန်းတက်ကြွသော လူနေမှုဘဝပုံစံအတွက် စိတ်ဓာတ်ခွန်အားမြင့်တက်လာစေရန် ရည်ရွယ်ပြီး “MPT Freestyle Football Challenge” ဗွီဒီယိုပြိုင်ပွဲကို မိတ်ဆက်

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၁ရက်) MPT သည် မိတ်ဖက်အဖွဲ့အစည်းဖြစ်သော မြန်မာနေရှင်နယ်လိဂ် (MNL) နှင့် ပူးပေါင်း၍ မြန်မာ့ဘောလုံးဝါသနာရှင်များ အိမ်တွင်နေထိုင်စဉ်ကာလအတွင်း မိမိတို့၏ ဘောလုံးစွမ်းရည်များကို ပြသနိုင်သည့် “MPT Freestyle Football Challenge ” အွန်လိုင်းဗွီဒီယိုပြိုင်ပွဲကို မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်ကြေညာလိုက်သည်။ ပျော်ရွှင်စရာကောင်းသည့် “MPT Freestyle Football Challenge” အွန်လိုင်းဗွီဒီယိုပြိုင်ပွဲကို လတ်တလောတွင်ဖြစ်ပွားနေသည့် COVID-19 အချိန်ကာလအတွင်း ကျန်းမာရွှင်လန်းတက်ကြွသော လူနေမှုဘဝပုံစံအတွက် စိတ်ဓာတ်ခွန်အား မြင့်တက်လာစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ဘောလုံးကစားခြင်းကို ကြိုက်နှစ်သက်သည့် မြန်မာနိုင်ငံသားတိုင်း ပျော်ရွှင်စရာကောင်းသည့် အွန်လိုင်းဗွီဒီယို ပြိုင်ပွဲကိုပါဝင်နိုင်ပြီး ပြိုင်ပွဲဝင်များသည် ၎င်းတို့၏ဘောလုံးစွမ်းရည်ကို (နမူနာဗွီဒီယိုတွင် ပြသထားသည့် အတိုင်း) ရိုက်ကူးထားသော ယှဉ်ပြိုင်ကစားမှုဗွီဒီယိုကို MPT ၏  ပြိုင်ပွဲပေါ်တယ်ဝက်ဘ်ဆိုက် ဖြစ်သည့် http://mptfreestylefootball.com/ (မေလ ၂၂ ရက်၊ နေ့လည် ၁၂ နာရီတွင် စတင်အသုံးပြုနိုင်မည်။) တွင် တင်ကာ ယှဉ်ပြိုင်ခြင်းဖြင့် ဆုလက်ဆောင်များကို ရရှိခံစားနိုင်မည် ဖြစ်သည်။ ယှဥ်ပြိုင်သည့် ဗွီဒီယို သတ်မှတ် အချိန်သည် အနည်းဆုံး စက္ကန့် ၃၀ နှင့် အများဆုံး ၃ မိနစ်အထိ ရှိရမည် ဖြစ်သည်။

 

ပြိုင်ပွဲဝင်များသည် ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၃ ရက်မှစတင်ကာ MPT ဆင်းမ်ကတ်နှင့် သက်ဆိုင်ရာ ကိုယ်ရေးအချက်အလက်များကို ဖြည့်သွင်း၍ ပြိုင်ပွဲဝင် ဗွီဒီယိုကို  ပြိုင်ပွဲပေါ်တယ်ဝက်ဘ်ဆိုက်သို့ တင်ရမည် ဖြစ်သည်။အရည်အချင်းပြည့်ဝသော ပြိုင်ပွဲဝင်ဗွီဒီယိုများကို ရွေးချယ်နိုင်ရန်အတွက် ပြိုင်ပွဲဝင်များသည် ဗွီဒီယိုကို ပြိုင်ပွဲပေါ်တယ်ဝက်ဘ်ဆိုက်တွင် တင်ထားသော ဗွီဒီယိုကို မိမိ၏ ကိုယ်ပိုင် ဖေ့စ်ဘွတ်ခ်အကောင့် တွင် Hashtag(#MPTFreestyleFootballChallenge) ဖြင့် Public post တင်ရမည် ဖြစ်သည်။

COVID-19 ကူးစက်ရောဂါအခြေအနေကြောင့် အားကစားလှုပ်ရှားမှုတွေကိုလည်း နိုင်ငံအနှံ့ ဆိုင်းငံ့ထားရပြီး လူအများစု ကတော့ ကိုယ့်အိမ်ထဲမှာပဲ လေ့ကျင့်လုပ်ကိုင်နေကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အိမ်မှာနေရစဉ်ကာလအတွင်း ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာကို ကျန်းမာသန်စွမ်းပြီး တက်ကြွနေစေဖို့ ထိန်းသိမ်းထားရန်လိုအပ်ပါတယ်။ အခု ဆောင်ရွက်လိုက်တဲ့MPT  Freestyle Football Challengeအွန်လိုင်းဗွီဒီယိုပြိုင်ပွဲက လူတိုင်းကိုကိုယ်လက်လှုပ်ရှားမှုတွေ လိုက်လုပ်နိုင်စေဖို့  ရည်ရွယ်ထား တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲက ပျော်ရွှင်စရာကောင်းပြီး ကိုယ့်ကိုယ်ကိုစိန်ခေါ်တဲ့အနေနဲ့ မိမိတို့ရဲ့ ဘောလုံး စွမ်းရည်တွေကို ပြသနိုင်တဲ့အပြင် နာမည်ကြီးဘောလုံးကစားသမားတွေရဲ့ အကဲဖြတ်အကြံ ပေးမှုတွေကို ခံယူရင်း ဆုတွေလည်း ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်” ဟု MPT-KSGM JO ၏ Chief Commercial Officer ဖြစ်သူ Mr.Tetsunori Nagashima က ပြောကြားခဲ့သည်။

ပြိုင်ပွဲပေါ်တယ်ဝက်ဘ်ဆိုက်တွင် အစောဆုံး ယှဉ်ပြိုင်ကစားမှုဗွီဒီယိုတင်ကာဝင်ရောက်ယှဉ်ပြိုင်သူ အယောက် (၂၀) အနေဖြင့်  နာမည်ကြီး ဘောလုံးကစားသမားများ၏ အမှတ်တရ လက်မှတ်ရေးထိုးပေးထားသည့် ဘောလုံးကို အထူး Early Bird ဆုလက်ဆောင်အဖြစ် ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

ထို့အပြင် ပြိုင်ပွဲတွင်အနိုင်ရရှိမည့် ပြိုင်ပွဲဝင် (၂၀)ဦး​​ကို အားပေးသူပရိသတ်များ၏ မဲပေးမှု ၅၀ ရာခိုင်နှုန်း နှင့် နာမည်ကြီး ဘောလုံးအားကစားသမားဖြစ်သော မျိုးလှိုင်ဝင်း၊ စိုးမြတ်မင်းနှင့် သီဟစည်သူတို့ပါဝင်သော အကဲဖြတ်ဒိုင်များအဖွဲ့၏ ဆုံးဖြတ်ချက်များမှ မဲပေးမှု ၅၀ ရာခိုင်နှုန်း တို့အပေါ် အခြေခံ၍ ရွေးချယ်သွား မည်ဖြစ်သည်။ ထို့ကြောင့် ဘောလုံးပရိသတ်များအားလုံးကို မိမိတို့၏အကြိုက်ဆုံး ပြိုင်ပွဲဝင်များနှင့် ဗွီဒီယိုများအား မဲပေးနိုင်ရန်အတွက် ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်အကောင့်ကိုအသုံးပြု၍ ပြိုင်ပွဲပေါ်တယ်၀က်ဘ်ဆိုက် သို့ဝင်ရောက် ရန် ဖိတ်ခေါ် လိုက်ပါသည်။ပထမဆုဆွတ်ခူးမည့် အနိုင်ရရှိသူပြိုင်ပွဲဝင်ကို ငွေကျပ် ၃၀၀,၀၀၀ ချီးမြှင့်မည်ဖြစ်ပြီး ဒုတိယဆုနှင့်တတိယဆု ရရှိသူများကို ငွေကျပ် ၂၀၀,၀၀၀ နှင့် ၁၀၀,၀၀၀ ကျပ် အသီးသီး ချီးမြှင့်သွားမည်ဖြစ်သည်။ ကျန်ရှိသော အခြားပြိုင်ပွဲဝင် (၁၇) ဦးအနေဖြင့် နှစ်သိမ့်ဆု ငွေကျပ် ၅၀,၀၀၀ စီအား ရရှိမည်ဖြစ်ပြီး ဆုငွေများအားလုံးကို MPT Money application မှတစ်ဆင့် ပေးအပ်ချီးမြှင့်သွားမည် ဖြစ်သည်။

ပါဝင်ယှဉ်ပြိုင်လိုသူများသည် မိမိတို့၏ယှဉ်ပြိုင်ကစားမှုဗွီဒီယိုဖိုင်များကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၂ ရက်အထိ တင်သွင်းနိုင်မည်ဖြစ်ပြီး အနိုင်ရရှိသူများကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၉ ရက်တွင် ကြေညာပေးသွားမည် ဖြစ်သည်။ အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်သည့် MPT သုံးစွဲသူများအားလုံးအနေဖြင့် မိမိ၏ ယှဥ်ပြိုင်ကစားမှုဗွီဒီယို တင်ခြင်းအတွက် အခမဲ့ဖြစ်ပြီး ပြိုင်ပွဲ၏ စည်းမျဥ်း စည်းကမ်းများကို https://www.mpt.com.mm/en/home/promotion/mpt-free-style-football/ (မေလ ၂၂ ရက်၊ နေ့လည် ၁၂ နာရီတွင် စတင်အသုံးပြုနိုင်မည်။) တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT သည် လူငယ်များအတွက် ဘောလုံးပွဲများ၊ တက္ကသိုလ်ဘောလုံးပြိုင်ပွဲများနှင့် မြန်မာနိုင်ငံရှိ ဘောလုံးအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားသည့် အခြားလှုပ်ရှားမှုများ ဦးဆောင်ပြု လုပ်နိုင်ရန် နှင့် မြန်မာပြည်သူများအကြား ကျန်းမာသန်စွမ်းပြီး တက်ကြွသော လူနေမှုဘဝကို မြှင့်တင်ပေးနိုင်ရန်အတွက် ၂၀၁၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့်  မြန်မာနေရှင်နယ်လိဂ် (MNL) တို့အား အားပေးကူညီထောက်ပံ့ဆောင်ရွက်လျက်ရှိပါသည်။

အသေးစိတ်အချက်အလက်များထပ်မံသိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ခေါ်ဆို၍သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက် ဖြစ်သော www.mpt.com.mm  သို့မဟုတ် MPT ၏ တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအား ပြောင်းလဲပါမည်

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၄ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့်ပြောင်းလဲတပ်ဆင်ပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လက်ရှိအသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်များဖြင့် ၂၀၂၀ ပြည့်နှစ်၊ မေလ (၃၁) ရက် တွင်စတင်ပြောင်းလဲသွားမည် ဖြစ်ပါသည်။

နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ သြဂုတ်လ (၃၁) ရက်အထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။

နယ်မြေအိတ်ချိန်းလက်ရှိအသုံးပြုနေသော ဖုန်းနံပါတ်အသစ်ပြောင်းလဲမည့်

ဖုန်းနံပါတ်

ဧရာဝတီတိုင်းဒေသကြီးကျိုက်လတ် အိတ်ချိန်း၀၄၅-၄၈xxx၀၄၅-၂၀၄၈xxx
ကျုံပျော် အိတ်ချိန်း၀၄၆-၅၆xxx၀၄၆-၂၂၅၆xxx
ကျုံမငေး အိတ်ချိန်း၀၄၂-၆၅xxx၀၄၂-၂၀၆၅xxx
ဇလွန် အိတ်ချိန်း၀၄၄-၃၅xxx၀၄၄-၂၀၃၅xxx
ပဲခူးတိုင်းဒေသကြီး

(အနောက်)

အုတ်ဖို အိတ်ချိန်း၀၅၃-၈၀xxx၀၅၃-၂၀၈၀xxx
ပန်းတောင်း အိတ်ချိန်း၀၅၃-၄၀xxx၀၅၃-၂၀၄၀xxx
ပေါင်းတလည် အိတ်ချိန်း၀၅၃-၄၉xxx၀၅၃-၂၀၄၉xxx
မကွေးတိုင်းဒေသကြီးကံမ (ပခုက္ကူ) အိတ်ချိန်း၀၆၂-၆၀xxx၀၆၂-၂၀၆၀xxx
မင်းတုန်း အိတ်ချိန်း၀၆၈-၄၀xxx၀၆၈-၂၀၄၀xxx
ဆိပ်ဖြူ အိတ်ချိန်း၀၆၁-၃၀xxx၀၆၁-၂၂၃၀xxx
မွန်ပြည်နယ်ကျိုက်မရော အိတ်ချိန်း၀၅၇-၈၆xxx၀၅၇-၂၀၈၆xxx
တောင်စွန်း အိတ်ချိန်း၀၅၇-၆၆xxx၀၅၇-၂၀၆၆xxx
စစ်ကိုင်းတိုင်းဒေသကြီးပုလဲ အိတ်ချိန်း၀၇၁-၃၅xxx၀၇၁-၂၀၃၅xxx
ကျွန်းလှ အိတ်ချိန်း၀၇၅-၅၉xxx၀၇၅-၂၀၅၉xxx
ရန်ကုန်တိုင်းဒေသကြီးလေးထောင့်ကန် အိတ်ချိန်း၀၁-၅၉၉xxx၀၁-၇၅၉၉xxx

MPT Money မှ လွယ်ကူ လုံခြုံစိတ်ချရသောငွေပေးချေမှုများအတွက် “ဒီဂျစ်တယ် ငွေပေးချေမှု” ဝန်ဆောင်မှုကို မိတ်ဆက်

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ မေလ ၈ ရက်) – မြန်မာနိုင်ငံတွင် အယုံကြည်ရဆုံး ဒီဂျစ်တယ် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သည့် MPT Money သည် လူမှုအဖွဲ့အစည်းကို ထောက်ပံ့ကူညီနိုင်စေရန် မိုဘိုင်းလ်ဖုန်းမှ တစ်ဆင့် မြန်ဆန်၊ လွယ်ကူ စိတ်ချရသော ငွေသားကိုင်တွယ်သုံးစွဲဖို့မလိုတဲ့ “ဒီဂျစ်တယ် ငွေပေးချေမှု”’ ဝန်ဆောင်မှုကို မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန် ကြေညာလိုက်သည်။ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါဖြစ်ပွားနေမှု အခြေအနေကြောင့် မိမိတို့နေအိမ်မှပင် ငွေပေးချေမှုများကို လွယ်ကူလျင်မြန်စွာနှင့် လုံခြုံစွာ ပြုလုပ်နိုင်စေရန် ရည်ရွယ်၍ အဆိုပါဝန်ဆောင်မှုအသစ်ကို မိတ်ဆက်လိုက်ခြင်းဖြစ်သည်။

“ဒီဂျစ်တယ်ငွေပေးချေမှု” ဝန်ဆောင်မှု အသုံးပြုသူများအနေဖြင့် ငွေပေးချေမှုများကို အမျိုးမျိုးသော ဝန်ဆောင်မှုများ၊ စာရင်းသွင်းဝန်ဆောင်မှုနှင့် ကိုယ်စားလှယ်ဆိုင်များ၊ ကေဘယ်လ်တီဗီ အင်တာနက် ဝန်ဆောင်မှု အတွက် ငွေပေးချေခြင်း နှင့် Steam® Wallet သို့ငွေဖြည့်ခြင်း အပါအဝင် အခြားသော ဝန်ဆောင်မှုများကို လွယ်ကူစွာပြုလုပ်နိုင်မည်ဖြစ်သည်။

MPT Money သည် နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၂၈၀ ကျော်မှ ကိုယ်စားလှယ်ဆိုင်ပေါင်း ၂၇,၀၀၀ ကျော်ရှိသည့် ကိုယ်စားလှယ်ကွန်ရက်မှတစ်ဆင့် ငွေကြေးဝန်ဆောင်မှုများကို ပေးအပ်လျက် ရှိပြီး Mobile Wallet ဝန်ဆောင်မှု၊ ငွေလွှဲခြင်း၊ ဖုန်းဘေလ်ဖြည့်ခြင်းနှင့် ဒေတာပက်ကေ့ချ်များ ဝယ်ယူနိုင်ခြင်း၊စျေးဝယ်ရာ၌ ငွေပေးချေနိုင်ခြင်း၊ မိမိအကောင့်ထဲမှ ငွေသားကို MPT Money ကိုယ်စားလှယ်ဆိုင်များနှင့် CB Bank ATM စက်များတွင် ငွေသွင်းငွေထုတ် ပြုလုပ်နိုင်ခြင်း စသည့် ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများ ကို ပေးအပ်လျက်ရှိပါသည်။

MPT Money အက်ပလီကေးရှင်း ကို မည်သည့် မိုဘိုင်းလ်ကွန်ရက်ဖြင့် မဆို အသုံးပြုနိုင်ပါသည်။ Android အသုံးပြုသူများအနေဖြင့် MPT Money အက်ပလီကေးရှင်းကို http://bit.ly/MPTMoneyAndroid နှင့် iOS အသုံးပြုသူများအနေဖြင့် http://bit.ly/MPTMoney_iOS မှ download ရယူ၍ “ ဒီဂျစ်တယ် ငွေပေးချေမှု” ဝန်ဆောင်မှုမှ ပေးသော စိတ်လှုပ်ရှားဖွယ်ကောင်းသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်သည်။
COVID-19 အခက်အခဲကာလအတွင်း MPT Money သည် စိတ်လှုပ်ရှားဖွယ်ရာ အကျိုးခံစားခွင့်များနှင့် ကမ်းလှမ်းမှုများကို သုံးစွဲသူများထံသို့ ဝန်ဆောင်မှုများ ပေးသွားမည် ဖြစ်သည်။
MPT Money အသုံးပြုသူများအနေဖြင့် MPT ဆင်းမ်ကတ်များကို ငွေဖြည့်သွင်းရာတွင် ပြန်အမ်းငွေ ၁၀ ရာခိုင်နှုန်း နှင့် အခြားဆင်းမ်ကတ်များကို ငွေဖြည့်သွင်း ရာတွင် ပြန်အမ်းငွေ ၃ ရာခိုင်နှုန်းကို E-money အဖြစ် (သတ်မှတ်ထားသည့်ပမာဏအတွင်း) မေလ ၃၁ ရက်အထိ ရရှိခံစားနိုင်မည် ဖြစ်သည်။
ထို့အပြင် စျေးဆိုင်များ၌ ငွေပေးချေမှုပြုလုပ်ရာတွင် တစ်ပတ်လျှင် ၅၀,၀၀၀ ကျပ် အထိ ဝယ်ယူမှုတိုင်းအတွက် ပြန်အမ်းငွေ ၁၀ ရာခိုင်နှုန်းကို MPT Money အသုံးပြုသူများအတွက် မေလ ၃၁ ရက်အထိ ပြန်လည်ပေးအပ်သွားမည်။
“ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကို ချဲ့ထွင်ဖို့ ဆက်လက်ကြိုးစားနေသလို MPT Money ဟာအခုဆိုရင် မြန်မာနိုင်ငံမှာ အယုံကြည်ရဆုံးနဲ့ အပြည့်စုံဆုံး ဒီဂျစ်တယ်ငွေလွှဲဝန်ဆောင်မှုတစ်ခုအဖြစ် လူသိများပြီးလာပြီလို့ ဆိုရမှာပဲဖြစ်ပါတယ်။ အထူးသဖြင့် အခုလို ခက်ခဲတဲ့အချိန်တွေမှာ ငွေကြေး သုံးစွဲသူတွေရဲ့ ဘဝကို ပိုမိုလွယ်ကူစေဖို့ လုပ်ဆောင်ရ လွယ်ကူပြီး အပြည့်အဝ လုံခြုံစိတ်ချရတဲ့ “ဒီဂျစ်တယ် ငွေပေးချေမှု” ဝန်ဆောင်မှုကို မိတ်ဆက်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငွေရေးကြေးရေး ကဏ္ဍမှာ အထောက်အကူပြုနိုင်ဖို့အတွက် ဆက်လက်လုပ်ဆောင်ရင်း MPT Money ဟာ သုံးစွဲသူတွေကို အကောင်းဆုံး ဒီဂျစ်တယ် ငွေကြေးဝန်ဆောင်မှု နဲ့ မိုဘိုင်းလ်ငွေပေးချေမှု အတွေ့အကြုံကောင်းတွေ ပေးအပ်သွားဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်” ဟု MPT Money ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာ ဖြစ်သူ ဦးခင်မောင်မြင့်မှ ပြောကြားခဲ့သည်။

MPT Money သည် ၎င်း၏ Lucky Draw အစီအစဉ်မှ ကံထူးရှင်များကို ၂၀၂၀ ပြည့်နှစ် မေလ ၄ ရက်နေ့ က ကြေညာပေးခဲ့ပြီးဖြစ်သည်။ Grand Prize ဆုကြီး ငွေကျပ် ၁၀ သိန်းကံထူးရှင်နှင့် ငွေကျပ် ၁ သောင်းကံထူးရှင်များကို ရွေးချယ်ခဲ့ပြီး MPT Money မှတစ်ဆင့် ကံထူးရှင်များဆီသို့ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်သည်။ MPT Money ၏ Lucky Draw အစီအစဉ် ကံထူးရှင် ကြေညာချက်ကို https://www.facebook.com/MPTMoneyOfficial တွင် ကြည့်ရှုနိုင်ပါသည်။
MPT Money နှင့် ပတ်သက်၍ အချက်အလက်များပိုမိုသိရှိလိုပါက ၉၉၀ သို့ ဆက်သွယ်ခေါ်ဆိုနိုင်ခြင်း (သို့မဟုတ်) MPT Money Official Facebook Page www.facebook.com/MPTMoneyOfficial သို့လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT သုံးစွဲသူများအနေဖြင့် ယာယီအထွက်ခေါ်ဆိုမှုပိတ်သွားသည့် ဆင်းမ်ကတ်များကို အချက်အလက်များ မှန်ကန်စွာ စာရင်းသွင်းမှတ်ပုံတင်ခြင်းဖြင့် ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်မည်

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ မေ ရက်) – တိကျမှန်ကန်သော ကိုယ်ရေး သတင်းအချက်အလက်များဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို လုပ်ဆောင်ရန် နောက်ဆုံးသတ်မှတ်ရက် ကျော်လွန်သွားသော MPT သုံးစွဲသူများအနေဖြင့် ယာယီအထွက်ခေါ်ဆိုမှုပိတ်သွားသည့် ဆင်းမ်ကတ်များသည် ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းအတွက် MPT4U အက်ပလီကေးရှင်းအသုံးပြုခြင်း (သို့မဟုတ်) MPT ၏ Customer Self-care ဝက်ဘ်ဆိုက် (သို့မဟုတ်) Call Center ၁၀၆ သို့ ဖုန်းခေါ်ဆိုခြင်းမှလွဲ၍ အထွက်ဖုန်းခေါ်ဆိုခြင်း၊ SMS စာတိုပို့ခြင်း၊ ဒေတာအသုံးပြုမှုနှင့်  အခြားသော MPT ၏ဝန်ဆောင်မှုများကို အသုံးပြုနိုင်မည်မဟုတ်ပါ။

 

သို့သော် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) ၏ ညွှန်ကြားချက်များအရ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း နောက်ဆုံးသတ်မှတ်ရက် ကျော်လွန်သွားသော MPT သုံးစွဲသူများအနေဖြင့် ယာယီအထွက် ခေါ်ဆိုမှုပိတ်သွားသော မိမိဆင်းမ်ကတ်များအတွက် အချက်အလက် မှန်ကန်စွာ စာရင်းသွင်းမှတ်ပုံတင် ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၃၀ ရက်အတွင်းပြု လုပ်နိုင်မည်ဖြစ်သည်။

ယာယီအထွက်ခေါ်ဆိုမှုပိတ်သွားသည့်  MPT သုံးစွဲသူများအနေဖြင့် မိမိတို့၏ ဆင်းမ်ကတ်များကို မှတ်ပုံတင်ရာတွင် မိမိတို့ အိမ်မှာနေ၍ အဆင်ပြေလွယ်ကူသောနည်းလမ်းများဖြစ်သည့် *601# သို့ ဖုန်းခေါ်ဆိုခြင်း (သို့မဟုတ်) MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် (သို့မဟုတ်) MPT ၏ Customer Self-care ဝက်ဘ်ဆိုက်ဖြစ်သည့် http://care.mpt.com.mm တို့ကိုအသုံးပြု၍ အဆင်ပြေလွယ်ကူစွာ စာရင်းသွင်း မှတ်ပုံတင်ခြင်းကို ပြုလုပ်နိုင်မည်ဖြစ်သည်။

MPT သုံးစွဲသူများသည် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို MPT Ownshop များ၊ MPT Branded Shop များ၊  တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ MPT ရုံးများ (သို့မဟုတ်) အခြားသော MPT အရောင်းဆိုင်များသို့ သွားရောက်၍ ပြုလုပ်နိုင်ပါသည်။MPT သုံးစွဲသူများသည် မိမိတို့၏ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို လုပ်ဆောင်ရာတွင် ဆင်းမ်ကတ် ကိုင်ဆောင်သူ၏  တရားဝင်အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားဓါတ်ပုံ တို့နဲ့အတူ (နိုင်ငံခြားသားများအတွက် နိုင်ငံကူးလက်မှတ် Passport နဲ့ Passport ဓါတ်ပုံ)တို့ဖြင့် တိကျမှန်ကန်စွာဖြည့်သွင်းရန်လိုအပ်ပါသည်။ MPT ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းအားအောင်မြင်စွာ လုပ်ဆောင်ပြီးနောက် မိနစ် ၃၀ ခန့်အကြာတွင် ဆင်းမ်ကတ်ကို ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်မည် ဖြစ်သည်။

MPT ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။