MPT က သုံးစွဲသူများအတွက် ဒေတာနှစ်ဆရမည့် “Super Double Data Pack” ပရိုမိုးရှင်းအစီအစဉ်ကို မိတ်ဆက်

(ရန်ကုန်၊ ၂ဝ၂ဝ ပြည့်နှစ်၊ ဇူလိုင်လ ၂၄ ရက်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် သုံးစွဲသူများ ပိုမိုအဆင်ပြေစေရန်အတွက် ထူးခြားဆန်းသစ်၍ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ကောင်းသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါသည်။ MPT ၏ ဒေတာများကို အစဉ်တစိုက် သုံးစွဲသူများ အားလုံးအတွက် အင်တာနက်ဒေတာပက်ကေ့ချ်များ ဝယ်ယူခြင်းဖြင့် ဒေတာနှစ်ဆ ရရှိနိုင်မည့် “စူပါဒေတာနှစ်ဆ ပက်ကေ့ချ်” ပရိုမိုးရှင်းအစီအစဉ်ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ယနေ့ထုတ်ပြန် ကြေညာလိုက်သည်။

MPT အနေဖြင့် ၎င်း၏ ထုတ်ကုန်များနှင့် ၀န်ဆောင်မှုများ၏ အကျိုးကျေးဇူးများကိုသုံးစွဲသူများ ရရှိခံစားနိုင်ရန်အတွက် မြန်မာနိုင်ငံ၏  အစွန်အဖျား ဒေသများအထိ ကွန်ရက်ဖြန့်ကျက်ထားကာ နိုင်ငံလူဦးရေ၏ ၉၆ရာခိုင်နှုန်း ကျော် ကို လွှမ်းခြုံထားသော အကျယ်ပြန့်ဆုံး၊ အလျင်မြန်ဆုံး နှင့် ယုံကြည်စိတ်ချရသည့် ဆက်သွယ်ရေး ကွန်ရက်ကို တည်ထောင်ထားပြီးဖြစ်ပါသည်။ ပက်ကေ့ချ်တစ်ခုအတွက်သာ တန်ဖိုးကျသင့်ပြီး ထပ်ဆောင်းကုန်ကျမှုမရှိဘဲ ဒေတာနှစ်ဆ ရရှိနိုင်မည့် “Super Double Data Pack” ၏ အကျိုးခံစားခွင့်ကို ရယူထားခြင်းအားဖြင့် MPT အသုံးပြုသူများသည် အင်တာနက်ကြည့်ရှုခြင်း၊ အွန်လိုင်းဂိမ်းကစားခြင်း၊ ရုပ်ရှင်တိုက်ရိုက်ကြည့်ရှုခြင်းများအပြင် လူမှုရေး ကွန်ရက်များမှ မိမိတို့၏ မိသားစု၊ သူငယ်ချင်းများနှင့် အချိန်နာရီများစွာ ပိုမိုအဆက်အသွယ်မပြတ် ရှိနေနိုင်မည် ဖြစ်သည်။

“ကျွန်တော်တို့ MPT အနေနဲ့ အသုံးပြုသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေနဲ့ ဝန်ဆောင်မှုတွေ ပေးစွမ်းနိုင်ဖို့ စဉ်ဆက်မပြတ် ဆန်းသစ်တီထွင် ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ရဲ့  ဒေတာပက်ကေ့ချ် အသစ်တွေက သုံးစွဲသူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ မိုဘိုင်းလ်အင်တာနက်ကို အသုံးပြုရာမှာ အဆင်ပြေစေဖို့ စျေးနှုန်းချိုသာမှုကို အလေးထားပြီး ပြန်လည်လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ မိုဘိုင်းလ်ဖုန်းအသုံးပြုသူ တွေအနေနဲ့ MPT ရဲ့ မြန်နှုန်းမြင့်ကွန်ရက်တွေက တစ်ဆင့် မိမိတို့ရဲ့ ဒီဂျစ်တယ်လူမှုဘဝတွေကို ပိုပြီးပြည့်စုံကောင်းမွန် စေနိုင်တယ်ဆိုတာ သိနိုင်ပါတယ်။ ဒေတာအပိုနှစ်ဆ ထပ်ဆောင်းပေးမယ့် “Super Double Data Pack” ကို ရယူထားမယ်ဆိုရင် သုံးစွဲသူတွေက မိမိတို့ ကြိုက်နှစ်သက်တဲ့ ဖျော်ဖြေရေး အစီအစဉ်တွေကို အွန်လိုင်းကနေ ကြည့်ရှုနိုင်ခြင်း၊ မိုဘိုင်းလ်ဂိမ်းကစားခြင်း နဲ့ ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေကို ကိုယ့်ရဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူတူ ပိုမိုမျှဝေခံစားနိုင်မှာ ဖြစ်ပါတယ်”ဟု MPT-KSGM JO မှ စီးပွားရေးဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori Nagashima မှ ပြောကြားခဲ့ပါသည်။

MPT မှ ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ် ရယူထားသော ကြိုတင်ငွေဖြည့်စနစ်သုံးနှင့်  အသုံးပြုပြီးမှ ပေးချေသည့် စနစ်သုံး GSM/WCDMA   ဝန်ဆောင်မှု ရယူထားသူမျာအားလုံးသည် “Super Double Data Pack” ပက်ကေ့ချ်များကို ဝယ်ယူနိုင်ပါသည်။ Base Tariff အသုံးပြုသူများသည် ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ်များကို ပြောင်းလဲ အသုံးပြုပြီး “Super Double Data Pack” ကို ဝယ်ယူနိုင်ပါသည်။

အသုံးပြုသူများအနေဖြင့် ပက်ကေ့ချ်များဝယ်ယူရာတွင် အကန့်အသတ်မရှိ အကြိမ်အရေအတွက် အများအပြား ဝယ်ယူနိုင်ပါသည်။ ပက်ကေ့ချ်၏  မူလဒေတာ သက်တမ်းမှာ ရက် (၃၀) ဖြစ်ပြီး သက်တမ်း ကုန်ဆုံးပြီး (၇) ရက်အတွင်း ဒေတာပက်ကေ့ချ် အသစ် ထပ်မံဝယ်ယူပါက အသုံးပြုရန် ကျန်ရှိနေသော မူလဒေတာ ပမာဏကို ထပ်မံဝယ်ယူသော ပက်ကေ့ချ်၏ နောက်ဆုံးသက်တမ်းအထိ ပေါင်းစည်းအသုံးပြုနိုင်ပါသည်။ “Super Bonus Data” (အထူးအပိုဆောင်းဒေတာ)၏ သက်တမ်းမှာ (၇)ရက် ဖြစ်ပြီး ထိုကာလအတွင်း Package အသစ်ထပ်မံ ဝယ်ယူပါက Super Bonus Data အချင်းချင်း၏ ဒေတာပမာဏကို ပေါင်းစည်း အသုံးပြုနိုင်မည် ဖြစ်သည်။

နှုန်းထား

(ကုန်သွယ်ခွန်ပါပြီး)

မူလ ဒေတာ ပမာဏ (MB) 

မူလဒေတာ အသုံးပြုခွင့် သက်တမ်း
(
ရက်များ)

 

အထူးအပိုဆောင်း ဒေတာများ (MB)

 

အထူးအပိုဆောင်း ဒေတာများ အသုံးပြုခွင့် သက်တမ်း
(ရက်များ)

 

ဝယ်ယူရန် USSD

၉၉၈ကျပ်၉၀၅၃၀-ရက်
[သက်တမ်းကုန်ဆုံးပြီး ၇-ရက်အတွင်း ဒေတာသယ်ဆောင်ခွင့်ရှိသည်]
 

၉၀၅

၇-ရက်

[၇-ရက်အတွင်း ထပ်မံဝယ်ယူပါက Bonus ဒေတာ အချင်းချင်း ပေါင်းစည်း အသုံးပြုနိုင်ပါသည်)

 

*888*1#

၁,၉၉၈ကျပ်၁၉၉၈ 

၁၉၉၈

 

*888*2#

၄,၉၉၈ကျပ်၄၉၉၈ 

၄၉၉၈

 

*888*3#

၉,၉၉၈ကျပ်၉၉၉၈ 

၉၉၉၈

 

*888*4#

 

MPT အသုံးပြုသူများသည် “Super Double-Data Package” ပရိုမိုးရှင်း၏ မူလဒေတာပမာဏ လက်ကျန်များ၊ အထူးအပိုဆောင်းဒေတာများ နှင့် အသုံးပြုခွင့်ရရှိသည့် နောက်ဆုံးသက်တမ်းကို MPT4U App သို့မဟုတ် *224# သို့ ခေါ်ဆို၍စစ်ဆေးသိရှိနိုင်ပါသည်။

“Super Double-Data Package” ပရိုမိုးရှင်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင် ပါသည်။

တရားမဝင်ကြိုတင်မှတ်ပုံတင်ထားသော ဆင်းမ်ကတ်များ ရောင်းချခြင်းနှင့် ဝယ်ယူခြင်းများကြောင့် အကျိုးသက်ရောက်မှုများရှိလာနိုင်

(ရန်ကုန်၊ ၂ဝ၂ဝ ပြည့်နှစ်၊ ဇူလိုင်လ ၂၁ ရက်) – ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) သည် တရားမဝင် ကြိုတင်စာရင်းသွင်းမှတ်ပုံတင်ထားသော ဆင်းမ်ကတ်များ ပြန်လည်ရောင်းချခြင်းနှင့်ပတ်သက်၍ တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားကာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ MPT အနေဖြင့် မိမိတို့ တန်ဖိုးထားရသော သုံးစွဲသူများသို့ တိကျမှန်ကန်သော ကိုယ်ရေးအချက်အလက်များနှင့် ခိုင်လုံသော အထောက်အထားများ ဖြည့်သွင်းခြင်းနှင့် မှတ်ပုံတင်ထားခြင်းမရှိသော ဆင်းမ်ကတ်များအား ရောင်းချထားခြင်း မရှိကြောင်းသေချာစေရန် “မှန်ကန်ကြောင်းအတည်ပြုပြီးမှသာ သုံးစွဲနိုင်မည့်အနေအထားသို့ ရောက်ရှိနိုင်သည့်နည်းစနစ်” ကို အလေးအနက်ထား လုပ်ဆောင်လျက်ရှိပါသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) ၏ စည်းမျဉ်းစည်းကမ်းများအရ ဆက်သွယ်ရေးအော်ပရေတာများ အနေဖြင့် ၎င်းတို့မှ သတ်မှတ်ထားသော အရောင်းဆိုင်များတွင်သာ ဆင်းမ်ကတ်အသစ်များ ရောင်းချခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သတ်မှတ်ဖော်ပြထားပါသည်။ သုံးစွဲသူများအား ရောင်းချသူများထံမှ ကြိုတင် မှတ်ပုံတင်ထားသော ဆင်းမ်ကတ်များကို ဝယ်ယူသုံးစွဲခြင်းမှလည်း တားမြစ်ကန့်သတ်ထားပါသည်။ MPT ၏ အရောင်းကိုယ်စားလှယ်များအနေဖြင့် မည်သည့်အခြေအနေတွင်မဆို ဆင်မ်းကတ်များကို မှတ်ပုံတင်မပြုဘဲ ရောင်းချခြင်းမပြုရန် သို့မဟုတ် ကြိုတင်မှတ်ပုံတင်ထားသော ဆင်မ်းကတ်များကို သုံးစွဲသူများထံသို့ မည်သည့်နည်းဖြင့် မဆို ရောင်းချခြင်းမပြုရန် တားမြစ်ကန့်သတ်ထားပါသည်။ ထို့အပြင် ယင်းသို့သော အချက်များကို လိုက်နာမှုမရှိပါက စည်းကမ်းချိုးဖောက်သူ မည်သူကိုမဆို ဥပဒေနှင့်အညီ ထိရောက်သော အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းကိုလည်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) မှ သတ်မှတ်ကြေညာထားသည်။

မိုဘိုင်းလ်ဖုန်းအသုံးပြုသူတစ်ဦးလျှင် အများဆုံး ဆင်းမ်ကတ်နှစ်ကတ်ကိုသာ မှတ်ပုံတင်၍ ကိုင်ဆောင်နိုင်သည်။ MPT သုံးစွဲသူများအနေဖြင့်လည်း မိမိတို့၏ဆင်းမ်ကတ်များအား မှတ်ပုံတင်ရာတွင် ကူညီဆောင်ရွက်ပေးခြင်း  မရှိသည့် (သို့မဟုတ်) အဆိုပါ ဝန်ဆောင်မှုအား ဆောင်ရွက်မပေးနိုင်သည့် ရောင်းချသူများနှင့် ဆိုင်များထံမှ ဝယ်ယူခြင်းမပြုကြရန် ထပ်မံတိုက်တွန်းလိုက်ပါသည်။ MPT သုံးစွဲသူများအနေဖြင့် မိမိတို့၏ ဆင်းမ်ကတ်ကို မှတ်ပုံတင်ခြင်းအတွက်  သတ်မှတ်ထားသော အထောက်အထားများအဖြစ် မြန်မာနိုင်ငံသားဖြစ်ပါက နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်ဖြင့်သော်လည်းကောင်း၊ နိုင်ငံခြားသားဖြစ်ပါက နိုင်ငံကူးလက်မှတ် (Passport) နံပါတ်ဖြင့်သော်လည်းကောင်း တိကျခိုင်လုံစွာ ဖြည့်သွင်းရန် လိုအပ်ပါသည်။

“MPTသုံးစွဲသူတွေ ဆင်းမ်ကတ်မှတ်ပုံတင်ရာမှာ အကူအညီဖြစ်စေဖို့ “မှန်ကန်ကြောင်း အတည်ပြုပြီးမှသာ သုံးစွဲနိုင်မယ့် အနေအထားကို ပြန်လည်ရောက်ရှိတဲ့ နည်းစနစ်”ကို ကျွန်တော်တို့ စတင်အသုံးပြုနေခဲ့တာ လအနည်းငယ်ကြာပါပြီ။ ဒါဟာ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ တရားမဝင် ကြိုတင်စာရင်းသွင်းထားတဲ့ ဆင်းမ်ကတ် တွေကို တရားဝင်မဟုတ်တဲ့ရောင်းချနေသူတွေဆီက ဝယ်ယူတာတွေ မရှိစေဖို့ သေချာအောင် လုပ်ဆောင် နေတာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ အရောင်းကိုယ်စားလှယ်တွေကသာ MPT ဆင်းမ်ကတ် အသစ်တွေကို ပြန်လည်ရောင်းချနိုင်ပြီးတော့ သုံးစွဲသူတွေအတွက် မှန်ကန်တဲ့ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်တွေကို ကူညီဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းက ဥပဒေအရ ဆောင်ရွက်ဖို့ တကယ့်ကို လိုအပ်ပါတယ်။ ထိုမျှမက ပြစ်မှုကျူးလွန်သူတွေ၊ လိမ်လည်သူတွေနဲ့ အလွဲသုံးစား လုပ်သူတွေရဲ့ ရာဇဝတ်မှု ကျူးလွန်တာတွေကိုပါ ထိထိရောက်ရောက် ကာကွယ်လျှော့ချနိုင်တဲ့နေရာမှာလည်း ကူညီနိုင်တယ် ဆိုတဲ့အကြောင်း ကျွန်တော်တို့ တန်းဖိုးထားရတဲ့ သုံးစွဲသူတွေအားလုံးကို ဒီနေရာကနေ ထပ်မံ အသိပေးပြောကြားလိုပါတယ်” ဟု MPT-KGSM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr.Tetsunori Nagashima မှ ပြောကြားခဲ့သည်။

ခွင့်ပြုချက်မရှိဘဲ ရောင်းချနေသူများထံမှ ကိုယ်ရေးအချက်အလက်များ တိကျမှန်ကန်မှုမရှိသော ကြိုတင် မှတ်ပုံတင်ထားသည့် ဆင်းမ်ကတ်များကို သိရှိထားလျက်ဖြစ်စေ၊ သိရှိထားခြင်းမရှိဘဲဖြစ်စေ ဝယ်ယူကာ လက်ဝယ်ကိုင်ဆောင်ထားသော ဆင်းမ်ကတ်အသုံးပြုသူများသည် ၎င်းတို့၏ဆင်းမ်ကတ်များ ပိတ်သိမ်းသွား မည်ဖြစ်သည်။ ထို့ကြောင့် MPT မှ မိမိတို့တန်ဖိုးထားရသော သုံးစွဲသူများအား သင့်တော်မှန်ကန်သော ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းမရှိဘဲ MPT ဆင်းမ်ကတ်များ ဝယ်ယူအသုံးပြုနေခြင်းကို ရှောင်ရှားနိုင်ကြရန် လေးနက်စွာဖြင့် တိုက်တွန်းလိုပါသည်။

မိမိတို့၏ဆင်းမ်ကတ်များကို မိမိတို့၏ တရားဝင်အမည်နှင့် မှန်ကန်သော နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် တို့ဖြင့် အချက်အလက်မှန်ကန်စွာ မှတ်ပုံတင်ခြင်းသည် သုံးစွဲသူများအနေဖြင့် MPT ၏ ဝန်ဆောင်မှုများကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မည် ဖြစ်ပြီး မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ (Mobile Financial Services) ဆောင်ရွက်ရာတွင် ရာဇဝတ်မှုများကျူးလွန်သူများ၏ မသမာမှုများကို ထိရောက်စွာ ရှောင်ရှားနိုင်မည်ဖြစ်သည်။ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းသည် အမှန်တကယ်သုံးစွဲသူတို့ အပေါ်တွင် အလွဲသုံးစားပြုလုပ်ခြင်းနှင့် အသုံးချခံရ ခြင်းတို့မှ ကာကွယ်နိုင်ရန် အထောက်အပံ့ ဖြစ်စေနိုင်မည်လည်း ဖြစ်သည်။

ထို့အပြင် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းသည် သုံးစွဲသူများနှင့် ဆက်သွယ်ရေးအော်ပရေတာများအကြား ယုံကြည်မှုကို ခိုင်မာစေပြီး၊ ဆက်သွယ်ရေးကဏ္ဍ၏ ပုံရိပ်ကို တိုးတက်လာစေခြင်း သာမက မြန်မာနိုင်ငံရှိ ဒီဂျစ်တယ် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများအတွက် များစွာ အထောက်အပံ့ဖြစ်စေမည် ဖြစ်သည်။

MPT ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင် ပါသည်။

MPT က အနာဂတ်ကိုပုံဖော်နိုင်သည့် ဆက်သွယ်ချိတ်ဆက်မှုများဖန်တီးနိုင်ရန် ကွန်ရက် အခြေခံအဆောက်အအုံများ တိုးတက်မြှင့်တင်ခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်

(ရန်ကုန်၊ ၂ဝ၂ဝ ပြည့်နှစ်၊ ဇူလိုင်လ ၁၇ ရက်) – မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ဆက်သွယ်ရေးကွန်ရက်ချိတ်ဆက်မှုများ တိုးတက်ကောင်းမွန်စေရန် ဆက်လက်တိုးချဲ့လုပ်ဆောင်လျက်ရှိသည့်အပြင် ရောက်ရှိလာတော့မည့် အနာဂတ်ကို ပုံဖော်နိုင်ရန်နှင့် အများပြည်သူများ၊ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်ကို တိုးမြှင့်နိုင်ရန် ထူးခြားဆန်းသစ်သော ထုတ်ကုန်၊ ဝန်ဆောင်မှုများကိုလည်း ယခုမျက်မှောက်ကာလတွင် ပေးအပ် လျက်ရှိပါသည်။

မြန်မာနိုင်ငံအတွင်း မကြာသေးမီနှစ်များက လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်လာသည် နှင့်အတူ MPT သည် နိုင်ငံတစ်ဝန်း ကွန်ရက်လွှမ်းခြုံနိုင်မှုနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို ဦးဆောင် ပေးအပ်ခဲ့ခြင်းဖြင့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုတွင် ဦးဆောင်လျက်ရှိသည်။ MPT သည် ၂၀၁၇ ခုနှစ် ဇွန်လမှစတင်၍ 4G/LTE+ ဝန်ဆောင်မှုကို တရားဝင်မိတ်ဆက်ခဲ့ပြီး ယခုလက်ရှိတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးရှိ သုံးစွဲသူပေါင်း ၂၇ သန်းကျော်မှာ MPT ၏ 2G, 3G နှင့် 4G ကွန်ရက်ဖြင့် ဝန်ဆောင်မှုများကို အသုံးပြုလျက်ရှိနေပါသည်။

MPT ၏ ကြိုးစားအားထုတ်မှုရလဒ်အနေဖြင့် ယနေ့အချိန်တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၃၁၆ မြို့နယ် တွင် LTE+ ကွန်ရက်ကို အသုံးပြုနိုင်ပြီဖြစ်ပြီး စတင်ခဲ့သည့် ၂၀၁၈ ခုနှစ်မှ  ယနေ့အချိန်ထိ ၃၀၀ ရာခိုင်နှုန်းထိ တိုးတက်လာပါသည်။ MPT အနေဖြင့် အကျယ်ပြန့်ဆုံးနှင့် အလျင်မြန်ဆုံးကွန်ရက်ကိုပိုင်ဆိုင်ထားပြီး နိုင်ငံလူဦးရေ၏ ၉၆ ရာခိုင်နှုန်း အထိ ဆက်သွယ်မှုကွန်ရက်ကို လွှမ်းခြုံပေးခဲ့ကာ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာအဖြစ် ဆက်လက်ရပ်တည်လျက်ရှိပါသည်။ သုံးစွဲသူများအတွက် MPT  မြန်နှုန်းမြင့် ကွန်ရက်၏ အကျိုးကျေးဇူးကို ခံစားနိုင်စေရန် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများအထိ ကွန်ရက်ဖြန့်ကျက်လွှမ်းခြုံ နိုင်ခဲ့ပါသည်။

ယနေ့ခေတ်မိုဘိုင်းလ်ဖုန်းနှင့် အင်တာနက်အသုံးပြုသူများသည် လက်ကိုင်ဖုန်းများ၊ စက်ပစ္စည်းအသစ်များနှင့် အသုံးပြုနိုင်သည့် နည်းလမ်းသစ်များဖြင့် ထပ်မံသုံးစွဲလာကြသကဲ့သို့ MPT မှလည်း မိမိတို့၏ ကွန်ရက် ချိတ်ဆက် နိုင်စွမ်းကို ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် တိုးချဲ့ဆောင်ရွက်လျက်ရှိပါသည်။ MPT အနေဖြင့် ဝန်ဆောင်မှုအသစ်များကို ပေးအပ်နေသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် လူအများ အသုံးပြု နိုင်သည့် စျေးနှုန်းသင့်တင့်ပြီး ယုံကြည်အားထားရသည့် မြန်နှုန်းမြင့် အိမ်သုံးဖိုင်ဘာ အင်တာနက်ဝန်ဆောင်မှု (FTTH) ကို မြို့နယ်ပေါင်း (၅၄) မြို့နယ်တွင် အသုံးပြုနိုင်ရန် ဆောင်ရွက်ထားခြင်း နှင့် PSTN အော်တိုတယ်လီဖုန်းလိုင်း  (၁၈၀) ကျော်တို့ကိုလည်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ထားရှိပြီး ဖြစ်ပါသည်။

MPT-KSGM JO စီးပွားရေးဌာနကြီး၏အရာရှိချုပ်ဖြစ်သူ Mr. Tetsunori Nagashima မှ “မြန်မာနိုင်ငံတစ်ဝန်းက ကျွန်တော်တို့ရဲ့သုံးစွဲသူတွေအတွက် ဒီဂျစ်တယ်အနာဂတ် ကို ဂုဏ်ယူစွာနဲ့ ဆောင်ရွက်ပေးနိုင်ခြင်းနဲ့အတူ ဒီနှစ် တွေမှာ အကောင်းဆုံး၊ အကျယ်ပြန့်ဆုံးနဲ့ ယုံကြည်စိတ်ချရတဲ့ 3G ၊ LTE+ ကွန်ရက်တွေကို ပေးစွမ်းလျက်ရှိပါတယ်။ စုစုပေါင်းနိုင်ငံလူဦးရေရဲ့ ၉၆ ရာခိုင်နှုန်းကို ကွန်ရက်လွှမ်းခြုံထားနိုင်တာနဲ့အညီ သုံးစွဲသူတွေအတွက် အတွေ့အကြုံကောင်းတွေ တိုးတက်ရရှိစေဖို့ ထပ်မံမိတ်ဆက်နိုင်တော့မယ့် အကောင်းဆုံး မြန်နှုန်း၊ စွမ်းဆောင် ရည်ရှိတဲ့ ကျွန်တော်တို့ရဲ့ 4G LTE ဝန်ဆောင်မှုကွန်ရက်အသစ်နဲ့အတူ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ အဖြစ် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မြန်မာ့ဒီဂျစ်တယ်စီးပွားရေးနဲ့ ဒီဂျစ်တယ်အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်တွေမှာ ကျွန်တော်တို့ဟာ အဓိကနေရာကနေ ပါဝင်သွားဖို့ကိုလည်း သိန္နိဌာန်ချပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

ကျွမ်းကျင်ပြီး ပညာရှင်ပီသသော အင်ဂျင်နီယာများ၊ အခက်အခဲဖြေရှင်းသူများ၊ ဆန်းသစ်တီထွင်သူများ၊ နည်းပညာရှင်များ၊ ဦးဆောင်သူများ ပါဝင်သည့် အဖွဲ့များရှိနေခြင်းနှင့်အတူ MPT သည် သုံးစွဲသူများအတွက် သာလွန် ကောင်းမွန်သော သုံးစွဲမှုအတွေ့အကြုံများကို လူမှုကွန်ရက်မီဒီယာများ အသုံးပြုခြင်းမှသည် ဗွီဒီယိုများ တိုက်ရိုက် ကြည့်ရှုနိုင်ခြင်းနှင့် အွန်လိုင်းတွင်တိုက်ရိုက်ဂိမ်း ကစားနိုင်ခြင်းများအထိ ဒီဂျစ်တယ်ပလက်ဖောင်းများ အားလုံးအတွက် လျင်မြန်၍ ယုံကြည်စိတ်ချရသော လိုင်းဆွဲအားချိတ်ဆက်မှုများမှတစ်ဆင့် ဒီဂျစ်တယ် ကမ္ဘာကြီးကို ဖြည့်ဆည်းပေးသွားရန် ကြိုးပမ်းလုပ်ဆောင်သွားမည် ဖြစ်သည်။ MPT သည် ဒီဂျစ်တယ် အနာဂတ် သို့ရောက်ရှိနိုင်ရန် စောင့်ဆိုင်းနေမည် မဟုတ်ဘဲ ကိုယ်တိုင် ဦးဆောင်တည်ဆောက်သွားမည်လည်းဖြစ်ပါသည်။

ယခုဆိုလျှင် အကောင်းဆုံးသော မြန်နှုန်းမြင့်ကွန်ရက် နှင့် ကြီးမားကျယ်ပြန့်သော စွမ်းဆောင်ရည်များဖြင့် MPT သည် အနာဂတ်ကို ပုံဖော်နိုင်သည့် ဆက်သွယ်ချိတ်ဆက်မှုကောင်းများကို ဖန်တီးနိုင်ရန် အထူးအဆင့်မြှင့် တင်ထား သော MPT ၏ မြန်နှုန်းမြင့် 4G LTE ကွန်ရက်အသစ်ကို တည်ဆောက်ခဲ့ပြီး ဖြစ်သည်။

MPT သည် မြန်မာနိုင်ငံ၏ဝေးလံခေါင်ဖျားသောဒေသများရှိ သုံးစွဲသူများအတွက် ကောင်းမွန်သော ဝန်ဆောင်မှု များနှင့် အရည်အသွေးမြင့်ကွန်ရက်အခြေခံအဆောက်အအုံများကို ကာလရှည်ကြာထောက်ပံ့ ပေးလာသည့် သမိုင်းကြောင်းရှိခဲ့ပြီး ဖြစ်သည်။ ယနေ့အချိန်ထိ MPT သည် ဒီဂျစ်တယ်ကမ္ဘာသစ်တွင် “မြန်မာပြည်နှင့် အတူရှိနေမည့်” MPT ဆိုသည့် ဆောင်ပုဒ်အတိုင်း ဝန်ဆောင်မှုများကိုလည်း စဥ်ဆက်မပြတ် ပေးအပ်လျက်ရှိနေပါသည်။

MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအား အသေးစိတ်လေ့လာနိုင်ရန်အတွက် သုံးစွဲသူများအနေဖြင့် ဖုန်းနံပါတ် 106 သို့ ခေါ်ဆိုခြင်း၊ MPT ၏ တရားဝင်ဖေ့စ်ဘုတ်ခ်  စာမျက်နှာ ဖြစ်သော www.facebook.com/mptofficialpage သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT က King 7 Dynasty နှင့် အတူပူးပေါင်း၍ မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော အွန်လိုင်းဂီတဖျော်ဖြေရေး ရုပ်သံအစီအစဉ် တစ်ခုဖြစ်သော “Makeup Room Concerts” အစီအစဥ်အား မိတ်ဆက်

(ရန်ကုန်၊ ၂ဝ၂ဝ ပြည့်နှစ်၊ ဇူလိုင်လ ၁၀ ရက်) – MPT သည် တေးဂီတထုတ်လုပ်သူအဖြစ် ဦးဆောင်လျက်ရှိသော King 7 Dynasty နှင့် ပူးပေါင်းကာ MPT အသုံးပြုသူများအတွက် အောင်မြင်ကျော်ကြားသော နိုင်ငံကျော် အနုပညာရှင်များ ပါဝင်ဖျော်ဖြေသွားမည့် တစ်မူထူးခြားဆန်းသစ်သည့် ဖျော်ဖြေရေး ရုပ်သံအစီအစဉ်သစ် တစ်ခုအား ဖန်တီးတင်ဆက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ ထူးခြားသော “Makeup Room Concerts”  ဂီတဖျော်ဖြေရေး ရုပ်သံအစီအစဉ်တွင် အနုပညာရှင်များသည် ပရိသတ်များ၏ အကြိုက်နှစ်သက်ဆုံး သီချင်းများကို စတိတ်စင်၏ နောက်ဘက်ရှိ မိတ်ကပ်အခန်းပြင်ဆင်မှု၊ သရုပ်ဖော်မှု တို့ကို တိုက်ရိုက်သီဆိုဖျော်ဖြေမှု အသွင်ဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။

“Makeup Room Concerts” အစီအစဉ်ကို MPT ၏ Web portal https://bit.ly/MakeupRoom20   တွင် လာမည့် သြဂုတ်လ (၅)ရက်မှ စတင်၍ လစဉ် တိုက်ရိုက် LIVE ထုတ်လွှင့်တင်ဆက်သွားမည်။ ဖျော်ဖြေမှု အားလုံးကို အချိန်နှင့်တစ်ပြေးညီ တိုက်ရိုက် Live ထုတ်လွှင့်ပြသသွားမည်ဖြစ်သောကြောင့် MPT အသုံးပြုသူများသည် မိမိတို့၏ နေအိမ်၌ပင် လွယ်ကူအဆင်ပြေစွာ ကြည့်ရှုခံစားနိုင်ပါမည်။

 

လစဉ် တိုက်ရိုက် LIVE ဖျော်ဖြေမှုများတွင် တေးသံရှင် ထွန်းအိန္ဒြာဗိုလ်နှင့် တင်ဇာမော် အပါအဝင် မြန်မာနိုင်ငံ၏ ဂီတလောက၌ ထင်ရှားကျော်ကြားသော နိုင်ငံကျော်အဆိုတော် (၂၁)ဦးမှ ပရိသတ်များ ရင်းနှီးကျွမ်းဝင်ပြီးသား သီချင်းကောင်းများကို ယခင်နှင့်မတူ တစ်ခါမျှမထုတ်လွှင့်ခဲ့ဖူးသော အသွင်သစ်များဖြင့် ဖျော်ဖြေတင်ဆက် သွားမည်ဖြစ်သည်။ တိုက်ရိုက် LIVE ဖျော်ဖြေမှုအစီအစဉ်တိုင်းသည် မိနစ်(၆၀) မှ မိနစ်(၉၀) ကြား ကြာမြင့်မည် ဖြစ်ပြီး အနုပညာရှင်နှစ်ဦးမှ ၎င်းတို့၏ လူကြိုက်အများဆုံး တေးသီချင်းကောင်းများ အပါအဝင် သီချင်း (၁၅)ပုဒ်ကို သီဆိုဖျော်ဖြေသွားမည်။

တစ်ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ဖြစ်ပွားနေတဲ့ အခုလိုအချိန်မျိုးမှာ လူစုလူဝေးနဲ့ ဂီတဖျော်ဖြေပွဲတွေ လုပ်ဆောင်ဖို့ မဖြစ်နိုင်သေးတာကြောင့် ကျွန်ုပ်တို့ရဲ့ MPT သုံးစွဲသူတွေကို ထူးခြားအံ့သြဖွယ်ကောင်းတဲ့ ဂီတဖျော်ဖြေမှု အတွေ့အကြုံသစ် တွေနဲ့အတူ ဖျော်ဖြေမှုရသတွေ ဝန်ဆောင်မှုတွေ ပေးစွမ်းနိုင်ဖို့ ရည်ရွယ်ပြီး King 7 Dynasty နဲ့ ဂုဏ်ယူစွာပဲ လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဒီ Makeup Room Concerts ကနေတစ်ဆင့် ဂီတကို ချစ်မြတ်နိုးစွာ မျှဝေရင်း တစ်နိုင်ငံလုံးမှာ ရှိတဲ့ ဂီတပညာရှင်တွေ၊  ပရိသတ်တွေ နဲ့ အားပေးသူတွေ အားလုံးကို အတူတကွ ဆုံစည်းစေလိုတာ ဖြစ်ပါတယ်။ ဒီလို ခက်ခဲတဲ့အချိန်ကာလမှာ ဂီတဟာ လူတွေကို အရာရာတိုင်းအပေါ် အကောင်းမြင်စိတ်ဖြစ်စေပြီး အားလုံးရဲ့စိတ်ကို အမှန်တကယ်လွှမ်းမိုးနိုင်တယ်ဆိုတာ ကျွန်တော်အနေနဲ့ ယုံကြည်ပါတယ်” ဟု MPT-KGSM Joint Operations မှ စီးပွားရေးဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori Nagashima မှ ပြောကြားခဲ့သည်။

MPT သည် မြန်မာ့ဂီတနှင့် ဖျော်ဖြေရေးနယ်ပယ်ကို အားပေး အ‌ထောက်အကူပြုရာတွင် သမိုင်းကြောင်း ခိုင်မာစွာ တည်ရှိခဲ့သည်။ “Makeup Room Concerts” သည် ယခုကဲ့သို့ ခက်ခဲပြီး စိတ်ပင်ပန်းဖွယ်ကောင်းသော COVID-19 ရောဂါဖြစ်ပွားနေစဥ်ကာလအတွင်းတွင် MPT အသုံးပြုသူများအနေဖြင့် မိမိတို့ ကြိုက်နှစ်သက်သော အနုပညာရှင် များ၏ ဂီတဖျော်ဖြေပွဲအတွေ့အကြုံကို ခံစားနိုင်စေရန် လုပ်ဆောင်ပေးခြင်းအားဖြင့် အပြုသဘော ဆောင်သော အဓိပ္ပာယ်၊ အကောင်းမြင်စိတ်နှင့် စိတ်ချမ်းမြေ့ပျော်ရွှင်မှုများကို ပေးစွမ်းနိုင်မည်မှာ အမှန်ပင် ဖြစ်သည်။

ဒီနေ့ခေတ် ရုပ်သံဖျော်ဖြေရေး မီဒီယာကဏ္ဍရဲ့အရွေ့ဟာ ဒီဂျစ်တယ်နည်းပညာဘက်ကို အရှိန်အဟုန်နဲ့ ကူးပြောင်းလို့နေပါပြီ။ ရုပ်သံအစီအစဉ်တွေကို တီဗွီရှေ့မှာထိုင်ပြီး စောင့်ကြည့်နေရတာထက် တစ်ချိန်လုံး ကိုယ်နဲ့မကွာ အနီးကပ်ရှိနေတဲ့ မိုဘိုင်းလ်ဖုန်းတွေကနေတစ်ဆင့် ကိုယ်ကြိုက်တဲ့ ဖျော်ဖြေရေး အစီအစဥ်တွေကို ရွေးချယ်ကြည့်ရှုရတာကို ပိုနှစ်ခြိုက်လာကြတာ တွေ့ရှိရပါတယ်။ ဒီအချက်ကို အခြေခံပြီး ပရိသတ်တွေအနေနဲ့ သူတို့ ချစ်ခင်နှစ်သက်ရတဲ့ အနုပညာရှင်တွေ ပါဝင်တင်ဆက်သွားမယ့် ဒီ “Makeup Room Concerts” ကို အွန်လိုင်းကနေတစ်ဆင့် ထုတ်လွှင့်သွားမှာဖြစ်တာကြောင့် အချိန်၊ နေရာ ကန့်သက်ချက်တွေကို ကျော်လွန်ပြီး ဒီအစီအစဉ်ကို ကြည့်ရှုခံစားနိုင်တော့မှာ ဖြစ်ပါတယ်။” ဟု King 7 Dynasty ၏ Managing Director ဖြစ်သူ ဦးဝေမင်းမောင်မှ ပြောကြားခဲ့ပါသည်။

ယခု “Makeup Room Concerts” အစီအစဉ်သည် MPT အသုံးပြုသူများအနေဖြင့် သီးသန့်ကြည့်ရှုနိုင်ရန် အတွက် အထူးအစီအစဥ်အဖြစ် ဆောင်ရွက်ပေးထားခြင်းဖြစ်ပြီး ဖျော်ဖြေမှုအစီအစဥ်များကို MPT Web portal https://bit.ly/MakeupRoom20 မှ မိုဘိုင်းလ်အင်တာနက်ဖြင့် လွယ်ကူအဆင်ပြေစွာ တိုက်ရိုက်ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

ကျွန်မတို့ ဒီကိုဗစ်-၁၉ အချိန်မှာ ဖျော်ဖြေရေးတွေလည်း မရှိကြသလို အားလုံးကလည်း စိုးရိမ်ပူပန်ပြီး စိတ်ဖိစီးမှုတွေ ဖြစ်နေကြတဲ့အချိန်မှာ မတွေ့ရတာကြာတဲ့ ကျွန်မချစ်ရတဲ့ ပရိတ်သတ်တွေနဲ့အတူ မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူပြည်သားအားလုံးကို ဖျော်ဖြေပြီး စိတ်အပန်းပြေစေကြဖို့အတွက် အခုအစီအစဉ်လေးမှာ တစ်ထောင့် တစ်နေရာကနေ ပါဝင်ရခြင်းဖြစ်ပါတယ်။ နောက်ပြီးတော့ ကျွန်မရဲ့ချစ်ပရိသတ်တွေနဲ့ တွေ့ဆုံခွင့်ရမယ့် ဒီပွဲလေးကို စီစဉ်ပေးတဲ့ King 7 Dynasty နဲ့ MPT ကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။ ချစ်တဲ့ ပရိတ်သတ်ကြီးကို အွန်လိုင်းကနေတစ်ဆင့် တွေ့ဆုံဖို့အတွက်ရင်ခုန်စိတ်လှုပ်ရှားနေပါပြီ။” ဟု မြန်မာ့ဂီတလောက ၏ နာမည်ကျော် ဂီတအနုပညာရှင်များအနက် တစ်ဦးဖြစ်ပြီး Makeup Room concerts တွင် ဦးဆောင်ကာ ဖျော်ဖြေတင်ဆက် သွားမည့် အဆိုတော်တင်ဇာမော် မှ ပြောကြားခဲ့ပါသည်။

ထို့အပြင် MPT သုံးစွဲသူများအနေဖြင့် မိမိတို့ကြိုက်နှစ်သက်သော အနုပညာရှင်များ၏ အထူးသီးသန့် ဖျော်ဖြေမှု များကို သတ်မှတ်ထားသော MPT portal မှတစ်ဆင့် ကြည့်ရှုခံစားနိုင်ပြီး သုံးသလောက်ပေး အင်တာနက် (သို့မဟုတ်) MPT4U App မှာ ကိုယ်ကြိုက်နှစ်သက်တဲ့ ဒေတာပက်ကေ့ချ်များကို ဝယ်ယူပြီးကြည့်ရှုနိုင်မည် ဖြစ်သည်။

အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖြစ်သော www.facebook.com/mptofficialpage  တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

 

MPT က Official Partner အဖြစ် မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံး E-Sports အသင်းဖြစ်သော “Burmese Ghouls” အားပံ့ပိုး

(ရန်ကုန်၊ ၂ဝ၂ဝ ပြည့်နှစ်၊ ဇူလိုင်လ ရက်) –  မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သော MPT သည် မြန်မာနိုင်ငံတွင် အကောင်းဆုံးနှင့် လူကြိုက်အများဆုံး E-Sports အသင်းဖြစ်သော “Burmese Ghouls” အသင်း၏ Official Partner အဖြစ် ပံ့ပိုးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာလိုက်သည်။ MPT သည် ယခုကဲ့သို့ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ၏ အီလက်ထရောနစ် အားကစားကဏ္ဍ (E-Sports) ဖွံ့ဖြိုးတိုးတက်မှုအတွက် ၎င်း၏ ကတိကဝတ်အတိုင်း နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ရန် ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံရှိ  အကောင်းဆုံး E-Sports အသင်း၏ Official Partner အဖြစ်  MPT သည် ဂိမ်းကစားခြင်းကို စိတ်အားထက်သန်သော မြန်မာလူငယ်များအားလုံးအတွက် အခွင့်အလမ်းသစ်များကို ဖန်တီးပေးရန် ရည်ရွယ် ထားပါသည်။ MPT အနေဖြင့် အာရှနိုင်ငံများ၏ အီလက်ထရောနစ် အားကစားကဏ္ဍ (E-Sports) လောကတွင် တက်သစ်စကြယ်ပွင့်အဖြစ် ပေါ်ထွန်းလာစေရန် ပြည်တွင်းနှင့် နိုင်ငံတကာ E-Sports ပြိုင်ပွဲများ၌ပါ ဝင်မည့် “Burmese Ghouls” အသင်းကို ကူညီပံ့ပိုးပေးသွားမည် ဖြစ်သည်။

“Burmese Ghouls” အသင်းအား ၂၀၁၆ ခုနှစ်၌ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် အာဆီယံဒေသတွင်းရှိ အကောင်းဆုံး E-Sports အသင်းများထဲတွင် တစ်သင်းအပါအဝင်ဖြစ်ပြီး DOTA2, PUBG, Mobile Legends, AOV နှင့် VAIN GLORY ဂိမ်းများ၏ နိုင်ငံတကာပြိုင်ပွဲများတွင်လည်း မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဂုဏ်ယူစွာဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ပါသည်။ ၂၀၂၀ပြည့်နှစ် ဒုတိယနှစ်ဝက်တွင် အဆိုပါအဖွဲ့သည် နိုင်ငံတကာ ပြိုင်ပွဲများဖြစ်သည့် MPL-MM Season 4 (Mobile Legends)၊ ONE Esports Mobile Legends: Bang Bang Invitational (Mobile Legends) နှင့် MESL: Road To Razer SEA-INVITATIONAL 2020 (PUBG) ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

 

“MPT အနေဖြင့် Burmese Ghouls အသင်းကို Official Partner အဖြစ် ပံ့ပိုးကူညီပေးသွားမှာဖြစ်ပါတယ်။ ဒီပံ့ပိုးကူညီမှုဟာဆိုရင် MPT အနေနဲ့ မြန်မာနိုင်ငံရဲ့ အီလက်ထရောနစ်အားကစားကဏ္ဍ (E-Sports) ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် MPT ရဲ့ ရည်မှန်းချက်ကို သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အီလက်ထရောနစ် အားကစားကဏ္ဍ (E-Sports) ဟာ အလွန်နုနယ်သေးပေမယ့် မုန်တိုင်းတစ်ခုလိုပဲ လှုပ်ခတ် စေနိုင်ခဲ့ပါတယ်။ လက်ရှိ Burmese Ghouls” အသင်းဟာဆိုရင် မြန်မာနိုင်ငံမှာသာမက အာဆီယံနိုင်ငံတွေမှာပါ အကောင်းဆုံး E-Sports အသင်းတွေထဲက တစ်သင်းပဲ ဖြစ်ပါတယ်။ ဒီအသင်းရဲ့ အဖွဲ့ဝင်တွေကလည်း  မြန်မာနိုင်ငံအနှံ့အပြားမှာ ပရိသတ်အခိုင်အမာ ရှိပြီးသားဖြစ်သလို အခုလို ပူးပေါင်းမှုနဲ့အတူ   မြန်မာပြည်က အရည်အချင်းရှိတဲ့ ပါရမီရှင်လူငယ်ကစားသမားတွေအားလုံးအတွက် စိတ်လှုပ်ရှား အံ့သြဖွယ် ကောင်းတဲ့ အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်”  ဟု MPT-KGSM Joint Operations မှ စီးပွားရေးဌာနကြီး၏ အရာရှိချုပ် ဖြစ်သူ Mr. Tetsunori Nagashima မှ ပြောကြားခဲ့သည်။

MPT သည် Mobile Legends: Bang Bang SEA CUP 2018 MPT Qualifier နှင့် PUBG National Championship 2020 ကဲ့သို့ နိုင်ငံတကာပွဲစဉ်များအပါအဝင် မြန်မာနိုင်ငံ၏ အီလက်ထရောနစ် အားကစားကဏ္ဍ (E-Sports) ပြိုင်ပွဲများကို ၂၀၁၈ ခုနှစ်မှစ၍ ပံ့ပိုးကူညီခဲ့ပါသည်။ MPT သည် ကမ္ဘာ့အကျော်ကြားဆုံး မိုဘိုင်းလ်ဂိမ်း များနှင့် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ပြီး သုံးစွဲသူများအတွက် ပိုမိုထူးခြားကောင်းမွန်သည့် ဒီဂျစ်တယ် လူနေမှုဘဝများ ရရှိစေရန် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် အီလက်ထရောနစ် အားကစားကဏ္ဍ (E-Sports) နှင့် ဖျော်ဖြေရေးကဏ္ဍတွင်လည်း ဝန်ဆောင်မှုသစ်များ ဖန်တီးဆောင်ရွက်လျက်ရှိနေပါသည်။ MPTသည် မြန်မာနိုင်ငံအတွင်းရှိ ဂိမ်းဝါသနာရှင်များအတွက် မိုဘိုင်းလ်ဒေတာသုံးစွဲရာတွင် အကန့်အသတ်မရှိ အသုံးပြုနိုင်သည့် PUBG ဒေတာ   ပက်ကေ့ချ်နှင့် ဂိမ်းအသုံးပြုခြင်း ဒေတာပက်ကေ့ချ်များကိုလည်း မိတ်ဆက် ခဲ့သည်။

MPT သည် “Burmese Ghouls” အား  Official Partner အဖြစ်ထောက်ပံ့ကူညီပေးခြင်းဖြင့် မြန်မာနိုင်ငံ၏ အီလက်ထရောနစ် အားကစားကဏ္ဍ (E-Sports) ၏  ဖွံ့ဖြိုးတိုးတက်မှုအတွက် တက်နိုင်သမျှ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်သည်။ မြန်မာ E-Sports ပရိသတ်များ အနေဖြင့် “Burmese Ghouls” ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာဖြစ်သော https://www.facebook.com/beghouls/ နှင့် အမျိုးမျိုးသော streaming ပလက်ဖောင်းများမှ တစ်ဆင့်လည်း အသင်းလှုပ်ရှားမှုများကို စောင့်ကြည့်နိုင်မည်ဖြစ်သည်။

အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။