Swe Thahar FAQs mm

Swe Thahar

1.ဆွေသဟာအစီအစဉ်ဈေးနှုန်းဆိုတာ ဘာပါလဲ။

နိုဝင်ဘာလ(၂၃)ရက်မှစပြီး MPT GSM/WCDMA SIM Card အသစ်စတင်အသုံးပြုသူတိုင်းသည် ဆွေသဟာအစီအစဉ်ကို အလိုအလျောက်ရယူထားပြီးဖြစ်၍ ဖုန်းအသုံးပြုမှုများအတွက် အောက်ဖော်ပြပါနှုန်းထား များအတိုင်းကျသင့်စေမည်ဖြစ်ပါသည်။

– မည်သည့်ပြည်တွင်းဖုန်းနံပါတ်သို့မဆိုဖုန်းခေါ်ဆိုခ – ၁မိနစ် = ၂၇ကျပ်

– မည်သည့်ပြည်တွင်းဖုန်းနံပါတ်သို့မဆို SMSပေးပို့ခ – ၁စောင် = ၁၅ကျပ်

– အင်တာနက်အသုံးပြုခ – 1MB = ၇ကျပ်

လက်ရှိတွင် ဆွေသဟာအစီအစဉ်အသုံးပြုနေသူများသည်လည်း နိုဝင်ဘာလ(၂၃)ရက်မှစပြီး အထက်ပါ နှုန်းထားများအတိုင်းကျသင့်မည်ဖြစ်ပါသည်။

2. အခြားအစီအစဉ် Price Plan တစ်ခုကို ပြောင်းလို့ရပါသလား။

ကြိုက်နှစ်သက်ရာ Price Plan ကိုပြောင်းလဲနိုင်ပါသည်။ ဖုန်းနံပါတ်တစ်ခုသည် တစ်ရက်လျှင် Price Plan ပြောင်းလဲမှု အများဆုံးတစ်ကြိမ်ပြုလုပ်နိုင်ပါသည်။

– Price Plan ပြောင်းလဲမှုကိုအခမဲ့ပြုလုပ်နိုင်ပါသည်။

– အသေးစိတ်ကိုအောက်ပါဇယားတွင် ကြည့်ရှုပါ။

 

3 .ဘယ် price plan ကိုသုံးနေတယ်ဆိုတာကို ဘယ်လိုစစ်ဆေးကြည့်နိုင်ပါသလဲ။

*224#ကိုဖုန်းခေါ်ဆိုပြီး လက်ရှိအသုံးပြုနေသော Price Plan ကိုစစ်ဆေးကြည့်နိုင်ပါသည်။

Shal Pyaw FAQs mm

Shal Pyaw

1."ရှယ်ပြော" အစီအစဉ်ဆိုတာဘာလဲ။

“ရှယ်ပြော” အစီအစဉ်တွင် MPT သုံးစွဲသူအချင်းချင်းဖုန်းခေါ်ဆိုတိုင်း မြန်မာနိုင်ငံတွင် အသက်သာဆုံး ဖုန်းခေါ်ဆိုခနှုန်းထား ၁မိနစ်လျှင် ၁၅ကျပ်သာ ကျသင့်မည်ဖြစ်ပါသည်။

– MPT ဖုန်းအချင်းချင်းခေါ်ဆိုပါက တစ်မိနစ်လျှင် ၁၅ကျပ်

– အခြားအော်ပရေတာနံပါတ်များသို့ဖုန်းခေါ်ဆိုပါက တစ််မိနစ်လျှင် ၂၅ကျပ်

– အင်တာနက်အသုံးပြုပါက 1MBလျှင် ၈ကျပ်

– စာတိုပေးပို့ပါက တစ်စောင်လျှင် ၁၅ကျပ်

2."ရှယ်ပြော" အစီအစဉ်ကိုဘယ်လိုရယူနိုင်ပါသလဲ။

*234*3# ကို ရိုက်နှိပ်ခေါ်ဆိုပြီး ရှယ်ပြောအစီအစဉ်ကို အခမဲ့ရယူနိုင်ပါသည်။

3 . "ရှယ်ပြော" အစီအစဉ်ကိုရယူထားပါက အင်တာနက် ပက်ကေ့ချ်များကို ဝယ်ယူအသုံးပြုနိုင်မှာပါလား။

၀ယ်ယူနိုင်ပါသည်။ MPT ၏ အင်တာနက်ပက်ကေ့ချ်အားလုံးကို “ရှယ်ပြော” အစီအစဉ်တွင်လည်း ၀ယ်ယူ အသုံးပြုနိုင်ပါသည်။ 1MB လျှင် ၁ကျပ်သာကျသင့်မည့် ပက်ကေ့ချ်များအပါအဝင် အင်တာနက်ပက်ကေ့ချ် မျိုးစုံကို စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ပါသည်။

4. "ရှယ်ပြော" အစီအစဉ်ကိုရယူထားပါက Happy Friday Data အပိုဆုများကို ရရှိနိုင်မှာပါလား။

ရရှိနိုင်ပါသည်။ ဆွေသဟာအစီအစဉ်တွင် ရရှိနေသည့် အပိုဆုများ(ဥပမာ – Happy Friday Data အပိုဆု အစရှိသဖြင့်) နှင့် ရယူအသုံးပြုနိုင်သည့် အပိုဆောင်းဝန်ဆောင်မှုများ (ဥပမာ – Balance Transfer၊ ယူထား၊ CRBT အစရှိသဖြင့်) တို့ကို “ရှယ်ပြော” အစီအစဉ်တွင် ဆက်လက်ရယူအသုံးပြုနိုင်မည်ဖြစ်သည်။

5. လက်ရှိမှာ အင်တာနက် ပက်ကေ့ချ်အသုံးပြုနေပါတယ်။ အသုံးပြုနိုင်တဲ့ဒေတာ ပမာဏမကုန်ခင်မှာ "ရှယ်ပြော" အစီအစဉ်သို့ပြောင်းလိုက်လျှင်ဘယ်လိုဖြစ်မှာပါသလဲ။

ကျန်ရှိနေသော ဒေတာပမာဏကို “ရှယ်ပြော” အစီအစဉ်တွင် ဆက်လက်အသုံးပြုနိုင် မည်ဖြစ်ပါသည်။

6. ကျွန်တော်က Basic Tariff အစီအစဉ်အသုံးပြုနေသူဖြစ်ပါတယ်။ Basic Tariff အစီအစဉ်အသုံးပြုနေချိန်မှာ အင်တာနက်ပက်ကေ့ချ်တွေကိုဝယ်ယူနိုင်မှာပါလား။

Base Tariff အစီအစဉ် အသုံးပြုနေချိန်တွင် အင်တာနက်ပက်ကေ့ချ်များကို ၀ယ်ယူ အသုံးပြုနိုင်မည်မဟုတ်ပါ။ ဆွေသဟာအစီအစဉ်(သို့မဟုတ်) ရှယ်ပြောအစီအစဉ် (သို့မဟုတ်) ရွှေစကားအစီအစဉ်ကို ဦးစွာပြောင်းလဲရယူပြီးမှ အင်တာနက်ပက်ကေ့ချ်များကို ၀ယ်ယူအသုံးပြုနိုင်မည်ဖြစ်ပါသည်။

6. ကျွန်တော်က CDMA ဖုန်းအသုံးပြုနေသူဖြစ်ပါတယ်။ “ရှယ်ပြော” အစီအစဉ်ကို လျှောက်ထား ရယူနိုင်မှာပါလား။

CDMA ဖုန်းအသုံးပြုသူများသည် “ရှယ်ပြော” အစီအစဉ်ကို လျှောက်ထား ရယူနိုင်မည်မဟုတ်ပါ။

Blacklist and Stop feature faqs mm

Blacklist and Stop feature

1. ထပ်ဆောင်းဝန်ဆောင်မှုကိုပယ်ဖျက်ခြင်း ဆိုတာဘာလဲ?

1414 အောက်ပါအချက်များကို ပေးပို့ပြီး အောက်ဖော်ပြပါလုပ်ဆောင်မှုများကိုပြုလုပ်နိုင်သည်။

  • “ Stop” ” ဟု စာတို ပေးပို့ခြင်းဖြင့် ထပ်ဆောင်း ဝန်ဆောင်မှုများကို စစ်ဆေး၊ ပယ်ဖျက်နိုင်ပါသည်။
  • “ Blacklist / BL” ဟု စာတိုပေးပို့ခြင်းဖြင့် ထပ်ဆောင်းဝန်ဆောင်မှုအားလုံးကို Blacklist ပြုလုပ်နိုင်ပါသည်။

2. ထပ်ဆောင်းဝန်ဆောင်မှုအားလုံးကို တစ်ချိန်ထဲတွင် ပယ်ဖျက်လို့ရနိုင်ပါသလား?

ထပ်ဆောင်းဝန်ဆောင်မှုအားလုံးကို တစ်ချိန်ထဲတွင် ပယ်ဖျက်လို့ရနိုင်ပါသည်။

1> 1414 သို့ “ Stop” ဟုစာတို ပေးပို့ပါ။

2> ထို့နောက် သင်ရယူထားသော  ထပ်ဆောင်းဝန်ဆောင်မှုများကို ဖော်ပြထားသည့်စာရင်း မှ သင် ပယ်ဖျက်လိုသော ဝန်ဆောင်မှုအား ရွေးချယ်ပယ်ဖျက်နိုင်ပါသည်။

3. ထပ်ဆောင်းဝန်ဆောင်မှုများကို Blacklist ပြုလုပ်လို့ရပါသလား?

ဟုတ်ကဲ့။ သင် အနေဖြင့်ထပ်ဆောင်းဝန်ဆောင်မှုများအားလုံးကို blacklist ပြုလုပ်နိုင်ပါသည်။

1414 သို့ “ BL” ဟု ပေးပို့ပြီးတာနဲ့ သင်လက်ရှိ ရယူထားသော ဝန်ဆောင်မှုများနှင့် MPT ring tune မှလွဲ၍ တခြား ထပ်ဆောင်းဝန်ဆောင်မှုအသစ်များ အားလုံးကို ရယူအသုံးပြုနိုင်တော့မည်မဟုတ်ပါ။

4. ထပ်ဆောင်းဝန်ဆောင်မှုများကို SMS မှတဆင့် Blacklist ပြုလုပ်ပါက လက်ရှိရယူထားသော ဝန်ဆောင်မှုများ အားလုံးပါ ပယ်ဖျက်သွားမည်လား?

Blacklist ပြုလုပ်ပါက လက်ရှိရယူထားသော ဝန်ဆောင်မှုများအားလုံး မပယ်ဖျက်သွားနိုင်ပါ။ လက်ရှိရယူထား သော ဝန်ဆောင်မှုများကို ပယ်ဖျက်လိုပါက unsubscribe လုပ်ရန်လိုအပ်ပါသည်။

5. ဖုန်းနံပါတ်က Blacklist ထဲရှိနေပါက တခြားဝန်ဆောင်မှုများကို ဘယ်လိုရယူနိုင်မလဲ?

၁၀၆ သို့ခေါ်ဆို မေးမြန်း၍ အခြား ဝန်ဆောင်မှု အသစ်ကို ရယူနိုင်ပါသည်။

6.ထပ်ဆောင်းဝန်ဆောင်မှုများကို Blacklist ပြုလုပ်ပါက လက်ရှိရယူထားသော ဝန်ဆောင်မှုများအားလုံးကို ဆက်လက်အသုံးပြုရနိုင်မည်လား။?

ထပ်ဆောင်းဝန်ဆောင်မှုများကို  blacklist ပြုလုပ်ပါက လက်ရှိရယူထားသော ဝန်ဆောင်မှုများအားလုံးကို ဆက်လက်အသုံးပြုနိုင်ပါသည်။

MPT Money FAQs mm

MPT Money

1. MPT Money ဆိုတာဘာလဲ။

MPT Money ဆိုသည်မှာ မြန်မာပြည်အတွင်း အချိန်မရွေး နေရာမရွေး ငွေလွှဲပို့နိုင်သော ဝန်ဆောင်မှုဖြစ်ပါတယ်။ အသုံးပြုသူတွေ အနေနဲ့ အကောင့်အတွင်း ငွေသိမ်းဆည်းခြင်း၊ ငွေလွှဲခြင်း၊ ငွေလက်ခံခြင်းများကို MPT Money အကောင့်မှတဆင့် ပြုလုပ်နိုင်ပါတယ်။

2. MPT Money ကိုဘယ်သူတွေအသုံးပြုနိုင်ပါသလဲ။ မှတ်ပုံတင်ရန်အတွက် ဝန်ဆောင်ခဘယ်လောက်ပေးရပါ့မလဲ။

MPT, Telenor, Ooredoo နှင့် MyTel မည်သည့် ဆင်းကဒ်သုံးစွဲသူမဆို MPT Money ကိုအသုံးပြုနိုင်ပါတယ်။ မှတ်ပုံတင်ကြေးကတော့အခမဲ့ပါ။

3. MPT Money အကောင့်ထားရှိခြင်းရဲ့အားသာချက်တွေက ဘာလဲ။

MPT Money အကောင့်ဖြင့် အောက်ပါ ဝန်ဆောင်မှုများကို အချိန်မရွေး နေရာမရွေး အသုံးပြုနိုင်ပါတယ်။ – MPT Money အကောင့်အချင်းချင်းငွေလွှဲခြင်း (P2P) – ဖုန်းငွေဖြည့်ခြင်း (မိမိဖုန်း/ အခြားဖုန်း) – ဈေးဝယ်ခြင်းများ နှင့် စီးပွားရေးလုပ်ငန်းရှင်များ ငွေပေးချေခြင်း – ဘီလ်ကျသင့်ငွေများ ပေးချေနိုင်ခြင်း – ATM စက်မှ ငွေထုတ်ယူနိုင်ခြင်း – ငွေသွင်း/ ငွေထုတ် လုပ်နိုင်ခြင်း

4။ MPT Money အကောင့်ကို ဘယ်လိုမှတ်ပုံတင်ရမလဲ။

“ MPT Money အက်ပလီကေးရှင်းမှ

Step 1: Sign Up Now ကိုနှိပ်ပါ။

Step 2: အကောင့်ပြုလုပ်မည့် ဖုန်းနံပါတ်နှင့် အမည် ကို ဖြည့်ပါ။

Step 3: မှတ်ပုံတင်ရန်အကြောင်းကြားသည့် စာတို (SMS) မှ PIN နံပါတ်ဖြင့် အကောင့်ကို စတင်ပါ။

Step 4: အကောင့်ဖွင့်ပြီးကြောင်း အတည်ပြုသည့် စာတို (SMS) ရရှိပါက MPT Money ဝန်ဆောင်မှုကို စတင် အသုံးပြုနိုင်ပါပြီ။

USSD Menu မှ

Step 1: *999# ကို နှိပ်၍ ခေါ်ဆိုပါ။

Step 2: ဘာသာစကားရွေးချယ်မှုပြုလုပ်ရန် မြန်မာဘာသာ အတွက် 1ကို နှိပ်ပါ။ အင်္ဂလိပ်ဘာသာအတွက် ဆိုပါက 2 ကို နှိပ်ပါ။

Step 3: မှတ်ပုံတင်ခြင်းကို အတည်ပြုရန် 1 ကို နှိပ်ပါ။

Step 4: သင်၏အမည်ကို အင်္ဂလိပ်လို ဖြည့်ပါ။

Step 5: အမည်မှန်ကြောင်းအတည်ပြုရန် 1 ကို နှိပ်ပြီးလျှင် မှတ်ပုံတင်ခြင်းကို အကြောင်းကြားသည့် စာတို (SMS) ရရှိပါလိမ့်မည်။

Step 6: အကောင့်စတင်အသုံးပြုရန် *999# ကို ခေါ်ဆို၍ ညွှန်ကြားချက်များကို လိုက်နာပါ။

Step 7: အကောင့်ဖွင့်ပြီးကြောင်း အတည်ပြုသည့် စာတို (SMS) ရရှိပါက MPT Money ဝန်ဆောင်မှုကို စတင် အသုံးပြုနိုင်ပါပြီ။”

5 . PIN နံပါတ်မေ့သွားလျှင် ဘယ်ကိုဆက်သွယ်ရပါ့မလဲ။

MPT သုံးစွဲသူများသည် Customer Care နံပါတ် 999 ကို ခေါ်ဆို၍ သို့ Agent Care နံပါတ် 990 ကို ခေါ်ဆိုမေးမြန်း နိုင်ပါသည်။ အခြား မိုဘိုင်းဖုန်း သုံးစွဲသူများ မှ 012323990 သို့ခေါ်ဆိုမေးမြန်း နိုင်ပါသည်။

6 . IMPT Mobile Money ဖွင့်ထားတဲ့ ဖုန်းနံပါတ်ကို ပြောင်းလဲလို့ရနိုင်ပါသလား။

ဟုတ်ကဲ့ ရပါတယ်။ သုံးစွဲသူတွေအနေနဲ့ MPT Mobile Money အကောင့်ကို ဖွင့်ထားတဲ့ ဖုန်းနံပါတ်ကို ပြောင်းလဲချင်ပါက Customer Care 999 သို့ ဖုန်းခေါ်ဆိုပြီး ညွှန်ကြားချက်များအတိုင်း လိုက်နာလုပ်ဆောင်ပါ။ နံပါတ်ပြောင်းလဲမှု အတည်ပြုပြီးစီးပြီးနောက်တွင် SIM ကဒ်အသစ် သို့ အကောင့်ထဲတွင်ရှိသော ငွေများကို လွှဲပြောင်းပေးမှာဖြစ်ပါတယ်။

7. MPT Mobile Money အကောင့်က မည်သည့်အတိုင်းအတာအထိ လုံခြုံစိတ်ချမှုရှိပါသလဲ။

ကျေးဇူးပြု ၍ Customer Care 999 သို့ ဖုန်းခေါ်ဆိုပြီး သင့်ရဲ့ ဖုန်းပျောက်ဆုံးကြောင်းကို အကြောင်းကြားပေးပါ။ Customer Care မှ တာဝန်ရှိသူက သင့် ရဲ့ အသေးစိတ်အချက်အလက်ကို အတည်ပြု ပြီး၊ သင့်ရဲ့ အကောင့်ကို ယာယီ အသုံးပြုခွင့် ရပ်နားထားမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ SIM ကဒ် အစားထိုးရရှိပြီးချိန်တွင် သင့်အကောင့်ကို ပြန်လည် အသုံးပြုနိုင်ရန် Customer Care ကို ဆက်သွယ်ပါ။

8. MPT Mobile Money ရဲ့ကိုယ်စားလှယ်အနေနဲ့လုပ်ကိုင်လိုပါက မည်သူ့ထံဆက်သွယ်ရန်လိုအပ်ပါသလဲ။

ကျေးဇူးပြု၍ Customer Care 999 သို့ ဖုန်းခေါ်ဆိုပြီး သင့်ရဲ့ လုပ်ငန်းအသေးစိတ်ကြောင်းကို ပြောပြပါ။ သို့မဟုတ် MPT Mobile Money Customer Care Teamရဲ့ Email ဖြစ်တဲ့ [email protected] သို့ သင့်ရဲ့ လုပ်ငန်းအသေးစိတ်အကြောင်း ကို ပေးပို့နိုင်ပါတယ်။ MPT Money Sales & Distribution ဌာနက သင့်ထံ သို့ ပြန်လည် ဆက်သွယ်ပေးမှာဖြစ်ပါတယ်။

9. MPT Money အကောင့်မရှိတော့လျှင် MPT Moneyကို ဆက်လက်အသုံးပြုနိုင်ပါသလား။

သင့်၏ နိုင်ငံသားစီစစ်ရေးကတ် သို့မဟုတ် နိုင်ငံကူးလက်မှတ် ဖြင့် MPT Money ကိုယ်စားလှယ်နေရာများတွင် ငွေလွှဲခြင်း၊ ငွေထုတ်ခြင်းများ ပြုလုပ်နိုင်ပါသည်။

10. MPT Money ကိုယ်စားလှယ် ဆိုတာဘာလဲ။

“ MPT Money ကိုယ်စားလှယ် ဆိုသည်မှာ MPT Money ဝန်ဆောင်မှုအကြောင်း ရှင်းလင်းပြောပြပေးနိုင်သူ ဖြစ်ပြီး အောက်ပါ ဝန်ဆောင်မှုများကို ပြုလုပ်ပေးနိုင်သူ ဖြစ်သည်။ – သင်၏ MPT Money အကောင့်မှ ငွေသွင်းခြင်း၊ ငွေထုတ်ခြင်း၊ – ဘောက်ချာဖြင့် ငွေထုတ်ခြင်း၊ – ကိုယ်စားလှယ်မှ တဆင့် ငွေလွှဲခြင်း – သုံစွဲသူအကောင့် အဆင့်မြှင့်တင်ခြင်း”

11. MPT Money ကုန်သည် ဆိုတာဘာလဲ။

MPT Money ကုန်သည် ဆိုသည်မှာ ကုန်စည်ပစ္စည်းဝယ်ယူခြင်းများအတွက် MPT Money ဖြင့် အီလက်ထရောနစ် ပိုက်ဆံကို လက်ခံပေးနိုင်သူ ဖြစ်သည်။

Lo Ta YA FAQS mm

Lo Ta YA

၁။ လိုတရ ဆိုတာဘာလဲ။

လိုတရ ဆိုသည်မှာ သင်၏နေ့စဉ် လိုအပ်သမျှ သတင်းအချက်အလက်များကို တစ်နေရာတည်းတွင် စုံလင်စွာ သိရှိနိုင်မည့် MPT ၏ အက်ပလီကေးရှင်းတစ်ခုဖြစ်ပါသည်။

၂။ လိုတရ အက်ပလီကေးရှင်းကို ဘယ်လို ဒေါင်းလုဒ်ရယူနိုင်ပါသလဲ။

လိုတရ အက်ပလီကေးရှင်းကို အလွယ်ကူဆုံးနည်းလမ်းအနေဖြင့် *2727# ကိုခေါ်ဆို၍ လိုတရ၏ ဒေါင်းလုဒ် URL ကိုရယူလိုက်ပါ။လိုတရဝက်ဆိုက်ဒ်မှ အခမဲ့ ဒေါင်းလုဒ်ရယူနိုင်ပြီး Apple Store နှင့် Google Play Store တို့တွင်လည်း ဒေါင်းလုဒ်ရယူနိုင်ပါသည်။(App Store နှင့် Google Play Store တို့မှ ဒေါင်းလုဒ်ရယူခြင်းအတွက် Data Charges များကျသင့်ပါမည်။ )

၃။ လိုတရ အက်ပလီကေးရှင်းကို မည်သည့်ဖုန်းအမျိုးအစားများဖြင့် အသုံးပြုနိုင်ပါသလဲ။

လိုတရ အက်ပလီကေးရှင်းကို Android ဖုန်းတွင်သာမက iPhone များဖြင့်လည်း အသုံးပြုနိုင်ပါသည်။

၄။ လိုတရ အက်ပလီကေးရှင်းတွင် မည်သည့်ဝန်ဆောင်မှုများ ရရှိနိုင်ပါသလဲ။

လိုတရ အက်ပလီကေးရှင်းတွင် နောက်ဆုံးရ သတင်းအစုံ၊ဂိမ်း၊ဗေဒင်၊တရားတော်၊မိုးလေဝသ သတင်းများ၊ ရှေးဦးပြုစုနည်းလမ်းများ၊ ကူပွန်၊ MPT ၏ အပိုထပ်ဆောင်ဝန်ဆောင်မူ၊ MNL ဘောလုံးသတင်းများ၊ သတင်းနှင့်ဖျော်ဖြေရေးအစီအစဉ်များ အချိန်နှင့် တပြေးညီ သိရှိနိင်ပါသည်။

၅။ လိုတရ အက်ပလီကေးရှင်းတွင် ဘယ်လိုဂိမ်းအမျိုးအစားများရရှိနိုင်ပါသလဲ။

လိုတရ အက်ပလီကေးရှင်းတွင် ဝက်ဆိုက်မှ တိုက်ရိုက်အခမဲ့ ဆော့နိုင်ပြီး နာမည်ကြီး အက်ပလီကေးရှင်းဂိမ်းအကြောင်းအရာများကိုလဲ ဖတ်ရှုနိုင်ပါသည်။

Top-up Bonus ( Facebook Data)

Top-up Bonus ( Facebook Data)

Facebook ဒေတာလက်ဆောင်ရရှိကြောင်း ဘယ်လိုသိနိုင်ပါသလဲ။

ဖုန်းငွေဖြည့်လိုက်ပါက Facebook ဒေတာလက်ဆောင် ရရှိမည်ဖြစ်ပြီး ၊ ရရှိကြောင်း စာတိုပေးပို့၍လည်း အသိပေးပါမည်။ *224# ကိုခေါ်ဆိုပြီးလည်း စစ်ဆေးကြည့်နိုင်ပါသည်။

Top-up Bonus (Facebook Data) အစီအစဉ်သည် Base Tariff အသုံးပြုသူများအတွက် အကျုံးဝင်ပါသလား။

မဟုတ်ပါ။ Base Tariff အသုံးပြုသူများသည် Top-up Bonus (Facebook Data) အစီအစဉ်တွင် အကျုံးမဝင်ပါ။

(၁၀၀၀)ကျပ် ကို ဖုန်းငွေဖြည့်ကတ်မှ တစ်ဆင့် ဖြည့်ထားပါတယ်။ နောက်ထပ် (၁၀၀၀)ကျပ်ကို E top-up ဖြင့် ထပ်ဖြည့်ပါတယ်။ သို့သော် Facebook ဒေတာလက်ဆောင် မရရှိပါဘူး။ ဘာဖြစ်လို့ပါလဲ။

Top-up Bonus (Facebook Data) အစီအစဉ်သည် Voucher card ကို အသုံးပြု၍ MPT4U တွင် ဖုန်းငွေဖြည့်ခြင်း တစ်ခုတည်းအတွက်သာ အကျုံးဝင်ပါသည်။ အခြား နည်းလမ်းများဖြင့် ဖုန်းငွေဖြည့်မည် ဆိုပါက Facebook ဒေတာလက်ဆောင် မရရှိနိုင်ပါ။

MPT Money ကို အသုံးပြု၍ MPT4U တွင် (၁၀၀၀) ကျပ်ကို ဖြည့်သွင်းထားပါတယ်။ Facebook ဒေတာလက်ဆောင် ရရှိနိုင်ပါသလား။

မရရှိနိုင်ပါ၊ သတ်မှတ်ထားသော ဖုန်းငွေဖြည့်ပမာဏများအတိုင်း Voucher card ကို အသုံးပြု၍ MPT4U တွင် ဖုန်းငွေဖြည့်မှသာ Facebook ဒေတာလက်ဆောင်ကို ရရှိမှာဖြစ်ပါတယ်။

Voucher card ကို အသုံးပြု၍ (၁၀၀၀) ကျပ်ကို MPT4U တွင် ဖြည့်ထားပါတယ်။ ထို့နောက် Voucher card ကို အသုံးပြု၍ နောက်ထပ် (၃၀၀၀) ကျပ်ကို MPT4U တွင် ဖုန်းငွေထပ်ဖြည့်ပါတယ်။ ရရှိထားသော Facebook ဒေတာလက်ဆောင်များသည် ပေါင်းစည်းသွားမှာပါလား။

ဟုတ်ပါတယ်။ Voucher card ကို အသုံးပြု၍ MPT4U တွင် ဖုန်းငွေဖြည့်သွင်းခြင်းမှ ရရှိထားသော Facebook ဒေတာလက်ဆောင်များသည် ပေါင်းစည်းသွားပြီး နောက်ဆုံး ရရှိ အသုံးပြုနိုင်သည့် ငွေဖြည့်  သက်တမ်းအတိုင်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။

Balance Bill Mismatch

Bill Mismatch

1. ကျွန်ုပ်ဖေ့ဘုတ်ကိုမိနစ်၂၀လောက်အသုံးပြုလိုက်တယ်၊ ဒါပေမယ့် ဘေလ်ကအများကြီးဖြတ်သွားတယ်၊ ဘာကြောင့်လဲ။

သင့်ရဲ့ဖေ့ဘုတ်အကောင့်မှာ “ Auto Video Play” ကိုပိတ်ထားသင့်ပါတယ်။ “ Auto Video Play” ပိတ်ပုံအဆင့်ဆင့်ကိုဖော်ပြပေးထားပါတယ်။ Facebook setting မှတစ်ဆင့်ဝင်ရောက်ကာ “ media & contacts” မှတဆင့် auto play တွင် “ never auto play video (or) on Wi-Fi connection only” ပြုလုပ်ထားနိုင်ပါသည်။

2. အင်တာနက်ဒီအတိုင်းဖွင့်ထားပါတယ်၊ဘာမှအသုံးမပြုပဲလက်ကျန်ငွေတွေကဖြတ်သွားတယ်၊ ဘာကြောင့်လဲ။

လူကြီးမင်း၏မိုလ်ဘိုင်းဖုန်းတွင် “ Background Data” ကိုပိတ်ထားသင့်ပါတယ်။ “ Background Data” ပိတ်ပုံအဆင့်ဆင့်ကိုဖော်ပြပေးထားပါတယ်။Android ဖုန်းတွေမှာဆိုရင် Setting ထဲက application manager မှတဆင့် application တခုစီရဲ့ data တွေကို လိုက်ပိတ်ရမှာဖြစ်ပါသည်။ IOS ဖုန်းတွေအတွက်တော့ setting ထဲက cellular data မှတဆင့် application တခုစီကို ပိတ်ထားရမှာဖြစ်ပါတယ်။

3. ဘေလ်တွေအရမ်းကုန်နေပါတယ်၊ အသေးစိတ်ကိုဘယ်လိုစစ်ဆေးရမလဲ။ ဒေတာအသုံးပြုမှု ကန့်သတ်ထား လို့ကောရလား။

*224# ကိုဖုန်းခေါ်ဆို၍ လည်းကောင်း၊ MPT4U အက်ပလီကေးရှင်း မှတဆင့်လည်းအသုံးပြုမှု ပမာဏ အသေးစိတ်ကို စစ်ဆေးနိုင်ပါသည်။မိမိသတိမထားမိလိုက်ပဲ ဒေတာပိုမို အသုံးပြုမှုကို ကာကွယ်ရန်အတွက် Setting ထဲမှာ Data Limit ကို မိမိ အသုံးပြုလိုသည့် ပမာဏအတိုင်း ကန့်သတ်ထားနိုင်ပါတယ်။

4. အကုန်အကျသက်သာစေဖို့ဒေတာပက်ကေ့ချ်ဝယ်သုံးပါတယ်၊ဒါပေမယ့် အင်တာနက် သုံးရင် လက်ကျန်ငွေ ထဲကပဲဖြတ်သွားပါတယ်၊ ဘာကြောင့်လဲ။

တခါတလေမှာလူကြီးမင်းရဲ့ဖုန်းက application တွေ “ Auto Update” ဖြစ်နေတတ်ပါတယ်။ထိုကြောင့် ဖုန်းထဲက “ Auto System Update” ကိုပိတ်ထားသင့်ပါတယ်။Android ဖုန်းတွေမှာဆိုရင် Setting ထဲက auto update ကို disable လုပ်ထားရမှာဖြစ်ပါတယ်။ IOS မှာဆိုရင်တော့ setting မှတဆင့် iTunes&App store မှတစ်ဆင့် disable ပြုလုပ်ထားရမှာဖြစ်သည်။

5. အင်တာနက်ဖွင့်လိုက်တယ်သိပ်မကြာဘူးဘာမှမသုံးရသေးပဲဘေလ်အ များကြီးဖြတ်သွားတယ်။ ဘာကြောင့်လဲ။

အင်တာနက်သုံးတဲ့အခါ ကိုယ့်ရဲ့ Wi-Fi Hotspot ကိုစစ်ဆေးသင့်ပါတယ်။ Wi-Fi Hotspotဖွင့်သုံးတဲ့အခါမှာလည်း Password ထည့်ထားသင့်ပါတယ်။Password မရှိတဲ့အခါ အခြားသူတွေက အလွယ်တကူ ချိတ်ဆက်အသုံးပြု နိုင်တဲ့အတွက်ဒေတာတွေပိုမို ကုန်ကျနိုင်ပါတယ်။ ကိုယ်တိုင် Computer နဲ့ ချိတ်ဆက် အသုံးပြုတဲ့အခါမှာလည်း Window Auto Update တွေကို ပိတ်ထားမယ်ဆိုရင် ဒေတာကုန်ကျမှုတွေကိုလျော့ချနိုင်မှာပါ။

Roaming & Promotion FAQs

Roaming & Promotion

International Roaming Service ဆိုတာဘာလဲ။

International Roaming Service ဆိုတာ တခြားနိုင်ငံက မိုဘိုင်းအော်ပရေတာ ကွန်ယက်တစ်ခုခုမှာ လူကြီးမင်းရဲ့ဖုန်းကို အသုံးပြုနိုင်အောင် စီစဉ်ပေးထားတာပါ။ဒီဝန်ဆောင်မှုဟာ လူကြီးမင်းတို့ ပြည်ပနိုင်ငံတစ်ခုခုမှာ ရောက်နေတဲ့အချိန် မြန်မာနိုင်ငံက ဒါမှမဟုတ် တခြားပြည်ပနိုင်ငံတစ်ခုခုမှာရှိနေတဲ့ မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေကို ဖုန်းဆက်နိုင်အောင် စီစဉ်ပေးထားတာပါ။ ဒီဝန်ဆောင်မှု အတွက် သုံးစွဲသူတွေဆီကနေ ၀န်ဆောင်ခကို MPTက ကောက်ခံသွားမှာပါ။

တခြားနိုင်ငံတွေမှာမိုဘိုင်းဖုန်းကိုသုံးစွဲရာမှာ ဖုန်းအဝင်လက်ခံခြင်းနဲ့အဝင်မက်ဆေ့ချ်တွေအပေါ်မှာ ဝန်ဆောင်ခ ကောက်ခံပါသလား။

ဖုန်းအဝင်လက်ခံခြင်းအတွက် ၀န်ဆောင်ခကောက်ခံပါတယ်။ မက်ဆေ့ချ်အဝင် လက်ခံခြင်းအတွက်တော့ ၀န်ဆောင်ခ မပေးရပါဘူး။  ဒါပေမဲ့  ပြည်ပနိုင်ငံမှာ မ်ိုဘိုင်းဖုန်းကို အသုံးပြုနေတဲ့အချိန် မက်ဆေ့ချ်ပို့ခဲ့မယ်ဆိုရင် တော့ ၀န်ဆောင်ခ ပေးဆောင်ရမှာပါ။

Roaming ကိုဘယ်လိုရယူနိုင်မလဲ။

MPT Prepaid သုံးစွဲသူများအတွက် default မှတဆင့် activate ၍ သုံးစွဲနိုင်ပါသည်။ သို့သော် Postpaid သုံးစွဲသူများသည် Roaming ဝန်ဆောင်မှုကိုရယူရန်အတွက် ကြိုတင်ငွေများကိုတစ်ဦးချင်းစီအတွက် MPT Brand Stores များမှ လည်းကောင်း၊ B2B/Corporate များအတွက် Account Managers များမှ တစ်ဆင့်လည်းကောင်း ပေးဆောင်ရန် လိုအပ်ပါသည်။

ပရိုမိုးရှင်းမပါဝင်တဲ့ပုံမှန်နှုန်းထားဆိုတာဘာပါလဲ။

ပုံမှန်နှုန်းထားကို နိုင်ငံအလိုက် သတ်မှတ်ထားပါသည်။ ပရိုမိုးရှင်းကာလအတွင်းမှာ ပိုမိုသက်သာသော နှုန်းထားဖြင့် ရရှိနိုင်ပါတယ်။

ပရိုမိုးရှင်းနှုန်းထားဆိုတာဘာလဲ။

ပရိုမိုးရှင်းနှုန်းထားကို အောက်ပါအတိုင်း နိုင်ငံအလိုက် သတ်မှတ်ထားပါတယ်။

နိုင်ငံများနှုန်းထား
ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊မကာအို၊ ထိုင်ဝမ်၊ကမ္ဘောဒီးယား၊ ၊ဗီယက်နမ်၊ လာအို၊ဘရူနိုင်း၊ အင်ဒိုနီးရှား 15 Ks/MB
ပိုမိုသက်သာေသာ နှုန်းထားြဖင့် Roaming rate cutter
9 Ks/MB ဖြင့် (၇)ရက်စာ
15 Ks/MB
ပိုမိုသက်သာေသာ နှုန်းထားြဖင့် Roaming rate cutter
9 Ks/MB ဖြင့် (၇)ရက်စာ
ဂျပန်၊တောင်ကိုရီးယား၊အိန္ဒိယ၊သီရိလင်္ကာ၊သြစတေးလျ၊အမေရိကန် 50 Ks/MB50 Ks/MB
ယူကေ၊ ဆွီဒင်၊ရုရှား၊နော်ဝေ၊နယ်သာလန်၊အီတလီ၊ဟန်ဂေရီ၊ဂျာမနီ၊ပြင်သစ်၊ဖင်လန်၊ဒိန်းမတ်50 Ks/MB

(နှုန်းထားများသည် အခွန် ပါဝင်ပြီး ဖြစ်ပါသည်)

PromotionSubscriptionValidity
9 Ks/MB Promotion
(rate cutter)
7 days
Package Promotion (10000 Ks)7 days
Paygo Promotionx

စာရင်းပေးသွင်းရန် လိုအပ်ပါသလား။

စာရင်းပေးသွင်းရန် လိုအပ်မှုမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

Promotionစာရင်းပေးသွင်းခြင်းသက်တမ်း
9 Ks/MB Promotion
(rate cutter)
လိုအပ်ပါသည်၇ရက်
Package Promotion (10000 Ks) လိုအပ်ပါသည် ၇ရက်လိုအပ်ပါသည်၇ရက်
Paygo Promotionမလိုအပ်ပါ၇ရက်

9Ks/MB ပရိုမိုးရှင်းဆိုတာဘာပါလဲ။

အောက်ဖော်ပြပါနိုင်ငံများသို့ သွားရောက်လျှင် ရရှိနိုင်မည့် Roaming Package ဖြစ်ပါသည်။

တန်ဖိုး၉၀၀ ကျပ်
နှုန်းထား9Ks/MB
သက်တမ်း၇ ရက်
Activation*9007#
ရရှိနိုင်ေသာ နိုင်ငံများထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊မကာအို၊ ထိုင်ဝမ်၊ကမ္ဘောဒီးယား၊ ၊ဗီယက်နမ်၊ လာအို၊ဘရူနိုင်း၊ အင်ဒိုနီးရှား။

Package ကိုဘယ်လိုဝယ်ယူရမလဲ။

  • 1332 သို့ “NINE” ဟု စာတိုပေးပို့၍ ဖြစ်စေ
  • *9007# သို့ခေါ်ဆို၍ဖြစ်စေ
  • *106*2*5*2# သို့ခေါ်ဆို၍ဖြစ်စေ
  • From MPT4U > Package Purchase > Others > Roaming & IDD
  • နီးစပ်ရာ retailer များကို သွားရောက်မေးမြန်း၍ DMS မှ တစ်ဆင့်လည်း ဝယ်ယူနိုင်ပါသည်။

Roaming Rate cutter pack 7 days ဝယ်ယူထားပါတယ်။ သုံးစွဲနိုင်သော သက်တမ်းနှင့် ပမာဏကျန်ရှိချိန်မှာ နောက်ထပ် Roaming Rate cutter pack ကိုထပ်မံဝယ်ယူလိုပါတယ်။ ဘယ်လိုဖြစ်ပါမလဲ။

  • ဝယ်ယူ၍ မရနိုင်ပါ။ မူလ ဝယ်ယူထားသော Roaming Rate cutter pack 7 days ၏ သက်တမ်းနှင့် ပမာဏ ကျန်ရှိနေချိန်တွင် နောက်ထပ် rate cutter pack ဝယ်ယူ၍ မရနိုင်ပါ။ မူလ Roaming Rate cutter pack ၏ ပမာဏ နှင့် သက်တမ်း ကုန်ဆုံးပြီးမှသာ ဝယ်ယူနိုင်ပါမည်။

ဖော်ပြပါ ပရိုမိုးရှင်းနှုန်းထားသည် ဒေတာတစ်ခုအတွက်သာဖြစ်ပါသလား။

ဒေတာနှုန်းထားအတွက်သာဖြစ်ပါသည်။ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းအတွက် ပုံမှန်နှုန်းထားများဖြင့် အသုံးပြုနိုင်ပါသည်။

ထိုနိုင်ငံများအတွက်ယခု ကိုမဝယ်ယူချင်ပါက အခြားပရိုမိုးရှင်းများရှိပါသလား။

အဆိုပါ package ကို မဝယ်ယူချင်ပါက ထို ၁၂ နိုင်ငံ (ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊လာအို၊ဘရှုနိုင်း၊အင်ဒိုနီးရှား ) အတွက် 15Ks/MB သုံးသလောက်ပေး အင်တာနက်နှုန်းထားဖြင့် ဆက်လက်အသုံးပြုနိုင်ပါသည်။

15 Ks မှ 9Ks ဖြင့် ၄၀% သက်သာသော အဆိုပါ အထူး Package ကို ဝယ်ယူရန် အကြံပြုလိုပါသည်။

Poh B mm

VAS > BALANCE

Poh B

1. “ပို့ဘီ” ဝန်ဆောင်မှုဆိုတာဘာပါလဲ။

“ပို့ဘီ” သည် MPT သုံးစွဲသူအချင်းချင်း MPT ဝန်ဆောင်မှု(Package)များကို လက်ဆောင်ပေးနိုင်သည့် အခမဲ့ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။ MPT သုံးစွဲသူများသည် “ပို့ဘီ” ဝန်ဆောင်မှုကိုသုံးပြီး Data Carry Plus  Pack၊ ပြောပီးရင်းပြော Voice Pack၊ ထောဘီ တို့ကို အခြားMPTဖုန်းများသို့ လက်ဆောင်ပေးပို့နိုင်မည်ဖြစ်ပါသည်။

သုံးစွဲသူများသည် ပုံမှန်အတိုင်း USSD Code များကို ရိုက်နှိပ်ကာ မိမိနှစ်သက်ရာ Package ကိုရွေးပြီး “လက်ဆောင်ပေးမည်” နေရာကိုရွေးချယ်ကာ မိမိပေးပို့လိုသည့် ဖုန်းနံပါတ်ကိုဖြည့်သွင်းလိုက်ရုံဖြင့်လွယ်ကူစွာ လက်ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။

MPT 4U App ကို အသုံးပြုပြီးလည်း MPT ဝန်ဆောင်မှု (Package)များကို လက်ဆောင်ပေးပို့နိုင်မည်ဖြစ်ပါ သည်။

လက်ဆောင်ပေးပို့နိုင်မည့်အကြိမ်အရေအတွက် နှင့် လက်ဆောင်လက်ခံနိုင်မည့် အကြိမ်အရေအတွက် ကန့်သတ်ထားခြင်းမရှိပါ။

လက်ခံရရှိသူသည် မိမိလက်ခံရရှိသော Package ကို ယင်းPackage ၏ လက်ရှိစည်းမျဉ်းစည်းကမ်းများအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။

MPT ဝန်ဆောင်မှု (Package)USSDအခြား
 Data Carry Plus Pack*777# 

MPT4U

A Kyite Pyaw+ Voice Pack*600#
ထောဘီ*500#

2. "ပို့ဘီ"ဝန်ဆောင်မှုကိုသုံးတဲ့အခါဝန်ဆောင်ခပေးရန်လိုပါသလား။

ဝန်ဆောင်ခပေးရန်မလိုပါ။

သင်သည် “ပေးပို့သူ” ဖြစ်ပါက သင်ပေးပို့မည့်Package၏ ဈေးနှုန်းအတိုင်း ကျသင့်ငွေကိုသာ သင်၏ လက်ကျန်ငွေအတွင်းမှ ဖြတ်တောက်သွားပါမည်။ ပေးပို့မှုအောင်မြင်ကြောင်း SMS ပေးပို့အသိပေးပါမည်။

သင်သည် “လက်ခံရရှိသူ” ဖြစ်ပါက သင့်အားပေးပို့လိုက်သော Package ကိုအလိုအလျောက်လက်ခံ ရရှိပါမည်။ လက်ခံရရှိကြောင်း SMS ပေးပို့အသိပေးပါမည်။ သင်၏ package ကို *224# သို့ ခေါ်ဆိုစစ်ဆေးနိုင်ပါသည်။

3. ကျွန်တော့်မှာ လက်ကျန် Data Carry Plus Pack ရှိနေပါတယ်။ သူငယ်ချင်းဆီကနေ Data Carry Plus Pack အသစ်တစ်ခုကို လက်ခံရရှိပါတယ်။ ဒါဆိုဘယ်လိုဖြစ်မှာပါလဲ?

လက်ကျန်နှင့် အသစ်ရရှိသော ဒေတာပမာဏများပေါင်းသွားမည်ဖြစ်ပြီး Data Cary Plus Package၏ လက်ရှိစည်းမျဉ်းစည်းကမ်းများအတိုင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။

A Kyite Pyaw+ Voice Pack နှင့် Htaw B  တို့သည်လည်း လက်ခံရရှိသူတွင် ရှိနေသည့် အမျိုးအစားတူ Package များနှင့် ပေါင်းသွားမည်ဖြစ်ပါသည်။

SIM Registration FAQs

SIM Registration

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆိုတာဘာပါလဲ။

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆိုသည်မှာ တယ်လီကွန်းအော်ပရေတာများထံမှ ဆင်းမ်ကတ် ၀ယ်ယူသည့်အခါ ဆောင်ရွက်ရသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။

ဖုန်းနံပါတ်တွေကိုဘာကြောင့်မှတ်ပုံတင်ဖို့လိုအပ်ပါသလဲ။

နိုင်ငံတော်အစိုးရ၏ သတ်မှတ်ချက်အရ ဆင်းမ်ကတ်များအားလုံးကို မှတ်ပုံတင်ထားဖို့ လိုအပ်ပါတယ်။

ဆင်းမ်ကတ်မှတ်ပုံမတင်ဘူးဆိုရင်ဘာဖြစ်မလဲ။

MPT ၏ ဝန်ဆောင်မှုများကို အသုံးပြု၍ ရနိုင်မည် မဟုတ်ပါ။

တကယ်လို့ကိုယ်တင်ထားတာမဟုတ်ဘဲ ကိုယ့်မှတ်ပုံတင်သုံးထားမထား ဘယ်လိုသိရပါ့မလဲ။

ဟုတ်ကဲ့… မိမိနိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းကိုယူဆောင်၍ မိမိကိုယ်တိုင် MPT ၏ သက်ဆိုင်ရာ Own Shop/ MPT Office တွေမှာ ဝန်ထမ်းများ၏ အကူအညီရယူနိုင်ပါတယ်၊၊

တခြားသူက မိမိမှတ်ပုံတင်ကို တနည်းနည်းနဲ့ရယူမှတ်ပုံတင်ထားပါက မိမိမှတခြား SIM အတွက်ထပ်မံမှတ်ပုံတင် ပါက ၂ခုထက်ပိုနေသော SIM များအတွက် ဘယ်လိုစီမံဆောင်ရွက်ထားပါသလဲ။

ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာန ၏ ညွှန်ကြားချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ခုလျှင် အော်ပရေတာ တစ်ဦး၏ ဆင်းမ်ကတ် ၂ ခုသာ မှတ်ပုံတင်နိုင် မည်ဖြစ်ပါသည်။ ဒါ့အပြင် မိမိနိုင်ငံသားစိစစ်ရေး ကတ်ပြားမူရင်း ကိုယူဆောင်၍ မိမိကိုယ်တိုင် MPT ၏ သက်ဆိုင်ရာ Own Shop/ MPT Office တွေမှာ ဝန်ထမ်းများ၏ အကူအညီရယူနိုင်ပါတယ်၊၊