Bill payment by MPT Money Faq MM

FAQs

၁။ ငွေတောင်းခံလွှာများကို MPT Pay ဖြင့် ပေးဆောင်နိုင်တယ် ဆိုတာ ဘာလဲ?

Postpaid နှင့် FTTH ၀န်ဆောင်မှု အမျိုးအစားအားလုံး၏ လစဉ်ကျသင့်ငွေတောင်းခံလွှာ နှင့် ကနဦ: ငွေတောင်းခံလွှာ (OTI)များအား MPT Pay ကိုအသုံးပြုပြီး  ငွေပေးဆောင်နိုင်သော ဝန်ဆောင်မှု အသစ်ဖြစ်ပါသည်။

၂။ ငွေပေးချေမှု ဝန်ဆောင်မှု အသစ်ဖြင့် မည်သည့် လစဉ်ငွေတောင်းခံလွှာများကို ပေးဆောင်နိုင်ပါသလဲ ?

MPT Postpaid Service (PSTN, ADSL, GSM, CDMA, IPStar) နှင့်  FTTH ဝန်ဆောင်မှု အမျိုးအစားအားလုံး၏ လစဥ်ငွေတောင်းခံလွှာ နှင့် OTI ငွေတောင်းခံလွှာများကို ပေးဆောင်နိုင်ပါသည်။

၃။ MPT Pay ဆိုတာဘာလဲ?

MPT Pay ဆိုသည်မှာ မြန်မာပြည်အတွင်း အချိန်မရွေး နေရာမရွေး ငွေလွှဲပို့နိုင်သော ဝန်ဆောင်မှုဖြစ်ပါတယ်။ အသုံးပြုသူတွေ အနေနဲ့ အကောင့်အတွင်း ငွေသိမ်းဆည်းခြင်း၊ ငွေလွှဲခြင်း၊ ငွေလက်ခံခြင်းများကို MPT Pay အကောင့်မှတဆင့် ပြုလုပ်နိုင်ပါတယ်။ MPT Pay application အကြောင်းပိုမို သိရှိလိုပါက https://mptmoney.com.mm/  တွင်၀င်ရောက်ကြည့်ရှုနိုင်ပြီ: MPT Pay application ကိုလည်း Download ရယူနိုင်ပါသည်။

၄။ MPT Pay application ကို အသုံးပြုပြီး ငွေပေးချေမှု မည်သို့လုပ်ဆောင်နိုင်ပါသလဲ?

MPT Pay အသုံးပြုရန် User (သို့) Merchant (သို့) Agent အကောင့်များ ဖွင့်ပြီ: ငွေပေးချေမှုကို လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်နိုင်ပါသည်။

၅။ MPT Pay ကို မည်သူတွေ အသုံးပြုလို့ ရနိုင်ပါသလဲ။ စာရင်းသွင်းရန် အတွက် ထပ်ဆောင်း၀န်ဆောင်ခ ပေးရန်လိုအပ်ပါသလား။

MPT Pay သုံးစွဲသူ အကောင့်ကို မည့်သည့် မိုဘိုင်း ဖုန်းနံပါတ်မဆို စာရင်းသွင်းနိုင်ပါသည်။ Merchant (သို့) Agent အသုံးပြုသူများသည် MPT mobile SIM ဖြင့်သာ စာရင်းပေးသွင်းနိုင်ပါသည်။ စားရင်းသွင်းရန် ၀န်ဆောင်ခ ထပ်ဆောင်းပေးဆောင်ရန် မလိုပါ။

၆။ Postpaid (PSTN, ADSL, GSM/CDMA, IP Star) နှင့် FTTH ၀န်ဆောင်ဆောင်မှု လစဥ် ငွေတောင်းခံလွှာများ ပေးဆောင်ရန် အောက်ပါအဆင့်များကို လုပ်ဆောင်ပါ။

(၁) MPT Pay ၏ User အကောင့် အသုံးပြုပြီ: ငွေပေးချေမည်ဆိုလျှင် mobile number (09XXXXXXXXX) နှင့် password ကိုရိုက်နိုပ်ပြီ: user application ထဲသို့၀င်ပါ။ Agent အကောင့် အသုံးပြုပြီ: ငွေပေးချေမည်ဆိုလျှင် user name ၊ password နှင့် short code ကိုရိုက်နိုပ်ပြီ: agent application ထဲသို့၀င်ပါ

(၂) Home menu မှ “MPT ဘေလ်များ” ကို နှိပ်ပါ။

(၃) “Account Code”, “Invoice Number” နှင့် ပေးဆောင်မည့် ငွေပမာဏ “Amount” ရိုက်ထည့်ပါ (သို့) လစဥ်ဘေလ်တွင် ပါ၀င်သော QR code     ကို QR scan ဖတ်ပြီး “Account Code” နှင့် “Invoice Number” ကို အလိုအလျောက်ဖြည့်ပြီး ပေးဆောင်မည့် ငွေပမာဏ “Amount” ရိုက်ထည့်ပါ။

(၄) အချက်အလက်များကို စစ်ဆေးပြီး မှန်ကန်ပါက ဆက်လက်လုပ်ဆောင်ရန် “Proceed”  ကို နှိပ်ပါ။

(၅) MPT Pay မှ ငွေပေးချေမှု အောင်မြင်ကြောင်း ကို “Success/ Failed” status နှင့်တကွ ဖြည့်သွင်းထားသော အချက်အလက်များကို ပြပေးပါမည်။ ငွေပေးချေမှုအတွက် Postpaid နှင့် FTTH services ကို စာရင်းသွင်းပြီ: အတည်ပြုထားသော မိုဘိုင်းဖုန်းထံသို့  SMS ရရှိပါလိမ့်မည်။

၇။ OTI ငွေတောင်းခံလွှာများကို MPT Pay ဖြင့် မည်သို့ ပေးဆောင်နိုင်ပါသလဲ။

အထက်ပါ နံပါတ် ၇ အချက်အလက်အတိုင်း ငွေပေးချေမှုကို လုပ်ဆောင်နိုင်ပါသည်။ ကနဦ: ငွေတောင်းခံလွှာ (OTI)များကို ပေးဆောင်လျှင် ကျသင့်ငွေကို အပြည့်အ၀ပေးချေရပါမည် သို့မဟုတ်ပါက MPT Pay မှ “Failed” ဟု status ပြပြီး အပြည့်အ၀ပေးဆောင်ရန်အတွက် ကျသင့်ငွေပါ ပြပေးပါမည်။

၈။ ငွေပေးချေပြီးပါက အောင်မြင်ခြင်း ရှိ မရှိ ဘယ်လိုသိရှိနိုင်မလဲ?

MPT Pay မှ ငွေပေးဆောင်မှုအချက်အလက် စစ်ဆေးပြီးပါက “Success/ Failed” လို့ပြပေးပါမည်။ ငွေပေးချေမှု အောင်မြင်ပါက MPT မှ ငွေလက်ခံရရှိကြောင်း SMS ပေးပို့သွားမည်ဖြစ်ပါသည်။

၉။ အကယ်၍ ဆားဗစ်နံပါတ် (သို့) အကောင့်နံပါတ် မှားယွင်းပေးဆောင်မိရင် ဘယ်လိုဆောင်ရွက်ရမလဲ ?

MPT Pay call center (990 or 01-2323990) ကို ဖုန်းခေါ်ဆိုပြီ: မိမိ လက်ခံရရှိသော SMS ကို ပြသပါ။

၁၀။ ငွေပေးချေပြီးသော်လည်း SMS မရရှိပါက မိမိ ငွေပေးချေမှု အောင်မြင်/မအောင်မြင် ဘယ်လိုသိရှိနိုင်မလဲ ?

MPT Pay call center (990 or 01-2323990) သို့ ဖုန်းခေါ်ဆို၍ လည်းကောင်း၊ နီးစပ်ရာ MPT ၏ ငွေလက်ခံကောင်တာများ TRA တွင် လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။ MPT Pay application ၏ “Transaction History (လုပ်ဆောင်ချကမှတ်တမ်း)” မှတဆင့် မိမိငွေပေးချေခဲ့သည့် ရက်ဖြင့်လည်း ရှာဖွေကြည့်ရှုနိုင်ပါသည်။

၁၁။ ဆက်သွယ်ရန်နံပါတ် ပြောင်းလဲချင်ပါက ဘယ်လို ဆောင်ရွက်နိုင်မလဲ ?

106 သို့ ဖုန်းခေါ်ဆို၍ လည်းကောင်း၊ နီးစပ်ရာ MPT ၏ ငွေလက်ခံကောင်တာများ TRA တွင် လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။

၁၂။ ကိုယ်စား ငွေပေးချေနိုင်ပါသလား။ ဘာတွေလိုအပ်ပါသလဲ?

ကိုယ်စား ပေးဆောင်နိုင်ပါသည်။ ငွေပေးချေမည့် ဝန်ဆောင်မှု နံပါတ်၏ အချက်အလက်များ ဥပမာ- ငွေတောင်းခံလွှာအမှတ်၊ ငွေစာရင်းအမှတ်၊ ပေးဆောင်မည့် ငွေပမာဏ စသည်တို့ လိုအပ်ပါသည်။

၁၃။ ငွေပေးချေရန် အချိန် ကန့်သတ်ချက် ရှိပါသလား?

ဤငွေပေးချေမှုသည် အချိန် ကန့်သတ်ထားခြင်း မရှိပါ။ လွယ်ကူမြန်ဆန်ပြီး အချိန်ကုန်သက်သာစေသော အွန်လိုင်း ၀န်ဆောင်မှုဖြစ်ပါသည်။

၁၄။ ငွေပေးသွင်းရက် ကျော်လွန် ၍ လိုင်း ဖြတ်တောက်ခံရပါက ငွေသွင်း၍ ပြန်လည်လိုင်းဖွင့်ရာတွင် ပေးသွင်းပြီး အချိန်ဘယ်လောက်ကြာလှ့ျင် လိုင်းပြန်ဖွင့်ပါသလဲ?

ပေးရန်ကျန်ရှိသော ကြွေးကျန်များ အားလုံးကို ပေးသွင်းပြီးပါက ၂ရက်မှ ၃ရက် (အလုပ်လုပ်ရက်) အတွင်း ဖြတ်တောက်ထားသော လိုင်းကို ပြန်လည် ဖွင့်ပေးမည် ဖြစ်ပါသည်။

၁၅။ ငွေပေးသွင်းပြီးသော်လည်း လိုင်းပြန် မပွင့်ပါ။ ဘာကြောင့်ပါလဲ?

သင့်ငွေပေးချေမှုကို အပြည့်အ၀ ငွေပေးချေမှု ရှိ မရှိ စစ်ဆေးပါ။ ငွေတောင်းခံလွှာအတိုင်း အပြည့်အ၀ ပေးချေပြီးနောက် လိုင်းပြန်လည် အသုံးပြုနိုင်ပါလိမ့်မည်။

၁၆။ အကယ်၍ မိမိ ဝန်ဆောင်မှု လိုင်းအား ယာယီပိတ်သိမ်း ထားသော်လည်း ငွေပေးဆောင်ရန် ကျန်ရှိပါက ယခုငွေပေးချေမှု နည်းလမ်းအသစ် ဖြင့် ပေးဆောင်နိုင်ပါသလား?

မည်သည့် အကြောင်းအရာဖြင့်မဆို လိုင်းယာယီပိတ်ထားသော်လည်း ယခု ငွေပေးချေမှုနည်းလမ်း အပါအဝင်  ယခင်ချယ်နယ် အားလုံးမှ ငွေပေးချေနိုင်ပါသည်။ ငွေပေးချေမှု ပြီးစီးပါက လိုင်းအလိုအလျောက် ပြန်လည်အသုံးပြုနိုင်မည် ဖြစ်ပြီး ချွင်းချက် အနေဖြင့် မိမိဆန္ဒဖြင့် ယာယီပိတ် လျောက်ထားသော လိုင်းများအနေဖြင့် MPT ကော်မာရှယ် ရုံးများတွင် လိုင်းပြန်လည်ဖွင့်လှစ်ရန် လျောက်ထားရမည် ဖြစ်သည်။

၁၇။ အကယ်၍ လိုင်းအပြီးပိတ်သိမ်းထားသော်လည်း ပေးသွင်းရန် ကျန်ငွေရှိပါက ယခု ငွေပေးချေမှု နည်းလမ်း အသစ်ဖြင့် ပေးချေနိုင်ပါသလား ?

မည်သည့် အကြောင်းအရာဖြင့် ဖြစ်စေ လိုင်းအပြီး ပိတ်သိမ်းထားသော်လည်း ငွေပေးချေလိုပါက ယခု ငွေပေးချေမှု နည်းလမ်းအသစ် အပြင် ယခင်ချယ်နယ် အားလုံးမှ ပေးချေနိုင်ပါသည်။ သို့သော် အပြီးပိတ်လိုင်းများအား ပြန်လည် အသုံးပြုလိုပါက MPT ကော်မာရှယ် ရုံးများသို့ သွားရောက် လျောက်ထားရန် လိုအပ်ပါသည်။

၁၈။ ငွေတောင်းခံလွှာ ပမာဏထက် ပိုပြီး ငွေပေးချေပါက ဘယ်လိုဖြစ်နိုင်ပါသလဲ?

ငွေတောင်းခံလွှာပမာဏထက် ပိုမိုပေးဆောင်ပါက ပိုနေသော ငွေပမာဏအား သုံးစွသူ၏ ငွေစာရင်းအဖြစ် သတ်မှတ်ပေးမည် ဖြစ်သည်။

-သုံးစွဲသူမှ ပေးဆောင်ရန်ကျန်ငွေ မရှိပါက သုံးစွဲသူ၏ အကောင့်တွင် ကြိုတင်ငွေအဖြစ် ထည့်သွင်းပေးသွားပါမည်။

-သုံးစွဲသူမှ အခြားငွေတောင်းခံလွှာများအတွက် ပေးဆောင်ရန်ရှိပါက ကျန်ရှိသော ငွေဖြင့် ပေးချေသွားမည် ဖြစ်ပါသည်။

၁၉။ ငွေတောင်းခံလွှာပမာဏ အောက် လျော့နည်းပြီး ငွေပေးချေပါက ဘယ်လိုဖြစ်နိုင်ပါလဲ?

MRC ငွေတောင်းခံလွှာပမာဏအောက် လျော့နည်းပြီး ငွေပေးချေပါက တစ်စိတ်တစ်ပိုင်းငွေပေးချေမှု အဖြစ် လက်ခံပါမည်။ သင့်အနေဖြင့် ပေးဆောင်ရန်ကျန်ငွေများအား အလုံးစုံ ပေးချေရန် လိုအပ်ပြီး ပေးဆောင်ရန်ကျန်ငွေပမာဏ မည်မျ နည်းသည်ဖြစ်စေ ငွေပေးချေရမည့်ရက် ကျော်လွန်ပါက လိုင်းယာယီဖြတ်တောက်မှု ခံရနိုင်ပါသည်။

ကနဦ: ငွေတောင်းခံလွှာ(OTI) ပမာဏအောက် လျော့နည်းပြီး ငွေပေးချေမှုကို MPT Pay မှတဆင့် လက်ခံမည် မဟုတ်ပါ။ သင့်အနေဖြင့် ပေးဆောင်ရန်ကျန်ငွေများအား အပြည့်အ၀ ပေးချေရန် လိုအပ်ပြီး ပေးဆောင်ရန်ကျန်ငွေပမာဏ မည်မျ နည်းသည်ဖြစ်စေ ငွေပေးချေရမည့်ရက် ကျော်လွန်ပါက လိုင်းယာယီဖြတ်တောက်မှု ခံရနိုင်ပါသည်။

၂၀။ ပေးဆောင်ရန်ကျန်ငွေ မရှိဘဲ ငွေပေးချေပါက ဘယ်လို ဖြစ်နိုင်ပါသလဲ?

ပေးသွင်းသောငွေ အားလုံးသည် ကြိုတင်ငွေ အဖြစ် သတ်မှတ်ပေးမည် ဖြစ်သည်။

MPT သုံးစွဲသူများသည် ပြည်တွင်း နှင့် နိုင်ငံတကာတေးသီချင်း သန်းပေါင်း များစွာ နားဆင်နိုင်မည့် JOOX VIP ပရီမီယမ်ဝန်ဆောင်မှုကို အသုံးပြုနိုင်သည့် ဒေတာပက်ကေ့ချ်အသစ်ကို မိတ်ဆက်

(“JOOX Data Pack” ဖြင့် ကြိုက်နှစ်သက်ရာတေးသီချင်းကောင်းများကို အကန့်အသတ်မရှိနားဆင်နိုင်မည်ဖြစ်ပြီး အကောင်းဆုံးဖျော်ဖြေရေးဝန်ဆောင်မှုများကိုပေးအပ်သွားမည်)

(ရန်ကုန်၊ ၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၃၀ ရက်) – မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် ၎င်း၏ ဂီတချစ်သူ အားလုံးအတွက် ဂီတနှင့် ဖျော်ဖြေရေးတွင် အကောင်းဆုံး ဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရန်ရည်ရွယ်၍ ကြိုက်နှစ်သက်ရာ အင်တာနက်အသုံးပြုနိုင်သည့် JOOX Data Pack ဒေတာပက်ကေ့ချ် အသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်သည်။ JOOX Data Pack ဒေတာပက်ကေ့ချ်အသစ်ကို ဝယ်ယူလိုက်ရုံဖြင့် JOOX ၏ VIP အကျိုးခံစားမှုများဖြစ်သည့် ပြည်တွင်းနှင့် နိုင်ငံတကာတေးသီချင်း သန်းပေါင်းများစွာပါဝင်သော တေးသီချင်းများကို အကန့်အသတ်မရှိ ဝင်ရောက် ခံစားနားဆင်နိုင်မည်ဖြစ်သည်။
JOOX သည် ဂီတဖျော်ဖြေရေး Streaming ဝန်ဆောင်မှုများ ပေးနေသည့်အလျောက် အနုပညာရှင်များ၏ များပြားလှစွာသော အယ်လ်ဘမ်များ၊ သီချင်းများနှင့် စိတ်ကြိုက်ရွေးချယ်ထားသော Playlist သီချင်းများကို တေးသီချင်းချစ်သူများသို့ ပေးအပ်လျက်ရှိပါသည်။ ထို့အပြင် JOOX VIP အစီအစဥ်သည် တေးသီချင်းများကို Hi-Fi အရည်အသွေးရရှိခြင်း၊ မိမိကြိုက်နှစ်သက်သည့် သီချင်းများကို ရွေးချယ်နားဆင်နိုင်ခြင်းနှင့် ကြော်ငြာ များ မပါဝင်ခြင်းစသည့် အထူးအခွင့်အရေးများကို ရရှိမည်ဖြစ်သည်။ တေးသီချင်းအားလုံးကို အရေအတွက်အကန့် အသတ်မရှိ စိတ်ကြိုက် ဒေါင်းလုတ်ရယူထားနိုင်ကာ Offline ဖြင့် ပြန်လည်နားဆင်နိုင်မည်လည်း ဖြစ်ပါသည်။

လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူအများစု မိမိတို့နေအိမ်၌သာနေထိုင်ရစဉ် JOOX Data Pack ဒေတာပက်ကေ့ချ်အသစ်သည် MPT သုံးစွဲသူများကို JOOX VIP ဝန်ဆောင်မှု ခံစားနိုင်ခွင့်နှင့်အတူ အပိုကုန်ကျစရိတ်မရှိဘဲ သီချင်းများအားလုံး အကန့် အသတ်မရှိ စိတ်ကြိုက်နားဆင်နိုင်မည်ဖြစ်သည်။ MPT သုံးစွဲသူများသည် JOOX Data Pack ကို အောက်ပါ အမျိုးအစားများအလိုက် ဝယ်ယူနိုင်ပါသည်။ ဝယ်ယူထားသော JOOX ဒေတာကိုလည်း ကြိုက်နှစ်သက်ရာမည်သည့်နေရာတွင် မဆိုအသုံးပြုနိုင်မည်ဖြစ်သည်။

JOOX Data Packအသုံးပြုသည့် နှုန်းထား (ကုန်သွယ်ခွန်ပါဝင်ပြီး)ရရှိမည့် JOOX ဒေတာ ပမာဏ (MB)အသုံးပြု နိုင်သည့် သက်တမ်းအကျိုးခံစားခွင့်များUSSD ဖြင့် ရယူနိုင်သည့် နည်းလမ်းများMPT4U
၁ ရက်စာ၁၂၉ကျပ်100 MB၁-ရက်• တေးသီချင်းကောင်းများစွာကို စိတ်ကြိုက် နားဆင်နိုင်ခြင်း
• Offline ဖြင့် ပြန်လည် နားဆင်နိုင်ခြင်း
• အရည်အသွေးမြင့်အသံစနစ်ဖြင့်နားဆင်နိုင်ခြင်း
• ကြော်ငြာမပါဘဲ သီချင်းများကို စိတ်ကြိုက်နားဆင်နိုင်ခြင်း
*8003*1# CallMPT4U App
၇ ရက်စာ၄၅၉ ကျပ်350 MB၇-ရက်*8003*7# Call
ရက် ၃၀ စာ၈၀၀ကျပ်500 MB၃၀-ရက်*8003*30# Call

JOOX သည် MPT ၏ အဓိက မိတ်ဖက်လုပ်ငန်းတစ်ခုဖြစ်သော Tencent ကော်ပိုရေးရှင်း၏ လုပ်ငန်းတစ်ခုဖြစ်ပြီး ၂၀၁၉ ခုနှစ်မှစ၍ MPT သုံးစွဲသူများအတွက် နှစ်သက်ကြည်နူးဖွယ်ရာ ဂီတအတွေ့အကြုံများကို ဝေမျှပေးလျက် ရှိပါသည်။
JOOX Data Pack ကိုဝယ်ယူခြင်းဖြင့် MPT သုံးစွဲသူများသည် JOOX ၏ ကမ္ဘာတစ်ဝန်းရှိ တေးဂီတစာရင်း များထဲမှ သန်းပေါင်းများစွာသော တေးသီချင်းများကို အခမဲ့နားဆင်နိုင်မည်ဖြစ်ပြီး လူမှုကွန်ရက်မှတစ်ဆင့် ဗွီဒီယိုများကို တိုက်ရိုက်ကြည့်ရှုနိုင်ခြင်းနှင့် အွန်လိုင်းဂိမ်းကစားခြင်းစသည့် ဒီဂျစ်တယ်ဝန်ဆောင်မှုများအား အသုံးပြုနိုင် မည်ဖြစ်သည်။

MPT-KGSM Joint Operations ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori Nagashima က “JOOX က ကျွန်တော်တို့ MPT နဲ့ ၂၀၁၉ ခုနှစ်ကစတင်ပြီး မိတ်ဖက်လုပ်ငန်း ဖြစ်လာခဲ့ပြီး ဒီနှစ်မှာတော့ MPT သုံးစွဲသူတိုင်း အတွက် ပြည်တွင်းနဲ့ နိုင်ငံတကာတေးသီချင်းတွေကို စိတ်ကြိုက်ခံစားနားဆင်နိုင်မယ့် ဈေးနှုန်းသက်သာ တဲ့ JOOX Data Pack ကို မိတ်ဆက်ပေးလိုက်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ပူးပေါင်းမှုကို ပိုမိုခိုင်မာစေမှာပါ။ ကျွန်တော်တို့ရဲ့ ဆန်းသစ်တီထွင်မှုနဲ့ ဈေးနှုန်းသင့်တင့်တဲ့ ဖျော်ဖြေရေးဒေတာဝန်ဆောင်မှုနဲ့အတူ MPT သုံးစွဲသူတွေရဲ့ ဒစ်ဂျစ်တယ်အတွေ့အကြုံကို ပိုမိုကောင်းမွန်လာစေနိုင်မယ်လို့ ယုံကြည်ပါတယ်။ အခုလို ခက်ခဲလှတဲ့ အချိန် ကာလမှာ သုံးစွဲသူတွေကို သက်သောင့်သက်သာနဲ့ အိမ်မှာပဲ နေနိုင်ဖို့၊ ဖျော်ဖြေမှုတွေနဲ့ စိတ်ခွန်အား တက်ကြွမှုတွေပေးစွမ်းနိုင်ဖို့ အထူးခံစားခွင့်တွေနဲ့ MPT ရဲ့ ဒီဂျစ်တယ်ဖျော်ဖြေရေး ဝန်ဆောင်မှုတွေကို တိုးချဲ့ လုပ်ဆောင်နေပါတယ်” ဟု ပြောကြားခဲ့သည်။
JOOX Data Pack ကို USSD Code နံပါတ် *8003# သို့ ခေါ်ဆိုခြင်း (သို့မဟုတ်) MPT4U app မှတစ်ဆင့် ဝယ်ယူနိုင်ပါသည်။ ထို့နောက် JOOX Data Pack တွင် မိမိကြိုက်နှစ်သက်ရာ Package ကို ရွေးချယ်ဝယ်ယူပြီးပါက ဝယ်ယူထားသော ဒေတာနှင့်တကွ JOOX VIP သို့ဝင်ရောက်နိုင်မည့် Link ကို SMS မှတစ်ဆင့် ရရှိမည်ဖြစ်ပါသည်။ ဝယ်ယူရရှိထားသော JOOX Data Pack ဒေတာပမာဏ ကုန်ဆုံးသွားပါက အခြားဝယ်ယူထားသော အင်တာနက် ပက်ကေ့ချ်များ (သို့မဟုတ်) သုံးသလောက်ပေး အင်တာနက်နှုန်း (Pay As You Go) ဖြင့် ကောက်ခံသွား မည်ဖြစ်သည်။
သုံးစွဲသူများအနေဖြင့် JOOX Data Pack ကို အကြိမ်အကန့်အသတ်မရှိဘဲ စိတ်ကြိုက်ဝယ်ယူကြည့်ရှုနိုင်ပါသည်။ JOOX Pack တစ်ခုထက် ပို၍ဝယ်ယူမည်ဆိုပါက အဆိုပါ ဒေတာပမာဏနှင့် သက်တမ်းသည် ပေါင်းစည်း သွားမည်ဖြစ်ပြီး ဝယ်ယူရရှိထားသော ပက်ကေ့ချ်များ၏ စုစုပေါင်း ဒေတာပမာဏကို အသုံးပြုနိုင်ပါသည်။ သက်တမ်းကာလသည် နောက်ဆုံးဝယ်ယူထားသော အင်တာနက်ပက်ကေ့ချ်၏ သက်တမ်းကုန်ဆုံးရက်အတိုင်း သတ်မှတ်သွား မည်ဖြစ်သည်။ JOOX Music Application ကို ဒေါင်းလုတ်ပြုလုပ်ရန် Google Play Store မှလည်းကောင်း Apple App Store မှလည်းကောင်း ဒေါင်းလုတ်ရယူနိုင်မည်ဖြစ်သည်။
MPT သုံးစွဲသူအားလုံးသည် MPT4U အက်ပလီကေးရှင်းကို အသုံးပြု၍ မိမိတို့၏ ကိုယ်ပိုင်အကောင့်များကို အိမ်မှာ နေရင်း မိုဘိုင်းလ်ဖုန်းပေါ်မှတစ်ဆင့် အဆင်ပြေစွာ စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။ JOOX Data Pack ဝန်ဆောင်မှု များနှင့် ပတ်သက်၍ အသေးစိတ်ပိုမိုသိရှိလိုပါက 106 ကို ဖုန်းခေါ်ဆို၍ဖြစ်စေ၊ MPT ၏ တရားဝင် Facebook page ဖြစ်သည့် https://www.facebook.com/mptofficialpage သို့ ဝင်ရောက်၍ ဖြစ်စေ၊ MPT ၏ တရားဝင် ဝက်ဘ်ဆိုက် ဖြစ်သည့် www.mpt.com.mm သို့ ဝင်ရောက်၍ဖြစ်စေ ကြည့်ရှုလေ့လာနိုင်ပါသည်။

JOOX အကြောင်း

JOOX သည် သီချင်းချစ်သူများအတွက် ဖန်တီးပြုလုပ်ထားသော ဂီတအက်ပလီကေးရှင်းတစ်ခုဖြစ်သည်။ JOOX သည် ကမ္ဘာတစ်ဝန်းလုံးရှိ သီချင်းပေါင်း သန်း ၃၀ ကျော် ထည့်သွင်းထားပြီး မိမိအကြိုက်ဆုံး အနုပညာရှင်များ၊ သီချင်းများ၊ အယ်လ်ဘမ်များနှင့် စိတ်ကြိုက်ရွေးချယ်ထားသော Playlist များနှင့် ဆက်သွယ်ပေးမည်ဖြစ်သည်။ အသုံးပြုသူများသည် မိမိ၏အကြိုက်၊ စိတ်ခံစားမှုတို့နှင့် ကိုက်ညီအောင် အကြံပြုပေးသော သီချင်းများနှင့် ရေဒီယို လိုင်းများမှ တစ်ဆင့် ကောင်းမွန်သော သီချင်းသစ်များကို ရှာဖွေတွေ့ရှိနိုင်သည်။ JOOX ကို iOS, Android နှင့် Desktop (Windows / Mac) တို့တွင် ရရှိနိုင်ပြီဖြစ်သောကြောင့် အသုံးပြုသူများသည် မည်သည့်အချိန်၊ မည်သည့် နေရာတွင်မဆို အရည်အသွေးမြင့် ဂီတအတွေ့အကြုံကို ရရှိခံစားနိုင်မည်ဖြစ်သည်။

Booking mm

Booking.com သည်အွန်လိုင်းခရီးသွားအေဂျင်စီတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင်အကြီးဆုံးနေရာအခန်းများကို ပံပိုးပေးသူဖြစ်သည်။

MPT Club ဆုလက်ဆောင်

MPT Club အဖွဲ့ဝင်များအတွက် : Booking.com တွင် မိမိ အသုံးပြုလိုက်သောအခန်းခ ကျပ်ငွေပမာဏ အပေါ်မူတည်ပြီး 2% MPT Point များပြန်လည်ရရှိမည်ဖြစ်သည်။ (ဥပမာ ၁,၀၀၀ကျပ် သုံးစွဲတိုင်း MPT Point (၂၀) ရရှိမည်ဖြစ်သည်)

ဆုလက်ဆောင်ကိုဘယ်လိုရယူမလဲ?

၁။ MPT အမှတ်တံဆိပ်ပါရှိသော Booking.com webpage:  www.booking.com/mptclub အားဝင်ရောက်ပါ။
၂။ သင်၏ booking.com အကောင့်အားစာရင်းပေးသွင်းပါ (သို့) ဝင်ရောက်ပါ။
၃။ သင် တည်းခိုရန် အခန်းများကို ရှာဖွေပြီး ရွေးချယ်ပါ။
၄။ သင်၏ အခန်းကြိုတင်စာရင်းပေးသွင်းမှုကို အတည်ပြုပြီး၊ သင်၏ MPT Club ဖုန်းနံပါတ်အားထည့်သွင်းပါ။
၅။ Booking ပြုလုပ်မှုအားလုံး အတည်ပြုပြီးလျှင် ပျော်ရွှင်စွာနေထိုင်နိုင်ပါပြီ။
၆။ သင်၏ MPT Point များကို သင် booking ပြုလုပ်နေထိုင်ပြီးသည့်နောက် ရက်ပ်ေါင်း (၆၄) ရက် (သို့) ထက်ပိုသောရက် အတွင်း ရရှိမည်ဖြစ်သည်။

စည်းမျဉ်းစည်းကမ်းများ

၁။ ယခုပရိုမိုးရှင်းအစီအစဥ်သည် MPT Club အဖွဲ့ဝင်များအတွက်သာ ဖြစ်သည်။
၂။ MPT အမှတ်တံဆိပ်ပါရှိသော Booking.com webpage:  www.booking.com/mptclub မှတဆင့်ပြုလုပ်သော အခန်း booking များသာလျှင် ယခုပရိုမိုးရှင်းအစီအစဥ်အတွက် အကျုံးဝင်သည်။
၃။ www.booking.com (သို့) Booking.com ၏ mobile app များ မှတဆင့်ပြုလုပ်သော အခန်း booking များသည် ယခုပရိုမိုးရှင်းအစီအစဥ်အတွက် အကျုံးမဝင်ပါ။
၄။ Booking ပြုလုပ်နေစဥ် (သို့) ပြုလုပ်အပြီး တွင် သင်၏ MPT Club ဖုန်းနံပါတ်အားထည့်သွင်းရန်လိုအပ်သည်။
၅။ သင်၏ MPT Point များကို သင် booking ပြုလုပ်နေထိုင်ပြီးသည့်နောက် ရက်ပေါင်း (၆၄) ရက် (သို့) ထိုရက်ထက်ပိုသော ရက်အတွင်း ရရှိမည်ဖြစ်သည်။
၆။ သင်၏ MPT Point များကို MPT မှထည့်သွင်းပေးမည်ဖြစ်သည်။
၇။ ယခင် နေထိုင်ခဲ့သော booking များ မှ ပြန်လည်၍ MPT Point များအား တောင်းခံ၍မရပါ။
၈။ သင်သည် အချက်အလက်များဖြည့်သွင်းရာတွင် MPT Club အချက်အလက် နှင့် booking ပြုလုပ်ရာတွင်ထည့်သွင်းသော အချက်အလက် အချို့အား MPT သို့ မျှဝေရာတွင် သဘောတူညီသည်။

ရန်ကုန်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၈) ဦး ၌ COVID-19 စစ်ဆေးထပ်မံတွေ့ရှိရကြောင်း အသိပေးခြင်း

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၈ ရက်)

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၈) ဦး၌ COVID-19 ရောဂါပိုး ထပ်မံ စစ်ဆေးတွေ့ရှိရကြောင်း နှင့် ယခုစစ်ဆေးတွေ့ရှိခဲ့သည့် ဝန်ထမ်းများသည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ (၁၉) ရက်မှစ၍ Facility Quarantine ဝင်ထားသူများဖြစ်သောကြောင့် သုံးစွဲသူများနှင့် တိုက်ရိုက်ထိတွေ့ခဲ့ခြင်းမရှိဘဲ စက်တင်ဘာလ (၂၈) ရက်မှစတင်၍ ဆေးကုသမှု ဆက်လက် ခံယူနေပြီဖြစ်ကြောင်း MPT က အတည်ပြု ထုတ်ပြန်လိုက်ပါသည်။

စက်တင်ဘာလ ၂၈ ရက်အထိ MPT လုပ်ငန်းခွင်အတွင်းရှိ ဝန်ထမ်း စုစုပေါင်း ၁၈ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူအဖြစ်ဓာတ်ခွဲအတည်ပြုခဲ့ပြီး ယခင်က ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူများအနက် ဝန်ထမ်း ၆ ဦးမှာ ဆေးရုံမှဆင်းခွင့် ရရှိခဲ့ပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်ပါသည်။

ယခုလို ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိရသည့် ဖြစ်ရပ်အတွက် မိမိတို့အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် တာဝန်ရှိသူများ၏ ညွှန်ကြားချက်များအတိုင်း လျင်လျင်မြန်မြန် ထိထိရောက်ရောက် လိုက်နာ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းအတွင်းနှင့် လုပ်ငန်းပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် အခုလို COVID-19 ကူးစက်မှုအရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသော အခန်းကဏ္ဍဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ယခုလိုဖြစ်ရပ်များအတွက် မိမိတို့၏ ဝန်ဆောင်မှုကိုသုံးစွဲ​သူများနှင့် စီးပွားဖက်လုပ်ငန်းများတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။

ရန်ကုန်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၁) ဦး ၌ COVID-19 ထပ်မံ စစ်ဆေးတွေ့ရှိရကြောင်း အသိပေးခြင်း

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၇ ရက်)

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်အောင်ကျော်လမ်းရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၁) ဦး၌ COVID-19 ရောဂါပိုး ထပ်မံ စစ်ဆေး တွေ့ရှိရကြောင်း နှင့် ယခုစစ်ဆေးတွေ့ရှိခဲ့သည့် ဝန်ထမ်းသည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂ ရက်မှစပြီး အိမ်တွင်နေထိုင်၍ လုပ်ငန်းလုပ်ကိုင်စေခြင်း (Work From Home) အစီအစဥ်ဖြင့် တာဝန်ထမ်းဆောင်နေခြင်းကြောင့် သုံးစွဲသူများနှင့် တိုက်ရိုက်ထိတွေ့ခဲ့ခြင်းမရှိဘဲ ဆေးကုသမှု ခံယူနေပြီဖြစ်ကြောင်း MPT က အတည်ပြု ထုတ်ပြန်လိုက်ပါသည်။

စက်တင်ဘာလ ၂၇ ရက်အထိ MPT လုပ်ငန်းခွင်အတွင်းရှိ ဝန်ထမ်း စုစုပေါင်း ၁၀ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူအဖြစ်ဓာတ်ခွဲအတည်ပြုခဲ့ပြီးဖြစ်ပြီးဖြစ်သည်။ မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် တာဝန်ရှိသူများ၏ ညွှန်ကြားချက်များအတိုင်း လျင်လျင်မြန်မြန်ထိထိရောက်ရောက် လိုက်နာ ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းအတွင်းနှင့် လုပ်ငန်းပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် အခုလို COVID-19 ကူးစက်မှုအရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသော အခန်းကဏ္ဍ ဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေး ကိုလည်း ဆောင်ရွက်သွား မည် ဖြစ်ပါသည်။

ယခုလိုဖြစ်ရပ်များအတွက် မိမိတို့၏ ဝန်ဆောင်မှုကိုသုံးစွဲသူများနှင့် စီးပွားဖက်လုပ်ငန်းများတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။

COVID-19 ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် မြန်မာပြည်နှင့် အတူရှိနေမည် MPT ဆိုသည့် ကတိကဝတ်နှင့်အညီ လိုအပ်သော နေရာများ၌ မြန်နှုန်းမြင့် ဖိုင်ဘာအင်တာနက် ချိတ်ဆက်မှုများ ဆောင်ရွက်ပေး

(မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာအနေဖြင့် COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားနေစဥ် ကာလအတွင်း၌ မရှိမဖြစ်လိုအပ်သည့် ကျန်းမာရေး ဝန်ထမ်းများ၊ အစိုးရဌာနများ၊ စီးပွားရေးလုပ်ငန်းများနှင့် မြန်မာပြည်သူ/ပြည်သားများအား စဥ်ဆက်မပြတ် ကူညီထောက်ပံ့လျက်ရှိသည်။)

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၅ ရက်) – မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ကပ်ရောဂါ ဒုတိယလှိုင်းကို ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အားလျော်စွာ မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT အနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း “မြန်မာပြည်နှင့်အတူရှိနေမည့် MPT” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူလူထုတို့ကို မရှိမဖြစ် လိုအပ်သည့် ဆက်သွယ်ရေးဆိုင်ရာ အထောက်အပံ့များ တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။

MPT အနေဖြင့် လတ်တလောတွင် အသစ်ဖွင့်လှစ်လိုက်သည့် ရန်ကုန်မြို့၊ သုဝဏ္ဏ ရှိ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန၊ ဧရာဝတီစင်တာ တွင် မြန်နှုန်းမြင့် ဖိုင်ဘာအင်တာနက် ဆက်သွယ်မှုနှင့် Wi-Fi ကွန်ရက်စနစ် တပ်ဆင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ဤ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) နှင့် ဧရာဝတီဖောင်ဒေးရှင်းတို့၏ ပံ့ပိုးကူညီမှုဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ လူနာများ၊ ဆေးပညာရှင်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ အပါအဝင် စုစုပေါင်း လူ ၅၀၀ ကိုထားရှိ ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

ထို့အပြင် ထပ်ဆောင်းလူနာနှင့် ကျန်းမာရေးဝန်ထမ်းများနှင့် ရုံးအဖွဲ့များ အပါလူပေါင်း ၅၉၅ ဦးကို လက်ခံဆောင်ရွက်နိုင်သည့် ကိုဗစ်-၁၉ အရေးပေါ် ကုသရေးဌာန ဖြစ်သည့် ဧရာဝတီစင်တာ ကို တိုးချဲ့ တည်ဆောက်လျက်ရှိပြီး MPT အနေဖြင့် အဆိုပါ တိုးချဲ့ဆောင်များ၌လည်း လိုအပ်သည့် ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို တိုးချဲ့တပ်ဆင်ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Tetsunori Nagashima မှ “တာဝန်သိ ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်တဲ့ MPTအနေနဲ့ လတ်တလောမှာ ဆောက်လုပ်ပြီးစီးသွားခဲ့တဲ့ ကိုဗစ်-၁၉ အရေးပေါ် ကုသရေးဌာန ဧရာဝတီစင်တာ မှာ မြန်နှုန်းမြင့် B2B ဖိုင်ဘာ အင်တာနက် ဝန်ဆောင်မှုတွေကို တပ်ဆင်ပေးအပ်ထားပြီး ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်တွေကို တစ်ဖက်တစ်လမ်းက ကူညီထောက်ပံ့လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် မကြာခင်မှာ တည်ဆောက်ပြီးတော့မယ့် ကိုဗစ်-၁၉ အရေးပေါ် ကုသရေးဌာနဖြစ်တဲ့ ဧရာဝတီစင်တာ ရဲ့ တိုးချဲ့ဆောင် မှာလည်း လိုအပ်တဲ့ တယ်လီကွန်းဆက်သွယ်ရေးအထောက်အပံ့ကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ပြည့်ဝပြီး ကျွမ်းကျင်တဲ့ MPT က B2B ဝန်ဆောင်မှုအဖွဲ့ရဲ့ ကြိုုးပမ်းမှုနဲ့အတူ “မြန်မာပြည် နှင့် အတူရှိနေမည်” ဆိုတဲ့ MPT ရဲဆောင်ပုဒ် ထိန်းသိမ်းပြီး မြန်မာနိုင်ငံတစ်ဝန်းက သုံးစွဲသူတွေ၊ စီးပွားရေး လုပ်ငန်းတွေနဲ့ အစိုးရ အဖွဲ့အစည်းများအတွက် မြန်ဆန်ပြီး ယုံကြည်ရတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွေကို ရှေ့တန်းကနေ လုပ်ဆောင်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ အစိုးရ အဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေကိုလည်း တတ်စွမ်းသမျှ ပံ့ပိုးကူညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ယင်းမှ ဆက်လက်ပြောကြား ခဲ့သည်။

တာဝန်သိ ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် မြန်မာနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဥ်များအတွက် ပြီးခဲ့သည့် ဧပြီလကပင်စတင်ပြီး ပံ့ပိုးကူညီ ပေးလျက်ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များအသီးသီးရှိ အသွားအလာ ကန့်သတ်ဆောင်ရွက်မှု နေရာ (Quarantine Center) များနှင့် ကုသရေးဌာနများ၌ မြန်နှုန်းမြင့် FTTH နှင့် B2B ဖိုင်ဘာ အင်တာနက် ဝန်ဆောင်မှုများ၊ PSTN အော်တို တယ်လီဖုန်းဝန်ဆောင်မှုနှင့် VOIP ဖုန်းလိုင်းများကို တပ်ဆင်ပေးခဲ့ပြီး ဖြစ်သည်။

MPT ၏ လူမှုအကျိုးပြုလုပ်ငန်း ဆောင်ရွက်မှုများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များအား ပိုမိုသိရှိလိုပါက http://mpt.com.mm/en/about-home-en/csr-activities/ သို့ ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

ရန်ကုန်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၁) ဦး ၌ COVID-19 ထပ်မံ စစ်ဆေးတွေ့ရှိရကြောင်း အသိပေးခြင်း

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၃ ရက်)

ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ဒလအိတ်ချိန်းရုံးတွင်တာဝန်ထမ်း ဆောင်နေသော ဝန်ထမ်း (၁) ဦး၌ COVID-19 ရောဂါပိုး ထပ်မံ စစ်ဆေး တွေ့ရှိရကြောင်း နှင့် ယခုစစ်ဆေးတွေ့ရှိခဲ့သည့် ဝန်ထမ်းသည် သုံးစွဲသူများနှင့် တိုက်ရိုက်ထိတွေ့ခဲ့ခြင်းမရှိဘဲ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၃ ရက်တွင် ဆေးကုသမှု ခံယူနေပြီ ဖြစ်ကြောင်း MPT က အတည်ပြု ထုတ်ပြန်လိုက်ပါသည်။

မိမိတို့အနေဖြင့် COVID-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေးကော်မတီ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ညွှန်ကြားချက်များနှင့်အညီ_

ရောဂါပိုးတွေ့ရှိရသူဝန်ထမ်းနှင့်အနီးကပ်ထိတွေ့မှုရှိခဲ့သူများအား စိစစ်ခြင်း
ရောဂါပိုးကူးစက်ခံရသည့် ဝန်ထမ်းနှင့် အနီးကပ်ထိတွေ့ခဲ့သည့် လုပ်ဖော်ကိုင်ဖက်များအားလုံးကို facility quarantine နေထိုင်ခြင်းဖြင့် ၁၄ ရက်ကြာ အသွားအလာ ကန့်သတ်မှု ဆောင်ရွက်ထားပါသည်။
အနီးကပ်ထိတွေ့ခဲ့သူဝန်ထမ်းများ၏ ကျန်းမာရေး (ကိုယ်အပူချိန် နှင့် ရောဂါလက္ခဏာပြခြင်း) စောင့်ကြည့် လေ့လာချက်များကို စောင့်ကြည့်/ အစီရင်ခံခြင်း နှင့်
အဆိုပါဝန်ထမ်းတာဝန်ထမ်းဆောင်သော လုပ်ငန်းခွင်နေရာကို ပိုးသတ်ဆေးဖြန်းခြင်း တို့ကို ဆောင်ရွက်ပြီးဖြစ်ပါသည်။

မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် တာဝန်ရှိသူများ၏ ညွှန်ကြားချက်များအတိုင်း လျင်လျင်မြန်မြန်ထိထိရောက်ရောက် လိုက်နာ ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

ရောဂါပိုးတွေ့ရှိရသူဝန်ထမ်းနှင့် အတူတကွ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၊ အနီးကပ်ထိတွေ့မှုရှိသူ ဝန်ထမ်းများကို အလုပ်ခွင်တွင် အချိန်မည်မျှကြာကြာအတူတကွ အလုပ်လုပ်ခဲ့သည်ဖြစ်စေ နောက်ဆုံး ထိတွေ့ခဲ့သည့်ရက်မှစ၍ ၁၄ ရက်တိတိ အသွားအလာ ကန့်သတ်မှု ဆောင်ရွက်လျက်ရှိပါသည်။ မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီလိုက်နာကာ အဆိုပါဝန်ထမ်းနှင့် အနီးကပ်ထိတွေမှုရှိသည့် ဝန်ထမ်းများစာရင်းကို ပြုစုပြီး ဒလအိတ်ချိန်းရုံးကိုလည်း ပိုးသတ်ဆေးဖြန်းခြင်းကို ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။

မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းအတွင်းနှင့် လုပ်ငန်းပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် အခုလို COVID-19 ကူးစက်မှုအရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသော အခန်းကဏ္ဍ ဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ယခုလိုဖြစ်ရပ်များအတွက် မိမိတို့၏ ဝန်ဆောင်မှုကိုသုံးစွဲသူများနှင့် စီးပွားဖက်လုပ်ငန်းများတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့် အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။

PUBG Pack Faq MM

PUBG pack

PUBG pack ဆိုတာဘာလဲ?

PUBG pack သည် ကြိုက်နှစ်သက်ရာ အင်တာနက် သုံးစွဲမှုတိုင်းအတွက် အသုံးပြုနိုင်သည့် ဒေတာ 900 MB ပါဝင်သည့် ပက်ကေ့ချ် တစ်ခုဖြစ်ပါသည်။ ဈေးနှုန်းမှာ ၉၄၅ ကျပ်ဖြစ်ပြီး ရက် ၃၀ အတွင်း အသုံးပြုနိုင်မှာဖြစ်ပါသည်။ အထူးအစီအစဉ်အနေဖြင့် PUBG ဂိမ်း Item များကို ကံထူးနိုင်မည် ဖြစ်ပါသည်။.

Mobile Legend Data Pack FAQ MM

Mobile Legend Data Pack

Mobile Legends ဆိုတာဘာလဲ? Mobile Legends Pack ကို ဘယ်လိုဝယ်ယူရမလဲ?

Mobile Legends ဆိုသည်မှာ Online ပေါ်တွင် သူငယ်ချင်းများနှင့်အတူ ပျော်ရွှင်စွာကစားနိုင်တဲ့ ကမ္ဘာတစ်ဝန်းတွင် လူသန်းပေါင်းများစွာ ကစားလျက်ရှိသော စိတ်လှုပ်ရှားဖွယ်ရာ Mobile Game တစ်မျိုးဖြစ်ပါတယ်။

ရရှိနိုင်သောအရာများ

ဒေတာပမာဏ815 MB of Mobile Legends data
In-game itemsDiamond ၁၄ ခု
အသုံးပြုနိုင်သော သက်တမ်းသက်တမ်း ရက် ၃၀
ဈေးနှုန်း၈၆၀ ကျပ်

 

အဆင့်၁ – Mobile Legends Data Pack ကို ဝယ်ယူရန် *8001# သို့ခေါ်ဆိုပါ။

အဆင့်၂ – ထိုသို့ ဝင်ရောက်ပြီးပါက Mobile Legends Data 815 MB ရရှိမည်ဖြစ်ပြီး Diamond ၁၄ ခု ရယူရန် သီးသန့် code ကို SMS ဖြင့် ရရှိမည်ဖြစ်ပါသည်။

အဆင့်၃ – ရရှိထားသော သီးသန့် code နှင့် လူကြီးမင်း၏ Mobile Legends game ID တို့ဖြင့် https://m.mobilelegends.com/en/codexchange သို့ဝင်ရောက်ပြီး Diamond ၁၄ ခု အခမဲ့ရယူနိုင်ပါသည်။

Mobile Legends Data quota 815 MB ကုန်ဆုံးသွားပီးနောက် ဆက်လက်ကစားနိုင်ပါသလား။

ကစားနိုင်ပါတယ်။ အကယ်၍ ဝယ်ယူရရှိထားသော ဒေတာပမာဏကုန်ဆုံးခြင်း (သို့မဟုတ်) သက်တမ်းကာလ ရက် (၃၀) ကုန်ဆုံးသွားပါက ဝယ်ယူထားသော သက်ဆိုင်ရာ Data Pack (သို့မဟုတ်) သုံးသလောက်ပေး အင်တာနက်မှ ဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။

Mobile Legends Data Pack ကို Facebook သုံးခြင်း၊ Youtube ကြည့်ခြင်းတို့အတွက် အသုံးပြုနိုင်ပါသလား။

အသုံးမပြုနိုင်ပါ။ ဝယ်ယူရရှိထားသော Data ပမာဏ သည် Mobile Legends အတွက်သာ ဖြစ်ပါတယ်။ Mobile Legends မှ လွဲပြီး အခြားသောဒေတာ အသုံးပြုမှုများအတွက် ဝယ်ယူထားသော သက်ဆိုင်ရာ Data Pack (သို့မဟုတ်) သုံးသလောက်ပေးအင်တာနက်မှ ဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။

Mobile Legends Bang Bang Hti Pauk ဆိုတာဘာလဲ။ ဘယ်လိုရယူလို့ရနိုင်မလဲ။

MLBB Pack (hyperlink of https://www.mpt.com.mm/en/mobilelegend-en/) ကိုဝယ်ယူပြီး MLBB Hti Pauk တွင်ဆုမဲများကို ကံစမ်းနိုင်ပါပြီ။

(၁) MPT4U တွင် MLBB Hti Pauk ကစားနိုင်ရန်အတွက် ပထမဦးစွာ *8001# (သို့) MPT4U မှတဆင့် MLBB Data Pack အားဝယ်ယူထားရပါမည်။

(၂) ၎င်း MLBB Hti Pauk ဖြင့် (၁)ကြိမ်တိတိ ဗလာမပါကစားခွင့်ရရှိမည်ဖြစ်ပါသည်။

(၃) MLBB ထိပေါက်ကစားတိုင်းဆုမဲများကို ကံထူးရရှိနိုင်မည်ဖြစ်ပါသည်။

Htaw B x 7 times Pack Faq MM

Htaw B x 7 times Pack

ထောဘီ ၇ ဆဆိုတာဘာပါလဲ။

MPT နှင့် KSGM အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း (၇)နှစ်မြောက်ရောက်ရှိခြင်းအထိမ်းအမှတ်အဖြစ် အစဉ်တစိုက် အားပေးကြပါသော MPTသုံးစွဲသူများအတွက် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ထောဘီ ၇ဆ ပရိုမိုးရှင်းအစီအစဉ်ကို မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါသည်။ ပုံမှန်ဖုန်းဘေလ်ကို အဆပေါင်း ၇ ဆ ပွားကာ ထောဘီ ၇ ဆဖုန်းဘေလ်အဖြစ် ပြောင်းလဲ၍ သတ်မှတ်နှုန်းထားများဖြင့် ဝန်ဆောင်မှုများကို စိတ်တိုင်းကျအသုံးပြုနိုင်မည်ဖြစ်ပါသည်။

ဒေတာMPT ဖုန်းများသို့ခေါ်ဆိုရန်MPT ဖုန်းများသို့စာတိုပေးပို့ရန်
7.4Ks/MB36.8 Ks/min20 Ks/SMS

အောက်ဖော်ပြပါအတိုင်း ပုံမှန်ဖုန်းဘေလ်ကို ထောဘီ ၇ဆ ဖုန်းဘေလ်အဖြစ်ပြောင်းလဲနိုင်မည်ဖြစ်ပါသည်။

အသေးစိတ်ထောဘီ ၇ဆ ဖုန်းဘေလ် သက်တမ်း
ပုံမှန်ဖုန်းဘေလ် ၁၁၁၁ ကျပ်ကို ထောဘီ ၇ဆ ဖုန်းဘေလ် ၇၇၇၇ ကျပ်နှင့်လဲလှယ်နိုင်သည်။၁၅ ရက်
ပုံမှန်ဖုန်းဘေလ် ၂၂၂၂ ကျပ်ကို ထောဘီ ၇ဆ ဖုန်းဘေလ် ၁၅၅၅၄ ကျပ်နှင့်လဲလှယ်နိုင်သည်။၃၀ ရက်
ပုံမှန်ဖုန်းဘေလ် ၅၅၅၅ ကျပ်ကို ထောဘီ ၇ဆ ဖုန်းဘေလ် ၃၈၈၈၅ ကျပ်နှင့်လဲလှယ်နိုင်သည်။၆၀ ရက်

ထောဘီ ၇ဆ ဖုန်းဘေလ်ကို ဘယ်သူတွေ ရယူအသုံးပြုနိုင်ပါသလဲ။

MPT ဖုန်းများ၏ Prepaid စနစ် (ဆွေသဟာ(သို့)ရှယ်ပြော(သို့)ရွှေစကား) အစီအစဉ်အသုံးပြုသူများအားလုံး အသုံးပြုနိုင်ပါမည်။

ထောဘီ ၇ဆ ဖုန်းဘေလ်ကို ဘယ်လိုရယူအသုံးပြုနိုင်မှာပါလဲ။

ထောဘီ ၇ ဆ ဖုန်းဘေလ်ကိုအောက်ပါနည်းလမ်းများဖြင့် လဲလှယ်ရယူအသုံးပြုနိုင်ပါသည်။

ထောဘီ ၇ဆ ဖုန်းဘေလ်ထောဘီ ၇ဆ ဖုန်းဘေလ်
သက်တမ်း
ရယူနိုင်သည့်နည်းလမ်းများအခြား
SMSDirect USSDCommon USSDအခြား
ပုံမှန်ဖုန်းဘေလ် ၁၁၁၁ ကျပ် = ထောဘီ ၇ဆ ဖုန်းဘေလ် ၇၇၇၇ ကျပ်၁၅ ရက်Send 1111 to 1332*7001#*700#MPT4U*224#
ပုံမှန်ဖုန်းဘေလ် ၂၂၂၂ ကျပ် = ထောဘီ ၇ဆ ဖုန်းဘေလ် ၁၅၅၅၄ ကျပ်၃၀ ရက်Send 2222 to 1332*7002#
ပုံမှန်ဖုန်းဘေလ် ၅၅၅၅ ကျပ် = ထောဘီ ၇ဆ ဖုန်းဘေလ် ၃၈၈၈၅ ကျပ်၆၀ ရက်Send 5555 to 1332*7005#

ထောဘီ ၇ဆ ဖုန်းဘေလ်ကို ဘယ်လိုအသုံးပြုနိုင်မှာပါလဲ။

ထောဘီ ၇ဆ ဖုန်းဘေလ်ကို MPT ဖုန်းများသို့ခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက် သတ်မှတ် ထောဘီ ၇ဆ နှုန်းထားများဖြင့် အသုံးပြုနိုင်ပါသည်။

ထောဘီ ၇ဆ ဖုန်းဘေလ်ကို အသုံးပြုပါကဘယ်လိုနှုန်းထားနဲ့ကျသင့်စေမှာပါလဲ။

ထောဘီ ၇ဆ ဖုန်းဘေလ်ကို အောက်ပါနှုန်းထားများဖြင့် ကျသင့်ကောက်ခံသွားမည်ဖြစ်ပါသည်။
• ဒေတာ – 7.4Ks/MB (အင်တာနက်အသုံးပြုမှုကို 200KB နှုန်းဖြင့်ကောက်ခံပါမည်)
• MPT ဖုန်းများသို့ခေါ်ဆိုခြင်း – 36.8Ks/min (ဖုန်းခေါ်ဆိုမှုကို ၂၀ စက္ကန့်နှုန်းဖြင့်ကောက်ခံပါမည်)
• MPT ဖုန်းများသို့စာတိုပေးပို့ခြင်း – 20Ks/SMS
(နှုန်းထားအားလုံးတွင် ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီးဖြစ်ပါသည်။)

ထောဘီ ၇ဆ ဖုန်းဘေလ်ကို လဲလိုက်ပါတယ်။ ဖုန်းဘေလ်တွေပဲတိုးလာမယ်လို့ထင်ခဲ့ပေမယ့် တကယ်လဲလိုက်ချိန်မှာတော့ ပုံမှန်ဖုန်းဘေလ် (Main Balance) ထဲက ပိုက်ဆံတွေဖြတ်သွားပါတယ်။ ဘာဖြစ်လို့ပါလဲ။

လူကြီးမင်း၏ ပုံမှန်ဖုန်းဘေလ်ကို ထောဘီ ၇ဆ ဖုန်းဘေလ်အဖြစ် လဲလှယ်ရယူအသုံးပြုခြင်းဖြစ်ပါသည်။ MPTဖုန်းများသို့ခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက် အသုံးပြုပါကထောဘီ ၇ဆ ဖုန်းဘေလ်မှ ဦးစွာကောက်ခံပါမည်။

ထောဘီ ၇ဆ ဖုန်းဘေလ်ဝယ်ယူထားပြီး အခြားအော်ပရေတာနံပါတ်များသို့ခေါ်ဆိုခြင်း (သို့) အခြားအော်ပရေတာ နံပါတ်များသို့စာတိုပေးပို့ခြင်း (သို့) ပက်ကေ့ချ်နှင့် VAS ဝန်ဆောင်မှုများဝယ်ယူခြင်းတို့ပြုလုပ်လျှင် ဘယ်လိုကျသင့်မှာပါလဲ။

ပုံမှန်ဖုန်းဘေလ်လက်ကျန်ငွေမှ ဖြတ်တောက်မည်ဖြစ်ပြီး သုံးစွဲသူရယူထားသောအစီအစဉ်၏နှုန်းထားများ [ဆွေသဟာ(သို့) ရှယ်ပြော(သို့)ရွှေစကား]အတိုင်း ကျသင့်စေမည်ဖြစ်ပါသည်။

ထောဘီ ၇ဆ ဖုန်းဘေလ် ဘယ်နှကြိမ်ပြောင်းလဲရယူနိုင်ပါသလဲ။ အကြိမ်ကြိမ်ပြောင်းလဲနိုင်မှာပါလား။

အကြိမ်အကန့်အသတ်မရှိ လဲလှယ်ရယူနိုင်ပြီး ထောဘီ ၇ဆဖုန်းဘေလ်များပေါင်းစည်းကာ အရှည်ဆုံးသက်တမ်းထိ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

ထောဘီ ၇ဆ ဖုန်းဘေလ်ကိုသုံးပြီး packs တွေဝယ်ယူနိုင်မှာပါလား။

ထောဘီ ၇ဆ ဖုန်းဘေလ်ဖြင့် ပက်ကေ့ချ်များမဝယ်ယူနိုင်ပါ။ ထောဘီ ၇ဆ ဖုန်းဘေလ်ဖြင့် သတ်မှတ်ဝန်ဆောင်မှုများကို သုံးစွဲသူစိတ်တိုင်းကျ အသုံးပြုနိုင်မည်ဖြစ်ပါသည်။