Kyite Yar Khaw Faq

Kyite Yar Khaw

ကြိုက်ရာခေါ် အစီအစဉ် ဆိုတာ ဘာလဲ?

ကြိုက်ရာခေါ် ဆိုသည်မှာ MPT မှ ကိုယ်ချစ်ခင်ရတဲ့ မိသားစု၊မိတ်ဆွေ၊သူငယ်ချင်းများနဲ့ ပိုမိုဆက်သွယ်နိုင်ရန် သက်သာသော နှုန်းထားဖြင့် ပြည်တွင်းဖုန်းအားလုံးကို စိတ်ကြိုက်ခေါ်ဆိုနိုင်အောင် စီစဉ်ပေးထားတဲ့ အစီအစဉ်လေး ဖြစ်ပါသည်။

ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲ?

မည်သည့် ကြိုက်ရာခေါ် ပက်ကေ့ချ် ကိုမဆို ဝယ်ယူပါက ကြိုက်နှစ်သက်ရာ ပြည်တွင်းမှ ဘယ်ဖုန်းလိုင်းကိုမဆို ခေါ်ဆိုနိုင်မှာဖြစ်ပါသည်။ ပက်ကေ့ချ် ထပ်မံဝယ်ယူတိုင်းမှာလဲ ပက်ကေ့ချ် ၏ voice minutes နှင့် သက်တမ်း များကို ပေါင်းစည်းသယ်ဆောင်နိုင်ပါသည်။

အမည်စျေးနှုန်း

(ကုန်သွယ်ခွန် ပါဝင်ပြီး)

မိနစ်များသက်တမ်းအကျိုးကျေးဇူးဝယ်ယူရန်
၁၅ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ်၉၉၇ ကျပ်၉၂ မိနစ်၁၅ ရက်[သက်တမ်းကုန်ဆုံးပြီး ၇ရက်အတွင်း လက်ကျန်မိနစ်များ သယ်ဆောင်ခွင့်ရှိသည်]*997*1#
၃၀ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ်၁၉၉၇ ကျပ်၁၉၀ မိနစ်၃၀ ရက်*997*2#

အစီအစဉ်ကို မည်သူတွေ ဝယ်ယူအသုံးပြုနိုင်ပါသလဲ?

MPT GSM/WCDMA prepaid and postpaid [ဆွေသဟာ(သို့မဟုတ်)ရှယ်ပြော(သို့မဟုတ်)ရွှေစကား နှင့် Base Tariff အစီအစဉ်] အသုံးပြုနေသူများအားလုံး ၀ယ်ယူ အသုံးပြုနိုင်ပါသည်။

အစီအစဉ်ကို ရယူရန် မည်သို့လုပ်ဆောင်ရမည်နည်း?

*997# သို့ဖုန်းခေါ် ဆို၍လည်းကောင်း၊ MPT4U App (သို့) MPT Money မှ လည်းကောင်း၊ နီးစပ်ရာ MPT အရောင်းဆိုင်များမှတဆင့် ဝယ်ယူနိုင်ပါသည်။

လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?

*224# သို့ဖုန်းခေါ်ဆို၍လည်းကောင်း(သို့) MPT4U App မှတဆင့် လည်းကောင်း စစ်ဆေးကြည့်နိုင်ပါသည်။

ကြိုက်ရာခေါ် ပက်ကေ့ချ် ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?

အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး မိနစ်သယ်ဆောင်ခွင့် ကာလအတွင်း ပက်ကေ့ချ်အသစ် ထပ်မံဝယ်ယူပါက ပက်ကေ့ချ်၏ မူလမိနစ်များ ကို ပေါင်းစည်းအသုံးပြုနိုင်သည့်အပြင် အရှည်ဆုံး ပက်ကေ့ချ်၏ သက်တမ်းအတိုင်းအသုံးပြုနိုင်ပါသည်။

Customer Journey and Voice Minutes Acquisition

ကြိုက်ရာခေါ် ပက်ကေ့ချ် ရဲ့ သက်တမ်းက ဘယ်လောက်လဲ?

၁၅ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ် နှင့် ၃၀ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ် ဆိုပြီး ပက်ကေ့ချ် (၂)မျိုး ရှိပါသည်။

ပက်ကေ့ချ်များ ၏ Voice minutes သယ်ယူနိုင်သောကာလမှာ ပက်ကေ့ချ် ၏ သက်တမ်းကုန်ဆုံးပြီး (၇)ရက် အတွင်း ဖြစ်ပါတယ်။

မိနစ်သယ်ဆောင်နေသော ကာလအတွင်းမှာ အသုံးမပြုရသေးတဲ့ မိနစ်တွေက ဘယ်လို ဖြစ်သွားမှာလဲ?

Voice minutes သယ်ဆောင်နေသော ကာလ (Package ၏ သက်တမ်း ကုန်ဆုံးပြီး (၇) ရက်) အတွင်းမှာ ကျန်ရှိနေသော ပက်ကေ့ချ်မိနစ်များကို အသုံးပြုနိုင်မည်မဟုတ်ပါ။ ထိုကာလအတွင်း Package အသစ်တစ်ခု ထပ်မံ ဝယ်ပါက ယခင်အသုံးပြုရန်ကျန်ရှိနေသော ပက်ကေ့ချ်မိနစ်များ ကို ပေါင်းစည်း အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။

ကြိုက်ရာခေါ် ပက်ကေ့ချ် ကို တခြားသူများသို့ လက်ဆောင်ပေးလို့ ရပါသလား?

ရပါတယ်။ ကြိုက်ရာခေါ် ပက်ကေ့ချ် များကို တခြားသူများသို့ လက်ဆောင်ပေးလိုပါက *997# မှတစ်ဆင့် အမှတ်စဉ် “2. Gift (သို့) 2. လက်ဆောင်ပေးမည်” ကို ရွေးချယ်ပြီး လက်ဆောင်ပေးမည့် ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီး လက်ဆောင်ပေးနိုင်ပါတယ်။

ပရိုမိုးရှင်းကာလက ဘယ်အထိလဲ?

ပရိုမိုးရှင်းကာလမှာ ၂၀၂၀ခုနှစ် စက်တင်ဘာလ (၇)ရက်နေ့မှ ထပ်မံမကြေညာခင်အချိန်အထိ ဖြစ်ပါတယ်။

ရန်ကုန်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၁) ဦး ၌ COVID-19 ထပ်မံ စစ်ဆေးတွေ့ရှိရကြောင်း အသိပေးခြင်း

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၁ ရက်)

ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ပန်းဆိုးတန်းရုံးတွင်တာဝန်ထမ်း ဆောင်နေသော ဝန်ထမ်း (၁) ဦး၌ COVID-19 ရောဂါပိုး ထပ်မံ စစ်ဆေး တွေ့ရှိရကြောင်း နှင့် ယခုစစ်ဆေးတွေ့ရှိခဲ့သည့် ဝန်ထမ်းသည် သုံးစွဲသူများနှင့် တိုက်ရိုက်ထိတွေ့ခဲ့ခြင်းမရှိဘဲ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၁ ရက်တွင် ဆေးကုသမှု ခံယူနေပြီ ဖြစ်ကြောင်း MPT က အတည်ပြု ထုတ်ပြန်လိုက်ပါသည်။

မိမိတို့အနေဖြင့် COVID-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေးကော်မတီ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ညွှန်ကြားချက်များနှင့်အညီ_

ရောဂါပိုးတွေ့ရှိရသူဝန်ထမ်းနှင့်အနီးကပ်ထိတွေ့မှုရှိခဲ့သူများအား စိစစ်ခြင်း
ရောဂါပိုးကူးစက်ခံရသည့် ဝန်ထမ်းနှင့် အနီးကပ်ထိတွေ့ခဲ့သည့် လုပ်ဖော်ကိုင်ဖက်များအားလုံးကို မိမိတို့အိမ်တွင် နေထိုင်ခြင်းဖြင့် ၂၁ ရက်ကြာ အသွားအလာ ကန့်သတ်မှု ဆောင်ရွက်ထားပါသည်။
အနီးကပ်ထိတွေ့ခဲ့သူဝန်ထမ်းများ၏ ကျန်းမာရေး (ကိုယ်အပူချိန် နှင့် ရောဂါလက္ခဏာပြခြင်း) စောင့်ကြည့် လေ့လာချက်များကို စောင့်ကြည့်/ အစီရင်ခံခြင်း နှင့်
အဆိုပါဝန်ထမ်းတာဝန်ထမ်းဆောင်သော လုပ်ငန်းခွင်နေရာကို ပိုးသတ်ဆေးဖြန်းခြင်း တို့ကို ဆောင်ရွက်ပြီးဖြစ်ပါသည်။
မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် တာဝန်ရှိသူများ၏ ညွှန်ကြားချက်များအတိုင်း လျင်လျင်မြန်မြန်ထိထိရောက်ရောက် လိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ရောဂါပိုးတွေ့ရှိရသူဝန်ထမ်းနှင့် အတူတကွ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၊ အနီးကပ်ထိတွေ့မှုရှိသူ ဝန်ထမ်းများကို အလုပ်ခွင်တွင် အချိန်မည်မျှကြာကြာအတူတကွ အလုပ်လုပ်ခဲ့သည်ဖြစ်စေ နောက်ဆုံး ထိတွေ့ခဲ့သည့်ရက်မှစ၍ ၂၁ ရက်တိတိ အသွားအလာ ကန့်သတ်မှု ဆောင်ရွက်လျက်ရှိပါသည်။ မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီလိုက်နာကာ အဆိုပါဝန်ထမ်းနှင့် အနီးကပ်ထိတွေမှုရှိသည့် ဝန်ထမ်းများစာရင်းကို ပြုစုပြီး ပန်းဆိုးတန်းရုံးကိုလည်း ပိုးသတ်ဆေးဖြန်းခြင်းကို ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။

မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းအတွင်းနှင့် လုပ်ငန်းပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် အခုလို COVID-19 ကူးစက်မှုအရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသော အခန်းကဏ္ဍ ဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ယခုလိုဖြစ်ရပ်များအတွက် မိမိတို့၏ ဝန်ဆောင်မှုကိုသုံးစွဲသူများနှင့် စီးပွားဖက်လုပ်ငန်းများတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့် အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။

MPT သုံးစွဲသူများ “ရှယ်ကြည့်” Data Pack ဖြင့် ဒီဂျစ်တယ်ဖျော်ဖြေမှုများကို အသက်သာဆုံးနှုန်းထားများဖြင့် စိတ်ကြိုက်ကြည့်ရှုနိုင်ပြီ

(ရန်ကုန်၊ ၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၂၂ ရက်) မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် အင်တာနက်အသုံးပြုမှုအားလုံးအတွက် (၇) ရက်စာ Data Pack နှင့် ရက် (၃၀) စာ Data Pack တို့ပါဝင်သော “ရှယ်ကြည့်” Data Pack ကို အသက်သာဆုံးနှုန်းထားများဖြင့် မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာလိုက်သည်။ “ရှယ်ကြည့်” Data Pack အစီအစဥ်ကိုဝယ်ယူရုံနှင့် မည်သည့်အခကြေးငွေမျှ ထပ်မံပေးဆောင်ရန်မလိုဘဲ နာမည်ကျော် “ဗျို့” Lifestyle ဝန်ဆောင်မှုနှင့် Shwe Stream ဝန်ဆောင်မှုများကို သုံးစွဲနိုင်မည် ဖြစ်သည်။ ဒေတာအသုံးပြုမှုများကို ဝယ်ယူထားသော “ရှယ်ကြည့်” Data Pack မှ ကောက်ခံသွားမည်ဖြစ်ပြီး သက်မှတ်ထားသောဒေတာပမာဏ အသုံးပြုမှုကျော်လွန်ပါက အခြား ဝယ်ယူထားသော Data Pack (သို့မဟုတ်) သုံးသလောက်ပေးအင်တာနက်နှုန်း (PAYG) ဖြင့် ကောက်ခံသွားမည် ဖြစ်သည်။

MPT ၏ “ရှယ်ကြည့်” Data Pack သည် မြောက်မြားလှစွာသော ဖျော်ဖြေရေးအစီအစဉ်များကို အကန့်အသတ်မရှိ စိတ်ကြိုက်ခံစားနိုင်ရန် ဝန်ဆောင်မှုပေးအပ်ထားခြင်း ဖြစ်သည်။ ကြိုက်နှစ်သက်ရာ အသုံးပြုနိုင်သော ဒေတာပက်ကေ့ချ်နှင့် အတူ သုံးစွဲသူများသည် အင်တာနက်အသုံးပြု၍ဝက်ဘ်ဆိုက်များရှာဖွေခြင်း၊ ဗွီဒီယိုနှင့် တေးသီချင်းများကိုတိုက်ရိုက်ကြည့်ရှုခြင်း၊ ဂိမ်းကစားခြင်း၊ ဗွီဒီယိုကောလ်ခေါ်ဆိုခြင်းများ၊ အက်ပလီကေးရှင်း များဒေါင်းလုတ်ဆွဲခြင်း၊ YouTube ကြည့်ခြင်းနှင့် အခြားအရာများကိုပါ စိတ်ကြိုက် အသုံးပြုနိုင်မည်ဖြစ်သည်။

ထို့အပြင် အဆိုပါပက်ကေ့ချ်ဝယ်ယူထားသော သုံးစွဲသူများသည် မြန်မာစာတန်းထိုး (မြန်မာနှင့်နိုင်ငံတကာ) ရုပ်ရှင် ဇာတ်ကားပေါင်း ၈၀၀ ကို “Shwe Stream” Movie Application တွင်ဝင်ရောက်ကြည့်ရှုနိုင်ပြီး လူနေမှု ဘဝပုံစံကို အထူးပြုဖော်ပြပေးသော “ဗျို့” မှ စိတ်ဝင်စားဖွယ်ကောင်းသော အစီအစဉ်များကိုလည်း အသုံးပြုနိုင်မည်ဖြစ်သည်။ “ဗျို့” Lifestyle Application တွင် နေ့စဥ်တင်ပေးနေသော ကျန်းမာရေး၊ အလှအပ၊ ဖက်ရှင်၊ ဖျော်ဖြေရေး၊ ခရီးသွား၊ အစားအစာ၊ သက်မွေးမှုလုပ်ငန်းများ၊ အောင်မြင်တိုးတက်ရေး၊ ဗဟုသုတ၊ Lifestyle နှင့် ဗေဒင် အစရှိသော အစီအစဥ်ကောင်းများစွာကို မိမိတို့ စိတ်ကြိုက် ကြည့်ရှုနိုင်မည်ဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Tetsunori Nagashima က “ကျွန်တော့်တို့ရဲ့ ဈေးနှုန်းသက်သာတဲ့ “ရှယ်ကြည့်” Data Pack နဲ့အတူ သုံးစွဲသူတွေဟာ အင်တာနက်ချိတ်ဆက်မှု ပြတ်တောက်သွားမှာကို စိတ်ပူစရာမလိုတော့ဘဲ အလွန်ကောင်းမွန်တဲ့ ဒီဂျစ်တယ်ဖျော်ဖြေရေး ဝန်ဆောင်မှုတွေ အားလုံး ကို စဥ်ဆက်မပြတ် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အကောင်းဆုံး ဝန်ဆောင်မှုတွေ ထပ်မံပေး အပ်နိုင်ဖို့လည်း ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ အခုဆိုရင် ဗွီဒီယိုတွေကို ဝင်ရောက်ကြည့်ရှုခြင်းကို ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ မိုးဘိုင်းလ်ဒေတာနဲ့ပေါင်းစပ်လိုက်ပြီဖြစ်တာကြောင့် သုံးစွဲသူတွေဟာ မိမိကြိုက်နှစ်သက်ရာ ဖျော်ဖြေရေးဝန်ဆောင်မှုအစီအစဉ်တွေကို ကျွန်တော်တို့ရဲ့ မြန်နှုန်းမြင့် 3G / LTE + ကွန်ရက် ကိုအသုံးပြုပြီး လွယ်ကူသက်သာစွာဖြင့်ကြည့်ရှုခံစားနိုင်ရယူနိုင်တော့မှာပါ။ ဘယ်လို ဖျော်ဖြေမှုအမျိုးအစားကို မဆို နှစ်သက်သူအတွက် မိမိတို့စိတ်ကြိုက်ဖျော်ဖြေရေး ဝန်ဆောင်မှုတွေကို ရှယ်ကြည့် အစီအစဥ်ကနေ ရရှိနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ သည်။

“ရှယ်ကြည့်” Data Pack ကိုဝယ်ယူအသုံးပြုခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများကိုလည်း ရရှိနိုင်မည် ဖြစ်သည်။

Data Packဈေးနှုန်း(အခွန်ပါပြီး)ဒေတာ(MB) သက်တမ်းအကျိုးကျေးဇူးUSSD အသုံးပြု၍ ဝယ်ယူရန်MPT4U
၇ ရက် Data Pack၄၉၉ ကျပ်375 MB၇ ရက်Shwe Stream နှင့် “ဗျို့” Premium ဝန်ဆောင်မှု (၇)ရက်အခမဲ့သုံးစွဲခွင့်*8208*7# CallMPT4U Application
ရက် ၃၀ Data Pack၈၉၉ ကျပ်560 MBရက် ၃၀Shwe Stream နှင့် “ဗျို့” Premium ဝန်ဆောင်မှု ရက် (၃၀) အခမဲ့သုံးစွဲခွင့်*8208*30# Call

“ရှယ်ကြည့်” Data Pack ကို *8208*# သို့ခေါ်ဆိုခြင်း (သို့မဟုတ်) MPT4U Application မှတစ်ဆင့် ဝယ်ယူနိုင်သည်။ ပက်ကေ့ချ်ဝယ်ယူပြီးပါက သုံးစွဲသူများသည် Premium သုံးစွဲခွင့်ကို လဲလှယ်နိုင်သော အထူး Link တစ်ခုကို SMS မှတစ်ဆင့် လက်ခံရရှိမည်ဖြစ်သည်။
MPT သုံးစွဲသူများသည် Shwe Stream နှင့် “ဗျို့” Application ကို Google Play Store မှဒေါင်းလုတ်ရယူနိုင်ပြီး ဝန်ဆောင်မှု၏ အကျိုးကျေးဇူးများကိုရယူနိုင်ပါသည်။

MPT သည် သုံးစွဲသူများအတွက် ဒီဂျစ်တယ်လူမှုဘဝများ ပိုမိုတိုးတက်စေရန် အရည်အသွေးကောင်းမွန်သည့် ပြည်တွင်း၊ ပြည်ပဖျော်ဖြေရေးအကြောင်းအရာများနှင့် ပညာရေး နှင့်သက်ဆိုင် သောအကြောင်းအရာများနှင့်အတူ ထပ်ဆောင်း ဝန်ဆောင်မှုများကို တစိုက်မတ်မတ် တိုးချဲ့ဆောင်ရွက်လျက် ရှိသည်။

MPT သုံးစွဲသူများအားလုံးသည် MPT4U အပလီကေးရှင်းကို အသုံးပြု၍ မိမိတို့ ကိုယ်ပိုင်အကောင့်များကို အိမ်မှာနေရင်း မိုဘိုင်းလ်ဖုန်းပေါ်မှတစ်ဆင့် အဆင်ပြေစွာ စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။ MPT ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို အသေးစိတ်ထပ်မံသိရှိလိုပါက 106 သို့ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏တရားဝင် Facebook Page ဖြစ်သော https://www.facebook.com/mptofficialpage/ နှင့် MPT ၏တရားဝင် Website ဖြစ်သော https://www.mpt.com.mm/mm/shal-kyi-data-pack-mm/ တို့တွင်ဝင်ရောက်ကြည့်ရှု၍ သော်လည်းကောင်း၊ Shwe Stream နှင့် “ဗျို့”ဝန်ဆောင်မှု နှင့်ပတ်သက်၍ 01-2305273 သို့ခေါ်ဆို၍ သော်လည်းကောင်း၊ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT က သုံးစွဲသူများအတွက် တစ်နေရာတည်းတွင် လိုအပ်ချက်များကို ပြည့်စုံစွာဖြည့်ဆည်းပေးမည့် “စုံစုံလင်လင်” ပရိုမိုးရှင်းအစီအစဉ်ကို မိတ်ဆက်

၂၀၂၁ ခုနှစ် မေလ ၁၅ ရက်နေ့မှစ၍ စုံစုံလင်လင် ပက်ကေ့ချ်များ ရောင်းချခြင်းကို ရပ်ဆိုင်းထားပြီးဖြစ်ကြောင်း အသိပေးအပ်ပါသည်။

(၇ နှစ်မြောက် အထူးပရိုမိုးရှင်းအစီအစဉ်မှတစ်ဆင့် သုံးစွဲသူများသည် အစုံသုံးနိုင်သည့် စုံစုံလင်လင်ပက်ကေ့ချ်ကို တစ်ရက်လျှင် ၁၆၇ ကျပ်ဖြင့် ရက် ၃၀ သက်တမ်းဖြင့် အသုံးပြုနိုင်ပြီး ပက်ကေ့ချ်တစ်ခုတည်းဖြင့် သုံးစွဲသူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တော့မည်ဖြစ်သည်။)
(ရန်ကုန်၊ ၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၂၁ ရက်) မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် သုံးစွဲသူများအတွက် အမျိုးမျိုးသောလိုအပ်ချက်များကို တစ်ခုချင်းစီ ဝယ်ယူရန်မလိုဘဲ တစ်နေရာတည်းတွင် ၎င်းတို့၏လိုအပ်ချက်များကို ပြည့်စုံစွာရရှိမည့် စွယ်စုံရ အစုံသုံး အတန်ဆုံး “စုံစုံလင်လင်” ပက်ကေ့ချ်ကို အသက်သာဆုံးနှုန်းထားဖြင့် ယနေ့မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာလိုက်သည်။
(၇)နှစ်မြောက်သို့ ရောက်ရှိခြင်း အထူးပရိုမိုးရှင်းအစီအစဉ် အသစ်တစ်ခုဖြစ်သည့် “စုံစုံလင်လင်” ပက်ကေ့ချ် သည် အစုံသုံး အတန်ဆုံး နှင့် အကျိုးကျေးဇူးများစွာ ရရှိခံစားနိုင်မည့် အစီအစဉ်တစ်ခုဖြစ်ပြီး MPT ကို အစဉ်တစိုက် အားပေးကြသော သုံးစွဲသူများအတွက် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် မိတ်ဆက်ပေးလိုက်ခြင်း ဖြစ်ပါသည်။ အဆိုပါ ပက်ကေ့ချ်ဖြင့် Facebook, Mobile Legends နှင့် JOOX ဒေတာများကို အကန့်အသတ်မရှိ စိတ်ကြိုက်အသုံးပြုနိုင်သည့်အပြင် အခြားအင်တာနက် အသုံးပြုမှုများအားလုံးအတွက် ဒေတာ 2GB ၊ MPT ဖုန်းအချင်းချင်း အသက်သာဆုံးနှုန်းထား ဖြစ်သည့် ၁ မိနစ်လျှင် ၅ ကျပ်ဖြင့် ဖုန်းခေါ်ဆိုခွင့်၊ ဖုန်းဘေလ် ၁,၀၀၀ကျပ် ပါရှိပြီးရက်ပေါင်း(၃၀)အသုံးပြုနိုင်မည်ဖြစ်သည်။ လက်ရှိ ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားနေသည့် အခြေအနေကြောင့် လူအများအပြား အိမ်တွင် နေထိုင်နေရသည့် ကာလတွင် MPT သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ ချစ်ခင်သူများနှင့် အဆက်အသွယ်မပြတ် ရှိစေရန်၊ တန်ဖိုးရှိသော သတင်းများရရှိစေရန်၊ အွန်လိုင်းမှ သတင်းအချက်အလက်များရယူနိုင်ရန်နှင့် ဖျော်ဖြေရေးအစီအစဉ်များကို ကြည့်ရှုခံစားနိုင်ရန် “စုံစုံလင်လင်” ပက်ကေ့ချ်ကို အသုံးပြုနိုင်တော့မည်ဖြစ်သည်။ “စုံစုံလင်လင်” ပက်ကေ့ချ် ၏ ပြီးပြည့်စုံသည့် အကျိုးကျေးဇူးခံစားခွင့်များမှာ-

စျေးနှုန်း (ကုန်သွယ်ခွန်
ပါဝင်ပြီး)
ခံစားခွင့်များသက်တမ်းဝယ်ယူရန်
၄,၉၉၈ ကျပ်• အကန့်အသတ်မရှိ ဒေတာ (Facebook, Mobile Legends, JOOX)
• 2GB (အင်တာနက်အသုံးပြုမှုအားလုံးအတွက်)
• MPT ဖုန်းအချင်းချင်းခေါ်ဆိုခွင့်[၁ မိနစ် ၅ ကျပ်]
• ဖုန်းဘေလ် ၁၀၀၀ ကျပ်
ရက် ၃၀MPT4U app
*4998#

ထို့အပြင် အဆိုပါ အစီအစဉ်သုံးစွဲသူများသည် ပုံမှန်ခံစားခွင့်များအတွက်ကျသင့်မည့်တန်ဖိုး ၉,၉၉၆ ကျပ်အစား ထက်ဝက်တန်ဖိုး (၅၀% လျော့စျေး) ၄,၉၉၈ကျပ်ဖြင့် ရက်ပေါင်း ၃၀ အသုံးပြုနိုင်သည့် အကျိုးခံစားခွင့်များ အားလုံးကို ရရှိနိုင်ပါသည်။ “စုံစုံလင်လင်” ပက်ကေ့ချ်သည် သုံးစွဲသူများအတွက် ကုန်ကျစရိတ် ၅၀% သက်သာစွာ ဖြင့် ပိုမိုကောင်းမွန်သည့်အကျိုးကျေးဇူးရရှိနိုင်သည့် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်သည်။
MPT-KSGM JO ၏ Chief Commercial Officer ဖြစ်သူ Mr. Tetsunori Nagashima က “အထူးသဖြင့် ဒီလိုစိန်ခေါ်မှုအခက်အခဲတွေရှိနေတဲ့အချိန်မှာ MPT ကို အစဉ်တစိုက် အားပေးကြတဲ့ သုံးစွဲသူတွေအတွက် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။ အခု ပရိုမိုးရှင်းအစီအစဉ်ဟာဆိုရင် “မြန်မာပြည်နှင့် အတူရှိနေမည်”ဆိုတဲ့ ကတိကဝတ်တွေကို ထပ်မံဖြည့်ဆည်း ဆောင်ရွက်ပေးနေတာပဲဖြစ်ပါတယ်။ ဒီလိုမျိုး စွဲမက်စရာကောင်းတဲ့ သုံးစွဲသူတွေ ကြိုက်နှစ်သက်မယ့် ဒီ “စုံစုံလင်လင်” ပက်ကေ့ချ်ကို တန်ဖိုးထားရတဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေဆီ ပေးအပ်လိုက်ခြင်းအားဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် အိမ်ထဲမှာ နေထိုင်ဖို့လိုအပ်တဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် ချစ်ခင်သူတွေနဲ့ အဆက်အသွယ်မပြတ်ရှိနေခြင်းဖြင့် သတင်းအချက်အလက်တွေကို ရယူနိုင်မယ့်အပြင် အွန်လိုင်းဖျော်ဖြေရေးတွေကိုလည်း စိတ်ကြိုက် ကြည့်ရှုခံစား နိုင်ဖို့ ဆောင်ရွက်ပေးထားတာပါ ”ဟု ပြောကြားခဲ့သည်။
သုံးစွဲသူများအနေဖြင့် Facebook (ပြင်ပ links များမပါဝင်) အသုံးပြုခြင်း၊ Facebook Messenger (Voice, Video calls များမပါဝင်) အသုံးပြုခြင်း၊ Mobile Legends (ဂိမ်းအတွင်း Streaming ပြုလုပ်/ ကြည့်ရှုခြင်း၊ ဂိမ်းအတွင်း ဆက်သွယ်ပြောဆိုခြင်းများ မပါဝင်) ဂိမ်းကစားနိုင်ခြင်း သို့မဟုတ် JOOX Music မှ နောက်ဆုံး ထွက်ရှိသည့် သီချင်းများကို နားဆင်ခြင်းတို့အား အကန့်အသတ်မရှိ စိတ်ကြိုက်ရယူခံစားနိုင်ပါသည်။ အပိုဆုလက်ဆောင် ရရှိသည့် 2GB ဒေတာကို အင်တာနက်အသုံးပြုမှုအားလုံးအတွက် အသုံးပြုနိုင်မည် ဖြစ်သည့်အပြင် သုံးစွဲသူများသည် ကြိုက်နှစ်သက်ရာသုံးနိုင်သည့် ဖုန်းဘေလ် ၁,၀၀၀ ကျပ်ကို ရရှိခံစားနိုင်ပြီး MPT အချင်းချင်း သက်သာသောနှုန်းထားဖြင့် ဖုန်းခေါ်ဆိုခွင့်များဖြင့် မိမိ၏ ချစ်ခင်သူများနှင့် အဆက်အသွယ် ပြုလုပ်နိုင်မည် ဖြစ်သည်။ ပြင်ပလင့်ခ်များသို့ဝင်ရောက်ခြင်း၊ Voice/Video Calls များခေါ်ဆိုခြင်း နှင့် ဂိမ်းအတွင်း Streaming ပြုလုပ်/ ကြည့်ရှုခြင်း၊ ဂိမ်းအတွင်းဆက်သွယ်ပြောဆိုခြင်းနှင့် ဂိမ်းကစားခြင်းအတွက်မဟုတ်သည့် အခြားအသုံး ပြုမှုများ အတွက် ဝယ်ယူထားသော Data Pack (သို့မဟုတ်) Pay-As-You-Go နှုန်းထားဖြင့် ကောက်ခံသွား မည်ဖြစ်သည်။
ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ် ရယူထားသော MPT GSM/WCDMA prepaid စနစ် သုံးစွဲသူများ အနေဖြင့် “စုံစုံလင်လင်” ပက်ကေ့ချ်ကို ရယူနိုင်ပြီး စက်တင်ဘာ ၂၁ ရက်တွင် စတင်သည့် အဆိုပါ အစီအစဉ်အား MPT4U App မှတစ်ဆင့် (သို့မဟုတ်) *4998# သို့ခေါ်ဆိုပြီး အကျိုးကျေးဇူးများ ရယူခံစားနိုင်မည် ဖြစ်သည်။
MPT သုံးစွဲသူများအားလုံးသည် နေအိမ်တွင်ပင် အဆင်ပြေလွယ်ကူစွာဖြင့် မိုဘိုင်းလ်ဖုန်းထဲရှိ MPT4U Appသို့ ဝင်ရောက်၍ ၎င်းတို့၏အကောင့်များကို စီမံခန့်ခွဲနိုင်ပါသည်။ ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက ၁၀၆ သို့ ခေါ်ဆို၍သော်လည်းကောင်း၊ MPT ၏ တရားဝင် ဖေ့စ်ဘွတ်ခ် စာမျက်နှာ https://www.facebook.com/mptofficialpage/ သို့မဟုတ် MPT ၏ တရားဝင် ဝက်ဘ်ဆိုက် www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်သည်။

ရန်ကုန်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၁) ဦး ၌ COVID-19 ထပ်မံ စစ်ဆေးတွေ့ရှိရကြောင်း အသိပေးခြင်း

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၈ ရက်)
ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မရမ်းကုန်းရုံး တွင်တာဝန်ထမ်း ဆောင်နေသော ဝန်ထမ်း (၁) ဦး၌ COVID-19 ရောဂါပိုး ထပ်မံ စစ်ဆေး တွေ့ရှိရကြောင်း နှင့် ယခုစစ်ဆေးတွေ့ရှိခဲ့သည့် ဝန်ထမ်းသည် သုံးစွဲသူများနှင့် တိုက်ရိုက်ထိတွေ့ခဲ့ခြင်းမရှိဘဲ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၈ ရက်တွင် ဖောင်ကြီး COVID-19 ကုသရေးစင်တာ၌ ဆေးကုသမှု ခံယူနေပြီ ဖြစ်ကြောင်း MPT က အတည်ပြု ထုတ်ပြန်လိုက်ပါသည်။
မိမိတို့အနေဖြင့် COVID-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေးကော်မတီ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ညွှန်ကြားချက်များနှင့်အညီ_
• ရောဂါပိုးတွေ့ရှိရသူဝန်ထမ်းနှင့်အနီးကပ်ထိတွေ့မှုရှိခဲ့သူများအား စိစစ်ခြင်း
• ရောဂါပိုးကူးစက်ခံရသည့် ဝန်ထမ်းနှင့် အနီးကပ်ထိတွေ့ခဲ့သည့် လုပ်ဖော်ကိုင်ဖက်များအားလုံးကို မိမိတို့အိမ်တွင် နေထိုင်ခြင်းဖြင့် ၂၁ ရက်ကြာ အသွားအလာ ကန့်သတ်မှု ဆောင်ရွက်ထားပါသည်။
• အနီးကပ်ထိတွေ့ခဲ့သူဝန်ထမ်းများ၏ ကျန်းမာရေး (ကိုယ်အပူချိန် နှင့် ရောဂါလက္ခဏာပြခြင်း) စောင့်ကြည့် လေ့လာချက်များကို စောင့်ကြည့်/ အစီရင်ခံခြင်း နှင့်
• အဆိုပါဝန်ထမ်းတာဝန်ထမ်းဆောင်သော လုပ်ငန်းခွင်နေရာကို ပိုးသတ်ဆေးဖြန်းခြင်း တို့ကို ဆောင်ရွက်ပြီးဖြစ်ပါသည်။

မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် တာဝန်ရှိသူများ၏ ညွှန်ကြားချက်များ အတိုင်း လျင်လျင်မြန်မြန်ထိထိရောက်ရောက် လိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ရောဂါပိုးတွေ့ရှိရသူဝန်ထမ်းနှင့် အတူတကွ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၊ အနီးကပ်ထိတွေ့မှုရှိသူ ဝန်ထမ်းများကို အလုပ်ခွင်တွင် အချိန်မည်မျှကြာကြာအတူတကွ အလုပ်လုပ်ခဲ့သည်ဖြစ်စေ နောက်ဆုံး ထိတွေ့ခဲ့သည့် ရက်မှစ၍ ၂၁ ရက်တိတိ အသွားအလာ ကန့်သတ်မှု ဆောင်ရွက်လျက်ရှိပါသည်။ မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီလိုက်နာကာ အဆိုပါဝန်ထမ်းနှင့် အနီးကပ်ထိတွေမှုရှိသည့် ဝန်ထမ်းများ စာရင်းကို ပြုစုပြီး မရမ်းကုန်းရုံးကိုလည်း ပိုးသတ်ဆေးဖြန်းခြင်းကို ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။

မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းအတွင်းနှင့် လုပ်ငန်းပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် အခုလို COVID-19 ကူးစက်မှုအရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသော အခန်းဏ္ဍ ဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ယခုလိုဖြစ်ရပ်များအတွက် မိမိတို့၏ ဝန်ဆောင်မှုကိုသုံးစွဲသူများနှင့် စီးပွားဖက်လုပ်ငန်းများတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့် အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။

MPT အနေဖြင့် COVID-19 ကာကွယ်၊ထိန်းချုပ် ကုသရေး လုပ်ငန်းစဉ် များတွင် ဖိုင်ဘာ အင်တာနက်များချိတ်ဆက်ဆောင်ရွက်လှူဒါန်းပေးခြင်းဖြင့် ဆက်သွယ်ရေး အထောက်အပံ့များ တိုးချဲ့ဆောင်ရွက်

MPT အနေဖြင့် COVID-19 ကာလအတွင်း မရှိမဖြစ်လိုအပ်သည့် ဆက်သွယ်ရေးဆိုင်ရာ အထောက်အပံ့များ ဖြစ်သော ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုနှင့် ဖုန်းလိုင်းဆက်သွယ်မှုများကို လွန်ခဲ့သည့် ဧပြီလမှ စတင်ပြီး ဖောင်ကြီး COVID-19 ကုသရေးစင်တာ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ အသွားအလာကန့်သတ် ဆောင်ရွက်ထားသည့် နေရာ ၆၀ ကျော်ကို ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကာ ယခုလိုရောဂါပိုးတွေ့ရှိမှု များပြားလာသည့် အချိန်တွင် ဖောင်ကြီး COVID-19 ကုသရေး စင်တာအတွက် ထပ်မံလိုအပ်လျက် ရှိသော ဖိုင်ဘာအင်တာနက်လိုင်း ၃ လိုင်းကို ယခင်အပတ်ကပင် တိုးချဲ့ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။

ဆက်လက်၍လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ဧရာဝတီဖောင်ဒေးရှင်းတို့ပူးပေါင်း ဆောင်ရွက်ထားသော အတည်ပြုလူနာ ၄၁၆ နှင့် ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်း (၁၀၀) ဉီးတို့နေထိုင်နိုင်မည့် Covid-19 အရေးပေါ်ရောဂါကုသရေးဌာန (သုဝဏ္ဏ)တွင် အင်တာနက် ရရှိအသုံးပြုနိုင်ရန် လိုအပ်သော ဆက်သွယ်ရေးဆိုင်ရာ ကူညီထောက်ပံ့မှုများအဖြစ် ဖိုင်ဘာအင်တာနက်လိုင်းနှင့် Wi-Fi စနစ်တပ်ဆင်ခြင်းနှင့်ဆက်စပ်ပစ္စည်းများကို MPT မှထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိပါသည်။
ယခုလို COVID-19 ကူးစက်မှုမြင့်မားလာသည့်ကာလအတွင်းတွင် MPT အနေဖြင့် မြန်မာပြည်သူများနှင့် လူမှုအသိုင်းအဝိုင်းတို့အတွက် လိုအပ်သည့် အထောက်အပံ့များကို ဆောင်ရွက်လျက်ရှိပြီး လွန်ခဲ့သည် ဧပြီလမှ စတင်ကာ MPT အနေဖြင့် တိုင်းနှင့်ပြည်နယ် အသီးသီးတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များ အတွက်လိုအပ်သည့် အခြားသော လှူဒါန်းမှုများကိုလည်း ဆောင်ရွက်ခဲ့ပါသည်။

#မြန်မာပြည်နှင့် အတူရှိနေမည့် MPT

MPT မှ သုံးစွဲသူများအတွက် ဖုန်းဘေလ်များကို ၇ ဆ ပွားနိုင်မည့် “ထောဘီ ၇ ဆ” အထူးပရိုမိုးရှင်းအစီအစဉ်ကို မိတ်ဆက်

(၇ နှစ်မြောက် အထူးပရိုမိုးရှင်းအစီအစဉ်မှတစ်ဆင့် သုံးစွဲသူများသည် ဖုန်းဘေလ်များကို ထောဘီ ၇ဆ ဖုန်းဘေလ်များအဖြစ် အကြိမ်အကန့်အသတ်မရှိ လဲလှယ်ရယူနိုင်ပြီး အလွန်သက်သာသောနှုန်းထားများ နှင့် အရှည်ဆုံးသက်တမ်းထိ အသုံးပြုနိုင်မည်ဖြစ်သည်။)
(ရန်ကုန်၊ ၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၁၇ ရက်) – မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် MPT Prepaid သုံးစွဲသူများအတွက် ပုံမှန်ဖုန်းဘေလ်ကို အဆပေါင်း ၇ ဆ ပွားကာ ရက်ပေါင်း (၆၀) အထိ စိတ်တိုင်းကျအသုံးပြုနိုင်မည့် “ထောဘီ ၇ဆ” အထူးပရိုမိုးရှင်း စီအစဉ်သစ်ကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန် ကြေညာလိုက်သည်။
“ထောဘီ ၇ဆ”အထူးပရိုမိုးရှင်းအစီအစဉ်သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် ဂျပန် မိတ်ဖက်အဖွဲ့အစည်း KDDI Summit Global Myanmar (KSGM) တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံ တစ်ဝန်းရှိ မြန်မာပြည်သူပြည်သားများ၊ စီးပွားရေးလုပ်ငန်းများနှင့် လူမှုအသိုက်အဝန်းများအတွက် အကောင်း ဆုံးသော ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်မှာ (၇)နှစ်မြောက်သို့ ရောက်ရှိခြင်း မှတ်တိုင် သစ်တစ်ခုကို စိုက်ထူနိုင်ခဲ့သည့် အထိမ်းအမှတ်အဖြစ် အစဉ်တစိုက် အားပေးကြသော သုံးစွဲသူများအတွက် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် မိတ်ဆက်ပေးလိုက်ခြင်းဖြစ်သည်။
နိုင်ငံတစ်ဝန်းမှ MPT Prepaid (ဆွေသဟာ၊ ရှယ်ပြော နှင့် ရွှေစကား) သုံးစွဲသူများသည် ပုံမှန်ဖုန်းဘေလ်ကို အဆပေါင်း ၇ ဆ ပွားကာ စိတ်တိုင်းကျ လဲလှယ်ရယူနိုင်မည့် “ထောဘီ ၇ဆ” အထူးပရိုမိုးရှင်းအစီအစဉ်သစ်ကို ရရှိခံစားနိုင်မည်ဖြစ်သည်။ ထို့အပြင် “ထောဘီ ၇ဆ” ဖုန်းဘေလ်ကို MPT ၏ ပိုမိုမြန်ဆန်သော အရည်အသွေးမြင့် 3G/ LTE+ ကွန်ရက် ပေါ်ကတစ်ဆင့် MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်း၊ SMS စာတိုပေးပို့ခြင်း နှင့် သုံးသလောက်ပေးအင်တာနက်အသုံးပြုခြင်း (Pay As You Go) တို့အတွက် အသုံးပြုနိုင်ပါသည်။

“ထောဘီ ၇ဆ” အထူးပရိုမိုးရှင်းအစီအစဉ် မိတ်ဆက်ခြင်းနှင့်ပတ်သက်၍ MPT-KSGM JO ၏ စီးပွားရေးဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ ဦးကိုကိုအောင်က “ကျွန်တော်တို့ MPT ကို အစဉ်တစိုက် သုံးစွဲနေသူတွေအတွက် ဖုန်းဘေလ်များကို အကြိမ်အကန့်အသတ်မရှိ လဲလှယ်ရယူနိုင်ပြီး ပိုမိုသက်သာတဲ့ နှုန်းထားတွေနဲ့ ရက်ရှည်ရှည်နဲ့ စိတ်ကြိုက်အသုံးပြုနိုင်မယ့် “ထောဘီ ၇ဆ” အထူးပရိုမိုးရှင်းအစီအစဉ်ကို မိတ်ဆက်ပေးခွင့်ရလို့ ကျွန်တော်တို့အနေနဲ့ အလွန်ပဲဝမ်းသာပီတိဖြစ်ရပါတယ်။ MPT နဲ့ KSGM တို့ပူးပေါင်း ဆောင်ရွက်ပြီး ဝန်ဆောင်မှုပေးနေတာ (၇)နှစ်မြောက်သို့ရောက်ရှိခဲ့ပြီး အောင်မြင်မှု အထိမ်းအမှတ်ကို စိုက်ထူနိုင်ခဲ့တာဟာဆိုရင် ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေက အဓိကပြယုဂ် တစ်ခုဖြစ်တာ ကြောင့် MPT ကို အစဉ်တစိုက်သုံးစွဲခဲ့တဲ့ သုံးစွဲသူတွေအားလုံးကို ဖုန်းဘေလ်တွေ ဖြည့်သွင်းတဲ့အခါ အကောင်းဆုံး ဝန်ဆောင်မှု၊ အသက်သာဆုံး နှုန်းထားများနဲ့ တန်ဖိုးအရှိဆုံး ကျေးဇူးတုံ့ပြန်ဖို့အတွက် ရည်ရွယ်ပြီး “ထောဘီ ၇ဆ” အစီအစဉ်ကို ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အိမ်မှာပဲ နေနေရတဲ့ကာလတွေမှာ သုံးစွဲသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ MPT က အကျိုးခံစားခွင့်တွေကို လွယ်ကူအဆင်ပြေစွာနဲ့ အသုံးပြုနိုင်အောင် ဝန်ဆောင်မှုတွေကို ပိုမိုတိုးမြှင့်ဆောင်ရွက် သွားဖို့လည်း ရည်ရွယ်ပါတယ်” ဟု ပြောကြားခဲ့သည်။
“ထောဘီ ၇ ဆ” ဖုန်းဘေလ်ကို အောက်ပါနည်းလမ်းများဖြင့် လဲလှယ်ရယူအသုံးပြုနိုင်ပါသည်။

ထောဘီ ၇ဆ ဖုန်းဘေလ် သက်တမ်းအသုံးပြုနိုင်သည့် နှုန်းထား (ကုန်သွယ်ခွန်ပါဝင်ပြီး)ရယူနိုင်သည့် နည်းလမ်းများ လက်ကျန်စစ်ဆေးရန်


SMSUSSD
ပုံမှန်ဖုန်းဘေလ် ၁,၁၁၁ ကျပ် = ထောဘီ ၇ဆ ဖုန်းဘေလ် ၇,၇၇၇ ကျပ် ၁၅ ရက် သုံးသလောက်ပေးအင်တာနက် = ၇.၄ကျပ်/MB
MPT-MPT ဖုန်းခေါ်ဆိုခ = တစ်မိနစ်လျှင် ၃၆.၈ကျပ်
MPT-MPT SMS = တစ်စောင်လျှင် ၂၀ကျပ်
Send 1111 to 1332 *7001#
ပုံမှန်ဖုန်းဘေလ် ၂,၂၂၂ ကျပ် = ထောဘီ ၇ဆ ဖုန်းဘေလ် ၁၅,၅၅၄ ကျပ်၃၀ ရက်Send 2222 to 1332 *7002# *224#
ပုံမှန်ဖုန်းဘေလ် ၅,၅၅၅ ကျပ် = ထောဘီ ၇ဆ ဖုန်းဘေလ် ၃၈,၈၈၅ ကျပ်၆၀ ရက်Send 55555 to 1332 *7005#

ထို့ပြင် သောကြာနေ့တွင် ဝယ်ယူသုံးစွဲသူများသည် “ထောဘီ ၇ ဆ” ပရိုမိုးရှင်းအစီအစဉ်အား Happy Friday အပိုဆုလက်ဆောင်နှင့်အတူ အကျိုး ကျေးဇူးများ ပိုမိုရရှိနိုင်မည်ဖြစ်သည်။ ထပ်မံ၍ ကြိုက်နှစ်သက်ရာ ထောဘီပက်ကေ့ချ်ကို မည်သည့်နည်းလမ်းဖြင့်မဆို ဝယ်ယူပါက ထိတိုင်းထော (ထောဘီထိပေါက်) ဂိမ်းထဲ၌ ကံစမ်းရန် အခွင့်အရေး(၁)ကြိမ် ရရှိပြီး ထောဘီဖုန်းဘေလ် အဆပေါင်း ၁၀၀ ထိ ကံထူးနိုင်မည်ဖြစ်သည်။
သုံးစွဲသူများသည် “ထောဘီ ၇ဆ” ပက်ကေ့ချ်များကို စဉ်ဆက်မပြတ် ဝယ်ယူအသုံးပြုနိုင်ပါသည်။ သို့သော် ပြောင်းလဲရယူထားသော ထောဘီ ၇ဆ ဖုန်းဘေလ်များသည် ဒေတာပက်ကေ့ချ်များ၊ ထပ်ဆောင်း ဝန်ဆောင်မှု များနှင့် အခြား voice ပက်ကေ့်ချ်များ ဝယ်ယူခြင်းတို့နှင့် သက်ဆိုင်မှုမရှိပေ။ ပရိုမိုးရှင်းအစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၇ ရက်တွင် စတင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သော MPT သည် သုံးစွဲသူများအား ထောက်ပံ့နိုင်ရန်နှင့် ပြည့်စုံကြွယ်ဝသော ဒီဂျစ်တယ်လူမှုဘဝ အတွေ့အကြုံများကို ရရှိခံစားစေရန် နည်းလမ်းကောင်းများ စဉ်ဆက်မပြတ် စူးစမ်းရှာဖွေလျက်ရှိသည်။ MPT သည် အထူးသဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ကိုဗစ်-၁၉ သက်ရောက်မှုခံနေရသည့် အချိန်တွင် သုံးစွဲသူများအတွက် အကျိုးကျေးဇူးကောင်းများ ရရှိနိုင်ရန် နှင့် ရင်ခုန်စိတ် လှုပ်ရှားဖွယ်ကောင်းသော အထူးပရိုမိုးရှင်းအစီအစဉ်များကို စဉ်ဆက်မပြတ် ဆက်လက်ပေးအပ်သွားမည်ဖြစ်သည်။

MPT သုံးစွဲသူများအတွက် ထုတ်ကုန်များနှင့်ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ် စာမျက်နှာဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

MPT’s “Shwe Eain Mat” Campaign to Make Dreams Come True for Customers (One-of-a-kind campaign offers a life-changing experience for select MPT customers)

(ရန်ကုန်၊ ၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၁၆ ရက်) မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် ပထမဆုံးအကြိမ်အဖြစ် တစ်မူထူးခြားဆန်းသစ်သည့် “ရွှေအိပ်မက်” အစီအစဉ်ကို သုံးစွဲသူများ၏ အိပ်မက်များအမှန်တကယ်ဖြစ်လာစေရန် အကောင်အထည် ဖော်နိုင်မည့် အခွင့်အလမ်းတစ်ခုအဖြစ် စတင်မိတ်ဆက်ပေးလိုက်ပြီ ဖြစ်သည်။
MPT နှင့် KSGM တို့ Joint Operations အဖြစ် ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူလူထု၊ စီးပွားရေးလုပ်ငန်းများနှင့် လူမူအသိုင်းအဝိုင်းများအား အကောင်းဆုံး ဆက်သွယ်ရေးဆိုင်ရာဝန်ဆောင်မှုများကို ပေးအပ်လာသည်မှာ မကြာသေးမီက (၇)နှစ်မြောက်သို့ ရောက်ရှိခဲ့ပြီး အောင်မြင်မှု မှတ်တိုင်တစ်ခု အဖြစ်စိုက်ထူနိုင်ခဲ့ပြီ ဖြစ်သည်။ အဆိုပါ (၇) နှစ်မြောက်သို့ ရောက်ရှိခြင်း အောင်မြင်မှု အထိမ်းအမှတ်အနေဖြင့် MPT သည် ကံထူးရှင်အဖြစ် ရွေးချယ်ခြင်းခံရမည့် သုံးစွဲသူ (၇) ဦး ၏ အိပ်မက်များကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရန် “အနာဂါတ်တွေ ပုံဖော်ဖို့ ရွှေအိပ်မက်နဲ့ ရှယ်လန်းစို့”အစီအစဉ်ကို ကျင်းပဆောင်ရွက်လိုက်သည်။ ကံထူးဆုရရှိသူများသည် ၎င်းတို့၏ အိမ်မက်များကို အမှန်တကယ် အကောင်အထည်ဖော်နိုင်ရန် အများဆုံး ငွေကျပ် သိန်း (၅၀၀) စီ အထိ ရရှိမည်ဖြစ်ပါသည်။
အဆိုပါ အစီအစဉ်တွင် စိတ်ပါဝင်စားသော MPT သုံးစွဲသူများအနေဖြင့် https://www.facebook.com/mptGoldendream Facebook Page မှတစ်ဆင့် “ရွှေအိပ်မက်” အစီအစဉ်သို့ဝင်ရောက်ပြီး Facebook Messenger ကိုအသုံးပြုကာ ၎င်းတို့၏ အိပ်မက်များကို တင်သွင်းရမည်ဖြစ်သည်။
“ရွှေအိပ်မက် အစီအစဉ်နဲ့အတူ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို သူတို့ရဲ့ စိတ်အားထက်သန်မှုနဲ့ အိပ်မက်တွေကို ဖော်ထုတ်ပြသနိုင်ဖို့အတွက် အားပေးအားမြှောက်ပြုချင်ပါတယ်။ MPT မှာလည်း ကျွန်တော်တို့ရဲ့ မျှော်မှန်းချက် အိပ်မက်တွေက ကန့်သတ်ထားတဲ့ဘောင်တွေကနေ ကျော်လွှားနိုင်ဖို့ ကျွန်တော်တို့ကို တွန်းအားဖြစ်စေပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို သူတို့ရဲ့ စိတ်ကူးယဉ်အိပ်မက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ မြန်မာနိုင်ငံ အနှံ့အပြားမှာ ခိုင်မာတဲ့ လူမှုအဖွဲ့အစည်းတွေအဖြစ် ဖော်ဆောင်နိုင်ဖို့အတွက် ကျွန်တော်တို့က ဒီအစီအစဥ်ကနေတစ်ဆင့် ကူညီ ထောက်ပံ့လိုက်တာဖြစ်ပါတယ်” ဟု MPT-KSGM JO ၏ Chief Commercial Officer ဖြစ်သူ Mr. Tetsunori Nagashima က ပြောကြားခဲ့သည်။
MPT မှ သုံးစွဲသူများအားလုံးကို ၎င်းတို့၏ စိတ်ကူးစိတ်သန်း၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် ဇွဲလုံ့လရှိမှုကို ပြသရန်နှင့် ၎င်းတို့၏ စိတ်ကူးယဉ်အိပ်မက်များကို အောက်တွင်ဖော်ပြပေးထားသော အမျိုးအစားများဖြင့် ပါဝင်နိုင်ရန် တိုက်တွန်း လိုက်ပါသည်။
၁။ လုပ်ငန်းအသစ်အတွက်ထောက်ပံ့ခြင်း (မိမိကိုယ်တိုင်အတွက်)
၂။ ရပ်ရွာအဖွဲ့အစည်းများအတွက် ကူညီထောက်ပံ့ခြင်း
၃။ မိသားစု

အစီအစဉ်တွင် ပါဝင်ခွင့်ရရှိသူများအားလုံးကို MPT မှ ကံစမ်းမဲနိုက်ကာရွေးချယ်ပေးသွားမည်ဖြစ်ပြီး ကံထူးရှင် (၇) ဦးအား ရွေးချယ်ကာ ဆုချီးမြှင့်သွားမည်ဖြစ်သည်။ MPT သုံးစွဲသူများအနေဖြင့် မှန်ကန်တိကျသော ကိုယ်ရေး အချက်အလက်များနှင့် MPT ဆင်းမ်ကတ်ကို မှတ်ပုံတင်ထားပြီး ပါဝင်လျှောက်ထားရန်လိုအပ်ပါသည်။ ပြိုင်ပွဲဝင် စည်းမျဉ်းစည်းကမ်းများကို https://www.facebook.com/mptGoldendream တွင် ကြည့်ရှုနိုင်ပါသည်။
MPT သုံးစွဲသူများသည် ၎င်းတို့၏အိပ်မက်များကို အောက်တိုဘာ (၇) ရက်နေ့အထိ တင်သွင်းနိုင်မည်ဖြစ်သည်။ အဆိုပါအစီအစဉ်ကို ၃ ပတ်ကြာ ဆောင်ရွက်သွားမည် ဖြစ်ပြီး အိပ်မက်များကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ “ရွှေအိပ်မက်”အစီအစဉ်ကို အခမဲ့ပါဝင်နိုင်ပြီး အခကြေးငွေပေးဆောင်ရန် မလိုအပ်ပေ။ ကံထူးဆုရရှိသူများကို ၂၀၂၀ ခုနှစ် အောက်တိုဘာလ အတွင်းတွင် ကြေညာပေးသွား မည် ဖြစ်သည်။
လူသားတို့၏ သမိုင်းကြောင်း တစ်လျှောက်ကိုဆန်းစစ်ရပါက ကမ္ဘာ့အကြီးကျယ်ဆုံးသော တီထွင်မှုများမှာ စိန်ခေါ်မှုများရှိနေသည့် ကာလများတွင် ဖန်တီးခဲ့ကြခြင်း ဖြစ်ပြီး ယခုလို MPT ၏ ထူးခြားသည့် အစီအစဉ်မှာလည်း ကိုဗစ်-၁၉ ကူးစက်ရောဂါကို ရင်ဆိုင်တွန်းလှန် နေရသော မြန်မာနိုင်ငံသားများအတွက် ပျော်ရွှင်မှုနှင့် မျှော်လင့်ချက်များရရှိစေကာ တစ်နည်းအားဖြင့် မိမိတို့နေအိမ်တွင် နေထိုင်စဉ် တီထွင်ကြံဆမှုနှင့် အိမ်မက်များအကောင်အထည်ဖော်ရန် အားပေးနေခြင်းလည်းဖြစ်သည်။
“ရွှေအိပ်မက်” အစီအစဉ်အကြောင်း အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍ သော် လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ် စာမျက်နှာဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

MPT က အောက်မြန်မာပြည်ရှိကျောင်းများတွင်အထောက်အပံ့ကောင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည့် သူနာပြုသိပ္ပံဘွဲ့(ပေါင်းကူး)(Off-Campus) အစီအစဉ်အတွက် ကူညီပံ့ပိုးမှုများအား တိုးချဲ့လုပ်ဆောင်

(မြန်မာနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပညာ‌ရပ်များ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုအတွက် MPT ၏ ရေရှည်ရည်မှန်းချက်များအား အကောင်အထည်ဖော်နိုင်မည့် ဆောင်ရွက်ချက်တစ်ခုပင်ဖြစ်သည်)

(ရန်ကုန်၊ ၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်) – မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အား အထောက်အပံ့ ပြုစေနိုင်ရန်အတွက် ဆန်းသစ်ဆောင်ရွက်ထားသည့် သူနာပြုသိပ္ပံဘွဲ့(ပေါင်းကူး)(Off-Campus) အစီ အစဥ်တွင် ပါဝင်သော အထက်မြန်မာပြည်ရှိ သူနာပြုသင်တန်းကျောင်းများနှင့် ပူးပေါင်းကာ တိုးချဲ့ ဆောင်ရွက်လိုက်ပြီ ဖြစ်ပါသည်။ ယခုနှစ်တွင်ထပ်မံတိုးချဲ့လိုက်သည့် အထောက်အပံ့ပြု ဆောင်ရွက်ချက် များအရ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်နှင့် မန္တလေးတိုင်းတို့ရှိ သူနာပြု တက္ကသိုလ်/သင်တန်းကျောင်း ၁၀ ကျောင်းအနေဖြင့် အကျိုးကျေးဇူးများ ဖြစ်ထွန်းစေမည် ဖြစ်သည်။

ယခုလို သူနာပြုတက္ကသိုလ် (ပေါင်းကူး) Off-Campus အစီအစဥ်သို့ အထောက်အပံ့ပြု ဆောင်ရွက်ခြင်းနှင့်အတူ MPT သည် E-learning ကဏ္ဍကို တိုးတက်စေရန်နှင့် ခေတ်မီဆေးဘက်ဆိုင်ရာ ပညာသင်ကြားရေး လုပ်ငန်းစဥ်များ တိုးတက်စေရေးတို့တွင် တက်ကြွစွာ ပူးပေါင်း ပါဝင်လှုပ်ရှား လျက်ရှိသည်။ ယခုစီမံချက်ကို အောင်မြင်စွာ အကောင်အထည်ဖော် လည်ပတ်နိုင်စေရန် MPT အနေဖြင့် ဖိုင်ဘာအင်တာနက် နှင့် ဗွီဒီယို ကွန်ဖရင့် သင်ကြားရေးတွင် အသုံးပြုရန်အတွက် လိုအပ်သော ဆက်စပ်ပစ္စည်း ထောက်ပံ့ပေး ခြင်းနှင့် လိုအပ်သော ကွန်ပျူတာများပေးအပ်ခြင်း၊ အင်တာနက်လိုင်းများသွယ်တန်းပေးခြင်း နှင့် Wi-Fi ချိတ်ဆက်ရန်အတွက် router များ ထားရှိပေးခြင်း အစရှိသည်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ လွန်ခဲ့သည့်နှစ်နှစ်တာ ကာလအတွင်း ယခုလို အထောက်အပံ့များအတွက် MPTမှ စုစုပေါင်းအနေဖြင့် ကျပ်သန်း (၂၀၀) ကျော်အား သုံးစွဲခဲ့ပြီးဖြစ်သည်။ နိုင်ငံတစ်ဝန်းလုံးတွင် ပညာ‌ရေးဆိုင်ရာ အရင်းအမြစ်များနှင့် ဆက်သွယ်ရေးဆိုင်ရာ လိုအပ်ချက်များကို လက်လှမ်းမီရရှိနိုင်ရေးမှာ MPT ၏ စုံလင်လှသည့် တာဝန်သိ လူမှု အကျိုးပြု လုပ်ငန်းစဥ်များတွင် ရည်ရှည်တည်တံ့ဆောင်ရွက်နိုင်မည့် သန္နိဌာန်များ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါသည်။
MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနမှ အရာရှိချုပ် ဖြစ်သူ Mr. Koichi Kasuya မှ “ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်လာတဲ့ အခြေအနေတွေအရ ပညာရေးအဖွဲ့အစည်း တွေအနေနဲ့ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးတွေ ဆောင်ရွက်နိုင်ဖို့နဲ့ ဆန်းသစ်မှုရှိတဲ့ ဝက်ဘ် အခြေစိုက် ပညာရေး အစီအမံတွေကို ဆောင်ရွက်နိုင်ဖို့ အလျင်အမြန် လိုအပ်နေတယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အရည်အချင်းပြည့်မီတဲ့ သူနာပြု ဆရာ ဆရာမတွေနဲ့ အားဖြည့်ပံ့ပိုးပေးနိုင်ဖို့အတွက် MPT အနေနဲ့ ၂၀၁၉ ခုနှစ်ကစပြီး သူနာပြု ကျောင်းတွေ/တက္ကသိုလ်တွေနဲ့ အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ အခုနှစ်မှာတော့ အထက် မြန်မာပြည်မှာရှိတဲ့ အွန်လိုင်းအခြေပြု လေ့ကျင့်သင်ကြားရေး အစီအစဉ်အတွက် ကျွန်တော်တို့ရဲ့ ကူညီထောက်ပံ့မှုတွေကို တိုးချဲ့ ဆောင်ရွက်လိုက်တာပါ။ ဒါဟာ မြန်မာနိုင်ငံရဲ့ ပညာ‌ရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့ ဒီဂျစ်တယ်နဲ့ပတ်သက်တဲ့ ကျွမ်းကျင်မှုတွေ ဆက်လက်အားပေး မြှင့်တင်သွားနိုင်ဖို့ ကျွန်တော်တို့ရဲ့ သန္နိဌာန်တစ်ခုပဲ ဖြစ်ပါတယ်” ဟု ပြောကြားသွားခဲ့သည်။

ဆက်လက်ပြီး သူနာပြုတက္ကသိုလ်(မန္တလေး) ၏ ပါမောက္ခချုပ်ဖြစ်သူ ပါမောက္ခဒေါ်ခင်ဝင်းစိန်မှ “ကျွန်မတို့ အနေနဲ့ ကျောင်းသားကျောင်းသူတွေကို သူတို့ရဲ့နေအိမ်ကနေ အဆင်ပြေပြေနဲ့ သူနာပြုပညာရပ်တွေကို လက်လှမ်းမီ သင်ယူနိုင်ဖို့အတွက် e-learning ပို့ချချက်တွေကို စီစဉ်ပေးနိုင်ခဲ့ပြီး အခုဆိုရင်တော့ ကျွန်မတို့ရဲ့ အစဉ်အလာကြီးမားတဲ့ ကျောင်းကြီးမှာ အွန်လိုင်းကနေတစ်ဆင့် သင်ကြားပေးနိုင်ပြီဖြစ်တဲ့အတွက် တကယ်ကိုပဲ ဝမ်းသာ အားရကျေနပ်မိပါတယ်။ ကျွမ်းကျွမ်းကျင်ကျင် လေ့ကျင့်သင်ကြားပေးထားတဲ့ သူနာပြုဆရာဆရာမတွေလို ရှေ့တန်းကဆောင်ရွက်နေတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေမှာ လူနာအားလုံး အတွက် အဓိကကျတဲ့ သော့ချက်တစ်ခုဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းစဉ်မှာလည်း အခြေခံအုတ်မြစ်တစ်ခုအဖြစ် ဖြစ်စေမှာပါ။ အခုလို ဒီဂျစ်တယ် နည်းပညာတွေကို အသုံးချနိုင်တာက သူနာပြုတက္ကသိုလ် ကျောင်းသားကျောင်းသူတွေ အားလုံးအတွက် အဆင်ပြေပြေနဲ့ လေ့လာဆည်းပူးနိုင်တဲ့ ပညာရေးစနစ်ကို ကုန်ကျစရိတ် သက်သာစွာနဲ့ ရရှိနိုင်မှာဖြစ်နိုင်သလို လူတိုင်းကို ဘေးကင်းလုံခြုံစေဖို့လည်း အကူအညီ ဖြစ်နိုင်မှာပါ” ဟု ထပ်လောင်း ပြောကြားခဲ့သည်။

ယခုလို အထောက်အပံ့အစီအစဉ်ကို စတင်ခဲ့ချိန် ၂၀၁၉ ခုနှစ်မှစ၍ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတို့မှ ထောင် ပေါင်းများစွာသော သူနာပြုကျောင်းသားကျောင်းသူများအနေဖြင့် အကျိုးကျေးဇူးများရရှိ နိုင်ခဲ့သည့် အပြင် ကိုဗစ်-၁၉ အခြေအနေတွင် သူနာပြုကျောင်းများနှင့် ဆေးရုံများအကြား ဆက်သွယ်ရေးကိုလည်း အထောက်အကူ ပြုနိုင်ခဲ့သည်။ ဤအစီအစဉ်ကို မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် တိုးချဲ့လိုက်ခြင်း ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပညာ‌ရေးကဏ္ဍများတွင် နည်းပညာကို ပိုမိုကျယ်ပြန့်စွာ အသုံးချ နိုင်ရန်နှင့် ဒီဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ အသိပညာများကို ဆက်လက်အားပေးမြှင့်တင်နိုင်စေမည် ဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ သူနာပြုသိပ္ပံပညာရပ်အား တက်ရောက်ဆည်းပူးလျက်ရှိသော ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့နေထိုင်ရာ မည်သည့်အရပ်ဒေသတွင်မဆို ယခုကဲ့သို့သော ဆန်းသစ် တီထွင်ထားသည့် အစီအစဉ်မှတစ်ဆင့် အကျိုးကျေးဇူးကောင်းများရရှိနိုင်မည်အပြင် လေ့ကျင့်သင်ကြားရေး လုပ်ငန်းတို့တွင်လည်း ကုန်ကျ စရိတ်များ သက်သာနိုင်စေမည်ဖြစ်သည်။

MPT ၏ လူမှုအကျိုးပြုလှုပ်ရှားမှုများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များအား ပိုမိုသိရှိလိုပါက http://mpt.com.mm/en/about-home-en/csr-activities/ သို့ ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

ရန်ကုန်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၂) ဦး ၌ COVID-19ထပ်မံ စစ်ဆေးတွေ့ရှိရကြောင်း အသိပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မရမ်းကုန်းရုံး နှင့် ပုဇွန်တောင်ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၂) ဦး၌ COVID-19 ရောဂါပိုး ထပ်မံ စစ်ဆေး တွေ့ရှိရကြောင်း နှင့် ယခုစစ်ဆေးတွေ့ရှိခဲ့သည့် ဝန်ထမ်း ၂ ဦးသည် သုံးစွဲသူများနှင့် တိုက်ရိုက်ထိတွေ့မှုရှိခဲ့ခြင်းမရှိဘဲ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၃ ရက်တွင် ဆေးကုသမှု ခံယူနေပြီ ဖြစ်ကြောင်း MPT က အတည်ပြုထုတ်ပြန်လိုက်ပါသည်။

မိမိတို့အနေဖြင့် COVID-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေးကော်မတီ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ညွှန်ကြားချက်များနှင့်အညီ_

• ရောဂါပိုးတွေ့ရှိရသူဝန်ထမ်းနှင့်အနီးကပ်ထိတွေ့မှုရှိခဲ့သူများအား စိစစ်ခြင်း
• ရောဂါပိုးကူးစက်ခံရသည့် ဝန်ထမ်းနှင့် အနီးကပ်ထိတွေ့ခဲ့သည့် လုပ်ဖော်ကိုင်ဖက်များအားလုံးကို မိမိတို့အိမ်တွင် နေထိုင်ခြင်းဖြင့် ၂၁ ရက်ကြာ အသွားအလာ ကန့်သတ်မှု ဆောင်ရွက်ထားပါသည်။
• အနီးကပ်ထိတွေ့ခဲ့သူဝန်ထမ်းများ၏ ကျန်းမာရေး (ကိုယ်အပူချိန် နှင့် ရောဂါလက္ခဏာပြခြင်း) စောင့်ကြည့် လေ့လာချက်များကို စောင့်ကြည့်/ အစီရင်ခံခြင်း နှင့်
• အဆိုပါဝန်ထမ်းများတာဝန်ထမ်းဆောင်သော လုပ်ငန်းခွင်နေရာကို ပိုးသတ်ဆေးဖြန်းခြင်း တို့ကို ဆောင်ရွက်ပြီးဖြစ်ပါသည်။

မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် တာဝန်ရှိသူများ၏ ညွှန်ကြားချက်များ အတိုင်း လျင်လျင်မြန်မြန်ထိထိရောက်ရောက် လိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ရောဂါပိုးတွေ့ရှိရသူဝန်ထမ်းနှင့် အတူတကွ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၊ အနီးကပ်ထိတွေ့မှုရှိသူ ဝန်ထမ်းများကို အလုပ်ခွင်တွင် အချိန်မည်မျှကြာကြာအတူတကွ အလုပ်လုပ်ခဲ့သည်ဖြစ်စေ နောက်ဆုံး ထိတွေ့ခဲ့သည့် ရက်မှစ၍ ၂၁ ရက်တိတိ အသွားအလာ ကန့်သတ်မှု ဆောင်ရွက်လျက်ရှိပါသည်။ မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီလိုက်နာကာ အဆိုပါဝန်ထမ်းများနှင့် အနီးကပ်ထိတွေမှုရှိသည့် ဝန်ထမ်းများ စာရင်းကို ပြုစုပြီး မရမ်းကုန်းရုံး နှင့် ပုဇွန်တောင်ရုံးများကိုလည်း ပိုးသတ်ဆေးဖြန်းခြင်းကို ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။
မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းအတွင်းနှင့် လုပ်ငန်းပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် အခုလို COVID-19 ကူးစက်မှုအရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသောအခန်းဏ္ဍ ဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ယခုလိုဖြစ်ရပ်များအတွက် မိမိတို့၏ ဝန်ဆောင်မှုကိုသုံးစွဲသူများနှင့် စီးပွားဖက်လုပ်ငန်းများတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့် အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။