ရန်ကုန်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း၌ COVID-19 ရောဂါ စစ်ဆေးတွေ့ရှိရကြောင်း အသိပေးခြင်း

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃ ရက်) ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်အောင်ကျော်လမ်းရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၃) ဦး၌ COVID-19 ရောဂါပိုး စစ်ဆေး တွေ့ရှိရကြောင်း နှင့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃ ရက်တွင် ဆေးကုသမှု ခံယူနေပြီ ဖြစ်ကြောင်း MPT က အတည်ပြုထုတ်ပြန်လိုက်ပါသည်။

မိမိတို့အနေဖြင့် COVID-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေးကော်မတီ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ညွှန်ကြားချက်များနှင့်အညီ_

• ရောဂါပိုးတွေ့ရှိရသူဝန်ထမ်းနှင့်အနီးကပ်ထိတွေ့မှုရှိခဲ့သူများအား စိစစ်ခြင်း
• ရောဂါပိုးကူးစက်ခံရသည့် ဝန်ထမ်းနှင့် အနီးကပ်ထိတွေ့ခဲ့သည့် လုပ်ဖော်ကိုင်ဖက်များအားလုံးကို မိမိတို့အိမ်တွင် နေထိုင်ခြင်းဖြင့် ၂၁ ရက်ကြာ အသွားအလာ ကန့်သတ်မှု ဆောင်ရွက်ထားပါသည်။
• အနီးကပ်ထိတွေ့ခဲ့သူဝန်ထမ်းများ၏ ကျန်းမာရေး (ကိုယ်အပူချိန် နှင့် ရောဂါလက္ခဏာပြခြင်း) စောင့်ကြည့် လေ့လာချက်များကို စောင့်ကြည့်/ အစီရင်ခံခြင်း နှင့်
• အဆိုပါဝန်ထမ်းများတာဝန်ထမ်းဆောင်သော လုပ်ငန်းခွင်နေရာကို ပိုးသတ်ဆေးဖြန်းခြင်း တို့ကို ဆောင်ရွက်ပြီးဖြစ်ပါသည်။

မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် တာဝန်ရှိသူများ၏ ညွှန်ကြားချက်များ အတိုင်း လျင်လျင်မြန်မြန်ထိထိရောက်ရောက် လိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ရောဂါပိုးတွေ့ရှိရသူဝန်ထမ်းနှင့် အတူတကွ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၊ အနီးကပ်ထိတွေ့မှုရှိသူ ဝန်ထမ်းများကို အလုပ်ခွင်တွင် အချိန်မည်မျှကြာကြာအတူတကွ အလုပ်လုပ်ခဲ့သည်ဖြစ်စေ နောက်ဆုံး ထိတွေ့ခဲ့သည့် ရက်မှစ၍ ၂၁ ရက်တိတိ အသွားအလာ ကန့်သတ် မှုဆောင်ရွက်ထားပါသည်။ မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီလိုက်နာကာ အဆိုပါဝန်ထမ်းများနှင့် အနီးကပ်ထိတွေမှုရှိသည့် ဝန်ထမ်းများကို ဖော်ထုတ်ခြင်းတို့ကို ဆောင်ရွက်နေပြီး ဗိုလ်အောင်ကျော်လမ်းရှိ MPT ရုံးခန်း တစ်ခုလုံးကိုလည်း ပိုးသတ်ဆေးဖြန်းခြင်း ကိုလည်း ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။

မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းအတွင်းနှင့် လုပ်ငန်းပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် အခုလို COVID-19 ကူးစက်မှုအရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသောအခန်းဏ္ဍ ဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ယခုလိုဖြစ်ရပ်များအတွက် မိမိတို့၏ ဝန်ဆောင်မှုကိုသုံးစွဲသူများနှင့် စီးပွားဖက်လုပ်ငန်းများတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့် အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။

MPT က သုံးစွဲသူများအတွက် MPT4U App မှတစ်ဆင့် ဒေတာအခမဲ့ဖြင့် ဂိမ်းကစားနည်းအတွေ့အကြုံများကို ရယူနိုင်ပြီဖြစ်ကြောင်း မိတ်ဆက်

(ရန်ကုန်၊ ၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၂ ရက်) မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT သည် MPT4U App ကို သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော ဒီဂျစ်တယ် ဖျော်ဖြေမှုများရရှိစေရန် အထူးဂိမ်းဝန်ဆောင်မှုကို ယနေ့တွင် မိတ်ဆက်ပေးခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ် မြန်မာတစ်နိုင်ငံလုံးရှိ MPT သုံးစွဲသူများသည် မည်သည့်ဒေတာအခကြေးငွေမျှ ပေးဆောင်စရာမလိုဘဲ စိတ်လှုပ်ရှား ပျော်ရွှင်ဖွယ်ရာများနှင့် ဆွဲမက်ဖွယ် ဂိမ်းကစားနည်းအတွေ့အကြုံများကို ရယူခံစားနိုင်မည်ဖြစ်သည်။

MPT သုံးစွဲသူများသည် MPT4U App ထဲသို့ အလွယ်တကူဝင်ရောက်ပြီး အခမဲ့ဂိမ်းများနှင့် ဝင်ကြေးပေးရသည့် ဂိမ်းများတွင် ပါဝင်ကစားနိုင်ပါသည်။ အခမဲ့ဂိမ်းများနှင့် ဝင်ကြေးပေးရသည့် ဂိမ်းများ၌ ဝင်ရောက်ကစား သူများသည် မိုဘိုင်းလ်ဒေတာအပိုဆုများနှင့် MPT ငွေဖြည့်ကုဒ်နံပါတ်များကဲ့သို့ အခြားသောဆုမဲပေါင်းများစွာကို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးရရှိမည်ဖြစ်သည်။ ထို့အပြင် ဂိမ်းကစားသူများအနေဖြင့် ဂိမ်းပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ကစားသမားများ၏ ရမှတ်များပေါ်မူတည်၍ အဆင့်သတ်မှတ်ချက်အတိုင်း ဒေတာ၊ ဖုန်းခေါ်ဆိုခွင့်၊ စာတိုမက်ဆေ့ချ် (SMS) အစရှိသည့် ဆုများအပြင် ဖုန်း၊ ရွှေဒင်္ဂါးပြားများစသည့် ဆုလက်ဆောင်များ ကိုလည်း ရယူနိုင်မည် ဖြစ်သည်။

မကြာသေးမီလတွေက ကျွန်တော်တို့ရဲ့သုံးစွဲသူတွေဟာ အိမ်ထဲမှာနေထိုင်ရတဲ့အချိန်မှာ ဂိမ်းကစားတာကို ဖျော်ဖြေမှုတစ်ခုအနေနဲ့ ပြောင်းလဲလာကြတာ တွေ့ရပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုနည်းလမ်းတွေကို သုံးစွဲသူတွေရဲ့ ပြောင်းလဲလာတဲ့ ကြိုက်နှစ်သက်မှု အပေါ်မှုတည်ပြီး လိုက်လျောညီထွေဖြစ်အောင် ပြန်လည် ပြင်ဆင်ရင်း သုံးစွဲသူတွေအတွက်  ဒီဂျစ်တယ်အတွေ့အကြုံကောင်းတွေကို ပေးစွမ်းနိုင်ရန်ရည်ရွယ်ပြီး MPT4U App ကနေတစ်ဆင့် အသစ်ထပ်မံ ဆန်းသစ်ထားတဲ့ ဂိမ်းဝန်ဆောင်မှုကို မိတ်ဆက်လိုက်ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအားလုံး ပျော်ရွှင်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ဂိမ်းဝန်ဆောင်မှုအသစ်ကို ရယူခံစားနိုင်ဖို့ MPT4U App ကို အခုပဲ ဒေါင်းလုတ်ရယူကြပါလို့  ဖိတ်ခေါ်ချင်ပါတယ်” ဟု MPT-KSGM JO စီးပွားရေးဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori Nagashima မှ ပြောကြားခဲ့ပါသည်။“

MPT4U App သည် MPT သုံးစွဲသူတိုင်းအတွက် မရှိမဖြစ်လိုအပ်သော အက်ပလီကေးရှင်းတစ်ခုဖြစ်သည်။ လက်ရှိတွင် MPT4U App သုံးစွဲသူ (၁၄) သန်းကျော်သည် အောက်ပါအချက်များအပါအဝင် ဒေတာဖိုးကုန်ကျစရာ မလိုဘဲ  အကျိုးကျေးဇူးကိုရရှိခံစားနိုင်ပြီဖြစ်သည်။

  • ဝယ်ယူထားသည့် packages များမှ ငွေလက်ကျန်နှင့် အသုံးပြုမှုများကို စစ်ဆေးခြင်း
  • ငွေဖြည့်ခြင်းနှင့် လက်ကျန်ငွေလွှဲပြောင်းခြင်း
  • Voice Pack , Data Pack ဝယ်ယူပြီး Tariff Plan ပြောင်းလဲခြင်း
  • ‘ယူထား’ ဝန်ဆောင်မှု (လက်ကျန်ချေးငွေဝန်ဆောင်မှု)
  • ‘ထိပေါက်’ကံစမ်းမဲအစီအစဉ်

MPT သုံးစွဲသူများအနေဖြင့် MPT4U App ကို *4040# သို့ခေါ်ဆိုကာ ဒေါင်းလုတ်ရယူနိုင်သည့် အပြင် iOS နှင့် Android ဗားရှင်းများအတွက် https://bit.ly/MPT4Ufree လင့်မှလည်း တိုက်ရိုက်ရှာဖွေကာ ရယူနိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

International Roaming FAQs mm

International Roaming

1.ပြည်ပခရီးထွက်ပါက ယခု မိမိလက်ရှိအသုံးပြုနေသောဖုန်းကို ယူဆောင်အသုံးပြုနိုင်ပါသလား?

ပြည်ပခရီးထွက်ပါက ယခု မိမိလက်ရှိအသုံးပြုနေသောဖုန်းကို ဆက်လက်သုံးစွဲနိုင်ပါပြီ။ GSM နှင့် WCDMA ကြိုတင်ငွေဖြည့်သုံးစွဲသူများမှာ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းတို့ကို လုပ်ဆောင်နိုင်ပါပြီ။ ဝန်ဆောင်မှုအား လျှောက်ထားရန် မလိုအပ်ပါ။ နိုင်ငံရပ်ခြားရောက်ရှိစဉ်         ဝန်ဆောင်မှုအား အသုံးပြုပါက မိမိနိုင်ငံတွင်း ကောက်ခံသည့်နှုန်းထားများနှင့် မတူညီပါ။

2. ပြည်ပနိုင်ငံတွေမှာ မိုဘိုင်းဖုန်းအသုံးပြုခြင်းအတွက် နှုန်းထားတွေ ဘယ်လောက်သတ်မှတ်ထားပါသလဲ။ MPT ကဒ်တွေကို ဘယ်နိုင်ငံတွေမှာ အသုံးပြုလို့ရပါသလဲ?

နိုင်ငံတကာဖုန်းခေါ်ဆိုမှုနှုန်းထားတွေနဲ့ ဖုန်းကဒ်အသုံးပြုနိုင်တဲ့နိုင်ငံအမည်တွေကို MPTဝက်ဆိုက်ရဲ့ နိုင်ငံတကာခေါ်ဆိုမှုဆိုင်ရာ စာမျက်နှာမှာ ဖော်ပြပေးထား ပါတယ်။http://mpt.com.mm/mm/home-mm/mobile-services-mm/roaming-international-calls-mm/  မှာ ကြည့်ရှုနိုင်ပါတယ်။

3. တစ်ယောက်ယောက်စီကို ဖုန်းခေါ်လိုက်တဲ့အခါမှာ တစ်ဖက်က ဖုန်းခေါ်ဆိုမှုကို ပြန်မဖြေဘဲ voice mail ဒါမှမဟုတ် ဖုန်းဖြေကြားစက် (answering machine) နဲ့ဖုန်းလက်ခံထားလိုက်ရင် ဖုန်းခေါ်ဆိုခ ပေးဆောင် ရမှာလား?

ဟုတ်ကဲ့၊ဖုန်းခေါ်ဆိုခ ပေးရမှာပါ။ လူကြီးမင်းရဲ့ ဖုန်းခေါ်ဆိုမှုကို voice mail ဒါမှမဟုတ် ဖုန်းဖြေကြားစက်က လက်ခံလိုက်ရင် ဖုန်းလက်ခံပြန်ကြားချိန်ပေါ်မူတည်ပြီး ၀န်ဆောင်ခ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

4. နိုင်ငံတကာဖုန်းခေါ်ဆိုခြင်း ဝန်ဆောင်မှုကနေ ဘယ်လိုဝန်ဆောင်မှုတွေရယူနိုင်ပါသလဲ?

ရယူနိုင်တဲ့ ၀န်ဆောင်မှုတွေကတော့ နိုင်ငံတွေနဲ့ အော်ပရေတာတွေပေါ် မူတည်ပြီး တစ်ခုနဲ့တစ်ခု မတူပါဘူး။ ရနိုင်တဲ့ ၀န်ဆောင်မှုတွေအတွက် MPTရဲ့ အော်ပရေတာ စာရင်းကို http://mpt.com.mm/wp-content/uploads/ 2016/08/ Outbound-Roaming-Operator-List-Eng.pdf  မှာ ကြည့်ရှုနိုင်ပါတယ်။

5. နိုင်ငံတကာဖုန်းခေါ်ဆိုခြင်း ဝန်ဆောင်မှုကို အသုံးပြုရာမှာ ငွေဘယ်လိုဖြည့်ရမှာလဲ?

စီဘီဘဏ် ငွေဖြည့်ဝန်ဆောင်မှု ဒါမှမဟုတ် credit transfer/top up transfer ကနေ တဆင့် လူကြီးမင်းအတွက် ငွေဖြည့်ပေးနိုင်တဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အသိမိတ်ဆွေတစ်ဦးဦး သို့မဟုတ် မိသားစုဝင်တစ်ဦးဦးကို အကူအညီတောင်းရမှာဖြစ်ပါတယ်။ MPT ရဲ့ နိုင်ငံတကာ ဖုန်းခေါ်ဆိုခြင်းဝန်ဆောင််မှုကို  ပြည်ပနိုင်ငံတစ်ခုခုကနေ အသုံးပြုမယ််ဆိုရင် လူကြီးမင်းရဲ့ ဖုန်းဘေလ်မှာ အနည်းဆုံး ကျပ် ၂၀,၀၀၀ဖြည့်ဖို့ အကြံပြုပါရစေ။

6. ပြည်ပနိုင်ငံတွေမှာ မိုဘိုင်းဖုန်းအသုံးပြုခြင်းအတွက် နှုန်းထားတွေ ဘယ်လောက်သတ်မှတ်ထားပါသလဲ။ MPT ကတ်တွေကို ဘယ်နိုင်ငံတွေမှာ အသုံးပြုလို့ပါသလဲ?

နိုင်ငံတကာဖုန်းခေါ်ဆိုမှုနှုန်းထားတွေနဲ့ ဖုန်းကဒ်အသုံးပြုနိုင်တဲ့နိုင်ငံအမည်တွေကို MPT ဝက်ဆိုက်ရဲ့ နိုင်ငံတကာခေါ်ဆိုမှုဆိုင်ရာ စာမျက်နှာမှာ ဖော်ပြပေးထား ပါတယ်။http://mpt.com.mm/mm/home-mm/mobile-services-mm/roaming-international-calls-mm/  မှာ ကြည့်ရှုနိုင်ပါတယ်။

7. တခြားနိုင်ငံတွေမှာ မိုဘိုင်းဖုန်းတွေကို သုံးစွဲရာမှာ ဖုန်းအဝင်လက်ခံခြင်းနဲ့ အဝင် မက်ဆေ့ချ်တွေ အပေါ်မှာ ဝန်ဆောင်ခ ကောက်ခံပါသလား?

ဖုန်းအဝင်လက်ခံခြင်းအတွက် ၀န်ဆောင်ခကောက်ခံပါတယ်။မက်ဆေ့ချ်အဝင် လက်ခံခြင်းအတွက်တော့ ၀န်ဆောင်ခ မပေးရပါဘူး။  ဒါပေမဲ့  ပြည်ပနိုင်ငံမှာ မ်ိုဘိုင်းဖုန်းကို အသုံးပြုနေတဲ့အချိန် မက်ဆေ့ချ်ပို့ခဲ့မယ်ဆိုရင်တော့ ၀န်ဆောင်ခ ပေးဆောင်ရမှာပါ။

8. နိုင်ငံတကာဖုန်းခေါ်ဆိုခြင်းဝန်ဆောင်မှုကို အသုံးပြုရာမှာ မိုဘိုင်းဖုန်းတွေကိုဘယ်လိုခေါ်ရမလဲ?

(IDD) (သို့) (+)၊ (သက်ဆိုင်ရာ နိုင်ငံကုဒ်) နှင့် (မိုဘိုင်းဖုန်းနံပါတ်ကို အရှေ့ဆုံးက သုည မပါဘဲ) နှိပ်ပြီး ခေါ်ဆိုနိုင်ပါတယ်။ ဥပမာ- မြန်မာမိုဘိုင်းဖုန်းနံပါတ်ကို ခေါ်မယ်ဆိုရင်  (၀၀ ဒါမှမဟုတ် +)၊ (၉၅) နှင့်  (မိုဘိုင်းဖုန်းနံပါတ်ကို အရှေ့ဆုံးက သုညမပါဘဲ) ခေါ်ဆိုရမှာပါ။ စင်ကာပူမိုဘိုင်းဖုန်းကို ခေါ်မယ်ဆိုရင်  (၀၀ ဒါမှမဟုတ် +)၊ (၆၅) နဲ့ (မိုဘိုင်းဖုန်းနံပါတ်ကို ရှေ့ဆုံးက သုညမပါဘဲ )ခေါ်ဆိုရမှာပါ။

9. MPT ရဲ့ Prepaid နဲ့ Postpaid ကတ်တွေအတွက် နိုင်ငံတကာဖုန်းခေါ်ဆိုခြင်း ဝန်ဆောင်မှုကို လျှောက်ထားတာတို့၊ ဝန်ဆောင်မှုစတင်ဖို့ activate လုပ်တာတို့ လိုအပ်ပါသလား?

ဟုတ်ကဲ့၊  Prepaid အသုံးပြုသူတွေကတော့  ၁၃၃၂ကို <RMV ON> လို့ ရိုက်ပို့ပေးဖို့ လိုပါတယ်။Post paid အသုံးပြုသူတွေကတော့  MPTဆိုင် ( MPT brand shop) တွေမှာ ၀န်ဆောင်မှုကို တောင်းခံဖို့လိုပါတယ်။ Corporate Post Paid သုံးစွဲသူတွေကတော့ account manager တွေကို ဆက်သွယ်နိုင်ပါတယ်။

10.Data Roaming Service ဆိုတာဘာလဲ?

Data Roaming Service ဆိုတာ တခြားနိုင်ငံက မိုဘိုင်းလ် ၀န်ဆောင်မှုကုမ္ပဏီ တစ်ခုခုရဲ့ ကွန်ယက်မှာ သင့်ရဲ့ မိုဘိုင်းလ်ဖုန်းကို အသုံးပြုနိုင်စေမယ့်ဝန်ဆောင်မှုပါ။  ဒီဝန်ဆောင်မှုကြောင့် သင်ပြည်ပနိုင်ငံတစ်ခုခု ရောက်နေတဲ့အချိန်မှာလည်း  MPT ကွန်ရက် အသုံးပြု အင်တာနက်ဆက်သွယ်မှု လိုအပ်တဲ့  အင်တာနက်နဲ့  Application တွေကို အသုံးပြုနိုင်သလို MPT အင်တာနက်ကွန်ရက်ပေါ်မှာ ဆက်ပြီးရှိနေနို်င်စေမှာပါ။ ဒီဝန်ဆောင်မှုအတွက် ကျသင့်ငွေကို MPT ကသုံးစွဲသူထံမှ ကောက်ခံသွားမှာ ဖြစ်ပါတယ်။

11. MPT ရဲ့ ကြိုတင်ငွေဖြည့်စနစ်သုံးဆင်းမ်ကတ်နဲ့လစဉ်ပေးစနစ်သုံး ဆင်းမ်ကတ်တွေမှာ International Roaming Service ကိုရယူဖို့ ဝန်ဆောင်မှုလျှောက်ထားရန် (သို့)activate လုပ်ရန်လိုအပ်ပါသလား?

ကြိုတင်ငွေဖြည့်စနစ်သုံးဆင်းမ်ကတ်အသုံးပြုသူတွေကတော့ ၁၃၃၂ သို့ RMDON ဟု စာတိုပေးပို့ပြီး ၀န်ဆောင်မှုကို ရယူနိုင်ပါတယ်။ဒီဝန်ဆောင်မှုကို ပိတ်ချင်တယ်ဆိုရင်  ၁၃၃၂ သို့ RMDOFF ဟု စာတိုပေးပို့ရမှာပါ။ လစဉ်ပေးစနစ်သုံးဆင်းမ်ကတ် အသုံးပြုသူတွေကတော့  MPT အမှတ်တံဆိပ်ဆိုင်တွေကနေတဆင့် လျှောက်ထားရမှာပါ။ Corporate Post Paid  သုံးစွဲသူတွေကတော့ သက်ဆိုင်ရာ B2B မန်နေဂျာကဆင့် ဆက်သွယ် လျှောက်ထားနိုင်ပါတယ်။

Getting Started faqs mm

Getting Started

1.MPT SIM Card တစ်ခုရဲ့စျေးနှုန်းကဘယ်လောက်လဲ။

MPT SIM Card တစ်ခုလျှင် ၁၅ဝဝကျပ်နှင့် ဝယ်ယူနိုင်ပါသည်။

2. MPT SIM Card စတင်သုံးစွဲပါက ဘယ်လိုလက်ဆောင်တွေရရှိနိုင်မှာပါလဲ။

SIM Card စတင်အသုံးပြုပြီး (၇)ရက်အတွင်း ပထမဆုံးတစ်ကြိမ် ဖုန်းငွေဖြည့်ပါက အပိုလက်ဆောင်များကို အောက်ပါအတိုင်းရရှိနိုင်မည်ဖြစ်ပါသည်။

ငွေဖြည့်ပမာဏ [ကျပ်]Main Balance [ကျပ်]ပထမဆုံးငွေဖြည့်လက်ဆောင်သက်တမ်းမှတ်ချက်
500 ကျပ်ငွေဖြည့်ပမာဏ 500 ကျပ်2GB + ရက်ပေါင်း ၉၀ ညဘက် Facebook အခမဲ့အသုံးပြုခွင့်၆၀ ရက်အကန့်အသတ်မရှိ Facebook App/ Browser မှ Facebook (ပြင်ပ links များမပါဝင်) နှင့် Messenger (Voice, Video calls များမပါဝင်) ကို ည၁၁နာရီမှ မနက်၇နာရီအထိ အခမဲ့အသုံးပြုနိုင်ပါသည်။
1000 ကျပ် နှင့်အထက်ငွေဖြည့်ပမာဏ500Ks + ရက်ပေါင်း ၉၀ ညဘက် Facebook အခမဲ့အသုံးပြုခွင့်
1099 ကျပ်2GB + 1000Ks + ရက်ပေါင်း ၉၀ ညဘက် Facebook အခမဲ့အသုံးပြုခွင့်

3. SIM Card ဖုန်းငွေဖြည့်အပိုလက်ဆောင်ကို ဘယ်သူတွေရရှိနိုင်မှာလဲ။

MPT SIM Card အသစ် GSM/WCDMA (Prepaid စနစ်) အသုံးပြုသူများသည် SIM Card စတင်အသုံးပြုပြီး (၇)ရက်အတွင်း ပထမဆုံးတစ်ကြိမ် ဖုန်းငွေဖြည့်ပါက ည ၁၁နာရီမှ မနက် ၇နာရီအထိ အခမဲ့ Facebook အသုံးပြုခွင့် အပါအဝင် ဖုန်းငွေဖြည့်အပိုလက်ဆောင်ကိုချက်ချင်း ရရှိမည်ဖြစ်ပါသည်။

4. SIM Card ဖုန်းငွေဖြည့်အပိုလက်ဆောင်ကို ဘယ်လိုအသုံးပြုနိုင်ပါသလဲ။

  • ဖုန်းငွေဖြည့်အပိုလက်ဆောင်ကို မည်သည့်ကွန်ယက် (မည်သည့် အော်ပရေတာ)ကိုမဆို ဖုန်းခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ အင်တာနက်အသုံးပြုခြင်းတို့အတွက် သုံးသလောက်ပေးနှုန်းထားများ အတိုင်း ရက်ပေါင်း(၆၀) အသုံးပြုနိုင်ပါသည်။
  • ရရှိထားသောဒေတာလက်ဆောင်(GB) ကို အင်တာနက်အသုံးပြုမှုအားလုံးအတွက် ရက်ပေါင်း(၆၀) အသုံးပြုနိုင်ပါသည်။
  • ည ၁၁နာရီမှမနက် ၇နာရီအထိ Facebook App/ Browser မှ Facebook နှင့် Messenger အခမဲ့ အသုံးပြုခွင့်ကို ရက်ပေါင်း(၉၀)အသုံးပြုနိုင်ပါသည်။
  • ငွေဖြည့်ပမာဏ (Main Balance) ကို မည်သည့်ဖုန်းဘေလ်အသုံးပြုမှုအတွက်မဆို ငွေဖြည့်သွင်းသည့်ရက်မှ (၃၆၅) ရက် အသုံးပြုနိုင်ပါသည်။

5. ပထမဆုံးတစ်ကြိမ် ၅၀၀ကျပ်ငွေဖြည့်သွင်းထားပါတယ်။ မည်သည့်အပိုလက်ဆောင်ရရှိမှာလဲ။

ပထမဆုံးတစ်ကြိမ် ၅၀၀ကျပ် ငွေဖြည့်သွင်းပါက ငွေဖြည့်ပမာဏ ၅၀၀ ကျပ်ကို (၃၆၅) ရက် အသုံးပြုနိုင်ပြီး ပထမဆုံးငွေဖြည့်လက်ဆောင်အနေဖြင့် အင်တာနက်အသုံးပြုမှုအားလုံးအတွက် 2GB ရက်ပေါင်း (၆၀) နှင့် ည ၁၁နာရီမှ မနက် ၇နာရီအထိ အခမဲ့ Facebook အသုံးပြုခွင့် ရက်ပေါင်း (၉၀) ရရှိအသုံးပြုနိုင်မည်ဖြစ်ပါသည်။

6. MPT SIM Card အသစ်ဝယ်ယူခဲ့ပါတယ်။ ဒါပေမယ့် စတင်အသုံးပြုပြီးနောက်(၇)ရက်အတွင်း ပထမဆုံးတစ်ကြိမ် ဖုန်းငွေဖြည့်တဲ့အခါမှာတော့ မည်သည့်အပိုလက်ဆောင်မှမရရှိပါဘူး။ ဘာဖြစ်လို့ပါလဲ? ဘယ်လို စုံစမ်းမေးမြန်းနိုင်ပါသလဲ?

MPT SIM Card အသစ် စတင်အသုံးပြုသူများသည် SIM Card ကို Activate ပြုလုပ်ပြီးမှသာ ဖုန်းငွေဖြည့်ခြင်းဖြင့် အပိုလက်ဆောင်ကိုရရှိနိုင်မည်ဖြစ်ပါသည်။
• SIM Card ကို Activate ပြုလုပ်ရန် – (*124#) ကို ရိုက်နှိပ်ခေါ်ဆိုခြင်း(သို့မဟုတ်) ဖုန်းတစ်ကြိမ်ခေါ်ဆိုခြင်း။
• 106 (Call Center) သို့ ဖုန်းခေါ်ဆို၍လည်း စုံစမ်းမေးမြန်းနိုင်ပါသည်။

7. ဆင်းကတ်အသစ်အတွက် ပထမဆုံးအကြိမ်ငွေဖြည့်ခြင်းဖြင့် ပထမဆုံးငွေဖြည့်လက်ဆောင်အပြင် အခြားငွေဖြည့်လက်ဆောင်များပါ ရရှိမှာပါလား။

မရရှိနိုင်ပါ။ ဆင်းကတ်အသစ်ဝယ်ယူ၍ စတင်အသုံးပြုပြီးနောက်(၇)ရက်အတွင်း ပထမဆုံးအကြိမ်ငွေဖြည့်ခြင်းဖြင့် ပထမဆုံးငွေဖြည့်လက်ဆောင်ကိုသာ ရရှိနိုင်မည်ဖြစ်ပါသည်။ စတင်အသုံးပြုပြီးနောက်(၇)ရက်ကျော်လွန်ပြီး ပထမဆုံးအကြိမ်ငွေဖြည့်ပါက ပထမဆုံးငွေဖြည့်လက်ဆောင်ကို ရရှိနိုင်မည်မဟုတ်ဘဲ အခြားငွေဖြည့်လက်ဆောင်များကို သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း ခံစားခွင့်ရှိမည်ဖြစ်ပါသည်။

8. MPT ဆင်းကဒ် ၀ယ်ဖို့ မည်သည့်အထောက်အထားလိုအပ်ပါသလဲ?

MPT ဆင်းကဒ်များကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ဖုန်းဟန်းဆက် အရောင်းဆိုင်များ၊ လျှပ်စစ်ပစ္စည်းအရောင်း ဆိုင်များ၊ ကုန်စုံဆိုင်နှင့်စတိုးဆိုင်များ အစရှိသည့်နေရာများတွင်လွယ်ကူစွာဝယ်ယူ ရရှိနိုင်မည်ဖြစ်သည်။ ဆင်းမ်ကတ်မှတ်ပုံတင်ရာတွင် အနည်းဆုံး နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် အခြားသောစိစစ်ရေး ကတ်၏ မိတ္တူ  (အကယ်၍ နိုင်ငံခြားသားဖြစ်ပါက နိုင်ငံကူးလက်မှတ်) တို့ကို ယူဆောင်လာရန် လိုအပ်ပါသည်။

9. APN setting ကိုဘယ်လိုရယူနိုင်မလဲ?

အင်တာနက် အသုံးပြုရန် APN ချိန်ညှိခြင်းရွှေစကား၊ ရှယ်ပြော(သို့) ဆွေသဟာကို ရယူခြင်းဖြင့် မြန်ဆန်သော အင်တာနက်ကို အလိုအလျှောက်ရရှိမည် ဖြစ်ပါသည်။

အလိုအလျှောက် APN Setting ဝန်ဆောင်မှုသည် GSM/WCDMAဖုန်းများအတွက်သာဖြစ်ပြီးCDMA

ဖုန်းများတွင်အသုံးပြုနိုင်မည်မဟုတ်ပါ။

အချို့သော Handset များတွင် Auto APN settingအား အလိုအလျောက်အသုံးပြုနိုင်ခြင်းမရှိပါ။ ထို့ကြောင့် APN setting ကို ကိုယ်တိုင်ရိုက်နှိပ်ရယူရမှာဖြစ်ပါတယ်။

Andriod ဖုန်းအသုံးပြုသူများ : Mobile Network > Access Point Name>Name – mptnet, APN – mptnet

iOS ဖုန်းအသုံးပြုသူများ : Setting > Cellular > Cellular Data Network > Name – mptnet, APN  mptnet

အင်တာနက်အားအသုံးပြုလိုခြင်းမရှိပါက mptnet အားပယ်ဖျက်ခြင်းဖြင့် APN settingအား ရပ်တန့်နိုင်ပါသည်။

အသုံးပြုသူအနေဖြင့် မည်ကဲ့သို့ပြုလုပ်ရမည် ကိုမသိရှိပါက “ Call Center 106” အားခေါ်ဆို မေးမြန်းနိုင်ပါသည်။

10. “Dear MPT customer, your handset is not configurable, remotely. Please ensure your APN is set to “mptnet”. Call 106 for assistance”. ဆိုတဲ့စာတိုကို လက်ခံရရှိပါတယ်။ အဲ့ဒီစာကဘာလဲ။

အချို့သော မိုဘိုင်းဟန်းဆက်များမှာ APN Setting ကို အလိုလျှောက်ရယူနိုင်ခြင်းမရနိုင်ပါ။ ဒါကြောင့် APN Setting ကို ကိုယ်တိုင် ရိုက်နှိပ်ပြီး ရယူရမှာဖြစ်ပါတယ်။ အကယ်၍ မိုဘိုင်းဖုန်းအသုံးပြုသူဟာ APN Setting မည်သို့ ချိန်ရမည်ကို မသိရှိပါက ဖုန်းနံပါတ် ၁၀၆သို့ ခေါ်ဆိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

11. “Thank you, your request is being processed. If you receive internet settings on your phone, please accept. If asked for a PIN, please use 3333.” ဆိုတဲ့စာတိုကို လက်ခံရရှိပါတယ်။ အဲ့ဒီစာကဘာလဲ။

အဆိုပါ စာတိုကို နှိပ်ခြင်းအားဖြင့် APN setting ကိုအလိုလျှောက်ရယူနိုင်ကြောင်း အသိပေးသည့် စာတိုဖြစ်ပါတယ်။

11. Internet Setting ဝန်ဆောင်မှုကို ဘယ်သူတွေက အကျုံးဝင်ပါသလဲ?

MPT GSM/WCDMA မိုဘိုင်းဖုန်းအသုံးပြုသူအားလုံးအကျုံးဝင်ပါတယ်။

12. အင်တာနက်ကို မသုံးချင်တော့ရင် ဘယ်လိုလုပ်ရမလဲ?

APN Setting ထဲမှ “mptnet” ကို ဖျက်ရမှာဖြစ်ပါတယ်။

13. ယခုရရှိမည့် Internet setting ဝန်ဆောင်မှုအတွက် ဝန်ဆောင်ခပေးရမှာလား?

မည်သည့်ဝန်ဆောင်ခမှ ပေးစရာမလိုပါ။

Billing New Service Policy FAQs mm version

ငွေပေးချေမှုဆိုင်ရာ မူဝါဒ အသစ်

၁။ မူဝါဒရဲ့ ရည်ရွယ်ချက်က ဘာလဲ?

မူဝါဒရဲ့ ရည်ရွယ်ချက်တွေကတော့ လစဉ် ပုံမှန်ငွေပေးဆောင်သော သုံးစွဲသူတွေအနေနဲ့ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အဆင်ပြေစွာ သုံးစွဲနိုင်စေရန်ရည်ရွယ်ပါသည်။

၂။ ဘယ်လိုဝန်ဆောင်မှုတွေက သက်ရောက်မှုရှိမှာလဲ?

မူဝါဒအသစ်သည် သုံးစွဲသူများအား ပေးထားသော B2C ဝန်ဆောင်မှုများဖြစ်သည့် GSM, CDMA, PSTN, ADSL, IP Star နှင့် FTTH တို့ဖြစ်သည်။

၃။ မူဝါဒကိုကျင့်သုံးခြင်းဖြင့် ဘယ်လိုအကျိုးသက်ရောက်မှုရှိမလဲ?

ဒီမူဝါဒကို ကျင့်သုံးခြင်းဖြင့် သတ်မှတ်ရက်အတွင်း ငွေပေးဆောင်ခြင်းမရှိသော သုံးစွဲသူများသည် ၎င်းတို့ ရယူထားသော ဝန်ဆောင်မှုများ ယာယီဆိုင်းငံ့ခံရခြင်း သို့မဟုတ် အပြီးပိတ်သိမ်းခံရခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

၄။ ဒီလိုမူဝါဒကိုသုံးစွဲသူတွေအပေါ်ကျင့်သုံးလို့ရပါသလား။?

ပိုမိုအရည်အသွေးကောင်းမွန်သော ဝန်ဆောင်မှုပေးရန်အတွက် Postpaid ဝန်ဆောင်မှုအား သုံးစွဲရန် လျှောက်ထားသော သုံးစွဲသူများအားလုံးတွင် ယခုကဲ့သို့သော မူဝါဒ ကျင့်သုံးရန်လိုအပ်သည်။ ဆက်သွယ်ရေး ဆိုင်ရာ ဝန်ဆောင်မှုပေးသော ဌာနများတွင်သာမက အခြား postpaid ဝန်ဆောင်မှုများဖြစ်သော ရေ၊ လျှပ်စစ်၊ ဂတ်စ် အစရှိသည့် ဌာနများတွင်လည်း ယခုကဲ့သို့ မူဝါဒရှိပါသည်။

၅။ ကျွန်ုပ်သည် ယာယီဆိုင်းငံခြင်းသို့မဟုတ် အပြီးပိတ်သိမ်းခြင်းစာရင်းတွင် မပါဝင်အောင် ဘယ်လိုလုပ်ရမလဲ?

၁၀၆ (call center) သို့မဟုတ် နီးစပ်ရာ TRA နှင့် commercial ရုံးများတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

၆။ ယာယီရပ်ဆိုင်းခြင်းခံရသော ဝန်ဆောင်မှုများကို ဘယ်လိုပြန်ဖွင့်ရမလဲ?

ငွေပေးချေရန် သတ်မှတ်ရက်လွန်နေသော ငွေတောင်းခံလွှာများ လက်ဝယ်ရှိပါကနီးစပ်ရာ MPT ၏ ငွေလက်ခံကောင်တာများ၊ စာတိုက်များ၊ ဘဏ်များဖြစ်ကြသည့် (KBZ/CB/AYA) ဘဏ်များ၊ MPT GSM ငွေဖြည့်ကဒ်ဖြင့် ပေးချေမှု နှင့် MPT မှသတ်မှတ်ထားသော တယ်လီဖုန်းဌာနများတွင် ပေးချေနိုင်မည် ဖြစ်သည်။ ထိုငွေတောင်းခံလွှာများ လက်ဝယ်မရှိပါက SMS (သို့) Email မှတစ်ဆင့် ရယူနိုင်ရန်အတွက် Call Center (106) သို့ ခေါ်ဆိုရယူနိုင်ပါသည် ။ FTTH Service အတွက် (2800) သို့ ခေါ်ဆိုနိုင်ပါသည်။ ထို ငွေပေးချေလွှာများအား အပြည့်အ၀ ပေးချေပြီးပါက ရပ်ဆိုင်းခံထားရသော ဝန်ဆောင်မှုများသည် အလုပ်ဖွင့်ရက်အနည်းငယ်အတွင်း ပြန်လည် အသုံးပြုလို့ရမည်ဖြစ်သည်။

၇။ အပြီးပိတ်သိမ်းခြင်းခံရသောဝန်ဆောင်မှုများကို ပြန်လည်အသုံးပြုရန် ဘယ်လိုလုပ်ရမလဲ?

ပြန်လည်အသုံးပြုရန်အတွက် လျှောက်ထားမည်ဆိုပါက နီးစပ်ရာ commercial ရုံးများသို့သွားရောက်ကာ ကနဦးအစမှ လျှောက်ထားသလို အစအဆုံးပြန်လည် လုပ်ဆောင်ရမည်ဖြစ်သည်။ အပြီးပိတ်သိမ်းလိုက်သော ဝန်ဆောင်မှုများကို ပြန်လည် အသုံးပြု၍မရပါ။ အသစ်မှစတင်၍ ပြန်လည် လျှောက်ထားရမည်ဖြစ်သည်။ သို့သော်လည်း သုံးစွဲသူ ယခင် အသုံးပြုခဲ့သော ဖုန်းနံပါတ်ကို ပြန်လည် ရယူနိုင်မည်ကိုမူ အာမခံနိုင်မည်မဟုတ်ပဲ အခြေအနေပေါ်မူတည်၍ ဖုန်းနံပါတ် အသစ် ဖြစ်သွား နိုင်မည် ဖြစ်သည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း၌ COVID-19 ရောဂါ စစ်ဆေးတွေ့ရှိရကြောင်း အသိပေးခြင်း

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦး၌ COVID-19 ရောဂါပိုး စစ်ဆေး တွေ့ရှိရကြောင်း နှင့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်တွင် ဆေးကုသမှု ခံယူနေပြီ ဖြစ်ကြောင်း MPT က အတည်ပြုထုတ်ပြန်လိုက်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် အဆိုပါရောဂါပိုး ကူးစက်ခံရသည့် ဝန်ထမ်းနှင့် ၎င်း၏ မိသားစုဝင်များ အတွက် အသွားအလာကန့်သတ်မှုဆောင်ရွက်ခံရစဉ် အခြေအနေတွင် အဆင်ပြေ ချောမွေ့စွာ နေထိုင်နိုင်ရန် အတွက် လိုအပ်သော ထောက်ပံ့မှုများကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မိမိတို့အနေဖြင့် COVID-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေးကော်မတီ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ညွှန်ကြား ချက်များနှင့်အညီ_

  • ရောဂါပိုးတွေ့ရှိရသူဝန်ထမ်းနှင့်အနီးကပ်ထိတွေ့မှုရှိခဲ့သူများအား စိစစ်ခြင်း
  • ရောဂါပိုးကူးစက်ခံရသည့် ဝန်ထမ်းနှင့် အနီးကပ်ထိတွေ့ခဲ့သည့် လုပ်ဖော်ကိုင်ဖက်များအားလုံးကို မိမိတို့အိမ်တွင် နေထိုင်ခြင်းဖြင့် ၂၁ ရက်ကြာ အသွားအလာ ကန့်သတ်မှု ဆောင်ရွက်ထားပါသည်။
  • အနီးကပ်ထိတွေ့ခဲ့သူဝန်ထမ်းများ၏ ကျန်းမာရေး (ကိုယ်အပူချိန်) စောင့်ကြည့် လေ့လာချက်များကို စောင့်ကြည့်/ အစီရင်ခံခြင်း နှင့်

အဆိုပါဝန်ထမ်း တာဝန်ထမ်းဆောင်သော လုပ်ငန်းခွင်နေရာကို ပိုးသတ်ဆေးဖြန်းခြင်းတို့ကို ဆောင်ရွက် သွားမည် ဖြစ်ပါသည်။
မိမိတို့တို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် တာဝန်ရှိသူများ၏ ညွှန်ကြားချက်များ အတိုင်း လျင်လျင်မြန်မြန်ထိထိရောက်ရောက် လိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းအတွင်းနှင့် လုပ်ငန်းပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် အခုလို COVID-19 ကူးစက်မှုအရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသောအခန်းဏ္ဍ ဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ယခုလိုဖြစ်ရပ်များအတွက် မိမိတို့၏ ဝန်ဆောင်မှုကိုသုံးစွဲသူများနှင့် စီးပွားဖက်လုပ်ငန်းများတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့် အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။