MPT မှ လုပ်ငန်းအတွင်း ကိုဗစ်-၁၉ ရောဂါ ထပ်မံစစ်ဆေးတွေ့ရှိမှု များ အတွက် လိုအပ်သည့် လုပ်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိ

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၃၀ ရက်

ပြည်တွင်းရှိ တာဝန်သိလုပ်ငန်းတစ်ခုဖြစ်သည့် MPT သည်ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ စာတိုက်ကြီးရုံး (ဖုန်းဘေလ်ဌာန)  တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းတွင် ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်၁၉ရောဂါ စစ်ဆေး တွေ့ရှိမှုနှင့် စပ်လျဉ်း၍ လိုအပ်သည့် အချက်အလက်များနှင့် ဆောင်ရွက်ရန်ရှိသည်များကို  နှောင့်နှေးမှုမရှိဘဲ လုပ်ဆောင်လျက်ရှိပြီး အဆိုပါ ဝန်ထမ်းသည် အောက်တိုဘာလ ၂၂ ရက်နေ့အထိ ရုံးတက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါသည်။

ထို့အပြင် မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်စဥ်ဆက်မပြတ် ဆက်သွယ်ကာ   ထိတွေ့မှု ရှိသူများကို ခြေရာခံခြင်းနှင့် အဆိုပါ ရောဂါကူးစက်မှု တွေရှိရခြင်းနှင့်အတူ ဆက်စပ်နိုင်သည့်  မိမိတို့၏သုံးစွဲသူများနှင့်ဝန်ထမ်းများအား ထောက်ပံ့ ကူညီဆောင်ရွက်သွား မည်ဖြစ်သည်။ အဆိုပါဝန်ထမ်းကို  ရောဂါကုသရေးဌာနသို့လွှဲပြောင်းပို့ဆောင်ခဲ့ပြီး  အပြည့်အဝ ပြန်လည် ကောင်းမွန်နိုင်ရန်အတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့်ကုသမှုများကို ဆောင်ရွက် လျက်ရှိပါသည်။ 

အဆိုပါအချိန်မတိုင်မီကပင် MPT Own Shop ဆိုင်များတွင် တိကျခိုင်မာသော ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ချက်များ ကို မိမိတို့၏ သုံးစွဲသူများနှင့် ဝန်ထမ်းများ၏  ကျန်းမာရေးနှင့် လုံခြုံစိတ်ချမှုတို့အတွက် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ကျင့်သုံးခဲ့ပါသည်။ 

မိမိတို့အကောင်အထည်ဖော်ခဲ့သောရောဂါ ကာကွယ်နိုင်ရေး အလေ့အကျင့်ကောင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။ 

  • ဆိုင်တွင်တာဝန်ထမ်းဆောင်နေစဥ်အတွင်းပါးစပ်နှင့် နှာခေါင်းစည်း၊ မျက်နှာအကာ အကွယ်တို့ကို ဝတ်ဆင်စေခြင်း 
  • မကြာခဏလက်ဆေးခြင်းနှင့်လူမှုစည်းခြားစနစ်များကျင့်သုံးခြင်း 
  • သုံးစွဲသူနှင့်ဝန်ထမ်းတို့အကြား အကာအကွယ်အလွှာများထားရှိခြင်း (မှန်အကာများ) မိမိတို့၏ ရုံးခန်းများ၊ ဆိုင်များနှင့်၊ ဖယ်ရီများ တွင် သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့်ပိုးသတ်ခြင်း 
  • ဆိုင်များတွင်လက်ဆေးရန်နေရာများထားရှိခြင်းနှင့်မကြာခဏ ကိုယ်အပူချိန်တိုင်းတာခြင်း 
  • အိမ်မှနေ၍အလုပ်လုပ်ကိုင်စေခြင်းအစီအစဉ်အားအကောင်အထည်ဖော်ဆောင်ရွက်ခြင်း 

    မိမိတို့အနေဖြင့် ကိုဗစ်၁၉  နှင့်ပတ်သက်သည့် နောက်ဆုံးရသတင်းများကို အနီးကပ်စောင့်ကြည့်ကာ MoHS  လမ်းညွှန်ချက်များကို အတိအကျလိုက်နာပြီး ဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကို လျော့ကျသွားစေရန်နှင့် နောက်ထပ် ရောဂါကူးစက်မှုများရှိလာပါကလည်း လိုအပ်သည့် ဆောင်ရွက်မှုများကို လုပ်ဆောင်သွားမည်ဖြစ်သည်။ MPT သုံးစွဲသူများအနေဖြင့်လည်း MoHS  လမ်းညွှန်ချက်များကို လိုက်နာပြီး ကိုဗစ်၁၉ ရောဂါပြန့်နှံ့မှုကို လျှော့ချနိုင်ရန် အတူတကွ ပူးပေါင်းဆောင်ရွက်ရန်ကိုလည်း အကြံပြုအပ်ပါသည်။ 

     သီတင်းကျွတ်ရုံးပိတ်ရက်ကာလတွင် MPT Own Shop ဆိုင်အများစုကိုခေတ္တပိတ်ထားချိန်တွင် MPT  ဝန်ဆောင်မှုများ ကို သုံးစွဲသူများ အနေဖြင့်  နေအိမ်၌ပင် MPT4U App အသုံးပြုခြင်း၊ MPT Call Center 106 နှင့် MPT Facebook messenger တို့မှတစ်ဆင့် အဆင်ပြေချောမွေ့စွာ ရယူသုံးစွဲနိုင်ပါသည်။ 

    MPTအနေဖြင့် လုံခြုံစိတ်ချရမှုရှိသည့် လုပ်ငန်းဆောင်ရွက်မှုများအားလုံးကို မြန်မာနိုင်ငံတစ်ဝန်း လုံးတွင်ဆက်လက်လည်ပတ် လုပ်ကိုင်လျက်ရှိပြီး “မြန်မာပြည်နှင့်အတူရှိနေမည်” ဆိုသည့် ကတိကဝတ်အတိုင်း အခက်အခဲများနှင့်ရင်ဆိုင်နေရသည့်ကာလများအတွင်း ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ထောက်ပံ့ပေးအပ်လျက်ရှိပါသည်။ 

    ယခုလိုဖြစ်ရပ်များအတွက် မိမိတို့၏ ဝန်ဆောင်မှုကိုသုံးစွဲသူများနှင့် စီးပွားဖက်လုပ်ငန်းများတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။ 

 

COVID-19 စစ်ဆေးတွေ့ရှိမှုအတွက် အသိပေးခြင်း

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၈ ရက်)

ပဲခူးတိုင်းဒေသကြီး ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၁)ဦး နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၃)ဦး စုစုပေါင်း ဝန်ထမ်း (၄)ဦးတို့တွင် COVID-19 ရောဂါပိုး ထပ်မံ စစ်ဆေး တွေ့ရှိရကြောင်း နှင့် ယခုစစ်ဆေးတွေ့ရှိခဲ့သည့် အဆိုပါ ဝန်ထမ်း (၄)ဦး သည် အိမ်တွင်နေထိုင်၍ လုပ်ငန်းလုပ်ကိုင်စေခြင်း (Work From Home) အစီအစဉ်ဖြင့် တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများဖြစ်ကာ သုံးစွဲသူများနှင့် တိုက်ရိုက်ထိတွေ့ခဲ့ခြင်းမရှိကြောင်း MPT က အတည်ပြု ထုတ်ပြန်လိုက်ပါသည်။

ယခုလို ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိရသည့် ဖြစ်ရပ်အတွက် မိမိတို့အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် တာဝန်ရှိသူများ၏ ညွှန်ကြားချက်များအတိုင်း လျင်လျင်မြန်မြန် ထိထိရောက်ရောက် လိုက်နာ ဆောင်ရွက်လျက်ရှိပါသည်။

မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းခွင်အတွင်းနှင့် လုပ်ငန်းခွင်ပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် အခုလို COVID-19 ကူးစက်မှု အရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသော အခန်းကဏ္ဍဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးကိုလည်း လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

ယခုလိုဖြစ်ရပ်များအတွက် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။

မြန်မာ့ရုပ်ရှင်ပညာ ထွန်းကားခြင်းနှင့် မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုသည့်အနေဖြင့် MPT နှင့် Cookie တို့ ပူးပေါင်းကာ Cookie Plan တစ်လတာအခမဲ့ကြည့်ရှုခွင့်နှင့် အထူးရုပ်ရှင်ဇာတ်ကားကောင်း ၃ ကားကို ဒေတာအခမဲ့ဖြင့် ကြည့်ရှုခံစားနိုင်ပြီ

(မိမိတို့၏နေအိမ်တွင်နေထိုင်ရင်း MPT ၏ အထူးပရိုမိုးရှင်းအစီအစဉ်များနှင့် အကျိုးခံစားခွင့်များကို ရယူကာ ပိုမိုကောင်းမွန်သော ဖျော်ဖြေရေးအစီအစဥ်များဖြင့် မိမိတို့၏ ဒီဂျစ်တယ်လူမှုဘဝများ ပိုမိုပြည့်စုံစေနိုင်မည်)

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၈ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT သည် ၎င်း၏ တန်ဖိုးထားလေးစားရသော သုံးစွဲသူများအားလုံးအတွက် ထပ်ဆောင်းအကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်ရန်အတွက် နာမည်ထင်ရှားသည့် Cookie နှင့် ပူးပေါင်း၍ ဆောင်ရွက်လိုက်ပြီဖြစ်ပါသည်။ ယခုအခါ MPT သုံးစွဲသူများအားလုံးသည် Cookie ဝန်ဆောင်မှုကို တစ်လတာ အခမဲ့ ကြည့်ရှုခွင့် နှင့် MPT Club အဖွဲ့ဝင်များအနေဖြင့်လည်း Cookie မှ သတ်မှတ်ထားသော အချိန်ကာလအတွင်း အထူးခံစားခွင့်များအား သီးသန့် ရရှိခံစားနိုင်ပြီ ဖြစ်သည်။

ယခုလို စိန်ခေါ်မှုများရှိနေသည့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း MPT သုံးစွဲသူများ၏ ဒီဂျစ်တယ် လူမှုဘဝများ ပိုမိုပြည့်စုံကြွယ်ဝစေရန်အတွက် ရည်ရွယ်ပြီး စိတ်လှုပ်ရှားဖွယ်ရာ ပရိုမိုးရှင်းအစီအစဥ်များနှင့် အထူးခံစားခွင့်များကို ဆက်လက်ပေးစွမ်းလျက်ရှိသည့် MPT အနေဖြင့် ယခုအစီအစဥ်အသစ်မှ တစ်ဆင့် စိတ်လှုပ်ရှားဖွယ်ရာ ဒီဂျစ်တယ်ဖျော်ဖြေရေး ကမ္ဘာသို့ ခေါ်ဆောင်ပေးသွားမည်ဖြစ်သည်။

Cookie သည် ရုပ်သံလိုင်းပေါင်း (၃၀၀)ကျော်အား နေရာမရွေးအချိန်မရွေး မိမိနှစ်သက်သည်တို့ကို စိတ်ကြိုက် ကြည့်ရှုနိုင်မည့် ယနေ့ခေတ်၏ ရုပ်မြင်သံကြား မိုဘိုင်းလ်အက်ပလီကေးရှင်း တစ်ခုဖြစ်သည်။ MPT Club အဖွဲ့ဝင်များအနေဖြင့် Cookie တွင် ပရီမီယံအဆင့် အထူးခံစားခွင့်များကို ရယူခံစားနိုင်ပါသည်။ MPT Club အဖွဲ့ဝင်များအတွက် အထူးသီးသန့် အနေဖြင့် မြန်မာရုပ်ရှင်ဇာတ်ကားများ ဖြစ်သော “ပွင့်တာအပြစ်လား” နှင့် “ရည်းစားက ရွှေမင်းသမီး မိန်းမက ဖတ်တီး” ဇာတ်လမ်းများကို အောက်တိုဘာလ (၂၆)ရက် နှင့် အသစ်ထွက်ရှိသော ကိုးရီးယားရုပ်ရှင် “EXIT” ကို အောက်တိုဘာလ (၂၃) ရက် တို့မှစတင်ကာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၃ ရက်အထိ ကြည့်ရှုနိုင်မည် ဖြစ်သည်။

ထို့အပြင် “မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ်” ကို ဂုဏ်ပြုသောအားဖြင့် Cookie App အသုံးပြုသူများ အနေဖြင့် Cookie App တွင် အထူးပရိုမိုကုဒ် ” MMFILM100” ကို ရိုက်ထည့်ပြီး “Cookie Plan” ကို တစ်လ အခမဲ့ ကြည့်ရှုနိုင်ပါသည်။ အဆိုပါဝန်ဆောင်မှု သုံးစွဲသူများသည် Cookie app ၏ “free movie zone” တွင် ရုပ်ရှင်နှင့် ရုပ်သံလိုင်းများကို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ အထူးပရိုမိုကုဒ်မှာ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၃၁) ရက် အထိသာ ဖြစ်ပြီး သုံးစွဲသူပေါင်း ၂ သန်းအထိ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

MPT-KSGM JO ၏ စီးပွားရေးဌာနကြီး၏ အရာရှိချုပ် ဖြစ်သူ Mr. Tetsunori Nagashima က “ကိုဗစ်-၁၉ ကပ်ရောဂါဟာ မြန်မာနိုင်ငံတစ်ဝန်းလုံးက ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေကို အများကြီး အကျိုးသက်ရောက်ခဲ့ပြီး ပြောင်းလဲစေခဲ့ပါတယ်။ MPT သုံးစွဲသူတွေအားလုံးအတွက် ရင်ခုန်စိတ်လှုပ်ရှားမှုများနှင့် စိတ်ခွန်အားမြှင့်တင်နိုင် ရန်အတွက် ထူးခြားကောင်းမွန်တဲ့ ဖျော်ဖြေရေးဝန်ဆောင်မှုတွေ နှင့် စိတ်ပျော်ရွှင်မှုနဲ့အကောင်းမြင်စိတ်တွေကို ပိုမိုခံစားနိုင်စေဖို့ ရည်ရွယ်ပြီးတော့ MPT က မိတ်ဖက်လုပ်ငန်းတွေနဲ့ အတူတူ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ အရင်နှစ်တွေနဲ့ မတူဘဲ ဒီနှစ်သီတင်းကျွတ်ကာလက ကိုယ့်ရဲ့နေအိမ်မှာပဲ နေနေရတဲ့အချိန်မှာ MPT သုံးစွဲသူတွေထဲက ရုပ်ရှင်ချစ်သူတွေအတွက် ပျော်ရွှင်အံ့ဩသွားစေမယ့် အစီအစဉ်အနေနဲ့ ဒီဂျစ်တယ် ဖျော်ဖြေမှုတွေကို ပိုပြီး ခံစားနိုင်စေဖို့ MPT က Cookie နဲ့ ပူးပေါင်းလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ချယုံကြည်ရတဲ့ MPT ရဲ့ မြန်နှုန်းမြင့် 3G/ LTE+ ကွန်ရက်ကနေတစ်ဆင့် အင်တာနက်သုံးရင်း ဒီဂျစ်တယ်အတွေ့အကြုံကောင်းတွေကို ရယူခံစားလိုတဲ့ MPT သုံးစွဲသူတွေအတွက် ဈေးနှုန်းသက်သာတဲ့ အင်တာနက်ပက်ကေ့ချ်တွေကိုလည်း အကောင်းဆုံးဝန်ဆောင်မှုပေးနေပါတယ်။ MPT သုံးစွဲသူတွေအားလုံး သီတင်းကျွတ်အခါသမယမှာ မိမိတို့ချစ်ခင်ရတဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ Cookie App မှာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ကြည့်ရင်း အားလုံးပဲ ပျော်ရွှင်စရာ သီတင်းကျွတ်အားလပ်ရက်များကို ပိုင်ဆိုင်ကြမယ်လို့ မျှော်လင့်ပါတယ်” ဟု အစီအစဉ်နှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြား သွားခဲ့ပါသည်။

“နေ့ရက်တိုင်းမှာ စိုပြေမှာ MPT Club ရဲ့စေတနာ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ MPT Club သည် သုံးစွဲသူများ၏ ဒီဂျစ်တယ်ဘဝများ ပိုမိုပြည့်စုံ ကြွယ်ဝစေရေးအတွက် မိတ်ဖက်လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့လုပ်ဆောင်ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသည့် အကျိုးခံစားခွင့်များ နှင့် အထူး အစီအစဉ်များကို ပြုလုပ်ပေးလျက် ရှိသည်။

MPT Club ဆိုသည်မှာ MPT သုံးစွဲသူများကိုကျေးဇူးတုံ့ပြန်သည့်အနေဖြင့် အကျိုးခံစားခွင့်များစွာကို ပြန်လည်ရရှိ နိုင်စေမည့် အစီအစဉ်တစ်ခု ဖြစ်သည်။ သန်းပေါင်းများစွာသော MPT Club အဖွဲ့ဝင်များအတွက် နာမည်ကျော် အမှတ်တံဆိပ်များ၏ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို သုံးစွဲရာတွင် ကုန်ကျစရိတ်ချွေတာနိုင်မည့် အထူးအစီအစဥ် များကို သီးသန့်အကျိုးခံစားခွင့်များ နှင့် ပိုမိုကောင်းမွန်သည့် အတွေ့အကြုံများ ရရှိခံစားနိုင်စေမည် ဖြစ်သည်။ MPT Club အဖွဲ့ဝင်အဖြစ် ဝင်ရောက်ပြီး ပွိုင့်များကို စုဆောင်းနိုင်ရန် 345 သို့ REG M/F သို့ F (ဥပမာ- REG F) ဟု စာတို (SMS) ပေးပို့ နိုင်ပါသည်။ MPT Club သို့ အဖွဲ့ဝင်ခြင်း အောင်မြင်ပါက MPT Club ပွိုင့် (၅၀) ကို ရရှိနိုင်ပြီး MPT4U Application တွင် နေ့စဉ် MPT Club Hti Pauk ဂိမ်းကစားခွင့်များကို ရရှိနိုင်မည် ဖြစ်သည်။

Cookie App ကို App Store နှင့် Google Play Store များမှ ဒေါင်းလုတ်ဆွဲ၍ အသုံးပြုနိုင်သည်။ Cookie TV ၏ ဝန်ဆောင်မှုများအကြောင်း အသေးစိတ်သိရှိလိုပါက Cookie TV ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖြစ်သော https://www.facebook.com/cookiemyanmar တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT ၏ နောက်ဆုံးထွက်ရှိထားသော ပရိုမိုးရှင်း နှင့် ဝန်ဆောင်မှုများအကြောင်း အသေးစိတ်စုံစမ်းလိုပါက Hotline ဖုန်းနံပါတ် 106 သို့ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖြစ်သော www.facebook.com/mptofficialpage တွင်လည်း ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

မိမိတို့ချစ်ခင်ရသူများအား ပက်ကေ့ချ်များကို လက်ဆောင်အဖြစ်ပေးတိုင်း ၁၀ ရာခိုင်နှုန်း အပိုဆောင်းငွေသား ပြန်လည်ရရှိနိုင်မည့် သီတင်းကျွတ်ပရိုမိုးရှင်း အစီအစဉ်ကို MPT က မိတ်ဆက်

(သီတင်းကျွတ်အခါသမယတွင် “ထောဘီ ၇ဆ” (သို့) “စုံစုံလင်လင်” ပက်ကေ့ချ်များဖြင့် မိမိတို့၏ ချစ်ခင်ရသူများအား လက်ဆောင်ပေးတိုင်း ၁၀ ရာခိုင်နှုန်း အပိုဆောင်းငွေသား ပြန်လည်ပေးအပ်ခြင်းဖြင့် MPT က သုံးစွဲသူများထံသို့ ကျေးဇူးတုံ့ပြန်လိုက်ပါသည်။)

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၈ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် ၎င်း၏ ဝန်ဆောင်မှုကို အစဉ်တစိုက်သုံးစွဲသူများအား ကျေးဇူးတုံ့ပြန် သည့်အနေဖြင့် သီတင်းကျွတ်အခါသမယတွင် အပိုဆောင်းငွေသားလက်ဆောင်များ ပြန်လည်ပေးအပ်သွား မည့် အထူးအစီအစဉ်တစ်ရပ်အား ယနေ့မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ ယခု အထူးပရိုမိုးရှင်း အစီအစဉ်အရ MPT ၏ ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ်များ ရယူထားသော GSM/WCDMA Prepaid နှင့် Postpaid စနစ် အသုံးပြုသူများသည် ကြိုက်နှစ်သက်ရာ “ထောဘီ ၇ဆ” (သို့) “စုံစုံလင်လင်” ပက်ကေ့ချ်များကို အခြား MPT သုံးစွဲသူများအား လက်ဆောင်အဖြစ်ပေးအပ်တိုင်း လက်ဆောင်ပေးသည့် ပက်ကေ့ချ် စျေးနှုန်း၏ ၁၀ ရာခိုင်နှုန်းကို အပိုဆောင်းငွေသား အဖြစ် ပြန်လည်ရရှိ မည်ဖြစ်သည်။
ယခုနှစ်သီတင်းကျွတ်ကာလမှာ ကိုဗစ်-၁၉ ရောဂါအခြေအနေများကြောင့် ယခင်နှစ်များနှင့်မတူဘဲ မိမိတို့နေအိမ်၌ပင် နေထိုင်နေရပြီး ချစ်ခင်ရသောမိသားစုဝင်များ၊ မိတ်ဆွေများနှင့် အွန်လိုင်းပေါ်မှသာ တွေ့ဆုံဆက်သွယ်နေရသော အချိန်ကာလဖြစ်သည်။ ယခုအခါတွင် MPT သုံးစွဲသူများအနေဖြင့် မိမိတို့၏ လေးစားချစ်ခင်ရသူများအား ပက်ကေ့ချ်များကို လက်ဆောင်အဖြစ်ပေးတိုင်း လက်ဆောင်ပေးသည့် ပက်ကေ့ချ်စျေးနှုန်း၏ ၁၀ ရာခိုင်နှုန်းကို အပိုဆောင်းငွေသား အထူး လက်ဆောင်အဖြစ်ပြန်လည်ရရှိနိုင်အောင် ဆောင်ရွက်ပေးထားခြင်းဖြစ်သည်။
MPT သုံးစွဲသူများသည် MPT4U Application မှတစ်ဆင့် လွယ်ကူရိုးရှင်းစွာဖြင့် မိမိလက်ဆောင်ပေးအပ်လိုသည့် ပက်ကေ့ချ်ကို ရွေးချယ်၍ လက်ဆောင်ပေးအပ်နိုင်မည် ဖြစ်သည့် အပြင် “ထောဘီ ၇ဆ” ပက်ကေ့ချ်ကို *700# သို့ ခေါ်ဆို၍သော်လည်းကောင်း (သို့မဟုတ်) “စုံစုံလင်လင်” ပက်ကေ့ချ်ကို *4998# သို့ခေါ်ဆို၍သော်လည်းကောင်း လက်ဆောင်ပေးပို့ နိုင်ပါသည်။
အဆိုပါအစီအစဉ်အတွက် ဝန်ဆောင်ခ ပေးအပ်ရန်မလိုဘဲ အကြိမ်အရေအတွက် အကန့်အသတ်မရှိ လက်ဆောင်ပေးပို့နိုင်ပြီး နောက်ဆုံးရရှိသော အပိုဆောင်းငွေသား လက်ဆောင် (Cashback) ၏ သက်တမ်းအထိ ပေါင်းစည်းသက်တမ်းတိုး အသုံးပြုနိုင်မည်ဖြစ်သည်။ အပိုဆောင်းငွေသားများကို သုံးသလောက် ပေးနှုန်းထားဖြင့် အင်တာနက်အသုံးပြုခြင်းများ၊ MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်းများအား သက်တမ်း (၅) ရက်အတွင်း အသုံးပြုနိုင်ပြီး ပရိုမိုးရှင်းကာလမှာ (၂၀၂၀) ပြည့်နှစ်၊ အောက်တိုဘာလ (၂၈) ရက်မှ နိုဝင်ဘာလ (၂) ရက် အထိ ဖြစ်သည်။

ပက်ကေ့ချ် အမည်ပက်ကေ့ချ် နှုန်းထားပရိုမိုးရှင်း
ခံစားခွင့်
ပြန်အမ်းငွေ ပမာဏအသုံးပြုနိုင်သည့် နည်းလမ်းများအသုံးပြုနိုင်သည့် သက်တမ်း

ထောဘီ ၇ဆ
၁,၁၁၁ ကျပ်
ပက်ကေ့ချ်စျေးနှုန်း၏ ၁၀% အပိုဆောင်းငွေသား
၁၁၁ ကျပ်
ဒေတာ အသုံးပြုခြင်းများ၊ MPT အချင်းချင်းဖုန်း ခေါ်ဆိုခြင်း နှင့် စာတိုပေးပို့ခြင်းများ

(၅) ရက်
၂,၂၂၂ ကျပ်၂၂၂ ကျပ်
၅,၅၅၅ ကျပ်၅၅၆ ကျပ်
စုံစုံလင်လင်၄,၉၉၈ ကျပ်၅၀၀ ကျပ်
MPT-KSGM JO ၏ စီးပွားရေးဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ ဦးကိုကိုအောင် က “ကျွန်တော်တို့ရဲ့ MPT သုံးစွဲသူတွေဆီကို သီတင်းကျွတ်လက်ဆောင်အနေနဲ့ ဒီ ၁၀ ရာခိုင်နှုန်း အပိုဆောင်းငွေသား ဆုလက်ဆောင် ပြန်လည်ပေးအပ်သွားမယ့် အစီအစဉ်ကို စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ MPT ရဲ့ “ထောဘီ ၇ဆ” နဲ့ “စုံစုံလင်လင်”ပက်ကေ့ချ်တွေက MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းနှင့် အင်တာနက်ဒေတာ အသုံးပြုမှုတွေအတွက် အသင့်တော်ဆုံးနှုန်းထားတွေနဲ့ အံသြဖွယ်ကောင်းတဲ့ ဝန်ဆောင်မှုတွေကို ပေးအပ်နေတာ ဖြစ်ပါတယ်။ အခုဆိုရင် မိမိတို့လေးစားချစ်ခင်ရသူတွေကို နှစ်သက်သလိုအသုံးပြုနိုင်တဲ့ ပက်ကေ့ချ်တွေကို လက်ဆောင်အဖြစ်ပေးရင်း သီတင်းကျွတ်အခါသမယမှာ မြန်မာ့ရိုးရာဓလေ့ ထုံးတမ်းနဲ့ အနှစ်သာရကို ဆက်လက်ထိန်းသိမ်းနိုင်မယ့်အပြင် MPT ရဲ့ ဖုန်းခေါ်ဆိုမှု နဲ့ အင်တာနက်ဒေတာ ဝန်ဆောင်မှုတွေကို သုံးစွဲရင်း ကိုယ်ချစ်ရတဲ့သူတွေနဲ့ အဆက်အသွယ်မပြတ်ရှိစေမှာပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
MPT ၏ လူကြိုက်များသော “စုံစုံလင်လင်”ပက်ကေ့ချ်သည် ဈေးကွက်ထဲတွင် သုံးစွဲသူများအတွက် တစ်နေရာ တည်းတွင် လိုအပ်ချက်များကို ပြည့်စုံစွာဖြည့်ဆည်းပေးနိုင်ပြီး အကျိုးခံစားခွင့်များ အရရှိနိုင်ဆုံးသော ပက်ကေ့ချ်တစ်ခု ဖြစ်သည်။ အဆိုပါ ပက်ကေ့ချ်ဖြင့် Facebook, Viber, Mobile Legends နှင့် JOOX ဒေတာများကို အကန့်အသတ်မရှိ စိတ်ကြိုက်အသုံးပြုနိုင်သည့်အပြင် အခြားအင်တာနက် အသုံးပြုမှု အားလုံးအတွက် ဒေတာ 2GB ၊ MPT ဖုန်းအချင်းချင်း အသင့်တော်ဆုံးနှုန်းထားဖြစ်သည့် ၁ မိနစ်လျှင် ၅ ကျပ်ဖြင့် ဖုန်းခေါ်ဆိုခွင့်၊ ဖုန်းဘေလ် ၁,၀၀၀ ကျပ် ရရှိနိုင်မည်ဖြစ်သည်။ ယခင်လကမှ မိတ်ဆက်ခဲ့သည့် “ထောဘီ ၇ဆ” အထူးပရိုမိုးရှင်းအစီအစဉ်ဖြင့် MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်း၊ SMS စာတိုပေးပို့ခြင်း နှင့် သုံးသလောက်ပေး အင်တာနက်အသုံးပြုခြင်း (Pay As You Go) တို့အတွက် သက်သာသော နှုန်းထားများဖြင့် ပုံမှန်ဖုန်းဘေလ်ကို အဆပေါင်း ၇ ဆ ပွားကာ လဲလှယ်ရယူနိုင်သည်။
MPT ၏ နောက်ဆုံး ပရိုးမိုးရှင်းများ နှင့် ဝန်ဆောင်မှုများအကြောင်း အသေးစိတ် သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖြစ်သော www.facebook.com/mptofficialpage တွင်လည်း ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

မြန်ဆန်သက်သာပြီး စိတ်ချယုံကြည်ရသည့် MPT ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုကို တပ်ဆင်ခ အခမဲ့နှင့် (၁)လစာ အခမဲ့ ပါဝင်မည့် သီတင်းကျွတ်အကြို ပရိုမိုးရှင်းအစီအစဉ်ကို မြို့နယ်ပေါင်း ၇၀ တွင် တပ်ဆင်အသုံးပြုနိုင်ပြီ

(ရန်ကုန်၊၂၀၂၀ပြည့်နှစ်၊အောက်တိုဘာလ၂၆ရက်)- မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် သုံးစွဲသူများအတွက် မြန်ဆန်သက်သာပြီး စိတ်ချယုံကြည်ရသည့် မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာ အင်တာနက်ဝန်ဆောင်မှုကို မြန်မာနိုင်ငံ တစ်ဝန်းရှိ မြို့နယ်ပေါင်း ၇၀ အထိ ထပ်မံတိုးချဲ့ လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်သည်။ ထို့အပြင် ဒုံးပျံအိမ်သုံး ဖိုင်ဘာအင်တာနက်ကို အောက်တိုဘာလအတွင်း တပ်ဆင်ပါက သီတင်းကျွတ်အကြို ပရိုမိုးရှင်းအနေဖြင့် နိုဝင်ဘာလအတွက် (၁) လစာ အခမဲ့အသုံးပြုခွင့်ကို ရရှိနိုင်မည် ဖြစ်သည်။

MPT အနေဖြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ကို မြန်မာနိုင်ငံတစ်ဝန်းတွင် ပိုမိုမြန်ဆန်စွာ တိုးချဲ့ဖြန့်ကျက်လျက်ရှိပြီး အောက်တိုဘာလအတွင်း တိုးချဲ့ဆောင်ရွက်ထားသော မြို့နယ်များကို အောက်ဖော်ပြပါဇယားတွင်ကြည့်ရှုနိုင်ပါသည်။ ဝန်ဆောင်မှုရရှိနိုင်သည့် နေရာအသေးစိတ်ကိုလည်း https://bit.ly/34gWfyD တွင် ကြည့်ရှု စစ်ဆေးနိုင်ပါသည်။

ပြည်နယ်/ တိုင်းဒေသကြီးမြို့နယ်

ကချင်ပြည်နယ်
ဟိုပင်မြို့နယ်
မိုးကောင်းမြို့နယ်
ပဲခူးတိုင်းဒေသကြီးပြည်မြို့နယ်
မွန်ပြည်နယ်ရေးမြို့နယ်
မန္တလေးတိုင်းဒေသကြီးကျောက်ဆည်မြို့နယ်
နေပြည်တော်ဇမ္ဗူသီရိမြို့နယ်



ရှမ်းပြည်နယ်
နမ့်စမ်မြို့နယ်
လွိုင်လင်မြို့နယ်
မူဆယ်မြို့နယ်
သီပေါမြို့နယ်
မိုင်းဆတ်မြို့နယ်
ရွှေညောင်မြို့နယ်
ညောင်ရွှေမြို့နယ်


ရန်ကုန်တိုင်းဒေသကြီး
ဒဂုံမြို့သစ်(အရှေ့ပိုင်း)
လှိုင်သာယာမြို့နယ်
ရွှေပြည်သာမြို့နယ်
မင်္ဂလာဒုံမြို့နယ်
လှည်းကူးမြို့နယ်
တွံတေးမြို့နယ်

MPT ဒုံးပျံအိမ်သုံး ဖိုင်ဘာအင်တာနက်ကို အသုံးပြုနေသူများနှင့် အသစ်တပ်ဆင် အသုံးပြုလိုသူများအတွက် မိမိတပ်ဆင်သည့် အမြန်နှုန်းအမျိုးအစားပေါ်မူတည်၍ မိုဘိုင်းလ်ဒေတာများ၊ MPT အချင်းချင်း ဖုန်းခေါ်ဆိုခွင့် နှင့် အကန့်အသတ်မရှိ စာတိုပေးပို့ခွင့်များကိုပါ MPT မိုဘိုင်းလ်ဖုန်း (၅)လုံးအထိ ထပ်ဆောင်း အကျိုးကျေးဇူးများကို အောက်ပါ နှုန်းထားများအလိုက် ရရှိခံစားနိုင်ပါသည်။

လစဥ်ကြေး
(ကျပ်)
လိုင်းဆွဲအား အမြန်နှုန်းမိုဘိုင်းလ် ဖုန်းနံပါတ် (၁) ခုစီအတွက် ရရှိမည့် အကျိုးအမြတ်များ
DataVoiceSMS
၃၉,၀၀၀Max. 25 Mbps1 GBမိနစ် ၁၀၀အကန့်အသတ်မရှိပေးပို့နိုင်
၆၉,၀၀၀Max. 50 Mbps2 GBမိနစ် ၁၀၀အကန့်အသတ်မရှိပေးပို့နိုင်
၁၀၉,၀၀၀Max.100 Mbps3 GBမိနစ် ၂၀၀အကန့်အသတ်မရှိပေးပို့နိုင်

“အခုလို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်မားလာတဲ့ကာလမှာ အိမ်မှာနေပြီး အလုပ်လုပ်နေရတဲ့သူတွေ အတွက်သာမက အွန်လိုင်းသင်တန်းတက်နေရတဲ့သူတွေ ၊ မြန်နှုန်းမြင့် ဂိမ်းတွေကို အွန်လိုင်းကနေ အကန့်အသတ်မဲ့ ဆော့ကစားလိုသူတွေနဲ့ သီတင်းကျွတ်ပိတ်ရက်တွေမှာ အွန်လိုင်းကတစ်ဆင့် live show ဖျော်ဖြေပွဲတွေကို ကြည့်ရှုပြီးအနားယူအပန်းဖြေသူတွေအတွက် မြန်ဆန် သက်သာပြီး စိတ်ချယုံကြည်ရတဲ့ မြန်နှုန်းမြင့် MPT ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ကို အထူးနှုန်းထားတွေနဲ့အတူ သီတင်းကျွတ်အကြို ပရိုမိုးရှင်း အစီအစဥ်ကိုပါ ထပ်မံပြီး မိတ်ဆက်ခွင့်ရတဲ့ အတွက်အထူး ဝမ်းမြောက်မိပါတယ်။ သီတင်းကျွတ်ကာလမှာ အားလုံးပဲ ကိုယ်ချစ်တဲ့သူတွေနဲ့ ကျန်းမာပျော်ရွှင်ပါစေ လို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်” ဟု MPT-KSGM JO ၏ စီးပွားရေးဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ ဦးကိုကိုအောင်က ပြောကြားခဲ့သည်။

မြန်ဆန်သက်သာပြီး စိတ်ချယုံကြည်ရသည့် မြန်နှုန်းမြင့် MPT ဒုံးပျံအိမ်သုံးဖိုင်ဘာ အင်တာနက်ကို ရယူအသုံးပြုလိုသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်အချိန် အိမ်တွင်နေထိုင်စဉ် ကာလအတွင်း https://www.mpt.com.mm/mm/dome-pyan-form-individuals-mm/ မှတစ်ဆင့် ဝင်ရောက်လျှောက် ထားနိုင်ပြီး MPT ၏ FTTH ဘေလ်အပါအဝင် အခြား အသုံးပြုပြီးမှပေးချေရသည့် ဘေလ်ပေးဆောင် မှုများအတွက် MEB online payment၊ CB၊ KBZ၊ AYA၊ MAB Mobile Banking နှင့် MPT Money တို့မှ တစ်ဆင့် ဝန်ဆောင်ခပေးချေခြင်းကို လွယ်လင့်တကူ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

MPT အနေဖြင့် သုံးစွဲသူများအားလုံးကို အကောင်းဆုံး ဝန်ဆောင်မှုများ ပေးအပ်နေသည့်အပြင် လူမှုအကျိုးပြု လှုပ်ရှားမှုများအနေဖြင့် မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု မြင့်မားလာသည့်ကာလ၌ မရှိမဖြစ်လိုအပ်သည့် ဆက်သွယ်ရေးဆိုင်ရာ အထောက်အပံ့များ ဖြစ်သော ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုနှင့် ဖုန်းလိုင်းဆက်သွယ်မှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအသီးသီးရှိ အသွားအလာ ကန့်သတ်ဆောင်ရွက်မှု နေရာ (Quarantine Center) များနှင့် ကုသရေးဌာနများတွင်ဆောင်ရွက် ပေးခဲ့ကာ မြန်နှုန်းမြင့် FTTH နှင့် B2B ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုများ၊ PSTN အော်တိုတယ်လီဖုန်းဝန်ဆောင်မှုနှင့် VOIP ဖုန်းလိုင်းများကို တပ်ဆင်ပေးခဲ့ပြီး ရန်ကုန်မြို့၊ သုဝဏ္ဏ ရှိ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန၊ ဧရာဝတီစင်တာ နှင့် ဖောင်ကြီး ကိုဗစ်-၁၉ ကုသရေးစင်တာတို့တွင် ဖိုင်ဘာအင်တာနက် ဆက်သွယ်မှုနှင့် Wi-Fi ကွန်ရက်စနစ် တပ်ဆင်ခြင်းကိုလည်း တိုးချဲ့ချိတ်ဆက် လှူဒါန်းခဲ့ပါသည်။

MPT ၏ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုနှင့် ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ *2800# ကို ခေါ်ဆို၍လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ် စာမျက်နှာ ဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက် ကြည့်ရှုလေ့လာ နိုင်ပါသည်။

COVID-19 စစ်ဆေးတွေ့ရှိမှုအတွက် အသိပေးခြင်း

ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၃ ရက်

ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်အိတ်ချိန်းရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၁)ဦး၊ ပုဇွန်တောင်အိတ်ချိန်းရုံး ဝန်ထမ်း(၁)ဦး၊ မောင်ထော်လေးရုံး ဝန်ထမ်း(၁)ဦး၊ ဗိုလ်အောင်ကျော်ရုံးဝန်ထမ်း (၁)ဦး၊ ပန်းဆိုးတန်းရုံး ဝန်ထမ်း (၁)ဦး နှင့် ဟံသာဝတီရုံးဝန်ထမ်း (၂)ဦး စုစုပေါင်း ဝန်ထမ်း (၇) ဦး တို့တွင် COVID-19 ရောဂါပိုး ထပ်မံ စစ်ဆေး တွေ့ရှိရကြောင်း နှင့် ယခုစစ်ဆေးတွေ့ရှိခဲ့သည့် အဆိုပါ ဝန်ထမ်းများသည် အိမ်တွင်နေထိုင်၍ လုပ်ငန်းလုပ်ကိုင်စေခြင်း (Work From Home) အစီအစဥ်ဖြင့် တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများဖြစ်ကာ သုံးစွဲသူများနှင့် တိုက်ရိုက်ထိတွေ့ခဲ့ခြင်းမရှိကြောင်း MPT က အတည်ပြု ထုတ်ပြန်လိုက်ပါသည်။

ယခုလို ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိရသည့် ဖြစ်ရပ်အတွက် မိမိတို့အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် တာဝန်ရှိသူများ၏ ညွှန်ကြားချက်များအတိုင်း လျင်လျင်မြန်မြန် ထိထိရောက်ရောက် လိုက်နာ ဆောင်ရွက်လျှက်ရှိပါသည်။
မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းခွင်အတွင်းနှင့် လုပ်ငန်းခွင်ပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် အခုလို COVID-19 ကူးစက်မှု အရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသော အခန်းကဏ္ဍဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးကိုလည်း လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

ယခုလိုဖြစ်ရပ်များအတွက် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။

MPT မှ သုံးစွဲသူများ အတွက် လက်ကျန်ငွေလျော့နည်းနေသည့်အချိန်တိုင်းတွင် ချေးငွေကို ၄၅၀၀ ကျပ်အထိ ရယူအသုံးပြုနိုင်မည့် “ ယူထား+” ဝန်ဆောင်မှုအသစ်ကို မိတ်ဆက်

(ရန်ကုန်၊ ၂ဝ၂ဝပြည့်နှစ်၊ အောက်တိုဘာလ ၂၃ ရက်) – မြန်မာနိုင်ငံ၏ ပထမဦးဆုံး နှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT မှ သုံးစွဲသူများအတွက် ဖုန်းလက်ကျန်ငွေလျော့နည်းနေသည့် အချိန်တိုင်းတွင် ချေးငွေပမာဏ ပိုမိုရယူသုံးစွဲနိုင်သော ချေးငွေဝန်ဆောင်မှုအသစ် အဖြစ် ပြောင်းလဲမြှင့်တင်ထားသည့် “ယူထား+” ဝန်ဆောင်မှုကို ယနေ့ မိတ်ဆက်ကြေညာခဲ့သည်။
လက်ရှိအစီအစဉ်သည် MPT ကြိုတင်ငွေဖြည့်ကတ်သုံးစွဲသူများအား အရေးပေါ်အခြေအနေများ နှင့် ဖုန်းဘေလ် ဖြည့်ရန်လွယ်ကူခြင်းမရှိသော အခြေအနေများတွင် ချေးငွေ (၈၀၀) ကျပ် (ဝန်ဆောင်မှုကြေး ၆၀ ကျပ်) ဖြင့် ဖုန်းဘေလ်လက်ကျန်ငွေကိုချေးယူအသုံးပြုနိုင်သည်။ ယနေ့ အသစ်စတင်မိတ်ဆက်ခဲ့သော ယူထား+ ဝန်ဆောင်မှု သည် MPT သုံးစွဲသူများအတွက် ၁၅၀၀ ကျပ်၊ ၂၅၀၀ ကျပ်နှင့် ၄၅၀၀ ကျပ် အတွင်း အဆင်ပြေလွယ်ကူစွာ ချေးငွေရယူအသုံးပြုနိုင်ပြီး ဝန်ဆောင်ခအနည်းဆုံး ၁၅၀ ကျပ်၊ ၂၅၀ ကျပ် နှင့် ၄၅၀ ကျပ် အသီးသီးဖြင့် ရယူ အသုံးပြုနိုင်မည်ဖြစ်သည်။
MPT သုံးစွဲသူများအနေဖြင့် ချေးငွေဝန်ဆောင်မှုကို အကြိမ်ပေါင်းများစွာရယူနိုင်သော်လည်း သုံးစွဲသူတစ်ဦး တစ်ယောက်ချင်းစီက ရယူနိုင်သော ချေးငွေပမာဏသည် သတ်မှတ်ထားသည့် စည်းမျဥ်းစည်းကမ်းများအတိုင်း ကြိုတင်ချေးငွေယူမှုများကို ရယူအသုံးပြုနိုင်မည်ဖြစ်သည်။ ကြိုတင်ငွေဖြည့်ကတ်သုံးစွဲသူများသည် လက်ကျန်ငွေ နည်းနေသည့်အချိန်တိုင်းတွင် အလွယ်တကူ ချေးငွေယူနိုင်ပြီး ထပ်မံငွေဖြည့်သည့်အချိန်တွင် ပြန်လည်ပေးချေ နိုင်မည်ဖြစ်ပါသည်။
“MPT ရဲ့ “ယူထား+” ဝန်ဆောင်မှုအသစ်ကြောင့် သုံးစွဲသူတွေအနေနဲ့ အရေးပေါ်အခြေအနေ (သို့မဟုတ်) ဖုန်းဘေလ်ဖြည့်ဖို့ မလွယ်ကူတဲ့အခြေအနေမှာ ဖုန်းလက်ကျန်ငွေလျော့နည်းလာမှုကို စိုးရိမ်နေဖို့ မလိုတော့ပါဘူး။ MPT ရဲ့ “ယူထား+” ဝန်ဆောင်မှုနဲ့အတူ သုံးစွဲသူတွေအနေနဲ့ ဖုန်းလက်ကျန်ငွေနည်းနေတဲ့အချိန်မှာ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်ရှိစေဖို့ ကြိုတင်ချေးငွေများကို လွယ်ကူ အဆင်ပြေစွာနဲ့ ရယူနိုင်ပါပြီ” ဟု MPT-KSGM JO စီးပွားရေးဌာနကြီး ၏ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori Nagashima မှ ပြောကြားခဲ့ပါသည်။
MPT သည် ၂၀၁၆ ခုနှစ်တွင် ယူထား (သို့) “ချေးငွေ” ဝန်ဆောင်မှုကို စတင်မိတ်ဆက်ခဲ့ပြီး သုံးစွဲသူများအနေဖြင့် အရေးပေါ်အခြေအနေ၌ ဖုန်းလက်ကျန်ငွေလျော့နည်းနေသောအချိန်မျိုးကို ကျော်လွှားနိုင်ရန်အတွက် MPT ၏ ဝန် ဆောင်မှုများကိုအသုံးပြုခြင်းဖြင့် အထောက်အကူဖြစ်စေခဲ့ပါသည်။ MPT သည် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူ ပြည်သူများအား အရေးပါသော ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပံ့ပိုးပေးခြင်းဖြင့် “မြန်မာပြည်နှင့် အတူရှိနေမည့် MPT” ဆိုသည့် ဆောင်ပုဒ် အတိုင်းဆောင်ရွက်လျက်ရှိပါသည်။
MPT သုံးစွဲသူများသည် “ယူထား+” ဝန်ဆောင်မှုကို “8000” သို့ 800 ဟုရိုက်၍ SMS ပေးပို့၍ သော်လည်းကောင်း၊ *800# သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ MPT4U App မှတစ်ဆင့်လည်း ချေးငွေဝန်ဆောင်မှုကို ရယူနိုင်ပါသည်။
အောက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီသူများသည် “ယူထား+” ဝန်ဆောင်မှုမှ ချေးငွေဝန်ဆောင်မှုကို ရယူနိုင်သည်။
၁။MPT ၏ ကြိုတင်ငွေဖြည့်ကတ်သုံးစွဲသူများသာ ဤဝန်ဆောင်မှုကို ရယူအသုံးပြုနိုင်မည်။

၂။ MPT ဆင်းမ်ကတ် အသုံးပြုသည့်ရက်မှာ ရက်(၃၀)အထက် ရှိရပါမည်။
၃။ ရက်(၉၀)အတွင်း ဖုန်းဘေလ် တစ်ခါ ဖြည့်ထားရပါမည်။
၄။ ရက်(၉၀)အတွင်း ဖုန်းဘေလ် အနည်းဆုံး(၃၀၀၀)ကျပ် ဖြည့်သွင်းထားရပါမည်။
၅။ သုံးစွဲသူ၏ ချေးငွေပမာဏသည် ကြိုတင်ချေးယူမှုသတ်မှတ်ထားသောပမာဏထက် မကျော်သင့်ပါ။
ဖုန်းဘေလ်ပြန်ဖြည့်သည့်အချိန်တွင် ရယူထားသော ချေးငွေပမာဏ နှင့် ကုန်သွယ်ခွန် အပါ ဝန်ဆောင်ခတို့ကို ပြန်လည်ပေးချေရမည်ဖြစ်ပါသည်။
ဥပမာ- (၈၀၀) ကျပ်ကို “ယူထား+” ဝန်ဆောင်မှုကနေ ချေးယူထားပါက ဖုန်းဘေလ်ပြန်ဖြည့်သည့်အချိန်တွင် (၈၆၀) ကျပ်ကိုပြန်လည်ပေးချေရပါမည်။ (ချေးငွေပမာဏ (၈၀၀) ကျပ် နှင့် ကုန်သွယ်ခွန်အပါ ဝန်ဆောင်ခ (၆၀) ကျပ်)
“ယူထား+” ၀န်ဆောင်မှုနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍သော် လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင် ပါသည်။

နာမည်ကျော်အဆိုတော် တင်ဇာမော် ပါဝင်သည့် “High-Street Live Concert” နှင့်အတူ ပျော်ရွှင်စရာ သီတင်းကျွတ်ပွဲတော်ကို ဆင်နွှဲကြစို့

(ယခုလို ခက်ခဲသောကာလအတွင်း အွန်လိုင်းမှတိုက်ရိုက် ဖျော်ဖြေခြင်း အစီအစဉ်သည် MPT သုံးစွဲသူများအတွက် စိတ်ကြည်နူး ပျော်ရွှင်ဖွယ်ရာများ၊ ရင်ခုန်စိတ်လှုပ်ရှားမှုများနှင့် ကောင်းမွန်သော ဖျော်ဖြေရေးရသကို ပေးစွမ်းနိုင်မည်)

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၀ ရက်) – MPT သည် Nine Planets Entertainment နှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သီတင်းကျွတ်ပွဲတော် ကျင်းပလေ့ရှိသော အချိန်အခါတွင် မိမိတို့နေအိမ်မှာပင် နေထိုင်ရသော မြန်မာပြည်သူပြည်သားများကို စိတ်ကြည်နူး ပျော်ရွှင်ဖွယ်ရာများ၊ ရင်ခုန်စိတ်လှုပ်ရှားမှုများနှင့် စိတ်ခွန်အားမြှင့်တင်နိုင်ရန်အတွက် ထူးခြားကောင်းမွန်သော ဖျော်ဖြေရေးများနှင့် စိတ်အပန်းပြေစေလိုသော ရည်ရွယ်ချက်ကောင်းများဖြင့် မြန်မာနိုင်ငံ ၏ နာမည်ကျော်ကြားသော အနုပညာရှင်များဖြစ်သည့် အဆိုတော် တင်ဇာမော်၊ ဖြိုးပြည့်စုံနှင့် ဂျူဝယ်တို့မှ ပါဝင်ဖျော်ဖြေသွားမည့် အွန်လိုင်းမှတိုက်ရိုက်ဖျော်ဖြေခြင်း အစီအစဉ် “High-Street Live Concert” ကို စီစဉ်တင်ဆက် ပေးသွားမည် ဖြစ်သည်။
Nine Planets Entertainment (9P) သည် မြန်မာနိုင်ငံရှိ ဖျော်ဖြေရေးအေဂျင်စီများအနက် တစ်ခုဖြစ်ပြီး 9P သည် ပြည်တွင်းပရိသတ်များအကြား ကြီးမားလှသော ဖျော်ဖြေပွဲတချို့ပြုလုပ်ခဲ့ပြီး ROCK ဂီတကို ကြိုက်နှစ်သက်သော ပရိသတ်များအတွက် ဦးတည်သည့် ဂီတပွဲများ ကျင်းပခဲ့သည်။ “High-Street Live Concert” ကို ၂၀၂ဝ ပြည့်နှစ်၊ အောက်တိုဘာလ (၂၉) ရက်၊ ည(၈)နာရီမှ (၁၀) နာရီအထိ MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာ www.facebook.com/mptofficial နှင့် “High Street Live Concert” ၏ ဖေ့စ်ဘုတ်ခ်စာမျက်နှာ https://www.facebook.com/Highstreetliveconcert များတွင် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။ ထို့အပြင် ဂီတချစ်သူများ ပျော်ရွှင်စေရန်အတွက် အောက်တိုဘာလ (၂၃) ရက်တွင် “High-Street Live Concert” ဖေ့စ်ဘုတ်ခ်စာမျက်နှာ၌ တင်ဇာမော်နှင့်အတူ Live Chat အစီအစဉ်တွင် ပါဝင်နိုင်ပြီး တေးသီချင်းများကို တိုက်ရိုက်တောင်းဆိုနိုင်မည် ဖြစ်သည်။
တေးဂီတသည် ပျော်ရွှင်ခြင်း၊ မျှော်လင့်ခြင်း၊ ယုံကြည်စိတ်ချမှုရှိခြင်းနှင့် စိတ်ဓါတ်တက်ကြွမှုများကို ခံစားနားလည်စေရန် ယူဆောင်ပေးနိုင်ပြီး တစ်ကမ္ဘာလုံးနှင့်ဆိုင်သော ဘာသာစကားတစ်ရပ်ပင်ဖြစ်သည်။ တေးဂီတသည် စိတ်ဖိစီးမှုများနှင့် ခက်ခဲသောအခြေအနေများတွင် လူ၏ စိတ်ကို သက်သာစေနိုင်သော အဓိကဖြေဆေးတစ်မျိုးလည်း ဖြစ်သည်။ ထို့အပြင် ဂီတသည် ကမ္ဘာအနှံ့အပြားရှိ လူများနှင့် လူမှုအသိုက်အဝန်း များကို တစ်ညီတစ်ညွတ်တည်း စုစည်းပေးနိုင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရာတွင် ရောဂါကူးစက်မှုများထပ်မံမဖြစ်ပွားရေးအတွက် လိုအပ်ချက်အရဆောင်ရွက်ထားသော အစီအမံများကြား စိတ်ပျော်ရွှင်မှုနှင့် အကောင်းမြင်စိတ်များကို ရရှိအောင် များစွာအထောက်အပံ့ပေးနိုင်ပါသည်။
MPT-KSGM JO ၏ စီးပွားရေးဌာနကြီးမှအရာရှိချုပ်ဖြစ်သူ Mr. Tetsunori Nagashima မှ “ဒီနှစ် သီတင်းကျွတ်ကာလမှာ ကိုဗစ်-၁၉ ရောဂါ အခြေအနေတွေကြောင့် စိတ်ပင်ပန်းမှုတွေကို ခဏတာ ဖြေဖျောက်ဖို့ တေးသီချင်း တွေကနေတစ်ဆင့် မြန်မာပြည်တစ်ဝန်းလုံးမှာရှိတဲ့ ပြည်သူလူထု၊ လူမှုအသိုက်အဝန်း အားလုံးကို အတူတကွ စုစည်းကာ စိတ်ပျော်ရွင်မှုနဲ့အကောင်းမြင်စိတ်တွေနဲ့အတူ ချစ်ခင်ရင်းနှီးစွာ အတူတူ ဖြတ်သန်းနိုင်အောင် ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်ကနေ လုပ်ဆောင်ပေးချင်ပါတယ်။ ကျွန်တော်တို့ MPT အနေနဲ့ အစဉ်အမြဲတန်ဖိုးထားရတဲ့သုံးစွဲသူတွေကို စိတ်အပန်းပြေစေတဲ့ စစ်မှန်တဲ့ဖျော်ဖြေမှု၊ သုံးစွဲမှုအတွေ့အကြုံကောင်း တွေကို ပေးနိုင်ဖို့ ရည်ရွယ်ပြီး Nine Planets Entertainment နဲ့အတူ ပူးပေါင်းကာ အွန်လိုင်းကနေ တိုက်ရိုက် Live ဖျော်ဖြေပွဲကို စီစဉ်တင်ဆက် ပေးသွားမှာပဲ ဖြစ်ပါတယ်။ MPT ရဲ့ မြန်နှုန်းမြင့် 3G/ LTE+ ကွန်ရက်ကတစ်ဆင့် ဒီဂျစ်တယ်ဖျော်ဖြေမှုတွေ၊ အထူးသဖြင့် တေးဂီတဖျော်ဖြေမှုတွေက အိမ်မှာနေရတဲ့ သီတင်းကျွတ် အခါသမယမှာ သုံးစွဲသူတွေရဲ့ စိတ်ကို အပန်းပြေစေမယ်၊ စိတ်ပျော်ရွှင်မှုနဲ့ အမှတ်တရကောင်းတွေ ဖန်တီးပေးနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။
အဆိုတော် တင်ဇာမော် ကလည်း “အခုလို COVID-19 အချိန်မှာ လုံလုံခြုံခြုံ နဲ့ အွန်လိုင်းကနေတစ်ဆင့် တိုက်ရိုက် ဖျော်ဖြေခွင့်ရရှိတဲ့အပေါ် အလွန်ကျေနပ် ပီတိဖြစ်ရပါတယ်။ အခုလို ဖျော်ဖြေခွင့်ရအောင် စီစဥ်ဆောင်ရွက်ပေးတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပံ့ပိုးပေးသူများအားလုံးကို ပရိသတ်တွေရဲ့ကိုယ်စား ကျေးဇူးအထူးတင်ပါ တယ်လို့ပြောပါရစေ” ဟု ပြောကြားခဲ့သည်။
“High-Street Live Concert” သည် MPT သုံးစွဲသူများအတွက် ပုံမှန်အတိုင်းဖျော်ဖြေသည့် ဂီတဖျော်ဖြေပွဲ စစ်စစ်များကဲ့သို့ ခံစားနိုင်ရန် စီစဥ်တင်ဆက်သွားမည်ဖြစ်ပြီး အဆိုတော်တင်ဇာမော်နှင့် သူမ၏ သူငယ်ချင်းများမှ လူကြိုက်များခဲ့သော သီချင်းကောင်းများ အပါအဝင် တေးသီချင်းကောင်း ၁၄ ပုဒ်ကို ပုံစံအသစ်များဖြင့် ပြန်လည်ဖျော်ဖြေတင်ဆက်ပေးသွားမည် ဖြစ်သည်။ ဤကဲ့သို့ ထူးခြားသော အွန်လိုင်းမှတိုက်ရိုက်ဖျော်ဖြေခြင်း ဂီတပွဲကြီးကို နိုင်ငံတစ်ဝန်းရှိ MPT ၏ ဂီတချစ်သူများအားလုံးက ၄င်းတို့၏မိုဘိုင်းလ်ဖုန်းများနှင့် အလွယ်တကူဝင်ရောက် ကြည့်ရှုနိုင်တော့မည် ဖြစ်ပါသည်။
MPT သုံးစွဲသူများအနေဖြင့် High-Street Live Concert” ကို မိမိတို့၏ နေအိမ်၌ပင် သက်သောင့်သက်သာရှိစွာဖြင့် ခံစားကြည့်ရှုနိုင်ရန် စျေးနှုန်းချိုသာသော ပက်ကေ့ချ်များဖြစ်သည့် “စုံစုံလင်လင်” နှင့် “ရှယ်ကြည့်” ဒေတာပက်ကေ့ချ်များကို ဝယ်ယူ၍ ကြည့်ရှုခံစားနိုင်ပြီး အင်တာနက်ဒေတာအသုံးပြုမှု ကုန်ကျစရိတ်ကိုလည်း များစွာ သက်သာစေမည်ဖြစ်သည်။ ဒေတာပက်ကေ့ချ်များကို MPT4U App သို့မဟုတ် “စုံစုံလင်လင်” ပက်ကေ့ချ်အား USSD Code *4998# သို့မဟုတ် “ရှယ်ကြည့်” ဒေတာပက်ကေ့ချ်အား USSD Code *8208# ဖြင့် ဝယ်ယူအသုံးပြု နိုင်ပါသည်။
MPT သည် သုံးစွဲသူများ၏ ဒီဂျစ်တယ်လူမှုဘဝကို ကြွယ်ဝပြည့်စုံစေပြီး မြန်မာနိုင်ငံ၏ တေးဂီတနှင့် ဖျော်ဖြေရေး ကဏ္ဍကို ထောက်ပံ့ပေးခြင်းအားဖြင့် အရည်အသွေးမြင့်ဝန်ဆောင်မှုများကို ပေးအပ်သွားမည်ဟု ကတိကဝတ်ပြု ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အထူးအဆင့်မြှင့်တင်ထားသော MPT ၏ မြန်နှုန်းမြင့် 4G LTE+ ကွန်ရက် အသစ်ကို အသုံးပြုခြင်းအားဖြင့် MPT သည် နိုင်ငံတစ်ဝန်းလုံးသို့ ထူးခြားဆန်းသစ်သော ဒီဂျစ်တယ် ဖျော်ဖြေမှုများကို သယ်ဆောင်လာပေးခြင်း ဖြစ်သည်။
MPT ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအကြောင်း အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင် ပါသည်။

MPT က GGI Nippon Life နှင့် AYA SOMPO အာမခံတို့နှင့် မိတ်ဖက်အဖြစ်ပူးပေါင်းကာ ကျန်းမာရေးအာမခံ နှင့် ကိုယ်အင်္ဂါထိခိုက်မှုအာမခံဝန်ဆောင်မှုများအတွက် “MPT U-Life ဒီဂျစ်တယ်အာမခံဝန်ဆောင်မှု” အသစ်ကို စတင်မိတ်ဆက်

(မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ဒီဂျစ်တယ်အာမခံ ဝန်ဆောင်မှုအဖြစ် ကျန်းမာရေးအာမခံ နှင့် ကိုယ်အင်္ဂါထိခိုက်မှုအာမခံကို MPT သုံးစွဲသူများအတွက် ဝန်ဆောင်မှုပေးသွားမည်။)
(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၉ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် အာမခံ လုပ်ငန်းတွင် ဦးဆောင်လျက်ရှိသည့် ထိပ်တန်းကုမ္ပဏီနှစ်ခုဖြစ်သည့် GGI Nippon Life နှင့် AYA SOMPO အာမခံ ကုမ္ပဏီ တို့ဖြင့် ပူးပေါင်းကာ “MPT U-Life ဒီဂျစ်တယ်အာမခံ ဝန်ဆောင်မှု” ကို မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ ယခုမိတ်ဆက်လိုက်သော ဒီဂျစ်တယ်အာမခံဝန်ဆောင်မှုသည် မြန်မာနိုင်ငံတွင်ပထမဆုံးဖြစ်ပြီး ကိုဗစ်-၁၉ အပါအဝင် ရောဂါဝေဒနာများ ခံစားရခြင်းနှင့် မတော်တဆမှုများကြောင့်ဖြစ်ပွားသည့် အသက်နှင့်ကိုယ်အင်္ဂါထိခိုက်ဆုံးရှုံးမှုများ၊ အထွေထွေ ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်သော စရိတ်လိုအပ်ချက်များကို ပံ့ပိုးပေးမည့် MPT ဆင်းမ်ကတ် အသုံးပြုသူများအတွက် အာမခံဝန်ဆောင်မှုဖြစ်သည်။
ယခုလို အခက်အခဲများနှင့် ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုများကို ရရှိနိုင်ရေးမှာ အလွန်ပင် အရေးကြီးလာပြီဖြစ်သည်။ ထိုကြောင့် MPT သည် သုံးစွဲသူများ၏ လုံခြုံမှုနှင့် စိတ်အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် “မြန်မာပြည်နှင့် အတူရှိနေမည်” ဆိုသည့် ကတိကဝတ်အတိုင်း ဝန်ဆောင်မှုများကိုလည်း စဉ်ဆက်မပြတ် ပေးအပ်လျက်ရှိပါသည်။

MPT သည် GGI Nippon Life နှင့် ပူးပေါင်း၍ “ဇီဝက” ကျန်းမာရေးအာမခံ၊ AYA SOMPO အာမခံ နှင့် ပူးပေါင်း၍ “သက်တော်စောင့်” ကိုယ်အင်္ဂါထိခိုက်မှုအာမခံ စတဲ့ အာမခံ (၂) မျိုးကို MPT ဆင်းမ်ကတ်အသုံးပြုသူများထံ မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ MPT ဆင်းမ်ကတ်သုံးစွဲသူများသည် မိမိကိုယ်ကိုနှင့်မိမိချစ်မြတ်နိုးရသူများအား ကာကွယ်ရန် အထက်ပါ အာမခံ ဝန်ဆောင်မှု (၂) မျိုးကို MPT4U App၊ MPT ဝက်ဘ်ဆိုက်၊ စာတိုအတွင်းရှိ Link နှင့် MPT U-Life ဒီဂျစ်တယ်အာမခံဝန်ဆောင်မှုဝက်ဘ်ဆိုက် http://bit.ly/U-life-MM မှတဆင့် မိမိတို့၏နေအိမ်မှပင် အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်မည်ဖြစ်ပါသည်။
MPT-KSGM Joint Operations ၏ ဒုတိယ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Dr. Noboru EDAGAWA က “ကိုဗစ်-၁၉ ကပ်ရောဂါက တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေအပေါ် အကျိုးသက်ရောက်မှုတွေ ဖြစ်စေပြီး ဘဝနေထိုင်မှု ပုံစံတွေပါ ပြောင်းလဲ သွားစေပါတယ်။ အခုလို အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့ကာလမျိုးမှာ ကျွန်တော် တို့ရဲ့ MPT သုံးစွဲသူတွေအားလုံး ကျန်းမာ ပျော်ရွှင်စွာနေထိုင်နိုင်ဖို့ ကျွန်တော်တို့ အမှန်တကယ်လိုလားပါတယ်။ အဲဒီအချက်ကို ရှေးရှုပြီးတော့ MPT က မြန်မာ့အာမခံလုပ်ငန်းလောကမှာ ဦးဆောင်နေတဲ့ GGI Nippon Life နဲ့ AYA SOMPO အာမခံ လုပ်ငန်း (၂)ခုနဲ့ ပူးပေါင်းချိတ်ဆက်ကာ အထွေအထွေကျန်းမာရေးအာမခံနဲ့ ကိုယ်အင်္ဂါထိခိုက်မှု အာမခံတွေ ကို MPT ကနေတဆင့် ဝယ်ယူနိုင်မယ့် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဒီဂျစ်တယ် အာမခံဝန်ဆောင်မှုအသစ်ဖြစ်တဲ့ “MPT U-Life ဒီဂျစ်တယ်အာမခံ ဝန်ဆောင်မှု” ကို အခုလို အကောင်အထည်ဖော် မိတ်ဆက်လိုက်တာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ MPT ရဲ့ ထူးခြားဆန်းသစ်တဲ့ ဒီဂျစ်တယ် ဝန်ဆောင်မှုကတစ်ဆင့် ပြီးပြည့်စုံတဲ့ ကျန်းမာရေး အာမခံအကာအကွယ်ကို ယူဆောင်ပေးမှာဖြစ်တဲ့အပြင် ကပ်ရောဂါကြောင့် အိမ်မှာနေရစဉ်ကာလမှာ သုံးစွဲသူတွေအတွက် အဆင်ပြေချောမွေ့မှု၊ စိတ်ချမ်းမြေ့မှုတွေကိုလည်း ရရှိခံစားနိုင်တော့မှာပါ “ ဟု ပြောကြား ခဲ့သည်။
အောက်တိုဘာလ ၁၉ ရက်မှစ၍ MPT သုံးစွဲသူများသည် GGI Nippon Life ၏ “ဇီဝက” ကျန်းမာရေးအာမခံ ဝန်ဆောင်မှုကို ဝယ်ယူရရှိနိုင်ပြီး အဆိုပါဝန်ဆောင်မှုသည် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် အခြားရောဂါများကြောင့် သေဆုံးခြင်းများသာမက ဆေးရုံတက်ကုသမှုအတွက် စရိတ်များကိုလဲ ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။ ဤဝန်ဆောင်မှုတွင် “ဇီဝက” ကျန်းမာရေးအာမခံကိုဝယ်ယူထားသည့်မည်သူမဆို ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသည်ဟုစစ်ဆေးတွေ့ရှိပါက အပိုထပ်ဆောင်းပေးချေမှုပမာဏ (၂)သိန်းကျပ်ကို (သက်တမ်းကာလ ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ) ခံစားခွင့် ရရှိနိုင်ပါသည်။ ဇီဝကကျန်းမာရေးအာမခံကို အသက်(၆)နှစ် မှ (၇၅) နှစ် ကြား MPT ဆင်းမ်ကတ်အသုံးပြုသူတိုင်း ဝယ်ယူနိုင်မည်ဖြစ်ပြီး အသက် (၆)နှစ်မှ (၁၈)နှစ် ကြား ကလေးများ၏ အာမခံဝန်ဆောင်မှုအတွက် မိဘ သို့မဟုတ် အုပ်ထိန်းသူများ၏ ထောက်ခံချက်ရရှိရန် လိုအပ်ပါသည်။
GGI Nippon Life ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Tan Yeow Hau က“ကျွန်တော်တို့ရဲ့ ဝယ်ယူအားပေးတဲ့ မိတ်ဆွေတွေကို အထူးအလေးပေးတဲ့အနေနဲ့ GGI Nippon Life ဟာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ပထမဆုံးသော ဒီဂျစ်တယ်အာမခံဝန်ဆောင်မှုကို မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ “MPT U-Life ဒီဂျစ်တယ်အာမခံဝန်ဆောင်မှု” ကတဆင့် ဒီဂျစ်တယ်နဲ့ မြန်မာနိုင်ငံတဝန်းလုံးရှိ MPT သုံးစွဲသူတွေ အဆင်ပြေစွာ ဝယ်ယူနိုင်ဖို့ ကျွန်တော်တို့ GGI Nippon Life က “ဇီဝက” ကျန်းမာရေးအာမခံကို မိတ်ဆက်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ယခုလိုစိန်ခေါ်မှုမြင့်မားနေတဲ့ကာလအတွင်း GGI Nippon Life ဟာ မြန်မာပြည်သူ/ပြည်သားတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ဆောင်မှုအကျိုးခံစားခွင့်တွေနဲ့ စိတ်အေးချမ်းသာအောင် ကူညီပံ့ပိုး ပေးရတာကြောင့် ဂုဏ်ယူမိပါတယ်။” ဟု ပြောကြားခဲ့သည်။

“သက်တော်စောင့်” ကိုယ်အင်္ဂါထိခိုက်မှုအာမခံ ဝန်ဆောင်မှုကို AYA SOMPO အာမခံနှင့် ချိတ်ဆက်ထားပြီး မတော်တဆမှုများကြောင့် သေဆုံးခြင်း၊ တစ်သက်တာကိုယ်အင်္ဂါမသန်စွမ်းမှုများနှင့် ဆေးရုံတက်ကုသမှုများ အတွက် စရိတ်ပံ့ပိုးပေးမည်ဖြစ်ပါသည်။ MPT သုံးစွဲသူများသည် အဆိုပါ အာမခံ ဝန်ဆောင်မှုအား အောက်တိုဘာ လကုန်မှစ၍ ဝယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။ အာမခံထားရှိသူသည် ဝယ်ယူထားသောဝန်ဆောင်မှု အလိုက် ၅၀၀,၀၀၀ ကျပ်မှ စတင်ပြီး အများဆုံးကျပ် သိန်း ၁၀၀ ထိထုတ်ယူနိုင်သော ခံစားခွင့်ကိုရရှိမည်ဖြစ်သည်။ အသက်(၁၆)နှစ် မှ (၆၀)နှစ်ကြားရှိ MPT သုံးစွဲသူများအနေဖြင့် အဆိုပါ အာမခံ ခံစားခွင့်ကို ထားရှိနိုင်မည်ဖြစ်ပြီး အသက် (၁၆)နှစ်မှ (၁၈)နှစ်ကြား ကလေးများ၏ အာမခံဝန်ဆောင်မှုအတွက် မိဘ (သို့မဟုတ်) အုပ်ထိန်းသူများမှ တစ်ဆင့် ဆောင်ရွက်ရမည်ဖြစ်သည်။

AYA SOMPO အာမခံ ကုမ္ပဏီ ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးမျိုးမင်းသူက “AYA SOMPO အာမခံရဲ့ အဓိက ရည်ရွယ်ချက်မှာ ရိုးရှင်းလွယ်ကူပြီး လူအများလက်လှမ်းမီနိုင်တဲ့ နည်းလမ်းတွေနဲ့ အာမခံဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် Digital Platform တွေ နည်းပညာတွေက အချိန်တိုအတွင်း ပြည်သူလူထုကို အာမခံနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေ၊ အသိပညာတွေကို မျှဝေရာမှာ အရေးပါတဲ့ ဆက်သွယ်ရေး ကြားခံ တစ်ခုဖြစ်လာပါတယ်။ Digital Platforms တွေ နည်းပညာတွေက ပြည်သူတွေကြားမှာ အာမခံ ဗဟုသုတတွေ၊ အသိပညာတွေကို မျှဝေပေးဖို့သာမက မြန်မာနိုင်ငံရဲ့ အာမခံလုပ်ငန်းစျေးကွက် ထိုးဖောက်နိုင်မှုကိုလည်း အထောက်အကူပြုပေးနိုင်မှာ ဖြစ်ပါတယ်။ ” ဟုပြောကြားခဲ့သည်။
အာမခံဝန်ဆောင်မှုအား တစ်ကြိမ်တစ်ခါမျှ မဝယ်ယူဖူးသောသုံးစွဲသူများအတွက် ဘဝ၏စိန်ခေါ်မှုအခိုက်အတန့် များကို လွှမ်းခြုံပံ့ပိုးသွားနိုင်မည့် ကတိတစ်ခုပေးအပ်လိုက်ခြင်းဖြစ်သော “MPT U-Life ဒီဂျစ်တယ် အာမခံ ဝန်ဆောင်မှု” သည် MPT ဆင်းမ်ကတ်သုံးစွဲသူများ အာမခံဝန်ဆောင်မှုများကို အွန်လိုင်းမှတစ်ဆင့် လွယ်ကူစွာ ဝယ်ယူရရှိနိုင်စေရန် ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ အာမခံကြေးပေးသွင်းရာတွင် ဝယ်ယူသူ၏ မိုဘိုင်းလ်ဖုန်းရှိ ဖုန်းလက်ကျန်ငွေ (သို့မဟုတ်) MPT Money အကောင့်လက်ကျန်ငွေဖြင့် လွယ်ကူစွာ ပေးချေနိုင်ပါသည်။ ထို့အပြင် အထက်ပါအာမခံဝန်ဆောင်မှုများကို အောက်တိုဘာလ ၁၈ ရက်နှင့် နိုဝင်ဘာလ ၁၈ ရက်အကြား ဝယ်ယူပါက ထပ်ဆောင်းအကျိုးခံစားခွင့်လက်ဆောင်များ ရရှိနိုင်မည်ဖြစ်ပါသည်။
MPT သုံးစွဲသူများအားလုံးသည် MPT4U အက်ပလီကေးရှင်းကို အသုံးပြု၍ မိမိတို့၏ ကိုယ်ပိုင်အကောင့်များကို အိမ်မှာနေရင်း မိုဘိုင်းလ်ဖုန်းပေါ်မှတစ်ဆင့် အဆင်ပြေစွာ စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။ MPT သုံးစွဲသူများအနေဖြင့် MPT4U App ကို *4040# သို့ခေါ်ဆိုကာ ဒေါင်းလုတ်ရယူနိုင်သည့်အပြင် iOS နှင့် Android ဗားရှင်းများအတွက် https://bit.ly/MPT4Ufree လင့်ခ်မှလည်း တိုက်ရိုက်ဒေါင်းလုတ်ရယူနိုင်ပါသည်။
“MPT U-Life ဒီဂျစ်တယ်အာမခံ ဝန်ဆောင်မှု” အကြောင်း အသေးစိတ်ထပ်မံသိရှိလိုပါက MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖြစ်သော www.facebook.com/mptofficialpage နှင့် MPT U-Life ဒီဂျစ်တယ်အာမခံ ဝက်ဘ်ဆိုက်စာမျက်နှာ http://bit.ly/U-life-MM တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

COVID-19 ထပ်မံ စစ်ဆေးတွေ့ရှိရကြောင်း အသိပေးခြင်း

ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၆ ရက်

ရခိုင်ပြည်နယ်၊ ကျောက်တော်မိုက္ကရိုဝေ့ စခန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၁)ဦး၊ ရန်ကုန်တိုင်းဒေသကြီးရှိ မရမ်းကုန်းရုံး၊ မောင်ထော်လေးရုံး နှင့် အလုံရုံး တို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၄) ဦး၊စုစုပေါင်း ဝန်ထမ်း (၅)ဦး တို့တွင် COVID-19 ရောဂါပိုး ထပ်မံ စစ်ဆေး တွေ့ရှိရကြောင်း နှင့် ယခုစစ်ဆေးတွေ့ရှိခဲ့သည့် အဆိုပါ ဝန်ထမ်းများ သည် Facility Quarantine ဝင်ထားသူ ဖြစ်သောကြောင့် သုံးစွဲသူများနှင့် တိုက်ရိုက်ထိတွေ့ခဲ့ခြင်းမရှိကြောင်း MPT က အတည်ပြု ထုတ်ပြန်လိုက်ပါသည်။

ယခုလို ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိရသည့် ဖြစ်ရပ်အတွက် မိမိတို့အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် တာဝန်ရှိသူများ၏ ညွှန်ကြားချက်များအတိုင်း လျင်လျင်မြန်မြန် ထိထိရောက်ရောက် လိုက်နာ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းအတွင်းနှင့် လုပ်ငန်းပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် အခုလို COVID-19 ကူးစက်မှုအရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသော အခန်းကဏ္ဍဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ယခုလိုဖြစ်ရပ်များအတွက် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။